MMSA ဘလော့စည်းမျဉ်းများ

* ဘာသာ သာသနာနှင့်လူမျိုးတို့၏ ဂုဏ်ကို ထိခိုက်ပျက်စီးစေတတ်သော အရေးအသားမျိုးကို ရှောင်ရှားရန်၊
* အချင်းချင်း ညီညွတ်မှု့ကို ပျက်စီးစေတတ်သော အကြောင်းများကို ရေးသားခြင်းမှ ရှောင်ရှားရန်၊
* သာသနာနှင့် မအပ်စပ်သော အဖွဲ့ဂုဏ်သိက္ခာကို ငြိုးနွမ်းစေတတ်သော ပုံများကိုတင်ခြင်းမှ ရှောင်ရှားရန်၊
* ပုဂ္ဂိုလ်ရေးဆိုင်ရာများထက် အများနှင့်သက်ဆိုင်သော အကျိုးများစေနိုင်သော ပုံများ စာများကိုသာ ရေးသားရန်၊
* MMSAသည် ပညာရေးအဖွဲ့စည်း ဖြစ်သည့် အတွက်နိုင်ငံရေးနှင့်သက်ဆိုင်သော အရေးအသားများကို ရေးခြင်းမှ ရှောင်ရှားရန်၊
* ဗုဒ္ဓဘာသာနှင့် မိမိတို့လေ့လာနေသော ပညာရပ်ဆိုင်ရာ အကြောင်းအရာများကို ဗဟုသုတအလို့ငှါ ရေးသား မျှဝေကြရန်၊
Showing posts with label ဆေးမြီးတိုများ. Show all posts
Showing posts with label ဆေးမြီးတိုများ. Show all posts

မောင်ရမ္မာ
----------
ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ အဟာရချို့တဲ့နေသော ကလေးငယ် များအား ဒုတိယ အကြိမ်မြောက် ကြက်သားဆန်ပြုတ် ကျွေးမွေးခဲ့သည်ဟု သိရသည်။

2nd-nld
ကြက်သား ဆန်ပြုတ်ကျွေးပွဲကို NLD ရုံးခန်းတွင် မတ်လ ၁၉ ရက်နေ့ နံနက်ပိုင်းတွင် ပြုလုပ်ခဲ့ရာ ကလေးငယ် ၅၀၀ နီးပါး လာရောက် စားသုံးခဲ့သည်ဟု သိရသည်။

ယခုကဲ့သို့ အာဟာရချို့တဲ့နေသော ကလေးငယ်များကို တစ်လလျှင် နှစ်ကြိမ် ကျွေးမွေးသွားရန် တောင်ကုတ် NLD က စီစဉ်ထားပြီး အစီအစဉ်အရ ပထမ အကြိမ် နို့ဆန်ပြုတ်ကျွေးမွေးပွဲကို ယခုလ ၄ ရက်နေ့က ပြုလုပ်ခဲ့ပြီး ယခုကျွေးမွေးခြင်းမှာ ဒုတိယ အကြိမ်မြောက် ဖြစ်သည်။

နောက်လာမည့် လများတွင်လည်း အဟာရ ချို့တဲ့နေသော ကလေးငယ်များအား တစ်လလျှင်နှစ်ကြိမ် နုန်းဖြင့် ကျွေးမွေး သွားမည့်အပြင် ကလေးငယ်များ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးသွားမည်ဟု အမျိုးသား ဒီမိုကရေစီအဖွဲ့ ချုပ် ရခိုင်ပြည်နယ် အတွင်းရေးမှူး ဦးခင်လှက နိရဉ္စရာသို့ ပြောသည်။

"ကျွန်တော်တို့ ရည်ရွယ်ချက်ရှိပါတယ်။ ဘာဖြစ် လို့လဲ ဆိုတော့ ဒီကလေးတွေက မျိုးဆက်သစ် တွေပါ။ သူတို့ကို ပြုစုပျိုးထောင်ပေးရမယ်။ ဒီကလေးတွေဟာ တနေ့မှာ နိုင်ငံကို အကျိုးပြုမည့် သူတွေပါ။ အဲဒီလူတွေအတွက် အဟာရ ပြည့်ဖို့ လိုတယ်။ ပညာတတ်ဖို့လိုတယ်။ ကျန်းမာဖို့ လိုတယ်။ ဒါကြောင့် ကျွန်တော်တို့မှာ အင်အားရှိရင် ရှိသလောက် ပညာရေးမှာ ပံ့ပိုး ကူညီဖို့နဲ့ အခမဲ့ ပညာသင်နိုင်အောင် ကျွန်တော်တို့ လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။"

တောင်ကုတ်မြို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံးကို ၂၀၁၂ ခုနှစ် ဖေဖေါ်ဝါရီလ ၂၂ ရက်နေ့က ဖွင့်လှစ် ခဲ့ပြီး နောက်ပိုင်းမှ စပြီး နိုင်ငံရေးကိုသာမက လူမူရေး အကျိုးပြု လုပ်ငန်းများကို တောင်ကုတ်မြို့နယ် အတွင်း နိုင်သလောက် ဆောင်ရွက်နေကြောင်း သိရသည်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အနေဖြင့် ယခုအခါ စည်းရုံးရေး လုပ်ငန်းများကို ရခိုင်ပြည်နယ် အတွင်း ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နေရာ မတ်လ ၁၈ ရက်နေ့ကလည်း ရသေ့တောင်မြို့နယ် ရုံးကို ဖွင့်လှစ်ခဲ့သည်ဟု သိရသည်။ မတ်လ ၂၅ ရက်နေ့တွင်လည်း စစ်တွေမြို့တွင် ပြည်နယ်ရုံးကို ဖွင့်လှစ် သွားမည်ဟု သတင်းရရှိသည်။


-------------------------------------------------------------------------------------------------------------------------------
.: နိရဉ္စရာမှ သတင်း

ဆက်ဖတ်ရန်
ပို့စ်တင်သူ ။.............။ younger on Thursday, 22 March 2012
0 ( မှတ်ချက်ရေးချင်ရင် )
ခေါင်းစဉ်အလိုက်ပို့စ်များ |

ကမ္ဘာ့ ဆင်းရဲတဲ့နိုင်ငံတွေက ကလေးသန်း ၅၀၀ ကျော်ဟာ အဟာရပြည့်ဝမှုမရှိဘဲ ရှင်သန်နေရတယ်လို့ Save the Children အဖွဲ့ရဲ့ နောက်ဆုံးအစီရင်ခံစာက ဖော်ပြလိုက်ပါတယ်။

အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ ပါကစ္စတန်၊ ပီရူးနဲ့ နိုက်ဂျီးရီးယားအပါအ၀င် ဆင်းရဲတဲ့နိုင်ငံတွေက မိသားစုတွေဟာ အသား၊ နို့၊ ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံ နေ့စဉ် စားသုံးနိုင်ခြင်းမရှိတာကြောင့် ကလေးတွေမှာ ရုပ်ပိုင်း စိတ်ပိုင်း အားနည်းချို့တဲ့နေတယ်လို့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။

ဆင်းရဲတဲ့ မိသားစုမှ ကလေးတွေဟာ နေ့စဉ်စားရဖို့ အလုပ်လုပ်ကြရတာကြောင့် ကျောင်း မတက်နိုင်ကြသလို၊ ကျောင်းရောက်လာတဲ့ ကလေးတွေကလည်း စာရေးစာဖတ်မတတ်ခင် ကျောင်းကို စွန့်ခွာသွားပါတယ်။

ယခုနှစ် ကမ္ဘာ့အစားအစာ ဈေးနှုန်းကြီးမြင့်မှုကလည်း ဆင်းရဲတဲ့နိုင်ငံတွေက ကလေးတွေ အဟာရချို့တဲ့ သေဆုံးစေတဲ့ အကြောင်းပဲလို့ Save the Children က ပြောဆိုပါတယ်။

Save the Children အဖွဲ့မှ အမှုဆောင်ဒါရိုက်တာ Justin Forsyth က နှစ်စဉ် ကလေးသေဆုံမှု ၁၂ သန်းကနေ ၇.၆ သန်းကို ကျဆင်းသွားပေမဲ့၊ ယခုလို အဟာရချို့တဲ့မှုတွေ ဖြစ်နေရင် ကလေးသေဆုံးမှု ပိုများလာဦးမယ်လို့ ပြောပါတယ်။

အစီရင်ခံစာမှာ ကမ္ဘာပေါ်ရှိ ကလေး၎ ယောက်မှာ ၁ ယောက်ဟာ အဟာရချို့တဲ့နေပြီး၊ အဟာရ မပြည့်ဝတဲ့ ကလေးဟာ ခန္ဓာကိုယ်နဲ့ ဦးနှောက် ပုံမှန်ဖွံ့ဖြိုးနိုင်စွမ်းမရှိဘူးလို့ ဖော်ပြထားပါတယ်။

အဟာရချို့တဲ့မှုကြောင့် ကမ္ဘာပေါ်မှာ နှစ်စဉ် ကလေး ၂.၆ သန်း သေဆုံးနေပြီး၊ ဆာလောင်ငတ်မွတ်မှုဟာ အသံတိတ် လူသတ်သမားပဲလို့ Save the Children အစီရင်ခံစာက ဖော်ပြလိုက်ပါတယ်။

ဝင့်ထန်း

http://www.maukkha.org

ဆက်ဖတ်ရန်
ပို့စ်တင်သူ ။.............။ younger on Wednesday, 15 February 2012
0 ( မှတ်ချက်ရေးချင်ရင် )
ခေါင်းစဉ်အလိုက်ပို့စ်များ |

ဂျင်းကို ဆေးမြီးတို အဖြစ်သုံးလာတာ၊ ရာစုတွေ တောင်လွန်ပါတော့မယ်။ ဂျင်းကို ဗိုက် မကောင်းရင်လည်း သုံးတာပါပဲ။ အအေးမိ ဖျားနာ တော့လည်း သုံးတာပါပဲ။ အခုတော့ ဂျေုာ့ဂျီယာ တက္ကသိုလ်က သုတေသီ တွေက လေ့ကျင့်ခန်းကြောင့် နာသွားတဲ့  (မျက်သွားတဲ့ ) ကြွက်သားတွေကို ဂျင်းနေစဉ် စားသုံးခြင်းဖြင့် သက်သာစေတာ တွေ့ရှိ ရပါတယ်။  “ ကြွက်ကလေးတွေမှာ ဂျင်းကြောင့် အင်ဖလေ မေး ရှင်း  (ရောင်ကိုင်းခြင်း) ကို သက်သာ စေတာကို တွေ့ထားပေမဲ့ လူတွေ အပေါ်မှာ ဂျင်းက ပေးနိုင်တဲ့  ကြွက်သား နာကျင်မှု လျော့ကျ စေတာကို တော့ ( ကြွက်သား ရောင်ကိုင်းမှု  လျော့ကျလို့ ၊ ကြွက်သား နာ သက်သာ စေတာကို တော့) ၊ကျယ်ကျယ် ပြန့်ပြန့် ရှာဖွေ ထားတာ မရှိသေးပါဘူး။ (အချို့သုတေသန တွေရှိပါတယ်ဆိုတဲ့  သဘောပါ) လို့ သုတေသီ ပက်ဒရစ်အိုကောနာနဲ့ အဖွဲ့ က ဆိုပါတယ်။ (အဲဒီ အဖွဲ့ မှာ အဖွဲ့ဝင်သုံးဦး ပါပါတယ်။) အခုသုတေသန မှာ  ဘော်လန်တီယာ ၃၄ ဦးကို အပူပေးထားတဲ့ ဂျင်းစိမ်းပါ ကပ်ဆူး၊ နောက်ထပ် ဘော်လန်ဒီယာ ၄၀ ဦးကို အပူပေးထားတဲ့ ဂျင်းပါ ကပ်ဆူးတွေကို  ၁၁ရက် သောက်စေပါတယ်။ နောက်တော့ ဘော်လန်င်္တီယာ အားလုံးကို (၇၄ ဦးလုံးကို ) အာနိသင်မဲ့ပစ္စည်းပါ ကပ်ဆူး ၁၁ ရက်ထပ်သောက် စေပါတယ်။ ကပ်ဆူးတစ်ခုမှာ ဂျင်းဒါမှ မဟုတ် အာနိသင်မဲ့ ပစ္စည်း နှစ်ဂရမ်စီ ပါပါတယ်။ သုတေသန ကာလ ရဲ့ ရှစ်ရက်မြောက် မှာဘော်လန်တီယာ တွေကို အလေးနဲ့ လက်ဆန့် ရတဲ့ လေ့ကျင့်ခန်း ၁၈ ကြိမ် လုပ်ခိုင်းပြီး လက်မောင်း ကြွက်သားကို ဒဏ်ရစေ (မျက်စေ) ပါတယ်။ လက်ရဲ့ အလုပ်လုပ်နိုင်မှု ကြွက်သားတွေ ရောင်ကိုင်းမှု၊ အသား (ကြွက်သား) နာရင် ထွက်တတ်တဲ့ ဇီဝဓာတု ပစ္စည်း တွေကို လေ့ကျင့် ခန်းမလုပ်မီ နဲ့ လုပ်ပြီး သုံးရက်ကြားမှာ စိစစ်ရပါတယ်။ ခုသုတေသနအရ နေ့စဉ်ဂျင်း စားပေးလျှင် ကြွက်သား နာတာကို ၂၅ ရာခိုင်နှုန်း လျှော့ပြီး ဖြစ်စေတယ်။ စားရမယ့် ဂျင်းကို အပူ ပေးစရာမလိုဘူး ဆိုတာပဲ ဖြစ်ပါတယ်။ အိုကောနာက “စီးပွားရေး အရပဲ ပြောပြော ၊ လူမူရေး အရပဲ ပြောပြော၊ ကြွက်သား မျက်တာ အတော်ဆိုးတယ်၊ အဖြစ်လဲ များတယ် ။ သည်လို အဖြစ်ကို ခံစားဖူးသူတွေ ကတော့ အဲဒီအနာကို သက်သာမယ့် ဟာဆို ကြိုဆိုမှာပါပဲ” လို့ ဆိုပါတယ်။
http://webcache.googleusercontent.com

ဆက်ဖတ်ရန်
ပို့စ်တင်သူ ။.............။ လခြမ်းမြီ on Sunday, 27 February 2011
0 ( မှတ်ချက်ရေးချင်ရင် )
ခေါင်းစဉ်အလိုက်ပို့စ်များ |

ကျွန်တော်၏ ကိုယ်တွေ့ဆေးနည်းများကို အများဝေဒနာရှင်များ သိရှိကုသနိုင်ရန် တင်ပြလိုက်ရပါသည်။ လွန်ကဲ့ သော (၈) တန်းကျောင်းသားဘ၀လောက်ကပါ။ ကျွန်တော်၏ ဦးမင်းနှင့် အဒေါ်ရှိရာ မအူပင်မြို့နယ် ရေလဲကလေးကျေးရွာ သို့ မရောက်တာကြာပြီဖြစ်၍ သွားရောက်ခဲ့ပါသည်။ မအူပင်မှ ရေလဲကလေးသို့ ဒေါဂျစ်ကားစီး၍ သွားရပါသည်။ ကားမှာ သံဖင်ထိုင်ခုံဖြစ်ပြီး လမ်းကလည်း ဂ၀ံအတုံးကြီးများ ခင်းသည့်လမ်းဖြစ်ပါသည်။ အသွားအပြန် ဒီကားပဲစီးပြန်ရ၏။ အိမ်ပြန်ရောက်၍ သုံးရက်ကြာသော် တင်ပါးတစ်ပြင်လုံး တစ်လုံးပြီးတစ်လုံး သွေးစုနာများ မရေနိုင်အောင်ပေါက်ပါသည်။ ဆေးမြီးတိုများ လိုက်မေးရာ ဆေးနည်းမှာ -
ထုံးသန့်သန့် (၁) ထုပ်၊
ပျားရည် (အစစ်) (၂) ကျပ်ခွဲသားခန့် (အနည်းငယ်စီ)။
၎င်းကို လက်ဝါးထဲထည့်ပြီး နယ်ပါ။ နှစ်မိနစ်ခန့်ကြာလျှင် ကျောက်ဖြစ်ပါသည်။ အမြန်နယ်ပြီး အနာပေါ် အမြန်လူးပါ။ ချက်ချင်းခြောက်သွားပါသည်။ (၂) ခါလောက်လူးပါက နုလျှင်ပေါက်၊ ရင့်လျှင် မှည့်ပြီး ပြည်ပေါက်ပါသည်။ တစ်ပါးတွင် ဖြစ်ပါက ဖိထိုင်ပေးပါ။

...............

ဆက်ဖတ်ရန်
ပို့စ်တင်သူ ။.............။ လခြမ်းမြီ on
0 ( မှတ်ချက်ရေးချင်ရင် )
ခေါင်းစဉ်အလိုက်ပို့စ်များ |


ဒီပုံမှာပါတဲ့ အရွက်ကတော့ ဗိန္ဒောဆေးအခေါ် *ဣဿရမူလီ* လို့ခေါ်တယ်။
ဦးဟုတ်စိန်အဘိဓာန်မှာတော့ The Indian Brithwort (*Atistolochia indica)* သာမည
ဣဿရီ တဲ့။
ရှမ်းဘာသာကတော့ ၀မ်လီနုတ်ယုံး *(၀၊ခ်ေလီခေူဂ့်ယုင်း*) လို့ခေါ်ပြီး
တရုတ်အခေါ်ကတော့ *ခုံ့ရှော့တန်း* လို့ခေါ်တယ်။
အပင်ကတော့ အစိမ်းရောင် နွယ်ပင်တစ်မျိုးပါ။ ခွာညို၊ ခွာဖြူပန်းလို အိမ်မှာ
အလှစိုက်ထားလေ့ရှိတယ်။
အပွင့်က ဥဒေါင်းငှက်နဲ့ ဆင်တူပြီး အဖြူ။ အ၀ါ၊ အစိမ်း၊ ခရမ်းရောင်
အနဲငယ်သမ်းနေတယ်။
အသီးကတော့ ကင်းမွန်သီးလို ခပ်ဆင်ဆင်ဖြစ်ပြီး အရစ်(အရေးအကြောင်း) အမြောင့်ပါတယ်။
အရွက်ရဲ့ အရသာကတော့ နဲနဲဖန်သလိုလို၊ ကွမ်းရွက်ကဲ့သို့လဲ
အနည်းငယ်ရှိန်းသလိုလိုဖြစ်ပြီး အရသာပေါ့တယ်။

ဘီပိုးရောဂါ၊ စီပိုးရောဂါရှိသူများအတွက် မကြာခင်က သိရတဲ့ ဆေးကောင်းတစ်လက်ပါ။
ဒီဆေးအကြောင်းကို မန္တလေး၊ ကျွဲဆည်ကန်နေ နန်းမွေဖေါင် (2nd Year Law) ကနေတဆင့်
သိရခြင်းပါ။ သူမအဖေရဲ့ မန္တလေး မိတ်ဆွေတစ်ဦး
ဘီပိုးရောဂါဖြစ်ပြီး ယိုးဒယား၊ စင်္ကာပူအထိ သွားကုတာ သိန်းပေါင်းများစွာ
ကုန်ပေမယ့် ရောဂါက မပျောက်ဖြစ်နေတယ်။
စိတ်ပျက်ပျက်နဲ့ မန္တလေးကိုရောက်တော့ မိတ်ဆွေတစ်ယောက်က ဣဿရမူလီ ကို
သုံးကြည့်ခိုင်းတယ်။
သူလည်း (၃)လလောက် အဲဒီအရွက်ကို အစိမ်းလိုက် တစ်နေ့ (၃)ခါ၊ တစ်ခါ လေးရွက်
ငါးရွက်လောက် ၀ါးစားပြီး ရေသောက်လိုက်တယ်။
နောက်ပိုင်း သူ့ရဲ့ အသားအရေလည်း အရင်လို နီကြောင်ကြောင် နီရဲရဲ မဟုတ်တော့ပဲ
အသားအရည်တွေ ၀င်းလာတယ်။ ကြည်လာတယ်။
ကျန်းမာရေးလည်း တော်တော်ကောင်းလာတာတွေ့ရတယ်။ နောက် (၅)လ ကြာတော့ သူယိုးဒယားကို
ဆေးစစ်သွားတော့
ဟိုကဆရာဝန်တွေက အံ့သြစွာနဲ့ သူ့ရဲ့ ဘီပိုးရောဂါ လုံးဝပျောက်သွားကြောင်း၊
ဘာဆေးတွေ သုံးကြောင်း မေးလာတော့
သူက တိုင်းရင်းဆေး ဣဿရမူလီ ဆေးကိုသုံးကြောင်း ပြောလိုက်တယ်။ အခု
သူကျန်းကျန်းမာမာပါပဲ။

*ဆေးသုံးစွဲနည်း*
(၁) အကောင်းဆုံးကတော့ အရွက်စိမ်းကို ၀ါးစားပြီး ရေသောက်တာ ပိုထိရောက်တယ်။
(၂) သုံးခွက် တစ်ခွက် ကြိုသောက်ရင်လည်း ရပါတယ်။
(၃) အရွက်ကို အခြောက်လှမ်းပြီး လက်ဖက်ရည် သောက်သလိုမျိုး သောက်ရင်လည်း ရတယ်တဲ့။

ဓါတ်ပုံကို လားရှိုးမြို့ ရပ်ကွက် (၆) ရွှေလီကျောင်းအနီး၊
ဒေါ်နန်းရွှေကျောင်းအိမ်မှာ သွားရိုက်ထားခြင်းဖြစ်တယ်။
ဣဿရမူလီ မှတဆင့် ဘီပိုးအတွက် စီပိုးအတွက် ဆေးကောင်းတစ်လက်အဖြစ် ဆက်လက်
တိုးတက်အောင် ဖေါ်ဆောင်နိုင်ပါစေ။

*သင်ရဲ့ မိတ်ဆွေထံ ဆက်လက် လက်ဆင့်ကမ်းပြီး ဘေသဇ္ဇဒါန (ဆေးအလှူ) အဖြစ်
ကုသိုလ်ယူကြပါရန် . . . . *

..................

မေတ္တာဖြင့်
တောင်တန်းသာသနာပြုဆရာတော်
စ၀်ဆုခမ်း (တန့်ယန်း)

ဆက်ဖတ်ရန်
ပို့စ်တင်သူ ။.............။ ( MMSA ) on Saturday, 25 December 2010
0 ( မှတ်ချက်ရေးချင်ရင် )
ခေါင်းစဉ်အလိုက်ပို့စ်များ |

• သံပုရာသီးကို ထက်ခြမ်းခြမ်းပြီး ရေနွေးပူပူနဲ့စိမ် အေးသွားတဲ့
အရည်ခါးကိုသောက်ပေးမယ်ဆိုရင် သွေးတိုးကို ထိန်းနိုင်တဲ့အပြင် ကိုယ်လက်လှုပ်ရှားမှုလေးပါတွဲလုပ်မယ်ဆိုရင် အဆီကျစေတဲ့ သဘာဝဆေးနည်းလေးပါ
သံပုရာရည်သောက်တာမဟုတ်ပဲ အခွံကဓာတ်ကို အသုံးပြုတာမို့ နေ့တိုင်းအသုံးပြုနိုင်ပါတယ်
• အများက ဘောလုံးပန်းလို့ခေါ်ကြတဲ့ ဥကပွင့်တဲ့အပင်တစ်မျိုးရဲ့ ဥဟာ မြွေဆိပ်ကို ထိန်းထားနိုင်ပါတယ်
သူ့ကို ၀ါးခြေပြီး တစ်ဝက်ကဒဏ်ရာကိုအုံထားပေးပါ တစ်ဝက်ကို စားမယ်ဆိုရင် မြွေဆိပ်တက်တဲ့နှုန်းကို အတော်လေးနှေးကွေးစေတာကို တွေ့ရပါလိမ့်မယ်
• ဆီးမှာကျောက်ရှိတဲ့သူတွေအတွက် တကယ်ထက်တဲ့ဆေးနည်းလေးပြောပါ့မယ်
စောင်းလျားသီး နဲ့ ငါးပြေမ ချက်စားရမှာဖြစ်ပါတယ် ခံတွင်းမြိန်နိုင်သလို ကျောက်ကပ်သမားတွေအတွက်အလွန်ကောင်းတဲ့ ဆေးပါ
ငါးပြေမ မရှိရင်တော့ စောင်းလျားသီးကို သကြားအနည်းငယ်နဲ့ စိမ်ထားပြီးစားရင်လည်း သင့်တင့်တဲ့ အကျိုးသက်ရောက်မှုရစေပါတယ်
• အပူလောင်တဲ့ဝေဒနာဟာ အရမ်းဆိုးပါတယ် အဲ အလှမပျက်ချင်ကြဘူးဆိုရင်တော့ အပူလောင်လောင်ချင်းမှာ ဒဏ်ရာကို အဆက်မပြတ်စီးနေတဲ့ ရေအောက်မှာ မိနစ် 20 လောက်ထားပြီးမှ ဆေးလူးပါ ဒါဆို အမာရွတ်ထင်ခြင်း နီမြန်းလာခြင်းကင်းဝေးပါတယ်
• အသက်ကြီး ဆင်စီး ဘုံတီး ပန်းပန် ဆိုတဲ့စကားရှိပါတယ် ဒါကြောင့် အရွယ်တင်နုပျို သွက်လက်သန်မာလိုသူများ
ဆင်စီး = ဆင်တုံးမနွယ်
ဘုံတီး = ဘုမ္မရာဇာ
ပန်းပန် = ပျားရည် ကို ရောစပ်စိမ်ထားပြီး တစ်နေ့ကို လက်ဖက်စားဇွန်းတစ်ဇွန်း စားပေးနိုင်ပါတယ်
အသက်ရှည်ပြီး အရွယ်တင်သန်မာစေပါတယ်

ဆက်ဖတ်ရန်
ပို့စ်တင်သူ ။.............။ ( MMSA ) on Monday, 20 December 2010
0 ( မှတ်ချက်ရေးချင်ရင် )
ခေါင်းစဉ်အလိုက်ပို့စ်များ |

အနန္တအတုမရှိ ဗုဒ္ဓမြတ်စွာဘုရား

အလှူရှင်များအား MMSA အဖွဲ့မှ မှတ်တမ်းတင်ဂုဏ်ပြုလွှာပေးအပ်

အလှူရှင်များအား MMSA အဖွဲ့မှ မှတ်တမ်းတင်ဂုဏ်ပြုလွှာပေးအပ်

Mahidol University

International Buddhist Collage

မြန်မာ E Books

ထိုင်းနိုင်ငံ ရောက် ရွှေ့ပြောင်း မြန်မာအလုပ်သားမားများအတွက် ပညာရေး အခွင့်အလမ်းများ

MMSA ပရိတ်သတ်များ

ယခင်ပို့စ်အဟောင်းများ

အားပေးနေသော အပေါင်းသင်းများ

International News

တိုင်းရင်းသားသတင်းဌာနများစုစည်းမှု

သတင်းဌာနများစုစည်းမှု

ဘလော့ဂ်များစုစည်းမှု