
MMSA ဘလော့စည်းမျဉ်းများ
* အချင်းချင်း ညီညွတ်မှု့ကို ပျက်စီးစေတတ်သော အကြောင်းများကို ရေးသားခြင်းမှ ရှောင်ရှားရန်၊
* သာသနာနှင့် မအပ်စပ်သော အဖွဲ့ဂုဏ်သိက္ခာကို ငြိုးနွမ်းစေတတ်သော ပုံများကိုတင်ခြင်းမှ ရှောင်ရှားရန်၊
* ပုဂ္ဂိုလ်ရေးဆိုင်ရာများထက် အများနှင့်သက်ဆိုင်သော အကျိုးများစေနိုင်သော ပုံများ စာများကိုသာ ရေးသားရန်၊
* MMSAသည် ပညာရေးအဖွဲ့စည်း ဖြစ်သည့် အတွက်နိုင်ငံရေးနှင့်သက်ဆိုင်သော အရေးအသားများကို ရေးခြင်းမှ ရှောင်ရှားရန်၊
* ဗုဒ္ဓဘာသာနှင့် မိမိတို့လေ့လာနေသော ပညာရပ်ဆိုင်ရာ အကြောင်းအရာများကို ဗဟုသုတအလို့ငှါ ရေးသား မျှဝေကြရန်၊

အာဏာပိုင်တွေ ပစ်ခတ်မှုကြောင့် အောက်တိုဘာလက သေဆုံးသွားတဲ့ ဦးဟန်ရွှေဆိုသူရဲ့ ကျန်ရစ်သူမိသားစုတွေကို အလှူငွေပေးအပ်ဖို့သွားသူ ဦးမောင်လှသွယ်ထောင်ဒဏ် ၁ နှစ်ချမှတ်ခံရ
ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့က ဦးမောင်လှသွယ် ဆိုသူကို မနေ့က ရမ်းဗြဲမြို့နယ် တရားရုံးက ထောင်ဒဏ် ၁ နှစ် အမိန့်ချပြီး ကျောက်ဖြူ အကျဉ်းထောင်ကို ပို့လိုက်တယ်လို့သိရပါတယ်။
အာဏာပိုင်တွေ ပစ်ခတ်မှုကြောင့် အောက်တိုဘာလက သေဆုံးသွားတဲ့ ဦးဟန်ရွှေဆိုသူရဲ့ ကျန်ရစ်သူမိသားစုတွေကို အလှူငွေပေးအပ်ဖို့သွားသူ ဦးမောင်လှသွယ် ကို အာဏာပိုင်တွေက ဒီဇင်ဘာလ ၁၈ ရက်နေ့ မနက်ပိုင်းက ဖမ်းဆီးပြီး ပုဒ်မ-၅၀၅(ခ) ဆူပူအောင်လှုံ့ဆော်မှုနဲ့ အမှုစွဲတင်ပြီး ရမ်းဗြဲမြို့နယ် တရားရုံးမှာ ရုံးတင်စစ်ဆေးခဲ့ပါတယ်။ ဦးမောင်လှသွယ် ကို တရားရုံးမှာ မနေ့က သူတို့ တွေ့ခွင့်မရခဲ့ဖူးလို့ မိသားစုဝင်တစ်ဦးက ပြောပါတယ်။
တရားရုံးမှာ စွပ်စွဲချက်တွေကို ခုခံချေပဖို့အတွက် ဦးမောင်လှသွယ် ကို အာဏာပိုင်တွေက ရှေ့နေငှားရမ်းခွင့်မပေးခဲ့ဘူးလ
ချောင်းဝကျေးရွာအုပ်စု ရေမျက်ဝကျေးရွာမှာရှိတဲ့ သေဆုံးသူ ဦးဟန်ရွှေရဲ့ကျန်ရစ်သူ မိသားစုအတွက် စေတနာရှင်တွေနဲ့ လူမှုအဖွဲ့အစည်းတစ်ချို့က စုပေါင်းလှူဒါန်းတဲ့ ငွေ ၈ သိန်းကို ရမ်းဗြဲမြို့မှာနေထိုင်တဲ့ ဦးမောင်လှသွယ် က သူတို့ကိုယ်စား သွားရောက်ပေးအပ်ရာမှာ အာဏာပိုင်တွေက လမ်းမှာဖမ်းဆီးပြီး အမှုစွဲတင်ခဲ့တာဖြစ်ပါတယ်။
ဦးဟန်ရွှေဟာ ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၉ ရက်နေ့က ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ် ကျောက်နီမော် ကျေးရွာမှာ ဆူပူမှုတွေအတွင်း အာဏာပိုင်တွေရဲ့ ပစ်ခတ်မှုကြောင့် သေဆုံးသွားခဲ့သူဖြစ်ပါတယ်။
....................................................
တရားသဖြင့်မင်းပြုခြင်းသည် တိုင်းပြည်အားငြိမ်းချမ်းမှုကိုပေးစေ၏။
၃ မိနစ်လောက်လေးဘဲ အချိန်ပေးပြီးတော့ ဖတ်ပေးပါ..
ရန်ကုန်မြို့တွင် ယာဉ်ကြောများပိတ်ဆို့ပြီး မော်တော်ယာဉ်မောင်းများ၊ခရီးသွာ
သုံးခုအား နိုင်ငံတော်မှ ငွေကြေးအကုန်အကျခံပြီး ဂုံးကျော်တံတားသုံးစင်းထိုးပေးမ
ကြေငြာခဲ့သေ
ာအခါ ရန်ကုန်မြို့နေ ပြည်သူတစ်ယောက်အနေဖြင့် ၀မ်းသာအားရဖြင့် နိုင်ငံတော်၏
စေတနာကကို ကျေးဇူးတင်မိပါသည်။ထိုစီမံကိန်း
ကျော်တံတား နှင့် တာမွေအ၀ိုင်းဂုံးကျော်တံတား တို့ဖြစ်ပါသည်။သို့ရာတွင် တကယ်တမ်းစီမံကိန်း
စတင်ခဲ့သောအခါ လှည်းတန်းဂုံးကျော်တံတားနှင့်ဘု
တာမွေအ၀ိုင်းဂုံးကျော်တံတားစီမံ
စီမံကိန်းဖျက်လိုက်ရခြင်း(သို့မ
(သို့မဟုတ်) ထိုသို့ သို့လော သို့လော အတွေးများနဲ့သာ သာမန်ကာလျှံကာနေခဲ့မိပါသည်။သို့
ထိုသို့ သို့လော သို့လော အတွေးများထဲတွင် မပါဝင်ခဲ့သော အကြောင်းအရာတစ်ခုမှာ ယခုမှကွက်
ကွက်ကွင်းကွင်းကြီးပေါ်လာခဲ့ပါတေ
တာမွေအ၀ိုင်းဂုံးကျော်တံတားစီမံ
ထိုးမည်ဆိုလျှင် တာမွေရှိ မူဆလင်သချိုင်္င်းနှင့်ဗလီအား ဖျက်ရမည်ဖြစ်ပါသည်။ ထို့ကြောင့် စီမံကိန်း
အား ဖျက်သိမ်းလိုက်ခြင်းဖြစ်ကြောင်း
သော ပြည်သူလူထုခရီးသွားလာရာတွင် အဆင်ပြေချောမွေ့စေမည်ဖြစ်သော စီမံကိန်းကြီးတစ်ခုလုံး
အားဖျက်လိုက်ရခြင်းမှာ မူဆလင်တို့မှ စီမံကိန်းကြီးတစ်ခုလုံးဖျက်လိုက
မည်မျှ ပေးကမ်းခဲ့ပါသလဲ(သို့မဟုတ်)စီမ
ခြောက်နှောင့်ယှက်ဖိအားပေးမှု့တေ
မြန်မာပြည်မှ အသီးအပွင့်များအား မည်သူတွေ ခံစားရမှာပါလဲ။မြန်မာပြည်မှ အခွင့်အရေးများကို
မည်သူတွေက ရပိုင်ခွင့်ရှိပါသလဲ။

By ရဲရဲမဟာသွေး
သမ္မတ၏သ၀ဏ်လွှာနှင့်အတူ ပါရှိသော ရခိုင်တိုင်းရင်းသားများအပေါ် စွပ်စွဲချက်များကို ရခိုင်ပါတီ ခေါင်းဆောင် တုံ့ပြန်
သမ္မတ၏ သ၀ဏ်လွှာနှင့်အတူ ပါရှိသော ရခိုင်တိုင်းရင်းသားများအပေါ် စွပ်စွဲချက်များကို ရခိုင်ပါတီ ခေါင်းဆောင် တုံ့ပြန်၊ ဘင်္ဂါလီများအား ပြည်ခိုင်ဖြိုးက တရားဝင်နိုင်ငံရေးထဲကို ခေါ်သွင်းခဲ့ ဟုလည်းဆို By Shwe Gyaw ရန်ကုန်၊ ၆ စက်တင်ဘာ ၂၀၁၂၊ Coral Arakan News Agency ပြည်ထောင်စုလွှတ်တော်သို့ ပေးပို့ခဲ့သည့် ၂၀၁၂ ခုနှစ် သြဂုတ်လ ၁၇ ရက်နေ့စွဲပါ သမ္မတ၏ သ၀ဏ်လွှာအတူ ပါရှိသော ရခိုင်တိုင်းရင်းသားများအခြေအနေ သုံးသပ်ချက်များနှင့် ပတ်သက်၍ Coral Arakan နှင့် စက်တင်ဘာလ ၅ ရက်နေ့က ရန်ကုန်မြို့၊ စမ်းချောင်း နေအိမ်တွင် သီးခြားတွေ့ဆုံစဉ် ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဦးအေးသာအောင်က တုံ့ပြန်ပြောကြားခဲ့ သည့်အပြင် မောင်တောခရိုင်တွင် ပြည်ခိုင်ဖြိုးက တစ်မျိုးသားလုံး နှင့် နိုင်ငံတော်၏ လုံခြုံရေးကို ပမာမထားပဲ မိမိပါတီအနိုင်ရရှိရေးကိုသာ ဦးစားပေးကာ ဘင်္ဂါလီများအား တရားဝင်နိုင်ငံရေးထဲကို သွင်းခဲ့သည်ဟု ပြောကြားလိုက်သည်။ ပြည်ခိုင်ဖြိုးပါတီသည် မဲအနိုင်ရရေးကို မျှော်ကိုးလျက် ဥပဒေကို မျက်ကွယ်ပြုကာ ဘင်္ဂါလီ မူဆလင်များအပေါ် မသင့်မလျော်ဆောင်ရွက်ပေးကြောင်း စွပ်စွဲကြသည်များနှင့် ပတ်သက်၍ Coral Arakan ကမေးမြန်းရာတွင် ဦးအေးသာအောင်က “၀န်ကြီးဦးစိုးသိန်း၊ ဦးအောင်မင်းတို့နဲ့ ကျွန်တော်တို့ တွေ့တဲ့အခါ (ပြောခဲ့တာက) ဖဆပလခေတ်မှာ ဆူစတန်မာမောက်ဟာ မူဆလင် ဘာသာရေး အဖွဲ့အစည်းတစ်ခုကို ကိုယ်စားပြုပြီး ရွေးကောက်ပွဲဝင်တယ်။ ဖဆပလအစိုးရက ဘာသာရေးနဲ့ နိုင်ငံရေးကို မရောယှက်က်ရဆိုတဲ့မူနဲ့ အဲဒီအဖွဲ့အစည်းကို ကန့်သတ်လိုက်တဲ့အခါ သူက ဖဆပလထဲကိုဝင်တယ်။ ဖဆပလ မဲအနိုင်ရဖို့အတွက် ဘင်္ဂါလီတွေကို သူတို့ပါတီထဲကိုသွင်းတယ်။ နိုင်ငံသား မှတ်ပုံတင်ရဖို့ လုပ်ပေးတယ်။ ဟိုဖက်နိုင်ငံက လူတွေကိုလည်း ခိုးသွင်းပြီးတော့ မှတ်ပုံတင်လုပ်ပေးခဲ့တဲ့ အထောက်အထားတွေ သမိုင်းမှာ ရှိတယ်။ ထို့အတူပဲ မောင်တောကို ရောက်တဲ့အခါမှာ လတ်တလော ရခိုင်ပြည်နယ်မှာရှိနေတဲ့ ပါတီကြီးတစ်ခု ဟာ သူတို့ပါတီမှာ ရခိုင်တွေကို ဖယ်ပြီး ဘင်္ဂါလီတွေကို ထည့်တယ်ဆိုတာကို ကျွန်တော်တို့ကို ပြောပြတယ်။ စစ်တွေမှာ မောင်တောမှာ ရခိုင်လူမျိုး ပြည်ခိုင်ဖြိုးပါတီခေါင်းဆောင်တွေကို ဖယ်ပြီး ဘင်္ဂါလီတွေကို ထည့်တယ်လို့ (ပြောပြတယ်)။ တကယ်တော့ ပါတီတစ်ခု အနိုင်ရဖို့ထက် တစ်မျိုးသားလုံးရဲ့နိုင်ငံတော်အရေး၊ နိုင်ငံတော် လုံခြုံရေးဟာ ပိုလိုအရေးကြီးတယ်၊ မောင်တောလိုနေရာတစ်ခုမှာ မိမိပါတီအနိုင်ရဖို့ထက် တစ်မျိုးသားလုံးရဲ့ရေရှည်လုံခြုံရေးကိုသာ ဦးစားပေးသင့်တယ်လို့ ကျွန်တော်က ပြောခဲ့တယ်” ဟု ဖြေကြားခဲ့သည်။ မောင်တောမြို့နယ်တွင် ပြည်ခိုင်ဖြိုးပါတီဝင်အများစုမှာ ဘင်္ဂါလီများဖြစ်ကြပြီး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အဖွဲ့ဝင်အများစုမှာလည်း ဘင်္ဂါလီလူမျိုးများဖြစ်ကြကာ၊ ပြီးခဲ့သည့် ဇွန်လအတွင်း ရခိုင်လူမျိုးများကို တိုက်ခိုက်ရာတွင် ယင်းပါတီကြီးနှစ်ခုစလုံးမှ ပါတီဝင်ဆိုသူ ဘင်္ဂါလီများပါ ပါဝင် တိုက်ခိုက်ခဲ့ကြသည်ဟု မောင်တောဒေသခံ ရခိုင်လူမျိုးများက ဆိုသည်။ မောင်တော ဘူးသီးတောင်တွင် ဦးနု၏ဖဆပလလက်ထက်က ဒေသခံ ရတညပါတီကို ဖဆပလ က အနိုင်ရရန်အတွက် ရှိပြီးသား ဘင်္ဂါလီများကို မှတ်ပုံတင်ထုတ်ပေးသည်သာမက ရွေးကောက်ပွဲ လုပ်ခါနီးတွင် တစ်ဖက်ကမ်း အရှေ့ပါကိစ္စတန်(ယခု ဘင်္ဂလာဒေ့ရှ်)မှ ဘင်္ဂါလီများကို လှေသမ္ဗာန် အစီး ရာချီသွင်းကာ ဖဆပလအား မဲပေးစေခဲ့သည်။ ယခုအခါ အိန္ဒိယနိုင်ငံ အာသံပြည်နယ်တွင် မကြာသေးမီက ဖြစ်ပွားခဲ့သည့် ဗုဒ္ဓဘာသာဝင် ဘိုဒိုလူမျိုးများနှင့် ဘင်္ဂလာဒေ့ရှ်မှ ခိုးဝင်သူ အင်္ဂါလီမူဆလင်များအကြား ပဍိပက္ခများဖြစ်ရသည့် အကြောင်းရင်းခံများတွင် နိုင်ငံရေးသမားအချို့၏ မဲရလျှင်ပြီးရော (vote bank oriented) နိုင်ငံရေး သမားများတွင်လည်း တာဝန်မကင်းဟု ဒေသထုတ် သတင်းစာများတွင် ရေးသားနေကြသည်။ သမ္မတ၏ သ၀ဏ်လွှာအတူ ပါရှိသော ရခိုင်တိုင်းရင်းသားများအခြေအနေ သုံးသပ်ချက်များနှင့် ပတ်သက်၍မူ ဦးအေးသာအောင်က အောက်ပါအတိုင်း တုံ့ပြန်ပြောကြားသည်။ “နံပါတ်တစ်အချက် ရခိုင်ပြည်နယ်ရှိ နိုင်ငံရေးပါတီများလို့ရေးထားတာဟာ ရခိုင်ပြည်နယ်မှာရှိတဲ့ ပါတီ သုံး လေး ပါတီအနက် ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ နှစ်ပါတီကို အဓိက စွပ်စွဲတာဖြစ်တယ်။ ဒီလိုစွပ်စွဲထားသလို လုံးဝမဟုတ်ဘူး ပြောချင်တယ်။ ဘာကြောင့်လဲဆိုတော့ ဒီလိုဖြစ်ပျက်လာခဲ့တဲ့အတွက် ရခိုင်လူမျိုးတွေ သေကြေကြရတယ်။ ရခိုင်စီးပွားရေးကလည်း နောက် ငါးနှစ်နဲ့ နာလန်ထူဖို့ဆိုတာမဖြစ်နိုင်။ ဒါကြောင့်မို့ ရခိုင် နိုင်ငံရေး ပါတီတွေက ဒီလိုဖြစ်မှာကို လုံးဝ မလိုလားဘူး၊ တခြားနည်းနဲ့တော့ ဒီဘင်္ဂါလီကိစ္စကို ဖြေရှင်းလိုတဲ့ ဆန္ဒရှိကြတယ်။ သူတို့ကို မှတ်ပုံတင်တွေ စစ်ဆေးရမယ် စသည်ဖြင့်။ ဒီလို (ပဋိပက္ခ) ဖြစ်လာဖို့ အတွက် RNDP ရော ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ရော လှုံ့ဆော်တယ်လို့ စွပ်စွဲခြင်းဟာ လုံးဝ မဟုတ် မမှန် စွပ်စွဲခြင်းသာဖြစ်ပါတယ်” နောက်တစ်ချက် ‘နိုင်ငံအနှံ့အပြားတွင် နေထိုင်သည့် ဘင်္ဂါလီမူဆလင်များအပေါ် အကြမ်းဖက်ရန် ကိုလည်း အဆက်မပြတ် ကြံစည် လုပ်ဆောင်လျက်ရှိသည်’ ဆိုတဲ့အချက်ဟာ ရယ်စရာဟာသ တစ်ခုပဲ ဖြစ်တယ်။ ရခိုင်လူမျိုးတွေမှာ အာဏာလည်းမရှိ၊ လက်နက်လည်းမရှိ၊ ဘင်္ဂါလီတွေမှာက မူဆလင် ကမ္ဘာအပါအ၀င် ငွေကြေး ချမ်းသာတဲ့ ထောက်ပံ့မယ့် နိုင်ငံတွေရှိ တာကြောင့်…..၊ အင်တာနက်ပေါ်မှာလည်း ရခိုင်ခေါင်းဆောင်တွေကို ဘယ်လိုလုပ်ကြံမယ် ဆိုတာတွေကို ဖတ်နေ ရတယ်။ (ဒီစွပ်စွဲချက်ဟာ) ပြောင်းပြန် စွပ်စွဲထားတာ လို့ပဲ ပြောချင်တယ်” နောက်တစ်ချက် စီးပွားရေး၊ ရခိုင်တွေက ဘင်္ဂါလီတွေရဲ့စီးပွားရေးကို အချောင်ဝင်ယူဖို့ ကြိုးပမ်းလာ တယ်ဆိုတဲ့ အချက်ကလည်း ရယ်စရာဖြစ်နေတယ်၊ ဒါဟာလည်းပဲ မဟုတ်တမ်းတရား စွပ်စွဲထား တာပဲဖြစ်တယ်” ခေတ်အဆက်ဆက် အစိုးရများအနေဖြင့် ရခိုင်တိုင်းရင်းသားများ၏ အကျိုးစီးပွားကို ဖော်ဆောင်ခြင်း မပြု၊ ကာကွယ် ပေးခြင်းမခြင်းမရှိဘဲ သယံဇာတများကိုသာ ထုတ်ယူသုံးစွဲခဲ့သည် ဆိုတာကိုတော့ ကျွန်တော်တို့ (ကိုယ်တိုင်) ပြောပါတယ်။ မီဒီယာတွေမှာလည်းပြောပါတယ်။ ခေတ်အဆက်ဆက် ရခိုင်ပြည်က သားငါး ပုဇွန် သစ်တော သယံဇာတတွေကို (ထုတ်ယူသုံးစွဲတယ်)။ လမ်းစဉ်ပါတီခေတ်၊ ဖဆပလခေတ်၊ ရခိုင်ပြည်အတွက် ဘာတစ်ခုမှ (လုပ်ပေးခဲ့တာ မရှိဘူး)။ ဆိပ်ကမ်းကောင်းကောင်းမရှိ၊ စက်ရုံတစ်ခုမရှိ၊ လမ်းတစ်လမ်း အကောင်းမရှိ ဘာလုပ်ပေးခဲ့လဲ။ အခု ရေနံ ဂတ်စ်ထွက်တယ်။ ရခိုင်ပြည်ကို ပေးဖို့မပါဘူး။ ပါသလား။ ဘယ်နှစ်ရာခိုင်နှုန်း ပါသလား၊ တကယ်ဆိုရင် ဒေ၀ူးကိုပဲ ရောင်းရောင်း၊ တရုတ်ကိုပဲ ရောင်းရောင်း၊ အိန္ဒိယကိုပဲ ရောင်းရောင်း ရတဲ့အထဲက ပြည်ထောင်စုက ဘယ်လောက်ယူ ပြည်နယ်က ဘယ်လောက်ယူ မဖြစ်သင့်ဘူးလား။ အခု အဲဒီလိုပါသလား။ မပါ။ အခုထိ မသေချာသေးဘူး။ သို့သော် ကျွန်တော်တို့က မီးလင်းရုံ လောက်ကို မတောင်းဘူး။ အဲဒီအထဲက ရခိုင်ပြည်နယ်ဘတ်ဂျတ်ကို ဘယ်လောက်ပေးမလဲ။ ကျွန်တော်တို့ တောင်းသွားမယ်။ မီးလင်းရေးကို ကျွန်တော်တို့ လုပ်မယ်။ ကျွန်တော်တို့ကို ဂတ်စ်သုံးခွင့်ပြုပါ။ ပြည်ထောင်စုအစိုးရက လုပ်ပေးဖို့မလိုဘူး၊ ကျွန်တော်တို့ ရအောင်လုပ်မယ်။ ကျွန်တော်တို့ကို ဂတ်စ်သုံးခွင့်ပြုပါ။ ဂတ်စ်ရောင်းလို့ရတဲ့အထဲက ပြည်နယ်အစိုးရဘတ်ဂျတ် ဘယ်လောက်ပေး။ ဒါကို ကျွန်တော်တို့ ပြောနေတာ။ ပြည်သူတွေပြောနေတာ။ စွပ်စွဲတာမဟုတ်ဘူး” ရခိုင်ပြည်နယ်အတွင်း ဘင်္ဂါလီများ ခိုးဝင်မှုကို ထိရောက်စွာတားဆီးခြင်းမရှိ၊ လူဝင်မှုကြီးကြပ်ရေး လုပ်ငန်းများ အပေါ် အဂတိလိုက်စားသော ၀န်ထမ်းများအား အရေးယူမှုမရှိ ဆိုတဲ့အချက်ကိုတော့ လူတိုင်းသိတယ်။ ဒါဟာစွပ်စွဲတာမဟုတ်ဘူး။ မောင်တောမှာ တာဝန်ကျတဲ့ လ၀ကတွေ သူဋ္ဌေးဖြစ်ပြီးပြန်တယ်။ လူတိုင်းသိတယ်” နိုင်ငံတော်သမ္မတ၏ သ၀ဏ်လွှာကို ပူးတွဲပါ ရခိုင်ပြည်နယ်ပဍိပက္ခဖြစ်စဉ်သုံးသပ်ချက်များနှင့်အတူ သမ္မတဦးသိန်းစိန် ကိုယ်တိုင် လက်မှတ်ထိုးကာ ၂၀၁၂ သြဂုတ်လ (၁၇) ရက်နေ့က ပြည်ထောင်စု လွှတ်တော် နာယကထံကို ပေးပို့ခဲ့ သည်။ ၄င်းသုံးသပ်ချက်မှတ်တမ်းတွင် ပါရှိသော အချက်အလက်များထဲမှ အပိုဒ်(၉) ၊ အပိုဒ်(က)မှ(ဇ) အတွင်းပါရှိသော ရခိုင်တိုင်းရင်းသားများကို စွပ်စွဲသုံးသပ်ချက်များကို ပြည်သူ့လွှတ်တော် အမတ် တချို့က ကန့်ကွက်ကြပြီးနောက် လူမှုမီဒီယာများအပါအ၀င် မီဒီယာများတွင် ပွက်လောရိုက်သွားကာ ၄င်းသ၀ဏ်လွှာကို ဖတ်ကြားခြင်းမပြုပဲ ဆိုင်းငံ့လိုက်သည်။ ထို့နောက် သမ္မတရုံး ညွှန်ကြားရေးမှူး၏ မှူးဇော် Facebook စာမျက်နှာတွင် သမ္မတသ၀ဏ်လွှာ ဆိုင်ရာ ရှင်းလင်းချက်ကို သြဂုတ်လ (၂၃)ရက်နေ့တွင် ထုတ်ပြန်သည်။ သမ္မတသ၀ဏ်လွှာအပိုင်း မဟုတ်သည့် ဒုတိယပိုင်း သုံးသပ်ချက်များတွင် ရေးသားထားသည်များမှာ သမ္မတ၏အာဘော် မဟုတ်ပါကြောင်း၊ သမ္မတကြီးသည် နိုင်ငံတော်နှင့် နိုင်ငံသားများအပေါ် သစ္စာစောင့်သိရိုသေပြီး ဇာတိနိုင်ငံသားတို့၏ အကျိုးကို သယ်ပိုးဆောင်ရွက်လျက်ရှိကြောင်း မှူးဇော်စာမျက်နှာတွင် တင်ထားသည့် ရှင်းလင်းတင်ပြချက်က ဆိုသည်။ ယင်းဖြစ်စဉ်နောက်ပိုင်း ၀န်ကြီးရာထူးအပြောင်းအလဲများတွင်ဒုတိယဗိုလ်ချုပ်ကြီး လှမင်းကို ကာကွယ်ရေးဝန်ကြီး ရာထူးမှဖယ်ရှားခဲ့သည်။ ရခိုင်အရေးကို ထဲထဲဝင်ဝင် နားမလည်သူ ပြည်မနိုင်ငံရေးသမားများနှင့် ပတ်သက်၍ Coral Arakan က စစ်တွေမြို့အခြေစိုက် ၀ံလက်ဖောင်ဒေးရှင်း ဒါရိုက်တာတစ်ဦးဖြစ်သူ ဦးကျော်ဇောဦးကို မေးမြန်းရာ ၄င်းက “ဘင်္ဂါလီ ဆူပူမှုတွေ ဖြစ်ဖြစ်ချင်း ၈၈ မျိုးဆက်ကျောင်းသားတွေ ဒီကိုလာပြီး စုံစမ်း လေ့လာမှု တွေ မလုပ်ခင်လေးတင်က၊ ပေါင်းကူးက တာဝန်ရှိသူတွေနဲ့ ကျွန်တော်တို့ဝံလက်က ဒါရိုက်တာ သုံးယောက်နဲ့ စကားပြောကြတဲ့အခါ ကျွန်တော်က ဒေါက်တာကျော်သူကို အချက်သုံးချက် ပြောခဲ့ တယ်။ ပြည်မကနိုင်ငံရေးသမားတွေ ဒီကိုလာပြီး ဒီအခြေအနေထဲမှာ ၀င်ပါမယ်ဆိုရင် ကျွန်တော်တို့ ဘက်က ဖြစ်စေချင်တဲ့အချက်တွေပေါ့” နံပါတ်တစ်အချက်ကို မပြောခင်မှာ ကျွန်တော်က သူတို့ကို နမူနာတစ်ခု ပြောပြတယ်။ တစ်နေ့က ဗိုလ်ချုပ်ကြီးလှမင်း မောင်တောက ‘ပြည်သူ’ဆိုတဲ့လူတွေနဲ့ တွေ့ဆုံစကားပြောတာကို တီဗီကနေ မြင်လိုက်တယ်။ အလှူပေးတန်တာကို ပေးပြီးတဲ့နောက် ခန်းမထဲမှာ ဘင်္ဂါလီတွေကို တစ်ဘက်ခြမ်းမှာ ထိုင်ခိုင်း ရခိုင်တွေကို နောက် တစ်ခြမ်းမှာ ထိုင်ခိုင်းပြီး ‘အိမ်နီးနားချင်းတွေအချင်းချင်း ရန်ခဲပူဆာ မဖြစ်ကြဖို့ ပြည်သူပြည်သားအချင်းချင်း ညီအစ်ကိုပမာ ချစ်ခင်ကြဖို့’ ဆိုပြီး ရန်ဖြစ်တဲ့ ကလေး နှစ်ယောက်ကို ဆရာမက နှစ်ယောက်စလုံးကို သကြားလုံး တစ်ယောက်တစ်လုံးကျွေးပြီး နင်လည်း တော်တော့ မင်းလည်းတော်တော့ ဆိုတဲ့ စကားမျိုး ချဉ်းကပ်မှုမျိုးကို ပြောတယ်။ ဒါကိုကြည့်ပြီး ကျွန်တော် အကြီးအကျယ် စိတ်ပျက်တယ်။ တကယ်လို့ ပြည်မက နိုင်ငံရေးသမား တစ်ယောက် ယောက် တက်ကြွလှုပ်ရှားသူတစ်ယောက်ယောက်ဟာ ဒီလို ချဉ်းကပ်မှုမျိုးနဲ့ ရခိုင်ကို လာမယ်ဆိုရင် မအောင်မြင်နိုင်ဘူး။ ဘယ်လိုနည်းလမ်းသုံးသုံး မအောင်မြင်နိုင်ဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ ဘင်္ဂါလီတွေဟာ သူပြောသလို ပြည်သူမဟုတ်ဘူး။ ညီအစ်ကို မဟုတ်ဘူး။ နံပါတ်တစ်အနေနဲ့ ဒီအချက်ကို လက်ခံဖို့လိုတယ် လို့ ကျွန်တော် ပြောခဲ့တယ်” ဟု ဖြေကြားသည်။ ဦးကိုကိုကြီးနှင့် ဦးမင်းကိုနိုင်တို့ ရခိုင်ပြည်ကို လာရောက်ပြီး အားပေးစကားပြောမှုများမလုပ်ခင်၊ အကြိုရှေ့ပြေးအနေဖြင့် ၈၈-မျိုးဆက်ကျောင်းသားအုပ်စုထဲမှ မနီလာသိန်း နှင့် မမီးမီးတို့ ဇွန်လ တတိယပတ်အတွင်း ရခိုင်ပြည် ပဍိပက္ခနေရာများကို သွားရောက်လေ့လာရာတွင် ၀ံလက် ဖေါင်ဒေးရှင်းမှ ဦးကျော်ဇောဦးအပါအ၀င် ဒါရိုက်တာသုံးဦးတို့က လိုက်လံပို့ဆောင်ရှင်းပြခဲ့ကြသည်။ (ရွှေကျော်) ---------------------------------------------------------------------------------------------------------- Anyone can use our content materials except for print media but please mention that the authors are Coral Arakan News Agency and its journaists. 
Coral Arakan News Agency မှကူးယူဖေါ်ပြသည်
မောင်အေး
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် ဂြင်းကြီးအုပ်စု ကပိုင်ချောင်းကျေးရွာရှိ သောက်ရေကန် နှစ်ကန်ကို မသမာသူ များမှ အဆိပ်ခတ်သွားကြောင်း သိရှိရသည်။

အဆိုပါ အဆိပ်ခတ်မှုကို ယမန်နေ့ ညနေပိုင်းက ပြုလုပ်သွားခြင်းဖြစ်ကြောင်း ကပိုင်ချောင်းကျေးရွာမှ အမျိုးသမီးတဦးက ပြောသည်။
“ ဘယ်သူခတ်သွားတယ် ဆိုတောတော့မသိဘူး။ ဒီနေ့မနက်က ငါးတွေသေနေတာတွေ့ရပါတယ်။ လူတွေ ထိခိုက်မှုတော့ မရှိသေးပါဘူး။ ဒီနေ့ ကျောက်ဖြူက ဆရာဝန်တွေ စစ်ဆေးဖို့လာမယ်လို့ ပြောတယ်။”
ယခုအခါ ကပိုင်ချောင်းကျေးရွာသို့ ရဲတပ်ဖွဲ့ဝင် ၁၅ ဦးခန့်ရောက်ရှိနေပြီး စုံစမ်း စစ်ဆေးမှုများ ပြုလုပ်ရန် စီစဉ် နေကြောင်းလည်း သူမကဆက်ပြောသည်။
“ ဒီမနေ့မနက်က ရဲတွေရောက်တယ်။ ကျောက်ဖြူက ဆရာဝန်ကြီးတွေ မရောက်သေးတဲ့အတွက် ဘာမှမ လုပ်ကြသေးဘူး။ ရွာသားတွေကို စစ်ဆေးမေးမြန်းတာလည်း မရှိသေးဘူး။ မွတ်ဆလင် လူမျိုး နှစ်ဦးကိုတော့ ရွာက လူတွေ သံသယ ရှိနေကြတယ်။ ဆရာဝန်တွေ အလာကို စောင့်နေကြ တယ်။”
ကပိုင်ချောင်းကျေးရွာမှာ ကျောက်ဖြူမြို့ အရှေ့ဘက် ၁၀ မိုင်ခန့်အကွာတွင် တည်ရှိသည်။
ဇွန်လ ၂၉ ရက်နေ့ကလည်း မြေပုံမြို့ မြို့သူမြို့သားများ သောက်သုံးနေသည့် အထက်တန်းကျောင်း ရှေ့တွင် တည်ရှိသည့် တရာတန်ကို မသမာသူများက အဆိပ်ခတ်ခဲ့သည်။
မောင်အေး
ရခိုင်ပြည်နယ် မောင်တောမြို့တွင် ဖွင့်လှစ်ထားသော ဒုက္ခသည် စခန်း(၇) ခုသည် နိုင်ငံခြား အန်ဂျီအိုများမှ လာရောက် လှူဒါန်းသော အကူအညီများကို လက်မခံဘဲ ငြင်းပယ်လိုက်သည်ဟု သတင်း ရရှိသည်။

“ သူတို့ရဲ့ လူသားချင်း စာနာထောက်ထားခြင်း အားဖြင့် လူမျိုးမရွေး ဘာသာမရွေး ကူညီထောက်ပံ့ခြင်းဆိုတဲ့ ခေါင်းစီးစာတန်းကိုတော့ လေးစားပါတယ်။ ဒါပေမယ့် အဲဒီစာတန်းရဲ့ နောက်ကွယ်မှာ မရိုးသားမှုတွေရှိနေတယ်။ ဘာဖြစ်လို့တုန်း ဆိုတော့ ခေတ် အဆက် ဆက်မှာ ဒီဒေသမှာရှိတဲ့ ငါတို့တိုင်းရင်းသားတွေကို ဒီနိုင်ငံခြားက အဖွဲ့အစည်းတွေ ကူညီထောက်ပံ့ခဲ့တယ်ဆိုတာ လက်ညှိုး ထိုးပြစရာ မရှိဘူး။ သူတို့အဖွဲ့အစည်းတွေက ဒီမှာရှိတဲ့ မူဆလင် ဘင်္ဂလီတွေကိုဘဲ ထောက်ပံ့တယ်” ဟု ဆရာတော်က ပြောသည်။
နိုင်ငံခြား အန်ဂျီအို သုံးခုသည် ဇူလိုင်လ ၃ ရက်နေ့က မောင်တောမြို့ပေါ်ရှိ ဒုက္ခသည် စခန်းများသို့ လာရောက်ပြီး အကူအညီပေးစဉ် ထိုသို့ ငြင်းပယ်ခံရခြင်း ဖြစ်သည်။
“ သူတို့က ဒီဒေသမှာ ဆန်ပေးတယ်။ ကျန်းမာရေးအခမဲ့ ပညာရေး အခမဲ့ ဒါတွေကို ဆောင်ရွက်ပေးတယ်။ တို့တိုင်းရင်းသားတွေ အတွက် မဟုတ်ဘူး။ သူတို့က တို့တွေ အတွက် ဘာမှလုပ်ပေးခဲ့ တာမရှိဘူး။ မူဆလင် ရွာတွေမှာ လမ်းဖောက်ပေးတယ်။ ရေတွင်းတူးပေးတယ်။ ရေကန်ဖော်ပေးတယ်။ တို့တိုင်းရင်းသား ရွာတွေမှာ ဘာမှမရှိဘူး။ အဲသလို အခြေအနေမျိုးမှာ အခုတော့ အေးချမ်းစွာ လုပ်ကိုင်စားသောက်နေတဲ့ တို့ရင်းသားတွေကို ဒီအန်ဂျီအိုတွေ အားကိုးနဲ့ အကြမ်းဖက်ခြင်းခံရတယ်။ သာမန် အားဖြင့်ကြည့်ရင် ရခိုင်နဲ့ ကုလား အဓိကရုဏ်းဖြစ်တယ်လို့ မြင်နိုင်တယ်။ ဒီထက်လေးနက်တဲ့ အပိုင်းက နိုင်ငံတော်ရဲ့ အချုပ်အချာအာဏာကို ထိပါးတာဖြစ်တယ်” ဟု ဆရာတော်က ပြောသည်။
“ အဲဒါကြောင့်မို့ မင်းတို့ ထောက်ပံ့တဲ့ ပစ္စည်းတွေကို ငါတို့မလိုအပ်ဘူး၊ မင်းတို့ မလာပါနဲ့လို့ ပြောလိုက်တယ်။ တို့လူမျိုးတွေက သူများကို အားကိုးတဲ့လူမျိုး မဟုတ်ဘူး။ ဒီလိုဘဲ ပြောပြီး သူတို့ကို ကျောင်းထဲက လွှတ်လိုက်တယ်” ဟု ဆရာတော်က ဆိုသည်။
ဇူလိုင်လ ၄ ရက်နေ့တွင်လည်း မာတေဇာ အပါအ၀င် အန်ဂျီအို တချို့ တခြား ဒုက္ခသည်စခန်းများသို့ သွားရောက် လှူဒါန်းရာတွင်လည်း ယခုကဲ့သို့ ငြင်းပယ်ခံရသည်ဟု ဆိုသည်။
“ နိုင်ငံခြား အန်ဂျီအိုတွေက ဆရာဝန်ကြီးတွေနဲ့ အတူ ပစ္စည်းတွေလှူဖို့ လာတယ်။ တစ်နေရာကလည်း လက်မခံဘူး။ ပြန်လွတ်လိုက်တယ်။ အင်္ဂလိပ်တယောက်လည်း ပါတယ်။ သူတို့ ဒီနေ့ ညနေ ၂ နာရီလောက်မှ မြို့ထဲက ပြန်သွားတယ်” ဟု မောင်တောမြို့ခံ တစ်ဦးက ပြောသည်။
ယခု မောင်တောမြို့နယ် အကြမ်းဖက်မူတွင် နိုင်ငံခြား အန်ဂျီအိုများမှ ဒေသခံ ၀န်ထမ်းများ နောက်ကွယ်က ပါဝင်နေသည်ဆိုသော သတင်းများ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်နေပြီး ယခုအခါ နိုင်ငံခြား အန်ဂျီအိုများ အပေါ် ဒေသခံ တိုင်းရင်းသားများက အထူး မကျေနပ်မူများ တိုးပွားနေသည်ဟု သိရသည်။
၎င်းပြင် ယူအန် လက်အောက်ခံ အဖွဲ့များနှင့် နိုင်ငံခြား အန်ဂျီအိုများသည် ဒေသခံ ရခိုင်တိုင်းရင်းသားများ အပေါ် ဆယ်စုနှစ်နှင့် ချီပြီး ခွဲခြား ဆက်ဆံမူများ ရှိခဲ့သည်ဟု ဒေသခံများက ပြောဆိုသည်။
ဘင်္ဂလီများဟု ယူဆရသူ လူပေါင်း ၁၀၀ ကျော် ဂွမြို့တွင် ဖမ်းဆီးမိ
ဘင်္ဂလီ လူမျိုးများဟု ယူဆရသူ လူပေါင်း ၁၀၀ ကျော်ကို ရခိုင်ပြည်နယ် ဂွမြို့မှ (၇) မိုင်ခန့်ဝေးသော ဂွကျွန်းတွင် ဖမ်းဆီးမိသည်ဟု သတင်း ရရှိသည်။သူတို့မှာ မည်သို့ မည်ပုံ ဂွကျွန်းသို့ ရောက်ရှိလာသည်ကို အာဏာပိုင်များက တစ်စုံတစ်ရာ သတင်းထုတ်ပြန်ခြင်း မရှိသေးသလို အဆိုပါ ဖမ်းဆီးမူနှင့် ပတ်သက်ပြီးလည်း လူသိရှင်ကြား ထုတ်ဖေါ် ပြောဆိုခြင်း မရှိသေးကြောင်း ဒေသခံ တစ်ဦးက ပြောသည်။
“ တာဝန်ရှိ အာဏာပိုင်တွေက အခုလို ဖမ်းမိတယ်ဆိုတာ အခုအချိန်ထိ တစ်စုံတစ်ရာ ထုတ်ပြန်တာ မရှိသေးဘူး။ ဒါကြောင့် လူတွေက စိုးရိမ်နေကြတယ်။ ခုလို အခြေအနေမျိုးမှာ သူတို့ ဘာကြောင့် ဒီကျွန်းကို လာကြသလဲဆိုတာ သိချင်နေကြတယ်။ ဒါကြောင့် ဒီကိစ္စ အမြန်ဆုံး လူသိရှင်ကြား ဖေါ်ထုတ်ပေးဖို့ ဂွမြို့နယ် တည်ငြိမ်အေးချမ်းရေး ကော်မီတီကို စာရေး တောင်းဆိုထားပါတယ်” ဟု သူက ပြောသည်။
ရခိုင်ပြည်နယ် အနှံ့တွင် ဆူပူ အကြမ်းဖက်မူများ ပေါ်ပေါက်ပြီးနောက် ဂွမြို့နယ်တွင် တစ်စုံတစ်ရာ ပြဿနာများ မပေါ်ပေါက်ရအောင် မြို့ပေါ်နေ ပြည်သူများ၊ အစိုးရ ၀န်ထမ်းများဖြင့် ဂွမြို့နယ် တည်ငြိမ်အေးချမ်းရေး ကော်မီတီကို လူပေါင်း ၂၈ ဦးဖြင့် ဖွဲ့စည်းထားကြောင်း သိရသည်။ သို့အတွက် ဒေသခံ ဂွမြို့နယ်တွင် နေထိုင်သူများက ဂွကျွန်းပေါ်တွင် ရောက်ရှိလာသူ ဘင်္ဂလီများ အကြောင်းကို မြို့နယ် လူထု သိရှိအောင် သတင်း ထုတ်ပြန်ပေးရန် ဇွန်လ ၂၄ ရက်နေ့က စာရေး တောင်းဆိုခဲ့ကြသည်ဟု ဆိုသည်။
“ သူတို့အထဲက ၄ ယောက်ပါ အုပ်စု တစ်စုဟာ ဂွကျွန်းအနီးက ရွှေယချိုင်ကျေးရွာကို ဇွန်လ ၂၂ ရက်နေ့က ၀င်လာတယ်။ ၂၃ ရက်နေ့မှာ ၅ ယောက်ပါ အုပ်စု တစ်စု နောက်ထပ် ၀င်လာတယ်။ အားလုံးကို ဖမ်းမိပါတယ်။ ကျန်တဲ့လူတွေလည်း အသုတ်လိုက်ခွဲပြီး ၀င်နေကြတယ်လို့ သိရပါတယ်။ ဒါကြောင့် မြို့နယ် အတွင်းက လူတွေ စိုးရိမ်နေကြပါတယ်” ဟု သူက ဆက်ပြောသည်။
ဘင်္ဂလီများ ဂွမြို့နယ်တွင် ဖမ်းဆီးမိသည်ဆိုသော သတင်း အပေါ် အတည်ပြုနိုင်ရန် နိရဉ္စရာက ဆက်သွယ်မေးမြန်းရာ ဒေသခံ တစ်ဦးက ယခုလို ပြောသည်။
“ သူတို့ လူပေါင်း ၁၃၀ ပါတယ်လို့ ပြောတယ်။ ဒီလ ၂၀ နေ့က ကျွန်းပေါ်ကို ရောက်လာတယ်။ ဘင်္ဂလာဒေခ်ျ့ကနေ မလေးရှားကို သွားတာ လှေပျက်ပြီး ဂွကျွန်းကို ရောက်လာတယ်လို့ ဒီလိုဘဲ ကြားပါတယ်။ အခုအာဏာပိုင်တွေက ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ ပြောပါတယ်။ လူများတော့ ဂွမြို့ပေါ်ကို မခေါ်လာနိုင်သေးဘဲ အဲဒီ ကျွန်းပေါ်မှာဘဲ ထားတယ်လို့ သိရပါတယ်” ဟု ပြောသည်။
တခြားရဲစခန်းမှူး တစ်ဦးကလည်း အဆိုပါ သတင်းကို သူကြားသိရကြောင်း သို့သော်လည်း တစ်ခြားနေရာ တစ်ခုသို့ အလုပ်ကိစ္စ တစ်ခုဖြင့် ရောက်ရှိနေ၍ အသေးစိတ် မသိရှိရသေးကြောင်း ပြောကြားသည်။
နိရဉ္စရာမှ တယ်လီဖုံးမှ တဆင့် ဂွမြို့နယ် ထွေအုပ်ရုံးကို ဆက်သွယ်မေးမြန်းရာ အဆိုပါ သတင်းကို သူတို့ မရရှိသေးကြောင်း တာဝန်ရှိသူ အမျိုးသမီး တစ်ဦးက ပြောသည်။
![]() ရန်ကုန်မြို့တွင်းရှိ လမ်းများအနက် ၇၀ ရာခိုင်နှုန်းမှာ ပျက်စီးနေသော လမ်းများဖြစ်နေကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ လမ်းနှင့်တံတားဌာနမှ သိရှိရသည်။ လက်ရှိရန်ကုန်မြို့ရှိ လမ်းများတွင် အမျိုးအစားလေးမျိုး ခွဲခြားထားပြီး အဆိုပါလေးမျိုးတွင် ကောင်းသောလမ်း၊ အသင့်အတင့်ရှိသောလမ်း၊ လက်ခံ၍ ရသောလမ်း၊ အချို့မှာ ဆိုးရွားသောလမ်း(ကတ္တရာကုန်၍ ကျောက်များပေါ်နေသောလမ်း) များ စသည်တို့ ဖြစ်ကြောင်း သိရှိရသည်။ လမ်းပျက်စီးမှု များပြားခြင်းမှာလည်း လမ်းသားများ၏ အရည်အသွေး၊ ယာဉ်သွားလာမှု များပြားခြင်းတို့အပေါ် များစွာမူတည်နေသည်ဟု သိရသည်။ "ရန်ကုန်မြို့တွင်းက လမ်းတွေရဲ့ ၇၀ ရာခိုင်နှုန်းက ပျက်စီးနေတဲ့ လမ်းတွေပါ။ မြို့တွင်းလမ်းတွေက ကတ္တရာသားတွေ ကုန်နေပြီ"ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ လမ်းနှင့်တံတားဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောပြခဲ့သည်။ လမ်းများ၏ ပျက်စီးမှု အနေအထားများကြောင့် ယခုဘဏ္ဍာရေးနှစ်အတွင်း ရန်ကုန်တစ်မြို့လုံးနီးပါးရှိ လမ်းမကြီးများနှင့် မြို့တွင်းမြို့နယ်များ အတွင်းရှိ လမ်းသွယ်များကို ပြန်လည်ခင်းကျင်းမှုများ ပြုလုပ်ရန် စီစဉ်လျက်ရှိကြောင်း၊ ရေမကြီးသည့် လမ်းများကို ကတ္တရာလမ်းများအဖြစ် လည်းကောင်း၊ ရေကြီးရေကျော်သော လမ်းများကို ကွန်ကရစ် လမ်းများအဖြစ် ခင်းကျင်းသွားရန် ရှိကြောင်း သိရှိရသည်။ ယင်းကဲ့သို့ ခင်းကျင်းရန် အတွက် ကတ္တရာများကို ပြည်ပမှ မှာယူတင်သွင်း သွားမည်ဖြစ်ပြီး ဘဏ္ဍာငွေ အခြေအနေပေါ် မူတည်၍ ခင်းကျင်းမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။ "အခုရန်ကုန်မြို့မှာ အချို့လမ်းတွေကတော့ ပြန်ခင်းတာ ကောင်းနေပါပြီ။ ဒါပေမယ့် လမ်းမကြီးအချို့နဲ့ လမ်းသွယ်အချို့ကတော့ ဆိုးနေတုန်းပါပဲ။ တစ်ခါတလေ လမ်းဆိုးတဲ့ ဘက်တွေကို ကားငှားရင် မလိုက်ချင်ဘူး"ဟု ရန်ကုန်မြို့တွင်း အငှားယာဉ် မောင်းနှင်သူတစ်ဦးက ပြောပြခဲ့သည်။ ယခုလက်ရှိ မိုးရာသီကာလ ဖြစ်သောကြောင့် မိုးရွာသွန်းမှု များပြားနေသည့် ကာလအတွင်း ရန်ကုန်တစ်မြို့လုံး၌ လမ်းခင်းခြင်း လုပ်ငန်းထက် လမ်းပေါက်ဖာခြင်းကို ဦးစားပေး ပြုလုပ်လျက်ရှိကြောင်း၊ မိုးရွာသွန်းမှု နည်းပါးသည့် အချိန်မှသာ လမ်းခင်းခြင်းကို ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။ "ကတ္တရာက ရေကြောက်တော့ မိုးရွာတဲ့အချိန် လမ်းခင်းရတာ အဆင်မပြေဘူး။ ဒါကြောင့် မိုးများတဲ့အချိန်မှာ လမ်းခင်းတာကို ရပ်ထားမယ်။ မိုးရွာတာ ကျဲပါးတဲ့ အချိန်တွေမှသာ လမ်းခင်းတာကို လုပ်မယ်။ အခုပြည်လမ်းရဲ့ တစ်ဖက်ကို ၁၀ မိုင်ကုန်းကနေ စခင်းတာ ၆ မိုင်ခွဲအထိရောက်တော့ ခဏရပ်ထားတယ်"ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ လမ်းနှင့်တံတားဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောပြခဲ့သည်။ ရန်ကုန်တစ်မြို့လုံးတွင် ကတ္တရာလမ်း ၂၁၀၀ ကျော်၊ ကွန်ကရစ်လမ်း ၃၂၉၀ ခန့်နှင့် ကတ္တရာ ကွန်ကရစ်လမ်း ၁၇၆၀ ခန့်ရှိပြီး ပြီးခဲ့သည့် ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ် အတွင်းက ရန်ကုန်မြို့ရှိ လမ်းမကြီး အရေအတွက် ၂၁ လမ်း၊ ပေအားဖြင့် ၅၉၀၀၀ကျော်ကို ခင်းကျင်းမှုများ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။ |
ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် အနိမ့်ပိုင်း ရပ်ကွက်များသို့ ရေ၀င်ရောက်နေပြီး ဒေသခံများ ပြောင်းရွှေ့မှုများ ပြုလုပ်နေရပြီဖြစ်ကြောင်း သတင်းရရှိပါသည်။
မြစ်ကြီးနားမြို့တွင် ဧရာဝတီ မြစ်ရေသည် ဇွန်လ ၂၅ ရက်နေ့တွင် စိုးရိမ်ရေမှတ်ဝန်းကျင်သို့ စတင် ရောက်ရှိခဲ့ကြောင်း သိရှိရသည်။
"နိမ့်တဲ့နေရာတွေ ရေ၀င်နေပြီ။ ရွှေ့နေရပြီ။ ကျွန်တော်တို့ ၀ိုင်းမော် ကယ်ဆယ်ရေးစခန်းတွေ သွားဖို့ တောင် ဒီနေ့ လောလောဆယ် မသွားဖြစ်သေးဘူး။ မြို့ခံတွေက အပြန်ခက်မယ်ဆိုလို့ စောင့်ကြည့်နေရတယ်"ဟု စစ်ဘေးရှောင် ကယ်ဆယ်ရေးစခန်းများတွင် ကျန်းမာရေး စောင့်ရှောက်မှု ပြုလုပ်ရန် ရောက်ရှိနေသော ဒေါက်တာ ကျော်ဇေယျက ၂၀၁၂ ခုနှစ် ဇွန်လ ၂၆ ရက်နေ့ နံ နက် ၁၀ နာရီဝန်းကျင်က ပြောပြသည်။
ဧရာဝတီမြစ်ရေသည် မြစ်ကြီးနားမြို့တွင် ၂၀၁၂ ခုနှစ် ဇွန်လ ၂၆ ရက်နေ့ နံနက် ၆ နာရီခွဲအချိန်တွင် တိုင်းထွာချက်များအရ ၁၁၆၆ စင်တီမီတာသို့ ရောက်ရှိနေကြောင်း မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက နံနက် ၁၀ နာရီဝန်းကျင်တွင် ပြန်လည်ဖြေကြားခဲ့သည်။
http://goo.gl/uKFGN
အီရန်နိုင်ငံခြားရေးဝန်ကြီး Ali Akbar Salehi က ယခု တစ်ကြိမ်ကျင်းပတဲ့ အင်အားကြီး နိုင်ငံ ၆နိုင်ငံနဲ့ အီရန်နိုင်ငံအကြား တွေ့ဆုံဆွေးနွေးမှုဟာ
ရန်ကုန် (မဇ္ဈိမ) ။ ။ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံရန်အတွက် ရာနှင့်ချီသော နိုင်ငံခြား ကုမ္ပဏီများ စောင့်ကြည့် လျက် ရှိနေကြသည်ဟု ဟောင်ကောင် အခြေစိုက် Bagan Capital မြန်မာနိုင်ငံဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုနှင့် အကြံပေးအဖွဲ့မှ ဦးဆောင် အရာရှိတဦးက ဆိုသည်။
“ရင်းနှီးမြှုပ်နှံမှု လုပ်ဖို့ ကုမ္ပဏီတွေအနေနဲ့ အထူးသဖြင့် ဟိုတယ်နဲ့ ခရီးသွားလုပ်ငန်း၊ ရေနံနဲ့သဘာဝ ဓါတ်ငွေ့လုပ်ငန်း၊ စိုက်ပျိုးရေးလုပ်ငန်း၊ အသေးစား ကုန်ထုတ်လုပ်ငန်းတွေ၊ စားသောက်ကုန် လုပ်ငန်းတွေမှာ ပိုစိတ်ဝင်စားကြပါတယ်” ဟု အဆိုပါ ကုမ္ပဏီမှ အမှုဆောင် အရာရှိချုပ် မစ္စတာ ဂျရီမီ ခရောစာ ဂျုန်း က ဆိုသည်။
စိတ်ဝင်တစား စောင့်ကြည့်နေသော ကုမ္ပဏီများထဲတွင် ဥရောပနိုင်ငံများနှင့် ဂျပန်နိုင်ငံတို့အပြင် အမေရိကန်လည်း ပါဝင်ပြီး လာမည့် ငါးနှစ်အတွင်း မြန်မာနိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံမှု များစွာ တိုးတက်လာလိမ့်မည်ဟုလည်း ပြောသည်။
လက်ရှိ မြန်မာနိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံလျက်ရှိသော ကုမ္ပဏီများ ရှိသော်လည်း စီးပွားရေး ပိတ်ဆို့မှုကြောင့် အရေအတွက်မှာ နည်းပါးလျက် ရှိနေသေးသည် ဟု မစ္စတာ ခရောစာ ဂျုန်း က ဆိုသည်။
“ချမှတ်ထားတဲ့ စီးပွားရေး ပိတ်ဆို့မှုတွေ ရုတ်သိမ်းသွားရင် ရင်းနှီးမြှုပ်နှံမှုတွေ အများကြီး ဝင်လာဖို့ ရှိပါတယ်” ဟု ၎င်းက ဆိုသည်။
ကုမ္ပဏီ အနေဖြင့် Bagan Capital ဆိုသည့် အမည်ကို မှည့်ခေါ်ရခြင်းမှာ မြန်မာနိုင်ငံ၏ ပထမဆုံး မြို့တော်ဖြစ်သည့် ပုဂံမြို့သို့ အလည်အပတ် သွားရောက်စဉ်က နေရာအနှံအပြားတွင် စေတီပုထိုးများ မရေတွက်နိုင်လောက်အောင်
တွေ့မြင်ရသည့် အချိန်တွင် လက်ရှိ မြန်မာနိုင်ငံ၏ စီးပွားရေး ပြုပြင် ပြောင်းလဲမှုများ စတင် ပြုလုပ်နေချိန် စီးပွားရေး ရင်းနှီးမြုပ်နှံမှုဆိုင်ရာ အခွင့်အလမ်းများစွာကို မြင်တွေ့နေရခြင်းကြောင့် ကုမ္ပဏီအား ပုဂံ ကယ်ပီတယ်ဟု မှည့်ခေါ်ရခြင်း ဖြစ်သည်ဟု ၎င်းက ရှင်းပြသည်။
“စီးပွားရေး ပိတ်ဆို့မှုတွေ အခုထိ ဆက်ရှိနေပါတယ်။ ဒါကြောင့် အရေးကြီးတဲ့ ငွေလုံးငွေရင်းတွေ ငွေကြေး ရင်းနှီးမြှုပ်နှံ မှု ဈေးကွက်တွေ မရှိသေးတာပါ။ ဒါပေမယ့် မြန်မာနိုင်ငံအနေနဲ့ အလားအလာ ကောင်းတွေ အလွန်များပါတယ်။ ဒါကြောင့်လည်း ကျနော်တို့ ကုမ္ပဏီအနေနဲ့ ရင်းနှီးမြှုပ်နှံမှု လုပ်နေသလို တခြားကုမ္ပဏီတွေကိုလည်း ရင်းနှီးမြုပ်နှံဖို့ အားပေးနေပါတယ်” ဟု ၎င်းက ဆိုသည်။
စီးပွားရေးပိတ်ဆို့မှု ရုတ်သိမ်းရန်အတွက် ဥရောပနိုင်ငံများနှင့် အမေရိကန်ပြည်ထောင်စုတို့က ဧပြီလ ၁ ရက်နေ့တွင်
ပြုလုပ်သော ရွေးကောက်ပွဲကို စောင့်ကြည့်လျက်ရှိနေကြပြီး ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကနေရာ ၄၅ နေရာ အနက် ၄၄ နေရာတွင် ဝင်ရောက်ယှဉ်ပြိုင်ရာ ၄၃ နေရာတွင် အနိုင်ရရှိခဲ့သည်။
ရွေးကောက်ပွဲ ကျင်းပပြီးနောက် တရက်တွင် မြန်မာနိုင်ငံအပေါ် စီးပွားရေး ပိတ်ဆို့ အရေးယူမှုများကို ရုတ်သိမ်းပေးရန်အတွက် အာဆီယံနိုင်ငံများက ခေါင်းဆောင်များက ကမ္ဘောဒီးယားနိုင်ငံတွင် ပြုလုပ်သာ ထိပ်သီးအစည်းအဝေးမှ ကြေညာချက် ထုတ်ပြန်ခဲ့သည်။
အမေရိကန် အစိုးရကလည်း မြန်မာနိုင်ငံအပေါ် ချမှတ်ထားသည့် ပိတ်ဆို့ အရေးယူမှု အချို့ကို လျှော့ပေးမမည်ဟု ဧပြီလ ၄ ရက်နေ့က ကြေညာချက် ထုတ်ပြန်လိုက်ပြီး၊ နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန်ကလည်း ကျန်ရှိနေသေးတဲ့ ပိတ်ဆို့မှုများအား မြန်မာအစိုးရ၏ လုပ်ဆောင်ပုံကို ကြည့်၍ တဆင့်ချင်း ရုပ်သိမ်းပေးသွားဖို့ ရှိကြောင်း ပြောသည်။
မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကို ပြန်လည်ခန့်ထားမည် ဖြစ်ပြီး အမေရိကန်က ပြည်ပ ဖွံ့ဖြိုးရေး အထောက် အပံ့ ပေးနေသည့် USAID ရုံးဖွင့်ရန်၊ မြန်မာနိုင်ငံက ကုန်ပစ္စည်းတင်ပို့မှု ပိတ်ပင်ထားမှုကို တဖြည်းဖြည်းချင်း ပြန်ဖွင့်
ပေးရန်၊ အမေရိကန်မှ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ ပိတ်ပင်ထားမှုများကို ရုတ်သိမ်းပေးရန်တို့ ပါဝင်သည်။
သို့ရာတွင် ဒဏ်ခတ် ပိတ်ဆို့မှု အချို့ကို ဆက်လက်ထားရှိဦးမည် ဖြစ်ပြီး မြန်မာနိုင်ငံမှ ကျောက်မျက် တင်ပို့မှုကို ဆက်လက်ပိတ်ပင်ထားမည်ဟု ဆိုသည်။
ဥရောပ သမဂ္ဂ ခေါင်းဆောင်များကလည်း ၎င်းတို့အနေဖြင့်လည်း အလားတူ ဖြေလျှော့မှုများကို ပြုလုပ်မည် ဖြစ်ကြောင်း ဧပြီလ ၄ ရက်နေ့က ပြေကြားခဲ့ပြီး၊ ဗြိတိန် နိုင်ငံခြားရေးဝန်ကြီး ဝီလျံ ဟိတ်က ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများသည်
မြန်မာနိုင်ငံအပေါ် ပိတ်ဆို့မှုအချို့ကို ဖြေလျှော့ပေးဖွယ် ရှိသည်ဟု ဆိုသည်။
သို့ရာတွင် မြန်မာနိုင်ငံအပေါ် ကုန်သွယ်ရေး အရေးယူမှု အားလုံးကို ရုတ်ချည်း အလုံးစုံ ရုတ်သိမ်းပေးမည့်သဘော သက်ရောက်မှု မရှိဟု ဆိုသည်။
ဧပြီလ ၂၃ ရက်နေ့တွင် လတ်ဇင်ဘတ်နိုင်ငံတွင် ကျင်းပမည် ဥရောပသမဂ္ဂ နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေး တွင် မြန်မာဆိုင်ရာ မူဝါဒကို ပြန်လည်သုံးသပ်မည် ဖြစ်ပြီး ဧပြီလ ၂၇ ရက်နေ့နှင့် ၂၈ ရက်နေ့များတွင် ကျင်းပမည့် အာဆီယံ-အီးယူ ထိပ်သီး ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံအပေါ်တွင် စီးပွားရေးပိတ်ဆို့မှု ရုတ်သိမ်းရေး အဆိုကို ကမ္ဘောဒီးယားအစိုးရ ဝန်ကြီးက တင်သွင်းမည် ဖြစ်သည်။
မြန်မာ့ အရေးကို ဆွေးနွေးရာတွင် ရွေးကောက်ပွဲ ကျင်းပပုံနှင့် တခြား ပြုပြင်ပြောင်းလဲရေးများ ဖြစ်သော နိုင်ငံရေး အကျဉ်းသား လွတ်မြောက်ရေး၊ အတိုက်အခံ အင်အားစုများနှင့် တွေ့ဆုံဆွေးနွေးမှု၊ လူမျိုးစု လက်နက်ကိုင်များနှင့်
ငြိမ်းချမ်းရေး အဖြေရှာမှု၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုများကို ထည့်သွင်း ဆွေးနွေးမည် ဖြစ်သည်။
ပိတ်ဆို့မှုများကို ဖွင့်ပေးလိုက်ပါက လက်နက်တင်သွင်းခွင့်၊ သစ်ခုတ်လှဲခွင့်နှင့် သတ္တု တူးဖော်ခွင့် ပိတ်ပင်ထားမှုများ၊ လူပုဂ္ဂိုလ် တယောက်ချင်းအလိုက် စီးပွားရေး ပိတ်ဆို့ထားမှုများကို ပြန်ရုပ်သိမ်းပြီး ဖွံ့ဖြိုးမှု အထောက်အပံ့များကိုလည်း ပိုမို ပေးအပ်သွားဖွယ် ရှိသည်။
“ကျနော်တို့ မြင်တွေ့နေရတာကတော့ ရင်းနှီးမြုပ်နှံမှုတွေက အမျိုးမျိုးရှိပါတယ်။ ရင်းနှီးမြုပ်နှံမှု ဒေါ်လာ ဘီလီယံချီ ဝင်လာမယ့် ရေနံနဲ့သဘာဝဓါတ်ငွေ့လုပ်ငန်းတွေကနေ စားသောက်ကုန် ထုတ်လုပ်တဲ့ ကုမ္ပဏီတွေကလည်း သူတို့ရဲ့ တန်ဖိုးနည်း စားသောက်ကုန်တွေကို လာရောင်းချင်နေကြတယ်။ နိုင်ငံခြား ခရီးသွား ဧည်သည့်တွေ အလုံးအရင်း ဝင်လာနေတဲ့ အတွက်လည်း ဟိုတယ်နှင့် ခရီးသွား လုပ်ငန်းများတွေမှာ ရင်းနှီးမြှုပ်နှံချင်နေကြတယ်” ဟု မစ္စတာ ခရောစာ ဂျုန်း က ဆိုသည်။
အမေရိကန် ပြည်ထောင်စုမှ GE ကုမ္ပဏီသည် ၎င်းတို့၏ ကုန်ပစ္စည်းများကို မြန်မာနိုင်ငံအတွင်း လာရောက် ရောင်းချရန် အတွက် ပြည်တွင်း ကုမ္ပဏီတခုနှင့် သဘောတူညီချက် လက်မှတ်ရေးထိုးပြီး ဖြစ်သည်ဟု ၎င်းက ဆိုသည်။
“ဒါက ဘာကို ပြနေသလဲဆိုတော့ အမေရိကန် ပြည်ထောင်စုရဲ့ စီးပွားရေး ပိတ်ဆို့မှုတွေ ရုတ်သိမ်းတော့မယ်ဆိုတာ ဒါမှမဟုတ် ဖြေလျှော့ပေးတော့မည် ဆိုတာကို ပြနေပါတယ်” ဟု ၎င်းက ဆိုသည်။ သို့ရာတွင် မြန်မာနိုင်ငံ၏ လက်ရှိ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ စည်းမျဉ်းစည်းကမ်းများသည် လုပ်ထုံးလုပ်နည်းများကို မကြာခဏ ပြောင်းနေ၍ မည့်သည့် စည်းမျည်းစည်းများ အမှန်ဖြစ်သည်၊ မည်သည့် လုပ်ထုံးလုပ်နည်းများကို လက်တွေ့ကျင့်သုံးနေသည်တို့ကို နားလည် သဘောပေါက်ရန်မှာ စိန်ခေါ်မှုတရပ် ဖြစ်နေသေးသည်ဟု ဆိုသည်။
“အခု လွှတ်တော်ထဲမှာ စီးပွားရေးနဲ့ သက်ဆိုင်တဲ့ လုပ်ထုံးလုပ်နည်းတွေ ဥပဒေကို ပြင်ဆင်ဖို့ ဆွေးနွေးနေတာကို
တွေ့ရပါတယ်။ ဒါက ကောင်းမွန်တဲ့ လက္ခဏာပါ။ လာမယ့်လတွေမှာ စီးပွားရေး ရင်းနှီးမြှုပ်နှံမှုတွေအတွက် သတင်းကောင်းတွေ ကြားရမယ်လို့ မျှော်လင့်ထားပါတယ်” ဟု ၎င်းက ဆိုသည်။
နိုင်ငံခြား ကုမ္ပဏီများသည် စီးပွားရေးဆိုင်ရာ အခြေခံဥပေဒေများ တည်ငြိမ်မှုကို လိုလားကြပြီး အငြင်းပွားမှုများ
ဖြစ်လာပါကလည်း ဖြေရှင်းနိုင်မည့် နည်းစနစ်ကောင်းများကိုလည်း လိုလားလေ့ရှိသည်ဟု ၎င်းက ဆိုသည်။
ထိုကဲ့သို့ အရာများ ပြည့်စုံနေပါက မြန်မာနိုင်ငံတွင် သဘာဝ အရင်းအမြစ် ကြွယ်ဝမှုနှင့် လူသား အရင်းအမြစ်များ
ကြောင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူတွေ ငွေကြေးရှင်တွေ အနေနဲ့ အလွန်ပဲ စိတ်လှုပ်ရှားစရာ ကောင်းလိမ့်မည်
ဖြစ်ပြီး၊ မြန်မာနိုင်ငံသည် မှန်ကန်သော လမ်းကြောင်းပေါ် ရောက်နေသည်ဟု ယူဆကြောင်း ၎င်းက ဆိုသည်။
“ကျနော်တို့ အနေနဲ့ မြန်မာနိုင်ငံမှာ နိုင်ငံခြား ရင်းနှီးမြုပ်နှံမှု ပြုလုပ်မယ့် ကော်ပိုရေးရှင်းကြီးတွေကို အကြံပေးချင် တာကတော့ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံပြီး လုပ်ငန်းလုပ်ကိုင်ဖို့အတွက် စိတ်ရှည်ဖို့ လိုအပ်ပါတယ်။ အချိန်တိုအတွင်းမှာ အကျိုးအမြတ် ရရှိနိုင်တဲ့ ဈေးကွက်မျိုး မဟုတ်တာကိုတော့ သိစေချင်ပါတယ်” ဟု ၎င်းက ဆိုသည်။
ပုဂံ ကယ်ပီတယ် သည် နိုင်ငံခြား ကုမ္ပဏီများနှင့် သာမက မြန်မာကုမ္ပဏီများနှင့်ပါ လက်တွဲလုပ်ကိုင်နေ ပြီး၊ ကုမ္ပဏီထံ တိုက်ရိုက်နှင့် ကုမ္ပဏီ၏ တွဲဖက် ဖြစ်သော မြန်မာ စီးပွားရေး ကွန်ယက် (Myanmar Business Network) ထံသို့
မြန်မာနိုင်ငံအတွင်း ရင်းနှီးမြုပ်နှံရန် စိတ်ဝင်စားသည့် ကုမ္ပဏီပေါင်း တစ်ရက်လျှင် တစ်ဒါဇင် ကျော်ခန့် စုံစမ်း
မေးမြန်းမှုများ ပြုလုပ်နေသည်ဟု ၎င်းက ဆိုသည်။
ပုဂံ ကယ်ပီတယ်၏ ဒါရိုက်တာ တဦးဖြစ်သူ မြန်မာစီးပွားရေးကွန်ယက် (MBN) ဝဘ်ဆိုဒ်ကို တည်ထောင်သူ အီဗီလင် ပက်ကော့ ကလည်း “ကျနော်တို့ဆီကို စုံးစမ်းမေးမြန်းမှုတွေ တနေ့ထက် တနေ့ တိုးလာနေပါတယ်။ နိုင်ငံပေါင်းစုံကပါ။ အရှေ့ဥရောပ၊ လက်တင်အမေရိကနဲ့ အာဖရိကတိုက် က ကုမ္ပဏီတွေပါ ပါပါတယ်” ဟု ဆိုသည်။
ပုဂံ ကယ်ပီတယ် ကုမ္ပဏီ၏ ဝန်ထမ်းအဖွဲ့ဝင်များသည် မြန်မာနိုင်ငံနှင့် ဟောင်ကောင်တို့တွင် အသီးသီး တာဝန် ထမ်းဆောင်လျက် ရှိနေကြပြီး၊ ရန်ကုန်တွင် ဝန်ထမ်း အင်အား တိုးချဲ့ရန်အတွက် အရည်အချင်းရှိသော ဝန်ထမ်းများကို ရှာဖွေလျက် ရှိသည်ဟုလည်း ဆိုသည်။
တနင်္သာရီတိုင်း၊ ထားဝယ်ဒေသတွင် ထိုင်းစီးပွားရေး သမားများမှ အိမ်ခြံမြေဈေး အဆမတန် ပေးဝယ် နေသည့်အတွက် အနာဂတ်တွင် ထိုင်းလူမျိုးများ အခြေချနေထိုင်လာမည်ကို ဒေသခံများ စိုးရိမ်နေသည်ဟု ထားဝယ်မြို့ခံ တဦးကပြောသည်။
“အရင်တန်ဖိုးမရှိတဲ့ပစ္စည်း အခုဈေးဖြတ်လို့မရနိုင်ဘူး၊ စီမံကိန်းဝန်းကျင်မှာရှိတဲ့ ခြံမြေ အရင်က တစ်သောင်း တန် အခု သိန်းနှစ်ဆယ်လောက်တန်သွားတယ်၊ မရောင်းချင်လို့အဆမတန်ခေါ်ရင်လည်း ၀ယ်သွားကြတယ်။ ဒါပေမယ့် မပျော်ဘူး ရင်ပူနေတယ်၊ ထားဝယ်မြို့ အတွက်လည်း အန္တာရယ်အငွေ့အသက်ကို ရှူနေရ သလို ဘဲခံစားရတယ်။ တချို့ လူတွေဆိုရင် ပိုက်ဆံလွယ်လွယ်ရတယ်လို့ စိတ်ထဲမှာထင်ကြတယ်။ နောင်ရေးကို မစဉ်းစား ကြဘူးလေ”
ထားဝယ်မြို့ ၀ဲကျွန်း (ခေါ်) လက်ဝဲကျွန်းရပ်ကွက်တွင် ရေနက်ဆိပ်ကမ်းစီမံကိန်းသို့သွားသော လမ်းတစ်လျှောက်ရှိ အိမ်ခြံမြေများကို စီးပွားရေးသမားများနှင့် ထိုင်း (ယိုးဒယား) နိုင်ငံသားများမှ ၀ယ်ယူနေခြင်းဖြစ်သည်။
ထားဝယ်စီမံကိန်းအတွက် ရောက်ရှိနေကြသည့် ထိုင်းလူမျိုးများက မြန်မာကုမ္ပဏီများမှတဆင့် ၀ယ်ယူနေခြင်းဖြစ်ပြီး ဈေးကောင်းရသဖြင့် ဆင်းရဲသော ဒေသခံများက ရောင်းချခဲ့ကြသည်။
ယင်းသို့ ၀ယ်ယူနေသည့်အတွက် အိမ်ခြံမြေ ဈေးများ အဆမတန် ထိုးတက်လာပြီး နောင်တချိန်တွင် ဆင်းရဲသား ဒေသခံများ ၀ယ်ယူနိုင်မည် မဟုတ်တော့ကြောင်း ထားဝယ်ဒေသဖွံ့ဖြိုး တိုးတက်ရေး အဖွဲ့ဝင်တစ်ဦးက အခုလို ပြောသည်။
“ဒီက ဒေသခံတွေဆိုရင် ဆင်းရဲသား လက်လုပ်လက်စားတွေ များတယ်။ အိမ်ခြံမြေ မပိုင်ဆိုင်တဲ့ မိသားစုတွေရှိတယ်။ ဒီတော့ အခုလိုဈေး တက်နေမယ်ဆိုရင် အဲဒီမိသားစုတွေအတွက် အိမ်ခြံမြေပိုင်ဆိုင်ဖို့ဆိုတာက ပိုခက်သွားလိမ့်မယ်။”
လောလောဆယ်တွင် ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်း အကောင်အထည် ဖော်နေသည့်အတွက် ထားဝယ်ဒေသအတွင်းသို့ ထိုင်းကုမ္ပဏီ ဝန်ထမ်းများနှင့် အလုပ်သမားများ ပိုမိုဝင်ရောက် လာကြကြောင်း သိရသည်။
အရှေ့တောင် အာရှတွင် အကြီးဆုံးဖြစ်သည့် ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်းကို ထိုင်း- အီတာလျံ ကုမ္ပဏီ နှင့် မြန်မာအစိုးရတို့ အကြား ၂၀၀၈ မေလတွင် သဘောတူညီမှု လက်မှတ်ရေးထိုးခဲ့ပြီး ၂၀၁၁ ခုနှစ် ဇန်န၀ါရီလတွင် စတင်အကောင်အထည်ဖော်ခဲ့သည်။
၎င်းစီပွားရေးဇုန်စီမံကိန်းတွင်ရေနက်ဆိပ်ကမ်း စီမံကိန်းအပြင် ထိုင်း- မြန်မာ ရှစ်လမ်းသွား ကားလမ်း ၊ မီးရထားလမ်းဖောက်လုပ်ခြင်းစီမံကိန်း၊ အထူးစီပွားရေးဇုန် နှင့် စက်မှုဇုန်တို့ပါဝင်သည်။
http://www.nmg-news.com/bur/index.php?option=com_content&view=article&id=414&catid=5&Itemid=12
မကွေးတိုင်းအတွင်း စာပေဟောပြောပွဲများကို သက်ဆိုင်ရာ ဒေသအာဏာပိုင်များမှ ပိတ်ပင်တားဆီးနေကြောင်း ဟောပြောကြမည့် စာရေးဆရာများက မဇ္ဈိမကို ပြောသည်။
ဇန်နဝါရီလ ၉ ရက်နေ့မှ ဖေဖေါ်ဝါရီလ ၉ ရက်နေ့ အထိ တလအတွင်း မကွေးတိုင်းရှိ မြို့နယ် အသီးသီးတွင် ကျင်းပရန်ရှိသည့် စာပေဟောပြောပွဲ ၇ ပွဲလုံးကို ဒေသခံ မြို့နယ် အုပ်ချုပ်ရေးမှူးများမှ အထက်အမိန့် အကြောင်းပြချက်ဖြင့် ပြုလုပ်ခွင့် မပေးခြင်းဟုလည်း စာရေးဆရာများက ပြောသည်။
"ထင်ရတာတော့ တိုင်းဝန်ကြီးချုပ်လို ပုဂ္ဂိုလ်မျိုးက သူ့အာဏာ သက်ရောက်တဲ့ ဒေသအတွင်းမှာ ပြည်သူလူထုကို စည်းရုံးသလို၊ လှုံ့ဆော်သလို ဖြစ်မှာစိုးတယ်လို့ ကျနော်ထင်တာပဲ။ သူ အုပ်ချုပ်တဲ့ ဒေသအတွင်းမှာ ဒီပွဲမျိုးတွေ မဖြစ်စေချင်တဲ့ပုံပါ။ အဲဒီလို ခန့်မှန်းပါတယ်" ဟု စာရေးဆရာ မောင်သာချိုက မဇ္ဈိမကို ပြောသည်။
သို့သော် စာရေးဆရာများအနေဖြင့် နိုင်ငံပြန်လည် တည်ဆောက်ရေး၊ လူများ၏ ကိုယ်ကျင့်တရားနှင့် စိတ်ဓာတ်များ
ပြုပြင်ရန်နှင့် သယံဇာတတွေများ မြတ်နိုးတန်ဖိုးထားရန် နိုင်ငံ၏ ကောင်းကျိုးအတွက် ကိုယ်ကျိုးမဖက်ဘဲ လုပ်ဆောင်ခဲ့သည့် ဗိုလ်ချုပ်အောင်ဆန်းကဲ့သို့သော ပုဂ္ဂိုလ်များ၏ အကြောင်းများသာ စာပေဟောပြောပွဲများအတွင်း ထည့်သွင်းဟောပြောခြင်းဖြစ်ပြီး ဆူပူအုံကြွရန် သွေးထိုးလှုံ့ဆော်ခြင်းမဟုတ်ဟု မဇ္ဈိမကို ပြောကြသည်။
ဇန်နဝါရီလနှင့် ဖေဖေါ်ဝါရီ လများအတွင်း မကွေးတိုင်းအတွင်းရှိ အောင်လံမြို့နှင့် မြစ်ခြေမြို့များသို့ စာပေဟောပြောပွဲ ပြုလုပ်ရန် သွားရောက်ခဲ့သော်လည်း ဟောပြောခွင့် မရခဲ့ဟုလည်း စာရေးဆရာ မောင်သာချိုက ပြောသည်။
"လူထုဆိုလည်း ငိုကြ ယိုကြ ဖြစ်တယ်ဗျာ။ ကျနော်တို့ သွားတဲ့အချိန်မှာ ပွဲကို ဦးဆောင်လုပ်တဲ့လူတွေက စင်တွေ ထိုးထားပြီးသား။ ကုလားဖျင်းတွေ ချထားပြီးသား။ အဲဒီဟာကို အနားကပ်တဲ့အခါကျမှ။ သူတို့တွေ မျက်ရည်ကျကြရတယ်။ အဲဒီအခါကျတော့ ကျနော်တို့လည်း စိတ်မကောင်း ဖြစ်ရတာပေါ့ဗျာ" ဟု ဆရာမောင်သာချို က မဇ္ဈိမကိုပြောသည်။
သရက်မြို့တွင် ဇန်နဝါရီလ ၉ ရက်နေ့က ကျင်းပရန် စီစဉ်ထားသည့် စာပေဟောပြောပွဲကိုလည်း ဒေသခံ အာဏာပိုင်များမှ ပွဲမိန့်မပေးခြင်းကြောင့် ဟောပြောခွင့် မရခဲ့ဟု မိုးလေဝသ ပညာရှင် ဦးထွန်းလွင်က မဇ္ဈိမကို ပြောသည်။
ဆရာ ဦးထွန်းလွင်က မြန်မာတနိုင်ငံလုံး မိမိ လိုက်လံဟောပြောနေသည်မှာ မိုးလေဝသနှင့် ပတ်သက်သည့် ပညာပေး
ဟောပြောချက်များ၊ ရာသီဥတု ပြောင်းလဲမှုအခြေအနေ၊ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ကိစ္စရပ်များသာ
ဟောပြောခြင်း ဖြစ်သည်ဟု ဆိုသည်။
ဟောပြောရန် ခွင့်ပြုချက်မရခြင်းကြောင့် လူထုအတွက် အသိပညာရရှိမှု နှောင့်နှေးစေပြီး အကျိုးယုတ်သည်ဟုလည်း မဇ္ဈိမကို ပြောသည်။
"ကျနော်တော့ တော်တော်ကြီးကို မကျေနပ်တာဗျ။ ဒီကိစ္စကိုတော့။ အမှန်ပါဗျာ ကျနော့်အမြင် ပြောရရင်တော့ ဘယ်လိုမှ အကျိုးမရှိတဲ့ ကိစ္စပါ။ တခုခုတော့ မှားနေပြီ ထင်တယ်ဗျာ။ သေချာတာကတော့ မဖြစ်သင့်တဲ့ ကိစ္စပဲဗျ၊ ရွာသူရွာသားတွေ သိပ်သနားဖို့ ကောင်းပါတယ်။ ကျနော် စိတ်ကို မကောင်းဘူး" ဟု ဦးထွန်းလွင် က ပြောသည်။
မကွေးတိုင်းအတွင်း စာပေဟောပြောခွင့် အများဆုံး အပိတ်ခံရသူမှာ ကာတွန်းဆရာ အော်ပီကျယ်ဖြစ်ပြီး သရက်၊
ချောက်၊ ဆိပ်ဖြူ၊ ပခုက္ကူ၊ ရေစကြို၊ မြစ်ခြေ မြို့များတွင် ဇန်နဝါရီလ ၉ ရက်နေ့မှ ယခုလ ၈ ရက်နေ့အထိ ကျင်းပရန် ရှိသည့် စာပေဟောပြောပွဲ ၆ ပွဲလုံး ဟောပြောခွင့် မရသူလည်း ဖြစ်သည်။
ဆရာအော်ပီကျယ်က ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း ပြည်ထောင်စုလွှတ်တော်အတွင်း အင်္ဂါနေ့တွင်
ပြောကြားခဲ့သည့် ‘စစ်မှန်သည့် ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်ကြရန်’ ပြောကြားသွားသည်ကို ရည်ညွှန်းကာ "ရှေ့ဆက်သွားရင်တော့ ကျနော်တို့ လက်ခံမယ်။ ရှေ့ဆက်မသွားဘူး ဆိုရင်တော့ ကျနော်တို့ လက်မခံနိုင်ဘူး"
ဟု မဇ္ဈိမကို ပြောသည်။
စာရေးဆရာများ၏ အဆိုအရ မြန်မာတနိုင်ငံလုံး ဟောပြောခွင့်များ လွတ်လွတ်လပ်လပ်ရရှိကြသည်ဟု ဆိုကြပြီး မကွေးတိုင်း တခုတည်းသာ ခွင့်ပြုမိန့် မရခြင်းကို "တခြား ဘယ်နေရာမှ မဖြစ်ဘူး၊ အဲဒီတိုင်း တခုပဲ ဖြစ်နေတာ။ အဲဒီ တိုင်းတခုမှာ လုပ်လိုက်ရင် ပွဲက ပျက်တာချည်းပဲ။ တခြားဆရာတွေလုပ်ရင်လည်း ပျက်တာပဲဗျ။ တော်တော်တော့ စိတ်ညစ်စရာကောင်းတဲ့ ကိစ္စပဲ" ဟု ဆရာဦးထွန်းလွင်က မဇ္ဈိမကို ပြောသည်။
သူရဦးရွှေမန်း၏ အင်္ဂါနေ့ ပြည်ထောင်စုလွှတ်တော်တွင် "အတိတ်အပေါ် သင်ခန်းစာများယူပြီး ရဲဝံ့စွာ
ပြုပြင်ဆောင်ရွက်သွားဖို့ပဲ လိုပါတယ်။ အမှန်တကယ် ပြုပြင်ပြောင်းလဲရေး လုပ်ကြရပါမယ်" ဟု ထည့်သွင်း ပြောကြား သွားသေးသည်။
ဦးရွှေမန်း၏ အဆိုပါ ပြောကြားချက်ကို ကိုးကား၍ စာရေးဆရာမ သန်းမြင့်အောင်က "သမ္မတတွေ၊ အစိုးရအဖွဲ့တွေက
ကောင်းကောင်းမွန်မွန် ပြောနေတာ၊ အဲဒါတွေကို အောက်က လုပ်နေတာကတော့ အပေါ်က လူကြီးတွေ လက်နဲ့ရေး တာကို ခြေနဲ့ဖျက်တဲ့ ပုံသဏ္ဍာန်မျိုး ဖြစ်နေတာပေါ့။" ဟု အောက်ခြေအဆင့် အစိုးရဖွဲ့စည်းမှုအပေါ် ဝေဖန် ထောက်ပြသည်။
ဆရာမ သန်းမြင့်အောင်သည် မကွေးမြို့တွင် ၂ဝ၁၁ ဒီဇင်ဘာလအတွင်း ကျင်းပရန်ရှိခဲ့သည့် စာပေဟောပြောပွဲကိုလည်း ဟောပြောခွင့် မရခဲ့သူ ဖြစ်ပြီး ရန်ကုန်တိုင်း ကွမ်းခြံကုန်းမြို့နယ် မန်းကလိပ်ရွာတွင် သောကြာနေ့၌ ဟောပြောရန် စီစဉ်ထားသော်လည်း ပွဲမိန့်မရဟု စာပေဟောပြောပွဲ စီစဉ်ထားသူများမှ ကြာသာပတေးနေ့တွင် အကြောင်းကြားလာကြောင်း ဆရာမ သန်းမြင့်အောင်က မဇ္ဈိမကို ပြောသည်။
မကွေးတိုင်း၏ ဝန်ကြီးချုပ်မှာ ဦးဘုန်းမော်ရွှေဖြစ်ပြီး ၂၀၁၀ ရွေးကောက်ပွဲကာလတွင် မကွေးတိုင်းဒေသကြီး မင်းဘူး မဲဆန္ဒနယ် အမှတ် ၁ မှ အနိုင်ရ အမတ်တဦးဖြစ်သည်။ ဗိုလ်ချုပ်ကြီးဟောင်းလည်းဖြစ်သည့် ဦးဘုန်းမော်ရွှေသည် စစ်အစိုးရလက်ထက်တွင် မကွေးတိုင်းဒေသကြီး အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဥက္ကဋ္ဌ အဖြစ်လည်း တာဝန်ယူခဲ့သူဖြစ်သည်။
http://www.mizzimaburmese.com
မကြာသေးခင်က ပြည်တွင်းမှာဖြစ်ခဲ့တဲ့ နိုင်ငံရေး အပြောင်းအလဲတွေဟာ နိုင်ငံခြားသားတွေကို မြန်မာပြည်ချက်ချင်း သွားချင်အောင် ဆွဲဆောင်ခဲ့ပါတယ်။ ဒါပေမယ့် နိုင်ငံရဲ့အခြေခံအဆောက်အအုံမှာ အကန့်အသတ်တွေရှိနေတာမို့ တချို့ခရီးသွားတွေအဖို့ တည်းခိုစရာဟိုတယ်ခန်း ရှာမတွေ့နိုင်တဲ့ အခက်အခဲနဲ့ ကြုံရနိုင်ပါတယ်။
မြန်မာတနိုင်ငံလုံးမှာ ဟိုတယ် ၇၃၁ လုံးပဲ ရှိပါတယ်၊ အခန်းစုစုပေါင်းကတော့ ၂၅၀၀၀ ပါ။ မြို့တော်ဟောင်းလည်းဖြစ်၊ အခုအချိန်ထိလည်း အများစုက နိုင်ငံထဲကို ဝင်လမ်းထွက်လမ်းအဖြစ် အသုံးပြုနေကြတဲ့ ရန်ကုန်မြို့မှာဆိုရင်လည်း အခန်း ၈၀၀၀ ပဲ ရှိပါတယ်။
အဲ့ဒီအခန်း ၈၀၀၀ မှာ ၃၀၀၀ ပဲ “ကမ္ဘာလှည့် ခရီးသည်တွေအတွက် သင့်တော်တယ်” လို့ ပြည်ထောင်စု မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ (UMTA) ရဲ့ လက်ရှိဥက္ကဌနဲ့ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းဘုတ်အဖွဲ့ (MTB) ရဲ့ ဒု ဥက္ကဌဖြစ်သူ ဦးမောင်မောင်ဆွေက ဆိုပါတယ်။
ရန်ကုန်က ဟိုတယ်နဲ့ တည်းခိုခန်းတွေဟာ ခရီးသွားတွေကို လက်ခံဖို့ အဆင်သင့်ဖြစ်နေကြတဲ့အပြင် အများစုက အရင်ထက် ဈေးနှုန်းနှစ်ဆ ဒါမှမဟုတ် သုံးဆ တင်ထားကြပါတယ်။ မြို့လယ်မှာရှိတဲ့ ဝိုင်အမ်စီအေနဲ့ ဗိုလ်ချုပ်အောင်ဆန်း လမ်းပေါ်မှာရှိတဲ့ စင်ထရယ်ဟိုတယ် (Central Hotel) တွေဟာ လာမယ့်ရက်သတ္တပတ်အထိ အခန်းအားလုံးပြည့်နေပြီလို့ ဟိုတယ်တာဝန်ရှိသူတွေက ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ ပြောပါတယ်။
“အခန်းရှာရင်း နောက်ဆုံးမှာ လမ်းကြားထဲက ဈေးတော်တဲ့ တည်းခိုခန်းရလိုက်တယ်။ တညကို ၂၅ ဒေါ်လာပေးရတယ်။ ဒါပေမယ့်ဗျာ အခန်းကမှောင်ပြီး ညစ်ပတ်နေတဲ့အပြင် မျက်နှာကြက်ပေါ်မှာလည်း ခိုတွေ အသိုက်ဖွဲ့နေကြသေးတယ်” လို့ စိတ်ပျက်လက်ပျက်ဖြစ်နေတဲ့ ကျောပိုးအိတ်လွယ်ခရီးသည် ကနေဒါနိုင်ငံသားက ပြောပြပါတယ်။
ဘယ်လိုပဲဖြစ်နေနေ ရန်ကုန်က ဟိုတယ်ခန်း အရေအတွက်ကတော့ နိုင်ငံခြားခရီးသွား ဧည့်သည်တွေအတွက် လုံလောက်မှု မရှိသေးပါဘူး။ စီးပွားရေးလုပ်ငန်းရှင်တွေ၊ သံတမန်အဖွဲ့တွေ၊ NGO ဝန်ထမ်းတွေနဲ့ မြန်မာနိုင်ငံမှာ အခွင့်အလမ်းအသစ်တွေ ပေါ်လာပြီဆိုတဲ့ မက်လုံးကြောင့် နိုင်ငံထဲကိုလာကြတဲ့ လုပ်ငန်းကိစ္စကြားခံ ဆောင်ရွက်ပေးသူမျိုးစုံဟာ ရန်ကုန်က ဟိုတယ်ခန်းအများစုကို ယူထားကြတယ်လို့ ဒေသခံတွေ အဆိုအရ သိရပါတယ်။
မြန်မာနိုင်ငံမှာ ပထမဆုံး ခရီးသွားလုပ်ငန်းလိုင်စင်ရတဲ့ ဆွစ်ဇာလန်နိုင်ငံသား အာမင် ရှော့ဂ် (Armin Schoch) ကတော့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မြန်မာပြည်ရောက်တဲ့ ဒီဇင်ဘာလတုန်းက သူနဲ့ တခြားဧည့်သည် အတော်များများဟာ သူတို့တည်းနေတဲ့ ကြယ်ငါးပွင့်အမျိုးအစား ချက်ထရီယမ်ဟိုတယ် (Chatrium Hotel) ကနေ မဖြစ်မနေ ထွက်ပေးဖို့ အပြောခံခဲ့ရတယ်လို့ ဆိုပါတယ်။
“ကျနော်တို့ကို ဟိုတယ်ကနေ ချက်ချင်းပြောင်းပေးဖို့ ပြောတယ်။ ကလင်တန် (Cliton) နဲ့ သူ့အဖွဲ့က ဟိုတယ်အပေါ်ထပ် သုံးခုကို ယူလိုက်တယ်။ တထပ်ကတော့ လက်နက်ကိုင် လုံခြုံရေးတွေအတွက် ဖြစ်တယ်။ ကျနော်လည်း တခြားဟိုတယ် ရှာမတွေ့တာနဲ့ မိတ်ဆွေအိမ်မှာ သွားတည်းလိုက်ရတယ်” လို့ သူက ပြောပါတယ်။
ဟိုတယ်ခန်း လိုအပ်ချက်က တစတစ မြင့်မားလာတာမို့ လက်ရှိအရေအတွက်ဟာ ဒီနှစ်လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်မှာ မဟုတ်ပါဘူး။ ၂၀၁၁ မှာ မြန်မာပြည်ကို ဧည့်ဗီဇာနဲ့ လာလည်သူ ၃ သိန်းနဲ့ ၄ သိန်းကြား ရှိပါတယ်။ အဲဒီအထဲမှာ တရုတ်က ၆၅၀၀၀၊ ထိုင်းက ၆၁၀၀၀ နဲ့ အများဆုံးဖြစ်ပါတယ်။ အစိုးရအရာရှိတွေရဲ့အဆိုအရ ၂၀၁၂ မှာ နိုင်ငံခြား ဧည့်သည်အရေအတွက် အနည်းဆုံး ၃၀ ရာခိုင်နှုန်း တက်လာဖို့ မျှော်လင့်ထားတယ်လို့ သိရပါတယ်။
New Yourk Times သတင်းစာ၊ Conde Nast Traveller မဂ္ဂဇင်း၊ CNN သတင်းဌာနနဲ့ Lonely Planet အပါအဝင် သြဇာကြီးတဲ့သတင်းဌာနနဲ့ ခရီးသွားလမ်းညွှန်များကလည်း မြန်မာပြည်ဟာ ၂၀၁၂ မှာ အလည်အပတ် သွားရောက်သင့်တဲ့ ထိပ်တန်းနိုင်ငံတခုအဖြစ် အကြံပြုထားတာမို့ အရင်ကထက် ပိုများတဲ့ အနောက်နိုင်ငံသား အရေအတွက်ကို ဒီနှစ်မှာ “ရွှေမြေ” ဆီ ဆွဲဆောင်နိုင်လိမ့်မယ်လို့ မျှော်လင့်ရပါတယ်။
“၂၀၁၂ မှာ ရန်ကုန် နိုင်ငံတကာလေဆိပ်ကနေ ကမ္ဘာလှည့်ခရီးသည် ၅ သိန်းကို လက်ခံ ကြိုဆိုရလိမ့်မယ်လို့ ကျနော်တို့ ခန့်မှန်းထားပါတယ်။ ပြီးတော့ ၂၀၁၅ မှာ ခရီးသည် ၁ သန်းကျော် လာလိမ့်မယ်လို့လည်း မျှော်လင့်ထားပါတယ်” လို့ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး လက်ထောက်ညွှန်ကြားရေးမှူး ဦးအုံးမြင့်က ပြောပါတယ်။
ဒါပေမယ့် ခရီးသွားဧည့်သည် အတော်များများကတော့ မြန်မာပြည်ကို လေကြောင်းကနေ သွားလို့မဖြစ်နိုင်တဲ့ အခက်အခဲနဲ့ ကြုံကောင်းကြုံရနိုင်ပါတယ်။ လက်ရှိအခြေအနေမှာ နိုင်ငံထဲကို တိုက်ရိုက်ပျံသန်းတဲ့ နိုင်ငံတကာလေကြောင်း အနည်းငယ်ပဲရှိတာမို့ သွားမယ့်သူအများစုဟာ သူတို့ခရီးစဉ်ကို ဘန်ကောက်ကနေတဆင့် စီစဉ်နေကြရပါတယ်။ မြန်မာပြည်က တခြား “နိုင်ငံတကာလေဆိပ်” ဆိုတဲ့ မန္တလေး၊ ပုဂံနဲ့ နေပြည်တော် လေဆိပ်တွေဟာလည်း လေဆိပ်အနေအထားအရ ခရီးစဉ်မဖြစ်စလောက်ကိုပဲ စီမံခန့်ခွဲနိုင်တာပါ။
အတိုက်အခံ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ရဲ့ အရင်က စွဲကိုင်ခဲ့တဲ့ ကြိုတင်စီစဉ်ခရီးသွားလာမှု (Package tours and cruises) မှုဆိုင်ရာ “မြန်မာပြည်သပိတ်မှောက်ရေး” လှုပ်ရှားမှုကို လက်တဆုပ်စာ နိုင်ငံတကာ NGO တွေက ထောက်ခံဆဲဖြစ်ပါတယ်။ ဒါပေမယ့် တသီးပုဂ္ဂလ ခရီးသွားတွေနဲ့ ကျောပိုးအိတ်လွယ် ခရီးသည်တွေကိုတော့ ကိုယ့်ဘာသာကိုယ်သွားကြဖို့ တိုက်တွန်းတာမို့ ခရီးသည် အတော်များများဟာ သူတို့ရဲ့ အခွင့်အလမ်းကို အသုံးချဖို့ ကြိုးစားကြမှာဖြစ်ပြီး တည်းခိုစရာတွေ ကြိုတင်ပြင်ဆင်မှုမရှိဘဲ မြန်မာပြည်ထဲကို ရောက်လာကြပါလိမ့်မယ်။
“အဲဒီလိုလာရင်တော့ သူတို့တွေ လမ်းပေါ်မှာ တညလုံး လမ်းလျှောက်ရင်လျှောက် ဒါမှမဟုတ်လည်း ဘုန်းကြီးကျောင်းမှာ အိပ်ရတာမျိုး ဖြစ်နိုင်တယ်။ သူတို့အတွက် အိပ်ရာရှိမှာ မဟုတ်ဘူး” လို့ ရန်ကုန်မှာနေတဲ့ ခရီးသွားလုပ်ငန်း လုပ်ကိုင်သူတယောက်က ဆိုပါတယ်။
အခုလို အခက်အခဲဖြစ်နေတဲ့ အခြေအနေမှာတောင်မှပဲ ရန်ကုန်မြို့ခံတွေဟာ ကိုယ့်အိမ်ခန်းကို ငှားစားတာ ဒါမှမဟုတ် နိုင်ငံခြားဧည့်သည်ကို လိုအပ်လို့ အခန်းပေးတည်းလိုက်တာမျိုး လုပ်လို့မရပါဘူး။ နိုင်ငံတကာက အလည်အပတ် လာရောက်သူတွေဟာ ဘယ်သူ့အိမ်မှာဖြစ်ဖြစ် မတည်းခင် သက်ဆိုင်ရာ အာဏာပိုင်ထံ အကြောင်းကြား ခွင့်ပြုချက်ယူရမယ်ဆိုတဲ့ ဥပဒေရှိနေဆဲမို့ ဖြစ်ပါတယ်။ ပြီးတော့ အမေရိကန်နိုင်ငံသား ဂျွန် ဒဗလျူ ယက်ထော (John W. Yettaw) ဒေါ်အောင်ဆန်းစုကြည်ရဲ့ အင်းလျားကန်စောင်းကအိမ်ကို တညမှာ သူ့သဘောနဲ့သူ ရေးကူးပြီး သွားလိုက်လို့ “နိုင်ငံခြားသားကို ခိုလှုံခွင့်ပေးတယ်” ဆိုတဲ့အမှုနဲ့ ဒေါ်အောင်ဆန်းစုကြည် အပြစ်ဒဏ်ပေးခံရတဲ့ မျက်မြင်သာဓကကိုလည်း ဘယ်သူမှ မမေ့ဘဲရှိနေသေးပါတယ်။
ဒါပေမယ့် အားလုံးကတော့ အဆိုးကြီး မဟုတ်သေးပါဘူး။ ရန်ကုန်က အရာရှိတွေဟာ ရင်းနှီးမြှုပ်နှံသူတွေကို ဆွဲဆောင်နိုင်ဖို့ လုပ်ငန်းခွင့်ပြုချက်နဲ့ လျှောက်လွှာတွေကို အမြန်ပြင်ဆင် ရေးဆွဲနေကြပါတယ်။ ဒေသခံ လုပ်ခံရှင်တွေကိုလည်း ဟိုတယ်တွေ ဖွင့်ကြဖို့ ဖိတ်ခေါ်ထားပါတယ်။ ဒါ့အပြင် ရန်ကုန်မှာရှိတဲ့ ကိုလိုနီခေတ် အဆောက်အအုံဟောင်းတွေကိုလည်း ဟိုတယ်လုပ်ငန်းအတွက် လျာထားပြီး ဟိုတယ်ပိုင်ရှင်တွေကို ကမ်းလှမ်းကောင်း ကမ်းလှမ်းနိုင်ပါတယ်။
ရှာရတန် (The Sheraton)၊ ဝက်စတင် (The Westin) နဲ့ လီ မာရီဒီယန်း (Le Meridien) လိုမျိုး နိုင်ငံတကာဟိုတယ် ကွန်ယက်ကို ကိုယ်စားပြုတဲ့ စတားဝုဒ်ဟိုတယ်နှင့် အပန်းဖြေရာနေရာများ (Starwood Hotels and Resorts) က မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံဖို့ ရည်ရွယ်ထားတယ်လို့ ပြီးခဲ့တဲ့လ ဆွစ်ဇာလန်နိုင်ငံ ဒါဗို့စ် (Davos) မြို့မှာကျင်းပတဲ့ ကမ္ဘာ့ စီးပွားရေးဖိုရမ် (World Economic Forum) မှာ ပြောခဲ့ပါတယ်။ တခြားကွန်ယက်တချို့ကလည်း အလားတူ ရင်းနှီးမြှုပ်နှံမှုမျိုးတွေလုပ်ဖို့ ကတိပြုကြသေးတယ်လို့ ဦးမောင်မောင်ဆွေက ဆိုပါတယ်။
“မာရီရော့တ် (Marriott) လိုမျိုး တချို့ဟိုတယ်တွေ အရင်က ရင်းနှီးမြှုပ်နှံခဲ့ဖူးတယ်။ ဒါပေမယ့် သူတို့အစိုးရတွေရဲ့ ဖိအားကြောင့် ရင်းနှီးမြှုပ်နှံမှုတွေ ပြန်ရုပ်သိမ်းသွားတယ်လို့ ကျနော်ယူဆတာပဲ။ အခုဆိုရင် သူတို့အားလုံး ပြန်လာချင်နေတယ်ထင်တယ်။ လိုအပ်တဲ့ ကြိုတင်လေ့လာမှုတွေ ဒီနှစ်စလုပ်ကြမယ်လို့လည်း ယူဆတယ်။ ဒါပေမယ့် ၂၀၁၃ အထိတော့ အဲ့ဒီဟိုတယ်တွေ ပြန်လာကြဦးမှာ မဟုတ်ဘူး” လို့လည်း သူက ပြောပါတယ်။
Colin Hishel Wood ရဲ့ Rangoon Hotels Struggle to Meet Tourist Demand ကို ဆီလျော်အောင် ပြန်ဆိုဖော်ပြပါတယ်။
http://burma.irrawaddy.org/archives/5979
တပို့တွဲလပြည့်ကျော် ၁ရက်နေ့ဖြစ်သည့် ၂၀၁၂ခုနှစ် ဖေဖော်ဝါရီ ၈ရက်နေ့တွင် ကျရောက်သော ၆၅ကြိမ်မြောက် မွန်အ မျိုးသားနေ့ အခမ်းအနားကို ပြည်တွင်းပြည်ပရှိ မွန်အဖွဲ့အစည်းများနှင့် မွန်လူမျိုးများက ယနေ့ စည်ကားစွာ ကျင်းပခဲ့ကြ သည်။
မွန်အမျိုးသားနေ့ကို ပြည်တွင်း၌ ၁၅နှစ်ကြာ အခမ်းအနား ကျင်းပခွင့် တားမြစ်ခံထားရပြီး ယခုနှစ်ကျမှသာ ရန်ကုန်မြို့တွင် ပြန်လည် ကျင်းပခွင့်ရခြင်း ဖြစ်သည်။
မုဒုံမြို့နယ်မှ မွန်အမျိုးသားနေ့ ကျင်းပရေး ကော်မတီဝင်တဦးက “ဒီနှစ်က ထူးခြားတဲ့ နှစ်တနှစ်ပေါ့နော်။ ဥပမာ ရန်ကုန်မှာ လည်း အရင်လိုပဲ အခမ်းအနား ပြန်လုပ်ခွင့်ရတယ်။ ပြီးတော့ မွန်ပြည်နယ်မှာလည်း လွတ်လွတ်လပ်လပ်နဲ့ အခမ်းအနား ကို အောင်မြင်စွာနဲ့ ကျင်းပခွင့်ရကြတယ်။ ဝန်ကြီးတွေတောင် အခမ်းအနားတက်ကြတယ်”ဟု ပြောသည်။
ထို့အပြင် မွန်ပြည်နယ် ၁၀မြို့နယ်မှ မွန်စာပေနှင့် ယဉ်ကျေးမှုကော်မတီမှ ဦးဆောင်ပြီး မွန်အမျိုးသားနေ့(ဗဟို)ကို နှစ်စဉ် နှစ်တိုင်း ကျင်းပလျှက်ရှိရာ ယခုနှစ်တွင် ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကော့ဘိန်းကျေးရွာ အခမ်းအနားသို့ ကရင် ပြည်နယ် ဝန်ကြီးချုပ်နှင့် မော်လမြိုင်မြို့ အခမ်းအနားသို့ မွန်ပြည်နယ်ဝန်ကြီးချုပ်တို့ တက်ရောက်ခဲ့ကြသည်။
သံဖြူဇရပ်မြို့ခံ မွန်အမျိုးသား နိုင်သိုက်က “ဒီနှစ် ခါတိုင်းနှစ်ထက် စည်တယ်လို့ ကျနော်မြင်တယ်။ တလမ်းလုံးမှာလည်း မွန်ဝတ်စုံတွေနဲ့ နီရဲနေတာပဲ။ အခမ်းအနားကိုလည်း မြို့တိုင်း၊ ရွာတိုင်းမှာ ကျင်းပကြတယ်”ဟု ကေအိုင်စီသို့ ပြောသည်။
အလားတူ ထိုင်းနိုင်ငံအတွင်း ထိုင်းရာမန်(ထိုင်းမွန်)များ၊ နယ်စပ်မြို့များဖြစ်သည့် ဘုရားသုံးဆူ၊ မဲဆောက်တို့အပြင် ဖူး ကက်၊ မဟာချိုင်၊ ပထုံဌာန စသည့် ဒေသများတွင်လည်း မွန်ရွှေ့ပြောင်းအလုပ်သမားများနှင့် မွန်အဖွဲ့အစည်းများ ဦးဆောင်ကာ တီးဝိုင်းများဖြင့် ဖျော်ဖြေကျင်းပခဲ့ကြသလို မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေအတွင်းရှိ ပလဲ့ဒွန်းဖိုက်ကျေး ရွာ၌လည်း ကျင်းပခဲ့ကြသည်။
၆၅ကြိမ်မြောက် မွန်အမျိုးသားနေ့ အခမ်းအနားကို အခြား မလေးရှား၊ စင်ကာပူ၊ သြစတြေးယား၊ ကိုးရီးယား၊ ကနေဒါ၊ နော် ဝေး၊ အင်္ဂလန် စသည့်နိုင်ငံများတွင် ကျင်းပခဲ့ကြပြီး ၎င်းနိုင်ငံများမှ ပြည်ပရောက်မွန်လူမျိုးများက ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ရာတွင် မွန်အမျိုးသား ရေးလှုပ်ရှားမှုများကို သွေးစည်းညီညွှတ်မှုဖြင့် တက်ကြွစွာ ပါဝင်ရန်၊ တိုင်းရင်းသားလူမျိုး များ ဖက်ဒရယ်ကောင်စီ(UNFC)အနေဖြင့် ရပ်တည်သွားရန်နှင့် သမ္မတဦးသိန်းစိန်အနေဖြင့် တနိုင်ငံလုံး အတိုင်းအတာဖြင့် အပစ်အခတ်ရပ်စဲကာ အချိန်သတ်မှတ်ပြီး နိုင်ငံရေးဆွေးနွေးပွဲတစ်ရပ် အမြန်ဆုံး ကျင်းပသွားရန် တောင်းဆိုလိုက်သည်။
သာသနာသက္ကရာဇ် ၁၁၁၆ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁ရက်နေ့တွင် မွန်ဘုရားညီနောင်နှစ်ပါးဖြစ်ကြသော သမလမင်းနှင့် ဝိမလမင်းတို့၏ ဟံသာဝတီ မွန်နိုင်ငံတော် တည်ထောင်ခဲ့သည့်နေ့ကို အစွဲပြု၍ မွန်အမျိုးသားနေ့ သတ်မှတ်ခဲ့ကြပြီး ထိုအ ချိန်မှစ၍ နေ့ထူးနေ့မြတ်တစ်ရက်အဖြစ် မွန်လူမျိုးတို့က ၎င်းတို့နေထိုင်ရာ ဒေသအသီးသီးတွင် ကျင်းပလာကြသည်။
မွန်အမျိုးသားနေ့ကို အမျိုးသားရေးစိတ်ဓာတ်ရှင်သန်ရေး၊ အမျိုးသား စည်းလုံးညီညွှတ်ရေး အင်အားတောင့်တင်းခိုင်မာရေး အပါအဝင် အမျိုးသားရေး လက္ခဏာနှင့် ယဉ်ကျေးမှုအမွေများ ထိန်းသိမ်းစောင့်ရှောက်ရန် ရည်ရွယ်၍ အစဉ်အလာမပျက် ကျင်းပခဲ့ကြခြင်း ဖြစ်သည်။
http://www.kicnews.org/?p=9935
ကချင်စစ်ပြေး ဒုက္ခသည်များအတွက် နာမည်ကျော် ကချင်အဆိုတော်များ၏ ရန်ပုံငွေ ဂီတဖျော်ဖြေပွဲကို ရန်ကုန်မြို့ မျှော်စင်ကျွန်း၌ ဖေဖော်ဝါရီလ ၂၅ ရက်နေ့တွင်ကျင်းပရန် စီစဉ်နေကြောင်း သိရသည်။
“ရန်ကုန်မှာရှိတဲ့ ကချင်အဆိုတော်တွေ အားလုံးစုပြီး တိုင်ပင်တဲ့အခါမှာ ဒီပွဲလုပ်ချင်တယ်၊ ငါတို့ ဒုက္ခရောက်နေတဲ့လူတွေကို ကူညီကြမယ်ပေါ့။ အဓိကက လူသားချင်း စာနာတဲ့သဘောပါ။ နောက်ပြီး ကိုယ့်အမျိုးတွေလည်း ဖြစ်နေတော့ ပိုပြီးတော့ လုပ်ဖြစ်သွားတာပေါ့” ဟု ပွဲဖြစ်မြောက်ရေး ကော်မတီဝင် အဆိုတော် L လွန်းဝါက ဧရာဝတီသို့ ပြောသည်။
စစ်ပြေးဒုက္ခသည် ၆ သောင်းကျော်ကို ကူညီမည့် ယင်းရန်ပုံငွေဂီတပွဲကို နာမည်ကျော် ကချင်အဆိုတော်များ ဖြစ်သည့် နောနော်၊ L လွန်းဝါ၊ ရေဗက္ကာဝင်း၊ L ဆိုင်းဇီ၊ N ကိုင်ရာ၊ ဒေါင်လွန်း၊ အောင်းလာ၊ အမ်းနော်၊ L ခွန်းရီ၊ K ဂျာနူး၊ ကော့မိုင်နှင့် Blueberry တို့ အပါအ၀င် ကချင်အဆိုတော် ၂၀ ခန့်က မေတ္တာဖြင့် ပါဝင်ဖျော်ဖြေကြမည် ဖြစ်သည်။
ပွဲကို “မနောအလှ ဂီတည” ဟု အမည်ပေးထားပြီး တခြားပြင်ပ အဆိုတော်များ မပါဝင်ဘဲ ကချင် အဆိုတော်များနှင့် Z အဘောက်၊ အွန်ဆိုင်း၊ ဆိုင်းလူစသည့် ကချင်သရုပ်ဆောင်များ ပါဝင်ဖျော်ဖြေကြမည် ဖြစ်သည်။
ဝင်ကြေးအဖြစ် လက်မှတ်တစောင်လျှင် ၅၀၀၀ ကျပ် သတ်မှတ်ထားပြီး သီဆိုဖျော်ဖြေမှုအပြင် ကချင်ရိုးရာ အကများလည်း ပါဝင်မည်ဖြစ်သည်။
ဂီတပွဲမှ ရရှိလာသည့် ငွေကြေးများနှင့် လှူဒါန်းပစ္စည်းများ အားလုံးကို အဆိုတော်များကိုယ်တိုင် မြစ်ကြီးနားမြို့သို့ သွားရောက်၍ ကချင်ဒုက္ခသည်များအား ကူညီပေးနေသည့်အဖွဲ့များထံ ပေးအပ်သွားမည်ဟု L လွန်းဝါက ပြောသည်။
“အဓိကက စိတ်ဓာတ်ပိုင်းပေါ့။ သူတို့ရဲ့ အားငယ်ဝမ်းနည်းနေတဲ့ စိတ်တွေကို အားပေးမယ်။ ကျနော်တို့လည်း သူတို့နဲ့ ထပ်တူထပ်မျှ ၀မ်းနည်းကြောင်း ကျနော်တို့ တတ်နိုင်သလောက် ကူညီရင်း ပြသမယ်”ဟု သူက ပြောသည်။
ပွဲကြော်ငြာပိုစတာတွင် ကချင်စစ်ပြေး ဒုက္ခသည်များအတွက် ရံပုံငွေဂီတပွဲ ဟု ထည့်သွင်း ကြော်ငြာ သွားမည်ဖြစ်ပြီး မည်သူမဆို ဒုက္ခသည်များအား အလှူငွေဖြစ်စေ၊ အ၀တ်အထည် အသုံးအဆောင်ဖြစ်စေ လှူဒါန်းလာပါက လက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။
“ရှိုးပွဲကရတဲ့ လက်မှတ်ခအပြင် တခြား ဘယ်သူမဆို ပံ့ပိုးကူညီတဲ့ အလှူငွေပဲဖြစ်ဖြစ် ပစ္စည်းပဲဖြစ်ဖြစ် အကုန်လုံး သွားလှူပေးမှာပါ” ဟု L လွန်းဝါက ဆိုသည်။
ကချင်ပြည်နယ်တွင် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) နှင့် အစိုးရတို့ ပြီးခဲ့သည့် ၂၀၁၁ ခုနှစ် ဇွန်လ ၉ ရက်ကစတင်ကာ တိုက်ပွဲများ ဖြစ်ပွားနေပြီး ဒေသခံ ၆ သောင်းကျော်မှာ စစ်ပြေးဒုက္ခသည်များအဖြစ် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြရသည်။
လတ်တလောတွင် KIO နှင့် အစိုးရကိုယ်စားလှယ်တို့ အကြိမ်ကြိမ်တွေ့ဆုံ ဆွေးနွေးသော်လည်း တဖက်တွင် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေဆဲဖြစ်ကြောင်း စုံစမ်းသိရှိရသည်။
http://burma.irrawaddy.org/archives/5890တပတ်ရစ်ကား တင်သွင်းမှုကို မြ၀တီနယ်စပ်တွင် ပိတ်ပင်ထားသဖြင့် ထိုင်းနိုင်ငံ မဲဆောက်မြို့ နယ်စပ်ကားဈေးတွင် စုဝေးနေရသော မော်တော်ယာဉ် အများအပြားသည် မကြာသေးမီက မြစ်ရေကြီးမှုဒဏ်ကို အပြင်းအထန် ခံလိုက်ရသည်။

ယခုလ ၁၁ ရက်နေ့က မိုးကြီးပြီးနောက်ပိုင်း မြ၀တီ နှင့် မဲဆောက်မြို့ကြားရှိ သောင်ရင်းမြစ်ရေ လျှံသဖြင့် မော်တော်ယာဉ် သုံးထောင်ဝန်းကျင်ရှိနေသော ကားဈေးအတွင်းသို့ ရေများ ၀င်ရောက်ခဲ့သည်။
"ကားအစီး တထောင်လောက် ရေမြှုပ် ပျက်စီးသွားတယ်" ဟု ကားလုပ်ငန်းရှင်တဦးက ပြောသည်။
ရေကျသွားပြီဖြစ်သောကြောင့် မဲဆောက်ရှိ ကားကုမ္ပဏီများက ရေကြီးမှုဒဏ် ခံလိုက်ရသည့် မော်တော်ယာဉ်များကို ပြုပြင်မွမ်းမံနေကြသည်။
ယခုလဆန်းပိုင်းမှ စတင်ပြီး တပတ်ရစ်ကားစီးဆင်းမှု ရပ်တန့်နေသဖြင့် လုပ်ငန်းများ ရပ်ဆိုင်းထားရသော မဲဆောက်ရှိ ကားကုမ္ပဏီ ၄၀ ခန့်သည် နေ့စဉ် အရှုံးနှင့် ရင်ဆိုင်နေရသည်ဟု သိရသည်။
ယခင်က နယ်ခြားမြစ်ကို ဖြတ်ပြီး မြန်မာပြည်ဘက်သွားသော တပတ်ရစ်ကား အရေအတွက်မှာ နေ့စဉ် အစီးရေ ၂၀၀ ၀န်းကျင် ရှိသည်ဟု မဲဆောက်မှ အကောက်ခွန်ဌာန ၀န်ထမ်းတဦးက ပြောသည်။
မြ၀တီသို့ကားတင်သွင်းမှုသည် ယခုလဆန်းတွင် ဖွင့်ချီပိတ်ချီ ဖြစ်နေရာမှ လုံးဝ ပိတ်ပင်လိုက်သည်မှာ ယနေ့ဆိုလျှင် တပတ်တိတိရှိပြီဟု မဲဆောက်မြို့မှ ကားလုပ်ငန်းရှင်တဦးက ဧရာဝတီကို ပြောသည်။
"ဒီဘက်ကကူးသွားတဲ့ကား ၁၆ စီး ကိုလည်း မြ၀တီက ဖမ်းထားတာ ၃ ရက်လောက်ရှိပြီ" ဟု သူက ဆိုသည်။
နေပြည်တော်မှာလာသည့်အမိန့်ဖြင့် ဖမ်းဆီးခြင်း ဖြစ်သောကြောင့် ထိုကားများ ပြန်လည်ရရှိရေးကို ဒေသခံအာဏာပိုင်တို့နှင့် ညှိနှိုင်း၍ မရသေးကြောင်း မြ၀တီမှ ကုန်သည်တို့ကို ကိုးကားပြီး သူက ရှင်းပြသည်။
မြ၀တီမြို့ခံ ယာဉ်မောင်းတဦးကလည်း "ကျနော်က ဂျပန်ကားတွေကို မြ၀တီကနေ ဘားအံအထိ အငှားမောင်းပို့တဲ့ အလုပ်ပဲ လုပ်တာပါ။ အခု ကားမပို့ရတာတပတ်ကျော်သွားပြီ" ဟု ပြောသည်။
နယ်စပ်ကားဈေးကွက်တွင် ရှိနေသော ကားများမှာ ဂျပန်နိုင်ငံမှ လာသော တပတ်ရစ်ကားများ ဖြစ်သည်ဟု သိရသည်။
ဧရာဝတီ
တာကလူး
-----------
ဘိန်းမှောင်ခို ကုန်ကူးမှုဖြင့် ဖမ်းဆီးထောင်ချ ခံနေရသူ ၁၆ ဦးကို သမ္မတ၏ အထူး လွတ်ငြိမ်း ချမ်းသာခွင့် အစီအစဉ် တရပ်ဖြင့် များမကြာခင်က ရခိုင်ပြည်နယ် ဘူးသီးတောင် အကျဉ်းထောင်မှ လွတ်ပေးလိုက်သည်ဟု သတင်း ရရှိသည်။
အဆိုပါ အကျဉ်းသား (၁၆)ဦးမှာ ရှမ်းပြည် မြောက်ပိုင်းဒေသမှ "၀" လူမျိုးများဖြစ်ကြပြီး၊ သူတို့၏ ထောင်သက်တမ်းကို အထူး လျှော့ပေါ့ ကာ ယခုလ (၉)ရက်နေ့ သောကြာနေ့ နံနက်က ဘူသီးတောင် အကျဉ်းထောင်ထဲမှ လွှတ်ပေးလိုက်ခြင်း ဖြစ်သည်ဟု အကျဉ်းထောင်နှင့် နီးစပ်သူ တစ်ဦးက နိရဉ္စရာသို့ ပြောသည်။
အဆိုပါ ဘိန်းမှောင်ခိုသမား (၁၆)ဦးကို ၂၀၀၅ ခုနှစ်တွင် ရှမ်းပြည်မြောက်ပိုင်း တရုတ်နယ်စပ်၌ ပြုလုပ်ခဲ့သည့် ဘိန်းစစ်ဆင်ရေး တစ်ခု အတွင်း အလေးချိန်အားဖြင့် ကီလိုဂရမ် ၅၀၀ ကျော်ခန့်ရှိသည့် ဘိန်းဘလောက်တုံး ၁၀၀၀ နီးပါးနှင့် အတူ ဖမ်းဆီး ရမိခဲ့ခြင်း ဖြစ်သည်။
သူတို့ကို ၂၀၀၅ ခု စက်တင်ဘာလ ၂၂ ရက်နေ့တွင် မူးယစ်ဥပဒေပုဒ်မ ၁၉ (က) ဖြင့် ရှမ်းပြည်နယ် ကျိုင်းတုံခရိုင် တရားရုံးမှ ထောင်ဒဏ် ၁၀ နှစ်စီ အသီးသီးချမှတ်ခဲ့ပြီး နောက်ပိုင်း အနောက်ဘက်နယ်စပ် ရခိုင်ပြည်နယ်ရှိ ဘူးသီးတောင် အကျဉ်းထောင်သို့ လွှဲပြောင်း ထောင်ချခဲ့ခြင်းဖြစ်ကြောင်း အမည်မဖေါ်လိုသူ ဘူးသီးတောင်မှ ရဲအရာရှိ တစ်ဦးက ပြောသည်။
သူတို့၏ ထောင်သက်တမ်းမှာ ၆ နှစ် နီးပါးခန့်သာ ရှိသေးသော်လည်း နေပြည်တော် အကျဉ်းဦးစီးဌာန၏ အမိန့်အရ အထူး လျော့ပေါ့ရက်များ ပေးကာ လွတ်ပေးလိုက်ခြင်း ဖြစ်သည်။
" သူတို့ကို သမ္မတ ဦးသိန်းစိန် အစိုးရသစ်ရဲ့ ယခုနှစ် မေလ ၁၆ ရက် ရက်စွဲနဲ့ ထုတ်ပြန်ခဲ့တဲ့ လွမ်းငြိမ်း ချမ်းသာခွင့် အမိန့်အမှတ် ၂၈/၂၀၁၁ အရ ဘူးသီးတောင်အကျဉ်းထောင်မှ လွှတ်ပေးလိုက်တာ ဖြစ်ပါတယ်" ဟု အဆိုပါ အရာရှိက ထပ်လောင်း ပြောဆိုသည်။
အမေရိကန်အစိုးရမှ မြန်မာနိုင်ငံသည် ကမ္ဘာတွင် ဒုတိယ အများဆုံး ဘိန်းထုတ်လုပ်ရာ နိုင်ငံဖြစ်ပြီး၊ မူးယစ်ဆေးဝါး မှောင်ခို ကူးသူများ အတွက် အခြေကုပ်လှုပ်ရှားရန် အဓိက နိုင်ငံဖြစ်လာနိုင်ဖွယ် ရှိကြောင်း ထုတ်ပြန် ကြေညာ ခဲ့ပြီးနောက်ပိုင်း တစ်ရက်အကြာတွင် ယခုကဲ့သို့ ဘိန်းမှောင်ခို သမားများကို အထူးလျော့ပေါ့ရက်များပေးပြီး လွတ်ငြိမ်း ချမ်းသာခွင့် ပြုလိုက်ခြင်း ဖြစ်သည်။
၎င်းပြင် သမ္မတ ဦးသိန်းစိန်၏ လွတ်ငြိမ်းချမ်းသာခွင့်မှာ အများပြည်သူများ လိုလားနေသော နိုင်ငံရေးသမားများ အတွက် ရည်ရွယ်ခြင်း မဟုတ်ဘဲ ဘိန်းမှောင်ခိုသမားများနှင့် ရာဇ၀တ်သားများအတွက် ဖြစ်နေသဖြင့် ဦးသိန်းစိန်၏ လွတ်ငြိမ်း ချမ်းသာခွင့် အပေါ် ပြည်ပတွင်း ပြည်ပတွင် မေးခွန်း ထုတ်လျှက် ရှိသည်။
၁။ အခြေခံပညာအထက်တန်းအောင်မြင်ပြီးသူဖြစ်ရမည်။
၂။ မိဘနှစ်ပါးစလုံး ကွယ်လွန်သူများ၊ မိဘတစ်ပါးပါးကွယ်လွန်သူများ၊ မိဘနှစ်ပါးစလုံးပင်စင်စားများ၊ မိဘနှစ်ပါးစလုံးလစာနည်းဝန်ထမ်းများနှင့်
ကိုယ်ထူးကိုယ်ချွန်ကြိုးစားနေကြသော လစာနည်းဝန်ထမ်းတစ်ဦးဦးဖြစ်ရမည်။
၃။ ပညာသင်ဆုရရှိသင့်ကြောင်း မိသားစုအခြေအနေကိုဖော်ပြထားသော ရပ်ကွက်အုပ်ချုပ်ရေးမှုးထောက်ခံစာ။
၎။ ပြစ်မှုကင်းရှင်းကြောင်း ရဲစခန်းထောက်ခံစာ
၅။ တက္ကသိုလ်ဆရာ၊ ဆရာမ (သို့) အထက်တန်းပြဆရာ/ဆရာမ (သို့) သင်တန်းတစ်ခုခုမှ အကြီးအကဲ သင်တန်းဆရာတစ်ဦးဦး၏ ပညာသင်ဆုပေးသင့်ကြောင်း
ထောက်ခံစာ
၆။ မှတ်ပုံတင်မိတ္တူနှင့် မူရင်း
၇။ အိမ်ထောင်စုဇယားမိတ္တူနှင့် မူရင်း
၈။ ဓါတ်ပုံ ၂ ပုံ
မှတ်ချက်။ ။ LCCI Level I+II အောင်မြင်ပြီးသူများသည် သက်ဆိုင်ရာ သင်တန်းကျောင်းမှ သင်တန်းတက်ရက်မှန်ကန်ကြောင်းနှင့် ရိုးသားစွာကြိုးစားကြောင်း ထောက်ခံချက်များအရ LCCI III ပညာသင်ဆုအတွက် ဆက်လက်ထည့်သွင်းစဉ်းစားပေးမည်ဖြစ်သည်။
လျှောက်လွှာတင်ရမည့်လိပ်စာ
ဆရာဦးဝင့်ကျော် LCCI ပညာသင်ဆုရွေးချယ်ရေးအဖွဲ့
(MHR သင်တန်းကျောင်း)
အမှတ် (၉၀၅) (၉) လွှာ၊ သံဈေးကွန်ဒို လမ်းမတော်လမ်း၊
လသာမြို့နယ်၊ ရန်ကုန်မြို့။
myanmartraining
မောင်အေး
-------------
စစ်တွေ တက္ကသိုလ်မှ တတိယနှစ် ကျောင်းသား ၂၄ ဦး ကျောင်းထုတ်ခံရကြောင်း သတင်း ရရှိသည်။
ယခုကဲ့သို့ ကျောင်းထုတ်ခံရခြင်းကို စစ်တွေ တက္ကသိုလ်ကျောင်းသားတစ်ဦးက ယခုကဲ့သို့ အတည်ပြု ပြောကြားသည်။
"Semester one နှစ်ဝက် စာမေးပွဲ စစ်တဲ့ နေရာမှာ စာကူးချတဲ့ အတွက် ဖြစ်ပါတယ်။ ရူပဗေဒ ၉ ဦး၊ သတ္တဗေဒ က ၁၀ ဦးနဲ့ တခြား ဘာသာရပ်တွေက ၅ ဦး ဖြစ်ပါတယ်" ဟု သူက ပြောသည်။
ကျောင်းထုတ်ခံရသော ကျောင်းသားများမှာ တတိယနှစ် ကျောင်းသားများ ဖြစ်ကြပြီး ယခုအပတ်အတွင်းက ကျောင်းထုတ်ခံရခြင်း ဖြစ်ကြောင်း သိရသည်။
စစ်တွေမြို့နယ် ပြည်နယ် လွှတ်တော်အမတ် ဦးအောင်မြကျော်မှလည်း ကျောင်းထုတ်ခံရခြင်းကို အတည်ပြု ပြောကြားပြီး သူက " သာမန် ကျောင်းနဲ့ ဆိုင်တဲ့ ကိစ္စရပ်တွေကြောင့် ကျောင်းထုတ်ခံရတာ ဖြစ်တယ်လို့ သိရပါတယ်။ တခြား ကိစ္စရပ်တွေကြောင့်တော့ မဟုတ်ဘူးလို့ သိရပါတယ်။ အသေးစိတ် အချက်အလက်တွေကိုတော့ ကျနော်တို့ စုံစမ်းနေဆဲ ဖြစ်ပါတယ်" ဟု ပြောသည်။
ကျောင်းသားများ ကျောင်းထုတ်ခံရခြင်းနှင့် ပတ်သက်ပြီး အသေးစိတ် အချက်အလက်များ ထွက်ပေါ်လာခြင်း မရှိသေးကြောင်း သိရသည်။
http://www.narinjara.com/detailsbur.asp?id=3252







