MMSA ဘလော့စည်းမျဉ်းများ

* ဘာသာ သာသနာနှင့်လူမျိုးတို့၏ ဂုဏ်ကို ထိခိုက်ပျက်စီးစေတတ်သော အရေးအသားမျိုးကို ရှောင်ရှားရန်၊
* အချင်းချင်း ညီညွတ်မှု့ကို ပျက်စီးစေတတ်သော အကြောင်းများကို ရေးသားခြင်းမှ ရှောင်ရှားရန်၊
* သာသနာနှင့် မအပ်စပ်သော အဖွဲ့ဂုဏ်သိက္ခာကို ငြိုးနွမ်းစေတတ်သော ပုံများကိုတင်ခြင်းမှ ရှောင်ရှားရန်၊
* ပုဂ္ဂိုလ်ရေးဆိုင်ရာများထက် အများနှင့်သက်ဆိုင်သော အကျိုးများစေနိုင်သော ပုံများ စာများကိုသာ ရေးသားရန်၊
* MMSAသည် ပညာရေးအဖွဲ့စည်း ဖြစ်သည့် အတွက်နိုင်ငံရေးနှင့်သက်ဆိုင်သော အရေးအသားများကို ရေးခြင်းမှ ရှောင်ရှားရန်၊
* ဗုဒ္ဓဘာသာနှင့် မိမိတို့လေ့လာနေသော ပညာရပ်ဆိုင်ရာ အကြောင်းအရာများကို ဗဟုသုတအလို့ငှါ ရေးသား မျှဝေကြရန်၊
Showing posts with label TOEFL နှင့် IELTS. Show all posts
Showing posts with label TOEFL နှင့် IELTS. Show all posts

၂၀၁၂ ဖေဖော်ဝါရီ ၁၄ ရက်နေ့တွင် အမေရိကန် နယူးဂျာစီပြည်နယ် ပရင်စတန်တက္ကသိုလ်အနီးရှိ ကမ္ဘာ့အကြီးဆုံး ပုဂ္ဂလိက စာမေးပွဲစစ်ဌာန Educational Testing Service (ETS) က တရုတ်ကျောင်းသားတွေ TOEFL (Test of English as a Foreign Language ဖြေဆိုမှု အရေအတွက် အလွန်များပြားလာကြောင်း ကြေငြာခဲ့သည်။

၁၉၈၁ ခုနှစ်တွင် တရုတ်အစိုးရနှင့် ETS တို့ သဘောတူစာချုပ်ရေးထိုးခဲ့ပြီး၊ ပေကျင်းနှင့် ရှန်ဟိုင်းတွင်TOEFL စာမေးပွဲ စင်တာသုံးခု စတင်ဖွင့်ခဲ့သည်။ ခြောက်လအကြာမှာ ကျောင်းသား ၁၆၁ ဦး ဖြေဆိုခဲ့သည်။ ယခု TOEFL စာမွေးပွဲ ဖြေဆိုခဲ့သူ တရုတ်ကျောင်းသား ၃သန်းကျော် ရှိပြီဟု ETS က ဖော်ပြထားသည်။ ၂၀၁၀ နှင့် ၂၀၁၁ ကြားတွင် TOFEL ဖြေဆိုသူ တရုတ်ကျောင်းသား ၁၉ ရာခိုင်နှုန်း တိုးများခဲ့ပြီး၊ ၂၀၁၂ ခုနှစ်တွင်လည်း အရေအတွက် ဒီထက် တိုးများဦးမည်ဟု ဆိုသည်။

“၂၀၀၂ ခုနှစ်မှာ အမေရိကသွား ပညာသင်ဖို့ စလျှောက်ခဲ့တာပါ။ အဲဒီအချိန်တုန်းက ကျနော်တို့ စင်ဝှာ တက္ကသိုလ်က ကျောင်းသားတိုင်း နိုင်ငံခြားမှာ ပညာသင်ဖို့ အင်္ဂလိပ်စာ လေ့လာကြတယ်။ နိုင်ငံခြားမှာလေ့လာတာ ကျနော်တို့ရဲ့ အသိအမြင် မိုးကုပ်စက်ဝိုင်း ပိုကျယ်စေတယ်။ ပညာရော အသက်မွေးဝမ်းကျောင်းအတွက်ပါ အခွင့်အလမ်းတွေ ရစေတာပေါ့” ဟု TOEFL နှင့် GRE စာမေးပွဲ နှစ်ခုစလုံး အမှတ်ကောင်းကောင်း ရရှိခဲ့သူ Zhou Ye က ပြောပြသည်။

ယခု Zhou Ye က စင်္ကာပူနှင့် ဟောင်ကောင်ရှိ Softbank China Venture Capital (SBCVC) ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ရုံးချုပ်နှစ်ခုရဲ့ ဒါရိုက်တာဖြစ်သည်။ သူက ပေကျင်းရှိ စင်ဝှာတက္ကသိုလ်မှ ထူးချွန်တဲ့ ကျောင်းသားဖြစ်သည်။ ၂၀၀၃ ခုနှစ်မှာ စင်ဝှာက လျှပ်စစ်အင်ဂျင်နီယာဘွဲ့ ရရှိခဲ့ပြီး၊ ကာလီဖောနီယား ဘာကလေတက္ကသိုလ် လျှပ်စစ်အင်ဂျင်နီယာနှင့် ကွန်ပျူတာသိပ္ပံဌာနမှာ Ph.D စကော်လားရှစ်အပြည့်ဖြင့် ၀င်ခွင့်ရခဲ့သည်။ ၂၀၀၈ ခုနှစ်မှာ Ph.D ဘွဲ့ရပြီးနောက် သူဇာတိ ရှန်ဟိုင်းကို ပြန်ပြီး အလုပ် လုပ်ခဲ့သည်။

“အမေရိကမှာ ပညာသင်ရတဲ့ အတွေ့အကြုံက ကျနော့်ရဲ့ အကယ်ဒမစ် အဆင့်အတန်း မြှင့်ပေးရုံတင်မကဘူး၊ ပြဿနာ ဖြေရှင်းနည်းနဲ့ ပေါင်းသင်းဆက်ဆံရေးပါ တိုးတက်လာတယ်။ ဘာကလေတက္ကသိုလ်က အဆင့်မြင့် ဓာတ်ခွဲခန်းတွေမှာ သုတေသနတွေ အများကြီး လုပ်ခဲ့ရတယ်။ နောက် ယဉ်ကျေးမှုပေါင်းစုံ လူမျိုးပေါင်းစုံနဲ့ သုတေနတွေ ပူးပေါင်းလုပ်ရတာ ဘယ်တော့မှ မမေ့နိုင်တဲ့ အတွေ့အကြုံတွေပါ” ဟု Zhou က ပြောပြသည်။

၂၀၁၀ ခုနှစ် တရုတ်အစိုးရ မီဒီယာက လုပ်တဲ့ စစ်တမ်းမှာ၊ တရုတ်ကျောင်းသားတွေအနက် ၅၉.၆ ရာခိုင်နှုန်းက နိုင်ငံရပ်ခြားမှာ ပညာထပ်သင်ဖို့ ကြိုးစားနေတယ်လို့ ဖော်ပြထားပါတယ်။ တရုတ်ပညာရေးဝန်ကြီးဌာန ဖော်ပြချက်အရ ၂၀၁၁ ခုနှစ်တွင် နိုင်ငံခြားထွက် အဆင့်မြင့် ပညာသင်သော ကျောင်းသားအရေအတွက်မှာ ၃၃၉၇၀၀ ရှိပြီး၊ ၂၀၁၀ ခုနှစ်ကထက် ၁၉.၃၂ ရာခိုင်နှုန်း တိုးမြင့်ခဲ့သည်။

နန်ကျင်းတက္ကသိုလ်တွင် TOEFL စာမေးပွဲဖြေဆိုဖို့ တန်းစီနေသော ကျောင်းသားများ

နိုင်ငံရပ်ခြားတွင် ပညာသင်ယူပြီး ပြန်တော်ပြန်ခဲ့သည့် ကျောင်းသားအရေအတွက်မှာလည်း များပြားလာသည်။ တရုတ် ပညာရေး ၀န်ကြီးဌာနစာရင်းအရ ၂၀၁၁ ခုနှစ်တွင် တရုတ်ကျောင်းသား ၁၈၆၂၀၀ ဦး ပြန်တော်ပြန်ခဲ့သည်။ နိုင်ငံခြား ထွက်သော စုစုပေါင်း ကျောင်းသားအရေအတွက်ရဲ့ ၅၄.၈ ရာခိုင်နှုန်း ပြန်လာခြင်းဖြစ်သည်။ ၂၀၁၀ ခုနှစ်မှာ ပြန်လာသော ကျောင်းသားအရေအတွက် ၃၈.၀၈ ရာခိုင်နှုန်းနှင့် နှိုင်းယှဉ်ရင် တိုးများလာခဲ့သည်။

ဝင့်ထန်း မောက္ခနိုင်ငံတကာသတင်း

ဆက်ဖတ်ရန်
ပို့စ်တင်သူ ။.............။ younger on Saturday, 3 March 2012
0 ( မှတ်ချက်ရေးချင်ရင် )
ခေါင်းစဉ်အလိုက်ပို့စ်များ |

ကမ္ကာနိုင်ငံပေါင်း ၁၂၀ ကျော်က တက္ကသိုလ်၊ကောလိပ်များ အသိအမှတ်ပြုထားသော အင်္ဂလိပ်ဘာသာ စစ်ဆေးမှု စာမေးပွဲ ဖြစ်ပါသည်။ နိုင်ငံခြားတွင် အလုပ်လုပ်ရန် နှင့် ပညာသင်ကြားရန်ရည်ရွယ်ထားသော သူများအတွက် ကျွမ်းကျင်မှုလေး ရပ်ဖြစ်သော ဖတ်ရှုခြင်း၊ ရေးသားခြင်း၊ နားထောင်ခြင်း နှင့်ပြောဆိုခြင်းတို့ကို စစ်ဆေးသော စာမေးပွဲဖြစ်သည်။ IELTS သည် ၁၉၈၉ခုနှစ် လောက်မှစ၍ အင်္ဂလိပ်ဘာသာ ကျွမ်းကျင်မှု စစ်ဆေးခြင်း အတွက် စစ်မှန်၍ အများယုံကြည်စိတ်ချရ သော Test တစ်ခုဖြစ်လာ ခဲ့သည်။ နှစ်စဉ်ကမ္ကာပေါ်တွင် IELTS စာမေးပွဲဖြေဆိုသူပေါ်င်း ၅ သိန်းကျော်ရှိပြီး IELTS စာမေး ပွဲအတွက် သုတေသနနှင့် ဆန်းသစ် တီထွင်မှုများ ပြုလုပ်လျှက်ရှိသည်။ IELTS စစ်ဆေးမှုတွင် ဂရိတ်အားဖြင့် ၆.၀ နှင့်အ ထက်ရရှိရမည်ဖြစ်သည်။ အောင်လက်မှတ်သက်တမ်းမှာ (၂)နှစ်ဖြစ်သည်။ မြန်မာနိုင်ငံတွင် IELTS စာမေးပွဲများကို ကြီးကြပ်ကျင်းပ ပေး ရန်အတွက် ဗြိတိသျှ စာစစ်အဖွဲ့မှ ဗြိတိသျှကောင်စီကို အသိအမှတ်ပြုပေးထားပြီး စာမေးပွဲများကို ပုံမှန် ကျင်းပပေးနေသည်။

IELTS EXAM Guide


Listening (Time: 30 Minutes)

စာမေးပွဲဖြေဆိုသူသည် အသံသွင်းထားသော စာသားများကို နားထောင်ရမည်။ စာသားများသည် ပို၍ပို၍ ခက်သွားသည်။ တစ်ဦးနှင့် တစ်ဦးပြောဆိုသောစ ကားများ၊ လေယူလေသိမ်းနှင့် အသံထွက်ကွဲပြားမှု အမျိုးမျိုးများ ရောနှောပါဝင်သည်။ အသံသွင်းထားသည်ကို တစ်ကြိမ်သာ နားထောင်ရသည်။ စာမေးပွဲဖြေ သူကို မေးခွန်းများဖတ်ရန် နှင့် အဖြေကိုရေးရန် အချိန်သီးသန့်ပေးသည်။




Academic Reading (Time: 60 Minutes)

အပိုင်းသုံးခုပါဝင်သည်။ ဖတ်ရန်အတွက် စာတို့မှာ စာအုပ်များ၊ မဂ္ဂဇင်းများ၊ ဂျာနယ်များနှင့် သတင်းစာများမှ ထုတ်ယူထားသည်။ အနည်းဆုံး တစ်ပိုင်းတွင် အသေးစိတ် အငြင်းအခုံ (Argument) ပါဝင်သည်။




General Training Reading(Time: 60 Minutes)

အင်္ဂလိပ် စကားပြောနိုင်ငံတို့တွင် နေ့စဉ်ကြုံတွေ့ရမည့် ကိစ္စတို့နှင့် ပတ်သက်သော စာသားအသုံးအနှုန်းများကို အခြေပြုထားသည်။ ၎င်းစာသားတို့ကို သတင်းစာ များ၊ ကြော်ငြာများ၊ စာအုပ်များ၊ လမ်းညွှန်စာအုပ်များမှ ရယူထားပါ သည်။ စာဖြေသူအနေဖြင့် သတင်းအချက်အလက်တို့ကို နားလည်နိုင်စွမ်းနှင့် အသုံးပြုနိုင်စွမ်း တို့ကို စစ်ဆေးသည့် သဘောဖြစ်သည်။ စာပိုဒ်တို့မှာ ရှည်ရှည်လျားလျားရှိသော စာသားတစ်ခုပါဝင်သည်။ ၎င်းသည့် အငြင်းအခုံပြုခြင်းထက် ရှင်းပြသည့်သ ဘော ပိုမိုသက်ရောက်သည်။ လက်တွေ့ အသုံးပြုပုံ ညွှန်ပြသည့် သဘောဆောင်သည့် စာသားဖြစ်သည်။



Academic Writing (Time: 60 Minutes)

စာဖြေသူသည် စာလုံးရေ ၁၅၀ ခန့်ရှိသော အစီရင်ခံချက် (Report) ကို ပေးထားသည့် ဇယားနှင့် ပုံတို့ကို ကြည့်ပြီး ရေးရသည်။ အချက်အလက်ကို ရှင်းပြနိုင် စွမ်းကို စွမ်းရည်ပြသ ခိုင်းခြင်းဖြစ်သည်။ နောက်ထပ် ရေးရသည့်အလုပ်မှာ စာလုံးရေ ၂၅၀ ခန့်ရှိသော စာစီစာကုံးဖြစ်သည်။ ၎င်းစာစီစာကုံးကို တွေးဆချက် သို့မဟုတ် ပြဿနာတစ်ခုအပေါ် တုံ့ပြန်စဉ်းစားပြီး ရေးသားရသည်။ ကိစ္စတစ်ခုနှင့် ပတ်သက်၍ ဆွေးနွေးနိုင်စွမ်း၊ အငြင်းအခုံပြုနိုင်စွမ်းတို့ကို စွမ်းရည်ပြသခိုင်း ခြင်းဖြစ်သည်။





General Training Writing (Time: 60 Minutes)

သတင်းအချက်အလက်ကို ဖြစ်စေ၊ အခြေအနေ တစ်ရပ်ရပ်ကို ရှင်းပြရန်ဖြစ်စေ၊ တောင်းဆိုမေးမြန်းသော စာတစ်စောင်ကို ရေးသားရမည်။ နောက်ထပ် ရေးသား ရမည့် အလုပ်မှာ စာလုံးရေ ၂၅၀ ခန့်ရှိသော စာစီစာကုံး အတိုတစ်ခုဖြစ်သည်။ ပေးထားသော ထင်မြင်ယူဆချက် သို့မဟုတ် ပြဿနာအပေါ် တုံ့ပြန်ရေးသား ရမည်။ စာဖြေသူ အနေဖြင့် မိမိ၏ အိုင်ဒီယာ စိတ်ကူးစိတ်သန်းနှင့် သူတစ်ပါး၏ အိုင်ဒီယာ စိတ်ကူးစိတ်သန်း တို့ကို စိန်ခေါ်ခြင်းနှင့် ပတ်သက်သော အရေးအသား ကို စစ်ဆေးခြင်းဖြစ်သည်။



Speaking Speaking (Time: 11-14 Minutes)

စာစစ်သူနှင့် စာဖြေသူတို့ နှုတ်ဖြင့် မေးမြန်းဖြေဆိုသော စာမေးပွဲဖြစ်သည်။ အပိုင်း ၃ ပိုင်းပါဝင်သည်။ အပိုင်း(၁)တွင် မိမိနှင့် မိမိအိမ်၊ မိမိမိသားစု၊ သူတို့၏ အလုပ်အကိုင်နှင့် ပညာသင်ကြားမှု အစရှိသည်တို့နှင့် ပတ်သက် သော မေးခွန်းများကို ဖြေဆိုရပါသည်။ အပိုင်း(၂)တွင် မိမိပြောဆိုရမည့် အချင်းအရာအတွက် ရေးပေးထားသည့် ကတ်ပြားကို ဖတ်ရှုပြီး၊ ပြောဆိုဖြေကြား ရပါသည်။ အပိုင်း(၃)တွင် စာမေးသူနှင့် စာဖြေသူတို့သည် အပိုင်း၂တွင် ဖြေဆိုခဲ့သည့် အချင်းအရာနှင့် ပတ်သက်၍ ဆွေးနွေးပြောဆို ရမည်ဖြစ်သည်။



Registration Requirements

(1) 2 passport-sized photos
(2) Original NRC Card/Passport, and a copy of it.

......................
myanmartraining

ဆက်ဖတ်ရန်
ပို့စ်တင်သူ ။.............။ လခြမ်းမြီ on Friday, 13 May 2011
0 ( မှတ်ချက်ရေးချင်ရင် )
ခေါင်းစဉ်အလိုက်ပို့စ်များ |

၎င်းစာမေးပွဲသည် အမေရိကန်-အင်္ဂလိပ်စာ အရည်အချင်းများကို စစ်ဆေးသောစာမေး ပွဲဖြစ်သည်။ Non Profit Organization (NGO) ဖြစ်သော ETS (Education Testing Service)မှ ကျင်းပပေးသည်။ ထိုစာမေးပွဲကို ၁၉၆၄ ခုနှစ်လောက်မှစ၍ စစ်ဆေးခဲ့ပြီး၊ ယခုအခါ နိုင်ငံပေါင်း(၁၁၀) ကျော်က အသိအမှတ်ပြု လက်ခံခဲ့သည်။ စာမေးပွဲရမှတ်ပေါင်း ၅၅၀ ထက်မနိမ့်ကျရန် လိုအပ်ပြီး အောင်လက်မှတ်သက်တမ်းမှာ (၂)နှစ်ဖြစ်သည်။ ယခင်က Computer-Based (CBT)နှင့် Paper-Based (PBT) နှစ်မျိုးသာရှိရာမှ ၂၀၀၅ ခုနှစ်နောက်ပိုင်းတွင် Internet based ပာုခေါ်သော (IBT) ကိုအမေရိကန် ၊ကနေဒါ၊ပြင်သစ်၊ ဂျာမနီနှင့် အီတလီတို့တွင် စတင်အသုံးပြုပြီး ၂၀၀၆ ခုနှစ်၌ တစ်ကမ္ကာလုံးတွင် အသုံး ပြုနိုင်ပြီဖြစ်သည်။ မြန်မာနိုင်ငံတွင် TOFEL စာမေးပွဲများကို အမေရိကန် စင်တာတွင် ပုံမှန်ပြုလုပ် ကျင်းပလျှက်ရှိသည်။

myanmartraining

ဆက်ဖတ်ရန်
ပို့စ်တင်သူ ။.............။ လခြမ်းမြီ on
0 ( မှတ်ချက်ရေးချင်ရင် )
ခေါင်းစဉ်အလိုက်ပို့စ်များ |

TOEFL စာမေးပွဲလို့ခေါ်တဲ့ (Test of English as Foreign Language) ကို အင်္ဂလိပ်စာ လိုက်စားတဲ့ သူတွေ၊ နိုင်ငံတကာမှာ အမျိုးမျိုးသော ဘွဲ့တွေ၊ သင်တန်းတွေ အတွက် ကျောင်းသွား တက်ချင်တဲ့သူတွေ၊
တက်ဖို့ ကြိုးစား နေတဲ့သူတွေ အားလုံး သိပြီးသား စာမေးပွဲတစ်ခုပါ။ အမေရိကန်နိုင်ငံ၊ နယူး ဂျာစီပြည်နယ်၊ ပရင်စတန်မြို့ အခြေစိုက် ETS လို့ခေါ်တဲ့ အစိုးရ မဟုတ်တဲ့ ပညာရေးအဖွဲ့ ကြီးကနေ စစ်ပေးတဲ့ စာမေးပွဲတွေ ထဲကမှ နိုင်ငံတကာကျောင်း ၀င်ခွင့်လျှောက်ရာမှာ လိုအပ်တဲ့ အင်္ဂလိပ်စာ အရည်အချင်းအတွက် စစ်ပေး တဲ့ စာမေးပွဲတစ်ခု ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ TOEFL စာမေးပွဲနဲ့အပြိုင် ကျောင်းဝင်ခွင့်အတွက် လိုအပ်တဲ့ အင်္ဂလိပ်စာ အရည်အချင်းစစ် စာမေးပွဲ နောက်တစ်ခုကတော့ ဗြိတိသျှကောင်စီကနေ တာဝန်ယူပြီး စစ်ပေးနေတဲ့ IELTS စာမေးပွဲဖြစ်ပါတယ်။ စာမေးပွဲနှစ်ခုလုံးဟာ အင်္ဂလိပ်ဘာသာစကား ကျွမ်းကျင်မှုကို စစ်ပေးကြပေမယ့် စစ်ဆေးပုံ  နည်းစနစ်ကတော့ အစစ လုံးဝ ကွဲပြားခြားနားကြပါတယ်။ စာမေးပွဲ နှစ်ခုလုံးရဲ့ ရမှတ် (Score) တွေကိုတော့ နိုင်ငံတကာက တက္ကသိုလ်တိုင်း လိုလိုက ၀င်ခွင့် အရည်အချင်းအတွက် လက်ခံပေးပါတယ်။ ဒီတစ်ခါတော့ TOEFL စာမေးပွဲအကြောင်းနဲ့ ဒီစာမေးပွဲနဲ့ ပတ်သက်တဲ့ သိကောင်းစရာလေးတွေ အကြောင်း ပြောပါရစေ။

TOEFL စာမေးပွဲပုံစံကတော့...

ဘယ်စာမေးပွဲပဲဖြေဖြေ၊ စာမေးပွဲတစ်ခုကို ဖြေမယ်ဆိုရင် ပထမဦးဆုံး လုပ်ရတဲ့အလုပ်က စာမေးပွဲစစ်တဲ့ ပုံစံနဲ့ သဘောသဘာဝ တွေကို ဦးစွာ နားလည်ထားဖို့ အရေးကြီးပါတယ်။ နိုင်ငံတကာမှာ TOEFL စာမေးပွဲတွေကို ဖြေဆိုရာမှာ Internet Based Test (iBT), Computer Based Test နဲ့ Paper Based Test ဆိုပြီး ပုံစံသုံးမျိုးနဲ့ စစ်ပြီးတော့ မြန်မာနိုင်ငံမှာတော့ Paper Bast Test တစ်မျိုးပဲ ရပါတယ်။ မြန်မာနိုင်ငံ အပါအ၀င် Paper Bast Test ဖြေလို့ရတဲ့ နိုင်ငံတွေ အချို့အတွက်ကတော့ ၂၀၀၈-၀၉ ခုနှစ်အတွင်းမှာ စာမေးပွဲ ငါးကြိမ် ရှိပါတယ်။ Internet Based Test (iBT), Computer Based Test ကတော့ ကွန်ပျူတာကို အခြေခံပြီးစစ်တဲ့ စာမေးပွဲ ဖြေတဲ့အတွက် မေးခွန်းမေးတာရော၊ ဖြေတာရော ကွန်ပျူတာပေါ်မှာပဲ ဖြေရတဲ့ စနစ်ပါ။
မြန်မာနိုင်ငံမှာ ဖြေလို့ရတဲ့ Paper Based Test စာမေးပွဲကတော့ မေးခွန်းကို စာရွက်နဲ့ လာပြီးတော့ အဖြေလွှာကို ခဲတံနဲ့ ဖြေပြီး ပြန်ပေးလိုက်ရတဲ့ စနစ်ပါ။ အခြား စနစ်နှစ်ခုဖြစ်တဲ့ စာမေးပွဲ စစ်ပုံချင်း ကွဲပြားခြားနားတာနဲ့အမျှ အမှတ်ပေးပုံ Scoring System ကလည်း ကွဲပြားသွားပါတယ်။

TOEFL စာမေးပွဲဖြေနိုင်မယ့်အချိန်များ...

Paper Based Test စာမေးပွဲကို အဓိက ဖြေလို့ရတဲ့ မြန်မာနိုင်ငံအတွက် ဇန်န၀ါရီ၊ မတ်လ၊ မေလ၊ သြဂုတ်နဲ့ နိုဝင်ဘာလတွေမှာ ဖြေလို့ရနိုင် ပါတယ်။ စာမေးပွဲအတွက် အချိန်တွေ သတ်မှတ်ထားတာကြောင့် ကျောင်းဝင်ခွင့် ကိုယ်လျှောက်မယ့် နောက်ဆုံးရက်ရယ်၊ ကိုယ့်အနေနဲ့ အကောင်းဆုံး ပြင်ဆင်နိုင်မယ့် အချိန်တွေနဲ့ ချိန်ထိုးပြင်ဆင်သင့်ပါတယ်။ မြန်မာနိုင်ငံက TOEFL စာမေးပွဲတွေကို USIS က ဦးစီးဆောင်ရွက်ပေးပေမယ့် စာမေးပွဲကြေး ဒေါ်လာ ၁၅၀ ကိုတော့ IELTS စာမေးပွဲကြေးလို ရန်ကုန်မှာ သွင်းလို့မရဘဲ သတ်မှတ် ထားတဲ့ နည်းလမ်းအတိုင်း အမေရိကန်နိုင်ငံ၊ နယူးဂျာစီ ပြည်နယ်၊ ပရင်စတန်မှာ ရှိတဲ့ ETS ကို တိုက်ရိုက် ပေးသွင်းရမှာ ဖြစ်ပါတယ်။ စာမေးပွဲဖြေတဲ့ အချိန်ကနေ အနည်းဆုံး နှစ်ပတ်လောက်ကြာတဲ့ အချိန်ကျမှ ကိုယ့်ရဲ့ Score ကို ကိုယ်လျှောက်တဲ့ ကျောင်းကို ပို့ပေးတဲ့ စနစ်ဖြစ်လို့ ၀င်ခွင့်အတွက် လိုအပ်တဲ့ Score ရောက်မယ့် အချိန်ရယ်၊ ကျောင်း ၀င်ခွင့် လျှောက်လွှာတင်ရမယ့် နောက်ဆုံးရက်နဲ့ ရယ်ကို ချိန်ထိုးပြင်ဆင်ဖို့ လိုအပ်ပါတယ်။

မေးခွန်းပုံစံကတော့...

ဒါက ပိုပြီး အရေးကြီးတဲ့အပိုင်းလို့ ဆိုနိုင်ပါတယ်။ ကိုယ်ဖြေမယ့် စာမေးပွဲက ဘယ်လို ပုံစံမေးတာလဲ၊ ဘယ်နှပိုင်းရှိသလဲ၊ သတ်မှတ် အချိန် ဘယ်လောက်လဲ စတာတွေကို သိဖို့ လိုအပ်ပါတယ်။ TOEFL စာမေးပွဲဟာ သာမန် အားဖြင့် အရေး၊ အဖတ်၊ နားထောင်စွမ်းရည် တွေအပြင် အင်္ဂလိပ်စာ သဒ္ဒါတွေကို မေးခွန်း အပိုင်းလိုက် မေးတဲ့စနစ်နဲ့ ကျင့်သုံးပါတယ်။ ပထမအပိုင်းက အချိန်နာရီဝက်ပေးပြီး ခေါင်း စဉ်တစ်ခုပေးပြီး စာစီစာကုံးပုံစံမျိုးရေးရတဲ့ Test of Written English (TWE) လို့ဆိုတဲ့ ရေးဖြေ အပိုင်းကို ဖြေရပါတယ်။
ပြီးမှ TOEFL စာမေးပွဲ အဓိကအပိုင်းကို ဆက်ဖြေကြပါတယ်။ တစ်ခါတစ်ရံလည်း TWE စာမေးပွဲကို နောက်မှ ဖြေရပြီး အဓိက အပိုင်းကို နောက်မှ ဖြေရတာလည်း ရှိပါတယ်။ ဒီအပိုင်းမှာ ပထမဦးဆုံး နားထောင် တဲ့အပိုင်း (Listening) ကို အရင်ဖြေရပါတယ်။ မေးခွန်း စုစုပေါင်း ၅၀ အတွက် ဖြေဆိုချိန် မိနစ် ၃၀-၄၀ လောက်ရှိပြီးတော့ အပိုင်းသုံးပိုင်း ခွဲမေးထားပါတယ်။ ဒုတိယ အပိုင်းကတော့ သဒ္ဒါနဲ့ စကားလုံး အသုံးအနှုန်း တွေကိုစစ်တဲ့ (Structure and Written Expre ssion) အပိုင်းဖြစ်ပြီး မေးခွန်း ၄၀ အတွက် ဖြေဆိုချိန် ၂၅မိနစ်ပေးထားတာ တွေ့ရပါတယ်။ နောက်ဆုံးအပိုင်းကတော့ အဖတ်စွမ်းရည်ကိုစစ်တဲ့ (Reading Comprehension) အပိုင်းပါ။ စာပိုဒ် အတို ငါးပုဒ်အတွက် မေးခွန်းပေါင်း ၅၀ ဖြေရပြီး ဖြေဆိုချိန် ၅၅ မိနစ် သတ်မှတ်ပေးထားပါတယ်။ ဒါကြောင့် ဖြေဆိုချိန် စုစုပေါင်း ၂း၃၀ နာရီလောက်ကြာပါတယ်။ မြန်မာနိုင်ငံမှာဖြေရတဲ့ TOEFL အနေနဲ့ Speaking Test မရှိသေးတဲ့ အတွက် ဒါနဲ့ပတ်သက်ပြီးဖြေဖို့ မလိုပါဘူး။


အမှတ် Score ဘယ်လောက်ရဖို့ လိုအပ်သလဲ...

နောက်တစ်ဆင့်ကတော့ ကိုယ်လျှောက်မယ့် ကျောင်းအတွက် အနည်းဆုံးလိုအပ်တဲ့ TOEFL Score က
ဘယ်လောက်လဲဆိုတာ သိဖို့ပါပဲ။ ဒါမှလည်း ကိုယ့်အနေနဲ့ ဘယ်အတိုင်းအတာအထိ
အားစိုက်ထုတ် ပြင်ဆင်ဖို့ လိုအပ်မလဲ ဆိုတာ သိနိုင်မှာပါ။
ဘွဲ့ကြိုသင်တန်းတွေမှာ တောင်းတဲ့ Score က ဘွဲ့လွန်သင်တန်းအတွက် တောင်းတဲ့
Score ထက် နည်းနေလေ့ ရှိတယ်လို့ အကြမ်းဖျင်း ဆိုနိုင်ပေမယ့်လည်း
ကျောင်းအလိုက်၊ ကိုယ် တက်မယ့် ဘာသာရပ်အလိုက် Score လိုအပ်ချက်တွေကတော့
အနည်းနဲ့ အများ ကွာခြားလေ့ ရှိပါတယ်။ ဘွဲ့ကြို သင်တန်းတွေဆိုရင် Paper
Based Test အတွက် လိုအပ်တဲ့ Score အနေနဲ့ ဘာသာရပ်အလိုက်၊ ကျောင်းအလိုက်
၅၅၀ ကနေ ၆၀၀ အတွင်းမှာ တောင်းလေ့ရှိပြီး ဘွဲ့ လွန်သင်တွေအတွက်ကတော့ ၅၈၀
နဲ့ ၆၀၀ အထက်ကို တောင်းလေ့ရှိပါတယ်။ အခြား TOEFL တွေ ဖြစ်တဲ့ IBT နဲ့ CBT
တွေအတွက် ကတော့ မြန်မာနိုင်ငံကနေ ဖြေမယ့်သူတွေနဲ့ အကျုံးမ၀င်လို့
မပြောတော့ပါဘူး။ ကျောင်းတွေ အနေနဲ့ကတော့ TOEFL Score အပြင် Writing Skills
စာမေးပွဲရလဒ်ဖြစ်တဲ့ TWE ရလဒ်တွေကို လည်း အလေးထားကြည့်လေ့ ရှိတာကြောင့်
TOEFL ဖြေသူတွေအနေနဲ့ စာမေးပွဲအတွက် ပြင် ဆင်ရာမှာ Essay ပုံစံမျိုး
ရေးရတဲ့ TWE စာမေး ပွဲကိုလည်း အလေးထားဖို့ လိုပါတယ်။

ဘယ်လိုအင်္ဂလိပ်စာမျိုးတွေကို လေ့လာရမလဲ...

TOEFL စာမေးပွဲရဲ့ မူလ ရည်ရွယ်ချက်ကိုက ပညာရေးအတွက် ရည်ရွယ်ပါတယ်။ နိုင်ငံတကာမှာ
ကျောင်းတက်မယ့် သူတွေအတွက် ကျောင်းတက်တဲ့အခါမှာ လိုအပ်တဲ့ အင်္ဂလိပ်စာ
အရည်အချင်း စစ်ဆေးတဲ့ စာမေးပွဲဖြစ်တဲ့ အတွက် မေးတဲ့ မေးခွန်းတွေမှာ
ပညာရေးနဲ့ ဆက်စပ်တဲ့ အကြောင်းအရာတွေကို မူတည်ပြီး မေးထားတာကို တွေ့ရပါတယ်။
မေးခွန်းတွေ အနေနဲ့ကတော့ အင်္ဂလိပ်ဘာသာရပ် တတ်ကျွမ်းမှုကို ဦးတည်စစ်တဲ့
စာမေးပွဲဖြစ်ပေမယ့် အကြောင်းအရာတွေက ပညာရပ်ဆိုင်ရာ အကြောင်းအရာတွေ
ဖြစ်လေတော့ ကိုယ့်အနေနဲ့ ပညာရပ်ဆိုင်ရာ အင်္ဂလိပ်စာ နဲ့ အကျွမ်းတ၀င်
မရှိဘူးဆိုရင်တော့ တစ်ပန်း ရှုံးတယ်လို့ ဆိုနိုင်ပါတယ်။

အထူးသဖြင့် နားထောင်တဲ့ စွမ်းရည် (Listening) နဲ့ အဖတ် စွမ်းရည် (Reading) မှာ
မေးတဲ့မေးခွန်းတွေမှာ ပြောတဲ့အကြောင်းအရာတွေ၊ ပေးထားတဲ့ အကြောင်းအရာတွေ
ဘာသာ ရပ်ဆိုင်ရာ အကြောင်းအရာတွေ ဆိုတာကို သိသိ သာသာကို တွေ့ရပါတယ်။
ဒါကြောင့် TOEFL ဖြေမယ့်သူ တစ်ယောက်အနေနဲ့ စာမေးပွဲအတွက် အင်္ဂလိပ်စာ
ပြင်ဆင်ရာမှာ အင်္ဂလိပ်စာနဲ့ ပတ်သက်တဲ့ သဒ္ဒါအပါအ၀င်အခြားလိုအပ်တဲ့ စကားလုံး
အသုံးအနှုန်းပိုင်းတွေနဲ့ နားထောင်တဲ့ အပိုင်းတွေကိုလေ့ကျင့်ထားရမှာ
ဖြစ်သလို ပညာရပ် ပိုင်းဆိုင်ရာ အင်္ဂလိပ်စာ အရေးအသားတွေလည်း တတ်နိုင်သလောက်
ရှာဖွေ ဖတ်ရှုထားနိုင်ရင် အတော်လေး အထောက်အကူပြုပါမယ်။

အင်္ဂလိပ်ဘာသာနဲ့ ရေးထားတဲ့ စွယ်စုံ ကျမ်းတွေ၊ ဘာသာရပ်ဆိုင်ရာ ပြဋ္ဌာန်းစာအုပ်တွေ၊ သုတေသန
ဆောင်းပါးတွေ၊ ဂျာနယ်တွေ၊ စာတမ်းတွေကို ဖတ်တဲ့ အလေ့အထလေး ရှိသင့်ပါတယ်။
ဒါဆိုရင် ပညာရပ်ဆိုင်ရာ အင်္ဂလိပ်စာကို အခြေခံပြီး မေးတတ်တဲ့ TOEFL
စာမေးပွဲနဲ့ ပတ်သက်ပြီး အစိမ်းသက်သက် မဖြစ်တော့ဘူးပေါ့။

ပွဲမ၀င်ခင် အရင်ကျင်းပဖို့...

TOEFL စာမေးပွဲရဲ့ မေးခွန်းပုံစံဟာ ကျွန်တော်တို့ မြန်မာကျောင်းသားတွေ အပေါ်
ဓမ္မဓိဋ္ဌာန် မေးခွန်းလို့ခေါ်တဲ့ Objective Type ဖြစ်ပါတယ်။ မှားမှန်ရောထွေး
အမှန်ရွေးပုံစံမျိုးပါ။ ဒါကြောင့်လည်း TOEFL စာမေးပွဲကို ဖြေဆိုဖို့
ပြင်ဆင်ရာမှာ သင်တန်းတက်တာအပြင် ကိုယ်တိုင်လည်း လေ့ကျင့်လို့ ရနိုင်ပါတယ်။
လေ့ကျင့်ဖို့နဲ့ ပတ်သက်လို့လည်း ကုမ္ပဏီမျိုးစုံက ထုတ်တဲ့ စာအုပ်စာတမ်းတွေ
ပေါင်းစုံအပြင် စီဒီတွေကိုပါ စာအုပ်ဆိုင်တွေမှာ ဈေးအသင့် အတင့်နဲ့
အလွယ်တကူ ၀ယ်လို့ရနိုင်ပါတယ်။ TOEFL စာမေးပွဲဖြေမယ့်သူတွေအနေနဲ့
ကိုယ်တိုင် လေ့ကျင့်ရာမှာ စာမေးပွဲမှာ သတ်မှတ်ထားတဲ့ အချိန်အတိုင်း
လေ့ကျင့်ရင် အကောင်း ဆုံးပါပဲ။ တစ်နည်းအားဖြင့် သာမန်လေ့ကျင့်ခန်းတွေ
လုပ်တာမျိုးထက် စာမေးပွဲမှာလို အချိန် သတ်မှတ်ပြီး စာမေးပွဲ
ဖြေကြည့်ခြင်းအားဖြင့် စာမေးပွဲနဲ့ ကိုယ်နဲ့ အကျွမ်းတ၀င် ဖြစ်ပြီးသား
ဖြစ်သွားနိုင်ပါတယ်။ ဒီလိုလေ့ကျင့်ရာမှာ စာအုပ်ကို အစဉ်လိုက်
လေ့ကျင့်တာထက် အခက်ဆုံးလို့ ထင်တဲ့အပိုင်းကို ရွေးပြီး ဖြေနိုင်ရင်
ပိုကောင်းပါတယ်။ တစ်ဆက်တည်းမှာပဲ စာရေးသူ အတွေ့အကြုံအရ အကြံပေးချင်တာကတော့
လေ့ကျင့်ခန်းလုပ်တဲ့ TOEFL စာမေးပွဲတွေ တစ်ခါတစ်ရံမှာ အမှန်တကယ်ဖြေရတဲ့
TOEFL စာမေးပွဲထက် ပိုလွယ်နေတာကို တွေ့ရပါတယ်။ ဒါကြောင့်
လေ့ကျင့်ရာမှာလည်း စာအုပ်တစ်မျိုး တည်း ဦးတည်ပြီး လေ့ကျင့်တာထက်
ဖြစ်နိုင်ရင် ရနိုင်သလောက် စာအုပ်များများကို လေ့ကျင့် နိုင်ရင်
ပိုအကျိုးရှိတယ်လို့ ဆိုပါရစေ။


သင်တန်းကောင်းကောင်းတက်နိုင်ရင်...

TOEFL စာမေးပွဲဆိုတာက တကယ်တော့ အင်္ဂလိပ်စာ ဘာသာရပ် ကျွမ်းကျင်မှုကို စစ်ဆေးတာ မှန်ပေမယ့် Score အကောင်းဆုံး
ရဖို့အတွက် အင်္ဂင်္လိပ်စာ အရည်အချင်းကောင်း ရှိဖို့လိုတဲ့ အပြင် စာမေးပွဲနဲ့
ပတ်သက်တဲ့ ချဉ်းကပ်ပြင်ဆင်မှု (Exam Approach) ကလည်း လိုအပ်ပါတယ်။
စာမေးပွဲအထာနဲ့ အကျွမ်းတ၀င် ရှိနိုင်ဖို့ရာမှာ TOEFL စာမေးပွဲအတွက်
စနစ်တကျနဲ့ သင်ပေးနိုင်တဲ့ အင်္ဂလိပ်စာ ဆရာတွေထံမှာ သင်တန်း တက်နိုင်ရင်
ပိုကောင်းပါတယ်။ အထူးသဖြင့် မြန်မာနိုင်ငံက ကျောင်းသားတွေနဲ့ သိပ်ပြီး
အကျွမ်းတ၀င် မဖြစ်တဲ့ စာမေးပွဲစနစ် ဖြစ်လေတော့ စာမေးပွဲနဲ့ ပတ်သက်လို့
စနစ်တကျ သင်ပေးနိုင်တဲ့သူဆီမှာ သင်တန်းတက်တာဟာ ကိုယ့် အတွက် အထောက်အကူ
ကောင်းကောင်း ဖြစ်ပါတယ်။ ကိုယ်ကိုယ်တိုင် လေ့ကျင့်ခန်း လုပ်တဲ့အခါမှာ
သိချင်တာ ရှိတာတွေ၊ ကိုယ်ကိုယ်တိုင် အဖြေရှာလို့ မရတာတွေကို ကျွမ်းကျင်တဲ့
ဆရာတွေဆီမှာ မေးမြန်းခြင်းအားဖြင့် အချိန်ကုန် သက်သာပါတယ်။ တစ်ခါတလေ
စာမေးပွဲမှာ သိသင့်တဲ့ အထာလေးတွေ၊ လုပ်သင့်တာလေး တွေကိုလည်း သိနိုင်တာမို့
ဘာပဲဖြစ်ဖြစ် အကျိုး ရှိသွားတာ လေးတွေလည်း ရှိပါတယ်။ ဒါပေမယ့်လည်း
ဒီနေရာမှာ တွေ့ရတာလေးကို ပြောရရင် မြန်မာနိုင်ငံက ဖြေတဲ့သူ အတော်များများက
ကိုယ်တိုင်ကြိုးစားဖို့ထက် ဆရာတွေကို အားကိုးလွန်းပြီး ကျူရှင်တွေ
တစ်ခုပြီး တစ်ခုလိုက် တက်ရင်းနဲ့ပဲ လိုအပ်တဲ့ Score မရနိုင်ဘဲ ဖြစ်နေ
သူတွေလည်း အတော်အတန် ရှိနေပါတယ်။

မေးခွန်းတိုင်းကို ဖြေပါ...

မေးခွန်းအမျိုးအစားက ဆိုခဲ့သလိုပဲ မှားမှန် ရောထွေး အမှန်ရွေးဆိုတော့ အဖြေက ပေးထားပြီးသားပါ။
အဖြေမှန်တစ်ခုနဲ့ မမှန်တဲ့ အဖြေ သုံးခု ရောထားတဲ့ သဘောပါပဲ။ ဒါကြောင့်
စာမေးပွဲ ဖြေတဲ့အခါမှာ ကိုယ်ဖြေနိုင်တာတွေကို ဖြေသလို မဖြေနိုင်တာ၊ မသိတာ၊
မသေချာတာ တွေကိုလည်း အကောင်းဆုံးမှာ မှန်းပြီး ထည့်လိုက်စေချင်ပါတယ်။
အဖြေမှားတွေအတွက် မှန်လို့ရတဲ့ ရမှတ်ထဲကနေ အမှတ် မလျှော့ပါဘူး။
မှန်းထည့်လိုက်တဲ့ အဖြေက မှန်နေရင်လည်း အမြတ်ပေါ့။ ဒီလိုမဟုတ်ဘဲနဲ့ မရတဲ့
မေးခွန်း တွေကို ချန်ထားလိုက်ရင် အဲဒီအတွက် လုံးဝ အမှတ်မရဘဲ ဖြစ်သွားမှာပါ။

ဖြေရမယ့်မေးခွန်းများနဲ့ ပတ်သက်လို့...

မေးခွန်းတွေနဲ့ ပတ်သက်လို့ ပထမဦးဆုံး နားထောင်မှုစွမ်းရည် (Listening) ကိုစစ်တဲ့
မေးခွန်းအကြောင်းလေး ပြောပါရစေ။ အခြေအနေ တစ်ခုမှာ ပြောနေတဲ့ Dialogue
ဖွင့်ပြပြီးတော့ အဖြေလွှာပေါ်မှာ မေးထားတဲ့ မေးခွန်းအတွက် အမှန်ဆုံးအဖြေကို
သတ်မှတ်အချိန်အတွင်း ရွေးရပါတယ်။ သတ်မှတ်ချိန် ပြည့်သွားရင်
နောက်မေးခွန်းတစ်ခုအတွက် Dialogue တစ်ခု ထပ်ထွက် လာပါတယ်။ ဒီမေးခွန်းကို
ဖြေဆိုရာမှာ ဖြစ်နိုင်ရင် Dialogue မစခင် (လေးငါးစက္ကန့်လောက်
ရှိမယ်ထင်တယ်) အချိန်တိုလေးအတွင်းမှာပဲ မေးထားတဲ့ မေးခွန်းနဲ့ပေးထားတဲ့
အဖြေတွေကို ဖတ်ထားနိုင်ရင် အတော်လေး အဆင်ပြေပါတယ်။ ဒီကနေတစ်ဆင့် Dialogue
က ဘယ်လို အခြေအနေမျိုးကို မေးမှာလဲ ဆိုတာမျိုးကို မှန်းကြည့်လို့
ရနိုင်ပါတယ်။ ဒါမှလည်း Dialogue ဖွင့်ပြီးတဲ့အခါမှာ အနီးစပ်ဆုံး အဖြေကို
မှန်းကြည့်လို့ ရနိုင်မှာပါ။
ကိုယ်တိုင်လေ့ကျင့်တဲ့ အခါမှာလည်း ကက်ဆက်ကို စာမေးပွဲမှာလိုပဲ တစ်ခေါက်ပဲဖွင့်ပြီး အခုပြောခဲ့တဲ့ အဖြေရှာတဲ့
ပုံစံမျိုးကို သေသေ ချာချာ လေ့ကျင့်ထားနိုင်ရင် အတော်အဆင် ပြေနိုင်ပါတယ်။
Listening မေးခွန်းတွေကို ဖြေရာမှာ အရေးကြီးတာတစ်ခုကတော့ မေးခွန်း
တစ်ခုရဲ့ အဖြေကို ကိုယ်က စဉ်းစားလို့ မပြီးခင်မှာ နောက်မေးခွန်းတစ်ခုကို
တစ်ခုအတွက် Dialogue ဖွင့်ပြပြီဆိုရင်တော့ လက်ရှိ စဉ်းစား လက်စကို
သံယောဇဉ်ဖြတ်ပြီး နောက် မေးခွန်း အတွက် အာရုံစိုက်ပေတော့ပဲ။
အဲဒီလိုမဟုတ်ရင်တော့ မေးခွန်းတွေ အကုန်လွတ်ကုန်ပြီး သေသေချာချာ
မဖြေနိုင်တော့ဘဲ ဖြစ်တတ်ပါတယ်။

TOEFL ဖြေတဲ့သူတွေအတွက် Listening အပိုင်းပြီးရင် ဖြေရတဲ့အပိုင်း ကတော့ Structure and Written Expression
အပိုင်းပါ။ ဒီအပိုင်းမှာ အများ အားဖြင့် အမှတ်လျော့လေ့ ရှိတယ်လို့
ဆိုပါတယ်။ ဖြေတဲ့သူ အတော်များ များကလည်း အခက်ဆုံးလို့ ပြောလေ့ရှိပါတယ်။
ဒီအပိုင်းနဲ့ ပတ်သက်လို့ ၀ါရင့် TOEFL သင်တဲ့ ဆရာ တစ်ဦးပြောဖူးတာကတော့
အင်္ဂလိပ်စာ သဒ္ဒါနဲ့ အသုံးတွေကို ကြေညက်အောင် လေ့လာတာရယ်၊
လေ့ကျင့်ခန်းများများ လုပ်တာကလွဲရင် အခြား နည်းမရှိလို့ ဆိုပါတယ်။

ဆက်ဖတ်ရန်
ပို့စ်တင်သူ ။.............။ လခြမ်းမြီ on Sunday, 20 March 2011
0 ( မှတ်ချက်ရေးချင်ရင် )
ခေါင်းစဉ်အလိုက်ပို့စ်များ |

Listening ပိုင်းတွင် သတိပြုရမည့်အချက်များ
 - ရံဖန်ရံခါ ယခင်စာမေးပွဲများမှ စည်းမျဉ်းစည်းကမ်းများနှင့် မတူသောကြောင့် စာမေးပွဲစည်းမျဉ်းစည်းကမ်းများကို သေချာစွာ ဂရုစိုက်၍ ဖတ်ရှုပါ။
- Speaker မှပြောနေသော အချက်အလက်များကို သေချာစွာ အာရုံစိုက်၍ ကြိုးစားနားထောင်ပါ။
- Score များများရရှိနိုင်ရန် အပိုင်း ၁နှင့် ၂ မှ မေးခွန်းအားလုံးကို ဖြေဆိုပါ။ လွယ်ကူသောအပိုင်းများတွင် အမှားမပါအောင် ဂရုစိုက်ပါ။
- တစ်ခါတစ်ရံတွင် သေးငယ်သည်ဟုထင်ရသော အမှားများကအမှတ်ကိုလျှော့စေနိုင်ပါသည်။ စာလုံးပေါင်းသတ်ပုံအား သေချာစွာ ဂရုစိုက်၍ စစ်ပါ။
- Speaker မှ ပြောဆိုနေသော အချက်အလက်မှာ ခက်ခဲနေခြင်း သို့မဟုတ် မြန်နေပါက မကြောက်ပါနှင့်။ စိတ်အေးအေးထား၍ သေချာအာရုံစိုက်၍ နားထောင်ပါ။
- ဖတ်ခြင်း၊ ရေးခြင်း နှင့် နားထောင်ခြင်းတို့ကို တစ်ပြိုင်နက် ပြုလုပ်ပါ။ ဤသို့ပြုလုပ်ရန် ခက်ခဲသော်လည်းကြိုးစားလုပ်ဆောင်ပါ။
- Listening အတွက် နောက်ဆုံးသတိပြု ရမည့်အချက်မှာ မေးခွန်းအားလုံးဖြေဆိုပါ။ ကွက်လပ်မထားခဲ့ပါနှင့်။

Reading အပိုင်းတွင် သတိပြုရမည့်အချက်များ

- မေးခွန်းတစ်ခုစီအတွက် အဖြေကို စဉ်စားရာ၌ အချိန်လွန်စွာမကြာသင့်ပါ။ မသေချာသောအဖြေကို မဖြေပဲထားခဲ့ပါ။ အခြားအဖြေအားလုံးကိုဖြေဆိုပြီးနောက် အချိန်ရပါက ကျန်ခဲ့သောအဖြေများကို ပြန်လည်ဖြေဆိုပါ။
- စာပိုဒ်၌ပေးထားသော အကြောင်းအရာကို မသိလျှင်စိတ်မပူပါနှင့်။ အဖြေအားလုံးစာပိုဒ်ထဲတွင်ပါပြီးဖြစ်သောကြောင့် သင့်တွင် Specialist Knowledge ရှိရန်မလိုပါ။
- အဓိကသတိထားရမည်အချက်မှာ အဖြေတွင်ရေးရန် အချိန်ပိုရမည်မဟုတ်ပါ။ စာဖြေသူအများစုမှာ Listening ပိုင်း၌ အချိန်ရသလို Reading ပိုင်း၌ပါ အချိန်ရမည်ဟုထင်ကြသည်။ သို့သော်မရပါ။
 - စာမေးပွဲမဖြေဆိုသေးခင်ကာလ၌ အင်္ဂလိပ်ဘာသာဖြင့်ရေးသားထားသော သတင်းစာ၊ မဂ္ဂဇင်း သို့မဟုတ် ဂျာနယ်များဖတ်ရှုခြင်းမှာ စာမေးပွဲအတွက် အထောက်အကူဖြစ်စေနိုင်ပါသည်။
- စာပိုဒ်များအား ဖွဲ့စည်းထားသောပုံစံကို သေချာလေ့လာပါ။
- ပေးထားသော အကြောင်းအရာအားစဖတ်ရာ၌ စာပိုဒ်၏ဆိုလိုချက်ကို ကြိုးစားခန့်မှန်းပါ။
- မိမိမသိသော စကားလုံးအား အချိန်ကုန်ခံ၍ မစဉ်းစားပါနှင့်။
- စာပိုဒ်တွင်အဖြေပါရှိပါက ထိုအဖြေအားကူးယူရာတွင် သေချာဂရုစိုက်၍ကူးယူပါ။
- စာလုံးပေါင်းသတ်ပုံအား သေချာစစ်ပါ။
- အဖြေတစ်ခုသာလိုအပ်လျှင် တစ်ခုသာဖြေဆိုပါ။ မလိုအပ်ပဲရှည်လျားစွာဖြေဆိုခြင်းကိုရှောင်ပါ။
- နောက်ဆုံးသတိထားရမည့်အချက်မှာသဒ္ဒါအသုံးပြုရာ၌ ဧကဝုဒ်၊ ဗဟုဝုဒ် (Plural/ Singular Noun) များကိုအထူးဂရုပြုပါ။

Writing ပိုင်းတွင် သတိပြုရမည့်အချက်များ

- (အဓိကစာကလုံး) Key Word များအားဝိုင်းပါ။
- စာပိုဒ်များအားမြင်သာအောင်ခွဲခြားပါ။
- တူညီသော အချက်အလက်များကို မတူညီသောစကားလုံးများဖြင့် ထပ်ခါတလဲလဲဖြေဆိုခြင်းကို ရှောင်ကျဉ်ပါ။
- မေးထားသော အကြောင်းအရာမှ သွေဖီမသွားစေရန်ဂရုပြုပါ။
- Writing ဖြေဆိုမည့်အချိန်အား သေချာစွာ ဂရုပြုပါ။ Task Two တွင် အမှတ်ပိုရနိုင်သဖြင့် ဖြေဆိုရာတွင် အချိန်ပေး၍ဖြေဆိုပါ။ မလောပါနှင့်။
- စာပိုဒ်တစ်ခုစီတွင် ထင်မြင်ယူဆချက် စိတ်ကူးတခုအကြောင်းကိုသာ ဆွေနွေးခြင်းဖြင့် အမှတ်များများရနိုင်ပါသည်။
- IELTS Exam Format နှင့် မကိုက်ညီသော ရင်းရင်းနှီးနှီးပြောဆိုရာ၌သုံးသော Informal Words ကိုအသုံးပြုခြင်းမှ ရှောင်ကျဉ်ပါ။
- စာမေးပွဲအတွက် ပြင်ဆင်ရာ၌ မိမိလက်ရေးနှင့် ရေးပါက စကားလုံး ၁၅ဝအား စာရွက်မည်မျှကုန်နိုင်မည်ဆိုတာကို ခန့်မှန်းချေသိအောင်လုပ်ထားပါ။ စာမေးပွဲခန်းတွင် စကားလုံးရေတွက်ရန်အချိန်မလုံလောက်ပါ။
- Writing ပိုင်းအတွက်ပြင်ဆင်ရာ၌ မိမိရေးထားသော Essay များကိုအချိန်တိုအတွင်း ပြန်လည်ဖတ်ရှု ၍ ပြင်ဆင်နိုင်ရန် စာကိုလျှင်မြန်စွာဖတ်ရှုနိုင်သည့်အရည်အချင်း (Skimming and Scanning Skill) ရှိရန်ပြင်ဆင်ထားပါ။
- မေးထားသောမေးခွန်းများအား အလွတ်ကျက်ထားသော စံပြအဖြေများဖြင့် ဖြေဆိုခြင်းအားရှောင်ကျဉ်ပါ။ Essay များကိုအလွတ်ကျက်၍ချရေးပါက မေးထားသော အဓိကအကြောင်းအရာနှင့်လွဲတတ်၍ အမှားများတတ်ပါသည်။

Speaking ပိုင်းတွင်ဂရုစိုက်ရမည့်အချက်များ

- Speaking Test တွင် သဒ္ဒါအသုံးအနှုန်းကျွမ်းကျင်မှုကိုသာမက စကားပြောဆိုဟန်၊ အသံနေအသံထားစသော အချက်များကိုပါ အမှတ်ပေးပါသည်။
- စာမေးပွဲစစ်ဆေးသူ ဆရာ၊ဆရာမများသည် ကြိုတင်ကျက်မှတ်ပြောဆိုခြင်း သို့မဟုတ် အလွတ်ပြောဆိုနေခြင်းအား ခွဲခြားသိနိုင်ရန်လေ့ကျင့်ထားသူများဖြစ်သဖြင့် အဖြေများအား ကြိုတင်အလွတ်ကျက်ခြင်းမှ ရှောင်ကျဉ်ပါ။
- မိမိပြောနေသောကြောင်းရာအားချဲ့နိုင်သမျှချဲ့ ၍ဖြေဆိုပါ။
- မိမိပြောရမည့် အကြောင်းရာအား ဆွေးနွေးရာ၌ စာမေးပွဲစစ်ဆေးသူ ဆရာ၊ဆရာမများထက် ပို၍ပြောဆိုပါ။ မေးသောအချက်ထက် ပို၍ချဲ့ထွင်ပြောဆိုပါ။
- စာမေးပွဲစစ်ဆေးသူ ဆရာ၊ဆရာမ ပြောသောအချက်အားနားမလည်ပါက ပြန်မေးပါ။
- IELTS စာမေးပွဲသည် ဗဟုသုတကို ဆန်းစစ်သောစာမေးပွဲမဟုတ်သဖြင့် စံသတ်မှတ်ထားသောအဖြေတစ်ခုဟူ၍ မရှိပါ။ အကြောင်းအရာတစ်ခုအားဆွေးနွေးရာ၌ မိမိ၏ကိုယ်ပိုင်ထင်မြင်ချက်ကိုထည့်သွင်းဖြေဆိုခြင်းဖြင့် အမှတ်ကောင်းရနိုင်ပါသည်။
- Speaking Test ဖြေဆိုရာတွင် ချောမွေ့စေရန် မိမိအိမ်တွင်အသံသွင်း၍ ပြန်နားထောင်ခြင်းဖြင့်လေ့ကျင့်ပါ။

ဆက်ဖတ်ရန်
ပို့စ်တင်သူ ။.............။ လခြမ်းမြီ on Friday, 18 February 2011
0 ( မှတ်ချက်ရေးချင်ရင် )
ခေါင်းစဉ်အလိုက်ပို့စ်များ |


IELTS ဆိုတာ.The Internationl English Language Testing System (နိုင်ငံတကာ အင်္ဂလိပ်ဘာ သာစကား စစ်ဆေးနည်းစနစ်) ရဲ့ အတိုကောက်ပါပဲ။ IELTS စာမေးပွဲကို (၁၉၈၉) ခုနှစ်မှာ
စတင်မိတ်ဆက်ခဲ့ ပြီး (၁၉၉၀) ခုနှစ်မှာ ELTS (The English Languae Testing System)
နေရာမှာ အစားထိုးစစ်မေးခဲ့တာပါ။

IELTS စာမေးပွဲကို (၁) British Council (၂)IDP Education Australia: IELTS Australia နဲ့ (၃) University of Cambridge ESOL Examinations (Cambridge ESLO) တို့က
ပူးပေါင်းကြီးမှူးကျင်းပတာ ဖြစ်ပါတယ်။

(၁) British Council ဟာ စာမေးပွဲစီမံခန့်ခွဲမှု ( test administration ) မှာ အတွေ့အကြုံရင့်ကျက်သလောက် ဗဟုသုတကြွယ်ဝတယ်။ နိုင်ငံပေါင်း (၁၀၀) ကျော်မှာရှိတဲ့
စာမေးပွဲရုံးတွေ (examinations offices) နဲ့ ကွန်ရက်ချိတ် ဆက်ထားပြီး
ဗြိတိသျစာမေးပွဲစစ်ဆေးရေဘုတ်အဖွဲ့တွေ ကိုယ်စား ပြည်ပစာမေးပွဲ (၅) သိန်းကျော်ကို
စီမံခန့်ခွဲပေး တယ်။

(၂)IDP Education Australia ဟာ သြစတြေးလျရဲ့ နိုင်ငံတကာပညာရေးအဖွဲ့အစည်း ဖြစ်ပါတယ်။ ကျောင်း သားအကြံပေးဝန်ဆောင်မှုတွေနဲ့ ပညာရေးစာစောင်တွေ (education publications)
ကစလို့ စီမံကိန်းအတိုင်ပင်ခံ လုပ်ငန်း (project consultancy) နဲ့ အင်္ဂလိပ်ဘာသာ
စကားသင်ကြားရေးနဲ့ စစ်ဆေးရေးအဆုံး activities မျိုးစုံ ကို
တာဝန်ယူဆောင်ရွက်ပေးတယ်။

(၃) Cambridge ESOL ဟာ ပညာရေးနဲ့ အသက် မွေးမှုစာမေးပွဲတွေ (academic and vocational examinatons) ကို ပံ့ပိုးပေးတဲ့ နိုင်ငံတကာအသိအမှတ်ပြု အဖွဲ့ အစည်းတစ်ရပ်ပါပဲ။
အင်္ဂလိပ်ဘာသာစကားနယ်ပယ်မှာ တင် တစ်နှစ်ကို ဖြေဆိုသူ (candidates) ပေါင်း တစ်သန်း
ကျော် စစ်မေးတယ်။

ကမ္ဘာတစ်လွှား ဖြေဆိုသူများ

IELTS ဟာ အမြင့်မားဆုံး နိုင်ငံတကာဘာသာ စကားစံချိန်စံညွှန်းတွေနဲ့ ကိုက်ညီမှုရှိတယ်။ သြစတြေးလျ ကနေဒါ၊နယူးဇီလန်၊ ဗြိတိန်နဲ့ ယူအက်စ် အပါအ၀င် နိုင်ငံ
အတော်များများမှာရှိတဲ့ တက္ကသိုလ်တွေနဲ့ အလုပ်ရှင်တွေ ကIELTS ကို
အသိအမှတ်ပြုလက်ခံကြတယ်။ အတတ် ပညာအဖွဲ့အစည်းတွေ၊ လူဝင်မှုကြီးကြပ်ရေးအာဏာပိုင်
တွေနဲ့ တခြားအစိုးရအေဂျင်စီတွေကလည်းပဲ အသိ အမှတ်ပြုလက်ခံကြပါသေးတယ်။



ယူအက်စ်တက္ကသိုလ်တွေနဲ့ ကောလိပ်တွေမှာTOEFL ( The Test of English as a Foreign Lanaguage )ကို ပဲ လက်ခံထားတယ်လို့ တချို့ကျောင်းသားတွေက ယူဆ ကြရဲ့။ ဒါမမှန်ပါဘူး။IELTS ကို လက်ခံတဲ့
အမေရိကန် အဖွဲ့အစည်းတွေ ( American institutions) များသထက် များလာပါပြီ။Harvard,
Princeton နဲ့ Yale တို့လို Ivy League တွေ အပါအ၀င် အဖွဲ့အစည်းပေါင်း (၁၄၀၀)
ကျော်က အခုအခါ IELTS ကို အသိအမှတ်ပြုလက်ခံ နေကြပါပြီ။ (Ivy League ဆိုတာ
''ပညာရေးစံချိန်မြင့်မား ပြီး လူမှုအဆင့်အထက်အတန်းကျတယ်လို့ ကျော်ကြား တဲ့
အစဉ်အလာကြီးမားသော အမေရိကန်အရှေ့ပိုင်းက တက္ကသိုလ်တွေ'' ကို ပြောတာပါ။)

IELTS ကို ကမ္ဘာတစ်ဝန်း နိုင်ငံပေါင်း (၁၃၀)ကျော် မှာ ၀င်ရောက်ဖြေဆိုနိုင်ပါတယ်။ လွန်ခဲ့တဲ့ (၃)နှစ်တာ ကာလအတွင်း IELTS ဖြေဆိုသူဦးရေ နှစ်ဆနီးပါး တိုး လာတယ်။
၂၀၀၇ခုနှစ်မှာ တစ်သန်းနီးနီး ဖြေဆိုကြတယ်။

အင်္ဂလိပ်ဘာသာစကား တတ်ကျွမ်းသလား

IELTS စာမေးပွဲဟာ အင်္ဂလိပ်လို ဆက်သွယ် ပြော ဆိုရတဲ့ နေရာမှာ စာသင်ဖို့ ဒါမှမဟုတ် အလုပ်လုပ်ဖို့ လိုအပ်တဲ့ ဖြေဆိုသူတွေရဲ့ ဘာသာစကားတတ်ကျွမ်းမှု (Language ability)
ကို အကဲဖြတ်ဖို့ ဒီဇိုင်းရေးဆွဲထားတဲ့ စာမေးပွဲစနစ်ပါ။ တစ်နည်းဆိုရရင် IELTS ဟာ
ဖြေဆိုသူရဲ့ တတ်ကျွမ်းမှုကို လက်တွေ့ကျကျမီးမောင်းထိုးပြတဲ့ပုံစံနဲ့ အကဲဖြတ်စစ်မေးတာပါ။
ဘာသာစကားကို ထိရောက် ကျွမ်းကျင်ပိုင်နိုင်စွာ နားလည်အသုံးချနိုင်စွမ်းရှိမရှိ
သေချာ သိရအောင် လက်တွေ့ကျတဲ့ စကားစပ်တွေ (realistic conterts) နဲ့ Listening,
Reading, Writing နဲ့ Speaking ဆိုတဲ့ ဘာသာစကားစွမ်းရည် (၄) မျိုးစလုံးကို
စစ်မေးတဲ့ စာမေးပွဲဖြစ်ပါတယ်။ Four Skills စလုံး စစ်မေးရတဲ့ အကြောင်းကတော့...
နဖူးတွေ့ဒူးတွေ့ (in the real world) ကြား၊ ဖတ်၊ ရေး၊ ပြောနေကြမယ့်
ကျွမ်းကျင်မှုတွေ ကို လေ့ကျင့်နေမှုရှိမရှိ သိရအောင်လို့ပါ။



သိဖို့လား သုံးဖို့လား

IELTS စာမေးပွဲဟာ တခြားအင်္ဂလိပ်ဘာသာစကား စာမေးပွဲတွေနဲ့ အတော်လေး ကွဲပြားပါတယ်။ အင်္ဂလိပ်စာ စာမေးပွဲတချို့ရဲ့ စစ်မေးတဲ့သဘောတရားဟာ လူတွေ အင်္ဂလိပ်လို ဘာလုပ်နိုင်တယ်ဆိုကို
ပြဖို့ထက် အင်္ဂလိပ်စာ အကြောင်း ဘာသိထားတယ်ဆိုတာကို ပြဖို့ပါပဲ။(The testing
philosophy behind a number of English tests is to show what people know about
English rather than show what they can do in English) grammar
ကောင်းကောင်းတတ်ပြီး vocabulary ကြွယ်ရင် အင်္ဂလိပ် စာကို
ကောင်းကောင်းအသုံးချနိုင်ရမယ်လို့ ယူဆလေ့ရှိ ကြတယ်။ တကယ့်လက်တွေ့ကျတော့
အဲဒီအတိုင်းဖြစ်မ လာပါဘူး။ ကျောင်းသားအတော်များများ grammar မိုးပျံ အောင်တော်ပြီး
vocabulary ထောင်သောင်းမက ကြွယ် ကြပါရဲ့။ ဒါပေမယ့် အဲဒီဘာသာစကားနဲ့ ဆက်သွယ်ပြော
ဆိုမှု (communication) အပိုင်းမှာကျတော့ ချာတူးလံပြီး သုံးစားလို့ကို မရဘူး။



Test အတော်များများနဲ့ မတူတာက...IELTS စာမေးပွဲမှာgrammar မေးခွန်းတွေ အထူးသဖြင့် vocabulary မေးခွန်းတွေ မပါတာပါပဲ။ အဲဒီအစားသီးခြား ရည်မှန်းချက်တွေရှိတဲ့
အလုပ်တချို့ (a number of tasks with specific objectives) မေးတာပါ။ ဒီ test မှာ
မိမိရဲ့ ပန်းတိုင်းက အဲဒီရည်မှန်းချက်အတိုင်း ဖြစ်အောင် ကြိုး စားဖြေဆိုဖို့ပါပဲ။
IELTS စာမေးပွဲဟာ မိမိဘာသိထားတယ် ဆိုတာထက် အင်္ဂလိပ်လို ဘာလုပ်နိုင်တယ်ဆိုတာကို
အလေးထားစစ်မေးတဲ့ စာမေးပွဲပါ။(The IELTS Test is very much a test of what you can
do in English, rather than what you know.)

IELTS စာမေးပွဲဖြေဆိုနိုင်ဖို့ ကောင်းကောင်းပြော တတ်၊ ကောင်းကောင်းရေးတတ်၊ ကောင်းကောင်းဖတ် တတ်ပြီး ကောင်းကောင်းနားလည်နိုင်ရမယ်ဆိုတာ သတိ
ချပ်ဖို့အရေးကြီးပါတယ်။ အဲဒီလောက် ရိုးရှင်းပါရဲ့။ ဒီ test ကို ပြင်ဆင်နိုင်ပေမယ့်
grammar/ vocabulary အ လွတ်ကျက် အာရုံဆောင်ရုံလောက်နဲ့ မရပါဘူး။ IELTS စာမေးပွဲကို
ဒီလိုနည်းနဲ့ ပြင်ဆင်လို့မရပါဘူး။ နိုင်ငံခြားကို ပညာတော်သင်သွားဖို့
မိမိလိုအပ်တဲ့ IELTS score ရဖို့ဆို ရင် သေသေချာချာ ထိထိရောက်ရောက်
လေ့ကျင့်ပြင်ဆင် ဖို့လိုပါလိမ့်မယ်။

နှစ်မျိုးနှစ်စား သတ်မှတ်ထား

IELTS ကို Academic (ပညာရေး)နဲ့ General Training (အထွေထွေလေ့ကျင့်မှု) ဆိုပြီး ပုံစံနှစ်မျိုးနဲ့ ဖြေဆိုနိုင်ပါတယ်။ မိမိသင်ယူလေ့လာမယ့် သင်ရိုးပေါ်မူ တည်ပြီး
တစ်မျိုးမျိုးကို ရွေးချယ်ဖြေဆိုရမှာ ဖြစ်ပါတယ်။

Academic ပုံစံကဘွဲ့ကြို/ဘွဲ့လွန်အဆင့် (under graduate or postgraduate level) မှာ အင်္ဂလိပ်ဘာသာ စကား (the medium of English) နဲ့ သင်ယူလေ့လာဖို့ ဖြေဆိုသူမှာ
အဆင်သင့်ဖြစ်မဖြစ်ကို အကဲဖြတ်တာ ဖြစ် ပါတယ်။ ဘွဲ့ကြို၊ ဘွဲ့လွန် သင်တန်းတွေအတွက်
ဝင်ခွင့် ဟာ ဒီစာမေးပွဲပုံစံရဲ့ အမှတ်တွေအပေါ် အခြေခံရတာ ဖြစ်ပါတယ်။

General Training ပုံစံကတော့ ယေဘုယျကျတဲ့ လူမှုရေးနဲ့ ပညာရေး အခြေအနေမှာ အခြေခံရှင်သန်ရပ် တည်နိုင်ရေး စွမ်းရည်များ (basic survival skills) ကို ဇောင်း ပေးတာဖြစ်ပါတယ်။
အလယ်တန်းပညာ (secondary education)ပြီးဆုံးအောင် သင်ကြားဖို့၊ အလုပ်အကိုင်
အတွေ့အကြုံရဖို့၊ ဘွဲ့ဒီဂရီအဆင့်မဟုတ်တဲ့ သင်တန်းအ စီအစဉ်တွေ (training
programmes) တက်ရောက်ဖို့၊ ဒါမှ မဟုတ် လူဝင်မှုကြီးကြပ်ရေးကိစ္စရပ်များ (immigration
purpose) အတွက်ဖြစ်စေ အင်္ဂလိပ်စကားပြောနိုင်ငံတွေ ကို သွားရောက်ကြမယ့်
ဖြေဆိုသူတွေအတွက် သင့်တော် ပါတယ်။

Listening, Reading, Writing နဲ့ Speaking (၄) ခုစလုံး ဖြေဆိုရပါမယ်။ Acacemic နဲ့General Training မှာ Listening နဲ့ Speaking နဲ့ Reading နဲ့ Writing မှာတော့ ကွဲသွားတယ်။
အချိန်နဲ့တကွ ဖော်ပြရရင်


ဒီဆောင်းပါးမှာတော့ Academic Test ကိုပဲ ဆွေး နွေးတင်ပြသွားပါမယ်။

Listening

Sections (၄) ပိုင်းပါပြီး Listening Skills အမျိုးမျိုး ကို စစ်ဆေးတဲ့ မေးခွန်း (၄၀) ဖြေဆိုရပါမယ်။ တစ် ယောက်ပြောစကား (monologues) နဲ့ နှစ်ယောက်ပြော
စကား (dialogues) အပါအ၀င် အသံသွင်းထားတဲ့စာသား (recorded texts) ပေါင်းစုံကို နားထောင်ရမှာဖြစ်သလို အင်္ဂလိပ်ဝဲသံ ( Engilsh accents) အမျိုးမျိုးနဲ့ဒေသိယ စကား (dialects) အဖုံဖုံကိုလည်း
ကြားရမှာဖြစ်ပါတယ်။ စစ်မေးတာ ကြာလာလေ ခက်လာလေပါပဲ။ တစ်ခါပဲ ဖွင့် ပြတာမို့
နားထောင်စဉ်မှာ တစ်ပိုင်းစီအတွက် မေးခွန်းတွေ ကို ဖြေဆိုရပါမယ်။ ဒါပေမယ့်
မေးခွန်းတွေကို ကြိုဖတ်ဖို့ နဲ့ အဖြေစစ်ဖို့ အချိန်ပေးပါတယ်။ အဖြေတွေကို
အဖြေ လွှာ (answer sheet) ပေါ် ကူးရေးဖို့ နောက်ဆုံးမှာ အချိန်ပို (၁၀) မိနစ် ပေးပါသေးတယ်။

Reading

စာပိုဒ်(၃) ပိုဒ်ပေးထားပြီး Reading Skill အမျိုးမျိုး ကို စစ်မေးတဲ့ မေးခွန်း (၄၀) ကို ဖြေဆိုရပါမယ်။ စာအုပ်၊ မဂ္ဂဇင်း၊ ဂျာနယ်နဲ့ သတင်းစာတွေထဲက
စာပိုဒ်တွေကို ကောက်နုတ်ထားပြီး ကျွမ်းကျင်သူမဟုတ်တဲ့ စာဖတ်ပ ရိသတ် (a
non-specialist audience) အတွက် ရေးထား တဲ့ စာပိုဒ်တွေပါ။ အကြောင်းအရာတွေ
(topics) ကတော့ သူ့ဟာနဲ့သူ စိတ်ဝင်စားစရာ ကောင်းလှပါတယ်။ မေးတာ ကြာလာလေ
ခက်လာလေပါပဲ။ အဖြေတွေကို အဖြေလွှာ ပေါ်ကူးရေဖို့ အချိန်ပိုမပေးပါ။

Writing

task (၂) မျိုးရှိတယ်။ task ၁ မှာ ကားချပ် (chart) ဇယား (table),ဂရပ် (graph), ပုံ (diagram)ကို ကြည့်ရှု လေ့လာပြီး အချက်အလက်များ (information) ကို
ကိုယ် ပိုင်စကားလုံးတွေသုံးပြီး တင်ပြနိုင်စွမ်းနဲ့ဖြည့်သွင်းထားတဲ့
အချက်အလက် (input) ရဲ့အဓိကထူးခြားချက်တွေ (main features) ကို
အကျဉ်းရုံးတင်ပြနိုင်စွမ်းကို ဖော်ထုတ်ပြရမှာဖြစ်ပါတယ်။ စာလုံရေအနည်းဆုံး
(၁၅၀) ရေးရပါမယ်။

Task 2 မှာ ကျတော့ စာလုံးရေ အနည်းဆုံး(၂၅၀) ရှိတဲ့ အက်ဆေးတိုတစ်ပုဒ် ရေးရပါမယ်။ ထင်မြင်ယူဆ ချက် (opinion) သဘောထားရပ်တည်ချက် (position) တစ်ခုကို အကျိုးသင့်အကြောင်းသင့် တင်ပြတာတို့၊
ယေဘုယျပြဿနာတွေ(abstract issues) ကို ဆွေးနွေး တာတို့၊ ပြဿနာရဲ့အဖြေ
(solution) ကို တင်ပြတာတို့.. အဲဒီကျွမ်းကျင်မှုတွေကို ဖော်ထုတ်ပြရမှာ
ဖြစ်ပါတယ်။

Speaking

ဖြေသူ (candidate )နဲ့မေးသူ (examiner ) တို့ရဲ့ မျက်နှာချင်းဆိုင် အင်တာဗျူး (face-to-face/ one-to-one interview ) မှာ သုံးပိုင်းပဲ ရှိပါတယ်။

Part 1 မှာ ကိုယ့်အကြောင်း၊ အိမ်၊ မိသားစု၊ အလုပ်အကိုင်၊ ပညာရေး စတဲ့ အထွေထွေမေးခွန်းအတို အထွာလေးတွေ (short general questions )မေးပါတယ်။ Part
2 မှာ မိမိနဲ့ ရင်းနှီးကျွမ်းဝင်မှုရှိတဲ့ အကြောင်းအရာ တစ်ခု (a familiar
topic ) ကို စာစစ်သူကပေးပါ လိမ့်မယ်။ပြင်ဆင်ချိန်
တစ်မိနစ်ရပြီးတစ်မိနစ်/နှစ်မိနစ် ပြောရပါတယ်။Part 3 မှာတော့ Part 2
ကအကြောင်းအ ရာနဲ့ဆက်စပ်တဲ့ ယေဘုယျကိစ္စရပ်တွေကို ဆွေးနွေးပြော ဆိုရမှာ
ဖြစ်ပါတယ်။


ခင်မင်စွာဖြင့်


Credit:http://knowledgebridge.net/?option=com_content&view=article&id=144:ielts-&catid=51:english&Itemid=107&fontstyle=f-larger ဆရာချမ်းဇော်ထက် ၏ ပိုစ်အားပြန်လည်ဖော်ပြပါသည်။

`ဤနေရာမှ ကူးယူထားသည်

ဆက်ဖတ်ရန်
ပို့စ်တင်သူ ။.............။ ( MMSA ) on Thursday, 2 December 2010
0 ( မှတ်ချက်ရေးချင်ရင် )
ခေါင်းစဉ်အလိုက်ပို့စ်များ |

အနန္တအတုမရှိ ဗုဒ္ဓမြတ်စွာဘုရား

အလှူရှင်များအား MMSA အဖွဲ့မှ မှတ်တမ်းတင်ဂုဏ်ပြုလွှာပေးအပ်

အလှူရှင်များအား MMSA အဖွဲ့မှ မှတ်တမ်းတင်ဂုဏ်ပြုလွှာပေးအပ်

Mahidol University

International Buddhist Collage

မြန်မာ E Books

ထိုင်းနိုင်ငံ ရောက် ရွှေ့ပြောင်း မြန်မာအလုပ်သားမားများအတွက် ပညာရေး အခွင့်အလမ်းများ

MMSA ပရိတ်သတ်များ

ယခင်ပို့စ်အဟောင်းများ

အားပေးနေသော အပေါင်းသင်းများ

International News

တိုင်းရင်းသားသတင်းဌာနများစုစည်းမှု

သတင်းဌာနများစုစည်းမှု

ဘလော့ဂ်များစုစည်းမှု