MMSA ဘလော့စည်းမျဉ်းများ

* ဘာသာ သာသနာနှင့်လူမျိုးတို့၏ ဂုဏ်ကို ထိခိုက်ပျက်စီးစေတတ်သော အရေးအသားမျိုးကို ရှောင်ရှားရန်၊
* အချင်းချင်း ညီညွတ်မှု့ကို ပျက်စီးစေတတ်သော အကြောင်းများကို ရေးသားခြင်းမှ ရှောင်ရှားရန်၊
* သာသနာနှင့် မအပ်စပ်သော အဖွဲ့ဂုဏ်သိက္ခာကို ငြိုးနွမ်းစေတတ်သော ပုံများကိုတင်ခြင်းမှ ရှောင်ရှားရန်၊
* ပုဂ္ဂိုလ်ရေးဆိုင်ရာများထက် အများနှင့်သက်ဆိုင်သော အကျိုးများစေနိုင်သော ပုံများ စာများကိုသာ ရေးသားရန်၊
* MMSAသည် ပညာရေးအဖွဲ့စည်း ဖြစ်သည့် အတွက်နိုင်ငံရေးနှင့်သက်ဆိုင်သော အရေးအသားများကို ရေးခြင်းမှ ရှောင်ရှားရန်၊
* ဗုဒ္ဓဘာသာနှင့် မိမိတို့လေ့လာနေသော ပညာရပ်ဆိုင်ရာ အကြောင်းအရာများကို ဗဟုသုတအလို့ငှါ ရေးသား မျှဝေကြရန်၊

ကမ္ဘာ့ ဆင်းရဲတဲ့နိုင်ငံတွေက ကလေးသန်း ၅၀၀ ကျော်ဟာ အဟာရပြည့်ဝမှုမရှိဘဲ ရှင်သန်နေရတယ်လို့ Save the Children အဖွဲ့ရဲ့ နောက်ဆုံးအစီရင်ခံစာက ဖော်ပြလိုက်ပါတယ်။

အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ ပါကစ္စတန်၊ ပီရူးနဲ့ နိုက်ဂျီးရီးယားအပါအ၀င် ဆင်းရဲတဲ့နိုင်ငံတွေက မိသားစုတွေဟာ အသား၊ နို့၊ ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံ နေ့စဉ် စားသုံးနိုင်ခြင်းမရှိတာကြောင့် ကလေးတွေမှာ ရုပ်ပိုင်း စိတ်ပိုင်း အားနည်းချို့တဲ့နေတယ်လို့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။

ဆင်းရဲတဲ့ မိသားစုမှ ကလေးတွေဟာ နေ့စဉ်စားရဖို့ အလုပ်လုပ်ကြရတာကြောင့် ကျောင်း မတက်နိုင်ကြသလို၊ ကျောင်းရောက်လာတဲ့ ကလေးတွေကလည်း စာရေးစာဖတ်မတတ်ခင် ကျောင်းကို စွန့်ခွာသွားပါတယ်။

ယခုနှစ် ကမ္ဘာ့အစားအစာ ဈေးနှုန်းကြီးမြင့်မှုကလည်း ဆင်းရဲတဲ့နိုင်ငံတွေက ကလေးတွေ အဟာရချို့တဲ့ သေဆုံးစေတဲ့ အကြောင်းပဲလို့ Save the Children က ပြောဆိုပါတယ်။

Save the Children အဖွဲ့မှ အမှုဆောင်ဒါရိုက်တာ Justin Forsyth က နှစ်စဉ် ကလေးသေဆုံမှု ၁၂ သန်းကနေ ၇.၆ သန်းကို ကျဆင်းသွားပေမဲ့၊ ယခုလို အဟာရချို့တဲ့မှုတွေ ဖြစ်နေရင် ကလေးသေဆုံးမှု ပိုများလာဦးမယ်လို့ ပြောပါတယ်။

အစီရင်ခံစာမှာ ကမ္ဘာပေါ်ရှိ ကလေး၎ ယောက်မှာ ၁ ယောက်ဟာ အဟာရချို့တဲ့နေပြီး၊ အဟာရ မပြည့်ဝတဲ့ ကလေးဟာ ခန္ဓာကိုယ်နဲ့ ဦးနှောက် ပုံမှန်ဖွံ့ဖြိုးနိုင်စွမ်းမရှိဘူးလို့ ဖော်ပြထားပါတယ်။

အဟာရချို့တဲ့မှုကြောင့် ကမ္ဘာပေါ်မှာ နှစ်စဉ် ကလေး ၂.၆ သန်း သေဆုံးနေပြီး၊ ဆာလောင်ငတ်မွတ်မှုဟာ အသံတိတ် လူသတ်သမားပဲလို့ Save the Children အစီရင်ခံစာက ဖော်ပြလိုက်ပါတယ်။

ဝင့်ထန်း

http://www.maukkha.org

ပို့စ်တင်သူ ။.............။ younger on Wednesday 15 February 2012
ခေါင်းစဉ်အလိုက်ပို့စ်များ

0 ( မှတ်ချက်ရေးချင်ရင် )

အနန္တအတုမရှိ ဗုဒ္ဓမြတ်စွာဘုရား

အလှူရှင်များအား MMSA အဖွဲ့မှ မှတ်တမ်းတင်ဂုဏ်ပြုလွှာပေးအပ်

အလှူရှင်များအား MMSA အဖွဲ့မှ မှတ်တမ်းတင်ဂုဏ်ပြုလွှာပေးအပ်

Mahidol University

International Buddhist Collage

မြန်မာ E Books

ထိုင်းနိုင်ငံ ရောက် ရွှေ့ပြောင်း မြန်မာအလုပ်သားမားများအတွက် ပညာရေး အခွင့်အလမ်းများ

MMSA ပရိတ်သတ်များ

ယခင်ပို့စ်အဟောင်းများ

အားပေးနေသော အပေါင်းသင်းများ

International News

တိုင်းရင်းသားသတင်းဌာနများစုစည်းမှု

သတင်းဌာနများစုစည်းမှု

ဘလော့ဂ်များစုစည်းမှု