MMSA ဘလော့စည်းမျဉ်းများ

* ဘာသာ သာသနာနှင့်လူမျိုးတို့၏ ဂုဏ်ကို ထိခိုက်ပျက်စီးစေတတ်သော အရေးအသားမျိုးကို ရှောင်ရှားရန်၊
* အချင်းချင်း ညီညွတ်မှု့ကို ပျက်စီးစေတတ်သော အကြောင်းများကို ရေးသားခြင်းမှ ရှောင်ရှားရန်၊
* သာသနာနှင့် မအပ်စပ်သော အဖွဲ့ဂုဏ်သိက္ခာကို ငြိုးနွမ်းစေတတ်သော ပုံများကိုတင်ခြင်းမှ ရှောင်ရှားရန်၊
* ပုဂ္ဂိုလ်ရေးဆိုင်ရာများထက် အများနှင့်သက်ဆိုင်သော အကျိုးများစေနိုင်သော ပုံများ စာများကိုသာ ရေးသားရန်၊
* MMSAသည် ပညာရေးအဖွဲ့စည်း ဖြစ်သည့် အတွက်နိုင်ငံရေးနှင့်သက်ဆိုင်သော အရေးအသားများကို ရေးခြင်းမှ ရှောင်ရှားရန်၊
* ဗုဒ္ဓဘာသာနှင့် မိမိတို့လေ့လာနေသော ပညာရပ်ဆိုင်ရာ အကြောင်းအရာများကို ဗဟုသုတအလို့ငှါ ရေးသား မျှဝေကြရန်၊
Showing posts with label ဘာသာရေးပေးစာများ. Show all posts
Showing posts with label ဘာသာရေးပေးစာများ. Show all posts

ဘုရားအလောင်းတော်သည် ဘ၀များစွာ ပါရမီတို့ကို ဖြည့်ကျင့်ရာ၌ ကျင့်စဉ်ကြီးသုံးချက်ကို ဦးထိပ်ထား၍ ကျင့်ဆောင်ခဲ့သည်။ ထိုကျင့်ဆောင်ချက်ကြီးသုံးမျိုးကို “စရိယ ၃-ပါး” ဟူ၍ ခေါ်ကြသည်။ ထို စရိယာ ၃-မျိုးမှာ -

(၁) လောကတ္ထစရိယာ - လောကလူသား ကမ္ဘာသူ ကမ္ဘာသား သတ္တ၀ါအများ ကောင်းစားချမ်းသာရေး အတွက် ကျင့်စဉ်၊

(၂) ဉာတတ္ထစရိယာ - မိမိ၏ နိုင်ငံနှင့် လူမျိုး ကောင်းစားချမ်းသာရေးအတွက် ကျင့်စဉ်၊

(၃) ဗုဒ္ဓတ္ထစရိယာ - သတ္တ၀ါများကို သံသရာဝဋ်ဆင်းရဲမှ ကယ်တင်နိုင်သော သဗ္ဗညုဘုရားဖြစ်ရေး အတွက် ကျင့်စဉ်တို့ ဖြစ်ကြသည်။
ဘုရားအလောင်းတော်သည် ဘ၀တိုင်း ဘ၀တိုင်း ပါရမီဖြည့်ကျင့်တိုင်း ဤကျင့်စဉ်ကြီးသုံးရပ်ကို ဦးထိပ်ထားခဲ့လေသည်။


လောကတ္ထစရိယာ
လောကတ္ထစရိယာ အရ လူ့လောကအပါအ၀င် သတ္တလောကကြီး တရပ်လုံး တိုးတက်ကောင်းစားရေး အတွက် အမြဲကျင့်ဆောင်ခဲ့သည်။ ရှေးအခါက အင်္ဂတိမင်းကြီးသည် မိစ္ဆာအယူရှိသူ ဗြဟ္မဏတို့၏ ၀ါဒကို မှားယွင်းစွာ လိုက်နာပြီး သူ့အသက်သတ်မူ၊ သူ့ဥစ္စာခိုးမူ၊ သူတပါး သားမယားကို စော်ကားကျူးလွန်မူ။ မုသားပြောမူ၊ အရက်သေစာ သောက်စားမူတို့ကို ပြုလုပ်နေသည်။ တစ်တိုင်းပြည်လုံး ငါးပါးသီလ မစောင့်ထိန်းကြဘဲ အကျင့်တရား ပျက်ပြားနေကြသည်။ သမီတော် ရုစာမင်းသမီးက ဟောပြသော်လည်း မလိုက်နာကြပေ။ သမီးတော်၏ အဓိဋ္ဌာန်ပြုမူကြောင့် ဘုရားလောင်းတော် နာရဒရသေ့ ကောင်းကင်မှ ကြွရောက်တန်ခိုးပြ၍ တရားဟောတော်မူမှ အင်္ဂတိမင်းကြီးနှင့်တကွ တစ်တိုင်းပြည်လုံး ငါးပါးသီလ စောင့်ထိန်းကြသည်။ ဤသို့လျှင် လူအများ ကောင်းစားရေးအတွက် ဆောင်ရွက်တော်မူခဲ့လေသည်။


ဉာတတ္ထစရိယာ
ဉာတတ္ထစရိယာ အရ ဘုရားလောင်းသည် မိမိအမျိုးသားတို့ ကောင်းစားရေးအတွက် ဆောင်ရွက်ခဲ့ပုံကို ဘုရားအလောင်း ကျီးမင်းဘ၀တွင်လည်း တွေ့မြင်နိုင်သည်။ ပုရောဟိတ်ပုဏ္ဏားတစ်ဦးသည် ညီလာခံဝင်လာစဉ် ကျီးတစ်ကောင်က မစင်စွန့်ချခဲ့သဖြင့် ကျီးတို့ကို ရွံမုန်းစိတ်နာပြီး ကျီးမျိုးပြုတ်စေရန် ကြံခဲ့ဖူးသည်။ ဘုရင်ဆင်များ၏ မီးလောင်ဒဏ်ရာ အနာကို “ကျီးကန်းအဆီဖြင့် သုတ်လိမ်းမှ ပျောက်ကင်းပါမည်” ဟု လက်စားချေလိုသော စိတ်ဖြင့် မဟုတ်မမှန် သံတော်ဦးတင်ခဲ့သည်။ ဘုရင်လည်း ကျီးကန်းဟူသမျှ ဖမ်းဆီးသတ်ဖြတ်ခိုင်းသည်။

ဘုရားအလောင်းကျီးမင်းသည် မိမိအသက်ကို စွန့်၍ ဘုရင်ထံ အရောက်ဝင်ကာ ကျီးတို့မှာ အဆီမရှိကြောင်း တင်ပြလျှောက်ထားခဲ့သည်။ ထိုသို့ အသက်စွန့်၍ မိမိအမျိုးကျီးကန်းများအတွက် ဘ၀အဆက်ဆက် ကြိုးပမ်းကျင့်ဆောင်ခဲ့သည်။ ဘုရားဖြစ်တော်မူသောအခါကား ပြောဖွယ်ရာမရှိ၊ ရောဟိနီမြစ်ရေခွဲဝေမူနှင့် ပတ်သက်၍ ဆွေတော်မျိုးတော်တို့ စစ်မက်ခင်းကာ လက်နက်ဖြင့် ဖြေရှင်းကြမည်ရှိသောအခါ ကောင်းကင်မှ ကြွသွားတော်မူပြီး ငြိမ်းချမ်းရေးတရား ဟောကြားတော်မူရာ သာကီဝင် ဆွေတော်မျိုးတော်များအားလုံး အသက်ဘေးမှ လွတ်ကာ ချမ်းသာရာ ရခဲ့ကြသည်။


ဗုဒ္ဓတ္ထစရိယာ
ဗုဒ္ဓတ္ထစရိယာ အရ ဘုရားဖြစ်ရေးကျင့်ဆောင်မူမှာ အထူးပြောရန်မလို၊ ဘုရားအလောင်းတော်သည် ဤရည်မှန်းချက်ကြောင့်ပင် ဘ၀များစွာ ပါရမီဖြည့်ခဲ့သည်။ စွန့်ခြင်းကြီးငါးပါး ဖြည့်ကျင့်ခဲ့သည်။ ထိုကျင့်ကြံမူ မှန်သမျှ၏ ပဓာနရည်ရွယ်ချက်မှာ ဘုရားဖြစ်ရေးပင် ဖြစ်သည်။ ထိုရည်ရွယ်ချက်ပြီးမြောက်၍ ဘုရားအဖြစ်သို့ ရောက်တော်မူသောအခါ လူ နတ် ဗြဟ္မာ သတ္တ၀ါအများ၏ အကျိုးစီိးပွားချမ်းသာရေးကိုသာ ၄၅-၀ါ ကာလပတ်လုံး မရပ်မနား ကြိုးစားဆောင်ရွက်တော်မူခဲ့ လေသည်။

ဤသည်မှာ ဘုရားအလောင်းတော်၏ ကျင့်စဉ် စရိယာကြီးသုံးပါးပင် ဖြစ်ပေသည်။

ဆက်ဖတ်ရန်
ပို့စ်တင်သူ ။.............။ Ganda on Wednesday, 10 July 2013

မတ်လ ၂၃၊ ၂၀၁၂
ဒေါ်အောင်ဆန်းစုကြည် မန္တလေးခရီးစဉ်မှစ၍ ရဟန်းပျိုများ၏ နိုင်ငံရေးတက်ကြွစွာဆောင်ရွက်မှုများ အင်တာနက်၊ ဂြိုဟ်တုစလောင်း စသည့်သတင်းများ၌ ကျယ်ပြန့်စွာ တွေ့ရှိရပေသည်။

ဒီမိုကရေစီကို ချစ်မြတ်နိုးခြင်း၊ လူ့အခွင့်အရေးကို လိုလားတောင့်တခြင်း၊ တရားဥပဒေစိုးမိုးရေးကို လိုလားတောင့်တခြင်း စသောအခြေခံအကြောင်းတရားများကြောင့် တစ်ပွင့်တည်းသောကြယ်၊ တစ်ခုတည်းသော အိမ်မက်ဖြစ်သည့် “အောင်ဆန်းသွေးဇာနည်” ကို အင်တိုက်အား တိုက် ထောက်ခံကြိုဆိုကြခြင်း ဖြစ်ပေသည်။

သို့သော် လူငယ် (ရဟန်းပျို) များဖြစ်သည့်အလျောက် စိတ်ခံစားမှုကိုဦးစားပေးကာ ပါးမှာစတေကာကပ်ခြင်း၊ နဖူးစည်းခြင်း၊ အလံကိုင် လွှင့်ခြင်း၊ ဗီနိုင်းများထောင်ခြင်း၊ ဓာတ်ပုံများမြှောက်တင်ခြင်းများပြုလုပ်၍ လွန်လွန်ကဲကဲ အားပေးလာကြသည်ကိုလည်း တွေ့ရပေသည်။

မီဒီယာများကလည်း လွန်ကဲသောအားပေးမှုများကိုသာ ဦးစားပေးဖော်ပြကြသဖြင့် ကျန်ရဟန်းသံဃာများ ဂုဏ်သိက္ခာထိခိုက်ရလောက် အောင် ဣနြေ္ဒပျက်၊ အရှက်မဲ့စွာအားပေးမှုများကို တကမ္ဘာလုံးက သတိထားမိကြပေသည်။

“လူဆိုသည်မှာ နိုင်ငံရေးသတ္တ၀ါဖြစ်သည်” ဟု ဆိုကြပါသည်။ ဘုရားလောင်းလည်း နိုင်ငံရေုးလုပ်ပါသည်။ ဓမ္မနှင့်အဓမ္မ၊ အနိုင်ကျင့်သူနှင့် အနိုင်ကျင့် ခံရသူ၊ ဖိနှိပ်သူနှင့်အဖိနှိပ်ခံရသူ ဘက်နှစ်ဖက်တို့တွင် ဓမ္မဘက်၊ အနိုင်ကျင့်ခံရသူများဘက်၊ အဖိနှိပ်ခံရသူများဘက်မှ ရပ် တည်ကာ ဦးဆောင်ဦးရွက်ပြု၍ ကာကွယ်စောင့်ရှောက်ခြင်း၊ တော်လှန်ရင်ဆိုင်ခြင်းများပြုလုပ်ခဲ့သည့် ဇာတ်နိပါတ်တော်များ များစွာရှိပါ သည်။

ဘုရားလည်း နိုင်ငံရေးလုပ်ပါသည်။ ၀ိဋဋူဘ၀တ္ထုကို ကြည့်ပါ။ နှစ်ပြည်ထောင်မင်းတို့ မြစ်ရေကြောင့် စစ်ခင်းမည့်အရေးကိုကြည့်ပါ။ ရာ ဇောဝါဒဇာတ်ကို ကြည့်ပါ။ မင်းကျင့်တရားဆယ်ပါး ဟောကြားတော်မူခဲ့သည်ကို ကြည့်ပါ။ စရိယသုံးပါးတွင် ဉာတတ္ထစရိယသည် အမျိုး သားနိုင်ငံရေးဖြစ်ပြီး၊ လောကတ္ထစရိယသည် အမျိုးသားနိုင်ငံရေးထက်ကျယ်ပြန့်သည့် ပြည်သူ့နိုင်ငံရေးဖြစ်ပါသည်။

နိုင်ငံရေးလုပ်ရုံနဲ့ အာပတ်မသင့်ပါ။ ဂြိုဟ်တုစလောင်းထောင်ခြင်း၊ လိုင်စင်မဲ့ကားစီးခြင်း၊ အတိုးအပွားယူ၍ ငွေချေးခြင်း၊ အနေသနဖြင့် လာဘ်ရအောင်လုပ်ခြင်းတို့လို ဘုရားတားမြစ်ထားသည့်လုပ်ငန်းမဟုတ်ပါ။ ထို့ကြောင့် ဆရာတော်ဦးဥတ္တမ၊ ဆရာတော်ဦးဝိစာရတို့လို ရဟန်းသိက္ခာ ရဟန်းကျင့်ဝတ်နှင့်အညီ နိုင်ငံရေးလုပ်ကိုင်က ဘုရားအလိုတော်ကျမည်ဖြစ်ပါသည်။

ရဟန်းပျိုသံဃာများအနေဖြင့် ဓမ္မဘက်မှရပ်တည်သည်ကိုလည်းကောင်း၊ အဖိနှိပ်ခံပြည်သူ့ဘက်မှ ရပ်တည်သည်ကိုလည်းကောင်း၊ ဒီမိုက ရေစီသဘောထားအရ ကိုယ့်ဆန္ဒနှင့်ညီသော ပါတီခေါင်းဆောင် အဖွဲ့အစည်းခေါင်းဆောင် မည်သည့်ပုဂ္ဂိုလ်မဆို လွတ်လပ်စွာ ထောက်ခံကြိုဆိုအားပေးသည်ကိုလည်းကောင်း လွတ်လပ်စွာဆောင်ရွက်ခွင့်ရှိပါသည်။ သို့သော် လွတ်လပ်စွာနှင့် စည်းကမ်းပျက်စွာ၊ တက်ကြွစွာနှင့် သရုပ်ပျက်စွာ ခွဲခြားတတ်ရပါမည်။

ဝီရသူလည်း ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံအားပေးပါသည်။ ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံအားပေးသော စာသင်သံဃာများ ငွေကြေးအခက်အခဲကြောင့် တက်ရောက်ခွင့်မရမည်ကို မလိုလား၍ ဒိုင်နာကား (၁၄) စီးငှား၍ ကြိုပို့စီစဉ်ပေးခဲ့ပါသည်။ ငွေလေးသိန်းခန့် ကုန်ကျပါသည်။ စည်းကမ်းမပျက်အောင်၊ ဆူပူမှုမဖြစ်အောင် မစိုးရိမ်နာယကများ၊ နာယကလောင်းလျာများက ကြပ်မတ်ဆောင်ရွက်ခဲ့သော ကြောင့် မစိုးရိမ်သံဃာ နာမည်မပျက်ခဲ့ပါ၊ အရှက်မရခဲ့ပါ။

ရဟန်းတော်များ နိုင်ငံရေးမလုပ်ကောင်းဟု အခိုင်အမာယူဆထားသော မျက်လုံးတစ်ဖက်ကန်းနေသည့် ဒေ၀ဒတ်ဂိုဏ်းသားများလည်း မြောက်များစွာရှိနေသဖြင့် ၎င်းတို့ထောက်ကွက်မရလေအောင် ကိုယ်ကျင့်သိက္ခာပြည့်ဝသောနိုင်ငံရေးကို ကိုယ်ကျင့်သိက္ခာပြည့်ဝစွာ ဆောင်ရွက်သင့်ပါသည်။ ရွှေဝါရောင်သံဃာတော်များ ရှေ့သွားရှိပါသည်။

အဓမ္မကို ဓမ္မဖြင့်၊ ဒေါသကို မေတ္တာဖြင့်၊ လက်နက်ကို ကလောင်ဖြင့် သတ္တိရှိရှိ ရဲရဲဝံ့ဝံ့ တည်တည်ငြိမ်ငြိမ် သိက္ခာရှိရှိ တော်လှန်ရေးဆင်နွှဲကာ အသက်ကိုစတေးသွားခဲ့သော ဘ၀ကိုစတေးသွားခဲ့သော၊ အမျိုးဘာသာသာသနာအတွက် သွေးစက်ချ၍ ပေးဆပ်သွားခဲ့သော အရှင် ကောင်း အရှင်မြတ်တို့ကို ငဲ့ညှာသင့်ပါသည်။

ရဟန်းတော်များအားလုံး ပြည်သူ့အတွက်၊ အမှန်တရားအတွက် အရှက်နှင့်သိက္ခာကို မစွန့်လွှတ်မူ၍ အသက်စွန့်ကာ ပေးဆပ်နိုင်ပါစေ။

ယုံကြည်ချက်နှင့် အသက်ရှင်ပါ။
ခံယူချက်နှင့် ရပ်တည်ပါ။
အသက်သွေးနှင့် ပေးဆပ်ပါ။
သရုပ်ပျက်နိုင်ငံရေးကို အားမပေးပါ။

ဝီရသူ (မစိုးရိမ်)
ဘဒ္ဒန္တ၀ိစိတ္တာဘိဝံသ
ဓမ္မသဟာယကျောင်းနာယက
မစိုးရိမ်တိုက်သစ်
မဟာအောင်မြေမြို့နယ် – မန္တလေး
e-mail.wirathu2012@gmail.com
ဖုန်း ၀၉-၂၀၀၄၀၁၃

http://moemaka.com

ဆက်ဖတ်ရန်
ပို့စ်တင်သူ ။.............။ younger on Monday, 26 March 2012
0 ( မှတ်ချက်ရေးချင်ရင် )
ခေါင်းစဉ်အလိုက်ပို့စ်များ |

စစ်တွေ-ဘူးသီးတောင် သင်္ဘောလိုင်းကို ပုဂ္ဂလိက လက်ထဲမှ အစိုးရလက်ကို ပြန်လည် အပ်နှံရန် ဘူးသီးတောင်မြို့ပေါ်မှ ဆရာတော် ၂၇ ပါးက ကုမ္ပဏီပိုင်ရှင်အား စာရေးတောင်းဆိုလိုက်သည်။

Farry-ship-in-Arakan
" သင်္ဘောခ ဈေးကြီးတဲ့ အတွက် ဆင်းရဲတဲ့ ပြည်သူတွေ စစ်တွေနဲ့ ဘူးသီးတောင်အကြားမှာ သေရေး ရှင်ရေး ဖြစ်နေရင်တောင်မှ ခရီးမသွားနိုင်တော့ဘူး။ ဒါကြောင့် သင်္ဘောခကို အရင် အစိုးရ ဈေးနုန်းနဲ့ ယူနိုင်မလား၊ ယူနိုင်မယ်ဆိုရင်ဆွဲ၊ မယူနိုင်ဘူးဆိုရင် ပုဂ္ဂလိက လက်ကနေ သင်္ဘောလိုင်းကို အစိုးရကို ပြန်အပ်ဖို့ ဦးဇင်းတို့က စာရေးတောင်းဆိုလိုက်တာ ဖြစ်တယ်။ မြို့ပေါ်က ရဟန်းတွေ အကုန်လုံးပါတယ်။ ဆရာတော် ၂၇ ပါးက လက်မှတ်ထိုးပြီး နဂါးမင်း ကုမ္ပဏီ ဦးကျော်ညွှန့်ဆီကို စာရေးတောင်းဆိုလိုက်တာ ဖြစ်ပါတယ်" ဟု ဦးဆောင်ဆရာတော် ဦးသောမက နိရဉ္စရာသို့ မိန့်ကြားသည်။

စစ်တွေနှင့် ဘူးသီးတောင် သင်္ဘောလမ်းကြောင်းမှာ ရခိုင်ပြည်နယ် အတွင်း လူသွား လူလာ အများဆုံး လမ်းဖြစ်ပြီး အစိုးရမှ ပုဂ္ဂလိက လက်ကို ၂၀၁၁ ခုနှစ်မှ လွဲပြောင်းပေးလိုက်သည့် အချိန်မှ စတင်ပြီး သင်္ဘောခ တစ်ကြောင်းကို (၆) ဆထိ မြင့်တင်ကာ ကောက်ခံခဲ့သည်။

" အစိုးရက ကိုင်တွယ်နေတုန်းက စစ်တွေနဲ့ ဘူးသီးတောင် သဘောင်္ခက ကျပ် ၅၀၀ ဘဲရှိတယ်။ ဒါကို ၆ဆထိ တိုးပြီး ၃၀၀၀ ကျပ်ထိ နဂါးမင်း ကုမ္ပဏီက ကောက်ယူတယ်။ ဒါကြောင့် ဘူးသီးတောင်ကနေ စစ်တွေကို တစ်ခါ သွားဖို့ဆိုရင် သာမန် လူတစ်ဦး အနေနဲ့ ငွေ တစ်သောင်း၊ နှစ်သောင်း မရှိရင် သွားလာလို့ မရတော့ဘူး။ သင်္ဘောခမြင့်တက်သွားတဲ့ အတွက် လူတွေ အထူး ထိခိုက်နေပြီး သင်္ဘောမစီးနိုင်တဲ့ အတွက် သင်္ဘောပေါ်မှာ လူတောင် မပါတော့ဘူး။ ဒါကြောင့် ဆင်းရဲတဲ့ ပြည်သူတွေအတွက် ဦးဇင်းတို့က သင်္ဘောခ ဈေးကျအောင် တောင်းဆိုရတာ ဖြစ်ပါတယ်" ဟု ဦးဇင်းသောမက ပြောသည်။

စစ်တွေနှင့် ဘူးသီးတောင် အကြား ပြေးဆွဲနေသော အစိုးရပိုင် ဓည၀တီ (၁)၊ ဓည၀တီ (၂)နှင့် ဓည၀တီ (၃) သင်္ဘောမျာ့းအားလည်း အစိုးရမှ နဂါးမင်း ကုမ္ပဏီိသို့ လွဲပြောင်း ဌားရမ်းထားပြီး အဆိုပါ သင်္ဘောများဖြင့် စစ်တွေ- ဘူးသီးတောင် သင်္ဘောလိုင်းကို ပြေးဆွဲနေသည်။

စစ်တွေ- ဘူးသီးတောင် သင်္ဘောလိုင်းအား ၂၀၁၁ ခုနှစ် ဇူလိုင်လ ၁၂ ရက်နေ့က စပြီး ပုဂ္ဂလိက လက်ကို လွဲပြောင်း ပေးအပ်ခဲ့ပြီး ယခုလ (မတ်လ) ၂၆ ရက်နေ့တွင် နောက်ထပ် တနှစ်သက်တမ်း အတွက် အစိုးရနှင့် နဂါးမင်း ကုမ္ပဏီအကြား စာချုပ် ချုပ်ဆိုရန် စီစဉ်နေကြောင်း သိရသည်။

" ဦးဇင်းတို့က နောက်ထပ် စာချုပ် မချုပ်ဆိုမှီမှာ ကုမ္ပဏီဆီကို စာရေးအကြောင်းကြားထားတယ်။ တကာ ဦးကျော်ညွှန့် ဆီကတော့ ဘာမှ အကြောင်းပြန်ကြားတာမျိုး မရှိသေးဘူး။ ဒါပေမယ့် ဦးဇင်းတို့ တောင်းဆိုတာကို မလိုက်လျော့ရင် နိုင်ငံတော်ထိ တိုင်ကြားမယ်။ တစ်ဆင့်ပြီး တစ်ဆင့် လုပ်သွားမယ်။ တစ်နေ့ လုပ်အားခ ကျပ် ၁၀၀၀ တောင် မရတဲ့ ဦးဇင်းတို့ ဒေသက လူတွေ ဒီသင်္ဘောခ ဈေးကြီးတာကြောင့် တော်တော့ကို အခက်ကြုံနေရပါတယ်" ဦးဇင်း သောမက ပြောသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး နဂါးမင်း ကုမ္ပဏီသို့ ဆက်သွယ်မေးမြန်းရန်ကြိုးစားသော်လည်း ဆက်သွယ်၍ မရရှိခဲ့ပါ။

ယခုကဲ့သို့ သင်္ဘောခ ဈေးကြီးသွားသဖြင့် ကြုံတွေ့နေရသော အခက်အခဲကို ဘူးသီးတောင် သင်္ဘောဆိပ်မှ အမျိုးသမီးတစ်ဦးအား မေးကြည့်ရာ သူက ယခုလို ပြောသည်။

" စစ်တွေနဲ့ ဘူးသီးတောင်အကြားမှာ ခရီးသွားမယ်ဆိုရင် ကားလမ်းလည်း မရှိတဲ့ အတွက် ဒီရေလမ်း တစ်ခုတည်းကိုဘဲ အားကိုးသွားနေကြရတာ ဖြစ်ပါတယ်။ ခုလို ပြည်သူတွေ အားကိုးအားထားပြုနေရတဲ့ လမ်းကို အစိုးရက ပုဂ္ဂလိက လက်ကို အပ်လိုက်တဲ့ အတွက် ပုဂ္ဂလိက ကုမ္ပဏီက သူတို့ တစ်ခုတည်းရဲ့ အကျိုး အမြတ်ကို ကြည့်ပြီး သင်္ဘောခ လက်မှတ် တစ်စောင်ကို ကျပ် ၃၀၀၀ ထိတင်လိုက်ပါတယ်။ ဒီငွေဟာ တတ်နိုင်တဲ့ သူတွေ အတွက် ဘာမှ မဟုတ်ပေမယ့် လက်လုပ် လက်စားတွေ အတွက် မတတ်နိုင်တဲ့ ငွေကြေး ဖြစ်ပါတယ်။ ဒါကြောင့် ရသေ့တောင်၊ ညောင်ချောင်းတို့ကနေ ဘူးသီးတောင်တို့ မောင်တောတို့ကို လာပြီး ဟင်းသီး ဟင်းရွက်တွေ လာရောင်းတဲ့ သူတွေလည်း လာမရောင်း နိုင်တော့ဘူး။ သူတို့ တော်တော်ကို အခက်အခဲဖြစ်သွားပါတယ်" ဟု ပြောသည်။

ဘူးသီးတောင်မြို့ပေါ်မှ ကျောင်းဆရာ တစ်ဦးဖြစ်သူ ကိုကျော်ချေကလည်း သူ့အမြင်ကို ယခုလို ပြောသည်။

" အစိုးရက ကျွန်တော်တို့ ရခိုင်ပြည်နယ်မှာ လူထုတွေအတွက် ဘာမှ တာဝန်ယူ လုပ်ပေးချင်တဲ့ ဆန္ဒမရှိဘူးလို့ ပြောလို့ ရတယ်။ အစိုးရဘက်က နစ်နာမယ့် အလုပ်ဆိုရင် ပုဂ္ဂလိက လက်ကို လွဲပေးလိုက်တာချည်းပါဘဲ။ လျှပ်စစ်မီး ဆိုရင်လည်း အမြတ် မရှိတော့ ပုဂ္ဂလိက လက်ကို လွဲပေးထားတယ်။ ဒီသင်္ဘောလိုင်းဆိုရင် ဒီလောက် လူသွား လူလာများတာကို အစိုးရက အမြတ်ကို ကြည့်ပြီး ပုဂ္ဂလိက လက်ထဲကို ထိုးအပ်ထားလိုက်တယ်။ ပြည်သူတွေ ဒုက္ခဘယ်လို ဖြစ်နေတယ်ဆိုတာ သူတို့ မစဉ်းစားဘူး။ ဒါကြောင့် အစိုးရ အပေါ် ဘယ်ပြည်သူမှ အားမကိုးဘူး။ မလေးစားဘူး" ဟု သူက ပြောသည်။

ရဟန်းတော်များ အနေဖြင့် စစ်တွေ- ဘူးသီးတောင် သင်္ဘောလိုင်းကို အစိုးရလက်ထဲ ပြန်လည် ရောက်ရှိရန်အတွက် သူတို့ဘာသာ သူတို့ အတတ်နိုင်ဆုံး ကြိုးစားဆောင်ရွက်သွားမည် ဖြစ်ပြီး ပြည်သူ လူထုအား စည်းရုံးပြီး လူထု လူပ်ရှားမူ ပြုလုပ်ကာ တောင်းဆိုသွားရန် လောလောဆယ်တွင် အစီအစဉ် မရှိကြောင်း ဦးသောမက ပြောကြားသွားသည်။


-------------------------------------------------------------------------------------------------------------------------------
.: နိရဉ္စရာမှ သတင်း

ဆက်ဖတ်ရန်
ပို့စ်တင်သူ ။.............။ younger on
0 ( မှတ်ချက်ရေးချင်ရင် )
ခေါင်းစဉ်အလိုက်ပို့စ်များ |

သမ္မတကြီး ဦးသိန်းစိန်ထံသို့ အိတ်ဖွင့်ပေးစာ (၉-၃-၂၀၁၂)

သမ္မတကြီးခင်ဗျာ ...

ဦးပဉ္စင်းသည် မြစ်ဆုံကိစ္စမှစ၍ သမ္မတကြီးကို လေးစားကြည်ဖြူလာခဲ့သူ ဖြစ်ပါသည်။ ယခုလည်း သမ္မတကြီးတို့ ဆောင်ရွက်နေသည့် ငြိမ်းချမ်းရေးကိစ္စ၊ အမျိုးသားပြန်လည်သင့်မြတ်ရေးကိစ္စ၊ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေး ကိစ္စမှန်သမျှကို ဆက်လက်ထောက်ခံ အားပေးနေဆဲဖြစ်ပါသည်။

သမ္မတကြီး၏ မိန့်ခွန်းထဲ၌ အစိုးရသက်တမ်း တနှစ်တာကာလအတွင်းမှာ အကျဉ်းသားပေါင်း ၂၈,၀၀၀ ကျော်ကို လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့ကြောင်း၊ ထိုသို့ ပေးခဲ့ခြင်းမှာလည်း အမျိုးသားပြန်လည်ပေါင်းစည်း ညီညွတ်ရေးနှင့် နိုင်ငံတည်ဆောက်ရေးမှာ အားလုံးပါဝင်ခွင့်ရရှိရေးအတွက် ရည်ရွယ်ခြင်းဖြစ်ကြောင်း၊ သမိုင်းတလျှောက်အရ တနှစ်အတွင်း၌ အကြိမ်ရေအများဆုံးပေးခဲ့သည့် လွတ်ငြိမ်းချမ်းသာခွင့်အဖြစ် မှတ်တမ်းအသစ်တင်ရမည် ဖြစ်ကြောင်း ဂုဏ်ယူဝင့်ကြွားစွာ ပြောကြားခဲ့သည်ကို တွေ့ရပါသည်။

ထို့အပြင် “ပွင့်ပွင့်လင်းလင်းပြောရရင် ကြားဖြတ်ရွေးကောက်ပွဲမှာ အားလုံးပါဝင်ခွင့်ရရှိရေးကို မျှော်မှန်းပြီး ဇန်န၀ါရီလအတွင်းမှာ ၂ ကြိမ်တိုင်တိုင် ဆောင်ရွက်ပေးခဲ့တာလည်း ဖြစ်ပါတယ်” ဟု လွတ်ငြိမ်းချမ်းသာခွင့် ပေးရခြင်း၏ အကြောင်းကို ပွင့်လင်းစွာ ပြောပြသွားသည်ကိုလည်း တွေ့ရပါသည်။ လွတ်လပ်ခြင်းအလှူ ပေးလှူခဲ့ခြင်းနှင့် ပတ်သက်၍ သမ္မတကြီးသည် ဂုဏ်ယူဝင့်ကြွားထိုက်သည်ကို ဂုဏ်ယူဝင့်ကြွားခဲ့ခြင်း ဖြစ်သည်ဟု ထင်မြင်ယူဆမိပါသည်။ သို့သော် သမ္မတကြီးသည် လက်ကျန် ယုံကြည်ချက်အကျဉ်းသားများ လွတ်ငြိမ်းချမ်းသာခွင့်နှင့် ပတ်သက်၍ကား အရိပ်အမြွက်မျှပင် ပြောကြားခဲ့ခြင်းမရှိသည်ကို တွေ့ရှိခဲ့ရပါသည်။

သမ္မတကြီးခင်ဗျာ ...

လက်ရှိထောင်ထဲမှာ ကျန်ရစ်ခဲ့ကြသော ယုံကြည်ချက်အကျဉ်းသားများသည်လည်း အမျိုးသားပြန်လည် ပေါင်းစည်းညီညွတ်ရေး၊ နိုင်ငံတည်ဆောက်ရေးနှင့် ကြားဖြတ်ရွေးကောက်ပွဲတို့မှာ ပါဝင်ခွင့်မရှိကြတော့ဘူးလား ခင်ဗျာ။ သူတို့ကို ချန်ထားခဲ့ခြင်းကြောင့် သမ္မတကြီး မျှော်မှန်းသည့် “အားလုံးပါဝင်ခွင့်” သည် ပြီးပြည့်စုံသော မျှော်မှန်းချက်ဟု ပြော၍ ဖြစ်နိုင်ပါမည်လားခင်ဗျာ။

သမ္မတကြီးခင်ဗျာ ...

ထောင်ကျသူချင်းအတူတူ မိဘက လွတ်လာပြီး သားသမီးက ကျန်နေခဲ့လျှင်၊ ဆရာက လွတ်လာပြီး တပည့်များက ကျန်နေခဲ့လျှင်၊ လွတ်လာသည့် မိဘဆရာသမားများ စိတ်ချမ်းသာစွာ၊ စိတ်ဖြောင့်စွာ နေထိုင်နိုင်ပါမည်လား ခင်ဗျာ။ ကျန်ရစ်သူ တပည့်သားသမီးများကရော ပိုပြီးအားငယ်၊ ပိုပြီးဝမ်းနည်းနှင့် စိတ်ပိုင်းဆိုင်ရာချို့ယွင်းမှုများ ဖြစ်မလာနိုင်တော့ဘူးလားခင်ဗျာ။ ပြန်ခဲ့သူနှင့် ကျန်ခဲ့သူအပေါ် သမ္မတကြီး စက္ကန့်ပိုင်းလေးလောက် ကိုယ်ချင်းစာကြည့်စေချင်ပါသည်ခင်ဗျာ။

သမ္မတကြီးခင်ဗျာ ...

ပြစ်မှုတူ၊ ပြစ်ဒဏ်တူ၊ ပုဒ်မတူချင်းဖြစ်ပါလျက် အချို့ကို လွှတ်ပြီး၊ အချို့ကို မလွှတ်ဘဲ ထားခဲ့ခြင်းကြောင့် သမ္မတကြီး ပေးသည့် လွတ်ငြိမ်းချမ်းသာခွင့်သည် မျှတမှုရှိသည့် လွတ်ငြိမ်းချမ်းသာခွင့်ဟု ဆိုနိုင်ပါမည်လား ခင်ဗျာ။ သမ္မတကြီး၏ လွတ်ငြိမ်းချမ်းသာခွင့်အမိန့်သည်လည်း တရားမျှတသည့် အမိန့်ဖြစ်နိုင်ပါမည်လား ခင်ဗျာ။ သမ္မတကြီးသည်လည်း တရားသောမင်း ဖြစ်နိုင်ပါမည်လား ခင်ဗျာ။

ဘုရားလောင်း ဇနသန္ဒမင်းကြီး နန်းတက်စကာလ၌ ထောင်တံခါးများ အရှင်းဖွင့်၍ လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့ဖူးသည့် သာဓက ရှိခဲ့ဖူးပါသည်။ သမ္မတကြီးအနေဖြင့် ထောင်တံခါးများ ဟင်းလင်းဖွင့်၍ အရှင်းမလွှတ်နိုင်တောင် ယုံကြည်ချက်အကျဉ်းသားများကိုတော့ တယောက်မကျန် လွှတ်ပေးသင့်သည်ဟု ယုံကြည်မိပါသည်။ ကိုယ့်အိပ်ကပ်ထဲမှ စိုက်ထုတ်လှူရသည့် အလှူဒါနမျိုး မဟုတ်သောကြောင့် လွတ်ငြိမ်းချမ်းသာခွင့်တည်းဟူသော လွတ်လပ်ရေးအလှူကြီးကို တွန့်တိုဆုတ်နစ်မှုမရှိဘဲ အမြန်ပေးလှူစေလိုပါသည်။ သို့မှသာ သမ္မတကြီး မျှော်မှန်းသည့် ဒီမိုကရေစီနိုင်ငံတော်ကြီးသို့ အမြန်လျှောက်လှမ်းနိုင်မည် ဖြစ်ပါသည်။ အကြောင်းမှာ ဒီမိုကရေစီနိုင်ငံတော်များ၌ နိုင်ငံရေးအကျဉ်းသား (ယုံကြည်ချက်အကျဉ်းသား) မရှိသောကြောင့် (၀ါ) နိုင်ငံရေးအကျဉ်းသားရှိနေလျှင် ဒီမိုကရေစီနိုင်ငံ မပီသသောကြောင့် ဖြစ်ပါသည်။

၁၃-၁-၂၀၁၂ နေ့ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် မြစ်ကြီးနားအကျဉ်းထောင်မှ လွတ်လာသူ ...

ဦးပဉ္စင်း ဝီရသူ (မစိုးရိမ်)
ဓမ္မသဟာယကျောင်း၊ မစိုးရိမ်တိုက်သစ်
မဟာအောင်မြေမြို့နယ်၊ မန္တလေးတိုင်းဒေသကြီး။

http://drlunswe.blogspot.com/






ဆက်ဖတ်ရန်
ပို့စ်တင်သူ ။.............။ younger on Saturday, 10 March 2012
0 ( မှတ်ချက်ရေးချင်ရင် )
ခေါင်းစဉ်အလိုက်ပို့စ်များ |



ငွေရဖို့အတွက် နိုင်ငံရေးလုပ်သော ဘုန်းကြီးများကြောင့် ဝမ်းနည်း စိတ်ထိခိုက်ရကြောင်း သီရိလင်္ကာ မှ သံဃာတစ်ပါး မိန့်ကြား ( ပေးစာ - ၅၇ )
11:14 Myanmar Express Group 5 comments

ဦးဇင်း က ယခုလောလောဆယ် သီရိလင်္ကာနိုင်ငံမှာ ပညာတော်သင်နေတဲ့ ဦးဇင်းတစ်ပါးပါ.. ဒကာ သို့မဟုတ် ဒကာမတို့ ဝက်ဆိုဒ်ကို ခုမှ ဖတ်ဖြစ်တာပါ. တခြားနိုင်ငံရေး ဝက်ဆိုဒ်တွေလည်း ဖတ်ပါတယ်. ဦးဇင်းအမှန်တကယ်အကြောင်းအရာလေးတွေ ကိုယ်တွေ့ဖြစ်ရပ်ကလေးတွေကို တင်ပြချင်ပါတယ်။ မတင်ပြခင်မှာ ဦးဇင်းကဘယ်နိုင်ငံရေး အဖွဲ့အစည်းအလုပ်တွေကိုမှ စိတ်မဝင်စားသလို နိုင်ငံတော်က ကောင်းတယ်မကောင်းဘူးဆိုတာလည်း စိတ်မဝင်စားပါဘူး။။ ဦးဇင်းက အသက်ခု ၂၉ နှစ်ပါ။ ဘုန်းကြီးဖြစ်တော့ ဘုန်းကြီးနဲ့ဆိုင်တာပဲ လုပ်ဆောင်နေပါတယ်။

ဦးဇင်းသီဟိုကို စာသင်ဖို့ရောက်လာတာ ကြာပါပြီး ယခုလည်း သင်ကြားနေဆဲပါ။ ဟိုတုန်းက စရောက်တုန်းကတော့ နားမလည်ပါဘူး။။ နိုင်ငံရေလုပ်တဲ့ ကိုယ်တော်တွေက အတင်းခေါ်တယ် ပြီးတော့ ဘုရားဖူးပုံစံမျိုးတွေနဲ့ ဦးဇင်းတို့ အသစ်ရောက်လာတဲ့ ဘုန်းကြီးတွေခေါ်ပြီး.. လမ်းလျောက်ကြမယ်ဘာညာဆိုပြီးပြောပါတယ်. ပြောတော့လည်း အမှန်တရားကို မသိသေးပါဘူး။။ လမ်းတွေပါတွေလျောက်ပြိးမှ သူတို့က ဓါတ်ပုံတွေရိုက်ဘာညာနဲ့ ပြိးလည်းပြိးရော နိုင်ငံရေးသမားတွေ ဖြစ်နေတယ်။ ဘယ်နေ့က သံဃာဘယ်လောက် ဦးဆောင်ပြီး ဘာအတွက် လမ်းလျောက်ကြတယ်ဆိုပြီး နိုင်ငံရေးသတင်းစားတွေထဲမှာ ထည့် ပြီး ဝေဝေဆာဆာကြေငြာတော့မှ သိရတာပါ. ဥိးဇင်းတို့ ကို အသုံးချကြပါတယ်။ အသုံးချခံလိုက်ရတဲ့ ကိုယ်တော် တွေမနည်းပါဘူး ဒီမှာ။

အဲဒီလိုလုပ်ဖို့အတွက်လည်း သူတို့ကို တခြားနိုင်ငံတွေ ငွေပေးပါတယ်။ ဥိးဇင်းကိုယ်တိုင်လည်း စိတ်မဝင်းစားပါဘူး။။ ယခုလက်ရှိ သီရိလင်္ကာမှာ စာသင်နေတဲ့ ဘုန်းကြီးတွေ အကုန်ဆို ၂၅၀ ကျော်နဲ့ သီလရှင် ၁၇ ပါးပါတ်ဝန်ကျင်လောက်ရှိမယ်။ နိုင်ငံရေးလုပ်နေတဲ့ ကိုယ်တော်တွေက အများဆုံး ၁၀ ပါပါး။ တခြားသူတွေကိုတော့ ဘာကိစ္စရှိ လို့ လာကြပါ..ဘာညာခေါ်ပြီးမှ သူတို့က ဓါတ်ပုံတွေရိုက်ကြ ပြီးလည်းပြိးလည်းပြီးရော အင်တာနက်မှ သူတို့တွေက မကျေနပ်လိုပါညာဆိုပြီါ်တင်လိုက်ပါတယ်။ အဲဒိလို သူတို့လုပ်လို့လည်း ဒီမှာ ပြသာနာတွေ မကြာကြာတက်ကြပါတယ်။ အများစု ကိုယ်တော်တွေက လုံးဝဝါသနာမပါကြပါဘူး။

သီရိလင်္ကာကျောင်းသားများဘလော့ဆိုပြီး ရှိပါတယ် ( http://www.lankamsma.org/) . ဒါပေမယ့် ဘယ်သူမှ စိတ်မဝင်စားပါဘူး။ ဥဲီးဇင်းစိတ်မကောင်းဖြစ်ရတဲ့ အကြောင်းတစ်ခုကတော့.. သူတို့နိုင်ငံရေးလုပ်သူတွေက ညနေခင်တစ်ခုမှာ မြန်မာကျောင်းရဲ့ ဗောဓိပင်အောက်မှာ ထိုင်ခုံးတွေချပြီး စည်းဝေးကြပါတယ်။ ဦးဇင်းလည်း အဲဒီတုန်းက ကိစ္စတစ်ခုကြောင့် ရပ်ကြည့်နေခဲ့မိတယ်။ သူတို့ နောက်ဆုံး ရွေးကောက်ပွဲကို မကြေနပ်ကြောင်း စည်းဝေးနေတဲ့ ပုံတွေကို ဒီကနေ သံဃာတပ်ပေါင်စုထံကို ဓါတ်ပုံပြရမယ်တဲ့ စည်းဝေးနေတဲပုံတွေကို.. သူတို့တွေပဲ ဓါတ်ပုံတွေရိုက်ကြပြုကြနဲ့ နောက်ဆုံးမှာ အလံတစ်ခုကိုမီးရှိုးလိုက်ကြတယ်။။ အလံက တစ်မျိုးဖြစ်နေတော့ ဘေးက သူငယ်ချင်းတစ်ဦးကိုမေးလိုက်တယ်။ ဘယ်နိုင်ငံကအလံလည်းလို့ .. သူငယ်ချင်းက ပြန်ပြောတယ် မြနိမာအလံတဲ့။ ဦးဇင်းက ဦးဇင်းသိတဲ့ အလံက စပါးနှံပါတဲ့ အလံခုက ဘယ်လိုပုံလည်းဆိုတော့ ပြောင်းထားတာ ကြာပြီးလို့ ပြောတယ် . ဦးဇင်းအဲဒီအချိန်အထိ လုံးဝကိုမသိတာ အလံပြောင်းလားမပြောင်းဘူးလားဆို။။

သီရိလင်္ကာ မှ ဘာသာရေးမလုပ်ပဲ နိုင်ငံရေးလုပ်သူ ဘုန်းကြီးများ ငွေရဖို့ နိုင်ငံတော်အလံကို မီးရှို့ကြစဉ်

တော်တော်လေးကို စိတ်ထိခိုက်သွားတယ်။။ မိမိနိုင်ငံတော်အလံကို မီးရှို့ဖျက်စီးတဲ့ သူတွေက လူမဟုတ်ပဲ ဘုန်းကြီးတွေဆိုတော့.. ဥိးဇင်းတကယ် ဝမ်းနည်းသွားမိတယ်။ ပြိေးတာ့ သူတွေပဲ ဘယ်နိုင်ငံကတော့ ငွေဘယ်လောက်ရတယ်။။ ဘာညာနဲ့ တွက်နေကြတယ်။။

စာလည်းသိပ်မရေးတက်ဘူး။။ တကယ်လို့ စာလုံးတွေ အစီအစဉ်မရှိဘူးဆိုရင် ပြန်ပြိးပြန်ဖတ်ပေးကြပါ။ နောက်ဆုံးပြောချင်တာကတော့ သီရိလင်္ကာမှာကျောင်းတက်နေတဲ့ ဘုန်းကြီး ၁၀၀ မှာ ၉၉ သည် နိုင်ငံရေးကို လုံးဝစိတ်ဝင်စားသူများမဟုတ်ပဲ စာကိုသာ သီးသန့် လာရောက်သင်ကြားနေတာပါ။။ ဓါတ်ပုံထဲမှာ အများကြီးဆိုတာက သူတို့တွေ လုပ်စားကြတာဖြစ်ပါတယ်။ တစ်ခါတစ်လေ လုံးဝကိုမသိလိုက်ပဲ ဓါတ်ပုံတွေ ရိုက်ခံလိုက်ကြရတာရှိပါတယ်။။

အသေးစိတ်သိချင်ရင်တော့ မေးပါ သီးသန့်ကိုဖြေကြားပေးပါမယ်။။ အတိအကျကိုပြောပေးပါမယ်.. သူတိုလုပ်ရပ်တွေက အောက်တန်းကျတယ်.. ငွေပေးတာယူပြိး ဘုန်းကြီးတွေကို ခုတုံးလုပ်တယ်။ လုပ်သူက အနည်းစုပါ။။

ဦးဇင်းရေးထားတဲ့စာကို ပြင်ဆင်ပြီး ဒကာကြီးတို့ ဘလောမှာ အများမြင်သာအောင်တင်နိုင်ပါတယ်။။ သူတို့လုပ်ရပ်တွေကို ဦးဇင်းက အတွင်းကျကျအကုန်သိပါတယ်။ ကြည်ညိုလိုမရပါဘူး။။

ဦးဇင်းရဲ ဒီအကောင့်ကိုတော့ လုံးဝဖေါ်မပြပါနဲ့ လိုတောင်းပါတယ်..

အားလုံးကျန်းမာချမ်းသာကြပါစေ...

( စာပို့ပေးလို့ ကျေးဇူးတင်ပါတယ် ဘုရား၊ လုံခြုံရေးကို ဂရုစိုက်ပါ ဘုရား၊ ဘာသာရေး မညိုးနွမ်းအောင်နဲ့ သံဃာတွေကို လူတွေက အကြည်အညိုမပျက်စေဖို့ အချင်းချင်းလည်း တက်နိုင်သလောက် ထိန်းသိမ်းပေးဖို့ မေတ္တာရပ်ခံပါတယ်ဘုရား - MEG )

ဆက်ဖတ်ရန်
ပို့စ်တင်သူ ။.............။ younger on Sunday, 4 March 2012
0 ( မှတ်ချက်ရေးချင်ရင် )
ခေါင်းစဉ်အလိုက်ပို့စ်များ |

ထိုင်းနိုင်ငံ ချင်းမိုင်မြို့ ( ဒုတိယမြို့တော်)၌ ပညာနို့ရည်သောက်စို့နေသော မြန်မာရဟန်းသံဃာတော် အများ အပြားရှိသည့်အနက် စာသင်နှစ်၂၀၁၁- ၂၀၁၂ အတွင်း စာသင်သားသံဃာတော် (၄) ပါး B.A (Eng) ဘွဲ့ ရရှိကြောင်း အရှင်ဘုရားတို့ (www.mmsacm.blogspot.com) မှတဆင့် ကြားသိရ၍ အလွန်ပင် အားရဝမ်းသာ မိပါသည်ဘုရား။ “ ကုသိုလ်ပညာ ဥစ္စာရဖို့ သင့်ရာဒေသ အမြဲနေ” ဆိုသလို မိမိနိုင်ငံမှ တိုင်းတစ်ပါးံသို့ ထွက်ခွါ၍ ငွေကုန်ကြေးကျခံ၊ ကြုံရာ ဒုက္ခကိုသည်းခံ၊ ဒေသ ရိုးရာမတူညီသော အခက်အခဲ၊ တခြားသော အခက်ခဲများ ကိုလည်း ကျော်ဖြတ်ပြီး တစိုက်မတ်မတ် သင့်ရာ ဒေသဖြစ်တဲ့ ထို်င်းနိုင်ငံ ချင်းမိုင်မြို့မှာ ပညာရေးမို့ ရှေ့ဆက် အားခဲနေသည်ကို မြင်တွေ့ရ ဖူးတွေ့ရပါ သည်ဘုရား။

၂၀၁၀-၂၀၁၁ စာသင်နှစ်အတွင်း ဘွဲ့ရသံဃာ(၁)ပါးတည်းဖြစ်သော်လည်း ယခုနှစ်မှာ(၄)ပါး ဖြစ်လာသည့် အတွက် ယခင်နှစ်ထက် ပိုမိုတိုးတက်အောင်မြင်မှုတစ်ရပ်ဖြစ်လာခြင်းကိုလည်း ဂုဏ်ယူဝမ်းမြောက် မဆုံးပါ ဘုရား။ ချင်းမိုင်မြို့ မဟာချုလာလင်ကွန်တက္ကသိုလ်တွင် မြန်မာနိုင်ငံလုံးဆိုင်ရာ ပထမဆုံးကျောင်းသား တစ်ဦးလည်းဖြစ၊် မြန်မာကျောင်းသားရဟန်းတော်များအဖွဲ့ ချင်းမိုင်(mmsa)ကို စတင်ထူထောင်အဖွဲ့ဝင် တစ်ဦးလည်းဖြစ်သူ၊ ဦးဝရသာမိ(B.A Eng) မှာ ၂၀၀၇ ခုနှစ် ထိုင်းနိုင်ငံ ချင်းမိုင်မြို့သို့ စတင်ရောက်ရှိပြီး ဂျုနီယာကျောင်းသားများအတွက် လမ်းကြောင်းပြပေးခဲ့သော သူလည်းဖြစ်သည် ။ သူသည် ချင်းမိုင်မြို့ မဟာချူလာလောင်ကွန်း ဘုရင့် တက္ကသိုလ်သို့ ပညာနို့ရည်သောက်စို့ရန် ခက်ခက်ခဲခဲ စွန့်စွန့်စားစား ကျော်ဖြတ်ရင်း ကြိုးစားနေချိန်မှာ သြစတေလျား နိုင်ငံသား Mr. Lorry mous အကူအညီဖြင့် တက္ကသိုလ် တက်ရောက်နိုင်ခဲံ့ကြောင့် သိရသဖြင့် ဦးဝရသာမိအား အထူးပင်ကြည်ညိုဦးခိုက်မိပါသည်ဘုရား။

စီနီယများသည် ဂျူနီယာများအတွက် ဦးဆောင်လမ်းပြဖြစ်သလို ယခုနှစ်ဘွဲ့ရသံဃာတော်များမှာလည်း နောင်လာမည့် ဂျူနီယာများအတွက် ပညာရေးတံတားပေါ်မှာ အောင်မြင်မှုကိုယ်စီဖြင့် လျှောက်လှမ်းနိုင်ရန် လမ်းကြောင်းများကို ကွက်ကွက်ကွင်းကွင်း ထင်သာမြင်သာ အလင်းရောင်ပေး ခဲ့ပြီ မဟုတ်ပါလား ဘုရား။ ဤပညာရေးတံတားပေါ်တွင် အထိုက်အလျောက် အောင်မြင်မှုကို မြင်နေရပြီးဖြစ်သော အရှင်ဘုရား များ နည်းတူ ဘန်ကောက်၊ ချင်းမိုင်း၊ ဟတ်ယိုင်အစရှိသော အထင်ကရ တက္ကသိုလ်များတွင်လည်း ပညာသင်ယူ နေသော မြန်မာစာသင်သား ရဟန်းပျိုအများအပြားရှိနေကြောင်းလည်း သိရပြန်ပါသည်။ ၄င်း ရဟန်းတော် များမှာ ဆိုင်ရာဆိုင်ရာ ဘွဲ့များအသီးသီး ရရှိလာ ကြပြီး များမကြာခင် ပြည်မြန်မာအရေး အမျိုးဘာသာ သာသနာအရေးကို ကာကွယ်စောင့်ရှောက်လျက် ပြည်သူ့အကျိုးကိုလည်း တဖက်တစ်လမ်းကနေ ကူညီသယ်ပိုး နိုင်သော သာသနာ့ အာဇာနည်များ မုချဧကန် ဖြစ်လာမည်ဟုလည်း စာရေးသူ ယုံကြည်ထားကြောင့် လျှောက်ထားလိုပါသည်ဘုရား။ အရှင်ဘုရားတို့အား ဆက်လက်လျှောက်ထားလိုသည်မှာ ယခုဆိုလျှင် ပြည်မြန်မာ၏ သာသနာတော်မှာ ဘာသာရေးနှင့် နိုင်ငံရေး ရောထွေးရှုပ်ပွေနေပါလား လို့တောင် ထင်မိပါ သည်ဘုရား။ မဟန နှင့် စာသင်သား ရဟန်းပျိုများ၊ သာသနာပြုရဟန်းတော်များ၊ ဓမ္မကထိက ရဟန်းတော်များ၊ ပရဟိတ ပြုလုပ် နေကြသော ဆရာတော်ကြီးများအကြားမှာ ပြည်သူ့ဘက် ရပ်တည်ရဟန်း နှင့် အစိုးရ ဘက်လိုက်ရဟန်း ဟူ၍ နစ်မျိုး နစ်စားဖြစ်နေပြီလား ထင်ရလောက်အောင် အခြေအနေတစ်ရပ်ကို မြင်တွေ့ရ ပါသည်ဘုရား။ လက်ရှိ မဟနမှာ အစိုးရဘက်လိုက်လို့ပဲ ဆိုရမလား၊ အစိုးရအလိုတော်ကျ သံဃာတော်များကို ထိမ်းချုပ်ရန် စည်းကမ်းဘောင် ဥပဒေများကန့်သတ်ပြီး ဘုရားစည်းကမ်းနှင့် မလုံလောက်လို့ များလားတော့ မသိပါဘုရား။ မဟန နှင့် ပူးပေါင်းလျက် အစိုးရက ရဟန်းပျိုများ၊ ပရဟိတဆရာတော်များကို "နိုင်ငံရေးလုပ်သည်၊ သာသနာ့နှင့် မသက်ဆိုင်သော အလုပ်များ လုပ်သည်၊ ပိဋကတ်တော်နှင့် မကိုက်ညီသော နိုင်ငံရေးဆန်သော စကား အသုံးအနှုန်းများကို သုံးနှုန်းပြောဆိုသည်” ဆိုပြီး ပုဒ်မအမျိုးမျိုးတပ် ဖမ်းဆီးထောင်ချ ၊ ထောင်မှ လွတ်လာပြန် သော်လည်း မဟနခွင့်ပြုချက်မပါဘဲ ရဟန်းမဖြစ် သိမ်တက် သိက္ခာထပ်ခွင့်မရသော ဖြစ်ရပ်မျိုးကိုလည်း တွေ့မြင်ရပါသည်ဘုရား။ ၄င်း ရဟန်းတော်များမှာ တကယ်တမ်း ဘုရားဥပဒေနှင့် မညီသလား၊ ဘုရားဥပဒေက မပြည့်စုံလို့လား၊ မဟနက ဘုရားထက် ဝါတော်ကြီး၊ စာလည်းတတ်သလား။ မဟနကပဲ မှန်ကန်ပြီး အမျိုးဘာသာ သာသနာအရေး ယုံကြည်ချက်ဖြင့် စိတ်ပါဝင်စားသော ရဟန်းတော်များ သာ ဘုရားတရားတော် နှင့် လွဲမှားနေသလား။ ပြည်သူများမှာ မည်သို့ မည်ပုံခွဲခြား၊ အမှန်ကို ရွေးချည်၊ ကြည်ညိုလေးစား ထောက်ခံ အားပေးရမလဲ၊ ဆိုသော ပြည်သူ့စကားများကိုလည်း ကြားနေရပါသည်ဘုရား။

မြန်မာနိုင်ငံ ဘာသာရေးကို စာရေးသူ ဥာဏ်မှီသလောက် ရှာဖွယ်လေ့လာကြည့်ရာ အတိုချုပ်ပြောရလျင် တပြည်လုံးအဂ်လိပ်၊ ဂျပန် လက်အောက်ခံ ကိုလိုနီကျွန်ဘဝမှ လွတ်မြောက်ရန်၊မြန်မာနိုင်ငံအတွင်း တည်ငြိမ် အေးချမ်းပြီး တရားမျှတသော ဥပဒေတစ်ရပ် စိုးမိုးနိုင်ရန် အမျိုးဘာသာ သာသနာကို ချစ်မြတ်နိုးသော စိတ်ဖြင့် ဝံသာနု ရက္ခိတ တရားတော်များကို ဆရာတော် ဦး ဥတ္တမ ၊ ဆရာတော် ဦး စိန္တာ အစရှိသော ရဟန်းတော်များ ရှေ့ကနေမားမားမတ်မတ်ရပ်တည်ပြီ်း ပြည်သူများနှင့် တထပ်တည်း လက်တွဲခဲ့ဖူးကြောင့် တွေ့ရသည်။ ၂၀၀၇ နစ် နောက်ပိုင်းမှာလည်း အမျိုးဘာသာ သာသနာ ညိုးငယ်မှာ စိုးကြောက်သည်အတွက် ရခိုင်ဆရာတော် ဦး ပညာစာရ၊ ရွှေညဝါဆရာတော် ဦး ပညာသီဟ၊ ရဟန်းပျိုသမဂ္ဂ ဦး ဂမ္ဘီရ၊ ဦး ဝီရသူ အစရှိသော ရဟန်းတော်များက ပြည်သူများနှင့် တထပ်တည်း ပြည်သူ့ဆန္ဒကို ယုံကြည်ချက်ဖြင့် အကောင်အထည်ဖော် ဆောက်ရွက်နေ သည်ကို စာရေးသူ တွေ့မြင်သိရှိရပါသည်ဘုရား။ ရှေ့ နောက် ယှဉ်ကြည့်မည်ဆိုလျင် ရဟန်းတော်များနှင့် ပြည်သူ့အကြား အချင်းချင်း ရိုင်းပင်းကူည်ီ ပြီး ရေနှင့်ကြာလို ဆရာတကာညီညီညွတ်ညွတ် အပြန်အလှန် အကျိုးသယ်ပိုးရာတွင် ရဟန်းတော်များအနေဖြင့် ရှေ့ဆုံးက လမ်းပြသူ၊ အမှောင်ကိုခွင်း အလင်းကိုပေးသူ၊ အကြောင်း အကျိုး အဆိုး အကောင်းကို သင်ပြဆုံးမသူ၊ ဆရာကောင်းပီပီ ကိုယ်ကျိုးစွန့် အနစ်နာခံသူများ မဟုတ်ပါလား ဘုရား ။ သို့ဖြစ်ပါ၍ အင်ဒိယ၊ သီရိလင်္ကာ၊ ထိုင်း အစရှိသော နိုင်ငံခြားတက္ကသိုလ် အသီးသီးများမှ ဘွဲ့တော်များ ရရှိလာသောအရှင်ဘုရားများနှင့် အရှင်တို့လို ရဟန်းပျိုသံဃာများက မြန်မာပြည်၏ အမျိုးဘာသာ သာသနာအရေးကို ဆထက် တပိုးတိုးတက် အောင်မြင်အောင် လုပ်ဆောင်နိုင်မည် ဖြစ်ပါသည်ဘုရား။ စာရေးသူအနေဖြင့် အလှူခံလျှောက် ထားလိုသည်မှာ ကိုယ့်ဘာသာ ကိုယ့်သာသနာ ကိုယ့်လူမျိုးများ မသိမ်ငယ်ရအောင် အတွင်း အပြင် အဓမ္မဝါဒီများကို ဓမ္မစက်ဖြင့် ဖယ်ရှားသုပ်သင်ပြီ ပြည့်သူ့အကျိုးကိုလည်း တစ်ဘက်တစ်လမ်းက ပူးပေါင်းပါဝင်ဆောင်ရွက်တော်မူပါရန် အမျှော်ကြီး မျှော်လင်းလျက် ချင်းမိုင်ဘွဲ့ ရသံဃာများနှင့် ရဟန်းပျိုစာသင်သား သံဃာတော်အပေါင်းတို့အား ရိုသေလေးစားစွာဖြင့် ဦးခိုက် လျှောက်ထား အပ်ပါသည်ဘုရား။


အာရ်လင်းထွဏ်း

မေးလ်သို့ရောက်လာသော ဤပေးစာအား ပြန်ကြားရေးဌာမှတဆင့် အများသိစေရန် တင်ပေးလိုက်သည်။

ဆက်ဖတ်ရန်
ပို့စ်တင်သူ ။.............။ younger on Saturday, 3 March 2012
0 ( မှတ်ချက်ရေးချင်ရင် )
ခေါင်းစဉ်အလိုက်ပို့စ်များ |

အနန္တအတုမရှိ ဗုဒ္ဓမြတ်စွာဘုရား

အလှူရှင်များအား MMSA အဖွဲ့မှ မှတ်တမ်းတင်ဂုဏ်ပြုလွှာပေးအပ်

အလှူရှင်များအား MMSA အဖွဲ့မှ မှတ်တမ်းတင်ဂုဏ်ပြုလွှာပေးအပ်

Mahidol University

International Buddhist Collage

မြန်မာ E Books

ထိုင်းနိုင်ငံ ရောက် ရွှေ့ပြောင်း မြန်မာအလုပ်သားမားများအတွက် ပညာရေး အခွင့်အလမ်းများ

MMSA ပရိတ်သတ်များ

ယခင်ပို့စ်အဟောင်းများ

အားပေးနေသော အပေါင်းသင်းများ

International News

တိုင်းရင်းသားသတင်းဌာနများစုစည်းမှု

သတင်းဌာနများစုစည်းမှု

ဘလော့ဂ်များစုစည်းမှု