MMSA ဘလော့စည်းမျဉ်းများ
* အချင်းချင်း ညီညွတ်မှု့ကို ပျက်စီးစေတတ်သော အကြောင်းများကို ရေးသားခြင်းမှ ရှောင်ရှားရန်၊
* သာသနာနှင့် မအပ်စပ်သော အဖွဲ့ဂုဏ်သိက္ခာကို ငြိုးနွမ်းစေတတ်သော ပုံများကိုတင်ခြင်းမှ ရှောင်ရှားရန်၊
* ပုဂ္ဂိုလ်ရေးဆိုင်ရာများထက် အများနှင့်သက်ဆိုင်သော အကျိုးများစေနိုင်သော ပုံများ စာများကိုသာ ရေးသားရန်၊
* MMSAသည် ပညာရေးအဖွဲ့စည်း ဖြစ်သည့် အတွက်နိုင်ငံရေးနှင့်သက်ဆိုင်သော အရေးအသားများကို ရေးခြင်းမှ ရှောင်ရှားရန်၊
* ဗုဒ္ဓဘာသာနှင့် မိမိတို့လေ့လာနေသော ပညာရပ်ဆိုင်ရာ အကြောင်းအရာများကို ဗဟုသုတအလို့ငှါ ရေးသား မျှဝေကြရန်၊
(Anguttara Nikaya III, 65) | |
The Instruction to the KalamasTranslated from the Pali by Soma Thera
Note: Bhikkhu Bodhi's essay, "A Look at the Kalama Sutta", offers some important insights into this sutta, clarifying some points that have recently become muddled in various contemporary teachings.
| |
Source : http://www.accesstoinsight.org/canon/anguttara/an3-65b.html "အို ကာလာမတို့- (၁) တဆင့်စကား အဆင့်ဆင့် ကြားရသည်တို့အပေါ်မှာလည်း အပြီးသတ် ဆုံးဖြတ်ချက်မချကြကုန်နှင့်။ (၂) သင်တို့အထက်က ဘိုးဘေးဘီဘင် အစဉ်အဆက်လာ ဓလေ့ထုံးတမ်းများကိုလည်း အဆုံးသတ် အားကိုးပြီး အဟုတ်မှတ်၍ မကျင့်သုံးကြကုန်နှင့် (၃) အခြေအမြစ်မပါသည့် သူပြောငါပြော ကောလာဟလ စကားတို့ကိုလည်း လက်ခံမမှားကြကုန်နှင့်။ (၄) ဘာသာရေးကျမ်းစာတို့၏ အရှိန်ဩဇာအောက်မှာလည်း နစ်မြုပ်၍မနေကြကုန်နှင့်။ (၅) အကျင့်နှင့် အသိမပါ တက္ကီဝါဒီတို့၏ အတွေးအခေါ်များကိုလည်း ဟုတ်ပြီ မှန်ပြီဟု အတည်မယူကြကုန်နှင့်။ (၆) အခြားအခြားသောလူတို့ အခြားအခြားသော အယူဝါဒတို့ထံမှ ပုံတူကူး၍ ကျင့်သုံးခြင်းသည်လည်း မိမိတို့ ဘဝနှင့် အပ်စပ်လိမ့်မည်ဟု အတည်တကျ မယူကြကုန်နှင့်။ (၇) မိမိတို့အတွေးအခေါ် အယူအဆကို မိမိတို့၏ အတွေးဖြင့်သာလျှင် အကြောင်းယုတ္တိပေး၍ တင်ပြနိုင်ရုံ မျှဖြင့် ကိုယ့်အတွေး ကိုယ့်ယုတ္တိ ဟုတ်ပြီဟု မယူကြကုန်နှင့်။ (၈) ဆရာတစ်ယောက်ယောက် လာရောက်ဟောပြောချက်သည် မိမိတွေးထင်ထားသည်နှင့် ကိုက်ညီသွားပြီဆို ရုံ မျှဖြင့်လည်း ဟုတ်ပြီမှန်ပြီဟု မယူဆကြကုန်နှင့်။ (၉) လေးစားထိုက်သော လောကကဂရုပြုနေသည့်ပုဂ္ဂိုလ်ကြီးတစ်ယောက်၏ ဝါဒသည်ဖြစ်နိုင်ဖွယ်ရှိသည် ဟူ၍လည်း တစ်ထစ်ချ မယူကြကုန်နှင့် (၁၀) မိမိတို့ ဆည်းကပ်ကိုးကွယ်သော ဆရာတို့၏ စကားတိုင်းသည်လည်း ဟုတ်ပြီမှန်ပြီ အကျိုးရှိပြီဟု အပြီးသတ် မမှတ်ယူကြကုန်နှင့်။ ဟူ၍ ဘုရားရှင် မိန့်မှာတော်မူခဲ့သည်ကို သတိမူကြကုန်လော့ .... ဂေါတမဗုဒ္ဒ (ဘီစီ ၅၆၃ - ၄၈၃) ................................................................................... အခါတစ်ပါး၌ မြတ်စွာဘုရားသည် ကေသမုတ္တိ ဆိုသော နိဂုံးအရပ်သို့ ရောက်ခဲ့လေ၏ ။ ထိုအရပ်၌ ကာလာမ အမည်ရှိသော ပုဏ္ဏားတို့ နေကြလေ၏ ။ ကာလမ ပုဏ္ဏားတို့သည် မြတ်စွာဘုရားနှင့်တွေ့ဆုံ စဉ် အောက်ပါအတိုင်း မေးမြန်း စူးစမ်းကြလေ၏ ။ " အရှင်ဘုရား ၊ အချို့သော ရဟန်း ပုဏ္ဏား ( သာမဏ ဗြဟ္မဏ ) တို့သည် ဤ ကေသမုတ္တိ နိဂုံးသို့ ရောက်လာခဲ့ကြဖူးပါတယ် ၊ ဒီ ရဟန်း ပုဏ္ဏားတို့ဟာ မိမိတို့ရဲ့ အယူဝါဒ ကိုသာပြဆိုကြပါတယ် ၊ ထွန်းပစေကြပါတယ် ၊ သူတစ်ပါး အယူဝါဒ ကိုမူကား ထိပါးကြပါတယ် ၊ မထီမဲ့မြင် ပြုကြပါတယ် ၊ ရှုတ်ချကြပါတယ် ၊ချေဖျက်ကြပါတယ် ။" " အရှင်ဘုရား ၊ နောက်ထပ်လည်း အခြားသော ရဟန်း ပုဏ္ဏား တွေ ဤ နိဂုံး အရပ်သို့ ရောက်လာကြပါတယ် ၊ သူတို့ကလည်း သူတို့ရဲ့အယူဝါဒကိုသာ ပြကြပါတယ် ၊ ထွန်းပစေကြပါတယ် ၊ သူတစ်ပါးရဲ့ အယူဝါဒတွေကိုတော့ ထိပါးကြပါတယ် ၊ ရှုတ်ချကြပါတယ်။ချေဖျက်ကြပါတယ် ။" " အရှင်ဘုရား ၊ အဲဒီ သာမဏ ဗြဟ္မဏ ခေါ်တဲ့ ရဟန်းပုဏ္ဏားတွေထဲမှာ ဘယ်သူဟာ မှန်တဲ့စကား ကိုဆိုသလဲ ဆိုတာ တပည့်တော်တို့မှာ ယုံမှားတွေးတောပြီး သံသယ ဖြစ်ခဲ့ရပါတယ် " လို့ ဗုဒ္ဓကို ကာလာမ ပုဏ္ဏားများက လျှောက်ထား ခဲ့ဖူးပါတယ် ။ ထိုအခါ ဗုဒ္ဓဘုရား က ကာလာမပုဏ္ဏား တို့အနေနှင့် သံသယ ဖြစ်မည်ဆိုလျှင် ဖြစ်ထိုက်ကြောင်းကိုပြောဆို ညွှန်ပြပြီး အကြင်သူသည် အယူဝါဒတစ်ခုကို မှန်သည် မှားသည် ဆုံးဖြတ်လိုသော် ပြုကျင့်အပ်သည် ဟု အချက် ဆယ် ချက်ကို ညွှန်ပြတော်မူခဲ့လေသည် ။ ထိုအချက်သည် မျက်မှောက်ခေတ် သိပ္ပံနည်းကျ အတွေးအမြင် အားလုံး၏ အခြေခံမူ ဖြစ်ရုံသာမက ကမ္ဘာပေါ်တွင် ပေါ်ပေါက်ခဲ့ပြီးသမျှ ဒဿန အယူ အားလုံးနှင့်လည်း အကျုံးဝင်လျက် ရှိသည်ကို တွေ့ရလေသည် ။ ထို အသိပညာတစ်ခု သစ္စာဆိုက်မှု၏ စံ ဟု ဆိုအပ်သောအချက် ဆယ်ချက်၏ အရေးပါအရာရောက်မှုကို မဆိုမီ ထိုဆယ်ချက်ကို ဤတွင် အသိပေး လိုပါသေးသည် ။ သို့မှသာ အမှန်ကိုသိလိုသောသစ္စာဝါဒီတိုင်း အတွက် ထိုအချက် ဆယ်ချက်သည် ဘ၀ တစ်ခုလုံးကို အလင်းပေးသော မီးတိုင် ဆယ်တိုင်အဖြစ် တည်ရှိ နေပါလိမ့်မည် ။ ကေသမုတ္တိ နိဂုံးသား ကာလာမမင်းတို့အား မြတ်စွာဘုရားဟောကြားခြင်း... “ ကာလာမ မင်းတို့ ၊ သင်တို့မှာ ယုံမှားသံသယ ဖြစ်သင့်ပေ၏ ။ သင်တို့သည် (၁) ပြောသံ ကြားကာမျှဖြင့် ဟုတ်ပြီ ။ မှန်ပြီ ဟု အတည်မယူကုန်လင့်ဦး ။ (၂) အစဉ် အဆက် စကားများဖြင့်လည်း မယူကုန်လင့်ဦး ။ (၃) ဤသို့ ဖြစ်ဖူသတတ်ဟူသော စကားမျှဖြင့်လည်း မယူကုန်လင့်ဦး ။ (၄) ပိဋကတ်စာပေ နှင့် ညီညွတ်ပေသည် ဟူ၍လည်း မယူကုန်လင့်ဦး ။ (၅) ကြံဆတွေးတော၍ ယူခြင်းမျှဖြင့်လည်း မယူကုန်လင့်ဦး ။ (၆) အခြင်းအရာကို “ ကြံစည်” သော အားဖြင့်လည်း မယူကုန်လင့်ဦး ။ (၇) မှတ်ယူထိုက်သော သဘောမျှဖြင့်လည်း မယူကုန်လင့်ဦး ။ (၈) ငါတို့လေးစားသော ရဟန်း၏ စကားဟူ၍ လည်း မယူကုန်လင့်ဦး ။ ကာလာမ မင်းတို့ --- (၉) ဤတရားတို့ကား အကုသိုလ်တရား ။ အပြစ်ရှိသော တရား ။ ပညာရှိတို့ ကဲ့ရဲ့အပ်သော တရားတည်း ။ထိုတရားတို့ကို ကျင့်သုံးပါက အစီးအပွားမရှိခြင်ငှာ ၊ ဆင်းရဲခြင်းငှာ ။ ဖြစ်ကုန်၏ ဟု သင်တို့သည် “ မိမိတို့ ကိုယ်တိုင် ” သိသော အခါ၌ ယင်းတို့ကို စွန့်ပယ်ရာ၏ ။ (၁၀) ဤတရားတို့ကား ကုသိုလ်တရား ။အပြစ် မရှိသော တရား ။ ပညာရှိတို့ ချီးမွမ်းအပ်သော တရားများဖြစ်၍ ယင်းတို့ကို ကျင့်သုံးပါက အစီးအပွားရှိသည် ချမ်းသာခြင်းငှါ ဖြစ်သည်ဟု “မိမိ ကိုယ်တိုင် ” သိသော အခါ၌ မူ သင်တို့သည် ယင်းတို့နှင့် ပြည့်စုံ နေကုန်ရာ၏ ။ ( အဂုင်္တ္တရနိကာယ် ။ တိက နိပါတ် ။ မဟာ ဝဂ် ကေသ မုတ္တိသုတ် ) — |
(၁) လောကတ္ထစရိယာ - လောကလူသား ကမ္ဘာသူ ကမ္ဘာသား သတ္တ၀ါအများ ကောင်းစားချမ်းသာရေး အတွက် ကျင့်စဉ်၊
(၂) ဉာတတ္ထစရိယာ - မိမိ၏ နိုင်ငံနှင့် လူမျိုး ကောင်းစားချမ်းသာရေးအတွက် ကျင့်စဉ်၊
(၃) ဗုဒ္ဓတ္ထစရိယာ - သတ္တ၀ါများကို သံသရာဝဋ်ဆင်းရဲမှ ကယ်တင်နိုင်သော သဗ္ဗညုဘုရားဖြစ်ရေး အတွက် ကျင့်စဉ်တို့ ဖြစ်ကြသည်။
ဘုရားအလောင်းတော်သည် ဘ၀တိုင်း ဘ၀တိုင်း ပါရမီဖြည့်ကျင့်တိုင်း ဤကျင့်စဉ်ကြီးသုံးရပ်ကို ဦးထိပ်ထားခဲ့လေသည်။
လောကတ္ထစရိယာ
လောကတ္ထစရိယာ အရ လူ့လောကအပါအ၀င် သတ္တလောကကြီး တရပ်လုံး တိုးတက်ကောင်းစားရေး အတွက် အမြဲကျင့်ဆောင်ခဲ့သည်။ ရှေးအခါက အင်္ဂတိမင်းကြီးသည် မိစ္ဆာအယူရှိသူ ဗြဟ္မဏတို့၏ ၀ါဒကို မှားယွင်းစွာ လိုက်နာပြီး သူ့အသက်သတ်မူ၊ သူ့ဥစ္စာခိုးမူ၊ သူတပါး သားမယားကို စော်ကားကျူးလွန်မူ။ မုသားပြောမူ၊ အရက်သေစာ သောက်စားမူတို့ကို ပြုလုပ်နေသည်။ တစ်တိုင်းပြည်လုံး ငါးပါးသီလ မစောင့်ထိန်းကြဘဲ အကျင့်တရား ပျက်ပြားနေကြသည်။ သမီတော် ရုစာမင်းသမီးက ဟောပြသော်လည်း မလိုက်နာကြပေ။ သမီးတော်၏ အဓိဋ္ဌာန်ပြုမူကြောင့် ဘုရားလောင်းတော် နာရဒရသေ့ ကောင်းကင်မှ ကြွရောက်တန်ခိုးပြ၍ တရားဟောတော်မူမှ အင်္ဂတိမင်းကြီးနှင့်တကွ တစ်တိုင်းပြည်လုံး ငါးပါးသီလ စောင့်ထိန်းကြသည်။ ဤသို့လျှင် လူအများ ကောင်းစားရေးအတွက် ဆောင်ရွက်တော်မူခဲ့လေသည်။
ဉာတတ္ထစရိယာ
ဉာတတ္ထစရိယာ အရ ဘုရားလောင်းသည် မိမိအမျိုးသားတို့ ကောင်းစားရေးအတွက် ဆောင်ရွက်ခဲ့ပုံကို ဘုရားအလောင်း ကျီးမင်းဘ၀တွင်လည်း တွေ့မြင်နိုင်သည်။ ပုရောဟိတ်ပုဏ္ဏားတစ်ဦးသည် ညီလာခံဝင်လာစဉ် ကျီးတစ်ကောင်က မစင်စွန့်ချခဲ့သဖြင့် ကျီးတို့ကို ရွံမုန်းစိတ်နာပြီး ကျီးမျိုးပြုတ်စေရန် ကြံခဲ့ဖူးသည်။ ဘုရင်ဆင်များ၏ မီးလောင်ဒဏ်ရာ အနာကို “ကျီးကန်းအဆီဖြင့် သုတ်လိမ်းမှ ပျောက်ကင်းပါမည်” ဟု လက်စားချေလိုသော စိတ်ဖြင့် မဟုတ်မမှန် သံတော်ဦးတင်ခဲ့သည်။ ဘုရင်လည်း ကျီးကန်းဟူသမျှ ဖမ်းဆီးသတ်ဖြတ်ခိုင်းသည်။
ဘုရားအလောင်းကျီးမင်းသည် မိမိအသက်ကို စွန့်၍ ဘုရင်ထံ အရောက်ဝင်ကာ ကျီးတို့မှာ အဆီမရှိကြောင်း တင်ပြလျှောက်ထားခဲ့သည်။ ထိုသို့ အသက်စွန့်၍ မိမိအမျိုးကျီးကန်းများအတွက် ဘ၀အဆက်ဆက် ကြိုးပမ်းကျင့်ဆောင်ခဲ့သည်။ ဘုရားဖြစ်တော်မူသောအခါကား ပြောဖွယ်ရာမရှိ၊ ရောဟိနီမြစ်ရေခွဲဝေမူနှင့် ပတ်သက်၍ ဆွေတော်မျိုးတော်တို့ စစ်မက်ခင်းကာ လက်နက်ဖြင့် ဖြေရှင်းကြမည်ရှိသောအခါ ကောင်းကင်မှ ကြွသွားတော်မူပြီး ငြိမ်းချမ်းရေးတရား ဟောကြားတော်မူရာ သာကီဝင် ဆွေတော်မျိုးတော်များအားလုံး အသက်ဘေးမှ လွတ်ကာ ချမ်းသာရာ ရခဲ့ကြသည်။
ဗုဒ္ဓတ္ထစရိယာ
ဗုဒ္ဓတ္ထစရိယာ အရ ဘုရားဖြစ်ရေးကျင့်ဆောင်မူမှာ အထူးပြောရန်မလို၊ ဘုရားအလောင်းတော်သည် ဤရည်မှန်းချက်ကြောင့်ပင် ဘ၀များစွာ ပါရမီဖြည့်ခဲ့သည်။ စွန့်ခြင်းကြီးငါးပါး ဖြည့်ကျင့်ခဲ့သည်။ ထိုကျင့်ကြံမူ မှန်သမျှ၏ ပဓာနရည်ရွယ်ချက်မှာ ဘုရားဖြစ်ရေးပင် ဖြစ်သည်။ ထိုရည်ရွယ်ချက်ပြီးမြောက်၍ ဘုရားအဖြစ်သို့ ရောက်တော်မူသောအခါ လူ နတ် ဗြဟ္မာ သတ္တ၀ါအများ၏ အကျိုးစီိးပွားချမ်းသာရေးကိုသာ ၄၅-၀ါ ကာလပတ်လုံး မရပ်မနား ကြိုးစားဆောင်ရွက်တော်မူခဲ့ လေသည်။
ဤသည်မှာ ဘုရားအလောင်းတော်၏ ကျင့်စဉ် စရိယာကြီးသုံးပါးပင် ဖြစ်ပေသည်။
သီရိလင်္ကာနိုင်ငံမှ ကာဘီဒီလာနီရလိုနီ ဟူသော အမျိုးသားတစ်ဦးသည် လွန်ခဲ့သည့် ငါးနှစ်အတွင်း မည်သည့် အစားအသောက်ကိုမျှ မစားဘဲ အသက်ရှုခြင်း ကျင့်စဉ်ကို လေ့ကျင့်၍
အသက်ရှင် နေထိုင်ခဲ့ကြောင်း ဗြိတိန်ထုတ် သတင်းစာ တစ်စောင်တွင် ဇွန်၂၈ ရက်က ဖော်ပြခဲ့သည်။ မိမိအနေဖြင့် ငါးနှစ်ကြာ အစားအသောက်မစားဘဲ နေထိုင် ခဲ့သော်လည်း လေနှင့် နေတို့မှ ရရှိသည့် ကယ်လိုရီများကို စုပ်ယူခြင်းဖြင့် ကျန်းမာစွာ နေထိုင်နိုင်ခဲ့ကြောင်း ရုပ်သံ အစီအစဉ်တစ်ခုတွင် ကာဘီက ပြောကြားခဲ့သည်။ ၁၉၄ဝ ပြည့်လွန်နှစ်နောက်ပိုင်းကအ
လူတစ်ဦးသည် တစ်နေ့လျှင် ထမင်း သုံးနပ်စားမည် ဆိုပါက တစ်လလျှင် ထမင်းနပ်ပေါင်း ၉ဝ ရှိမည်ဖြစ်ကြောင်း၊ ၁ဝ လကျော်လျှင် ထမင်းနပ်ပေါင်း ၉ဝဝ ရှိရမည် ဖြစ်ကြောင်း ကာဘီက ထပ်လောင်း ပြောကြားခဲ့သည်။
လူ့အခွင့်အရေးသမားများ ဖတ်ရန် (သို့မဟုတ်) မွတ်စလင်နှင့် လက်ထပ်ခွင့် မပြုသောနိုင်ငံ (သို့မဟုတ်) ဘာသာပေါင်းစုံ ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်ကြသောနိုင်ငံ (သို့မဟုတ်) စင်ကာပူ
(၁) လက်ထပ်မော်ကွန်းရုံး Registry of Marriages (ROM)http://app.rom.gov.sg/
(၂) မွတ်စလင် လက်ထပ်မော်ကွန်းရုံး Registry of Muslim Marriages (ROMM) http://app.romm.gov.sg/
ဆိုပြီး ရုံး ၂ ရုံး ထားရှိပါတယ်။
ပထမ ROM လက်ထပ်မော်ကွန်းရုံးက မွတ်စလင်မှ လွဲလို့ အခြားသော ဘာသာဝင်တွေအားလုံးကို လွတ်လပ်စွာ လက်ထပ်ပေးတဲ့ တရားရုံးပဲဖြစ် ပါတယ်။ ဗုဒ္ဓဘာသာ အချင်းချင်းသော်လည်းကောင်း၊
Women’s Charter http://www.scwo.org.sg/
ဒါဆိုရင် .. ဆိုပါတော့ .. မွတ်တစ်ယောက်က ဗုဒ္ဓဘာသာအမျိုးသမီး တစ်ယောက်ကို လက်ထပ်ချင်ရင်ဘယ်လိုလုပ်မလဲ
အဖြေက 'လက်ထပ်ခွင့် မရှိ'တဲ့.. ။ ဒါကိုမှ လက်ထပ်ချင်ရင် နည်း ၂ နည်းတော့ ရှိပါတယ်။
(၁) မွတ်က ဗုဒ္ဓုဘာသာကိုပြောင်းပြီး ပထမ ROM လက်ထပ်မော်ကွန်းရုံးမှာ လက်ထပ်ရမယ်။ (သို့မဟုတ်)
(၂) ဗုဒ္ဓုဘာသာအမျိုးသမီးက မွတ်ဘာသာကို ၀င်ပြီး ဒုတိယ ROMM မွတ်စလင်လက်ထပ်မော်ကွန်းရုံ
.. ဟာ ... ဒါဆိုဘာထူးမှာလဲကွာ .. မွတ်က ဗုဒ္ဓုဘာသာအမျိုးသမီးကို မွတ် ဘာသာထဲ ၀င်ခိုင်းပြီး လက်ထပ်မှာပေါ့ကွာ လို့ စောဒကတက်နိုင်ပါတယ်။ .. ဒီလိုရှိပါတယ် ..။ ကျွန်တော်တို့ ဆီမှာ ကျတော့ မွတ်က မြန်မာမ တစ်ယောက် ကို ''လူကိုပဲယူပါ။ ယူပြီး မင်းလည်းမင်းဘာသာကို ကိုးကွယ်၊ ငါလည်း ငါ့ဘာသာကို ဆက်ကိုးကွယ်မယ်'' ဆိုပြီး လက်ထပ်ပါတယ်။ ယူပြီးနည်းနည်း ကြာမှ နည်းမျိုးစုံးသုံးပြီး မွတ်ဘာသာထဲ ၀င်ခိုင်းတယ်ပေါ့ဗျာ။ ဒီအချိန်မှာ နှိပ်စက်ရင် တရားရုံးမှာ တိုင်နိုင်တယ်ဆိုပေမယ့် ... ဒီအခြေအနေရောက် မှတော့ တိုင်ပါတော့မလား ...။
တိုင်လိုက်လို့ ဖမ်းပြီဆိုရင်တောင် သူ့ရဲ့ ပကတိအပျိုစင်ဘ၀ကို ပြန်ရပါဦး မလား? ဒီတော့ ဒီအခြေအနေရောက်မှတော့ မတိုင်တော့ဘူးပေါ့ဗျာ... သူတို့ဘာသာထဲပဲ ၀င်လိုက်တော့တာပေါ့။ တကယ်တော့ မွတ်စလင်အမျိုးသား တစ်ယောက်က သူ့အမျိုးသမီးက အခြားဘာသာ ဖြစ်နေရင် မွတ်ဘာသာထဲကို ရအောင်သွတ်သွင်းရပါတယ် .. မသွင်းနိုင်ရင် သူဟာတာဝန်မကျေဘူးပေါ့ဗျာ။
ဒီသဘောကို ကောင်းကောင်းနောကြေတဲ့ စင်ကာပူသားတွေက လိမ်ယူပြီး သူတို့အိမ်ရောက်မှ ဘာသာပြောင်းခိုင်းမယ့် အစား အစကတည်းက ရအောင်ပြောင်းခိုင်းနိုင်မှ
လူလည်းယူရမယ်? ..
ဘာသာလည်းပြောင်းရမယ်? ။
ဒီလိုဆိုတော့ မိဘတွေ၊ အသိုင်းအ၀ိုင်းတွေဘက်ကလည်း ပိုအချိန်ရသွား တာပေါ့ဗျာ။ ဒါကို အချိန်ဆွဲနိုင်ဖို့ စင်ကာပူသားတွေက ဒီနေရာမှာ တစ်ဆင့်ခံ ထားပြန်သေးသဗျ။ ဘာသာပြောင်းမယ်ဆိုရင်တောင် ချက်ချင်းပြောင်းလို့ မရဘူး။ အခြေခံ မွတ်ဘာသာသင်တန်းတွေ .. ဘာတွေတက်ခိုင်းသေးတယ် .. အဓိပ္ပါယ်က သူတို့ဘာသာကို အသေအချာမြည်းကြည့်ပြီး၊ ပြန်စဉ်းစားပြီးမှ၊ ကိုယ့်ဘာသာနဲ့ သေသေချာချာနှိုင်းယှဉ် စဉ်စားပြီးမှ ၀င်ပါဆိုတဲ့ သဘောပါ။ .. ဒီမှာတင် သတို့သမီးတစ်ချို့က ပြန်စိတ်ပြောင်းသွားတာပေါ့ဗ
ဒီတော့ ဒီမှာလို သူတို့ဘာသာထဲ မ၀င်ဝင်အောင်ရိုက်နှက်ရတာတု
မွတ်တစ်ချို့ကတော့ အမျိုးသမီးကို စည်းရုံးလို့ မရတဲ့အခါမှာ သူတို့ကိုယ်သူတို့ အခြားဘာသာပါလို့ လိမ်ညာပြီး ROM လက်ထပ်ရုံးမှာ လက်ထပ်တာ ရှိပါတ ။ .. ဒါဆိုကော ဘာထူးသေးလဲကွာ .. ဆိုရင် .. မတူတဲ့ အချက်က အဲဒီအမျိုးသမီး ကို မွတ်ဘာသာထဲ ၀င်ခိုင်းလို့ မရတော့ပါဘူး။ အတင်းအကြပ် ၀င်ခိုင်းခဲ့ရင် သူ့ကိုယ်သူ အခြားဘာသာပါလို့ ရုံးတော်မှာလိမ်ငြာ ထွက်ဆို တာက တစ်မှု၊ မွတ်ဘာသာထဲကို အတင်းအကြပ်ဝင်ခိုင်းတာက တစ်မှုဆိုတော့ အမှုနှစ်မှု ဖြစ်မယ်ပေါ့ဗျာ။ ဒီအပြင် ROM လက်ထပ်ရုံးမှာ လက်ထပ်လိုက်ပြီ ဆိုတာနဲ့ နောက်တစ်ယောက်တော့ လုံးလုံးလျားလျားယူလို့ မရတော့ပါဘူး။ အမွေဆက်ခံမှုတွေက အစ မွတ်ထုံးစံကို လိုက်လို့မရတော့ပါဘူး။
ဒါဆို .. ဟုတ်ပါပြီ .. မွတ်အချင်းချင်း ၄ယောက်ယူပြီး လူနဲ့ မျိုမယ်ဆိုရင်ကော ?? … ဆိုတော့လည်း .. အလွယ်တကူ နောက်တစ်ယောက်ထပ်ယူလို့ မရအောင် ဥပဒေကို ပညာသားပါပါ ပြဋ္ဌာန်းတားမြစ်ထားပါတယ်။ ဒီနေရာမှာ ROMM မွတ်စလင်လက်ထပ်မော်ကွန်းရုံ
ဒါဆိုသူဋ္ဌေးမွတ်တွေ လွတ်လွတ်လပ်လပ်ယူမှာပေါ့ ဆိုပြန်တော့လည်း ... ဒီလို ‘ထစ်’ထားပြန်တယ်။ နောက်တစ်ယောက်ယူမယ်ဆိုတာနဲ့
လက်ရှိမိန်းမကို အဓိကမေးတာက နောက်တစ်ယောက်ယူတာကို မင်းသဘောတူရဲ့လား? လက်ခံနိုင်ရဲ့လား?
နောက်တစ်ယောက်ရောက်လာရင် မင်းစိတ်ချမ်းသာမှာ သေချာရဲ့လား ? ခြိမ်းခြောက်ထားလို့ သဘောတူနေရတာလား?
ဆိုတာတွေကို ခရေစေ့တွင်းကျ မေးတယ်ပေါ့ဗျာ။ သူက ‘NO’ ဆိုရင်ယူခွင့် မရှိပါဘူး ... ဘယ်လိုလဲ? မွတ်မတွေ သိပ်သဘောထားကြီးမယ်ထင်သလား?
အိုစမာဘင်လာဒင်ကို ခြေရာခံမိသွားတာဟာ သူ့ရဲ့ ပထမ မယားကြီးရဲ့ သတင်းပေးချက်ကြောင့်ပါလို့ စီအိုင်အေအရာရှိတစ်ဦးက ၀န်ခံ ပြောဆိုသွား ခဲ့ပါတယ်။ အငယ်ဆုံးမိန်းမကို ဂရုစိုက်လွန်းတာကို သည်းမခံနိုင်တော့လို့ ကိုယ့်ယောက်ျားကို သတ်မယ့်သူကိုတောင် မိတ်ဖွဲ့နိုင်တာကို ကြည့်လိုက်ရင် မွတ်စလင် အမျိုးသမီးတွေ မယားကြီး၊ မယားငယ်လုပ်ရတာကို မပျော်ပိုက်ကြဘူးဆိုတာ ထင်ရှားပါတယ်။ ဒါကို အသေအချာနားလည်တဲ့ စင်ကာပူသားတွေက မင်းတို့ရဲ့ ‘မယားကြီးရဲ့ သဘောတူလက်ခံမှု’ ရရင် နောက်မိန်းမတစ်ယောက်ထပ်ယူပါ
အခြားအသေးစိတ် အချက်အလက်တွေကို ဒီလင့်မှာ [http://
၁၉၆၆ မှာ စတင်ပြီး တင်းကျပ်စွာရေးဆွဲကာ ကျပ်ကျပ်မတ်မတ်ဆောင် ရွက်လိုက်တာ ၁၉၇၀ နဲ့ ၁၉၇၄ အကြားမှာ လက်ထပ်ကြတဲ့ မွတ်အတွဲပေါင်း ၁၃,၁၂၃ မှာ ၃၅ ယောက်ပဲ မိန်းမတစ်ယောက်ထက်ပိုယူပါတေ
နောက်တစ်ခါ .. ဟုတ်ပါပြီ .. မိန်းမတစ်ယောက်ယူပြီး ကလေး တစ်ဒါဇင်လောက်မွေးနေရင်ရောလ
ဒီလိုဆိုတော့ မွတ်တွေအနေနဲ့ မိန်းမကလည်း တစ်ယောက်ထက်ပို မယူရ၊ ကလေးကလည်း ၂ယောက်ထက်ပို မယူရဆိုတော့ သူတို့ ရဲ့ လူမျိုစီမံကိန်းကြီး လုံးဝရပ်ဆိုင်းသွားလေသတည်းေ
တကယ်တော့ မဟုတ်ပါဘူး။ မိန်းမ ၄ ယောက်ယူသလိုပါပဲ။ တန်းတူထား ရင်ယူခွင့်ရှိတယ် လို့ပဲ ပြောထားတာပါ။ ကလေးမွေးတဲ့ကိစ္စလည်း ဒီသဘောပါပဲ ။ သူတို့ဘာသာမှာ ကလေးများများယူတာကို အားပေးတယ်ပဲ ပြောထားပါတယ်။ လုံးဝတားမြစ်ခွင့်မရှိလို့ ပိတ်ပင်ထားတာမဟုတ်ပါဘူး။ ဒါကြောင့်လည်း အခုအခါမှာ မွတ်စလင်နိုင်ငံ တော်တော်များများမှာ သားဆက်ခြား စီမံကိန်းတွေကို ဆောင်ရွက်လာနေကြပါပြီ။
ဒီနေရာမှာ ကျွန်တော်တို့နိုင်ငံမှာ လက်ရှိဆောင်ရွက်နေတဲ့ သားဆက်ခြား စီမံကိန်းအကြောင်း အနည်းငယ် ဝေဖန်ဆွေးနွေးချင်ပါတယ်။ ကျွန်တော်တို့ ဆီမှာ တစ်မိသားစု ကလေး ဘယ်နှစ်ယောက်လို့ အတိအကျသတ်မှတ် လိုက်ပြီလို့တော့ မကြားမိသေးပါဘူး။ ကျေးရွာတွေမှာ ဆရာဝန်၊ ဆရာမတွေ က ရွာသူရွာသားတွေကို သားဆက်ခြားဖို့ နားချကြပါတယ်။ မြန်မာတွေရဲ့ ထုံးစံအတိုင်း ပြောတဲ့စကားကို နားထောင်ကြတဲ့ အတွက် တားဆေးသုံးလာ ကြပါပြီ။ ဒါပေမယ့် မွတ်ရွာတွေမှာကျတော့ သူတို့ဘာသာက မတားခိုင်းဘူး ဆိုပြီး သိပ်မသုံးကြပါဘူး။
ဒီအတိုင်းဆက်သွားကြရင် တစ်ချိန်မှာ မြန်မာတွေနည်းပြီး မွတ်တွေများတဲ့ အနာဂတ်မြန်မာနိုင်ငံ ဖြစ်လာနိုင်ပါတယ်။ တစ်မိသားစု ကလေး ၄ ယောက်ဆို ၄ ယောက် .... စသဖြင့် တိတိကျကျ သတ်မှတ်ဖို့ လိုပါတယ်။ ဆရာဝန်၊ ဆရာမတွေရဲ့ အပြစ်တော့ မဟုတ်ပါဘူး။ ဒါပေမယ့် အုပ်ချုပ်သူတွေနဲ့ နိုင်ငံရေး သမားများအားလုံး သေသေချာချာ လေးလေးနက်နက် စဉ်းစားချင့် ချိန်ပြီး တိကျတဲ့ မူဝါဒတွေချမှတ်ဖို့ လိုပါတယ်။ ရှေးယခင်ကာလတွေတုန်းက ‘အိမ်ထောင်၊ သားမွေး’ဆိုတာ လူမှုရေးကိစ္စသက်သက် ဖြစ်ခဲ့ပေမယ့် ယခု အခါမှာတော့ လူမျိုးရေး၊ ဘာသာရေး၊ နိုင်ငံရေးမက တိုင်းပြည်ရဲ့ အချုပ်အခြာ အာဏာနဲ့ပါ သက်ဆိုင်နေပြီဆိုတာကို သတိထားမိဖို့ လိုပါတယ်။
လက်ရှိကျွန်တော်တို့ နိုင်ငံမှာ ထွန်းကားလာတဲ့ အမျိုးသားရေးစိတ်ဓါတ်နဲ့ ပတ်သက်လို့လည်းဆွေးနွေးချင်
ဟစ်တလာလို သိပ်အစွန်ရောက်သူတွေပေါ်လာတေ
မြန်မာပြည်ဟာ သီပေါမင်းလက်ထက်မှာ ပါတော်မူတယ်ဆိုပေမယ့် အဓိကတာဝန်ရှိတာ မင်းတုန်းမင်းပါ။ သူလက်ထက်မှာ ပြင်ဆင်ဖို့ အချိန်ရပေ မယ့် တရားဝင်မိဖုရား ၆၀ အပြင် မောင်းမမိဿံ၊ မိဖုရားငယ်အပါအ၀င် မိန်းမ ၁၀၀ ကျော်နဲ့ အပျော်ကျုးနေတော့ တိုင်းပြည်အတွက် ပြင်ဆင်ဖို့ သတိမရနိုင် ဘူးပေါ့ဗျာ။ မင်းတုန်းမင်းသာ ကနောင်မင်းသားကြီး တစ်ဝက်လောက် တိုင်းပြည် အတွက် စိတ်ဝင်စားခဲ့ရင်၊ အမျိုးသားရေး ပေါ့ပေါ့မတွေးခဲ့ရင် သီပေါလို အရည်အချင်းမရှိသူ ဘုရင်တက်ဖြစ်ပြီး ပါတော်မမူနိုင်ဘူးပေါ့ဗျာ။
လက်နက်ချင်းကွာလို့သက်သက် ရှုံးတာမဟုတ်ပါဘူး။ [သီပေါမင်းသား ၁၆ နှစ်မှာ မင်းဖြစ်သလို အိမ်နီးချင်း ထိုင်းနိုင်ငံမှာ ချူလာလောင်ကောင် မင်းသားဟာ အသက် ၁၄နှစ် နဲ့ သီပေါဘုရင်နဲ့ မရှေးမနှောင်းမှာ ဘုရင်ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် တိုင်းပြည်ကို အပြည့်အ၀စိတ်ဝင်စားပြီး အသေအချာ ဥာဏ်ကစားနိုင်ခဲ့တော့ ပြင်သစ်လက်ကလွတ်သလို အဂ๎လိပ်လက်ကလည်း လွတ်ခဲ့ပါတယ်။] ဒီတော့ ဥရောပသားတို့က မျိုးချစ်စိတ်ပြင်ထန်ခဲ့လို
ဒါကြောင့် ဥရောပသားတွေအတွက် မျိုးချစ်စိတ်ဟာ အဆိပ်ဖြစ်ခဲ့တယ် ဆိုရင်တောင် ကျွန်တော်တို့အတွက် ကတော့ ဆေးလို့ပဲ ယုံကြည်ပါတယ်။ တကယ်တော့ သူတို့တတွေက မျိုးချစ်စိတ်များလွန်းနေတာ
ဆန့်ကျင်ပြောဆိုသူတွေကိုချည
သေသေချာချာပြန်စဉ်းစားကြည့်
- စင်ကာပူသားတွေသာ သူတို့ခြံစည်းရိုးကို အသေအချာမကာရံခဲ့ကြရင် ...
- စင်ကာပူအစိုးရကသာ မွတ်တွေရဲ့ မျိုးပွားနှုန်းထိမ်းချုပ်တ
- စင်ကာပူတရုတ်အမျိုးသမီးတွေသ
....... ''Islamic Republic of Singapore'' ဆိုတဲ့ နိုင်ငံသစ်တစ်နိုင်ငံဟာ ဒီကမ္ဘာမြေမှာ ပေါ်ထွန်းလာခဲ့တာ အတော်လေးတောင်ကြာနေလောက်ပြါ
စင်ကာပူသားတွေဟာ အခုလိုကမ္ဘာကတောင် လေးစားရအောင် ချမ်းသာ ကြီးပွား တိုးတက်အောင် ဆောင်ရွက်နိုင်ရုံမက မွတ်စလင်တွေရဲ့ လူမျိုတိုက်စစ်အောက်မှာ ၀ါးမျိုမှုကို မခံခဲ့ကြရဘူးဆိုတာဟာ အစိုးရနဲ့ ပြည်သူ လက်တွဲညီညီ ဆောင်ရွက်နိုင်ခဲ့လို့ပါ။ အစိုးရက လိုအပ်တဲ့ ဥပဒေပြဋ္ဌာန်း ကာကွယ်နေချိန်မှာ ပြည်သူတွေကလည်း ကိုယ့်လူမျိုးတူ၊ ဘာသာတူချင်း အားပေးခဲ့ကြ၊ လက်ထပ်ခဲ့ကြပါတယ်။
ဒါကြောင့်မို့လို့ ကျွန်တော်တို့ နိုင်ငံမှာလည်း လူမျိုး၊ ဘာသာ၊ သာသနာ မကွယ်ပျောက်ရလေအောင် ပြည်သူပြည်သားတွေဘက်ကလည်း အမျိုးသားရေးစိတ်ဓါတ်တွေ ပြန်လည်နိုးကြားကြဖို့ လိုသလို အစိုးရအနေ နဲ့လည်း ကိုယ့်လူမျိုး၊ ဘာသာ၊ သာသနာကို ရေရှည်တည်တံ့အောင် ထိမ်းသိမ်းကာကွယ်ပေးနိုင်မယ
လူမျိုး၊ ဘာသာ၊ သာသနာ အဓွန့်ရှည်တည်တံ့ပါစေလို့ ဆန္ဒပြုလျက် -
ဘယ်ဘာသာကိုမှ စော်ကားတိုက်ခိုက်ဖို့ မရည်ရွယ်ပါ။ ကိုယ့် လူမျိုး ၊ ဘာသာ၊ သာသနာ မကွယ်ပျောက်ရန် ထိန်းသိမ်းစောင့်ရှောက်ဖို့
Written by မောင်မျိုး (စက်မှု)
ပြည်ပတွင်ပညာသင်ကြားနေသော မြန်မာကျောင်းသားအများစုဆီကနေ
ကြားလေ့ရှိတဲ့အသံတစ်ခု ရှိပါတယ်။ အဲဒါကတော့ ဦးနှောက်ဖောက်စားတယ်ဆိုတာပါပဲ။
ကိုယ့်ကိုဆရာက တစ်ခုခုလုပ်ခိုင်း သည်ဖြစ်စေ၊ ကိုယ်လုပ်ထားတာကို
ဆရာကသဘောမတွေ့ဘဲ ဟိုဟာထပ်လုပ်၊ ဒီဟာထပ်လုပ်
အစရှိသည်ခိုင်းသည့်အခါတွင်ဖြစ်စေ ကျွန်တော်တို့မြန်မာကျောင်းသား၊ သူတွေဟာ
ဒီနိုင်ငံဟာတော် တော်ဆိုးတဲ့နိုင်ငံ ဖြစ်တယ်။ နိုင်ငံခြားကျောင်းသားတွေဆီက
ဦးနှောက်ဖောက်စားပြီး သူတို့ကောင်း ကျိုးရှာနေကြတယ် အစရှိသဖြင့်
ဒေါနှင့်မောနှင့်ပြောဆိုကြလေသည်။ မိမိလုပ်သလောက်နှင့်သာ သက်သောင့်သက်သာ
ဘွဲ့ရချင်ကြသည့်သဘောဖြစ်၏။ ထို့ကြောင့် မိမိ၏အားထုတ်မှုကို လေ့လာ
ဆန်းစစ်ရမည့်အစား သူတစ်ပါးကိုသာ အလွယ်တကူ ပြစ်တင်ဝေဖန်လေတော့သည်။
တကယ်တမ်းတော့ ပညာသင်ကြားခြင်းဆိုသည်ကိုက ဉာဏအားဖြင့်
အသက်မွေးဝမ်းကျောင်းနိုင်ရန် ကြိုတင်ပြင်ဆင်ခြင်းဖြစ်၏။ ထို့ကြောင့်
တက္ကသိုလ်ဆိုသောနေရာသည် သင်၏ဉာဏစွမ်းအား ဖွံ့ဖြိုး တိုးတက်စေဖို့အတွက်
အစွမ်းကုန်ပြုစုပျိုးထောင်ပေးရန် တာဝန်အပြည့်ရှိ၏။ တာဝန်သိတတ်သော
ဆရာတစ်ယောက်သည် မိမိ၏တပည့်အား ရှေ့တစ်လှမ်းတိုးရန်ခိုင်းဖို့
ဝန်မလေးသင့်သလို သင်ယူလို စိတ်ရှိသော ကျောင်းသားတစ်ယောက်သည်လည်း
ဆရာ၏စေခိုင်းချက်အား အပြုံးမပျက်ဆောင်ရွက် သင့်လေသည်။
ကိုယ်က လုပ်ချင်စိတ်မရှိသည်ကို ဖုံးကွယ်ကာ သူတစ်ပါးအား
လွယ်လွယ်အပြစ်တင်ဖို့တတ်သော စိတ်သည် ကျောင်းသား၊
ကျောင်းသူများတွင်ရှိသင့်သော စိတ်ထားမဟုတ်ပေ။ အခြေအနေအမှန်ကို အမှန်အတိုင်း
နားလည်လက်ခံနိုင်စွမ်းရှိခြင်းသည် လူတစ်ဦးတစ်ယောက်အတွက် အထူးအရေးပါ သော
အရည်အချင်းတစ်ရပ်ဖြစ်ပေသည်။ လူဆိုသည်မှာ ကိုယ့်ကိုယ်ကိုယ်ကြံဖန်လိမ်တတ်သော သ
ဘောရှိ၏။ ကိုယ်မရလိုက်တဲ့အရာတစ်ခုကို ငါမလိုချင်လို့ပါ။ ကိုယ်မလုပ်နိုင်၊
မလုပ်ချင်သည်ကို ဖုံး ကွယ်ကာ ဦးနှောက်ဖောက်စားတယ်ဟု ပြောလေ့ရှိ၏။
ဦးနှောက်ဖောက်စားတယ်ဟု ပြောလေ့ရှိ၏။ ဦးနှောက်ဖောက်စားတယ်ဟု
ပြောလိုက်ခြင်းဖြင့် မိမိ၏အပြစ်ကို ဖုံးကွယ်ပြီးဖြစ်သလို မသိမသာကိုယ် ကပဲ
လူတော်ကြီးလိုလို ဘာလိုလိုဖြစ်သွားကာ ကျေကျေနပ်နပ်ကြီးပင်အများရှေ့တွင်
ထိုကဲ့သို့ကျယ် လောင်စွာ ပြောဆိုတတ်လေသည်။ တကယ်တမ်းတွင်တော့
မိမိမလုပ်နိုင်၊ မလုပ်ချင်သည်ကို ပြောပြ နေခြင်းပင်ဖြစ်၏။
တက္ကသိုလ်များ၏ သဘောသဘာဝ၊ ကျောင်းသားတာဝန်ဝတ္တရား၊ မိမိရောက်ရှိနေသော
တက္ကသိုလ်၏ အဆင့်အတန်းစသည်တို့ကို နားလည်အောင်ကြိုးစားသင့်၏။ ပြီးမှသာ
ကိုယ်ကလွန်သည်။ သူကလွန် သည်ကို ဆုံးဖြတ်သင့်၏။ တက္ကသိုလ်တစ်ခု ရပ်တည်ရန်
လွယ်ကူသည်မဟုတ်၊ မိမိတက္ကသိုလ်၏ ဂုဏ်သိက္ခာအဆင့်အတန်းတိုးတက်ရန် အဖက်ဖက်မှ
တာဝန်ရှိသူများက နေရှိသရွေ့ကြိုးစားနေကြရ ၏။
ပြည်တွင်းတက္ကသိုလ်များနှင့်ယှဉ်ကာ မိမိတက္ကသိုလ်ရပ်တည်ရေးအတွက်
ကြိုးစားရသကဲ့သို့ နိုင်ငံ တကာတက္ကသိုလ်များနှင့်
ရင်ပေါင်တန်းနိုင်ရေးအတွက်လည်း နေ့ရှိသရွေ့ ကြိုးစားနေကြရ၏။ ကမ္ဘာ
နှင့်ရင်ပေါင်တန်းရန် ကြိုးစားနေသောနေရာတွင် သင်ကမ္ဘာကျော်စိတ်ကူးများ
မဟုတ်နိုင်ဘဲနှင့် ကိုယ့် ဦးနှောက်ဖောက်စားတယ်ဟု ပြောနေသည်မှာ
ရှက်စဖွယ်ဖြစ်၏။
ထိုသို့ပြောဆိုခြင်းမှာ အဓိကအကြောင်းအရင်းနှစ်ခုကြောင့် ဖြစ်ရ၏။
ပထမတစ်ခုမှာ အခြေနေမှန်ကို သုံးသပ်နိုင်သော ပညာဉာဏ်မရှိခြင်းဖြစ်ပြီး
အသိမ်မွေ့ဆုံးနှင့် ကျွန်တော်တို့အကျူးလွန်ဆုံးနောက် တစ်ခုမှာ
မိမိကိုယ်ကိုလိမ်လည်ခြင်းဖြစ်သည်။ ကျွန်တော်တို့ဟာ တတ်ယောင်ကားဘဝနှင့်သာ
ကျေ နပ်နေတတ်သည့် သဘာဝရှိ၏။ ကျွန်တော်တို့ဟာ ငယ်ရွယ်စဉ်ကျောင်းသား၊
ကျောင်းသူဘဝမှာ လေ့လာဆည်းပူးသင့်သည်ကို မလေ့လာ၊ စာလည်းဖတ်လေ့မရှိ၊
စာကောင်းပေမွန် ဖတ်လေ့ရှိသော သူအားလည်းကြောင်တောင်တောင်ဟူ၍ပင်
ပြောဆိုတတ်ကြသေး၏။ ဒီလိုနဲ့နောက်တော့ ကိုယ့်ကိုယ် ကိုယ်မသုံးသပ်တော့ဘဲ
သူတစ်ပါးအား အလွယ်တကူ လက်ညှိုးထိုးတတ်သောသူများသာ များလာ လေတော့သည်။
မိမိကကြိုးစားအားထုတ်လေ့မရှိသဖြင့် အပြင်းအထန် ပြိုင်ဆိုင်ကြိုးစားဖို့
လိုအပ်လာသောအခါ အ လွယ်တကူလက်ခံနိုင်စွမ်းမရှိတော့ဘဲ
ကမောက်ကမဖြစ်ကုန်ကြလေတော့သည်။ ဤနေရာတွင်သာ
အလွယ်တကူလက်မခံနိုင်ဖြစ်ကြသော်လည်း အသုံးမကျသောအများတကာလို လျှပ်ပေါ်လော်လီ
သောအဝတ်များ ဝတ်ခြင်း၊ ဂျပန်ရေချိုးဟုခေါ်သောအများနှင့်
ကိုယ်လုံးတီးရေချိုးခြင်း၊ အရက် သောက်ခြင်း စသည်တို့တွင်မူ
မြန်မာတို့အလွန်လျင်မြန် လွယ်ကူစွာလက်ခံကျင့်သုံးနိုင်သည်ကို တွေ့ ရလေသည်။
ထိုသို့မကျင့်သုံးဘဲ မိမိယဉ်ကျေးမှု၊ အမျိုးဘာသာ သာသနာကိုထိန်းသိမ်းသော
သူတို့ အားလူ့ခွစာတွေ၊ ရောမရောက်ရင် ရောမလိုကျင့်ရမယ်ဆိုတာတောင်
မသိတဲ့သူတွေစသည်ဖြင့် ပြော တတ်ကြလေသည်။ ထိုသို့အတုခိုးကာ
သူလိုငါလိုဝတ်စားနေထိုင်သည်ကို အပြစ်မပြောလိုပါ။ သို့သော်
ကောင်းသောအရာများကိုတော့ လက်သင့်ခံဖို့၊ လက်ခံနိုင်စွမ်းရှိဖို့
အနည်းဆုံးတော့ ကြိုးစားကြည့်သင့် ၏။
မဟုတ်တရုတ် အကျိုးမရှိတာတွေကိုတော့ ကျွန်တော်တို့ဟာ
အလွယ်တကူလက်ခံတတ်ကြပြီး ယူရ မည့် အဓိကအရာဖြစ်သော ပညာဉာဏ်တိုးတက်အောင်တော့
ကြိုးစားယူချင်စိတ်မရှိကြပေ။ ဗိုလ်ချုပ် ၏စကားနှင့် ပြောရမည်ဆိုလျှင်
တလွဲဆံပင်ကောင်းတွေသာများ၏။ သို့ဆိုလျှင်အနာဂတ်တွင် ကျွန်
တော်တို့နိုင်ငံသည် ဗိုလ်ချုပ်ပြောသော ဖာနိုင်ငံအဖြစ်သို့
ရောက်ရှိသွားပေမည်။ ထို့ကြောင့် အနာဂတ် တိုင်းပြည်၏
မောင်းနှင်အားများဖြစ်ကြသော ကျောင်းသား၊ ကျောင်းသူများအနေဖြင့် တလွဲဆံပင်
ကောင်းမနေကြဘဲ အရာရာကိုမှန်ကန်စွာဆင်ခြင်သုံးသပ်ကာ ပညာဉာဏ်တိုးတက်ဖို့
ကြိုးစားသင့်ပေ သည်။
မိမိကိုယ်ကိုမှန်ကန်စွာ သုံးသပ်ခြင်းကသာ မိမိအားပို၍တောက်ပသော
အနာဂတ်ဆီသို့ ခေါ်ဆောင် သွားပေမည်။ မိမိကိုယ်ကို မလိမ့်တစ်ပတ်လုပ်ခြင်းဖြင့်
တိုးတက်သင့်သလောက် မတိုးတက်ဘဲသာရှိရ မည်။
တခြားဘာမှကောင်းကျိုးပေးမည်မဟုတ်။ ယခုလိုဖြည့်ဆည်းစရာမြားမြောင်လှသော
ခေတ်ကြီး တွင် ယဉ်ကျေးမှုပေါင်းစုံကို မှန်ကန်သောအမြင်ဖြင့်
နားလည်လက်ခံနိုင်သကဲ့သို့ သင်တို့၏သင်ယူလို သော ဦးနှောက်တံခါးများကိုလည်း
ပညာဉာဏ်ရေစစ်ခံကာ ကျယ်ကျယ်သာ ဖွင့်ထားကြပါလို့ တိုက် တွန်းလိုက်ပါရစေ။ ။
The Yangon Time Daily
ရန်ကုန်၊ ဇွန် ၁၈
အစိုးရသစ်လက်ထက် ဘုန်းတော်ကြီးသင် ပညာရေး
ကျောင်းများအတွက် ပထမဆုံး ပံ့ပိုးမှုအဖြစ် ယခုနှစ် ပညာသင်နှစ်တွင် အဆိုပါ
ကျောင်းဆရာ၊ ဆရာမများအတွက် ငွေကျပ် ၃ ဒသမ ၉ ဘီလီယံကို စတင် ထောက်ပံ့ပေး
ရန်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ဘုန်းတော်ကြီးသင် ပညာရေးကျောင်း မှ
သိရသည်။
ထောက်ပံ့ငွေများဖြင့် ကျောင်းသား ၄၀ ဦးလျှင် ဆရာတစ်ဦးနှုန်း ပံ့ပိုးသွား
မည်ဖြစ်ပြီး ဆရာ၊ ဆရာမ ဦးရေ ပိုလျှံနေသော ဘုန်းတော်ကြီးသင် ကျောင်း
များအတွက်မူ ထောက်ပံ့ကြေး အပို ရရှိမည်မဟုတ်ကြောင်း အဆိုပါကျောင်း တာဝန်ခံ
ဆရာတော်က မိန့်ကြားသည်။
ပထမဆုံးအကြိမ် ထောက်ပံ့မှုအစီအစဉ်တွင် မူလတန်းအဆင့် ဆရာ တစ်ဦးကို
သုံးသောင်း ရှစ်ထောင်ကျပ်၊ အလယ်တန်းအဆင့် ဆရာ တစ်ဦးကို လေးသောင်း
ငါးထောင်ကျပ်နှင့် အထက်တန်းအဆင့် ဆရာ တစ်ဦးကို ငါးသောင်းကျပ်
သတ်မှတ်ထားကြောင်း မန္တလေးနှင့် ရန်ကုန်တိုင်းဒေသကြီး ဘုန်းတော်ကြီးသင်
ပညာရေးကျောင်း အသိုင်းအဝိုင်းက သိရသည်။
"အရင်နှစ်တွေက စာရင်းအရဆို တစ်နိုင်ငံလုံးမှာ ဘက ကျောင်းဆရာတွေ
ငါးထောင်ကျော်ရှိတာ။ အခုဆို ပိုများလာမှာပေါ့" ဟု ရန်ကုန်တိုင်းဒေသကြီး
ဘုန်းတော်ကြီးသင်ကျောင်း စီမံကိန်း ဆရာတော်တစ်ပါးက ဖြည့်စွက် မိန့်ကြားသည်။
နိုင်ငံတစ်ဝန်း ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများရှိ ဆရာ ၊ ဆရာမ
စာရင်းကို ဇွန်လ ၂၇ ရက်နေ့ နောက်ဆုံးထားကာ ပညာရေးဝန်ကြီး ဌာနထံ
တင်သွင်းရမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ဘုန်းတော်ကြီးသင်
ပညာရေးကျောင်းထံမှ သိရသည်။
ယခုနှစ် ထောက်ပံ့မှုမှာ လုံလောက်နိုင်သော်လည်း နောက်နှစ်များတွင်ပါ ဆက်လက် ထောက်ပံ့ပေးလျှင် အဆင်ပြေမည်
ဖြစ်ကြောင်း
ရန်ကုန်တိုင်းဒေသကြီး ဘုန်းတော်ကြီးသင် ပညာရေးကျောင်း ၏ ဥက္ကဋ္ဌ
ကျောင်းဖြစ်သည့် တောတိုက် ဘုန်းတော်ကြီးသင် ပညာရေးကျောင်း၏ စီမံ တာဝန်ခံ
ဆရာတော်က မိန့်ကြားသည်။
http://www.facebook.com/thevoiceweekly?ref=ts&;fref=ts
- Published on Sunday, 19 May 2013 11:24
- Written by နန်းဦးလွင် (M.A, Japan)
ယခုကာလပိုင်းအတွင်း ပြည်တွင်းကရော ပြည်ပကပါ ဒေါက်တာ အထူးသဖြင့် ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့ပေးတာတွေ၊ ရတာတွေ၊ ဂုဏ်ပြုတာတွေ ဖတ်နေ၊ ကြားနေ၊ သိနေရပါတယ်။ ဒါကြောင့် မို့ Ph.D ဒေါက်တာရဲ့ သဘောသဘာဝ၊ အနေအထား၊ အဆင့်အတန်းတို့ကို အများသိစေချင်လို့ ဒီဆောင်းပါးကိုရေးဖြစ်တာပါ။ မြန်မာလူမျိုးများ အများစုဖြစ်လေ့ဖြစ်ထရှိတဲ့ ဣဿမစ္ဆရိယ မနာလိုဝန် တိုမှုဖြင့် ရေးခြင်းမဟုတ်ကြောင်း ဦးစွာပဏာမခံပါရစေ။
Ph.D ရဲ့ full form ဟာ Doctor of Philosophy ပါ။ British English က Ph.D လို့ရေးပြီး အမေရိကန် အင်္ဂလိပ်က Ph.D လို့ရေးပါတယ်။ တချို့တက္ကသိုလ်တွေက doctorate လို့ သုံးပါသေးတယ်၊ D.Sc (Doctor of Scinece) လို့ သုံးတဲ့တက္ကသိုလ်လည်း ရှိပါသေးတယ်။ သူ့ရဲ့မူရင်းအရင်းအမြစ်သဘောကို စပြောပါမယ်။ First Degree လို့ခေါ်တဲ့ ပထမဆုံးရတဲ့ ဘွဲ့ကနေ M.A or M.Sc - မဟာသိပ္ပံ၊ မဟာဝိဇ္ဇာတန်းတက်ရပါတယ်။ အဲဒီမှာ တချို့တက္ကသိုလ်က နှစ်နှစ်ကြာပါတယ်။ တချို့က ၁၈ လကြာ ပါတယ်။ တချို့က တစ်နှစ်ပဲကြာပါတယ်။ Thesis လို့ခေါ်တဲ့ ကျမ်းစာတင်ပြီး ကျေနပ်မှဘွဲ့ပေးတာပါ။
ပုံမှန်ပညာရေးအစီအစဉ်အရဆိုရင် မဟာဘွဲ့မရဘဲနဲ့ Ph.D တန်း တက်လို့မရပါဘူး။ Ph.D တန်းအ တွက် ပညာသင်ဆုရရင်လည်း၊ မဟာဘွဲ့မရသေးရင်မဟာဘွဲ့ အရင်တက်ခိုင်းပြီးမှ Ph.D အတွက် ဆက်တက်ရပါတယ်။ တက္ကသိုလ်ချင်းမတူရင် Ph.D တန်းတက်ခွင့်ရဖို့အတွက် အခြားအချက်အလက် များအတူ မဟာတန်းကသင်ခဲ့တဲ့ကျမ်းစာ (Thesis) တင်ပြရပါတယ်။ အဲဒါကြိုတင်လိုအပ်ချက်ပါ။ Ph.D အတွက် လုပ်မယ့်ကျမ်းစာ (Dessertation) Proposal ကိုကြိုတင်ရပါတယ်။ အဲဒီ Proposal ကို ကြိုက်မှ (သို့မဟုတ်) ကြီးကြပ်နိုင်တဲ့ (Superviser) ပါမောက္ခတစ်ဦးဦးရှိမှ Ph.D တန်းတက်ခွင့်ပြုပါ တယ်။ အတန်းတက်ရတာကတော့ တက္ကသိုလ်အလိုက် ကွဲပြားပါတယ်။ တစ်နှစ်၊ နှစ်နှစ်ဆိုသလို ရှိကြ ပါတယ်။ အတန်းမှာအဓိကထားတာက ကျမ်းစာအတွက် သုတေသနလုပ်နည်းတွေ၊ တွက်နည်းတွေ၊ စဉ်းစားနည်းတွေ၊ စဉ်းစားစရာအချက်အလက်တွေ မပါမနေပါရမဲ့ အချက်အလက်တွေ သင်ပေးတာပါ။ အဓိကကျမ်းစာ (Dessertation) ကိုပေးတာပါ။ လူကိုပေးတာမဟုတ်ပါဘူး။ ကျမ်းစာဖြစ်လာအောင် လုပ်ခဲ့တဲ့ သုတေသနလုပ်ငန်းတွေနဲ့ အဲဒါတွေရဲ့ရလဒ်ကို ပေးတာပါ။ အနည်းဆုံး နှစ်နှစ်ကနေ သုံးနှစ်၊ တချို့ဆို ငါးနှစ်လောက်တောင်ကြာပါတယ်။ စိုက်စိုက်မတ်မတ်လုပ်ရတဲ့ သုတေသနလုပ်ငန်းပါ။ သီအိုရီအသစ်တစ်ခု (သို့မဟုတ်) အတွေးအခေါ်အသစ်တစ်ခု (သို့မဟုတ်) ထုတ်ကုန်အသစ်တစ်ခု ဖန်တီးပေးရတာပါ။ အဲဒီဖန်တီးပေးမှု (creative) ကိုပေးတဲ့ဘွဲ့ပါ။ ပုဂ္ဂိုလ်ကိုပေးတာမဟုတ်ဘဲ သူရဲ့ Product အတွက်ပေးတာပါ။ ဒါကပညာရေးပုံမှန် လုပ်ထုံးလုပ်နည်းနဲ့သွားတဲ့ Ph.D ပါ။ ဂျပန်က တချို့ တက္ကသိုလ်မှာဆို Ph.D ရပြီးမှ သုတေသနတွေ ဆက်လုပ်ခိုင်းပြီး ကျေနပ်မှ Doctorate ပေးတယ်လို့ ကြားဖူးပါတယ်။ ကျမ်းစာပြုစုရာမှာလည်း Supervisor လို့ခေါ်တဲ့ ကြီးကြပ်သူ ပါမောက္ခတစ်ဦးရှိသလို Advisor လို့ခေါ်တဲ့ အကြံပေးတဲ့ ပါမောက္ခတစ်ဦးလည်း ရှိကြပါတယ်။ အဲဒါအပြင် ကျမ်းစာပြီးလို့ Defense ထိုင်တဲ့အခါ ပါဝင်တဲ့ ပါမောက္ခများလည်း ရှိကြရပါတယ်။ အားလုံးဟာ Ph.D ရထား ပြီးရုံမက သုတေသနပေါင်းမြောက်မြားစွာ လုပ်ထားတဲ့သူတွေ ဖြစ်ကြရပါတယ်။ Defense မှာမေးတာ မဖြေနိုင်ရင် အားမနာပဲ ထပ်လုပ်ခိုင်းလေ့ရှိကြပါတယ်။ အားနာပြီးဘွဲ့ပေးလိုက်တာမရှိပါဘူး။ လာစစ်တဲ့သူတွေကိုလည်း ကျောင်းသားကလက်ဆောင် (သို့မဟုတ်) ငွေကြေးမပေးရပါဘူး။ ခရီးစရိတ်လည်း မထောက်ပံ့ရပါဘူး။ နေ့လည်စာ၊ မနက်စာလည်း မကျွေးရပါဘူး။ ကော်ဖီ၊ လ္ဘက်ရည်လည်း မတိုက်ရပါဘူး။ တချို့ဆို Double Ph.D ရယ်လို့ Ph.D နှစ်ခါတက်ပြီး ကျမ်းနှစ်ခု ပြုစုပြီးရကြပါတယ်။ မြန်မာနိုင်ငံမှာ ဒေါက်တာမောင်မောင်နဲ့ ဒေါက်တာအောင်ထွန်းသက်တို့ ဖြစ်ပါ တယ်။ အဲဒီလို Ph.D ရထားတဲ့ သူတွေဟာ သူတို့ရဲ့ British English အခေါ် Visiting Card or North American English အခေါ် Business Card or Name Card ပေါ်မှာ နာမည်ရဲ့နောက်မှာ Ph.D ဆိုတာပဲရေးပြီး ရှေ့မှာ Dr. လို့ တပ်လေ့တပ်ထ မရှိကြပါဘူး၊ အထူးသဖြင့် အမေရိကန်၊ ကနေဒါ၊ ဂျပန်နဲ့အချို့ West နိုင်ငံတွေပါ။ Dr. ဘယ်သူရယ်လို့လည်း သုံးလေ့သုံးထ ခေါ်လေ့ခေါ်ထ မရှိကြပါဘူး၊ မခေါ်ရဘူး၊ မသုံးရဘူးလို့တော့ သတ်မှတ်ချက်မရှိပါဘူး။ သုံးတဲ့သူလည်း သုံးကြပါတယ်။
နောက်တစ်ခုက ဂုဏ်ထူးဆောင် Ph.D ပါ။ ဘာအတန်းမှလည်း မတက်ဘူး၊ ဘာသုတေသနမှလည်း မလုပ်ဘူး။ ဘာကျမ်းစာမှလည်း မပြုစုဘူး၊ ဒါပေမယ့်သူ့ရဲ့ လွန်ခဲ့သောကာလများက တွေးခဲ့၊ ရေးခဲ့၊ ဆောင်ရွက်ခဲ့တဲ့ အတွေ့အကြုံတွေကို လေးစားသမှုနဲ့ပေးတဲ့ Ph.D ပါ။ ဒါလည်း ဂုဏ်ယူစရာပါ။ ဂုဏ် ရှိတာပါပဲ။ ဒါပေမယ့် မိမိရဲ့ နာမည်ကတ်မှာ Ph.D လို့လည်း မရေးပါဘူး။ ရှေ့ကနာမည်ရှေ့မှာလည်း Dr. လို့လည်းမတပ်ကြပါဘူး။ ကျွန်တော်တို့ မြန်မာ့ဂုဏ်ဆောင် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဦးသန့် ဆိုရင် ၁၅ ခု၊ ဦးနုဆိုရင် ၂ ခု၊ ဒေါ်အောင်ဆန်းစုကြည်ဆိုရင် ၁၀ ခု နီးပါးရှိပြီထင်တယ်။ တစ်ခါမှ ဒေါက်တာဦးသန့်၊ ဒေါက်တာမောင်နု၊ ဒေါက်တာအောင်ဆန်းစုကြည်လို့ သုံးတာမတွေ့ဖူးပါဘူး။ အခြားသူက သုံးပေးတာတောင် မသုံးပါနဲ့တားကြောင်း ပြောသံကြားဖူးပါတယ်။ ဒါပေမယ့် ပိုက်ဆံပေး ပြီးဝယ်ရတာတို့၊ ပုဂ္ဂိုလ်ရေးရာအရ ဖားပြီးပေးတာတို့ကတော့ စဉ်းစားစရာပါပဲ။ နောက်တစ်ခုက ကျွန် တော်တို့မြန်မာနိုင်ငံက တက္ကသိုလ်မှာ Ph.D ကိုအခြားနည်းနဲ့ပေးတာလည်း ရှိကြောင်းသိရပါတယ်။ အဲဒါကတော့ တက္ကသိုလ်က ပါမောက္ခတစ်ဦးဦးဟာ Ph.D တစ်ဦးဦးကိုမွေးထုတ်ပေးလိုက်ရင် အလိုလို အော်တိုမတ်တစ် Ph.D ရသွားတာပါပဲ။ Ph.D တစ်ခါမှမလုပ်ဖူးတဲ့၊ အတွေ့အကြုံမရှိတဲ့သူက Ph.D ကို မွေးထုတ်ပေးတယ်ဆိုတာ တော်တော်ကို reasonable မဖြစ်တဲ့ကိစ္စပါပဲ။
နောက်တစ်ခု ကျွန်တော်တို့မြန်မာနိုင်ငံမှာ ဖြစ်နေတာက Ph.D ဒေါက်တာဆိုရင် ခြောက်ပြစ်ကင်း သဲလဲစင် အကုန်တော်ပြီး တတ်ပြီးလို့ထင်နေကြတာ။ မဟုတ်ပါဘူး၊ သူလုပ်တဲ့ သုတေသန field တစ်ခုမှာပဲတော်တာပါ။ ဥပမာ-သတ္တဗေဒဆိုပါစို့ အကောင်တစ်ကောင်အကြောင်း သုတေသနလုပ် တာ၊ အဲဒီအကောင်နဲ့ပတ်သက်တာပဲ သူတော်တာပါ။ ဒါမှမဟုတ် တွားသွားသတ္တဝါတွေရဲ့ မေးရိုး၊ ကျောရိုး၊ အစာအိမ်၊ မျိုးပွားအင်္ဂါအစိတ်အပိုင်း တစ်ခုခုအကြောင်းလုပ်ရင် အဲဒီအစိတ်အပိုင်းတစ်ခုခုမှာ ပဲ သူတော်တာပါ။ ဥပဒေဆိုရင်လည်း ပြစ်မှုရှိတယ်၊ ပြစ်မှုဆိုင်ရာ ကျင့်ထုံးရှိတယ်၊ တရားမတို့၊ သက် သေတို့၊ ဖွဲ့စည်းပုံ၊ မြေယာ၊ ကုန်ရောင်းကုန်ဝယ် . . . စသဖြင့် ဥပဒေပေါင်းအခွဲတွေ အများကြီးရှိ တယ်။ အဲဒီထဲက သူအထူးပြုတဲ့ ဘာသာရပ်တစ်ခုခုမှာပဲ သူတော်တာပါ။ စီးပွားရေးဆိုရင်လည်း Macro ရှိတယ်၊ တစ်ခါအဲဒီထဲမှာ Development ရှိတယ်၊ Finance ရှိတယ်၊ Planning ရှိတယ်၊ Dev-elopment မှာတစ်ခါ Urban Development ရှိတယ်၊ Rural Development ရှိတယ်၊ City Development ရှိတယ်၊ Transportation Development ရှိတယ်၊ Industrial Development ရှိတယ်။ Agricultural Development ရှိတယ်၊ Planning အပိုင်းမှာလည်း National Planning ရှိတယ်။ Sectoral Planning ရှိတယ်၊ Regional Planning ရှိတယ်၊ Project Planning ရှိတယ်။ အဲဒီ ထဲကမှ Field တစ်ခုကို သုတေသနလုပ်တွက်ချက်ရတဲ့ရလဒ်ကို ကောက်ချက်ချပြီး တီထွင်လိုက်တဲ့ ဆန်းသစ်ချက်ကိုပဲ အသိအမှတ်ပြုတဲ့အနေနဲ့ Ph.D ပေးတာပါ။ အဲဒီ Specific Field မှာတော့ တကယ်တော်လို့ ပေးတာပါ။ ဒါပေမဲ့ အကုန်လုံးအခြား Field တွေရော၊ လူမှူရေး၊ ဘာသာရေး အကုန်လုံးတော်တာ မဟုတ်ပါဘူး။ Ph.D မရပေမယ့် အကုန်လုံးနီးပါးတော်တဲ့သူတွေ ကမ္ဘာမှာရော မြန်မာမှာပါ အထင်အရှားရှိခဲ့ရှိနေပါတယ်။ အထူးသဖြင့် way of thinking တော်တာပါ။ မြန်မာနိုင်ငံမှာ Agricultural economics နဲ့ Ph.D ရထားတဲ့လူကို ကုန်သွယ်ရေးနဲ့ကူးသန်းရောင်းဝယ်ရေး ကဏ္ဍမှာ Ph.D ဆိုရင် အကုန်တတ်တယ်လို့ထင်နေတဲ့ လူကြီးတစ်ဦးက ခေါ်သုံးထားတာတွေ့ရပါတယ်။ မရ ဘူးမဟုတ်ပေမဲ့ လူမှန်နေရာမှန် မဟုတ်တာတော့ သေချာပါတယ်။
ကမ္ဘာမှာ အထူးသဖြင့် အမေရိကန်နဲ့အင်္ဂလန်က နာမည်အကြီးဆုံးနဲ့ အခက်ဆုံးလို့သတ်မှတ်ထာတဲ့ တက္ကသိုလ်က Ph.D ဘွဲ့ရပြီး သာမန်ညံ့ရုံမဟုတ်ဘဲ လူ့အဖွဲ့အစည်းကြီးတစ်ခုလုံး စုံးစုံမြုပ်သွား အောင် ပေါ်လစီမှားချမှတ်ခဲ့တဲ့ ညံ့တဲ့သူတွေလည်း မြန်မာပြည်မှာ ရှိခဲ့ဖူးပါတယ်။ လက်ရှိလဲ ရှိနေဆဲ ပါ။
Ph.D ရပြီးသူတွေရဲ့လုပ်ငန်းဟာ တက္ကသိုလ်မှာ ပါမောက္ခဖြစ်ဖြစ်၊ အခြားရုံး၊ ကိုယ်ပိုင်လုပ်ငန်းတွေမှာ ထိပ်ပိုင်းအရာရှိကြီးတွေဖြစ်ဖြစ် မပျက်မကွက်လုပ်ရမဲ့ အလုပ်တစ်ခုက ကိုယ်ရထားတဲ့ Ph.D ပညာ ပေါ်မူတည်ပြီး သုတေသနတွေ ကိုယ်တိုင်တစ်ဦးတည်းဖြစ်စေ၊ ရာထူးအဆင့်တူသူနဲ့တွဲ၍ဖြစ်စေ၊ Ph.D Candidates ကျောင်းသားတွေနဲ့တွဲ၍ဖြစ်စေ သုတေသနလုပ်နေရမှာ ဖြစ်ပါတယ်။ အနည်းဆုံး Ph.D လုပ်နေတဲ့သူတွေရဲ့ သုတေသနတွေကို Supervise, Advise လုပ်နေရမှာ ဖြစ်ပါတယ်။ သူများနိုင်ငံ တက္ကသိုလ်တွေမှာ ပါမောက္ခတွေဟာ လစာအပြင် သုတေသနရန်ပုံငွေပါရတာပါ။ မလုပ်မနေရ တွန်း အားပေးတဲ့သဘောလည်း ပါပါတယ်။ တက္ကသိုလ်က ဆရာအားလုံးဟာ ပါမောက္ခချည်းပါပဲ။ Assi-stant နဲ့ Associate လောက်ပဲကွာတာပါ။ ဝင်ဝင်ချင်းပါမောက္ခဖြစ်တဲ့သူတွေလည်း ရှိပါတယ်။ မြန်မာ ပြည်မှာကတော့ လုပ်သက်အရပေးရင် တစ်ယောက်၊ များလှ နှစ်ယောက်ပဲပေးပါတယ်။ ဘာသုတေ သနမှလည်း မည်မည်ရရ လုပ်တာမတွေ့ရပါဘူး။ တစ်ခါလာလည်း ဒီသင်ခန်းစာပဲသင်၊ တစ်ခါလာ လည်း ဒီသင်ခန်းစာပဲသင်ပြီး ပြီးနေတာပါပဲ။ အသစ်ထွက်တာတွေလည်း မလေ့လာ၊ မသိပါဘူး။ ဥပမာ တစ်ခုပြောရင် စီးပွားရေးတက္ကသိုလ်က အငြိမ်းစားယူခါစ ပါမောက္ခတစ်ဦးကို ပထမဘွဲ့က စီးပွားရေးတောင်မဟုတ်ဘဲ Further study ကျမှ စီးပွားရေးလေ့လာနေတဲ့ ပညာရှင်တစ်ဦးက LEAN Manufacturing ဆိုတာ ဘာလဲလို့မေးတော့ မသိဘူးလို့ဖြေသတဲ့၊ Chemistry နဲ့ရထားတဲ့သူတစ်ဦး ကို သကြားရဲ့ဓာတုဖွဲ့စည်းပုံမေးတော့လည်း သူ့ Field မဟုတ်လို့ မသိဘူးလို့ ဖြေတယ်။ တစ်ခါက သမိုင်းနဲ့ Ph.D ဘွဲ့ရထားတဲ့သူတစ်ဦးကို ဒုတိယမြန်မာနိုင်ငံကို တည်ထောင်သူက ဘယ်သူလဲလို့ မေးတော့ချက်ချင်းမဖြေနိုင်ဘူး။ ဖြေတော့လဲ တလွဲကြီးအနော်ရထာတဲ့။ ဒါဆို မြန်မာပြည်က Ph.D ကို စဉ်းစားကြည့်ပါ။ အကုန်လုံးမဆိုလိုမဲ့ တစ်ဦးတစ်လေတောင် မဖြစ်သင့်တဲ့ကိစ္စပါ။ Ph.D နဲ့ပတ်သက် ပြီး မြန်မာနိုင်ငံမှာ အလွဲကြီးတစ်ခုကတော့ တက္ကသိုလ်ဆရာ၊ ဆရာမထဲက Ph.D ရတဲ့သူတွေကို အထက်တန်းကျောင်းအုပ်ခန့်တဲ့ကိစ္စပါပဲ။ ဘယ်လိုအတွေးမျိုးနဲ့ ဒီကိစ္စလုပ်တယ်ဆိုတာ ဘယ်လိုမှကို တွေးလို့မရပါဘူး။ ယုံနိုင်စရာလည်း မရှိပါဘူး။ Ph.D ရပြီးတဲ့သူတွေရဲ့အတတ်ဟာ အဆင့်မြင့်ပညာပါ။ သာမန်ဘွဲ့ကြိုကျောင်းသားတွေထက်သာမက မဟာတန်းကျောင်းသားတွေကို အသိမျှပေး၊ အတတ် မျှပေး၊ ကြီးကြပ်အကြံပေးရမဲ့သူတွေပါ။ အထက်တန်းကျောင်းသားတွေကို သင်ဖို့ဟာ Ph.D အဆင့်ထိ တတ်စရာမလိုပါဘူး။ ဒါပေမဲ့ ပညာရေးသဘောတရားတို့ ပညာရေးစိတ်ပညာတို့ စတဲ့ပညာရေးဆိုင်ရာ သီအိုရီတွေ၊ ပညာတွေတော့ သိထားဖို့၊ တတ်ထားဖို့လိုသလို ကျောင်းအုပ်ဖြစ်တဲ့အတွက် စီမံခန့်ခွဲမှု Management ဘာသာရပ်ကို သိထားဖို့လိုပါတယ်။ နောက်တစ်ခုက အထက်တန်းကျောင်းသားတွေ စာသင်ရတာနဲ့ အုပ်ချုပ်ရတာက တက္ကသိုလ်ကျောင်းသားတွေ စာသင်ရတာ၊ အုပ်ချုပ်ရတာနဲ့မတူဘူး။ အဲဒါတွေမသိဘဲ အထက်တန်းကျောင်းအုပ်သွားလုပ်ခိုင်းတာကတော့ တော်တော်ကို စဉ်းစားဉာဏ်မဲ့ တဲ့ လုပ်ရပ်ဖြစ်ပါတယ်။ အရင်လူလုပ်သွားလို့ နောက်လူကပြင်မလားဆိုတော့ မပြင်ဘူး။ အရင်လူရော နောက်လူရော Ph.D ရထားတဲ့သူတွေပါ။ ဂေါ်ဘာချက်ကို ကြည့်ပါ။ အာဏာလက်ဝါးကြီးအုပ်ပြီး အာဏာရှင်အဖြစ်နေနိုင်ပေမဲ့ မနေဘဲဂလက်နော့၊ ပယ်ရီစတွိုက်ကာ စတဲ့အတွေးနဲ့လက်တွေ့ ပေါင်း စပ်ခဲ့သူပါ။ ဒီမိုကရေစီစနစ်ပြောင်းခဲ့သူပါ။ နောက်တစ်ခုက ကျွန်တော်တို့လက်ရှိသမ္မတကြီးကိုပဲကြည့် ပါ။ ဘယ်သူမှ အိမ်မက်တောင်မမက်ခဲ့တဲ့ နိုင်ငံရေးနှင့် စီးပွားရေးပြုပြင်ပြောင်းလဲမှုကြီးကို လုပ်ခဲ့တာ ရိုးရိုးပြောင်းတာမဟုတ်ပါဘူး Dramatical Change ပါ။ Real Great ပါ။ Real Fantastic ပါ။ တစ်မျိုး သားလုံး၊ ဆွေစဉ်မျိုးဆက် ကောင်းစားအောင် လုပ်ရဲသူလုပ်နိုင်သူပါ။ သမ္မတကြီးဟာ ပညာရေးအား ဖြင့် First Degree သာယူခဲ့သူပါ။ ဒါပေမဲ့ သူ့အတွေးအခေါ် စိတ်ကူးစိတ်သန်းကို ဘယ် Ph.D Holder က မီပါ့မလဲ။
မည်သို့ပင်ဆိုစေ၊ ဒေါက်တာဘွဲ့ရတာဟာ Academic Process အရ ရသည်ဖြစ်စေ၊ ဂုဏ်ထူးဆောင် ရသည်ဖြစ်စေ ဂုဏ်ယူစရာပါ။ ဒါပေမဲ့ ကြွားစရာတော့မဟုတ်ပါဘူး။ ဒေါက်တာဘွဲ့မရဘဲ ရသူထက် တော်သူတွေ၊ တတ်သူတွေ၊ ကမ္ဘာမှာရော မြန်မာမှာပါတစ်ပုံတစ်ပင်ပါ။ ကမ္ဘာမှာ သင်္ဘောအများဆုံးပိုင် တဲ့ ဂရိသူဌေးအိုနာစစ်ဟာ ဘွဲ့တောင်မရခဲ့ပါဘူး။ ဒါပေမဲ့ ၁၀ တန်းအောင်တဲ့ အသက် ၁၆ နှစ်မှာ ဘာသာစကားလေးမျိုး ပြောတတ်နေပါပြီ။ မီးလုံးထွင်တဲ့ အက်ဒီဆင်ဟာ ကျောင်းအတန်းမအောင်ပါ ဘူး။ သူမေးတာ ဆရာ၊ ဆရာမတွေ မဖြေနိုင်လို့ သူ့အမေက အိမ်မှာ စာသင်ပေးခဲ့ရတာပါ။ မြန်မာနိုင်ငံ မှာ MA ကျမ်းစာရော Ph.D ကျမ်းစာရော ကျွန်တော် Edit လုပ်ဖူးပါတယ်။ အင်္ဂလိပ်လို ရေးထားတာ ရှယ်ပဲ။ ဒါပေမဲ့ Abstract လည်း ဖတ်လိုက်ရော အကုန်ရေစုန်မျောတာပဲ။ အထဲမှာ ရေးထားတဲ့ အင်္ဂလိပ်စာအရေးအသားက ဆီနဲ့ရေပဲ၊ ရေမှ ရိုးရိုးရေကြည်မဟုတ်ဘူး။ ရွှံ့ဗွက်ရေဖြစ်နေတယ်။ ကိုယ်ကိုယ်တိုင် ရေးထားတဲ့စာနဲ့ ကူးချ၊ ဖြတ်၊ ညှပ်၊ ကပ် လုပ်ထားတဲ့စာနဲ့ အရမ်းသိသာလွန်းတယ်၊ ဒါပေမဲ့ ဘွဲ့ရသွားတာပဲ။ M.A ပဲဖြစ်ဖြစ် Ph.D ပဲဖြစ်ဖြစ် Subject Matter ကိုပေးတာ၊ Language ကို ပေးတာမဟုတ်ပါဘူး။ ဂျပန်မှာ ဂျပန်လိုရေးတင်ကြတာပါပဲ။ မြန်မာမှာရော မြန်မာလိုရေးရင်မရဘူး လား။ စဉ်းစားသင့်ပါတယ်။ အဓိကက တကယ်သိတကယ်တတ်ဖို့ပါပဲ။