MMSA ဘလော့စည်းမျဉ်းများ

* ဘာသာ သာသနာနှင့်လူမျိုးတို့၏ ဂုဏ်ကို ထိခိုက်ပျက်စီးစေတတ်သော အရေးအသားမျိုးကို ရှောင်ရှားရန်၊
* အချင်းချင်း ညီညွတ်မှု့ကို ပျက်စီးစေတတ်သော အကြောင်းများကို ရေးသားခြင်းမှ ရှောင်ရှားရန်၊
* သာသနာနှင့် မအပ်စပ်သော အဖွဲ့ဂုဏ်သိက္ခာကို ငြိုးနွမ်းစေတတ်သော ပုံများကိုတင်ခြင်းမှ ရှောင်ရှားရန်၊
* ပုဂ္ဂိုလ်ရေးဆိုင်ရာများထက် အများနှင့်သက်ဆိုင်သော အကျိုးများစေနိုင်သော ပုံများ စာများကိုသာ ရေးသားရန်၊
* MMSAသည် ပညာရေးအဖွဲ့စည်း ဖြစ်သည့် အတွက်နိုင်ငံရေးနှင့်သက်ဆိုင်သော အရေးအသားများကို ရေးခြင်းမှ ရှောင်ရှားရန်၊
* ဗုဒ္ဓဘာသာနှင့် မိမိတို့လေ့လာနေသော ပညာရပ်ဆိုင်ရာ အကြောင်းအရာများကို ဗဟုသုတအလို့ငှါ ရေးသား မျှဝေကြရန်၊
Showing posts with label ပြည်ပသတင်း. Show all posts
Showing posts with label ပြည်ပသတင်း. Show all posts

သီရိလင်္ကာနိုင်ငံမှ ကာဘီဒီလာနီရလိုနီ ဟူသော အမျိုးသားတစ်ဦးသည် လွန်ခဲ့သည့် ငါးနှစ်အတွင်း မည်သည့် အစားအသောက်ကိုမျှ မစားဘဲ အသက်ရှုခြင်း ကျင့်စဉ်ကို လေ့ကျင့်၍
အသက်ရှင် နေထိုင်ခဲ့ကြောင်း ဗြိတိန်ထုတ် သတင်းစာ တစ်စောင်တွင် ဇွန်၂၈ ရက်က ဖော်ပြခဲ့သည်။ မိမိအနေဖြင့် ငါးနှစ်ကြာ အစားအသောက်မစားဘဲ နေထိုင် ခဲ့သော်လည်း လေနှင့် နေတို့မှ ရရှိသည့် ကယ်လိုရီများကို စုပ်ယူခြင်းဖြင့် ကျန်းမာစွာ နေထိုင်နိုင်ခဲ့ကြောင်း ရုပ်သံ အစီအစဉ်တစ်ခုတွင် ကာဘီက ပြောကြားခဲ့သည်။ ၁၉၄ဝ ပြည့်လွန်နှစ်နောက်ပိုင်းကအိန္ဒိယ လွတ်လပ်ရေးခေါင်းဆောင်ကြီး မဟတ္တမဂန္ဓီသည် ၂၁ ရက်ကြာ အစာမစားဘဲ ရေသောက်၍ အသက်ရှင် နေထိုင်နိုင်ခဲ့ကြောင်း၊ အေဗစ်ဘလိန်း ဆိုသူသည် ၄၄ ရက်ကြာ အစာမစား ဘဲ ရေသောက်၍သာ အသက်ရှင် နေထိုင်နိုင်သည့် သာဓကများစွာ ရှိသည်။ ကယ်လိုရီသည် လေ၊ အလင်းရောင်၊ တုံ့ပြန်ခံစားမှုနှင့် ဖိုတွန်များမှရရှိကြောင်း၊ စွမ်းအင်နေရာကို ဖွင့်မထားပါက မည်သို့မှ ခံစားရမည် မဟုတ်ကြောင်း၊ သို့သော် လွန်ခဲ့သည့် ၁ဝ လက ကာဘီသည် ကျန်းမာရေး မကောင်းသည့်အတွက် ထမင်းခုနစ်နပ် စားသောက်ခဲ့ရကြောင်း၊ ၎င်းထမင်း ခုနစ်နပ်တွင် ကယ်လိုရီ ၅ဝဝ နီးပါးပါဝင်ကြောင်း ဝန်ခံ ပြောကြားခဲ့သည်ဟု Newssnip.com က ဖော်ပြခဲ့သည်။

လူတစ်ဦးသည် တစ်နေ့လျှင် ထမင်း သုံးနပ်စားမည် ဆိုပါက တစ်လလျှင် ထမင်းနပ်ပေါင်း ၉ဝ ရှိမည်ဖြစ်ကြောင်း၊ ၁ဝ လကျော်လျှင် ထမင်းနပ်ပေါင်း ၉ဝဝ ရှိရမည် ဖြစ်ကြောင်း ကာဘီက ထပ်လောင်း ပြောကြားခဲ့သည်။

ဆက်ဖတ်ရန်
ပို့စ်တင်သူ ။.............။ Ganda on Wednesday, 3 July 2013
0 ( မှတ်ချက်ရေးချင်ရင် )
ခေါင်းစဉ်အလိုက်ပို့စ်များ |

တကယ်တော့ စင်ကာပူမှာ မွတ်စလင်နဲ့ အခြားဘာသာဝင်တွေကို လက်ထပ်ခွင့် ပေးမထားပါဘူး။ စင်ကာပူမှာ လက်ထပ်မော်ကွန်းရုံးကြီး ၂ ရုံးရှိပါတယ်။
(၁) လက်ထပ်မော်ကွန်းရုံး Registry of Marriages (ROM)http://app.rom.gov.sg/index.asp

(၂) မွတ်စလင် လက်ထပ်မော်ကွန်းရုံး Registry of Muslim Marriages (ROMM) http://app.romm.gov.sg/index.asp
ဆိုပြီး ရုံး ၂ ရုံး ထားရှိပါတယ်။

ပထမ ROM လက်ထပ်မော်ကွန်းရုံးက မွတ်စလင်မှ လွဲလို့ အခြားသော ဘာသာဝင်တွေအားလုံးကို လွတ်လပ်စွာ လက်ထပ်ပေးတဲ့ တရားရုံးပဲဖြစ် ပါတယ်။ ဗုဒ္ဓဘာသာ အချင်းချင်းသော်လည်းကောင်း၊ ဗုဒ္ဓဘာသာ နဲ့ ခရစ်ယာန်သော်လည်းကောင်း၊ ခရစ်ယာန်နဲ့ ဟိန္ဒူကိုသော်လည်းကောင်း ... ကျန်ဘာသာတွေအားလုံး လွတ်လွတ်လပ်လပ် လက်ထပ်ခွင့် ရှိပါတယ်။

Women’s Charter http://www.scwo.org.sg/index.php/resources အတိုင်းဆောင်ရွက်ကာ တစ်လင်တစ်မယားစနစ် ဥပဒေကို ပြဌာန်းတယ် ဆိုပါတော့ဗျာ။ အခြားဘာသာဝင်အားလုံး တစ်လင်တစ်မယားစနစ်ပဲ ကျင့်သုံးခွင့်ပေးထားပါတယ်။ ဒါပေမယ့် ဒီတရားရုံးမှာ လက်ထပ်မယ်ဆိုရင် မိမိဟာ မွတ်စလင်မဟုတ်ကြောင်း ထွက်ဆိုရပါတယ်။ မောင်နှံ နှစ်ယောက်စလုံး တစ်ယောက်မှ မွတ်ဖြစ်လို့ မရပါဘူး။ မွတ်အ၀င် မခံဘူးလို့ အလွယ်ပြောလို့ရပါတယ်။ ဒုတိယ ROMM မွတ်စလင်လက်ထပ်မော်ကွန်းရုံး ကတော့ မွတ်စလင်အချင်းချင်းကိုပဲ လက်ထပ်ပေးပါတယ်။ အခြား ဘာသာဝင်အမျိုးသမီး ခေါ်လာလို့ မရဘူးပေါ့ဗျာ။ (ဒီလင့်မှာလည်း http://en.wikipedia.org/wiki/Matrimonial_law_of_Singapore လေ့လာနိုင်ပါတယ်။)

ဒါဆိုရင် .. ဆိုပါတော့ .. မွတ်တစ်ယောက်က ဗုဒ္ဓဘာသာအမျိုးသမီး တစ်ယောက်ကို လက်ထပ်ချင်ရင်ဘယ်လိုလုပ်မလဲ .. ?
အဖြေက 'လက်ထပ်ခွင့် မရှိ'တဲ့.. ။ ဒါကိုမှ လက်ထပ်ချင်ရင် နည်း ၂ နည်းတော့ ရှိပါတယ်။

(၁) မွတ်က ဗုဒ္ဓုဘာသာကိုပြောင်းပြီး ပထမ ROM လက်ထပ်မော်ကွန်းရုံးမှာ လက်ထပ်ရမယ်။ (သို့မဟုတ်)

(၂) ဗုဒ္ဓုဘာသာအမျိုးသမီးက မွတ်ဘာသာကို ၀င်ပြီး ဒုတိယ ROMM မွတ်စလင်လက်ထပ်မော်ကွန်းရုံးမှာ လက်ထပ်ရမယ်။

.. ဟာ ... ဒါဆိုဘာထူးမှာလဲကွာ .. မွတ်က ဗုဒ္ဓုဘာသာအမျိုးသမီးကို မွတ် ဘာသာထဲ ၀င်ခိုင်းပြီး လက်ထပ်မှာပေါ့ကွာ လို့ စောဒကတက်နိုင်ပါတယ်။ .. ဒီလိုရှိပါတယ် ..။ ကျွန်တော်တို့ ဆီမှာ ကျတော့ မွတ်က မြန်မာမ တစ်ယောက် ကို ''လူကိုပဲယူပါ။ ယူပြီး မင်းလည်းမင်းဘာသာကို ကိုးကွယ်၊ ငါလည်း ငါ့ဘာသာကို ဆက်ကိုးကွယ်မယ်'' ဆိုပြီး လက်ထပ်ပါတယ်။ ယူပြီးနည်းနည်း ကြာမှ နည်းမျိုးစုံးသုံးပြီး မွတ်ဘာသာထဲ ၀င်ခိုင်းတယ်ပေါ့ဗျာ။ ဒီအချိန်မှာ နှိပ်စက်ရင် တရားရုံးမှာ တိုင်နိုင်တယ်ဆိုပေမယ့် ... ဒီအခြေအနေရောက် မှတော့ တိုင်ပါတော့မလား ...။

တိုင်လိုက်လို့ ဖမ်းပြီဆိုရင်တောင် သူ့ရဲ့ ပကတိအပျိုစင်ဘ၀ကို ပြန်ရပါဦး မလား? ဒီတော့ ဒီအခြေအနေရောက်မှတော့ မတိုင်တော့ဘူးပေါ့ဗျာ... သူတို့ဘာသာထဲပဲ ၀င်လိုက်တော့တာပေါ့။ တကယ်တော့ မွတ်စလင်အမျိုးသား တစ်ယောက်က သူ့အမျိုးသမီးက အခြားဘာသာ ဖြစ်နေရင် မွတ်ဘာသာထဲကို ရအောင်သွတ်သွင်းရပါတယ် .. မသွင်းနိုင်ရင် သူဟာတာဝန်မကျေဘူးပေါ့ဗျာ။

ဒီသဘောကို ကောင်းကောင်းနောကြေတဲ့ စင်ကာပူသားတွေက လိမ်ယူပြီး သူတို့အိမ်ရောက်မှ ဘာသာပြောင်းခိုင်းမယ့် အစား အစကတည်းက ရအောင်ပြောင်းခိုင်းနိုင်မှ ယူခွင့်ပြုပါတယ်။ … မယူခင်ဘာသာပြောင်းခိုင်းဖို့ ဆိုတာကြတော့ မွတ်အိမ်ထဲရောက်မှ ဘာသာပြောင်းခိုင်းရတာလောက် မလွယ်တော့ဘူးဗျ။ မိန်းကလေးဘက်က အလိုလိုနေရင်းစဉ်းစားစရာပို များသွားစေပါတယ်။
လူလည်းယူရမယ်? ..
ဘာသာလည်းပြောင်းရမယ်? ။
ဒီလိုဆိုတော့ မိဘတွေ၊ အသိုင်းအ၀ိုင်းတွေဘက်ကလည်း ပိုအချိန်ရသွား တာပေါ့ဗျာ။ ဒါကို အချိန်ဆွဲနိုင်ဖို့ စင်ကာပူသားတွေက ဒီနေရာမှာ တစ်ဆင့်ခံ ထားပြန်သေးသဗျ။ ဘာသာပြောင်းမယ်ဆိုရင်တောင် ချက်ချင်းပြောင်းလို့ မရဘူး။ အခြေခံ မွတ်ဘာသာသင်တန်းတွေ .. ဘာတွေတက်ခိုင်းသေးတယ် .. အဓိပ္ပါယ်က သူတို့ဘာသာကို အသေအချာမြည်းကြည့်ပြီး၊ ပြန်စဉ်းစားပြီးမှ၊ ကိုယ့်ဘာသာနဲ့ သေသေချာချာနှိုင်းယှဉ် စဉ်စားပြီးမှ ၀င်ပါဆိုတဲ့ သဘောပါ။ .. ဒီမှာတင် သတို့သမီးတစ်ချို့က ပြန်စိတ်ပြောင်းသွားတာပေါ့ဗျာ။

ဒီတော့ ဒီမှာလို သူတို့ဘာသာထဲ မ၀င်ဝင်အောင်ရိုက်နှက်ရတာတို့၊ ဘုရားပုံတော်ကို နင်းပြီး ပြောင်းခိုင်းရတာတို့ ဆိုတဲ့ ဖြစ်ရပ်မျိုးတွေ စင်ကာပူ မှာ မဖြစ်တော့ဘူးပေါ့ဗျာ။ ကိုယ့်ဘာသာကို စွန့်ခွာပြီး မွတ်ဘာသာကို ပြောင်းကာ မွတ်ကုလားနဲ့ သွားလက်ထပ်တယ်ဆိုတဲ့ စင်ကာပူ ဗုဒ္ဓုဘာသာ အမျိုးသမီး အရေအတွက်ဟာ အင်မတန်နည်းပါတယ်။ ဒီနေရာမှာတော့ ဥပဒေကြောင့် အပြင် နဂိုကတည်းက လူမျိုး၊ ဘာသာချစ်စိတ် အခြေခံကောင်း တဲ့ စင်ကာပူ တရုတ်အမျိုးသမီးတွေကိုလည်း ချီးကျူးရမှာပေါ့ဗျာ။

မွတ်တစ်ချို့ကတော့ အမျိုးသမီးကို စည်းရုံးလို့ မရတဲ့အခါမှာ သူတို့ကိုယ်သူတို့ အခြားဘာသာပါလို့ လိမ်ညာပြီး ROM လက်ထပ်ရုံးမှာ လက်ထပ်တာ ရှိပါတ ။ .. ဒါဆိုကော ဘာထူးသေးလဲကွာ .. ဆိုရင် .. မတူတဲ့ အချက်က အဲဒီအမျိုးသမီး ကို မွတ်ဘာသာထဲ ၀င်ခိုင်းလို့ မရတော့ပါဘူး။ အတင်းအကြပ် ၀င်ခိုင်းခဲ့ရင် သူ့ကိုယ်သူ အခြားဘာသာပါလို့ ရုံးတော်မှာလိမ်ငြာ ထွက်ဆို တာက တစ်မှု၊ မွတ်ဘာသာထဲကို အတင်းအကြပ်ဝင်ခိုင်းတာက တစ်မှုဆိုတော့ အမှုနှစ်မှု ဖြစ်မယ်ပေါ့ဗျာ။ ဒီအပြင် ROM လက်ထပ်ရုံးမှာ လက်ထပ်လိုက်ပြီ ဆိုတာနဲ့ နောက်တစ်ယောက်တော့ လုံးလုံးလျားလျားယူလို့ မရတော့ပါဘူး။ အမွေဆက်ခံမှုတွေက အစ မွတ်ထုံးစံကို လိုက်လို့မရတော့ပါဘူး။

ဒါဆို .. ဟုတ်ပါပြီ .. မွတ်အချင်းချင်း ၄ယောက်ယူပြီး လူနဲ့ မျိုမယ်ဆိုရင်ကော ?? … ဆိုတော့လည်း .. အလွယ်တကူ နောက်တစ်ယောက်ထပ်ယူလို့ မရအောင် ဥပဒေကို ပညာသားပါပါ ပြဋ္ဌာန်းတားမြစ်ထားပါတယ်။ ဒီနေရာမှာ ROMM မွတ်စလင်လက်ထပ်မော်ကွန်းရုံးကို MUSLIM LAW ACT နဲ့ အုပ်ချုပ်ပါတယ်။ မွတ်တွေကို ၄ ယောက်ယူခွင့်ပေးတယ်ပေါ့ဗျာ ... ဒါပေမယ့် တကယ်ယူဖို့ မလွယ်ဘူး။ နောက်တစ်ယောက်ယူချင်တယ်ဆိုတာနဲ့ နောက် တစ်ယောက်ကို ကျွေးနိုင်လောက်အောင်ချမ်းသာကြောင်း ပိုင်ဆိုင်မှုတွေ အကုန်ပြရပါတယ်။ ဒါဟာ ဘာကို တားလိုက်တာလည်း ဆိုတော့ သာမာန် လူတန်းစားနဲ့ ဆင်းရဲသားမွတ်တွေ နောက်မိန်းမယူခွင့် မရှိဆိုတာကို သွယ်ဝိုက်သောနည်းနဲ့ တားလိုက်တာပါ။ ယူခွင့်ရှိတဲ့ မွတ်အရေအတွက် အလိုအလျောက်နည်းသွားတာပေါ့ဗျာ။

ဒါဆိုသူဋ္ဌေးမွတ်တွေ လွတ်လွတ်လပ်လပ်ယူမှာပေါ့ ဆိုပြန်တော့လည်း ... ဒီလို ‘ထစ်’ထားပြန်တယ်။ နောက်တစ်ယောက်ယူမယ်ဆိုတာနဲ့ တရားရုံးမှာ လျှောက်ရပါတယ်။ ဒီအခါမှာ တရားရုံးက ဘာလုပ်သလဲဆိုတော့.. Kadi လို့ ခေါ်တဲ့ အရာရှိက .. ပထမ မိန်းမရော၊ နောက်ယူမယ့် မိန်းမကော နှစ်ယောက်စလုံးကို သီးခြားစီခေါ်ယူတွေ့ဆုံပြီး အသေးစိတ် အင်တာဗျုးပါတယ်။

လက်ရှိမိန်းမကို အဓိကမေးတာက နောက်တစ်ယောက်ယူတာကို မင်းသဘောတူရဲ့လား? လက်ခံနိုင်ရဲ့လား?

နောက်တစ်ယောက်ရောက်လာရင် မင်းစိတ်ချမ်းသာမှာ သေချာရဲ့လား ? ခြိမ်းခြောက်ထားလို့ သဘောတူနေရတာလား?

ဆိုတာတွေကို ခရေစေ့တွင်းကျ မေးတယ်ပေါ့ဗျာ။ သူက ‘NO’ ဆိုရင်ယူခွင့် မရှိပါဘူး ... ဘယ်လိုလဲ? မွတ်မတွေ သိပ်သဘောထားကြီးမယ်ထင်သလား? ကျွန်မယောက်ျား နောက်မိန်းမတစ်ယောက်ထပ်ယူမှာကို သိပ်ပျော်တာပဲလို့ ဖြေမယ်ထင်သလား? ...

အိုစမာဘင်လာဒင်ကို ခြေရာခံမိသွားတာဟာ သူ့ရဲ့ ပထမ မယားကြီးရဲ့ သတင်းပေးချက်ကြောင့်ပါလို့ စီအိုင်အေအရာရှိတစ်ဦးက ၀န်ခံ ပြောဆိုသွား ခဲ့ပါတယ်။ အငယ်ဆုံးမိန်းမကို ဂရုစိုက်လွန်းတာကို သည်းမခံနိုင်တော့လို့ ကိုယ့်ယောက်ျားကို သတ်မယ့်သူကိုတောင် မိတ်ဖွဲ့နိုင်တာကို ကြည့်လိုက်ရင် မွတ်စလင် အမျိုးသမီးတွေ မယားကြီး၊ မယားငယ်လုပ်ရတာကို မပျော်ပိုက်ကြဘူးဆိုတာ ထင်ရှားပါတယ်။ ဒါကို အသေအချာနားလည်တဲ့ စင်ကာပူသားတွေက မင်းတို့ရဲ့ ‘မယားကြီးရဲ့ သဘောတူလက်ခံမှု’ ရရင် နောက်မိန်းမတစ်ယောက်ထပ်ယူပါဆိုတာဟာ 'မယူနဲ့’ လို့ ပညာသားပါပါ တားထားတဲ့ ဥပဒေတစ်ရပ်ပဲ ဖြစ်ပါတယ်။

အခြားအသေးစိတ် အချက်အလက်တွေကို ဒီလင့်မှာ [http://policy.mofcom.gov.cn/english/flaw!fetch.action?id=bfd32cf9-e1e7-4378-8455-beb6d4f28c16&pager.pageNo=7#934446910-002016] ဖတ်ကြည့်နိုင်ပါတယ်။

၁၉၆၆ မှာ စတင်ပြီး တင်းကျပ်စွာရေးဆွဲကာ ကျပ်ကျပ်မတ်မတ်ဆောင် ရွက်လိုက်တာ ၁၉၇၀ နဲ့ ၁၉၇၄ အကြားမှာ လက်ထပ်ကြတဲ့ မွတ်အတွဲပေါင်း ၁၃,၁၂၃ မှာ ၃၅ ယောက်ပဲ မိန်းမတစ်ယောက်ထက်ပိုယူပါတော့တယ်။ ယနေ့အခါမှာ တော့ မိန်းမတစ်ယောက်ထက်ပိုယူတဲ့ စင်ကာပူမွတ်စလင် ဆိုတာ မရှိသလောက်တောင် ရှားသွားပြီ ဖြစ်ပါတယ်။

နောက်တစ်ခါ .. ဟုတ်ပါပြီ .. မိန်းမတစ်ယောက်ယူပြီး ကလေး တစ်ဒါဇင်လောက်မွေးနေရင်ရောလို့ စောဒကတက်နိုင်ပါသေးတယ်။ ဒါကိုလည်း သမ္မတကြီး လီကွမ်ယုက ၁၉၇၀ ခုနှစ်မှာ ‘Stop at Two’ ဆိုတဲ့ မူဝါဒကို ချမှတ်အကောင်အထည်ဖော်ခဲ့ပါတယ်။ မွတ်အပါအ၀င် မိသားစု အားလုံး ကလေး ၂ယောက်ထက်ပို မွေးခွင့်မရှိဘူးပေါ့ဗျာ။

ဒီလိုဆိုတော့ မွတ်တွေအနေနဲ့ မိန်းမကလည်း တစ်ယောက်ထက်ပို မယူရ၊ ကလေးကလည်း ၂ယောက်ထက်ပို မယူရဆိုတော့ သူတို့ ရဲ့ လူမျိုစီမံကိန်းကြီး လုံးဝရပ်ဆိုင်းသွားလေသတည်းပေါ့ဗျာ။ [ယခုအချိန်မှာတော့ စင်ကာပူဟာ ချမ်းသာနေပြီမို့ Stop at two ပေါ်လစီကို ဆက်လက် မကျင့်သုံးတော့ပါဘူး။ ကလေးပြန်မွေးခိုင်းပါပြီ။ ဒါပေမယ့် လူဦးရေအချိုးကိုတော့ သေသေချာချာ စောင့်ကြည့်နေပါတယ်။] ကျွန်တော့်တို့မြန်မာတော်တော်များများက မွတ်ဆိုရင် ကလေးယူနှုန်းတားခွင့်မရှိလို့ ပဲ သိကြတဲ့သူများပါတယ်။

တကယ်တော့ မဟုတ်ပါဘူး။ မိန်းမ ၄ ယောက်ယူသလိုပါပဲ။ တန်းတူထား ရင်ယူခွင့်ရှိတယ် လို့ပဲ ပြောထားတာပါ။ ကလေးမွေးတဲ့ကိစ္စလည်း ဒီသဘောပါပဲ ။ သူတို့ဘာသာမှာ ကလေးများများယူတာကို အားပေးတယ်ပဲ ပြောထားပါတယ်။ လုံးဝတားမြစ်ခွင့်မရှိလို့ ပိတ်ပင်ထားတာမဟုတ်ပါဘူး။ ဒါကြောင့်လည်း အခုအခါမှာ မွတ်စလင်နိုင်ငံ တော်တော်များများမှာ သားဆက်ခြား စီမံကိန်းတွေကို ဆောင်ရွက်လာနေကြပါပြီ။

ဒီနေရာမှာ ကျွန်တော်တို့နိုင်ငံမှာ လက်ရှိဆောင်ရွက်နေတဲ့ သားဆက်ခြား စီမံကိန်းအကြောင်း အနည်းငယ် ဝေဖန်ဆွေးနွေးချင်ပါတယ်။ ကျွန်တော်တို့ ဆီမှာ တစ်မိသားစု ကလေး ဘယ်နှစ်ယောက်လို့ အတိအကျသတ်မှတ် လိုက်ပြီလို့တော့ မကြားမိသေးပါဘူး။ ကျေးရွာတွေမှာ ဆရာဝန်၊ ဆရာမတွေ က ရွာသူရွာသားတွေကို သားဆက်ခြားဖို့ နားချကြပါတယ်။ မြန်မာတွေရဲ့ ထုံးစံအတိုင်း ပြောတဲ့စကားကို နားထောင်ကြတဲ့ အတွက် တားဆေးသုံးလာ ကြပါပြီ။ ဒါပေမယ့် မွတ်ရွာတွေမှာကျတော့ သူတို့ဘာသာက မတားခိုင်းဘူး ဆိုပြီး သိပ်မသုံးကြပါဘူး။

ဒီအတိုင်းဆက်သွားကြရင် တစ်ချိန်မှာ မြန်မာတွေနည်းပြီး မွတ်တွေများတဲ့ အနာဂတ်မြန်မာနိုင်ငံ ဖြစ်လာနိုင်ပါတယ်။ တစ်မိသားစု ကလေး ၄ ယောက်ဆို ၄ ယောက် .... စသဖြင့် တိတိကျကျ သတ်မှတ်ဖို့ လိုပါတယ်။ ဆရာဝန်၊ ဆရာမတွေရဲ့ အပြစ်တော့ မဟုတ်ပါဘူး။ ဒါပေမယ့် အုပ်ချုပ်သူတွေနဲ့ နိုင်ငံရေး သမားများအားလုံး သေသေချာချာ လေးလေးနက်နက် စဉ်းစားချင့် ချိန်ပြီး တိကျတဲ့ မူဝါဒတွေချမှတ်ဖို့ လိုပါတယ်။ ရှေးယခင်ကာလတွေတုန်းက ‘အိမ်ထောင်၊ သားမွေး’ဆိုတာ လူမှုရေးကိစ္စသက်သက် ဖြစ်ခဲ့ပေမယ့် ယခု အခါမှာတော့ လူမျိုးရေး၊ ဘာသာရေး၊ နိုင်ငံရေးမက တိုင်းပြည်ရဲ့ အချုပ်အခြာ အာဏာနဲ့ပါ သက်ဆိုင်နေပြီဆိုတာကို သတိထားမိဖို့ လိုပါတယ်။

လက်ရှိကျွန်တော်တို့ နိုင်ငံမှာ ထွန်းကားလာတဲ့ အမျိုးသားရေးစိတ်ဓါတ်နဲ့ ပတ်သက်လို့လည်းဆွေးနွေးချင်ပါတယ်။ တကယ်တော့ ဒီအမျိုးသားရေး ၀ါဒဟာ ၁၉ ရာစုနဲ့ ၂၀ ရာစုမှာ အကြီးအကျယ်ထင်ရှားခဲ့ပါတယ်။ ဒီမျိုးချစ် စိတ်တွေပြင်းထန်ခဲ့တဲ့အတွက် ဥရောပသားတွေဟာ သူတို့လူမျိုးကောင်းစား ဖို့အတွက် ကမ္ဘာကို ကျွန်ပြုခဲ့တယ်ဆိုပါတော့။

ဟစ်တလာလို သိပ်အစွန်ရောက်သူတွေပေါ်လာတော့ ကမ္ဘာစစ်ကြီးတွေဖြစ်ပြီး ပြာကျခဲ့ကြပါတယ်။ စစ်ကြီးတွေပြီးတော့မှ ပြန်စဉ်းစားကျတော့ .. အော် မျိုးချစ်စိတ်တွေကြောင့် ငါတို့တွေ စစ်ဖြစ်ခဲ့ကြတာလို့ တွေးမိပြီး မျိုးချစ်စိတ်တွေ ကို အပြစ်မြင်ကာ ပြန်လျှော့ချကြတယ်ပေါ့ဗျာ။ ဒီနေရာမှာ ကျွန်တော်တို့ မြန်မာတွေ သံယောင်မလိုက်မိဖို့ လိုပါတယ်။ ကျွန်တော်တို့ နဲ့ သူတို့နဲ့က သမိုင်းကြောင်းချင်း မတူပါဘူး။

မြန်မာပြည်ဟာ သီပေါမင်းလက်ထက်မှာ ပါတော်မူတယ်ဆိုပေမယ့် အဓိကတာဝန်ရှိတာ မင်းတုန်းမင်းပါ။ သူလက်ထက်မှာ ပြင်ဆင်ဖို့ အချိန်ရပေ မယ့် တရားဝင်မိဖုရား ၆၀ အပြင် မောင်းမမိဿံ၊ မိဖုရားငယ်အပါအ၀င် မိန်းမ ၁၀၀ ကျော်နဲ့ အပျော်ကျုးနေတော့ တိုင်းပြည်အတွက် ပြင်ဆင်ဖို့ သတိမရနိုင် ဘူးပေါ့ဗျာ။ မင်းတုန်းမင်းသာ ကနောင်မင်းသားကြီး တစ်ဝက်လောက် တိုင်းပြည် အတွက် စိတ်ဝင်စားခဲ့ရင်၊ အမျိုးသားရေး ပေါ့ပေါ့မတွေးခဲ့ရင် သီပေါလို အရည်အချင်းမရှိသူ ဘုရင်တက်ဖြစ်ပြီး ပါတော်မမူနိုင်ဘူးပေါ့ဗျာ။

လက်နက်ချင်းကွာလို့သက်သက် ရှုံးတာမဟုတ်ပါဘူး။ [သီပေါမင်းသား ၁၆ နှစ်မှာ မင်းဖြစ်သလို အိမ်နီးချင်း ထိုင်းနိုင်ငံမှာ ချူလာလောင်ကောင် မင်းသားဟာ အသက် ၁၄နှစ် နဲ့ သီပေါဘုရင်နဲ့ မရှေးမနှောင်းမှာ ဘုရင်ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် တိုင်းပြည်ကို အပြည့်အ၀စိတ်ဝင်စားပြီး အသေအချာ ဥာဏ်ကစားနိုင်ခဲ့တော့ ပြင်သစ်လက်ကလွတ်သလို အဂ๎လိပ်လက်ကလည်း လွတ်ခဲ့ပါတယ်။] ဒီတော့ ဥရောပသားတို့က မျိုးချစ်စိတ်ပြင်ထန်ခဲ့လို့ နယ်ချဲ့တွေဖြစ်ခဲ့ချိန်မှာ ကျွန်တော်တို့က အမျိုးသားရေးပေါ့ပေါ့တွေးခဲ့ကြလို့ သူ့ကျွန်ဖြစ်ခဲ့ကြပါတယ်။ ဗိုလ်မင်းရောင်တို့၊ ၀န်းသိုစော်ဘွားကြီးတို့၊ ဗိုလ်ချုပ်အောင်ဆန်းတို့ ဦးဆောင်ခဲ့တဲ့ ကျွန်တော်တို့ ဘိုးဘွားတွေသာ ‘မဟာလူသားဆန်ဝါဒ’ ကျင့်သုံးပြီး British လည်းလူပဲ၊ မြန်မာလည်းလူပဲ .. လူ လူချင်းအုပ်ချုပ်တာ အရေးမကြီးဘူးလို့ တွေးခဲ့ကြရင် ကျွန်တော်တို့ အခုထိတောင် လွတ်လပ်ရေး ရဦးမှာ မဟုတ်သေးပါဘူး။

ဒါကြောင့် ဥရောပသားတွေအတွက် မျိုးချစ်စိတ်ဟာ အဆိပ်ဖြစ်ခဲ့တယ် ဆိုရင်တောင် ကျွန်တော်တို့အတွက် ကတော့ ဆေးလို့ပဲ ယုံကြည်ပါတယ်။ တကယ်တော့ သူတို့တတွေက မျိုးချစ်စိတ်များလွန်းနေတာ ဖြစ်ပြီး၊ ကျွန်တော်တို့တတွေက နည်းလွန်းနေတာပါ။ ဒီနေရာမှာ ဆရာတော်များက အမျိုးသားရေးစိတ်ဓါတ်များ မွေးကြဖို့၊ ကိုယ့်လူမျိုး၊ ဘာသာဝင်အချင်းချင်းချစ်ကြဖို့ ဆုံးမတာကို ခါးခါးသီးသီး ဖြစ်ကြတဲ့ မြန်မာတွေကို တွေ့လို့ အံ့အားသင့်မိပါတယ်။

ဆန့်ကျင်ပြောဆိုသူတွေကိုချည်းပဲ အံ့သြတာ မဟုတ်ပါဘူး။ ကျွန်တော်တို့ မြန်မာတွေရဲ့ နားမှာ မျိုးချစ်စိတ်ဆိုတာကို အင်မတန်စိမ်းနေကြတာကို တွေ့မိလို့ပါ။ (အစွန်းရောက် မျက်ကန်းမျိုးချစ်မျိုးကို အားမပေးသလို ကောက်ရိုးမီး မျိုးချစ်စိတ်မျိုးကိုလည်း အားမပေးပါ။) မျိုးချစ်စိတ်ဆိုတာ ကျွန်တော်တို့ တစ်နိုင်ငံတည်းများ ကွက်ပြီး ပျောက်ဆုံးနေသလားလို့တောင် စဉ်းစားမိပါတယ်။ တကယ်တော့ ဘာသာခြား၊ လူမျိုးခြား တော်တော်များများ ဟာ ကလေးဘ၀ကတည်းက ကိုယ့်လူမျိုးကို ချစ်ကြဖို့၊ စည်းလုံးကြဖို့ သွန်သင်ခံခဲ့ကြရပါတယ်။ သူတို့လူမျိုးသူတို့ ချစ်ရမယ်ဆိုတာကို ဘယ်သူကမှ ကြီးလာမှ တစ်ကူးတစ်က ထပ်ပြီးသင်နေစရာ မလိုအောင်ကို သိကြပါတယ်။ စင်ကာပူမှာလည်း ဒီအတိုင်းပါပဲ။ စင်ကာပူ တရုတ်အမျိုးသမီးတွေဟာ သူတို့ နဲ့လူမျိုးတူ၊ ဘာသာတူတွေကို ပဲ ယူကြတာများပါတယ်။

သေသေချာချာပြန်စဉ်းစားကြည့်ရင် စင်ကာပူဆိုတာ မြို့သေးသေးလေးပါဗျာ။ မလေးရှားနဲ့ အင်ဒိုနီးရှားလို မွတ်စလင်နိုင်ငံကြီး ၂ နိုင်ငံရဲ့ အလယ်နားမှာ နေရတဲ့ မြို့လေးတစ်မြို့ပါ။ ‘မွတ်စလင်ပတ်လည် ၀န်းရံနေသောမြို့ကို စင်ကာပူဟုခေါ်သည်’ လို့တောင် ပြောလို့ ရပါတယ်။ တကယ်လို့များ ...
- စင်ကာပူသားတွေသာ သူတို့ခြံစည်းရိုးကို အသေအချာမကာရံခဲ့ကြရင် ...
- စင်ကာပူအစိုးရကသာ မွတ်တွေရဲ့ မျိုးပွားနှုန်းထိမ်းချုပ်တဲ့ ဥပဒေတွေကို ပညာသားပါပါ မပြဋ္ဌာန်းထားခဲ့ရင် …

- စင်ကာပူတရုတ်အမျိုးသမီးတွေသာ လင်ယူပက်စက်ခဲ့ကြရင် …
....... ''Islamic Republic of Singapore'' ဆိုတဲ့ နိုင်ငံသစ်တစ်နိုင်ငံဟာ ဒီကမ္ဘာမြေမှာ ပေါ်ထွန်းလာခဲ့တာ အတော်လေးတောင်ကြာနေလောက်ပါပြီ။ စင်ကာပူမှာ လက်ရှိမွတ်စလင် ၁၅ % ရှိပါတယ်။ ၁၉၆၅ မှာ လွတ်လပ်ရေး ရခဲ့တဲ့ စင်ကာပူဟာ လွတ်လပ်ရေးရခါစတုန်းကလည်း မွတ်စလင် ၁၅% ၊ အခုလည်း ၁၅% ပါ။ မွတ်ရာခိုင်နှုန်းတွေလုံးဝ တိုးမလာပါဘူး။

စင်ကာပူသားတွေဟာ အခုလိုကမ္ဘာကတောင် လေးစားရအောင် ချမ်းသာ ကြီးပွား တိုးတက်အောင် ဆောင်ရွက်နိုင်ရုံမက မွတ်စလင်တွေရဲ့ လူမျိုတိုက်စစ်အောက်မှာ ၀ါးမျိုမှုကို မခံခဲ့ကြရဘူးဆိုတာဟာ အစိုးရနဲ့ ပြည်သူ လက်တွဲညီညီ ဆောင်ရွက်နိုင်ခဲ့လို့ပါ။ အစိုးရက လိုအပ်တဲ့ ဥပဒေပြဋ္ဌာန်း ကာကွယ်နေချိန်မှာ ပြည်သူတွေကလည်း ကိုယ့်လူမျိုးတူ၊ ဘာသာတူချင်း အားပေးခဲ့ကြ၊ လက်ထပ်ခဲ့ကြပါတယ်။

ဒါကြောင့်မို့လို့ ကျွန်တော်တို့ နိုင်ငံမှာလည်း လူမျိုး၊ ဘာသာ၊ သာသနာ မကွယ်ပျောက်ရလေအောင် ပြည်သူပြည်သားတွေဘက်ကလည်း အမျိုးသားရေးစိတ်ဓါတ်တွေ ပြန်လည်နိုးကြားကြဖို့ လိုသလို အစိုးရအနေ နဲ့လည်း ကိုယ့်လူမျိုး၊ ဘာသာ၊ သာသနာကို ရေရှည်တည်တံ့အောင် ထိမ်းသိမ်းကာကွယ်ပေးနိုင်မယ့် လက်တွေ့ကျတဲ့ ဥပဒေအသစ်တွေ ပြဌာန်းပေးနိုင်ပါစေလို့ နှစ်သစ်ဦးမှာ ဆုမွန်ကောင်းတောင်းလိုက်ရပါတယ်။

လူမျိုး၊ ဘာသာ၊ သာသနာ အဓွန့်ရှည်တည်တံ့ပါစေလို့ ဆန္ဒပြုလျက် -
ဘယ်ဘာသာကိုမှ စော်ကားတိုက်ခိုက်ဖို့ မရည်ရွယ်ပါ။ ကိုယ့် လူမျိုး ၊ ဘာသာ၊ သာသနာ မကွယ်ပျောက်ရန် ထိန်းသိမ်းစောင့်ရှောက်ဖို့သာ ရည်ရွယ်ပါသည်။

ဆက်ဖတ်ရန်
ပို့စ်တင်သူ ။.............။ Ganda on Friday, 28 June 2013
0 ( မှတ်ချက်ရေးချင်ရင် )
ခေါင်းစဉ်အလိုက်ပို့စ်များ , |






လွှတ်တော်က ဆုံးဖြတ်ချက်ချအပြီး လူဂိုက ဇွန်လ ၂၂ ရက်တွင် မိန့်ခွန်းပြောကြားစဉ်(ဘယ်)၊ သမ္မတသစ် ဖက်ဒရီကိုဖရန်ကို ကို ကျမ်းသစ္စာကျိန်ဆိုအပြီးတွင် တွေရစဉ် (ညာ)
ပါရာဂွေးနိုင်ငံတွင် သမ္မတ ဖာနန်ဒိုလူဂိုကို လွှတ်တော်နှစ်ရပ်စလုံး၌ မဲခွဲဆုံးဖြတ်ကာ ဖြုတ်ချခဲ့ပြီးနောက် ဒုတိယသမ္မတ ဖက်ဒရီကို ဖရန်ကိုက ဇွန်လ ၂၂ ရက်နေ့တွင် ရာထူးဆက်ခံခဲ့သည်။
ယခုကဲ့သို့ပြည်သူက ရွေးကောက်တင်မြှောက်ထားသည့် သမ္မတတစ်ဦးကို လွှတ်တော်က ဖြုတ်ချခဲ့မှုအပေါ် လက်တင်အမေရိက ခေါင်းဆောင်များက ဝေဖန်ခဲ့ကြပြီး ဆက်ခံသူ ဖရန်ကိုကို လက်မခံရန် ၀ိုင်းဝန်းကန့်ကွက်မှုများ ဖြစ်ပေါ်ခဲ့သည်။ ပြည်တွင်းတွင်လည်း ဆန္ဒပြမှုများ ဖြစ်ပေါ်ခဲ့သည်။
ပြီးခဲ့သည့်အပတ်က လူ ၁၇ ဦး သေဆုံးစေခဲ့သော မြေယာပိုင်ဆိုင်မှု အငြင်းပွားရာမှ ဖြစ်ပေါ်ခဲ့သည့် မငြိမ်သက်မှုတွင် ဆိုးရွားစွာ ကိုင်တွယ်ခဲ့မှုဖြင့် ကက်သလစ်ဘုန်းတော်ကြီးဟောင်း သမ္မတလူဂိုတွင် အပြစ်ရှိကြောင်း အထက်လွှတ်တော်၌ ထောက်ခံမဲ ၃၉ မဲ၊ ကန့်ကွက်မဲ ၄ မဲဖြင့်ဆုံးဖြတ်ခဲ့ကြသည်။
၂၀၀၈ ခုနှစ်တွင် သမ္မတဖြစ်လာသော လူဂိုသည် ဆင်းရဲသားတို့အရေး ဆောင်ရွက်သူအဖြစ် ထင်ရှားလာခဲ့သူဖြစ်ပြီး လက်ယာယိမ်း ကော်လိုရာဒိုပါတီ၏ ဆယ်စုနှစ်ခြောက်ခု ကြာ အုပ်ချုပ်မှုကို အဆုံးသတ်နိုင် ခဲ့သူအဖြစ် ကျော်ကြားခဲ့သူလည်း ဖြစ်သည်။ သို့ရာတွင်  လင်ကောင် မပေါ်ဘဲ မွေးလာခဲ့သည့် ကလေးနှစ်ဦး၏ ဖခင်ဖြစ်ကြောင်း ၀န်ခံခဲ့ရခြင်းနှင့် နောက်ထပ်ကလေးနှစ်ဦး၏ ဖခင်ရင်းဖြစ်သည်ဟု စွပ်စွဲခံထားရခြင်းတို့ဖြင့် အိမ်ထောင်ရေးအရှုပ် တော်ပုံများကြောင့် နာမည်ပျက်ခဲ့ရသူလည်း ဖြစ်သည်။

အောက်လွှတ်တော်တွင် မဲခွဲဆုံးဖြတ်ရာတွင်လည်း အပြတ်အသတ် အရေးနိမ့်ခဲ့ပြီးနောက် အထက်လွှတ်တော်တွင်ပါ ထပ်မံအရေးနိမ့်ခဲ့ခြင်းကြောင့် ရာထူးမှဆင်းပေးခဲ့ရခြင်းလည်း ဖြစ်သည်။
လူဂိုသည် သူ၏ အာဏာရ ညွန့်ပေါင်းအတွင်းမှ Authentic Radical Liberal Party ကပါ ကော်လိုရာဒိုပါတီနှင့် ပူးပေါင်းပြီး ဖြုတ်ချမှုကို ခံခဲ့ရခြင်းဖြစ်သည်။

Ref;AFP

ဆက်ဖတ်ရန်
ပို့စ်တင်သူ ။.............။ ကိုကျော် on Tuesday, 26 June 2012
0 ( မှတ်ချက်ရေးချင်ရင် )
ခေါင်းစဉ်အလိုက်ပို့စ်များ |






တရားရုံးက စီရင်ချက်ချအပြီး ပါတက်ကို လက်ထိပ်ခတ်နေမှုအား ဇွန်လ ၂၁ ရက်က တွေ့ရစဉ် Photo: AFP
အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းတွင် ၂၀၀၂ ခုနှစ်က ဖြစ်ပွားခဲ့သည့် လူ ၂၀၀ ကျော် သေဆုံးခဲ့သော ဗုံးခွဲမှု၌ ပါဝင်ကူညီခဲ့သည့် အင်ဒိုနီးရှား နိုင်ငံသားတစ်ဦးကို ဂျကာတာ တရားရုံးက ဇွန်လ ၂၁ ရက်နေ့တွင် ထောင်ဒဏ် နှစ် ၂၀ ချမှတ်ခဲ့သည်။

အသက် ၄၅ နှစ်အရွယ်ရှိ အူမာပါတက်သည် ကြိုတင်ကြံစည်ထားသော လူသတ်မှုနှင့် အကြမ်းဖက် လုပ်ရပ်များတွင် အသုံးပြုရန်အတွက် ပေါက်ကွဲတတ်သော ပစ္စည်းများနှင့် လက်နက်များကို ခိုးသွင်းသည့် လျို့ဝှက်ကြံစည်သည့် ပြစ်မှုတွင် ပူးပေါင်းပါဝင်ခဲ့မှုဖြင့် ပြစ်ဒဏ် ချမှတ်ခံရခြင်း ဖြစ်သည်။ မိမိ၏ လုပ်ဆောင်ချက်များအတွက် နောင်တရသည်ဟု ပါတက်က ပြောကြားခဲ့ကြောင်း ၎င်း၏ရှေ့နေ Asludin Hatjani က ပြောကြားခဲ့သည်။

ပါတက်သည် အင်ဒိုနီးရှား၏ အလိုရှိဆုံး အကြမ်းဖက်သမားများထဲမှ တစ်ဦးဖြစ်ပြီး အမေရိကန်အစိုးရ၏ Reward for Justice  အစီအစဉ်က ဒေါ်လာ တစ်သန်း ဆုငွေထုတ်ခံထားရသူဖြစ်သည်။

ဘာလီဗုံးဖောက်ခွဲမှုကို ကြိုးကိုင်ခြယ်လှယ်သူ သုံးဦးဖြစ်သည့် Imam Samudra ၊ Amrozi bin Nurhasyim နှင့် Ali Ghufron တို့ကို ၂၀၀၈ ခုနှစ်တွင် ကွပ်မျက်ခဲ့ပြီးဖြစ်ပြီး ပါတက်မှာ နောက်ဆုံး ရုံးတင်စစ်ဆေးခံရသူဖြစ်သည်။

ပါတက်သည် ၁၀ နှစ်ကျော် ထွက်ပြေးတိမ်းရှောင်ခဲ့ပြီးနောက် ၂၀၁၁ ခုနှစ်၊ ဇန်န၀ါရီလတွင် ပါကစ္စတန်နိုင်ငံ၊ အဘော့တာဘတ် မြို့၌ အဖမ်းခံရခြင်းဖြစ်သည်။ ၂၀၁၁ ခုနှစ်၊ သြဂုတ်လတွင် ပါတက်ကို အင်ဒိုနီးရှားနိုင်ငံသို့ လွှဲပြောင်းပေးခဲ့ခြင်းဖြစ်သည်။

Ref:CNN

ဆက်ဖတ်ရန်
ပို့စ်တင်သူ ။.............။ ကိုကျော် on
0 ( မှတ်ချက်ရေးချင်ရင် )
ခေါင်းစဉ်အလိုက်ပို့စ်များ |

ကျင်သန်များ အပါအ၀င် ကျင်ဝါသနာ ပါသူ ၂၀၀ ကျော် ပါဝင် ယှဉ်ပြိုင် ကစားခဲ့သော သင်္ကြန်ကာလ ထိုင်းနိုင်ငံမှ ရခိုင်ရိုးရာ ကျင်ပွဲမှာ အထူး စည်ကားခဲ့ကြောင်း သတင်း ရရှိသည်။

Rakhine-Kyin
၎င်းကျင်ပွဲကို သင်္ကြန်အကျနေ့ ဖြစ်သော ဧပြီလ ၁၄ ရက်နေ့က ထိုင်းနိုင် ဖူးကတ်မြို့ ပါသောင် ကမ်းခြေ မနှင်းဆီ ပန်းရံ အလုပ်ဆိုက်တွင် လေးဝတီ မျိုးချစ် ရခိုင်လူမှုရေး အသင်းမှ ကြီးမှူး ကျင်းပခဲ့သည်။

" အခုနှစ် သင်္ကြန်မှာ ကျင်းပခဲ့တဲ့ ရခိုင်ရိုးရာ ကျင်ပွဲက (၈) ကြိမ်မြောက် ဖြစ်ပါတယ်။ ကျင်အားကစားကို စိတ်ဝင်စားသူတွေရော၊ တကယ့်ကျင်အားကစားသမားတွေရော စုစုပေါင်း ၂၀၀ ကျော်ခန့် ပြိုင်ပွဲမှာ ၀င်ရောက် ယှဉ်ပြိုင်ခဲ့တဲ့ အတွက် ကျွန်တော်တို့ ပြုလုပ်ခဲ့တဲ့ ကျင်ပွဲကတော့ အထူး စည်ကားခဲ့ပါတယ်။ ပရိသတ်လည်း ၂၀၀၀ နီးပါး တက်ရောက်ပြီး ကျင်ပွဲကို အားပေးခဲ့ကြပါတယ်" ဟု လေးဝတီ မျိုးချစ် ရခိုင်လူမှူရေး အသင်း ဥက္ကဋ္ဌ ကိုစိုးမြင့် မှ ပြောသည်။

ရခိုင်ရိုးရာ ကျင်ပွဲကို ရခိုင်အမျိုးသားများသာများသာမက တခြား မြန်မာတိုင်းရင်းသားများ ဖြစ်ကြသည့် ဗမာ၊ မွန်၊ ထားဝယ် တိုင်းရင်းသားများလည်း လာရောက်ကြည့်ရှု့ခဲ့ကြသည်။

" ကျွန်တော်တို့ ရခိုင်တွေသာမက တခြားတိုင်းရင်းသားတွေလည်း လာရောက်ပြီး စိတ်ဝင်တစား ကျင်ပွဲကို ကြည့်ရှု့ခဲ့ကြပါတယ်။ သင်္ကြန် အလုပ်ပိတ်ရက်ဆိုတော့ အလုပ်သမားတွေက တော်တော်များများ လာကြပါတယ်။ ကိုယ်ရိုးရာ အားကစား ပွဲတော် တစ်ခုကို သူများ နိုင်ငံမှာ ဒီလို ကြီးကြီးမားမား လုပ်နိုင်တဲ့အတွက် အထူး ၀မ်းမြောက် ဂုဏ်ယူပါတယ်" ဟု ကျင်ပွဲကို သွားရောက်ခဲ့သူ ရမ်းဗြဲ လေးတောင်မှ ကိုသန်းရွှေက ပြောသည်။

ကျင်ပွဲတွင် ရွှေမောင်းတန်း ပထမဆုကို မောင်မောင်ထွန်း (ရမ်းဗြဲ) မှ၎င်း၊ ဒုတိယ ဆုကို ဦးကျော်မြင့် (ရသေ့တောင်)မှ၎င်း ရရှိသွားခဲ့သည်။ ပထမဆုကို ဘတ်ငွေ (၈၀၀၀၀) သောင်းကျော် ချီးမြှင့်ခဲ့သည်ဟု သိရသည်။

ကျင်ပွဲ ကျင်းပရခြင်း ရည်ရွယ်ချက်ကိုလည်း ကိုစိုးမြှင့်က ယခုလို ပြောသည်။

" ထိုင်းနိုင်ငံမှာ ရခိုင်ရိုးရာ ကျင်ပွဲကို အဓိက ကျင်းပ ကြတာ နေရာ ၆ ခုလောက်မှာ ကျင်းပ ကြပါတယ်။ ကျွန်တော်တို့ ဖူးကတ်မြို့ ပါသောင်ကမ်းခြေမှာ ကျင်းပရတာကတော့ ကိုယ့်ရိုးရာ အားကစားကို မြေတောင်မြောက်ပေးချင်တဲ့ ရည်ရွယ်ချက် ပါတဲ့ အပြင် ဒီရိုးရာ အားကစားကို နိုင်ငံတကာနဲ့ မိတ်ဆက်ပေးလိုတဲ့ ရည်ရွယ်ချက်လည်း ပါဝင်ပါတယ်။ အခုဆိုရင် ကျွန်တော်တို့ သိရသလောက် ရခိုင်ရိုးရာ အားကစား ကျင်ကို အရှေ့တောင်း အာရှ (ဆီးဂိမ်း) မှာတောင် ထည့်သွင်းဖို့ အဆိုပြုထားတဲ့ အတွက် ဒီအားကစားကို ပိုမိုပြီး လူသိလာအောင် လုပ်တဲ့ သဘောလည်း ဖြစ်ပါတယ်" ဟု သူက ပြောသည်။

ကျင်အားကစားကို လိုက်စားခြင်းဖြင့် ကိုယ်ခန္ဓာ ကျန်းမာ သန်စွမ်းခြင်း၊ ဆေးလိပ် အရက် သေစာ သောက်စား မူးယစ်ခြင်းမှ ကင်းဝေးပြီး နုပျို လန်းဆန်းခြင်း၊ စိတ်ပိုင်းဆိုင်ရာ အရလည်း တည်ငြိမ်မူနှင့် တိုးတက်မူ ရရှိခြင်းတို့ အပြင် ကျင်ပွဲကို ကျင်းပခြင်း ဖြင့် မိမိ တို့ ၏ ဓလေ့ ရိုးရာ များကို ထိန်းသိမ်းရာရောက်ခြင်း၊ ရခိုင်တမျိုးသားလုံး စည်းလုံးပြီး အချင်းချင်း ကူညီရိုင်းပင်းလိုစိတ်ဖြစ်ပေါ်လာစေခြင်း စသည့် အကျိုးကျေးဇူးများကိုလည်း ရရှိကြောင်း ကိုစောမြှင့်က နိရဉ္စရာသို့ ပြောသည်။

ကျင် ဆိုသည်မှာ ကျားနှင့် ယင် တစ်ကောင်နှင့် တစ်ကောင် အဖမ်း၊ အရုန်း၊ အပြေး၊ အချ စသည့်ကို အတုယူပြီး ပြုလုပ်ထားသော အားကစားနည်း ဖြစ်ပြီး ကျင်ဆိုသည်မှာ ကျားယင် ဆိုသာ စကားလုံးမှ ဆင်းသက်လာခြင်း ဖြစ်ကာ ရှေးခေတ် ရခိုင် ဘုရင် လက်ထက်မှ စပြီး ကစားလာသော ရိုးရာ အားကစား တစ်ခု ဖြစ်ကြောင်း သိရသည်။

ယခု ပြုလုပ်သော ရခိုင်ရိုးရာ ကျင်ပွဲတွင် ရခိုင်စည်တော်များ တီးခတ်ပြီး အားပေးခဲ့ကြသလို ရခိုင် သံဃာ့တော်များ၊ အမျိုးသမီးများလည်း တက်ရောက်ခဲ့ကြသည်။ တက်ရောက်လာသူများကို ရခိုင် ထမင်း ဖြင့် ဧည့်ခံပြီး ကျင်ပွဲ ကို ညနေ ၆ နာရီ ခွဲ ခန့် တွင် အောင်မြင်စွာ အဆုံးသတ်ခဲ့ကြောင်း သိရသည်။
နိရဉ္စရာ

ဆက်ဖတ်ရန်
ပို့စ်တင်သူ ။.............။ မောင်သိရီ on Saturday, 21 April 2012
0 ( မှတ်ချက်ရေးချင်ရင် )
ခေါင်းစဉ်အလိုက်ပို့စ်များ |

အင်ဒိုနီးရှားနိုင်ငံ ဆူမားတြားကျွန်းကမ်းလွန်တွင် အင်အား ၈ ဒသမ ၆ ရှိ ငလျင်ကြီးတစ်ခုလှုပ်ခတ် မြန်မာနိုင်ငံအပါအ၀င် အိမ်နီးချင်းနိုင်ငံများအတွက် ဆူနာမီသတိပေးချက် ထုတ်ပြန်ခဲ့သော်လည်း အင်အားပြင်းဆူနာမီတစ်ခုဖြစ်လာဖွယ်မရှိ ကြောင်း သိရ အင်ဒိုနီးရှားနိုင်ငံ ဆူမားတြားကျွန်းကမ်းလွန်တွင် ဧပြီလ ၁၁ ရက်နေ့ မွန်းလွဲပိုင်းအချိန်၌ အင်အား ၈ ဒသမ ၆ ရှိ ငလျင်ကြီးတစ်ခုလှုပ်ခတ်သွားခဲ့ပြီး အိန္ဒိယသမုဒ္ဒရာတစ်ဝိုက်ရှိဒေသများ အတွက် ဆူနာမီသတိပေးချက်များထုတ်ပြန်ခဲ့ရကြောင်းသိရသည်။ ငလျင်သည် အင်ဒိုနီးရှားနိုင်ငံ အာချေးပြည်နယ်မြို့တော် ဘန်ဒါအာချေး ၏ အနောက်တောင်ဘက် မိုင် ၂၇၀ အကွာ သမုဒ္ဒရာအတွင်း ၁၄ မိုင်အနက်တွင်လှုပ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း အမေရိကန် ဘူဗိဗေဒတိုင်းတာရေးအဖွဲ့၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ဟာဝိုင်အီကျွန်းရှိ ပစိဖိတ်ဆူနာမီသတိပေးချက်ထုတ်ပြန်ရေးဌာနက အင်ဒိုနီးရှား၊ အိန္ဒိယ၊ သီရိလင်္ကာ၊ မြန်မာ၊ ထိုင်း၊ မော်လ်ဒိုက်နှင့် အခြားအိန္ဒိယ သမုဒ္ဒရာအတွင်းရှိကျွန်းများ၊ မလေးရှား၊ပါကစ္စတန်၊ ဆိုမာလီယာ၊ အိုမန်၊ အီရန်၊ ဘင်္ဂလားဒေ့ရှ်၊ ကင်ညာ၊ တောင်အာဖရိက၊ စင်ကာပူနိုင်ငံများတွင် ဆူနာမီစောင့်ကြည့်ရန် ငလျင်လှုပ်ခတ်အပြီးတွင် သတိပေးချက်ထုတ်ပြန်ခဲ့သည်။

သို့ရာတွင် နာရီနှင့်ချီကြာမြင့်လာချိန်တွင် အခြေအနေမှာ ထင်သလောက် ဆိုးရွားဖွယ်မရှိခဲ့ပေ။ ဆူနာမီအကြီးစားဖြစ်နိုင်သည့် လက္ခဏာမရှိကြောင်း ပညာရှင်များက သုံးသပ်ထားသည်။
အင်ဒိုနီးရှားသမ္မတ ဆူဆီလိုဘမ်ဘန်းယူဒိုယိုနိုကလည်း အာချေးပြည်နယ်နှင့် ပတ်သက်သည့် ပျက်စီးဆုံးရှုံးမှုသတင်းများ ယခုအချိန်အထိ မရရှိသေးကြောင်း ပြည်တွင်းရုပ်သံမှ တစ်ဆင့်ထုတ်ပြန်ထားသည်။

ဆူနာမီ ထိခိုက်နိုင်ခြေအမြင့်ဆုံးမှာ အာချေးကမ်းရိုးတန်း ဒေသများဖြစ်ပြီး အဓိကစိုးရိမ်ရသည်မှာ ဆီမျူလူကျွန်း၊ ပရီဟာဂျာဒီကျွန်းတို့ဖြစ်သည်ဟု အင်ဒိုနီးရှား ဘူမိရူပဌာနက ထုတ်ပြန်ခဲ့သည်။
ငလျင်သည် ဒေါင်လိုက်အနေအထားမဟုတ်ဘဲ တစ်ပြေးတည်း လှုပ်ခတ်ခဲ့ခြင်းကြောင့် ဆူနာမီဖြစ်လာစေရေး တွန်းအားပေးနိုင်ခြေ နည်းသည်ဟု သြစတြေးလျနိုင်ငံ၊ မဲလ်ဘုန်းရှိ ငလျင်သုတေသနဌာနမှ ဂယ်ရီဂစ်ဘ်ဆင်က ပြောကြားခဲ့သည်။

နောက်ဆက်တွဲငလျင်အသေးစားများမှာ ရှည်လျားသည့် ကမ်းရိုးတန်းတစ် လျှောက်သာဖြစ်ပွားခဲ့ခြင်းကြောင့် ပျက်စီးမှု ဆိုးဆိုးရွားရွားဖြစ်နိုင်ချေနည်းသည်ဟု ဂစ်ဘ်ဆင်ကသုံးသပ်သည်။ ဘန်ဒါအာချေးတွင် မီးပျက်သွားခဲ့ပြီး ဒေသခံများမှာကုန်းမြင့်ပိုင်းသို့ပြောင်းရွှေ့ခဲ့ရကြောင်း အင်ဒိုနီးရှားနိုင်ငံ အမျိုးသားဘေးအန္တ ရာယ်စီမံခန့်ခွဲရေးဌာနက ထုတ်ပြန်သည်။

“ကျွန်မကြုံဖူးသမျှထဲမှာ အကြီးဆုံးလို့တော့ပြောလို့မရပါဘူး”ဟု ဘန်ဒါအာချေးမှ ဒေသခံ တူတီရာမီက အကိုဖြစ်သူထံ ဖုန်းဖြင့်ဆက်သွယ် ပြောကြားမှုကို အေပီကမှတ်တမ်းယူနိုင်ခဲ့သည်။ဖုံးထဲတွင် လူအများအော် ဟစ်ပြေးလွှားရွှေ့ပြောင်းနေသံများပါရှိခဲ့သည်။ “ဒါပေမဲ့မပြီးနိုင်တော့ဘူးလို့ ခံစားနေရတယ်”ဟု တူတီရာမီက အာချေးတွင် နောက်ဆက်တွဲငလျင်များ လေးမိနစ်ခြား တစ်ခါနီးပါး လှုပ်ခတ်နေမှုနှင့် ပတ်သက်ပြီး ပြောကြားခဲ့သည်။

မလေးရှား၊ စင်ကာပူ၊ ထိုင်း၊ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယတို့တွင်လည်း ငလျင်၏သက်ရောက်မှုကို ခံစားခဲ့ရသည်ဟုသိရသည်။ ထိုင်း အမျိုးသား သဘာဝဘေးအန္တရာယ် သတိပေးရေးဌာနက နိုင်ငံ
အနောက်ဘက်ကမ်းရိုးတန်းရှိ ပြည်နယ် ခြောက်ခုမှဒေသခံများကို နေရာရွှေ့ပြောင်းရန် သတိပေးချက်ထုတ်ပြန်ခဲ့သည်။ ခရီးသွားများလာ ရောက်ရာ ဖူးခက်၊ကရာဘီနှင့် ဖန်နာတို့ပါ ပါဝင်ခဲ့သည်
အိန္ဒိယနိုင်ငံ အက်ဒမန်ကျွန်းနှင့် နီကိုဘာကျွန်းမှ အာဏာပိုင်များက မြေနိမ့်ပိုင်း ရှိဒေသခံများကို နေထိုင်ရာမှစွန့်ခွာကြရန်အမိန့်ထုတ်ပြန်ခဲ့သည်။ အိန္ဒိယနိုင်ငံ သမုဒ္ဒရာဆိုင်ရာ သတင်းအချက်အလက် ထုတ်ပြန်ရေးဌာန ညွှန်မှူး ဆာသက်ရှ်ရှီနိုရီက ဆူနာမီဖြစ်နိုင်ချေမှာနည်းသွားပြီဖြစ်ကြောင်း နောက်ပိုင်းတွင်ထုတ်ပြန်ခဲ့သည်။

ငလျင်ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့တွင်လည်း သိသိသာသာခံစားခဲ့ရပြီး ဘဏ္ဍာရေးအချက်အချာ ခရိုင်မှ လူအမြောက်အများမှာ လမ်းမများပေါ်သို့ပြေးထွက်ခဲ့ကြသည်။ပျက်စီးဆုံးရှုံးမှုမှာမူမရှိခဲ့ဟုဆိုသည်။ မော်လ်ဒိုက်ကျွန်းနိုင်ငံငယ်တွင်လည်း အဆောက်အအုံများပေါ်မှလူအများ ဆင်းပြေးခဲ့ကြသည်ဟုသိရသည်။

အင်ဒိုနီးရှားနိုင်ငံဆူမားတြားကျွန်းကမ်းလွန်တွင် ၂၀၀၄ ခုနှစ်က အင်အာ ၉ ဒသမ ၁ ရှိ ရေအောက်ငလျင်ကြောင့် ဆူနာမီဖြစ်ပွားခဲ့ပြီး နိုင်ငံပေါင်း ၁၄ နိုင်ငံမှ လူ နှစ်သိန်းကျော်သေဆုံးခဲ့ရပြီး အင်ဒိုနီးရှားမှာ အဓိကအထိနာခဲ့သည်။

Ref;CNN,AP,AFP

ဆက်ဖတ်ရန်
ပို့စ်တင်သူ ။.............။ thadawa on Wednesday, 11 April 2012
0 ( မှတ်ချက်ရေးချင်ရင် )
ခေါင်းစဉ်အလိုက်ပို့စ်များ |

From :MRTV-4

မြောက်ကိုရီးယား နိုင်ငံမှာ မြေပြင်မှ သင်္ဘောသို့ ပစ်ခတ်သည့် တာတိုပစ် ဒုံးကျည် နှစ်စင်းကို ကိုရီးယား ကျွန်းဆွယ် အနောက်ဘက်ရှိ ပင်လယ်ဝါသို့ စမ်းသပ်

ပစ်လွတ်ခဲ့ကြောင်း NHK သတင်းတွင် ဖော်ပြခဲ့သည်။ တောင်ကိုရီးယား အစိုးရ သတင်း အရင်းအမြစ်များမှ ပြော့ရာတွင် မြောက်ကိုရီးယားမှ ပစ်လွှတ်သည့် ဒုံးကျည် နှစ်စင်းမှာ နိုင်ငံ အနောက်မြောက်ပိုင်းရှိ ခရိုင် တစ်ခုတွင် ရှိနေသော အခြေစိုက် စခန်းမှ ကြာသပတေးနေ့ နံနက်ပိုင်းက ပစ်လွတ်ခဲ့ခြင်း ဖြစ်ကြောင်း ပြောသည်။

အဆိုပါ KN-01 သင်္ဘောဖျက် ဒုံးကျည်မှာ ကီလိုမီတာ ၁၂၀ အကွာအဝေး အထိ ပစ်ခတ်နိုင်ကြောင်းလည်း အမည်မဖော်လိုသူ အဆိုပါ သတင်းအရင်းအမြစ် အရ သိရသည်။ ယခုလို ပစ်လွှတ်မှုမှာ လာမည့် လတွင် ပြုလုပ်မည့် ဂြိုဟ်တု လွှတ်တင်မှု အစီအစဉ်နှင့် ဆက်စပ်မှု့ ရှိပုံ မရကြောင်း အဆိုပါ လူမှပြောသည်။ တောင် ကိုရီးယား နိုင်ငံမှာ မြောက်ကိုရီးယားတို့ အနေဖြင့် တာဝေးပစ် ဒုံးကျည်ကို စမ်းသပ်ရန် စီစဉ်နေသည်ဟု ယုံကြည်ထားကြောင်း သိရသည်။

ယခုလို တာတိုပစ် ဒုံးကျည်ကို စမ်းသက်ခြင်းမှာ သင်္ဘောဖျက် လက်နက်များ၏ ပစ်နိုင်အားကို စမ်းသပ်ချင်၍ြ်ဖစ်နိုင်ကြောင်းလည်း အဆိုပါ သတင်း အရင်းအမြစ်မှ ပြော သည်။ စောင့်ကြည့်သူများမှ ပြောရာ၌မူ မြောက်ကိုရီးယား နိုင်ငံမှ တောင်ကိုရီးယား နှင့် အမေရိကန်တို့ကို သတိပေးရန် ဖြစ်နိုင်ကြောင်း ပြောကြားခဲ့သည်။

source : NHK news

ဆက်ဖတ်ရန်
ပို့စ်တင်သူ ။.............။ မောင်သိရီ on Monday, 9 April 2012
0 ( မှတ်ချက်ရေးချင်ရင် )
ခေါင်းစဉ်အလိုက်ပို့စ်များ |

DVB TV News

ကိုထွေး၊ ဧပြီ ၉၊ ၂၀၁၂

ထိုင်းနိုင်ငံတောင်ပိုင်း ဆုန်ခလာခရိုင်က ပင်လယ်စာစက်ရုံမှာ ဒီနေ့ ဆက်လက်ဆန္ဒပြတဲ့ မြန်မာနဲ့ ကမ္ဘောဒီးယား အလုပ်သမားတွေကို ရဲက သေနတ်နဲ့ ပစ်ဖောက် သတိပေးခဲ့တယ်လို့ အဲဒီစက်ရုံက မြန်မာအလုပ် သမားတွေက ပြောပါတယ်။

ဆဖတ်ထနာ လို့ အမည်ရတဲ့ ပင်လယ်စာထုတ်လုပ်တဲ့ စက်ရုံမှာ မြန်မာနဲ့ ကမ္ဘောဒီးယား အလုပ်သမား ၁၀၀၀ လောက် လုပ်ကိုင်နေတာဖြစ်ပြီး အလုပ်သမားတွေဟာ လုပ်ခလစာနဲ့  အလုပ်သမားရပိုင်ခွင့်တွေအတွက် ပြီးခဲ့တဲ့ရက်ပိုင်းကတည်းက ဆန္ဒပြနေကြတာပါ။

ဒီနေ့ စက်ရုံထဲ ၀င်ဖို့ကြိုးစားတဲ့ အလုပ်သမား (၃၀၀) လောက်ကို ခြိမ်းခြောက်သတိပေးတဲ့အနေနဲ့ သေနတ်နဲ့ ပစ်ဖောက်တယ်လို့ အဆိုပါစက်ရုံက မြန်မာအလုပ်သမား ကိုအောင်အောင်က ဒီနေ့မနက်ပိုင်း အခြေအနေတွေကို ရှင်းပြပါတယ်။

"ရုန်းရင်းဆန်ခတ် ဖြစ်တယ်ဆိုတာတော့ တံခါးဖွင့်ပေးပါလို့ တောင်းဆိုတာကို တံခါးမဖွင့်ပေးဘူး။ သူတို့က တိုးဝင်မလို့လုပ်တာပေါ့။ အဲဒါကို ခြိမ်းခြောက်ပြီး သေနတ်တွေဘာတွေဖောက်တယ်။"

မြန်မာအလုပ်သမားတွေကို ဒီနေ့မနက် အဆောင်ကနေ စက်ရုံကို အကြိုအပို့ မလုပ်ပေးတဲ့အတွက် အနီးက မြန်မာအလုပ်သမား အနည်းအကျဉ်းပဲ ဒီနေ့ ဆန္ဒပြမှုမှာ ပါတယ်လို့ဆိုပါတယ်။

ဒီနေ့ ဆန္ဒပြပွဲမှာ ကမ္ဘောဒီးယားနိုင်ငံသားတွေ အများဆုံးပါဝင်ပြီး မနေ့က ဆန္ဒပြမှုမှာတော့ မြန်မာအလုပ်သမား ၄၀၀ လောက် ပါဝင် ဆန္ဒပြခဲ့ကြပါတယ်။

စက်ရုံမှာ အလုပ်လုပ်ကိုင်တဲ့ မြန်မာအလုပ်သမားတွေက တရားဝင် လုပ်ကိုင်ကြသူတွေ ဖြစ်ပြီး စာချုပ်ပါ သဘောတူညီချက်အတိုင်း လုပ်အားခနဲ့ အလုပ်သမား အခွင့်အရေးတွေကို မလုပ်ဆောင်ပေးဘူးလို့ ဆိုပါတယ်။

မြန်မာအလုပ်သမားတွေဟာ နေရေးထိုင်ရေး၊ ကျန်းမာရေး အခမဲ့ အပါအ၀င် လုပ်ခ လစာ ၁ ရက် ၂၀၅ ဘတ် ရမယ်ဆိုတဲ့ စာချုပ်နဲ့ လုပ်ကိုင်ကြပေမယ့် တကယ်တမ်း ၁ ရက် ဘတ် ၁၆၀ လောက်ပဲရကြတယ်လို့ ပြောပါတယ်။

၃ လပိုင်းလောက်မှာ လုပ်အားခနဲ့ အလုပ်သမားအခွင့်အရေးအတွက် မြန်မာအလုပ်သမားတွေနဲ့ ပြဿနာ စဖြစ်တယ်လို့လည်း ဆိုပါတယ်။

မြန်မာအလုပ်သမားတွေက ဒီကိစ္စ နဲ့ပတ်သက်ပြီး ဘန်ကောက် မြန်မာသံရုံးကို အကြောင်းကြားခဲ့ပေမယ့် တစုံတရာ ဖြေရှင်းမပေးသလို အခုဆိုရင် ဖုန်းကိုင် ဖြေကြားခြင်း မရှိတော့ဘူးလို့လည်း အလုပ်သမားတွေက ပြောပါတယ်။

အလုပ်သမား ကိုငွေသိန်းက "စက်ရုံက နောက်ထပ်ပြဿနာ ပိုတက်ဖို့ပဲရှိမယ်။ ဘာလို့လဲဆိုတော့ အခုချိန်ထိ သူဌေးဆိုတာလည်း မမြင်ဖူးဘူး။ သူတို့ဘက်က ဘယ်လောက် ကတိပျက်သလဲဆို မြန်မာ အလုပ်သမားကော၊ ကမ္ဘောဒီးယား အလုပ်သမားကော မနက် ၁၀ နာရီမှာ သူဌေးနဲ့ တာဝန်ရှိ ပုဂ္ဂိုလ်တွေနဲ့ပါ တွေ့ဆုံပြီး ဆွေးနွေးပွဲ လုပ်ပေးမယ်လို့ ပြောတယ်။ အခုတော့ ဆွေးနွေးပွဲ မလုပ်ပေးဘဲနဲ့ ကျနော်တို့ ဗမာတွေကို စက်ရုံကို လုံးဝမပို့ပေးဖို့ ကားသမားတွေကို ဖုန်းနဲ့ပြောထားတယ်။ အခု ၃၀၀ ကျော်လောက် ဆန္ဒပြတယ်ဆိုတာက စက်ရုံအနီးအနားက အဆောင်ကလူတွေ၊ ကျနော်တို့ကတော့ ထပ်ဆန္ဒပြဖို့ ဆုံးဖြတ်ထားတယ်။"

လက်ရှိ ထိုင်းအစိုးရရဲ့ လုပ်ခလစာ သတ်မှတ်ချက်အရ ၁ ရက် လုပ်ခလစာ အနည်းဆုံး ၂၄၆ ဘတ် ရရှိကြမှာ ဖြစ်ပါတယ်။

ထိုင်းအစိုးရဟာ ဧပြီ ၁ ရက်ကစပြီး ခရိုင်၇ ခုက အလုပ်သမားတွေကို ၁ ရက် လုပ်ခ လစာ ဘတ် ၃၀၀ ပေးဖို့ ဆောင်ရွက်ထားပြီး၊ ကျန်ခရိုင် ၇၀ မှာတော့ ဘတ် ၃၀၀ မရကြဘဲ ဒေသအလိုက် အလုပ်ရှင် အလုပ်သမား ညှိနှိုင်း လုပ်ဆောင်နေကြတာလည်း ဖြစ်ပါတယ်။

ဆက်ဖတ်ရန်
ပို့စ်တင်သူ ။.............။ မောင်သိရီ on
0 ( မှတ်ချက်ရေးချင်ရင် )
ခေါင်းစဉ်အလိုက်ပို့စ်များ |


မြန်မာစစ်အစိုးရ၏ ၀ါဒဖြန့်ချိရေး ဇာတ်ကား “အရုဏ်ဦးမှာ ဖူးသည့်ကြာ” တွင်ပါဝင်သည့် ၀ိုင်းဆုခိုင်သိန်းနှင့် အနုပညာရှင် ၉ ဦးအား ပထမဆုံး အကြိမ် အမေရိကန် လူဝင်မှုကြီးကြပ်ရေးမှ ဗီဇာပြန်ရုပ်သိမ်း လိုက်ကြောင်း သိရသည်။

wskt-us-oct

သြဂုတ်လ ၁၄ ရက်နေ့က အမေရိကန်ပြည်ထောင်စု New York တွင်ပြုလုပ်ခဲ့သည့် ဂီတဖျော်ဖြေပွဲတွင် ၀ိုင်းစုခိုင်သိန်း သီဆိုဖျော်ဖြေနေစဉ် (ဓာတ်ပုံ - myanmarmodelgirl.blogspot.com)

ဘုန်းကြီးကျောင်း ရန်ပုံငွေပွဲအတွက် အနုပညာရှင်များ ဖျော်ဖြေရန် ရောက်ရှိနေသော သြဂုတ်လမှ စတင်ကာ အမေရိကန်ရောက် မြန်မာ့ ဒီမိုကရေစီအရေး လှုပ်ရှားသူများက စတင်ဆန့်ကျင် ကန့်ကွက်မှုများ ပြုလုပ်ခဲ့သည်။

အဆိုပါဖျော်ဖြေရေး ခရီးစဉ်တွင် မင်းမော်ကွန်း၊ ရဲလေး၊ စိုးစိုး၊ မောင်မောင်လွင်၊ ပက်ထရစ်မေလာ၊ ရဲဖုန်း၊ တွတ်ကီ၊ ၀ိုင်းဆုခိုင်သိန်း၊ L ဆိုင်းဇီ၊ ရေဘက္ကာဝင်း တို့ပါဝင်သည်။

အမေရိကန်ရောက် ဒီမိုကရေစီအရေး လှုပ်ရှားနေကြသည့် မြန်မာပြည်သူများ အကြား စိတ်ဝမ်းကွဲမှုများ ဖြစ်မလာစေရန် အနုပညာရှင်များအား ဗီဇာအာမခံပေးမှု ရုပ်သိမ်းလိုက်ခြင်းဖြစ်သည်ဟု အမေရိကန်နိုင်ငံ Bamar Nippon American Buddish အသင်း ဥက္ကဋ္ဌ ဆရာတော် ဦးဣဿရိယက ပြောသည်။

“ဘုန်းကြီးကျောင်းတကျောင်း ရန်ပုံငွေအတွက် အနုပညာရှင်တွေကို ခေါ်ချင်တယ်၊ ဘုန်းဘုန်း အသင်းကနေ စပွန်ဆာလုပ်ပြီး ခေါ်ပေးပါလို့ အကြိမ်ကြိမ် အကူအညီတောင်းတာကြောင့် အသင်းက လူတွေနဲ့ တိုင်ပင်ပြီး စပွန်ဆာအတွက် လက်မှတ် ထိုးပေးခဲ့တယ်။ ဘုန်းဘုန်းတို့ အသင်းကို အလှူငွေ ဒေါ်လာ ၄၆၀၀ ထည့်ပြီးနောက် ပွဲနဲ့ပတ်သက်ပြီး ဘယ်မှာလုပ်မယ်တို့၊ ဘယ်သူ တွေပါတယ်၊ ဘယ်လောက်ရတယ်ဆိုတာ ဘာမှ မပြောသလို၊ ဘာမှလည်းမသိရခဲ့ဘူး” ဟု ဆရာတော်က မိန့်သည်။

ဆက်လက်၍ ဆရာတော်က ရောက်ရှိလာသော အနုပညာရှင်များထဲတွင် ဝါဒဖြန့်ကားထဲ၌ ပါဝင်သရုပ်ဆောင်ထားသည့် ဝိုင်းဆုခိုင်သိန်းပါဝင်သည့်အတွက် ဆန္ဒပြမှုများ ဆက်တိုက် ဖြစ်လာကြောင်း၊ ပွဲစီစဉ်သူများကလည်း ဆန္ဒပြပွဲကို ဂရုမစိုက်ဘဲ ပွဲကိုသာဆက်လုပ်ရန် စီစဉ်ကြကြောင်း၊ ထို့ကြောင့် အခြေအနေမှာ တင်းမာသည်ထက် တင်းမာလာကြောင်း မိန့်ဆိုသည်။

“ဘုန်းဘုန်းက အာမခံပြီး ခေါ်ထားတော့ အနုပညာရှင်တွေ တခုခုဖြစ်သွားရင် မကောင်းဘူးဆိုပြီး ပွဲစီစဉ်တဲ့ သူတွေနဲ့ရော အနုပညာရှင်တွေနဲ့ပါ ညှိတာ မရဘူး။ အဲဒီတော့ ဘုန်းဘုန်းဘက်ကလည်း သူတို့ကို ပြောထားတဲ့အတိုင်း ဆက်လုပ်ရင် ဗီဇာအတွက် အာမခံပေးတာ မလုပ်နိုင်တော့ဘူး ဆိုပြီး ရုပ်သိမ်းလိုက်တာ” ဟု ဆရာတော်က ရှင်းပြသည်။

ဇူလိုင် ၁၂ ရက်နေ့မှ စတင်ခွင့်ပြုခဲ့သည့် ဗီဇာကို အောက်တိုဘာ ၈ ရက်နေ့ ရက်စွဲဖြင့် ရုပ်သိမ်းလိုက်သည်ဟု အမေရိကန်နိုင်ငံ လူဝင်မှု ကြီးကြပ်ရေးဌာနမှ ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

အမေရိကန်ရောက် မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားသူများထဲမှ တရားဥပဒေ လမ်းကြောင်းအရ အနုပညာရှင်များ၏ ဗီဇာရုပ်သိမ်းပေးရန် တောင်းဆိုခဲ့သူ ကိုညီညီအောာင်ကလည်း “အမေရိကန်မှာလည်း လွှတ်တော်က အာဏာရှင်နဲ့ သူ့အသိုင်းအဝန်း၊ ပတ်ဝန်းကျင်၊ ဒေါက်တိုင်တွေကို ဗီဇာမပေးဘူးဆိုတဲ့ ဥပဒေရှိထားတော့ ဒီအချက်ကို ထောက်ပြပြီး မြန်မာပြည်မှာရှိတဲ့ အမေရိကန်သံရုံးကို လှမ်းပြီး ဗီဇာမပေးဖို့ စာပို့လိုက်တယ်။ ဒါပေမယ့် ဗီဇာက ထုတ်ပေးလိုက်ပြီ ဆိုတော့ တားမရတော့ဘူး။ အမေရိကား ရောက်လာတယ်” ဟု ပြောသည်။

ဆက်လက်၍ ၎င်းက “ဒီမှာ ထပ်ပြောတယ်။ ဇာတ်ကားထဲမှာ ပါတဲ့ လူတွေထွက်ပေးပါ။ ကျန်တဲ့ လူတွေကတော့ သူတို့ အနုပညာ ဆက်လုပ်ပါလို့ ဆိုပြီး မေတ္တာရပ်ခံချက်တွေ၊ ဆွေးနွေးချက်တွေ လုပ်တယ်။ ဒါပေမယ့် မရဘူး။ ဒါနဲ့ ဥပဒေကြောင်းအရ ချဉ်းကပ်ပြီး တောင်းဆိုတော့ စပွန်ဆာပေးတဲ့ အဖွဲ့က ပြန်သိမ်းတာ” ဟု ဆိုသည်။

သွားရောက်ဖျော်ဖြေသည့် အနုပညာရှင်များသည် လေယာဉ်လက်မှတ် အစီအစဉ်အရ ၅ ယောက် တအုပ်စု ပြန်ရသောကြောင့် အဆိုတော် ရဲလေးမှာ ပြီးခဲ့သည့် တနင်္ဂနွေနေ့က အမေရိကန်မှ ပြန်လည်ထွက်ခွာသွားကြောင်း သိရသည်။

မင်းမော်ကွန်း၏ ဇနီး မသဉ္ဇာလှိုင်ကလည်း “အစ်မလည်း အင်တာနက်မှာ ဒီသတင်းတွေဖတ်ရတယ်။ အမျိုးသားနဲ့ ဖုန်းရတော့ မေးကြည့်တဲ့အခါ ဒီလို ဗီဇာတွေ ရုပ်သိမ်း ခံရတယ်ဆိုတာ မဟုတ်ဘူးလို့ ပြောတယ်။ အမျိုးသားက နောက်တသုတ် ၁၂ ရက်နေ့မှ ပြန်ဖြစ်မယ် ပြောတယ်” ဟု ဧရာဝတီသို့ ပြောသည်။

ပြည်တွင်းဂျာနယ် လောကတွင်လည်း အဆိုပါ ကိစ္စနှင့်ပတ်သက်၍ အနုပညာရှင်များအား ဆက်သွယ် မေးမြန်းကြကြောင်း အနုပညာဂျာနယ် သတင်းထောက်တဦးက ဆိုသည်။

“နဂိုကတည်းက သူတို့ ရထားတဲ့ဗီဇာ အချိန်နဲ့ ပြန်ရမယ့်ရက်က သတ်မှတ်ပြီးသား။ ဗီဇာ ရုပ်သိမ်းလိုက်တာ အောက်တိုဘာ ၈ ရက်နေ့ဆို သူတို့က ပြန်ဖို့ ၁၁ ရက်နေ့ စီစဉ်ထားတာဆိုတော့ ဗီဇာ ရုပ်လည်းဘာမှ မဖြစ်ဘူးဆိုတဲ့ သဘောမျိုး ဖျော်ဖြေပွဲက ပြန်လာတဲ့ အဆိုတော် တယောက်က ပြောတယ်။ အမေရိကားမှာတော့ ၀ိုင်းဆုကြောင့် ပြဿနာတွေ တော်တော် ရှုပ်သွားတယ်လို့ ပြောတယ်” ဟု အဆိုပါ သတင်းထောက်က ပြောသည်။

“အရုဏ်ဦးမှာ ဖူးသည့်ကြာ” ဝါဒဖြန့်ဇာတ်ကားတွင် ဝိုင်းဆုခိုင်သိန်းအပြင် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးမှ နာမည်ကြီး သရုပ်ဆောင်များ ဖြစ်ကြသော ကျော်ရဲအောင်၊ လွင်မိုး၊ လူမင်း၊ ခန့်စည်သူ၊ နေတိုး၊ ပြေတီဦး၊ အောင်ခိုင်၊ အရိုင်း၊ ငှက်ပျောကြော်၊ ကင်းကောင်၊ စိုးမြတ်သူဇာ၊ ခိုင်သင်းကြည်၊ အိန္ဒြာကျော်ဇင်၊ မြတ်ကေသီအောင်၊ သက်မွန်မြင့်၊ မျိုးသန္တာထွန်း၊ မယ်လိုဒီ၊ ဆုကဗျာ၊ စိုးပြည့်သဇင်၊ မိုးဟေကို၊ မေသက်ခိုင်၊ ပုလဲဝင်း၊ ပွင့်နဒီမောင်၊ ရတနာမိုင်၊ အေးမြတ်သူ အစရှိသည့် သရုပ်ဆောင်များစွာ ပါဝင်သရုပ်ဆောင် ထားသည်။

အဆိုပါ ၀ါဒဖြန့်ချိရေး ဇာတ်ကား၌ ဦးသန့်အရေးခင်းကို ဆူပူချင်သူများက အကြောင်းပြကာ ဆူပူချင်း သက်သက် ဖြစ်သည် ဟူ၍လည်းကောင်း၊ ပြည်ပအခြေစိုက် မီဒီယာများမှ ထုတ်ဝေသော စာအုပ်၊ စာတမ်းများကို တရားမဝင် စာအုပ်များဟုဆိုပြီး မီးရှို့ရန်သာ ထိုက်တန်သည် ဟူ၍ပြောကာ မီးရှို့ပြခြင်းဖြင့် လည်းကောင်း၊ ခုံဖိနပ်စီး၍ ပင်နီအင်္ကျီ ဝတ်သူများကိုလည်း ပစ္စည်းမဲ့လူတန်းစား ဟူ၍လည်းကောင်း၊ ပြည်တွင်းမှ နိုင်ငံရေးသမားများသည် အာဏာရချင်လွန်းသဖြင့် မိမိတို့၏ နှမကိုပင် လာဘ်ထိုးသည်ဟူ၍ လည်းကောင်း ရိုက်ကူး ပြသထားသည်။

ဇာတ်ကား တရားဝင်ပြသသည့်အချိန် ကတည်းက မြန်မာပရိသတ်များထံမှ သမိုင်းကို ပြင်ဆင်၍ ရိုက်ကူးသည့်အတွက် ဝေဖန်မှုများ ရှိသည့်အပြင်၊ ပြည်ပရောက် မြန်မာများထံမှ မိမိနိုင်ငံ၏ သမိုင်းကြောင်းကို မသိနားမလည်ဘဲ ငွေကြေးကြောင့် ရိုက်ကူးသည် ဆိုကာ ဝေဖန်သံများ အနုပညာအသိုင်းအ၀န်းတွင် ပျံ့နှံ့နေခဲ့ကြောင်း သိရသည်။

အဆိုပါ ဇာတ်ကားကို ဒါရိုက်တာ စာရေးဆရာ တင်သန်းဦးက ရိုက်ကူးထားခြင်းဖြစ်၍ ၎င်းက သမိုင်းကို ပြောင်းပြန်လှန် ရိုက်ကူးခြင်း မဟုတ်ကြောင်း၊ တာဝန်ယူကြောင်း The Voice ဂျာနယ်နှင့် အင်တာဗျူးတွင် ဖြေကြားထားသည်။

http://www.bur.irrawaddy.org

ဆက်ဖတ်ရန်
ပို့စ်တင်သူ ။.............။ younger on Saturday, 7 April 2012
0 ( မှတ်ချက်ရေးချင်ရင် )
ခေါင်းစဉ်အလိုက်ပို့စ်များ |











ထိုင်းနိုင်ငံ အယုဒ္ဓယခရိုင်၊ ဘန့်ဖရဲမြိုနယ် ရဲဂိတ်မှာ မြန်မာအလုပ်သမားတွေ တ၇ားမ၀င် တင်ဆောင်လာတဲ့ကားကို စစ်ဆေးဖို့လုပ်ချိန်မှာ ကားမောင်းထွက်ပြေးရင်း တိန်းမှောက်သွားလို့ သေဆုံးသူ ဒဏ်၇ာရသူတွေ ၇ှိတယ်လို့ ဘန့်ဖရဲမြို့နယ် ရဲစခန်း တာဝန်ကျ ရဲအရာရှိက ဘီဘီစီကို အတည်ပြုပြောပါတယ်။

သေဆုံးသူ ၇ ယောက်၇ှိပြီး ၊ အဲဒီအထဲမှာ သေဆုံးသူ ထိုင်းအမျိုးသားတစ်ဦ်းပါကာ ကျန် ၆ ယောက်မှာ မြန်မာတွေဖြစ်တယ်။ ဒဏ်ရာ၇သူ ၁၄ ဦင်္းမှာ မြန်မာနိုင်ငံသားဖြစ်တယ်လို့ ပြောသွားပါတယ်။ စစ်ဆေးချက်အရ မြန်မာအလုပ်သမားတွေကို သေဆုံးသူ ထိုင်းလူမျိုး ကားသမားက မဲဆောက်မြို့ကနေ တ၇ားမ၀င်သယ်ဆောင်လာတာလို့ နယ်မြေခံရဲက ဘီဘီစီကို ပြောပါတယ်။

ဘီဘီစီ သတင်းမှ

ဆက်ဖတ်ရန်
ပို့စ်တင်သူ ။.............။ younger on Thursday, 29 March 2012
0 ( မှတ်ချက်ရေးချင်ရင် )
ခေါင်းစဉ်အလိုက်ပို့စ်များ |

ကမ္ဘာထက် အဆပေါင်းများစွာကြီးမားတဲ့ Super-Earth လို့ခေါ်တဲ့ ကျစ်လျစ်တဲ့ ကျောက်မြေထုတွေနဲ့ တည်ဆောက်ထားတဲ့ မဟာကမ္ဘာဂြိုဟ်ပေါင်း သန်းပေါင်း ထောင်ချီပြီး စကြဝဠာထဲမှာ ရှိနေနိုင်တဲ့ အထောက်အထားသစ်တွေကို တွေ့ရှိထားတယ်လို့ ဥရောပတောင်ပိုင်း ဂြိုဟ်နက္ခတ် စူးစမ်း လေ့လာရေး အဖွဲ့ ESO ရဲ့ အာကာသ သုတေသီတွေက ပြောလိုက်ပါတယ်။

မဟာကမ္ဘာ Super-Earth တွေဟာ လူတွေနေထိုင်ရာ နေစကြာဝဠာပြင်ပမှာရှိပြီး သူတို့ဟာ ကမ္ဘာ့သိပ်သည်းဆထက် ဆယ်ဆမက လျော့နည်းပါတယ်။ Red dwarf လို့ခေါ်တဲ့ နေက ပဲ့ထွက်လာတဲ့ ကြယ်အားလုံးရဲ့ ၄၀% လောက်မှာ သူတို့ကို ပတ်ပြီး သွားနေတဲ့ မဟာကမ္ဘာတွေ ရှိနေမယ်လို့ ဥရောပ သုတေသီတွေက တွက်ချက်ကြပါတယ်။ သူတို့ဟာ သက်ရှိတွေ ရှင်သန် နေထိုင်နိုင်တဲ့ဇုန်ထဲမှာပဲ Orbit ပတ်လမ်းနဲ့ ကြယ်ကို ပတ်နေကြတာပါ၊ ဒီဇုန်ထဲမှာရှိတဲ့ ဂြိုဟ်တွေပေါ်မှာ ရေရှိနိုင်တဲ့အတွက် သက်ရှိတွေ ရှင်သန်နိုင်ဖို့ အလားအလာရှိပါတယ်။ ဒါဟာ ဂြိုဟ်သားတွေ ရှိနေနိုင်တယ် ဆိုတာကို ပြသတဲ့ အကောင်းဆုံး အထောက်အထားလို့လည်း သုတေသီတွေက ဆိုကြပါတယ်။

တောင်အမေရိကတိုက်ထဲက ချီလီနိုင်ငံမှာရှိတဲ့ La Silla လာဆီရာ နက္ခတ္တမျှော်စင်က ဂြိုဟ် နက္ခတ်တွေရှာတဲ့ HARPS ရောင်စဉ်တိုင်း ကိရိယာနဲ့ တိုင်းထွာတွက်ချက်ရာကနေ ဥရောပ သုတေသီတွေ အခုလို အထောက်အထားသစ်တွေကို တွေ့ရှိတာဖြစ်ပါတယ်။ ဒီစက်နဲ့ Red dwarf လို့ခေါ်တဲ့ ကြယ်တွေကို ပတ်နေတဲ့ မဟာကမ္ဘာတွေရဲ့ ရွေ့လျားနှုန်းကို ပထမဆုံးအကြိမ် အဖြစ် တိုက်ရိုက် တိုင်းထွာနိုင်ခဲ့တယ်လို့ ပြောပါတယ်။

Red dwarf တွေဟာ သေးငယ်ပြီး နေထက် အပူချိန်လျော့နည်းတဲ့ ကြယ်တွေ ဖြစ်ကြပါတယ်။ သူတို့ဟာ သက်တမ်း သိပ်ရှည်တာမို့ သူတို့ကို အများအပြား တွေ့နိုင်ပါတယ်။ နေစကြာဝဠာထဲမှာရှိတဲ့ ကြယ်တွေအားလုံးရဲ့ ၈၀% ဟာ Red dwarf တွေမို့ သူတို့ဟာ စုစုပေါင်း ဘီလျံ ၁၆၀ လောက် ရှိနေပါတယ်။

ဗွီအိုအေ(မြန်မာဌာန)

ဆက်ဖတ်ရန်
ပို့စ်တင်သူ ။.............။ younger on
0 ( မှတ်ချက်ရေးချင်ရင် )
ခေါင်းစဉ်အလိုက်ပို့စ်များ |

မဟာချူလာတက္ကသိုလ်တွင် (M.A)မာစတာတက်လိုသူများအတွက်
Qualifications for Admission
The applicants are expected to possess the following
qualifications:
1. Hold a B.A./B.Ed./B.Sc./B.Com. degree from any accredited institution inside the country, with a GPA of at least 2.50 out of 4.0except for applicants who have worked continuously for three years after graduation, or any education equivalent to the Bachelor’s Degree; or hold a B.A./B.Ed./B.Sc./B.Com. degree from any foreign accredited institution with a second class, or with education which is equivalent to second class;,
2. Have never been dismissed from the Graduate School;
3. Gained a minimum of 500 score report for the Test of English as a Foreign Language (TOEFL), or graduated with a Bachelor’s Degreefrom an institution where English is a medium of instruction.
Duration of Education
Students in the Programme are required to attend classes for a minimum of four full semesters, but not longer than 10 full semesters.
If a student does not graduate within the above time-limit, he/she may be with the approval of Graduate School Committeegiven an extension not longer than 2 full semesters.
Application Form and Examination Fees
The application form and examination fees are Baht 1,500 (US $ 11)
Application for Admission
A. For Thai Applicants
Thai applicants who are interested in enrollment in the Programme must complete the application form and submit it to the International M.A. Programe Office, Room No. A 400, Classrooms Building, Mahachulalongkornrajavidyalaya University, Lam Sai, Wang Noi, Ayutthaya 13170, Thailand, Tel. 0-3524-8000 Ext. 8052, 8501.
In addition to the completed application form, the applicants must also submit the following documents:
1. One copy of the official transcript of Bachelor’s Degree;
2. Two recommendation letters from the applicant’s former teachers, or any person who is well-known to the academic field; and
3. Two copies of the Official Certificate (Nang Sue Suddhi) for Monks & Novices, Citizen Identity Card or Official Identity Card and two recent 11/2 inch-sized photographs.
B. For Foreign Applicants
Foreign applicants currently living in Thailand should also submit, to the same Office, the following documents:
1. One copy of the official transcript of a Bachelor’s Degree;
2. Two recommendation letters from the applicant’s former teachers, or any person who is well-known to the academic field; and
3. Two copies of the passport and two recent passport-sized photographs.
For foreign applicants living abroad, the above required documents should be submitted to the above address during December 21March 6, 2010
Duration and Place of Application for Admission
1. Foreign applicants currently residing in Thailand should submit the application form to the International M.A. Programe Office, Room No. A 400, Classrooms Building, Mahachulalongkornrajavidyalaya University, Lam Sai, Wang Noi, Ayutthaya 13170 during December 21 March 6, 2010.
2. For those living abroad, the submission of application form and all necessary documents have to be made at Mahachulalongkornrajavidyalaya University during December 21 March 6, 2010. The candidates are advised to provide a fax number and E-mail address so that the communication can be easily reached.
Entrance Examination
A. For Thai Candidates
Thai candidates are required to pass both written and oral examinations to be admitted to the International M.A. Programme of Graduate School. The Graduate School administers an entrance examination to determine the candidates’ proficiency in the following subjects:
1. General knowledge
2. English
3. Specific Subject in Buddhist studies
B. For Foreign Candidates
Foreign candidates are required to fulfill same procedure as Thai Candidates
1. He/she should submit one of the following academic papers not more than 2000 words.
1.1 Buddhist Ethics and Environment
1.2 Buddhist Approach towards World Peace
1.3 Buddhism and Politics
2. He/she living abroad has to pass an interview which will be held by the representatives of Committee of MCU during first week of April.
Entering the Country
1. Prior to entering Thailand, foreign candidates being accepted must obtain a letter from the Graduate School to be presented to the Thai Embassy or Consulate authorities, so that they can obtain a proper Student Visa or Non-Immigrant Visa. The Tourist Visa is not sufficient.
2. Entering Thailand without the proper Visa will necessitate exit and re-entry.
3. Notification:: The applicants who are accepted by the Graduate School Committee will be put on the name-list before May.
Copyright by Mahachulalongkornrajavidyalaya University
Internatonal Programme. Wang Noi, Ayutthaya. Thailand
E-mail: imapsecretary@mcu.ac.th,inter_imap@yahoo.com,
Tel. 035-248-000#8501,8052
For 2012 Academic year
3rd March, 2012 – Close Applicants Period
16th March, 2012 - Written Exam
(2Subject, Buddhism and English Composition & Grammar)
17th March, 2012 – Interview (General Knowledge)

ဆက်ဖတ်ရန်
ပို့စ်တင်သူ ။.............။ Ganda on Thursday, 15 March 2012

မဟာချူလာတက္ကသိုလ်တွင် (B.A)တက်လိုသူများအတွက်
မဟာချူလာတက္ကသိုလ် Bachelor of Art in Buddhism (B.A)တန်းတွင် တက်ရောက်ပညာသင်ကြားလိုသော မြန်မာရဟန်းတော်၊ သာမဏေ၊ သီလရှင်များအနေဖြင့် မြန်မာနိုင်ငံသာသနာရေးဌာနမှ ကျင်းပသောစာမေးပွဲများတွင် အောက်ထစ်ဆုံး ပဋ္ဌမကြီးတန်းအဆင့် အောင်မြင်ရမည်ဖြစ်သည်။ အင်္ဂလိပ်ဘာသာလည်း ရေးနိုင်၊ ဖတ်နိုင်၊ ပြောနိုင်ရပေမည်။ လူပုဂ္ဂိုလ်များလည်းတက်ရောက်နိုင်ပြီး၊ လူပုဂ္ဂိုလ်များအနေဖြင့် မြန်မာနိုင်ငံအထက်တန်းစာမေးပွဲ(ဆယ်တန်း) အောင်မြင်ရမည်ဖြစ်သည်။ အင်္ဂလိပ်ဘာသာလည်း အထက်ဖော်ပြပါအတိုင်းပြည့်စုံရမည်။ ရဟန်း၊သာမဏေ၊သီလရှင်များလည်း အထက်တန်းအောင်လက်မှတ်ဖြင့် လျှောက်ထားနိုင်သလို၊ လူပုဂ္ဂိုလ်များလည်း ပဋ္ဌမကြီးတန်းအောင်မြင်လျှင် လျှောက်ထားနိုင်ပါသည်။ နှစ်စဉ်ကျောင်းခေါ်ချိန်များမှာ (မတ်လ) မှ (မေလ)ထိဖြစ်ပြီး တက္ကသိုလ်ဝင်ခွင့်စာမေးပွဲကို နှစ်ရက်ဖြေဆိုရပါမည်။ ပထမအကြိမ်တွင် Buddhism, English Composition & Grammer တို့ကိုရေးဖြေ ဖြေဆိုရမည်ဖြစ်ပြီး၊ ၄င်းရေးဖြေအောင်မြင်လျှင်၊ ဒုတိယအကြိမ် General Knowledge Interview နုတ်ဖြေ ဖြေဆိုရမည်ဖြစ်ပါသည်။ ရေးဖြေမအောင်မြင်လျှင် အင်တာဗျူးဖြေဆိုခွင့်မရှိပါ၊ ဝင်ခွင့်အောင်မြင်လျှင် Semesterအားဖြင့်(8)ခု၊ နှစ်အားဖြင့် (4)နှစ်တက်ရောက်ရမည်ဖြစ်သည်။ ကျောင်းစရိတ်အနေဖြင့် Semesterတစ်ခုလျှင် ဘတ်ငွေ(5000နှင့်6000)ဝန်းကျင်ရှိပါသည်။ တက္ကသိုလ်၏မူလတည်နေရာသည် ဘန်ကောက်မြို့တွင်ဖြစ်သော်လည်း၊ နောက်ပိုင်းတွင် ကျောင်းသားဦးရေ များပြားလာသောကြောင့် အယုဒ္ဓယမြို့အနီး ဝမ်နွိင်တွင် Main Compass တိုးချဲ့ပြောင်းရွှေပြီးဖွင့်လှစ်ထားပါသည်။ ဘန်ကောက်ကိုFerryဖြင့် ကြိုပို့လုပ်ပေးပြီး၊ အဆောင်နေလိုသောကျောင်းသားများအတွက်လည်း အဆောင်များ စီစဉ်ပေးပါသည်။
ကျောင်းလျှောက်ရန် လိုအပ်သောစာရွက်စာတမ်းများ
1)အောင်လက်မှတ်၊
2)အမှတ်စာရင်း၊
3)သာသနာဝင်ကတ်၊
မှတ်ချက်။ အောင်လက်မှတ်၊အမှတ်စာရင်းနှင့်သာသနာဝင်ကတ်များသည် မြန်မာဘာနှင့်ဖြစ်လျှင် Notary ပြန်ဆိုပြီး၊ မူရင်းနှင့်မိတ္တူနှစ်ဆောင်ရှိရမည်။
4)ဆရာသမားတစ်ယောက်ယောက်၏ထောက်ခံစာ(အင်္ဂလိပ်ဘာသာဖြင့်)
5)လိုင်စင်ဓါတ်ပုံ (3)ပုံ၊
2012ခုနှစ်အတွက်ဝင်ခွင့်ကာလနှင့်ဝင်ခွင့်စာမေးပွဲရက်ကိုအောက်တွင် အသေးစိပ်သိရှိနိုင်ပါသည်။

Mahachulalongkornrajavidyalaya University
Bachelor of Arts in Buddhism (English Programme)
Faculty of Buddhism
Open for Application to Both Thai & Foreign Applicants
Quality of Applicants :- Monks / Novices / Lay People who finished the High School / Secondary School
Applications Period
19 May, 2012 - Announcements of Applicants List
21 May, 2012 - Written Exam
23 May, 2012 - Interview
24 May, 2012 - Announcement of Entrance Exam
9-31 May, 2012 - Registration
5 June, 2012 - Begin the 1st Semester
Contact & Details :
Registration & Evaluation Office, Classroom Building Zone C (C 300)
the 3rd floor, Mahachulalongkornrajavidyalaya University
79 Moo 1, Lamsai, Wangnoi, Ayutthaya, 13170 Thailand,
Tel. 035-248-062, 035-248-000 ext. 8422, 8418, 8419,
Fax : 035-248-063. Website : http://register.mcu.ac.th/
More Information :
Faculty of Buddhism and
Faculty of Humanities (ChiangMai Thailand only)
Tel./Fax : 035-248-096 ext. 8096
Website : http://buddhism.mcu.ac.th/,
Email : ba_engprogram@hotmail.com
http://register.mcu.ac.th/
http://register.mcu.ac.th/

ဆက်ဖတ်ရန်
ပို့စ်တင်သူ ။.............။ Ganda on

ကားတစ်စီးလုံး ရှိမှန်း မသိရအောင် ကိုယ်ယောင် ဖျောက်နိုင်တဲ့ ကိုယ်ပျောက်ကားကို ဂျာမနီသိပ္ပံပညာရှင်တွေက တီထွင်လိုက်ပြီလို့ သိရပါတယ်။ အဆိုပါ ကိုယ်ပျောက်ကားဟာ

ကိုယ်ထည်ကြီး တစ်ခုလုံး ပျောက်တဲ့အထိ ကားရဲ့ တစ်ဖက်မှာ ရှိတဲ့ အရာတွေကို အတိုင်းသား တွင်းဖောက် မြင်နေရပါတယ်။ ဒီ့အတွက် သိပ္ပံ ပညာရှင်တွေဟာ LED မီးသီးတွေ တွဲဆက်ထားတဲ့ LED ပြားတွေကို Mercedes-Benz F-CELL ရဲ့ ယာဉ်မောင်း ဘက်ခြမ်းမှာ ဖုံးအုပ်ထားပြီး ကျန်တစ်ခြမ်းမှာတော့ ဒီဂျစ်တယ် SLR ကင်မရာကို တပ်ဆင်ထားတာ ဖြစ်ပါတယ်။

ကင်မရာက သူနဲ့ကပ်လျက် အခြမ်းက ရှုခင်း မြင်ကွင်းတွေကို ဗီဒီယို ရိုက်ယူပြီး ယာဉ်မောင်း ဘက်ခြမ်းက LED ပြားတွေပေါ်မှာ အချိန်နဲ့တပြေးညီ ပြပေးတာ ဖြစ် တယ်လို့ သိရပါတယ်။ ဒီ ကိုယ်ပျောက်ကားကို မှတ်တမ်းတင် ရိုက်ကူးထားတဲ့ ဗီဒီယိုကို ယူကျုဘ် ၀က်ဘ်ဆိုက်မှာ ၀င်ရောက် ကြည့်ရှုသူ အမြောက်အမြား ရှိနေပြီး အကောင်း ၊ အဆိုး ဝေဖန် နေကြတယ်လို့ သိရပါတယ်။


www.myanmarexpress.net

ဆက်ဖတ်ရန်
ပို့စ်တင်သူ ။.............။ younger on Sunday, 11 March 2012
0 ( မှတ်ချက်ရေးချင်ရင် )
ခေါင်းစဉ်အလိုက်ပို့စ်များ |

သတ္တ၀ါတွေရဲ့ ဆင့်ကဲဖြစ်စဉ်မှာ ရေမြှုပ်လို နူးညံ့တဲ့ ကိုယ်ထည်အတွက် အရိုးလိုမာကျောတဲ့ အပိုင်းတွေပါလာတာဟာ အရေးပါတဲ့ ပြောင်းလဲမှု ဖြစ်စဉ်တခုလို့ အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယား (Califonia – Riverside) တက္ကသိုလ်က သိပ္ပံပညာရှင်တွေက ပြောပါတယ်။

အခု သြစတြေးလီယား နိုင်ငံတောင်ပိုင်းမှာတွေ့ခဲ့တဲ့ အရိုးရုပ်ကြွင်းဟာ ရှေးခေတ်ပင်လယ်ကြမ်းပြင်မှာ ကျက်စားသွားလာတဲ့ ကိုရိုနာ ကော်လီနာ အကျူလာ မျိုးပါ။

၁ လက္မ ၂ လက္မ လောက်ရှိတဲ့ ခွက်လို ခပ်ခုံးခုံး ကိုယ်ထည်ထိပ်က နှုတ်ခမ်းသားအလျှောက်မှာ တပေလောက်ရှည်တဲ့ အပ်ချောင်းပုံ ဆူးလေးတွေ ပါတဲ့ သတ္တ၀ါမျိုးပါ။ ဒီဆူးလိုအချောင်းလေးတွေဟာ မရွေ့လျားနိုင်တဲ့ ဒီသတ္တ၀ါအတွက် ပံ့ပိုးပေးတဲ့ ကိုယ်အင်္ဂါတမျိုးဖြစ်မယ်လို့ သိပ္ပံပညာရှင်တွေက ယုံကြည်ပါတယ်။

ဒီရုပ်ကြွင်းတွေဟာ Cambrian သက်တမ်းလို့ ခေါ်တဲ့ သတ္တ၀ါမျိုးကွဲတွေ လျင်လျင်မြန်မြန် ဖြစ်ထွန်း လာတဲ့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၄၂ သန်း ကနေ ၄၄၈ သန်း ကာလ မတိုင်မီကတည်းက ရှိခဲ့တာဖြစ်ပြီး သူ့သက်တမ်းကို Edia cara သက်တမ်းလို့ သတ်မှတ်ပါတယ်။

ဒီရုပ်ကြွင်းတွေကို ရာနဲ့ချီပြီး တနေရာတည်းမှာ တွေ့ရတာကြောင့် သူတို့ဟာ အုပ်စုလိုက်နေထိုင်တဲ့ သတ္တ၀ါမျိုးဖြစ်မယ်လို့ ခန့်မှန်းကြပြီး ကမ္ဘာပေါ်မှာ ပထမဆုံး သက်ရှိ သတ္တ၀ါ ဖြစ်ပေါ်လာတဲ့ ပြောင်းလဲမှု ဖြစ်စဉ်ကို လေ့လာရာမှာ သိပ်အရေးပါတယ်လို့ ဆိုပါတယ်။

By ဗွီအိုအေ(မြန်မာဌာန)

ဆက်ဖတ်ရန်
ပို့စ်တင်သူ ။.............။ younger on Saturday, 10 March 2012
0 ( မှတ်ချက်ရေးချင်ရင် )
ခေါင်းစဉ်အလိုက်ပို့စ်များ |

ထိုင်း – မြန်မာနယ်စပ် မဲဆောက်မြို့ ဈေးကြီး၌ အလုပ် လုပ်ကိုင်နေသော မြန်မာရွှေ့ပြောင်း အလုပ်သမား ၃၀၀ ခန့်ကို ထိုင်း အာဏာပိုင်များက ယနေ့ နံနက် ၅ နာရီ ခန့်တွင်ဝင်ရောက် ဖမ်းဆီးကြောင်း သိရသည်။

စစ်တပ်၊ ရဲနှင့် ပြည်သူ့စစ်တို့ ပူးပေါင်း၍ ယနေ့ နံနက်ပိုင်း၌ မဲဆောက်မြို့တွင် မြန်မာနိုင်ငံသားများအား စစ်ဆေး ဖမ်းဆီးနေစဉ် (ဓာတ်ပုံ - Manager online)

ထိုင်း စစ်တပ်၊ ရဲနှင့် ပြည်သူ့စစ် ပူးပေါင်းအဖွဲ့တို့က လမ်းများ ပိတ်၍ ဝင်ရောက် ဖမ်းဆီးခဲ့ကြောင်း မဲဆောက်အခြေစိုက် မြန်မာ ပြည်သူများအရေး ပူးတွဲလှုပ်ရှားမှု ကော်မတီ (JACBA) မှ ဦးမိုးကြိုးက ဧရာဝတီသို့ ပြောသည်။

“လမ်း ဟိုဘက် ဒီဘက် ပိတ်ပြီးတော့ အဲဒီကြားထဲမှာ လမ်းသွား လမ်းလာ အကုန်ဖမ်းတယ်။ မဲဆောက်ဈေး အတွင်းအပြင် ကျတော့ ဈေးသည်နဲ့ တွန်းလှည်းသည်တွေကို ဖမ်းတယ်” ဟု ၎င်းက ဆိုသည်။

ထိုင်းသတင်းများ၏ အဆိုအရ အာဏာပိုင်များက တရားမ၀င် ရွှေ့ပြောင်းအလုပ်သမားများကို စီမံချက်အရ ဖမ်းဆီးခြင်း ဖြစ်ကြောင်း သိရသည်။

မဲဆောက်မြို့လယ်ခေါင်ဈေးအတွင်းရှိ မြန်မာအလုပ်သမားများအား လွန်ခဲ့သည့် ၆ လခန့်ကလည်း ဝင်ရောက် ဖမ်းဆီး ခဲ့သေးကြောင်း၊ ယခုတကြိမ် ဖမ်းဆီးခြင်းမှာ ၂၀၁၂ ခုနှစ်အတွက် ပထမဆုံး ဖြစ်ကြောင်း ဦးမိုးကြိုးက ဆိုသည်။

အဖမ်းခံရသူများသည် တရားဝင် အလုပ်သမားလက်မှတ် ကိုင်ဆောင်ထားသူများ ဖြစ်သော်လည်း မည်သည့် ပုဒ်မများဖြင့် အရေးယူဆောင်ရွက် ခံရမည်ကို မသိရသေးကြောင်း၊ သို့သော် ဒဏ်ငွေ ပေးဆောင်ရဖွယ် ရှိကြောင်း ၎င်းက ပြောသည်။

ဈေးကို လမ်းပိတ်၍ ဖမ်းဆီးခဲ့သောကြောင့် မဲဆောက်မြို့ရှိ မြန်မာနိုင်ငံသားများ ဖွင့်လှစ်ထားသည့် လက်ဘက်ရည်ဆိုင်၊ စားသောက်ဆိုင်၊ ထမင်းဆိုင်များ ခေတ္တ ပိတ်ခဲ့ရကြောင်း သိရသည်။

အဖမ်းခံရသည့် လက်မှတ်ကိုင်ဆောင်ထားသူ တချို့ကို အလုပ် ပိုင်ရှင် သူဌေး၏ အာမခံနှင့် ပြန်လည်လွှတ်ပေးခဲ့ပြီး တရားမ၀င် အလုပ်သမားများကို လူဝင်မှုကြီးကြပ်ရေး (လ၀က) အချုပ်သို့ ပို့ဆောင်ထားကြောင်း ဦးမိုးကြိုးက ပြောသည်။

တရားမ၀င် နေထိုင်မှုဖြင့် ဖမ်းဆီးခံရသူ မြန်မာပြည်သားများသည် ရက်ပိုင်း အတွင်း မြန်မာပြည်ဘက်ကမ်းသို့ ပြန်ပို့ခံရလေ့ရှိ သည်။ မဲဆောက်မြို့သည် ကရင်ပြည်နယ် မြ၀တီမြို့နှင့် တဖက်ကမ်းတွင် တည်ရှိပြီး ဖြစ်ပြီး မြန်မာပြည်သား အများအပြား နေထိုင်လျက်ရှိသည်။

မြန်မာ အလုပ်သမားများမှာ အဓိကအားဖြင့် သိုးမွှေးစက်ရုံ၊ အထည်ချူပ် စက်ရုံ၊ ဆောက်လုပ်ရေး လုပ်ငန်းခွင်များနှင့် ရာသီ အလိုက် လုပ်ကိုင်ရသော စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းများတွင် လုပ်ကိုင်ကြကြောင်း သိရသည်။

http://burma.irrawaddy.org/archives/6164

ဆက်ဖတ်ရန်
ပို့စ်တင်သူ ။.............။ younger on Friday, 17 February 2012
0 ( မှတ်ချက်ရေးချင်ရင် )
ခေါင်းစဉ်အလိုက်ပို့စ်များ |

မြန်မာအစိုးရသစ် အနေဖြင့် နိုင်ငံတကာ အသိုင်းအ၀ိုင်း၏ အပြုသဘောဆောင် သဘောထားများ ဆက်လက်ရရှိမည့် အခွင့်အလမ်းကို လက်လွတ် မခံသင့်ကြောင်း ကုလသမဂ္ဂ အထွေအထွေအတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းက တိုက်တွန်းလိုက်သည်။

WNML
စက်တင်ဘာလ ၁၃ ရက်နေ့က ဆွစ်ဇာလန်နိုင်ငံရှိ လူ့အခွင့်အရေးကောင်စီရုံးချုပ်တွင် ကျင်းပသော အစည်းအဝေး၌ တွေ့ရသည့် မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင် (ဓာတ်ပုံ - AP)
စက်တင်ဘာ ၁၈ ရက်နေ့က အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ရှိ ကုလသမဂ္ဂရုံးချုပ်တွင် မစ္စတာ ဘန်ကီမွန်းနှင့် မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်တို့ တွေ့ဆုံစဉ် ထိုသို့ ပြောဆိုခြင်းဖြစ်သည်။

“အထွေအထွေ အတွင်းရေးမှူးချုပ် (မစ္စတာ ဘန်ကီမွန်း) က မြန်မာအစိုးရရဲ့ အပြုသဘောဆောင်တဲ့ ဆောင်ရွက်မှုတွေအပေါ် နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ အကောင်းမြင်မှု ဆက်လက်ရရှိမယ့် အခွင့်အရေးကို လက်လွတ်မခံဖို့ ပြောပါတယ်။ ပြီးတော့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးနဲ့ ဖွံ့ဖြိုရေး စိန်ခေါ်မှုတွေအပေါ် ကူညီရေး ကုလသမဂ္ဂက ဆက်လက် လုပ်ဆောင်လိုတာကိုလည်း ထပ်လောင်း ပြောဆိုခဲ့ပါတယ်” ဟု မစ္စတာ ဘန်ကီမွန်း၏ ပြောခွင့်ရပုဂ္ဂိုလ်က ဆိုသည်။

ကုလသမဂ္ဂ ဌာနချုပ်၌ ပြုလုပ်သည့် အစည်းအဝေး၌ မစ္စတာဘန်ကီမွန်းက နိုင်ငံရေး အကျဉ်းသားများအား အမြန်ဆုံးပြန်လွှတ်ပေးရန်လည်း တိုက်တွန်းခဲ့ကြောင်း၊ မြန်မာနိုင်ငံ၌ လတ်တလော နိုင်ငံရေး ဖြစ်ပေါ်တိုးတက်မှုများကို အသိအမှတ်ပြုကြောင်းနှင့် ဆက်လက်၍ ပြုပြင်ပြောင်းလဲမှုကို အရှိန်မြှင့် လုပ်ဆောင်ရန် တိုက်တွန်းကြောင်းလည်း သိရှိရသည်။

မစ္စတာဘန်ကီမွန်းနှင့်  ဦးဝဏ္ဏမောင်လွင်တို့ တွေ့ဆုံရာ၌ မြန်မာအရေးကိစ္စများအပြင် လာမည့် နိုဝင်ဘာလတွင် ကျင်းပမည့် အာဆီယံ ထိပ်သီးဆွေးနွေးပွဲနှင့် ဒေသတွင်းအရေးများကိုလည်း အမြင်ချင်းဖလှယ်ကြကြောင်း အဆိုပါ ပြောရေးဆိုခွင့်ရှိသူက ဆက်လက်ပြောသည်။

မကြာသေးမီက မြန်မာနိုင်ငံသို့ လာရောက် လည်ပတ်ခဲ့သည့် အမေရိကန်အထူးကိုယ်စားလှယ် ဒဲရက်မစ်ချယ်ကမူ မြန်မာအစိုးရ အနေဖြင့် ပြုပြင်ပြောင်းလဲရေးနှင့် အမျိုးသား ပြန်လည်သင့်မြတ်ရေးအပေါ်  နိုင်ငံတကာ၏ သံသယများကို ဖယ်ရှားရန် အမြန်ဆုံး သက်သေပြသင့်သည်ဟု ၎င်း၏ သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုခဲ့သည်။

နိုင်ငံ ၁၄ နိုင်ငံပါဝင်မည့် Friends of Burma အစည်းအဝေးကို ကျင်းပရန်လည်း မစ္စတာ ဘန်ကီမွန်းက ဖိတ်ခေါ်ထားကြောင်းနှင့် ယင်းအစည်းအဝေးတွင် မြန်မာနိုင်ငံ၏ လက်ရှိ အခြေအနေများနှင့် အနာဂတ်ကို ဆွေးနွေးသွားမည်ဟုလည်း သိရသည်။ ယင်းဆွေးနွေးပွဲသို့ နိုင်ငံခြားရေး ဝန်ကြီးများ တက်ရောက်ဖွယ်ရှိသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၁၃ ရက်နေ့က အမေရိကန် အထက်လွှတ်တော်က စစ်မှန်သော ဒီမိုကရေစီရရှိရေးနှင့် လူ့အခွင့်အရေးတို့တွင် ပြောင်းလဲတိုးတက်မှု မရှိခြင်းကြောင့် မြန်မာနိုင်ငံအား ပိတ်ဆို့ အရေးယူမှု သက်တမ်းတနှစ်ထပ်တိုးရန် အတည်ပြုဆုံးဖြတ်ခဲ့သည်။

လွှတ်တော်ဘဏ္ဍာရေးကော်မတီ ဥက္ကဋ္ဌ မစ္စတာ မက်စ် ဘိုးကပ်စ်က “ပြီးခဲ့တဲ့ လတွေမှာ မြန်မာအစိုးရရဲ့ အားတက်စရာ ခြေလှမ်းတချို့ကို တွေ့ရပါတယ်။ မနှစ်က နိုဝင်ဘာမှာ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးခဲ့တယ်၊ အတိုက်အခံတွေနဲ့ စကားပြောတယ်။ ဒါပေမယ့် ဒါတွေ အားလုံးကြောင့် အဆင်ပြေပြီလို့ ပြောဖို့ စောပါသေးတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးပြီး ၂ လအကြာမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ပျက်ပြယ်ကြောင်း ကြေညာတယ်၊ နိုင်ငံရေးအကျဉ်းသား ၂၀၀၀ ကျော်ကိုလည်း ထိမ်းသိမ်းထားဆဲ ဖြစ်တယ်” ဟု ပြောသည်။

Cliton Global Initiative (CGI) က နယူးယောက်မြို့တွင် ကျင်းပမည့် နှစ်ပတ်လည် အစည်းအဝေးတွင် ဒေါ်အောင်ဆန်းစုကြည်သည် ဆက်သွယ်ရေးဂြိုလ်တုမှတဆင့် တိုက်ရိုက် မိန့်ခွန်းပြောကြားမည်ဟု ကြေညာထားသည်။ ယင်းအစည်းအဝေးသို့ အမေရိကန် သမ္မတ ဘားရက် အိုဘားမား အပါအဝင် နိုင်ငံပေါင်း ၅၀ ကျော်မှ အကြီးအကဲများ တက်ရောက်မည်ဖြစ်သည်။

ဧရာဝတီ

ဆက်ဖတ်ရန်
ပို့စ်တင်သူ ။.............။ ( MMSA ) on Monday, 19 September 2011
0 ( မှတ်ချက်ရေးချင်ရင် )
ခေါင်းစဉ်အလိုက်ပို့စ်များ |

ဂျာမဏီနိုင်ငံ ဟမ်းဘတ်မြို့တွင် မြန်မာနှင့် ဘင်္ဂလာဒေခ်ျ့ အကြား ရေပြင်ပိုင်နက် အငြင်းပွားမူကို ဖြေရှင်းနေချိန်တွင် ဘင်္ဂလား ပင်လယ်အော်တွင် ဘင်္ဂလားဒေခ်ျ့နှင့် အမေရိကန် ရေတပ်တို့ ပူးတွဲ စစ်ရေး လေ့ကျင့်မူ ပြုလုပ်ကြောင်း သတင်း ရရှိသည်။


International-Tribunal-for-the-Law-of-the-Sea--ITLOS
အဆိုပါ စစ်ရေးလေ့ကျင့်မူကို ယမန်နေ့က စတင်ခဲ့ပြီး အမေရိန်ကန် ရေတပ် သင်္ဘော (၄) စီးနှင့် အမေရိကန် တပ်သား ၅၀၀ ခန့် ပါဝင်ကြောင်း သိရသည်။

အဆိုပါ သင်္ဘောများမှာ တိုက်ချင်းပစ် ဒုံးကျည်ဖျက် သင်္ဘော၊ ဖရီးဂိတ်၊ မိုင်းဖျက် သင်္ဘောနှင့် ကယ်ဆယ်ရေး သင်္ဘောများ ပါဝင်သည်ဟု သိရသည်။

အဆိုပါ စစ်ရေးလေ့ကျင့်မူကို Cooperation Afloat Readiness and Training (CARAT) Bangladesh 2011 အမည်ဖြင့် ပြုလုပ်နေပြီး ၈ ရက်ကြာမြင့်မည် ဖြစ်ကြောင်း အမေရိကန် သံရုံးမှ ထုတ်ပြန်သော ကျေညာချက် တွင် ဖေါ်ပြသည်။

အဆိုပါ စစ်ရေး လေ့ကျင့်မူတွင် ပင်လယ်ပြင် ဆိုင်ရာ လုံခြုံရေး စွမ်းဆောင်ရည် မြင့်မားရေး အတွက် သတင်းအချက်အလက် ဖလှယ်ရေး၊ ပင်လယ်ပြင် ပူးတွဲတိုက်ခိုက်ရေး၊ လှည့်လည် စစ်ဆင်ရေးနှင် အမြောက် ပတ်ခတ်နည်း၊ ၎င်းပြင် ပင်လယ်ဓါးပြနှင့် မှောင်ခို နှိမ်နှင်းရေးများကို ပူးတွဲ လေ့ကျင့်သွားကြမည်ဟု သိရသည်။
Carat-Excercise
စစ်ရေးလေ့ကျင့်မူ ဖွင့်ပွဲကို ယမန်နေ့က စစ်တကောင်း ရေတပ်စခန်းရှိ BNS Issa Khan စစ်သင်္ဘောပေါ်တွင် ပြုလုပ်ခဲ့ပြီး ယခု CARAT စစ်ရေး လေ့ကျင့်မူတွင် ဘင်္ဂလားဒေခ်ျ့သည် ပထမဆုံး အကြိမ် ပါဝင်လာခြင်း ဖြစ်သည်။ အမေရိကန် ရေတပ်မှ ပြုလုပ်နေသာ CARAT စစ်ရေးလေ့ကျင့်မူမှာ ၁၇ နှစ်ကြာမြင့်နေပြီ ဖြစ်ပြီး အဆိုပါ စစ်ရေးလေ့ကျင့်မူကို နိုင်ငံပေါင်း (၇)နိုင်ငံနှင့် ပူးပေါင်း ပြုလုပ်နေခြင်း ဖြစ်သည်။

CARAT စစ်ရေး လေ့ကျင့်မူတွင်ပါဝင်သော နိုင်ငံများမှာ ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်္ကာပူ၊ ထိုင်းနှင့် ဘင်္ဂလာဒေခ်ျ့တို့ ဖြစ်ကြသည်။

ယခုကဲ့သို့ ဘင်္ဂလားဒေခ်ျ့နှင့် အမေရိကန်တို့ ဘင်္ဂလာပင်လယ်အော်တွင် စစ်ရေး လေ့ကျင့်မူ ပြုလုပ်နေချိန်တွင် မြန်မာနှင့် ဘင်္ဂလာဒေခ်ျ့ နိုင်ငံတို့အကြား ဖြစ်ပွားနေသော ရေပြင်ပိုင်နက် အငြင်းပွားမူကို ကုလ လက်အောက်ခံ အပြည်ပြည်ဆိုင်ရာ ပင်လယ်ဥပဒေတရားရုံး (International Tribunal for the Law of the Sea- ITLOS) တွင် ဖြေရှင်းနေသည်။

ပထမအကြိမ် တရားရုံးရှေ့မှောက် ကြားနာစစ်ဆေးမှုများကို ဘင်္ဂလာဒေခ်ျ့အတွက် စက်တင်္ဘာလ ၈မှ ၁၃ ရက်နေ့ အထိ ပြုလုပ်ခဲ့ပြီး မြန်မာနိုင်ငံအတွက် ကြားနာမှုများကို စတင်္ဘာလ ၁၅ ရက်နေ့က စတင်ခဲ့ပြီး ၁၆ -၁၉- ၂၀ ရက်နေ့ထိ ပြုလုပ်မည် ဖြစ်သည်။

ရေပြင်ပိုင်နက် အငြင်းပွာမူကို ယခုနှစ် ဧပြီလတွင် အဆုံးသတ် ဖြေရှင်းပေးမည် ဖြစ်ကြောင်း သိရသည်။

ဆက်ဖတ်ရန်
ပို့စ်တင်သူ ။.............။ ( MMSA ) on
0 ( မှတ်ချက်ရေးချင်ရင် )
ခေါင်းစဉ်အလိုက်ပို့စ်များ |


၁၉၅၁ နှင့် ၁၉၉၂ ခုနှစ်ကြားမှာ အိန္ဒိယနိုင်ငံက နိုင်ငံရပ်ခြားမှ အလှူငွေ ဒေါ်လာ ၅၅ ဘီလီယံ လက်ခံရရှိခဲ့ပြီး၊ ကမ္ဘာ့သမိုင်းမှာ အလှူငွေ အများဆုံး ရရှိခဲ့တဲ့ တိုင်းပြည်အဖြစ် မှတ်တမ်းဝင်ခဲ့သည်။
သို့သော် ယခု အိန္ဒိယက အမြဲလက်ဖြန့်တောင်းနေမယ့် အတန်းစားမျိုး မဟုတ်တော့တာကို သက်သေပြတော့မည် ဖြစ်သည်။ အများဆုံး လက်ဖြန့်တောင်းခဲ့ရတဲ့ ဘ၀မှ နိုင်ငံတကာ အလှူရှင်ဇောတိက အဖြစ်ကို ခုန်ကူးဖို့ အစိုးရက စနစ်တကျ ဆောင်ရွက်နေသည်။
အိန္ဒိယအစိုးရက လာမယ့် ၅ နှစ်နဲ့ ၇ အတွင်း အာဖရိကအပါအ၀င် ဆင်းရဲတဲ့ တိုင်းပြည်တွေကို ကူညီဖို့ ဒေါ်လာ ၁၁.၃ ဘီလီယံ အသုံးပြုမည် ဖြစ်သည်။ အမေရိကန်အစိုးရရဲ့ နိုင်ငံတကာ ဖွံ့ဖြိုးရေး အကူအညီပေးတဲ့ USAID လို အဖွဲ့မျိုး လုပ်ဆောင်နိုင်ဖို့၊ အိန္ဒိယ နိုင်ငံတကာ ဖွံ့ဖြိုးရေး အေဂျင်စီ အဖွဲ့ကြီး (IAPD) တစ်ခုကို ဖန်တီးဆောင်ရွက်နေသည်။
လွန်ခဲ့တဲ့ ၁၀ နှစ်က အဆင်းရဲဆုံး နိုင်ငံတွေကို ပေးတဲ့ တရားဝင်ဖွံ့ဖြိုးရေးအကူအညီ (official development assistance) က ချမ်းသာတဲ့ စက်မှုနိုင်ငံကြီး ၁၅ နိုင်ငံမှ ဖြစ်သည်။ ယနေ့ အမေရိကန် ပြည်ထောင်စုက အကြီးမားဆုံး အလှူရှင်ဖြစ်ပြီး၊ ၂၀၁၀ ခုနှစ်မှာ လှူဒါန်းငွေ ဒေါ်လာ ၃၁ ဘီလီယံ အထိ ရှိခဲ့သည်။
သို့သော် ယခုနောက်ပိုင်း စီးပွားရေး တိုးတက်လာတဲ့ နိုင်ငံများကပါ နိုင်ငံတကာ လှူဒါန်းမှုတွေ လုပ်လာကြသည်။ နယူးယော့ခ် တက္ကသိုလ် Wagner School ရဲ့ စောင့်ကြည့်လေ့လာမှုအရ တရုတ်က ၂၀၀၇ ခုနှစ်မှာ နိုင်ငံတကာလှူဒါန်းမှု ဒေါ်လာ ၂.၅ ဘီလီယံ ရှိခဲ့ပြီး၊ ၂၀၀၉ ခုနှစ်မှာ ဒေါ်လာ ၁.၉ ဘီလီယံ ထိ ရှိခဲ့သည်။ ဘရာဇီးက ယခုနောက်ပိုင်း နှစ်စဉ် ဒေါ်လာ ၄ ဘီလီယံ လှူဒါန်းနေသည်။
၎င်း ပမာဏမှာ ဆွီဒင်၊ အီတလီ၊ ဆော်ဒီ တို့ လှူဒါန်းငွေနှင့် ညီမျှမှုရှိလာပြီး၊ နောက်ထပ် ကမ္ဘာ့အလှူရှင် ကလပ်ကြီးတစ်ခု ပေါ်လာပြီ ဖြစ်သည်။ အိန္ဒိယက နှစ်စဉ် ဒေါ်လာ ၂ ဘီလီယံ နှုန်းနဲ့ ပုံမှန် လှူဒါန်းသွားပါက ဩစတြေးလျနဲ့ ဘယ်လ်ဂျီယံတို့ အဆင့် ရှိမည် ဖြစ်သည်။
ဘရာဇီး၊ ရုရှား၊ အိန္ဒိယ၊ တရုတ်တို့ရဲ့ BRIC ကလပ်ရဲ့ နိုင်ငံတကာလှူဒါန်းမှုမှာ ၂၀၀၅ နဲ့ ၂၀၀၈ အတွင်း ဒေါ်လာ ၁၁.၂ ဘီလီယံ ရှိခဲ့ပြီး၊ ယခု နှစ်ဆ တိုးမြင့်လာသည်။
အိန္ဒိယရဲ့ လှူဒါန်းမှုက ယခုမှမဟုတ်။ ဆယ်စုနှစ်များစွာကတည်းက ဆင်းရဲတဲ့နိုင်ငံတွေမှ အရပ်သား ၀န်ထမ်းများကို civil servants ထရိန်နင်တွေ ခေါ်ပေးခဲ့သည်။ အိန္ဒိယ နည်းပညာနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (ITEC) က သင်တန်းများစွာ ပေးခဲ့ပြီး၊ ယခုနှစ်မှာ နိုင်ငံ ၁၂၀ မှ သင်တန်းသား ၅၅၀၀ ကို ကျွမ်းကျင်မှုသင်တန်းပေါင်းစုံ ပေးခဲ့သည်။
ဆင်းရဲတဲ့ နိုင်ငံများမှ အမြဲလက်ဖြန့်တောင်းသူများ အတွက် မှီခိုအားထားရာအဖြစ် အမေရိကန် USAID လို အဖွဲ့အပြင်၊ အိန္ဒိယ နိုင်ငံတကာ ဖွံ့ဖြိုးရေး အေဂျင်စီ အဖွဲ့ကြီး (IAPD) ကိုလည်း နောက်ပိုင်း အားကိုးစရာ ဖြစ်လာနိုင်မည်။
မောက္ခ နိုင်ငံတကာသတင်း
Source: Economist & AFP

ဆက်ဖတ်ရန်
ပို့စ်တင်သူ ။.............။ ထာဝရသီရိ on Monday, 15 August 2011
0 ( မှတ်ချက်ရေးချင်ရင် )
ခေါင်းစဉ်အလိုက်ပို့စ်များ |

Friday, 22 April 2011 00:14 မောက္ခ နိုင်ငံတကာသတင်း


ထိုင်းနိုင်ငံတွင်တော့ အသက် ၆၀ နှင့် ၇၀ ကျော် အနောက်မှ လူဖြူအဖိုးကြီးများ ထိုင်းအမျိုးသမီးများနဲ့ တွဲသွားခြင်းက ဖက်ရှင် တစ်ခု လို ဖြစ်သည်။ ဒါပေမဲ့ ကမ္ဘောဒီယား ကတော့ ဒါမျိုးကို လက်မခံချင် ဟု ဆိုရမည်။

ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့လက ကြေငြာချက်တစ်ခု ထုတ်သည်။ နိုင်ငံရပ်ခြားမှ အသက် ၅၀ ကျော်သူများနှင့် တစ်လ၀င်ငွေ ဒေါ်လာ ၂၅၅၀ အောက် ရှိသူများ ကမ္ဘောဒီယား အမျိုးသမီးများကို လက်ထပ်ခွင့်မရှိတဲ့အကြောင်း။ သို့သော် အသက် ၅၀ ကျော် နိုင်ငံခြားသားများ ကမ္ဘောဒီးယား အမျိုးသမီးများကို ယူခွင့်မရှိဟု တရားဝင်တားမြစ်ပေမဲ့၊ နိုင်ငံခြားသူ အမျိုးသမီးများ အနေဖြင့် အသက် ဘယ်လောက်ရှိရှိ၊ ကမ္ဘောဒီယား အမျိုးသားများကိုတော့ ယူနိုင်ကြောင်းလည်း ဖော်ပြထားသည်။

နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ Koy Kuong က “ကျနော်တို့ ကမ္ဘောဒီယားသူတွေကို သင့်တင့်လိုက်ဖက်တဲ့ စုံတွဲမျိုးတွေနဲ့သာ ကြည့်ချင်ပါတယ်။ စုံတွဲတွေမှာ အဖိုးနဲ့ မြေးမ ပုံစံမျိုးတွေ မဖြစ်စေချင်ပါဘူး။ အခုအမိန့်ကို ပြင်ပတွေက ဘယ်လောက် ဝေဖန်ဖန် လက်ခံမှာ မဟုတ်ဘူး” ဟု ဖနွမ်းပင် ပို့စ် အင်္ဂလိပ်သတင်းစာကို ပြောကြားခဲ့သည်။ ပါလီမန်မှ တရားဝင် ပြဌာန်းနိုင်ဖို့လည်း လုပ်ဆောင်သွားမည်ဟု ဆိုသည်။

လူ့အခွင့်ရေး အဖွဲ့များကတော့ ကမ္ဘောဒီယား အမျိုးသမီးများ အကျိုးအတွက်နှင့် ပိုမိုကောင်းမွန်တဲ့ လူ့အဖွဲအစည်းဖြစ်အောင် အစိုးရရဲ့ ဆောင်ရွက်မှုမှာ ပုံစံမကျကြောင်း ဝေဖန်နေကြသည်။ Cambodian Center for Human Rights အဖွဲ့ ဥက္ကဌ ဦးဗီရခ် က “အစိုးရအနေနဲ့ အမျိုးသမီးတွေကို အကာအကွယ်ပေးချင်တယ်ဆိုရင် လိင်ကျွန်ဖြစ်နေသူတွေ၊ လိင်ကုန်ကူးခံနေရသူတွေ၊ ပြည့်တန်ဆာရုံတွေ အပေါ်မှာ လုပ်စားနေတဲ့ အကျင့်ပျက် ၀န်ထမ်း အရာရှိတွေကို အရင် ရှင်းသင့်ပါတယ်၊ အမျိုးသမီးတွေကို ကာကွယ်ဖို့ ဥပဒေကို ကြောင်းကျိုးရှိရှိ ထိထိရောက်ရောက် ဆောင်ရွက်သင့်တယ်” ဟု ဆိုသည်။

ပြီးခဲ့တဲ့နှစ် Amnesty International အစီရင်ခံစာအရ ကမ္ဘောဒီယား ရဲများမှာ မုဒိမ်းပြုကျင့်သူ၊ ကလေးငယ်များကို ရှာဖွေဖမ်းစား အဓမ္မပြုကျင့်သူ နိုင်ငံခြားသားများထံကနေ လာဘ်ယူမှု အများအပြားရှိနေကြောင်း ဖော်ပြထားသည်။

ကမ္ဘောဒီယား အစိုးရက ပြီးခဲ့တဲ့ နှစ်များအတွင်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု တိုးမြင့်ဖို့ ကြိုးစားခဲ့သော်လည်း၊ ပြင်ပသံရုံးများနှင့် NGO များရဲ့ ၀င်ရောက်စွက်ဖက်မှု၊ ထောက်ပြမှုများကို လုံးဝ လက်ခံမည် မဟုတ်ဟု ပြောဆိုထားသည်။

မောက္ခ နိုင်ငံတကာသတင်း

Source: AFP & The Economist & The Phnom Penh Post

ဆက်ဖတ်ရန်
ပို့စ်တင်သူ ။.............။ လခြမ်းမြီ on Friday, 22 April 2011
0 ( မှတ်ချက်ရေးချင်ရင် )
ခေါင်းစဉ်အလိုက်ပို့စ်များ |

အနန္တအတုမရှိ ဗုဒ္ဓမြတ်စွာဘုရား

အလှူရှင်များအား MMSA အဖွဲ့မှ မှတ်တမ်းတင်ဂုဏ်ပြုလွှာပေးအပ်

အလှူရှင်များအား MMSA အဖွဲ့မှ မှတ်တမ်းတင်ဂုဏ်ပြုလွှာပေးအပ်

Mahidol University

International Buddhist Collage

မြန်မာ E Books

ထိုင်းနိုင်ငံ ရောက် ရွှေ့ပြောင်း မြန်မာအလုပ်သားမားများအတွက် ပညာရေး အခွင့်အလမ်းများ

MMSA ပရိတ်သတ်များ

ယခင်ပို့စ်အဟောင်းများ

အားပေးနေသော အပေါင်းသင်းများ

International News

တိုင်းရင်းသားသတင်းဌာနများစုစည်းမှု

သတင်းဌာနများစုစည်းမှု

ဘလော့ဂ်များစုစည်းမှု