MMSA ဘလော့စည်းမျဉ်းများ

* ဘာသာ သာသနာနှင့်လူမျိုးတို့၏ ဂုဏ်ကို ထိခိုက်ပျက်စီးစေတတ်သော အရေးအသားမျိုးကို ရှောင်ရှားရန်၊
* အချင်းချင်း ညီညွတ်မှု့ကို ပျက်စီးစေတတ်သော အကြောင်းများကို ရေးသားခြင်းမှ ရှောင်ရှားရန်၊
* သာသနာနှင့် မအပ်စပ်သော အဖွဲ့ဂုဏ်သိက္ခာကို ငြိုးနွမ်းစေတတ်သော ပုံများကိုတင်ခြင်းမှ ရှောင်ရှားရန်၊
* ပုဂ္ဂိုလ်ရေးဆိုင်ရာများထက် အများနှင့်သက်ဆိုင်သော အကျိုးများစေနိုင်သော ပုံများ စာများကိုသာ ရေးသားရန်၊
* MMSAသည် ပညာရေးအဖွဲ့စည်း ဖြစ်သည့် အတွက်နိုင်ငံရေးနှင့်သက်ဆိုင်သော အရေးအသားများကို ရေးခြင်းမှ ရှောင်ရှားရန်၊
* ဗုဒ္ဓဘာသာနှင့် မိမိတို့လေ့လာနေသော ပညာရပ်ဆိုင်ရာ အကြောင်းအရာများကို ဗဟုသုတအလို့ငှါ ရေးသား မျှဝေကြရန်၊

ဘင်္ဂါလီ ရိုဟင်ဂျာဆိုသည်မှာ မြန်မာနိုင်ငံဖွား တိုင်းရင်းသားများ မဟုတ်ပဲ မြန်မာနိုင်ငံအတွင်းသို့ တရားမ၀င် ကျူးကျော်ဝင်ရောက် နေထိုင်သည့် ဘင်္ဂလားဒေ့ရှ် နိုင်ငံသားများ ဖြစ်တယ်ဆိုတာကို


၁။ အင်္ဂလိပ်လက်ထက်က အုပ်ချုပ်သော မှတ်တမ်း မှတ်ရာများတွင် ရိုဟင်ဂျာဆိုသည့် စာလုံး မပါရှိခြင်း…..

၂။ အင်္ဂလိပ်တို့ အုပ်စိုးစဉ်က ရခိုင်ပြည်နယ်တွင် နေထိုင်သည့် အစ္စလာမ်ဘာသာ ကိုးကွယ်သည့် လူမျိုးများ စာရင်းတွင် ကြောက်မက်ဖွယ် လူဦးရေများပြားသည့် ရိုဟင်ဂျာသည် ထည့်သွင်း သတ်မှတ်ဖောပြမှု အလျဉ်းမရှိခဲ့ခြင်း၊

၃။ အလီဂျင်းနားအား ပါကစ္စတန်ကို အင်္ဂလိပ်လက်အောက်မှ ခွဲထွက်ရန် တောင်းဆိုလျင် ဌာနေရင်း ဗုဒ္ဓဘာသာ ရခိုင်လူမျိုးတို့အား ပစ်ပယ်၍ ရခိုင်ဒေသအား ထည့်သွင်းရန် တောင်းဆိုခြင်း၊

၎။ အင်္ဂလိပ်လက်အောက်မှ လွတ်လပ်ရေးပေးစဉ်တွင် မြန်မာနိုင်ငံမှ ခွဲထွက်၍ ပါကစ္စတန်နှင့် ပူးပေါင်းရန် ကြိုးပန်းခဲ့သည့် မူဂျာဟစ်များသာ ဖြစ်ခြင်း၊

၅။ ရိုဟင်ဂျာတို့ ဖော်ထုတ်လာသည့် ၎င်းတို့၏ သမိုင်းကြောင်းများတွင် မူဂျာဟစ်များကို ပစ်ပယ်မထားနိုင်ခြင်း၊

၆။ ရိုင်ဟင်ဂျာတို့၏ အဖွဲ့အစည် ဖြစ်သည့် Rohingya Solidarity Organisation (RSO) ၏ ရည်မှန်းချက်သည် မူဂျာဟစ်တို့ ရည်မှန်းချက်ဖြစ်သော အစ္စလာမ်မစ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ရခိုင်ဒေသ ဟူသော Islamic autonomous Rakhine (Arakan) state ရည်မှန်းချက်ခြင်း တူညီနေခြင်း။

၇။ ရှည်လျားသည့် မြန်မာနိုင်ငံ ကမ်းရိုးတန်း တလျှောက်တွင် အဆိုပါ ပြဿနာမရှိပဲ ရခိုင်ဒေသတွင်သာ အဆိုပါ ပြဿနာ ဖြစ်တည်နေခြင်း၊

၈။ ရခိုင်ဒေသတွင်ပင် ရခိုင်ပြည်နယ်ကြီး တစ်ခုလုံး မဟုတ်ပဲ ဘင်္ဂလားဒေ့ရှ်နှင့် ထိစပ်နေသော ဘူးသီးတောင်၊ မောင်းတော့ ဒေသတ၀ိုက်တွင်သာ ဖြစ်တည်နေခြင်း၊

၉။ အင်္ဂလိပ်တို့ လွတ်လပ်ရေး ပေးစဉ်က တိုင်းရင်းသား စာရင်းတွင် ပါဝင်ခြင်း မရှိပဲ ဦးနုလက်ထက်မှသာ သတ်မှတ်ဖော်ပြခံရခြင်း၊

၁၀။ တစ်ဘက်နိုင်ငံ ဘင်္ဂလားဒေ့ရှ်မှ လူမျိုးများနဲ့ ဘင်္ဂါလီ ရိုဟင်ဂျာတို့မှာ လူပုံပန်းသဏ္ဍန် ခွဲခြားမရအောင် တူညီခြင်း၊ အစားအသောက်၊ အနေအထိုင်၊ အပြုအမူ၊ ကိုးကွယ်သည့် ဘာသာ ထပ်တူကျနေသည့်အပြင် ပြောဆိုသုံးနှုန်းသည့် ဘာသာရပ်ပါ အချို့နေရာတွင် တူညီနေခြင်း၊

၁၁။ ရခိုင်လူမျိုးတို့၏ ရှေးရာဇ၀င် သမိုင်းကြောင်း မြို့ဟောင်းများအား တူးဖော်ရာတွင် ဘင်္ဂါလီ ရိုဟင်ဂျာနှင့် ပါတ်သက်သည့် အထောက်အထားများ မတွေ့ရခြင်း၊

၁၂။ မြန်မာနိုင်ငံ လွတ်လပ်ရေး ကြိုးပန်းမှု သမိုင်းဖြစ်စဉ်တွင် မည်သည့် ဘင်္ဂါလီ ရိုဟင်ဂျာ သူရဲကောင်း တစ်ယောက်မျှ မပါဝင်ခြင်း၊

အစရှိသည်တို့ကို လေ့လာကြည့်ရှုခြင်းအားဖြင့် သိနိုင်ပါတယ်……. သို့ဖြစ်သည့်အတွက် မြန်မာနိုင်ငံ၏ နယ်စပ်လုံခြုံရေး အားနည်းမှုကို အခွင့်အရေး တစ်ရပ်အနေဖြင့် အသုံးချ၍ တစ်ဘက်နိုင်ငံမှ ကျူးကျော် ၀င်ရောက်လာပြီး တိုင်းရင်းသား အခွင့်အရေး တောင်းဆိုရန် ရည်ရွယ်၍ ပွဲထုတ်လာသည့် အဆိုပါ ရိုဟင်ဂျာဆိုသည့် လူမျိုးစု စကားလုံးသည် ဘင်္ဂလားဒေ့ရှ်မှ ကျူးကျော် ၀င်ရောက်လာသည့် ဘင်္ဂါလီများ ဖြစ်သည်ကို အတိအကျ သိရှိနိုင်မည် ဖြစ်ပါသည်။ သမိုင်းကို လိမ်ရုံမျှမက လူမျိုးစုကိုပါ လိမ်လည်၍ နိုင်ငံဖြစ်တည်ရန် ကြိုးပန်းလာသည့် အဆိုပါ ဘင်္ဂါလီများ သမိုင်းကြောင်း ဇတ်လမ်းများ ရှေ့နောက် မညီခြင်းမှလည်း သိရှိနိုင်မည် ဖြစ်ပါသည်။သို့ဖြစ်သည့်အတွက် ဘင်္ဂါလီ ရိုဟင်ဂျာ ဆိုသည်မှာ မြန်မာနိုင်ငံတွင် လွန်ခဲ့သည့် နှစ်ပေါင်းများစွာကပင် နေထိုင်သည့် လူမျိုးစု တစ်ခုမဟုတ်ပဲ တစ်ဘက်နိုင်ငံမှ ကျူးကျော် ၀င်ရောက်လာသည့် ကျူးကျော်ဝင်ရောက်လာသူများသာ ဖြစ်ပါကြောင်း တင်ပြလိုက်ပါသည်။
ရခိုင်လူမှုရေး အသင်း မှ ကူးယူဖေါ်ပြသည်။
 

ဆက်ဖတ်ရန်
ပို့စ်တင်သူ ။.............။ Ganda on Tuesday 25 September 2012
0 ( မှတ်ချက်ရေးချင်ရင် )
ခေါင်းစဉ်အလိုက်ပို့စ်များ |

ကာကွယ်ရေးဝန်ကြီး ဋ္ဌာန လက်အောက်ရှိ တပ်မတော်ဆေးသုတေသန တပ်ဖွဲ. နှင့် အမေရိကန် NASA မှ ပညာ ရှင်များပူးပေါင်း ပြီး လူမျိုးခြား ဘင်ဂါလီများ ဟုတ်မဟုတ် အောင်မြင်စွာ ဖော်ထုတ် နိုင် သည်.နည်းပညာ ကို ရှာဖွေ တွေ.ရှိခဲ့ ပြီ ဖြစ်သည်။ genetic engineering technology နှင့် Na
no technology ပူးပေါင်း ပြီး လူသားမျိုး နွယ်စု များ အား Gene Typing ပြုလုပ်ခြင်း နည်းပညာ ကို NASA မှ ရှာဖွေတွေ.ရှိ ပီး ဖြစ်သော်လည်း မြန်မာပြည် သို. ခိုးဝင်လာသော ဘင်ဂါလီ များ ကို ပထမ ဆုံး အကြိမ် အောင်မြင်စွာ စမ်းသပ်နိုင် ခဲ့ ခြင်းဖြစ် သည်။ အမည်မဖော်လို သူ မြန်မာ စစ်တပ် အရာရှိ တစ်ယောက်၏ ပြောကြားချက်မှာ " အခု နည်းပညာ က အရမ်းကောင်းပါတယ်။ ကျီးကန်း တွေ ဟုတ်မဟုတ် ကို တန်း ကတည်း သိနိုင်တယ်။ တချို. မြန် မာမတွေ ကို ယူပြီး မွေး ထားတဲ့ ကလေး တွေ ဆို လည်း စစ်လို.ရတယ်။ ဒါပေမယ့် သူ.မှာ က နည်းပညာ အခက်အခဲ နဲနဲ ရှိ တယ်။ အဓိကကတော့ ဒီနည်းပညာ က အမေရိကန်က စစ်သွေး ကြွ အစ္စလာမ်ဘာသာဝင်တွေ ကို နှိမ်နင်းဖို. တီထွင်ထားတဲ့ နည်းပညာလို.တော
င် ပြော လို.ရတယ်။ grade A,B,C,D,E ဆိုပီး ၅ ခုရှိ တယ်။ positive ဆို တာနဲ့ grade ထပ်ခွဲ ရတယ်။ A နဲ. B ဆို ရင် လုံးဝ မွတ်စလင် အစ္စလာမ်ဘာသာဝင် အစွန်းရောက် စစ်သွေးကြွ လို. သတ်မှတ် တယ်။ လားပင်စင် ပေးရမယ့် ကောင်တွေပေါ့။ C ဆိုရင် အစ္စလာမ်တော့ အစ္စလာမ် ၊ အစွန်းရောက်တော့ မဟုတ်ဘူး ဒါပေမယ့် အချိန်မရွေး အစွန်းရာက်သွားနိုင် တဲ့ သူတွေ ပေါ့၊ ကျွန်တော် တို. စမ်းသပ်ပီး သလောက် မြန်မာ မွတ်စလင် တချို. ဒီ group ထဲ မှာ ပါနေတာ တွေ. ရတယ်၊ ၀မ်းသာ စရာ ကောင်း တာ ကတော့ မြန်မာ မွတ်စလင် အများ စု ကတော့ group D နဲ. E မှာ ပဲ ရှိ ပါတယ်။ ကပြား ဆို ရင်တော့ သပ်သပ် Test Kit နဲ. တိုင်းရပါ တယ်။ သူ.မှာ ထူးခြားချက် တစ်ခု က အမေရိကန် က အထူး တီ ထွင် ထား တာ ပါ။ အစ္စလာမ် ဘာ သာ ၀င် တွေ က သူ များ ဘာသာ ထက် ရန်လို မှု များ တယ်။ မများ ရင် လည်း ဦး နှောက် က အင်ဒို ဖရီ နွိုက် လို. ခေါ် တဲ့ ဟော်မုန်း အထွက်များ တယ်။ ဒါကို NASA က 1990 လောက် ကတည်း က တွေ.ထား တယ်။အဲဒါကြောင့် ကုလားအမျိုးသမီးတွေ ကိုယ်နံ. ပျင်းတာတွေ ဘာတွေ ရှိ တယ်လေ၊ အဲဒါကို တိုင်းခြင်းအားဖြင့် အစ္စလာမ်ဘာ သာဝင် ဘယ်လောက် စစ်လဲ သိရ တယ်။ အဲ ဒီမှာ လည်း level အမျိုးမျိုး ရှိ တယ်။ ထူးခြား တာ က သူ.မှာ - အစ္စလာမ်ဘာသာဝင် ကနေ တခြား ဘာသာ ကို ပြောင်းသွားရင် သူ က တစ်နှစ် အကြာ မှာ positive ကနေ negative ဖြစ် သွား တယ်။ ဒီ နည်းပညာ ကို နောက် နှစ် ပြည် လုံးကျွတ် သန်းခေါင် စာရင်း ကောက်ယူ ရင် အကုန် လုံးတော့ အသုံး မပြု နိုင် သေး ပါ ဘူး တစ်စိတ်တစ်ပိုင်း အနေနဲ. သံသယ ရှိ တဲ့ သူတွေ ကို စောင့် ကြည့် စစ်ဆေး သွား မှာ ပါ။" လို. ပြော ကြား သွား ပါတယ်။

ဆက်ဖတ်ရန်
ပို့စ်တင်သူ ။.............။ Ganda on

Written by (လ.ဝ.က အရာရှိ ဟောင်းတစ်ဦး)

 
 ဆောင်းပါးကို မရေးသားမီ ကြိုတင်ဝန်ခံလိုပါသည်။ မိမိအနေဖြင့် မိမိကိုယ်ကိုယ် တတ်လှပြီသိလှပြီ ဟူ၍ရေးသားခြင်းမဟုတ်ပါ။ မိမိကျင်လည်ခဲ့ရသည့် အတွေ့အကြုံများ၊ လဝက ဆိုင်ရာ ဥပဒေများနှင့် သမိုင်းရေးရာ ဖြစ်စဉ်များ အပေါ် အခြေခံ၍ မိမိသိရှိသမျှကို ဗဟုသုတ အနေဖြင့် မျှဝေပေးခြင်းသာ ဖြစ်ပါသည်။ မိမိထက်အတွေ့အကြုံများ၍ သိရှိ နားလည်သူများအနေ ဖြင့် ဖြည့်စွက်နားလည် သဘောပေါက်ပေးကြပါရန်နှင့် ဖြည့်စွက် ရေးသားကြပါရန် မေတ္တာရပ်ခံလိုပါသည်။
ဤဆောင်းပါးရေးသားရခြင်းမှာလည်း လွန်ခဲ့သော ရက်သတ္တ တစ်ပတ်မတွေ့ရသည်မှာကြာပြီဖြစ်သော မိတ်ဆွေဟောင်းတစ်ဦး မိမိအိမ်သို့အလည်ရောက်ခိုက် ရခိုင်ပြည်နယ်မောင်တောနှင့် ဘူးသီးတောင် မြို့နယ်များတွင် ဖြစ်ပွားခဲ့သော ဘင်္ဂါလီလူမျိုးများနှင့် ရခိုင်လူမျိုး တို့၏ ပဋိပက္ခ၊ အကြမ်းဖက်မီးရှို့ဖျက်ဆီးမှုကို အကြောင်းပြု ဆွေးနွေး ပြောကြရာမှ ဆောင်းပါးရေးရန် မိတ်ဆွေ၏ အကြံပြုချက်အရ ရေး သားခဲ့ခြင်းဖြစ်ပါသည်။

မိတ်ဆွေ - ခင်ဗျားနဲ့ မတွေ့ရတာ ကြာပြီဗျာ။ ကျွန်တော် လည်း ဒီဘက်ရောက်တုန်း ခင်ဗျားနဲ့ တွေ့ချင် မေးချင်တာလေးများ ရှိလို့ ဝင်ခဲ့တာပါ။ ခင်ဗျား အချိန်ရရဲ့လား။

မိမိ - ရပါတယ်ဗျာ။ ပင်စင်စားဆိုတော့ ဝန်ထမ်းဘဝတုန်းက လိုတော့ အလုပ်မများတော့ပါဘူး။ ခင်ဗျားလာလည်တာပဲ ကျွန်တော် က ဝမ်းသာရမှာပါ။

မိတ်ဆွေ - တခြားတော့မဟုတ်ဘူးဗျ။ အခုတလော အများ စိတ်ဝင်စားနေတဲ့ ဘူးသီးတောင် မောင်တောဘက် ဆူပူအကြမ်းဖက် မှုတွေနဲ့ ပတ်သက်လို့ ခင်ဗျားကိုယ်တိုင် မောင်တောဘက်မှာ သုံးနှစ် ကျော် တာဝန် ထမ်းဆောင်ခဲ့တယ်လို့ ကျွန်တော်သိထားတဲ့အတွက် ခင်ဗျား ထင်မြင်ချက်လေးတွေ သိချင်တယ်ဗျာ။ အဲဒီမှာ ဘင်္ဂါလီတွေ အတော်များတယ်ဆို ဟုတ်လား။

မိမိ - မှန်တာပေါ့ဗျာ ကျွန်တော်တာဝန်ထမ်းဆောင်စဉ်ကာလ ၁၉၉၂-၉၅ ခုနှစ်လောက်ကဆိုရင် မောင်တောမြို့နယ်အတွင်းမှာ ဘင်္ဂါလီလူမျိုးက ၉၅ ရာခိုင်နှုန်း လောက်ရှိပြီး ဗမာနဲ့ ရခိုင်မျိုးနွယ်စု အရေအတွက်က ၅ ရာခိုင်နှုန်းထက် မပိုဘူးလို့ သိရှိရတယ်။

မိတ်ဆွေ - ခင်ဗျားတို့က ဘယ်မှာ တာဝန် ထမ်းဆောင်ရတာ လဲ။ ဘာအတွက်လဲ။

မိမိ - ဒါကတော့ အမျိုးသားရေး ကိစ္စတစ်ရပ် ဆိုပါတော့ဗျာ။ မောင်တောနှင့် ဘူးသီးတောင် မြို့နယ်တွေမှာ ဘင်္ဂါလီတွေ ဝင်ရောက် အခြေချတာများလွန်းလို့ တချို့ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းများ တောင် ဆွမ်းကွမ်းကိစ္စ အခက်အခဲ ရှိလာလို့ တချို့ဘုန်းတော်ကြီး ကျောင်းတွေ ပြောင်းကြပြီး ရခိုင်ပြည်နယ် အတွင်းပိုင်း ရသေ့တောင်၊ စစ်တွေစတဲ့ နေရာတွေမှာ သီတင်းသုံးကြရတယ်လို့ ကြားရတယ်။ တစ်ချိန်တည်းမှာပဲ မောင်တောဘက်ကမ်းမှာနေတဲ့ ဘင်္ဂါလီတွေထဲက တချို့တွေက မောင်တောမှာနေတဲ့ ဘင်္ဂါလီတွေကို တရားမဝင်ရောက် နေတဲ့ လူတွေဖြစ်တာကြောင့် ဖမ်းဆီး ထောင်ချတော့မယ် ဆိုတဲ့ တစ်ဖက်နိုင်ငံက ထုတ်လွှင့်တဲ့ ကောလာဟလကြောင့် တစ်ဖက်နိုင်ငံ ကို ထွက်ပြေးကြတယ်။ တစ်ဖက်နိုင်ငံကလည်း ထွက်ပြေးရောက်ရှိ လာတဲ့ လူတွေကို အကြောင်းပြုပြီး ဒုက္ခသည်စခန်းတွေထား လက်ခံ၊ ဒုက္ခသည်တွေ အကြောင်းခံပြီး ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး ( UNHCR ) က ဝန်ထမ်းတွေ ကလည်း ကြိုက်တယ်။ အဲဒါအကြောင်းပြုပြီး မြန်မာနိုင်ငံကို တရားဝင် ပြန်လည် ဝင်ရောက် လိုလျှင် ( UNHCR ) ကြီးကြပ်မှု ပါဝင်တာကြောင့် အရေးယူ မခံရတဲ့ အပြင် စားနပ်ရိက္ခာက အစ ထောက်ပံ့ကြေးပါ ရမယ်စတဲ့ ဒုက္ခသည် လက်ခံရမဲ့ ကိစ္စတွေနဲ့ တရားမဝင် ထပ်ရောက်လာမယ့် ဘင်္ဂါလီတွေကို တားဆီး ကာကွယ်ဖို့အတွက် သွားရတာပေါ့ဗျာ။

မိတ်ဆွေ - အရင်တုန်းက အဲဒါမျိုးတွေ မဖြစ်ဘူးလားဗျာ။ ခင်ဗျားတို့က ဘယ်နေရာကနေ တားဆီး ကာကွယ်တာတွေ လုပ်နေကြ တာလဲ။

မိမိ - အရင်ကလည်း ဖြစ်ခဲ့တာပေါ့ဗျာ။ ၁၉၇၈ ခုနှစ် လောက် တုန်းကလည်း အဲဒီလို ကေလာဟလတွေကြောင့် ထွက်ပြေးကြတဲ့ ဘင်္ဂါလီတွေကို စာရင်းဇယား ပြုစုတဲ့ 'နဂါးမင်း စီမံချက်' အရ စာရင်း ကောက်ယူပြီး အဲဒီလူတွေကို လည်း 'ဟင်္သာစီမံချက်' နှင့် ပြန်လည် လက်ခံခဲ့ရဖူးတယ်လေ။ အခုတစ်ကြိမ်က ကျွန်တော်တို့ သွားရတာ ဟာ မောင်တောနှင့် ၉ မိုင်အကွာမှာရှိတဲ့ ကျီးကန်းပြင် နယ်စပ်ဒေသ လူဝင်မှု စစ်ဆေးရေးနှင့် ကွပ်ကဲမှု ဌာနချုပ် (နစက) ရဲ့အောက်မှာ တာဝန် ထမ်းဆောင်ရပါတယ်။ သမိုင်းအရ မဟာဗန္ဓုလ ရခိုင်ကို စစ်ချီ ခဲ့စဉ်က စခန်းချခဲ့တဲ့ မောင်တောမြို့နယ် မြောက်ဖျားတောကြီး တောင်ကြီးထဲမှာရှိနေတဲ့ ဗန္ဓုလစခန်း၊ ဝေလာတောင်စခန်း၊ အောင် သပြေစခန်း၊ ငါးရံ့ချောင်းစခန်း၊ မီးတိုက်စခန်း၊ တောင်ပြိုဝဲတောင် ပြိုယာစခန်း၊ ကြိမ်ချောင်း၊ ငါးခူရစခန်း၊ ကညင်ချောင်းစခန်း၊ မောင်တော၊ မကျီးချောင်းစခန်း၊ အလယ်သံကျော်စခန်း၊ မြင်းလွတ်စ စခန်း၊ အင်းဒင်စခန်း၊ ဒုံးပိုက်စခန်း၊ အငူမော်စခန်း စသဖြင့် စခန်း ပေါင်းများစွာ ခွဲပြီးတာဝန် ထမ်းဆောင် ကြတာပေါ့။ ပြောတော့သာ မောင်တောလို့ပြောတာ တကယ်တော့ မောင်တောကနေ နတ်မြစ် အတိုင်းမြောက်ဖျားကို မော်တော်နှင့်သွားတာ ကြိမ်ချောင်းစခန်းအထိ ပဲ မော်တော်က ရောက်တယ်။ နေ့တစ်ဝက်မောင်းရတယ်။ အဲဒီကနေ ကျွန်တော်တို့ တာဝန်ကျတဲ့ ငါးရံ့ချောင်းကို ကိုယ့်ပစ္စည်းကိုယ်ထမ်း ပြီး လေးနာရီသာသာ လမ်းလျှောက် ရတယ်ဗျ။ လမ်းပန်း ဆက်သွယ်ရေး ကခက်ခဲ၊ အလုပ်အကိုင်က ပင်ပန်းပြီး ရောဂါဘယထူပြော၊ အစား အသောက်က ရှားပါးနဲ့ အဲဒီနယ်စပ်က ပထမအသုတ်က လူ ၄၀ ကျော် ငှက်ဖျားနှင့် သေခဲ့ကြတာပေါ့ဗျာ။ ကျွန်တော်ကိုယ်တိုင်လည်း ငှက်ဖျား မိပြီး ဆေးရုံ နှစ်ကြိမ် တက်ရတယ်။ ကျွန်တော်တို့ စခန်းနားမှာ မြို လူမျိုးတွေရှိတယ်။ တောင်ပေါ်မှာ အိမ်လေးငါးအိမ်ဆောက်ပြီး တောင်ပေါ်မှာသာ နေလေ့ရှိတယ်။ ဈေးဝယ်စရာရှိမှ တောင်အောက် ဆင်းတယ်။ ကျန်တဲ့ ရွာတွေမှာတော့ ဘင်္ဂါလီတွေပဲရှိတယ်။

ဘင်္ဂါလီလူမျိုးတွေ ဘယ်တုန်းက စပြီး ရောက်လာကြသလဲ


မိတ်ဆွေ - နေပါဦးဗျ အဲဒီ ဘင်္ဂါလီလူမျိုးတွေ ဘယ်တုန်းက စပြီး အဲဒီကိုရောက်လာကြတာလဲ။

မိမိ - တိတိကျကျတော့ ပြောရခက်တယ်ဗျ။ ပြောနိုင်တာက တော့ လွန်ခဲ့တဲ့နှစ်ပေါင်း ၂၀၀ နီးပါးခန့်က စခဲ့တယ်လို့ ထင်တာပဲ။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ နိုင်ငံဟာ အင်္ဂလိပ်နဲ့ စစ်သုံးကြိမ်ဖြစ် ခဲ့တယ်လေ။ ဘကြီးတော် မင်းတရား လက်ထက် ၁၈၂၄ ခုနှစ် မတ်လ ၅ ရက်နေ့မှာ ပထမအကြိမ် အင်္ဂလိပ်-မြန်မာစစ်ပွဲအပြီးမှာ ကျွန်တော်တို့ ရခိုင်နဲ့ တနင်္သာရီကို အင်္ဂလိပ်က သိမ်းယူသွားခဲ့တယ်။ အဲဒီအချိန် မှာ အိန္ဒိယက အင်္ဂလိပ်လက်အောက် သူ့ကျွန်ဘဝ ရောက်နှင့် နေပြီလေ။ အဲဒီတုန်းက အခု ဘင်္ဂလားဒေ့ရှ် (ယခင်အရှေ့ ပါကစ္စတန်ပြည်နယ်) ကလည်း အင်္ဂလိပ်လက်အောက်က ပြည်နယ်တစ်ခုပေါ့။ အဲဒီတော့ ရခိုင်ပြည်နယ်က မောင်တောနှင့် ဘင်္ဂလားဒေ့ရှ်ရဲ့ တက္ကနပ်မြို့ ဟာ နတ်မြစ် ကသာ ပိုင်းခြားထားတာ မို့လို့ တစ်ဖက်ကမ်းကို ကျော်ဖြတ် လိုက်ရုံနဲ့ မောင်တောကို ရောက်သွားတာပေါ့။ နတ်မြစ်ကြီးဟာ ဘင်္ဂလား ပင်လယ်အော်နဲ့ နီးလို့ မြစ်ပြင်ကျယ်ကြီး ဖြစ်ပေမယ့် အထက်ကို တက်သွားလေလေ ကျဉ်းမြောင်းသွားလေလေ ဖြစ်ပြီး ခွဲထွက်သွား တဲ့ အချို့မြစ်လက်တက် နေရာတွေမှာ ကျဉ်းရုံသာမက ရေအနက်ပါ တိမ်သွားတာမို့လို့ နွေအခါမှာ ဒီအတိုင်း ဖြတ်ကူး သွားနိုင်တယ်ဗျ။ အချုပ်အခြာ အာဏာအနေနဲ့သာ မြန်မာ၊ ဘင်္ဂလားဒေ့ရှ်ရယ်လို့ ပြောနေကြပေမယ့် ပကတိမြေပြင်မှာတော့ ဟိုနားဒီနား ဖြစ်နေတာ ပေါ့ဗျာ။ တရုတ်ပြည်လို မဟာတံတိုင်းကြီးလည်း ကာဆီးထား တာ မဟုတ်တော့ မောင်တောရဲ့ မြောက်ဖျားမှာ နယ်နိမိတ်ဆိုတာ သာမန်လူတွေအနေနဲ့ မသိနိုင်ဘူးပေါ့။ သေချာတာကတော့ ကျွန်တော်တို့ နယ်မြေတွေမှာ ရှောင်တခင် လိုက်စစ်တဲ့အခါ တွေ့ရ တာက အသက် ၆၀ ကျော် ၇၀ ကျော် ဘင်္ဂါလီ အဘိုးကြီးတွေကတောင် သူတို့ရဲ့ ဘိုးဘွား လက်ထက် ကတည်းက ဒီမှာ ရောက်ရှိနေတာပါလို့ ပြောတယ် .... ကြာလှပြီပေါ့ဗျာ။
အဲဒီလိုအနေအထားကနေ ၁၈၉၇ ခုနှစ်မှာ အင်္ဂလိပ်တို့က မြန်မာနိုင်ငံကို အိန္ဒိယနိုင်ငံနဲ့ ပူးပေါင်းလိုက်ပြီးနောက် အင်္ဂလိပ်ပိုင် အိန္ဒိယပြည်နယ် တစ်နယ်အဖြစ် သတ်မှတ် လိုက်ကြ ပြန်တယ်။ မြန်မာ နိုင်ငံကို အိန္ဒိယရဲ့ ဒုတိယ ဘုရင်ခံ တစ်ဦးက အုပ်ချုပ်စေခဲ့တယ်။ အဲဒီ မှာ ပွဲပြီး သွားတာ ပေါ့ဗျာ။ ဘူးသီးတောင် ၊ မောင်တောဟာ အိန္ဒိယ လက်အောက် ရောက်သွားမှတော့ အုပ်ချုပ်သူ အိန္ဒိယဘုရင်ခံက သူ့ကျွန် အချင်းချင်း ကြိုက်သလို ပြောင်းရွှေ့နေတာ ဘာပြောတော့မှာ လဲ။ ဓညဝတီခေတ်က ရခိုင်ဘုရင်တွေ ပိုင်ခဲ့တယ်လို့ ဆိုတယ်။ မိတ်ဆွေ - ဒါထက် အဲဒီဘက်ကမ်းတွေမှာ ဒီဘက်က ရခိုင် လူမျိုးတွေလည်း ရှိတယ်လို့ ကြားရတယ် ဟုတ်သလားဗျ။

မိမိ - ဒါကတော့ သမိုင်းပညာရှင်တွေရဲ့ အလုပ်ပေါ့ဗျာ။ ကျွန်တော်ကြားခဲ့ရတာကတော့ ဓညဝတီခေတ် ရခိုင်ဘုရင်တွေ တန်ဖိုး အာဏာရှိစဉ်က ကော့ဘဇားအထိ ရခိုင်ပိုင်လို့ ဆိုတယ်ဗျ။ ရခိုင်တွေ က ကော့ဘဇားကို သူတို့ခေါ် ဖလောက်ချိတ်လို့ခေါ်တယ်ဗျ။ မောင်တောမှာ ရှိတဲ့ ရခိုင်အချို့ရဲ့ အမျိုးတွေထဲက အချို့က ယခုထက်ထိ အဲဒီမှာနေကြတဲ့ လူတွေရှိကြတယ်လို့သိရတယ်။ ကျွန်တော် မောင်တော အမှတ် (၁) ဝင်ထွက်စခန်းမှာ တာဝန်ထမ်းဆောင်စဉ်က တစ်ဖက် နိုင်ငံမှာ အခြေချ နေထိုင်နေကြတဲ့ တောင်ကုန်းဒေသလို့ ဆိုတဲ့ ကော့ဘဇား ဧရိယာမှာရှိတယ် လို့ကြားရတယ်။ အဲဒီဒေသမှာ ရှေးရခိုင် အမျိုးသား များ ကိုယ်ပိုင် အုပ်ချုပ်ရေး ပုံစံနဲ့ နေထိုင်ကြပြီး အဲဒီမှာ တည်ထားတဲ့ ဗုဒ္ဓ ဘာသာ စေတီတော်ကြီး ထီးတော်တင်ဖို့အတွက် ထီးတော်ကို မြန်မာ နိုင်ငံဘက်က တာဝန်ရှိသူများထံ အကူအညီ တောင်းခံခဲ့တဲ့အတွက် မောင်တောကို ရောက်လာတဲ့ အဲဒီထီးတော်ကြီး (အချင်းခြောက်ပေ) လောက်ရှိမယ်ထင်တယ်။ အဲဒီထီးတော်ကြီးကို နတ်မြစ်ကိုဖြတ်ပြီး တစ်ဖက်နိုင်ငံ တက္ကနပ်က တစ်ဆင့် မော်တော်ကားနဲ့တင်ပြီး သွားပို့ခဲ့ ရဖူးပါတယ်။ ၁၉၉၄ ခုနှစ်လောက်က ဖြစ်မယ်ထင်တယ်။

ဘူးသီးတောင် မောင်တောမှာနေတဲ့ ဘင်္ဂါလီ လူမျိုးတွေကို ဘင်္ဂလား ဒေ့ရှ်က ဘယ်လိုသတ်မှတ်လဲ


မိတ်ဆွေ - အဲဒီလောက်အထိ နေထိုင်ခဲ့ကြတဲ့ ဘင်္ဂါလီလူမျိုး တွေကို တစ်ဖက်နိုင်ငံက သူ့လူမျိုးတွေလို့ သတ်မှတ် ကြသေးသလား။

မိမိ - လူမျိုးနဲ့ နိုင်ငံသားဆိုတာ တခြားစီဗျ။ ကျွန်တော်တို့ ဘက်ကတော့ တချို့ကို မြန်မာနိုင်ငံသားလို့ သတ်မှတ်ပြီး တချို့ကို တော့ တရားမဝင်ရောက်ရှိ နေထိုင်ကြသူတွေလို့ သံသယရှိတဲ့ အတွက် သက်သေခံ ကတ်ပြားကိုသာ ထုတ်ပေးထားတယ်။ သူတို့ဘက် ကတော့ သူတို့လူမျိုးလို့ သတ်မှတ်ပေမယ့် မြန်မာနိုင်ငံသားလို့ သတ် မှတ်ကြတယ်။

မိတ်ဆွေ - ဘာလို့ မြန်မာနိုင်ငံသားလို့ ဘင်္ဂလားဒေ့ရှ်ဘက်က သတ်မှတ်တယ်လို့ ခင်ဗျားပြောနိုင်သလဲ။


မိမိ - ကျွန်တော်အမှတ် (၁) ဝင်ထွက်စခန်းမှာရှိစဉ်က ၁၀ ကြိမ်ထက် မနည်း တစ်ဖက်နိုင်ငံ တက္ကနပ်ကို တာဝန်နဲ့ သွားခဲ့ရတယ်။ နှစ်နိုင်ငံ ဆွေးနွေးပွဲ တရားခံ လွှဲပြောင်းရယူရေး ကိစ္စတွေ အတွက် ဖြစ်ပါ တယ်။ မြန်မာဘက်ကမ်းမှာ နေတဲ့သူတွေကို လှေတစ်စီးနဲ့ မြန်မာ ဘက်က ကုန်ပစ္စည်းတွေနဲ့ အတူ သူတို့ဘက်ကမ်းမှာ ဖမ်းမိရင်တော့ ကော့ဘဇား အကျဉ်းထောင်မှာ ထောင်ချ အရေးယူ ပစ္စည်းသိမ်းပြီး ပြန်လွှတ်တော့မယ်ဆိုရင် ကျွန်တော်တို့ (နစက) ကို စာပို့တတ်တယ်။ အကြောင်းအရာမှာ ပြန်လွှတ်မယ့် လေးယောက်ဆိုရင် Push Back to (4) Myanmar Nationalities လို့ ရေးလေ့ရှိကြတယ်။ တကယ်သွား လက်ခံတော့ အဲဒီ မြန်မာလူမျိုးတွေ ဆိုတာက မောင်တောဘက်ကမ်း မှာနေတဲ့ ဘင်္ဂါလီတွေချည်း ပဲဗျ။ ကျွန်တော်တို့က နိုင်ငံသားစိစစ်ရေး ကတ်ပြား ပေးမထားတာကြောင့် Myanmar Citizen လို့တော့ မရေး ဘူးပေါ့ဗျာ။ သို့သော်လည်း ဒီဘက်ကမ်းမှာ နေတယ်ဆိုတဲ့ အစစ်ခံ ချက် နေရပ်လိပ်စာနဲ့ အထောက်အထားများအရ လက်မခံချင်ပေမယ့် လက်ခံခဲ့ရတယ်။

မိတ်ဆွေ - သူတို့ နိုင်ငံထဲမှာ နေတဲ့ ရခိုင်လူမျိုးတွေကို သူတို့ ဘယ်လိုသတ်မှတ်လဲဗျ။

မိမိ - ကျွန်တော့်အတွေ့အကြုံတစ်ခုပြောပြမယ်။ ၁၉၉၅ ခုနှစ် လောက်ကတည်းကဖြစ်မယ်။ မြန်မာနိုင်ငံသား နှစ်ဦး လွှဲပြောင်းပေး ဖို့အတွက် လာ လက်ခံပါဆိုတဲ့ စာရတယ်။ တာဝန်ပေးချက်အရ ကျွန်တော် တစ်ဖက်နိုင်ငံ တက္ကနပ်မှာရှိတဲ့ ဘင်္ဂလားဒေ့ရှ်တပ် စခန်း ကိုရောက်ခဲ့တယ်။ ဘင်္ဂလားဒေ့ရှ် တပ်စခန်းက ဒီလူနှစ်ယောက်ကို မြစ်ထဲမှာ လှေတစ်စီးနှင့် သူတို့ဘက်ကမ်းမှာ မောင်တောဘက်က ပစ္စည်းတွေနဲ့ ဖမ်းမိတယ်။ သူတို့ စကားလည်းမတတ်ဘူး။ ဒါကြောင့် ပြန်ခေါ်သွားပါလို့ ပြောတယ်။ မေးကြည့်တဲ့အခါ တရားခံနှစ်ဦးက ရှေးမရမာကြီး လူမျိုးတွေ ဖြစ်ပြီး ရခိုင် အဆက်အနွှယ်တွေ ဖြစ်ကြောင်း၊ သူတို့မိသားစုနဲ့အတူ ဘင်္ဂလားဒေ့ရှ် တက္ကနပ်ခရိုင်အတွင်းဘက်ကျေး ရွာမှာ အခြေချနေထိုင်သူများဖြစ်ကြောင်း၊ သူတို့မိဘဘိုးဘွားလက် ထက်ကတည်းက အဲဒီရွာ (သူတို့အခေါ် - ရခိုင်စုရွာ) မှာနေကြောင်း ပြောပါတယ်။ သူတို့ ဘင်္ဂါလီစကား မပြောတတ်ပေမယ့် ကျွန်တော်တို့ နဲ့ မြန်မာသံခပ်ဝဲဝဲနဲ့ ပြောတတ်တယ်။ ဒါကြောင့် ဘင်္ဂလားဒေ့ရှ် စစ်တပ်ကို မင်းတို့ပြောတော့ တရားခံတွေက တို့မောင်တောကလို့ ပြောတယ်။

သူတို့ပြောတော့ မင်းတို့ဘက်မှာ နေတယ်တဲ့။ မိသားစုတွေ ပါဒီမှာရှိနေတာ ငါတို့ ဘာလို့ ခေါ်သွားရမှာလဲ ပြန်ပြောတော့ ဘင်္ဂလားဒေ့ရှ် စစ်တပ်က ဒါမဖြစ်နိုင်ဘူး။ တို့ဆီမှာနေတဲ့လူ ငါတို့ နိုင်ငံ သားဆိုရင် တို့ စကားတတ်ရမယ်။ တို့စကား မတတ်တဲ့အတွက် မင်းတို့ မောင်တောက လူဆိုတာ သေချာတယ်လို့ ဆိုတယ်။ ဒါနဲ့ ကျွန်တော် က နယ်စပ်ဆိုတာ ဒီလိုပဲ ရှိနေတတ်တာပဲ။ အဲလိုပြောကြေးဆိုရင် တို့မောင်တောဘက်ကမ်းမှာ ရှိတဲ့ ဘင်္ဂါလီတွေဟာ အများအားဖြင့် ဗမာစကားမတတ်ကြဘူး။ သူတို့ဟာ မွတ်ဆလင်တွေဖြစ်ကြတယ်။မင်းတို့ရုပ်နဲ့ တူသလား၊ တို့ရုပ်နဲ့ တူသလား။ မင်းတို့ဘာသာ ကိုးကွယ် သလား၊ ဗုဒ္ဓဘာသာ ကိုးကွယ်သလား ဒါအားလုံးအသိပဲ။ တို့စကား မပြောတတ်လို့ မင်းပြောသလို တို့ဘက်က မဟုတ်ဘူးဆိုရင် အဲဒီ မောင်တောက ဘင်္ဂါလီတွေ မင်းတို့ဘက် လွှဲပြောင်းပေးမယ်။ မင်းတို့ လက်ခံမလားဆိုတော့မှ သူတို့အချင်းချင်း ကုလားလို စကားတွေပြော ပြီးမှ ဒါဆို ထားလိုက်ပါတော့ ဆိုပြီး အဲဒီမရမာကြီး နှစ်ယောက်ကို လက်ခံ ထားလိုက်တယ်။ နယ်စပ် သဘာဝကတော့ ဒီလိုပဲ။ မောင်တော မြောက်ဖျားက ဒေသတွေဆိုရင် နယ်စပ်မှာ သဘာဝ အခြေအနေတွေ က ခွဲမရအောင် ရောထွေးနေတယ်။ ဒီဘက်ကမ်းမှာ အခြေချ ရောက်ရှိ နေထိုင်သူကို ပြန်လက်ခံဖို့တော့ သူတို့ကလည်း လက်မခံဘူးဗျ။ အဖြစ် အပျက်တစ်ခု ပြောပြမယ်။ ၁၉၉၄ ခုနှစ်အတွင်းမှာပဲ ဖြစ်မယ်။ တောင်ပြိုဝဲ ရွာဘက်မှာ ချောင်းလေး တစ်ခုရှိတယ်။ အဲဒီဘက်ကမ်းမှာ နေတဲ့ သူတို့လူ ဘင်္ဂါလီတစ်ယောက်က ချောင်းတစ်ဖက်ကမ်းက သူတို့ ပိုင်နက်ထဲမှာ နေတဲ့ ဒိုင်းနက် အမျိုးသမီးကို ချစ်ကြိုက်ပြီး အဲဒီဘက်ကမ်း ဒိုင်းနက် အမျိုးသမီးနဲ့ သွားနေတယ်။ ဘယ်လောက်မှ မဝေးဘူးပေါ။ အဲဒီအချိန်မှာ ထွက်ပြေး ကုလားတွေ ပြန်လက်ခံဖို့ စာရင်းကောက်တော့ စောစောကပြောတဲ့ ဘင်္ဂါလီဟာ ထွက်ပြေးစာရင်းမှာ ပါသွားတယ်။ လဝက ဥပဒေအရ ဒီအတိုင်းပြန်ဝင်ရင် အရေးယူခံရမယ်။ ဥပဒေ အရ နိုင်ငံခြားသားဖြစ်စေ၊ နိုင်ငံသားဖြစ်စေ တရားဝင်ခွင့်ပြုချက် မရဘဲ ကိုယ့်နိုင်ငံထဲကို ဝင်လာရင် နိုင်ငံခြားသားဆိုရင် လဝက အက် ဥပဒေပုဒ်မ ၃(၁) အရလည်းကောင်း၊ ပြည်ထောင်စုမြန်မာနိုင်ငံသား ဆိုရင် အက်ဥပဒေပုဒ်မ ၃(၂) အရလည်းကောင်း အရေးယူခံရပြီး အဲဒီ ၁၉၄၇ ခုနှစ်မြန်မာနိုင်ငံ လူဝင်မှုကြီးကြပ်ရေး (လတ်တလော ပြဋ္ဌာန်းချက်များ) အက်ဥပဒေပုဒ်မ ၁၃ (၁) အရ ပြစ်ဒဏ်ခံရမယ်ဗျ။ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး အဖွဲ့က အစိုးရလက်ထက် ၂၂.၁.၉၀ ရက်စွဲမှာ အမိန့် အမှတ်စဉ် ၂/၉၀ ပြင်ဆင်ချက် ဥပဒေအရ အနည်းဆုံး ငွေဒဏ်ကျပ် ၁၅၀၀ သို့တည်းမဟုတ်ထောင်ဒဏ်အနည်း ဆုံး ခြောက်လမှ အများဆုံး ထောင်ဒဏ် ငါးနှစ် သို့တည်းမဟုတ် ငွေဒဏ်ထောင်ဒဏ် နှစ်ရပ်ပေါင်း ကျခံနိုင်တယ်။ ဒါကြောင့် ကုလ သမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးရဲ့ အစီအစဉ်နဲ့ အဲဒီ ထွက်ပြေး ကုလားက တစ်ဖက်နိုင်ငံသူ ဖြစ်တဲ့ သူ့ဇနီးကိုပါ ခေါ်ပြီး ပြန်ဝင်တယ်။ အဲဒီမှာ ပြဿနာ စတော့တာပါပဲ။ သူ့ကိုဝင်ခွင့်ပြု ပေမယ့် သူ့မိန်းမက ခွင့်ပြုချက် မရှိဘဲ လိုက်ပါလာတဲ့ တစ်ဖက် နိုင်ငံသူ ဖြစ်တဲ့အတွက် လဝက ဥပဒေအရ ၃(၁)၊ ၁၃(၁) နဲ့ အရေးယူတော့တာ ပေါ့။ ဒုက္ခသည်ကို ဒုက္ခပေး ရမလားဆိုပြီး ပြောကြ ဆိုကြ ဝေဖန်ကြ တယ်။ မဟုတ်ဘူး။ ဒါမူလက ရှိပြီးဥပဒေအရ စည်းကမ်းအတိုင်း ဆောင်ရွက်ရတာပါ။ တမင် ဒုက္ခပေးတာမဟုတ်ပါဘူး။ အဲဒီမိန်းမကို ပြည်ပြန်နှင်ရမယ်။ လောလောဆယ် ခဏ ချုပ်ထားရမယ်။ (ဒါက လည်း ဥပဒေညွှန်ကြားချက်အရပါ။) အဲဒီလိုချုပ်ထားစဉ် ဝင်လာစဉ် ကတည်းက ကိုယ်ဝန်ပါလာတော့ အချုပ်ထဲမှာပဲ ကလေးမွေးတယ်။ မွေးပြီးတဲ့အချိန်မှာ ပြည်နှင်ဖို့ စီစဉ်ပြီး ပြည်ပြန်နှင်တဲ့အခါ ဘင်္ဂလားဒေ့ရှ်ဘက်က သူတို့နိုင်ငံသူကိုသာ လက်ခံမယ်။ ကလေးကို လက်မခံဘူးဆို လို့ အဲဒီကိစ် စအတော်ပဲ အခက်တွေ့ပြီး အမှုမပြတ်နိုင် ဖြစ်ရတယ်။ နောက်ဆုံး အဲဒီဘက်ကမ်းက လူကြီးတွေနဲ့ တွေ့ပြီး သားအမိကို မခွဲ ထားပါနဲ့၊ မိခင်လည်း သွေးနုနုနဲ့ ကလေးထားပြီးသွားလို့ ဘယ်ဖြစ် မလဲ လက်ခံပေးပါလို့ ပုဂ္ဂိုလ်ရေးအရ လက်ခံပေးလို့ အဆင်ပြေသွား ရ ပါတယ်။ သူတို့ဘက်က ပြန်လက်ခံဖို့ဆိုရင် ကလေးတောင် တရားဝင် လက်မခံပါဘူး။ ဒုက္ခသည် အနေနဲ့ ဝင်လာရင် ထွက်ပြေးရင်တော့ တစ်မျိုးပေါ့ဗျာ။ မိတ်ဆွေ - တိုင်းရင်းသား မဟုတ်တဲ့ တရုတ်၊ ကုလားစတဲ့ လူမျိုးခြားတွေ နိုင်ငံသားစိစစ်ရေး ကတ်ပြား ရပိုင်ခွင့်ရှိသလား။ သူတို့ လက်ထဲမှာ နိုင်ငံသား စိစစ်ရေး ကတ်ပြားတွေ ကိုင်ထားတာ တွေ့ရပါ တယ်။ ဘာကြောင့်လဲဗျာ။

မိမိ - အဲဒါ အရေးကြီးဆုံးပဲဗျ။ မေးသင့်တဲ့ မေးခွန်းပဲ၊။ သမိုင်း ချီပြီး ဖြေရှင်းရမယ့် ကိစ္စ။ ကိုလိုနီဘဝ ရောက်ခဲ့ရတာတွေ၊ သမိုင်းရဲ့ ဆိုးမွေတွေ အများကြီးပါတယ်။ သမိုင်းကို ချီပြောရင် လူတွေက သိပ်လက်မခံ ချင်ကြဘူး။ ခင်ဗျားတို့ လဝက တွေ ဘက်က ရှေ့နေလိုက် တာလား။ လဝက တွေ ငွေစားပြီး ထုတ်ပေးခဲ့တာ မဟုတ်ဘူးလားလို့ ပြောလေ့ရှိကြတယ်။ မျက်နှာလည်း ပူပါတယ်။ ရှိတဲ့လူတွေလည်း ရှိမှာပေါ့။ ဒါပေမဲ့ အဓိကကတော့ သမိုင်းရဲ့ ဆိုးမွေတွေပေါ် မူတည်ပြီး ဒါတွေ ဖြစ်ခဲ့ရတယ်။ အစ မကောင်းလို့ အနှောင်း မသေချာ ဖြစ်ခဲ့ရတာ ပေါ့။ အခုလက်ရှိ ကျင့်သုံးနေတဲ့ ၁၉၈၂ မြန်မာနိုင်ငံသား ဥပဒေ အာဏာ တည်တဲ့ ၁၅.၁၀.၈၂ နောက်ပိုင်း မွေးဖွားတဲ့ သူတွေအတွက်ကတော့ မြန်မာနိုင်ငံသားဖြစ်ခြင်း၊ ဧည့်နိုင်ငံသားဖြစ်ခြင်း၊ နိုင်ငံသားပြုခွင့်ရ သူဖြစ်ခြင်း စတာတွေကို တိတိကျကျ ပြဋ္ဌာန်းပြီး ဖြစ်ပါတယ်။ မြန်မာ နိုင်ငံသား ဖြစ်မှုနဲ့ ပတ်သက်တဲ့ ဥပဒေတွေထဲမှာ ၁၉၄၇ ခုနှစ် ဖွဲ့စည်း ပုံ အခြေခံ ဥပဒေကတော့ အစောဆုံးပေါ့ဗျာ။

၁၉၄၇ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပါ နိုင်ငံသား ဖြစ်မှု သတ်မှတ်ချက်


မိတ်ဆွေ - အဲဒီမတိုင်မီက ဘယ်လို ဥပဒေတွေ ရှိခဲ့သေးလို့ လည်းဗျ။

မိမိ - အစောဆုံး ဥပဒေကတော့ ကျွန်တော်သိသလောက် နိုင်ငံ ခြားသားများ အက်ဥပဒေပေါ့ဗျာ။ ကျွန်တော်တို့ကသာ မသိတာ ကမ္ဘာ မှာ နယ်ချဲ့နေတဲ့ နိုင်ငံကြီးတွေကတော့ သူတို့ အချင်းချင်း သိတယ်ဗျ။ ဥပမာ - ဗီယက်နမ်၊ လာအို၊ ကမ္ဘောဒီးယား၊ ဖိလစ်ပိုင်၊ မလေးရှား၊ အင်ဒိုနီးရှားနောက် အိန္ဒိယကျွန်းဆွယ် ပေါ့ဗျာ။ အဲဒီနိုင်ငံတွေက သူ့ ကျွန်ဘဝ ရောက်နေတာချင်း တူပေမယ့် အရှင်သခင်ချင်း မတူကြဘူး လေ။ တချို့က ပြင်သစ် လက်အောက်ခံ၊ တချို့ အင်္ဂလိပ် လက်အောက်ခံ၊ တချို့က စပိန် လက်အောက်ခံ စသည်ဖြင့် ရှိကြတယ်။ နယ်ချဲ့တွေထဲမှာ ပေါ်တူဂီ၊ ဒတ်ခ်ျ စတဲ့နိုင်ငံတွေလည်း ပါတာပေါ့ဗျာ။ ထားပါတော့ အဲဒီတော့ နယ်ချဲ့နိုင်ငံတွေက သူတို့ ကိုလိုနီနိုင်ငံတွေကို တခြားကိုလိုနီ နိုင်ငံတွေနဲ့ စည်းခြားထားခြင်း ဖြစ်ဟန် တူတယ်။ မြန်မာနိုင်ငံ အောက် ပိုင်းကို အင်္ဂလိပ်က သိမ်းပြီးတာနဲ့ ၁၉၆၄ ခုနှစ်မှာ နိုင်ငံခြားသားများ အက်ဥပဒေကို ထုတ်ပြန်တယ်။ နိုင်ငံခြားသားဆိုတာဟာ မြန်မာနိုင်ငံ သား မဟုတ်သူကို ဆိုလိုသည်လို့ အဓိပ္ပာယ်ဖွင့်ပါတယ်။ ဝင်ရောက် လာတဲ့နိုင်ငံခြားသားတွေကို မှတ်ပုံတင်ဖို့ ၂၈.၃.၁၉၄၀ မှာနိုင်ငံခြား သားများ မှတ်ပုံတင်ရေး အက်ဥပဒေကို ထုတ်ပြန်ခဲ့တယ်။ လွတ်လပ် ရေးမရခင် ရှစ်နှစ်ပေါ့ဗျာ။


မိတ်ဆွေ - ကဲပါဗျာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အကြောင်းဆက် ပါဦး။

မိမိ - စောစောက ပြောခဲ့သလို မြန်မာနိုင်ငံကို အိန္ဒိယရဲ့ ပြည်နယ်တစ်ခုအဖြစ် သွတ်သွင်းခဲ့ပြီး အိန္ဒိယ ဘုရင်ခံချုပ်ရဲ့ အုပ်ချုပ်မှု အောက်ကို ရောက်သွားပြီးတဲ့အချိန်မှာ အိန္ဒိယက ဘက်ကလည်း မြန်မာပြည်ထဲဝင်၊ ဘင်္ဂါလီတွေကလည်း ဘူးသီးတောင်၊ မောင်တော ကို နတ်မြစ်ဖြစ်ပြီး ကြိုက်သလို ဝင်တော့တာပေါ့ဗျာ။ ကျွန်တော်တို့ ဘက်မှာသာ အဲဒီတုန်းက ဘူးသီးတောင်၊ မောင်တောဟာ နယ်စွန် နယ်ဖျား လူဦးရေ ခပ်ပါးပါး ဖြစ်ပေမယ့် ကပ်လျက်ဖြစ်တဲ့ တစ်ဖက်နိုင်ငံ မှာတော့ လူဦးရေထူထပ်၊ နေရာကလည်း မရှိလေတော့ သူတို့အတွက် တော့ ဘူးသီးတောင်၊ မောင်တောဟာ ကျေနပ်စရာပါ။ မြန်မာနိုင်ငံ လွတ်လပ်ရေးရခါနီးမှာ ဗိုလ်ချုပ်တို့ဦးစီးပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေ ကိုရေးဆွဲခဲ့တယ်။ အဲဒီအခြေခံဥပဒေမှာပါတဲ့ နိုင်ငံသားဖြစ်မှုနဲ့ ပတ်သက်တဲ့ ကောက်နုတ်ချက် တစ်ခုကို ဖော်ပြပါ့မယ်။ အဲဒါကတော့ ဥပဒေပုဒ်မ ၁၁(ခ) မှာ မြန်မာနိုင်ငံ တိုင်းရင်းသား တစ်မျိုးမျိုးတွင် ဖြစ်သော သို့တည်းမဟုတ် ဖြစ်ခဲ့သော ဘိုးဘွားများအနက် အနည်းဆုံး တစ်ဦးမှ ပြည်ထောင်စုနိုင်ငံတွင် ပါဝင်လတ္တံ့သော အာဏာပိုင်နက် အတွင်း မွေးဖွားသူတိုင်းသည် ပြည်ထောင်စု မြန်မာနိုင်ငံသား ဖြစ်ရ မည်ဆိုတဲ့ အချက်တစ်ချက် ပါတယ်ဗျ။ ဆိုလိုတာက ဘိုးဘွားလေးဦး အနက်တစ်ဦးဟာ တိုင်းရင်းသားဖြစ်ရုံမျှနဲ့ မြေးဖြစ်တဲ့သူဟာ ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း မွေးဖွားသူဖြစ်လျှင် နိုင်ငံသား ဖြစ်တယ်လို့ဆိုပါတယ်။ ကျန်ဘိုးဘွားသုံးဦးက ဘာလူမျိုးပဲဖြစ်ဖြစ် ပေါ့ဗျာ။ မြန်မာပြည်တွင်းရောက်နေကြတဲ့ နိုင်ငံခြားသားတွေ ကြာလွန်း၊ များလွန်းလို့ အဲဒီလို လျှော့ပေါ့ပေးခဲ့ရတယ် ထင်တယ်။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အတည်ပြုတဲ့နေ့ ၂၄-၉-၁၉၄၇ ဖြစ်ပါတယ်။

၁၉၄၈ ခုနှစ် မြန်မာနိုင်ငံသား ဖြစ်မှု အက်ဥပဒေအရ နိုင်ငံသားဖြစ်မှု


မိတ်ဆွေ - မြန်မာပြည် လွတ်လပ်ရေး ရပြီးတော့ဗျာ။ ဘာ ပြောင်းလဲမှု ရှိသေးသလဲ။

မိမိ - လွတ်လပ်ရေး ရပြီးတော့ ၄-၁-၁၉၄၈ နေ့မှာ အာဏာ တည်စေခဲ့တဲ့ ၁၉၄၈ ခုနှစ် မြန်မာနိုင်ငံသားဖြစ်မှု အက်ဥပဒေကို ရေးဆွဲ ခဲ့ကြတယ်။ အဲဒီမှာ မွေးရာပါ နိုင်ငံသား ဖြစ်သူတွေကို အဲဒီဥပဒေအပိုဒ် ၃ အပိုဒ်ခွဲ (၁) မှာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အပိုဒ် ၁၁ ပါ မြန်မာနိုင်ငံ တိုင်းရင်းသား တစ်မျိုးမျိုး ဆိုတာကို အဓိပ္ပာယ်ဖွင့် ထားတာက မြန်မာ နိုင်ငံ တိုင်းရင်းသား တစ်မျိုးမျိုး ဆိုသည်မှာ ကချင်၊ ကရင်၊ ကယား၊ ချင်း၊ မြန်မာ၊ မွန်၊ ရခိုင် သို့တည်းမဟုတ် ရှမ်းလူမျိုးကိုလည်းကောင်း၊ ၁၈၂၃ ခုနှစ် (မြန်မာသက္ကရာဇ် ၁၁၈၅ ခုနှစ်) မတိုင်မီ ကာလမှစ၍ ပြည်ထောင်စုတွင် ပါဝင်သော နယ်မြေတစ်ခုခု၌ မိမိတို့၏ပင်ရင်း တိုင်းပြည်အဖြစ်ဖြင့် အခြေစိုက် နေထိုင်ခဲ့သော မျိုးနွယ်စုများကိုလည်း ကောင်း ဆိုလိုသည်လို့ ဖော်ပြထားတယ်။ ဒီတိုင်းရင်းသားနဲ့ မျိုးနွယ်စု (၁၃၅) မျိုးက မွေးတဲ့သူတွေသာ မွေးရာပါ နိုင်ငံသားများ ဖြစ်ကြပါ တယ်။ တစ်နည်းအားဖြင့် သွေးကပြောတဲ့ နိုင်ငံသားတွေပေါ့ဗျာ။ အဲဒီ အထဲမှာ မပါတဲ့သူတွေဟာ မွေးရာပါ နိုင်ငံသား မဟုတ်ပါဘူး။ နယ်မြေတောင်းခွင့် ဆိုတာကတော့ ပိုမဖြစ်နိုင် တာပေါ့။

မိတ်ဆွေ - ဒါဖြင့် ရိုဟင်ဂျာ ဆိုတာကကောဗျာ၊ ရိုဟင်ဂျာ ဆိုတာဘာလဲ။

မိမိ - ကျွန်တော် သိသလောက် ပြောရရင် ရိုဟင်ဂျာဆိုတာ တိုင်းရင်းသား မျိုးနွယ်စု (၁၃၅) မျိုးထဲမှာ မပါဘူးဗျ။ ဘင်္ဂါလီလို 'ရွာကြီးသား' လို့ အဓိပ္ပာယ် ရတယ်လို့ ကြားဖူးတယ်။ ရိုဟင်ဂျာကို အတို ကောက် RSO လို့ခေါ်တယ်။ ရိုဟင်ဂျာ အမျိုးသား စည်းလုံး ညီညွတ် ရေး (ကြံ့ခိုင်ရေး) အဖွဲ့ပေါ့ဗျာ။ အဲဒီ လူမျိုးတွေဟာ အစောဆုံး တရားမဝင် ဝင်ရောက်ခဲ့ပြီး ရခိုင်ပြည်နယ်အတွင်း ကျေးရွာ ထူထောင်ပြီး စုစည်း နေထိုင်ရာက သူတို့ဟာ သူတို့ အမည်ပေးခဲ့ မှာပေါ့ဗျာ။ ရခိုင် ပြည်နယ် အတွင်း လက်နက်ကိုင် ဆူပူ သောင်းကျန်းသူများဖြစ်လို့ အစိုးရကတော့ 'ကုလားဆိုး' အဖွဲ့လို့ ခေါ်ဝေါ် ခဲ့ဖူးတယ်။ ပြည်နယ်တောင်းဖို့ ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်တဲ့ သဘာဝပါ။

မိတ်ဆွေ - ဒါပေမဲ့ တိုင်းရင်းသား မဟုတ်တဲ့ လူမျိုးတွေ၊ ဥပမာ- တရုတ်လူမျိုး၊ အိန္ဒိယလူမျိုး၊ ဘင်္ဂါလီစသူတွေထဲမှာ နိုင်ငံသား စိစစ်ရေး လက်မှတ် ရှိနေတာတွေ ရောဗျာ။

မိမိ - အဲဒီလူတွေဟာ မွေးရာပါသွေးအရ နိုင်ငံသားဖြစ်ကြ သူတွေမဟုတ်ဘဲ လျှော့ပေါ့ပေးခဲ့ရတဲ့ ဥပဒေပါ ခွင့်ပြုချက်အရ နိုင်ငံ သားဖြစ်ခွင့် ရကြသူ အချို့ ဖြစ်ပါတယ်။ ဆက်ပြီးရှင်းပြပါ့မယ်။ အဲဒီ ၁၉၄၈ မြန်မာနိုင်ငံသား ဖြစ်မှု ဥပဒေ ပုဒ်မ ၄ ပုဒ်ခွဲ (၂) ပြည်ထောင်စု တွင်ပါဝင်သော နယ်မြေ တစ်ခုခုတွင် အနည်းဆုံး ဘိုးဘွား အားလုံး လက်ထက်မှစ၍ မိမိတို့၏ပင်ရင်း တိုင်းပြည်အဖြစ်ဖြင့် မျိုးဆက် မပြတ် ထာဝစဉ် အခြေစိုက် နေထိုင်လာခဲ့သည့် အပြင် မိမိ၏ မိဘနှစ်ပါး နှင့်တကွ မိမိကိုယ်တိုင် ထိုနယ်မြေ တစ်ခုခုတွင် မွေးဖွားသူဖြစ်လျှင် ထိုသူအား မြန်မာနိုင်ငံသား ဖြစ်သည်ဟု မှတ်ယူရမည်။ ပုဒ်မ ၅ မှာ ကတော့ အခြေခံဥပဒေ စတင် အာဏာတည်ပြီးမှ မွေးဖွားသည့်အောက် ၌ ဖော်ပြသော သူများသည် ပြည်ထောင်စု မြန်မာနိုင်ငံသားများ ဖြစ်ရ မည်။

(က) ပြည်ထောင်စု နိုင်ငံသားဖြစ်သည့် မိဘ တစ်ပါးပါးမှ ပြည်ထောင်စု နိုင်ငံတွင် မွေးဖွားသူ သို့သော် ဖခင်သည် နိုင်ငံခြားသား ဖြစ်လျှင် ထိုသူသည် အရွယ်ရောက်ပြီး နောက်တစ်နှစ် အတွင်း နိုင်ငံခြားသား အဖြစ်ကို စွန့်လွှတ်ကြောင်းနှင့် ပြည်ထောင်စု နိုင်ငံသားအဖြစ် တည်မြဲစေရန် ရွေးချယ်ကြောင်း ကြေညာခြင်း မပြုလျှင် ထိုတစ်နှစ် ကုန်ဆုံးသောအခါ ပြည်ထောင်စု နိုင်ငံသား အဖြစ်မှ ရပ်စဲရမည်လို့ ဖော်ပြထားတယ်။ ဒါအကြမ်းဖျင်း ဖော်ပြတာပေါ့နော်။ ဥပဒေပုဒ်မ အားလုံးတော့ မဖော်ပြတော့ပါဘူး။ နောက် အဲဒီ ဥပဒေပုဒ်မ ၇(၁) မှာ နိုင်ငံခြားသား တစ်ဦးသည် နိုင်ငံသား ပြုမှု လက်မှတ်ကို အောက်ပါ အကြောင်းများကို ဖော်ပြလျှောက် ထားနိုင်သည်။ ဝန်ကြီးက ကျေနပ် လက်ခံလျှင် နိုင်ငံသားပြုမှု လက်မှတ်ကို ပေးနိုင်သည်လို့ ဆိုထား တယ်။

ဖော်ပြရမည့်အချက်တွေကတော့ -
(က) မိမိသည် အသက် ၁၈ နှစ်ပြည့်ပြီဖြစ်ကြောင်း၊
(ခ) မလျှောက်ထားမီက မိမိသည် ငါးနှစ်အောက် မနည်း အဆက်မပြတ် ပြည်ထောင်စု နိုင်ငံအတွင်းတွင် ပြည်ထောင်စုနိုင်ငံ၏ အာဏာအောက်၌ နေထိုင်ခဲ့ကြောင်း၊
(ဂ) မိမိသည် အကျင့်စာရိတ္တ ကောင်းမွန်၍ မြန်မာနိုင်ငံ တိုင်းရင်းသားဘာသာ စကား တစ်မျိုးမျိုးကို ပြောတတ်ကြောင်း၊
(ဃ) မိမိအား နိုင်ငံသားပြုမှုလက်မှတ် ပေးအပ်လျှင် မိမိသည် ပြည်ထောင်စုတွင် နေထိုင်ရန် သို့တည်းမဟုတ် အစိုးရပြည်နယ် အစိုးရ၌ အမှုထမ်းရန်၊ ဆက်လက် အမှုထမ်းရန် သို့မဟုတ် ပြည်ထောင်စုတွင် တည်ထောင်ထားသော ဘာသာ၊ သာသနာရေး၊ လှူဒါန်းရေး၊ ကုန်သွယ်ရေးဆိုင်ရာလုပ်ငန်းတစ်ခုခုတွင် ပါဝင်ဆောင် ရွက်ရန် စတဲ့ အချက်တွေ ဖော်ပြ လျှောက်ထားလျှင်လည်း နိုင်ငံသား ပြုမူ လက်ခံ ရရှိနိုင်တယ်တဲ့။

မိတ်ဆွေ - နိုင်ငံသား ဖြစ်ဖို့ တော်တော် လျှော့ပေးခဲ့တာပဲဗျ။ ဆက်ပါဦး။

မိမိ - ဒါနိုင်ငံသားဖြစ်မှု ဥပဒေမှာသာ ရှိသေးတာ။ ရွေးချယ် ခွင့် ဥပဒေကျရင် သည့်ထက်တောင် လျှော့ပေးထားသေးတယ်။ အခု နိုင်ငံသားဖြစ်မှု ဥပဒေမှာတင် ပုဒ်မ (၁၁) မှာ ပြည်ထောင်စု နိုင်ငံသား နှင့် အိမ်ထောင်ပြုသော မိန်းမသည် တစ်နှစ်ကြာမြင့်အောင် ပြည်ထောင်စုတွင် အဆက်မပြတ် နေထိုင်ပြီးနောက် နိုင်ငံသားလက် မှတ်ရ လိုကြောင်း ဝန်ကြီးထံ လျှောက်ထားနိုင်တယ်လို့လည်း ဖော်ပြ ထားတယ်။ အရည်အချင်း သတ်မှတ်ချက်တော့ ရှိတာပေါ့ဗျာ။ အဲဒီ အချက်တွေကလည်း ခက်ခက်ခဲခဲတွေ မဟုတ်ပါဘူး။


မိတ်ဆွေ - ကဲဗျာ ဆက်ပါဦး။


မိမိ - အဲဒီ ၄၈ ခုနှစ် မြန်မာနိုင်ငံသားဖြစ်မှုဥပဒေပုဒ်မ ၁၂ ပုဒ်မခွဲ (၃) မှာ ပြည်ထောင်စုအတွင်းတွင် ပြည်ထောင်စု၏ အာဏာ အောက်၌ ထာဝစဉ်နေထိုင်သည့် ပြည်ထောင်စု နိုင်ငံသား မဟုတ်သော မိဘနှစ်ပါးမှ ပြည်ထောင်စုအတွင်းတွင် မွေးဖွားသူသည် အကျင့် စာရိတ္တ ကောင်းသူ ဖြစ်၍ အရည်အချင်း ချို့ငဲ့သူ (အရွယ်မရောက်သေး သောသူ၊ လူရူး၊ ဝမ်းတွင်းရူး) မဟုတ်လျှင် ၁၉၅၅ ခုနှစ် ဧပြီလ ၁ ရက်နေ့ မတိုင်မီဖြစ်စေ၊ အရွယ်ရောက်ပြီး တစ်နှစ်အတွင်း ဖြစ်စေ နိုင်ငံသားလက်မှတ် ရလိုကြောင်း လျှောက်ထားနိုင်တယ်လို့ ဖော်ပြထား တယ်။ တစ်ခုတော့ရှိတာပေါ့ဗျာ။ လျှောက်လွှာတင်တာတို့၊ အစိုးရ ဌာနရုံးများနှင့် ဆက်သွယ် လျှောက်ထားတဲ့ကိစ္စတွေမှာ နယ်စပ်က လူတွေ ကျေးရွာမှာနေပြီး မြို့နဲ့ဝေးတဲ့ဒေသက လူတွေကတော့ မလုပ် ချင်ဘူး၊ မလုပ်တတ်ဘူး သူ့ဒေသမှာပဲ ဒီလိုပဲ နေသွားတတ်ကြတယ်။ ဒါကြောင့်လည်း နိုင်ငံသားဖြစ်ခွင့်၊ နိုင်ငံသားလက်မှတ်ရသွားတဲ့သူ များဟာ အများအားဖြင့် မြို့မှာနေတဲ့ လူမျိုးခြားတွေပဲ ဖြစ်တာ တွေ့ရ တယ်။ သူတို့က လူရည်လည်ကြ တယ်လေ။ မြန်မာပြည်ထဲ ရောက်တာ တချို့ ဘိုးဘွား လက်ထက်ကတည်းက ဆိုတော့ ကြာလှပြီ။ သူတို့ လူတွေကလည်း များကြပြီ။ စီးပွားဖြစ်ပြီး လူချမ်းသာတွေလည်း ရှိနေပြီ။

မိတ်ဆွေ - ကဲပါဗျာ။ ၁၉၄၈ ခုနှစ် နိုင်ငံသားဖြစ်မှု ဥပဒေမှာ ဒီလောက် သိရလျှင် ကျေနပ်ပါပြီ။ မကုန်သေးဘူးလား။

မိမိ - ပြီးတော့ ပါမယ်ဗျာ။ အရေးကြီးတာလေး တစ်ချက်ကို ထည့်ပြောချင်လို့ပါ။ ဒါတောင်ခင်ဗျားကို အကုန်ပြောတာမဟုတ်ပါ ဘူး။ သိထားသင့်တယ် ထင်လို့ ပြောတာဗျ။ အဲဒါကတော့ အဲဒီဥပဒေ ပုဒ်မ ၁၃ မှာ ပြည်ထောင်စုနိုင်ငံ၏ လက်နက်ကိုင် တပ်ဖွဲ့များတွင် ကာလ အပိုင်းအခြား ဆက်လျက် ဖြစ်စေ၊ မဆက်ဘဲ ဖြစ်စေ စုစုပေါင်း သုံးနှစ်ထက် မနည်း သစ္စာရှိစွာ အမှုထမ်းခဲ့သော သူသည် အမှုထမ်းနေ စဉ်သော်လည်းကောင်း၊ အမှုထမ်း ရပ်စဲပြီးနောက် ခြောက်လအတွင်း၌ သော်လည်းကောင်း နိုင်ငံသား ပြုစေလိုကြောင်း လျှောက်ထားလျှင် ထို့ပြင် အောက်ပါ ခြွင်းချက်များမှ တစ်ပါး ဤအက်ဥပဒေရှိ အခြား ပြဋ္ဌာန်းချက်အားလုံးကို အပြည့်အစုံ လိုက်နာလျှင် ထိုသူအား နိုင်ငံသား ပြု လက်မှတ်ကို ပေးအပ်နိုင်သည်လို့ ဆိုထားတယ် -
(၁) ကြံရွယ်ခြင်းကို ကြိုတင် အကြောင်းကြားရန် မလို၊
(၂) ပြည်ထောင်စု အတွင်းတွင် နေထိုင်ခဲ့ရန် မလို၊
မိတ်ဆွေ - ခင်ဗျားပြောတော့ အရေးကြီးတာလေးဆို ဘာကို ဆိုလိုချင်တာလဲဗျ။

မိမိ - ဒီလိုဗျ။ လွတ်လပ်ရေး မရမီက အင်္ဂလိပ်စစ်တပ်နှင့် ပါလာပြီး ဗမာ့တပ်မတော်မှာ လွှဲပြောင်း တာဝန်ထမ်းဆောင်တဲ့ အိန္ဒိယ၊ ပါကစ္စတန်နဲ့ ဂေါ်ရခါး လူမျိုးတွေ ရှိတယ်။ တချို့က အဲဒီခေတ် အခေါ်အဝေါ် ပုလိပ်တပ်ဖွဲ့လည်း ရှိတယ်။ မြန်မာနိုင်ငံမှာ အနေကြာ လာပြီး လက်နက်ကိုင် တပ်ဖွဲ့မှာလည်း အမှုထမ်း ခဲ့လေတော့ သူတို့ရဲ့ သစ္စာရှိမှုကို ထောက်ထားသောအားဖြင့် ဒီအချက်ကို ခွင့်

ဆက်ဖတ်ရန်
ပို့စ်တင်သူ ။.............။ Ganda on
0 ( မှတ်ချက်ရေးချင်ရင် )
ခေါင်းစဉ်အလိုက်ပို့စ်များ |

By ရဲရဲမဟာသွေး facebook ရေးသားချက်အား တင်ပေးလိုက်ခြင်းဖြစ်ပါသည်
 
၃ မိနစ်လောက်လေးဘဲ အချိန်ပေးပြီးတော့ ဖတ်ပေးပါ..
ရန်ကုန်မြို့တွင် ယာဉ်ကြောများပိတ်ဆို့ပြီး မော်တော်ယာဉ်မောင်းများ၊ခရီးသွားပြည်သူများ၊အလုပ်သ

မားဝန်ထမ်းများ၊ကျောင်းသားကျောင်းသူများ အမြဲတမ်းအခက်အခဲဖြစ်လျက်ရှိသော အဓိကနေရာ
သုံးခုအား နိုင်ငံတော်မှ ငွေကြေးအကုန်အကျခံပြီး ဂုံးကျော်တံတားသုံးစင်းထိုးပေးမည့် စီမံကိန်းအား
ကြေငြာခဲ့သေ
ာအခါ ရန်ကုန်မြို့နေ ပြည်သူတစ်ယောက်အနေဖြင့် ၀မ်းသာအားရဖြင့် နိုင်ငံတော်၏
စေတနာကကို ကျေးဇူးတင်မိပါသည်။ထိုစီမံကိန်း သုံးခုမှာ လှည်းတန်းဂုံးကျော်တံတား၊ဘုရင့်နောင်ဂုံး
ကျော်တံတား နှင့် တာမွေအ၀ိုင်းဂုံးကျော်တံတား တို့ဖြစ်ပါသည်။သို့ရာတွင် တကယ်တမ်းစီမံကိန်း
စတင်ခဲ့သောအခါ လှည်းတန်းဂုံးကျော်တံတားနှင့်ဘုရင့်နောင်ဂုံးကျော်တံတားတို့သာ စတင်ခဲ့ပြီး
တာမွေအ၀ိုင်းဂုံးကျော်တံတားစီမံကိန်းမှာ ပျက်သွားခဲ့ပါသည်။ထိုသို့ တာမွေအ၀ိုင်းဂုံးကျော်တံတား 


စီမံကိန်း ပျက်သွားခဲ့ခြင်းအား သာမန်ပြည်သူတစ်ယောက်အနေဖြင့် ရေ၊မြေအနေအထားကြောင့်
စီမံကိန်းဖျက်လိုက်ရခြင်း(သို့မဟုတ်)နည်းပညာပိုင်းဆိုင်ရာအားနည်းချက်ကြောင့်ဖျက်လိုက်ရခြင်း
(သို့မဟုတ်) ထိုသို့ သို့လော သို့လော အတွေးများနဲ့သာ သာမန်ကာလျှံကာနေခဲ့မိပါသည်။သို့ရာတွင်
ထိုသို့ သို့လော သို့လော အတွေးများထဲတွင် မပါဝင်ခဲ့သော အကြောင်းအရာတစ်ခုမှာ ယခုမှကွက်
ကွက်ကွင်းကွင်းကြီးပေါ်လာခဲ့ပါတော့သည်။ယခုမှ သိလာခဲ့ပါတော့သည်။ထိုအကြောင်းအရာမှာ
တာမွေအ၀ိုင်းဂုံးကျော်တံတားစီမံကိန်းကို ဖျက်လိုက်ရခြင်းအကြောင်းအရာမှာ စီမံကိန်းအရ တံတား
ထိုးမည်ဆိုလျှင် တာမွေရှိ မူဆလင်သချိုင်္င်းနှင့်ဗလီအား ဖျက်ရမည်ဖြစ်ပါသည်။ ထို့ကြောင့် စီမံကိန်း
အား ဖျက်သိမ်းလိုက်ခြင်းဖြစ်ကြောင်း သိရှိရပါသည်။မေးလိုသည်မှာ အများပြည်သူနှင့်သက်ဆိုင်
သော ပြည်သူလူထုခရီးသွားလာရာတွင် အဆင်ပြေချောမွေ့စေမည်ဖြစ်သော စီမံကိန်းကြီးတစ်ခုလုံး
အားဖျက်လိုက်ရခြင်းမှာ မူဆလင်တို့မှ စီမံကိန်းကြီးတစ်ခုလုံးဖျက်လိုက်ရလောက်အောင် ငွေကြေး
မည်မျှ ပေးကမ်းခဲ့ပါသလဲ(သို့မဟုတ်)စီမံကိန်းကြီးတစ်ခုလုံး ဖျက်လိုက်ရလောက်အောင် မည်သို့ခြိမ်း
ခြောက်နှောင့်ယှက်ဖိအားပေးမှု့တွေလုပ်ခဲ့ပါသလဲ။မြန်မာပြည်သည် မည်သူတို့၏နိုင်ငံဖြစ်ပါသလဲ။
မြန်မာပြည်မှ အသီးအပွင့်များအား မည်သူတွေ ခံစားရမှာပါလဲ။မြန်မာပြည်မှ အခွင့်အရေးများကို
မည်သူတွေက ရပိုင်ခွင့်ရှိပါသလဲ။




http://news.mmsy.info/wp-content/uploads/2012/08/7th-masjid.jpg
By ရဲရဲမဟာသွေး

ဆက်ဖတ်ရန်
ပို့စ်တင်သူ ။.............။ Ganda on Monday 24 September 2012
0 ( မှတ်ချက်ရေးချင်ရင် )
ခေါင်းစဉ်အလိုက်ပို့စ်များ |

သမ္မတ၏ သ၀ဏ်လွှာနှင့်အတူ ပါရှိသော ရခိုင်တိုင်းရင်းသားများအပေါ် စွပ်စွဲချက်များကို ရခိုင်ပါတီ ခေါင်းဆောင် တုံ့ပြန်၊ ဘင်္ဂါလီများအား ပြည်ခိုင်ဖြိုးက တရားဝင်နိုင်ငံရေးထဲကို ခေါ်သွင်းခဲ့ ဟုလည်းဆို

By Shwe Gyaw

ရန်ကုန်၊ ၆ စက်တင်ဘာ ၂၀၁၂၊ Coral Arakan News Agency

ပြည်ထောင်စုလွှတ်တော်သို့ ပေးပို့ခဲ့သည့် ၂၀၁၂ ခုနှစ် သြဂုတ်လ ၁၇ ရက်နေ့စွဲပါ သမ္မတ၏ သ၀ဏ်လွှာအတူ ပါရှိသော ရခိုင်တိုင်းရင်းသားများအခြေအနေ သုံးသပ်ချက်များနှင့် ပတ်သက်၍ Coral Arakan နှင့် စက်တင်ဘာလ ၅ ရက်နေ့က ရန်ကုန်မြို့၊ စမ်းချောင်း နေအိမ်တွင် သီးခြားတွေ့ဆုံစဉ် ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဦးအေးသာအောင်က တုံ့ပြန်ပြောကြားခဲ့ သည့်အပြင် မောင်တောခရိုင်တွင် ပြည်ခိုင်ဖြိုးက တစ်မျိုးသားလုံး နှင့် နိုင်ငံတော်၏ လုံခြုံရေးကို ပမာမထားပဲ မိမိပါတီအနိုင်ရရှိရေးကိုသာ ဦးစားပေးကာ ဘင်္ဂါလီများအား တရားဝင်နိုင်ငံရေးထဲကို သွင်းခဲ့သည်ဟု ပြောကြားလိုက်သည်။

ပြည်ခိုင်ဖြိုးပါတီသည် မဲအနိုင်ရရေးကို မျှော်ကိုးလျက် ဥပဒေကို မျက်ကွယ်ပြုကာ ဘင်္ဂါလီ မူဆလင်များအပေါ် မသင့်မလျော်ဆောင်ရွက်ပေးကြောင်း စွပ်စွဲကြသည်များနှင့် ပတ်သက်၍ Coral Arakan ကမေးမြန်းရာတွင် ဦးအေးသာအောင်က “၀န်ကြီးဦးစိုးသိန်း၊ ဦးအောင်မင်းတို့နဲ့ ကျွန်တော်တို့ တွေ့တဲ့အခါ (ပြောခဲ့တာက) ဖဆပလခေတ်မှာ ဆူစတန်မာမောက်ဟာ မူဆလင် ဘာသာရေး အဖွဲ့အစည်းတစ်ခုကို ကိုယ်စားပြုပြီး ရွေးကောက်ပွဲဝင်တယ်။ ဖဆပလအစိုးရက ဘာသာရေးနဲ့ နိုင်ငံရေးကို မရောယှက်က်ရဆိုတဲ့မူနဲ့ အဲဒီအဖွဲ့အစည်းကို ကန့်သတ်လိုက်တဲ့အခါ သူက ဖဆပလထဲကိုဝင်တယ်။ ဖဆပလ မဲအနိုင်ရဖို့အတွက် ဘင်္ဂါလီတွေကို သူတို့ပါတီထဲကိုသွင်းတယ်။ နိုင်ငံသား မှတ်ပုံတင်ရဖို့ လုပ်ပေးတယ်။ ဟိုဖက်နိုင်ငံက လူတွေကိုလည်း ခိုးသွင်းပြီးတော့ မှတ်ပုံတင်လုပ်ပေးခဲ့တဲ့ အထောက်အထားတွေ သမိုင်းမှာ ရှိတယ်။ ထို့အတူပဲ မောင်တောကို ရောက်တဲ့အခါမှာ လတ်တလော ရခိုင်ပြည်နယ်မှာရှိနေတဲ့ ပါတီကြီးတစ်ခု ဟာ သူတို့ပါတီမှာ ရခိုင်တွေကို ဖယ်ပြီး ဘင်္ဂါလီတွေကို ထည့်တယ်ဆိုတာကို ကျွန်တော်တို့ကို ပြောပြတယ်။ စစ်တွေမှာ မောင်တောမှာ ရခိုင်လူမျိုး ပြည်ခိုင်ဖြိုးပါတီခေါင်းဆောင်တွေကို ဖယ်ပြီး ဘင်္ဂါလီတွေကို ထည့်တယ်လို့ (ပြောပြတယ်)။ တကယ်တော့ ပါတီတစ်ခု အနိုင်ရဖို့ထက် တစ်မျိုးသားလုံးရဲ့နိုင်ငံတော်အရေး၊ နိုင်ငံတော် လုံခြုံရေးဟာ ပိုလိုအရေးကြီးတယ်၊ မောင်တောလိုနေရာတစ်ခုမှာ မိမိပါတီအနိုင်ရဖို့ထက် တစ်မျိုးသားလုံးရဲ့ရေရှည်လုံခြုံရေးကိုသာ ဦးစားပေးသင့်တယ်လို့ ကျွန်တော်က ပြောခဲ့တယ်” ဟု ဖြေကြားခဲ့သည်။

မောင်တောမြို့နယ်တွင် ပြည်ခိုင်ဖြိုးပါတီဝင်အများစုမှာ ဘင်္ဂါလီများဖြစ်ကြပြီး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အဖွဲ့ဝင်အများစုမှာလည်း ဘင်္ဂါလီလူမျိုးများဖြစ်ကြကာ၊ ပြီးခဲ့သည့် ဇွန်လအတွင်း ရခိုင်လူမျိုးများကို တိုက်ခိုက်ရာတွင် ယင်းပါတီကြီးနှစ်ခုစလုံးမှ ပါတီဝင်ဆိုသူ ဘင်္ဂါလီများပါ ပါဝင် တိုက်ခိုက်ခဲ့ကြသည်ဟု မောင်တောဒေသခံ ရခိုင်လူမျိုးများက ဆိုသည်။

မောင်တော ဘူးသီးတောင်တွင် ဦးနု၏ဖဆပလလက်ထက်က ဒေသခံ ရတညပါတီကို ဖဆပလ က အနိုင်ရရန်အတွက် ရှိပြီးသား ဘင်္ဂါလီများကို မှတ်ပုံတင်ထုတ်ပေးသည်သာမက ရွေးကောက်ပွဲ လုပ်ခါနီးတွင် တစ်ဖက်ကမ်း အရှေ့ပါကိစ္စတန်(ယခု ဘင်္ဂလာဒေ့ရှ်)မှ ဘင်္ဂါလီများကို လှေသမ္ဗာန် အစီး ရာချီသွင်းကာ ဖဆပလအား မဲပေးစေခဲ့သည်။

ယခုအခါ အိန္ဒိယနိုင်ငံ အာသံပြည်နယ်တွင် မကြာသေးမီက ဖြစ်ပွားခဲ့သည့် ဗုဒ္ဓဘာသာဝင် ဘိုဒိုလူမျိုးများနှင့် ဘင်္ဂလာဒေ့ရှ်မှ ခိုးဝင်သူ အင်္ဂါလီမူဆလင်များအကြား ပဍိပက္ခများဖြစ်ရသည့် အကြောင်းရင်းခံများတွင် နိုင်ငံရေးသမားအချို့၏ မဲရလျှင်ပြီးရော (vote bank oriented) နိုင်ငံရေး သမားများတွင်လည်း တာဝန်မကင်းဟု ဒေသထုတ် သတင်းစာများတွင် ရေးသားနေကြသည်။

သမ္မတ၏ သ၀ဏ်လွှာအတူ ပါရှိသော ရခိုင်တိုင်းရင်းသားများအခြေအနေ သုံးသပ်ချက်များနှင့် ပတ်သက်၍မူ ဦးအေးသာအောင်က အောက်ပါအတိုင်း တုံ့ပြန်ပြောကြားသည်။

“နံပါတ်တစ်အချက် ရခိုင်ပြည်နယ်ရှိ နိုင်ငံရေးပါတီများလို့ရေးထားတာဟာ ရခိုင်ပြည်နယ်မှာရှိတဲ့ ပါတီ သုံး လေး ပါတီအနက် ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ နှစ်ပါတီကို အဓိက စွပ်စွဲတာဖြစ်တယ်။ ဒီလိုစွပ်စွဲထားသလို လုံးဝမဟုတ်ဘူး ပြောချင်တယ်။ ဘာကြောင့်လဲဆိုတော့ ဒီလိုဖြစ်ပျက်လာခဲ့တဲ့အတွက် ရခိုင်လူမျိုးတွေ သေကြေကြရတယ်။ ရခိုင်စီးပွားရေးကလည်း နောက် ငါးနှစ်နဲ့ နာလန်ထူဖို့ဆိုတာမဖြစ်နိုင်။ ဒါကြောင့်မို့ ရခိုင် နိုင်ငံရေး ပါတီတွေက ဒီလိုဖြစ်မှာကို လုံးဝ မလိုလားဘူး၊ တခြားနည်းနဲ့တော့ ဒီဘင်္ဂါလီကိစ္စကို ဖြေရှင်းလိုတဲ့ ဆန္ဒရှိကြတယ်။ သူတို့ကို မှတ်ပုံတင်တွေ စစ်ဆေးရမယ် စသည်ဖြင့်။ ဒီလို (ပဋိပက္ခ) ဖြစ်လာဖို့ အတွက် RNDP ရော ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ရော လှုံ့ဆော်တယ်လို့ စွပ်စွဲခြင်းဟာ လုံးဝ မဟုတ် မမှန် စွပ်စွဲခြင်းသာဖြစ်ပါတယ်”

နောက်တစ်ချက် ‘နိုင်ငံအနှံ့အပြားတွင် နေထိုင်သည့် ဘင်္ဂါလီမူဆလင်များအပေါ် အကြမ်းဖက်ရန် ကိုလည်း အဆက်မပြတ် ကြံစည် လုပ်ဆောင်လျက်ရှိသည်’ ဆိုတဲ့အချက်ဟာ ရယ်စရာဟာသ တစ်ခုပဲ ဖြစ်တယ်။ ရခိုင်လူမျိုးတွေမှာ အာဏာလည်းမရှိ၊ လက်နက်လည်းမရှိ၊ ဘင်္ဂါလီတွေမှာက မူဆလင် ကမ္ဘာအပါအ၀င် ငွေကြေး ချမ်းသာတဲ့ ထောက်ပံ့မယ့် နိုင်ငံတွေရှိ တာကြောင့်…..၊ အင်တာနက်ပေါ်မှာလည်း ရခိုင်ခေါင်းဆောင်တွေကို ဘယ်လိုလုပ်ကြံမယ် ဆိုတာတွေကို ဖတ်နေ ရတယ်။ (ဒီစွပ်စွဲချက်ဟာ) ပြောင်းပြန် စွပ်စွဲထားတာ လို့ပဲ ပြောချင်တယ်”

နောက်တစ်ချက် စီးပွားရေး၊ ရခိုင်တွေက ဘင်္ဂါလီတွေရဲ့စီးပွားရေးကို အချောင်ဝင်ယူဖို့ ကြိုးပမ်းလာ တယ်ဆိုတဲ့ အချက်ကလည်း ရယ်စရာဖြစ်နေတယ်၊ ဒါဟာလည်းပဲ မဟုတ်တမ်းတရား စွပ်စွဲထား တာပဲဖြစ်တယ်”

ခေတ်အဆက်ဆက် အစိုးရများအနေဖြင့် ရခိုင်တိုင်းရင်းသားများ၏ အကျိုးစီးပွားကို ဖော်ဆောင်ခြင်း မပြု၊ ကာကွယ် ပေးခြင်းမခြင်းမရှိဘဲ သယံဇာတများကိုသာ ထုတ်ယူသုံးစွဲခဲ့သည် ဆိုတာကိုတော့ ကျွန်တော်တို့ (ကိုယ်တိုင်) ပြောပါတယ်။

မီဒီယာတွေမှာလည်းပြောပါတယ်။ ခေတ်အဆက်ဆက် ရခိုင်ပြည်က သားငါး ပုဇွန် သစ်တော သယံဇာတတွေကို (ထုတ်ယူသုံးစွဲတယ်)။ လမ်းစဉ်ပါတီခေတ်၊ ဖဆပလခေတ်၊ ရခိုင်ပြည်အတွက် ဘာတစ်ခုမှ (လုပ်ပေးခဲ့တာ မရှိဘူး)။ ဆိပ်ကမ်းကောင်းကောင်းမရှိ၊ စက်ရုံတစ်ခုမရှိ၊ လမ်းတစ်လမ်း အကောင်းမရှိ ဘာလုပ်ပေးခဲ့လဲ။ အခု ရေနံ ဂတ်စ်ထွက်တယ်။ ရခိုင်ပြည်ကို ပေးဖို့မပါဘူး။ ပါသလား။ ဘယ်နှစ်ရာခိုင်နှုန်း ပါသလား၊ တကယ်ဆိုရင် ဒေ၀ူးကိုပဲ ရောင်းရောင်း၊ တရုတ်ကိုပဲ ရောင်းရောင်း၊ အိန္ဒိယကိုပဲ ရောင်းရောင်း ရတဲ့အထဲက ပြည်ထောင်စုက ဘယ်လောက်ယူ ပြည်နယ်က ဘယ်လောက်ယူ မဖြစ်သင့်ဘူးလား။ အခု အဲဒီလိုပါသလား။ မပါ။ အခုထိ မသေချာသေးဘူး။ သို့သော် ကျွန်တော်တို့က မီးလင်းရုံ လောက်ကို မတောင်းဘူး။ အဲဒီအထဲက ရခိုင်ပြည်နယ်ဘတ်ဂျတ်ကို ဘယ်လောက်ပေးမလဲ။ ကျွန်တော်တို့ တောင်းသွားမယ်။ မီးလင်းရေးကို ကျွန်တော်တို့ လုပ်မယ်။ ကျွန်တော်တို့ကို ဂတ်စ်သုံးခွင့်ပြုပါ။ ပြည်ထောင်စုအစိုးရက လုပ်ပေးဖို့မလိုဘူး၊ ကျွန်တော်တို့ ရအောင်လုပ်မယ်။ ကျွန်တော်တို့ကို ဂတ်စ်သုံးခွင့်ပြုပါ။ ဂတ်စ်ရောင်းလို့ရတဲ့အထဲက ပြည်နယ်အစိုးရဘတ်ဂျတ် ဘယ်လောက်ပေး။ ဒါကို ကျွန်တော်တို့ ပြောနေတာ။ ပြည်သူတွေပြောနေတာ။ စွပ်စွဲတာမဟုတ်ဘူး”

ရခိုင်ပြည်နယ်အတွင်း ဘင်္ဂါလီများ ခိုးဝင်မှုကို ထိရောက်စွာတားဆီးခြင်းမရှိ၊ လူဝင်မှုကြီးကြပ်ရေး လုပ်ငန်းများ အပေါ် အဂတိလိုက်စားသော ၀န်ထမ်းများအား အရေးယူမှုမရှိ ဆိုတဲ့အချက်ကိုတော့ လူတိုင်းသိတယ်။ ဒါဟာစွပ်စွဲတာမဟုတ်ဘူး။ မောင်တောမှာ တာဝန်ကျတဲ့ လ၀ကတွေ သူဋ္ဌေးဖြစ်ပြီးပြန်တယ်။ လူတိုင်းသိတယ်”

နိုင်ငံတော်သမ္မတ၏ သ၀ဏ်လွှာကို ပူးတွဲပါ ရခိုင်ပြည်နယ်ပဍိပက္ခဖြစ်စဉ်သုံးသပ်ချက်များနှင့်အတူ သမ္မတဦးသိန်းစိန် ကိုယ်တိုင် လက်မှတ်ထိုးကာ ၂၀၁၂ သြဂုတ်လ (၁၇) ရက်နေ့က ပြည်ထောင်စု လွှတ်တော် နာယကထံကို ပေးပို့ခဲ့ သည်။

၎င်းသုံးသပ်ချက်မှတ်တမ်းတွင် ပါရှိသော အချက်အလက်များထဲမှ အပိုဒ်(၉) ၊ အပိုဒ်(က)မှ(ဇ) အတွင်းပါရှိသော ရခိုင်တိုင်းရင်းသားများကို စွပ်စွဲသုံးသပ်ချက်များကို ပြည်သူ့လွှတ်တော် အမတ် တချို့က ကန့်ကွက်ကြပြီးနောက် လူမှုမီဒီယာများအပါအ၀င် မီဒီယာများတွင် ပွက်လောရိုက်သွားကာ ၄င်းသ၀ဏ်လွှာကို ဖတ်ကြားခြင်းမပြုပဲ ဆိုင်းငံ့လိုက်သည်။

ထို့နောက် သမ္မတရုံး ညွှန်ကြားရေးမှူး၏ မှူးဇော် Facebook စာမျက်နှာတွင် သမ္မတသ၀ဏ်လွှာ ဆိုင်ရာ ရှင်းလင်းချက်ကို သြဂုတ်လ (၂၃)ရက်နေ့တွင် ထုတ်ပြန်သည်။ သမ္မတသ၀ဏ်လွှာအပိုင်း မဟုတ်သည့် ဒုတိယပိုင်း သုံးသပ်ချက်များတွင် ရေးသားထားသည်များမှာ သမ္မတ၏အာဘော် မဟုတ်ပါကြောင်း၊ သမ္မတကြီးသည် နိုင်ငံတော်နှင့် နိုင်ငံသားများအပေါ် သစ္စာစောင့်သိရိုသေပြီး ဇာတိနိုင်ငံသားတို့၏ အကျိုးကို သယ်ပိုးဆောင်ရွက်လျက်ရှိကြောင်း မှူးဇော်စာမျက်နှာတွင် တင်ထားသည့် ရှင်းလင်းတင်ပြချက်က ဆိုသည်။

ယင်းဖြစ်စဉ်နောက်ပိုင်း ၀န်ကြီးရာထူးအပြောင်းအလဲများတွင်ဒုတိယဗိုလ်ချုပ်ကြီး လှမင်းကို ကာကွယ်ရေးဝန်ကြီး ရာထူးမှဖယ်ရှားခဲ့သည်။

ရခိုင်အရေးကို ထဲထဲဝင်ဝင် နားမလည်သူ ပြည်မနိုင်ငံရေးသမားများနှင့် ပတ်သက်၍ Coral Arakan က စစ်တွေမြို့အခြေစိုက် ၀ံလက်ဖောင်ဒေးရှင်း ဒါရိုက်တာတစ်ဦးဖြစ်သူ ဦးကျော်ဇောဦးကို မေးမြန်းရာ ၄င်းက “ဘင်္ဂါလီ ဆူပူမှုတွေ ဖြစ်ဖြစ်ချင်း ၈၈ မျိုးဆက်ကျောင်းသားတွေ ဒီကိုလာပြီး စုံစမ်း လေ့လာမှု တွေ မလုပ်ခင်လေးတင်က၊ ပေါင်းကူးက တာဝန်ရှိသူတွေနဲ့ ကျွန်တော်တို့ဝံလက်က ဒါရိုက်တာ သုံးယောက်နဲ့ စကားပြောကြတဲ့အခါ ကျွန်တော်က ဒေါက်တာကျော်သူကို အချက်သုံးချက် ပြောခဲ့ တယ်။ ပြည်မကနိုင်ငံရေးသမားတွေ ဒီကိုလာပြီး ဒီအခြေအနေထဲမှာ ၀င်ပါမယ်ဆိုရင် ကျွန်တော်တို့ ဘက်က ဖြစ်စေချင်တဲ့အချက်တွေပေါ့”

နံပါတ်တစ်အချက်ကို မပြောခင်မှာ ကျွန်တော်က သူတို့ကို နမူနာတစ်ခု ပြောပြတယ်။ တစ်နေ့က ဗိုလ်ချုပ်ကြီးလှမင်း မောင်တောက ‘ပြည်သူ’ဆိုတဲ့လူတွေနဲ့ တွေ့ဆုံစကားပြောတာကို တီဗီကနေ မြင်လိုက်တယ်။ အလှူပေးတန်တာကို ပေးပြီးတဲ့နောက် ခန်းမထဲမှာ ဘင်္ဂါလီတွေကို တစ်ဘက်ခြမ်းမှာ ထိုင်ခိုင်း ရခိုင်တွေကို နောက် တစ်ခြမ်းမှာ ထိုင်ခိုင်းပြီး ‘အိမ်နီးနားချင်းတွေအချင်းချင်း ရန်ခဲပူဆာ မဖြစ်ကြဖို့ ပြည်သူပြည်သားအချင်းချင်း ညီအစ်ကိုပမာ ချစ်ခင်ကြဖို့’ ဆိုပြီး ရန်ဖြစ်တဲ့ ကလေး နှစ်ယောက်ကို ဆရာမက နှစ်ယောက်စလုံးကို သကြားလုံး တစ်ယောက်တစ်လုံးကျွေးပြီး နင်လည်း တော်တော့ မင်းလည်းတော်တော့ ဆိုတဲ့ စကားမျိုး ချဉ်းကပ်မှုမျိုးကို ပြောတယ်။ ဒါကိုကြည့်ပြီး ကျွန်တော် အကြီးအကျယ် စိတ်ပျက်တယ်။ တကယ်လို့ ပြည်မက နိုင်ငံရေးသမား တစ်ယောက် ယောက် တက်ကြွလှုပ်ရှားသူတစ်ယောက်ယောက်ဟာ ဒီလို ချဉ်းကပ်မှုမျိုးနဲ့ ရခိုင်ကို လာမယ်ဆိုရင် မအောင်မြင်နိုင်ဘူး။ ဘယ်လိုနည်းလမ်းသုံးသုံး မအောင်မြင်နိုင်ဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ ဘင်္ဂါလီတွေဟာ သူပြောသလို ပြည်သူမဟုတ်ဘူး။ ညီအစ်ကို မဟုတ်ဘူး။ နံပါတ်တစ်အနေနဲ့ ဒီအချက်ကို လက်ခံဖို့လိုတယ် လို့ ကျွန်တော် ပြောခဲ့တယ်” ဟု ဖြေကြားသည်။

ဦးကိုကိုကြီးနှင့် ဦးမင်းကိုနိုင်တို့ ရခိုင်ပြည်ကို လာရောက်ပြီး အားပေးစကားပြောမှုများမလုပ်ခင်၊ အကြိုရှေ့ပြေးအနေဖြင့် ၈၈-မျိုးဆက်ကျောင်းသားအုပ်စုထဲမှ မနီလာသိန်း နှင့် မမီးမီးတို့ ဇွန်လ တတိယပတ်အတွင်း ရခိုင်ပြည် ပဍိပက္ခနေရာများကို သွားရောက်လေ့လာရာတွင် ၀ံလက် ဖေါင်ဒေးရှင်းမှ ဦးကျော်ဇောဦးအပါအ၀င် ဒါရိုက်တာသုံးဦးတို့က လိုက်လံပို့ဆောင်ရှင်းပြခဲ့ကြသည်။

(ရွှေကျော်)

----------------------------------------------------------------------------------------------------------

Anyone can use our content materials except for print media but please mention that the authors are Coral Arakan News Agency and its journaists.

ဥိးအေးသာအောင်

Coral Arakan News Agency မှကူးယူဖေါ်ပြသည်

ဆက်ဖတ်ရန်
ပို့စ်တင်သူ ။.............။ Ganda on Thursday 6 September 2012
0 ( မှတ်ချက်ရေးချင်ရင် )
ခေါင်းစဉ်အလိုက်ပို့စ်များ |

အနန္တအတုမရှိ ဗုဒ္ဓမြတ်စွာဘုရား

အလှူရှင်များအား MMSA အဖွဲ့မှ မှတ်တမ်းတင်ဂုဏ်ပြုလွှာပေးအပ်

အလှူရှင်များအား MMSA အဖွဲ့မှ မှတ်တမ်းတင်ဂုဏ်ပြုလွှာပေးအပ်

Mahidol University

International Buddhist Collage

မြန်မာ E Books

ထိုင်းနိုင်ငံ ရောက် ရွှေ့ပြောင်း မြန်မာအလုပ်သားမားများအတွက် ပညာရေး အခွင့်အလမ်းများ

MMSA ပရိတ်သတ်များ

ယခင်ပို့စ်အဟောင်းများ

အားပေးနေသော အပေါင်းသင်းများ

International News

တိုင်းရင်းသားသတင်းဌာနများစုစည်းမှု

သတင်းဌာနများစုစည်းမှု

ဘလော့ဂ်များစုစည်းမှု