MMSA ဘလော့စည်းမျဉ်းများ

* ဘာသာ သာသနာနှင့်လူမျိုးတို့၏ ဂုဏ်ကို ထိခိုက်ပျက်စီးစေတတ်သော အရေးအသားမျိုးကို ရှောင်ရှားရန်၊
* အချင်းချင်း ညီညွတ်မှု့ကို ပျက်စီးစေတတ်သော အကြောင်းများကို ရေးသားခြင်းမှ ရှောင်ရှားရန်၊
* သာသနာနှင့် မအပ်စပ်သော အဖွဲ့ဂုဏ်သိက္ခာကို ငြိုးနွမ်းစေတတ်သော ပုံများကိုတင်ခြင်းမှ ရှောင်ရှားရန်၊
* ပုဂ္ဂိုလ်ရေးဆိုင်ရာများထက် အများနှင့်သက်ဆိုင်သော အကျိုးများစေနိုင်သော ပုံများ စာများကိုသာ ရေးသားရန်၊
* MMSAသည် ပညာရေးအဖွဲ့စည်း ဖြစ်သည့် အတွက်နိုင်ငံရေးနှင့်သက်ဆိုင်သော အရေးအသားများကို ရေးခြင်းမှ ရှောင်ရှားရန်၊
* ဗုဒ္ဓဘာသာနှင့် မိမိတို့လေ့လာနေသော ပညာရပ်ဆိုင်ရာ အကြောင်းအရာများကို ဗဟုသုတအလို့ငှါ ရေးသား မျှဝေကြရန်၊
Showing posts with label ဘဝလမ်းညွန်. Show all posts
Showing posts with label ဘဝလမ်းညွန်. Show all posts

ရန်ကုန်တိုင်း၊ ဒဂုံဆိပ်ကမ်းမြို့နယ်၊

အလိုတော်ပြည့် ဓမ္မာစရိယတက္ကသိုလ် နာယကချုပ်ဆရာတော်

ဘဒ္ဒန္တ သုစိတ္တာဘိဝံသ ၏ သြဝါဒကထာ

“အနာယကော ဝိနဿန္တိ၊ နဿန္တိ ဗဟုနာယကော” အသင်းအဖွဲ့အစည်းတစ်ခုကို တည်ထောင်တယ်ဆိုရင် အဲဒီအဖွဲ့ကို လမ်းညွန်ပေးနိုင်တဲ့ ဘက်စုံအရည်အသွေးပြည့်ဝတဲ့ ခေါင်းဆောင်နာယကပုဂ္ဂိုလ်တွေ မလွဲမသွေရှိရမယ်။ အသင်းအဖွဲ့အစည်းတစ်ခု ရေရှည်တည်တံ့နိုင်ဖို့နဲ့ လုပ်ဆောင်တဲ့ ကိစ္စအဝဝတို့ အစဉ်ချောမွေ့စွာ အောင်မြင်နိုင်ဖို့အတွက် ဦးစီးနာယက ခေါင်းဆောင်တွေက နာယက (လူကြီး)ရောဂါ မထသင့်ဘူး။ စေတနာ၊ ဝါသနာ၊ အနစ်နာသုံးပါးလုံး ပြည့်စုံကြဖို့ အလွန်လိုအပ်သလို အသင်းအဖွဲ့ဝင် ပုဂ္ဂိုလ်အချင်းချင်းတို့ဟာလည်း (သာမဂ္ဂီသုခ) ညီညွတ်မှုကို မရ, ရအောင် တည်ဆောက်ကြရမယ်။

“ḩာဏ်ရှိယောင်္ကျား၊ မှားလတ်သောအခါ၊ ဆေးလွန်နာကို၊ ဆရာနောင်ဆက်၊ အကုခတ်သို့၊ ပျက်သာအမြဲ၊ ပြင်နိုင်ခဲ၏” ဆိုတဲ့အတိုင်း လုပ်ဆောင်သမျှ ကိစ္စတိုင်းမှာ ပြင်မရ၊ ပျက်မရ၊ ကုစားမရတဲ့ အမှားအယွင်းတွေ မပြုလုပ်မိဖို့ သတိကြီးစွာ ထား၍ ဆောင်ရွက်ကြပါ။

“ညီညွတ်သူဆောင်၊ ကြံတိုင်းအောင်”ဆိုတဲ့ ဆောင်ပုဒ်ကို လက်ကိုင်ထားကြပြီး “ပကောပကာရတ္ထ၊ မိဒံသရီရံ” မိမိတို့ရရှိထားကြတဲ့ ဘဝခန္ဓာကိုယ်ဟာ သာသနာအတွက်သာ ဖြစ်ရမည် ဆိုတဲ့ သန္နိဋ္ဌာန် ချပြီး ကြီုးစားအားထုတ် ဆောင်ရွက်ကြပါ။

ဆက်ဖတ်ရန်
ပို့စ်တင်သူ ။.............။ Ganda on Monday, 14 May 2012


ရခိုင်ပြည်နယ်၊ စစ်တွေမြို့

သဒ္ဓမ္မဂရု (ပုသိမ်)ကျောင်းတိုက်

ပဓာနနာယကဆရာတော် ဘဒ္ဒန္တပဏ္ဍိတ(အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတ၊ ပရိယတ္တိသာသနဟိတဓရ၊ နိုင်ငံတော်သံဃာ့မဟာနာယက) ၏ သြဝါဒကထာ

၁။ မိမိကြောင့် သူတပါးမနစ်နာစေနှင့်။

၂။ ဂုဏ်ပကာသနကို မျှော်၍ အလုပ်မလုပ်နှင့်။

၃။ အရာရာမှာ ကုသိုလ်ဖြစ်အောင်လုပ်ပါ။

၎။ ရိုသေလေးစား မြတ်နိုးမှုကို ပြု၍ ဆက်ဆံပါ။

၅။ သူတစ်ပါးကို အနိုင်ယူခြင်းထက် ကူညီခြင်းသည် အကျိုးများသည်။

၆။ အပြစ်ပေးခြင်းထက် ပြုပြင်ပေးခြင်းသည် သာ၍ကောင်းသည်။

၇။ ပညာရှိခြင်း အာဏာရှိခြင်းသည် သူတပါးကို အနိုင်ကျင့်ရန်မဟုတ်၊ အကျိုးပြုရန်သာဖြစ်သည်။

၈။ ယဉ်ကျေးသောပုဂ္ဂိုလ်၊ လူမျိုးတို့သည် အရာရာမှာ အထက်တန်းကျ၍ တိုးတက်အောင်မြင်သည်။

၉။ လာဘ်လာဘကို မျှော်၍ ကူညီခြင်းထက် စေတနာထား၍ ကူညီခြင်းသည် အကျိုးများသည်။

ဆက်ဖတ်ရန်
ပို့စ်တင်သူ ။.............။ Ganda on

How much is one human life worthလူသားဘ၀တစ်ခုသည် ဘယ်လောက် တန်ရာတန်ကြေးရှိသလဲ..? ဆိုတဲ့ မေးခွန်းကို ကမ္ဘာတစ်ဝှန်းရှိ တက္ကသိုလ်တို့၏ ထိပ်ဆုံးကနေရာကို ယူထားသော ဟားဗက်တက္ကသိုလ်ကြီးမှ Prof- MichaelSandellectureတွင်ဖတ်ရှု နားထောင်ဖူးပါသည်၊ နားထောင်ဖတ်ရှုပြီး အတွေးစဉ်းစားခန်းများတသီကြီးဖွင့်ကာ ကမ္ဘာကြီးသို့ လူသားအဖြစ် ရောက်ရှိလာသော ကျွန်ုရို့၏တန်ကြေးကို စဉ်းစားနေမိသည်။ကျွန်ုပ်တို့ရရှိထားသော လူ့ဘ၀တစ်ခု၏ တန်ရာတန်ကြေးကို ဘက်ပေါင်းစုံမှ ပညာရှင်ရို့က ရှုဒေါင့်မျိုးစုံက အဓိပ္ပါယ်ဖွင့်ဆိုလေ့ရှိကြသည်ကို လေ့လာတွေ့ရှိနိုင်ပါသည်၊ ကျွန်ုပ်၏ ဥာဏ်မီသလောက်တွေးမိသည်ကို တင်ပြရလျင်ကိုယ်နှင့် ကိုယ်ဆက်စပ်ရာ ပတ်ဝန်းကျင်တခုလုံး၊ထိုထက်စွမ်းဆောင်နိုင်လျင်လူသားတရပ်လုံးအတွက်အကျပ်အတည်းအခက်ခဲထောင်ချောက်တွင်းမှ လှပဖြူစင်သောနှလုံးသားကိုအပ်နှင်းကာလက်ချင်းဆက်လျက်ဆွဲခေါ်တင်ပြီးလူ့အဆင့်တန်းမီရှင်သန်ရပ်တည်နိုင်ရေးအတွက် ကိုယ်ကျိုးစွန့်လွှတ် ပီးဆပ်စွမ်းဆောင် နိုင်သူများသည်သာလျင် အမှန်တကယ်တန်ရာတန်ကြေးမြင့်သော လူသားဘ၀တစ်ခုကို ရရှိပိုင်ဆိုင်ခဲ့ သူများဟု သတ်မှတ်ပေးသင့်သည်ထင်ပါသည်။လူသားတစ်ဦး၏တန်ရာတန်ကြေး (သို့မဟုတ်) တန်ဖိုးကိုသတ်မှတ်ရာတွင် ၄င်းလူ၏ ပစ္စည်းဥစ္စာ၊ ရာထူး၊အာဏာ၊ ပြင်ပအဆင်တန်ဆာတို့ကို အပေါ်ယံမျှကြည့်၍ ဆုံးဖြတ်သတ်မှတ်မည်ဆိုပါလျင် ကျွန်ုပ်လုံးဝလက်ခံမည်မဟုတ်ပေ၊ အဘယ်ကြောင့်နည်းဆိုသော် အသိဥာဏ်နည်း လူသားချင်းမစာနာတတ်သော သူတို့၏ ရာထူး၊ အာဏာ၊ ပစ္စည်းဥစ္စာ အဆင်တန်ဆာတို့သည် ဆင်းရဲ အားနည်းသောလူတန်းစားများအားနိုင်ထက်စီးနင်းလုပ်တတ်ပြီးရသမျှပစ္စည်းများအား ကိုယ်ကျိုးတစ်ခုတည်းအတွက်သာ အသုံးချတတ်သောကြောင့်ဖြစ်သည်။ ယဉ်ကျေး၊သိမ်မွေ့၊အသိဥာဏ်ရှိ၊ လှပနေသော လူ့ဘောင်အား မညီညာ မလှပ အကျဉ်းတန်စေသော အရောင်များကိုသုံးကာ ဖျက်ဆီးနေသော၊ ယင်းကဲ့သို့ ရာထူး၊ အာဏာသုံးပြီး လူတစ်ဖက်သားကို အနိုင်ကျင့်တတ်သော၊ ဘယ်သူသေသေမသေသေ ငတေမာပြီးရော ဆိုသော ၀ါဒသည် အသိဥာဏ်နည်း၊ လူမပီသသူတို့ရဲ့ ကျက်စားရာ စားကျက်ကွင်းတစ်ခုဖြစ်ပြီး၊ သူတို့ရဲ့ ခိုလှုံရာ တင်းကုတ်ငယ်တစ်ခုလည်းဖြစ်သည်။ ရာထူး၊ အာဏာ၊ ပစ္စည်းဥစ္စာ မရှိသော်လည်း လူ့ကျင့်ဝတ်သိက္ခာကိုတန်ဖိုးထားပြီး ရိုးသားကြိုးစား၊ လူတစ်ဖက်သားအား စာနာထောက်ထားကာကိုယ့်မိသားစုတစ်ခုအားမချမ်းသာသော်လည်းမဆင်းရဲစေပဲလူ့ဘ၀တစ်ခုရပ်တည်နိုင်အောင်ထားနိုင်သော သာမန်လူတစ်ယောက်၏တန်ဖိုးသည် (သို့မဟုတ်) တန်ရာတန်ကျေးသည် ရာထူး၊ အာဏာကို ဗန်းပြပြီး ရေနစ်သူခေါင်းကိုနင်းကာ ကိုယ့်လှေပေါ်အောင်လုပ်တတ်သော လူစိတ်ဓါတ်မရှိသောသူတို့ထက် သာလွန်၍ တန်ဖိုးမြင့်မားသည်ကို လူအသိဥာဏ်ရှိသူတိုင်း လုံးဝငြင်းဆန်ကြလိမ့်မည်မဟုတ်ချေ။

ထိုကဲ့သို့ တစ်ဖက်သားကို နိုင်ထက်စီးနင်းလုပ် ကိုယ်ကျိုးသာကြည့်တတ်သူတို့၏ တန်ရာတန်ကျေးသည် တစ်ပြားတစ်ချပ်မှမတန်ပဲ အနှုတ်လက္ခာသာရှိသည်၊ တစ်နေ့တာလုပ်အားခကို နေ့စဉ် အရက်ပုလင်းဝသို့ ထဲ့လေ့ရှိသော (အရက်သမား)လူတစ်ယောက်၏ တန်ရာတန်ကျေးသည် ထိုအရက်ပုလင်း အ၀လောက်သာ ရှိချေသည်။ ကိုယ့်မိသားစု၊ ကိုယ့်ရပ်ကွက်၊ မြို့၊ရွာ၊ ကိုယ့်လူမျိုးတို့အား တိုးတက်ကြီးပွါးလာအောင်စွမ်းအောင်နိုင်သော လူတစ်ယောက်၏ တန်ဖိုးသည် ထိုမိသားစု၊ ရပ်ကွက်၊ မြို့၊ရွာ၊ လူမျိုးတစ်ခုလုံးအတွက် တန်ဖိုးမြင့်သော လူတစ်ယောက်ဖြစ်သည်၊ ဥာတတ္ထစရိယဟုလည်းခေါ်သည်။ ထိုထက်မက စွမ်းနိုင်လျှင် လွန်ခဲ့သောနှစ်ပေါင်း ၂၅၀၀ ကျော်ခန့်က လူသားတစ်ရပ်လုံးအကျိုးစီးပွါးအတွက်(လောကတ္ထစရိယ)ပွင့်ပေါ်ခဲ့သောဗုဒ၏တန်ဖိုးသည်ထိုလူသားတစ်ရပ်လုံးအတွက်တန်ဖိုးအမြင့်ဆုံး လူထဲက လူတစ်ယောက်ဖြစ်ခဲ့သည်။ လက်ရှိခေတ်ကိုကြည့်လျင် အမေရိကန် သမ္မတ အိုဘားမား၏ တန်ရာတန်ကျေးသည် တစ်ကမ္ဘာလုံးရဲ့ ပညာရေး၊စီးပွါးရေး၊ကျမ္မာရေး၊လူမှူရေး၊ လူသားတစ်ရပ်လုံး ခေတ်မီတိုးတက် သာယာဝဖြိုးပြီး ပျော်ရွှင်ငြိမ်းချမ်းစွာ ရှင်သန်ရပ်တည်နိုင်ရေးအတွက် တာဝန်သိစွာလုပ်ဆောင်နေသောကြောင့် သူရဲ့တန်ဖိုးသည်လည်းပဲ လူသားတစ်ရပ်လုံးအတွက် တန်ဖိုးရှိသည်ဟု ဆိုနိုင်ပေသည်။

ဗုဒဘာသာစာပေများတွင် မနုဿတ္တဘာဝေါ ဒုလ္လဘော လူအဖြစ်ကိုရဟိဖို့ရန် အလွန်ခက်ခဲသည် ဟုဆိုထားရာ ရရှိရန်ခက်ခက်သော လူအဖြစ်ကို ကျွန်ုပ်ရို့ ရရှိပိုင်ဆိုင်ထားပြီးဖြစ်သည်၊ တစ်ဆင့်တက်ပြီး ရရှိထားသော ကျွန်ုပ်တို့ဘ၀ကို တန်ရာတန်ကြေးမြင့်မားလာအောင် မည်ကဲ့သောအလုပ်ပေတံဖြင့် တိုင်းတာသတ်မှတ်သင့်သနည်း၊ ကိုယ်လုပ်ချင်သော အလုပ်များစွာထဲမှ အသင့်တော်ဆုံး အမြင့်မြတ်ဆုံး လုပ်သင့်ရေ လူသားတန်ဖိုးမြှင့် အလုပ်က ဘာဖြစ်သင့်သနည်း..?

အသိဥာဏ်ကို အသားပေးပြီး လူ့ဘောင်တစ်ခုလုံး ပျော်ရွှင်ငြိမ်းစွာနှင့် ကြာရှည်ခံတိုးတက်ဖို့ရန် အစွမ်းကုန် တည်ဆောက်နေသော ခေတ်သစ်ကမ္ဘာကြီးတွင် ကိုယ့်အကြောင်းကံအားလျော်စွာ ခေတ်ဆိုး၊ စနစ်ဆိုးအောက်မှာ မွေးဖွါးကြီးပြင်းလာသော်လည်း၊ ခေတ်သစ်လူငယ် ဘော်တာများသည် အသိဥာဏ်နည်းသော ကလေးဘ၀က လွှမ်းခြုံခြင်းခံထားရသော စနစ်ဆိုး စရိတ်ဆိုးများဖြင့် တစ်ကမ္ဘာလုံးသို့ အနံ့ဆိုးများဖြန့်ကြဲထွက်နေသော ၀ံပလွေအရေခွံအား စွန့်ပစ်ကာ၊ ခေတ်သစ် စနစ်သစ်မှာ လူငယ်များစွမ်းအားကို အစွမ်းကုန်ထုတ်သုံးလျက် ကမ္ဘာကြီးရဲ့ အဆီ၊အနှစ် များကိုထုတ်ယူ၊သုံးစွဲလျက် အကောင်းဆုံးခေတ်ပေါ် ပစ္စည်းများဖြင့် လူ့စည်းစိမ်ကို အပြည့်အ၀ သုံးစွဲ၊ခံစားနေကြသော ဥရောပနိုင်ငံသားများနည်းတူ ရင်ပေါင်တန်းရန် ဆန္ဒပြင်းပြလျက်ရှိနေကြသည်။

ခေတ်သစ်လူငယ်များပီပီ ကိုယ်တစ်ဦးတစ်ယောက် တိုးတက်ကောင်းစားရေးထက် လူငယ်များစွမ်းအားကို အပြည့်အ၀သုံးကာ ကိုယ့်မိသားစု၊ ကိုယ့်ရပ်ကွက်၊ မြို့၊ ကိုယ့်လူမျိုးတစ်ခုလုံး ပညာရေး၊ စီးပွါးရေး၊ ကျမ္မာရေး၊ လူမှူရေးစသော လူသားအရင်းအမြစ်(Human resourses)များကို မြင့်ကျန်ရစ်အောင် လူဖြစ်လာသော ခဏတာမှာ ကြိုးစားစွမ်းဆောင်ယင်း ကိုယ်မိသားစုအတွက်၊ ကိုယ့်ရပ်ကွက်၊ မြို့၊ ရွာ အတွက်၊ ကိုယ့်လူမျိုးအတွက် စံချိန်တင် တန်ဖိုးမြင့်သော လူစွမ်းကောင်းများဖြစ်အောင် အစွမ်းကုန် ကြိုးစား စွမ်းဆောင်ဖို့ရန် စိတ်ဓါတ်အားမာန်ပြည့် မျိုးဆက်သစ် လူငယ်အများအပြားပေါ်လာကြသည်မှာ အထူးအားရကျေနပ်စရာတစ်ခုပင်ဖြစ်သည်၊ တန်ဖိုးရှိသော လူ့ဘ၀ကိုရရှိထားသော ကျွန်ုပ်တို့အားလုံးသည် လူသားတန်ဖိုးမြင့်အလုပ်များဖြစ်သော ကိုယ်နှင့် ကိုယ့်မိသားစု၊ ကိုယ့်ရပ်ကွက်၊ရွာ၊မြို့၊လူမျိုးတစ်ရပ်လုံးတိုးတက်အောင်မြင်ကြီးပွါးရေးအတွက်ပညာရေးစသောလူမျိုးအရင်းအမြစ်များကို လုပ်ဆောင်မြှင့်တင်ယင်းနဲ့ စံချိန်တင် တန်ဖိုးမြင့်လူသားများဖြစ်နိုင်ကြပါစေ၊ ဖြစ်အောင်လည်းကြိုးစားကြပါစို့လို့….

အကောင်းဆုံး ဆန္ဒမွန်များဖြင့်……..

ကိုယ်တော် ပညာ (ရှိဟောင်းမြီ)

ဆက်ဖတ်ရန်
ပို့စ်တင်သူ ။.............။ မောင်သိရီ on Monday, 9 April 2012
0 ( မှတ်ချက်ရေးချင်ရင် )
ခေါင်းစဉ်အလိုက်ပို့စ်များ |

"မောင်ငယ်ရင်သွေး နာဘိသေးလော့၊
ရှေးသရောအခါ ပြည်ဗြာရာဝယ်၊
ကုဋေကြွယ်သား သူဋ္ဌေးသားလျှင်၊
သားတယောက်ဖြစ် ချစ်၍တစေ၊
အိမ်မှာနေ၍ စာပေမတတ်၊
မိဘစုတေ ခန္ဓာရွေ့သော၊
အရှေ့အနောက် တောင်မြောက်ဘယ်မှာ မသိပါငြား၊
သူဋ္ဌေးသားသည် သိုထားမတတ်၊
အရပ်ရပ်၌ နှံအပ်ဥစ္စာ ရှိသည်မှာကို၊
များစွာကျွန်ပေါင်း မကောင်းခိုးယူ၊
ယူ၍ပြေးရှောင် အိမ်ကိုရောင်း၍၊
ထောင်းထောင်းကြေလျှက်
ခွက်လက်စွဲကာ တောင်းစားပါလည်း၊
နင်သာလူမိုက် ဒုစရိုက်ဟု၊
ရိုက်ပုတ်လိုက်ကာ၊
ရွာမှထွက်၍ တောမှာသေသည်၊
ကောင်သေဠင်းဒ ကျ၏တည်း။"

................................
ဆားတုံဆရာတော်

ဆက်ဖတ်ရန်
ပို့စ်တင်သူ ။.............။ လခြမ်းမြီ on Friday, 11 March 2011
0 ( မှတ်ချက်ရေးချင်ရင် )
ခေါင်းစဉ်အလိုက်ပို့စ်များ |

၁၅။ ကိုယ့်ရဲ့ တန်ဘိုးရှိတဲ့ စွမ်းအင်တွေကို အတင်းပြောခြင်းဖြင့် မကုန်ဆုံးပါစေနဲ့။

၁၆။ အိပ်နေစဉ်မှာထက် နိုးနေချိန်တွေမှာ အိပ်မက် ပိုမက်ပါ။

၁၇။ မနာလို ၀န်တိုဖြစ်နေတာဟာ အချိန်ဖြုန်ခြင်း တစ်မျိုးပါပဲ။ သင့်မှာ
ရှိသင့်ရှိထိုက်တာတွေ အားလုံးရှိနေပါတယ်။

၁၈။ အတိတ်က ပြသနာတွေကို မေ့လိုက်ပါ့တော့။ ကိုယ့်ရဲ့ လက်တွဲဖော်၊
ကြင်ဖော်တွေမှာ အတိတ်က အရိပ်ဟောင်းတွေ ရှိနေရင်လည်း ပြန်မဖော်ပါနဲ့တော့။
ဒါတွေက လက်ရှိဘ၀ရဲ့ ပျော်ရွှင်မှုတွေကို ဖျက်ဆီးလိမ့်မယ်။

၁၉။ ဘ၀ဟာ သိပ်တိုတောင်းပါတယ်။ လူတစ်ယောက်ကို မုန်းဖို့ ဆိုတဲ့
အချိန်တောင် ရှိမှာ မဟုတ်ပါဘူး။ ဒါ့ကြောင့် တစ်ခြားလူတွေကို မမုန်းပါနဲ့။

၂၀။ ပစ္စုပ္ပန်မှာ ပျော်ရွှင်ဖို့အတွက် အတိတ်တွေနဲ့ ငြိမ်းချမ်းရေး ရယူလိုက်ပါ။

၂၁။ ကိုယ့်ရဲ့ ပျော်ရွှင်မှုတွေရဲ့ သခင်ဟာ ကိုယ်မှလွဲလို့ နောက်တစ်ယောက်
မဖြစ်နိုင်ပါဘူး။

၂၂။ ဘ၀ဆိုတာ ကျောင်းတော်ကြီး တစ်ခုဖြစ်တယ်။ သင်က အဲ့ဒီကျောင်းတော်ကြီးမှာ
ပညာသင်ရမယ့် ကျောင်းသားလေးပေါ့။ ပြသနာဆိုတာက သင်ရိုးညွှန်းတမ်း တစ်ခုရဲ့
အစိတ်အပိုင်းမျှသာ ဖြစ်တယ်။ အက္ခရာ သင်္ချာတွေကို တွက်ချက်သလို
ဖြေရှင်းနိုင်သွားမှာပါ။ အဲ့ဒါတွေရဲ့ သင်ခန်းစာကတော့
သင့်ဘ၀တစ်လျှောက်လုံးအတွက် အရေးပါနေမှာပေါ့။

၂၃။ များများပြုံးပါ၊ များများရီပါ။

၂၄။ အငြင်းအခုံတွေတိုင်းမှာ သင်ချည်းပဲ အနိုင်ရနေမှာ မဟုတ်ဘူး။ သင်
သဘောမတူတာတွေကို သဘောတူအောင် ကြိုးစားကြည့်လိုက်ပါလား။

လူမှုရေးနဲ့ပတ်သက်လို့

၂၅။ သင့်မိသားစုနဲ့ မကြာခဏ ဖုန်းပြောပါ။ အဝေးရောက်နေတယ်ဆိုရင်ပေါ့။
တူတူနေတယ်ဆိုရင်တော့ နွေးထွေးတဲ့ ဆက်ဆံရေးလေးဖြစ်အောင် တည်ဆောက်ပါ။

၂၆။ အများသူငှာအတွက် ကောင်းမှုတစ်ခု နေ့စဉ်ပြုကြည့်ပါ။

၂၇။ လူတိုင်းကို အရာအားလုံးအတွက် ခွင့်လွတ်တတ်ဖို့ ကြိုးစားကြည့်ပါ။

၂၈။ အသက် ၇၀ ကျော် ဘိုးဘိုး ဘွားဘွားတွေ၊ အသက် ၆ နှစ်အောက် ကလေးတွေနဲ့
အချိန်များများ ပိုဖြုန်းပါ။

၂၉။ တစ်နေ့မှာ လူသုံးယောက်လောက်ကို ကိုယ့်ကြောင့် ပြုံး ရီ သွားအောင်
ကြိုးစားကြည့်ပါလား။

၃၀။ တစ်ခြား သူတွေ သင့်ကို ဘာပဲ ထင်ထင်။ ဒါသင့်အလုပ် မဟုတ်ဘူး။

၃၁။ သင့်ရဲ့ အလုပ်က သင်နေမကောင်းဖြစ်နေချိန်မှာ သင့်ကို လာပြုစုမှာ
မဟုတ်ဘူး။ သင့်ရဲ့ သူငယ်ချင်းတွေ၊ မိသားစုဝင်တွေကသာ သင့်အနားမှာ
ရှိနေကြလိမ့်မယ်။ သူတို့တွေနဲ့ များများ ထိတွေ့နေဖို့ လိုအပ်တယ်။

ဘ၀နဲ့ပတ်သက်လို့

၃၂။ မှန်ကန်တဲ့ အရာကိုသာ လုပ်ပါ။

၃၃။ အသုံးမ၀င်တဲ့၊ နှစ်လိုဖွယ်မရှိတဲ့၊ ကြည်နူးဖွယ် မကောင်းတဲ့
အရာမှန်သမျှကို သင့်စိတ်ထဲက ထုတ်ပစ်လိုက်ပါ။

၃၄။ ကောင်းတာပဲ ဖြစ်နေဖြစ်နေ၊ ဆိုးတာပဲ ဖြစ်နေ ဖြစ်နေ မမြဲပါဘူး။ အမြဲ
ပြောင်းလဲနေမှာ ပါပဲ။

၃၅။ အကောင်းဆုံးတွေဆိုတာ ဖြစ်လာအုံးမှာပါ။

၃၆။ ကိုယ့်ရဲ့ အတွင်း စိတ်သန္တန်ဟာ အမြဲပျော်ရွှင်နေရမယ်။ ဒါကြောင့်
ပျော်ပျော်သာနေပါ။

ဆက်ဖတ်ရန်
ပို့စ်တင်သူ ။.............။ လခြမ်းမြီ on Friday, 4 February 2011
0 ( မှတ်ချက်ရေးချင်ရင် )
ခေါင်းစဉ်အလိုက်ပို့စ်များ |

ကျန်းမာရေး ကောင်းဖို့အတွက် ဆိုရင်

၁။ ရေများများသောက်ပါ

၂။ မနက်စာကို ဘုရင်လိုစား၊ နေ့လည်စာကိုတော့ မင်းသားလေးလိုစား၊ ညစာကိုတော့
သူတောင်းစားလို စားပါတဲ့။

၃။ ဟင်းသီး ဟင်းရွက်တွေကို များများစားပေးပါ၊

၎။ ဘ၀မှာ 3 E နဲ့ ရှင်သန် နေထိုင်ပါ — Energy, Enthusiasm နဲ့ Empathy
တို့ဖြစ်ပါတယ်။

၅။ တရားထိုင်ခြင်း၊ ယောဂကျင့်ခြင်း၊ ဘုရားရှိခိုးခြင်း တို့ကိုလည်း
ပြုလုပ်ပေးသင့်ပါတယ်။

၆။ အားကစား များများ ပြုလုပ်ပေးဖို့ လိုအပ်တယ်။

၇။ ပြီးခဲ့တဲ့နှစ်မှာ ဖတ်ခဲ့တဲ့ စာအုပ်အရေအတွက်ထက် ဒီနှစ်မှာ များများပိုဖတ်ပါ။

၈။ တစ်ရက်မှာ ၁၀ မိနစ်လောက် ဆိတ်ဆိတ်နေကြည့်ဖို့ကိုလည်း ကြိုးစားကြည့်သင့်တယ်။

၉။ တစ်ရက်မှာ ၇ နာရီလောက်တော့ အနည်းဆုံး အိပ်သင့်ပါတယ်။

၁၀။ တစ်ရက်မှာ ၁၀ မိနစ်ကနေ နာရီဝက်လောက်ထိ လမ်းလျှောက်သင့်ပါတယ်။
လမ်းလျှောက်နေစဉ်မှာလည်း မျက်နှာလေးကို ခပ်ပြုံးပြုံးလေး နေပေးရမယ်နော်။

ကိုယ်ရေးကိုယ်တာနဲ့ပတ်သက်လို့

၁၁။ ကိုယ့်ဘ၀ကို သူများတွေနဲ့ မယှဉ်ပါနဲ့။ သူတို့ ဘာလမ်းကြောင်းကို
လျှောက်လမ်းနေတယ်ဆိုတာ သင် မသိနိုင်ဘူးလေ။

၁၂။ ကိုယ်မထိမ်းချုပ်နိုင်တဲ့ အရာတွေပေါ်မှာ မကောင်းမြင်စိတ်တွေ
မထားပါနဲ့။ အဲ့ဒါတွေကြောင့်လည်း စိတ်ဆင်းရဲ မနေပါနဲ့။ လက်ရှိ
ကိုယ့်မှာရှိနေတာလေးကို တန်ဘိုးထားပြီး ဒါတွေကိုပဲ ပိုကောင်းအောင်
လုပ်လိုက်ပါ။

၁၃။ အလုပ်တွေကိုလည်း အလွန် အကျွံ မလုပ်ပါနဲ့.. အချိန်အတိုင်းအတာ
တစ်ခုထိပဲ လုပ်တာ ကောင်းပါတယ်။

၁၄။ ကိုယ့်ကိုကိုယ် သိပ်ပြင်းပြင်းထန်ထန်ကြီး မခိုင်းစေပါနဲ့။ ဘယ်သူမှလဲ
ဒါမျိုးမလုပ်ပါဘူး။ သက်တောင့် သက်သာလေးသာ အကောင်းဆုံး ဖြစ်ပါတယ်။

ဆက်ဖတ်ရန်
ပို့စ်တင်သူ ။.............။ လခြမ်းမြီ on
0 ( မှတ်ချက်ရေးချင်ရင် )
ခေါင်းစဉ်အလိုက်ပို့စ်များ |

၁၆။ မယားတစ်ယောက်ကို လုပ်ကြွေးနိုင်မှ ထိမ်းမြားမင်္ဂလာ ပြုသင့်ရာသည်။

၁၇။ ကြီးလာသည့်အခါ သုံးစွဲနိုင်ရန် ငယ်ရွယ်စဉ်က ချွေတာစုဆောင်းရာ၏။

၁၈။ အပေါ်ယံသာယာမှုကိုကြည့်၍ အပျော်အပါးများအား မလိုက်စားသင့်။

၁၉။ သူတစ်ပါးတို့အား ကူညီရာတွင် ကဲ့ရဲ့ ပြစ်တင်ရှုတ်ချမှုကို ဂရုမစိုက်သင့်။

၂၀။ ကောင်းသောစိတ်ထားခြင်း၊ ကောင်းသောစကား ဆိုခြင်းသည် မွန်မြတ်ခြင်းဖြစ်၏။

၂၁။ မှန်မှန်ကန်ကန်နှင့် ကြိုးစားမှုကြောင့် တိုးတက်ခြင်းသည်
ထိုက်တန်အောင်မြင်ခြင်းဖြစ်၏။

၂၂။ ညအိပ်ယာဝင်သည့်အခါ တစ်နေ့တာ လုပ်ဆောင်ခဲ့သမျှကို ပြန်လည်သုံးသပ်ခြင်းသည်
နောက်နေ့လုပ်ဆောင်ရမည့်အလုပ်အတွက် တိကျမှုကိုဖြစ်စေ၏။

၂၃။ သင့်အပြုအမူဆောင်ရွက်ချက်မှလွဲ၍ သင့်အကျင့်စာရိတ္တကို ထိခိုက်စေမည့်
အကြောင်းမရှိနိင်။

၂၄။ အလုပ်တစ်ခုကို စဉ်းစားဆုံးဖြတ် သုံးသပ်ပြီးမှ အကောင်အထည်ဖော်ရာ၏။

၂၅။ အလုပ်နှင့်ဘယ်အခါမှ ကင်းကွာမှုမဖြစ်စေပဲ လက်များကို အကျိုးရှိစွာ အသုံးချပါ။

၂၆။ ကိုယ့်အကျိုးသာကြည့်ပြီး သူတစ်ပါးအကျိုး မကြည့်သောသူများအား
မိတ်ဆွေအဖြစ်မပြုသင့်။

၂၇။ အကျင့်စရိုက် ကြမ်းတမ်းသူများနှင့် အတူတကွမနေသင့်။

၂၈။ သြဇာအာဏာ ရှိသူသော်ငြားလည်း ယုတ်မာရက်စက် လူမဆန်သူများနှင့် ဝေးဝေးနေသင့်၏။

၂၉။ သူတော်မဟုတ် သူယုတ်တို့နှင့် ကင်းကင်းနေက ကိုယ်စိတ်နှစ်ဖြာ ချမ်းသာရ၏။

၃၀။ ကိုယ့်အကျိုး သူ့အကျိုး မျှမျှတတ ဆောင်ရွက်ငြားက မိတ်ကောင်းသဟာ ပေါကြွယ်ပါ၏။

ဆက်ဖတ်ရန်
ပို့စ်တင်သူ ။.............။ လခြမ်းမြီ on
0 ( မှတ်ချက်ရေးချင်ရင် )
ခေါင်းစဉ်အလိုက်ပို့စ်များ |

၁။ ကတိအပေးနည်းပါစေ။

၂။ အမှန်ကို အမြဲပြောပါ။

၃။ မိတ်ကောင်းဆွေကောင်း ထားရှိပါ။

၎။ သူတစ်ပါး မကောင်းကြောင်း ဘယ်အခါမှ မပြောနှင့်။

၅။ မိမိဝင်ငွေနှင့် လောက်ငှအောင် သုံးစွဲပါ။

၆။ မိမိ၏ ဘယ်လုပ်ငန်းတွင်မဆို ကျွမ်းကျင်မှုရှိပါစေ။

၇။ မူးယစ်စေသည့် အရာများကို ရှောင်ကြဉ်ပါ။

၈။ သဒ္ဓါမရောက်မီ တရားမျှတမှု ရှိပါစေ။

၉။ လောင်းကစားမှုကို လုံးဝရှောင်ကြဉ်ပါ။

၁၀။ လျှို့ဝှက်သင့်သည်ကို မပေါက်ကြားပါစေနှင့်။

၁၁။ အကျင့်စာရိတ္တ ကောင်းမွန်ခြင်းသည်သာ ဘဝ၏အောင်မြင်တိုးတက်ခြင်းကို ဖြစ်စေသည်။

၁၂။ တတ်နိုင်ပါက ချေးငှားမှုအား ဘယ်သောအခါမှ မပြုပါနှင့်။

၁၃။ သင်၏ ပျော်ရွှင်ချမ်းမြေ့ခြင်းသည် သင့်၏ကျေနပ်မှုနှင့် လုပ်ငန်းအပေါ်မှာ
မူတည်ပါလိမ့်မယ်။

၁၄။ ကြွယ်ဝချမ်းသာမှုကို ဆောင်ရွက်ရာတွင် အလောသုံးဆယ် မပြုလုပ်သင့်။

၁၅။ သူတစ်ပါးအား ပြောဆိုရန်ရှိလျှင် ထိုသူ့မျက်နှာကို ကြည့်၍ပြောပါ။

ဆက်ဖတ်ရန်
ပို့စ်တင်သူ ။.............။ လခြမ်းမြီ on
0 ( မှတ်ချက်ရေးချင်ရင် )
ခေါင်းစဉ်အလိုက်ပို့စ်များ |

(၁၀) တစ်စုံတစ်ယောက်က ကိုယ့်ကို တစ်ခြားလူ မကောင်းကြောင်း လာပြောတဲ့အခါပြုံးပဲနေပါ။

(၁၁) တကယ်လို့ ရုပ်ဆိုးနေတယ်ဆိုရင် ကိုယ့်ကိုတော်အောင် လုပ်ပါ။
မတော်ခဲ့ဘူးဆိုရင် အမြဲပြုံးနေပါ။ ရုပ်ကြောင့် လူကို မမုန်းနိုင်ပါဘူး။

(၁၂) စင်ပေါ်တက် သီချင်းဆိုသူတိုင်းကို လက်ခုပ်တီးပေးပါ။

(၁၃) အချို့ကိစ္စမှာ သိရက်နှင့် မေးသင့်သည်။ ဥပမာ.... လက်စွပ်လေးက
သိပ်တန်ဖိုးရှိမှာပဲနော်။ အချို့ကိစ္စမှာ မေးချင်သော်လည်း မမေးသင့်ပေ။
ဥပမာ.. အသက်ဘယ်လောက်ရှိပြီလဲ။

(၁၄) စကားများတော့ အမှားများသည်။ လူများသောနေရာတွင် စကားကို နည်းနည်းပဲ ပြောပါ။

(၁၅) "မ"သိဘူး၊ "မ"လုပ်ဘူး၊ "မ"ရဘူး၊ "မ"တတ်ဘူး ဆိုတဲ့ "မ"နေရာမှာ
"ကြိုးစားကြည့်မယ်" "သိပ်မသေချာဘူး" "အချိန်အနည်းငယ်ပေးပါ"
"ဆုံးဖြတ်ပြီးမှ အကြောင်းပြန်လိုက်မယ်" လို့ ပြောင်းသုံးကြည့်ပါ။

ဆက်ဖတ်ရန်
ပို့စ်တင်သူ ။.............။ လခြမ်းမြီ on
0 ( မှတ်ချက်ရေးချင်ရင် )
ခေါင်းစဉ်အလိုက်ပို့စ်များ |

၁၁။ အဖျက်စိတ်ထားများ လက်ခံ ကျင့်သုံးနေခြင်း။

၁၂။ စိတ်ထိခိုက် လှူပ်ရှားမှူ့များအပေါ် ထိမ်းချုပ် ကွပ်ကဲမှူ့ မပြုနိုင်ခြင်း။

၁၃။ မိမိက ဘာမျှ မပေးပဲ နှင့် သူတပါးထံမှ ရယူလိုသော ဆန္ဒ ထားရှိခြင်း။

၁၄။ ဆုံးဖြတ်နိုင်စွမ်း မရှိခြင်းနှင့် အရာရာကို တိကျမှူ့ မရှိခြင်း။

၁၅။ တစ်စုံ တစ်ခုကို ဖြစ်စေ၊ ထို့ထက် များများကို ဖြစ်စေ မလုပ်ရဲ
မကိုင်ရဲဘဲ အမြဲ ကြောက်ရွံ့စိတ် ရှိနေခြင်း။ ၇ မျိုး ၇ှိသည်။
(က) ဆင်းရဲ ပင်ပမ်းမည်ကို ကြောက်ရွံ့ခြင်း။
(ခ) ဝေဖန် ပြစ်တင် ခံရမည်ကို ကြောက်ရွံ့ခြင်း
(ဂ) မကျန်းမမာ ဖြစ်မည်ကို ကြောက်ရွံ့ခြင်း။
(ဃ) ချစ်ခင်မှူ့ များ ပျက်ပြားမည် ၊ ချစ်ခင်သူများ ဆုံးရှုံးမည်းကို
ကြောက်ရွံ့ခြင်း။
(င) အသက်ကြီးရင့် အိုမင်းမည်ကို ကြောက်ရွံ့ခြင်း။
(စ) လွတ်လပ်ခွင့် ဆုံးရှုံးမည်ကို ကြောက်ရွံ့ခြင်း။
(ဆ) သေရမည်ကို ကို ကြောက်ရွံ့ခြင်း တို့ ဖြစ်သည်။

၁၆။ အိမ်ထောင်ပြုရာတွင် အိမ်ထောင်ဖက် အရွေးမှားခြင်း။

၁၇။ အလုပ်အကိုင်၊ အရောင်းအ၀ယ်ပြုလုပ်ရာတွင် ပေါင်းသင်း ဆက်ဆံသူ အရွေးမှားခြင်း။

၁၈။ မတော် တဆ ဖြစ်မလားဟု တွေးတော စိုးရိမ်မှူ့ လွန်ကဲခြင်း။

၁၉။ အလုပ် အကိုင်၊ အသက်မွေး ၀မ်းကျောင်းပြု မှူ့ အရွေးမှားခြင်း။

၂၀။ မိမိ၏ အချိန်နှင့် အားများ ဆုတ်ယုတ်ပျက်ပြားမှူ့ ဖြစ်စေခြင်း၊
စိတ်အာရုံ စူးစိုက် ထိမ်းချုပ်ရန် အားမထုတ်ခြင်း။

ဆက်ဖတ်ရန်
ပို့စ်တင်သူ ။.............။ လခြမ်းမြီ on Friday, 21 January 2011
0 ( မှတ်ချက်ရေးချင်ရင် )
ခေါင်းစဉ်အလိုက်ပို့စ်များ |

၁။ တိကျသော ရည်ရွယ်ချက် မရှိခြင်း

၂။မျိုးရိုးလိုက်ပြီး မွေးရာပါ ကိုယ်အင်္ဂါများ မတင့်တယ် မဖွယ် မရာ ရှိခြင်း။

၃။ အခြားသူများ၏ အရေးအခင်းများတွင် ၀င်ရောက် စွက်ဖက် တတ်သော ထူးဆန်းသည့်
အကျင့်ရှိခြင်း။

၎။ မိမိ အလုပ်အကိုင်နှင့် ပက်သက်ပြီး လုံလောက်သော ပြင်ဆင်မှူ့ မရှိခြင်း။

၅။ ကိုယ်တိုင် စည်းကမ်းသေ၀ပ်မှူ့ မရှိခြင်း။

၆။ မိမိ၏ တိုးတက်ရေးနှင့် အခွင့်အလမ်းများ အပေါ် အရေးမစိုက်ခြင်း၊ စိတ်
ဝင်စားမှူ့ မထားခြင်း ။

၇။ အလယ် အလတ် တန်းစား အဆင့်ထက် ကျော်လွန်၍ ရောက်ရှိရန် မှန်းဆသော
ကြီးမြင့်စိတ် မရှိခြင်း။

၈။ ကျန်းမာရေးကို အလေးမထား ဂရုမစိုက်ခြင်း။

၉။ ငယ်စဉ် ဘ၀က ပတ်ဝန်းကျင်၏ မကောင်းမှူ့ အရှိန်အ၀ါများ ရိုက်ခတ်မှူ့ဒဏ်
ခံခဲ့ရခြင်း။

၁၀။ စတင်ထားသော အလုပ်ကိစ္စကို ပြီးဆုံးသည် အထိ လုပ်ကိုင်နိုင်သော ဇွဲမရှိခြင်း။

ဆက်ဖတ်ရန်
ပို့စ်တင်သူ ။.............။ လခြမ်းမြီ on Wednesday, 19 January 2011
0 ( မှတ်ချက်ရေးချင်ရင် )
ခေါင်းစဉ်အလိုက်ပို့စ်များ |

(၁၀) တစ်စုံတစ်ယောက်က ကိုယ့်ကို တစ်ခြားလူ မကောင်းကြောင်း လာပြောတဲ့အခါပြုံးပဲနေပါ။

(၁၁) တကယ်လို့ ရုပ်ဆိုးနေတယ်ဆိုရင် ကိုယ့်ကိုတော်အောင် လုပ်ပါ။
မတော်ခဲ့ဘူးဆိုရင် အမြဲပြုံးနေပါ။ ရုပ်ကြောင့် လူကို မမုန်းနိုင်ပါဘူး။

(၁၂) စင်ပေါ်တက် သီချင်းဆိုသူတိုင်းကို လက်ခုပ်တီးပေးပါ။

(၁၃) အချို့ကိစ္စမှာ သိရက်နှင့် မေးသင့်သည်။ ဥပမာ.... လက်စွပ်လေးက
သိပ်တန်ဖိုးရှိမှာပဲနော်။ အချို့ကိစ္စမှာ မေးချင်သော်လည်း မမေးသင့်ပေ။
ဥပမာ.. အသက်ဘယ်လောက်ရှိပြီလဲ။

(၁၄) စကားများတော့ အမှားများသည်။ လူများသောနေရာတွင် စကားကို နည်းနည်းပဲ ပြောပါ။

(၁၅) "မ"သိဘူး၊ "မ"လုပ်ဘူး၊ "မ"ရဘူး၊ "မ"တတ်ဘူး ဆိုတဲ့ "မ"နေရာမှာ
"ကြိုးစားကြည့်မယ်" "သိပ်မသေချာဘူး" "အချိန်အနည်းငယ်ပေးပါ"
"ဆုံးဖြတ်ပြီးမှ အကြောင်းပြန်လိုက်မယ်" လို့ ပြောင်းသုံးကြည့်ပါ။

ဆက်ဖတ်ရန်
ပို့စ်တင်သူ ။.............။ ( MMSA ) on Monday, 17 January 2011
0 ( မှတ်ချက်ရေးချင်ရင် )
ခေါင်းစဉ်အလိုက်ပို့စ်များ |

*************************************************

(၁) လမ်းစကိုတွေ့ပြီဆိုရင် ဘယ်လောက်ဝေးတဲ့ ခရီးပဲဖြစ်ဖြစ် လျှောက်ရမှာ
မကြောက်တော့ဘူး။

(၂) သစ်ပင်၏ ဦးတည်ရာကို လေက အဆုံးအဖြတ်ပေး၏။ လူ၏ ဦးတည်ရာကို
ကိုယ့်ကိုယ်တိုင်က အဆုံးအဖြတ်ပေး၏။

(၃) ၀င်လေထွက်လေ ရှိနေသမျှ မျှော်လင့်ချက် ရှိနေဦးမည်။

(၄) အောင်မြင်ဖို့ရာ မလွယ်ကူပါ။ ထိုအောင်မြင်မှုကို ထိန်းသိမ်းရာ ပိုမလွယ်ကူပါ။

(၅) အသီးအပွင့်များဖြင့် ဝေဆာနေသော သစ်ပင်ကို လူတွေက ခဲနှင့် ပစ်ချချင်ကြသည်။

(၆) ဘ၀မြင့်ခြင်း၏ နောက်တွင် ကျဆုံးခြင်းရှိသည်။ စိတ်ကူးယဉ်သက်သက်၏
နောက်တွင် ဆုတ်ယုတ်ခြင်း ရှိသည်။ ခေါင်းငုံ့တတ်မှသာ
ခေါင်းကိုမတိုက်မိနိုင်။

(၇) ကိုယ့်ကိုဝေဖန်ခြင်းဖြင့် အခြားလူ၏ ယုံကြည်မှုကို ရရှိနိုင်သည်။
ကိုယ့်ဂုဏ်ကိုယ် ဖော်ခြင်းက မရနိုင်။

(၈) ကိုယ့်ကို မချစ်မနှစ်သက်တဲ့ လူကို လေးစားပါ။

(၉) သူ့နောက်ကွယ်မှာ သူ့ကောင်းကြောင်းကိုပဲ ပြောပါ။ အဲဒီစကား သူ့
နားဆီမရောက်ဘူး ဆိုတာ လုံးဝ စိတ်ချပါ။

ဆက်ဖတ်ရန်
ပို့စ်တင်သူ ။.............။ ( MMSA ) on
0 ( မှတ်ချက်ရေးချင်ရင် )
ခေါင်းစဉ်အလိုက်ပို့စ်များ |

အနန္တအတုမရှိ ဗုဒ္ဓမြတ်စွာဘုရား

အလှူရှင်များအား MMSA အဖွဲ့မှ မှတ်တမ်းတင်ဂုဏ်ပြုလွှာပေးအပ်

အလှူရှင်များအား MMSA အဖွဲ့မှ မှတ်တမ်းတင်ဂုဏ်ပြုလွှာပေးအပ်

Mahidol University

International Buddhist Collage

မြန်မာ E Books

ထိုင်းနိုင်ငံ ရောက် ရွှေ့ပြောင်း မြန်မာအလုပ်သားမားများအတွက် ပညာရေး အခွင့်အလမ်းများ

MMSA ပရိတ်သတ်များ

ယခင်ပို့စ်အဟောင်းများ

အားပေးနေသော အပေါင်းသင်းများ

International News

တိုင်းရင်းသားသတင်းဌာနများစုစည်းမှု

သတင်းဌာနများစုစည်းမှု

ဘလော့ဂ်များစုစည်းမှု