MMSA ဘလော့စည်းမျဉ်းများ

* ဘာသာ သာသနာနှင့်လူမျိုးတို့၏ ဂုဏ်ကို ထိခိုက်ပျက်စီးစေတတ်သော အရေးအသားမျိုးကို ရှောင်ရှားရန်၊
* အချင်းချင်း ညီညွတ်မှု့ကို ပျက်စီးစေတတ်သော အကြောင်းများကို ရေးသားခြင်းမှ ရှောင်ရှားရန်၊
* သာသနာနှင့် မအပ်စပ်သော အဖွဲ့ဂုဏ်သိက္ခာကို ငြိုးနွမ်းစေတတ်သော ပုံများကိုတင်ခြင်းမှ ရှောင်ရှားရန်၊
* ပုဂ္ဂိုလ်ရေးဆိုင်ရာများထက် အများနှင့်သက်ဆိုင်သော အကျိုးများစေနိုင်သော ပုံများ စာများကိုသာ ရေးသားရန်၊
* MMSAသည် ပညာရေးအဖွဲ့စည်း ဖြစ်သည့် အတွက်နိုင်ငံရေးနှင့်သက်ဆိုင်သော အရေးအသားများကို ရေးခြင်းမှ ရှောင်ရှားရန်၊
* ဗုဒ္ဓဘာသာနှင့် မိမိတို့လေ့လာနေသော ပညာရပ်ဆိုင်ရာ အကြောင်းအရာများကို ဗဟုသုတအလို့ငှါ ရေးသား မျှဝေကြရန်၊

သာသနဗိမာန်ဆောက်လုပ်ရန် ငွေကြေးကောက်ခံနေမှုကြောင့် ရပ်ကွက်နေပြည်သူများ မကျေမနပ်ဖြစ်နေကြောင်း ဒေသခံ တဦးက ပြောသည်။

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ပေါက်ကုန်းရပ်ကွက်တွင် တည်ဆောက်လျှက်ရှိသည့် သာသန ဗိမာန်တော်အတွက် ရပ်ကွက် အုပ်ချုပ်ရေးမှူးများက မဖြစ်မနေ ထည့်ဝင်ရမည်ဟု ပြောဆိုကောက်ခံနေခြင်းဖြစ်သည်။

“ရပ်ကွက်မှာ နေတဲ့သူတွေက လက်လုပ်လက်စားတွေဘဲ ဆိုတော့ အခုလို မဖြစ်မနေထည့်ရမယ်ဆိုတော့ မကျေမနပ်ဖြစ်နေတာပေါ့၊ တအိမ်ကို (၃၀၀၀) ထည့်ရမယ်ဆိုပြီး ရပ်ကွက်မှူးတွေက ကောက်ခံနေတာ”ဟု ပြောသည်

ယင်းကဲ့သို့ အလှူခံကောက်ခံနေသည့် ရပ်ကွက်များမှာ ပေါက်ကုန်းရပ်ကွက် အပိုင်(၁)ရပ်ကွက်မှ အပိုင် (၁၅) ရပ်ကွက်အထိ ဖြစ်ကြောင်း ဒေသခံက ဆက်ပြောသည်။

အဆိုပါ ရပ်ကွက်များတွင် နေထိုင်သည့် အိမ်ထောင်စုပေါင်း (၂၂၀၀) ရှိပြီး သာသနာ့ဗိမာန်တော်မှ စတင်ဆောက်လုပ်နေလျှက်ရှိကြောင်း ဒေသခံက ဆက်ပြောသည်။

http://www.yoma3.org/

ဆက်ဖတ်ရန်
ပို့စ်တင်သူ ။.............။ younger on Wednesday 29 February 2012
0 ( မှတ်ချက်ရေးချင်ရင် )
ခေါင်းစဉ်အလိုက်ပို့စ်များ |

2012-02-29

ရန်ကုန်မြို့ ငါးထပ်ကြီးဘုရား လိပ်ပြာကန် ကျောင်းတိုက်က စာချဆရာတော် နိုင်ငံရေး အကျဉ်းသားဟောင်း ဦးဃောသိတက မိမိကို ကျောင်းတိုက်ကနေ ထွက်ခွာဖို့ သံဃ မဟာနာယကအဖွဲ့က အမိန့်ထုတ်ထားပေမယ့် အဲဒီကျောင်းမှာပဲ ဆက်လက် သီတင်းသုံး နေထိုင်မယ်လို့ အာအက်ဖ်အေကို မိန့်ပါတယ်။

RFA

ရန်ကုန်မြို့ ၅ ထပ်ကြီးဘုရား လိပ်ပြာကန်ကျောင်းတိုက်က စာချဆရာတော် နိုင်ငံရေး အကျဉ်းသားဟောင်း ဦးဃောသိတ

ဦးဃောသိတ အကျဉ်းထောင်က ပြန်လွတ်လာပြီးတဲ့နောက် ရဟန်းပြန်ဝတ်ခွင့်ကိစ္စ လျှောက်ထားပေမယ့် သီတင်းသုံးရာ ကျောင်းတိုက်က နှင်ထုတ်ခံထားရတဲ့အတွက် ဒီကိစ္စတွေနဲ့ပတ်သက်လို့ ဒီကနေ့ သာသနာရေးဦးစီးဌာနကို သွားရောက် တွေ့ဆုံခဲ့ရပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်လို့ ဦးဃောသိတက အာအက်ဖ်အေကို အခုလို မိန့်ပါတယ်။ “သာသနာရေး သွားတဲ့အခါ သာသနာရေးက ဦးစီးတစ်ယောက်နဲ့တွေ့တယ်။ သူ့ကို ဦးပဉ္စင်းက ၁၅ ရက် ၂ လ ၂၀၁၂ မှာ ဦးပဉ္စင်း ရဟန်းဝတ်ခွင့် တင်ထားတယ်။ ဒကာကြီးတို့ ဘယ်တော့ အဲဒါ စီစဉ်ပေးမှာလဲ၊ အရေးကြီးနေတယ်လို့ ဦးပဉ္စင်း ပြောခဲ့တယ်။ ပြောတဲ့အခါကျတော့ သာသနာရေးက တပေါင်းလပြည့်ကျော်မှ ဦးပဉ္စင်းကို လုပ်ပေးလို့ရမယ်၊ အဲဒီအချိန်ကျလို့ရှိရင်တော့ ဦးပဉ္စင်းကို သေသေချာချာ ကူညီပါ့မယ်၊ အဲဒါကို စိတ်ချပါလို့ သူတို့က ပြောတယ်။ နောက်တခါ ဦးပဉ္စင်းကို ကျောင်းတိုက်ကနေ ဖယ်ထားတဲ့စာ ဦးပဉ္စင်းက ထုတ်ပြတယ်။ သာသနာရေး ဦးစီးတစ်ယောက်က ဦးပဉ္စင်းကို ပြောတယ်။ ဒီအမိန့်က သူတို့လာပြီးတော့ လုပ်ရမယ့်အလုပ်ပါတဲ့။ သူတို့လည်း အလုပ်ရှုပ်နေတယ်၊ လေးလပိုင်းကျော်တဲ့အထိ ဒီနေရာမှာ ဆက်နေရင်လည်း ရပါတယ်လို့ သူတို့ကိုယ်နှိုက်က ပြောလိုက်ပါတယ်” ဦးဃောသိတက သူ့အနေနဲ့ သတ်မှတ်တဲ့ အချိန်ပြည့်ရင်လည်း ကျောင်းတိုက်မှာပဲ ဆက်ပြီး သီတင်းသုံးမှာဖြစ်တယ်လို့ အာအက်ဖ်အေကို မိန့်ပါတယ်။ ဆရာတော် ဦးဃောသိတဟာ ၂၀၀၈ ခုနှစ်ကဖြစ်ခဲ့တဲ့ နာဂစ်မုန်တိုင်း ဒုက္ခသည်ကယ်ဆယ်ရေး လုပ်နေရင်းနဲ့ ထိုင်ဝမ်နိုင်ငံက ဘာသာရေးအဖွဲ့တစ်ခုရဲ့ဖိတ်ကြားချက်အရ တခြားသံဃာ ခုနစ်ပါးနဲ့အတူ ထိုင်ဝမ်ကို ခေတ္တကြွသွားပြီး ရန်ကုန်ပြန်အလာ လေဆိပ်မှာ အဖမ်းခံခဲ့ရတာပါ။ အဲဒီနောက် တရားမဝင် ဒေါ်လာငွေကိုင်ဆောင်မှု၊ တရားမဝင် နယ်စပ်ဖြတ်ကျော်ထွက်ခွာမှု၊ မတရားသင်း ဖွဲ့စည်းမူတွေနဲ့ ဆရာတော်ကို ထောင် ခုနစ်နှစ် ချလိုက်ပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၃ ရက်ကတော့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ရမည်းသင်းထောင်က ပြန်လွတ်လာပါတယ်။

http://www.rfa.org/burmese/news/u-kaw-thida-sanka-authority-02292012113041.html

ဆက်ဖတ်ရန်
ပို့စ်တင်သူ ။.............။ younger on
0 ( မှတ်ချက်ရေးချင်ရင် )
ခေါင်းစဉ်အလိုက်ပို့စ်များ |

2012-02-29

ရန်ကုန်တိုင်း အရှေ့ပိုင်း တက္ကသိုလ် ပါမောက္ခချုပ်က ကျောင်းသားတွေ နိုင်ငံရေးနဲ့ပတ်သက်ရင် ကျောင်းထုတ်ခံရမယ်လို့ မနေ့က ခေါ်ယူ ပြောဆိုကြောင်း သတင်းရရှိပါတယ်။

RFA

၁၉၆၂ ခုနှစ် ဇူလိုင်လ ၇ ရက်နေ့မှာ တွေ့ရသော ရန်ကုန် တက္ကသိုလ် ကျောင်းသားသမဂ္ဂ အဆောက်အဦ ဖြစ်ပါသည်။ ဇူလိုင်လ ၈ ရက်နေ့တွင် စစ်တပ်၏ ဗုံးဖောက်ခွဲမှုကြောင့် ကျောင်းသားသမဂ္ဂ အဆောက်အဦ ပျက်ဆီးခဲ့ရပါသည်။ (မှတ်တမ်းဓါတ်ပုံ)

ဒီကိစ္စနဲ့ပတ်သက်လို့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ဗဟိုစည်းရုံးရေးကော်မတီ တွဲဖက်အတွင်းရေးမှူး (၂) ကိုမင်းသွေးသစ်က ပြီးခဲ့တဲ့အပတ်က တောင်ပိုင်းခရိုင် ကျောင်းသားများ သမဂ္ဂကို ဖွဲ့လိုက်ကြောင်း၊ အဲဒီသတင်းကို ကြားပြီး ပါမောက္ခချုပ် ဦးကျော်ရဲထွန်းက ဆရာမတွေရော၊ ကျောင်းသားတွေရော ခေါ်ပြီး ကျောင်းသားနိုင်ငံရေးလုပ်ရင် ကျောင်းထုတ်ခံရမယ်လို့ သတိပေးကြောင်း အာအက်ဖ်အေကို ပြောပါတယ်။ အရှေ့ပိုင်း တက္ကသိုလ်ပါမောက္ခချုပ်က အခုလို ပြောဆိုတာဟာ အသက် ၁၈ နှစ် ပြည့်ပြီးရင် ကြိုက်တဲ့နိုင်ငံရေးပါတီ ဝင်ပြီး နိုင်ငံရေး လုပ်ပိုင်ခွင့်ရှိတယ်ဆိုတဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ မကိုက်ညီကြောင်း ကိုမင်းသွေးသစ်က ပြောပါတယ်။ တောင်ပိုင်းခရိုင် ကျောင်းသားသမဂ္ဂကို ရေကြောင်းတက္ကသိုလ်၊ သမတက္ကသိုလ်၊ အရှေ့ပိုင်းတက္ကသိုလ်နဲ့ အစိုးရ နည်းပညာတက္ကသိုလ်ဆိုတဲ့ တက္ကသိုလ်လေးခုက ကျောင်းသားတွေ ဖွဲ့စည်းထားတာပါ။ မြန်မာနိုင်ငံ အနှံ့မှာလည်း ကျောင်းသားသမဂ္ဂတွေ ဖွဲ့စည်းနေပြီ ဖြစ်ပါတယ်။

http://www.rfa.org/burmese/news/university-student-political-02292012105318.html

ဆက်ဖတ်ရန်
ပို့စ်တင်သူ ။.............။ younger on
0 ( မှတ်ချက်ရေးချင်ရင် )
ခေါင်းစဉ်အလိုက်ပို့စ်များ |

နိုင်ငံတကာသမဂ္ဂအဖွဲ့ချုပ် ၄ ခု တို့ပါဝင်သော Global Union Federations (GUFs) စီးပွားရေး အကျပ်အတည်းကာလတွင် အမျိုးသမီးများ စွမ်းဆောင်ရည်ကို မြှင့်တင်ရန် တိုက်တွန်းတောင်းဆိုလိုက်သည်။  တိုင်းရင်းသားဒေသ ပညာရေးဖွံ့ဖြိုးမှုနှင့် အမျိုးသမီးများ စွမ်းရည်မြှင့်တင်မှုအတွက် အလွန်အမင်း အရေးကြီးနေပြီဖြစ်ကြောင်းကို ထောက်ပြထားသည်။ ကုလသမဂ္ဂ ၅၆ ကြိမ်မြောက် အမျိုးသမီးအဆင့်အတန်းညီလာခံကို ၂၇ ဖေဖေါ်ဝါရီမှ ၉ ရက် မတ်လ ၂၀၁၂ ခုအထိ ကျင်းပစဉ်ကာလများတွင် နိုင်ငံတကာ အစိုးရများသို့ တိုက်တွန်းလိုက်ခြင်းဖြစ်သည်။
မိန်းကလေးများကို ချန်မထားကြပါနှင့်...
"အမျိုးသားပညာရေး စီမံကိန်းများမှာ ကျေးလက်နေ အမျိုးသမီးများအတွက် ပညာရေးအခွင့်အရေး ရရှိစေဖို့ နည်းဗျူဟာတွေ ပါမှကို ဖြစ်တော့မယ်။" ယူဂန်ဒါအမျိုးသားကျောင်းဆရာသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်နှင့် နိုင်ငံတကာပညာရေးသမဂ္ဂများအဖွဲ့ချုပ် EI အမှုဆောင် ကိုယ်စားလှယ်ဖြစ်သူ Teopoista Birungi Mayanja က တင်ပြခဲ့သည်။
"မူကြိုပညာရေး ဖြည့်တည်းပေးဖို့၊ အခမဲ့ လူထု ပညာရေး၊ လမ်းသွယ်လမ်းပြောင်း ပညာရေး၊ သက်မွေးဝမ်းကျောင်းပညာရေး အစရှိတဲ့ ပညာရေးနှင့် သင်တန်းများဟာ ကလေးလုပ်အားခိုင်းစေမှုကို လျော့ချနိုင်ပါတယ်။ ကျောင်းတက်နှုန်း မြင့်စေပြီး မိန်းကလေးငယ်တွေ စာသင်ခန်းမှာ အတန်းဆုံးတဲ့အထိ တည်မြဲနေဖို့လည်း အထောက်အကူဖြစ်စေတယ်။ ပညာရေးအတွက် ရေရှည်တည်တံ့မယ့် ဘတ်ဂျက်ငွေဟာ အလွန်ပဲ အရေးကြီးလှတယ်။ အခုလို အကျပ်အတည်းကာလမှာ ပိုလို့တောင်မှ အရေးကြီးနေပါတယ်။ ပညာရေးသမဂ္ဂများအနေနဲ့ ကျေးလက်နဲ့ တိုင်းရင်းသားဒေသများက မိန်းကလေးငယ်တွေရဲ့ ပညာရေးဟာ နောက်မကျနေဖို့အတွက် အထူးလုပ်ဆောင်ကြရပါလိမ့်မယ်။"
သမဂ္ဂများအဖွဲ့ချုပ် ၄ ခုတို့မှာ the four global organisations - Education International (EI), Public Services International (PSI), the International Trade Union Confederation (ITUC), and the International Union of Food, Agricultural, Hotel, Restaurant, Catering, Tobacco and Allied Workers' Associations (IUF) တို့ဖြစ်ကြပြီး ပညာရေးဘဏ္ဍာငွေ လုံလောက်မှု ရှိစေရန်အတွက် ငွေကြေးထုတ်ယူသုံးစွဲခြင်း FTT တွင် ကမ္ဘာ့အခွန်ကောက်ခံရန် အစိုးရများထံ တောင်းဆိုထားသည်။
မောက္ခနိုင်ငံတကာပညာရေးသတင်း
Source: Education International


ဆက်ဖတ်ရန်
ပို့စ်တင်သူ ။.............။ ထာဝရသီရိ on
0 ( မှတ်ချက်ရေးချင်ရင် )
ခေါင်းစဉ်အလိုက်ပို့စ်များ |

ဆရာဆိုတာ


ရေးသားသူ - ခင်နှင်းစိုး

၂၀၀၇ ခုနှစ်မှာ ပညာရေးသုတေသီတွေပါဝင်တဲ့ McKinsey ဆိုတဲ့ အဖွဲ့က ကမ္ဘာပေါ်မှာ ဘာလို့ တချို့နိုင်ငံတွေရဲ့ ကျောင်းပညာရေးစနစ်တွေကအောင်မြင်ပြီး တချို့က မအောင်မြင်ရတာလဲဆိုတာကို သုသေသနပြုလုပ်ခဲ့ကြပါတယ် [1] ။ နိုင်ငံတကာက ကျောင်းပေါင်း ၂၅ ကျောင်း (ထိပ်တန်း ၁၀ ကျောင်းအပါအ၀င်) ကို သူတို့ လေ့လာခဲ့ကြတယ် ။ သူတို့ကောက်ချက်ချတဲ့ ကျောင်းပညာရေးစနစ် အောင်မြင်ဖို့ အဓိကသုံးချက်ထဲမှာ ထိပ်တန်းကပါဝင်တဲ့အချက်ကတော့ အရည်အချင်းပြည့်စုံပြီး လူမှန်နေရာမှန်ဖြစ်တဲ့ ဆရာ ဆရာမတွေရအောင် လုပ်ရမယ်ဆိုတာပါပဲ ။

ကျမတို့မြန်မာလူမျိုးတွေမှာ သင်ဆရာ ၊ မြင်ဆရာ ၊ ကြားဆရာဆိုပြီး ဆရာကို သုံးမျိုးခွဲ ပြောလေ့ရှိကြတယ် ။ ဒါ့အပြင် ကိုယ်ရိုသေတဲ့လူ ၊ ကိုယ့်ထက် ရာထူးအာဏာမြင့်သူတွေကို ဆရာလို့ ခေါ်လေ့ရှိကြတယ် ။ ဆိုက်ကားဆရာ ၊ မြင်းလှည်းဆရာ ၊ ပန်းချီဆရာ ၊ ကာတွန်းဆရာ ၊ စာရေးဆရာ .. စတဲ့ ဂုဏ်ပုဒ်တွေမှာလည်း ဆရာဆိုတဲ့စကားလုံးနှစ်လုံးကို ထည့်သွင်းခေါ်ဆိုကြတယ် ။

စာသင်ခန်းထဲက ဆရာ ဆရာမတွေကရော ကိုယ့်ကိုယ်ကိုယ် ဘယ်လို ဆရာ အဖြစ်သတ်မှတ်ကြမလဲ ။ ပတ်ဝန်းကျင်က ဘယ်လိုသတ်မှတ်တာကို ခံချင်ကြပါသလဲ ။



ကျမ ခြောက်တန်းတုန်းက သင်္ချာသင်တဲ့ဆရာမတယောက်ရှိခဲ့တယ် ။ သူဘယ်လိုစာသင်လဲဆိုတာ ကျမမမှတ်မိတော့ဖူး ။ သူစစ်တဲ့လစဉ်စာမေးပွဲမှာ အမှတ် ၁၀၀ မရသူတိုင်းကို ကြိမ်လုံးနဲ့ လက်ဝါးမှာ တယောက်တချက်ရိုက်တာကိုပဲ မှတ်မိနေတယ် ။ ခုချိန်ပြန်စဉ်းစားမိတိုင်း သူဘာလို့ အဲလိုလုပ်တာလဲဆိုတာ နားမလည်နိုင်အောင်ပဲ ။ ကျမတို့ကို စာကြိုးစားအောင် လုပ်တာလား ၊ ကျောင်းသားတိုင်း အမှတ် ၁၀၀ မရရင် သူနာမည်ပျက်မှာစိုးရိမ်လို့လား ။

အင်တာနက်ပေါ်မှာ လူငယ်တယောက်ရဲ့မှတ်ချက်ကို တွေ့ဖူးတယ် -- မြန်မာနိုင်ငံက ဆရာ ဆရာမတွေက ကမ္ဘာပေါ်မှာ အရိုက်အကြမ်းဆုံး အာဏာအသုံးပြုဆုံး ဆရာ ဆရာမတွေထဲ ပါဝင်နိုင်တယ်တဲ့ ။

တကယ်တော့ မြန်မာပြည်မှာ စေတနာနဲ့သင်ကြားပေးတဲ့ ဆရာ ဆရာမတွေလည်း အများကြီးဆုံခဲ့ဖူးပါတယ် ။ နောက်ပြီး အာဏာသုံးတဲ့ ဆရာ ဆရာမဆိုတာ မြန်မာနိုင်ငံမှာတင် မဟုတ်ပါဖူး ၊ နိုင်ငံတိုင်းမှာ ရှိတတ်ကြပါတယ် ။

ကျမစင်္ကာပူမှာ အလယ်တန်းအဆင့် (၇ တန်းနဲ့အညီ) ကျောင်းတက်တုန်းက အင်္ဂလိပ်စာသင်တဲ့ ဆရာမတယောက်ဆို စာသင်ကောင်းပေမယ့် အရမ်းစိတ်တိုတတ်ပါတယ် ။ အင်္ဂလိပ်စာ စာစီစာကုံးအမှတ်ခြစ်တဲ့အခါ သူညံ့တယ်သတ်မှတ်တဲ့ မကြိုးစားပဲရေးထားတယ်လို့ထင်တဲ့ ကျောင်းသားတွေရဲ့စာအုပ်တွေကို အတန်းအပြင်ကို လွှင့်ပစ်လေ့ရှိတယ် ။ အဲဒီဆရာမဟာ စာသင်ကောင်းပေမယ့် သူ့အတန်းချိန်ဆို ကြောက်နေရတာနဲ့ပဲ စာကိုသေချာမသိလိုက်တာတွေ အများကြီးပါ ။

ဘယ်လို ဆရာ ဆရာမဖြစ်မယ်ဆိုတာ တကယ်တော့ ကိုယ်တိုင်က ဆုံးဖြတ်တယ်ဆိုတာ ကျမ ကိုယ်တိုင် ဆရာမဖြစ်လာတော့မှ သိလိုက်ရပါတယ် ။

စင်္ကာပူနိုင်ငံရှိ ပေါ်လီတက္ကနစ် (polytechnic) တခုမှာ ကျမ စာသင်တဲ့အခါ စာသင်နှစ်ကုန်တဲ့အခါတိုင်း ကျမသင်တဲ့ဘာသာရပ်နဲ့ ၊ ကျမစာသင်တဲ့ပုံစံအပေါ် ကျောင်းသားတွေက (ကျောင်းကို) မှတ်ချက်ပေးရပါတယ် ။ အဲလိုစနစ်က ကျောင်းသားတွေအမည်ဖော်ပြခြင်းမရှိဘဲ ဆရာတယောက်ဟာ ဘာတွေလိုအပ်တယ် ဘာတွေကောင်းမွန်တယ်ဆိုတာသိရအောင် လုပ်တာမျိုးပါ ။ အဲဒီအခါတိုင်းမှာ သူတို့အများဆုံးပြောလေ့ရှိတာ ကျမက စိတ်ရှည်တယ် ၊ ကျောင်းသားတွေဘာပြောပြော သေချာနားထောင်ပြီး သူတို့အဖြေကို လစ်လျူမရှုဘဲ သေချာပြန်ဆွေးနွေးတယ် ၊ သူတို့ကို ပိုစဉ်းစားတတ်လာအောင် မေးခွန်းတွေ ပြန်မေးတတ်တယ် ၊ တချိန်တည်းမှာ သူတို့အပေါ် တင်းကျပ်သင့်တဲ့အခါလည်း တင်းကျပ်တယ် ဆိုတာပါပဲ ။

ဆရာမဖြစ်လာတဲ့အချိန်ကစပြီး ကျမမှာ ခံယူချက် နှစ်ချက်ရှိပါတယ် .. ပထမအချက်ကတော့ ကျောင်းခန်းထဲဝင်တဲ့အခါတိုင်း ကျမသာ အဲဒီအခန်းထဲကကျောင်းသားတယောက်ဖြစ်ခဲ့မယ်ဆိုရင် ဘယ်လိုသင်ကြားမှုမျိုးကို သဘောကျတန်ဖိုးထားမလဲဆိုတာ အမြဲစဉ်းစားလေ့ရှိပါတယ် ။ ဒုတိယအချက်ကတော့ အမေရိကန်ပညာရှင် William Arthur Ward ပြောခဲ့တဲ့အတိုင်း - -

“The mediocre teacher tells. The good teacher explains. The superior teacher demonstrates. The great teacher inspires.”
သာမန်ဆရာက (ပြောရုံ) ပြောပြတယ် ၊ ဆရာကောင်းတယောက်က ရှင်းပြတယ် ၊ ပိုကောင်းတဲ့ဆရာကတော့ လက်တွေ့သရုပ်ပြတယ် ၊ အကောင်းဆုံးဆရာကတော့ (ကျောင်းသားတွေအတွက်) စိတ်အားထက်သန်မှုတွေကို ပေးနိုင်တယ် ။
ကျောင်းသား ကျောင်းသူတွေအတွက် စိတ်အားထက်သန်မှုပေးနိင်တဲ့ဆရာမမျိုး ဖြစ်ရမယ်ဆိုတဲ့ ရည်မှန်းချက်နဲ့ အမြဲစာသင်ပါတယ် ။


Teachers are the most important in a classroom
-----------------------------------------------

စာသင်ခန်းထဲမှာ အရေးကြီးဆုံးက ဆရာ ဆရာမတွေပဲလို့ မြင်မိပါတယ် ။ သင်ရိုးညွန်းတမ်းတွေ သင်ထောက်ကူပစ္စည်းတွေ သင်ကြားနည်းစနစ် စတာတွေကို အစိုးရကဖြစ်စေ အဖွဲ့အစည်းတွေကဖြစ်စေ တိုးတက်ကောင်းမွန်အောင် လုပ်ပေးနိုင်ပေမယ့် တကယ်တမ်းလက်တွေ့မှာ အဲဒါတွေကို ဘယ်လောက်ထိထိရောက်ရောက် အသုံးချနိုင်မလဲဆိုတာကတော့ စာသင်ခန်းတွေထဲမှာ နေ့စဉ်သင်ကြားနေတဲ့ ဆရာ ဆရာမတွေအပေါ် လုံးဝမူတည်ပါတယ် ။

မကြာသေးခင် ကျမမြန်မာပြည်ရောက်တုန်း ၊ ရန်ကုန်မှာရှိတဲ့ ဘုန်းတော်ကြီးကျောင်းတချို့က ဆရာ ဆရာမတွေနဲ့ တွေ့ဖြစ်ခဲ့တယ် ။ သူတို့ကျောင်းမှာ ယူအန် (UN) ကထောက်ပံ့ထားတဲ့စာအုပ်စာတန်းတွေကို ထုတ်ပြကြတယ် ။ ယူအန်ကလုပ်တဲ့ သင်တန်းတွေမှာ သူတို့တက်ဖူးတဲ့အကြောင်း ပြောပြကြတယ် ။ သူတို့နဲ့စကားပြောရင်း သတိထားမိတာကတော့ သင်တန်းတက်ခဲ့တာချင်းအတူတူ ၊ စာအုပ်စာတန်းရတာချင်းအတူတူဖြစ်ပေမယ့် တချို့ဆရာ ဆရာမတွေက တန်ဖိုးထားတတ်ပြီး သူတို့အတန်းထဲမှာ ပြန်အသုံးချတတ်ကြတယ် ။ တချို့တွေကတော့ ပြန်အသုံးမချကြဖူး ။

ဒါ့အပြင် နိုင်ငံတကာပညာရေးသုတေသီတွေ တွေ့ရှိကြတာကတော့ စာသင်ခန်းထဲမှာ ကျောင်းသားတယောက်ရဲ့စာသင်ယူမှုအပေါ် ဆရာ ဆရာမတွေက အများကြီးသက်ရောက်မှုရှိတယ် ဆိုတာပါပဲ ။ ဥပမာ -- ကိုယ့်ကိုနားလည်တယ်လို့ထင်တဲ့ ဆရာ့အချိန်ဆို ဘာသာရပ်ကိုမကြိုက်ရင်တောင် ကြိုးစားအားထုတ်တတ်တာမျိုး ၊ စာသင်ကောင်းတဲ့ဆရာကြောင့် စာတော်တဲ့ကျောင်းသားတယောက်ဟာ အဲဒီဘာသာရပ်မှာ ပို နားလည်သွားတာမျိုး ။

Being adaptable to changes
---------------------------

ပြင်သစ်စာရေးဆရာတယောက်က “The only thing constant in life is change” – ဘ၀မှာ မပြောင်းလဲတဲ့အရာတခုကတော့ ပြောင်းလဲခြင်းပဲ … လို့ ပြောခဲ့ပါတယ် ။

သူပြောခဲ့သလို ကျမတို့ဆရာ ဆရာမတွေဟာ ခုခေတ်ကျောင်းသားတွေနဲ့ လိုက်လျောညီထွေဖြစ်မယ့် သင်ကြားမှုမျိုးနဲ့ သင်ကြားသင့်ပါတယ် ။ ခုခေတ်ကျောင်းသားတွေဟာ ကျမတို့ကျောင်းသားဘ၀တုန်းကနဲ့ မတူတော့တာကို နားလည်ကြရပါမယ် ။ သူတို့သင်ယူနည်းတွေ ၊ စိတ်ဓါတ်တွေ ၊ သူတို့ပတ်ဝန်းကျင်မှာ ဖြစ်ပျက်နေတာတွေ ၊ ကမ္ဘာကြီးမှာ ပြောင်းလဲနေတာတွေ .. ဒါတွေအကုန်လုံးနဲ့ လိုက်လျော်ညီထွေဖြစ်တဲ့ သင်ကြားနည်းစနစ်အသစ်တွေ အတွေးအခေါ်သစ်တွေကို ပြောင်းလဲလက်ခံတတ်ဖို့ လိုအပ်ပါတယ် ။

ထိုင်းနိုင်ငံ မဲဆောက်မြို့မှာရှိတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေရဲ့သားသမီးတွေအတွက် ဖွင့်လှစ်ထားတဲ့ ကျောင်းတွေက ဆရာ ဆရာမတွေကို သင်ကြားနည်းစနစ် နဲ့ သင်ရိုးညွှန်းတမ်းတွေနဲ့ ပတ်သက်ပြီး ကျမသင်တန်းပေးခဲ့တုန်းက အဖြစ်အပျက်လေးကို သတိရမိတယ် ။ တက်ရောက်ကြတဲ့အထဲမှာ အရွယ်အမျိုးမျိုး ဆရာ ဆရာမတွေ ပါဝင်ကြပါတယ် ။ တော်တော်များများက အားတက်သရောပဲ ကျမတင်ပြတဲ့သင်ကြားနည်းစနစ်သစ်ကို လေ့လာပြီး သူတို့အမြင်တွေကိုလည်း ဆွေးနွေးကြတယ် ။ အဖွဲ့တွေဖွဲ့ပြီး presentation လုပ်ခိုင်းတဲ့အခါ ဆရာမတယောက်က အတန်းရှေ့ထွက်ပြီး သူ့အဖွဲ့ကိုယ်စားတင်ပြတယ် ။ “ဆရာမပြောတာ နားလည်ကြလား“ လို့ အထပ်ထပ်ပြောပြီး ဆရာမလေသံအပြည့်နဲ့ ရှင်းပြတာမျိုးဖြစ်နေတော့ ၊ အခန်းထဲမှာနားထောင်နေတဲ့ တခြား ဆရာ ဆရာမတွေက ပြုံးစိစိဖြစ်ကုန်ကြတယ် ။ “နားလည်ပါတယ် ဆရာမ” လို့ နောက်သလိုလိုနဲ့ ပြန်ပြောကြတယ် ။ သူ့ကို မေးခွန်းပြန်ထုတ်တော့လည်း မေးခွန်းထုတ်တာများလာတော့ စိတ်မရှည်သလို ဖြစ်လာတယ် ။ အဲဒီဆရာမကတော့ သူ့ပုံစံဘယ်လိုဖြစ်တယ်ဆိုတာ သိလိုက်ပုံမရဘူး ။ စာသင်ခန်းထဲမှာ သူလုပ်နေကြပုံစံအတိုင်း ခေါက်ရိုးကျိုးလွန်းနေတယ် ။ ကျမကတော့ သူ့ကိုကြည့်ရင်း ငယ်ငယ်တုန်းက ကြုံခဲ့ဖူးတဲ့ “ငါပြောတာမှ အမှန်.. ပြန် မေးခွန်းမထုတ်နဲ့” ဆိုတဲ့ စတိုင်မျိုးသုံးကြတဲ့ ဆရာမတချို့ကို သတိရမိတယ် ။

The benefit of questioning
---------------------------

အတန်းထဲမှာ ကျောင်းသားတွေကို ကျမကအရမ်းမေးခွန်းထုတ်လေ့ရှိတယ် ။ သူတို့ကိုလည်း ကျမကိုဖြစ်စေ ၊ သူတို့အချင်းချင်းဖြစ်စေ ၊ ကိုယ့်အတွေးထဲပဲဖြစ်စေ သင်ယူနေတဲ့သင်ခန်းစာနဲ့ပတ်သက်တဲ့ မေးခွန်းတွေမေးဖို့ အားပေးတယ် ။ တခါတလေ သူတို့မေးခွန်းမေးလာရင် ချက်ချင်းအဖြေမပေးဘဲ သူတို့ကို လမ်းစဖွင့်ပေးတဲ့သဘောမျိုးနဲ့ သူတို့တွေးနိုင်မယ့်အဖြေမျိုးထွက်မယ့် မေးခွန်းမျိုးကို ပြန်မေးလေ့ရှိတယ် ။

မေးခွန်းမေးတယ်ဆိုတာလည်း ကျောင်းသားက ဆရာကိုမေး ဆရာကပြန်ဖြေ.. အဲလို တလမ်းသွားမဖြစ်သင့်ပါဖူး ။ ဆရာ ဆရာမတွေအနေနဲ့ ကျောင်းသားတွေကို ကိုယ့်ဘာသာ မေးခွန်းထုတ် အဖြေရှာဖို့စဉ်းစားတာမျိုးကို အားပေးသင့်တယ် ။ အထူးသဖြင့် WHY (ဘာကြောင့်လဲ) ဆိုတဲ့မေးခွန်းကို အမြဲစဉ်းစားမိတတ်အောင် ။

ကျောင်းသားတွေမေးခွန်းမေးလာတာကို တချို့မြန်မာဆရာ ဆရာမတွေ မကြိုက်ကြတာ အဖြေကို သူတို့မသိမှာစိုးရိမ်လို့ ၊ မေးခွန်းကိုဖြေနိုင်ဖို့ စာထပ်မဖတ်ချင်လို့ ၊ အချိန်ကုန်တယ်ထင်လို့ ၊ မေးခွန်းမေးခြင်းရဲ့အကျိုးအမြတ်ကို နားမလည်လို့ မယုံကြည်လို့ စတာတွေကြောင့် ဖြစ်နိုင်ပါတယ် ။

ဒါပေမယ့် ကျမအတွေ့အကြုံအရပြောရရင် ကျောင်းသားတွေ မေးခွန်းမေးတဲ့အခါ သူတို့ရော ဆရာတွေပါ တိုးတက်မှုရကြပါတယ် -- ကျောင်းသားတွေမေးခွန်းကြောင့် ဆရာတွေဟာ ကိုယ်မတွေးဖြစ်တဲ့ရှုထောင့်ကနေ တွေးဖြစ်သွားတယ် ၊ ကိုယ်သိထားတာတွေအပေါ် ထပ်ဆင့်တွေးမိသွားတာမျိုး ၊ ဒါတော့ ငါမသိသေးပါလား ငါမပိုင်သေးပါလားဆိုတာမျိုး သဘောပေါက်လာနိုင်တယ် ။ ကျောင်းသားတွေအတွက်လည်း စူးစမ်းတွေးခေါ်တတ်ပြီး မေးခွန်းထုတ်တတ်တဲ့အကျင့်ရသွားမယ် ၊ ဆရာက သူတို့ကို တန်ပြန်မေးခွန်းထုတ်တာအပေါ် ထပ်ဆင့်တွေးပြီး သင်ခန်းစာအပေါ် နားလည်မှုပိုရှိသွားမယ် ၊ ဒီသင်ခန်းစာဟာ တခြားအရာတွေနဲ့လည်း ဘယ်လိုဆက်စပ်နိုင်တယ်ဆိုတာမျိုး တွေးမိသွားမယ် ။

မေးခွန်းမေးတဲ့အကျင့်ဟာ ကျမတို့မြန်မာနိုင်ငံရဲ့စာသင်ခန်းတွေထဲမှာ မရှိသလို ၊ ဆရာတွေနဲ့ ၊ လက်ရှိပညာရေးစနစ်ကပါ အားမပေးတာတွေ့ရတယ် ။ တကယ်တော့ ဆရာနဲ့ကျောင်းသားကြား အပြန်အလှန်မေးခွန်ထုတ်တတ်တဲ့ အလေ့အကျင့်မျိုး ကျမတို့နိုင်ငံရဲ့ စာသင်ခန်းတွေထဲမှာ အမြန်ဆုံးမိတ်ဆက်ပေးဖို့ လိုအပ်နေပါတယ် ။

နောက်ပြီး ကျောင်းသားတွေ မေးခွန်းကို ဖြေတာပဲဖြစ်ဖြစ် ၊ သူတို့ကိုလမ်းပြဖို့အတွက် တန်ပြန်မေးခွန်းမေးတာပဲဖြစ်ဖြစ် .. အဲလိုတွေလုပ်နိုင်အောင် ဆရာ ဆရာမတွေအနေနဲ့ ကိုယ်တိုင်က အမြဲလေ့လာသင်ယူနေရမယ် ။

Being lifelong learners
------------------------

အမေရိကန်နိင်ငံက ကျောင်းတွေအကြောင်းရေးသားတဲ့ အင်တာနက်စာမျက်နှာတခုမှာ ၂၁ ရာစုရဲ့ ဆရာ ဆရာမတွေ ထိရောက်စွာစာသင်ကြားနိုင်ဖို့ ရှိသင့်တဲ့ အချက် ၅ ချက်ထဲက တစ်ချက်ကတော့ ဘ၀တလျှောက်လုံးလေ့လာနေရမယ် [2] ။

လေ့လာသင်ယူခြင်းနဲ့ပတ်သက်ပြီး နာမည်ကျော်အမေရိကန်စာကြည့်တိုက်မှူး John Cotton Dana ပြောခဲ့တာလေးကို ကြိုက်မိတယ် -- “Who dares to teach must never cease to learn” -- စာသင်မယ့်သူဟာ အမြဲတမ်းလေ့လာနေရမယ် ။

အချိန်နဲ့အမျှပြောင်းလဲတိုးတက်နေတဲ့ကမ္ဘာကြီးမှာ ကိုယ်သိထားတာတွေ ကိုယ်သင်ခဲ့ရတာတွေက တချိန်မဟုတ် တချိန်မှာ ခေတ်နောက်ကျသွားမှာ မလုံလောက်တော့မှာ မလွဲဧကန်ပါ ။ ဒါကြောင့် ဆရာ ဆရာမတွေကလည်း ခေတ်နဲ့အညီလိုက်ပြီး ကျောင်းသားတွေကို သင်ကြားပေးနိုင်ဖို့ ကိုယ်တိုင်ကအမြဲလေ့လာနေဖို့ လိုအပ်ပါတယ် ။ လေ့လာလိုစိတ် ၊ လေ့လာတာကိုယ့်အတွက်လည်း အကျိုးရှိတယ်ဆိုတဲ့ စိတ်မျိုး ထားသင့်ပါတယ် ။

The mindset of teachers
------------------------

လူတယောက်မှာ သူ့ရဲ့စိတ်နေစိတ်ထားက အဓိကကျတယ်လို့ ကျမထင်တယ် ။ တခြားသူတွေက ကိုယ့်ကို ဘယ်လိုတွေပြောပြော နောက်ဆုံးတော့ ကိုယ့်သဘောနဲ့ကိုယ်လုပ်တတ်တာ လူ့သဘာဝပါ ။ ကျောင်းသားတွေကို ဆရာတွေက ဆုံးမ လမ်းညွှန်တာပဲ လုပ်နိုင်ပါတယ် ။ တကယ့်ဆုံးဖြတ်ချက်ကတော့ ကျောင်းသားတွေကိုယ်တိုင်ပဲ ချရမှာပါ ။

အလားတူ ဆရာ ဆရာမတွေကို သင်တန်းတွေမှာ စာသင်နည်းအသစ်တွေအကြောင်း ၊ သင်ထောက်ကူပစ္စည်းအသစ်တွေအကြောင်း ၊ ခေတ်နဲ့ညီတဲ့ ကျောင်းသုံးပြဌာန်းစာအုပ်တွေအကြောင်း .. စတာတွေ သင်တန်းပေးနိုင်ပေမယ့် တကယ်လက်တွေ့သုံးတယ် မသုံးဘူးဆိုတာကတော့ ဆရာတွေရဲ့ စိတ်နေစိတ်ထားပေါ်မှာပဲ လုံးလုံးလျားလားမူတည်နေပါတယ် ။

ကျမစာသင်ခဲ့တဲ့ ပေါ်လီတက္ကနစ်မှာ နှစ်စဉ်နှစ်တိုင်း ဆရာ ဆရာမတွေဟာ သင်ကြားနည်းစနစ်တွေနဲ့ ပတ်သက်တဲ့သင်တန်းတွေ ဆွေးနွေးပွဲတွေကို မတက်မနေ တက်ရပါတယ် ။ အဲဒီအခါ ကျမရဲ့လုပ်ဖော်ကိုင်ဖက်တချို့က စာသင်တယ်ဆိုတာ ကိုယ်တတ်ထားတာကို ပြန်ရှင်းပြလိုက်ရုံပဲ .. သင်ကြားနည်းစနစ်တွှေအကြောင်း ဆွေးနွေးတာတို့ သင်ယူလေ့လာဖို့မလိုဘူးလို့ စိတ်ထဲခံယူထားကြပါတယ် ။ သူတို့ အဲလို သင်တန်းတွေကို မတက်မနေရမို့သာ သွားတက်ကြပေမယ့် ဘာကိုမှလေ့လာတာမျိုး ၊ ပြီးတော့ ပြန်အသုံးချတာမျိုး မလုပ်ကြပါဖူး ။ တချို့ဆရာတွေက သူတို့ဘာသာရပ်ကို ပိုင်နိုင်ကြတဲ့အတွက် စာကိုသေချာရှင်းပြနိုင်ကြပါတယ် ။ ဒါပေမယ့် ဒါနဲ့တင်မလုံလောက်ပါဖူး ။ သင်ကြားနည်းမှာပါကျွမ်းကျင်မှသာ ကျောင်းသားတွေက စိတ်ဝင်တစားဖြစ်ပြီး ပိုပြီးလေ့လာသင်ယူကြမှာ ဖြစ်ပါတယ် ။

ခုခေတ်ကြီးမှာ ကျောင်းသားတွေဟာ စာအုပ်တွေထဲမှာပါတဲ့ အချက်အလက်ကြွယ်ဝတာနဲ့ မလုံလောက်တော့ပါဖူး ။ တကယ့်လက်တွေ့မှာ အဲဒီအချက်အလက်တွေကို ဘယ်လိုအသုံးချမလဲ ၊ အဲဒါတွေသုံးပြီး တခြားအရာတွေနဲ့ ဘယ်လိုဆက်စပ် တွေးခေါ်လေ့လာမလဲ ၊ အခက်အခဲတွေကို ဖြေရှင်းဖို့ ဘယ်လိုတွေးခေါ်နိုင်သလဲဆိုတာတွေက အရေးကြီးလာပါတယ် ။ ကျောင်းသားတယောက်ကို ဘက်ပေါင်းစုံပညာရေးမျိုး (holistic education) ပေးဖို့ လိုအပ်လာပါပြီ ။

How teachers see the purpose of education
------------------------------------------

ဆရာ ဆရာမတွေ အလေးအနက်စဉ်းစားသင့်တာကတော့ ကျောင်းသားတွေကို သူတို့အတန်းတွေထဲမှာ ဘယ်လိုပညာရေးမျိုးပေးမလဲ ဆိုတာပါပဲ ။

အမေရိကန်နိုင်ငံရှိ University of Mississippi ရဲ့ ပညာရေးဌာနမှာ စာသင်ကြားနေတဲ့ Assistant Professor Randall V. Bass ပညာရေးရဲ့ရည်ရွယ်ချက်နဲ့ပတ်သက်ပြီး ခုလိုပြောကြားထားပါတယ် …. “ပညာရေးဆိုတာ စာသင်ခန်းတွေထဲမှာလေ့လာသင်ယူတာကိုသာ ဆိုလိုတာမဟုတ်ပါဖူး ၊ စတင်မှတ်သားတတ်တဲ့ ကလေးဘ၀အရွယ်ကနေ ဘ၀တလျှောက်လုံးလေ့လာသင်ယူနေမှုကို ဆိုလိုတာပါ ။ တကယ်တော့ စာသင်ခန်းတွေဆိုတာ ပညာရေးရဲ့ တစိတ်တဒေသပဲ ဖြစ်ပါတယ်” [3] ။

ဒါဟာ ပညာရေးအပေါ် မှန်ကန်တဲ့သုံးသပ်ချက်ပါ ။ ကျမကိုယ်တိုင်လည်း ကျောင်းမှာသင်ယူခဲ့ရတာတွေပေါ်အခြေခံပြီး ကိုယ့်ဘာသာလေ့လာခဲ့ရတာတွေ ၊ လုပ်သက်ကြာလာတာနဲ့အမျှ အတွေ့အကြုံက သင်ကြားပေးခဲ့တာတွေ အများကြီးပဲ ။ ကျမသာ ကျောင်းမှာသင်ယူခဲ့ရတာလောက်နဲ့ပဲ ရပ်တန့်နေခဲ့မယ်ဆိုရင် ကျမဟာ ခုချိန်မှာ ပညာအရ ခေတ်နောက်မှာကျန်ခဲ့သူတယောက်ဖြစ်မှာ သေချာပါတယ် ။ ဒါကြောင့်လည်း ကျမရဲ့ကျောင်းသားတွေကို အမြဲတန်း holistic education ပေးနိုင်ဖို့ ၊ သူတို့ကို ဘ၀တလျှောက်လုံး အမြဲမပြတ်လေ့လာနိုင်သူတွေဖြစ်အောင် နည်းပေးလမ်းပြနိုင်ဖို့ ကြိုးစားပါတယ် ။

What kind of teacher do you want to be?
---------------------------------------

A teacher affects eternity; he can never tell where his influence stops.
--Henry Adams


အပေါ်မှာ အမေရိကန် စာရေးဆရာနဲ့ ပညာရှင်ဖြစ်တဲ့ Henry Adams ပြောတဲ့အတိုင်း ပညာရေးစနစ်တိုင်းမှာ အရမ်းအရေးကြီးတဲ့နေရာမှာ ပါဝင်နေရတဲ့ ကျမတို့လို ဆရာ ဆရာမတွေဟာ ငါ ဘယ်လိုဆရာဖြစ်ချင်သလဲဆိုတာ ကိုယ့်ဘာသာဆုံးဖြတ်ဖို့ လိုအပ်ပါတယ် ။ နေ့စဉ်နေ့တိုင်း စာသင်ခန်းထဲမှာ ကိုယ့်သင်ကြားမှုက ကျောင်းသားတွေအတွက် ဘယ်လောက်အကျိုးရှိလဲ ၊ ကိုယ့်ကိုယ်ကိုယ် ဘယ်လောက်ထိ အားရကျေနပ်မိသလဲ ... ပညာရေးဆိုတာကို ဘယ်လိုယုံကြည်တန်ဖိုးထားသလဲ ... ဆရာတယောက်ရဲ့အခန်းကဏ္ဍဟာ ဘယ်လောက်အရေးကြီးသလဲ ဆိုတဲ့မေးခွန်းတွေကို ကိုယ်တိုင်ပြန်လည်မေးခွန်းထုတ်ဖို့ လိုပါတယ် ။

တကယ်တော့ ကျမတို့ ဆရာ ဆရာမတွေဟာ အနာဂတ်မျိုးဆက်သစ်တွေရဲ့ ဥယာဉ်မှူးတွေပါပဲ ။

References:
------------

[1] McKinsey Report: How the world's best performing school systems come out on top
[2] eschoolnews: Five characteristics of an effective 21st-century educator
[3] The purpose of education (Randall V. Bass)

www.educationmyanmar.blogspot.com



ဆက်ဖတ်ရန်
ပို့စ်တင်သူ ။.............။ younger on
0 ( မှတ်ချက်ရေးချင်ရင် )
ခေါင်းစဉ်အလိုက်ပို့စ်များ |

မဟာချူလာတက္ကသိုလ်(ချင်းမိုင်)ဌါနတွင် တက်ရောက်နေကြသော မြန်မာ ရဟန်းကျောင်းသားများ အဖွဲ့ (MMSA) တွင်နောက်ဆုံး စာမေးပွဲရက် March 28 မတိုင်မီ  နှုတ်ဆက်ပွဲ (Farewell party) တခု ကျင်းပမည်ဖြစ်ကြောင်း   ပြန်ကြာရေးဌါနကပြောကြားလိုက်ပါတယ်။
ကျောင်းသားအသင်းတွဲဖက် ဘဏ္ဍာထိမ်းတာဝန်ခံ အသျှင်ဒဿနိယကပြောကြားတာကတော့``ဒီပွဲက..ဒီနှစ်နောက်ဆုံးနှစ် ကျောင်းသားတွေ အားလုံး စာမေးပွဲပြီးရင် မြန်မာပြည်ကိုပြန်ကြမယ် ဒါမှမဟုတ် တခြားနေရာတွေကို ဘွဲ့လွန်တက်ဖို့သွားကြဦးမယ်လေ၊ သူတို့တွေအတွက် နှုတ်ဆက်ပွဲ လုပ်ပေးတာပါ`` လို့ပြောကြားလိုက်ပါတယ်။
                 သူကပဲ ဆက်လက်ပြောကြားရာမှာတော့....ဒီလို နှုတ်ဆက်ပွဲမျိုးကို မနှစ်ကစပြီး ပထမဆုံး ချင်းမိုင်ဌါနခွဲမှ ကျောင်းပြီးခဲ့တဲ့ ကျောင်းသားများအတွက် အသင်းဝင်များမှ စတင်ပြု လုပ်ခဲ့တာဖြစ်ပြီး၊ နောင်နှစ်တွေမှာလဲ ဂုဏ်ပြုချီးမြင့်ပွဲစဉ်များကို အဆက်မပြတ်ပြုလုပ်သွားဖို့   အစီစဉ်ရှိကြောင်း၊
                 ပထမနှစ်က ထက်ပိုကောင်းအောင် လုပ်ဖို့အစီစဉ်ရှိကြောင်းလဲ သူကဆိုပါတယ်။ ပထမနှစ်ကတော့  စာမေးပွဲ  ဖြေနေတုန်းကာလမှာမှ သတိရကြတာဖြစ်ပြီး ကျောင်းသားများးကလဲ တစ်ပါးတည်းသာဖြစ်၍ ထူးထူးခြားခြားလဲ မလုပ်နိုင်ခဲ့ကြောင်း၊ ဒီနှစ် လုပ်တဲ့ အခါကျောင်းပြီးမဲ့ ကျောင်းသား(၄)ပါးရှိပြီး ယခင်ကထက်ပိုကောင်းတဲ့ ပုံစံဖြင့်လုပ်ဆောင်ရန် ဆန္ဒရှိနေကြကြောင်းသိရသည်။
နှုတ်ဆက်ပွဲပုံစံမှာ နောက်ဆုံးနှစ်ကျောင်းသားများအားကျောင်းသားအဖွဲ MMSA မှ ဂုဏ်ပြု မှတ်တမ်းများ ပေးအပ်ခြင်း၊ ဆုတောင်းပေးခြင်း၊ အပြန်အလှန် ၀န်ချတောင်းပန်စကားဆိုခြင်း၊ လက်ဆောင်များပေးအပ်ခြင်းနှင့် နှုတ်ဆက်မိတ်ဆုံစားပွဲများပြုလုပ်မည်ဖြစ်သည်။ နောက်နှစ်တွင်းလည်း မြန်မာကျောင်းသားရဟန်းတော်များအဖွဲ့မှ ဘွဲ့ရသံဃာအများအပြားရှိမည်ဖြစ်ကြောင့် သိရသည်။ ယ္ခု ချင်းမိုင်ရောက် မြန်မာကျောင်းသားရဟန်းတော်များကို  အထောက်ပံ့ပြုနေတဲ့ မြန်မာ့ရွှေ့ပြောင်း အလုပ်သမားများကိုပါ ဖိတ်ကြားထားကြောင်း  ပြန်ကြားရေးဌာနမှ သတင်းရရှိသသည်။ မြန်မာရွှေ့ပြောင်း အလုပ်သမားများမှလည်း အားရကျေနပ်စွာ တက်ရောက်ဂုဏ်ပြု သွားမည်ဖြစ်ကြောင်းသိရသည်။
ယ္ခုပြုလုပ်မည့် Farewell party ပွဲကို မည်သူမဆို တက်ရောက်ဂုဏ်ပြုနိုင်ကြောင်းကိုလည်း Farewell party ဖြစ်မြောက်ရေး ကော်မတီများမှ ပြန်ကြားရေးဌာနသို့ ပြောကြားခဲ့ပါသည်။


ဘိက္ခုဖြူ

ဆက်ဖတ်ရန်
ပို့စ်တင်သူ ။.............။ ( MMSA ) on Tuesday 28 February 2012
0 ( မှတ်ချက်ရေးချင်ရင် )
ခေါင်းစဉ်အလိုက်ပို့စ်များ |

(၁)

ခုတလော အသံတွေက ဆူညံနေတယ်။ တိုင်းပြည်အပြောင်းအလဲအကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်အကြောင်း၊ ရွေးကောက်ပွဲအကြောင်း၊ မဟနအကြောင်း … အကြောင်းတွေက စုံလှတယ်။ အင်တာနက်သတင်းတွေ၊ ဘလောဂ်တွေ၊ ၀က်ဘဆိုက်တွေ၊ ဖေ့စဘွတ်ခ်တွေ ဖွင့်လိုက်တိုင်း ဒီအကြောင်းတွေက နေရာယူထားတယ်။ ဒါက ဘာဆန်းလဲ။ ကိုယ့်တိုင်းပြည်အကြောင်း ကိုယ့်မြန်မာတွေ ပြောကြမှာပေါ့။ ဒီတော့ ပြောစရာရှိတာက တို့တိုင်းပြည်တော့ ဒီလို အပြောင်းအလဲတွေ ဖြစ်နေတယ်။ ဒီလိုအချိန်မှာ တို့က မသိချင်ယောင်ဆောင်နေရမှာလား။ ဘယ်ခေတ်မှာမှ ဗုဒ္ဓဘာသာဟာ နိုင်ငံ့အရေးတွေနဲ့ ကင်းကွာမနေခဲ့ဘူးဆိုတာ တွေ့ရမယ်။ ခေတ်တိုင်းခေတ်တိုင်း ဆရာတော်တွေဟာ တိုင်းပြည်အုပ်ချုပ်သူတွေကို အကြံဉာဏ်တွေ ပေးခဲ့တယ်။ ကောင်းရာမွန်ရာတွေကို ပြောကြားပေးခဲ့တယ်။

ဒီလို တရားနဲ့အညီ အုပ်ချုပ်ဖို့ အကြံပေးတာနဲ့ ဒီဆရာတော်တွေဟာ ကိုယ့်အလုပ်ကိုယ် မလုပ်ဘူး။ နိုင်ငံရေးတွေ လုပ်နေတယ်လို့ ဆိုရတော့မလား။ ဘယ်သမိုင်းဆရာကမှ အဲဒီဆရာတော်တွေကို နိုင်ငံရေးလုပ်တဲ့ ဆရာတော်တွေလို့ မပြောခဲ့ဘူး။ တို့ ဗုဒ္ဓဘာသာဟာ တိုင်းပြည်ကောင်းစားရေးအတွက် ဘုရင်တွေကိုတောင်မှ ဆုံးမသြ၀ါဒပေးခဲ့တယ်၊ တိုင်းသူပြည်သားအရေးကို လျစ်လျူမရှုခဲ့ဘူးလို့တောင်မှ ဂုဏ်ယူပြောကြသေးတယ်။ ဒီဘက်ခေတ်ရောက်မှ ဘာတွေ ဖြစ်ကုန်ကြတာလဲ။

(၂)

အသက်ကြီးကြီး ဆရာတော်တွေက အာဏာရှင်အစိုးရ တက်လာတော့ “ဗိုလ်ချုပ်ကြီး၊ ဗိုလ်ချုပ်ကြီး”ဆိုပြီး တတွတ်တွတ် ရွတ်ဆို ဖားယားကြတယ်။ ဟိုဟာလုပ်ပေးဖို့၊ ဒီဟာ လုပ်ပေးဖို့ တောင်းဆိုတယ်။ အမှန်တကယ် ငတ်ပြတ်နေတာတွေ သိရဲ့နဲ့ ပြည့်စုံနေသလိုလို (အာဏာရှင်အကြိုက်) ပြောပေးကြတယ်။ ပြည်သူတွေ စိတ်ဆင်းရဲနေတာတွေ သိရဲ့နဲ့ စိတ်ချမ်းသာနေသလိုလို ပြောပေးကြတယ်။ ဗိုလ်ချုပ်ကြီးတွေ ခိုင်းတာ အကုန်လုပ်ပေးတယ်။ အာဏာရှင်တည်မြဲရေး သြ၀ါဒတွေ ပေးကြတယ်။ ပြောရရင် အာဏာရှင်တွေ ကောင်းကြောင်းပြောပေးကြတယ်။ ကဲ …. ဟုတ်ပြီ။ ဒီဆရာတော်တွေ ဒီလို ပြော၊ ဒီလို လုပ်နေတာကိုကျတော့ “ဒီဆရာတော်တွေ နိုင်ငံရေး လုပ်တယ်”လို့ ဘယ်သူ ပြောသလဲ။

(၃)

ကိုယ်တော်လေးတွေကလည်း သူတို့ ခံယူချက်နဲ့သူတို့ အမေစု ကောင်းကြောင်း ပြောကြတယ်။ ပြည်သူတွေ ငတ်နေတာကို ပြောပြတယ်။ ကလေးတွေ စာမတတ်တာတွေ ပြောကြတယ်။ ကျောင်းမနေနိုင်ကြတာ ပြောကြတယ်။ ပြည်သူတွေ အထူးသဖြင့် ကျေးလတ်ပြည်သူတွေ စားဝတ်နေရေး မပြေလည်တာတွေ ပြောကြတယ်။ တိုင်းပြည်မှာ ရှိတဲ့ မတရားမှုတွေ၊ အဓမ္မမှုတွေကို ပြောကြတယ်။ (ဆရာတော်ကြီးတွေလို ဖားတာယားတာတွေတောင် မပါဘူး)။ ကဲ … ဟုတ်ပြီ။ ဒီလို ကိုယ့်တိုင်းပြည်တွင်းက ဒီလို အခြေအနေတွေကို ပြောနေတဲ့ ကိုယ်တော်လေးတွေကိုတော့ ခင်ဗျားတို့ ဘယ်လို တံဆိပ်ခတ်နှိပ်ပေးကြသလဲ။ “ဒီကိုယ်တော်က နိုင်ငံရေး လုပ်တယ်”တဲ့။

တချို့ ဒကာ၊ ဒကာမတွေကလည်း လာသေးတယ်။ “အရှင်ဘုရားဆိုက်မှာ နိုင်ငံရေးအကြောင်းတွေ ဆက်ရေးနေရင် တပည့်တော် အရှင်ဘုရား ပညာရေး မထောက်ပံ့တော့ဘူး”တဲ့။ ကျုပ်ကလည်း ရှင်းတယ်။ “ဒကာတို့လို လူတွေနဲ့ ဝေးလေကောင်းလေပဲ”လို့။ တရားမမျှတတာကို တရားမျှတတယ်၊ ဆင်းရဲနေကြတာကို ချမ်းသာနေကြတယ်လို့ ကျုပ်ကလည်း ဘယ်တော့မှ မပြောဘူး။ ဗုဒ္ဓဘာသာဆိုတာ တရားမျှတမှု မရှိတာကို ရှိအောင်၊ ဆင်းရဲနေတာကို ချမ်းသာအောင် နည်းလမ်းတွေ အများကြီး ပေးထားတယ်။ မြတ်စွာဘုရားရှင်ရဲ့ စိတ်ချမ်းသာ၊ ကိုယ်ချမ်းသာရေး နည်းလမ်းတွေဟာ လောကကနေ ကင်းကွာမနေဘူးဆိုတာ မှတ်ထားရမယ်။ ကျုပ်တစ်ခါ ရေးထားဖူးတယ်။ ကူဋဒန္တသုတ်ဆိုတာ မြတ်စွာဘုရားရှင်ကိုယ်တိုင် ဟောထားတဲ့ တိုင်းပြည်တည်ဆောက်ရေး တရားပဲ။

ဒီတော့ ခင်ဗျားတို့ မလှူချင်လည်း မလှူနဲ့။ ကျုပ်ကတော့ လိပ်ပြာသန့်သန့်နဲ့ ဆက်ပြောမှာပဲ။

(၄)

အခုလည်း လာကြသေးတယ်။ “မဟနတွေကို ရေးတာ မကောင်းဘူး။ အဲ့ဒီလို မရေးသင့်ဘူး”တဲ့။ “ဘာဖြစ်လို့လည်း…. မင်းအတွေးအခေါ်တွေက ငါ ပြောလိုက်ရင် ပြိုလဲကုန်အုံးမယ်”လို့ဆိုတော့ “ဗန်းမော်ဆရာတော်ကြီးလို ဆရာတော်ကြီးတွေ ပါနေလို့ပေါ့”တဲ့။ “အေး ဗန်းမော်ဆရာတော်ကြီး ပါတော့ ဘာဖြစ်လဲကွ၊ ငါက ဗန်းမော်ဆရာတော်ကြီးကို ပြစ်မှားတာမှ မဟုတ်တာ၊ ဗန်းမော်ဆရာတော်လို ဆရာတော်တွေကို ငါ လေးစားဦးခိုက်ပြီးသားပဲ၊ အခုဟာက မဟနက မတရားမှုတွေ၊ အဂတိလိုက်စားတာတွေ၊ ပြည်သူတွေ နာမှာ၊ ဒုက္ခရောက်မှာကို ထည့်မတွက်ဘဲ အစိုးရအလိုကျ ဆုံးဖြတ်ပြောဆိုပေးတာတွေ မင်းမသိချင်ယောင် မဆောင်ပါနဲ့။ အဲဒါတွေ ပျောက်ကွယ်သွားရေးအတွက် တစ်ခုခု လုပ်ကြစေဖို့ ငါ ရေးနေ၊ ပြောနေတာ”

အချို့ကလည်း လာသေးတယ်။ “မဟနဆရာတော်တွေ ဦးဆောင်ညွှန်ကြားထောက်ပံ့ထားတဲ့ တက္ကသိုလ်မှာ ပညာသင်ခဲ့ရတဲ့ ကျေးဇူးတွေ မင်း မမေ့နဲ့”တဲ့။ ဒါက ခေါင်းမရှိလို့ ပြောတာ။ မဟနတွေ (ဘယ်သူကလွဲပြီး ဘယ်သူက လွဲပြီးလို့ ပြောနေရင် ပြီးမှာ မဟုတ်ဘူး။ ဒါကြောင့် မဟနလို့ပဲ သုံးရမှာပဲ) တက္ကသိုလ်စာသင်ခန်းထဲကို ဘယ်နှစ်ခေါက် ရောက်ဖူးသလဲ။ တက္ကသိုလ်မှာ စာဘယ်လို သင်ရတယ်၊ စည်းကမ်းတွေ ဘယ်လိုဘယ်ညာ ဘယ်လောက်ထိ သူတို့ သိသလဲ။ တက္ကသိုလ်ရဲ့ အထက်မှာ မဟနကို တင်ထားပေမယ့် နာမည်ပဲ ရှိတယ်ဆိုတာ အားလုံးသိနေတာပဲ။

တက္ကသိုလ်မှာ အခမဲ့ရတဲ့ လျှပ်စစ်မီး၊ အခမဲ့စားရတဲ့ ဆွမ်း၊ အခမဲ့သင်ရတဲ့ ပညာရေး …. ဒီကုန်ကျစရိတ်တွေ အားလုံးဟာ ပြည်သူတွေရဲ့ ချွေးတွေပါဗျာ။ ပြည်သူတွေရဲ့ လုပ်အားတွေပါ။ ချမ်းသာသူအနည်းငယ်နဲ့ ဆင်းရဲသားပြည်သူတွေရဲ့ ကျေးဇူးတွေပါဗျာ။

(၅)

ဒီကျေးဇူးတွေကို ဆပ်ချင်လို့ ကျုပ်ကတော့ ပြည်သူတွေဘက်က အမြဲတမ်း ရပ်တည်ပြောနေမှာပဲ။ ဒါကိုပဲ နိုင်ငံရေးလုပ်တယ်ဆိုပြီး ခေါင်းစဉ်တပ်ချင်သူတွေ ပြောချင်သလို ပြော၊ ဒီလို ပြောလို့ မလှူချင်ဘူးဆိုလည်း မလှူကြနဲ့။ အခန့်မသင့်လို့ ဖမ်းဆီးချုပ်နှောင်ချင်တယ်ဆို ဖမ်း၊ ချုပ်။ ကျုပ်ကတော့ ပြည်သူတွေရဲ့ ကျေးဇူးတွေ ကျန်ရှိနေသေးလို့ ဆက်ပြောမှာပဲ။

ကျုပ်တို့ ဘုန်းကြီးတွေ ပြည်သူတွေရဲ့ ဆွမ်းကို စား၊ ပြည်သူတွေ ဆောက်ပေးတဲ့ကျောင်းမှာ နေ၊ ပြည်သူတွေ ပေးတဲ့ အ၀တ်ကို ၀တ်၊ ပြည်သူတွေ ပေးတဲ့ ဆေးနဲ့ ကျန်းမာနေခဲ့ကြရတာပါ။ ဒီလို အဘက်ဘက်က ထောက်ပံ့ကျွေးမွေးလာခဲ့တဲ့ ပြည်သူတွေကို ကျုပ်တို့ ဘာတွေများ ပေးဆပ်ပြီးပြီလဲဗျာ။

ပြောလိုက်ရင် ကိုယ့်ပေါင်ကိုယ် လှန်ထောင်းတာ ဖြစ်အုံးမယ်။ ခရစ်ယာန်ကျောင်းတွေကို လှူတဲ့ ပိုက်ဆံတွေဟာ ရောဂါဝေဒနာသည်တွေ၊ ကျောင်းမတက်နိုင်တဲ့ ကလေးတွေ၊ ဆင်းရဲတဲ့ မိသားစုတွေ … ပညာရေးလုပ်ငန်း၊ ပရဟိတလုပ်ငန်းတွေဆီ ရောက်သွားတယ်။ ကျုပ်တို့ ဘုန်းကြီးကျောင်းတွေကို လှူတဲ့ ပိုက်ဆံတွေကတော့ ဘုန်းကြီးကျောင်းထဲက ပြန်ထွက်မလာကြတော့ဘူး။ သံဃာတွေအတွက် စားဝတ်နေရေး လုပ်တဲ့နေရာတွေကို မဆိုလိုပါဘူး။ သံဃာအတွက်လည်း မဟုတ်၊ ပြည်သူအတွက်လည်း မဟုတ်တဲ့ ကျောင်းတွေကို ဆိုလိုတာပါ။ (ပြည်သူတွေအတွက် လုပ်နေတဲ့ အာဇာနည် သံဃာတော်တွေလည်း ရှိပါတယ်။ သူတို့ကို ဦးခိုက်လျှက်ပါ။ ရှိတဲ့အရေအတွက်နဲ့ နှိုင်းစာပြီး ပြောတာပါ)။

(၆)

အခုဆိုရင် ပြည်တွင်းက ကျောင်းမနေနိုင်တဲ့ ကလေးတွေကို ကျောင်းထားပေး၊ ဆေးမကုနိုင်တဲ့ လူနာတွေကို ဆေးကုပေးခြင်းအားဖြင့် ဘာသာခြားတွေက လိုက်လုပ်ပေးနေတယ်။ အခုဆို ဗုဒ္ဓဘာသာဆင်းရဲသားကလေးတွေ၊ မိသားစုတွေဟာ ဘာသာခြားတွေ ဖြစ်မှန်းမသိ ဖြစ်ကုန်ကြပြီ။

“ဒကာမကြီး ဟိုဘုရားစင်ကို ဘာလို့ အ၀တ်တွေနဲ့ ဖုံးထားရတာလဲ”

“သားလေးကို ကျောင်းထားပေးတဲ့ ခရစ်ယာန်ဓမ္မဆရာတွေ လာလို့ပါ။ သူတို့ မကြိုက်မှာစိုးလို့၊ အဓိကကတော့ သားလေးကို ကျောင်းဆက်မထားတော့မှာ စိုးလို့ပါ”

………………………………..

“ဟော သား ကျောင်းက ပြန်လာပြီလား။ ကျောင်းမှာ ဘာတွေ လုပ်ခဲ့ရလဲ”

“ဒီနေ့ ပြဇာတ်ကရတယ်လေ။ သားက ယေရှုအဖြစ် သရုပ်ဆောင်ရတယ်၊ သမီးက ရေဗက္က လုပ်ရတယ်”

“ကျောင်းမှာ နောက်ထပ် ဘာတွေ သင်ပေးလဲ”

“သားတို့ကို ဘုရားသခင်က လူတွေ၊ ဆင်းရဲသားတွေကို ကယ်တင်ပေးတဲ့အကြောင်း သင်ပေးတယ်။ နောက် နှစ်ခြင်းခံတဲ့အကြောင်းလည်း သင်ပေးတယ်၊ ရေထဲကို ခေါင်းကို နှစ်တာလေ။ အရမ်း ပျော်ဖို့ ကောင်းတာပဲ”

………………………….

(၇)

ဗုဒ္ဓဘာသာဆိုတာ မြန်မာနိုင်ငံနဲ့ပတ်သက်ရင် အမြဲတမ်း ထိပ်ဆုံးက ရှိနေခဲ့တဲ့ ဘာသာပါ။ အခုလိုသာ ဦးဆောင်ပုဂ္ဂိုလ်တွေက အကျင့်ပျက်ခြစားနေရင်၊ အဓမ္မမှုတွေ အားပေးအားမြှောက် လုပ်နေရင်၊ ပြည်သူတွေရဲ့ ကျေးဇူးတရားကို လျစ်လျုရှုနေမယ်ဆိုရင် ထိပ်ဆုံးမှာ ဆက်ရှိနေအုံးမယ်လို့ ဘယ်သူ ကြွေးကြော်ရဲသလဲ။

(၈)

ပုဂ္ဂိုလ်ရေး အာဃာတတွေ၊ လေတိုက်ရင် ပြိုလဲမယ့် အတွေးအခေါ်တွေနဲ့ လာမပြောနဲ့။

http://www.ashinkusala.com/2012/02/blog-post_23.html


ဆက်ဖတ်ရန်
ပို့စ်တင်သူ ။.............။ younger on Monday 27 February 2012
0 ( မှတ်ချက်ရေးချင်ရင် )
ခေါင်းစဉ်အလိုက်ပို့စ်များ |



အိန္ဒိယပြည်မှာဗုဒ္ဓဘာသာဘာကြောင့်ကွယ်သွားရတာလဲဆိုတာ ဘုန်းကြီးတို့ လေ့လာလို့
ရသလောက် ပြောရရင် အခြေခံအကြောင်း ၃-ခုကို တွေ့ရပါတယ်။

၁။ ဇာတ်ဝါဒ အလွန်ပြင်းထန်ခြင်း၊ (လူတန်းစား ခွဲခြားမှု့)

၂။ အတ္တ၀ါဒ အလွန်ပြင်းထန်ခြင်း၊ (အစွဲကြီးမှု့)

၃။ သဒ္ဓါတရားနည်းပါးခြင်းတို့ကြောင့် အိန္ဒိယပြည်မှာ ဗုဒ္ဓသာသနာ ကွယ်ခဲ့ရပါတယ်။

အပြည်အစုံအကျယ်ကို သိရှိလိုလျှင်
အနှစ်ကိုးပါးတရားတော် (သီတဂူဆရာတော်) -စာအုပ်ကို ၀ယ်ယူ၍ ဖတ်ရှူကြလေကုန်......


နောက်တခု သာသနာကွယ်ခြင်းရဲ့ အကြောင်းက ဘာလဲဆိုရင် လူတွေရဲ့ နှလုံးသားထဲမှာ
သဒ္ဓါတရား ခေါင်းပါးလာမှု့ပါပဲ။
ဘာသာခြားတွေက သဒ္ဓါတရား ခေါင်းပါးတော့ လုပ်ချင်ရာ လုပ်တော့တာပဲ။ အရာရာမှာ
ကိုယ့်ဘာသာ ရှေ့တန်းက နေရာရဖို့၊ အသာစီးရဖို့၊ ခေါင်းတစ်လုံးသာဖို့ ဆိုတဲ့ မကောင်းတဲ့
စိတ်တွေ ဖြစ်လာတယ်။ သူများဘာသာက ကိုယ့်ဘာသာထက် သာသွားမှာကို မလိုလားဘူး။

ဗုဒ္ဓဘာသာ အရှိန်အ၀ါ ကောင်းမှာကို မလိုလားဘူး။ ဒီတော့ မနာလိုစိတ်တွေ ပြင်းထန်လာတယ်။
ဒါကြောင့် ဘာသာခြားများက ဗုဒ္ဓသာသနိက အဆောင်အဦ တွေကို ဖျက်ဆီးတယ်။

သမိုင်းမှတ်တမ်းများ ဖတ်ရှူ့လိုလျှင်

http://dhammaanalysis.multiply.com/market/item/8


သတိမူရင် မြူကို မြင်တယ်
နာလန္ဒာ ဗုဒ္ဓတက္ကသိုလ် ကြီးဆိုရင် တချိန်တုံးက သိပ်အောင်မြင်ခဲ့တာပဲ။ ဒီလိုအောင်မြင်တာကို
မလိုလားတဲ့ ဘာသာခြားတွေက တက္ကသိုလ်ကြီးကို မီးရှို့ပြီး ဖျက်ဆီးတယ်။
သံဃာတွေကို ညှင်းပန်း နှိပ်စက်တယ်။
သတိမူရင် မြူကို မြင်တယ်။ သတိမမူရင်တော့ ဂူကိုတောင် မြင်မှာ မဟုတ်ဘူး ဒီလို မမြင်ခဲ့ကြလို့
မြန်မာနိုင်ငံ နယ်စပ်ဒေသတွေမှာ ဘာသာခြားအဆောက်အဦးတွေ မင်းမူနေတာကို
တွေ့ရတယ်။

ပြီးတော့ ရှိသေးတယ်။ ဗောဓိပင်ကြီးနဲ့ မဟာဗောဓိစေတီတော်ကြီးကို `မဟန့်´ ဆိုတဲ့
ဟိန္ဒူဘုန်းကြီးက အင်မတန်ကြီးမားတဲ့ အဆောက်အဦတွေကို မကြည့်နိုင်တဲ့ အတွက်ကြောင့်
`ဒါတွေပျောက်အောင် ငါလုပ်လေမှပဲ´ ဆိုပြီး လုပ်လိုက်တာ ပျောက်လုမတတ် ဖြစ်သွားတယ်။

ဗောဓိပင်သမိုင်းမှတ်တမ်း ဖတ်ရှူ့လိုလျှင်

http://dhammaanalysis.multiply.com/journal/item/8


မင်းတုန်းမင်းကြီးရဲ့ ဇရပ်ကို ဖျက်ပြီးတော့ သူ့ကျောင်းဆောက်ထားတာကို ကြည့်ပါ။
ဗောဓိစေတီကြီးထဲမှာ သူတို့ရဲ့ ရုပ်ပုံတွေကို သွင်းထားတာကိုလည်း ကြည့်ပါဦး။
ဘယ်လောက်ထိ ရက်စက်သလဲဆိုတာ ထင်ရှားလှပါတယ်။

အဲဒါ အချိန်မီ ထိန်းသိမ်းထားနိုင်လို့သာ။ မထိန်းသိမ်းနိုင်ရင် ဒီနေရာ ဗုဒ္ဓစေတီ လို့ မပြောဘဲနဲ့ဟိန္ဒူတို့ရဲ့ ဘုရားကျောင်းကြီး ဖြစ်မှာ။ ဘာသာခြားတို့ရဲ့ ဖျက်ဆီးခြင်းဟာလည်း သာသနာကွယ်ခြင်းရဲ့ အကြောင်းတခုပါပဲ။ အဲဒါ သဒ္ဓါတရား ခေါင်းပါးလာလို့ပါပဲ။


မြေမျိုလို့ လူမျိုးမပျောက်၊ လူမျိုမှ လူမျိုးပျောက်မည်

ဒါကြောင့် သာသနာကို ချစ်မြတ်နိုးကြတဲ့ သူများဟာ ကိုယ့်ဘာသာကို နှောင့်ယှက်တဲ့သူများကို
ခုခံကာကွယ်ဖို့ လိုပါတယ်။ အလျှော့ပေးလို့ မဖြစ်ဘူး။
အလျှော့ပေးရင် ကန်းတက်ပြီး ပိုပြီးတော့ စော်ကားလာလိမ့်မယ်။
ရခိုင်ပြည်နယ်က ဘင်္ဂလားနယ်စပ်ဒေသမှာ ဆိုရင် ဘာသာခြား အဆောက်အဦးတွေကို
မြောက်မြားစွာ တွေ့ရတယ်။ မြန်မာလူမျိုးဆိုတာ အတော်ကို ရှာကြည့်ရတယ်။

မြန်မာနိုင်ငံဖြစ်ပြီးတော့ မြန်မာလူမျိုးပျောက်နေတာဟာ နိုင်ငံနှင့်သာသနာအတွက်
အန္တရာယ် သိပ်များတယ်။
မြေမျိုလို့ လူမျိုးမပျောက်၊ လူမျိုမှ လူမျိုးပျောက်မည်´ တဲ့ သတိ ၀ိရိယ ရှိဖို့ လိုပါတယ်။

ကိုယ့်အမျိုး ဘာသာ သာသနာကို ကာကွယ်ပိုင်ခွင့် ရှိတယ်။ အခြားသော ဘာသာများကို
သတိထားရမယ်။ ` သူတို့ ဘာလုပ်နေကြသလဲ´ ဆိုတာကို မျက်ခြေမပြတ် ကြည့်ဖို့
လိုပါတယ်။
`ညောင်သီးလည်း စား၊ လေးသံလည်း နားထောင်ပါ´

အနှစ်ကိုးပါးတရားတော် (သီတဂူ ဆရာတော်)

အရှင်ဝရသာမိ (မုံရွာ)
http://dhammaanalysis.multiply.com

ဆက်ဖတ်ရန်
ပို့စ်တင်သူ ။.............။ younger on
0 ( မှတ်ချက်ရေးချင်ရင် )
ခေါင်းစဉ်အလိုက်ပို့စ်များ |


သက်တန့်ချို (ဘာသာပြန်ဆိုသူ)

(အီးမေလ်ကနေ ရလာတဲ့ ဒေါက်တာ Tawfik Hamid ရဲ့ From the heart of a Muslim ဆိုတဲ့ ဆောင်းပါးကို ဘာသာပြန်ပါတယ်။)

ကျွန်တော်ဟာ ကျွန်တော့် ယုံကြည်ချက်နဲ့ မွတ်စလင်တစ်ယောက် ဖြစ်ပါတယ်။ စိတ်ဆန္ဒအရဆိုရင်တော့ ကျွန်တော်ဟာ ခရစ်ယာန်တစ်ယောက်ပေါ့။ နှလုံးသားအရတော့ ဂျူးတစ်ယောက် ဖြစ်ပါတယ်။ ခြုံကြည့်လိုက်ရင်တော့ ကျွန်တော်ဟာ လူသားတစ်ယောက်ပါ။ ဒေါက်တာ ဟာမစ်ဆိုတာ တယူသန် မွတ်စလင်တွေကို ဆန့်ကျင်တဲ့ စာရေးဆရာ၊ အီဂျစ်ပညာရှင်တစ်ယောက်ဖြစ်ပါတယ်။

ကျွန်တော်ဟာ မွတ်စလင်တစ်ယောက်အနေနဲ့ မွေးလာတယ်။ ကျွန်တော့်ဘ၀တစ်လျှောက်လုံး အစ္စလာဟ်ဘာသာဝင်တစ်ဦးလိုပဲ နေခဲ့တယ်။ ရက်စက်ကြမ်းတမ်းတဲ့ အကြမ်းဖက်မှုတွေကို ကျွန်တော်နဲ့ဘ၀တူ မွတ်စလင်တွေက ကမ္ဘာ့အနေရာအနှံ့အပြားမှာ လုပ်ဆောင်နေကြတာကို တွေ့ပြီးနောက်မှာ၊ ပြီးတော့ ကမ္ဘာအနှံ့အပြားက အစ္စလာဟ်ဘာသာဝင်တွေရဲ့ အကြမ်းဖက်မှုများကို တွေ့မြင်ရဖန်များလာပြီးတဲ့နောက်မှာ ကျွန်တော့်မှာ ခံစားချက်လေးတစ်ခု ပေါက်ဖွားလာခဲ့တယ်။ ဒါကတော့ ကျွန်တော်ဟာ မွတ်စလင်တစ်ယောက်ဖြစ်သလို လူသားတစ်ဦးလည်းဖြစ်တဲ့အတွက် အမှန်တရားကို ထုတ်ဖော်ပြောကြားဖို့ တာဝန်ရှိတယ်ဆိုတဲ့ ခံစားချက်ပါ။ ဒီခံစားချက်က အစ္စလာဟ်ဘာသာနဲ့ ကမ္ဘာကြီးကို ကပ်ဘေးတွေနဲ့ ယဉ်ကျေးမှုတိုက်ပွဲတွေကနေ ကာကွယ်ပေးနိုင်မယ်လို့ ထင်ပါတယ်။
ကျွန်တော် ၀န်ခံပါတယ်။ လက်ရှိ အစ္စလာဟ်တရားတွေဟာ မွတ်စလင်မဟုတ်သူတွေအပေါ် အမုန်းတရားနဲ့ အကြမ်းဖက်မှုတွေကို ဖန်တီးပေးနေတယ်ဆိုတာကိုပေါ့။ ကျွန်တော်တို့ မွတ်စလင်တွေဟာ ပြောင်းလဲဖို့ လိုအပ်နေပါတယ်။ ဒီနေ့အချိန်အထိ မိန်းမအများကြီးယူတဲ့စနစ်ကို လက်ခံကျင့်သုံးနေကြဆဲဖြစ်တယ်။

နောက်ပြီး မွတ်စလင်ကနေ အခြားဘာသာပြောင်းသွားသူတွေကို သတ်ဖြတ်တဲ့အကျင့်တွေက ရှိနေဆဲဖြစ်တယ်။ အထူးသဖြင့် ကျွန်တော်တို့ မွတ်စလင်တွေဟာ ကျွန်စနစ်နဲ့စစ်ပွဲတွေကို ဆန့်ကျင်တဲ့နေရာမှာ ပြတ်သားတဲ့ ရပ်တည်ချက် မရှိသေးတာပဲဖြစ်တယ်။ ဆန့်ကျင့်ကန့်ကွက်တာတွေ မလုပ်တဲ့အပြင် အဲဒီကျွန်စနစ်နဲ့စစ်ပွဲတွေကို ဖန်တီးပြီး အစ္စလာဟ်သာသနာပြန့်ပွားအောင်၊ အခြားဘာသာဝင်တွေကို မွတ်စလင်ဖြစ်လာအောင် လုပ်နေကြပါတယ်။ နောက်ပြီးတော့ ဂျိဇီယာ (Jizia)လို့ခေါ်တဲ့ မတရားအခွန်ငွေတွေ ကောက်ခံနေကြပါတယ်။ (မလေးရှားမှာ တရုတ်လူမျိုးများကို နှိမ်ထားသလိုမျိုး ဖြစ်မည်ဟု ထင်ပါတယ်…စာရေးသူ)

ကျွန်တော်တို့ မွတ်စလင်တွေဟာ “အစ္စလာဟ်ဘာသာကို လေးစားကြပါ”လို့ ကမ္ဘာ့လူသားတွေကို တောင်းဆိုနေကြတယ်။ တစ်ချိန်တည်းမှာပဲ ကျွန်တော်တို့ဟာ ဗလီတွေမှာ ကြာသပတေးနေ့တိုင်း အခြားအစ္စလာဟ်ဘာသာဝင် မဟုတ်သူတွေကို (အာရဗီဘာသာစကားနဲ့) ဆဲရေးတိုင်းထွာနေကြပါတယ်။ ကျွန်တော်တို့ အစ္စလာဟ်ဘာသာဝင်တွေဟာ ဂျူးတွေကို ၀က်နဲ့မျောက်ကနေဆင်းသက်သူများလို့ ဆဲရေးတိုင်းထွာကြတယ်။ ဒါဆိုရင် ကျွန်တော်တို့ရဲ့ မွတ်စလင်ဘာသာဝင်ကလေးငယ်တွေကို ဘယ်လို မက်ဆေ့တွေ (သင်ကြားချက်တွေ) ပေးချင်တာပါလဲ။ ဒါဟာ မေတ္တာတရားနဲ့ငြိမ်းချမ်းရေး လက်ဆောင်တွေလား။ အမုန်းတရားလက်ဆောင်တွေလား။

ကျွန်တော် ခရစ်ယာန်ဘုရားရှိခိုးကျောင်းတွေနဲ့ ဂျူးဘုရားကျောင်းတွေကို ရောက်ဖူးတယ်။ သူတို့က ကျွန်တော်တို့ မွတ်စလင်တွေအတွက် ဆုတောင်းပေးနေကြတယ်ဗျ။ ဒါပေမယ့် ကျွန်တော်တို့ မွတ်စလင်ခေါင်းဆောင်တွေက သူတို့ကို ဆဲရေးတိုင်းထွာနေကြတယ်။ ကျွန်တော်တို့ရဲ့ မွတ်စလင်မျိုးဆက်တွေကိုလည်း သူတို့ (အခြားဘာသာဝင်တွေ)ကို မုန်းတီးရွံရှာဖို့နဲ့ မိစ္ဆာဒိဋ္ဌိများအဖြစ် ခေါ်ကြဖို့ သင်ကြားပေးနေကြပါတယ်။

ကျွန်တော်တို့ မွတ်စလင်တွေဟာ တစ်စုံတစ်ယောက်က “မိုဟာမက်ဆိုတာ အရွယ်မရောက်သေးတဲ့ အမျိုးသမီးငယ်လေးတွေအပေါ်မှာ ကာမစပ်ယှက်သူ”လို့ စွပ်စွဲတဲ့အခါ မိုဟာမက်ကို ကာကွယ်ဖို့ ချက်ချင်းဆိုသလို ပြင်းပြင်းထန်ထန် ကြိမ်းမောင်းကန့်ကွက်ကြပါတယ်။ ဒါပေမယ့် တစ်ချိန်တည်းမှာပဲ မွတ်စလင်တွေဟာ အစ္စလာဟ်ကျမ်းစာမှာလာတဲ့ “တမန်တော် မိုဟာမက် အသက် ၅၀ ကျော်သောအခါ အသက် ၇-နှစ်မျှသာရှိသေးသော အမျိုးသမီးငယ်လေးကို လက်ထပ်တော်မူတယ်”ဆိုတဲ့ အကြောင်းကိုတော့ ဂုဏ်ယူပြောဆိုနေကြပြန်ပါတယ်။

ပြောရမှာတော့ ၀မ်းနည်းပါတယ်။ မွတ်စလင်များစွာဟာ (အားလုံးတော့ မဟုတ်ပါဘူး) အမေရိကန်က ဝေါထရိစင်တာကို ၀င်တိုက်တဲ့ စက်တင်ဘာ ၁၁-ရက်အဖြစ်အပျက်နဲ့ ကမ္ဘာအနှံ့အပြားက အကြမ်းဖက်တိုက်ခိုက်မှုတွေကို ကြားရတိုင်း ၀မ်းမြောက်ဝမ်းသာ ဖြစ်နေကြပါတယ်။ ကမ္ဘာ့မီဒီယာရှေ့မှာတော့ ကျွန်တော်တို့ မွတ်စလင်တွေဟာ ဒီလို အကြမ်းဖက်မှုတွေကို ဆန့်ကျင်ရှုတ်ချကြောင်း ကြေညာကြပါတယ်။ ဒါပေမယ့် မွတ်စလင်အကြမ်းဖက်သမားတွေကို မွတ်စလင်တွေဟာ သဘောခွေ့နေကြပါတယ်။ လျစ်လျူရှုထားကြပါတယ်။ သူတို့ အကြမ်းဖက်ရခြင်းအကြောင်းကိုတောင် ရှာကြံပြီး အကြမ်းဖက်သမားတွေကို သနားနေကြပါတယ်။

ဥပမာအနေနဲ့ ဘယ်အစ္စလာဟ်အဖွဲ့အစည်းက အကြမ်းဖက်ခေါင်းဆောင် ဘင်လာဒင်ကို “ဘာသာရေးသွေဖီသူ၊ အစ္စလာဟ်တရားတော်ကို ချိုးဖောက်သူ”လို့ တရားဝင်ကြေညာချက် ထုတ်ပြန်ပါသလဲ။ ရှေ့နောက်မညီတာတစ်ခုက စာရေးဆရာ ရပ်ခ်ျဒိုင်း (Rushdie)ကိုတော့ အစ္စလာဟ်ကို ဆန့်ကျင်တဲ့စာအုပ် ရေးသားမှုနဲ့ သေဒဏ်ပေးသင့်ကြောင်း ကြေညာပေးခဲ့တယ်။

ကျွန်တော်တို့ မွတ်စလင်တွေဟာ ဘာသာရေးလွတ်လပ်ခွင့်တွေ ပိုရဖို့ ကမ္ဘာအနှံ့အပြားမှာ တောင်းဆိုနေကြတယ်။ ဥပမာ ပြင်သစ်မှာ ခေါင်းမြီးခြုံခွင့် ပိတ်ပင်ခြင်းကိစ္စကို ပယ်ဖျက်ဖို့ တောင်းဆိုနေကြတယ်။

ကျွန်တော်တို့ တကယ်လုပ်သင့်တာက ကမ္ဘာအနှံ့အပြားမှာ ဖြစ်ပျက်နေတဲ့ အစ္စလာဟ်အစွန်းရောက် လူသတ်သမားတွေကို ဆန့်ကျင်ကြဖို့ အားပေးအားမြှောက်မပြုကြဖို့နဲ့ အစွဲအလန်းတွေ သိပ်မကြီးကြဖို့ ဖြစ်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ မွတ်စလင်တွေဟာ အခုထိ ဒါတွေကို ဆန့်ကျင်ကြောင်း၊ အားပေးအားမြှောက်မပြုပါကြောင်းဆိုတဲ့ ဆန္ဒတွေ မဖော်ထုတ်ပေးနိုင်ကြပါဘူး။ ကျွန်တော်တို့ရဲ့သဘောထားကို မဖော်ပြဘဲ တိတ်တိတ်ကလေး နေနေကြတာဟာ အစ္စလာဟ်အကြမ်းဖက်သမားတွေကို သတ်ဖြတ်ခြင်းလုပ်ငန်းတွေ ဆက်လုပ်ဖို့၊ အကြမ်းဖက်မှုတွေ ဆက်လုပ်ဖို့ အားပေးနေတာ၊ တိုက်တွန်းနေတာ၊ စွမ်းအင်တွေ ဖြည့်ပေးနေတာနဲ့ အတူတူပါပဲ။

ကျွန်တော်တို့ မွတ်စလင်တွေဟာ ကျွန်တော်တို့ ကံမကောင်းအကြောင်းမလှတာတွေအတွက် အစ္စရေးလူမျိုးတွေနဲ့အခြားသူများအပေါ်ကို အပြစ်တင်၊ လက်ညှိုးထိုးနေကြတာကို ရပ်တန့်ပစ်ဖို့ လိုအပ်နေပါတယ်။ ကျွန်တော် မွတ်စလင်တစ်ယောက်အနေနဲ့ ရိုးရိုးသားသား ပြောရရင် အစ္စရေးနိုင်ငံဆိုတာ အရှေ့အလယ်ပိုင်းဒေသမှာ ဒီမိုကရေစီရဲ့ မီးရှူးတန်ဆောင်တစ်ခု ဖြစ်ပါတယ်။ ယဉ်ကျေးမှုရဲ့အလင်းရောင် ဖြစ်ပါတယ်။ လူ့အခွင့်အရေးများရဲ့ စံထားရာနိုင်ငံတစ်ခု ဖြစ်ပါတယ်။

မွတ်စလင်နိုင်ငံတွေဖြစ်တဲ့ အာရပ်နိုင်ငံတွေဟာ ကရုဏာတရားမဲ့စွာနဲ့ ဘာနစ်နာကြေးမှမပေးဘဲ ဂျူးလူမျိုးတွေကို ပထုတ်နေကြတယ်။ “လွတ်လပ်သောဂျူးနိုင်ငံတော်”ကို ခွင့်မပြုကြဘူး။ ဒါပေမယ့် တစ်ချိန်တည်းမှာပဲ အစ္စရေးလူမျိုးတွေကတော့ အာရပ်လူမျိုးသန်းပေါင်းများစွာကို သူတို့နိုင်ငံသားအဖြစ် သူတို့မြေပေါ်မှာ လက်ခံပေးထားပါတယ်။ ဂျူးလူမျိုးတွေနဲ့ အခွင့်အရေးတန်းတူ ခံစားခွင့်ပေးထားပါတယ်။

အစ္စရေးမှာ အမျိုးသားက အမျိုးသမီးတွေကို တရားဝင် ရိုက်နှက်ခွင့်မပြုပါဘူး။ လူတိုင်းလူတိုင်း ဘာသာတစ်ခုကနေ ဘာသာတစ်ခုကို လွတ်လွတ်လပ်လပ် ပြောင်းနိုင်ခွင့် ရှိပါတယ်။ အစ္စလာဟ်မှာလို ဘာသာပြောင်းလဲခြင်းဥပဒေအရ သတ်ဖြတ်ခံရမှာကိုလည်း ကြောက်စရာမလိုပါဘူး။ ကျွန်တော်တို့ရဲ့ အစ္စလာဟ်နိုင်ငံတွေမှာ ဒီလို အခွင့်အရေးမျိုးကို ရနိုင်လို့လား။ ဒီအခွင့်အရေးမျိုးကို ခံစားကြရလို့လား။ (ဒါဆိုရင် ခင်ဗျားက အစ္စရေးဘက်တော်သား မွတ်စလင်လားလို့ ကျွန်တော့်ကို မေးလိမ့်မယ်)။

ကျွန်တော်အနေနဲ့ ပါလက်စတိုင်းက မွတ်စလင်တွေ ဒုက္ခခံစားနေရတယ်ဆိုတာကို လက်ခံပါတယ်။ ဒါပေမယ့် ဒီလို ဒုက္ခခံစားနေရတာတွေဟာ အစ္စရေးတွေ(ဂျူးတွေ)ကြောင့် မဟုတ်ပါဘူး။ ပါလက်စတိုင်းက အကျင့်ပျက်ခြစားနေတဲ့ (ပျက်စီးနေတဲ့)ခေါင်းဆောင်တွေကြောင့် ဖြစ်ပါတယ်။

အစ္စရေးနိုင်ငံမှာနေတဲ့ အာရပ်လူမျိုးတွေ အာရပ်တိုင်းပြည်တွေမှာ နေချင်လို့ဆိုပြီး ထွက်ပြေးတာကို တွေ့မြင်ရဖို့ ခဲယဉ်းပါတယ်။ အခြားတစ်ဖက်မှာတော့ ထောင်သောင်းများစွာသော ပါလက်စတိုင်းလူမျိုး မွတ်စလင်တွေဟာ သူတို့ရဲ့ ရန်သူတော်ကြီးဖြစ်တဲ့ အစ္စရေးမှာ ပျော်ရွှင်စွာ အလုပ်လုပ်ဖို့ အစ္စရေးနယ်မြေထဲကို ၀င်နေကြပါတယ်။ အချို့ပုဂ္ဂိုလ်တွေ ပြောနေကြသလို အစ္စရေးတွေက ဆိုးဆိုးဝါးဝါး လူမဆန်စွာ ဆက်ဆံကြတယ်ဆိုရင် ဆန့်ကျင်ဘက်အခြေအနေ (ပါလက်စတိုင်းတွေက အစ္စရေးနယ်မြေထဲ မ၀င်ဘဲ၊ အစ္စရေးထဲက အာရပ်တွေကသာ ပါလက်စတိုင်းနယ်မြေထဲ ၀င်နေကြမယ်ဆိုတဲ့ ဆန့်ကျင်ဘက်အခြေအနေ… စာရေးသူ) တွေပဲ ကျွန်တော်တို့ တွေ့ရမှာ အသေအချာပါပဲ။ ဒီတော့ ကျွန်တော်တို့ မွတ်စလင်တွေအနေနဲ့ ကိုယ့်ပြဿနာကိုယ်လက်ခံပြီး ကိုယ်ကိုယ်တိုင်ပဲ ဖြေရှင်းကြရပါလိမ့်မယ်။ ဒါမှသာ လူသားထုတစ်ရပ်လုံးနဲ့ ညီညွတ်မျှတစွာနေနိုင်မယ့် ခေတ်သစ်တစ်ခုကို စတင်နိုင်ကြပါလိမ့်မယ်။

ကျွန်တော်တို့ မွတ်စလင်ဘာသာရေးခေါင်းဆောင်များအနေနဲ့
-မယားများစွာယူခြင်း၊
-အရွယ်မရောက်သူများကို လက်ထပ်ခြင်း၊
-ကျွန်စနစ်၊
-အစ္စလာဟ်ဘာသာကို သွေဖီသူများကို သတ်ဖြတ်ခြင်း၊
-အမျိုးသမီးများကို ရိုက်နှက်ခြင်းနဲ့
-အစ္စလာဟ်ဘာသာပြန့်ပွားရေးအတွက် မွတ်စလင်မဟုတ်တဲ့နိုင်ငံများကို စစ်ကြေငြာခြင်းဆိုတဲ့ အချက်တွေကို ထင်ထင်ရှားရှား၊ ပြတ်ပြတ်သားသား ဆန့်ကျင်ကြဖို့ လိုအပ်နေပါပြီ။ ဒီလို လုပ်ဆောင်ပြမှသာလျှင် “ကျွန်တော်တို့ဘာသာကို လေးစားကြပါ”လို့ အခြားသူတွေကို တောင်းဆိုနိုင်ပါလိမ့်မယ်။

ကျွန်တော်တို့ မွတ်စလင်တွေအနေနဲ့ “ကျွန်တော်တို့ရဲ့ သူတော်ကောင်းယောင်ဆောင်တတ်တဲ့အကျင့်”တွေကို ရပ်တန့်ဖို့ အချိန်ကျရောက်ပါပြီ။ ပြီးတော့ ဒီအချိန်ဟာ “ကျွန်တော်တို့ မွတ်စလင်တွေ ပြောင်းလဲရမယ်”လို့ ပွင့်ပွင့်လင်းလင်း ပြောရမယ့်အချိန်ပါပဲ။

တော်ဖစ် ဟာမစ်

ရည်ညွှန်းချက်များ-

http://www.ashinkusala.com/2010/10/blog-post.htm
http://www.thettantvillage.com/talks/6615144
http://www.tawfikhamid.com/
http://vivekajyoti.blogspot.com/2010/11/from-heart-of-muslim-tawfik-hamid.html
http://arjunpuri.wordpress.com/2010/04/20/from-the-heart-of-a-muslim-by-tawfik-hamid/

ဆက်ဖတ်ရန်
ပို့စ်တင်သူ ။.............။ younger on
0 ( မှတ်ချက်ရေးချင်ရင် )
ခေါင်းစဉ်အလိုက်ပို့စ်များ |






ဂျပန်နိုင်ငံ kanda တက္ကသိုလ်မှ သမိုင်းပါမောက္ခ ဒေါက်တာ အေးချမ် နှင့် သမိုင်းဆိုင်ရာ ဆွေးနွေးပွဲတစ်ရပ်ကို ၂၂ .၂. ၂၀၁၂- ဗုဒ္ဓဟူး နေ့၊ နေ့လည် ၁၂ နာရီ ၃၀ မှ၊ ညနေ ၅ နာရီထိ၊ ဘန်ကောက်မြို့၊ Twin Towers Hotle ပြုလုပ်ကျင်းပရာ၊ မဟာချူလာ၊ မဟာမကု၊ မဟီဒိုးနှင့် အေဘက်တက္ကသိုလ်များတွင် တက်ရောက် ပညာသင်ကြားနေကြသော၊ ရခိုင်ရဟန်းတော်များနှင့်၊ အခြားသော တက္ကသိုလ်အသီးသီးတို့မှ ရခိုင်မောင်မယ်များ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကာ၊ ဆရာကြီးဒေါက်တာအေးချမ်း အား မိမိတို့သိလိုသော သမိုင်းဆိုင်ရာ မေးခွန်းများကို မေးမြန်းကြပြီး၊

A.S.M.A အဖွဲ့ဝင် တက္ကသိုလ်ကျောင်းသားရဟန်းတော် ၄၉- ပါးတို့အား၊ အဖွဲ့မှ နှစ်စဉ် ဆက်ကပ်လှူဒါန်းမြဲဖြစ်သော ပညာသင်ထောက်ပံ့ကြေးများ ပေးအပ်ခြင်း အခမ်းအနားကို ၄င်းဟိုတယ်တွင် ကျင်းပခဲ့ကြကြောင်းသိရှိရပါသည်။

http://arakansma.blogspot.com

ဆက်ဖတ်ရန်
ပို့စ်တင်သူ ။.............။ younger on Sunday 26 February 2012
0 ( မှတ်ချက်ရေးချင်ရင် )
ခေါင်းစဉ်အလိုက်ပို့စ်များ |

ခရစ်ယာန် ကျမ်းစာများတွင် ယေရှုသည် ဂျူးလူမျိုး ဖြစ်သည်ဟု အတိအကျ ရေးသားထားသည်။ ဂျူး လူမျိုးများ တွင် ဘာသာရေး ခေါင်းဆောင် များသည် သူတို့ကိုယ်သူတို့ ဘုရားသားတော်ဟု ခံယူခြင်း မရှိ။ ယခုမူ ယေရှုသည် သူ့ကိုယ်သူ ဘုရားသားတော်ဟု တိတိကျကျ ပြောဆိုထားပေ၏။ ဘုရားသားတော် ဆိုသည့် အသုံး အနှုံးအား ဗုဒ္ဓရဟန်းသံဃာများထံမှ တုပ သုံးစွဲခြင်းသာ ဖြစ်ပေသည်။ ဤအတွက် တိကျခိုင်လုံသော အထောက် အထားမှာ-

ရုရှား စာရေး ဆရာကြီး နီခိုလာ့ဆ်နိုတိုဗစ် (Nicholas Nototvitch) ၏ `လူမသိသော ယေရှုဘ၀´ (The Unknown Life of Jesus) စာ အုပ်တွင် ရေးသားထားလေ၏။ စာရေးဆရာကြီးသည် ၁၈၇၇-၇၈ ရုရှ၊ တူရကီ စစ်ပွဲ အပြီး ရုရှ ခရီးသည် ဖြစ်၏။ သူသည် အပြန်ခရီးတွင် အာဖဂန်နစ္စတန်မှ တဆင့် အိန္ဒိယနှင့် ကာက်ရှ်မီးယားသို့ ရောက်ရှိခဲ့၏။ သူသည် ရုရှသို့ အပြန်ခရီးကို အာရှ အလယ်ပိုင်းမှ ဖြတ်ကျော် သွားရန် ဆုံးဖြတ်ခဲ့ရာ လာဒက်စ်မြို့ဘက်မှ ကျော်ရသည့် လမ်းအတိုင်း သွားလေသည်။ ထိုဒေသ၌ သူသည် ဟိမစ် (Himis) ရှိ ဗုဒ္ဓ သာသနာ ဘုန်းကြီးကျောင်းသို့ ၀င်ရောက်ခဲ့ရာ လာမာရဟန်း ဂိုဏ်းချုပ်ကြီး၏ ထံမှ ထိုကျောင်းတွင် ယေရှု၏ ဘသကို ဖေါ်ပြထားသော အလွန်ရှေးကျသည့် မှတ်တမ်းများရှိကြောင်း ကြားသိခဲ့ရလေသည်။
ထိုအကြောင်းကို သူသိလို စိတ်ပြင်းပြခဲ့သော်လည်း ဖတ်ရှုလေ့လာရမည့် ဒုက္ခကို မခံနိုင်ဘဲ ခရီးဆက်ခဲ့လေသည်။ သို့သော် ခရီး မထောက်မှီပင် သူသည် လဲကျလျှက် ခြေကျိုးသွားခဲ့သဖြင့် ခရီးမဆက်နိုင်တော့ဘဲ- သူတည်းခဲ့ရာ ဘုန်းကြီးကျောင်းသို့ ပြန်ပို့ ခံခဲ့ရလေ သည်။ ဒဏ်ရာအား ဆေးကု နေစဉ်ပင် သူသည် စကားပြန်တစ်ဦး၏ အကူအညီဖြင့် ယေရှု၏ ဘ၀မှတ်တမ်းများအား ရုရှ စာသို့ ပြန်နိုင် ခွင့် ရခဲ့လေသည်။
စာရေးဆရာကြီးသည် ထိုစာမူအား ကိဗ်မြို့ရှိ သာသနာပိုင် မွန်ရှီယာ မလေတန်အား ပြသခဲ့သည်။ ထို့နောက် အမည်မဖေါ်လိုသော ရောမ ပုပ်ရဟန်းမင်းကြီးအား လည်းကောင်း၊ ပဲရစ်မြို့ ဂိုဏ်းချုပ် ရိုတဲလီ အားလည်းကောင်း ပြသခဲ့သည်။ ထိုပုဂ္ဂိုလ်များက စာမူအား လူသိရှင်ကြား ထုတ်ဝေရန် အကြံအား ကန့်ကွက်တားဆီးခဲ့လေသည်။ (အမှန်တရာအား ဤမျှခုံမင်သော သာသနာ့ ဦးသျှောင်များ ပေ တကား)။
ထိုစာအုပ်တွင်- ယေရှုသည် အသက် ၁၄ နှစ်အရွယ်တွင် ဆင်းဒ်ပြည်နယ်မှ ဤအရပ်သို့ ရောက်ရှိခဲ့ပြီး အရိယာ သူတော်စင်များ သတင်း သုံးရာနေရာများတွင် နေထိုင်ခဲ့သည်။ သူသည် ဂျဂ္ဂနပ်မြို့၊ ရာဇဂရိဟမြို့၊ ဗာရာဏသီမြို့များတွင် ခြောက်နှစ်တာ နေထိုင်ခဲ့သည်။-- လူ အများက ယေရှုအား ချစ်ခင်ကြလေ၏။ (စာမျက် နှာ ၁၀၇)။

သူသည် ရာသီပင်အလိုက် စိုက်ပင်များနှင့် ဆေးဝါးဘယဆေးပင်များ၏ အသုံးဝင်ပုံများကို လေ့လာခဲ့သည်။ ဗုဒ္ဓသာသနာနှင့် ဗြဟ္မဏ ဘာသာတို့ကို လေ့လာခဲ့သည်။ သို့သော် ဗြဟ္မဏဘာသာအား သူ မနှစ်သက်သည့်အပြင် ပြောင်ပြောင်တင်းတင်း ရှုံချပြောဆိုခဲ့သည်။ ထို့ကြောင့် ဗြဟ္မဏ၀ါဒီများ စစ်သည်များ ဗြဟ္မဏရဟန်းများ၏ အသက်ဘေးရန် ကြံစည်မှုကြောင့် တိမ်းရှောင်သွားခဲ့ရသည်။ (စာမျက်နှာ ၁၁၂)။
ဤအကြောင်းအရာများတွင် သူသည် ဗုဒ္ဓရဟန်းတော်များတွင် တပည့်ခံသွားသည်၊ ထို့နောက် ဗုဒ္ဓ၀ါဒကို မြတ်နိုးခုံမင်လျှက် ဗြဟ္မဏ ၀ါဒီများ၏ သုဒ္ဓရ ဓမ္မများကို ပြောင်ပြောင်းတင်းတင်း ဆန့်ကျင်သွားသည်-ဟု အတိအလင်း ဖေါ်ပြထားပေသည်။

ဓမ္မသစ်ကျမ်းစာ ရှင်လုကာ ခရစ်ဝင်အရ သူသည် သူ၏ဇာတိ ဂျေရုဆလင်သို့ ရောက်သောအခါ- အသက် ၃၀ ကျော် ရှိပြီဖြစ်သည်။ ထိုဒေသတွင် သူသည် သူ့ကိုယ်သူ ဗုဒ္ဓရဟန်းတော် ဖြစ်ကြောင်း- ဘုရားသားတော် ကြေငြာ ပေတော့သည်။ အကယ်၍ သူသည် ဖန်ဆင်း ရှင်ဝါဒအား လက်ခံယုံကြည်လျှင်- ထိုဒေသသားတို့ လက်ခံယုံကြည်ထားသော ထာဝရဘုရား၏ တမန်တော်ဟုသာ ကြေငြာမည်မှာ အမှန်ပင် ဖြစ်၏။ ယေရှု၏ ပြောစကားတိုင်းတွင် သူ့ကိုယ်သူ ထာဝရဘုရား၏ တမန်တော် ဟု လုံးဝမတွေ့ရပေ။ ဖန်ဆင်းရှင်ဝါဒကို လက်ခံယုံကြည်ထားသော ဂျူးများက ထာဝရဘုရားဟူသည် ရုပ်နာမ်ဒြဗ် တည်ရှိသော ဘုရားမဟုတ်။ ထိုဘုရားသည် သားမယားမရှိ၊ သားသမီးမရှိ-ဟု အခိုင်အမာ လက်ခံထားလေ၏။ ယေရှု၏ ပြေစကားသည် ထာဝရဘုရား ဟူသည်ကို လက်ခံသော စကားမဟုတ် သူ့ကိုယ်သူ ဘုရား၏သားတော် ဟု အသက်ကိုတည် ပြောဆိုခြင်းသာ ဖြစ်လေသည်။ ထိုစကားမှာ သူသည် မြတ်ဗုဒ္ဓ၏ ရဟန်းတော် တစ်ပါး အဖြစ် အတိအကျခံယူထား၏ ဟူသည်ကို သက်သေခံသွားသော စကားသာ ဖြစ်လေသည်။

ယေရှုအား ကားစင်တင်ခဲ့ပြီး နောက်ပိုင်းတွင်မှ ရှင်ပေါလုက ရဟန်းတော် ယေရှုပြောသည့် ဘုရားသားတော် ဆိုသည်မှ ဘုရား ဆိုသည် မှာ ဂျုးတို့လက်ခံထားသော ကောင်းကင်ဘုံပေါ်မှ ထာဝရဘုရား ဖြစ်သည်ဟု တီထွင်လိုက်ခြင်းသာ ဖြစ်ပေသည်။ သို့သော် ရှင်ပေါလု အနေဖြင့် လက်အုပ်ချီ၍ ဘုရားရှိခိုး- အရိုအသေပြုခြင်းကို ဖျောက်ဖျက်ရန် မေ့လျှော့နေခဲ့ပေသည်။ ယေရှု၏ ဇာတိမျိုးနွယ် လူမျိုး၏ ဘာသာတရားများတွင် လက်အုပ်ချီလျှက် ရှိခိုးခြင်း အရိုအသေပြုခြင်း ဓလေ့များ ယနေ့ထိတိုင် မတွေ့ရသေးဘဲ- ရဟန်းတော်ယေရှု၏ နောက်လိုက်များသည်သာ ယေရှု၏သွန်သင်မှုဖြင့် ယခုလက်ရှိအထိ လက်အုပ်ချီ ရှိခိုးလျှက် ရှိနေသေးသည်မှာ ကြီးမားသော သက်သေ တစ်ရပ်ပင် ဖြစ်လေသည်။
သို့ဖြစ်ပါသောကြောင့်-ယနေ့အခါတွင် ယေရှုအား မြတ်နိုးကြည်ညို လှသော ခရစ်ယာန်များ အနေဖြင့် ရှင်ပေါလု၏ ထွင်လုံးများ နောက်သို့ လိုက်မနေတော့ဘဲ မိမိတို့၏ ဦးဆောင်နာယက ဖြစ်သော ယေရှု၏ သွန်သင်မှု အမှန်ဖြစ်သည့် မြတ်ဗုဒ္ဓဒေသနာအား တိကျ စွာ လိုက်နာ ယုံကြည်သင့်ပေသည်။
စေတနာမှန်ဖြင့်- ဒေသနာမှန်သို့ ဖိတ်ခေါ်အပ်ပါသည်။

ယဉ်ကျော့ (သမိုင်း)

ဆက်ဖတ်ရန်
ပို့စ်တင်သူ ။.............။ younger on Saturday 25 February 2012
0 ( မှတ်ချက်ရေးချင်ရင် )
ခေါင်းစဉ်အလိုက်ပို့စ်များ |

အောင်မြင်မှူဆိုတာ....

..... စိတ်ပါဝင်စားရာအလုပ်တစ်ခုရဲ့

အောက်မှာ ရှူးသွပ်ခြင်းရဲ့ ရလာဒ် ။


အာရ်လင်းထွဏ်း

ဆက်ဖတ်ရန်
ပို့စ်တင်သူ ။.............။ younger on
0 ( မှတ်ချက်ရေးချင်ရင် )
ခေါင်းစဉ်အလိုက်ပို့စ်များ |

ရခိုင်ပြည်နယ် ကျောက်တော်မြို့ရှိ

ရခိုင်ရှေးဟောင်း မဟာမုနိရုပ်ရှင်

တော်မြတ်ကြီး၏ ဂန္ဓကုဋီကျောင်း

တော်အထွဋ်အထိပ်သို့တင်လှူပူ

ဇော်နိုင်ရန်အတွက်(၃)ဘုံ(၃)ဆင့်
ရွှေသားထီးတော်ကြီး ဖြစ်ပေါ်လာ

ရေးအတွက် ၁၃၆၅-ခုနှစ်

ကဆုန်လပြည့် (၁၅.၅.၂၀၀၃) နေ့

တွင် ပြည်တွင်းပြည်ပသာသနာပြု

အလိုတော်ပြည့်ကျောင်းတိုက်များ၏

အဓိပတိ ဒေါက်တာဘဒ္ဒန္တ အရိယ၀ံသ

Dr. of Tripitaka((India) Ph.D

( Philosophy.Italy) ဆရာတော်ကြီး

စတင်ဆောင်ရွက်ခဲ့ပြီး

ယနေ့ အလိုတော်ပြည့်ဆရာတော်ကြီးသည် အဆိုပါ ရွှေစင်

ရွှေသားစစ်စစ်ရွှေပိဿာချိန်(၁၁-ပိဿာ) (၅၀-ကျပ်သား) ကို ရန်ကုန်ရှိ

တပည့် ဒကာ/ဒကာမ များစေတနာရှင် အလှူရှင်များ ပြည်တွင်း ပြည်ပ

အလှူရှင်များစုပေါင်း၍လှူဒါန်းပေးကြသည့်ရွှေ့ထီးတော်အား ရှေးမူမပျက်

တင့်တယ် ခန့်ညား သပ်ယပ်စွာ တင်လှူပူဇော်နိုင်ရန် အတွက် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးလှမောင်တင်နှင့် အစိုးရအဖွဲ့ဝင်များ ညီညာလက်တွဲ အစည်းအဝေးပြုလုပ်ခဲ့ပြီးမြို့နယ် အသီးသီးသို့ အောက်ပါအစီအစဉ်အတိုင်း လှည့်လည်အပူဇော်ခံယူမည်ဖြစ်ပါသည်။

*********************************************************************
မဟာမြတ်မုနိရွှေထီးတော်အား ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့ တာမွေကလေးရပ်ကွက် အလိုတော်ပြည့်ကျောင်းတိုက်အတွင်း၌ အဆိုပါ ရွှေထီးတော်မြတ်ကြီးအား
၅-ရက်တိုင်တိုင် အပူဇော်ခံကျင်းပပြုလုပ်မည်။

(၇-၃-၂၀၁၂) တပေါင်းလပြည့်နေ့ ဗုဒ္ဓဟူးနေ့ နေလည်(၂း၀၀)နာရီးအချိန်၌် ရန်ကုန်အလိုတော်ပြည့်ကျောင်းတိုက်တွင် အလှူတော်မင်္ဂလာအဆိုပါရွှေစင် ရွှေသား
ရွှေထီးတော်မြတ်တင်လှူပူဇော်ပွဲ၏အလှူတော်မင်္ဂလာ အခမ်းအနားအစီအစဉ်များနှင့် ရွှေစင် ရွှေသား ရွှေထီးတော်မြတ်ကြီးဖြစ်ပေါ်လာရခြင်း နောက်ခံအကြောင်းအရာများ

ရခိုင့်ရှေးဟောင်းသမိုင်းဝင်း မဟာမြတ်မုနိဘုရားကြီးသမိုင်းအကြောင်းအရာများကို ပြည်တွင်း ပြည်ပ သာသနာပြု အလိုတော်ပြည့်ကျောင်းတိုက်များ၏အဓိပတိ အဂ္ဂမဟာပဏ္ဍိတ
ဒေါက်တာဘဒ္ဒန္တ အရိယ၀ံသ Dr. of Tripitaka((India) Ph.D ( Philosophy.Italy) အလိုတော်ပြည့်ဆရာတော်ကြီးကိုယ်တိုင်

ပြည်တွင်း ပြည်ပ သတင်းဂျာနယ် မီဒီယာများ သတင်းထောက်များအား ရွှေထီးတော်တင်လှူရခြင်းနှင့် စပ်လျဉ်း၍ နယ်စပ်ဒေသ သာသနာပြုလုပ်ဆောင်ချက် ရခိုင်ပြည်နယ်၏
ဘာသာရေးအခြေအနေများကို အသေးစိပ်ရှင်းလင် မြွက်ကြားမည်ဖြစ်ပါသောကြောင့် ပြည်တွင်း ပြည်ပ စာနယ်ဇင်း သတင်းထောက်များအား အသိပေးဖိတ်ကြားအပ်ပါသည်။

(က) ။ (၁၇.၃.၂၀၁၂) - တပေါင်းလပြည့်ကျော်(၁၀) ရက် စနေနေ့ ရန်ကုန် အလိုတော်ပြည့်ကျောင်း၌အခမ်းအနားစတင်ဖွင့်လှစ်ပြီး၍ -

(၁၈/၁၉/၂၀/၂၁/၂၂ - ၃-၂၀၁၂) တပေါင်းလပြည့်ကျော်(၁၁)ရက် တနင်္ဂနွေနေ့ မှ တပေါင်းလကွယ်နေ့အထိ (၃)ဘုံ(၃)ဆင့် ရွှေသားထီးတော်ကြီးအပူဇော်ခံကျင်းပပြု လုပ်မည်ဖြစ်ပါကြောင့်အသိပေးအပ်ပါသည်။

ရခိုင်ပြည်နယ် ကျောက်တော်မြို့ရှိ ရခိုင်ရှေးဟောင်း မဟာမုနိရုပ်ရှင်တော်မြတ်ကြီး၏ ဂန္ဓကုဋီကျောင်းတော်အထွဋ်အထိပ်သို့တင်လှူပူဇော်နိုင်ရန်အတွက်

(၃)ဘုံ(၃)ဆင့် ရွှေသားထီးတော်ကြီး ဖြစ်ပေါ်လာရေးအတွက် ၁၃၆၅-ခုနှစ် ကဆုန်လပြည့် (၁၅.၅.၂၀၀၃) နေ့ တွင် ပြည်တွင်းပြည်ပသာသနာပြု

အလိုတော်ပြည့်ကျောင်းတိုက်များ၏အဓိပတိ ဒေါက်တာဘဒ္ဒန္တ အရိယ၀ံသ Dr. of Tripitaka((India) Ph.D ( Philosophy.Italy)

ဆရာတော်ကြီး စတင်ဆောင်ရွက်ခဲ့ပြီး ယနေ့ အလိုတော်ပြည့်ဆရာတော်ကြီးသည် အဆိုပါ ရွှေစင် ရွှေသားစစ်စစ်ရွှေပိဿာချိန်(၁၁-ပိဿာ)

(၅၀-ကျပ်သား) ကို ရန်ကုန်ရှိ တပည့် ဒကာ/ဒကာမ များ စေတနာရှင် အလှူရှင်များ ပြည်တွင်း ပြည်ပ အလှူရှင်များစုပေါင်း၍ လှူဒါန်းပေးကြသည့်

ရွှေ့ထီးတော်အား ရှေးမူမပျက် တင့်တယ် ခန့်ညား သပ်ယပ်စွာ တင်လှူပူဇော်နိုင်ရန်အတွက် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးလှမောင်တင်

နှင့် အစိုးရအဖွဲ့ဝင်များညီညာလက်တွဲ အစည်းအဝေးပြုလုပ်ခဲ့ပြီးမြို့နယ်အသီးသီးသို့အောက်ပါအစီအစဉ်အတိုင်း
လှည့်လည်အပူဇော်ခံယူမည်ဖြစ်ပါသည်။

*********************************************************

၁။(၂၃.၃.၂၀၁၂) - တန်ခူးလဆန်း(၁)ရက်သောကြာနေ့ရန်ကုန်မှစစ်တွေသို့လေကြောင်းခရီးဖြင့်ကြွရောက်ပါမည်။

၂။(၂၃.၃.၂၀၁၂) - တန်ခူးလဆန်း(၁)ရက် သောကြာနေ့တွင်စစ်တွေမြို့တွင်းသို့လှည့်လည် ပူဇော်ခံကြွရောက်ပါမည်။

၃။(၂၄/၂၅/၂၆/၃.၂၀၁၂) - တန်ခူးလဆန်း(၂/၃/၄) ရက် ရခိုင်ပြည်နယ် စစ်တွေမြို့ လေယာဉ်ကွင်းအနီးရှိ အလိုတော်ပြည့်ကျောင်းတိုက်

မလိခဓမ္မာရုံအတွင်း ရွှေထီးတော်အား အပူဇော်ခံထားစဉ် (၂၄/၂၅/၃.၂၀၁၂)ရက်ညပိုင်းတို့တို့တွင်ဖျော်ဖြေရေးအစီအစဉ်စတိတ်ရှိုးဖြင့်နှစ်ရက်

တိုင်တိုင်ကျင်းပပြုလုပ်ပါမည်။

၎။(၂၇.၃.၂၀၁၂) - တန်းခူးလဆန်း(၅) ရက် အင်္ဂါနေ့တွင် စစ်တွေမြို့ မှ ရသေ့တောင်မြို့နယ် ပါဒခြေတော်ရာသို့ အပူဇော်ခံကြွရောက်ပါမည်။

၅။(၂၈/၂၉.၃.၂၀၁၂) - တန်းခူးလဆန်း(၆/၇) ရက် ကြာသပတေးနေ့ တွင်ရသေ့တောင်မြို့ အလိုတော်ပြည့်ကျောင်း
တိုက်ဓမ္မာရုံအတွင်း၌ အပူဇော်ခံကြွရောက်ပါမည်။

၆။(၃၀.၃.၂၀၁၂) - တန်းခူးလဆန်း(၈) ရက် သောကြာနေ့ တွင် ပုဏ္ဏားကျွန်းမြို့၌ အပူဇော်ခံကြွရောက်ပါမည်။

၇။(၃၁.၃.၂၀၁၂) - တန်းခူးလဆန်း(၉) ရက် စနေနေ့ တွင် ပေါက်တောမြို့၌ အပူဇော်ခံကြွရောက်ပါမည်။
……………………………………………………………………………………………
၈။(၁/၂/.၄.၂၀၁၂) - တန်းခူးလဆန်း(၁၀/၁၁)တနင်္ဂနွေ တနလာင်္နေ့ များတွင် မင်းပြားမြို့၌ အပူဇော်ခံကြွရောက်ပါမည်။

၉။(၃.၄.၂၀၁၂) - တန်းခူးလဆန်း(၁၂) ရက် အင်္ဂါနေ့ တွင် မြောက်ဦးမြို့ ၌ အပူဇော်ခံကြွရောက်ပါမည်။

၁၀။(၄.၄.၂၀၁၂) - တန်းခူးလဆန်း (၁၃) ရက် ဗုဒ္ဓဟူးနေ့ တွင် ကျောက်တော်မြို့အတွင်း၌ အပူဇော်ခံကြွပါမည်။

၁၁။(၅.၄.၂၀၁၂) - တန်းခူးလဆန်း(၁၄) ရက် ကြာသပတေးနေ့ တွင် ကျောက်တော်မြို့မဟာမုနိဘုရားရင်ပြင်တော်၌အပူဇော်ခံကြွရောက်ပါမည်။

၁၂။(၆.၄.၂၀၁၂) - တန်းခူးလဆန်း(၁၅) ရက် (လပြည့်နေ့)တွင် မဟာမုနိဘုရား ရွှေထီးတော်-ငှက်မြက်နားတော်-စိန်ဖူးတော် များအားတင်လှူပူဇော်မည်ဖြစ်ပါသည်။
မှတ်ချက်…(၅/၆/၄.၂၀၁၂) - တန်းခူးလဆန်း(၁၄/၁၅)ရက်နေ့ များတွင် စတိတ်ရှူိးဖျော်ဖြေရေးပြုလုပ်ပေးပါမည်။

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် မဟာမုနိရုပ်ရှင်တော်မြတ်ကြီး၏ ဂန္ဓကုဋီကျောင်းတော်အထွဋ်အထိပ်သို့တင်လှူပူဇော်ရန်ရွှေထီးတော် -

ငှက်မြက်နားတော် - စိန်ဖူးတော် - ဇွန်းငါးဘုံ အမွှမ်းပန်း -ဆပ်သွားဖူးအမွှမ်းပန်း -မုဒ်အမွှမ်းပန်း -မှန်ကင်းအမွှမ်းပန်း -သကျိအမွှမ်းပန်း -ခိုနန်းကွက်အမွှမ်းပန်း

- ဗီလားကွက်အမွှမ်းပန်းများတို့ကို (၁၃၇၃ - ခုနစ် တန်းခူးလပြည့်နေ့ (၆.၄.၂၀၁၂) ရက်နေ့ တွင် ရခိုင်ပြည်နယ်ရှိ အများပြည်သူများ ပူဇော်နိုင်ရန် လည်းကောင်း
ရွှေထီးတော်ကိုလှည့်လည်အပူဇော်ခံကြွရောက်မည်ဒေသများဖြစ်သည်(စစ်တွေမြို့ - ဗုဒ္ဓပါဒခြေတော်ရာ-ရသေ့တောင်မြို့- ပုဏ္ဏားကျွန်းမြို့ - ပေါက်တောမြို့ -
မင်းပြားမြို့ - မြောက်ဦးမြို့ - ကျောက်တော်မြို့များသို့အပူဇော်ခံပါမည်။

ကြော်ငြာ ……………….Live Stage Show………………….နိုင်ငံကျော် အဆိုတော်များရခိုင်ပြည်နယ်ရှိ နာမည်ကြီးအဆိုတော်များက

ရခိုင်ပြည်နယ် စစ်တွေမြို့တွင် (၂၀၁၂ မတ်လ ၂၄/၂၅)ရက်နေ့ စတိတ်ရိုး(Live Stage Show)များနှင့်ရခိုင်ပြည်နယ် ကျောက်တော်မြို့

မဟာမြတ်မုနိရင်ပြင်တော်၌ (၂၀၁၂ ဧပြီလ ၅/၆)ရက်နေ့ တို့တွင် စတိတ်ရှိုး (Live Stage Show)များနှင့် ရခိုင်ရိုးရာ ကျင်ပွဲများဖြင့်စည်ကားသိုက်မြိုက်စွာဆင်ယင်ကျင်းပပြုလုပ်မည်ဖြစ်ကြောင်းအသိပေးအပ်ပါသည်။

http://alodawpyei.org/alo/component/content/article/34-slideshowcat/457-2012-02-15-16-16-25

ဆက်ဖတ်ရန်
ပို့စ်တင်သူ ။.............။ younger on
0 ( မှတ်ချက်ရေးချင်ရင် )
ခေါင်းစဉ်အလိုက်ပို့စ်များ |

အမေရိကန်နိုင်ငံရှိအလိုတော်ပြည့်ဆရာတော်ကြီး၏ ဖိတ်ကြားချက်အရ မြန်မာနိုင်ငံသို့ ရောက်ရှိလာသည့် တပည့် ဒကာ/ဒကာမ များရယ် ရခိုင်ပြည်နယ် စစ်တွေမြို့ ကျောက်တော်မြို့ မြောက်ဦးမြို့ ရသေ့တောင်မြို့နယ် ဗုဒ္ဓပါဒခြေတော်ရာနှင့် ပွဲတော်သို့ အလှူငွေ အလှူဒါန်းများ စတုဒီသာများကို ကိုဟန်နရီးနှင့်မိသားစုတို့ နေ့လည်စာအတွက် အလှူငွေကျပ်(၅၀၀.၀၀၀)ကို လှူဒါန်းခဲ့ပြီး ဦးအောင်ခင်နှင့်ဇနီး ဒေါ်သဲသဲ Winston Tun တို့ ဒေါ်ဝါလေးတို့

ဟန်နရီတို့က အလိုတော်ပြည့်ဆရာတော်ကြီး၏ ရခိုင်ပြည်နယ် သာသနာပြုလုပ်ငန်းများ အဆင်ပြေ ခရီးသွားလာနိုင်အောင် အတွက် မော်တော်တစ်စီး သိန်း(၆၀၀)လှူဒါန်းခဲ့ပြီး ခြေတော်ရာရှိလိုအပ်သော ကျောင်းဆောင်များလည်လှူဒါန်းခဲ့ပါသည် ဆက်လက်ပြီးတော့ အဆိုပါ အမေရိကန်ရှိတပည့် ဒကာ/ဒကာမ များသည် ခြေတော်ရာမှာ စစ်တွေသို့ ရောက်ရှိပြီး

စစ်တွေမြို့ပေါ်သို့ လောကနန္ဒာစေတီတော် နှင့် ဦးရဲကျော်သူကျောင်းတိုက်နှင့် တခြားဘုရားဖူး များလေ့လာခဲ့ပြီး နောက်ရက်များတွင် စစ်တွေ မှာ ကျောက်တော်မြို့ မဟာမုနိရုပ်ရှင်တော်အား ဖူးမျော်ခဲ့ပြီး အလှူငွေများပေးအပ်လှူဒါန်းခဲ့ပါသည် ဆက်လက်ပြီး ကျောက်တော် မှာ မြောက်ဦးမြို့သို့ ညနေ့ပိုင်တွင် ရောက်ရှိခဲ့ပြီး ရခိုင်ပြည်နယ် ရှေးဟောင်းမြို့တော်ဖြစ်သည်

ရှေးဟောင်းစေတီပုထိုးတော်များ ဖူးမျော်ခဲ့ပြီး မှန်ငါးပါးကိုဖူးမျော်ပြီး သျစ်သောင်းပုထိုးတော် ထုက္ကန်သိမ်ပုထိုးများ ကိုးသောင်ပုထိုးတော်များ ရတနာပုံစေတီတော်
ဘုရားတော်တော်များများ အမေရိကန်နိုင်ငံသား တပည့် ဒကာ/ဒကာမ များသည်ဖူးမျော်ကြည့်ညိုကြပြီး နောက်ရက်တွင် မြောက်ဦး အလိုတော်ပြည့်ကျောင်းတိုက်တွင် (ရ)ရက် တရားစခန်း
ဖွင့်လှစ်ရာတွင် ယောဂီများ နေ့ဆွမ်းအတွက် တစ်ရက်စာလှူဒါန်းခဲ့ပြီး မြောက်ဦး မှာ စစ်တွေသို့ ပြန်လည်ထွက်ခွါခဲ့ပြီး (၁၄.၀၁.၂၀၁၂)ရက်နေ့ တွင် စစ်တွေ မှာ ရန်ကုန်သို့ ရောက်ရှိပြီး တပည့် ဒကာ/ဒကာမ ရှစ်ယောက် တပျော်တပါးနဲ့ အမေရိကန်နိုင်ငံသို့ပြန်လည်ထွက်ခွါခဲ့ကြောင့်သိရသည်။

1-----December 31, 20112 (Saturday) ၁၃၇၃ ခုနှစ် ပြာသိုလဆန်း (၇) ရက်
အမေရိကမှ မြန်မာပြည်သို့ စထွက်
2-----January 1, 2012 (Sunday) ၁၃၇၃ ခုနှစ် ပြာသိုလဆန်း (၈) ရက်
လေယဉ်ပေါ်မှာရှိ
3-----January 2, 2012 (Monday) ၁၃၇၃ ခုနှစ် ပြာသိုလဆန်း (၉) ရက်
မြန်မာပြည်၊ ရန်ကုန်မြို့ သို့ရောက်
4-----January 3, 2012 (Tuesday) ၁၃၇၃ ခုနှစ် ပြာသိုလဆန်း (၁၀) ရက်
ရန်ကုန်တွင်ညအိပ်နား
5-----January 4, 2012 (Wednesday) ၁၃၇၃ ခုနှစ် ပြာသိုလဆန်း (၁၁) ရက်
ရန်ကုန်တွင်ညအိပ်နား
6-----January 5, 2012 (Thursday) ၁၃၇၃ ခုနှစ် ပြာသိုလဆန်း (၁၂) ရက်
ရန်ကုန်တွင်ညအိပ်နား
7-----January 6, 2012 (Friday) ၁၃၇၃ ခုနှစ် ပြာသိုလဆန်း (၁၃) ရက်
ရန်ကုန်မှ စစ်တွေ၊ စစ်တွေမှ ခြေတော်ရာသို့ စက်လှေနှင့် ခရီးဆက်၊ ခြေတော်ရာတွင် ညအိပ်နား
8-----January 7, 2012 (Saturday) ၁၃၇၃ ခုနှစ် ပြာသိုလဆန်း (၁၄) ရက်
ခြေတော်ရာတွင် ညအိပ်နား
9-----January 8, 2012 (Sunday) ၁၃၇၃ ခုနှစ် ပြာသိုလပြည့်နေ
ခြေတော်ရာတွင် ညအိပ်နား
10----January 9, 2012 (Monday) ၁၃၇၃ ခုနှစ် ပြာသိုလဆုတ် (၁) ရက်
ခြေတော်ရာ ဘုရားမှ စစ်တွေသို့ပြန် (စက်လှေ)
11----January 10, 2012 (Tuesday) ၁၃၇၃ ခုနှစ် ပြာသိုလဆုတ် (၂) ရက်
စစ်တွေမှ ကားဖြင့် ပုဏ္ဏားကျွန်း၊ ကျောက်တော် (မဟာမြတ်မုနိဘုရား) မှ မြောက်ဦးသို့ခရီးဆက်
12----January 11, 2012 (Wednesday) ၁၃၇၃ ခုနှစ် ပြာသိုလဆုတ် (၃) ရက်
မြောက်ဦးဘုရားဖူး
13----January 12, 2012 (Thursday) ၁၃၇၃ ခုနှစ် ပြာသိုလဆုတ် (၄) ရက်
မြောက်ဦးဘုရားဖူး
14-----January 13, 2012 (Friday) ၁၃၇၃ ခုနှစ် ပြာသိုလဆုတ် (၅) ရက်
မြောက်ဦးဘုရားဖူး
15-----January 14, 2012 (Saturday) ၁၃၇၃ ခုနှစ် ပြာသိုလဆုတ် (၆) ရက်
မြောက်ဦးမှစစ်တွေသို့ ကားဖြင့်ပြန်
16-----January 15, 2012 (Sunday) ၁၃၇၃ ခုနှစ် ပြာသိုလဆုတ် (၇) ရက်
စစ်တွေမြို့နှင့် ဘုရားဖူး
17-----January 16, 2012 (Monday) ၁၃၇၃ ခုနှစ် ပြာသိုလဆုတ် (၈) ရက်
စစ်တွေမှ ရန်ကုန်ပြန်
18-----January 17, 2012 (Tuesday) ၁၃၇၃ ခုနှစ် ပြာသိုလဆုတ် (၉) ရက်
ရန်ကုန်တွင်ညအိပ်နား
19-----January 18, 2012 (Wednesday) ၁၃၇၃ ခုနှစ် ပြာသိုလဆုတ် (၁၀) ရက်
ရန်ကုန် မှ မော်လမြိုင်သွားမည်။
20-----January 19, 2012 (Thursday) ၁၃၇၃ ခုနှစ် ပြာသိုလဆုတ် (၁၁) ရက်
မော်လမြိုင်တွင်ညအိပ်နား
21-----January 20, 2012 (Friday) ၁၃၇၃ ခုနှစ် ပြာသိုလဆုတ် (၁၂) ရက်
မော်လမြိုင်တွင်ညအိပ်နား
22-----January 21, 2012 (Saturday) ၁၃၇၃ ခုနှစ် ပြာသိုလဆုတ် (၁၃) ရက်
မော်လမြိုင် မှ ရန်ကုန်သို့ပြန်
23-----January 22, 2012 (Sunday) ၁၃၇၃ ခုနှစ် ပြာသိုလဆုတ် (၁၄) ရက်
ရန်ကုန်တွင်ညအိပ်နား
24-----January 23, 2012 (Monday) ၁၃၇၃ ခုနှစ် ပြာသိုလဆုတ် (၁၅) ရက်
ရန်ကုန်မှ US ပြန်
25-----ရန်ကုန်မှ စစ်တွေ January 6, 2012 (Friday)

http://alodawpyei.org/alo/component/content/article/34-slideshowcat/454-2012-02-03-15-44-25

ဆက်ဖတ်ရန်
ပို့စ်တင်သူ ။.............။ younger on
0 ( မှတ်ချက်ရေးချင်ရင် )
ခေါင်းစဉ်အလိုက်ပို့စ်များ |



သျှမ်းပြည်တပ်မတော်နှင့် အပစ်ရပ်ရေး ဆွေးနွေးသဘောတူပြီးဖြစ်သော်လည်း ယနေ့တိုင်ပစ်ခတ်တိုက်ခိုက်သံကြားနေရသဖြင့် သျှမ်းပြည်အရှေ့ပိုင်း ထိုင်းနယ်စပ်မျဉ်းပေါ်ရှိ ဝတ်ဖဝိန်းအင်း ဘုန်းကြီးကျောင်းတိုက်မှ ကိုရင်ငယ်များ ဦးဇင်းငယ်များ စစ်ဘေးစစ်ဒဏ်ရှောင်တိမ်းရေး လေ့ကျင့်နေကြောင်း သိရသည်။

“ ဟိုဘက်ခြမ်း မြန်မာစစ်တပ်စခန်းက ထူးထူးခြားခြား တပ်တွေ့ပြုပြင်တယ်။ လမ်းတွေဖောက်တယ်။ နယ်ခြားခြံစည်းရိုးတွေကို ရှင်းလင်းတယ်။တဘက်ကလည်း တာချီလိတ်ဘက်တွေမှာ တိုက်ပွဲမှာ မရပ်ဘူးဆိုတော့ ဘုန်းဘုန်းတို့ဘက်ကလည်း ကိုရင်ငယ်တွေကို တိုက်ပွဲဖြစ်လာရင် ဘယ်လိုရှောင်ရမလဲဆိုတာ လေ့ကျင့်ပေးနေတာလေ” ကျောင်းထိုင်ဆရာတော်က သျှမ်းသံတော်ဆင့်သို့ ပြောပြသည်။

ကိုရင်ငယ်အပါး ၅၀ ကျော်နှင့် ဦးဇင်းတွေအပါအဝင် သံဃာတော်အပါး ၆၀ ဝန်းကျင် ရှိအဆိုပါဝတ်ဖဝိန်းအင်းကျောင်းတိုက်၌ စစ်ဘေးတိမ်းရှောင်နည်း လေ့ကျင့်နေသကဲ့သို့ မြန်မာစစ်တပ်၏ ထူးခြားသည့်လုပ်ရပ်ကြောင့် နယ်ခြားစောင့် ထိုင်းစစ်တပ်ကလည်း ၄င်းတို့၏ စစ်ပြင်ဆင်နေသည်ကိုတွေ့ရကြောင့် လက်တိုင်ရွာ( ထိုင်းဘက်ခြမ်း)နေ့ ဒေသခံများက ပြောသည်။

“ဘုန်းကြီးကျောင်း မျက်နှာခြင်းဆိုင် ကုန်းပေါ်က တပ်စခန်းအတက်လမ်းကို ရှင်းနေသည်။ ဘုန်းကြီးကျောင်းနဲ့ အဲဒီတပ်ကြားက နစ်ရှည်လများ ပစ်ထားတဲ့ ဆရာစိုင်းမူရဲ့ စာသင်ကျောင်းဆောင်၊ သီလရှင်ကျောင်းနဲ့ ဆွမ်းစားကျောင်းအပျက် နောက်ပြီး သူတို့ရဲ့ကင်းအမှာ ၁-၂-၃ သုံးခုလုံးကို ပြုပြင်တည်ဆောက်နေသလို ကင်းအတက်လမ်းကိုလည်း ရှင်းလင်းနေတယ်။ ကျောင်းရဲ့အစွန်က ထိုင်းမြန်မာ နယ်စပ်ဂိတ်ဟောင်းတွေရဲ့ ခြံစည်းရိုးမှာ ရှင်းလင်းနေတော့ ထိုင်းစစ်တပ်ကလည်း သူတို့ ကင်းစခန်းတွေကို ရှင်းနေတယ်။ ဒေသခံတွေကတော့ တိုက်ပွဲဖြစ်လာမှာကို စိုးရိမ်နေကြတယ်။ နယ်စပ်လမ်းဖွင့်ဖို့ မျှော်နေတဲ့ စီးပွါးရေးသမား ကုန်သည်များအပါအဝင်ပေါ”

၂၀၀၂ ခုနစ် သျှမ်းပြည်တပ်မတော်နှင့် မြန်မာစစ်တပ်တို့၏ တိုက်ပွဲဖြစ်ပြီးနောက်ပြီး အဆိုပါ နယ်စပ်ဂိတ်ကို ယနေ့တိုင် ပိတ်ထားခဲ့သည်။ နယ်စပ်မျဉ်းပေါ်ရှိ အဆိုပါ ဝတ်ဖဝိန်းအင်းကျောင်းတိုက်၏ မျက်နှာခြင်းဆိုင် တောင်ကုန်းတဘက်ခြမ်းပေါ်သို့လည်း ထိုချိန်ကစ၍ ဗမာ့တပ်မတော်က စခန်းချနေရာယူလာခဲ့သည်။ ဝတ်ဖဝိန်းကျောင်းတိုက်သည် ၂၀၀၂ မတိုင်ခင်က ပညာသင်ကိုရင် အပါး ၁၀၀ ကျော်ရှိသော်လည်း ယခုနောက်ပိုင်း မိဘမဲ့ ဒုက္ခသည် ကိုရင်ငယ် အပါး ၅၀ ခန့်သာရှိတော့ကြောင့် သိရသည်။

သျှမ်းပြည်တပ်မတော်နှင့် အပစ်ရပ်ရေး ဆွေးနွေးသဘောတူပြီးဖြစ်သော်လည်း ယနေ့တိုင်ပစ်ခတ်တိုက်ခိုက်သံကြားနေရသဖြင့် သျှမ်းပြည်အရှေ့ပိုင်း ထိုင်းနယ်စပ်မျဉ်းပေါ်ရှိ ဝတ်ဖဝိန်းအင်း ဘုန်းကြီးကျောင်းတိုက်မှ ကိုရင်ငယ်များ ဦးဇင်းငယ်များ စစ်ဘေးစစ်ဒဏ်ရှောင်တိမ်းရေး လေ့ကျင့်နေကြောင်း သိရသည်။

www.drlunswe.bloggerspot.com







ဆက်ဖတ်ရန်
ပို့စ်တင်သူ ။.............။ younger on
0 ( မှတ်ချက်ရေးချင်ရင် )
ခေါင်းစဉ်အလိုက်ပို့စ်များ |


အမေရိမှာ အင်္ဂလိပ်စကား၊ တရုတ်မှာ တရုတ်စကား၊ ရုရှားမှာ ရုရှားစကား ကိုပဲ ပြောသည်ဟု ယူဆကြသည်။

သို့သော် ကမ္ဘာ့တိုင်းပြည်အများစုမှာ အဲဒီလို အမျိုးသားဘာသာစကားကြီးတစ်ခုထဲတင် ပြောဆိုတာမဟုတ်ဘဲ ဘာသာစကားမျိုးစုံကို နေ့စဉ် ပြောဆိုနေကြတာဖြစ်သည်။ ဘာသာစကားတစ်ခုထဲ သုံးစွဲ ပြောဆိုတဲ့နိုင်ငံဆိုလို့ ကမ္ဘာပေါ်မှာ အရှာရခက်လှသည်။ ဘာသာစကားပေါင်းစုံ ရှိခြင်းနှင့် ရှင်သန်ခွင့်ပေးခြင်းသည်ပင် ထိုတိုင်းပြည်၏ အားသက်ချက်နှင့် အလှဟု ဆိုကြသည်။

အောက်ပါဇယားတွင် ရွေးချယ်ထားသော နိုင်ငံတစ်နိုင်ငံချင်းစီ၏ လက်ရှိ ပြောဆိုသုံးစွဲနေသော ဘာသာစကား အရေအတွက်ကို ဖော်ပြထားပါသည်။

အမေရိက၊ ရုရှား၊ ဘရာဇီး၊ တရုတ်နှင့် မက္ကစီကို နိုင်ငံတစ်နိုင်ငံချင်းစီမှာ ဘာသာစကားပေါင်း ၁၀၀ ကျော်ကို နေ့စဉ် ပြောဆိုနေကြသည်။

သို့နှင့်တိုင် အင်္ဂလိပ်၊ ရုရှား၊ ပေါ်တူဂီ၊ တရုတ်၊ စပိန် ဘာသာစကားတို့က ကြီးထွားလာပြီး ဒေသခံလူမျိုးတွေရဲ့ ဘာသာစကားငယ်တွေကို ၀ါးမြို ဖျက်ဆီးမြေမြှုပ်ပစ်တော့မယ့် အခြေအနေ ရှိနေသည်။ ဇယားကို ကြည့်ရင် အမေရိက၊ ရုရှား၊ တရုတ်၊ ဘရာဇီး၊ ဩစတြေးလျ တို့မှာ ဘာသာစကားတွေ များသော်လည်း၊ နေ့စဉ်သုံးစွဲမှု ညွှန်းကိန်းရမှတ်မှာ ကျဆင်းလျက်ရှိသည်။

၎င်းနိုင်ငံတွေနဲ့ ဆန့်ကျင်ဘက်ကတော့ ပါပူဝါး နယူးဂီနီယာ၊ ကွန်ဂို၊ အိန္ဒိယနဲ့ နိုက်ဂျီးယား နိုင်ငံတို့ ဖြစ်သည်။ ကမ္ဘာပေါ်မှာ ဘာသာစကား အများဆုံး နိုင်ငံတွေဖြစ်သလို၊ လက်ရှိ နေ့စဉ် သုံးစွဲနေကြတာသောကြောင့် ဇယားညွှန်းကိန်း ရမှတ်တွင် ထိပ်ဆုံးမှာ ရှိသည်။ Greenberg diversity အဖွဲ့ရဲ့ လေ့လာမှုအရ ဆင်းရဲမွဲတေမှု၊ ပထ၀ီအနေအထားနှင့် လမ်းပန်းဆက်သွယ်ရေး ညံ့ဖျင်းမှုတို့ကြောင့် အဲဒီနိုင်ငံတွေမှာ ဘာသာစကားပေါင်းစုံ သုံးစွဲနေကြခြင်း ဖြစ်သည်ဟု ဆိုသည်။ ဆင်းရဲမွဲတေမှုနှင့် ဖွံ့ဖြိုးမှု နောက်ကျမှုတို့က ဘာသာစကားကြီးတစ်ခုထဲ မဖြစ်အောင် ဟန့်တားထားသည်ဟု ဖော်ပြသည်။

ထူးခြားတာက ကျွန်းတွေနဲ့ လူမျိုးစု အများအပြားရှိတဲ့ အင်ဒိုနီးရှားနှင့် ဖိလစ်ပိုင် တို့ဖြစ်သည်။ အဲဒီနှစ်နိုင်ငံက ၀င်ငွေ အလယ်အလတ်အဆင့်နှင့် ဖွံ့ဖြိုးမှု အတော်အသင့် ရှိထားသလို၊ ဘာသာစကားငယ်ပေါင်းစုံ ကိုလည်း အကာအကွယ်ပေးထားသည်။

ဒီနေရာမှာ မေးခွန်းအချို့ ရှိလာသည်။ ဆင်းရဲမွဲတေမှုကြောင့် ဘာသာစကားမျိုးစုံ တစ်ကျောင်းတစ်ဂါထာ ဆက်လက် သုံးစွဲနေကြတာလား၊ ခေတ်မှီဖွံ့ဖြိုးရေးအတွက် ဘုံ ဘာသာစကား တစ်ခုထဲကို ဦးတည်သင့်သလား၊ ဘာသာစကားပေါင်းစုံ အပြိုင်သုံးပြီး အဆင့်မြင့်ဖွံ့ဖြိုးရေး တည်ဆောက်ဖို့ လွယ်သလား။ ဘုံဘာသာစကားတစ်ခုပဲ လက်ခံချင်သူများကလည်း အာစီယံနိုင်ငံအားလုံးက ၂၀၁၅ ခုနှစ်မှာ အာစီယံ ကွန်မြူနတီရဲ့ ဘုံဘာသာစကားကို အင်္ဂလိပ်စကား သတ်မှတ်ခြင်း အပေါ် လက်ခံနိုင်ပါသလား ပြောဆိုဖို့ ပြင်ဆင်ထားပြီလား ဆိုတာတွေ ဖြစ်မည်။

ဝင့်ထန်း

မောက္ခနိုင်ငံတကာသတင်း

ဆက်ဖတ်ရန်
ပို့စ်တင်သူ ။.............။ younger on Wednesday 22 February 2012
0 ( မှတ်ချက်ရေးချင်ရင် )
ခေါင်းစဉ်အလိုက်ပို့စ်များ |

အနန္တအတုမရှိ ဗုဒ္ဓမြတ်စွာဘုရား

အလှူရှင်များအား MMSA အဖွဲ့မှ မှတ်တမ်းတင်ဂုဏ်ပြုလွှာပေးအပ်

အလှူရှင်များအား MMSA အဖွဲ့မှ မှတ်တမ်းတင်ဂုဏ်ပြုလွှာပေးအပ်

Mahidol University

International Buddhist Collage

မြန်မာ E Books

ထိုင်းနိုင်ငံ ရောက် ရွှေ့ပြောင်း မြန်မာအလုပ်သားမားများအတွက် ပညာရေး အခွင့်အလမ်းများ

MMSA ပရိတ်သတ်များ

ယခင်ပို့စ်အဟောင်းများ

အားပေးနေသော အပေါင်းသင်းများ

International News

တိုင်းရင်းသားသတင်းဌာနများစုစည်းမှု

သတင်းဌာနများစုစည်းမှု

ဘလော့ဂ်များစုစည်းမှု