MMSA ဘလော့စည်းမျဉ်းများ

* ဘာသာ သာသနာနှင့်လူမျိုးတို့၏ ဂုဏ်ကို ထိခိုက်ပျက်စီးစေတတ်သော အရေးအသားမျိုးကို ရှောင်ရှားရန်၊
* အချင်းချင်း ညီညွတ်မှု့ကို ပျက်စီးစေတတ်သော အကြောင်းများကို ရေးသားခြင်းမှ ရှောင်ရှားရန်၊
* သာသနာနှင့် မအပ်စပ်သော အဖွဲ့ဂုဏ်သိက္ခာကို ငြိုးနွမ်းစေတတ်သော ပုံများကိုတင်ခြင်းမှ ရှောင်ရှားရန်၊
* ပုဂ္ဂိုလ်ရေးဆိုင်ရာများထက် အများနှင့်သက်ဆိုင်သော အကျိုးများစေနိုင်သော ပုံများ စာများကိုသာ ရေးသားရန်၊
* MMSAသည် ပညာရေးအဖွဲ့စည်း ဖြစ်သည့် အတွက်နိုင်ငံရေးနှင့်သက်ဆိုင်သော အရေးအသားများကို ရေးခြင်းမှ ရှောင်ရှားရန်၊
* ဗုဒ္ဓဘာသာနှင့် မိမိတို့လေ့လာနေသော ပညာရပ်ဆိုင်ရာ အကြောင်းအရာများကို ဗဟုသုတအလို့ငှါ ရေးသား မျှဝေကြရန်၊
Showing posts with label ဘာသာရေးအမေအဖြေ. Show all posts
Showing posts with label ဘာသာရေးအမေအဖြေ. Show all posts

The hand that signed the paperImage by thorvaala via Flickr


@@ နော်ဝေနိုင်ငံတွင် နောက်ဆုံးပေါ် တရားရှုမှတ်နည်းတစ်ခု အတွက် မှန် - မမှန်ဆိုတဲ့ စတုတ္ထအမေးပြဿနာ…….@@

မေး။ ။ ယခင်ဖြစ်ခဲ့သည့် တရားများ၊ ယခုဖြစ်ဆဲ တရားများ၊ နောင်ဖြစ်လတ္တံ့သော တရားများဟာ (ဘာမျှ မဟုတ်ဘူး)ဟု ရှုမှတ်ရမည်၊ လောကရှိရှိသမျှ အရာအားလုံးဟာ (ဘာမှမဟုတ်ဘူး)၊ ဖြစ်ပေါ်သမျှ ခန္ဓာငါးပါး ရုပ်နာမ်တရားတွေကို (ဘာမှမဟုတ်ဘူး) လို့ ရှုရတဲ့ တရားအားထုတ်နည်းနှင့် တရားရှုမှတ်နေကြတာကို အရှင်ဘုရားအနေနဲ့ ဖြစ်နိုင်ရင် မှားသလား/မှန်သလားဆိုတာကို ဖြေရှင်းပေး စေလိုပါတယ် ။ ထိုတရားရှုနည်းကို ကြားခဲ့သည်မှာ သိပ်မကြာလှသေးတဲ့အတွက် နောက်ဆုံးပေါ် latest နည်းတစ်ခု ဖြစ်နိုင်ပါကြောင်း ယူဆမိပါ တယ်။


ဖြေ။ ။ ထိုနည်းကို သူမလောက်သာပြောတာ မဟုတ်သေး၊ အင်္ဂလန်က ဓမ္မမိတ်ဆွေ ဆရာဝန်ကြီး တစ်ယောက်ကလည်း အွန်လိုင်း(0nline) ပေါ်ကနေ နောက်ဆုံးပေါ် တရားနည်းကို ပြောခဲ့ဖူးပါတယ်။

“အရှင်ဘုရား... ဒီဆိုက်မှာ ဖတ်ကြည့်ပါဘုရား”

လို့ဆိုကာ စာရေးသူအား (.....) ဘလော့ဂ်လင့်ခ်တစ်ခု ပေးလိုက်ပါ သေးတယ်။

ထိုတရားအားထုတ်နည်း သာမဟုတ်၊ အခြားနည်းအမျိုးမျိုးတို့အား ဤနည်းကတော့အမှား၊ ဤနည်းကတော့အမှန် လို့ဆုံးဖြတ်ရန် ခက်ခဲလှပါတယ်။ ဒါပေမယ့် ဘယ်တရားအားထုတ်နည်းဖြစ်စေ အမှန်/အမှား ဖြေရှင်းရာ၌ (မှတ်ကျောက်တင် ခံနိုင်ဖို့ရာ) ပုံသေနည်း (နိယာမ)တစ်ခုတော့ ရှိရပါမယ်။

ထိုပုံသေနည်းကား တစ်ခြားမဟုတ် ဘုရားရှင်၏ သတိပဋ္ဌာန်နည်း မူသေစည်းပင်ဖြစ်ပါတယ်။ လောကတွင် တရားနည်းလမ်းများ အမျိုးမျိုးအထွေထွေ ရှိကြပါတယ်၊ ထိုနည်းလမ်းများ၏ အမှား/အမှန် ကို တိုင်းတာချင်တယ်ဆိုရင် သတိပဋ္ဌာန်လေးပါး ပေတံနှင့်သာ တိုင်းတာရပါ့မယ်။

ဘာ့ကြောင့်လဲဆိုရင် သတိပဋ္ဌာနသုတ်တော်တွင် (ဧကာယနော အယံ ဘိက္ခဝေ မဂ္ဂေါ သတ္တာနံ ၀ိသုဒ္ဓိယာ) ကိလေသာ အညစ်အကြေး ကင်းစင်ဖို့ရာ တစ်ခုတည်းသော လမ်းသည် သတိပဋ္ဌာန်ဟု ဟောထားပါတယ်။

ထို့အပြင် (ကာယဝေဒနာစိတ္တဓမ္မေသု ကိဉ္စိဓမ္မံ အနမသိတွာ မဂ္ဂါဒိဂမောနာမ နတ္ထိ) ကာယ ဝေဒနာ စိတ္တ ဓမ္မ ဆိုတဲ့ သတိပဋ္ဌာန် လေးပါးအနက် တစ်ပါးပါးကို မရှုမှတ်မသုံးသပ်ဘူးဆိုပါက မဂ်ဖိုလ်ကို ရသည် မရှိပါ.. လို့ စာပေအလာ ရှိတဲ့အတွက် သတိပဋ္ဌာန် ပါတဲ့ တရားနည်းလမ်းများသာလျှင် အမှန်ဖြစ်နိုင်ပါတယ် လို့ ယူဆမိပါတယ်။

သတိပဋ္ဌာနသုတ်တော်တွင် ‘ဂစ္ဆန္တောဝါ ဂစ္ဆာမီတိ ပဇာနာတိ’ သွားလျှင်လည်း (သွားသည် ဟူ၍) အပြားအားဖြင့် သိရမယ်လို့ ဆိုထားပါတယ်၊ သွားလျှင် ဘာမျှမဟုတ်ဘူး၊ ဟုဟောကြားထားတာမဟုတ်ပါ၊ သည်လိုဆိုလျှင် ဘုရားရှင် ဟောထားတဲ့ (ဂစ္ဆန္တော ၀ါ ဂစ္ဆာမီတိ ပဇာနာတိ) ကို (ဂစ္ဆန္တောဝါ နတ္ထီတိ ပဇာနာတိ) လို့ ပြင်ရမလိုဖြစ်နေပါတယ်။

(နိသိန္နော ၀ါ နိသိန္နောမီတိ ပဇာနာတိ)ထိုင်လျှင်လည်း (ထိုင်တယ်ဟူ၍) အပြားအားဖြင့် သိရမယ်၊ ( ထိုင်လျှင် ဘာမျှမဟုတ်) ဟူ၍ သိရမည်ဟု မဟောကြားခဲ့ပါ၊ ဘုရားရှင်ဟောတော်မူခဲ့တဲ့(နိသိန္တောဝါ နိသိန္နောမီတိ ပဇာနာတိ) ကို (နိသိန္နောဝါ နတ္ထီတိ ပဇာနာတိ) လို့ ပြင်ရမလိုဖြစ်နေပါတယ်၊

သည်လိုတော့ မဖြစ်နိုင်ပါ၊ ဒါဖြင့် ဘုရားနည်းလမ်းမှ သွေဖီနေတဲ့ ထိုတရားနည်းလမ်းကို အမှန်လို့ ယူဆ၍ မရနိုင်တော့ပါ။

နှစ်ပေါင်းနှစ်ထောင့်ငါးရာကျော် ကာလက ဖြစ်ခဲ့ပေမယ့် ယခုအချိန်အထိ ဘုရားရှင်ဟောကြားတော်မူခဲ့တဲ့ တရားတော်များကို ပိုလို့လည်း နုတ်ပယ်စရာမလိုသလို လိုနေ၍လည်း ထပ်ဖြည့်စရာမလိုပါ၊ တရားတော်က အရှိကိုအရှိအတိုင်း သိမြင်ရမယ်ဆိုတာ ရိုးရိုးရှင်းရှင်းလေးဖြစ်တယ်၊ ဘူတံဘူတတော ပဿတိ၊ အရှိကို အရှိတိုင်းရှုမှတ်ရမယ်လို့ ဟောထားသောကြောင့် ရိုးရိုးလေးပင် အရှိကို အရှိတိုင်းပင် ရှုမှတ်ရုံသာ ဖြစ်ပါတယ်။

ထို့ကြောင့် လောကတွင် ဘာမျှမရှိ၊ ဘာမျှမဟုတ် ဟူသော တရားနည်းလမ်းသည် သဘာဝမကျသော နည်းလမ်းတစ်ခုဟု ယူဆရပါကြောင်းဖြေကြား ပေးလိုက်ရပါတော့ သတည်း။ ။

ဦးကောဝိဒ(မြိတ်)
http://www.dhammalaws.org/2010/02/blog-post_19.html

ဆက်ဖတ်ရန်
ပို့စ်တင်သူ ။.............။ younger on Wednesday, 14 March 2012
0 ( မှတ်ချက်ရေးချင်ရင် )
ခေါင်းစဉ်အလိုက်ပို့စ်များ |

အနန္တအတုမရှိ ဗုဒ္ဓမြတ်စွာဘုရား

အလှူရှင်များအား MMSA အဖွဲ့မှ မှတ်တမ်းတင်ဂုဏ်ပြုလွှာပေးအပ်

အလှူရှင်များအား MMSA အဖွဲ့မှ မှတ်တမ်းတင်ဂုဏ်ပြုလွှာပေးအပ်

Mahidol University

International Buddhist Collage

မြန်မာ E Books

ထိုင်းနိုင်ငံ ရောက် ရွှေ့ပြောင်း မြန်မာအလုပ်သားမားများအတွက် ပညာရေး အခွင့်အလမ်းများ

MMSA ပရိတ်သတ်များ

ယခင်ပို့စ်အဟောင်းများ

အားပေးနေသော အပေါင်းသင်းများ

International News

တိုင်းရင်းသားသတင်းဌာနများစုစည်းမှု

သတင်းဌာနများစုစည်းမှု

ဘလော့ဂ်များစုစည်းမှု