၁၉၅၁ နှင့် ၁၉၉၂ ခုနှစ်ကြားမှာ အိန္ဒိယနိုင်ငံက နိုင်ငံရပ်ခြားမှ အလှူငွေ ဒေါ်လာ ၅၅ ဘီလီယံ လက်ခံရရှိခဲ့ပြီး၊ ကမ္ဘာ့သမိုင်းမှာ အလှူငွေ အများဆုံး ရရှိခဲ့တဲ့ တိုင်းပြည်အဖြစ် မှတ်တမ်းဝင်ခဲ့သည်။
သို့သော် ယခု အိန္ဒိယက အမြဲလက်ဖြန့်တောင်းနေမယ့် အတန်းစားမျိုး မဟုတ်တော့တာကို သက်သေပြတော့မည် ဖြစ်သည်။ အများဆုံး လက်ဖြန့်တောင်းခဲ့ရတဲ့ ဘ၀မှ နိုင်ငံတကာ အလှူရှင်ဇောတိက အဖြစ်ကို ခုန်ကူးဖို့ အစိုးရက စနစ်တကျ ဆောင်ရွက်နေသည်။
အိန္ဒိယအစိုးရက လာမယ့် ၅ နှစ်နဲ့ ၇ အတွင်း အာဖရိကအပါအ၀င် ဆင်းရဲတဲ့ တိုင်းပြည်တွေကို ကူညီဖို့ ဒေါ်လာ ၁၁.၃ ဘီလီယံ အသုံးပြုမည် ဖြစ်သည်။ အမေရိကန်အစိုးရရဲ့ နိုင်ငံတကာ ဖွံ့ဖြိုးရေး အကူအညီပေးတဲ့ USAID လို အဖွဲ့မျိုး လုပ်ဆောင်နိုင်ဖို့၊ အိန္ဒိယ နိုင်ငံတကာ ဖွံ့ဖြိုးရေး အေဂျင်စီ အဖွဲ့ကြီး (IAPD) တစ်ခုကို ဖန်တီးဆောင်ရွက်နေသည်။
လွန်ခဲ့တဲ့ ၁၀ နှစ်က အဆင်းရဲဆုံး နိုင်ငံတွေကို ပေးတဲ့ တရားဝင်ဖွံ့ဖြိုးရေးအကူအညီ (official development assistance) က ချမ်းသာတဲ့ စက်မှုနိုင်ငံကြီး ၁၅ နိုင်ငံမှ ဖြစ်သည်။ ယနေ့ အမေရိကန် ပြည်ထောင်စုက အကြီးမားဆုံး အလှူရှင်ဖြစ်ပြီး၊ ၂၀၁၀ ခုနှစ်မှာ လှူဒါန်းငွေ ဒေါ်လာ ၃၁ ဘီလီယံ အထိ ရှိခဲ့သည်။
သို့သော် ယခုနောက်ပိုင်း စီးပွားရေး တိုးတက်လာတဲ့ နိုင်ငံများကပါ နိုင်ငံတကာ လှူဒါန်းမှုတွေ လုပ်လာကြသည်။ နယူးယော့ခ် တက္ကသိုလ် Wagner School ရဲ့ စောင့်ကြည့်လေ့လာမှုအရ တရုတ်က ၂၀၀၇ ခုနှစ်မှာ နိုင်ငံတကာလှူဒါန်းမှု ဒေါ်လာ ၂.၅ ဘီလီယံ ရှိခဲ့ပြီး၊ ၂၀၀၉ ခုနှစ်မှာ ဒေါ်လာ ၁.၉ ဘီလီယံ ထိ ရှိခဲ့သည်။ ဘရာဇီးက ယခုနောက်ပိုင်း နှစ်စဉ် ဒေါ်လာ ၄ ဘီလီယံ လှူဒါန်းနေသည်။
၎င်း ပမာဏမှာ ဆွီဒင်၊ အီတလီ၊ ဆော်ဒီ တို့ လှူဒါန်းငွေနှင့် ညီမျှမှုရှိလာပြီး၊ နောက်ထပ် ကမ္ဘာ့အလှူရှင် ကလပ်ကြီးတစ်ခု ပေါ်လာပြီ ဖြစ်သည်။ အိန္ဒိယက နှစ်စဉ် ဒေါ်လာ ၂ ဘီလီယံ နှုန်းနဲ့ ပုံမှန် လှူဒါန်းသွားပါက ဩစတြေးလျနဲ့ ဘယ်လ်ဂျီယံတို့ အဆင့် ရှိမည် ဖြစ်သည်။
ဘရာဇီး၊ ရုရှား၊ အိန္ဒိယ၊ တရုတ်တို့ရဲ့ BRIC ကလပ်ရဲ့ နိုင်ငံတကာလှူဒါန်းမှုမှာ ၂၀၀၅ နဲ့ ၂၀၀၈ အတွင်း ဒေါ်လာ ၁၁.၂ ဘီလီယံ ရှိခဲ့ပြီး၊ ယခု နှစ်ဆ တိုးမြင့်လာသည်။
အိန္ဒိယရဲ့ လှူဒါန်းမှုက ယခုမှမဟုတ်။ ဆယ်စုနှစ်များစွာကတည်းက ဆင်းရဲတဲ့နိုင်ငံတွေမှ အရပ်သား ၀န်ထမ်းများကို civil servants ထရိန်နင်တွေ ခေါ်ပေးခဲ့သည်။ အိန္ဒိယ နည်းပညာနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (ITEC) က သင်တန်းများစွာ ပေးခဲ့ပြီး၊ ယခုနှစ်မှာ နိုင်ငံ ၁၂၀ မှ သင်တန်းသား ၅၅၀၀ ကို ကျွမ်းကျင်မှုသင်တန်းပေါင်းစုံ ပေးခဲ့သည်။
ဆင်းရဲတဲ့ နိုင်ငံများမှ အမြဲလက်ဖြန့်တောင်းသူများ အတွက် မှီခိုအားထားရာအဖြစ် အမေရိကန် USAID လို အဖွဲ့အပြင်၊ အိန္ဒိယ နိုင်ငံတကာ ဖွံ့ဖြိုးရေး အေဂျင်စီ အဖွဲ့ကြီး (IAPD) ကိုလည်း နောက်ပိုင်း အားကိုးစရာ ဖြစ်လာနိုင်မည်။
မောက္ခ နိုင်ငံတကာသတင်း
Source: Economist & AFP
MMSA ဘလော့စည်းမျဉ်းများ
* ဘာသာ သာသနာနှင့်လူမျိုးတို့၏ ဂုဏ်ကို ထိခိုက်ပျက်စီးစေတတ်သော အရေးအသားမျိုးကို ရှောင်ရှားရန်၊
* အချင်းချင်း ညီညွတ်မှု့ကို ပျက်စီးစေတတ်သော အကြောင်းများကို ရေးသားခြင်းမှ ရှောင်ရှားရန်၊
* သာသနာနှင့် မအပ်စပ်သော အဖွဲ့ဂုဏ်သိက္ခာကို ငြိုးနွမ်းစေတတ်သော ပုံများကိုတင်ခြင်းမှ ရှောင်ရှားရန်၊
* ပုဂ္ဂိုလ်ရေးဆိုင်ရာများထက် အများနှင့်သက်ဆိုင်သော အကျိုးများစေနိုင်သော ပုံများ စာများကိုသာ ရေးသားရန်၊
* MMSAသည် ပညာရေးအဖွဲ့စည်း ဖြစ်သည့် အတွက်နိုင်ငံရေးနှင့်သက်ဆိုင်သော အရေးအသားများကို ရေးခြင်းမှ ရှောင်ရှားရန်၊
* ဗုဒ္ဓဘာသာနှင့် မိမိတို့လေ့လာနေသော ပညာရပ်ဆိုင်ရာ အကြောင်းအရာများကို ဗဟုသုတအလို့ငှါ ရေးသား မျှဝေကြရန်၊
* အချင်းချင်း ညီညွတ်မှု့ကို ပျက်စီးစေတတ်သော အကြောင်းများကို ရေးသားခြင်းမှ ရှောင်ရှားရန်၊
* သာသနာနှင့် မအပ်စပ်သော အဖွဲ့ဂုဏ်သိက္ခာကို ငြိုးနွမ်းစေတတ်သော ပုံများကိုတင်ခြင်းမှ ရှောင်ရှားရန်၊
* ပုဂ္ဂိုလ်ရေးဆိုင်ရာများထက် အများနှင့်သက်ဆိုင်သော အကျိုးများစေနိုင်သော ပုံများ စာများကိုသာ ရေးသားရန်၊
* MMSAသည် ပညာရေးအဖွဲ့စည်း ဖြစ်သည့် အတွက်နိုင်ငံရေးနှင့်သက်ဆိုင်သော အရေးအသားများကို ရေးခြင်းမှ ရှောင်ရှားရန်၊
* ဗုဒ္ဓဘာသာနှင့် မိမိတို့လေ့လာနေသော ပညာရပ်ဆိုင်ရာ အကြောင်းအရာများကို ဗဟုသုတအလို့ငှါ ရေးသား မျှဝေကြရန်၊
0 ( မှတ်ချက်ရေးချင်ရင် )