MMSA ဘလော့စည်းမျဉ်းများ

* ဘာသာ သာသနာနှင့်လူမျိုးတို့၏ ဂုဏ်ကို ထိခိုက်ပျက်စီးစေတတ်သော အရေးအသားမျိုးကို ရှောင်ရှားရန်၊
* အချင်းချင်း ညီညွတ်မှု့ကို ပျက်စီးစေတတ်သော အကြောင်းများကို ရေးသားခြင်းမှ ရှောင်ရှားရန်၊
* သာသနာနှင့် မအပ်စပ်သော အဖွဲ့ဂုဏ်သိက္ခာကို ငြိုးနွမ်းစေတတ်သော ပုံများကိုတင်ခြင်းမှ ရှောင်ရှားရန်၊
* ပုဂ္ဂိုလ်ရေးဆိုင်ရာများထက် အများနှင့်သက်ဆိုင်သော အကျိုးများစေနိုင်သော ပုံများ စာများကိုသာ ရေးသားရန်၊
* MMSAသည် ပညာရေးအဖွဲ့စည်း ဖြစ်သည့် အတွက်နိုင်ငံရေးနှင့်သက်ဆိုင်သော အရေးအသားများကို ရေးခြင်းမှ ရှောင်ရှားရန်၊
* ဗုဒ္ဓဘာသာနှင့် မိမိတို့လေ့လာနေသော ပညာရပ်ဆိုင်ရာ အကြောင်းအရာများကို ဗဟုသုတအလို့ငှါ ရေးသား မျှဝေကြရန်၊
Showing posts with label ပညာရေး. Show all posts
Showing posts with label ပညာရေး. Show all posts





ရခိုင်ပြည်နယ်တွင် ဇွန်လ ၈ ရက်နေ့က ဘင်္ဂလီများ စတင်အကြမ်းဖက်သည့်နေ့မှစတင်၍ ကျောင်းသူ/သားများ ပညာရေးနှင့် ကျောင်း ဆရာ/မများ၏ အခက်အခဲများမှာ ယခုအချိန်ထိ ရင်ဆိုင်ကြုံတွေ့နေရကြောင်း ပြည်တွင်းမှ ပညာရေးအသိုင်းအ၀ိုင်းများက ပြောသည်။

သမ္မတ ဦးသိန်းစိန်မှ ယင်းအကြမ်းဖက်မှုကြောင့် ဇွန်လ ၁၀ ရက်နေ့မှစ၍ ပုဒ်မ (၁၄၄)နှင့် အရေးပေါ် အခြေအနေများကို ထုတ်ပြန်ထားချိန်တွင် ဇူလိုင်လ တတိယအပတ်က မူလတန်းနှင့် အလယ်တန်းကျောင်းများကို ပဋိပက္ခဖြစ်ပေါ်ခဲ့သော မြို့နယ်အသီးသီးတို့တွင် ဖွင့်လှစ်ပေးခဲ့သော်လည်း ကျောင်းဆရာ/မများနှင့် ကျောင်းသား/သူများမှာ လုံခြုံရေးအရ ကျောင်းတက်ပညာသင်ကြားရန် စိုးရိမ်မှုများ ဖြစ်ပေါ်နေကြကြောင်း ဆိုသည်။

ရသေ့တောင်မြို့နယ်ရှိ မူလတန်းကျောင်းသား/သူ ၅၀၀ ခန့်ကို ကျောင်းတက်နိုင်ရန် သက်ဆိုင်ရာမှ ဖွင့်လှစ်ပေးခဲ့ကြောင်း၊ မူလတန်းပြ ဆရာ/မ ၂၀ ဦးရှိကြောင်း၊ အလယ်တန်း ကျောင်းများကို လုံခြုံရေးအရ ပိတ်ထားရဆဲဖြစ်ကြောင်း၊ စစ်တွေမြို့ တက္ကသိုလ်ကျောင်းကို တနင်္လာနေ့က စတင်ဖွင့်လှစ်ခဲ့သော်လည်း ကျောင်းဆရာ/မ၊ ကျောင်းသူ/သားနှင့် မိဘများက စိုးရိမ်နေရဆဲ အခြေအနေ ဖြစ်သောကြောင့် စာသင်ကြားနိုင်ခြင်း လုံးဝမရှိသေးကြောင်း၊ မောင်တောခရိုင်အတွင်း စုစုပေါင်း ရွာ ၄၀ ကျော်မှ စာသင်ကျောင်း ၃၀ ခန့်၊ ကျောင်းဆရာ/မပေါင်း ၆၀ ကျော်နှင့် ကျောင်းသားဦးရေ ၄၀၀၀ ခန့်တို့မှာလည်း ပုံမှန်စာသင်ကြားနိုင်မည့် အခြေအနေ မရှိသည့်အပြင် ဗုံးဖေါက်ခွဲရန် ခြိမ်းခြောက်ခံနေရကြောင်း စစ်တွေ-မောင်တောမြို့များမှ ကျောင်းသားနှင့် မြို့မိမြို့ဘများက ပြောသည်။

" ဒီကနေ့ သတင်းအရတော့ လုံခြုံရေးရဲတပ်ဖွဲ့တွေ တိုးချပေးဖို့ သိရပါတယ်၊ ဒါပေမယ့် ကုလားတွေက ရဲဆိုရင် လုံးဝကြောက်တာ မရှိဘူး၊ သံတွဲ၊ မင်းပြား၊ စစ်တွေစတဲ့မြို့တွေက ဆရာ/မတွေက လုံခြုံရေးဘယ်လောက်ဘဲချပေးပါစေ ဒီမှာစာပြနေဖို့ စိုးရိမ်ကြတယ်ပြောပြီး ပြန်မလာကြတော့ဘူး၊ ကုလားတွေကို ခလေးဘ၀ကတည်းက စာသင်ပေးတဲ့ သရေကုန်ဘောင်ကျေးရွာက ကျောင်းအုပ်ဆရာကြီး ဦးမောင်ချမ်းသာကို မသေမချင်းသတ်ခဲ့တယ်၊ သူ့ဇနီးကတော့ ဆေးကူးသမှုခံယူနေတုန်းပါ၊ ကျောင်းအုပ်ဆရာကြီး အောင်သန်းကျော် အသတ်ခံရပါတယ်။ ဆရာ/မတွေကိုယ်တိုင်မြင်တွေ့ခဲ့ရတော့ သင်္ခန်းစာဖြစ်ရတယ်လို့ ဆိုကြပါတယ်။ ပညာရေးသမားတွေက ပညာရေးကို ဘယ်ကနေစသင်ဖို့ ကြိုးပမ်းနေကြတယ်။ ဒါပေမဲ့ တွေးကြည့်ရင် စိုးရိမ်စရာတွေက အများကြီးဆိုတော့ ပညာရေးက ဘယ်လိုဖြစ်လာ မလဲ အသေအချာမပြောနိုင်သေးပါဘူး။ " ဟု အမည်မဖေါ်လိုသူ မောင်တောမြို့ခံတစ်ဦးက ပြောသည်။

မောင်တောမြို့တွင် အထက်တန်း ၂ ကျောင်း၊ အလယ်တန်း ၅ ကျောင်းနှင့် မြို့နယ်တစ်ခုလုံးတွင် မူလတန်း ၃၀ ခန့်ရှိကြောင်း အတည်ပြု ရှင်းပြသည်။

" အရေးပေါ် အခြေအနေက ထုတ်ပြန်ထားတယ်။ စာသင်ကျောင်းတွေကို ဖွင့်ပါတယ်လို့လည်း ပြောတယ်။ ကျောင်းတက်သူ ဆရာ/မနဲ့ ကျောင်းသားတွေက အနည်းစုသာရောက်တယ်။ ဒါလည်းစာသင်မဖြစ်ကြဘူး။ ကျောင်းမတက်တဲ့ရက်က ဒီကြားထဲမှာ အများကြီး၊ ဆရာ/မတွေ လခတောင် ပုံမှန်မဖြစ်တဲ့ အနေအထားဆိုတော့ အခက်အခဲတွေက ရှိနေကြပါတယ်။ " ဟု စစ်တွေမြို့က ကျောင်းသား အမေတစ်ဦးဖြစ်သူ ဒေါ်တင်တင်သန်းက ရှင်းပြသည်။

သြဂုတ်လ ပထမအပတ်က စတင်အကြမ်းဖက် တိုက်ခိုက်ခံခဲ့ရသော ကျောက်တော်မြို့နယ်တွင် စာသင်ကျောင်းများ ဖွင့်လှစ်ထား သော်လည်း ကျောင်းသား/သူ၊ ဆရာ/မများနှင့် ရပ်မိ/ရပ်ဖ လူကြီးများမှာ ကျောင်းတက်စာသင်ကြားနိုင်ရန် အရေးပေါ်အခြေအနေ ထုတ်ပြန်ထားသောကြောင့် စိုးရိမ်ထိတ်လန့်မှုများ ဖြစ်ပေါ်လာနေကြကြောင်း စစ်တွေမြို့မှ လေ့လာသိရှိနေကြသည့် ကျောင်းသားတချို့က ပြောသည်။

မြောက်ဦးမြို့နယ်တွင် ပဋိပက္ခဖြစ်ပေါ်မည့် အခြေအနေသို့ ဆိုက်ရောက်နေကြောင်း၊ စာသင်ကျောင်းများတွင် စာသင်ကြားမှုများ ရှိနေသော်လည်း ထုတ်ပြန်ထားသော ပုဒ်မ (၁၄၄)ကြောင့် အိမ်ကျောင်းဝိုင်းများ ပိတ်ထားရကြောင်းနှင့် လွတ်လပ်စွာ စာပေမသင်ကြားနိုင်ကြောင်း မြောက်ဦးမြို့ တောင်ရပ်ကွက်မှ ကျောင်းသားတစ်ဦးကပြောသည်။

ရခိုင်သမိုင်း သုတေသီ ဆရာတော် ဦးပညာစာရ အနေဖြင့် ယနေ့ရခိုင်ပြည်ပဋိပက္ခအတွင်း အရေးပေါ်အခြေအနေ ထုတ်ပြန်ထားခြင်းမှာ ဆက်လက်ပြဿနာ မကြီးပွားစေရေးအတွက် သင့်တော်ကြောင်း မိန်းကြားထားသည်။

အခြားတစ်ဖက်မှာ ရခိုင်ပြည်နယ်အတွင်း ခြစားမှုမှာ ယနေ့အထိ ဒေသအာဏာပိုင်များအတွင်းတွင် ပေါ်ထွက်လျက်ရှိနေပြီး ပြည်နယ်ပညာရေးဝန်ထမ်းများနှင့် ကျောင်းသူ/သားများမှာ ရင်ဆိုင်လျက်ရှိနေဆဲဖြစ်ကြောင်း ဆိုသည်။

ရန်ကုန်ရောက် ရခိုင်ကျောင်းသားများနှင့် ရခိုင်ပြည်နယ် ကျောင်းသားများက ဒေသအတွင်း ပညာရေးကို လွတ်လပ်စွာ သင်ကြားနိုင်ရန် နည်းမျိုးစုံဖြင့် သက်ဆိုင်ရာသို့ ပန်ကြားတောင်းဆိုထားမှုများ ရှိနေသော်လည်း ပိုမိုဆိုးရွာသည့် အခြေအနေသို့သာ ဆိုက်ရောက်လာ ကြောင်း ကျောင်းသားများက ဆိုသည်။

သို့သော်လည်း ယင်းတို့အနေဖြင့် ဒေသအတွင်း ပညာရေးအတွက် ရပိုင်ခွင့်အခွင့်အရေးများနှင့် ပညာရေးဖွံ့ဖြိုးတိုးတက်ပြီး လုံခြုံစွာသင်ကြားနိုင်ရေးကို တစိုက်မတ်မတ် ဆက်လက်ကြိုးပမ်းနေကြကြောင်း ပြောသည်။

ကျောင်းသားများ အနေဖြင့် ပညာရေးရှုဒေါင့်မှ ကျောင်းသားမိဘများအား ၀ိုင်းဝန်းကူညီရန် တိုက်တွန်းမှုများရှိနေကြောင်း၊ မောင်တောခရိုင်အတွင်း ဒုက္ခရောက်နေကြသည့် မိဘများ အနေဖြင့် သားသမီးပညာရေးဘက်သို့ လှည့်မကြည့်နိုင်သည့် အခြေအနေနှင့် ဆိုက်ရောက်နေကြောင်းနှင့် နေစဉ်စားဝတ်နေရေးအပြင် လုံခြုံရေးကိုသာ အာရုံစိုက်နေကြရကြောင်း မောင်တောမြို့အလယ်တန်းပြ ဆရာမတစ်ဦးက ပြောသည်။

ပြည်ထဲရေးဝန်ကြီးဌာနမှ ဇူလိုင်လ တတိယအပတ်က လွှတ်တော်တွင် ပြောဆိုခဲ့သော ရခိုင်ပြည်နယ်လုံခြုံရေးအတွက် ရဲတပ်ဖွဲ့အင်အား ၂၀၀ ကျော်ဖြန့်ကြဲချရေးကို ယခုလ အစောင်ပိုင်းက ထပ်မံပြီး ကမ်းခြေစောင့်ရဲကင်းများ အပါအ၀င် ရဲကင်းတပ်ဖွဲ့ ၃၀ ကို မောင်တောခရိုင်အတွင်း ချပေးသွားမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။

သို့သော်လည်း ဒေသခံများအနေဖြင့် ရဲတပ်ဖွဲ့များက မောင်တောခရိုင်အတွင်း လုံခြုံရေးအား ထိမ်းသိမ်းနိုင်မည်မဟုတ်ကြောင်း ပြောသည်။
http://arakantimes.net/burmese/index.php/2012-02-24-06-58-57/371-2012-08-18-06-34-18

ဆက်ဖတ်ရန်
ပို့စ်တင်သူ ။.............။ younger on Friday, 24 August 2012
0 ( မှတ်ချက်ရေးချင်ရင် )
ခေါင်းစဉ်အလိုက်ပို့စ်များ |


လူဦးရေ ၄.၄ သန်းရှိတဲ့ နယူးဇီလန်နိုင်ငံမှာ ၀ိုင်၊ သိုးမွှေးနဲ့ လှပတဲ့ သဘာဝရှုမြင်ကွင်းတွေကြောင့် ထင်ရှားကျော်ကြားသည်။ သို့သော် ပြီးခဲ့တဲ့ ဆယ်စုနှစ်တွေအတွင်း နယူးဇီလန်အစိုးရက အမေရိကန်ပြည်ထောင်စု၊ ဗြိတိန်နဲ့ ဩစတြေးလျတို့လို အရည်သွေးမှီ အဆင့်မြင့် ပညာရေးဖြင့် နိုင်ငံရပ်ခြားကျောင်းသားတွေကို ဆွဲဆောင်ဖို့ ကြိုးစားလာခဲ့သည်။
အခု နယူးဇီလန်က နိုင်ငံတကာကို ပညာတင်ပို့မှု (education export) မှာ ကမ္ဘာ့အဆင့် ၅ နေရာကို ရောက်ရှိလာသည်။ နိုင်ငံတကာကျောင်းသားတွေကို အဆင့်မြင့်ပညာ ရောင်းချမှုဖြင့် တစ်နှစ်ကို ဒေါ်လာ ၂.၅ ဘီလီယံ ရရှိနေသည်။
နယူးဇီလန် အစိုးရက နောက် ၁၅ နှစ်အတွင်း ပညာရောင်းချမှုဖြင့် တိုင်းပြည်စီးပွားရေး နှစ်ဆတိုးစေဖို့အတွက် တက္ကသိုလ်တွေမှာ ဘတ်ဂျက်မြှင့်သုံးခြင်း၊ အင်စတီကျူးရှင်းတွေ နိုင်ငံတာအဆင့်မှီအောင် ပြုပြင်ခြင်း၊ တနိုင်ငံလုံး ကျွမ်းကျင်လုပ်သား အင်အားစု အဆင့်ရောက်အောင် မြှင့်ခြင်းတို့ကို ဆောင်ရွက်နေသည်။
ဒါပေမဲ့ နယူးဇီလန်အတွက် အဓိကစိန်ခေါ်မှုက အိမ်နီးချင်း ဩစတြေးလျဖြစ်သည်။ ဩစတြေးလျက နှစ်ပေါင်းများစွာ နိုင်ငံတကာ ကျောင်းသားတို့ ကျက်စားရာ ဒေသကြီးဖြစ်သည်။ ဒါကြောင့် တက္ကသိုလ်တွေကို အိမ်နီချင်းနဲ့ ယှဉ်ပြိုနိုင်ဖို့ ပြီးခဲ့တဲ့နှစ်တွေမှာ အစိုးရက နည်းလမ်းပေါင်းစုံနဲ့ ကြိုးစားသည်။ နယူးဇီလန် ဗီဇာကို လွယ်လွယ်ကူကူရအောင် သက်ဆိုင်သံရုံးတွေက စီစဉ်ပေးသည်။ နိုင်ငံတကာ Ph.D ကျောင်းသားတွေအတွက် ကျောင်းစရိတ် လျော့ချပေးထားသည်။
နယူးဇီလန်တက္ကသိုလ်တွေနဲ့ ပုဂ္ဂလိက ကောလိပ်တွေမှာ နိုင်ငံတကာကျောင်းသား ၁ သိန်းကျော်ရှိသည်။ အစိုးရက ၂၀၂၅ မှာ နိုင်ငံတကာ ကျောင်းသား ၂ သိန်းအထိ တိုးတက်လာစေဖို့ ပြင်ဆင်နေသည်။ မနှစ်က အစိုးရက ‘နယူးဇီလန် ပညာရေး အေဂျင်စီ’ ထောင်ပြီး၊ ဒ်ါလာ ၁၀ သန်း အကုန်ကျခံကာ အာရှနိုင်ငံတွေမှာ ပညာရေး ပရိုမိုးရှင်းပွဲတွေ လုပ်ခဲ့သည်။
သို့နှင့်တိုင် နယူးဇီလန် အနေဖြင့် ဩစတြေးလျနဲ့ယှဉ်ရင် နိုင်ငံတကာ ပညာရေးဈေးကွက်မှာ မျက်နှာသာရမှု အားနည်းသေးသည်။ တစ်ဖက်က အမေရိကန်တက္ကသိုလ်တွေကလည်း ဈေးကွက် အရမ်းမြှင့်လာတဲ့အတွက် စိုးရိမ်မှုတွေ ဖြစ်လာပြီး ပြိုင်ဆိုင်မှုက ပိုပြင်းထန်လာသည်။
ဒါကြောင့် ဈေးကွက်ချဲ့မှု နိုင်ငံရပ်ခြားကျောင်းသား စုဆောင်းမှုတွေ ကြိုးစားလုပ်လာရသည်။ အာရှ၊ အာဖရိကနိုင်ငံတွေကို ပတ်ပြီး ကျောင်းသား စုဆောင်းရသည်။ နယူးဇီလန်နိုင်ငံသားတွေက အခြားကို ရွှေ့ပြောင်းမှုနဲ့ အသက်အရွယ်ကြီးရင့်မှု များလာတဲ့အတွက် အစိုးရက နိုင်ငံတကာကျောင်းသားတွေကို ကျွမ်းကျင်လုပ်သားဖြစ်အောင်မွေးပြီး အလုပ်အကိုင်အခွင့်အလမ်းတွေ ဖန်တီးပေးရသည်။
အစိုးရက ပြင်ပကျောင်းသားတွေ ဘွဲ့ရပြီး ဆက်နေစေဖို့ အလုပ်ရှာခွင့် တစ်နှစ်ဗီဇာ ထုတ်ပေးသည်။ အရည်အချင်းနဲ့ ထိုင်သင့်တဲ့ အလုပ်ရသွားရင်၊ အလုပ်အတွေ့အကြုံရယူဖို့ ဗီဇာ ၃ နှစ် ထပ်ထုတ်ပေးသည်။ လက်ရှိ နယူးဇီလန် ပညာရေးရဲ့ အဓိက ဖောက်သည်တွေက တရုတ်၊ ဂျပန်နဲ့ တောင်ကိုရီးယားတို့ ဖြစ်သည်။ အာစီယံနိုင်ငံတွေက ကျောင်းသားတွေကို ဆက်ပြီး စုဆောင်းနေသည်။
Auckland University of Technology ဆိုရင် ၂၀၀၃ ခုနှစ်မှာ နိုင်ငံတကာကျောင်းသား ၈၀၀ ရှိရာက ၂၀၁၁ ခုနှစ်မှာ ၂၄၀၀ အထိ တိုးလာသည်။ Victoria University of Wellington ဆိုရင် နိုင်ငံပေါင်း ၁၀၀ က ကျောင်းသား ၃၀၀၀ ကျော် ရှိသည်။ ကျောင်းသားအများစုက တရုတ်၊ အမေရိကန်၊ မလေးရှားနဲ့ ဗီယက်နမ်တို့မှ ဖြစ်သည်။
နယူးဇီလန်တက္ကသိုလ်တွေမှာ ပညာသင်စရိတ်က ပျမ်းမျှအားဖြင့် ပြည်တွင်းကျောင်းသားအတွက် တစ်နှစ် ဒေါ်လာ ၄၀၀၀ ကနေ ၅၀၀၀ ကြား ရှိသည်။ ပြည်ပကျောင်းသားအတွက် တစ်နှစ် ဒေါ်လာ ၂၂,၀၀၀ ကနေ ၂၄,၀၀၀ ကြားရှိသည်။ တက္ကသိုလ်တွေရဲ့ ဘတ်ဂျက်ကို နိုင်ငံတကာ ကျောင်းသားတွေဆီက ငွေနဲ့ လည်ပတ်ခြင်း ဖြစ်သည်။
ဝင့်ထန်း

ဆက်ဖတ်ရန်
ပို့စ်တင်သူ ။.............။ မောင်သိရီ on Friday, 13 April 2012
0 ( မှတ်ချက်ရေးချင်ရင် )
ခေါင်းစဉ်အလိုက်ပို့စ်များ |

စင်္ကာပူ အမျိုးသားတက္ကသိုလ် (NUS) က အမေရိကန် ယေးလ် တက္ကသိုလ်နဲ့ တွဲဖက်ပြီး မကြာခင်က (Yale-NUS College) ကို ဖွင့်လှစ်လိုက်ပါတယ်။ ဒါဟာ စင်္ကာပူမှာ လွတ်လပ်မှုရှိတဲ့ ပထမဆုံး liberal arts ကောလိပ် ဖြစ်လာပါတယ်။
အမှန်အားဖြင့် ပညာရေးလုပ်ငန်းတွေဆိုတာ လွတ်လပ်မှု အပြည့်အ၀ ရှိရပါမယ်။ သုတေသန လွတ်လွတ်လပ်လပ် လုပ်ခွင့်ပေးရမှာဖြစ်ပြီး ထွက်လာတဲ့ စာတမ်းတွေက အစိုးရမူဝါဒတွေကို လိုအပ်ရင် ပွင့်ပွင့်လင်း ဝေဖန်ထောက်ပြရပါမယ်။ ဒါပေမဲ့ စင်္ကာပူဟာ အာဏာရှင်တစ်ပိုင်း နိုင်ငံဖြစ်တာမို့ ပညာရေးမှာ အကန့်အသတ်တွေ ရှိပါတယ်။
အခု စင်္ကာပူမှာ ဖွင့်တဲ့ ယေးလ်တက္ကသိုလ်ဟာ ပညာရေးလွတ်လပ်မှု အပြည့်အ၀ ရနိုင်ပါ့မလားဆိုတာ အနောက်နိုင်ငံ ပညာရှင်တွေအကြားမှာ အငြင်းပွားနေပါတယ်။ အဲဒီအပေါ် CNN နဲ့ တိုင်းမဂ္ဂဇင်း အယ်ဒီတာ ဖားရဒ် ဇာကာရီးယား ကတော့ သူ့အမြင်ကို အောက်ပါအတိုင်း ပြောပါတယ်။
______________
စင်္ကာပူဟာ လစ်ဘရယ်ဒီမိုကရေစီနိုင်ငံ မဟုတ်ပါဘူး။ ဒါပေမဲ့ အနောက် ဒီမိုကရေစီနိုင်ငံကြီးတွေ ဖြတ်သန်းခဲ့ရတဲ့ ဖွံ့ဖြိုးမှုလမ်းကြောင်း အစဦးပုံစံနဲ့ သိပ်မကွာခြားပါဘူး။ အနောက်နိုင်ငံတွေလည်း ယခုအနေအထားကို ရောက်ရှိဖို့ ဖွံ့ဖြိုးမှုအဆင့်ဆင့်နဲ့ ဖြတ်သန်းခဲ့ရပါတယ်။
အခု စင်္ကာပူဟာ ကမ္ဘာကြီးအတွက် တံခါးဖွင့်ထားတယ်၊ လွတ်လပ်တဲ့ ဈေးကွက်ကို ထွေးဖက်ထားတယ်။ ကမ္ဘာမှာ အဂတိလိုက်စားမှု အနည်းဆုံးနိုင်ငံအဖြစ် အမြဲသတ်မှတ်ခံရပါတယ်။ ပြီးခဲ့တဲ့ ဆယ်နှစ်ကိုကြည့်ရင် တံခါးပိုဖွင့်လာတာ တွေ့ရတယ်။
အဲဒီတံခါးဖွင့်ဖြစ်စဉ်ကို ပိုမိုတိုးမြှင့်နိုင်ရေးအတွက် စင်္ကာပူက liberal arts ကောလိပ်ကို ဖန်တီးဖို့ ယေးလ်တက္ကသိုလ်ကို ဖိတ်ခေါ်လိုက်တာ ဖြစ်တယ်။ တက္ကသိုလ်နှစ်ခု ပူးတွဲမှုနောက်မှာ အသွင်သဏ္ဍန်မတူတဲ့ ကျောင်းသားတွေ၊ ပညာရပ်ဌာနတွေ၊ ပြင်ပဆရာတွေနဲ့ ဒေသခံဆရာတွေကြား အမြင်ကွဲပြားခြားနားမှုတွေ ရှိလာနိုင်ပါတယ်။
ဒါပေမဲ့ အဲဒီအခြေအနေတွေကပဲ စင်္ကာပူဟာ ဒီမိုကရေစီနဲ့ လစ်ဘရယ်လစ်ဇင် အကြောင်းအရာတွေကို တပွန်းတနှီး ထိတွေ့ ဆက်ဆံလာမယ့် အာရှရဲ့ စံပြနေရာ ဖြစ်လာနိုင်ပါတယ်။ နောက် ဒီမိုကရေစီနဲ့ ပတ်သက်တဲ့ ဆွေးနွေးပွဲတွေက ယေးလ်မှာထက် စင်္ကာပူမှာ ပိုမြိုင်ဆိုင်လာမယ်လို့ ကျနော် ထင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ စင်္ကာပူမှာ ထိပ်ပိုင်းရာထူးကြီးကြီး ယူမယ့်သူတွေဟာ အနောက်တက္ကသိုလ်တွေကနေ ပညာဆည်းပူးထားသူတွေ ဖြစ်လာမှာကြောင့်ပါပဲ။
စင်္ကာပူဟာ အမေရိကန်ပြည်ထောင်စုကနေ သင်ယူစရာ အများကြီးရှိပါတယ်။ NUS တက္ကသိုလ်ကလည်း ယေးလ်တက္ကသိုလ် ဆီကနေ သင်ယူစရာ အများကြီးရှိပါတယ်။ ဒါကြောင့် သူတို့ဟာ ကျနော်တို့အမေရိကန်တွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ လိုပါတယ်။ လစ်ဘရယ်နဲ့ စိတ်တံခါးဖွင့် ပညာရေးဖြစ်တဲ့အတွက် အမေရိကန်တွေလည်း စင်္ကာပူဆီက တစ်စုံတစ်ရာ သင်ယူစရာရှိမှာပါပဲ။
နောက်ဆုံး ယေလ်းတက္ကသိုလ်နဲ့ စင်္ကာပူအမျိုးသားတက္ကသိုလ်တို့ ပူးပေါင်းပြီး ဂလိုဘယ်လွှမ်းခြုံနေတဲ့ ကမ္ဘာကြီးရဲ့ ပညာရေးအတွက် စဉ်းစားတွေးတောနိုင်မယ့် နည်းလမ်းအသစ်တွေ သင်ကြားပေးနိုင်မှာ ဖြစ်ပါတယ်။
Source: CNN; A global education for a global age

ဆက်ဖတ်ရန်
ပို့စ်တင်သူ ။.............။ မောင်သိရီ on
0 ( မှတ်ချက်ရေးချင်ရင် )
ခေါင်းစဉ်အလိုက်ပို့စ်များ |

At her Harvard graduation, June 2009.

အလွန်အမင်း ပင်ပန်းဆင်းရဲကြရှာသော မိဘများမှ အထီးကျန် အညတရဆန်လွန်းလှသော ဘ၀တစ်ခုအား စတင်ရန် (Liz Murray) လိဇ်မာရီ ဟု ခေါ်သော ကလေးမငယ်အား အမေရိကန်နိုင်ငံ၊ နယူးယောက်ပြည်နယ်၊ ဘရော်းစ်(Bronx) မြို့တွင် ၁၉၈၀ ခု၌ မွေဖွားခဲ့သည်။

သူမ၏ မိဘများမှာ ဆေး၊ ဘိန်း၊ စွဲသူများဖြစ်ပြီး မိသားစုအတွက် ထောက်ပံ့မည့် အစား ရသမျှ မရှိစလောက်သော ဝင်ငွေများကို သူတို့တချက်ချေသာ စိတ်ဖြေရာအဖြစ်သာ အသုံးပြုလေ့ရှိကြသည်၊ သမီးတို့အတွက်ဖို့ကိုကား သူရို့အတွေးတွင် အရက်သောက်၊ ဘိန်းချူဖို့လောက် အရေးထားလေ့မရှိကြချေ။

လိဇ် (Liz) နဲ့ သူမ၏ အစ်မလီစာ (Lisa) တို့ နှစ်ဦးမှာ နီစရာ နေရာမဟိ၊ စားစရာ အစာမဟိ၊ ရုံစရာအ၀တ်ကောင်းမဟိ၊ မွတ်တစ်လှည့် ငတ်တစ်လှည့်ဖြင့် အသက်ကို ပင်ပန်းဆင်းရဲကြီးစွာ ဆက်နေရရှာသည်။
အဝတ်အစား ဝတ်ရန်မရှိသဖြင့်  တစ်ထည်တည်းရှိသော အဝတ်တစ်စုံကို နေ့တိုင်း ညစ်ပတ်၊နံစော်နေသည်အထိ ဝတ်ဆင်နေရသည်။
စတိုးလ်ဆိုင်များမှ လွင့်ပစ်သော အစားအစာများကို ကောက်စားရင်း တစ်နေ့ တာဘဝကိုပင် မျှော်လင့် ချက်ကင်းမဲ့စွာ ဆက်နေရသည်။

မည်သို့ပင် ခက်ခဲစေကာမူ လိဇ် (Liz) အမလီစာ (Lisa ) တစ်ယောက် ကျောင်းကိုအဆက်မပြတ် တက်နေခဲ့ သည်။ သို့ သော် စိတ်ပျက်စရာကောင်းသော သူတို့ မသားစု၏ အငှားခန်းခပေးရန်ငွေမလုံလောက်ခြင်း ၊ မိဘနှစ်ပါး၏ သားသမီးအပေါ် ပြုစုစောင့်ရှောက်မှု ဝတ္တရား ခေါင်းပါးခြင်း၊ သွန်သင်လမ်းပြမှု လုံးဝမရှိခြင်းတို့ ကြောင့်  လိဇ် ကျောင်းတက်ချင်စိတ်ကုန်ခန်းလာတော့သည်။

မိဘအုပ်ထိန်းမှုအောက်တွင် မှီခိုကျောင်းတက်ရမည့်  အရွယ် () နှစ် သမီးလေး လိဇ် တစ်ယောက် ရပ်ကွပ် စတိုး ဆိုင်များတွင် တစ်ဆိုင်ဝင် တစ်ဆိုင်ထွက်ကာ ဆိုင်နောက်ဘေး အမိုက်သိမ်း သန့် ရှင်းရေး စသော ရရာအလုပ်ကို လုပ်နေခဲ့ရရှာသည်။

- Sandwich (
ဆန်းဝိခ်ျ ) အသားညှပ်ပေါင်မုန့်တစ်ခုမျှသာ ဝယ်ရန်လုံလောက်သော တစ်နေ့ စာလုပ်ခကိုပင် မိခင်ဖြစ် သူက လုယက်ကာ ဆေးဝယ် သုံးစွဲပစ်သည်။ မိခင်ဖြစ်သူက သားသမီးများကို စောင့်ရှောက်ရမည့် အစား သူမ၏ သမီး လိဇ်ကသာ မိခင်အား ကလေး တစ်ယောက်ပမာ စောင့်ရှောက်ခဲ့ရှာသည်။

တစ်လ,သုံးရက်ခန့်သာ ကျောင်းတက်ဖြစ်သော လိဇ်မှာ အတန်းထဲတွင် အခြားကျောင်းသား၊ကျောင်းသူများ၏ လှောင် ပြောင်ကဲ့ရဲ့ခြင်းကိုလည်း နေ့တိုင်းလိုလိုခံခဲ့ရသည်။ သူမ၏ ညစ်ပတ်သော အဝတ်အစားနဲ့  ဖရိုဖရဲသော ဆံပင်များ ကြောင့်  သူငယ်ချင်းဟူ၍လည်းမရှိပါ။ သူငယ်ချင်း အသိုင်းအဝိုင်းမှ စွန့်ပစ်ခြင်းကို ခံရသူလည်းဖြစ်သည်။

လိဇ် အမေတွင် အေအိုင်ဒီအက်စ် (AIDS) နဲ့ တီဘီရောဂါရှိကြောင်း သူမအမေကိုယ်တိုင်ပြောပြ၍ လိဇ်အသက် ဆယ်နှစ် အရွယ်တွင်သိခဲ့ ရသည်။ သို့သော် မိခင်ဖြစ်သူသည် သူမကျောင်းမတက်ခဲ့သောကြောင့်  ဤကဲ့သို့  ဘဝရောက်ခဲ့ရကြောင်း လိဇ်အား နေ့တိုင်းပြောကာ ကျောင်းပြန်တက်ရန် တိုက်တွန်းခဲ့သည်။

AIDS
ရောဂါဖြင့်  လိဇ်အသက် ဆယ်ငါးနှစ်အရွယ်တွင် လိဇ်၏မိခင် ဆုံးသွားခဲ့ပြီး ဖခင်ဖြစ်သူသည်လည်း အိမ်ခန်းငှားခ မပေးနိုင်သောကြောင့်  အိမ်မဲ့ အိုးမဲ့ ခိုကိုးရာမဲ့သူတို့ခိုလုံရာ ဒုက္ခသည်ဇရပ်သို့  ပြောင်းရွေးခြင်း ခံခဲ့ရသည်။

-
ထိုအချိန်မှစ၍ လိဇ်သည် အတောင်မစုံသော ငှက်ငယ်လေးပမာ လေလွင့်ရာစုံဆန်မျှောပါရင်း နားခိုရာမဲ့  လမ်းဘေးဘဝသို့ ရောက်ခဲ့ရကာ ခွက်လက်စွဲကာ တောင်းစားရတော့သည်။

အပျိုပေါက်စ အရွယ်ဖြစ်သော်လည်း သူတစ်ပါးများနဲ့မတူ သူမဘဝသည် ခြားနားလွန်းလှသည်။ Subway ၊ ရထား ၊ အဆောက်အအုံဟောင်း စသောနေရာများတွင် ကြုံရာနေရ၊ အိပ်ရလေသည်။ သူမအတွက် မနက်ဖြန် ဘယ်နေရာ တွင် အိပ်ရမည်ဆိုသည်မှာ သေချာသောအဖြေ လုံးဝမရှိချေ။

သို့သော် သူမအတွက် လမ်းဘေးရောက် သူတောင်းစားဘဝမှ လွတ်မြောက်ရန် ထွက်ပေါက်လမ်းစတစ်လမ်း ဤ ကမ္ဘာတွင် ရှိရမည်ဟု သူမခိုင်မာစွာ ယုံကြည်ထားသည်။ ထိုယုံကြည်ချက်မှာ ကျောင်းပြန်တက်ရန်ဖြစ်သည် ။
မည်သို့ပင် လိဇ်၏ဘဝ ခက်ခဲကြမ်းတမ်းစေကာမူ ရောက်ရာ၊နေရာတိုင်းတွင် သူမနဲ့အတူ စွယ်စုံကျမ်းများကို သယ် ဆောင်သွားကာ အချိန်ရှိတိုင်းဖက်သည်။

လိဇ်၏မိခင်တွင် ဆိုးဝါးစက်စုပ် ရွံရှာဖွယ်ကောင်းသော ရောဂါများ ခံစားရသည်မှာ ကျောင်းမတက် အသိပညာကင်းမဲ့မှု များကြောင့် ထိုကဲ့သို့သော ရောဂါများဖြင့်  ခံစား၊သေဆုံး ရခြင်းဖြစ်သည်ဟူသော မေ့မရသည့်  ကြောက်လန့် ဖွယ် ဖြစ်ရပ်တစ်ခုသည် လိဇ်အတွက် အကောင်းဆုံး သင်ခန်းစာ သက်သေတစ်ခုပင်ဖြစ်သည်။

ထို့ နောက် ကျောင်းပြန်တက်ရန် ဆုံးဖြတ်ချက်ချကာ ကျောင်းတစ်ကျောင်းတွင် နာမည်စရင်းသွင်းခဲ့သည်။
သူမ၏ နေရပ်လိပ်စာနဲ့  ဖုန်းနံပါတ်ပေးစရာမရှိသောကြောင့်  သူငယ်ချင်း တစ်ယောက်ထံမှ လိပ်စာအတုကို တောင်း ကာ သူမ၏လိပ်စာဖြစ်ကြောင်း ကျောင်းတွင် လိမ်ပေးခဲ့သည်။

-
လိဇ်သည် တစ်ခြားကျောင်းသား/ကျောင်းသူများထက် အသက်ကြီးမှ အထက်တန်းကျောင်းတက်ရသည်။
အစာကို ကျောင်းတွင်စား၍ ကျောင်းမတက်သော နေ့ များတွင် တစ်ရက် တစ်နပ်သာ အစာစားသည်။ ကျောင်းတက်ရင်း တစ်အိမ်ဝင် တစ်အိမ်ထွက် ပုဂံဆေး ၊ ကြမ်းသုတ် ၊ သတင်းစာ ၊ဂျာနယ်များကို ရောင်းရင်း နားနေရာ လမ်းဘေး သစ်ပင်များအောက်တွင် စာကျက်ရသည်။

လိဇ်သည် အိပ်ချိန်ပင် လုံးဝမရှိဟု ပြောရလောက်အောင် ရှိသမျှအချိန်များကို ကျောင်းစာကျက်မှတ်ခြင်းဖြင့်  အချိန်ကုန်စေသည်။ ထိုသို့  အိပ်ရေးပျက် အပင်ပန်းခံ ကြိုးစားခြင်းသည် လမ်းဘေးတွင် လက်ဖြန့်  တောင်းစားခြင်းနှင့်  နိုင်းယှဉ်လျှင် မိုးနဲ့ မြေကဲ့ သို့ ပင် ကွာဟသောကြောင့်  ဆင်းရဲ ဒုက္ခ ပင်ပန်း ခြင်းကို တစ်ခါမျှ မငြည်းညူ ခဲ့ သူလည်း ဖြစ်သည်။

လိဇ်သည် ၄ နှစ် သင်ရသော အထက်တန်းကျောင်းကို နှစ်အတွင်းပြီးစေသည်သာမက ဘာသာရပ် တိုင်းတွင် အမှတ် ၉၅ ရာ ခိုင်နှုန်း ဖြင့်  အောင်မြင်ခဲ့သည်။

အမှတ်အကောင်းဆုံး အတော်ဆုံး ကျောင်းသား၊ကျောင်းသူ ဆယ်ယောက် ( Liz) (လိဇ် အပါဝင်) တို့ အား ကျောင်းအုပ်ဆရာကြီးက ပညာတော်သင်ဆုအနေဖြင့်  Harvard University ဟားဗက်တက္ကသိုလ် ( America)အမေရိကန် (သို့) ကမ္ဘာတစ်ဝှန်းတွင် နာမည်အကြီးဆုံး တက္ကသိုလ်တွင် အခမဲ့ ခရီးလည်ပတ်စေသည်။

-
ထိုတက္ကသိုလ်တွင် ပညာသင်ကြားနေသူအများစုမှာ ချမ်းသာသော မိဘအသိုင်းအဝိုင်းမှ သားသမီး များ ဖြစ်ကြသည်ကို လိဇ်မြင်သောအခါတွင် သူမ၏ ဘဝနှင့်  ဆီနဲ့ရေကဲ့သို့  ကွာခြားနေသည်ကို သိရသဖြင့်  မိမိကိုယ် ကိုယ် စိတ်အားသိမ်ငယ်နေခဲ့ ရှာသည်။

သို့ သော် လိဇ်အား ထိုတက္ကသိုလ်တွင် ရှောက်ကြည့် ရန် ကျောင်းအုပ်ဆရာကြီးက တိုက်တွန်းခဲ့သည်။ အထက်တန်းကျောင်းကို အမှတ်ကောင်းစွာဖြင့် အောင်ခဲ့ သော်ငြားလည်း ကောလိပ် ဆက်တက်ရန် ပိုက်ဆံမရှိသော သူမ၏ဘဝအတွက် အထောက်အပ့ံဆိုသည်မှာ အကယ်စင်စစ်ပင် လိုအပ်နေသော အချိန် ဖြစ်သည်အားလျှော်စွာ မမျှော်လင့် ပဲ့  သတင်းစာကြော်ငြာတစ်ခုကို သူမဖတ်မိသည်။

ထိုသတင်းစာမှာ နယူးယောက်မြို့အတွင်းမှ အခက်အခဲရှိသူများ မိဘဝင်ငွေနည်းသော သား၊သမီးများအတွက် ထောက်ပံ့ ကြေးငွေ (scholarship) ရှောက်နိုင်ကြောင်း New York Time မဂ္ဂဇင်းမှ သတင်းကြော်ငြာစာ ဖြစ် လေသည်။

လိဇ်သည် အထက်တန်းကျောင်း တက်ခဲ့ သောအချိန်တွင် သူမသည် အိမ်ယာမဲ့  လမ်းဘေးက တစ်ကောင် ကြွက်ဘဝ မှ တစ်ယောက်ဖြစ်ကြောင်း မည်သူ တစ်ဦးတစ်ယောက်ကိုမျှ သိခွင့်မရှိအောင် ဖုံးကွယ်ခဲ့ သော်လည်း သူမ၏ နောင် ရှေးရေး ဘဝအတွက် သူမ ဖွင့်ပြောရန် အချိန်ရောက်နေလေပြီ။

-
လိဇ် မည်ကဲ့သို့  လမ်းဘေး ပလက်ဖောင်းကို ခေါင်းအုံး အဖြစ်အသုံးပြုတစ်လှည့်  တွေ့သမျှ အရိပ်ကို မိမိ အိမ်အသွင်ပမာ သက်မှတ်ကာ တစ်နေ့စာအတွက် မည်ကဲ့သို့ ခက်ခဲ ကြမ်းတမ်းစွာ ရှာခဲ့ ရပုံများမှာ စိတ်ကူးယှဉ် ဆန် လှသည်ဟု ပြောရလောက်အောင် သနားဖွယ်ကောင်းသော သူမ၏ အကြောင်းကို မျက်ရည်စက်များနဲ့ အတူရေးကာ တင်ထားသော သူမ၏ လျှောက်က်လွှာအား New York Time မဂ္ဂဇင်းမှ လှိုက်လှိုက် လှဲလှဲပင် ကြိုဆို လက်ခံ အတည်ပြုခဲ့ လေသည်။

New York Time
မဂ္ဂဇင်းမှ လိဇ်အား ကျောင်းလခ တစ်နှစ်လျှင် ဒေါ်လာငွေ တစ်သောင်းနှစ်ထောင်ဖြင့် ကူညီမည် ဟု ဂတိပေးသည် သာမက လိဇ်အား ဂုဏ်ပြုသည့် အနေဖြင့်  New York Time ညီလာခံပွဲတော်ကြီးတွင် လိဇ်အား ကျေးဇူးတင်စကားပြောရန်နဲ့  သူမ၏ ဘဝအကြောင်း တစ်စိတ်တစ်ဒေသပြောပြရန် တောင်းဆို ခဲ့ သည်။

-
ညီလာခံပွဲတော်ကြီးအပြီးတွင် လူအုပ်ကြီး၏ လက်ခုပ်သံများနဲ့အတူ နတ်သမီး အလား ရုတ်တရက် ဆိုသကဲ့ သို့  လိဇ်အတွက် အဝတ်အစား ဝယ်ပေးမည့် သူ၊ အိမ်ခန်းငှားပေးမည့် သူ ၊ ကျန်းမာရေးအတွက် ကုန်ကျစရိတ်အာမခံပေးမည့် သူ၊ စားနတ်ရိတ်ခါဝယ်ပေးမည့် သူ၊ စာအုပ်စာတန်းဝယ်ပေးမည့်သူ၊ ကားဝယ်ပေးမည့်သူ အစရှိသည်ဖြင့်  လိုလေသေးမရှိအောင် အလှုရှင်များ တစ်ယောက်ပြီးတစ်ယောက် ပေါ်လာသည်။

ထိုအချိန်မှစ၍ လိဇ်၏ဘဝ ပျော်ရွင်ကြည်နှုး ခြင်းများနဲ့ အတူ လူ့ လောကအလယ်တွင် လူတစ်ယောက်နဲ့ တူသော အခွင့် အရေးများပိုင်ဆိုင်ထားပြီး တက္ကသိုလ်ကျောင်းသူမ ဘဝအဖြစ် ဟားရ်ဗက်ဒ်(Harvard University) တွင် စတင်တက်ခဲ့ လေသည်။

2009
ခုနှစ်တွင် psychology ဖြင့်  ဟားရ်ဗက်ဒ်တက္ကသိုလ်မှ ဘွဲ့ ရခဲ့ ပြီး မဟာဘွဲ့ယူရန် ဆက်တက်နေသည်။ psychology ဖြင့်  ဒေါက်တာဘွဲ့အထိ ရယူရန် ရည်ရွယ်ချက်ရှိသူလည်းဖြစ်သည်။

-
ဂုဏ်ပြုဆု မြောက်များစွာကို လက်ခံရရှိ ၍ လူသိရှင်ကြား ကျော်ကြားသူသာမက ယခအချိန်တွင် လိဇ်သည် အမေရိ ကန်နိုင်ငံအပြင် အခြားသောနိုင်ငံများတွင် ကျင်းပသော ညီလာခံများ၌ သွားရောက်လည်ပတ် မိန်းခွန်းပြောရန် ငွေကြေးဖြင့် ငှားခေါ်ကြသည်။

လိဇ်သည် တစ်ချိန်ချိန်တွင် အမေရိကန်နိုင်ငံ သမ္မတအဖြစ် ပါဝင်ယှဉ်ပြိုင် မဲဆွယ်ရန် ရည်ရွယ်ချက် ရှိသူလည်းဖြစ်သည်။

Liz Murray (right) at the 2001 Irish America Awards with Bill Clinton and sister Lisa Murray


စာတွေ့လက်တွေ့ လေ့လာလိုသူများအနေဖြင့် အောက်ပါ သူမဘ၀အကြောင်းကိုရေးထားသော စာအုပ်နှင့် ရိုက်ကူးထားသော ဇာတ်ကားတို့ကို အင်တာနက်တွင်သွားရောက်လေ့လာကြည့်ရှုနိုင်ပါသည်။

http://www.guardian.co.uk/books/2011/jan/30/breaking-night-liz-murray-review
“Breaking Night” by Liz-Murray စာအုပ်ကို အကျဉ်းချုပ်ဘာသာပြန်ထားခြင်းဖြစ်ပါသည်။

ဆက်ဖတ်ရန်
ပို့စ်တင်သူ ။.............။ မောင်သိရီ on Monday, 9 April 2012
0 ( မှတ်ချက်ရေးချင်ရင် )
ခေါင်းစဉ်အလိုက်ပို့စ်များ |

  • ကျန်းမာရေး စောင့်ရှောက်မှုစနစ်

ယေဘူယျအားဖြင့် မြန်မာနိုင်ငံ၏ ကျန်းမာရေးစောင့်ရှောက်မှုစနစ်သည် အစိုးရ၊ တသီးပုဂ္ဂလ အလှူရှင်များနှင့် ပြင်ပ အကူအညီများမှ အထောက်အပံ့များဖြင့် ရပ်တည်နေရသည်။ အစိုးရနှင့် နိုင်ငံတကာအဖွဲ့အစည်း အချို့သည် နိုင်ငံတွင်း တီဘီ အဆုတ်နာရောဂါ၊ ခုခံအားကျဆင်းမှုရောဂါ (အိပ်ခ်ျအိုင်ဗွီ အေအိုင်ဒီအက်စ်) နှင့် ငှက်ဖျားရောဂါ တိုက်ဖျက်ရေး အတွက် အဓိကထားသည့် ကျန်းမာရေးအစီအစဉ်ကို အကောင်အထည်ဖော် ဆောင်ရွက်နေကြသည်။ ကျေးလက်ဒေသ များတွင် အခြေခံကျန်းမာရေးစောင့်ရှောက်မှု ရရှိရေးသည် အရေးကြီးသည့် ပြသနာတစ်ရပ်အဖြစ် ရှိနေဆဲ ဖြစ်ပြီး၊ ကျန်းမာ ရေးစောင့်ရှောက်မှု အားနည်းခြင်းကြောင့် ကျေးလက်လူထုအကြား ရောဂါဖြစ်ပွားမှုနှုန်း များပြားနေရခြင်း ဖြစ်သည်။

မြန်မာနိုင်ငံတွင် ကျန်းမာရေးစောင့်ရှောက်မှုစနစ်မှာ လွန်စွာ နိမ့်ကျလျက်ရှိသည်။ အဓိကအကြောင်းရင်းမှာ စစ်အစိုးရ သည် ကျန်းမာရေးစောင့်ရှောက်မှုအတွက် နိုင်ငံ ဂျီဒီပီ၏ (၀.%) မှ (၃ %) ကိုသာ သုံးစွဲသောကြောင့် ဖြစ်သည်။ ထိုပမာဏသည် ကမ္ဘာပေါ်တွင် အနိမ့်ဆုံးပမာဏ ဖြစ်သည်။ ကျန်းမာရေး စောင့်ရှောက်မှုသည် ယေဘူယျအားဖြင့် အခမဲ့ ဖြစ်သော်လည်း ပြည်သူ့ဆေးပေးခန်းများနှင့် ပြည်သူ့ဆေးရုံများတွင်ပင် ဆေးဖိုးနှင့် ကုသစရိတ်ကို လူနာများက ပေး ဆောင်ရသည်။ ပြည်သူ့ဆေးရုံများသည် အခြေခံအဆောက်အအုံနှင့် စက်ပစ္စည်းများ လုံလောက်မှုမရှိပေ။ ယေဘူယျအား ဖြင့် ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့မှလွဲလျှင် ကျန်ဒေသများ၌ ကျန်းမာရေးစောင့်ရှောက်မှု အလွန်ချို့တဲ့သော်လည်း မြန်မာ တစ်နိုင်ငံလုံး အထူးသဖြင့် ဝေးလံခေါင်သီသောအရပ်များတွင် ပို၍ဆိုးရွားသည်။ ရန်ကုန်မြို့နှင့် မန္တလေးမြို့တွင် အရည် အသွေးမြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးသည့် ပုဂ္ဂလိက ဆေးရုံအချို့ ရှိသည်။ သို့သော် မြန်မာလူထုအများစုသည် ထို ပုဂ္ဂလိကဆေးရုံ၊ ဆေးခန်းများသို့ သွားရောက်ကုသမှုခံယူရန် ငွေကြေး မတတ်နိုင်ကြချေ။

  • အဖြစ်များသော ရောဂါများ

မြန်မာနိုင်ငံသည် အရွယ်ရောက်ပြီး လူထုများအကြား အိပ်ခ်ျအိုင်ဗွီ အေအိုင်ဒီအက်စ်ကူးစက်မှုနှုန်း ကမ္ဘာပေါ်တွင် အမြင့် ဆုံး နိုင်ငံများထဲမှ တစ်နိုင်ငံဖြစ်သည်။ အများစုမှာ လိင်လုပ်သားများ၊ ၎င်းတို့၏ ဖောက်သည်များနှင့် မူးယစ်ဆေးထိုးသူ များ ဖြစ်ကြသည်။ အဆုတ်နာရောဂါသည်လည်း ကျန်းမာရေးအရ စိုးရိမ်ဖွယ် ခြိမ်းခြောက်မှုတစ်ခု ဖြစ်သည်။ ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ (WHO) ၏ မှတ်တမ်းများအရ မြန်မာနိုင်ငံသည် ကမ္ဘာပေါ်ရှိ (၁၉) နိုင်ငံမြောက် အဆုတ်နာရောဂါ အဖြစ် ဆုံး နိုင်ငံဖြစ်သည်။ ထို့အပြင် မြန်မာနိုင်ငံတွင် အိပ်ခ်ျအိုင်ဗွီ အေအိုင်ဒီအက်စ်ကူးစက်မှုနှုန်း မြင့်မားခြင်းက ကိုယ်တွင်း ခုခံ စွမ်းအားစနစ်အပေါ် သက်ရောက်စေခြင်းကြောင့် တီဘီအဆုတ်နာ ဖြစ်ပွားမှုကို ပိုမိုတိုးပွားလာစေသည်။ ငှက်ဖျား ရောဂါ ပိုးသယ်ဆောင်သောခြင်သည် မြန်မာတစ်နိုင်ငံလုံးတွင် ရှိသော်လည်း ရန်ကုန်နှင့် မန္တလေးမြို့ပြဒေသများတွင် ကူးစက်မှု နှုန်း နည်းပါးသည်။ ရောဂါဖြစ်ပွားမှုတွင် ငှက်ဖျားရောဂါဖြစ်ပွားမှုနှုန်းသည် (၂၃ %) ဖြစ်၍ နိုင်ငံတွင်း သေဆုံးမှု၏ (၄၂ %) မှာ ယင်းရောဂါကြောင့် ဖြစ်သည်။ ကလေးငယ် (၂၀ %) ကျော်သည် အသက် () နှစ်မပြည့်ခင် သေဆုံးကြရသည်။ တ၀က်နီးပါးမှာ ငှက်ဖျားရောဂါကူးစက်မှုကြောင့် ဖြစ်သည်။

  • မြန်မာနိုင်ငံ ပညာရေး

နိုင်ငံ၏ ပညာရေးအဆင့်အတန်းသည့် လွန်ခဲ့သည့် ဆယ်စုနှစ်များအတွင်း သိသိသာသာ ကျဆင်းလာခဲ့သည်။ လွတ်လပ် ရေး ရသည့်အချိန်တွင်၊ မြန်မာနိုင်ငံသည် ယခင်ဗြိတိသျှအင်ပါယာတွင်းရှိ ကိုလိုနီနိုင်ငံများ၌ ကိုယ်ပိုင် ဘာသာစကားနှင့် စာတတ်မြောက်မှုနှုန်း အမြင့်ဆုံး ရှိခဲ့သည်။ နောက်နှစ်များစွာ၌လည်း အာရှဒေသတွင် ပညာရေးအဆင့်အတန်း အမြင့်ဆုံး နိုင်ငံတစ်နိုင်ငံ ဖြစ်ခဲ့သည်။ သို့သော် ဆယ်စုနှစ်များစွာကြာ ရင်းနှီးမြှုပ်နှံမှုနည်းပါးခြင်းနှင့် ပြည်တွင်းပဋိပက္ခများကြောင့် နိုင်ငံတစ်ဝှမ်း ပညာရေးစနစ် ယိုယွင်းပျက်စီးစေခဲ့သည်။

နိုင်ငံ၏ ပညာရေးစနစ်အရ အသက် (၉) နှစ်အထိသာ မသင်မနေရ ပညာရေးစနစ် ဖြစ်သည်။ မူလတန်းပညာရေး ပထမ ငါးနှစ်သင်ကြားပြီးနောက် (ပထမတန်းမှ ပဉ္စမတန်းအထိ) သင်ယူပြီးသော ကျောင်းသားများသည် အလယ်တန်း အဆင့် ပညာရေး (ဆဌမတန်းမှ အဌမတန်းအထိ) ကို ဆက်လက်သင်ကြားရသည်။ အခြေခံပညာအဆင့် ရှစ်တန်းအောင်မြင်ပြီး နောက် ကျောင်းသားများသည် အထက်တန်းပညာရေး (န၀မတန်းမှ ဒဿမတန်းအထိ) ကို ဆက်လက်သင်ကြားကြရ သည်။ ဆယ်တန်းတက်ပြီးလျှင် ကျောင်းသားများသည် အခြေခံပညာအဆင့် ဆယ်တန်းစာမေးပွဲကို အောင်မြင်ရန် ဖြေဆို ကြရသည်။ သို့မှသာ တက္ကသိုလ်ပညာရေးကို ဆက်လက်သင်ယူနိုင်မည့် အထက်တန်း အောင်လက်မှတ်ကို ရရှိမည် ဖြစ် သည်။

  • ကျောင်းတက်နိုင်ခွင့် အခွင့်အလမ်း

တရားဝင်ကိန်းဂဏန်းများအရ (၂၀၀) ခုနှစ်တွင်၊ မြန်မာနိုင်ငံရှိ စာသင်ကျောင်းများတွင် ကလေးကျောင်းအပ်နှုန်းသည် မူလတန်းအဆင့်တွင် (၉၀ %) နှင့် အလယ်တန်းအဆင့်တွင် (၃၇ %) ရှိသည်။ ထိုအထဲတွင် ကျောင်းအပ်သည့် မိန်း ကလေးနှင့် ယောက်ျားလေး အရေအတွက် ညီမျှသည်ဟု ဆိုနိုင်သည်။ သို့သော် မြန်မာနိုင်ငံတွင် ပညာရေးအတွက် လုပ်ဆောင်နေသော အဖွဲ့အစည်းများက ကျောင်းအပ်နှုန်းသည် ထိုတရားဝင် ကိန်းဂဏန်းများထက် ပိုမိုနည်းပါးနိုင်ကြောင်း ခန့်မှန်းကြသည်။ ထို့အပြင် မူလတန်းပညာရေးတွင် အပ်နှံသော ကလေးအများစုသည် မူလတန်းပညာကို မည်သည့်အခါမှ ပြီးဆုံးအောင် မသင်ကြားနိုင်ကြပေ။ ကမ္ဘာ့ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ (UNICEF) ၏ အဆိုအရ ကလေးအများစု သည် ၎င်းတို့မိဘများက ကျောင်းစရိတ် ပေးရန် မတတ်နိုင်သည့်အတွက်ကြောင့်သော်လည်းကောင်း၊ နိမ့်ကျသော သင် ကြားမှု အခြေအနေများကြောင့် ကျောင်းထွက်ကြရသည်ဟု ဆိုသည်။ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စား လှယ်၏ အဆိုအရ ကလေးစုစုပေါင်းဦးရေ၏ ထက်ဝက်အောက် ဦးရေသာ မူလတန်းပညာရေးကို ပြီးစီးကြသည်ဟု ဖော်ပြ သည်။

တိုင်းရင်းသားလူမျိုးများ နေထိုင်ရာ ပဋိပက္ခဒေသများတွင် နေထိုင်သော ကလေးများသည် ကျောင်းတက်ခွင့် အခွင့် အလမ်း ပိုမို နည်းပါးသည်။ အထူးသဖြင့် ပညာရေးထက် အသက်ရှင်နိုင်ရေးနှင့် အစားအစာ ရရှိရေးအတွက် ရုန်းကန် နေရခြင်းက ပို၍ အရေးပါသည်။ (၂၀၀) ခုနှစ်၊ ဖေဖော်ဝါရီလတွင် ထုတ်ပြန်သော မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ် (ABFSU) ၏ ၂၀၀၄ ခုနှစ် ပညာရေးအစီရင်ခံစာ အရ (၂၀၀၄) ခုနှစ်တွင် ကရင်၊ ကရင်နီ၊ ရှမ်းနှင့် ရခိုင်ပြည်နယ်များရှိ ပဋိပက္ခဖြစ်ပွားရာ ဒေသများ၊ သို့မဟုတ် အပစ်ရပ်ဒေသများ၌ ကလေးငယ် (၁၀) ဦးတွင် တစ်ဦးသာ မူလတန်းကျောင်း တက်နိုင်သည်ဟု ဖော်ပြသည်။ တိုင်းရင်းသားကျောင်းသားများကို ‘ဗမာလူမျိုး’ တို့၏ စံတန်ဖိုး အယူ အဆများ လက်ခံလာအောင် သွပ်သွင်းပေးသည့် စစ်အစိုးရခန့် ကျောင်းဆရာများက အစိုးရကျောင်းများကို ဦးဆောင် ကြပြီး ပညာသင်ကြားမှုတွင်လည်း ကျောင်းသားများ၏ မိခင်တိုင်းရင်းသား ဘာသာစကားကို ထည့်သွင်း သင်ကြားခြင်း မရှိကြပေ။

မြန်မာနိုင်ငံ တစ်ဝှမ်းလုံးတွင် အစိုးရပညာရေး ကျဆင်းမှုသည် ပညာရေးအဆင့် ကွာဟမှုကို ဖြည့်ဆည်းနေသော တသီး ပုဂ္ဂလများနှင့် အဖွဲ့အစည်းများအပေါ် သက်ရောက်မှု ရှိနေသည်။ နှစ်ပေါင်းများစွာကတည်းက ဆင်းရဲသော မိသားစုမှ ယောက်ျားလေးငယ်များသည် ဘုန်းကြီးကျောင်း ပညာရေး (ဘက ကျောင်း) တွင် ပညာသင်ယူကြသည်။ မြန်မာနိုင်ငံ၏ အချို့နေရာများတွင် မွတ်စလင်နှင့် ခရစ်ယာန်ဘာသာကျောင်းများသည်လည်း ၎င်းကဲ့သို့ စေတနာ့ဝန်ထမ်း ပညာသင် ကျောင်းများ ဖွင့်လှစ်ထားသည်။ တိုင်းရင်းသားဒေသများတွင် ပုဂ္ဂလိကအလှူရှင်များ ထောက်ပံ့သော ရပ်ရွာ ကိုယ်ထူ ကိုယ်ထ စာသင်ကျောင်းများသည် ကျောင်းသားများ၏ ကိုယ်ပိုင်ဘာသာစကားဖြင့် စာသင်ကြားပေးသော်လည်း ထို ကျောင်းများသည် အာဏာပိုင်များ၏ နှောင့်ယှက်ခြင်း၊ ပိတ်ပင်ခိုင်းခြင်းကို မကြာခဏ ခံကြရသည်။ မြို့ပြဒေသများ အထူးသဖြင့် ရန်ကုန်မြို့ရှိ ပုဂ္ဂလိက တရားမ၀င်ကျောင်းအများစုတွင် အင်္ဂလိပ်စာနှင့် အခြား ဘာသာရပ်များ သင်ကြားပေး သည်။ ထိုကျောင်းများသည် အစိုးရစနစ်အပြင်ဘက်တွင် ရှိပြီး အစိုးရကျောင်းဆရာများက ပုဂ္ဂလိကအတန်းများ သင်ကြား ခြင်းဖြင့် အပိုဝင်ငွေ ရှာဖွေခြင်း ဖြစ်သည်။

  • မိန်းကလေးများ၏ ပညာရေး

မြန်မာနိုင်ငံတွင် မိန်းကလေးများ ပညာသင်ကြားရေးကို အလေးထားသော်လည်း စားဝတ်နေရေး ဖူလုံမှုအတွက် အချိန် ပေးရသဖြင့် မိန်းကလေးအများအပြားသည် စာသင်ခန်းပြင်ပသို့ ရောက်နေကြရသည်။ မိန်းကလေးများ၏ အခန်းကဏ္ဍ တွင် မိသားစုတာဝန်များကို ကူညီရမည်ဟု ထုံးတမ်းစဉ်လာက သတ်မှတ်ထားသည့်အတွက် ထိုအခြေအနေတွင် မိန်း ကလေးများသည်၊ ယောက်ျားလေးများထက် ပညာသင်ကြားခွင့် ဆုံးရှုံးကြရသည်။ ထို့အတွက်ကြောင့် မိန်းကလေး အများစုအတွက် ပညာရေးသည် ရွေးချယ်စရာတစ်ခု မဟုတ်တော့ပေ။ မြန်မာ့စီးပွားရေးဆိုးရွားသည့် အခြေအနေအောက် တွင် မိသားစုအတော်များများသည် ၎င်းတို့၏ သမီးမိန်းကလေးများ ရေရှည်ပညာရေးအနာဂတ်အတွက်ကို မစဉ်းစားနိုင် ကြချေ။ ရေတို နေ့စဉ်အသက်ရှင်ရပ်တည်မှုနှင့် လဲလှယ်နေကြရသည်။ မိန်းကလေးများသည် လုပ်ငန်းခွင်သို့ မဖြစ်မနေ ၀င် ရောက်နေရကြပြီး အခြေခံလိုအပ်ချက်များအတွက် ကူညီရှာဖွေပေးကြရသည်။

ကျေးလက်ဒေသများနှင့် ပဋိပက္ခဖြစ်ပွားရာဒေသများတွင် အခြေခံပညာသင်ကြားခွင့်ရရန် ခက်ခဲပြီး နေရာ အတော်များများ တွင် ပညာသင်ကြားခွင့် မဖြစ်နိုင်ပေ။ ပဋိပက္ခအများဆုံးဖြစ်ပွားသည့် နယ်စပ်ဒေသများတွင် ပညာရေးဆိုင်ရာ အဆောက် အအုံ လုံလောက်မှု မရှိ၊ ဆရာ လုံလောက်မှု မရှိ၊ ကျောင်းသွားရာလမ်းတွင် ရုပ်ပိုင်းဆိုင်ရာ အန္တရာယ်ကျရောက်နိုင်မှုများ၊ အတင်း အဓမ္မနေရာ ပြောင်းရွှေ့ခိုင်းမှုများကြောင့် အသက်ဆုံးရှုံးမှုများနှင့် တိုင်းရင်းသား ဒေသများရှိ ဗမာ မဟုတ်သော ကျောင်းများကို ပိတ်ခိုင်းသည့် ဗမာလူမျိုးအဖြစ် သိမ်းသွင်းသည့် မူဝါဒ စသည့် ပညာရေးနှင့်ပတ်သက်၍ အတားအဆီး အများအပြားကို မိန်းကလေးများ ကြုံတွေ့နေကြရသည်။

  • အဆင့်မြင့်ပညာရေး

အဆင့်မြင့်ပညာရေးဌာနများသည် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ (န၀တ) လက်ထက်တွင် နှစ် အတော်ကြာ ပိတ်ထားခဲ့သည်။ (၁၉၈၈) ခုနှစ် လူထု အရေးတော်ပုံ ဖြစ်ပွားပြီးနောက် တက္ကသိုလ်အားလုံးကို နှစ်နှစ် ပိတ်ပင်ထားခဲ့သည်။ (၁၉၉၆) ခုနှစ်နှင့် (၁၉၉၈) ခုနှစ်တွင် နောက်ထပ်ကျောင်းသား ဆန္ဒပြပွဲများ ဆက်တိုက် ဖြစ်ပွား ခဲ့သည့်အတွက် တက္ကသိုလ်များ နောက်ထပ် သုံးနှစ် အပိတ်ခံခဲ့ရသည်။ ရန်ကုန်မြို့တွင် တက္ကသိုလ်များကို (၁၉၈၈) မှ (၂၀၀၀) ခုနှစ်အတွင်း (၁၂) နှစ်ကာလတွင် (၁၀) နှစ်တိုင်တိုင် ပိတ်ပင်ထားခဲ့သည်။

(၂၀၀၀) ခုနှစ်တွင် တက္ကသိုလ်နှင့် ကောလိပ်များ ပြန်လည်ဖွင့်လှစ်ပြီးနောက် စစ်အစိုးရသည် တက္ကသိုလ်အများအပြားကို ဝေးလံသည့် ဒေသများသို့ ပြောင်းရွှေ့ ဖွင့်လှစ်ခဲ့သည်။ မြို့ပြနှင့် အလွန်ဝေးသော အရပ်များရှိ တက္ကသိုလ်နယ်မြေများသို့ သာမာန် သိပ္ပံ၊ ဝိဇ္ဇာဘွဲ့အတန်းများကို ပြောင်းရွှေ့ဖွင့်လှစ်ခဲ့သည်။ (၁၉၉၉-၂၀၀၀) ခုနှစ် ဥပဒေ ပြဌာန်းလိုက်သည့် အချိန်မှ စ၍ တိုင်းရင်းသားဒေသရှိ ကျောင်းသားများကို ၎င်းတို့ပြည်နယ်ပြင်ပရှိ အဆင့်မြင့်ပညာသင်ကျောင်းများ၌ သွားရောက် ပညာသင်ကြားခြင်း မရှိတော့ဘဲ၊ ဒေသတစ်ခုနှင့် တစ်ခုအကြား ပညာပြောင်းရွှေ့သင်ကြားရန် ပိုမို ခက်ခဲလာခဲ့သည်။ ကျောင်းသားများကို တစ်ဦးနှင့် တစ်ဦးမရင်းနှီးအောင် ခွဲထားခြင်း၊ မြို့ကြီးများတွင် ကျောင်းသားများ အစုအဝေး မဖြစ် အောင် တမင်တကာ အစီအစဉ်ချ လုပ်ဆောင်ခြင်းနှင့် တိုင်းရင်းသား လူမျိုးစုကျောင်းသားများကို သီးသန့်ထားခြင်း စသည် တို့သည် ကျောင်းသားလှုပ်ရှားမှုများကို အားနည်းသွားစေရန် မျှော်လင့်သော စစ်အစိုးရ၏ နည်းလမ်းများထဲမှ အချို့ ဖြစ်သည်။

http://arakanhrdo.org/

ဆက်ဖတ်ရန်
ပို့စ်တင်သူ ။.............။ younger on Monday, 6 February 2012
0 ( မှတ်ချက်ရေးချင်ရင် )
ခေါင်းစဉ်အလိုက်ပို့စ်များ |

အနန္တအတုမရှိ ဗုဒ္ဓမြတ်စွာဘုရား

အလှူရှင်များအား MMSA အဖွဲ့မှ မှတ်တမ်းတင်ဂုဏ်ပြုလွှာပေးအပ်

အလှူရှင်များအား MMSA အဖွဲ့မှ မှတ်တမ်းတင်ဂုဏ်ပြုလွှာပေးအပ်

Mahidol University

International Buddhist Collage

မြန်မာ E Books

ထိုင်းနိုင်ငံ ရောက် ရွှေ့ပြောင်း မြန်မာအလုပ်သားမားများအတွက် ပညာရေး အခွင့်အလမ်းများ

MMSA ပရိတ်သတ်များ

ယခင်ပို့စ်အဟောင်းများ

အားပေးနေသော အပေါင်းသင်းများ

International News

တိုင်းရင်းသားသတင်းဌာနများစုစည်းမှု

သတင်းဌာနများစုစည်းမှု

ဘလော့ဂ်များစုစည်းမှု