MMSA ဘလော့စည်းမျဉ်းများ

* ဘာသာ သာသနာနှင့်လူမျိုးတို့၏ ဂုဏ်ကို ထိခိုက်ပျက်စီးစေတတ်သော အရေးအသားမျိုးကို ရှောင်ရှားရန်၊
* အချင်းချင်း ညီညွတ်မှု့ကို ပျက်စီးစေတတ်သော အကြောင်းများကို ရေးသားခြင်းမှ ရှောင်ရှားရန်၊
* သာသနာနှင့် မအပ်စပ်သော အဖွဲ့ဂုဏ်သိက္ခာကို ငြိုးနွမ်းစေတတ်သော ပုံများကိုတင်ခြင်းမှ ရှောင်ရှားရန်၊
* ပုဂ္ဂိုလ်ရေးဆိုင်ရာများထက် အများနှင့်သက်ဆိုင်သော အကျိုးများစေနိုင်သော ပုံများ စာများကိုသာ ရေးသားရန်၊
* MMSAသည် ပညာရေးအဖွဲ့စည်း ဖြစ်သည့် အတွက်နိုင်ငံရေးနှင့်သက်ဆိုင်သော အရေးအသားများကို ရေးခြင်းမှ ရှောင်ရှားရန်၊
* ဗုဒ္ဓဘာသာနှင့် မိမိတို့လေ့လာနေသော ပညာရပ်ဆိုင်ရာ အကြောင်းအရာများကို ဗဟုသုတအလို့ငှါ ရေးသား မျှဝေကြရန်၊

ပြောင်းလဲမှူုအောက်မှာ ဗျူဟာသာရှိ၊
မုသားမရှိ...

နောင်တအောက်မှာ အလွမ်းသာရှိ၊
ပြန်ရတာမရှိ....

ဆက်ဖတ်ရန်
ပို့စ်တင်သူ ။.............။ younger on Tuesday, 31 January 2012
0 ( မှတ်ချက်ရေးချင်ရင် )
ခေါင်းစဉ်အလိုက်ပို့စ်များ |

ငါ လုပ်တာ မင်း ခေါင်းပုံဖြတ်၊ ငါ ကြမ္မာ မင်း ရိုက်ချိုးထား၊
မင်းဟာ အပြင်းစားသူခိုး ဆက်လက်ဓါးရိုးမကမ်းတော့ပြီ။

ဆက်ဖတ်ရန်
ပို့စ်တင်သူ ။.............။ younger on
0 ( မှတ်ချက်ရေးချင်ရင် )
ခေါင်းစဉ်အလိုက်ပို့စ်များ |

၁။ ကျောင်းသားများသည် ကျောင်းသို့လာပါက မိမိတို့ကျောင်းသားကဒ်များကို ချိတ်ဆွဲလာရမည်။ သို့မှသာ အခန်းတွင်ပေတံမရှိပါက ကျောင်းသားကဒ်နှင့် တားနိုင်မည်။

၂။ ကျောင်းသားများ ကျောင်းချိန်အတွင်း အခန်းပြင်ပ ထွက်ခြင်းမှ တားမြစ်သည်။ သို့မှသာ အခန်းထဲမှ ကောင်မလေးများ အား ငမ်းနိုင်မည်။

၃။ ကျောင်းသားများ ကျောင်းသို့ လွယ်အိပ်မပါပဲမလာရ။ သို့မှသာ မိမိတို့လွယ်အိပ်များကို ခေါင်းအုံးအဖြစ်အသုံးပြုပြီး အိပ်နိုင်မည်။

၎။ ကျောင်းသားများ Calculator ကို မမေ့မလျော့ ယူဆောင်လာရမည်။ သို့မှသာ အခန်းတွင်း Calculator ဖြင့် (random) ဖဲရိုက်နိုင်မည်။

၅။ မိမိတို့ကျောင်းပတ်ဝန်းကျင်ကို သန့်ရှင်းအောင်ထားရမည်။ ထို့ကြောင့်ညစ်ပတ်အောင်အရင်လုပ်

ရမည်။

၆။ ဆရာများ စာသင်ချိန်တွင် အိပ်ငိုက်ခြင်းမပြုရ။ အိပ်ချင်က တစ်ခါထဲမှောက်အိပ်နိုင်သည်။

၇။ ကျောင်းအတွင်းဆေးလိပ်သောက် ကွမ်းစားခြင်းမပြုရ။ မမြင်ကွယ်ရာတွင်သာလုပ်ဆောင်ရန်။

၈။ စာမေးပွဲဖြေဆိုချိန်တွင် ခိုးချခြင်းမပြုရ။ ဘေးလူထံမှသာ လျှင်ရင် လျှင်သလို ကူးချနိုင်သည်။

၉။ ကျောင်းရှိ ဆရာမများအား စနောက်ခြင်းမပြုရ။ မှတ်ချက်... ဆရာမတွင်လည်း အသည်းနှင့်ဖြစ်သည်။

၁၀။ ကျောင်းသားများ ၇၅ % မပြည့်ပါက စာမေးပွဲဖြေဆိုခွင့်မပြု။ ထို့ကြောင့် ကျောင်းခေါ်ချိန်ပြည့်အောင်တက်ရမ ည်။ မပြည့်ပါက ကော်ရရှင်ဖြင့် Roll Call ပြင်ခြင်း၊ ဆရာမ များထံမှတောင်းခြင်း၊ အခန်းတွင်းသူငယ်ချင်းများမှ အော်ပေးချင်းတို့ ပြုနိုင်သည်။

၁၁။ ကျောင်းသားများစာသင်ခန်းအတွင်းမုန့်စားခြင်း လုံးဝ (လုံးဝ) ခွင့်မပြု။ ဆရာများလည်း ဗိုက်ဆာတတ်သည်။

၁၂။ ကျောင်းသားအချင်းချင်းခိုက်ရန်ြ ဖစ်ပွားခြင်းမပြုရ။ ပြင်းထန်စွာ သတိပေးခြင်းခံရမည်။ မရလျှင် လက်ဝှေ့စင်ထောင်ကာ ထိုးခိုင်းမည်။ အနိုင်ရသူကို ထိုက်တန်စွာချီးမြှင့်မည်။

၁၃။ ကျောင်းသားများအပြစ်လုပ်ရာတွင် လက်မှတ်ထိုးခိုင်းခြင်းကို ဗွေမယူလို။ ကျောင်းအုပ်ကြီးမှာ လက်မှတ်စုဆောင်းတတ်သော ၀ါသနာရှိသည်။

၁၄။ စာမေးပွဲကျသော ကျောင်းသားများ စိတ်ဓါတ်ကျစရာမလိုပါ။ နောက်တက်လာသော ကျောင်းသားများသည် မိမိတို့အား နှစ်ကြီးသမားများ ဖြစ်သောကြောင့် " ရှိန် " ကြသည်။

၁၅။ စုံတွဲများ ကျောင်းလာပါက လူမြင်မတော်သော အပြုအမူများမပြုရ။ အခန်းတွင်းရောက်မှသာ ကြိုက်သလိုနေနိုင်သည်။

၁၆။ ကျောင်းသားများ ရှေးဦးသူနာပြုစုနည်းကို ကျွမ်းကျင်အောင် လေ့လာသင်ယူထားရမည်။ သို့မှသာ ကျောင်းပြိုပါက တစ်ဦးကို တစ်ဦး ရိုင်းပင်းကူညီနိုင်မည်။

၁၇။ ယနေ့ခေတ်ကျောင်းသားများသည် သချာင်္အားနည်းနေကြသည်။ ထို့ကြောင့်အချိန်ပို အဖြစ် အဆောင်တွင် ညစဉ်ဖဲရိုက်ရမည်။




အွင်လှိုင်းရသော စာသာဖြစ်သည်။ 
.............................
ထာဝရသီရိ

ဆက်ဖတ်ရန်
ပို့စ်တင်သူ ။.............။ ( MMSA ) on Thursday, 19 January 2012
0 ( မှတ်ချက်ရေးချင်ရင် )
ခေါင်းစဉ်အလိုက်ပို့စ်များ |

ကမ္ဘာ့နိုင်ငံရေး အခင်းအကျင်းတွင် အစိုးရတွေ စမတ်ကျရေး၊ ခေတ်မှီရေးသည် အမျိုးသား နိုင်ငံတွေ၏ ရေရှည်အကျိုးစီးပွားနှင့် တိုက်ရိုက်အချိုးကျနေသည်။ သို့မဟုတ်ပါက ကမ္ဘာလုံးချီ ပြိုင်ပွဲကြီးတွင် နောက်ကောက်ကျပြီး၊ ပြည်သူတွေ မွဲသထက်မွဲဖို့သာ ရှိသည်။
အတိအကျဆိုရင်လျှင် ကမ္ဘာလွှမ်းခြုံ ဂလိုဘယ်လိုက်ဇေးရှင်း ဖြစ်စဉ်ကြောင့် နိုင်ငံများ၏ စီးပွားရေး ဖြစ်စဉ်တွင် အဆက်အစပ် ရှိနေသည်။ ဒေသအဆင့်ကိုပင် ကျော်ခဲ့ပြီဟု ဆိုရမည်။ ဥပမာ အမေရိကား၏ စီးပွားရေး ဂယက်သည် တကမ္ဘာလုံးကို ရိုက်ခတ်သွားသည်ကို ကြည့်ပါ။ အလားတူ တရုတ်၊ အိန္ဒိယ တို့က စီးပွားရေးဂယက်သည်လည်း မဟာစီးပွားရေး အင်အားကြီးနိုင်ငံဖြစ်သည့် အမေရိကားလို နိုင်ငံများကို အလွတ်ပေးမည်မဟုတ်ပါ။
သို့အတွက် နိုင်ငံတွေ တံခါးပိတ်၊ ခေါင်းမြီးခြုံပြီး ကိုယ်ထီးကိုယ်နန်းလုပ်နေလျှင် ကြာလေဆိုးလေ ဖြစ်ဖွယ်သာရှိသည်။ စီးပွားရေးဂလိုဘယ်လိုက်ဇေးရှင်းက အကျိုးများသည့်ကိစ္စများရှိသည်။ ဥပမာ အင်တာနက်၊ မိုဘိုင်းတယ်လီဖုန်း တို့လို ခေတ်မှိနည်းပညာတွေ အလျင်အမြန် ပျံနှံသွားခြင်း မျိုးဖြစ်သည်။ ဂလိုဘယ်လိုက်ဇေးရှင်းကြောင့် စီးပွားရေး ဖွံ့ဖြိုးစနိုင်ငံများတွင် ဆင်းရဲမှုသိသိသာ လျော့ကျသွားသည်။ ထိုတချက်တည်းနှင့်ပင် ကမ္ဘာ့ စီးပွားရေးတွင် ဆက်ဖွင့်ထားဖို့၊ အပြန်အလှန် ချိတ်ဆက်ထားဖို့ သင့်သည်ဟု ယတိပြတ်ပြော နိုင်ပါသည်။
တဖက်တွင် အမျိုးသားအကျိုးစီးပွားအတွက် ဂလိုဘယ်လိုက်ဇေးရှင်း၏ ပင်မပြဿနာများကိုလည်း မျက်ခြေမပြတ်ရန် လိုပါသည်၊ ဂလိုဘယ်လိုက်ဇေးရှင်းကြောင့် အထူးသဖြင့် နိုင်ငံပေါင်းစုံမှာ ဖြန့်ကျက်ထားသည့် ကုမဏီကြီးတွေ Multinational Companies အတွက် အခွန်ရှောင်စရာ နယ်ပယ် ပိုဝန်းသထက် ကျယ်လာသည်၊ ပေးသင့်ပေးထိုက်သော အခွန်အခတွေကို မပေးဖို့၊ အခွန်ရှောင်ဖို့ အခွင့်အလမ်းတွေ ပိုများသထက် များလာသည်။
ဂလိုဘယ်လိုက်ဇေးရှင်းကြောင့် ၀င်ငွေ အဆင့်မြင့်မားသည့် အမေရိကား၊ အီးယူ၊ ဂျပန်၊ တို့တွင်ပင် နိုင်သူနှင့် ရှုံးသူ ဟူ၍ ပေါ်လာသည်၊ ဖွံ့ဖြိုးစနိုင်ငံတွေက ပညာတတ်ပြီး ဈေးပေါသော အလုပ်သမားများနှင့် မယှဉ်နိုင်သော ပညာတတ်များ အရှုံးကြီး ရှုံးသွားကြသည်။ (မှတ်ချက် - မြန်မာလူငယ်များ၏ ပရောဂမပါဝင်ပါ) သူတို့ထက် ပိုပြီး အထိနာသူများမှာ ချမ်းသာသော တိုင်းပြည်များက ကော့လိပ် ပညာမတတ်သူများဖြစ်သည်၊ သန်းနှင့်ချီပြိး အလုပ်လက်မဲ့ဖြစ် ကုန်ကြသည်။ အလုပ်မပြုတ်သူများလည်း ၀င်ငွေကျဆင်း ကုန်သည်။
ဂလိုဘယ်လိုက်ဇေးရှင်းဖြစ်စဉ်က တနွယ်ငင်တစင်ပါ ကိစ္စဖြစ်လာသည်၊ ၂၀၀၈ ဘဏ္ဍာရေး အကျပ်အတည်းသည် ဝေါစထရိက (အမေရိကား) မှ စသည်၊ တကမ္ဘာလုံးကို အလျင်အမြန် ပျံ့နှံ့သွားသည်။ ကမ္ဘာလုံး ၀ိုင်းဝန်းဖြေရှင်းဖို့ လိုအပ်လာသည်၊ ဘဏ်စနစ်တွေ၊ ငွေကြေးစနစ်တွေ ပူးပေါင်းဆောင်ရွက်ဖို့ လိုအပ်လာသည့် သဘောပင်။
ထို့အတူပင် ကမ္ဘာရာသီဥတုပြောင်းလဲမှု၊ ကူးစက်ရောဂါ၊ အကြမ်းဖက်ဝါဒ၊ တခြား ရောဂါဘယတွေလည်း နယ်စပ်မျဉ်းတွေကို အလွယ်တကူ ဖြတ်ကျော်နေသည်၊ စီးပွားရေးရောဂါကို ၀ိုင်းဝန်းကုစားသလို ကုစားမှုမျိုးကို တောင်းဆိုနေသည်။
ဂလိုဘယ်လိုက်ဇေးရှင်း၏ စိန်ခေါ်မှုများကို ရင်ဆိုင်နိုင်ဖို့ ယနေ့ခေတ် အစိုးရများသည် ယခင်အစိုးရများထက် ပိုပြီး စမတ်ကျသော ပေါ်လစီများကို ချမှတ်ဖို လိုအပ်လာ သည်၊ ရေရှည် အကျိုးစီးပွားအတွက် အရေးအကြီးဆုံးက ပညာရေးတွင် အလုံးအရင်းနှင့် ရင်းနှီးမြှုပ်နှံဖို့ဖြစ်သည်။
ကမ္ဘာလုံးချီ ပြိုင်ပွဲတွင် ကိုယ်နိုင်ငံက လူငယ်များ နလဗိန်းတုံးများ မဖြစ်ဖို့ လိုအပ်လာသည်။ သိပံနှင့် နည်းပညာကို အားပေးရမည်၊ ကမ္ဘာတ၀ှမ်းလုံးက အစိုးရတွေ ဘဏ္ဍာရေးအရ ပူးပေါင်း ဆောင်ရွက်မှုတွေ၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုတွေ လိုအပ်လာသည်။
အစိုးရတွေ ထိရောက်ဖို့၊ ထက်မြတ်ဖို့ လိုအပ်လာသည်၊ သေချာပါသည်။ ကမ္ဘာလုံးချီ ဆက်စပ်ဖြစ်ပေါ်နေသော စိန်ခေါ်မှုများကို ရင်ဆိုင်နိုင်မည့်အရေးတွင် ခေတ်မီဖို့ လိုအပ်လာသည်။ ထို့ကြောင့် ဂလိုဘယ်လိုက်ဇေးရှင်းခေတ်တွင် နိုင်ငံအစိုးရတွေရဲ့ အခန်းကဏ္ဍသည် ယခင်ကထက် ပိုပြီး အရေးပါလာသည်၊ အစိုးရတွေရဲ့ အခန်းကဏ္ဍပို၍ တွင်ကျယ်၊ ပို၍ လိုအပ်လာပေပြီ။
၁၉၇၀ ပြည့်လွန် နှစ်တွေက အမေရိကားတွင် အစိုးရက ဂလိုဘယ်လိုက်ဇေးရှင်းအပေါ် နားလည်မှုလွဲပြီး လမ်းကြောင်းအမှားကို လိုက်ခဲ့သည်၊ ဂလိုဘယ်လိုက်ဇေးရှင်း၏စိန်ခေါ်မှုကို ရင်ဆိုင်ဖို့ အစိုးရက ပညာရေး၊ အခြေခံအဆောက်အအုံ၊ နည်းပညာတို့တွင် ရင်းနှီးမြှုပ်နှံမှုမလုပ်ဘဲ အစိုးရအသုံးစရိတ်ကို လျှော့ချမယ်၊ အခွန်လျှော့ချပေးမယ် စသော လူဗြိန်းကြိုက် ကတိတွေပေးခဲ့သော ရောနယ်ရေဂင်ကို ၁၉၈၀ ပြည့်နှစ်တွင် သမ္မတအဖြစ် ရွေးချယ်ခဲ့သည်၊
နောက်ထပ်အနှစ် ၃၀ လည်း အမေရိကန်အစိုးရအဆက်ဆက်က လမ်းလွဲလိုက်ခဲ့ကြသည်၊ ပြည်တွင်း စီးပွားရေးတွင် ရင်းနှိးမြှုပ်နှံမှုတွေ များများလုပ်ဖို့၊ စီးပွားရေးလုပ်ငန်းနှင့် အလုပ်အင်အားစုကို ခေတ်မှီအောင်လုပ်ဖို့ မစဉ်းစားဘဲ ယင်းကဏ္ဍများတွင် အစိုးရ၏ ပါဝင် ပတ်သက်နေမှု (အစိုးရအခန်းကဏ္ဍ) ကို လျှော့ချပြီးရင်း လျှော့ချခဲ့သည်၊
အခွန်တွေ လျှော့ချသဖြင့် ရေတိုတွင် သူဌေးတွေပဲ ပိုလို့ချမ်းသာသွားပြီး၊ အစိုးရဌာနများတွင် အလုပ်လုပ်သော ဆင်းရဲသားများ အလုပ်ပြုတ်ကုန်ကြသည်။ စီးပွားရေးမညီမျှမှုတွေ ကြီးမားသထက် ကြီးမားလာသည်။ သူဌေးတွေက သူတို့ ဓနကိုသုံးပြီး အစိုးရတွေကို ကြိုးကိုင်လာသည်။ အကုန်အကျများသော ရွေးကောက်ပွဲတွေအတွက် သူဌေးတွေက အရင်းအနှီးမတည်ပေးသည်။
အာဏာရလာသောအခါ သမ္မတတွေနှင့် အမတ်တွေက သူဌေးတွေကို ပိုပြီး ကြီးပွားအောင် ကျေးဇူးဆပ်ကြရရှာသည်။ အမေရိကန်နှင့် ဥရောပနိုင်ငံအများစု၊ ယင်းလမ်းကြောင်းလိုက်ကြသဖြင့် စီးပွားရေး အကျပ်အတည်းနှင့် ရင်ဆိုင် နေရပေပြီ။
ယနေ့ ကမ္ဘာပေါ်တွင် အောင်မြင်နေသော နိုင်ငံများကို ပြပါဆိုလျှင် စကင်ဒီနေးဗီယားနိုင်ငံများ Scandinavia ကို ပြရမည်။ အစိုးရက များများသုံးနိုင်ဖို့ အခွန်များများကောက်သည်။ ထိုကြောင့် ဆင်းရဲချမ်းသာကွာဟမှု၊ လူမှုရေး မညီမှုတွေကို ညှိယူနိုင်သည့်အပြင် သဘာဝပတ်ဝန်းကျင် ပျက်စီးမှု မဖြစ်အောင်လည်း ထိန်းသိမ်းထားနိုင်သည်။
ယင်းသည် ဂလိုဘယ်လိုက်ဇေးရှင်းခေတ် စီးပွားရေးတွင် ဟန်ကျပန်ကျနေထိုင်ရေးအတွက် အရေးကြီးသည့် သော့ချက်ဖြစ်သည်၊ အထူးသဖြင့် လူငယ်တွေအနေဖြင့် လမ်းကြောင်းသစ် ဖြစ်လာနေသော အရှိတရားကို နားလည် လက်ခံကြရန် အရေးကြီးသည်၊
မြန်မာပြည်တွင် သမ္မတဦးသိန်းစိန်အစိုးရ၏ ကတိက၀တ် သို့မဟုတ် ကြွေကြော်သံသည် သန့်ရှင်းသော အစိုးရ၊ ကောင်းမွန်သော အစိုးရဖြစ်ရေးဟု ဆိုသည်၊ ကောင်းသော အစပျိုးမှုပင်၊ ထို့အတူ ဂလိုဘယ်လိုက်ဇေးရှင်းနှင့် ထဲထဲဝင်ဝင်ဖြစ်ဖို့ ကြိုးစားလာသည့် အရိပ်လက္ခဏာများ တွေ့လာရသည်။
ရေရှည် ကမ္ဘာလုံးချီ ပြိုင်ပွဲတွင် ကိုယ့်နိုင်ငံ၏ ကိုယ်ခံအား၊ အရင်းအမြစ်တွေ ခေတ်မှီသန်စွမ်းဖို့ လိုသည်။ အခွန်ကိစ္စ၊ တိုင်းပြည်၏ အခြေခံအဆောက်အအုံတွင် အစိုးရ၏အသုံးစရိတ် ခွဲဝေမှု တို့တွင် ပြုပြင်ရန်လိုအပ်နေသည်၊ မတိုးနိုင်သည့်တိုင်အောင် လက်ရှိအသုံးပြုနေသည့် အသုံးစရိတ်တွေထဲက လျှော့သင့်တာကို လျှော့၍ တိုးသင့်တာကို တိုးရမည်၊ ဥပမာအနေဖြင့် ပညာရေး၊ ကျန်းမာရေးနှင့် စစ်ရေး အသုံးစရိတ်အဆမတန် ကွာဟချက်မျိုးဖြစ်သည်။
လက်တွေ့တွင် ယင်းအတိုး အလျှော့အတွက် နိုင်ငံရေးအရ လုပ်ဆောင်ရမှာတွေ၊ အင်စတီကျူးရှင်းအရ ပြုပြင်ရမှာတွေရှိနိုင်သည်။ အမျိုးသားအကျိုးစီးပွားအတွက် မဖြစ်မနေလုပ်ကို လုပ်ရမည်ဟု ထင်သည်။ အကြောင်းကတော့ ဂလိုဘယ် လိုက်ဇေးရှင်းခေတ်၏ စိန်ခေါ်မှုတွေက ပတ်ချာဝိုင်းပြီး ချီတက်လာနေပေပြီ။ တမျိုးသား လုံးကျောချင်းကပ် ရင်ဆိုင်ဖြေရှင်းရုံမှ တပါး တခြားမရှိနိုင်တော့။
ညီစောလွင်
၁၈၊ ဇန်န၀ါရီ၊ ၂၀၁၂
ရည်ညွန်း၊ ၊ Globalization’s Government by Jeffrey D. Sachs



http://www.maukkha.org

ဆက်ဖတ်ရန်
ပို့စ်တင်သူ ။.............။ ( MMSA ) on Wednesday, 18 January 2012
0 ( မှတ်ချက်ရေးချင်ရင် )
ခေါင်းစဉ်အလိုက်ပို့စ်များ , |

ဒီဆောင်းပါးကိုရေးတဲ့ မိုက်ကယ် စတေတန် ဆိုတာက Inigral (http://www.inigral.com/) ကို ထူထောင်ခဲ့သူတစ်ဦးပါ။ သူဟာ ဆိုရှယ်ဆော့ဖ်ဝဲတွေကို အဆင့်မြင့်ပညာရေးမှာ အသုံးပြုနိုင်ရေးအတွက် ကျောင်းသားပညာရှင်တွေကို စုဆောင်းပြီး ကြိုးပမ်းဆောင်ရွက် နေသူတစ်ယောက်ဖြစ်ပါတယ်။

Inigral ဟာ ခုဆိုရင် ဘေဂိတ်စ်နဲ့ သူ့ဇနီးတို့တည်ထောင်ထားတဲ့ ဖောင်ဒေးရှင်းရဲ့ အထောက်အပံ့နဲ့ ပညာရေးအတွက် တီထွင်မှုတွေကိုလုပ်ဆောင်ပြီး အလျှင်မြန်ဆုံးတိုးတက်နေတဲ့ ကုမ္ပဏီစာရင်းမှာ ထိပ်တန်းကုမ္ပဏီ ၁ဝ ခု စာရင်းဝင် ဖြစ်လာပါတယ်။

၂ဝ၁၁ ခုနှစ်ဟာ နည်းပညာရှင်သစ်တွေ၊ စီးပွားရေးစွန့်ဦးတီထွင်ရှင်တွေ အများဆုံးပေါ်ထွန်း တဲ့နှစ်လို့တောင် ပြောနိုင်တယ်။ အမေရိကန် ကောလိပ်နဲ့ တက္ကသိုလ်တွေမှာလည်း နည်းပညာရှင်လေးတွေက လက်စွမ်းပြနေတာတွေကို အမေရိကန်ပြည်ကတော့ ပီတိတွေ ဖြစ်နေမယ်ထင်ပါတယ်။ ဒီလိုနဲ့ လူငယ်တွေတီထွင်လိုက်ကြ၊ ကုမ္ပဏီတွေထောင်လိုက်ကြ၊ သန်းကြွယ်သူဌေးတွေ ဖြစ်သွားလိုက်ကြနဲ့ အရမ်းကို အားကျစရာ ကောင်းပါတယ်။

နည်းပညာမှာ လမ်းကြောင်းသစ်တစ်ခု ကို စတင်ဖို့ပြင်ဆင်နေကြတယ်။ အဲဒီလမ်း ကြောင်းသစ်ကိုသွားဖို့ ၂ဝ၁၁ ကတည်းက ပြင်ဆင်နေကြတယ်။ လူငယ်တွေကို ပညာတတ် အောင်လုပ်ပေးမှ၊ ပညာနဲ့အတူ အခွင့်အလမ်းတွေ ဖော်ဆောင်ပေးမှဆိုတာကိုသိတဲ့ နိုင်ငံတွေကတော့ ပညာရေးနဲ့ ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံတော်ကို အပြောမဟုတ် လက်တွေ့တည်ဆောက်နေကြပါတယ်။

ဒီနေ့ခေတ်ဟာ ဒိုင်းနမစ်ပညာခေတ် လို့ပြောရမယ်။ ဒစ်ဂျစ်တယ်ဝန်းကျင်နဲ့ ပညာရေးကို မပြင်ဆင်ဘူးဆိုရင် အများကြီး နောက်ကျကျန်ခဲ့တော့မယ်။ ကွန်ပျူတာနဲ့ တက်ဘလက်ပညာရေးကို ခေတ်ရှေ့ပြေးတဲ့ နိုင်ငံတွေပေါ်ထွန်းနေသလို အစဉ်အလာ လမ်းကြောင်းမှာ ကျောက်သင်ပုန်း ကျောက်တံသုံးနေတဲ့ နိုင်ငံတွေလည်းရှိနေသေးတယ်။

၂ဝ၁၁ မှာ ပညာရေးလောကကို အများကြီး ပြုပြင်ပြောင်းလဲစေခဲ့တဲ့ နည်းပညာ တွေရှိပါတယ်။ ပြောင်းလဲမှုတွေ တွန်းတိုက်ဆောင့်ဝှေ့ဒဏ်ကို ပြင်ဆင်နေတဲ့ နိုင်ငံတွေက ပြင်ဆင်နေပါပြီ။ ၂ဝ၁၂ အတွက် ကျွန်တော်တို့ ဘာတွေပြင်ဆင်ရမလဲ၊ ၂ဝ၁၁ မှာ ဘာတွေ ဖြစ်ခဲ့သလဲ။


၁။ Uncollege ဆိုတဲ့ လှုပ်ရှားမှုကြီးတစ်ခု နဲ့ ပြောင်းလဲမှုကိုစတင်ခဲ့

ကောလိပ်တွေ တက္ကသိုလ်တွေမလို တော့ဘူးတဲ့ဗျာ။ Uncollege Movement ကို စတင်ခဲ့ သူတွေကတော့ PayPal က CEO နဲ့ စွန့်ဦးတီထွင် လုပ်ငန်းရှင်ကြီးဖြစ်တဲ့ ပီတာ သေးလ် ဖြစ်ပါတယ်။ အဆင့်မြင့်ပညာကို ကောလိပ်တက်စရာမလို ကျောင်းပြင်ပ တကယ့်လောကမှာ ပညာရှာနိုင်ရမယ်တဲ့။

သူက 20 under 20 program (http://www.entrepreneur.com/articla/220260) ဆိုတာကို ဖန်တီးလိုက်တယ်။ သူ့ ပရိုဂရမ်ကို သရုပ်ပြရာမှာ တော်တဲ့ ထူးချွန်တဲ့ကလေးတွေ ကောလိပ်မတက်ဘဲ အောင်မြင်တယ်ဆိုတာကို လက်တွေ့ပြသနိုင်ခဲ့တယ်။

သူ လက်တွေ့ပြတဲ့အထဲမှာ ဒေးလ် စတီဖင်ဆိုသူ ကျောင်းသားတစ်ယောက်ပါတယ်။ စတီဖင်က ခုဆိုရင် စာအုပ်တစ်အုပ် ကိုရေးနေတယ်။ သူရေးနေတဲ့စာအုပ်ကတော့ ကောလိပ် ဆိုတာ အောင်မြင်မှုအတွက် တစ်ခုတည်းသော လမ်းကြောင်းမဟုတ်ဘူး ဆိုတာကို ရေးထား တာလို့ပြောတယ်။

Fast ကုမ္ပဏီက ဂျာနယ်လစ်တစ် ယောက်ဖြစ်တဲ့ အန်ညာ ကာမီနက်ဇ် ကလည်း ကောလိပ်မတက်ဘဲ The Edupunks Guide to a DIY Credential ဆိုတဲ့ စာအုပ်ကို ရေးသားထုတ်ဝေခဲ့တယ်။ အဲဒီစာအုပ်ကို ဂိတ်စ်ရဲ့ ဖောင်ဒေးရှင်းက စပွန်ဆာပေးခဲ့တယ်။

သူတို့ ကောလိပ်မတက်ဘဲ ဘယ်လိုပညာရှာခဲ့တယ်ဆိုတာတွေကို လက်တွေ့ပြောနေပါတယ်။ သူတို့ကို အထောက်အပံ့ပေးနေတဲ့ သူဌေးကြီး ဂိတ်စ်ကလည်း ကောလိပ်ကို ပထမနှစ် အောင်တာနဲ့ ကျောင်းထွက်ပြီး မိုက်ခရိုဆော့ဖ်ကို ထူထောင်ခဲ့ရာကနေ ကမ္ဘာ့အချမ်းသာဆုံး စာရင်းဝင်ဖြစ်နေသူပါ။

၂။ ငါးကြင်းဆီနဲ့ ငါးကြင်းကြော်၊ မီဒီယာနဲ့ ပညာရေးကို လှုံ့ဆော်

ဂိတ်စ်ဇနီးမောင်နှံဖောင်ဒေးရှင်းကနေ မတည်ထားပေးတဲ့ Weekend EDU ကို ပညာရေးအတွက် အကျိုးရှိစေဖို့ လုပ်ငန်းတွေ ဒါဇင်နဲ့ချီပြီး ထူထောင်ပေးထားတယ်။ ဥပမာ အဲဒီလုပ်ငန်းခွဲတွေ အနေနဲ့ ImagineK12 နဲ့ Startl ဆိုတာတွေပါတယ်။ အဲဒီ ပရောဂျက် တွေကနေ ပညာရေး စွန့်ဦးတီထွင်ရှင်လေးတွေကို မွေးထုတ်ပေးနေတယ်။ နည်းပညာ ကုမ္ပဏီ တွေကလည်း New Schools Venture Fund ဆိုတဲ့ ရန်ပုံငွေအဖွဲ့ကိုထူထောင်ပြီး ပညာရှင်တွေ ထွက်ပေါ်ရေးကို အားပေးနေတယ်။

ရလဒ်ကတော့ EdSurge လိုကုမ္ပဏီကနေ သတင်းစာစောင်တွေထုတ်ပေးတယ်။ အဲဒီ စာစောင်အဖုံးမှာ ပညာရေးမှာထူးချွန်သူတွေကို ဖော်ပြပေးတယ်။ ဒီစာစောင်ကိုလည်း သူတို့နိုင်ငံက ပညာရေးလောကမှာ အတော်လေးဖတ်ကြတယ်။ Hacking Education ဆိုတဲ့ စာစောင်ကိုလည်း ညနေတိုင်းဖတ်နိုင်အောင် ဂျွန် ဘစ်ခ်ျကဲဆိုသူက ထုတ်နေတယ်။ မြို့သုံးမြို့ လောက်က တီထွင်ပညာရှင်တွေကို အဲဒီစာစောင်ကနေ ဖော်ထုတ်ပေးနေတယ်။

ကျောင်းတွေ က အလားအလာရှိသူတွေကို ဖော်ထုတ်ပေးနေတာ လုပ်ငန်းရှင်တွေ၊ စီးပွားရေးသမားတွေနဲ့ မိတ်ဆက်ပေးနေတဲ့သဘောပဲ။ ပညာရေးဆိုတာ မီဒီယာနဲ့လည်း ဆက်စပ်မှဖြစ်မယ်ဆိုတာ သူတို့သိထားတယ်။ ဒါကြောင့် ပညာရေးလောကကို သတင်းအမှောင် ချမထားဘူး။ ထုတ်ပြော သင့်တာပြော၊ ချီးမြှောက်သင့်သူကို ချီးမြှောက်၊ လူကြီးပြောမှ ကောက်လုပ်တာတွေမရှိတော့ အချိန်မရွေး ပညာရေးလောကအောင်မြင်မှုတွေဟာ လုပ်ငန်းခွင်နဲ့ မဝေးတော့ပါဘူး။

၃။ အစဉ်အလာ ပုံနှိပ်စာအုပ်တွေ သေကုန်ပြီ

Etexbook ဆိုတဲ့ ကုမ္ပဏီတွေပေါ်ထွက် လာတယ်။ အီလက်ထရောနစ် ပုံနှိပ်တွေကို Inkling (http://www.inkling.com/) နဲ့ Kno (http://www.kno.com/home) တွေမှာ လိုသလောက်ရနေပြီ။ ဒါကြောင့် ကျောင်းသွားရင် ပခုံးနာအောင် စာအုပ်တွေ ကျောပိုးအိတ်နဲ့ ထည့်ယူသွားစရာမလိုတော့ဘူး။ Tablet သို့မဟုတ် laptop ရှိရင် ပြဋ္ဌာန်းစာအုပ်တွေအားလုံး အွန်လိုင်းမှာရတယ်။

စာအုပ်တွေကို ဒစ်ဂျစ်တယ် အီလက်ထရော နစ်စနစ်ပြောင်းတယ်ဆိုတာ စာလုံးတွေကို ကွန်ပျူတာပေါ်ရောက်သွားရုံသက်သက် ပြောတာမဟုတ်ဘူး။ မာလ်တီမီဒီယာ လို့ ခေါ်တဲ့ စာတစ်လုံးပေါ်ကို click လုပ်တာနဲ့ ပုံပြ၊ အသံထွက်၊ အဓိပ္ပာယ်အားလုံးကို ရှင်းပြနိုင် တဲ့စနစ်တွေ တစ်ပြိုင်တည်းမှာ ဖော်ဆောင် ပေးနိုင်တာကိုပြောတာ။

Flat World Knowledge ဆိုတဲ့ ကောလိပ်ပြဋ္ဌာန်းစာအုပ်တွေကို ထုတ်ဝေနေတဲ့ နေရာတစ်ခုရှိတယ်။ ကျောင်းသားတိုင်း၊ မိဘတိုင်း စိတ်ချမ်းသာအောင် ထုတ်ပေးနေတယ်။ ရန်ပုံငွေလည်းတောင့်တယ်။ သူ့ဆီမှာ ထုတ်ထားတဲ့ ပြဋ္ဌာန်းစာအုပ်တွေဟာ Wikipedia လို အွန်လိုင်းစွယ်စုံကျမ်းနဲ့လည်း ဆက်စပ်ပေးထားတယ်။ အွန်လိုင်းမှာဖတ်ရင် အခမဲ့။ PDF နဲ့လိုချင်မှ ဒေါ်လာ ၂ဝ လောက်ပဲပေးရတယ်။

ပြဋ္ဌာန်းချက်တွေဟာ ဒစ်ဂျစ်တယ်စနစ် ကိုပြောင်းကုန်ပြီဆိုတာ ပုံနှိပ်ထုတ်ဝေသူ တွေ ကလည်း သတိပြုမိလာကြတယ်။ ဒါကြောင့် ထုတ်ဝေရေးလောကကိုပါ ပြောင်းလဲမှုလေးတွေ လုပ်လာကြတယ်။ မလုပ်ရင် ကျန်ခဲ့တော့မယ်ဆိုတာကိုလည်း သူတို့ သိနေကြတယ်။

၎။ ပညာရေးကိုရင်းနှီးမြှုပ်နှံလာသော သူဌေးများ

အမေရိကန်နိုင်ငံ တစ်နိုင်ငံတည်းမှာ ဘီလီယံ ရာနဲ့ချီပြီး ထူထောင်ထားတဲ့ ဖောင် ဒေးရှင်းတွေ အများကြီးပေါ်လာတယ်။ အကျိုးအမြတ်ရှိမှ ရင်းနှီးမြှုပ်နှံမယ်ဆိုတဲ့ အစဉ်အလာ အတွေးအခေါ်တွေ ပြောင်းလဲလာတယ်။ ပညာရေးနဲ့ သုတေသနမှာ ရင်းနှီးမြှုပ်နှံတာကို အနာဂတ်အတွက်ဖြစ်ပေမယ့် လိုလားစွာလုပ်ဆောင်လာကြတယ်။ သူဌေးတွေက သူတို့ ဝင်ငွေတွေရဲ့ ၅ ရာခိုင်နှုန်းလောက်ကို လှူဖို့စိတ်ဝင်စားလာကြတယ်။

များသောအားဖြင့် တီထွင်မှုနဲ့ တီထွင်သူတွေကိုပေါ်ပေါက်အောင် ရင်းနှီးမြှုပ်နှံတယ်ဆိုတာ သူတို့အနာဂတ် အတွက်လည်း ရင်းနှီးမြှုပ်နှံနေတာပဲလို့ သဘောပေါက်ထားကြတယ်။ ငွေအရင်းအနှီးကို အမြတ်တစ်ခုတည်းအတွက် မြှုပ်နှံမှုတွေ မလုပ်တော့တာကို စွန့်စားရတဲ့ဂိမ်းတစ်ခု အနေနဲ့ စိတ်ဝင်စားလာကြတယ်။

ဂိတ်စ်ဖောင်ဒေးရှင်းက Next Generation Learning Challenges ဆိုတဲ့ ပရောဂျက် ကို စပွန်ဆာတွေပေးပြီး အများကြီးမြှုပ်နှံထားတယ်။ ဝင်ငွေနည်းတဲ့မိသားစုတွေက သာမန် ကလေးတွေကို ဒီပရောဂျက်ကနေ ထောက်ပံ့ပေးပြီး ပန်းတိုင်တစ်ခုခု ရောက်အောင် မွေးထုတ် ပေးတယ်။ အထူးသဖြင့် နည်းပညာရှင်တွေ ဖြစ်လာအောင် ဦးတည်ချက်နဲ့ ထုတ်လုပ်နေတယ် ဆိုတာကိုတော့ ပြောစရာတောင် လိုမယ်မထင်ပါဘူး။


၅။ ပညာရေးလောက စီးပွားရေးမဟာတွေ သိမ်းပိုက်လာ

ဥပမာ Providence Equity ကုမ္ပဏီကြီး က Blackboard website ကို ဒေါ်လာ ၁.၆ ဘီလီယံ နဲ့ဝယ်လိုက်တယ်။ Hellman & Friedman ကလည်း Sungard Higher Education ကို ဒေါ်လာ ၁.၇ ဘီလီယံနဲ့ ဝယ်ပြီးတော့ Datatel ဆိုပြီးထူထောင်လိုက်တယ်။ ကုမ္ပဏီ သစ်တွေကို မျှော်လင့်ချက်ကြီးစွာနဲ့ ထူထောင်လာတဲ့ လုပ်ငန်းရှင်ကြီးတွေရဲ့ အနာဂတ် စိတ်ကူးကို ကျွန်တော်တို့မှန်းလို့မရဘူး။ ဒါပေမယ့် အချိန်ကစကားပြောပါလိမ့်မယ်။ သူတို့ တတွေ အကြောင်းမဲ့ ရင်းနှီးမြှုပ်နှံနေကြတာ မဟုတ်ဘူးဆိုတာကတော့ထင်ရှားတယ်။

၆။ သင်ယူမှုစီမံ အပြိုင်အဆိုင်လိုအပ်လာ

သင်ယူမှုစီမံဆိုတာ ခေတ်စားလာတဲ့ LMS (learning management systems) ကိုပြောတာ။ Apple 1984 ကြော်ငြာကို ရိုက်ပြီးချိန်မှာ ကြော်ငြာရဲ့စွမ်းအားကို ဈေးကွက်မှာ ဗီဒီယိုနဲ့ ရိုက်ပြတာအကောင်းဆုံးလို့ လက်ခံလာကြတယ်။ ဒီလိုလက်ခံလာနိုင်အောင် လုပ်ခဲ့တာက Blackboard ပါ။ ပညာရေးကုမ္ပဏီ တစ်ခုဖြစ်တဲ့ Pearson က “OpenClass” လို့ခေါ်တဲ့ LSM စနစ်ကို အခမဲ့ထုတ်ပြီး ဖြန့်လိုက်တယ်။ ပြိုင်ဘက်တွေကို အခမဲ့နဲ့ စိန်ခေါ်လိုက်တဲ့သဘောပဲ။

အဲဒီလမ်းကြောင်းကို Sakai ဆိုတဲ့ဆော့ဖ်ဝဲက လိုက်လာပြီး တက္ကသိုလ် အနှံ့ပျံ့သွားတယ်။ Blackboard ကိုပိုင်တဲ့ ပိုင်ရှင်သစ် Providence Equity ကလည်း အစဉ်အလာ ကောင်းတဲ့ Blackboard ကို ဒီအတိုင်းထားမယ်တော့ မထင်ဘူး။

၇။ နည်းပညာသစ်အတွက် ဆရာသစ်တွေလိုလာ

ပညာရေးလုပ်ငန်းတွေကို ဝန်ဆောင်မှု ပေးနေတဲ့ Pizza (http://pizza.com/) နဲ့ CourseKit (http://coursekit.com) တွေက အွန်လိုင်းပညာရေးအတွက် ဆရာသစ် တွေရှာလာတယ်။ အွန်လိုင်းဆရာတွေပေါ့။ ခုချိန်မှာ အွန်လိုင်းဆရာလိုင်းတွေဖြစ်တဲ့ Engrade (http://www.engrade.com/), LearnBoost (https://www.learnboost.com), ClassDojo (http://www.classdojo.com/) တွေကို အွန်လိုင်း လက်ဦးဆရာတွေအဖြစ် အသိအမှတ် ပြုရမယ်။

၈။ အခြေခံကျောင်းများအတွက် ကွန်ရက်တွေဆောက်လာ

အမေရိကန်နိုင်ငံမှာ အခြေခံမူလတန်းမှ အထက်တန်းအဆင့်အထိ Edmodo ဆိုတဲ့ လိုင်းကို ကျောင်းသား ကျောင်းသူ ဆရာ ဆရာမပေါင်း ၅ သန်းလောက် အသုံးပြုနေကြတယ်။ နောက်ပိုင်း Edmodo က ဂိမ်းတွေကိုပါ ပရိုဂရမ်မှာထည့်သွင်း ပေးလာတယ်။ ပညာရေးဆိုတာ စာသင်ဖို့ တစ်ခုတည်းသက်သက်မဟုတ်ဘူးဆိုတာကို သက်သေထူချင်လို့နဲ့တူပါတယ်။


၉။ ကောလိပ်ကွန်ရက် ကုမ္ပဏီတွေဝင် ရောက်သိမ်းပိုက်လာ

Chegg ဆိုတဲ့ကုမ္ပဏီက Courserank, Notehall, Cramster, Zinch ဆိုတာတွေကို တစ်ခုပြီးတစ်ခုသိမ်းပိုက်လာရင်း ကျောင်းသားတွေရဲ့ ကွန်ရက်ကြီးတစ်ခုကို ထူထောင်လိုက် တယ်။

အထူးသဖြင့်တော့ ကောလိပ်ကျောင်းသားတွေရဲ့ကွန်ရက်ပေါ့။ အဲဒီ Chegg site ကနေပြီး ပြဋ္ဌာန်းစာအုပ်တွေငှားတယ်။ အခြားကျောင်းသားတွေနဲ့ ဆက်စပ်တာမှန်သမျှကို လည်း ဝန်ဆောင်မှုပေးသေးတယ်။ ကောလိပ်အဆင့်ထဲကို ထဲထဲဝင်ဝင်ရောက်ပြီး နယ်ချဲ့ လာတာ အကြောင်းမဲ့တော့ မဟုတ်ပါဘူး။ ၂ဝ၁၂ မှာ သူတို့အွန်လိုင်းမှာ ဘာတွေစီစဉ်လှုပ်ရှား မယ်ဆိုတာ စောင့်ကြည့်ရပါလိမ့်မယ်။

၁ဝ။ နည်းပညာလုပ်ငန်းနဲ့ စီးပွားဖြစ်တာ စိတ်ဝင်စားလာ

Codeschool (http://www.codeschool.com/) Codecademy (http://www.codecademy.com/#%21/exercises/0) တွေ ပေါ်လာတယ်။ ကိုယ်တိုင် လေ့လာသင်ယူဖို့ အကောင်းဆုံး Site တွေပါ။ အဲဒီ site တွေကနေ Programming language အသစ်တွေကို တီထွင်ပေးနေတယ်။ ယခင်ထက်ပိုပြီးတော့ လွယ်ကူလာ၊ အသုံးလည်း တည့်လာတဲ့ language တွေပါ။

Udemy (http://www.udemy.com/) ကလည်း လုပ်ငန်းလုပ်လိုသူတွေ လေ့လာ သင်ယူနိုင်တဲ့ ကိုယ်တိုင်လေ့လာ သင်ရိုးတွေကို ရေးထုတ်ပေးနေတယ်။ ဈေးသက်သာစွာ၊ ရှင်းလင်းလွယ်ကူစွာ ဆရာမပါဘဲ လေ့လာနိုင်အောင်ကို စီစဉ်ပေးနေကြတာ။ နည်းပညာ ဆိုတာ ကျောင်းတက်မှ မဟုတ်ဘူး။ အလုပ်လုပ်ရင်းလည်း သင်ယူနိုင်တယ်ဆိုတာကို လက်တွေ့ဖော်ဆောင်ပြနေတော့ လုပ်ငန်းရှင်ဆိုတိုင်း မတတ်ပါဘူးလို့လည်း အထင်သေးလို့ မဖြစ်တော့ဘူး။

၁၁။ ကျောင်းဆိုတာ ဘောင်ကျဉ်းလာ၊ ဆရာဆိုတာ မရှိမဖြစ်မဟုတ်ပါ

2tor (http://2tor.com/) မှာ ဝင်ကြည့်ရင် သဘောပေါက်လာပါလိမ့်မယ်။ ကာလီ ဖိုးနီးယားတောင်ပိုင်းတက္ကသိုလ်ကနေ M.A နဲ့ MSW ပရိုဂရမ်တွေကို အွန်လိုင်းကနေ ဘယ်လို သင်ကြားပေးနေတယ်ဆိုတာ။ 2tor ကုမ္ပဏီကပဲ မြောက်ပိုင်းကာရိုလိုင်းနားတက္ကသိုလ်က MBA ပရိုဂရမ်နဲ့ ဂျော့တောင်းတက္ကသိုလ်က Nursing M.S. ပရိုဂရမ်တွေကိုလည်း တာဝန်ယူ ထုတ်လွှင့်ပေးနေတာကို တွေ့ရပါလိမ့်မယ်။

အဲဒီ site မှာ သင်ကြားပေးနေတဲ့ ပါမောက္ခကြီးတွေက တကယ့်နာမည်ကျော် တွေချည်းပဲ။ AI (Artifical Intelligence) လို ဘာသာရပ်ကိုတောင် အွန်လိုင်း course အနေနဲ့ ပထမဦးဆုံးပို့ချပေးနေတယ်။

အဲဒီ 2tor လိုင်းမှာ ဝင်ရောက်သင်ယူ နေသူပေါင်း ၁ သိန်းကျော်ရှိတယ်။ သူတို့ လုပ်ဆောင်ထားတဲ့ assignment တွေကို တင်ဖို့ နေ့စဉ်ကြိုးစားနေသူတွေက ၃၅ဝဝဝ ကျော်ရှိတယ်။ အခကြေးငွေကလည်း မယူသလောက်၊ လာသလောက်လည်းလက်ခံ၊ အတန်းတိုင်းမှာ သင်ပေးနေတာကလည်း နာမည်ကျော်ပါမောက္ခကြီးတွေဆိုတော့ အွန်လိုင်းရဲ့ Open Online Course နဲ့ အနာဂတ်ပညာရေးကို ဆက်စပ်တွေးလို့ရမယ် ထင်ပါတယ်။

ကိုင်း ကျွန်တော်တို့ ဘာတွေဆက်လုပ်ကြမလဲ။ နံရံလေးဘက်ကာထားတဲ့ ကျောင်း ဆိုတဲ့နေရာထဲကို ကျောင်းသားဆိုတာတွေ ကို တစ်နေကုန်ထည့်ထားပြီး၊ လက်ကလေး တွေပိုက် ထိုင်ခိုင်းထားမလား၊ အင်တာနက် နဲ့ Open Online ကိုဆက်စပ်ပေးမလား စဉ်းစားကြရအောင်။

တင်ညွန့်


....................................http://www.maukkha.org/index.php/feature-article/1722-maukkha-tin-nyut-eduction-reforn-with-tech

ဆက်ဖတ်ရန်
ပို့စ်တင်သူ ။.............။ မောင်သိရီ on Wednesday, 11 January 2012
0 ( မှတ်ချက်ရေးချင်ရင် )
ခေါင်းစဉ်အလိုက်ပို့စ်များ |


အမေရိကန် ပြည်ထောင်စုရှိ ကျောင်းသားများသည် ကောလိပ်ကျောင်းများတွင် ထင်ရှား ကျော်ကြားသော ပလေတို၊ ရှိက်စပီးယား စသည့် ပုဂ္ဂိုလ်ကျော်များ၏ ထင်ရှားကျော်ကြားမှုများကို လေ့လာရန် စိတ်ဝင်စားမှု ရှိကောင်းရှိခဲ့ကြမည်။

သို့သော် ဂျော့ခ်ျတောင်း တက္ကသိုလ်မှ ပြုလုပ်သော သုတေသန တွေ့ရှိချက်တွင် ၄င်းပုဂ္ဂိုလ်ကျော်ကြီးများရဲ့ Arts, Humanities and Architecture ဘာသာရပ်တို့ဖြင့် ဘွဲ့ရများသည် အလုပ်လက်မဲ့ အများဆုံးဖြစ်ကြောင်း တွေ့ရှိရသည်။
အလုပ်လက်မဲ့ အများဆုံး ဘွဲ့ရများမှာ ဗိသုကာပညာရပ် (၁၃.၉) ရာခိုင်နှုန်း၊ အနုပညာ ဘာသာရပ် (၁၁.၁) ရာခိုင်နှုန်းနှင့် လူမှုရေးဘာသာရပ် (၉.၄) ရာခိုင်နှုန်း၊ ကျန်းမာရေး (၅.၄) ရာခိုင်နှုန်း၊ ပညာရေး (၅.၄)၊ စိုက်ပျိုးရေးနှင့် သဘာဝအရင်းအမြစ် ဘာသာရပ်တို့မှာ (၇) ရာခိုင်နှုန်း အသီးသီးရှိကြသည်။ အလုပ်အကိုင်ရရှိမှု အကောင်းဆုံး ဘာသာများမှာ စီးပွားရေးနှင့် အင်ဂျင်နီယာဘာသာရပ် ဘွဲ့ရများ ဖြစ်သည်။

“မိဘတွေက သူတို့ရဲ့ ကလေးတွေကို ကြိုက်နှစ်သက်ရာ ဘာသာရပ်ကို ယူဖို့ပြောကြပါတယ်၊ လူလတ်တန်းစားတွေရဲ့ အတွေးအခေါ်ဖြစ်တဲ့ နိုင်ငံ့သားကောင်းဖြစ်ဖို့၊ အသက်ရှင်နေစဉ်ကာလ အတွင်း ပူးပေါင်းပါဝင်မှုတွေလုပ်ဖို့ ပြောကြတယ်၊ အားလုံးမှန်ပါတယ်၊ ဒါပေမဲ့ အလုပ်လက်မဲ့ အကြောင်း ပြောတဲ့အခါ စဉ်းစားစရာဖြစ်လာတယ်” ဟု သုတေသန စစ်တမ်းပြုလုပ်ခဲ့သည် Anthony P. Carnevale ပြောဆိုခဲ့သည်။

ဂျော့ခ်ျတောင်း တက္ကသိုလ်မှ ပြုလုပ်သော သုတေသနသည် ၂၀၀၉-၂၀၁၀ ခုနှစ်များအတွင်း ကောက်ယူခဲ့သော ဒေသကောလိပ်များ၏ သုတေသန စစ်တမ်းများကို အခြေခံထားခြင်းဖြစ်သည်။
ယခင်က အမေရိကန် ပြည်ထောင်စုတွင် ဒေသကောလိပ်များသည် ငွေကြေးမတတ်နိုင်သော သူများ၏ ပညာရှမှီးရာ နေရာဖြစ်သော်လည်း ယခုအခါတွင် လူလတ်တန်းစားများနှင့် အထက်တန်းလွှာတို့ မိသားတို့၏ ကလေးများ ပညာသင်ကြားရာ နေရာဖြစ်လာခဲ့သည်။

ဤကဲ့သို့ ကျောင်းသားများ၏ အပြောင်းအလဲဖြစ်ပေါ်လာရ ခြင်းမှာ လွန်ခဲ့သော ဆယ်စုနှစ်များအတွင်း ကျောင်းသားများ၏ အလုပ်အကိုင်အခွင့်အလမ်းနည်းပါးလာခြင်းကြောင့် အကြွေး ပြန်မဆပ်နိုင်မှု များပြားလာခြင်း တို့ကြောင့် ဖြစ်သည်။
ကွန်ပျူဘာသာရပ်၊ အင်ဂျင်နီယာဘာသာရပ်နှင့် စီးပွားရေးဆိုင်ရာ ဘာသာရပ်တို့သည် အလုပ်အကိုင် ရရှိ နိုင်မှုတွင် အခြားသော ဘာသာရပ်များထက် ၅၀ ရာခိုင်နှုန်းအထိ သာကြောင်း ဖေါ်ပြထားသည်။

ထိုင်းနိုင်ငံ မဟီဒေါတက္ကသိုလ်တခုတွင် တက်ရောက်ခဲ့သည့် မြန်မာနိုင်ငံမှ ကျောင်းသားတဦးမှ “ထိုင်းမှာလည်း Social Science ဘာသာရပ် ဘွဲ့ရတွေ အနေနဲ့ ပညာရပ်နဲ့ ကိုက်ညီတဲ့ အလုပ်အကိုင် ရှိနိုင်မှု အခက်အခဲရှိတယ်၊ ကျနော် under grade မှာ လူမှုရေးဘာသာရပ်ကို ယူခဲ့တယ်၊ ဘွဲ့ရတာ တနှစ်ကျော်ပြီ ၊ အလုပ်အကိုင် မရှိသေးဘူး” ဟုပြောဆိုခဲ့သည်။

မြန်မာနိုင်ငံတွင် ၁၉၉၀ ကျော်ခုနှစ်များအတွင်း ကျောင်းသားများ အကြိုက်ဆုံးဘာသာရပ်များမှာ ဆေး၊ စစ်မှု၊ ကွန်ပျူတာ ဘာသာရပ် တို့ဖြစ်ကြသည်။ ယခုအခါတွင် အလုပ် အကိုင်ရရှိနိုင်မှု အခက်အခဲတို့ကြောင့် နိုင်ငံခြားဘာသာ တက္ကသိုလ်များတွင် တက်ရောက်သည့် ကျောင်းသားဦးရေ များပြားလာခဲ့သည်။

စောပြည့်ညို

Sources; New study shows architecture, arts degrees yield highest unemployment.




......................................

http://www.maukkha.org/index.php/news-menu/international-news-maukkha/1716-maukkha-unemployment-graduates

ဆက်ဖတ်ရန်
ပို့စ်တင်သူ ။.............။ မောင်သိရီ on
0 ( မှတ်ချက်ရေးချင်ရင် )
ခေါင်းစဉ်အလိုက်ပို့စ်များ |

ဇန်န၀ါရီလ ၁၀ ရက်နေ့ထုတ် ဘန်ကောက်ပို့စ် သတင်းစာကြီးထဲမှာ ထိုင်းလူမျိုးတွေအနေနဲ့ အင်္ဂလိပ်စာ အရည်အသွေးညံ့ဖျင်းခဲ့ပါက ကိုယ်ရမယ့် အခွင့်အလမ်းများ ဆုံးရှုံးနိုင်ကြောင်း အယ်ဒီတာ အာဘော်မှ တင်ပြလိုက်ပါသည်။

ဇန်န၀ါရီလ ၈ ရက်နေ့ထုတ် ဘန်ကောက် သတင်းစာတွင် ထိုင်းနိုင်ငံတ၀ှမ်းက တက္ကသိုလ်အကြီးများ ညီလာခံတွင် အာဆီယမ် စီးပွားရေးဇုန် ပေါ်လာသောအခါ ထိုင်းလူငယ်များ အနေဖြင့် ခေတ်နောက်ကျကျန်ခဲ့မှာ ဖြစ်ကြောင်း ပညာရှင်များမှ သတိပေးထားသည်ကို တွေ့ရသည်။ ထိုင်းတနိုင်တက္ကသိုလ်တွေ အနေဖြင့် သင်ရိုးညွန်းတမ်းကို အနီးစပ်ဆုံး တူညီအောင် ပြုလုပ်သွားမည် ဖြစ်ကြောင်း ကတိက၀တ်ပြုခဲ့ကြသည်။

ထိုင်းအစိုးရသည် သက္ကရာဇ် ၂၀၁၂ ခုနှစ်ကို အင်္ဂလိပ်စကားပြောနှစ် အဖြစ်သတ်မှတ် ထားပါသည်။ အချို့သော အထက်တန်းကျောင်းများတွင် အင်္ဂလိပ်စကားပြော နိုင်ငံခြားသားဆရာများကို ငှားရမ်းအသုံးပြု နေပြီဖြစ်သည်။

ယနေ့ ဘန်ကောက်ပို့စ် အယ်ဒီတာ အာဘော်တွင် ထိုင်းပညာရေးစနစ် ညံ့ဖျင်းမှုကြောင့် အလုပ်သမားများမှာ လုပ်ခလစာ အနည်းငယ်ဖြင့် လုပ်ကိုင်လျက်ရှိကြောင်း အခြားသော ဖွံ့ဖြိုးသည့် နိုင်ငံများနှင့် နှိုင်းယှဉ်ကာ ထောက်ပြခဲ့သည်။

ဂလိုဘယ် လိုင်ဇင်းရှင်း ဖြစ်ပေါ်နေသော်လည်း ထိုင်းအလုပ်သမားများမှာ နိုင်ငံခြား ကုမ္ပဏီကြီးများ၏ လစာနိမ့် အလုပ်သမားအဆင့် ရှိကြောင်းထောက်ပြခဲ့သည်။

ထိုင်းနိုင်ငံကျောင်းများတွင် အင်္ဂလိပ်ဘာသာ စကားသင်ကြားရေးအတွက် တိုက်တွန်းထားသည်။ လာမည့် နှစ်အနည်းငယ်အတွင်း အာစီယံ နိုင်ငံများ၏ နယ်စပ်များ လုံးဝ ဖွင့်သောအခါတွင် ထိုင်းလူငယ်များအနေဖြင့် အလုပ်အကိုင်ကောင်း ရရှိနိုင်မှုကို စိုးရိမ်မိကြောင်း တင်ပြထားသည်။ ထိုင်းတက္ကသိုလ် အဓိပဓိများမှလည်း ဘွဲ့ရအများစုသည် အင်္ဂလိပ်ဘာသာစကားကို မပြောဆိုနိုင်ကြောင်း ထောက်ပြခဲ့ကြသည်။

ထိုင်းမီဒီယာများသည် ထိုင်းပညာရေးစနစ် ပြုပြင်ပြောင်းလဲရန် စဉ်ဆက်မပြတ် တောင်းဆိုနေစဉ် မြန်မာနိုင်ငံတွင်လည်း ပညာရေးပြုပြင်ပြောင်းလဲမှုစတင်ရန် တောင်းဆိုလာသည်ကို တွေ့ရသည်။

ထိုင်းနိုင်ငံ၏ နိုင်ငံတော် ဘတ်ဂျက်တွင် ပညာရေး ကဏ္ဍသည် ငွေကြေးသုံးစွဲမှု အများဆုံးဖြစ်သည်ကို တွေ့ရသည်။ မြန်မာနိုင်ငံတွင် ပညာရေး အသုံးစရိတ်မှာ အနိမ့်ဆုံးတွင် ရှိနေသည်။

မြန်မာ လူငယ်လူရွယ်အများစုမှာလည်း အစိုးရ ပညာသင်ကျောင်းမတက် နိုင်သည့်အတွက် တနိုင်တပိုင် ပညာရေးတွင် တက်ရောက် သင်ကြားနေကြရသည်။ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြညှ်လည်း တနိုင်တပိုင် ပညာရေးလုပ်ငန်းများကို လုပ်ဆောင်လျက်ရှိသည်။

အိမ်နီးချင်း ထိုင်းနိုင်ငံသည် ဒေသတွင်း နိုင်ငံရေး၊ စိးပွားရေး၊ လူမှုရေးပြုပြင်ပြောင်းလဲမှုနဲ့ အညီ နိုင်ငံ၏ ပညာရေး ကဏ္ဍကိုလည်း အမျိုးသားလှုပ်ရှားမှုဖြင့် မြှင့်တင်ရန် တာစူနေချိန်တွင် မြန်မာ့ ကလေးငယ်အများစုမှာ ကျောင်းပညာ မသင်ကြားနိုင်သည်ကို တွေ့ရသည်။

စောပြည့်ညို
Sources; Losing out for lack of English



......................................

http://www.maukkha.org/index.php/news-menu/international-news-maukkha/1735-maukkha-thai-education

ဆက်ဖတ်ရန်
ပို့စ်တင်သူ ။.............။ မောင်သိရီ on
0 ( မှတ်ချက်ရေးချင်ရင် )
ခေါင်းစဉ်အလိုက်ပို့စ်များ |

စီးပွားရေး နိုင်ငံရေး စစ်ရေး အကျပ်အတည်းများ ကြုံတွေ့နေရတဲ့ ဆူပါပါဝါ အမေရိကန်ပြည်ထောင်စုမှာ စိန်ခေါ်မှုတွေ ကြုံတွေ့နေရသော်လည်း၊ အမေရိကန်တက္ကသိုလ်များက တကမ္ဘာလုံးမှ ကျောင်းသားတွေ အတွက် အားကျရွေးချယ်စရာအဖြစ် ဆက်ရှိနေဆဲ ဖြစ်သည်။

Teaching, Research and International Policy (TRIP) အဖွဲ့နှင့် Foreign Policy မဂ္ဂဇင်းကကမ္ဘာတက္ကသိုလ် အသီးသီးမှ IR ပညာရှင်များနှင့် ကျောင်းသားများကြား ၂၀၁၁ ခုနှစ် စစ်တမ်းကောက်ယူမှုအရ၊ ‘နိုင်ငံတကာဆက်ဆံရေး ဘာသာရပ် Ph.D. ဒေါက်တာဘွဲ့’ သင်ယူဖို့ အကောင်းဆုံးတက္ကသိုလ် ၁၀ ခုမှာ Ivory Tower ခေါ် အမေရိကန်တက္ကသိုလ် ကြယ်စင်စုကြီးတွေသာဖြစ်ကြောင်း တွေ့ရှိကြရသည်။

နိုင်ငံတကာဆက်ဆံရေး Ph.D. ဘွဲ့ယူဖို့ အကောင်းဆုံးတက္ကသိုလ် ၁၀ ခုကို အစဉ်အတိုင်း ဖော်ပြလိုက်ပါသည်။

1. Harvard University
Admitted class size: 14-26
Average time to graduate: 5-6 years
Funding: All admitted students considered for fellowships, amounting to full/partial tuition and stipends
Star professors: Robert Bates, Jeffry Frieden, Stephen M. Walt
Website: http://www.gov.harvard.edu/graduate-program

2. Princeton University
Admitted class size: 40
Average time to graduate: 5 years, minimum
Funding: Full tuition funding for four years, including living stipends
Star professors: Robert Keohane, Uwe Reindhart, Anne-Marie Slaughter,
Website: http://wws.princeton.edu/

3. Stanford University
Admitted class size: 12
Average time to graduate: N/A
Funding: Full tuition and living stipend provided
Star professors: Francis Fukuyama, Stephen Krasner, Condoleezza Rice
Website: http://politicalscience.stanford.edu/

4. Columbia University
Admitted class size: 20
Average time to graduate: 5-7 years
Funding: Guaranteed five-year fellowship, including living stipends
Star professors: Jagdish Bhagwati, Robert Jervis, Jeffrey Sachs
Website: http://www.columbia.edu/cu/polisci/index.html

5. Yale University
Admitted class size: 23
Average time to graduate: 6.7
Funding: Guaranteed funding for five years. The first four years of tuition are guaranteed, followed by a university dissertation fellowship
Star professors: Bruce Ackerman, David Cameron, Bruce Russett
Website: http://www.yale.edu/polisci/index.html

5. University of Chicago
Admitted class size: 15-20
Average time to graduate: N/A
Funding: Full tuition, plus $21,000 for five years, including $3,000 summer funding
Star professors: John Mearsheimer, Robert Pape

7. University of California/San Diego
Admitted class size: 15-20
Average time to graduate: 5-6 years
Funding: Guaranteed for four years, followed by teaching assistantships
Star professors: Peter Gourevitch, Larry Krause, Susan Shirk
Website: http://irps.ucsd.edu/programs/phd-in-political-science-and-international-affairs-phd/

8. University of California/Berkeley
Admitted class size: 18-26
Average time to graduate: 5-6 years, including 1 year of field research
Funding: Five years of funding via fellowships, research, and teaching assistantships, (contingent on California residency)
Star professors: Barry Eichengreen
Website: http://polisci.berkeley.edu/

9. University of Michigan/Ann Arbor
Admitted class size: 12-17
Average time to graduate: 4-6 years
Funding: Five years of funding, including a fellowship for the first year
Star professors: Paul Courant, Kenneth Lieberthal Website: http://www.lsa.umich.edu/polisci/

10. Massachusetts Institute of Technology
Admitted Class Size: 7-11
Average Time to Graduate: 5-6 years
Funding: Five years of funding, including nine-month stipends
Star professors: Daron Acemoglu, Barry R. Posen, Daniel Posner
Website: http://web.mit.edu/polisci/academic-programs/graduate/phd.shtml




............................................http://www.maukkha.org/index.php/book-store/reading-room-maukkha/1737-maukkha-ivory-tower-10-for-ir

ဆက်ဖတ်ရန်
ပို့စ်တင်သူ ။.............။ မောင်သိရီ on
0 ( မှတ်ချက်ရေးချင်ရင် )
ခေါင်းစဉ်အလိုက်ပို့စ်များ |

အနန္တအတုမရှိ ဗုဒ္ဓမြတ်စွာဘုရား

အလှူရှင်များအား MMSA အဖွဲ့မှ မှတ်တမ်းတင်ဂုဏ်ပြုလွှာပေးအပ်

အလှူရှင်များအား MMSA အဖွဲ့မှ မှတ်တမ်းတင်ဂုဏ်ပြုလွှာပေးအပ်

Mahidol University

International Buddhist Collage

မြန်မာ E Books

ထိုင်းနိုင်ငံ ရောက် ရွှေ့ပြောင်း မြန်မာအလုပ်သားမားများအတွက် ပညာရေး အခွင့်အလမ်းများ

MMSA ပရိတ်သတ်များ

ယခင်ပို့စ်အဟောင်းများ

အားပေးနေသော အပေါင်းသင်းများ

There was an error in this gadget

International News

တိုင်းရင်းသားသတင်းဌာနများစုစည်းမှု

သတင်းဌာနများစုစည်းမှု

ဘလော့ဂ်များစုစည်းမှု