MMSA ဘလော့စည်းမျဉ်းများ

* ဘာသာ သာသနာနှင့်လူမျိုးတို့၏ ဂုဏ်ကို ထိခိုက်ပျက်စီးစေတတ်သော အရေးအသားမျိုးကို ရှောင်ရှားရန်၊
* အချင်းချင်း ညီညွတ်မှု့ကို ပျက်စီးစေတတ်သော အကြောင်းများကို ရေးသားခြင်းမှ ရှောင်ရှားရန်၊
* သာသနာနှင့် မအပ်စပ်သော အဖွဲ့ဂုဏ်သိက္ခာကို ငြိုးနွမ်းစေတတ်သော ပုံများကိုတင်ခြင်းမှ ရှောင်ရှားရန်၊
* ပုဂ္ဂိုလ်ရေးဆိုင်ရာများထက် အများနှင့်သက်ဆိုင်သော အကျိုးများစေနိုင်သော ပုံများ စာများကိုသာ ရေးသားရန်၊
* MMSAသည် ပညာရေးအဖွဲ့စည်း ဖြစ်သည့် အတွက်နိုင်ငံရေးနှင့်သက်ဆိုင်သော အရေးအသားများကို ရေးခြင်းမှ ရှောင်ရှားရန်၊
* ဗုဒ္ဓဘာသာနှင့် မိမိတို့လေ့လာနေသော ပညာရပ်ဆိုင်ရာ အကြောင်းအရာများကို ဗဟုသုတအလို့ငှါ ရေးသား မျှဝေကြရန်၊


၁၉၅၁ နှင့် ၁၉၉၂ ခုနှစ်ကြားမှာ အိန္ဒိယနိုင်ငံက နိုင်ငံရပ်ခြားမှ အလှူငွေ ဒေါ်လာ ၅၅ ဘီလီယံ လက်ခံရရှိခဲ့ပြီး၊ ကမ္ဘာ့သမိုင်းမှာ အလှူငွေ အများဆုံး ရရှိခဲ့တဲ့ တိုင်းပြည်အဖြစ် မှတ်တမ်းဝင်ခဲ့သည်။
သို့သော် ယခု အိန္ဒိယက အမြဲလက်ဖြန့်တောင်းနေမယ့် အတန်းစားမျိုး မဟုတ်တော့တာကို သက်သေပြတော့မည် ဖြစ်သည်။ အများဆုံး လက်ဖြန့်တောင်းခဲ့ရတဲ့ ဘ၀မှ နိုင်ငံတကာ အလှူရှင်ဇောတိက အဖြစ်ကို ခုန်ကူးဖို့ အစိုးရက စနစ်တကျ ဆောင်ရွက်နေသည်။
အိန္ဒိယအစိုးရက လာမယ့် ၅ နှစ်နဲ့ ၇ အတွင်း အာဖရိကအပါအ၀င် ဆင်းရဲတဲ့ တိုင်းပြည်တွေကို ကူညီဖို့ ဒေါ်လာ ၁၁.၃ ဘီလီယံ အသုံးပြုမည် ဖြစ်သည်။ အမေရိကန်အစိုးရရဲ့ နိုင်ငံတကာ ဖွံ့ဖြိုးရေး အကူအညီပေးတဲ့ USAID လို အဖွဲ့မျိုး လုပ်ဆောင်နိုင်ဖို့၊ အိန္ဒိယ နိုင်ငံတကာ ဖွံ့ဖြိုးရေး အေဂျင်စီ အဖွဲ့ကြီး (IAPD) တစ်ခုကို ဖန်တီးဆောင်ရွက်နေသည်။
လွန်ခဲ့တဲ့ ၁၀ နှစ်က အဆင်းရဲဆုံး နိုင်ငံတွေကို ပေးတဲ့ တရားဝင်ဖွံ့ဖြိုးရေးအကူအညီ (official development assistance) က ချမ်းသာတဲ့ စက်မှုနိုင်ငံကြီး ၁၅ နိုင်ငံမှ ဖြစ်သည်။ ယနေ့ အမေရိကန် ပြည်ထောင်စုက အကြီးမားဆုံး အလှူရှင်ဖြစ်ပြီး၊ ၂၀၁၀ ခုနှစ်မှာ လှူဒါန်းငွေ ဒေါ်လာ ၃၁ ဘီလီယံ အထိ ရှိခဲ့သည်။
သို့သော် ယခုနောက်ပိုင်း စီးပွားရေး တိုးတက်လာတဲ့ နိုင်ငံများကပါ နိုင်ငံတကာ လှူဒါန်းမှုတွေ လုပ်လာကြသည်။ နယူးယော့ခ် တက္ကသိုလ် Wagner School ရဲ့ စောင့်ကြည့်လေ့လာမှုအရ တရုတ်က ၂၀၀၇ ခုနှစ်မှာ နိုင်ငံတကာလှူဒါန်းမှု ဒေါ်လာ ၂.၅ ဘီလီယံ ရှိခဲ့ပြီး၊ ၂၀၀၉ ခုနှစ်မှာ ဒေါ်လာ ၁.၉ ဘီလီယံ ထိ ရှိခဲ့သည်။ ဘရာဇီးက ယခုနောက်ပိုင်း နှစ်စဉ် ဒေါ်လာ ၄ ဘီလီယံ လှူဒါန်းနေသည်။
၎င်း ပမာဏမှာ ဆွီဒင်၊ အီတလီ၊ ဆော်ဒီ တို့ လှူဒါန်းငွေနှင့် ညီမျှမှုရှိလာပြီး၊ နောက်ထပ် ကမ္ဘာ့အလှူရှင် ကလပ်ကြီးတစ်ခု ပေါ်လာပြီ ဖြစ်သည်။ အိန္ဒိယက နှစ်စဉ် ဒေါ်လာ ၂ ဘီလီယံ နှုန်းနဲ့ ပုံမှန် လှူဒါန်းသွားပါက ဩစတြေးလျနဲ့ ဘယ်လ်ဂျီယံတို့ အဆင့် ရှိမည် ဖြစ်သည်။
ဘရာဇီး၊ ရုရှား၊ အိန္ဒိယ၊ တရုတ်တို့ရဲ့ BRIC ကလပ်ရဲ့ နိုင်ငံတကာလှူဒါန်းမှုမှာ ၂၀၀၅ နဲ့ ၂၀၀၈ အတွင်း ဒေါ်လာ ၁၁.၂ ဘီလီယံ ရှိခဲ့ပြီး၊ ယခု နှစ်ဆ တိုးမြင့်လာသည်။
အိန္ဒိယရဲ့ လှူဒါန်းမှုက ယခုမှမဟုတ်။ ဆယ်စုနှစ်များစွာကတည်းက ဆင်းရဲတဲ့နိုင်ငံတွေမှ အရပ်သား ၀န်ထမ်းများကို civil servants ထရိန်နင်တွေ ခေါ်ပေးခဲ့သည်။ အိန္ဒိယ နည်းပညာနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (ITEC) က သင်တန်းများစွာ ပေးခဲ့ပြီး၊ ယခုနှစ်မှာ နိုင်ငံ ၁၂၀ မှ သင်တန်းသား ၅၅၀၀ ကို ကျွမ်းကျင်မှုသင်တန်းပေါင်းစုံ ပေးခဲ့သည်။
ဆင်းရဲတဲ့ နိုင်ငံများမှ အမြဲလက်ဖြန့်တောင်းသူများ အတွက် မှီခိုအားထားရာအဖြစ် အမေရိကန် USAID လို အဖွဲ့အပြင်၊ အိန္ဒိယ နိုင်ငံတကာ ဖွံ့ဖြိုးရေး အေဂျင်စီ အဖွဲ့ကြီး (IAPD) ကိုလည်း နောက်ပိုင်း အားကိုးစရာ ဖြစ်လာနိုင်မည်။
မောက္ခ နိုင်ငံတကာသတင်း
Source: Economist & AFP

ဆက်ဖတ်ရန်
ပို့စ်တင်သူ ။.............။ ထာဝရသီရိ on Monday 15 August 2011
0 ( မှတ်ချက်ရေးချင်ရင် )
ခေါင်းစဉ်အလိုက်ပို့စ်များ |


၁၉၀၀ ပြည့်နှစ်များဆီက ဂျွန်အဲလ်ဖလက် ၀က်တ်ကင်စ် ဆိုသူက လေဒီစ်ဟုမ်း ဂျာနယ်မှာ ၂၁ ရာစု လူသားတွေရဲ့ ဘ၀နဲ့သက်ဆိုင်တဲ့ ကြိုတင်ခန့်မှန်းချက်တွေကို အခန်းဆက် ရေးသားခဲ့ပါတယ်။
အဲဒီ မြောက်မြားလှတဲ့ ခန့်မှန်းချက်တွေထဲမှာ အနာဂတ် ကလေးတွေရဲ့ပညာရေးက ဘယ်လိုဖြစ်လာမှာလဲ ဆိုတာလည်း ပါဝင်ပါတယ်။
သူ့ရဲ့ခန့်မှန်းချက်တွေထဲမှာ "တက္ကသိုလ်ပညာရေးဟာ လူတိုင်းအတွက် အခမဲ့ ဖြစ်ပါလိမ့်မယ်တဲ့။ အမျိုးသား တက္ကသိုလ်ကြီးတွေ များစွာပေါ်ပေါက်လာပါလိမ့်မယ်။ ကလေးတွေဟာ အခြေခံအင်္ဂလိပ်သဒ္ဒါကို လွယ်ကူရှင်းလင်းစွာ သင်ကြားခွင့်ရလိမ့်မယ်။ အုပ်စုဖွဲ့ သင်ယူမှုတွေနဲ့ အချိန်ကုန်သက်သာမှုတွေ ရှိလာပါလိမ့်မယ်။
ဆင်းရဲတဲ့ကလေးတွေဟာ ကျောက်သင်ပုန်း ၊ အ၀တ်အစား ၊ စာအုပ်တွေကို အခမဲ့ ရရှိပါလိမ့်မယ်။ ထူးချွန်ပြီး အမှန်တကယ် မတတ်နိုင်တဲ့ ကလေးတွေအတွက် သူတို့ရဲ့ ကျောင်းလခတွေကိုလည်း အစိုးရက ပံ့ပိုးပေးပါလိမ့်မယ်။ ဆရာဝန်တွေကလည်း အစိုးရကျောင်းတွေက ပုံမှန်လာရောက်ပြီးတော့ ဆင်းရဲတဲ့ ကလေးတွေကို ကျန်းမာရေးဆိုင်ရာ စောင့်ရှောက်မှုတွေကိုလာရောက် စစ်ဆေးကာ လိုအပ်တာတွေကို ပံ့ပိုးပါလိမ့်မယ်။
အရမ်းဆင်းရဲတဲ့ ကလေးတွေအတွက် လိုအပ်ရင် ကျောင်းနဲ့ အိမ်ကို အခမဲ့ ကြိုပို့ပေးတဲ့အပြင် သင်ခန်းစာအတွင်း နေ့လည်စာကိုလည်း အခမဲ့ ရရှိပါလိမ့်မယ်။ အပန်းဖြေခရီးထွက်တဲ့ အချိန်တွေဆိုရင် ကလေးတွေကို ကမ္ဘာအနှံ့အလည် ပို့ပေးပါလိမ့်မယ် ။ ကျင့်ဝတ်နဲ့ အိမ်တွင်းမှုဆိုင်ရာ ပညာရပ်တွေကို အရေးကြီးတဲ့ သင်ခန်းစာတွေအဖြစ် ကျောင်းတွေမှာ သင်ကြားကြပါလိမ့်မယ်" ဆိုတဲ့ ခန့်မှန်းချက်တွေပါပဲ။
မြန်မာနိုင်ငံမှာတော့ စစ်အစိုးရဟာ နိုင်ငံတော်ဘတ်ဂျက်ရဲ့ ၁.၂ ရာခိုင်နှုန်းကိုသာ ပညာရေးအတွက် သုံးတယ်လို့ မကြာခင်က အစီရင်ခံစာတွေအရ သိရှိရပါတယ်။ ဒါဟာ မြန်မာနိုင်ငံရဲ့ ပညာရေးအခြေအနေကို အရှေ့တောင်အာရှမှာ ဖွံ့ဖြိုးမှုအနည်းဆုံး နိုင်ငံတစ်နိုင်ငံဖြစ်အောင် တွန်းပို့နေတာ ဖြစ်ပါတယ်။
ယူနီဆက်ဖ် ရဲ့ အစီရင်ခံစာတစ်ခုအရဆိုရင် မြန်မာနိုင်ငံရှိ ကလေး ၁၀ ယောက်မှာ ၃ ယောက်ဟာ ကျောင်းလုံးဝ တက်ခွင့်မရခဲ့ပါဘူး။ ကျောင်းနေအရွယ် ကလေးငယ်တွေရဲ့ ၄၀ ရာခိုင်နှုန်းဟာ မူလတန်း ပညာရေးကို တက်ရောက်ခွင့် မရကြပါဘူး။ ၂၆ ရာခိုင်နှုန်းသော မိဘတွေဟာ ကလေးတွေကို ကျောင်းထားဖို့အတွက် ငွေကြေး မတတ်နိုင်ကြပါဘူး။
နောက် ကျောင်းတက်ခွင့်ရတဲ့ ကလေးတွေရဲ့ ၆၀ ရာခိုင်နှုန်းဟာလည်း ပညာရေးကို ဆုံးခန်းမတိုင်ခဲ့ကြပါဘူး။ တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီးရင်လည်း လွတ်လပ်စွာ ရွေးချယ်ခွင့် မရှိပါဘူး။ ကျောင်းသားတွေဟာ တက္ကသိုလ်ဝင်တန်းမှာ ရရှိခဲ့တဲ့ အမှတ်တွေအရ သူတို့ စိတ်ဝင်စားသည်ဖြစ်စေ မ၀င်စားသည်ဖြစ်စေ တက္ကသိုလ်မှာ အထူးပြုဘာသာရပ်ကို ယူကြရပါတယ်။
ပြည်တွင်းစစ်နဲ့ ပဋိပက္ခတွေကလည်း ပညာရေးကို နှောင့်နှေးအောင် ဖန်တီးနေပြန်ပါတယ်။ တိုင်းရင်းသား ဒေသတွေမှာ ကလေးတွေနဲ့ ဆရာတွေဟာ တိုက်ပွဲတွေရဲ့ လွတ်ရာကို ထွက်ပြေးကြရပါတယ်။ ကျောင်းဆရာတွေ ဆိုတာလည်း လခတွေ ပုံမှန် မရကြပါဘူး။
နောက် မြန်မာနိုင်ငံရဲ့ ပြသနာကြီးတစ်ခုက ဦးနှောက်ယိုစီးမှုပါပဲ။ အထူးသဖြင့် ပညာတတ်တွေဟာ နိုင်ငံရဲ့ နိုင်ငံရေးပြသနာကို အစိုးရရဲ့ ကိုင်တွယ်ပုံ ညံ့ဖျင်းလှတဲ့အတွက် ဝေဖန်ထောက်ပြရင်း တပ်မတော်ရဲ့ ဖိနှိပ်မှုကို ရှောင်ရှားနိုင်ဖို့ ပြည်ပကို ထွက်လာကြပြီး တတိယနိုင်ငံတွေမှာ ပြန်လည်အခြေချဖို့ ကြိုးစားလာကြပြန်ပါတယ်။
ဒါတွေဟာ လူသားဆိုင်ရာ အရင်းအနှီးအတွက် နစ်နာလှပါတယ်။ ဒီနစ်နာမှုတွေဟာ ကာလကြာရှည်လေ ပိုမိုဆိုးဝါးလာလေ ဖြစ်မှာပါ။ ဘာလို့လဲဆိုတော့ မျိုးဆက်အချင်းချင်းကြားမှာ ယိုစီးမှုတွေ ရှိလာလို့ပါပဲ။
အထက်က ပြောခဲ့တဲ့ ၀က်တ်ကင်စ်ရဲ့ ခန့်မှန်းချက်တွေဟာ မြန်မာနိုင်ငံအတွက်တော့ တက်တက်စင်အောင် လွဲနေပါတော့တယ်။ အမေရိကန်ပြည်ထောင်စုနဲ့ အခြားဖွံ့ဖြိုးပြီး နိုင်ငံများအတွက်တော့ ဒါတွေဟာ မှန်သင့်သလောက် မှန်ပါလိမ့်မယ်။
သို့သော် အမေရိကန် ပညာရှင်တစ်ဦးက "ကျွန်တော်တို့မှာ အခုဆိုရင် အမျိုးသားတက္ကသိုလ်တွေ ရှိနေပါပြီ။ ကျောင်းသားလေးတွေဟာလည်း အခုဆိုရင် လာတင် ဘာသာစကားကို မသင်မနေရဆိုပြီး မသင်ရတော့ပါဘူး။ ၀င်ငွေနည်းတဲ့ မိသားစုကလာတဲ့ ကလေးတွေအတွက် အချို့သော ခရိုင်တွေမှာ အခုဆိုရင် အခမဲ့ မနက်စာ နေ့လည်စာတွေအပြင် အကြိုအပို့ကိုလည်း ပံ့ပိုးနေပါပြီ"
"ဒါပေမဲ့ ၀က်တ်ကင်စ်ရဲ့ အခြားသော ခန့်မှန်းချက်တွေဟာ လုံးဝကို မှားယွင်းနေပါတယ်။ ဒီနေ့ရက်တွေမှာ ဘယ်သူမှ အိမ်ထောင်ထိန်းသိမ်းမှုနဲ့ ပတ်သက်ပြီးကျောင်းမှာ သင်ဖို့ ပြောကြားတာတွေ မရှိသေးပါဘူး။ ချို့တဲ့တဲ့ ကျောင်းသားလေးတွေဟာ မျက်စိနဲ့ သွားဘက်ဆိုင်ရာ အထောက်အပံ့တွေကို အပြည့်အ၀ မရသေးပါဘူး။ ဒါ့အပြင် ကျောင်းသားလေးတွေဟာလည်း နွေရာသီအားလပ်ရက်တွေမှာ ကမ္ဘာအနှံ့အပြားကို လည်ပတ်ခွင့် မရသေးပါဘူး။ တက္ကသိုလ်တွေ ရှိပေမယ့်လည်း ဒါတွေဟာအခမဲ့ မဟုတ်သေးပါဘူး" လို့ သူက ဆိုပါတယ်။
မြန်မာနိုင်ငံမှာရော ဘယ်အချိန်များမှ ကလေးတွေအားလုံး ကျောင်းတက်နိုင်မလဲ။ ဘယ်အချိန်မှများ ကလေးလေးတွေဟာ ငြိမ်းချမ်းစွာ အပူအပင်ကင်းစွာနဲ့ ပညာသင်ကြားနိုင်မှာလဲ။ ဘယ်အချိန်များကျမှ တက္ကသိုလ် ပညာရေးဟာ နိုင်ငံတကာမှာ ပြန်လည်ဝင်ဆန့်မှာလဲ။ ဒီမေးခွန်းတွေကို ဘယ်အချိန်မှာမှ အဖြေတွေ့ကြမှာလဲ...။
သုခသခင်
Ref : http://curriculumproject.org/education-in-burma
http://www.howtobearetronaut.com/2011/07/what-may-happen-in-the-next-hundred-years-c-1900/
http://www.good.is/post/what-will-education-be-like-in-100-years/

ဆက်ဖတ်ရန်
ပို့စ်တင်သူ ။.............။ ထာဝရသီရိ on
0 ( မှတ်ချက်ရေးချင်ရင် )
ခေါင်းစဉ်အလိုက်ပို့စ်များ |


ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်းက လန်ဒန်နဲ့ အခြားမြို့ကြီးတွေမှာ ရက်ပိုင်းအတွင်း ဖြစ်ပေါ်ခဲ့တဲ့ ဆူပူလုယက်မှုတွေအတွက် တရားခံလက်သည်အချို့ကို တွေ့ရှိခဲ့ပြီး၊ ၄င်းတို့မှာ ဖေ့စ်ဘွတ်၊ တွစ်တာနဲ့ BlackBerry ဖုန်းတို့ ဖြစ်နေကြောင်း ကြာသာပတေးနေ့ ပါလီမန်မိန့်ခွန်းတွင် ထည့်ပြောခဲ့သည်။
ဆူပူလုယက်မှုများအတွက် 'လွတ်လပ်တဲ့ သတင်းစီးဆင်းမှု' က ပြဿနာ ဖြစ်နေကြောင်း ပြောဆိုရင်း၊ ဗြိတိန်အစိုးရက ဖေ့စ်ဘွတ်၊ တွစ်တာ လူမှုကွန်ယက်ဝဘ်ဆိုဒ် နှစ်ခုနှင့် BlackBerry ဖုန်း ကုမ္ပဏီတွေကို အရေးပေါ်ဆွေးနွေးဖို့ ဆင့်ခေါ်ထားသည်ဟု ဆိုသည်။
ကင်မရွန်းက ပါလီမန်ကို ပြောဆိုရာတွင် "ထိတ်လန့်တုန်လှုပ်ဖွယ် အပြုအမူတွေကို ကြည့်ရသူတိုင်းက ဒီလိုဆိုးဆိုးရွားရွား ဖြစ်လာမှုဟာ လူမှုမီဒီယာတွေကတဆင့် စုဖွဲ့လာတာကို မြင်နေကြရတယ်။ လွတ်လပ်တဲ့ သတင်း စီးဆင်းမှုကို ကောင်းကျိုးအတွက် အသုံးပြုနိုင်ပါတယ်။ အလားတူ ဆိုးကျိုးတွေ အတွက်လည်း အသုံးပြုနိုင်တယ်။ လူတွေက အကြမ်းဖက်ဖို့အတွက် လူမှုမီဒီယာကို အသုံးပြုလာပြီ ဆိုရင်တော့ ကျနော်တို့ ဒါတွေကို ရပ်ပစ်ဖို့ လိုအပ်ပါတယ်" ဟု အာဏာရှင်ဆန်ဆန် လူမှုမီဒီယာများကို ပစ်ပစ်နှစ်နှစ် ဝေဖန်ခဲ့သည်။
ဆက်ပြီး ကင်မရွန်း က "အစိုးရ အာဏာပိုင်များအနေနဲ့ အဲဒီ လူမှုကွန်ယက် ၀ဘ်ဆိုဒ်တွေကနေ အကြမ်းဖက်မှု၊ မတည်ငြိမ်မှုနဲ့ ရာဇ၀တ်မှုတွေကို ဖန်တီးခဲ့တယ်ဆိုတာ သေချာတယ်ဆိုရင်၊ အဲဒီ ဆိုဒ်တွေကို ရပ်ပစ်ဖို့ အခွင့်အရေး ရှိသလားဆိုတာ စဉ်းစားနေပါတယ်" ဟုလည်း ပြောဆိုခဲ့သည်။
ဆူပူအကြမ်းဖက်မှုအတွက် တစ်နိုင်ငံလုံးမှ လူ ၁၂၀၀ ကျော်ကို ဖမ်းဆီးခဲ့ကြောင်း ကင်မရွန်းက လွှတ်တော်ကို ပြောသည်။ အထိကရုဏ်း ဖြစ်ပွားတဲ့ လေးရက်ကျော် အတွင်း ဗြိတိန်ရှိ အရောင်းဆိုင်တွေကို ခိုးယူဖျက်ဆီးမှုများကြောင့် ပေါင် သန်း ၁၀၀ (အမေရိကန် ဒေါ်လာ သန်း ၁၆၁) ကျော် ဆုံးရှုံးခဲ့ရကြောင်း ပြောဆိုခဲ့သည်။
ကွန်ဆာဗေးတစ် ဖြစ်တဲ့ ကင်မရွန်းက အတိုက်ခံ လေဘာပါတီဝင်များထက် ပိုမိုလက်စောင်းထက်ပြီး ဆူပူဆန္ဒပြသူများကို ဖြိုခွင်းနှိပ်ကွပ်ဖို့ လိုလားနေသည်။
ယဉ်ကျေးမှုဝန်ကြီး အိုင်ဗင် လူးဝစ် ကလည်း "လွတ်လပ်စွာ ပြောဆိုခွင့်ဟာ ဒီမိုကရေစီရဲ့ အသက်ပါပဲ။ အလားတူ အများပြည်သူ့ လုံခြုံမှုရှိရေး ကလည်း ဒီမိုကရေစီရဲ့ အသက်ပဲ။ ဒါကြောင့် လူမှုမီဒီယာတွေကို အလွဲသုံးပြီး ရာဇ၀တ်မှု အုံကြွကျူးလွန်တာတွေကို ကြိုတင်တားမြစ်ဖို့ လုပ်တဲ့ အစိုးရရဲ့ ဆုံးဖြတ်ချက်ကို ကျနော်တို့ ထောက်ခံပါတယ်" ဟု ပြောသည်။
ပြည်ထဲရေးဝန်ကြီး သီရာဆာမေ က လာမယ့်အပတ်အတွင်း လူမှုမီဒီယာ လုပ်ငန်းကုမ္ပဏီကြီး သုံးခုလုံးကို အစည်းအဝေးတက်ဖို့ ဆင့်ခေါ်ထားသည်။
ဗြိတိန် လုယက်ဆူပူသူများက BlackBerry ဖုန်းများနဲ့ မက်ဆေ့ခ်ျတွေပို့ လူစုခဲ့ကြပြီး၊ ဖုန်းများနဲ့ ချက်ချင်းမက်ဆေ့ခ်ျပို့မှုကို လက်နက်သဖွယ် အသုံးချခဲ့ကြသည်။
မကြာခင်က လုပ်ခဲ့တဲ့ စစ်တမ်း တစ်ခုအရ၊ ဗြိတိန် ဆယ်ကျော်သက်အများစုက smartphones တွေထက် Blackberrys တွေကို ပိုမို နှစ်သက် ရင်ခုန်ကြကြောင်း ဖော်ပြသည်။ အလားတူ တွစ်တာနဲ့ ဖေ့စ်ဘွတ်တို့ကိုလည်း အထိကရုဏ်းတွေ ဖန်တီးဖို့ အသုံးပြုခဲ့ကြသည်။
တွစ်တာနဲ့ ဖေ့စ်ဘွတ် တာဝန်ရှိသူများကတော့ ဒီမိုကရေစီနှင့် မီဒီယာလွတ်လပ်ခွင့် ဘိုးအေ ဗြိတိန်အစိုးရနဲ့ တွေ့ဆုံဆွေးနွေးဖို့ ပျော်ရွှင်နေကြောင်းနှင့် ကင်မရွန်း အစိုးရရဲ့ မီဒီယာ ဆင်စာဖြတ်မှုကို လုံးဝကန့်ကွတ်သွားမည်ဖြစ်ကြောင်း ပြောဆိုကြသည်။
လစ်ဗျားခေါင်းဆောင် မွမ်မာ ကဒါဖီနဲ့ အီရန် ၀န်ကြီးချုပ် အမာဒီနီဂျက် တို့ကလည်း စာဝတ်နေရေး ကျပ်တည်းလို့ ဆန္ဒပြနေတဲ့ ပြည်သူတွေအပေါ် ဗြိတိသျှဝန်ကြီးချုပ်ရဲ့ မတော်မတရား မဟားတရား ကိုင်တွယ်ဖြေရှင်းပုံက အာဏာရှင်ဆန်လွန်းကြောင်း ပြောခွင့်သာတုန်း ကြေငြာချက် အသီးသီး ထုတ်ပြန်ခဲ့ကြသည်။
မောက္ခ နိုင်ငံတကာသတင်း
Source: Reuter & CNN

ဆက်ဖတ်ရန်
ပို့စ်တင်သူ ။.............။ ထာဝရသီရိ on
0 ( မှတ်ချက်ရေးချင်ရင် )
ခေါင်းစဉ်အလိုက်ပို့စ်များ |


Google+ ကို အသုံးပြုသူတွေဟာ " နာမည်ရင်းကိုသာ သုံးပါ မူဝါဒ"(real-names-only-policy) ကို လိုက်နာကြရပါတယ်။ အဲဒီမူဝါဒဟာ ကမ္ဘာတလွှားမှ ဆန္ဒပြလှုပ်ရှားနေသူတွေအကြား လူမှုကွန်ယက်ရဲ့ ရေပန်းစားမှုနဲ့ အားကိုးအားထားပြုနိုင်မှုကို အတိုင်းအတာ တစ်ခုအထိ စိတ်အားလျော့မှု ဖြစ်စေပါတယ်။
လူမှုကွန်ယက်တွေဟာ တော်လှန်ရေး မငြိမ်သက်မှုတွေနဲ့အတူ ရေပန်းစားလာပါတယ်။ ဖေ့ဘွတ်ဟာ အီဂျစ်အစိုးရကို ဖြုတ်ချရာမှာ အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်အသုံးတော်ခံခဲ့ပါတယ် ။ အီဂျစ်မှာ ဆန္ဒပြတဲ့သူတွေဟာ ဖေ့ဘွတ်ကို အသုံးပြုပြီးတော့ အတွင်းအပြင် အချိတ်အဆက်ရှိရှိ ဆက်သွယ်စုရုံး ခဲ့ပါတယ်။
ဆီရီးယားမှ တော်လှန်သူတွေကလည်း ယူကျု့ (Youtube) ကို အသုံးပြုပြီး အစိုးရရဲ့ ရက်စက်ကြမ်းကြုတ်သော လုပ်ရပ်တွေကို ကမ္ဘာအနှံ့ ဖွင့်ချပြနိုင်ခဲ့ပါတယ် ။ အခု လန်ဒန်မှာလည်း ဆန္ဒပြသူတွေဟာ ဘရက်ဘယ်ရီ မက်ဆေ့ခ်ျ တွေကို အသုံးပြုပြီး စုရုံးကြပါတယ်။
ဒါဖြင့် ဘာကြောင့် Google+ ကို မသုံးကြတာလဲ။ ဖြစ်နိုင်တဲ့အကြောင်းတွေကတော့ အများကြီးပါ။
ဒီအထဲကတစ်ခုကတော့ Google+ အသုံးပြုသူတွေဟာ သူတို့ရဲ့ နာမည်အရင်းတွေကိုသာ အသုံးပြုရခြင်းကြောင့် ဖြစ်ပါတယ်။ ဒါ့အပြင် Google+ က မိမိနာမည် အပြည့်အစုံကို ထည့်ရေးဖို့လည်း တိုက်တွန်းထားပါတယ်။
နာမည်ကို ရေးသွင်းရာမှာလည်း ဘာသာစကားတစ်မျိုးတည်းကိုသာ အသုံးပြုရမယ့်အပြင် ဒေါက်တာ၊ ပရော်ဖက်ဆာ စတဲ့ ဘာသာရေး၊ ပညာရေး၊ လူမှုရေး၊ အသက်မွေးမှုနဲ့ဆိုင်တဲ့ ခေါင်းစဉ်တွေလည်း ပါဝင်ရေးသားလို့ မရပါဘူး။ ပုံမှန်မဟုတ်တဲ့ အက္ခရာ စာလုံးတွေကိုလည်း ထည့်သွင်းလို့ မရပါဘူး။
Google+ က နာမည်ပြောင်တွေကို ရေးခွင့်မပြုတဲ့အပြင်၊ အမည်ဝှက်တွေကို အသုံးပြုခဲ့မယ်ဆိုရင် သူတို့ရဲ့အကောင့်တွေဟာ ပယ်ချက်ခံရပါလိမ့်မယ်။ မိမိတို့ရဲ့နာမည်ကို ပြောင်းချင်တယ်ဆိုရင်လည်း အသစ်လျှောက်ထားပြီး အနည်းဆုံး တစ်လကြာမှ ပြောင်းလို့ ရပါလိမ့်မယ်။ အဖွဲ့အစည်းတွေရဲ့ နာမည်တွေကိုလည်း ဖန်တီးလို့ရတဲ့ ဖွဲ့စည်းပုံ မပါပါဘူး။
ဒါတွေဟာ Google+ အသုံးပြုသူတွေကို အတင်းအကျပ် ပြုလုပ်ရာရောက်သလို ဆန္ဒပြလှုပ်ရှားသူတွေ၊ နှိပ်စက်ညှဉ်းပန်းခံရမှုမှ လွတ်မြောက်လာသူတွေအတွက် ဒုက္ခရောက်စေပါတယ်။ ဖိနှိပ်ချုပ်ချယ်တဲ့ အစိုးရတွေရဲ့ လက်အောက်မှ တက်ကြွလှုပ်ရှားသူတွေဟာ ဒီ Google+ မူဝါဒကြောင့် အဆင့်အလျှော့ခံရသလိုဖြစ်ကာ ဆန္ဒမပြဘဲ ဘေးထွက်ထိုင်နေရဖို့ များပါတယ်။
ဒါပေမဲ့ အာ:လုံး အဆိုးကြီးတော့ မဟုတ်ပါဘူး ။ Google+ မှာ တက်ကြွလှုပ်ရှားသူတွေအတွက် အရမ်းကို အသုံးဝင်တဲ့ သွင်ပြင်လက္ခဏာတွေ ရှိပါသေးတယ်။ ဘာတွေလဲဆိုတော့ ဒီဆိုဒ်ကို အသုံးပြုသူတွေဟာ မိမိတို့ရဲ့ သတင်းအချက်အလက်တွေကို အကန့်အသန့်နဲ့ အစုလိုက် အဖွဲ့လိုက် အကန့်လိုက် စက်ဝိုင်းသေးသေးလေးတွေလို အများကြီး ဆက်သွယ်ဝေငှလို့ ရခြင်းပဲ ဖြစ်ပါတယ်။

ဒီဂူးဂဲလ်စက်ဝိုင်းဟာ အသိပညာတွေဗဟုသုတတွေကို စုစည်းဖို့ အတွက် ကောင်းမွန်သလို ပုံမှန်ဘ၀အတွင်း ကိုယ့်ရဲ့ ထိတွေ့ဆက်ဆံသူတွေကို အုပ်စုလိုက် ခွဲပြီးထားလို့ ရတဲ့အတွက် သုံးစွဲသူတွေအတွက် အဆင်ပြေပါလိမ့်မယ်။
မိမိရဲ့ လက်တွဲဖော်၊ မိသားစု နဲ့ ထိတွေ့ဆက်ဆံတဲ့ အသေးဆုံးစက်ဝိုင်းလေးကစပြီး ရင်းနှီးတဲ့သူငယ်ချင်း၊ စိတ်တူကိုယ်တူတွေ၊ လုပ်ဖော်ကိုင်ဖက်တွေ၊ ပြည်သူလူထု စတဲ့ အလွန်ကြီးမားတဲ့ စက်ဝိုင်းအစုတွေအထိ ဖွဲ့စည်းလို့ရပါတယ်။ ဒီအချက်ကတော့ ဖေ့စ်ဘွတ်ထက် အားသာတယ်လို့ ပြောလို့ရတဲ့ အချက်တစ်ခုပါ။
နောက်အချက်တစ်ခုကတော့ သတင်းအချက်လွတ်လပ်ခွင့်နဲ့ ဒီသတင်းအချက်အလက်တွေကို ဒီလူမှုရေးကွန်ယက်ကို အသုံးပြုပြီး လွယ်ကူစွာဝေမျှနိုင်ခြင်းဟာ Google+ ကို သုံးစွဲသူတွေအတွက် နှစ်သက်စွဲလန်းစေတဲ့ အကြောင်းအရာဖြစ်သလို တက်ကြွလှုပ်ရှားသူတွေကိုလည်း သုံးစွဲချင်စိတ် ဖြစ်လာအောင် တိုက်တွန်းနေပါတယ်။
လူမှုရေးကွန်ယက်တိုင်းမှာတော့ ဘေးထွက်ဆိုးကျိုးတွေ ရှိတာပါပဲ ။ ဖေ့ဘွတ်မှာလည်း မိမိရဲ့ ကိုယ်ရေးကိုယ်တာတွေကို အပြည့်အ၀ လုံခြုံမှုအတွက် အာမခံချက်မပေးနိုင်ပါဘူး။ ဒါပေမယ့် ဒါတွေဟာ ခေတ်ရေစီးကြောင်းအရ အသုံးပြုနေကြရပါတယ်။
တစ်ချို့ကဆို ဖေ့ဘွတ်ကို မရှိမဖြစ်နတ်ဆိုး ဆိုပြီးခေါ်ကြပါတယ်။ ဒါဟာ အွန်လိုင်းယဉ်ကျေးမှုတစ်ခု ဖြစ်နေပါပြီ။ နာမည်ဝှက်နဲ့ Google+ ကို သုံးချင်သူတွေ၊ လူမှုကွန်ယက်အသစ်နဲ့ ဆန္ဒပြဖို့ လူစုချင်သူတွေ အတွက်လည်း မျှော်လင့်ချက်ကတော့ ရှိပါသေးတယ်။ ဘာလို့လဲဆိုတော့ ဂူးဂဲလ်က သူတို့ရဲ့ မူဝါဒကို ပြောင်းလဲဖို့ အလားအလာတွေ ရှိနေလို့ပါပဲ။
သုခသခင်
www.maukkha.org

ဆက်ဖတ်ရန်
ပို့စ်တင်သူ ။.............။ ( MMSA ) on Wednesday 10 August 2011
0 ( မှတ်ချက်ရေးချင်ရင် )
ခေါင်းစဉ်အလိုက်ပို့စ်များ |

အခွင့်မရှိလို့ အလိုက်မသိတာပါ ။ ကြင်နာမူနဲ့ ဝေးနေတာမဟုတ်ပါ ။
မတုန့်ပြန်နိုင်တာ အားမရှိလို့ မဟုတ်ပါ။ ဘောင်မဝင်လို့ ငြိမ်ခံလိုက်တာပါ။

ဆက်ဖတ်ရန်
ပို့စ်တင်သူ ။.............။ younger on Monday 1 August 2011
0 ( မှတ်ချက်ရေးချင်ရင် )
ခေါင်းစဉ်အလိုက်ပို့စ်များ |

အနန္တအတုမရှိ ဗုဒ္ဓမြတ်စွာဘုရား

အလှူရှင်များအား MMSA အဖွဲ့မှ မှတ်တမ်းတင်ဂုဏ်ပြုလွှာပေးအပ်

အလှူရှင်များအား MMSA အဖွဲ့မှ မှတ်တမ်းတင်ဂုဏ်ပြုလွှာပေးအပ်

Mahidol University

International Buddhist Collage

မြန်မာ E Books

ထိုင်းနိုင်ငံ ရောက် ရွှေ့ပြောင်း မြန်မာအလုပ်သားမားများအတွက် ပညာရေး အခွင့်အလမ်းများ

MMSA ပရိတ်သတ်များ

ယခင်ပို့စ်အဟောင်းများ

အားပေးနေသော အပေါင်းသင်းများ

International News

တိုင်းရင်းသားသတင်းဌာနများစုစည်းမှု

သတင်းဌာနများစုစည်းမှု

ဘလော့ဂ်များစုစည်းမှု