စစ်ကိုင်းတိုင်း မုံရွာတက္ကသိုလ်တွင် ရူပဗေဒဌာနရှိ ပါမောက္ခဌာနမှူးမှာ ကထိကဆရာမတစ်ဦးနှင့်ပေါင်း၍ ကျောင်းသားများထံမှ မတရားငွေကြေးတောင်းခံ လာဘ်စားမှုအပေါ် ကျောင်းသားများက မကျေမနပ်ဖြစ်နေကြကြောင်း တက္ကသိုလ်ကျောင်းသားတစ်ဦး၏ သတင်းပေးပို့ချက်အရ သိရသည်။ အဆိုပါ ဆရာနှစ်ဦးပူးပေါင်း၍ ကျောင်းသားများအား ပုံနှိပ်စာအုပ်များကို ဈေးမြှင့်ကာ မဝယ်မနေရစနစ်ဖြင့်ရောင်းပြီး၊ Term Paper လက်မှတ်ထိုးခများနှင့် မဟာတန်း ကျောင်းသားတစ်ဦးလျှင် ကျပ်ငွေ ၂ သိန်းစီ တောင်းခံနေကြောင်း သတင်းရရှိသည်။ " အဲဒီ ဆရာနှစ်ဦးပေါင်းပြီးတော့ ပုံနှိပ်စာအုပ်တွေကို မတရားဈေးမြှင့်ပြီးတော့ မဝယ်မနေရ စနစ်နဲ့ ရောင်းတယ်။ ပြီးတော့ Term Paper လက်မှတ်ထိုးခနဲ့ မဟာတန်း ကျောင်းသားတစ်ဦးစီကို ကျပ်ငွေ ၂ သိန်းစီ ကောက်ခံတယ်။ သိတဲ့အတိုင်းပဲ ကျောင်းသားတစ်ဦးအတွက် ငွေ ၂ သိန်းဆိုတာ နည်းတဲ့ဟာ မဟုတ်ဘူး။ ငွေ ၂ သိန်းမပေးနိုင်တဲ့ ကျောင်းသားတွေ အများကြီးဘဲ။ ငွေ ၂ သိန်း မပေးနိုင်တော့ လက်မှတ်ထိုး မပေးဘူးလေ။ " ဟု အဆိုပါကျောင်းသားက ယခုကဲ့သို့ ပြောသည်။ ထို့အပြင် ရူပဗေဒဌာနမှ ဆရာတချို့က အတန်းထဲတွင် ကောင်းမွန်စွာ ပညာသင်ကြားပေးမှုမရှိဘဲ အပြင်ကျူရှင်များ ဖွင့်လှစ်ကာ အကျိုးစီးပွားရှာနေကြောင်း၊ ယခုကဲ့သို့ တက္ကသိုလ် ဆရာ/မများ လာဘ်စားမှုများ ဖြစ်ပေါ်နေခြင်းမှာ လုံလောက်သည့် လစာ မရရှိသည့်အတွက်ဖြစ်ကြောင်း ဆရာများနှင့်နီးစပ်သည့် အသိုင်းအဝိုင်းမှလာသော သတင်းအရ သိရသည်။ ယခုကဲ့သို့ လာဘ်စားမှုများ ပပျောက်အောင် နိုင်ငံတော် အစိုးရအနေဖြင့်လည်း လျှင်မြန်စွာ ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ပေးစေလိုကြောင်း အဆိုပါ တက္ကသိုလ်ကျောင်းသားက သူ၏ဆန္ဒကို ထုတ်ဖော်ပြောဆိုခဲ့သည်။ |
Last Updated ( Thursday, 23 August 2012 13:39 ) http://arakantimes.net/burmese/index.php/2012-02-24-06-58-57/383-2012-08-23-05-09-41 |
MMSA ဘလော့စည်းမျဉ်းများ
* အချင်းချင်း ညီညွတ်မှု့ကို ပျက်စီးစေတတ်သော အကြောင်းများကို ရေးသားခြင်းမှ ရှောင်ရှားရန်၊
* သာသနာနှင့် မအပ်စပ်သော အဖွဲ့ဂုဏ်သိက္ခာကို ငြိုးနွမ်းစေတတ်သော ပုံများကိုတင်ခြင်းမှ ရှောင်ရှားရန်၊
* ပုဂ္ဂိုလ်ရေးဆိုင်ရာများထက် အများနှင့်သက်ဆိုင်သော အကျိုးများစေနိုင်သော ပုံများ စာများကိုသာ ရေးသားရန်၊
* MMSAသည် ပညာရေးအဖွဲ့စည်း ဖြစ်သည့် အတွက်နိုင်ငံရေးနှင့်သက်ဆိုင်သော အရေးအသားများကို ရေးခြင်းမှ ရှောင်ရှားရန်၊
* ဗုဒ္ဓဘာသာနှင့် မိမိတို့လေ့လာနေသော ပညာရပ်ဆိုင်ရာ အကြောင်းအရာများကို ဗဟုသုတအလို့ငှါ ရေးသား မျှဝေကြရန်၊
အမျိုးသားအဆင့် စစ်တမ်းအရ ဗြိတိန် အွန်လိုင်း အိုးပန်းတက္ကသိုလ် Open University မှာ အဆင့် ၃ နေရာတွင် ရှိနေလေသည်။ တက္ကသိုလ်၏ ဒုတိယပါမောက္ခချုပ်ဖြစ်သူ မာတင်ဘင်းက ကျေနပ်ဂုဏ်ယူစွာဖြင့် ပြောကြားလိုက်သည်။
လက်ရှိ ဘွဲ့သင်တန်း ကျောင်းသား ၂ သိန်း ၆ သောင်းကျော်တို့ သင်တန်းကြေးငွေပေးပြီး တက်ရောက်နေသည့်အပြင် နိုင်ငံတကာမှလည်း အခမဲ့ ဘာသာရပ်တို့ကို လေ့လာလျက်ရှိနေလေသည်။ ဤအညွန်းကိန်းများအရ သိသာနိုင်ပါသည်။
များမကြာမီမှာတင် ဘာသာရပ်တို့ကို လေ့လာရန် ဒေါင်းလုပ်လုပ်သူ ၅ သန်းပြည့်တော့မည်။ ၉၀ ရာခိုင်နှုန်းမှာ ဗြိတိန်ပြင်ပ တိုင်းပြည်များက ဖြစ်သည်။ နာမည်ကျော် အောက်စဖို့နှင့် ကင်းဘရစ်တက္ကသိုလ်ကြားနေရာတွင် OU မှာ တည်ရှိနေပြီဖြစ်သည်။ ဘွဲ့သင်တန်းတို့ကို အွန်လိုင်းလေ့လာရာတွင် နက်နက်ရှိုင်းရှိုင်းနှင့် ကျယ်ကျယ်ပြန့်ပြန့် သင်ယူလေ့လာနိုင်ကြခြင်း၊ သင်ကြားပို့ချနိုင်ခြင်းတို့ ရှိနေကြောင်း သိရှိရပါသည်။ သုတေသနအရလည်း ထောက်ခံလျက်ရှိနေသည်။
မမျှော်လင့်ထားသည့် အချက်များမှာလည်း OU က အောင်မြင်မှု ရရှိနေလေသည်။ research သုတေသနလေ့လာမှုများတွင်လည်း ဗြိတိန်၏ ထိပ်တန်း တက္ကသိုလ် ၃ ခုတွင် OU ပါရှိနေခြင်းပင်ဖြစ်သည်။
"စတည်ထောင်ခဲ့တဲ့ ပထမဆုံးနေ့ကတည်းကကို OU ဟာ ကြီးထွားလာနိုင်ပြီး အောင်မြင်နိုင်စွမ်း ရှိနေတယ်ဆိုတာကို ကျနော်တို့ သိထားခဲ့ပါတယ်။" ဒု-ပါမောက္ခချုပ်က ဆိုပါသည်။
"OU တွင် ကိုယ်ပိုင်သုတေသနလုပ်မှုတွေကနေ သင်ကြားမှု- သင်ယူမှုနည်းလမ်းတွေနဲ့ သင်ထောက်ကူတွေကို ဖြည့်ဆည်းပေး ပါတယ်။ သုတေသနရလဒ်တွေရဲ့ အကျိုးက တန်ဖိုးရှိလှပါတယ်။ သင်ကြားမှုအပေါ် အများကြီး သက်ရောက်မှု ရှိနေတယ်။"
မဲလဘုန်းမြို့ဇာတိဖြစ်သူ Mr. Bean က သိပ္ပံနှင့် နည်းပညာတိုးတက်ထွန်းကားလာမှုကြောင့် ပညာရေးမှာ လူတိုင်း လက်လှမ်းမီသည့် အရာဖြစ်လာကြောင်းဆိုပါသည်။
ဆရာ-ကျောင်းသား အပြန်အလှန် ဆက်သွယ်ပြီး သင်ယူခြင်း-သင်ကြားခြင်းတို့လည်း ပြုလုပ်နိုင်သော အွန်လိုင်းတက္ကသိုလ် ဘွဲ့သင်တန်းများဖြစ်သည်။ လက်ရှိ နည်းပြဆရာကျူတာ ၇ ထောင်ကျော်ရှိနေကြောင်း မစ္စတာဘင်းကဆိုပါသည်။
"ကျောင်းသားတိုင်းကို ဘာသာရပ်အလိုက် သက်ဆိုင်ရာ ကျူတာ တစ်ဦးစီထားပေးပါတယ်။ ဆရာ-ကျောင်းသား အပြန်အလှန်ဆက်သွယ်မှု၊ ဆွေးနွေးမှု၊ သင်ခန်းစာလေ့လာမှုတွေက သိပ်ကို အားရစရာကောင်းလှတယ်။ ပညာရဲ့ အနှစ်သာရကို ဖေါ်ကျူးနိုင်ပါတယ်။"
မောက္ခနိုင်ငံပညာရေးသတင်း
ပညာတတ်အများဆုံးနိုင်ငံများမှာ ကမ္ဘာ့အချမ်းသာဆုံး စာရင်းဝင် နိုင်ငံများ ဖြစ်နေသည်။ အမေရိကန်ပြည်ထောင်စု၊ ဂျပန်၊ ကနေဒါ တို့သည် ပညာတတ်အများဆုံးရှိရာ နို်င်ငံများဖြစ်သလို ကမ္ဘာပေါ်တွင် ဂျီဒီပီ အမြင့်ဆုံး နိုင်ငံများလည်းဖြစ်ကြသည်။
တဦးချင်း ဂျီဒီပီအနေဖြင့် ဒုတိယနှင့် ဆဌမ အများဆုံးနိုင်ငံများဖြစ်သည့် နော်ဝေ
၊ သြစတြေလျား တို့သည်လည်း ပညာတတ်အများဆုံး မွေးထုတ်ရာ နိုင်ငံများစာရင်းတွင် ပါဝင်နေသည်။ ချမ်းသာသည့် အလျှောက်လည်း ပညာရေးကဏ္ဍတွင် သဲကြီးမဲကြီး ရင်းနှီးမြှုပ်နှံထားကြလေသည်။
(၁၀) ဖင်လန်
- ပညာတတ်မြောက်မှုနှုန်း - လူ ၁၀၀ တွင် ၃၇ ဦးသည် တက္ကသိုလ်၊ ကောလိပ်ပညာ တတ်မြောက်သည်။
- နှစ်စဉ်တိုးတက်မှုနှုန်း - (၁၉၉၉-၂၀၀၉) အတွင်း ၁ဒသမ၈ ရာခိုင်နှုန်း (တတိယအနိမ့်ဆုံး)
- နှစ်စဉ် တဦးချင်း ဂျီဒီပီ - အမေရိကန်ဒေါ်လာ ၃၆၅၈၅ ( ၀င်ငွေအမြင့်ဆုံး နိုင်ငံများတွင် နံပါတ် ၁၄ ရှိသည်)
- လူဦးရေ အပြောင်းအလဲ - (၂၀၀၀-၂၀၀၉) ၃ဒသမ၁၅ ( တိုးတက်မှုနှုန်းအနိမ့်ဆုံးနိုင်ငံများတွင် နံပါတ် ၁၀)
- ပညာတတ်မြောက်မှုနှုန်း - လူ ၁၀၀ တွင် ၃၇ ဦးသည် တက္ကသိုလ်၊ ကောလိပ်ပညာ တတ်မြောက်သည်။
- နှစ်စဉ်တိုးတက်မှုနှုန်း - (၁၉၉၉-၂၀၀၉) အတွင်း ၃ ဒသမ ၃ ရာခိုင်နှုန်း (တိုးတက်မှုအနိမ့်ဆုံး နိုင်ငံများတွင် နံပါတ် ၁၁ ဖြစ်သည်)
- နှစ်စဉ် တဦးချင်း ဂျီဒီပီ - အမေရိကန်ဒေါ်လာ ၄၀၇၁၉ ( ၀င်ငွေအမြင့်ဆုံး နိုင်ငံများတွင် နံပါတ် ၆ ရှိသည်)
- လူဦးရေအပြောင်းအလဲ - (၂၀၀၀-၂၀၀၉) ၁၄ ဒသမ ၆၃ (တိုးတက်မှုနှုန်းအမြင့်ဆုံး နိုင်ငံများတွင် နံပါတ် ၃)
- ပညာတတ်မြောက်မှုနှုန်း - လူ ၁၀၀ တွင် ၃၇ ဦးသည် တက္ကသိုလ်၊ ကောလိပ်ပညာ တတ်မြောက်သည်။
- နှစ်စဉ်တိုးတက်မှုနှုန်း - (၁၉၉၉-၂၀၀၉) အတွင်း ၄ ရာခိုင်နှုန်း (တိုးတက်မှုအမြင့်ဆုံး နိုင်ငံများတွင် နံပါတ် ၉ ဖြစ်သည်)
- နှစ်စဉ် တဦးချင်း ဂျီဒီပီ - အမေရိကန်ဒေါ်လာ ၃၅၅၀၄ ( ၀င်ငွေအမြင့်ဆုံး နိုင်ငံများတွင် နံပါတ် ၁၆ ရှိသည်)
- လူဦးရေအပြောင်းအလဲ - (၂၀၀၀-၂၀၀၉) ၃ ဒသမ ၄၇ (တိုးတက်မှုနှုန်းအနိမ့်ဆုံး နိုင်ငံများတွင် နံပါတ် ၁၃)
- ပညာတတ်မြောက်မှုနှုန်း - လူ ၁၀၀ တွင် ၃၇ ဦးသည် တက္ကသိုလ်၊ ကောလိပ်ပညာ တတ်မြောက်သည်။
- နှစ်စဉ်တိုးတက်မှုနှုန်း - (၁၉၉၉-၂၀၀၉) ------- N/A (not available)
- နှစ်စဉ် တဦးချင်း ဂျီဒီပီ - အမေရိကန်ဒေါ်လာ ၅၆၆၁၇ ( အမြင့်ဆုံး နိုင်ငံများတွင် နံပါတ် ၂ )
- ပညာတတ်မြောက်မှုနှုန်း - လူ ၁၀၀ တွင် ၃၉ ဦးသည် တက္ကသိုလ်၊ ကောလိပ်ပညာ တတ်မြောက်သည်။
- နှစ်စဉ်တိုးတက်မှုနှုန်း - (၁၉၉၉-၂၀၀၉) ------- ၅ဒသမ ၃ ( ပဉ္စမအမြင့်ဆုံး)
- နှစ်စဉ် တဦးချင်း ဂျီဒီပီ - အမေရိကန်ဒေါ်လာ ၂၉၁၀၁ ( အမြင့်ဆုံး နိုင်ငံများတွင် နံပါတ် ၁၃)
- နှစ်စဉ်တိုးတက်မှုနှုန်း - (၁၉၉၉-၂၀၀၉) ------- ၃ ဒသမ ၅ ( တိုးတက်မှုအနိမ့်ဆုံး နိုင်ငံများတွင် နံပါတ် ၁၄ ဖြစ်သည်)
- နှစ်စဉ် တဦးချင်း ဂျီဒီပီ - အမေရိကန်ဒေါ်လာ ၂၉၈၇၁ ( အနိမ့်ဆုံး နိုင်ငံများတွင် နံပါတ် ၁၄ )
- နှစ်စဉ်တိုးတက်မှုနှုန်း - (၁၉၉၉-၂၀၀၉) ---- ၁ ဒသမ ၄ ( တိုးတက်မှုအနိမ့်ဆုံး )
- နှစ်စဉ် တဦးချင်း ဂျီဒီပီ - အမေရိကန်ဒေါ်လာ ၄၆၅၈၈ ( စတုတ္ထအမြင့်ဆုံး )
- နှစ်စဉ်တိုးတက်မှုနှုန်း - (၁၉၉၉-၂၀၀၉) ------- ၃ ဒသမ ၂ ( တိုးတက်မှုအနိမ့်ဆုံး နိုင်ငံများတွင် နံပါတ် ၁၀ ဖြစ်သည်)
- နှစ်စဉ် တဦးချင်း ဂျီဒီပီ - အမေရိကန်ဒေါ်လာ ၃၃၇၅၁ ( အနိမ့်ဆုံး နိုင်ငံများတွင် နံပါတ် ၁၇ )
- လူဦးရေအပြောင်းအလဲ - (၂၀၀၀-၂၀၀၉) ၀ ဒသမ ၄၆ (အနိမ့်ဆုံး နိုင်ငံ များတွင် နံပါတ် ၆)
- ပညာတတ်မြောက်မှုနှုန်း - လူ ၁၀၀ တွင် ၄၅ ဦးသည် တက္ကသိုလ်၊ ကောလိပ်ပညာတတ်မြောက်သည်။
- နှစ်စဉ်တိုးတက်မှုနှုန်း - (၁၉၉၉-၂၀၀၉) အတွင်း N/A (not available)
- နှစ်စဉ် တဦးချင်း ဂျီဒီပီ - အမေရိကန်ဒေါ်လာ ၂၈၅၉၆ ( အနိမ့်ဆုံး နိုင်ငံများတွင် နံပါတ် ၁၂ )
- လူဦးရေအပြောင်းအလဲ - (၂၀၀၀-၂၀၀၉) ၁၉ ဒသမ ၂ ( တိုးတက်မှုနှုန်းအမြင့်ဆုံး)
- ပညာတတ်မြောက်မှုနှုန်း - လူ ၁၀၀ တွင် ၅၀ ဦးသည် တက္ကသိုလ်၊ ကောလိပ်ပညာတတ်မြောက်သည်။
- နှစ်စဉ်တိုးတက်မှုနှုန်း - (၁၉၉၉-၂၀၀၉) အတွင်း ၂ ဒသမ ၃ ( တိုးတက်မှုအနိမ့်ဆုံး နိုင်ငံများတွင် နံပါတ် ၅ )
- နှစ်စဉ် တဦးချင်း ဂျီဒီပီ - အမေရိကန်ဒေါ်လာ ၃၉၀၇၀ ( အမြင့်ဆုံး နိုင်ငံများတွင် နံပါတ် ၁၀)
- လူဦးရေအပြောင်းအလဲ - (၂၀၀၀-၂၀၀၉) -- ၉ ဒသမ ၈၉ (တိုးတက်မှုနှုန်းအမြင့်ဆုံးစာရင်းတွင် အမှတ်စဉ် ၁၀ )
ချင်းပြည်နယ်အထက်တန်းကျောင်းများတွင် ကွန်ပြူတာ သင်တန်းကျောင်း နှင့် စာကြည့်တိုက်ဖွင့် လှစ်မည် ဟု အာမေးနီးယား ဆေးတက္ကသိုလ်မှ ဆရာဝန်ဘွဲ့ရ ချင်းလူငယ် ဒေါက်တာ ဆာဆာက ပြောလိုက်သည်။
အခု ပထမသုတ်အနေနဲ့ ချင်းပြည်နယ် အတွင်း မတူပီမြို့နယ်မှ လိုင်လင်းပီ၊ စဘောင်းသဲ၊ ရေဇွာ အထက်တန်းကျောင်း၊ ပလက်ဝမြို့နယ်မှ ပထိန်တလန် အထက်တန်း ကျောင်း၊ ထန်တလန်မြို့ နယ်မှ နှာရိန်းအထက်တန်း ကျောင်း၊ ဟားခါးမြို့ နယ်မှ ဆတ်တား နှင်း ဆူရ်ခွါး အထက် တန်း ကျောင်းတွေ အတွက်ကွန်ပြူတာ တပ်ဆင်ပြီးကြောင်း မတူပီ အထက (၁)၊ ပလက်ဝမြို့နယ် မီးဇာ နှင့် ရှင်းလက်ဝ အထက်တန်းကျောင်းအတွက် မကြာခင် တပ်ဆင်မည်ဟု သိရသည်။
“ အဓိက နယ်မှာ ရှိတဲ့ အထက်တန်းကျောင်းတွေကို ဦးစားပေးတယ်၊ အလုံးရေတော့ သေချာမသိပါ ” ဟု ၄င်း၏ ကျန်းမာ ရေးလုပ်သားတဦးက ပြော သည်။
အဆိုပါ အထက်တန်းကျောင်းများအပြင် ချင်းပြည်နယ် တခုလုံး အထက်တန်းကျောင်းများ အတွက် ကွန်ပြူတာ လက်ပ်တော့ပ် ပံ့ပိုးနိုင်ရေး နှင့် စာကြည့်တိုက် ဖွင့်လှစ်နိုင်ရေးကို ကြိုးပမ်းနေကြောင်း ဒေါက်တာ ဆာဆာက ပြောသည်။
ယခုလက်ရှိတွင် ဒေါက်တာဆာဆာသည် သူလက်လှမ်းမှီနိုင်သည့် မရာနယ်မှ နှစ်စဉ် ၁၀ တန်းအောင် မြင်သူများထဲက အမှတ် အများဆုံး ၁၀ ဦး ကို ရွေးချယ်ပြီး တက္ကသိုလ်ပညာသင်စရိတ်ပံ့ပိုး လျက်ရှိ သည်။
ထို့အပြင် အိန္ဒိယ – မြန်မာနယ်စပ် ကျပွီးရွာတွင် ၂၀၀၅- ၂၀၀၆ ခုနှစ်မှ စပြီး ကျန်းမာရေး အခြေခံ သင်တန်းကျောင်း ဖွင့်လှစ်ကာ ချင်းပြည်နယ် မှ လူငယ် ၃၀၀ ခန့်ကို အခြေခံ ကျန်းမာရေး၊ ကွန်ပြူတာ၊ အင်္ဂလိပ်စကားပြောသင်တန်းများ ပို့ချ လျက်ရှိသည်။
ဒေါက်တာ ဆာဆာသည် ၄င်း၏ ဇာတိမြေဖြစ်သည့် လိုင်လင်းပီ ရွာတွင် အနည်းဆုံး ကုတင် ၅၀ ခန့်ဆန့်မည့် ကျန်းမာ ရေး ဆေးခန်းဖွင့်လှစ်ရန် စီစဉ်နေသည်။
လူဦးရေ ၄.၄ သန်းရှိတဲ့ နယူးဇီလန်နိုင်ငံမှာ ၀ိုင်၊ သိုးမွှေးနဲ့ လှပတဲ့ သဘာဝရှုမြင်ကွင်းတွေကြောင့် ထင်ရှားကျော်ကြားသည်။ သို့သော် ပြီးခဲ့တဲ့ ဆယ်စုနှစ်တွေအတွင်း နယူးဇီလန်အစိုးရက အမေရိကန်ပြည်ထောင်စု၊ ဗြိတိန်နဲ့ ဩစတြေးလျတို့လို အရည်သွေးမှီ အဆင့်မြင့် ပညာရေးဖြင့် နိုင်ငံရပ်ခြားကျောင်းသားတွေကို ဆွဲဆောင်ဖို့ ကြိုးစားလာခဲ့သည်။
အခု နယူးဇီလန်က နိုင်ငံတကာကို ပညာတင်ပို့မှု (education export) မှာ ကမ္ဘာ့အဆင့် ၅ နေရာကို ရောက်ရှိလာသည်။ နိုင်ငံတကာကျောင်းသားတွေကို အဆင့်မြင့်ပညာ ရောင်းချမှုဖြင့် တစ်နှစ်ကို ဒေါ်လာ ၂.၅ ဘီလီယံ ရရှိနေသည်။
နယူးဇီလန် အစိုးရက နောက် ၁၅ နှစ်အတွင်း ပညာရောင်းချမှုဖြင့် တိုင်းပြည်စီးပွားရေး နှစ်ဆတိုးစေဖို့အတွက် တက္ကသိုလ်တွေမှာ ဘတ်ဂျက်မြှင့်သုံးခြင်း၊ အင်စတီကျူးရှင်းတွေ နိုင်ငံတာအဆင့်မှီအောင် ပြုပြင်ခြင်း၊ တနိုင်ငံလုံး ကျွမ်းကျင်လုပ်သား အင်အားစု အဆင့်ရောက်အောင် မြှင့်ခြင်းတို့ကို ဆောင်ရွက်နေသည်။
ဒါပေမဲ့ နယူးဇီလန်အတွက် အဓိကစိန်ခေါ်မှုက အိမ်နီးချင်း ဩစတြေးလျဖြစ်သည်။ ဩစတြေးလျက နှစ်ပေါင်းများစွာ နိုင်ငံတကာ ကျောင်းသားတို့ ကျက်စားရာ ဒေသကြီးဖြစ်သည်။ ဒါကြောင့် တက္ကသိုလ်တွေကို အိမ်နီချင်းနဲ့ ယှဉ်ပြိုနိုင်ဖို့ ပြီးခဲ့တဲ့နှစ်တွေမှာ အစိုးရက နည်းလမ်းပေါင်းစုံနဲ့ ကြိုးစားသည်။ နယူးဇီလန် ဗီဇာကို လွယ်လွယ်ကူကူရအောင် သက်ဆိုင်သံရုံးတွေက စီစဉ်ပေးသည်။ နိုင်ငံတကာ Ph.D ကျောင်းသားတွေအတွက် ကျောင်းစရိတ် လျော့ချပေးထားသည်။
နယူးဇီလန်တက္ကသိုလ်တွေနဲ့ ပုဂ္ဂလိက ကောလိပ်တွေမှာ နိုင်ငံတကာကျောင်းသား ၁ သိန်းကျော်ရှိသည်။ အစိုးရက ၂၀၂၅ မှာ နိုင်ငံတကာ ကျောင်းသား ၂ သိန်းအထိ တိုးတက်လာစေဖို့ ပြင်ဆင်နေသည်။ မနှစ်က အစိုးရက ‘နယူးဇီလန် ပညာရေး အေဂျင်စီ’ ထောင်ပြီး၊ ဒ်ါလာ ၁၀ သန်း အကုန်ကျခံကာ အာရှနိုင်ငံတွေမှာ ပညာရေး ပရိုမိုးရှင်းပွဲတွေ လုပ်ခဲ့သည်။
သို့နှင့်တိုင် နယူးဇီလန် အနေဖြင့် ဩစတြေးလျနဲ့ယှဉ်ရင် နိုင်ငံတကာ ပညာရေးဈေးကွက်မှာ မျက်နှာသာရမှု အားနည်းသေးသည်။ တစ်ဖက်က အမေရိကန်တက္ကသိုလ်တွေကလည်း ဈေးကွက် အရမ်းမြှင့်လာတဲ့အတွက် စိုးရိမ်မှုတွေ ဖြစ်လာပြီး ပြိုင်ဆိုင်မှုက ပိုပြင်းထန်လာသည်။
ဒါကြောင့် ဈေးကွက်ချဲ့မှု နိုင်ငံရပ်ခြားကျောင်းသား စုဆောင်းမှုတွေ ကြိုးစားလုပ်လာရသည်။ အာရှ၊ အာဖရိကနိုင်ငံတွေကို ပတ်ပြီး ကျောင်းသား စုဆောင်းရသည်။ နယူးဇီလန်နိုင်ငံသားတွေက အခြားကို ရွှေ့ပြောင်းမှုနဲ့ အသက်အရွယ်ကြီးရင့်မှု များလာတဲ့အတွက် အစိုးရက နိုင်ငံတကာကျောင်းသားတွေကို ကျွမ်းကျင်လုပ်သားဖြစ်အောင်မွေးပြီး အလုပ်အကိုင်အခွင့်အလမ်းတွေ ဖန်တီးပေးရသည်။
အစိုးရက ပြင်ပကျောင်းသားတွေ ဘွဲ့ရပြီး ဆက်နေစေဖို့ အလုပ်ရှာခွင့် တစ်နှစ်ဗီဇာ ထုတ်ပေးသည်။ အရည်အချင်းနဲ့ ထိုင်သင့်တဲ့ အလုပ်ရသွားရင်၊ အလုပ်အတွေ့အကြုံရယူဖို့ ဗီဇာ ၃ နှစ် ထပ်ထုတ်ပေးသည်။ လက်ရှိ နယူးဇီလန် ပညာရေးရဲ့ အဓိက ဖောက်သည်တွေက တရုတ်၊ ဂျပန်နဲ့ တောင်ကိုရီးယားတို့ ဖြစ်သည်။ အာစီယံနိုင်ငံတွေက ကျောင်းသားတွေကို ဆက်ပြီး စုဆောင်းနေသည်။
Auckland University of Technology ဆိုရင် ၂၀၀၃ ခုနှစ်မှာ နိုင်ငံတကာကျောင်းသား ၈၀၀ ရှိရာက ၂၀၁၁ ခုနှစ်မှာ ၂၄၀၀ အထိ တိုးလာသည်။ Victoria University of Wellington ဆိုရင် နိုင်ငံပေါင်း ၁၀၀ က ကျောင်းသား ၃၀၀၀ ကျော် ရှိသည်။ ကျောင်းသားအများစုက တရုတ်၊ အမေရိကန်၊ မလေးရှားနဲ့ ဗီယက်နမ်တို့မှ ဖြစ်သည်။
နယူးဇီလန်တက္ကသိုလ်တွေမှာ ပညာသင်စရိတ်က ပျမ်းမျှအားဖြင့် ပြည်တွင်းကျောင်းသားအတွက် တစ်နှစ် ဒေါ်လာ ၄၀၀၀ ကနေ ၅၀၀၀ ကြား ရှိသည်။ ပြည်ပကျောင်းသားအတွက် တစ်နှစ် ဒေါ်လာ ၂၂,၀၀၀ ကနေ ၂၄,၀၀၀ ကြားရှိသည်။ တက္ကသိုလ်တွေရဲ့ ဘတ်ဂျက်ကို နိုင်ငံတကာ ကျောင်းသားတွေဆီက ငွေနဲ့ လည်ပတ်ခြင်း ဖြစ်သည်။
ဝင့်ထန်း
Source: IHT; New Zealand casts itself as a destination for international students
1 | Harvard University | United States | 1 |
2 | Massachusetts Institute of Technology | United States | 2 |
3 | University of Cambridge | United Kingdom | 3 |
4 | Stanford University | United States | 5 |
5 | University of California, Berkeley | United States | 4 |
6 | University of Oxford | United Kingdom | 6 |
7 | Princeton University | United States | 7 |
8 | University of Tokyo | Japan | 8 |
9 | University of California, Los Angeles | United States | 12 |
10 | Yale University | United States | 9 |
11 | California Institute of Technology | United States | 10 |
12 | University of Michigan | United States | 13 |
13 | Imperial College London | United Kingdom | 11 |
14 | University of Chicago | United States | 15 |
15 | Columbia University | United States | 23 |
16 | Cornell University | United States | 16 |
16 | University of Toronto | Canada | 17 |
18 | Johns Hopkins University | United States | 14 |
19 | University of Pennsylvania | United States | 22 |
20 | Kyoto University | Japan | 18 |
21 | University College London | United Kingdom | 19 |
22 | Swiss Federal Institute of Technology Zürich | Switzerland | 24 |
23 | University of Illinois at Urbana Champaign | United States | 21 |
23 | National University of Singapore | Singapore | 27 |
25 | University of British Columbia | Canada | 31 |
25 | McGill University | Canada | 29 |
27 | University of Wisconsin-Madison | United States | 25 |
28 | University of Washington | United States | 26 |
29 | London School of Economics and Political Science | United Kingdom | 37 |
30 | Tsinghua University | China | 35 |
31 | University of California, San Francisco | United States | 34 |
32 | University of Texas at Austin | United States | 31 |
33 | Duke University | United States | 36 |
34 | New York University | United States | 51-60 |
35 | Northwestern University | United States | 40 |
36 | University of California, San Diego | United States | 30 |
37 | Carnegie Mellon University | United States | 28 |
38 | Peking University | China | 43 |
39 | The University of Hong Kong | Hong Kong | 42 |
39 | University of Massachusetts | United States | 19 |
41 | Georgia Institute of Technology | United States | 39 |
42 | Ludwig-Maximilians-Universität München | Germany | 48 |
43 | University of Melbourne | Australia | 45 |
44 | Australian National University | Australia | 51-60 |
44 | University of California, Davis | United States | 38 |
46 | University of North Carolina at Chapel Hill | United States | 41 |
47 | University of Minnesota | United States | 43 |
47 | Purdue University | United States | 47 |
49 | University of Edinburgh | United Kingdom | 45 |
50 | The University of Sydney | Australia | 51-60 |
51-60 | Delft University of Technology | Netherlands | 49 |
51-60 | Karolinska Institute | Sweden | 51-60 |
51-60 | University of Manchester | United Kingdom | 61-70 |
51-60 | The Ohio State University | United States | 51-60 |
51-60 | Osaka University | Japan | 50 |
51-60 | Pennsylvania State University | United States | 61-70 |
51-60 | University of California, Santa Barbara | United States | 51-60 |
51-60 | Seoul National University | Korea, Republic of | 51-60 |
51-60 | Tohoku University | Japan | 51-60 |
51-60 | Tokyo Institute of Technology | Japan | 51-60 |
61-70 | École Polytechnique Fédérale de Lausanne | Switzerland | 71-80 |
61-70 | Hebrew University of Jerusalem | Israel | #N/A |
61-70 | The Hong Kong University of Science and Technology | Hong Kong | 91-100 |
61-70 | Humboldt-Universität zu Berlin | Germany | 71-80 |
61-70 | King's College London | United Kingdom | 61-70 |
61-70 | Technische Universität München | Germany | 61-70 |
61-70 | University of Pittsburgh | United States | 51-60 |
61-70 | University of São Paulo | Brazil | #N/A |
61-70 | University of Southern California | United States | 71-80 |
61-70 | National Taiwan University | Taiwan | 81-90 |
71-80 | University of Amsterdam | Netherlands | 81-90 |
71-80 | Universität Heidelberg | Germany | 81-90 |
71-80 | Michigan State University | United States | 71-80 |
71-80 | Université Paris-Sorbonne | France | #N/A |
71-80 | The University of Queensland Australia | Australia | 81-90 |
71-80 | Texas A&M University | United States | 81-90 |
71-80 | Uppsala University | Sweden | 61-70 |
71-80 | Utrecht University | Netherlands | 71-80 |
71-80 | Washington University in St Louis | United States | 71-80 |
71-80 | University of Zürich | Switzerland | 61-70 |
81-90 | Brown University | United States | #N/A |
81-90 | The Chinese University of Hong Kong | Hong Kong | #N/A |
81-90 | University of Florida | United States | 61-70 |
81-90 | Katholieke Universiteit Leuven | Belgium | 81-90 |
81-90 | Korea Advanced Institute of Science and Technology | Korea, Republic of | 91-100 |
81-90 | University of Leeds | United Kingdom | 81-90 |
81-90 | Leiden University | Netherlands | 81-90 |
81-90 | Lund University | Sweden | 71-80 |
81-90 | Nanyang Technological University | Singapore | 91-100 |
81-90 | Tel Aviv University | Israel | #N/A |
91-100 | University of Arizona | United States | 71-80 |
91-100 | Boston University | United States | 61-70 |
91-100 | University of Bristol | United Kingdom | 81-90 |
91-100 | École Polytechnique | France | 61-70 |
91-100 | Indiana University | United States | 81-90 |
91-100 | Middle East Technical University | Turkey | #N/A |
91-100 | Université Paris-Sud | France | #N/A |
91-100 | Université Pierre et Marie Curie | France | #N/A |
91-100 | Rutgers, The State University of New Jersey | United States | 71-80 |
91-100 | Wageningen University and Research Center | Netherlands | #N/A |
Their reputations ranked by Times Higher Education!


မလေး ရခိုင် ဒုက္ခသည်များ UNHCR ၏ အသက်မွေးဝမ်းကြောင်း ပညာသင် ကျောင်းများတွင် ပညာသင်ကြားခွင့် ရရှိကြတော့မည်
မလေးရှားရှိ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး ရုံးမှ "UNHCR" ကဒ်ကိုင်ဆောင်သူ ရခိုင်ဒုက္ခသည်များကို အခမဲ့ အသက် မွေးဝမ်းကျောင်း ပညာရပ်များကို သင်ကြားပို့ ချသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

UNHCR မှ ဖွင့်လှစ်ထားသော ကျောင်းတွင် တက်ရောက်နေသော ကျောင်းသားများ
" ဒီဘာသာာရပ်တွေ အားလုံးကို အင်္ဂလိပ်လို ပြသွားမှာပါ။ ဆွေးနွေးတဲ့အခါ သဘောတူညီမူ ရခဲ့တာပါ" ဟု ဆွေးနွေးပွဲကို တက်ရောက်ခဲ့သူ ARRC မလေးရှား ဒုက္ခသည်များ ကယ်ဆယ်ရေး ရုံးမှ လက်ထောက် အတွင်းရေမူး ကိုမြင့်စိုးက နိရဉ္စရာသို့ ပြောသည်။
မလေးရှားရှိ UNHCR အရာရှိများက မလေးရှားတွင် ရှိနေသော ရခိုင် ဒုက္ခသည်ရုံးများမှ ကော်မတီ အဖွဲ့ဝင်များ အားလုံးအား Chinese Assembly Hall သို့ ဖိတ်ခေါ်ပြီး ဆွေးနွေးစဉ် ဖွင့်လှစ် သင်ကြားမည့် အသက်မွေး ၀မ်းကြောင်း ပညာသင်ကျောင်းတွင် သင်ကြားမည့် ဘာသာရပ်များကို ပြောကြားခဲ့ခြင်း ဖြစ်သည်။
" ဆွေးနွေးပွဲမှာ အခု General Education Diploma က ပို ချမယ့် အစီစဉ်တွေ အရင်ဆုံး ဆွေနွေးခဲ့ကြတယ်။ နောက်ပြီး မလေးရှားမှာ ရောက်ရှိနေတဲ့ ဒုက္ခသည် ကလေး ၃နှစ် ကနေ ၆ နှစ် အရွယ်တွေရဲ့ သူတို့  ပညာရေးနဲ့  ပက်သက်ပြီးတော့လည်း ဆွေးနွေး ခဲ့ပါးသေးတယ်" ဟု ကိုစိုးမြင့်က ဆက်ပြောသည်။
ဆွေးနွေးပွဲကို မလေးရှိ နှိုင်ငံရှိ ဒုက္ခရုံး အသီးသီးတို့ မှ တက်ရောက်ခဲ့ပြီး ကိုယ်စလှယ်ပေါင်း ၅၀ကျော်တို့  မှ တက်ရောက် ဆွေးနွေးခဲ့သည်ဟု ကိုစိုးမြင့်က ပြောသည်။
ယခင်နှစ်များက ချင်း၊ ကရင်၊ မွန်၊ ကချင်၊ ဒုက္ခသည်များသာ အဆိုပါ သင်တန်းများကို တက်ရောက် သင်ကြားနိုင်ခဲ့ပြီး ရခိုင် ဒုက္ခသည်များ အနေဖြင့် အခွင့်အရေး မရရှိခဲ့ကြောင်း သိရသည်။
ယခုနှစ်မှ ရခိုင်ဒုက္ခသည်များကို အဆိုပါ သင်တန်းကျောင်းသို့ တက်ရောက်ခွင့် ပေးရန် မ လေးရှား UNHCR က စီစဉ်လာခြင်း ဖြစ်သည်။
သင်တန်း စတင်မည့် နေ့ရက်ကို UNHCR မှ နောက်တစ်ကြိမ် ဆွေးနွေးပွဲတွင် ကျေညာမည်ဟု သိရသည်။ အဆိုပါ သင်တန်းကျောင်းနှင့် ပတ်သက်ပြီး UNHCR တာဝန်ရှိသူများက ဖေဖေါ်ဝါရီလက တစ်ကြိမ်၊ မတ်လ ၁၅ ရက်နေ့က တစ်ကြိမ် မြန်မာ ဒုက္ခသည် ရုံးများမှ တာဝန်ရှိသူများနှင့် ဆွေးနွေးခဲ့ကြောင်း ကိုစိုးမြှင့်က ပြောသည်။
General Education Diploma Training သင်တန်းကို တက်ရောက် သင်ကြားသူများ အနေဖြင့် မလေးရှားနှိင်ငံတွင် အလုပ်အကိုင် အခွင့်အလမ်းများ ရရှိနိုင်သည်သာမက အမေရိကန် တက္ကသိုလ်များတွင် ပညာ တက်ရောက် သင်ကြားရန် အခွင့်အလမ်းများ ရရှိနိုင်ကြမည် ဖြစ်သည်။
General Education Diploma Training တွင် သင်ကြားမည့် ပညာရပ်များသည် အမေရိကန်ရှိ တက္ကသိုလ် ကျောင်းများတွင် သင်ကြားပို့ ချသော ပညာရပ်များနဲ့  ညီမျှကြောင်း ကိုစိုးမြင့်က ပြောဆိုသည်။
UNHCR ကဒ် ကိုင်ဆောင်ထားသူ ရခိုင် ဒုက္ခသည်များ အားလုံး တက်သင် သင်ကြားခွင့် ရမည် ဖြစ်သော်လည်း ၀င်ခွင့် ဖြေဆိုရမည်ဟု သိရသည်။
" ဒီသတင်းက ကျွန်တော် ဒုက္ခသည်တွေကို အင်မတန်မှ အကျိုးပြုလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ သင်ခဲ့တဲ့ ပညာရေးထက် အဆင့် မြင့်မားလိမ့်မယ်လို့  ထင်တယ်။ နောက်ပြီး ဒီသင်တန်း ပြီးဆုံး အောင်မြင်သွားရင်လည်း အမေရိကမှာ ကျောင်းတက်ခွင့်ရမယ်။ ဒါ့ပြင် အဲ့ ဒီမှာHigh School Diploma တက်ခွင့်ရှိတယ်။ ဆက်လက် ကျောင်းတက် နိုင်ဖို့ အတွက်လည်း "certificate" လက်မှက် ထုက်ပေးသွားမှာ ဖြစ်ပါတယ်။ ဒီမှာ မလေးရှားမှာလည်း GET ဖြေဆိုခွင့်ရှိတယ်။ ရခိုင်ဒုက္ခသည်တွေ ဒီကျောင်းကို တက်ရောက်သင်ကြားကြလိမ့်မယ်လို့ မျှော်လင့်ထားပါတယ်" ဟု ကိုစိုးမြှင့်က ပြောသည်။
အဆိုပါ ပညာသင်ကျောင်းကို တက်ရောက်ခြင်းအားဖြင့် ပညာရေး အဆင့်အတန်း မြင့်မား လာမည် ဖြစ်သလို တဘက်တွင်လည်း အလုပ်အကိုင် အခွင့်အလမ်းများနှင့် စာပေ ဗဟုသုတများပါ တိုးပွားလာမည် ဖြစ်ကြောင်း သိရသည်။
.: နိရဉ္စရာမှ သတင်း
စာရေး ဆရာမ ဂျူး အပါအ၀င် ဆရာ ဦးတင်သန်းတို့ လာရောက် ဟောပြောသော ကျောက်ဖြူ စာပေဟောပြောပွဲမှာ မနေ့ညက အထူးစည်ကားခဲ့ကြောင်း ပွဲစီစဉ်သူများက ပြောသည်။
" မနေ့က စာပေဟောပြောပွဲကို ကျောက်ဖြူမြို့ နာရီစင်ကွင်းမှာ ညနေ ၇ နာရီက ၁၁ နာရီထိ လုပ်ပါတယ်။ လူတွေတော်တော်များများ တက်ရောက် နားထောင်ကြပါတယ်" ဟု စာပေဟောပြောပွဲ စီစဉ်သူ လူငယ် တစ်ဦးက ပြောသည်။
စာပေဟောပြောပွဲကို ကျောက်ဖြူမြို့ ဂီရိကယ်ဆယ်ရေး အတွက် ဖွဲ့စည်းထားသော ကျောက်ဖြူ လူငယ်များ အဖွဲ့က ဦးဆောင်ပြုလုပ်ခြင်း ဖြစ်သည်။
စာပေ ဟောပြောပွဲ ပြုလုပ်ရသည့် ရည်ရွယ်ချက်ကိုလည်း သူက ယခုလို ပြောသည်။
" လုပ်ရတဲ့ အဓိက ရည်ရွယ်ချက်က ကျွန်တော်တို့ဒေသက လူတွေကို ဒီကနေ့ ခေတ်စာပေတွေနဲ့ မိတ်ဆက်ပေးချင်တယ်။ ကမ္ဘာကြီးနဲ့ ပတ်သက်တဲ့ စာပေ အသိပညာ ဗဟုသုတတွေ အားနည်း နေတာတွေလည်း ရှိနေတဲ့ အတွက် ကျွမ်းကျင်တဲ့ ပုဂ္ဂိုလ်တွေကို ဖိတ်ခေါ်ပြီး စာပေဗဟုသုတ အပြင် စာပေနဲ့ ပတ်သက်တဲ့ အသိပညာတွေကို စာချစ်သူတွေကို ပေးစေလိုတဲ့ ရည်ရွယ်ချက် နဲ့ ပြုလုပ်တာ ဖြစ်ပါတယ်" ဟု ပြောသည်။
ပထမနေ့မတ်လ ၄ ရက် ညနေက ဟောပြောသို့ပွဲတွင် ကာတွန်း ဆရာ အော်ပီကျယ် မရောက်ရှိသဖြင့် ဆရာမဂျူးနှင့် ဆရာ ဦးတင်သန်းတို့ နှစ်ဦးက ဟောပြောခဲ့သည်ဟု သိရသည်။
" မနေ့ကတော့ ဆရာမ ဒေါက်တာဂျူးနဲ့ ဆရာဦးတင်သန်းတို့ ဟောပြောပါတယ်။ ဒီနေ့မှာ ဆရာ ကာတွန်း အော်ပီကျယ်ရောက်လာပီး ဟောပြောမှာ ဖြစ်ပါတယ်။ မနေ့က အဓိက ဟောပြော သွားတာ တွေကတော့ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းမှုနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေ ၊ လူငယ်တွေ အနေနဲ့ စာပေ လေ့လာလိုက်စားဖို့နဲ့ စာတတ် ပေတတ်ကြီး ဖြစ်ဖို့ စာကြိုးစား သင်ယူဖို့ လိုတဲ့ အကြောင်း အရာတွေကို ဟောပြောပါတယ်။ ဒါတွေ အပြင် တိုင်း ပြုပြည်ပြု အကျိုးရှိမယ့် ကိစ္စရပ်တွေကို ဟောပြော ခဲ့ကြပါတယ်" ဟု တက်ရောက် နားထောင်သူ လူငယ် တစ်ဦးက ပြောသည်။
စာပေဟောပြောပွဲ ဟောပြောရန် စာရေးဆရာမ ဂျူး၊ ဆရာ ဦးဝင်းမျိုးသူ၊ ဆရာ ဦးတင်သန်း၊ ကာတွန်း အော်ပီကျယ်နှင့် ဒေါက်တာထွန်းလွင်တို့ ကို ဖိတ်ခေါ်ထားသော်လည်း ဆရာဦးဝင်းမျိုးသူနှင့် ဒေါက်တာ ထွန်းလွင် တို့မှာ အကြောင်းအမျိုးမျိုးကြောင့် လာရောက် ဟောပြောနိုင်ခြင်းမရှိဟု သိရသည်။
စာပေဟောပြောပွဲနှင့် အတူ ကာတွန်းပြပွဲကို တစ်ခုကိုလည်း နာရီစင်ကွင်း အတွင်းရှိ သာသာနာ့ ဗိမာန်ထဲတွင် ပြသထား သည်ဟု သိရသည်။
ကျောက်ဖြူမြို့တွင် ၂၀၁၁ ခုနှစ် အကုန်ပိုင်းက မြန်မာနိုင်ငံတွင် ၁၁ ပါးမြောက် တိပိဋက ဆရာတော် ဣန္ဒပါလ ဦးဆောင်ပြီး ဗမာ စာရေးဆရာများဖြစ်သည့် နွမ်ဂျာသိုင်း၊ ဂီတာ ဖေ၀င်းနှင့် အဏ္ဏ၀ါ စိုးမိုးတို့ လာရောက် ဟောပြောခဲ့သည်ဟု သိရသည်။
ကျောက်ဖြူမြို့တွင် ရခိုင်စာပေ ယဉ်ကျေးမှုဆိုင်ရာ ဟောပြောပွဲများကိုလည်း ဆက်လက် ပြုလုပ်သွားမည် ဖြစ်ကြောင်းသိရသည်။
မောင်ရမ္မာ
----------
နိရဉ္စရာ
ပြေးဆွဲခွင့် ပိတ်ပင်ထားသော ဒိုင်နာ အမျိုးအစား ကားများကို စစ်တွေ တက္ကသိုလ်နှင့် နည်းပညာကောလိပ်သို့ ပြေးဆွဲရန် ကျောင်းသားများက လိုလားနေကြောင်း သိရသည်။

ဒိုင်နာကားများမှာ ကျောင်းသားများကို ပြွတ်သပ်ထိုး တင်နိုင်သဖြင့် ကားခကို လျော့ယူနိုင်သည်။ ယခုပုံမှာ ယခင်က စစ်တွေ တက္ကသိုလ်အကြား ပြေးဆွဲခဲ့သော ဒိုင်နာ ကားတစ်စီး ဖြစ်သည်။
ဒိုင်နာကားများ ပြေးဆွဲခွင့်ကို ပိတ်ပင်ထားသဖြင့် ကျောင်းသားများ အနေဖြင့် ကားခ ပိုပေးဆောင်နေရသလို သုံးဘီးစီးရသည်မှာ အန္တရာယ်များပြီး သက်တောင့်သက်သာ မရှိကြောင်း သူက ဆက်ပြောသည်။
" ဒိုင်နာကားတွေဆိုရင် လူများများ တင်နိုင်တဲ့ အတွက် စစ်တွေမြို့ထဲကနေ တက္ကသိုလ်ကျောင်းကို တစ်ကြောင်းအတွက် ၁၀၀ ကျပ်နဲ့ ပြေးဆွဲနိုင်တယ်။ သုံးဘီးကားက လူနည်းနည်းဘဲ တင်နိုင်တော့ တစ်ကြောင်းကို မြို့ထဲကနေ တက္ကသိုလ်ထိ ကျပ် ၁၅၀ ပေးနေရတယ်။ ဒါပေမယ့် မထသက သူတို့ ရပေါက် တစ်ခုတည်းကို ကြည့်ပီး သုံးဘီးတွေကိုဘဲ ခွင့်ပြုတယ်။ ဒိုင်နားကားတွေကို ပိတ်ပင်ထားတာ ဖြစ်ပါတယ်" ဟု သူက ဆက်ပြောသည်။
သုံးဘီးကားသမားများသည် စစ်တွေမြို့ထဲနှင့် တက္ကသိုလ်အကြား တစ်ကြောင်းတည်းကို ကျပ် ၁၅၀ ယူပြီး စစ်တွေမြို့ထဲနှင့် နည်းပညာ ကောလိပ်အကြား တစ်ကြောင်းကို ကျပ် ၂၀၀ ယူကြောင်း သိရသည်။
ကျောင်းသားများ အနေဖြင့် ဒိုင်နာကားများကို ခွင့်မပြုသဖြင့် သုံးဘီကားများကို အသုံးပြုနေရသဖြင့် နေ့စဉ် အသွားအပြန် ကျပ် ၁၀၀ စီပိုကုန်နေသည်ဟု သူက ပြောသည်။
၎င်းပြင် ဒိုင်နာကားများထံမှ သုံးဘီးများနည်းတူ ကျပ် ၇၀၀၀၀ လိုင်ဝင်ကြေး ယူပြီး ပြေးဆွဲခိုင်းရင် မရနိုင်ဘူးလားဟု မေးမြန်းရာသူက ယခုလို ပြောသည်။
" ဒိုင်နားကားတွေ ၀င်လာရင် သုံးဘီးက လိုင်းဝင်တော့မှာ မဟုတ်ဘူး။ ဒါဆိုရင် မထသက ပိုက်ဆံ မရတော့ဘူး။ စစ်တွေ တက္ကသိုလ်ကို ပြေးဆွဲနေတဲ့ သုံးဘီး အစီးက ၁၅၀ ခန့်ရှိတော့ သူတို့က သုံးဘီးက ပိုက်ဆံ ပိုရနေတော့ ဒိုင်နာ အမျိုးအစားကားတွေကို ခွင့်မပြုတာ ဖြစ်ပါတယ်။ ဒါကြောင့် ကျောင်းသားတွေဘက်က နစ်နာနေကြရတာ ဖြစ်ပါတယ်" ဟု သူက ဆိုသည်။
မထသမှ သုံးဘီးများ ပိုမို လိုင်းဝင်ရန် အတွက် ရည်ရွယ်ပြီး စစ်တွေ တက္ကသိုလ်သို့ ပြေးဆွဲသော သုံးဘီးကားများအား တစ်နေ့ ဓါတ်ဆီ (၅) ဂါလံ ထုတ်ပေးထားပြီး တစ်ဂါလံကို ၃၈၅၀ ကျပ်ဖြင့် ရောင်းချပေးထားကြောင်း သိရသည်။
ယခုကဲ့သို့ အုပ်ချုပ်သူများမှ ကျောင်းသားများဘက်မှ နစ်နာချက်များကို မကြည့်ဘဲ သူတို့ အကျိုး ရရှိရေး တစ်ခုတည်းကို ကြည့်ပြီး ဆောင်ရွက်နေသဖြင့် ကျောင်းကားခကြောင့် အခက်အခဲ ဖြစ်နေကြရသော ကျောင်းသားများမှာ ကျောင်းကားခ လျော့ချရေးအတွက် အမြဲတန်းတန်းလို ဆန္ဒပြတောင်းဆိုနေကြရခြင်း ဖြစ်သည်ဟု အဆိုပါ ကျောင်းသားက ပြောသည်။
-------------------------------------------------------------------------------------------------------------------------------
.: နိရဉ္စရာ
2012-02-29
ရန်ကုန်တိုင်း အရှေ့ပိုင်း တက္ကသိုလ် ပါမောက္ခချုပ်က ကျောင်းသားတွေ နိုင်ငံရေးနဲ့ပတ်သက်ရင် ကျောင်းထုတ်ခံရမယ်လို့ မနေ့က ခေါ်ယူ ပြောဆိုကြောင်း သတင်းရရှိပါတယ်။

RFA
၁၉၆၂ ခုနှစ် ဇူလိုင်လ ၇ ရက်နေ့မှာ တွေ့ရသော ရန်ကုန် တက္ကသိုလ် ကျောင်းသားသမဂ္ဂ အဆောက်အဦ ဖြစ်ပါသည်။ ဇူလိုင်လ ၈ ရက်နေ့တွင် စစ်တပ်၏ ဗုံးဖောက်ခွဲမှုကြောင့် ကျောင်းသားသမဂ္ဂ အဆောက်အဦ ပျက်ဆီးခဲ့ရပါသည်။ (မှတ်တမ်းဓါတ်ပုံ)
http://www.rfa.org/burmese/news/university-student-political-02292012105318.html
တိုင်းရင်းသားဒေသ ပညာရေးဖွံ့ဖြိုးမှုနှင့် အမျိုးသမီးများစွမ်းရည်မြှင့်တင်မှုအတွက် နိုင်ငံတကာသမဂ္ဂအဖွဲ့ချုပ် ၄ ခု တောင်းဆို

ရေးသားသူ - ခင်နှင်းစိုး
၂၀၀၇ ခုနှစ်မှာ ပညာရေးသုတေသီတွေပါဝင်တဲ့ McKinsey ဆိုတဲ့ အဖွဲ့က ကမ္ဘာပေါ်မှာ ဘာလို့ တချို့နိုင်ငံတွေရဲ့ ကျောင်းပညာရေးစနစ်တွေကအောင်မြင်ပြီး တချို့က မအောင်မြင်ရတာလဲဆိုတာကို သုသေသနပြုလုပ်ခဲ့ကြပါတယ် [1] ။ နိုင်ငံတကာက ကျောင်းပေါင်း ၂၅ ကျောင်း (ထိပ်တန်း ၁၀ ကျောင်းအပါအ၀င်) ကို သူတို့ လေ့လာခဲ့ကြတယ် ။ သူတို့ကောက်ချက်ချတဲ့ ကျောင်းပညာရေးစနစ် အောင်မြင်ဖို့ အဓိကသုံးချက်ထဲမှာ ထိပ်တန်းကပါဝင်တဲ့အချက်ကတော့ အရည်အချင်းပြည့်စုံပြီး လူမှန်နေရာမှန်ဖြစ်တဲ့ ဆရာ ဆရာမတွေရအောင် လုပ်ရမယ်ဆိုတာပါပဲ ။
ကျမတို့မြန်မာလူမျိုးတွေမှာ သင်ဆရာ ၊ မြင်ဆရာ ၊ ကြားဆရာဆိုပြီး ဆရာကို သုံးမျိုးခွဲ ပြောလေ့ရှိကြတယ် ။ ဒါ့အပြင် ကိုယ်ရိုသေတဲ့လူ ၊ ကိုယ့်ထက် ရာထူးအာဏာမြင့်သူတွေကို ဆရာလို့ ခေါ်လေ့ရှိကြတယ် ။ ဆိုက်ကားဆရာ ၊ မြင်းလှည်းဆရာ ၊ ပန်းချီဆရာ ၊ ကာတွန်းဆရာ ၊ စာရေးဆရာ .. စတဲ့ ဂုဏ်ပုဒ်တွေမှာလည်း ဆရာဆိုတဲ့စကားလုံးနှစ်လုံးကို ထည့်သွင်းခေါ်ဆိုကြတယ် ။
စာသင်ခန်းထဲက ဆရာ ဆရာမတွေကရော ကိုယ့်ကိုယ်ကိုယ် ဘယ်လို ဆရာ အဖြစ်သတ်မှတ်ကြမလဲ ။ ပတ်ဝန်းကျင်က ဘယ်လိုသတ်မှတ်တာကို ခံချင်ကြပါသလဲ ။
ကျမ ခြောက်တန်းတုန်းက သင်္ချာသင်တဲ့ဆရာမတယောက်ရှိခဲ့တယ် ။ သူဘယ်လိုစာသင်လဲဆိုတာ ကျမမမှတ်မိတော့ဖူး ။ သူစစ်တဲ့လစဉ်စာမေးပွဲမှာ အမှတ် ၁၀၀ မရသူတိုင်းကို ကြိမ်လုံးနဲ့ လက်ဝါးမှာ တယောက်တချက်ရိုက်တာကိုပဲ မှတ်မိနေတယ် ။ ခုချိန်ပြန်စဉ်းစားမိတိုင်း သူဘာလို့ အဲလိုလုပ်တာလဲဆိုတာ နားမလည်နိုင်အောင်ပဲ ။ ကျမတို့ကို စာကြိုးစားအောင် လုပ်တာလား ၊ ကျောင်းသားတိုင်း အမှတ် ၁၀၀ မရရင် သူနာမည်ပျက်မှာစိုးရိမ်လို့လား ။
အင်တာနက်ပေါ်မှာ လူငယ်တယောက်ရဲ့မှတ်ချက်ကို တွေ့ဖူးတယ် -- မြန်မာနိုင်ငံက ဆရာ ဆရာမတွေက ကမ္ဘာပေါ်မှာ အရိုက်အကြမ်းဆုံး အာဏာအသုံးပြုဆုံး ဆရာ ဆရာမတွေထဲ ပါဝင်နိုင်တယ်တဲ့ ။
တကယ်တော့ မြန်မာပြည်မှာ စေတနာနဲ့သင်ကြားပေးတဲ့ ဆရာ ဆရာမတွေလည်း အများကြီးဆုံခဲ့ဖူးပါတယ် ။ နောက်ပြီး အာဏာသုံးတဲ့ ဆရာ ဆရာမဆိုတာ မြန်မာနိုင်ငံမှာတင် မဟုတ်ပါဖူး ၊ နိုင်ငံတိုင်းမှာ ရှိတတ်ကြပါတယ် ။
ကျမစင်္ကာပူမှာ အလယ်တန်းအဆင့် (၇ တန်းနဲ့အညီ) ကျောင်းတက်တုန်းက အင်္ဂလိပ်စာသင်တဲ့ ဆရာမတယောက်ဆို စာသင်ကောင်းပေမယ့် အရမ်းစိတ်တိုတတ်ပါတယ် ။ အင်္ဂလိပ်စာ စာစီစာကုံးအမှတ်ခြစ်တဲ့အခါ သူညံ့တယ်သတ်မှတ်တဲ့ မကြိုးစားပဲရေးထားတယ်လို့ထင်တဲ့ ကျောင်းသားတွေရဲ့စာအုပ်တွေကို အတန်းအပြင်ကို လွှင့်ပစ်လေ့ရှိတယ် ။ အဲဒီဆရာမဟာ စာသင်ကောင်းပေမယ့် သူ့အတန်းချိန်ဆို ကြောက်နေရတာနဲ့ပဲ စာကိုသေချာမသိလိုက်တာတွေ အများကြီးပါ ။
ဘယ်လို ဆရာ ဆရာမဖြစ်မယ်ဆိုတာ တကယ်တော့ ကိုယ်တိုင်က ဆုံးဖြတ်တယ်ဆိုတာ ကျမ ကိုယ်တိုင် ဆရာမဖြစ်လာတော့မှ သိလိုက်ရပါတယ် ။
စင်္ကာပူနိုင်ငံရှိ ပေါ်လီတက္ကနစ် (polytechnic) တခုမှာ ကျမ စာသင်တဲ့အခါ စာသင်နှစ်ကုန်တဲ့အခါတိုင်း ကျမသင်တဲ့ဘာသာရပ်နဲ့ ၊ ကျမစာသင်တဲ့ပုံစံအပေါ် ကျောင်းသားတွေက (ကျောင်းကို) မှတ်ချက်ပေးရပါတယ် ။ အဲလိုစနစ်က ကျောင်းသားတွေအမည်ဖော်ပြခြင်းမရှိဘဲ ဆရာတယောက်ဟာ ဘာတွေလိုအပ်တယ် ဘာတွေကောင်းမွန်တယ်ဆိုတာသိရအောင် လုပ်တာမျိုးပါ ။ အဲဒီအခါတိုင်းမှာ သူတို့အများဆုံးပြောလေ့ရှိတာ ကျမက စိတ်ရှည်တယ် ၊ ကျောင်းသားတွေဘာပြောပြော သေချာနားထောင်ပြီး သူတို့အဖြေကို လစ်လျူမရှုဘဲ သေချာပြန်ဆွေးနွေးတယ် ၊ သူတို့ကို ပိုစဉ်းစားတတ်လာအောင် မေးခွန်းတွေ ပြန်မေးတတ်တယ် ၊ တချိန်တည်းမှာ သူတို့အပေါ် တင်းကျပ်သင့်တဲ့အခါလည်း တင်းကျပ်တယ် ဆိုတာပါပဲ ။
ဆရာမဖြစ်လာတဲ့အချိန်ကစပြီး ကျမမှာ ခံယူချက် နှစ်ချက်ရှိပါတယ် .. ပထမအချက်ကတော့ ကျောင်းခန်းထဲဝင်တဲ့အခါတိုင်း ကျမသာ အဲဒီအခန်းထဲကကျောင်းသားတယောက်ဖြစ်ခဲ့မယ်ဆိုရင် ဘယ်လိုသင်ကြားမှုမျိုးကို သဘောကျတန်ဖိုးထားမလဲဆိုတာ အမြဲစဉ်းစားလေ့ရှိပါတယ် ။ ဒုတိယအချက်ကတော့ အမေရိကန်ပညာရှင် William Arthur Ward ပြောခဲ့တဲ့အတိုင်း - -
“The mediocre teacher tells. The good teacher explains. The superior teacher demonstrates. The great teacher inspires.”
သာမန်ဆရာက (ပြောရုံ) ပြောပြတယ် ၊ ဆရာကောင်းတယောက်က ရှင်းပြတယ် ၊ ပိုကောင်းတဲ့ဆရာကတော့ လက်တွေ့သရုပ်ပြတယ် ၊ အကောင်းဆုံးဆရာကတော့ (ကျောင်းသားတွေအတွက်) စိတ်အားထက်သန်မှုတွေကို ပေးနိုင်တယ် ။
ကျောင်းသား ကျောင်းသူတွေအတွက် စိတ်အားထက်သန်မှုပေးနိင်တဲ့ဆရာမမျိုး ဖြစ်ရမယ်ဆိုတဲ့ ရည်မှန်းချက်နဲ့ အမြဲစာသင်ပါတယ် ။
Teachers are the most important in a classroom
-----------------------------------------------
စာသင်ခန်းထဲမှာ အရေးကြီးဆုံးက ဆရာ ဆရာမတွေပဲလို့ မြင်မိပါတယ် ။ သင်ရိုးညွန်းတမ်းတွေ သင်ထောက်ကူပစ္စည်းတွေ သင်ကြားနည်းစနစ် စတာတွေကို အစိုးရကဖြစ်စေ အဖွဲ့အစည်းတွေကဖြစ်စေ တိုးတက်ကောင်းမွန်အောင် လုပ်ပေးနိုင်ပေမယ့် တကယ်တမ်းလက်တွေ့မှာ အဲဒါတွေကို ဘယ်လောက်ထိထိရောက်ရောက် အသုံးချနိုင်မလဲဆိုတာကတော့ စာသင်ခန်းတွေထဲမှာ နေ့စဉ်သင်ကြားနေတဲ့ ဆရာ ဆရာမတွေအပေါ် လုံးဝမူတည်ပါတယ် ။
မကြာသေးခင် ကျမမြန်မာပြည်ရောက်တုန်း ၊ ရန်ကုန်မှာရှိတဲ့ ဘုန်းတော်ကြီးကျောင်းတချို့က ဆရာ ဆရာမတွေနဲ့ တွေ့ဖြစ်ခဲ့တယ် ။ သူတို့ကျောင်းမှာ ယူအန် (UN) ကထောက်ပံ့ထားတဲ့စာအုပ်စာတန်းတွေကို ထုတ်ပြကြတယ် ။ ယူအန်ကလုပ်တဲ့ သင်တန်းတွေမှာ သူတို့တက်ဖူးတဲ့အကြောင်း ပြောပြကြတယ် ။ သူတို့နဲ့စကားပြောရင်း သတိထားမိတာကတော့ သင်တန်းတက်ခဲ့တာချင်းအတူတူ ၊ စာအုပ်စာတန်းရတာချင်းအတူတူဖြစ်ပေမယ့် တချို့ဆရာ ဆရာမတွေက တန်ဖိုးထားတတ်ပြီး သူတို့အတန်းထဲမှာ ပြန်အသုံးချတတ်ကြတယ် ။ တချို့တွေကတော့ ပြန်အသုံးမချကြဖူး ။
ဒါ့အပြင် နိုင်ငံတကာပညာရေးသုတေသီတွေ တွေ့ရှိကြတာကတော့ စာသင်ခန်းထဲမှာ ကျောင်းသားတယောက်ရဲ့စာသင်ယူမှုအပေါ် ဆရာ ဆရာမတွေက အများကြီးသက်ရောက်မှုရှိတယ် ဆိုတာပါပဲ ။ ဥပမာ -- ကိုယ့်ကိုနားလည်တယ်လို့ထင်တဲ့ ဆရာ့အချိန်ဆို ဘာသာရပ်ကိုမကြိုက်ရင်တောင် ကြိုးစားအားထုတ်တတ်တာမျိုး ၊ စာသင်ကောင်းတဲ့ဆရာကြောင့် စာတော်တဲ့ကျောင်းသားတယောက်ဟာ အဲဒီဘာသာရပ်မှာ ပို နားလည်သွားတာမျိုး ။
Being adaptable to changes
---------------------------
ပြင်သစ်စာရေးဆရာတယောက်က “The only thing constant in life is change” – ဘ၀မှာ မပြောင်းလဲတဲ့အရာတခုကတော့ ပြောင်းလဲခြင်းပဲ … လို့ ပြောခဲ့ပါတယ် ။
သူပြောခဲ့သလို ကျမတို့ဆရာ ဆရာမတွေဟာ ခုခေတ်ကျောင်းသားတွေနဲ့ လိုက်လျောညီထွေဖြစ်မယ့် သင်ကြားမှုမျိုးနဲ့ သင်ကြားသင့်ပါတယ် ။ ခုခေတ်ကျောင်းသားတွေဟာ ကျမတို့ကျောင်းသားဘ၀တုန်းကနဲ့ မတူတော့တာကို နားလည်ကြရပါမယ် ။ သူတို့သင်ယူနည်းတွေ ၊ စိတ်ဓါတ်တွေ ၊ သူတို့ပတ်ဝန်းကျင်မှာ ဖြစ်ပျက်နေတာတွေ ၊ ကမ္ဘာကြီးမှာ ပြောင်းလဲနေတာတွေ .. ဒါတွေအကုန်လုံးနဲ့ လိုက်လျော်ညီထွေဖြစ်တဲ့ သင်ကြားနည်းစနစ်အသစ်တွေ အတွေးအခေါ်သစ်တွေကို ပြောင်းလဲလက်ခံတတ်ဖို့ လိုအပ်ပါတယ် ။
ထိုင်းနိုင်ငံ မဲဆောက်မြို့မှာရှိတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေရဲ့သားသမီးတွေအတွက် ဖွင့်လှစ်ထားတဲ့ ကျောင်းတွေက ဆရာ ဆရာမတွေကို သင်ကြားနည်းစနစ် နဲ့ သင်ရိုးညွှန်းတမ်းတွေနဲ့ ပတ်သက်ပြီး ကျမသင်တန်းပေးခဲ့တုန်းက အဖြစ်အပျက်လေးကို သတိရမိတယ် ။ တက်ရောက်ကြတဲ့အထဲမှာ အရွယ်အမျိုးမျိုး ဆရာ ဆရာမတွေ ပါဝင်ကြပါတယ် ။ တော်တော်များများက အားတက်သရောပဲ ကျမတင်ပြတဲ့သင်ကြားနည်းစနစ်သစ်ကို လေ့လာပြီး သူတို့အမြင်တွေကိုလည်း ဆွေးနွေးကြတယ် ။ အဖွဲ့တွေဖွဲ့ပြီး presentation လုပ်ခိုင်းတဲ့အခါ ဆရာမတယောက်က အတန်းရှေ့ထွက်ပြီး သူ့အဖွဲ့ကိုယ်စားတင်ပြတယ် ။ “ဆရာမပြောတာ နားလည်ကြလား“ လို့ အထပ်ထပ်ပြောပြီး ဆရာမလေသံအပြည့်နဲ့ ရှင်းပြတာမျိုးဖြစ်နေတော့ ၊ အခန်းထဲမှာနားထောင်နေတဲ့ တခြား ဆရာ ဆရာမတွေက ပြုံးစိစိဖြစ်ကုန်ကြတယ် ။ “နားလည်ပါတယ် ဆရာမ” လို့ နောက်သလိုလိုနဲ့ ပြန်ပြောကြတယ် ။ သူ့ကို မေးခွန်းပြန်ထုတ်တော့လည်း မေးခွန်းထုတ်တာများလာတော့ စိတ်မရှည်သလို ဖြစ်လာတယ် ။ အဲဒီဆရာမကတော့ သူ့ပုံစံဘယ်လိုဖြစ်တယ်ဆိုတာ သိလိုက်ပုံမရဘူး ။ စာသင်ခန်းထဲမှာ သူလုပ်နေကြပုံစံအတိုင်း ခေါက်ရိုးကျိုးလွန်းနေတယ် ။ ကျမကတော့ သူ့ကိုကြည့်ရင်း ငယ်ငယ်တုန်းက ကြုံခဲ့ဖူးတဲ့ “ငါပြောတာမှ အမှန်.. ပြန် မေးခွန်းမထုတ်နဲ့” ဆိုတဲ့ စတိုင်မျိုးသုံးကြတဲ့ ဆရာမတချို့ကို သတိရမိတယ် ။
The benefit of questioning
---------------------------
အတန်းထဲမှာ ကျောင်းသားတွေကို ကျမကအရမ်းမေးခွန်းထုတ်လေ့ရှိတယ် ။ သူတို့ကိုလည်း ကျမကိုဖြစ်စေ ၊ သူတို့အချင်းချင်းဖြစ်စေ ၊ ကိုယ့်အတွေးထဲပဲဖြစ်စေ သင်ယူနေတဲ့သင်ခန်းစာနဲ့ပတ်သက်တဲ့ မေးခွန်းတွေမေးဖို့ အားပေးတယ် ။ တခါတလေ သူတို့မေးခွန်းမေးလာရင် ချက်ချင်းအဖြေမပေးဘဲ သူတို့ကို လမ်းစဖွင့်ပေးတဲ့သဘောမျိုးနဲ့ သူတို့တွေးနိုင်မယ့်အဖြေမျိုးထွက်မယ့် မေးခွန်းမျိုးကို ပြန်မေးလေ့ရှိတယ် ။
မေးခွန်းမေးတယ်ဆိုတာလည်း ကျောင်းသားက ဆရာကိုမေး ဆရာကပြန်ဖြေ.. အဲလို တလမ်းသွားမဖြစ်သင့်ပါဖူး ။ ဆရာ ဆရာမတွေအနေနဲ့ ကျောင်းသားတွေကို ကိုယ့်ဘာသာ မေးခွန်းထုတ် အဖြေရှာဖို့စဉ်းစားတာမျိုးကို အားပေးသင့်တယ် ။ အထူးသဖြင့် WHY (ဘာကြောင့်လဲ) ဆိုတဲ့မေးခွန်းကို အမြဲစဉ်းစားမိတတ်အောင် ။
ကျောင်းသားတွေမေးခွန်းမေးလာတာကို တချို့မြန်မာဆရာ ဆရာမတွေ မကြိုက်ကြတာ အဖြေကို သူတို့မသိမှာစိုးရိမ်လို့ ၊ မေးခွန်းကိုဖြေနိုင်ဖို့ စာထပ်မဖတ်ချင်လို့ ၊ အချိန်ကုန်တယ်ထင်လို့ ၊ မေးခွန်းမေးခြင်းရဲ့အကျိုးအမြတ်ကို နားမလည်လို့ မယုံကြည်လို့ စတာတွေကြောင့် ဖြစ်နိုင်ပါတယ် ။
ဒါပေမယ့် ကျမအတွေ့အကြုံအရပြောရရင် ကျောင်းသားတွေ မေးခွန်းမေးတဲ့အခါ သူတို့ရော ဆရာတွေပါ တိုးတက်မှုရကြပါတယ် -- ကျောင်းသားတွေမေးခွန်းကြောင့် ဆရာတွေဟာ ကိုယ်မတွေးဖြစ်တဲ့ရှုထောင့်ကနေ တွေးဖြစ်သွားတယ် ၊ ကိုယ်သိထားတာတွေအပေါ် ထပ်ဆင့်တွေးမိသွားတာမျိုး ၊ ဒါတော့ ငါမသိသေးပါလား ငါမပိုင်သေးပါလားဆိုတာမျိုး သဘောပေါက်လာနိုင်တယ် ။ ကျောင်းသားတွေအတွက်လည်း စူးစမ်းတွေးခေါ်တတ်ပြီး မေးခွန်းထုတ်တတ်တဲ့အကျင့်ရသွားမယ် ၊ ဆရာက သူတို့ကို တန်ပြန်မေးခွန်းထုတ်တာအပေါ် ထပ်ဆင့်တွေးပြီး သင်ခန်းစာအပေါ် နားလည်မှုပိုရှိသွားမယ် ၊ ဒီသင်ခန်းစာဟာ တခြားအရာတွေနဲ့လည်း ဘယ်လိုဆက်စပ်နိုင်တယ်ဆိုတာမျိုး တွေးမိသွားမယ် ။
မေးခွန်းမေးတဲ့အကျင့်ဟာ ကျမတို့မြန်မာနိုင်ငံရဲ့စာသင်ခန်းတွေထဲမှာ မရှိသလို ၊ ဆရာတွေနဲ့ ၊ လက်ရှိပညာရေးစနစ်ကပါ အားမပေးတာတွေ့ရတယ် ။ တကယ်တော့ ဆရာနဲ့ကျောင်းသားကြား အပြန်အလှန်မေးခွန်ထုတ်တတ်တဲ့ အလေ့အကျင့်မျိုး ကျမတို့နိုင်ငံရဲ့ စာသင်ခန်းတွေထဲမှာ အမြန်ဆုံးမိတ်ဆက်ပေးဖို့ လိုအပ်နေပါတယ် ။
နောက်ပြီး ကျောင်းသားတွေ မေးခွန်းကို ဖြေတာပဲဖြစ်ဖြစ် ၊ သူတို့ကိုလမ်းပြဖို့အတွက် တန်ပြန်မေးခွန်းမေးတာပဲဖြစ်ဖြစ် .. အဲလိုတွေလုပ်နိုင်အောင် ဆရာ ဆရာမတွေအနေနဲ့ ကိုယ်တိုင်က အမြဲလေ့လာသင်ယူနေရမယ် ။
Being lifelong learners
------------------------
အမေရိကန်နိင်ငံက ကျောင်းတွေအကြောင်းရေးသားတဲ့ အင်တာနက်စာမျက်နှာတခုမှာ ၂၁ ရာစုရဲ့ ဆရာ ဆရာမတွေ ထိရောက်စွာစာသင်ကြားနိုင်ဖို့ ရှိသင့်တဲ့ အချက် ၅ ချက်ထဲက တစ်ချက်ကတော့ ဘ၀တလျှောက်လုံးလေ့လာနေရမယ် [2] ။
လေ့လာသင်ယူခြင်းနဲ့ပတ်သက်ပြီး နာမည်ကျော်အမေရိကန်စာကြည့်တိုက်မှူး John Cotton Dana ပြောခဲ့တာလေးကို ကြိုက်မိတယ် -- “Who dares to teach must never cease to learn” -- စာသင်မယ့်သူဟာ အမြဲတမ်းလေ့လာနေရမယ် ။
အချိန်နဲ့အမျှပြောင်းလဲတိုးတက်နေတဲ့ကမ္ဘာကြီးမှာ ကိုယ်သိထားတာတွေ ကိုယ်သင်ခဲ့ရတာတွေက တချိန်မဟုတ် တချိန်မှာ ခေတ်နောက်ကျသွားမှာ မလုံလောက်တော့မှာ မလွဲဧကန်ပါ ။ ဒါကြောင့် ဆရာ ဆရာမတွေကလည်း ခေတ်နဲ့အညီလိုက်ပြီး ကျောင်းသားတွေကို သင်ကြားပေးနိုင်ဖို့ ကိုယ်တိုင်ကအမြဲလေ့လာနေဖို့ လိုအပ်ပါတယ် ။ လေ့လာလိုစိတ် ၊ လေ့လာတာကိုယ့်အတွက်လည်း အကျိုးရှိတယ်ဆိုတဲ့ စိတ်မျိုး ထားသင့်ပါတယ် ။
The mindset of teachers
------------------------
လူတယောက်မှာ သူ့ရဲ့စိတ်နေစိတ်ထားက အဓိကကျတယ်လို့ ကျမထင်တယ် ။ တခြားသူတွေက ကိုယ့်ကို ဘယ်လိုတွေပြောပြော နောက်ဆုံးတော့ ကိုယ့်သဘောနဲ့ကိုယ်လုပ်တတ်တာ လူ့သဘာဝပါ ။ ကျောင်းသားတွေကို ဆရာတွေက ဆုံးမ လမ်းညွှန်တာပဲ လုပ်နိုင်ပါတယ် ။ တကယ့်ဆုံးဖြတ်ချက်ကတော့ ကျောင်းသားတွေကိုယ်တိုင်ပဲ ချရမှာပါ ။
အလားတူ ဆရာ ဆရာမတွေကို သင်တန်းတွေမှာ စာသင်နည်းအသစ်တွေအကြောင်း ၊ သင်ထောက်ကူပစ္စည်းအသစ်တွေအကြောင်း ၊ ခေတ်နဲ့ညီတဲ့ ကျောင်းသုံးပြဌာန်းစာအုပ်တွေအကြောင်း .. စတာတွေ သင်တန်းပေးနိုင်ပေမယ့် တကယ်လက်တွေ့သုံးတယ် မသုံးဘူးဆိုတာကတော့ ဆရာတွေရဲ့ စိတ်နေစိတ်ထားပေါ်မှာပဲ လုံးလုံးလျားလားမူတည်နေပါတယ် ။
ကျမစာသင်ခဲ့တဲ့ ပေါ်လီတက္ကနစ်မှာ နှစ်စဉ်နှစ်တိုင်း ဆရာ ဆရာမတွေဟာ သင်ကြားနည်းစနစ်တွေနဲ့ ပတ်သက်တဲ့သင်တန်းတွေ ဆွေးနွေးပွဲတွေကို မတက်မနေ တက်ရပါတယ် ။ အဲဒီအခါ ကျမရဲ့လုပ်ဖော်ကိုင်ဖက်တချို့က စာသင်တယ်ဆိုတာ ကိုယ်တတ်ထားတာကို ပြန်ရှင်းပြလိုက်ရုံပဲ .. သင်ကြားနည်းစနစ်တွှေအကြောင်း ဆွေးနွေးတာတို့ သင်ယူလေ့လာဖို့မလိုဘူးလို့ စိတ်ထဲခံယူထားကြပါတယ် ။ သူတို့ အဲလို သင်တန်းတွေကို မတက်မနေရမို့သာ သွားတက်ကြပေမယ့် ဘာကိုမှလေ့လာတာမျိုး ၊ ပြီးတော့ ပြန်အသုံးချတာမျိုး မလုပ်ကြပါဖူး ။ တချို့ဆရာတွေက သူတို့ဘာသာရပ်ကို ပိုင်နိုင်ကြတဲ့အတွက် စာကိုသေချာရှင်းပြနိုင်ကြပါတယ် ။ ဒါပေမယ့် ဒါနဲ့တင်မလုံလောက်ပါဖူး ။ သင်ကြားနည်းမှာပါကျွမ်းကျင်မှသာ ကျောင်းသားတွေက စိတ်ဝင်တစားဖြစ်ပြီး ပိုပြီးလေ့လာသင်ယူကြမှာ ဖြစ်ပါတယ် ။
ခုခေတ်ကြီးမှာ ကျောင်းသားတွေဟာ စာအုပ်တွေထဲမှာပါတဲ့ အချက်အလက်ကြွယ်ဝတာနဲ့ မလုံလောက်တော့ပါဖူး ။ တကယ့်လက်တွေ့မှာ အဲဒီအချက်အလက်တွေကို ဘယ်လိုအသုံးချမလဲ ၊ အဲဒါတွေသုံးပြီး တခြားအရာတွေနဲ့ ဘယ်လိုဆက်စပ် တွေးခေါ်လေ့လာမလဲ ၊ အခက်အခဲတွေကို ဖြေရှင်းဖို့ ဘယ်လိုတွေးခေါ်နိုင်သလဲဆိုတာတွေက အရေးကြီးလာပါတယ် ။ ကျောင်းသားတယောက်ကို ဘက်ပေါင်းစုံပညာရေးမျိုး (holistic education) ပေးဖို့ လိုအပ်လာပါပြီ ။
How teachers see the purpose of education
------------------------------------------
ဆရာ ဆရာမတွေ အလေးအနက်စဉ်းစားသင့်တာကတော့ ကျောင်းသားတွေကို သူတို့အတန်းတွေထဲမှာ ဘယ်လိုပညာရေးမျိုးပေးမလဲ ဆိုတာပါပဲ ။
အမေရိကန်နိုင်ငံရှိ University of Mississippi ရဲ့ ပညာရေးဌာနမှာ စာသင်ကြားနေတဲ့ Assistant Professor Randall V. Bass ပညာရေးရဲ့ရည်ရွယ်ချက်နဲ့ပတ်သက်ပြီး ခုလိုပြောကြားထားပါတယ် …. “ပညာရေးဆိုတာ စာသင်ခန်းတွေထဲမှာလေ့လာသင်ယူတာကိုသာ ဆိုလိုတာမဟုတ်ပါဖူး ၊ စတင်မှတ်သားတတ်တဲ့ ကလေးဘ၀အရွယ်ကနေ ဘ၀တလျှောက်လုံးလေ့လာသင်ယူနေမှုကို ဆိုလိုတာပါ ။ တကယ်တော့ စာသင်ခန်းတွေဆိုတာ ပညာရေးရဲ့ တစိတ်တဒေသပဲ ဖြစ်ပါတယ်” [3] ။
ဒါဟာ ပညာရေးအပေါ် မှန်ကန်တဲ့သုံးသပ်ချက်ပါ ။ ကျမကိုယ်တိုင်လည်း ကျောင်းမှာသင်ယူခဲ့ရတာတွေပေါ်အခြေခံပြီး ကိုယ့်ဘာသာလေ့လာခဲ့ရတာတွေ ၊ လုပ်သက်ကြာလာတာနဲ့အမျှ အတွေ့အကြုံက သင်ကြားပေးခဲ့တာတွေ အများကြီးပဲ ။ ကျမသာ ကျောင်းမှာသင်ယူခဲ့ရတာလောက်နဲ့ပဲ ရပ်တန့်နေခဲ့မယ်ဆိုရင် ကျမဟာ ခုချိန်မှာ ပညာအရ ခေတ်နောက်မှာကျန်ခဲ့သူတယောက်ဖြစ်မှာ သေချာပါတယ် ။ ဒါကြောင့်လည်း ကျမရဲ့ကျောင်းသားတွေကို အမြဲတန်း holistic education ပေးနိုင်ဖို့ ၊ သူတို့ကို ဘ၀တလျှောက်လုံး အမြဲမပြတ်လေ့လာနိုင်သူတွေဖြစ်အောင် နည်းပေးလမ်းပြနိုင်ဖို့ ကြိုးစားပါတယ် ။
What kind of teacher do you want to be?
---------------------------------------
A teacher affects eternity; he can never tell where his influence stops.
--Henry Adams
အပေါ်မှာ အမေရိကန် စာရေးဆရာနဲ့ ပညာရှင်ဖြစ်တဲ့ Henry Adams ပြောတဲ့အတိုင်း ပညာရေးစနစ်တိုင်းမှာ အရမ်းအရေးကြီးတဲ့နေရာမှာ ပါဝင်နေရတဲ့ ကျမတို့လို ဆရာ ဆရာမတွေဟာ ငါ ဘယ်လိုဆရာဖြစ်ချင်သလဲဆိုတာ ကိုယ့်ဘာသာဆုံးဖြတ်ဖို့ လိုအပ်ပါတယ် ။ နေ့စဉ်နေ့တိုင်း စာသင်ခန်းထဲမှာ ကိုယ့်သင်ကြားမှုက ကျောင်းသားတွေအတွက် ဘယ်လောက်အကျိုးရှိလဲ ၊ ကိုယ့်ကိုယ်ကိုယ် ဘယ်လောက်ထိ အားရကျေနပ်မိသလဲ ... ပညာရေးဆိုတာကို ဘယ်လိုယုံကြည်တန်ဖိုးထားသလဲ ... ဆရာတယောက်ရဲ့အခန်းကဏ္ဍဟာ ဘယ်လောက်အရေးကြီးသလဲ ဆိုတဲ့မေးခွန်းတွေကို ကိုယ်တိုင်ပြန်လည်မေးခွန်းထုတ်ဖို့ လိုပါတယ် ။
တကယ်တော့ ကျမတို့ ဆရာ ဆရာမတွေဟာ အနာဂတ်မျိုးဆက်သစ်တွေရဲ့ ဥယာဉ်မှူးတွေပါပဲ ။
References:
------------
[1] McKinsey Report: How the world's best performing school systems come out on top
[2] eschoolnews: Five characteristics of an effective 21st-century educator
[3] The purpose of education (Randall V. Bass)
www.educationmyanmar.blogspot.com