MMSA ဘလော့စည်းမျဉ်းများ

* ဘာသာ သာသနာနှင့်လူမျိုးတို့၏ ဂုဏ်ကို ထိခိုက်ပျက်စီးစေတတ်သော အရေးအသားမျိုးကို ရှောင်ရှားရန်၊
* အချင်းချင်း ညီညွတ်မှု့ကို ပျက်စီးစေတတ်သော အကြောင်းများကို ရေးသားခြင်းမှ ရှောင်ရှားရန်၊
* သာသနာနှင့် မအပ်စပ်သော အဖွဲ့ဂုဏ်သိက္ခာကို ငြိုးနွမ်းစေတတ်သော ပုံများကိုတင်ခြင်းမှ ရှောင်ရှားရန်၊
* ပုဂ္ဂိုလ်ရေးဆိုင်ရာများထက် အများနှင့်သက်ဆိုင်သော အကျိုးများစေနိုင်သော ပုံများ စာများကိုသာ ရေးသားရန်၊
* MMSAသည် ပညာရေးအဖွဲ့စည်း ဖြစ်သည့် အတွက်နိုင်ငံရေးနှင့်သက်ဆိုင်သော အရေးအသားများကို ရေးခြင်းမှ ရှောင်ရှားရန်၊
* ဗုဒ္ဓဘာသာနှင့် မိမိတို့လေ့လာနေသော ပညာရပ်ဆိုင်ရာ အကြောင်းအရာများကို ဗဟုသုတအလို့ငှါ ရေးသား မျှဝေကြရန်၊


မူကြိုမှသည် ဘွဲ့ရတဲ့အထိ ပညာလမ်းကြောင်းကို ပြန်လေ့လာကြည့်ရင် အလွန်ခက်ခဲ ပင်ပန်းတယ်လို့ ထင်ရတယ်။ ဒီနေ့ ခေတ်ပညာရေးက မိဘရော၊ ကျောင်းသားပါ အေးအေးသက်သာနေရတဲ့ခေတ်မဟုတ် ပါဘူး။ ပညာဆိုတာကို မရ ရအောင်ယူနေကြရတာကလည်း ပညာဗဟုသုတ အသိဥာဏ်ပြည့်ဝပြီး ဘ၀မှာရပ်တည်နိုင်အောင် ဆိုတာထက်၊ အလုပ်အကိုင်ရအောင်ဆိုတဲ့ ဦးတည်ချက်ကများနေတာကလည်း ဘ၀င်မကျစရာပါ။ အစဉ်အလာပညာရေးရဲ့ လမ်းကြောင်းအဆုံးဟာ အလုပ်ဖြစ်နေပြီး၊ အလုပ်အကိုင်နဲ့ ဘ၀ရပ်တည်လို့ရသွားရင် ပညာဆိုတာ လမ်းဆုံးသွားတတ်ပါတယ်။ 

      အလုပ်ရပြီးချိန်မှာမှ ပညာ လမ်းကြောင်း ကို ပြန်သွားမယ်၊ ပညာပြန်သင်မယ်ဆိုတဲ့ စိတ်ကူးမျိုးတွေလည်း နည်းကြပါတယ်။ ပညာအခွင့်အလမ်းဆိုတာ ယူချင်ရင်ရနိုင်တဲ့၊ ယူချင်သူကို ပေးနိုင်တဲ့အနေအထားမျိုးကို ဖြစ်နေရလိမ့်မယ်။ ပညာရေးဆိုတာ အချိန် မရွေး၊ နေရာမရွေး၊ အသက်အရွယ်မရွေး ရှာမှီးနိုင်အောင် စီစဉ်ထားရမယ်။
ပညာရေးကို ဘွဲ့ရပြီးတာနဲ့ လမ်းဆုံးလို့ သဘောမထားချင်သူတွေအတွက်၊ အကြောင်းအမျိုးမျိုးကြောင့် ပညာဆုံးခန်းမတိုင်မီ အလုပ်ထွက်ပြီး လုပ်နေရသူတွေအတွက် ပညာလမ်းကြောင်းဆက်စရာ နည်းလမ်းတွေ အများကြီးရှိပါတယ်။

       ကိုယ့်ဘ၀အတွက် ရှေ့ဆက်ရမယ့် တက်လမ်းတစ်ခုအနေနဲ့ဖြစ်စေ၊ အခွင့်အလမ်းတစ်ခုအနေနဲ့ဖြစ်စေ အခမဲ့ သင်ကြားလေ့လာနိုင်တဲ့ ပညာလမ်းကြောင်းတွေရှိနေပါတယ်။ ခုခေတ်မှာ တက္ကသိုလ် အတော်များများနဲ့ ပညာရေးအဖွဲ့အစည်းတွေက အခမဲ့ အွန်လိုင်းပညာရေး၊ သင်တန်းတွေကို ဖွင့်လှစ်သင်ကြားပေးလာကြတယ်။  အွန်လိုင်းပညာရေးဆိုတာ ပြဌာန်းချက် သင်ခန်းစာတွေ၊ လေ့ကျင့်ခန်းတွေ၊ လမ်းညွှန်မှုတွေ၊ ဖတ်စာအုပ် တွေနဲ့ အခိုင်အမာဖွဲ့စည်းထူထောင်လာကြတာကိုလည်း သတိထားမိတယ်။

      အခမဲ့ပညာသင်ကြားရေးကြောင့် အိုးမကွာ၊ အိမ်မကွာ၊ အလုပ်အကိုင်မကွာနဲ့ ဘွဲ့ရသူတွေရှိလာပြီ။ ပိုက်ဆံ အကုန်အကျ သက်သာစွာနဲ့ ပညာရှာနိုင်တာဟာ နည်းပညာကြောင့်လို့ပြောရမှာပါ။ မရှိသေးသူတွေက အသစ်ရှာနိုင်တယ်၊ ရှိပြီးသားသူတွေကလည်း မရသေးတာ ထပ်ရှာနိုင်တယ်။ ဒါဟာ အွန်လိုင်းပညာရေးရဲ့ အနှစ်သာရလို့ပြောနိုင်တယ်။ ပိုက်ဆံမရှိလို့ ပညာမသင်နိုင်ဘူးဆိုတာတွေ၊ အချိန်မရလို့ ပညာမသင်ကြား နိုင်ဘူးဆိုတာတွေ ခေတ်သစ်မှာ လာမပြောပါနဲ့တော့။ အွန်လိုင်းပေါ်မှာ အခမဲ့ e-book တွေ၊ အခမဲ့ သင်ယူနိုင်တဲ့  ပညာဘဏ်တိုက်တွေ ရှိနေပါတယ်။

Code Year (http://codeyear.com/)


       ကွန်ပျူတာ programming ဘာသာရပ်ကို သင်ကြားဖို့ မလွယ်ပါဘူးလို့ မပြောပါနဲ့။ Code Year က တစ်နှစ် အတွင်း အခြေခံ ပရိုဂရမ်းမင်းဘာသာရပ်ကို တတ်မြောက်စေရမယ်လို့ အာမခံထားတယ်။ ကိုယ်ပိုင် website တွေနဲ့ ကိုယ်ပိုင် application တွေ ရေးနိုင်ဖို့ code တွေ လေ့လာနိုင်စရာ အများကြီးပေးထားတယ်။ Code Year နဲ့ ပရိုဂရမ်မာဖြစ်သွားသူပေါင်း ခုဆိုရင် ၃၅၅၈၈၀ ဦးတောင်ရှိသွားပြီ။ အဲဒီအထဲမှာ နယူးယော့ခ် မြို့တော်ဝန် မိုက်ကယ် ဘလွန်းဘတ်တောင်ပါတယ်။ နေ့စဉ် ၀င်လာပြီး လေ့လာနေသူတွေလည်း မနည်းဘူး။ Code Year ကို ဖန်တီးသူတွေက နယူးယော့ခ်မြို့ အခြေစိုက် Codeacademy ကဖြစ်တယ်။ ပရိုဂရမ်မင်း ဘာသာရပ်ကို အခြေခံကစပြီး လေ့လာသင်ယူနိုင်အောင် စီစဉ်ပေးနေတယ်။

          ဒီ site မှာပေးထားတဲ့ သင်ခန်းစာတွေက သင်ကြားသူနဲ့ သင်ယူသူ အပြန်အလှန် ဆက်သွယ်သင်ယူနေရတဲ့ ပုံစံနဲ့ဖြစ်တယ်။ ကိုယ်တိုင်က မသိနားမလည်တဲ့ code တွေကို လေ့လာနေရတဲ့ ပုံစံမပေါက်ဘူး။ အရေး မပါတာတွေကိုလည်း ဝေ့၀ိုက်သင်မနေဘူး။ ခုမှစပြီး ပရိုဂရမ်းမင်းကို လေ့လာသူတွေ အတွက်  JavaScript နဲ့စပြီး ရင်းနှီးအောင် လုပ်ပေးတယ်။ အဓိက ကတော့ လေ့ကျင့်ခန်းတွေများများလုပ်၊ များများ သင်ယူတဲ့ စနစ်ပဲ။ ပထမဦးဆုံး သင်ခန်းစာနှစ်ခုကို ပြီးတာနဲ့ ကျန်သင်ခန်းစာတွေကိုပါ ဆက်ပြီး လေ့လာချင် လောက်အောင် ဖြစ်သွားလိမ့်မယ်။ အခမဲ့ဆိုတော့ ချက်ချင်းဝင်ပြီး စမ်းကြည့်လိုက်စေချင်တယ်။

W3Schools (http://www.w3schools.com/)  

       Web developer တွေအတွက် အင်တာနက်မှာ အကြီးဆုံးလိုင်းတစ်ခုပါ။ Web developer မှာ အခြေခံ ရှိသူတွေကို ပိုပြီး တောက်ပြောင်သွားအောင် ပွတ်တိုက်ပေးနိုင်တယ်။ ကိုယ်ပိုင် website တစ်ခုဖြစ်အောင် ရေးချင်သူတွေအတွက် စမ်းသပ်နိုင်တဲ့နေရာ တစ်ခုလို့လည်း ဆိုနိုင်တယ်။
ဒီ site ထဲမှာ လေ့ကျင့်စရာ tutorial တွေ၊ ရည်ညွှန်းကိုးကားစရာတွေ အများကြီးထည့်ပေးထားတယ်။ အဲဒီအထဲမှာ HTML, CSS, XML, JavaScript, PHP, SQL စတဲ့ ပရိုဂရမ်းမင်း သင်ခန်းစာတွေ အများ ကြီးထည့်ထားတယ်။ ဒီလိုင်းက Code Year လို အခြေခံလောက်သင်တာမဟုတ်ဘူး။ အတိအကျ သင်ခန်းစာ တွေကို လေ့လာနိုင်အောင် ပြည့်စုံစွာ စီစဉ်ပေးထားတယ်။

        ဥပမာ HTML သင်ခန်းစာမှာ ဘာသာရပ်အလိုက် ကဏ္ဍတွေခွဲထားတယ်။ အခြေခံ ကစပြီး XHTML အဆင့်အထိ တက်သွားနိုင်တယ်။ ဘာသာရပ်တိုင်းအတွက် ရည်ညွှန်း reference တွေကို အပြည့် ပေးထားတာကြောင့် ဆက်ပြီးလေ့လာစရာ လမ်းကြောင်းတွေ ပွင့်သွားလိမ့်မယ်။ ကိုယ့်အနေအထားက ပရိုဂရမ်းမင်းမှာ ဘယ်လောက်အဆင့်ရှိနေမှန်း မသိရင်လည်း မပူပါနဲ့။ သူ့မှာပေးထားတဲ့ ပဟေဠိတွေကို ဖြေကြည့်လိုက်ပါ။ ကိုယ့်အဆင့်ကို သိသွားပါလိမ့်မယ်။
Coding language တွေကို လေ့လာသင်ယူမှုပြီးမြောက်သွားပြီဆိုရင် လက်မှတ်တစ်ခုရနိုင်ပါတယ်။ သတ်မှတ်ထားတဲ့ စာမေးပွဲကြေးကိုသွင်းပြီး စာမေးပွဲဖြေရင် လက်မှတ်တစ်ခု ထုတ်ပေးတယ်။ စာမေးပွဲမှာ အနည်းဆုံး ၇၅ မှတ်တော့ ရအောင်ဖြေဖို့လိုတယ်။ ဖြေရမယ့် မေးခွန်းက ၇၀ ခုပါ။ မှားမှန်ရောထွေး အမှန်ရွေးရတဲ့ စနစ်နဲ့ ဖြေရမှာဖြစ်ပါတယ်။ အမှတ် ၉၅ ရာခိုင်နှုန်းနဲ့ အထက်ရရင် ထူးချွန်ဘွဲ့ (Excellency Degree) လက်မှတ်ထုတ်ပေးတယ်။

TED (http://www.ted.com/)

        Ted Talk ထဲဝင်ပြီးတော့ တစ်ခုခုလောက် မြည်းစမ်းကြည့်စေချင်ပါတယ်။ ဒီ site ထဲမှာ နည်းပညာ၊ ဖျော်ဖြေရေး၊ ဒီဇိုင်း သုံးမျိုးကို လေ့လာနိုင်မယ်။ ၁၉၈၄ ခုနှစ် လောက်က Macintosh ကွန်ပျူတာသရုပ်ပြပွဲ တောင်တွေ့နိုင်တယ်။ ဒီ site ရဲ့ ထူးခြားချက်တစ်ခုက ဆုရရှိသူတွေရဲ့ မိန့်ခွန်းစကား ပေါင်း ၁၁၁၄ ခုကို ထည့်သွင်းပေးထားတယ်။ အပတ်စဉ်လည်း အသစ်တွေ ထပ်ဖြည့်ပေးထားတယ်။ ဒီ အထဲက ဗီဒီယိုရိုက် ကွက်တွေက လိုင်စင်ယူထားတာတွေဖြစ်လို့  ရှယ်ယာပြန်လုပ်နိုင်သလို၊ တစ်နေရာရာကို ပြန်ပြီးတော့ ပို့လို့ လည်းရတယ်။

       ဒီလိုင်းမှာ ဆွေးနွေးချက်တွေကို စိတ်ဝင်စားဖွယ်နားထောင်နိုင်တယ်။ နည်းပညာ၊ ဒီဇိုင်းပညာ၊ သိပ္ပံ၊ ယဉ်ကျေးမှုစတာတွေကို အနည်းဆုံး ၁၈ မိနစ်စာလောက် နားထောင်ပြီး ဗဟုသုတယူနိုင်တယ်။ Past Present ဆိုတဲ့ကဏ္ဍမှာ မိုက်ခရိုဆော့ဖ်က ဘေဂိတ်စ်၊ Google ကိုထူထောင်တဲ့ လာရီ ပိတ်ဂ်ျနဲ့ ဆာဂေး ဘရင်း၊ နိုဗယ်ဆုရသူတွေ၊ Amazon က ဂျက်ဖ် ဘီဇို့စ်၊ စတီဖင် ဟော့ကင်း၊ ဘီလ် ကလင်တန်နဲ့ ဂျိမ်း ဂွတ်ဒေါတို့ရဲ့ ပြောစကားတွေကိုလည်း စုဆောင်းပေးထားတယ်။

Massachusetts Institute of Technology (http://ocw.mit.edu/index.htm)

        တက္ကသိုလ်အဆင့် စာရေး၊ စာဖတ်စွမ်းရည်ကို မတန်တဆငွေပေးစရာ မလိုဘဲရရှိ လေ့လာနိုင်မယ့် site ဖြစ်ပါတယ်။ MIT တက္ကသိုလ်ကနေ ဘွဲ့ကြို၊ ဘွဲ့တန်းတွေအတွက် အွန်လိုင်း course တွေကို OpenCourseWare program အနေနဲ့ http://ocw.mit.edu/index.htm  မှာ အခမဲ့ တင်ပေးထားတယ်။ Course ပေါင်း ၂၀၀၀ ကျော်ရှိတယ်။ ဗိသုကာနှင့် ပုံဆွဲပညာ၊ အင်ဂျင်နီယာ၊ လူမှုရေးဘာသာ၊ ပန်းချီ၊ သိပ္ပံနဲ့ အခြား ဘာသာရပ်အတော်များများကို လေ့လာနိုင်စရာ တင်ပေးထားတယ်။

       အွန်လိုင်းသင်တန်းတွေထဲမှာ စိတ်ဝင်စားစရာကောင်းတာက Introduction to Computer Science and Programming, Physics I: Classical Mechanics, Linear Algebra, Single Variable Calculus, and Introduction to C++ စတဲ့ သင်ခန်းစာတွေပဲ ဖြစ်တယ်။ အချို့အတန်းတွေဟာ အပြန်အလှန် သင်ကြားရေးပုံစံ web demo သရုပ်ပြ ဗီဒီယိုသင်ကြားမှုစနစ်တွေဖြစ်တယ်။ အဲဒီအထဲမှာ ပြဌာန်းထားတဲ့ စာအုပ်တွေ အားလုံးကို MIT က ပါမောက္ခတွေရေးသား ပြုစုထားတယ်။ ဒီ ပရိုဂရမ်က သင်ကြားတဲ့ lecture တွေရဲ့ မှတ်စုတွေ၊ ထပ်မံလေ့လာရန် အကြံပြုထားတဲ့ စာအုပ်စာရင်းတွေ၊ ဗီဒီယိုတွေကို ဆက်လေ့လာနိုင် အောင် စီစဉ်ပေးထားတယ်။

      Open education ကို MIT တက္ကသိုလ် တစ်ခုတည်း လုပ်နေတာမဟုတ်ပါဘူး။ Rice တက္ကသိုလ်က Connexions (http://cnx.org/)  ၊ Michigan တက္ကသိုလ်က Open.Michigan  (http://open.umich.edu/) ၊ Tufts   တက္ကသိုလ်က Tufts OpenCourseWare (http://ocw.tufts.edu/) ၊ ဘာကလေမှာရှိတဲ့ California တက္ကသိုလ်က Webcast.berkeley (http://webcast.berkeley.edu/)  နဲ့ New York တက္ကသိုလ်က Open Education Pilot (http://www.nyu.edu/academics/open-education.html)  တွေမှာ လည်း ၀င်ရောက်လေ့လာနိုင်ပါတယ်။



      iTunes U ထဲမှာ တက္ကသိုလ်ပေါင်း ၈၀၀ ကျော်နဲ့ အခြားအဖွဲ့အစည်းတွေရဲ့ ဟောပြော ပို့ချချက်တွေကို စုဆောင်းတင်ပြထားပါတယ်။ စတန်းဖို့ဒ်၊ ယေးလ်နဲ့ အောက်စ်ဖို့ဒ် တက္ကသိုလ်တွေကပါသလို၊ MoMA, New York Public Library, Public Radio International နဲ့ PBS အသံလွှင့်ရုံက ဟောပြောပို့ချချက် တွေကိုပါရနိုင်တယ်။
ဒီ site မှာ အသံဖိုင်၊ ဗီဒီယိုဖိုင်နဲ့ ဟောပြောပို့ချချက်တွေအပြင် ဆလိုက်ရှိုး၊ PDF ဖိုင်၊ စာအုပ်၊ ရုပ်ရှင်၊ သရုပ်ပြ၊ အသံထွက် စာအုပ်တွေကိုလည်း ရယူနိုင်တယ်။
ဆရာတွေရဲ့ ဟောပြောပို့ချမှု အချိန်စာရင်း၊ သင်ရိုးမာတိကာ၊ ပို့ချချက်အကျဉ်း၊ သင်ယူမှုလမ်းညွှန်၊ မှတ်စုများ၊ မြေပုံတွေနဲ့ ပြဌာန်းစာအုပ်တစ်အုပ်လုံးကို PDF နဲ့ ePub format တွေနဲ့ရနိုင်တယ်။
တကယ်လို့ ကိုယ်က Apple ထုတ် iOS ကွန်ပျူတာနဲ့ ပစ္စည်းတွေကိုင်သူမဟုတ်ရင်လည်း စိတ်မပူပါနဲ့။ e-Reader တိုင်းမှာ အဲဒီဖိုင်တွေကို ဖတ်နိုင်ပါလိမ့်မယ်။

Khan Academy (http://www.pcmag.com/article2/0,2817, 2397123,00.asp)  
   
       Sal Khan  ဆိုသူဟာ ယခင်က ငွေကြေးရံပုံ ငွေဆန်းစစ်သူဘ၀ကနေ အကျိုးအမြတ်မယူတဲ့ Khan Academy ကို ထူထောင်နိုင်ခဲ့သူတစ်ဦးဖြစ်ပါတယ်။ သူ့ site မှာ အခမဲ့ ပညာရေးဗီဒီယိုပေါင်း ၂၇၀၀ ကျော် တင်ပေး ထားပြီး၊ သူကွယ်လွန်သွားချိန်အထိ ဒီလုပ်ငန်းကို ဆက်လုပ်သွားမယ်လို့ဆိုထားတယ်။ ဗီဒီယို သင်ကြားပို့ချမှု ထောင်ပေါင်းများစွာကို တင်ပေးနေတယ်။ ဘာသာရပ်တိုင်းကို လေ့လာနိုင်အောင် ကြိုးစားနေတယ်။

         လက်ရှိ အမေရိကန်မူလတန်းအဆင့်  သင်္ချာကနေ သိပ္ပံဘာသာတွဲတွေဖြစ်တဲ့ ဇီဝဗေဒ၊ ဓာတုဗေဒ၊ နက္ခတ္တဗေဒ၊ စကြ၀ဠာ၊ ရှုပဗေဒဘာသာရပ်တွေကို တင်ထားတယ်။  သမိုင်းဘာသာရပ်ကို လည်း smarthistory (http://smarthistory.khanacademy.org/) နဲ့ပေါင်းပြီး သမိုင်းဆိုင်ရာဗီဒီယိုတွေကို စာကြည့်တိုက်တွေအတွက် စီစဉ်ပေးနေတယ်။  အကြောင်းအရာတွေကို ၁၀ မိနစ်ကနေ မိနစ် ၂၀ စာလောက်လေးတွေ စီစဉ်ပေးထားတယ်။ လေ့ကျင့်ခန်းတွေ၊ အကဲဖြတ်မှုတွေကိုလည်း စီစဉ်ထားတယ်။ သူ့ဗီဒီယို ဟောပြောပို့ချမှုတွေက စကားပြောဆွေးနွေး ချက်ပုံစံနဲ့ဖြစ်ပြီး သင်္ချာနဲ့ သိပ္ပံဘာသာရပ်တွေကို အမြင်သစ်၊ အသွင်သစ်နဲ့ လေ့လာတင်ပြထားတာတွေဖြစ်လို့ စိတ်ဝင်စားစရာကောင်းတယ်။

Peer 2 Peer University (http://p2pu.org/en/)

      P2PU လို့ လူသိများတဲ့ ဒီ site ကို အခြေခံ လေ့လာစရာ open education ပရောဂျက် အနေနဲ့ လုပ်ဆောင် နေကြတာဖြစ်တယ်။ အစဉ်အလာ အဆင့်မြင့်ပညာရေးလမ်းဟောင်းမှသည် ဘ၀တစ်သက်တာပညာရေး သို့ဆိုတဲ့ အစီအစဉ်နဲ့ လှုပ်ရှားနေကြတာဖြစ်တယ်။
P2PU က အင်တာနက်ကနေ ပညာရေးဆိုင်ရာ သင်ထောက်ကူတွေကို အခမဲ့ ပေးနေပါတယ်။ Course တွေကိုတော့ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်တွေ၊  စေတနာ့ဝန်ထမ်းဆရာတွေကနေ ပို့ချပေးတယ်။ ကျောင်းသားတွေက အွန်လိုင်းက တစ်ဆင့်လေ့လာပြီးတော့ ကိုယ်ရရှိတဲ့ လေ့လာမှုတွေကို ပြန်ပြီး တုံ့ပြန်ချက် ပေးရတယ်။ သင်ယူမှုကို အုပ်စုလိုက်ဖြစ်စေ၊ တစ်ဦးချင်းဖြစ်စေ ရယူတုံ့ပြန်ဆွေးနွေးနိုင်တယ်။ သင်ခန်းစာတွေ ကလည်း Python programming ကနေ၊ ပုံဆွဲနည်းတွေအထိ ပြဌာန်းပေးထားတယ်။

University of the People (http://www.uopeople.org/)

       ကုလသမဂ္ဂအစီအစဉ် သတင်းအချက်အလက်နှင့် ဆက်သွယ်ရေး နည်းပညာ ဖွံ့ဖြိုးမှုအစီအစဉ်နဲ့ ပူးပေါင်းထားတယ်။ University of the People မှာ Clinton Global Initiative, Yale Law School Information Society Project တွေလည်းပါဝင်ပြီး၊ ကမ္ဘာ့ပထမဆုံး အခကြေးငွေလွတ်၊ NGO အွန်လိုင်းပညာရေးတက္ကသိုလ်အဖြစ် ရပ်တည်နိုင်ခဲ့တယ်။
ရည်ရွယ်ချက်က ကမ္ဘာ့ပြည်သူတွေ ပညာအရည်အသွေးမြင့်မားရေးအတွက်ပါ။ အထူးသဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံ တွေက ပြည်သူတွေကို အဓိကထားတယ်။

      UofPeople ဟာ ဒီမိုကရေစီအဆင့်မြင့် ပညာရေးကို တက္ကသိုလ်အဆင့်အထိ ဖော် ဆောင်ပေးနိုင်ရေး ကိုလည်း ဦးတည်ထားတယ်။ အမှန်တော့ ဒီတက္ကသိုလ်က တရားဝင်ဖွဲ့စည်းထူထောင်ထားတာ မရှိပေမယ့် ၂၀၀၉ ခုနှစ်ကတည်းက ထူထောင်ထားပြီး နိုင်ငံပေါင်း ၁၂၅ နိုင်ငံက၊ အသက် ၁၈ နှစ်မှ ၇၂ နှစ်အတွင်း ကျောင်းသားပေါင်း ၁၃၀၀ ကျော်ကို  လက်ခံသင်ကြားပေးခဲ့ပြီးဖြစ်ပါတယ်။ ဒီအွန်လိုင်းတက္ကသိုလ်မှာ ဘွဲ့ကြိုကျောင်းသားတွေအတွက် ပရိုဂရမ် လေးခု စီစဉ်ပေးထားတယ်။ အဲဒီဘွဲ့လေးခု ကတော့ Business Administration (A.S., B.S.)  နဲ့ Computer Science (A.S., B.S.) တွေပဲဖြစ်တယ်။

         UofPeople မှာတက်ချင်ရင် ကျောင်းသားတွေဟာ လျှောက်လွှာတင်ရတယ်။ အနိမ့်ဆုံး အခြေခံပညာ အထက်တန်းအဆင့် အောင်မြင်ပြီးသူတွေဖြစ်ရမယ်။ အသက် ၁၈ နှစ်နဲ့ အထက်ဖြစ်ရမယ်။ အင်္ဂလိပ်စာ ကျွမ်းကျင်ရမယ်။
အခမဲ့ဆိုပေမယ့် လျှောက်လွှာတင်ရင် ၁၀ ဒေါ်လာကနေ ၅၀ ဒေါ်လာအထိ တစ်ကြိမ်၊ စာမေးပွဲကြေးကို ၁၀ ဒေါ်လာကနေ ဒေါ်လာ ၁၀၀ အထိတစ်ကြိမ် ပေးသွင်းကြရတယ်။ အခကြေးငွေဟာ နေထိုင်တဲ့နိုင်ငံ အပေါ်မူတည်ပြီး ကွာခြားတယ်။ ဖွံ့ဖြိုးဆဲနိုင်ငံတွေက ပိုပြီးသက်သာတယ်။

Academic Earth (http:/academicearth.org/)  

        အွန်လိုင်း ဗီဒီယိုပညာရေး site တစ်ခုဖြစ်ပါတယ်။ ယေးလ်၊ ဟားဗတ်၊ စတန်းဖို့ဒ်၊ ပရင့်စ် တန်၊ ယူစီ ဘာကလေနဲ့ MIT တက္ကသိုလ်တွေက ဟောပြောပို့ချချက်တွေကို ရယူနိုင်အောင်စီစဉ်ပေးထားတယ်။
ဗီဒီယိုဟောပြောပို့ချချက်ပေါင်း ၁၅၀၀ ကျော်တင်ထားပေးတယ်။ နေ့စဉ်လည်း အသစ်တွေကို တင်ပေးနေ တယ်။ အနုပညာ၊ ဗိသုကာ၊ နက္ခတ္တဗေဒ၊ ဇီဝဗေဒ၊ စီးပွားရေး၊ ကွန်ပျူတာသိပ္ပံ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ စိတ်ပညာ၊ မီဒီယာလေ့လာမှု၊ ဥပဒေဘာသာရပ်တွေကို လေ့လာသင်ယူနိုင်မယ်။

       ဗီဒီယိုပို့ချချက်တွေဟာ အဆင့်မြင့်တယ်။ B အဆင့်လောက်ကစပြီး ကျောင်းသားရဲ့ လိုအပ်ချက်အရ အဆင့်မြင့်သွားလိမ့်မယ်။ သမိုင်းကို ခရီးသွားရင်း ကားပေါ်၊ ရထားပေါ်မှာ လေ့လာသွားနိုင်တယ်။ ဒီလိုင်းကို ၀င်ချင်ရင် QuickTime application ကိုတင်ထားရတယ်။ ဒါမှ အင်တာနက်နဲ့ မဆက်သွယ်ချိန်မှာ download ယူထားတဲ့ သင်ခန်းစာတွေကို ပြန်ပြီး လေ့လာနိုင်လိမ့်မယ်။

CK-12 (http://www.ck12.org/flexbook/)

        ရည်ရွယ်ထားတာက မူကြိုအဆင့်ကနေ ၁၂ တန်းအထိပါ။ NGO အနေနဲ့ လုပ်ထားတာ။  ရည်ရွယ်ချက်က ဖတ်စာအုပ်တွေကို မ၀ယ်ရအောင်လို့ပါ။ ဒါကြောင့် ဖတ်စာအုပ်တွေကို Web-base ဖတ်စာအုပ် တွေဖြစ်အောင် အားလုံးကို ဒစ်ဂျစ်တယ်စနစ်ပြောင်းပြီး အွန်လိုင်းမှာတင်ပေးထားတယ်။ အဲဒီစနစ်ကို  FlexBooks လို့ခေါ်ပြီး အွန်လိုင်းမှာ အခမဲ့ တင်ပေးထားတယ်။
အစီအစဉ်က ကျောင်းသုံးစာအုပ်တွေကို အခမဲ့ရရှိရေးဖြစ်သလို၊ လေ့ကျင့်ရေးအတွက်လည်း အများကြီး အထောက်အကူ ဖြစ်စေတယ်။ SAT, CK-12 တွေကိုလေ့လာနိုင်ပြီး SAT စာမေးပွဲအတွက်ပါ အခမဲ့ပြင်ဆင်နိုင်တယ်။ SAT စာမေးပွဲဖြေဆိုဖို့ ပြင်ဆင်ရတာ ဈေးကြီးတယ်။ ဒီ site ကြောင့် ဒေါ်လာ ရာနဲ့ ချီပြီး သက်သာနိုင်တယ်။

         သူတို့နိုင်ငံတွေမှာ ကျောင်းသုံးဖတ်စာအုပ်တွေကို အမြဲ update ဖြစ်အောင်လုပ်ပြီး ထပ်ထုတ်တတ်တယ်။ ဆရာတွေအတွက်လည်း ဒီ site ကြောင့် စာအုပ်ဖိုးသက်သာစွာနဲ့ လေ့လာနိုင်တယ်။ ဥပမာ ပလူဆိုဂြိုဟ်ကို  ဂြိုဟ်ကြီးကိုးလုံးကနေ အဆင့်နှိမ့်လိုက်တုန်းက ကျောင်းသုံးပြဌာန်းချက်တွေကို ပြန်ပြင်ရတယ်။ အဲဒီ အဆင့်မြှင့်တာ တစ်ခုတည်းနဲ့ ကျောင်းသုံးစာအုပ်ပြန်ထုတ်တာတွေကို ၀ယ်ရရင် ပိုက်ဆံတွေအများကြီး ထပ်ကုန်တယ်။ အွန်လိုင်း  FlexBooks ကြောင့် အခမဲ့ရယူလေ့လာနိုင်တယ်။


                 

ဆက်ဖတ်ရန်
ပို့စ်တင်သူ ။.............။ ကိုကြီးကျော် on Monday 27 August 2012
0 ( မှတ်ချက်ရေးချင်ရင် )
ခေါင်းစဉ်အလိုက်ပို့စ်များ |


စစ်ကိုင်းတိုင်း မုံရွာတက္ကသိုလ်တွင် ရူပဗေဒဌာနရှိ ပါမောက္ခဌာနမှူးမှာ ကထိကဆရာမတစ်ဦးနှင့်ပေါင်း၍ ကျောင်းသားများထံမှ မတရားငွေကြေးတောင်းခံ လာဘ်စားမှုအပေါ် ကျောင်းသားများက မကျေမနပ်ဖြစ်နေကြကြောင်း တက္ကသိုလ်ကျောင်းသားတစ်ဦး၏ သတင်းပေးပို့ချက်အရ သိရသည်။

အဆိုပါ ဆရာနှစ်ဦးပူးပေါင်း၍ ကျောင်းသားများအား ပုံနှိပ်စာအုပ်များကို ဈေးမြှင့်ကာ မဝယ်မနေရစနစ်ဖြင့်ရောင်းပြီး၊ Term Paper လက်မှတ်ထိုးခများနှင့် မဟာတန်း ကျောင်းသားတစ်ဦးလျှင် ကျပ်ငွေ ၂ သိန်းစီ တောင်းခံနေကြောင်း သတင်းရရှိသည်။

" အဲဒီ ဆရာနှစ်ဦးပေါင်းပြီးတော့ ပုံနှိပ်စာအုပ်တွေကို မတရားဈေးမြှင့်ပြီးတော့ မဝယ်မနေရ စနစ်နဲ့ ရောင်းတယ်။ ပြီးတော့ Term Paper လက်မှတ်ထိုးခနဲ့ မဟာတန်း ကျောင်းသားတစ်ဦးစီကို ကျပ်ငွေ ၂ သိန်းစီ ကောက်ခံတယ်။ သိတဲ့အတိုင်းပဲ ကျောင်းသားတစ်ဦးအတွက် ငွေ ၂ သိန်းဆိုတာ နည်းတဲ့ဟာ မဟုတ်ဘူး။ ငွေ ၂ သိန်းမပေးနိုင်တဲ့ ကျောင်းသားတွေ အများကြီးဘဲ။ ငွေ ၂ သိန်း မပေးနိုင်တော့ လက်မှတ်ထိုး မပေးဘူးလေ။ " ဟု အဆိုပါကျောင်းသားက ယခုကဲ့သို့ ပြောသည်။

ထို့အပြင် ရူပဗေဒဌာနမှ ဆရာတချို့က အတန်းထဲတွင် ကောင်းမွန်စွာ ပညာသင်ကြားပေးမှုမရှိဘဲ အပြင်ကျူရှင်များ ဖွင့်လှစ်ကာ အကျိုးစီးပွားရှာနေကြောင်း၊ ယခုကဲ့သို့ တက္ကသိုလ် ဆရာ/မများ လာဘ်စားမှုများ ဖြစ်ပေါ်နေခြင်းမှာ လုံလောက်သည့် လစာ မရရှိသည့်အတွက်ဖြစ်ကြောင်း ဆရာများနှင့်နီးစပ်သည့် အသိုင်းအဝိုင်းမှလာသော သတင်းအရ သိရသည်။

ယခုကဲ့သို့ လာဘ်စားမှုများ ပပျောက်အောင် နိုင်ငံတော် အစိုးရအနေဖြင့်လည်း လျှင်မြန်စွာ ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ပေးစေလိုကြောင်း အဆိုပါ တက္ကသိုလ်ကျောင်းသားက သူ၏ဆန္ဒကို ထုတ်ဖော်ပြောဆိုခဲ့သည်။

Last Updated ( Thursday, 23 August 2012 13:39 )

http://arakantimes.net/burmese/index.php/2012-02-24-06-58-57/383-2012-08-23-05-09-41


ဆက်ဖတ်ရန်
ပို့စ်တင်သူ ။.............။ younger on Friday 24 August 2012
0 ( မှတ်ချက်ရေးချင်ရင် )
ခေါင်းစဉ်အလိုက်ပို့စ်များ |





ရခိုင်ပြည်နယ်တွင် ဇွန်လ ၈ ရက်နေ့က ဘင်္ဂလီများ စတင်အကြမ်းဖက်သည့်နေ့မှစတင်၍ ကျောင်းသူ/သားများ ပညာရေးနှင့် ကျောင်း ဆရာ/မများ၏ အခက်အခဲများမှာ ယခုအချိန်ထိ ရင်ဆိုင်ကြုံတွေ့နေရကြောင်း ပြည်တွင်းမှ ပညာရေးအသိုင်းအ၀ိုင်းများက ပြောသည်။

သမ္မတ ဦးသိန်းစိန်မှ ယင်းအကြမ်းဖက်မှုကြောင့် ဇွန်လ ၁၀ ရက်နေ့မှစ၍ ပုဒ်မ (၁၄၄)နှင့် အရေးပေါ် အခြေအနေများကို ထုတ်ပြန်ထားချိန်တွင် ဇူလိုင်လ တတိယအပတ်က မူလတန်းနှင့် အလယ်တန်းကျောင်းများကို ပဋိပက္ခဖြစ်ပေါ်ခဲ့သော မြို့နယ်အသီးသီးတို့တွင် ဖွင့်လှစ်ပေးခဲ့သော်လည်း ကျောင်းဆရာ/မများနှင့် ကျောင်းသား/သူများမှာ လုံခြုံရေးအရ ကျောင်းတက်ပညာသင်ကြားရန် စိုးရိမ်မှုများ ဖြစ်ပေါ်နေကြကြောင်း ဆိုသည်။

ရသေ့တောင်မြို့နယ်ရှိ မူလတန်းကျောင်းသား/သူ ၅၀၀ ခန့်ကို ကျောင်းတက်နိုင်ရန် သက်ဆိုင်ရာမှ ဖွင့်လှစ်ပေးခဲ့ကြောင်း၊ မူလတန်းပြ ဆရာ/မ ၂၀ ဦးရှိကြောင်း၊ အလယ်တန်း ကျောင်းများကို လုံခြုံရေးအရ ပိတ်ထားရဆဲဖြစ်ကြောင်း၊ စစ်တွေမြို့ တက္ကသိုလ်ကျောင်းကို တနင်္လာနေ့က စတင်ဖွင့်လှစ်ခဲ့သော်လည်း ကျောင်းဆရာ/မ၊ ကျောင်းသူ/သားနှင့် မိဘများက စိုးရိမ်နေရဆဲ အခြေအနေ ဖြစ်သောကြောင့် စာသင်ကြားနိုင်ခြင်း လုံးဝမရှိသေးကြောင်း၊ မောင်တောခရိုင်အတွင်း စုစုပေါင်း ရွာ ၄၀ ကျော်မှ စာသင်ကျောင်း ၃၀ ခန့်၊ ကျောင်းဆရာ/မပေါင်း ၆၀ ကျော်နှင့် ကျောင်းသားဦးရေ ၄၀၀၀ ခန့်တို့မှာလည်း ပုံမှန်စာသင်ကြားနိုင်မည့် အခြေအနေ မရှိသည့်အပြင် ဗုံးဖေါက်ခွဲရန် ခြိမ်းခြောက်ခံနေရကြောင်း စစ်တွေ-မောင်တောမြို့များမှ ကျောင်းသားနှင့် မြို့မိမြို့ဘများက ပြောသည်။

" ဒီကနေ့ သတင်းအရတော့ လုံခြုံရေးရဲတပ်ဖွဲ့တွေ တိုးချပေးဖို့ သိရပါတယ်၊ ဒါပေမယ့် ကုလားတွေက ရဲဆိုရင် လုံးဝကြောက်တာ မရှိဘူး၊ သံတွဲ၊ မင်းပြား၊ စစ်တွေစတဲ့မြို့တွေက ဆရာ/မတွေက လုံခြုံရေးဘယ်လောက်ဘဲချပေးပါစေ ဒီမှာစာပြနေဖို့ စိုးရိမ်ကြတယ်ပြောပြီး ပြန်မလာကြတော့ဘူး၊ ကုလားတွေကို ခလေးဘ၀ကတည်းက စာသင်ပေးတဲ့ သရေကုန်ဘောင်ကျေးရွာက ကျောင်းအုပ်ဆရာကြီး ဦးမောင်ချမ်းသာကို မသေမချင်းသတ်ခဲ့တယ်၊ သူ့ဇနီးကတော့ ဆေးကူးသမှုခံယူနေတုန်းပါ၊ ကျောင်းအုပ်ဆရာကြီး အောင်သန်းကျော် အသတ်ခံရပါတယ်။ ဆရာ/မတွေကိုယ်တိုင်မြင်တွေ့ခဲ့ရတော့ သင်္ခန်းစာဖြစ်ရတယ်လို့ ဆိုကြပါတယ်။ ပညာရေးသမားတွေက ပညာရေးကို ဘယ်ကနေစသင်ဖို့ ကြိုးပမ်းနေကြတယ်။ ဒါပေမဲ့ တွေးကြည့်ရင် စိုးရိမ်စရာတွေက အများကြီးဆိုတော့ ပညာရေးက ဘယ်လိုဖြစ်လာ မလဲ အသေအချာမပြောနိုင်သေးပါဘူး။ " ဟု အမည်မဖေါ်လိုသူ မောင်တောမြို့ခံတစ်ဦးက ပြောသည်။

မောင်တောမြို့တွင် အထက်တန်း ၂ ကျောင်း၊ အလယ်တန်း ၅ ကျောင်းနှင့် မြို့နယ်တစ်ခုလုံးတွင် မူလတန်း ၃၀ ခန့်ရှိကြောင်း အတည်ပြု ရှင်းပြသည်။

" အရေးပေါ် အခြေအနေက ထုတ်ပြန်ထားတယ်။ စာသင်ကျောင်းတွေကို ဖွင့်ပါတယ်လို့လည်း ပြောတယ်။ ကျောင်းတက်သူ ဆရာ/မနဲ့ ကျောင်းသားတွေက အနည်းစုသာရောက်တယ်။ ဒါလည်းစာသင်မဖြစ်ကြဘူး။ ကျောင်းမတက်တဲ့ရက်က ဒီကြားထဲမှာ အများကြီး၊ ဆရာ/မတွေ လခတောင် ပုံမှန်မဖြစ်တဲ့ အနေအထားဆိုတော့ အခက်အခဲတွေက ရှိနေကြပါတယ်။ " ဟု စစ်တွေမြို့က ကျောင်းသား အမေတစ်ဦးဖြစ်သူ ဒေါ်တင်တင်သန်းက ရှင်းပြသည်။

သြဂုတ်လ ပထမအပတ်က စတင်အကြမ်းဖက် တိုက်ခိုက်ခံခဲ့ရသော ကျောက်တော်မြို့နယ်တွင် စာသင်ကျောင်းများ ဖွင့်လှစ်ထား သော်လည်း ကျောင်းသား/သူ၊ ဆရာ/မများနှင့် ရပ်မိ/ရပ်ဖ လူကြီးများမှာ ကျောင်းတက်စာသင်ကြားနိုင်ရန် အရေးပေါ်အခြေအနေ ထုတ်ပြန်ထားသောကြောင့် စိုးရိမ်ထိတ်လန့်မှုများ ဖြစ်ပေါ်လာနေကြကြောင်း စစ်တွေမြို့မှ လေ့လာသိရှိနေကြသည့် ကျောင်းသားတချို့က ပြောသည်။

မြောက်ဦးမြို့နယ်တွင် ပဋိပက္ခဖြစ်ပေါ်မည့် အခြေအနေသို့ ဆိုက်ရောက်နေကြောင်း၊ စာသင်ကျောင်းများတွင် စာသင်ကြားမှုများ ရှိနေသော်လည်း ထုတ်ပြန်ထားသော ပုဒ်မ (၁၄၄)ကြောင့် အိမ်ကျောင်းဝိုင်းများ ပိတ်ထားရကြောင်းနှင့် လွတ်လပ်စွာ စာပေမသင်ကြားနိုင်ကြောင်း မြောက်ဦးမြို့ တောင်ရပ်ကွက်မှ ကျောင်းသားတစ်ဦးကပြောသည်။

ရခိုင်သမိုင်း သုတေသီ ဆရာတော် ဦးပညာစာရ အနေဖြင့် ယနေ့ရခိုင်ပြည်ပဋိပက္ခအတွင်း အရေးပေါ်အခြေအနေ ထုတ်ပြန်ထားခြင်းမှာ ဆက်လက်ပြဿနာ မကြီးပွားစေရေးအတွက် သင့်တော်ကြောင်း မိန်းကြားထားသည်။

အခြားတစ်ဖက်မှာ ရခိုင်ပြည်နယ်အတွင်း ခြစားမှုမှာ ယနေ့အထိ ဒေသအာဏာပိုင်များအတွင်းတွင် ပေါ်ထွက်လျက်ရှိနေပြီး ပြည်နယ်ပညာရေးဝန်ထမ်းများနှင့် ကျောင်းသူ/သားများမှာ ရင်ဆိုင်လျက်ရှိနေဆဲဖြစ်ကြောင်း ဆိုသည်။

ရန်ကုန်ရောက် ရခိုင်ကျောင်းသားများနှင့် ရခိုင်ပြည်နယ် ကျောင်းသားများက ဒေသအတွင်း ပညာရေးကို လွတ်လပ်စွာ သင်ကြားနိုင်ရန် နည်းမျိုးစုံဖြင့် သက်ဆိုင်ရာသို့ ပန်ကြားတောင်းဆိုထားမှုများ ရှိနေသော်လည်း ပိုမိုဆိုးရွာသည့် အခြေအနေသို့သာ ဆိုက်ရောက်လာ ကြောင်း ကျောင်းသားများက ဆိုသည်။

သို့သော်လည်း ယင်းတို့အနေဖြင့် ဒေသအတွင်း ပညာရေးအတွက် ရပိုင်ခွင့်အခွင့်အရေးများနှင့် ပညာရေးဖွံ့ဖြိုးတိုးတက်ပြီး လုံခြုံစွာသင်ကြားနိုင်ရေးကို တစိုက်မတ်မတ် ဆက်လက်ကြိုးပမ်းနေကြကြောင်း ပြောသည်။

ကျောင်းသားများ အနေဖြင့် ပညာရေးရှုဒေါင့်မှ ကျောင်းသားမိဘများအား ၀ိုင်းဝန်းကူညီရန် တိုက်တွန်းမှုများရှိနေကြောင်း၊ မောင်တောခရိုင်အတွင်း ဒုက္ခရောက်နေကြသည့် မိဘများ အနေဖြင့် သားသမီးပညာရေးဘက်သို့ လှည့်မကြည့်နိုင်သည့် အခြေအနေနှင့် ဆိုက်ရောက်နေကြောင်းနှင့် နေစဉ်စားဝတ်နေရေးအပြင် လုံခြုံရေးကိုသာ အာရုံစိုက်နေကြရကြောင်း မောင်တောမြို့အလယ်တန်းပြ ဆရာမတစ်ဦးက ပြောသည်။

ပြည်ထဲရေးဝန်ကြီးဌာနမှ ဇူလိုင်လ တတိယအပတ်က လွှတ်တော်တွင် ပြောဆိုခဲ့သော ရခိုင်ပြည်နယ်လုံခြုံရေးအတွက် ရဲတပ်ဖွဲ့အင်အား ၂၀၀ ကျော်ဖြန့်ကြဲချရေးကို ယခုလ အစောင်ပိုင်းက ထပ်မံပြီး ကမ်းခြေစောင့်ရဲကင်းများ အပါအ၀င် ရဲကင်းတပ်ဖွဲ့ ၃၀ ကို မောင်တောခရိုင်အတွင်း ချပေးသွားမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။

သို့သော်လည်း ဒေသခံများအနေဖြင့် ရဲတပ်ဖွဲ့များက မောင်တောခရိုင်အတွင်း လုံခြုံရေးအား ထိမ်းသိမ်းနိုင်မည်မဟုတ်ကြောင်း ပြောသည်။
http://arakantimes.net/burmese/index.php/2012-02-24-06-58-57/371-2012-08-18-06-34-18

ဆက်ဖတ်ရန်
ပို့စ်တင်သူ ။.............။ younger on
0 ( မှတ်ချက်ရေးချင်ရင် )
ခေါင်းစဉ်အလိုက်ပို့စ်များ |


Written by ရခိုင်သွီး Friday, 24 August 2012
မြန်မာနိုင်ငံအနှံ့ ဗုဒ္ဓဘာသာ ဖြစ်လာရခြင်း၊ ယခုလက်ရှိအသုံးပြုနေသော မြန်မာစာပေသည် ရခိုင်မှ အစပြုခဲ့ပြီး တဖြည်း ဖြည်း မြန်မာနိုင်ငံနေရာအနှံ့တွင် ပြန့်ပွားခဲ့သည်ဟု ဒယ်အိုးဆရာတော် ဥူးသုမင်္ဂလက ဂျပန်နိုင်ငံ နာရီတာလေဆိပ်မှာ ပြောကြားသွားခဲ့သည်ကို သိရသည်။

" ဦးဇင်းတို့ မြန်မာနိုင်ငံမှာ ဗုဒ္ဓဘာသာရောက်တာဟာ ပထမဆုံးရခိုင်ပြည်ကို ရောက်တာပါ။ ရခိုင်ကနေပြီးမှ သာသနာဟာ မြန်မာနိုင်ငံကို တဆင့်ဆင့် ပြန့်ပွားလာတာပါ။ ဦးဇင်းတို့က သမိုင်းကို ညာလို့မရဘူး။ ညာချင်လို့လည်း မရဘူး။ သီဟိုကျွန်းကို သာသနာရောက်လာတယ်။ သီဟိုနဲ့ ရခိုင်ဟာ တစ်ချိန်က ကူးသန်းရောင်းဝယ်မှု စီးပွားရေးအရ ဆက်နွယ်မှုရှိခဲ့ကြတယ်။ ရခိုင်ပြည်ရဲ့ မြောက်ဦးမြို့ဟာ ကမ္ဘာ့ ကုန်သွယ်ရေးမြို့တော်ဖြစ်ခဲ့ပါတယ်။ အဲဒီအချိန်ကတည်းက မြန်မာနိုင်ငံမှာ ဗုဒ္ဓဘာသာ သာသနာစရောက်ခဲ့ပါတယ်။ အခု လက်ရှိသုံးနေတဲ့ မြန်မာစာပေဟာလည်း ရခိုင်စာဖြစ်တယ်။ ရခိုင်စာကို အခြေခံပြီး မြန်မာစာပြောင်းလိုက်တာဖြစ်ပါတယ်။ သမိုင်းကို ညာလို့မရဘူး။ ဒါကြောင့် ရခိုင်တိုင်းရင်းသားတွေကို ကာကွယ်စောင့်ရှောက်ဖို့ မြန်မာတစ်နိုင်ငံလုံးမှာ တာဝန်ရှိတယ်။ သက်ဆိုင်ရာအာဏာပိုင်တွေသာမက မြန်မာတစ်မျိုးသားလုံးမှာ တာဝန်ရှိတယ်။ ရခိုင်လူမျိုးကို ကာကွယ်တာဟာလည်း မြန်မာတစ်မျိုးသားလုံးကို ကာကွယ်တာနဲ့ အတူတူပါပဲ။ " ဟု ဒယ်အိုးဆရာတော် ဥူးသုမင်္ဂလက ပြောသည်။

ရခိုင်ပြည်တွင်းဖြစ်ပွားခဲ့သော ပြဿနာများမှာ လူမျိုးရေးအရလည်းမဟုတ်၊ ဘာသာရေးအရလည်းမဟုတ်ဘဲ နယ်စပ်စည်းလုံခြုံမှုမရှိခြင်းကြောင့် တစ်ဖက်နိုင်ငံက ကျူးကျော်လာသော လူအုပ်စုတစ်ခုကြောင့်သာ ဖြစ်သည်ဟု ဆရာတော် ဥူးသုမင်္ဂလက ဆက်လက်ပြီး သုံးသပ်ထားသည်။

ယခုလူအများသိနေကြသော ရခိုင်ပြည်နယ်မှာ တချိန်က ကိုယ့်ထီးကိုယ့်နန်း ကိုယ်ပိုင်အချုပ်အချာအဏာဖြင့် အုပ်ချုပ် လာသော တိုင်းပြည်နိုင်ငံတစ်ခုဖြစ်ကြောင်းနှင့် ဆန်ရေစပါးများ ပေါကြွယ်ဝ၍ ချမ်းသာဝဖြိုးသော နိုင်ငံတစ်ခုဖြစ်ပြီး၊ ဗမာ ဘုရင်ဘိုးတော်မောင်ဝိုင်း၏ မတရားကျူးကျော် တိုက်ခိုက်ခြင်းကြောင့် အေဒီ ၁၇၈၄ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့တွင် ရခိုင့်အချုပ်အချာအာဏာကျဆုံးခဲ့သည် သိရသည်။
http://arakantimes.net/burmese/index.php/2012-02-24-06-58-57/386-2012-08-24-03-38-50

ဆက်ဖတ်ရန်
ပို့စ်တင်သူ ။.............။ younger on
0 ( မှတ်ချက်ရေးချင်ရင် )
ခေါင်းစဉ်အလိုက်ပို့စ်များ |

အသက် ၁၀ နှစ် မှ ၁၅ နှစ် အတွင်း ကလေးငယ်များသည် ကွန်ပျူတာ အလွန်အကျွံ သုံးစွဲနေမှုကြောင့် ကွန်ပျူတာ အမြင်အာရုံချို့တဲ့မှုရောဂါ ဝေဒနာကို ခံစားနိုင်ရကြောင်း သိရပါသည်။ ရောဂါလက္ခဏာများအနေဖြင့် မျက်ရိုးကိုက်ခြင်း၊ သတိလစ်ခြင်း၊ မူးဝေခြင်း၊ ခေါင်းကိုက်ခြင်း၊ အမြင်ေ၀၀ါးခြင်းတို့အပြင် အခြားသော လည်ပင်းနှင့် ကျောရိုးဝေဒနာ များကိုလည်း ခံစားနိုင်ရကြောင်း ထိုင်း မျက်စိပညာအထူးကုသမားတော်က သတိပေးထားသည်။
ဖရာ့နန်ကလောင် ဆေးရုံမှ ဒေါက်တာ သပန်န၀န်တန်ဂုရိုင်ဝန်က ကလေးများကွန်ပျူတာပေါ်တွင် အချိန်ကြာမြင့်စွာ သုံးစွဲခြင်းနှင့် အခြားသော စမာ့ဖုန်းများ၊ တက်ဘ်လပ်များဖြင့် အင်တာနက် အသုံးပြုခြင်းတို့ကို အလွန်အကျွံ ပြုလုပ်နေ ကြကြောင်း ဆိုပါသည်။

ကွန်ပျူတာ အလွန်အကျွံ အသုံးပြုခြင်းကြောင့် ခါးဝေဒနာ၊ လည်ပင်းနှင့် ခေါင်းကိုက်ခြင်းတို့ ပိုမို ဖြစ်ပွားစေ သည်ဟု ဆိုပါသည်။ ကွန်ပျူတာနှင့် စမာ့ဖုန်း စခရင်တို့ကို အနီးကပ်ကြည့်ရှုခြင်းကြောင့် အနီးမှုန်ခြင်း၊ မျက်လုံးအိမ် နာကျင်ခြင်း၊ အမြင်အာရုံေ၀၀ါးခြင်းတို့ ခံစားရနိုင်သည်။
ထို့အပြင် လူမှုဆက်ဆံရေးနှင့် မိသားစုနှင့် ဆွေးနွေးပြောဆိုချိန် နည်းပါးလှသည့်အတွက် အမျက်ဒေါသ ထွက်လွယ်ပြီး၊ အဖျက်အနှောက် လုပ်လိုသော အပြုအမူတို့လည်း တိုးပွားစေနိုင် သည်။
ကလေးများသည် ကွန်ပျူတာကို တစ်ရက်လျှင် တစ်နာရီသာ အသုံးချခွင့် ပြုသင့်သည်ဟု သမားတော်ကြီးက ဆိုပါသည်။ မှောင်သော အခန်းတွင်းတွင် အသုံးမပြုသင့်ပါ။ စခရင် အလင်းအမှောင်ချိန်ထားသင်ပြီး တစ်မီတာ အကွာမှ ကြည့်ရှု သင့်သည်ဟု အကြံပြုထားသည်။
မောက္ခသတင်း

ဆက်ဖတ်ရန်
ပို့စ်တင်သူ ။.............။ ကိုကြီးကျော် on Monday 13 August 2012
0 ( မှတ်ချက်ရေးချင်ရင် )
ခေါင်းစဉ်အလိုက်ပို့စ်များ |

၂၀၁၂ ခုနှစ်၊ သြဂုတ်လ ၁၀ ရက်နေ့ညနေ ၄ နာရီခွဲတွင် ရန်ကုန်မြို့ တော်ဝင်နှင်းဆီ စားသောက်ဆိုင်တွင် ရန်ကုန်မြို့ရှိ တက္ကသိုလ် ၄ ခုမှ ဆရာ/ဆရာမများက တက္ကသိုလ် ဆရာဆရာမများအသင်းများကို ဖွဲ့စည်းခြင်းနှင့် ပတ်သက်ပြီး စာနယ်ဇင်းများအား ဖိတ်ကြား ရှင်းလင်းပွဲ ပြုလုပ်ကြောင်း သိရသည်။
ထိုတက္ကသိုလ်များမှာ
၁။ ရန်ကုန်တက္ကသိုလ်
၂။ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်
၃။ ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်
၎။ ဒဂုံတက္ကသိုလ်တို့ဖြစ်သည်။
တက္ကသိုလ် ဆရာ၊ဆရာမများအသင်းများကို ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်၊ အလုပ်သမား အဖွဲ့အစည်းဥပဒေ ၂၀၁၁ ခုနှစ်ပါ ပုဒ်မ ၄ (က) နှင့်အညီ ဆရာ၊ဆရာမများ၏ လွတ်လပ်သော သဘောဆန္ဒအလျောက် ဖွဲ့စည်းခြင်းဖြစ်သည်ဟု ဆိုသည်။ ထိုတက္ကသိုလ် ဆရာ၊ဆရာမ များ အသင်းများထဲမှ တက္ကသိုလ် ဆရာ၊ဆရာမများအသင်း (ရန်ကုန်တက္ကသိုလ်) အား ဖွဲ့စည်းတည်ထောင်ရခြင်း ရည်ရွယ်ချက်များမှာ -
(က) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ ပညာရေးအဆင့်အတန်း မြှင့်တင်ရေးအတွက် သက်ဆိုင်ရာဘာသာရပ်နယ်ပယ် အသီးသီး၌ နိုင်ငံအကျိုးပြု ခေတ်မီပညာရေးစနစ် ဖော်ဆောင်ရာတွင် ရန်ကုန်တက္ကသိုလ် ဆရာဆရာမများအသင်းက တစ်တပ်တစ်အား ပါဝင်ဆောင်ရွက်ရန်၊
(ခ) တက္ကသိုလ်ဆရာ/ဆရာမများ၏ သာရေး၊ နာရေး၊ လူမှုရေး၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဆိုင်ရာ ကဏ္ဍများတွင် တတ်နိုင်သမျှ ကူညီ ဆောင်ရွက်ပေးရန်၊
(ဂ) ကျောင်းသား/ကျောင်းသူများ၏ ပညာရေး၊ ကျန်းမာရေးနှင့် လူမှုဘ၀ တိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များကို ထိရောက်စွာ ဆောင်ရွက်ပေးရန်၊
(ဃ) တက္ကသိုလ် ဆရာ/ဆရာမများ၏ ရသင့်ရထိုက်သော အခွင့်အရေးများနှင့် နစ်နာမှုများကို တရားဥပဒေနှင့်အညီ ကာကွယ် စောင့်ရှောက် ကူညီပေးရန်၊
(င) တက္ကသိုလ်ဆရာ/ဆရာမများ၏ တူညီသော သဘောထားဆန္ဒများကို လွတ်လပ်စွာ ဖော်ထုတ်ရာတွင် အသင်းမှ အကူအညီပေးရန်၊
(စ) မိမိ တတ်ကျွမ်းသည့် ပညာရပ်များကို အသက်မွေးဝမ်းကျောင်း ပညာရပ်အဖြစ် မူလတာဝန်များ မထိခိုက်စေဘဲ လွတ်လပ်စွာ အသုံးချခွင့် ရှိစေရန်၊
(ဆ) ပညာရေးဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဒေသတွင်း အဖွဲ့အစည်းများနှင့်လည်းကောင်း၊ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများနှင့် လည်းကောင်း ဆက်သွယ် ဆောင်ရွက်ရန် (သို့) ဆက်သွယ်ရာတွင် ကူညီဆောင်ရွက်ပေးရန် တို့ဖြစ်ကြသည်ဟု ဆိုသည်။
တက္ကသိုလ် ဆရာ၊ဆရာမများအသင်း (ရန်ကုန်တက္ကသိုလ်) ၏ အလုပ်အမှုဆောင်အဖွဲ့ဝင်များမှာ
၁။ ဒေါက်တာဥက္ကာမြ (တွဲဖက်ပါမောက္ခ၊သမိုင်းဌာန) ဥက္ကဌ
၂။ ဒေါက်တာစိုင်းခိုင်မျိုးထွန်း (လ/ထကထိက၊ နိုင်ငံတကာ ဆက်ဆံရေးပညာဌာန) အတွင်းရေးမှူး
၃။ ဒေါက်တာစိန်မိမိဦး (ကထိက၊သမိုင်းဌာန) ဘဏ္ဍာရေးမှူး
၎။ ဒေါက်တာဇော်မျိုးထွန်း (လ/ထကထိက၊ရုက္ခဗေဒဌာန) အဖွဲ့ဝင်
၅။ ဒေါက်တာမျိုးမောင်မောင် (လ/ထကထိက၊ဓါတုဗေဒဌာန) အဖွဲ့ဝင်
၆။ ဒေါက်တာကျော်မိုးသန်း (လ/ထကထိက၊ရူပဗေဒဌာန) အဖွဲ့ဝင်
၇။ ဦးပြည့်ဖြိုးကျော် (နည်းပြ၊ ရှေးဟောင်းသုတေသနဌာန) အဖွဲ့ဝင်
တို့ဖြစ်ကြသည်။
တက္ကသိုလ်ဆရာ/ဆရာမများအသင်း (ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်) ၏ အလုပ်အမှုဆောင်အဖွဲ့ဝင်များမှာ
၁။ ဦးသိန်းသီ (ကထိက၊ပထ၀ီဌာန) ဥက္ကဌ
၂။ ဒေါက်တာသန်းလွင်ဦး (လ/ထကထိက၊ နိုင်ငံတကာ ဆက်ဆံရေး ပညာဌာန) အတွင်းရေးမှူး
၃။ ဒေါ်နွဲ့နွဲ့ရီ (ဘဏ္ဍာရေးမှူး ၊စာကြည့်တိုက်နှင့် သုတပညာဌာန) ဘဏ္ဍာရေးမှူး
၎။ ဒေါက်တာသီဟသွင် (လ/ထကထိက၊ ဥပဒေပညာဌာန) အဖွဲ့ဝင်
၅။ ဒေါက်တာဝင်းမင်းဦး (လ/ထကထိက၊ ဘူမိဗေဒဌာန) အဖွဲ့ဝင်
၆။ ဦးသန်းဝင်း (ကထိက၊ သင်္ချာဌာန) အဖွဲ့ဝင်
၇။ ဒေါ်နှင်းဦးခိုင် (နည်းပြ၊ အင်္ဂလိပ်စာဌာန) အဖွဲ့ဝင်
တို့ဖြစ်ကြသည်။
တက္ကသိုလ် ဆရာ၊ဆရာမများ အသင်းများသည် အလုပ်သမား ၀န်ကြီးဌာနသို့ မှတ်ပုံတင်ရန် တရားဝင် လျှောက်ထားပြီးဖြစ်ကြောင်း သိရပါသည်။ စာနယ်ဇင်းများနှင့် တွေ့ဆုံရှင်းလင်းသော ထိုအခန်းအနားသို့ ပြည်တွင်းပြည်ပ သတင်းထောက်များ၊ စိတ်ပါဝင်စားသူများ၊ဆရာ/ဆရာမများ စုစုပေါင်း ၅၀ ဦး တက်ရောက်ကြောင်း သိရသည်။ ဆက်လက်ပြီးလည်း တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် တက္ကသိုလ်ဆရာ၊ဆရာမများ အသင်းများကို ဖွဲ့စည်း သွားကြမည်ဖြစ်ကြောင်း သိရသည်။
မောက္ခပညာရေးသတင်း

ဆက်ဖတ်ရန်
ပို့စ်တင်သူ ။.............။ ကိုကြီးကျော် on
0 ( မှတ်ချက်ရေးချင်ရင် )
ခေါင်းစဉ်အလိုက်ပို့စ်များ |

အနန္တအတုမရှိ ဗုဒ္ဓမြတ်စွာဘုရား

အလှူရှင်များအား MMSA အဖွဲ့မှ မှတ်တမ်းတင်ဂုဏ်ပြုလွှာပေးအပ်

အလှူရှင်များအား MMSA အဖွဲ့မှ မှတ်တမ်းတင်ဂုဏ်ပြုလွှာပေးအပ်

Mahidol University

International Buddhist Collage

မြန်မာ E Books

ထိုင်းနိုင်ငံ ရောက် ရွှေ့ပြောင်း မြန်မာအလုပ်သားမားများအတွက် ပညာရေး အခွင့်အလမ်းများ

MMSA ပရိတ်သတ်များ

ယခင်ပို့စ်အဟောင်းများ

အားပေးနေသော အပေါင်းသင်းများ

International News

တိုင်းရင်းသားသတင်းဌာနများစုစည်းမှု

သတင်းဌာနများစုစည်းမှု

ဘလော့ဂ်များစုစည်းမှု