MMSA ဘလော့စည်းမျဉ်းများ

* ဘာသာ သာသနာနှင့်လူမျိုးတို့၏ ဂုဏ်ကို ထိခိုက်ပျက်စီးစေတတ်သော အရေးအသားမျိုးကို ရှောင်ရှားရန်၊
* အချင်းချင်း ညီညွတ်မှု့ကို ပျက်စီးစေတတ်သော အကြောင်းများကို ရေးသားခြင်းမှ ရှောင်ရှားရန်၊
* သာသနာနှင့် မအပ်စပ်သော အဖွဲ့ဂုဏ်သိက္ခာကို ငြိုးနွမ်းစေတတ်သော ပုံများကိုတင်ခြင်းမှ ရှောင်ရှားရန်၊
* ပုဂ္ဂိုလ်ရေးဆိုင်ရာများထက် အများနှင့်သက်ဆိုင်သော အကျိုးများစေနိုင်သော ပုံများ စာများကိုသာ ရေးသားရန်၊
* MMSAသည် ပညာရေးအဖွဲ့စည်း ဖြစ်သည့် အတွက်နိုင်ငံရေးနှင့်သက်ဆိုင်သော အရေးအသားများကို ရေးခြင်းမှ ရှောင်ရှားရန်၊
* ဗုဒ္ဓဘာသာနှင့် မိမိတို့လေ့လာနေသော ပညာရပ်ဆိုင်ရာ အကြောင်းအရာများကို ဗဟုသုတအလို့ငှါ ရေးသား မျှဝေကြရန်၊
Showing posts with label ဆောင်းပါး. Show all posts
Showing posts with label ဆောင်းပါး. Show all posts

ဘင်္ဂါလီ ရိုဟင်ဂျာဆိုသည်မှာ မြန်မာနိုင်ငံဖွား တိုင်းရင်းသားများ မဟုတ်ပဲ မြန်မာနိုင်ငံအတွင်းသို့ တရားမ၀င် ကျူးကျော်ဝင်ရောက် နေထိုင်သည့် ဘင်္ဂလားဒေ့ရှ် နိုင်ငံသားများ ဖြစ်တယ်ဆိုတာကို


၁။ အင်္ဂလိပ်လက်ထက်က အုပ်ချုပ်သော မှတ်တမ်း မှတ်ရာများတွင် ရိုဟင်ဂျာဆိုသည့် စာလုံး မပါရှိခြင်း…..

၂။ အင်္ဂလိပ်တို့ အုပ်စိုးစဉ်က ရခိုင်ပြည်နယ်တွင် နေထိုင်သည့် အစ္စလာမ်ဘာသာ ကိုးကွယ်သည့် လူမျိုးများ စာရင်းတွင် ကြောက်မက်ဖွယ် လူဦးရေများပြားသည့် ရိုဟင်ဂျာသည် ထည့်သွင်း သတ်မှတ်ဖောပြမှု အလျဉ်းမရှိခဲ့ခြင်း၊

၃။ အလီဂျင်းနားအား ပါကစ္စတန်ကို အင်္ဂလိပ်လက်အောက်မှ ခွဲထွက်ရန် တောင်းဆိုလျင် ဌာနေရင်း ဗုဒ္ဓဘာသာ ရခိုင်လူမျိုးတို့အား ပစ်ပယ်၍ ရခိုင်ဒေသအား ထည့်သွင်းရန် တောင်းဆိုခြင်း၊

၎။ အင်္ဂလိပ်လက်အောက်မှ လွတ်လပ်ရေးပေးစဉ်တွင် မြန်မာနိုင်ငံမှ ခွဲထွက်၍ ပါကစ္စတန်နှင့် ပူးပေါင်းရန် ကြိုးပန်းခဲ့သည့် မူဂျာဟစ်များသာ ဖြစ်ခြင်း၊

၅။ ရိုဟင်ဂျာတို့ ဖော်ထုတ်လာသည့် ၎င်းတို့၏ သမိုင်းကြောင်းများတွင် မူဂျာဟစ်များကို ပစ်ပယ်မထားနိုင်ခြင်း၊

၆။ ရိုင်ဟင်ဂျာတို့၏ အဖွဲ့အစည် ဖြစ်သည့် Rohingya Solidarity Organisation (RSO) ၏ ရည်မှန်းချက်သည် မူဂျာဟစ်တို့ ရည်မှန်းချက်ဖြစ်သော အစ္စလာမ်မစ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ရခိုင်ဒေသ ဟူသော Islamic autonomous Rakhine (Arakan) state ရည်မှန်းချက်ခြင်း တူညီနေခြင်း။

၇။ ရှည်လျားသည့် မြန်မာနိုင်ငံ ကမ်းရိုးတန်း တလျှောက်တွင် အဆိုပါ ပြဿနာမရှိပဲ ရခိုင်ဒေသတွင်သာ အဆိုပါ ပြဿနာ ဖြစ်တည်နေခြင်း၊

၈။ ရခိုင်ဒေသတွင်ပင် ရခိုင်ပြည်နယ်ကြီး တစ်ခုလုံး မဟုတ်ပဲ ဘင်္ဂလားဒေ့ရှ်နှင့် ထိစပ်နေသော ဘူးသီးတောင်၊ မောင်းတော့ ဒေသတ၀ိုက်တွင်သာ ဖြစ်တည်နေခြင်း၊

၉။ အင်္ဂလိပ်တို့ လွတ်လပ်ရေး ပေးစဉ်က တိုင်းရင်းသား စာရင်းတွင် ပါဝင်ခြင်း မရှိပဲ ဦးနုလက်ထက်မှသာ သတ်မှတ်ဖော်ပြခံရခြင်း၊

၁၀။ တစ်ဘက်နိုင်ငံ ဘင်္ဂလားဒေ့ရှ်မှ လူမျိုးများနဲ့ ဘင်္ဂါလီ ရိုဟင်ဂျာတို့မှာ လူပုံပန်းသဏ္ဍန် ခွဲခြားမရအောင် တူညီခြင်း၊ အစားအသောက်၊ အနေအထိုင်၊ အပြုအမူ၊ ကိုးကွယ်သည့် ဘာသာ ထပ်တူကျနေသည့်အပြင် ပြောဆိုသုံးနှုန်းသည့် ဘာသာရပ်ပါ အချို့နေရာတွင် တူညီနေခြင်း၊

၁၁။ ရခိုင်လူမျိုးတို့၏ ရှေးရာဇ၀င် သမိုင်းကြောင်း မြို့ဟောင်းများအား တူးဖော်ရာတွင် ဘင်္ဂါလီ ရိုဟင်ဂျာနှင့် ပါတ်သက်သည့် အထောက်အထားများ မတွေ့ရခြင်း၊

၁၂။ မြန်မာနိုင်ငံ လွတ်လပ်ရေး ကြိုးပန်းမှု သမိုင်းဖြစ်စဉ်တွင် မည်သည့် ဘင်္ဂါလီ ရိုဟင်ဂျာ သူရဲကောင်း တစ်ယောက်မျှ မပါဝင်ခြင်း၊

အစရှိသည်တို့ကို လေ့လာကြည့်ရှုခြင်းအားဖြင့် သိနိုင်ပါတယ်……. သို့ဖြစ်သည့်အတွက် မြန်မာနိုင်ငံ၏ နယ်စပ်လုံခြုံရေး အားနည်းမှုကို အခွင့်အရေး တစ်ရပ်အနေဖြင့် အသုံးချ၍ တစ်ဘက်နိုင်ငံမှ ကျူးကျော် ၀င်ရောက်လာပြီး တိုင်းရင်းသား အခွင့်အရေး တောင်းဆိုရန် ရည်ရွယ်၍ ပွဲထုတ်လာသည့် အဆိုပါ ရိုဟင်ဂျာဆိုသည့် လူမျိုးစု စကားလုံးသည် ဘင်္ဂလားဒေ့ရှ်မှ ကျူးကျော် ၀င်ရောက်လာသည့် ဘင်္ဂါလီများ ဖြစ်သည်ကို အတိအကျ သိရှိနိုင်မည် ဖြစ်ပါသည်။ သမိုင်းကို လိမ်ရုံမျှမက လူမျိုးစုကိုပါ လိမ်လည်၍ နိုင်ငံဖြစ်တည်ရန် ကြိုးပန်းလာသည့် အဆိုပါ ဘင်္ဂါလီများ သမိုင်းကြောင်း ဇတ်လမ်းများ ရှေ့နောက် မညီခြင်းမှလည်း သိရှိနိုင်မည် ဖြစ်ပါသည်။သို့ဖြစ်သည့်အတွက် ဘင်္ဂါလီ ရိုဟင်ဂျာ ဆိုသည်မှာ မြန်မာနိုင်ငံတွင် လွန်ခဲ့သည့် နှစ်ပေါင်းများစွာကပင် နေထိုင်သည့် လူမျိုးစု တစ်ခုမဟုတ်ပဲ တစ်ဘက်နိုင်ငံမှ ကျူးကျော် ၀င်ရောက်လာသည့် ကျူးကျော်ဝင်ရောက်လာသူများသာ ဖြစ်ပါကြောင်း တင်ပြလိုက်ပါသည်။
ရခိုင်လူမှုရေး အသင်း မှ ကူးယူဖေါ်ပြသည်။
 

ဆက်ဖတ်ရန်
ပို့စ်တင်သူ ။.............။ Ganda on Tuesday, 25 September 2012
0 ( မှတ်ချက်ရေးချင်ရင် )
ခေါင်းစဉ်အလိုက်ပို့စ်များ |

Written by (လ.ဝ.က အရာရှိ ဟောင်းတစ်ဦး)

 
 ဆောင်းပါးကို မရေးသားမီ ကြိုတင်ဝန်ခံလိုပါသည်။ မိမိအနေဖြင့် မိမိကိုယ်ကိုယ် တတ်လှပြီသိလှပြီ ဟူ၍ရေးသားခြင်းမဟုတ်ပါ။ မိမိကျင်လည်ခဲ့ရသည့် အတွေ့အကြုံများ၊ လဝက ဆိုင်ရာ ဥပဒေများနှင့် သမိုင်းရေးရာ ဖြစ်စဉ်များ အပေါ် အခြေခံ၍ မိမိသိရှိသမျှကို ဗဟုသုတ အနေဖြင့် မျှဝေပေးခြင်းသာ ဖြစ်ပါသည်။ မိမိထက်အတွေ့အကြုံများ၍ သိရှိ နားလည်သူများအနေ ဖြင့် ဖြည့်စွက်နားလည် သဘောပေါက်ပေးကြပါရန်နှင့် ဖြည့်စွက် ရေးသားကြပါရန် မေတ္တာရပ်ခံလိုပါသည်။
ဤဆောင်းပါးရေးသားရခြင်းမှာလည်း လွန်ခဲ့သော ရက်သတ္တ တစ်ပတ်မတွေ့ရသည်မှာကြာပြီဖြစ်သော မိတ်ဆွေဟောင်းတစ်ဦး မိမိအိမ်သို့အလည်ရောက်ခိုက် ရခိုင်ပြည်နယ်မောင်တောနှင့် ဘူးသီးတောင် မြို့နယ်များတွင် ဖြစ်ပွားခဲ့သော ဘင်္ဂါလီလူမျိုးများနှင့် ရခိုင်လူမျိုး တို့၏ ပဋိပက္ခ၊ အကြမ်းဖက်မီးရှို့ဖျက်ဆီးမှုကို အကြောင်းပြု ဆွေးနွေး ပြောကြရာမှ ဆောင်းပါးရေးရန် မိတ်ဆွေ၏ အကြံပြုချက်အရ ရေး သားခဲ့ခြင်းဖြစ်ပါသည်။

မိတ်ဆွေ - ခင်ဗျားနဲ့ မတွေ့ရတာ ကြာပြီဗျာ။ ကျွန်တော် လည်း ဒီဘက်ရောက်တုန်း ခင်ဗျားနဲ့ တွေ့ချင် မေးချင်တာလေးများ ရှိလို့ ဝင်ခဲ့တာပါ။ ခင်ဗျား အချိန်ရရဲ့လား။

မိမိ - ရပါတယ်ဗျာ။ ပင်စင်စားဆိုတော့ ဝန်ထမ်းဘဝတုန်းက လိုတော့ အလုပ်မများတော့ပါဘူး။ ခင်ဗျားလာလည်တာပဲ ကျွန်တော် က ဝမ်းသာရမှာပါ။

မိတ်ဆွေ - တခြားတော့မဟုတ်ဘူးဗျ။ အခုတလော အများ စိတ်ဝင်စားနေတဲ့ ဘူးသီးတောင် မောင်တောဘက် ဆူပူအကြမ်းဖက် မှုတွေနဲ့ ပတ်သက်လို့ ခင်ဗျားကိုယ်တိုင် မောင်တောဘက်မှာ သုံးနှစ် ကျော် တာဝန် ထမ်းဆောင်ခဲ့တယ်လို့ ကျွန်တော်သိထားတဲ့အတွက် ခင်ဗျား ထင်မြင်ချက်လေးတွေ သိချင်တယ်ဗျာ။ အဲဒီမှာ ဘင်္ဂါလီတွေ အတော်များတယ်ဆို ဟုတ်လား။

မိမိ - မှန်တာပေါ့ဗျာ ကျွန်တော်တာဝန်ထမ်းဆောင်စဉ်ကာလ ၁၉၉၂-၉၅ ခုနှစ်လောက်ကဆိုရင် မောင်တောမြို့နယ်အတွင်းမှာ ဘင်္ဂါလီလူမျိုးက ၉၅ ရာခိုင်နှုန်း လောက်ရှိပြီး ဗမာနဲ့ ရခိုင်မျိုးနွယ်စု အရေအတွက်က ၅ ရာခိုင်နှုန်းထက် မပိုဘူးလို့ သိရှိရတယ်။

မိတ်ဆွေ - ခင်ဗျားတို့က ဘယ်မှာ တာဝန် ထမ်းဆောင်ရတာ လဲ။ ဘာအတွက်လဲ။

မိမိ - ဒါကတော့ အမျိုးသားရေး ကိစ္စတစ်ရပ် ဆိုပါတော့ဗျာ။ မောင်တောနှင့် ဘူးသီးတောင် မြို့နယ်တွေမှာ ဘင်္ဂါလီတွေ ဝင်ရောက် အခြေချတာများလွန်းလို့ တချို့ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းများ တောင် ဆွမ်းကွမ်းကိစ္စ အခက်အခဲ ရှိလာလို့ တချို့ဘုန်းတော်ကြီး ကျောင်းတွေ ပြောင်းကြပြီး ရခိုင်ပြည်နယ် အတွင်းပိုင်း ရသေ့တောင်၊ စစ်တွေစတဲ့ နေရာတွေမှာ သီတင်းသုံးကြရတယ်လို့ ကြားရတယ်။ တစ်ချိန်တည်းမှာပဲ မောင်တောဘက်ကမ်းမှာနေတဲ့ ဘင်္ဂါလီတွေထဲက တချို့တွေက မောင်တောမှာနေတဲ့ ဘင်္ဂါလီတွေကို တရားမဝင်ရောက် နေတဲ့ လူတွေဖြစ်တာကြောင့် ဖမ်းဆီး ထောင်ချတော့မယ် ဆိုတဲ့ တစ်ဖက်နိုင်ငံက ထုတ်လွှင့်တဲ့ ကောလာဟလကြောင့် တစ်ဖက်နိုင်ငံ ကို ထွက်ပြေးကြတယ်။ တစ်ဖက်နိုင်ငံကလည်း ထွက်ပြေးရောက်ရှိ လာတဲ့ လူတွေကို အကြောင်းပြုပြီး ဒုက္ခသည်စခန်းတွေထား လက်ခံ၊ ဒုက္ခသည်တွေ အကြောင်းခံပြီး ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး ( UNHCR ) က ဝန်ထမ်းတွေ ကလည်း ကြိုက်တယ်။ အဲဒါအကြောင်းပြုပြီး မြန်မာနိုင်ငံကို တရားဝင် ပြန်လည် ဝင်ရောက် လိုလျှင် ( UNHCR ) ကြီးကြပ်မှု ပါဝင်တာကြောင့် အရေးယူ မခံရတဲ့ အပြင် စားနပ်ရိက္ခာက အစ ထောက်ပံ့ကြေးပါ ရမယ်စတဲ့ ဒုက္ခသည် လက်ခံရမဲ့ ကိစ္စတွေနဲ့ တရားမဝင် ထပ်ရောက်လာမယ့် ဘင်္ဂါလီတွေကို တားဆီး ကာကွယ်ဖို့အတွက် သွားရတာပေါ့ဗျာ။

မိတ်ဆွေ - အရင်တုန်းက အဲဒါမျိုးတွေ မဖြစ်ဘူးလားဗျာ။ ခင်ဗျားတို့က ဘယ်နေရာကနေ တားဆီး ကာကွယ်တာတွေ လုပ်နေကြ တာလဲ။

မိမိ - အရင်ကလည်း ဖြစ်ခဲ့တာပေါ့ဗျာ။ ၁၉၇၈ ခုနှစ် လောက် တုန်းကလည်း အဲဒီလို ကေလာဟလတွေကြောင့် ထွက်ပြေးကြတဲ့ ဘင်္ဂါလီတွေကို စာရင်းဇယား ပြုစုတဲ့ 'နဂါးမင်း စီမံချက်' အရ စာရင်း ကောက်ယူပြီး အဲဒီလူတွေကို လည်း 'ဟင်္သာစီမံချက်' နှင့် ပြန်လည် လက်ခံခဲ့ရဖူးတယ်လေ။ အခုတစ်ကြိမ်က ကျွန်တော်တို့ သွားရတာ ဟာ မောင်တောနှင့် ၉ မိုင်အကွာမှာရှိတဲ့ ကျီးကန်းပြင် နယ်စပ်ဒေသ လူဝင်မှု စစ်ဆေးရေးနှင့် ကွပ်ကဲမှု ဌာနချုပ် (နစက) ရဲ့အောက်မှာ တာဝန် ထမ်းဆောင်ရပါတယ်။ သမိုင်းအရ မဟာဗန္ဓုလ ရခိုင်ကို စစ်ချီ ခဲ့စဉ်က စခန်းချခဲ့တဲ့ မောင်တောမြို့နယ် မြောက်ဖျားတောကြီး တောင်ကြီးထဲမှာရှိနေတဲ့ ဗန္ဓုလစခန်း၊ ဝေလာတောင်စခန်း၊ အောင် သပြေစခန်း၊ ငါးရံ့ချောင်းစခန်း၊ မီးတိုက်စခန်း၊ တောင်ပြိုဝဲတောင် ပြိုယာစခန်း၊ ကြိမ်ချောင်း၊ ငါးခူရစခန်း၊ ကညင်ချောင်းစခန်း၊ မောင်တော၊ မကျီးချောင်းစခန်း၊ အလယ်သံကျော်စခန်း၊ မြင်းလွတ်စ စခန်း၊ အင်းဒင်စခန်း၊ ဒုံးပိုက်စခန်း၊ အငူမော်စခန်း စသဖြင့် စခန်း ပေါင်းများစွာ ခွဲပြီးတာဝန် ထမ်းဆောင် ကြတာပေါ့။ ပြောတော့သာ မောင်တောလို့ပြောတာ တကယ်တော့ မောင်တောကနေ နတ်မြစ် အတိုင်းမြောက်ဖျားကို မော်တော်နှင့်သွားတာ ကြိမ်ချောင်းစခန်းအထိ ပဲ မော်တော်က ရောက်တယ်။ နေ့တစ်ဝက်မောင်းရတယ်။ အဲဒီကနေ ကျွန်တော်တို့ တာဝန်ကျတဲ့ ငါးရံ့ချောင်းကို ကိုယ့်ပစ္စည်းကိုယ်ထမ်း ပြီး လေးနာရီသာသာ လမ်းလျှောက် ရတယ်ဗျ။ လမ်းပန်း ဆက်သွယ်ရေး ကခက်ခဲ၊ အလုပ်အကိုင်က ပင်ပန်းပြီး ရောဂါဘယထူပြော၊ အစား အသောက်က ရှားပါးနဲ့ အဲဒီနယ်စပ်က ပထမအသုတ်က လူ ၄၀ ကျော် ငှက်ဖျားနှင့် သေခဲ့ကြတာပေါ့ဗျာ။ ကျွန်တော်ကိုယ်တိုင်လည်း ငှက်ဖျား မိပြီး ဆေးရုံ နှစ်ကြိမ် တက်ရတယ်။ ကျွန်တော်တို့ စခန်းနားမှာ မြို လူမျိုးတွေရှိတယ်။ တောင်ပေါ်မှာ အိမ်လေးငါးအိမ်ဆောက်ပြီး တောင်ပေါ်မှာသာ နေလေ့ရှိတယ်။ ဈေးဝယ်စရာရှိမှ တောင်အောက် ဆင်းတယ်။ ကျန်တဲ့ ရွာတွေမှာတော့ ဘင်္ဂါလီတွေပဲရှိတယ်။

ဘင်္ဂါလီလူမျိုးတွေ ဘယ်တုန်းက စပြီး ရောက်လာကြသလဲ


မိတ်ဆွေ - နေပါဦးဗျ အဲဒီ ဘင်္ဂါလီလူမျိုးတွေ ဘယ်တုန်းက စပြီး အဲဒီကိုရောက်လာကြတာလဲ။

မိမိ - တိတိကျကျတော့ ပြောရခက်တယ်ဗျ။ ပြောနိုင်တာက တော့ လွန်ခဲ့တဲ့နှစ်ပေါင်း ၂၀၀ နီးပါးခန့်က စခဲ့တယ်လို့ ထင်တာပဲ။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ နိုင်ငံဟာ အင်္ဂလိပ်နဲ့ စစ်သုံးကြိမ်ဖြစ် ခဲ့တယ်လေ။ ဘကြီးတော် မင်းတရား လက်ထက် ၁၈၂၄ ခုနှစ် မတ်လ ၅ ရက်နေ့မှာ ပထမအကြိမ် အင်္ဂလိပ်-မြန်မာစစ်ပွဲအပြီးမှာ ကျွန်တော်တို့ ရခိုင်နဲ့ တနင်္သာရီကို အင်္ဂလိပ်က သိမ်းယူသွားခဲ့တယ်။ အဲဒီအချိန် မှာ အိန္ဒိယက အင်္ဂလိပ်လက်အောက် သူ့ကျွန်ဘဝ ရောက်နှင့် နေပြီလေ။ အဲဒီတုန်းက အခု ဘင်္ဂလားဒေ့ရှ် (ယခင်အရှေ့ ပါကစ္စတန်ပြည်နယ်) ကလည်း အင်္ဂလိပ်လက်အောက်က ပြည်နယ်တစ်ခုပေါ့။ အဲဒီတော့ ရခိုင်ပြည်နယ်က မောင်တောနှင့် ဘင်္ဂလားဒေ့ရှ်ရဲ့ တက္ကနပ်မြို့ ဟာ နတ်မြစ် ကသာ ပိုင်းခြားထားတာ မို့လို့ တစ်ဖက်ကမ်းကို ကျော်ဖြတ် လိုက်ရုံနဲ့ မောင်တောကို ရောက်သွားတာပေါ့။ နတ်မြစ်ကြီးဟာ ဘင်္ဂလား ပင်လယ်အော်နဲ့ နီးလို့ မြစ်ပြင်ကျယ်ကြီး ဖြစ်ပေမယ့် အထက်ကို တက်သွားလေလေ ကျဉ်းမြောင်းသွားလေလေ ဖြစ်ပြီး ခွဲထွက်သွား တဲ့ အချို့မြစ်လက်တက် နေရာတွေမှာ ကျဉ်းရုံသာမက ရေအနက်ပါ တိမ်သွားတာမို့လို့ နွေအခါမှာ ဒီအတိုင်း ဖြတ်ကူး သွားနိုင်တယ်ဗျ။ အချုပ်အခြာ အာဏာအနေနဲ့သာ မြန်မာ၊ ဘင်္ဂလားဒေ့ရှ်ရယ်လို့ ပြောနေကြပေမယ့် ပကတိမြေပြင်မှာတော့ ဟိုနားဒီနား ဖြစ်နေတာ ပေါ့ဗျာ။ တရုတ်ပြည်လို မဟာတံတိုင်းကြီးလည်း ကာဆီးထား တာ မဟုတ်တော့ မောင်တောရဲ့ မြောက်ဖျားမှာ နယ်နိမိတ်ဆိုတာ သာမန်လူတွေအနေနဲ့ မသိနိုင်ဘူးပေါ့။ သေချာတာကတော့ ကျွန်တော်တို့ နယ်မြေတွေမှာ ရှောင်တခင် လိုက်စစ်တဲ့အခါ တွေ့ရ တာက အသက် ၆၀ ကျော် ၇၀ ကျော် ဘင်္ဂါလီ အဘိုးကြီးတွေကတောင် သူတို့ရဲ့ ဘိုးဘွား လက်ထက် ကတည်းက ဒီမှာ ရောက်ရှိနေတာပါလို့ ပြောတယ် .... ကြာလှပြီပေါ့ဗျာ။
အဲဒီလိုအနေအထားကနေ ၁၈၉၇ ခုနှစ်မှာ အင်္ဂလိပ်တို့က မြန်မာနိုင်ငံကို အိန္ဒိယနိုင်ငံနဲ့ ပူးပေါင်းလိုက်ပြီးနောက် အင်္ဂလိပ်ပိုင် အိန္ဒိယပြည်နယ် တစ်နယ်အဖြစ် သတ်မှတ် လိုက်ကြ ပြန်တယ်။ မြန်မာ နိုင်ငံကို အိန္ဒိယရဲ့ ဒုတိယ ဘုရင်ခံ တစ်ဦးက အုပ်ချုပ်စေခဲ့တယ်။ အဲဒီ မှာ ပွဲပြီး သွားတာ ပေါ့ဗျာ။ ဘူးသီးတောင် ၊ မောင်တောဟာ အိန္ဒိယ လက်အောက် ရောက်သွားမှတော့ အုပ်ချုပ်သူ အိန္ဒိယဘုရင်ခံက သူ့ကျွန် အချင်းချင်း ကြိုက်သလို ပြောင်းရွှေ့နေတာ ဘာပြောတော့မှာ လဲ။ ဓညဝတီခေတ်က ရခိုင်ဘုရင်တွေ ပိုင်ခဲ့တယ်လို့ ဆိုတယ်။ မိတ်ဆွေ - ဒါထက် အဲဒီဘက်ကမ်းတွေမှာ ဒီဘက်က ရခိုင် လူမျိုးတွေလည်း ရှိတယ်လို့ ကြားရတယ် ဟုတ်သလားဗျ။

မိမိ - ဒါကတော့ သမိုင်းပညာရှင်တွေရဲ့ အလုပ်ပေါ့ဗျာ။ ကျွန်တော်ကြားခဲ့ရတာကတော့ ဓညဝတီခေတ် ရခိုင်ဘုရင်တွေ တန်ဖိုး အာဏာရှိစဉ်က ကော့ဘဇားအထိ ရခိုင်ပိုင်လို့ ဆိုတယ်ဗျ။ ရခိုင်တွေ က ကော့ဘဇားကို သူတို့ခေါ် ဖလောက်ချိတ်လို့ခေါ်တယ်ဗျ။ မောင်တောမှာ ရှိတဲ့ ရခိုင်အချို့ရဲ့ အမျိုးတွေထဲက အချို့က ယခုထက်ထိ အဲဒီမှာနေကြတဲ့ လူတွေရှိကြတယ်လို့သိရတယ်။ ကျွန်တော် မောင်တော အမှတ် (၁) ဝင်ထွက်စခန်းမှာ တာဝန်ထမ်းဆောင်စဉ်က တစ်ဖက် နိုင်ငံမှာ အခြေချ နေထိုင်နေကြတဲ့ တောင်ကုန်းဒေသလို့ ဆိုတဲ့ ကော့ဘဇား ဧရိယာမှာရှိတယ် လို့ကြားရတယ်။ အဲဒီဒေသမှာ ရှေးရခိုင် အမျိုးသား များ ကိုယ်ပိုင် အုပ်ချုပ်ရေး ပုံစံနဲ့ နေထိုင်ကြပြီး အဲဒီမှာ တည်ထားတဲ့ ဗုဒ္ဓ ဘာသာ စေတီတော်ကြီး ထီးတော်တင်ဖို့အတွက် ထီးတော်ကို မြန်မာ နိုင်ငံဘက်က တာဝန်ရှိသူများထံ အကူအညီ တောင်းခံခဲ့တဲ့အတွက် မောင်တောကို ရောက်လာတဲ့ အဲဒီထီးတော်ကြီး (အချင်းခြောက်ပေ) လောက်ရှိမယ်ထင်တယ်။ အဲဒီထီးတော်ကြီးကို နတ်မြစ်ကိုဖြတ်ပြီး တစ်ဖက်နိုင်ငံ တက္ကနပ်က တစ်ဆင့် မော်တော်ကားနဲ့တင်ပြီး သွားပို့ခဲ့ ရဖူးပါတယ်။ ၁၉၉၄ ခုနှစ်လောက်က ဖြစ်မယ်ထင်တယ်။

ဘူးသီးတောင် မောင်တောမှာနေတဲ့ ဘင်္ဂါလီ လူမျိုးတွေကို ဘင်္ဂလား ဒေ့ရှ်က ဘယ်လိုသတ်မှတ်လဲ


မိတ်ဆွေ - အဲဒီလောက်အထိ နေထိုင်ခဲ့ကြတဲ့ ဘင်္ဂါလီလူမျိုး တွေကို တစ်ဖက်နိုင်ငံက သူ့လူမျိုးတွေလို့ သတ်မှတ် ကြသေးသလား။

မိမိ - လူမျိုးနဲ့ နိုင်ငံသားဆိုတာ တခြားစီဗျ။ ကျွန်တော်တို့ ဘက်ကတော့ တချို့ကို မြန်မာနိုင်ငံသားလို့ သတ်မှတ်ပြီး တချို့ကို တော့ တရားမဝင်ရောက်ရှိ နေထိုင်ကြသူတွေလို့ သံသယရှိတဲ့ အတွက် သက်သေခံ ကတ်ပြားကိုသာ ထုတ်ပေးထားတယ်။ သူတို့ဘက် ကတော့ သူတို့လူမျိုးလို့ သတ်မှတ်ပေမယ့် မြန်မာနိုင်ငံသားလို့ သတ် မှတ်ကြတယ်။

မိတ်ဆွေ - ဘာလို့ မြန်မာနိုင်ငံသားလို့ ဘင်္ဂလားဒေ့ရှ်ဘက်က သတ်မှတ်တယ်လို့ ခင်ဗျားပြောနိုင်သလဲ။


မိမိ - ကျွန်တော်အမှတ် (၁) ဝင်ထွက်စခန်းမှာရှိစဉ်က ၁၀ ကြိမ်ထက် မနည်း တစ်ဖက်နိုင်ငံ တက္ကနပ်ကို တာဝန်နဲ့ သွားခဲ့ရတယ်။ နှစ်နိုင်ငံ ဆွေးနွေးပွဲ တရားခံ လွှဲပြောင်းရယူရေး ကိစ္စတွေ အတွက် ဖြစ်ပါ တယ်။ မြန်မာဘက်ကမ်းမှာ နေတဲ့သူတွေကို လှေတစ်စီးနဲ့ မြန်မာ ဘက်က ကုန်ပစ္စည်းတွေနဲ့ အတူ သူတို့ဘက်ကမ်းမှာ ဖမ်းမိရင်တော့ ကော့ဘဇား အကျဉ်းထောင်မှာ ထောင်ချ အရေးယူ ပစ္စည်းသိမ်းပြီး ပြန်လွှတ်တော့မယ်ဆိုရင် ကျွန်တော်တို့ (နစက) ကို စာပို့တတ်တယ်။ အကြောင်းအရာမှာ ပြန်လွှတ်မယ့် လေးယောက်ဆိုရင် Push Back to (4) Myanmar Nationalities လို့ ရေးလေ့ရှိကြတယ်။ တကယ်သွား လက်ခံတော့ အဲဒီ မြန်မာလူမျိုးတွေ ဆိုတာက မောင်တောဘက်ကမ်း မှာနေတဲ့ ဘင်္ဂါလီတွေချည်း ပဲဗျ။ ကျွန်တော်တို့က နိုင်ငံသားစိစစ်ရေး ကတ်ပြား ပေးမထားတာကြောင့် Myanmar Citizen လို့တော့ မရေး ဘူးပေါ့ဗျာ။ သို့သော်လည်း ဒီဘက်ကမ်းမှာ နေတယ်ဆိုတဲ့ အစစ်ခံ ချက် နေရပ်လိပ်စာနဲ့ အထောက်အထားများအရ လက်မခံချင်ပေမယ့် လက်ခံခဲ့ရတယ်။

မိတ်ဆွေ - သူတို့ နိုင်ငံထဲမှာ နေတဲ့ ရခိုင်လူမျိုးတွေကို သူတို့ ဘယ်လိုသတ်မှတ်လဲဗျ။

မိမိ - ကျွန်တော့်အတွေ့အကြုံတစ်ခုပြောပြမယ်။ ၁၉၉၅ ခုနှစ် လောက်ကတည်းကဖြစ်မယ်။ မြန်မာနိုင်ငံသား နှစ်ဦး လွှဲပြောင်းပေး ဖို့အတွက် လာ လက်ခံပါဆိုတဲ့ စာရတယ်။ တာဝန်ပေးချက်အရ ကျွန်တော် တစ်ဖက်နိုင်ငံ တက္ကနပ်မှာရှိတဲ့ ဘင်္ဂလားဒေ့ရှ်တပ် စခန်း ကိုရောက်ခဲ့တယ်။ ဘင်္ဂလားဒေ့ရှ် တပ်စခန်းက ဒီလူနှစ်ယောက်ကို မြစ်ထဲမှာ လှေတစ်စီးနှင့် သူတို့ဘက်ကမ်းမှာ မောင်တောဘက်က ပစ္စည်းတွေနဲ့ ဖမ်းမိတယ်။ သူတို့ စကားလည်းမတတ်ဘူး။ ဒါကြောင့် ပြန်ခေါ်သွားပါလို့ ပြောတယ်။ မေးကြည့်တဲ့အခါ တရားခံနှစ်ဦးက ရှေးမရမာကြီး လူမျိုးတွေ ဖြစ်ပြီး ရခိုင် အဆက်အနွှယ်တွေ ဖြစ်ကြောင်း၊ သူတို့မိသားစုနဲ့အတူ ဘင်္ဂလားဒေ့ရှ် တက္ကနပ်ခရိုင်အတွင်းဘက်ကျေး ရွာမှာ အခြေချနေထိုင်သူများဖြစ်ကြောင်း၊ သူတို့မိဘဘိုးဘွားလက် ထက်ကတည်းက အဲဒီရွာ (သူတို့အခေါ် - ရခိုင်စုရွာ) မှာနေကြောင်း ပြောပါတယ်။ သူတို့ ဘင်္ဂါလီစကား မပြောတတ်ပေမယ့် ကျွန်တော်တို့ နဲ့ မြန်မာသံခပ်ဝဲဝဲနဲ့ ပြောတတ်တယ်။ ဒါကြောင့် ဘင်္ဂလားဒေ့ရှ် စစ်တပ်ကို မင်းတို့ပြောတော့ တရားခံတွေက တို့မောင်တောကလို့ ပြောတယ်။

သူတို့ပြောတော့ မင်းတို့ဘက်မှာ နေတယ်တဲ့။ မိသားစုတွေ ပါဒီမှာရှိနေတာ ငါတို့ ဘာလို့ ခေါ်သွားရမှာလဲ ပြန်ပြောတော့ ဘင်္ဂလားဒေ့ရှ် စစ်တပ်က ဒါမဖြစ်နိုင်ဘူး။ တို့ဆီမှာနေတဲ့လူ ငါတို့ နိုင်ငံ သားဆိုရင် တို့ စကားတတ်ရမယ်။ တို့စကား မတတ်တဲ့အတွက် မင်းတို့ မောင်တောက လူဆိုတာ သေချာတယ်လို့ ဆိုတယ်။ ဒါနဲ့ ကျွန်တော် က နယ်စပ်ဆိုတာ ဒီလိုပဲ ရှိနေတတ်တာပဲ။ အဲလိုပြောကြေးဆိုရင် တို့မောင်တောဘက်ကမ်းမှာ ရှိတဲ့ ဘင်္ဂါလီတွေဟာ အများအားဖြင့် ဗမာစကားမတတ်ကြဘူး။ သူတို့ဟာ မွတ်ဆလင်တွေဖြစ်ကြတယ်။မင်းတို့ရုပ်နဲ့ တူသလား၊ တို့ရုပ်နဲ့ တူသလား။ မင်းတို့ဘာသာ ကိုးကွယ် သလား၊ ဗုဒ္ဓဘာသာ ကိုးကွယ်သလား ဒါအားလုံးအသိပဲ။ တို့စကား မပြောတတ်လို့ မင်းပြောသလို တို့ဘက်က မဟုတ်ဘူးဆိုရင် အဲဒီ မောင်တောက ဘင်္ဂါလီတွေ မင်းတို့ဘက် လွှဲပြောင်းပေးမယ်။ မင်းတို့ လက်ခံမလားဆိုတော့မှ သူတို့အချင်းချင်း ကုလားလို စကားတွေပြော ပြီးမှ ဒါဆို ထားလိုက်ပါတော့ ဆိုပြီး အဲဒီမရမာကြီး နှစ်ယောက်ကို လက်ခံ ထားလိုက်တယ်။ နယ်စပ် သဘာဝကတော့ ဒီလိုပဲ။ မောင်တော မြောက်ဖျားက ဒေသတွေဆိုရင် နယ်စပ်မှာ သဘာဝ အခြေအနေတွေ က ခွဲမရအောင် ရောထွေးနေတယ်။ ဒီဘက်ကမ်းမှာ အခြေချ ရောက်ရှိ နေထိုင်သူကို ပြန်လက်ခံဖို့တော့ သူတို့ကလည်း လက်မခံဘူးဗျ။ အဖြစ် အပျက်တစ်ခု ပြောပြမယ်။ ၁၉၉၄ ခုနှစ်အတွင်းမှာပဲ ဖြစ်မယ်။ တောင်ပြိုဝဲ ရွာဘက်မှာ ချောင်းလေး တစ်ခုရှိတယ်။ အဲဒီဘက်ကမ်းမှာ နေတဲ့ သူတို့လူ ဘင်္ဂါလီတစ်ယောက်က ချောင်းတစ်ဖက်ကမ်းက သူတို့ ပိုင်နက်ထဲမှာ နေတဲ့ ဒိုင်းနက် အမျိုးသမီးကို ချစ်ကြိုက်ပြီး အဲဒီဘက်ကမ်း ဒိုင်းနက် အမျိုးသမီးနဲ့ သွားနေတယ်။ ဘယ်လောက်မှ မဝေးဘူးပေါ။ အဲဒီအချိန်မှာ ထွက်ပြေး ကုလားတွေ ပြန်လက်ခံဖို့ စာရင်းကောက်တော့ စောစောကပြောတဲ့ ဘင်္ဂါလီဟာ ထွက်ပြေးစာရင်းမှာ ပါသွားတယ်။ လဝက ဥပဒေအရ ဒီအတိုင်းပြန်ဝင်ရင် အရေးယူခံရမယ်။ ဥပဒေ အရ နိုင်ငံခြားသားဖြစ်စေ၊ နိုင်ငံသားဖြစ်စေ တရားဝင်ခွင့်ပြုချက် မရဘဲ ကိုယ့်နိုင်ငံထဲကို ဝင်လာရင် နိုင်ငံခြားသားဆိုရင် လဝက အက် ဥပဒေပုဒ်မ ၃(၁) အရလည်းကောင်း၊ ပြည်ထောင်စုမြန်မာနိုင်ငံသား ဆိုရင် အက်ဥပဒေပုဒ်မ ၃(၂) အရလည်းကောင်း အရေးယူခံရပြီး အဲဒီ ၁၉၄၇ ခုနှစ်မြန်မာနိုင်ငံ လူဝင်မှုကြီးကြပ်ရေး (လတ်တလော ပြဋ္ဌာန်းချက်များ) အက်ဥပဒေပုဒ်မ ၁၃ (၁) အရ ပြစ်ဒဏ်ခံရမယ်ဗျ။ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး အဖွဲ့က အစိုးရလက်ထက် ၂၂.၁.၉၀ ရက်စွဲမှာ အမိန့် အမှတ်စဉ် ၂/၉၀ ပြင်ဆင်ချက် ဥပဒေအရ အနည်းဆုံး ငွေဒဏ်ကျပ် ၁၅၀၀ သို့တည်းမဟုတ်ထောင်ဒဏ်အနည်း ဆုံး ခြောက်လမှ အများဆုံး ထောင်ဒဏ် ငါးနှစ် သို့တည်းမဟုတ် ငွေဒဏ်ထောင်ဒဏ် နှစ်ရပ်ပေါင်း ကျခံနိုင်တယ်။ ဒါကြောင့် ကုလ သမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးရဲ့ အစီအစဉ်နဲ့ အဲဒီ ထွက်ပြေး ကုလားက တစ်ဖက်နိုင်ငံသူ ဖြစ်တဲ့ သူ့ဇနီးကိုပါ ခေါ်ပြီး ပြန်ဝင်တယ်။ အဲဒီမှာ ပြဿနာ စတော့တာပါပဲ။ သူ့ကိုဝင်ခွင့်ပြု ပေမယ့် သူ့မိန်းမက ခွင့်ပြုချက် မရှိဘဲ လိုက်ပါလာတဲ့ တစ်ဖက် နိုင်ငံသူ ဖြစ်တဲ့အတွက် လဝက ဥပဒေအရ ၃(၁)၊ ၁၃(၁) နဲ့ အရေးယူတော့တာ ပေါ့။ ဒုက္ခသည်ကို ဒုက္ခပေး ရမလားဆိုပြီး ပြောကြ ဆိုကြ ဝေဖန်ကြ တယ်။ မဟုတ်ဘူး။ ဒါမူလက ရှိပြီးဥပဒေအရ စည်းကမ်းအတိုင်း ဆောင်ရွက်ရတာပါ။ တမင် ဒုက္ခပေးတာမဟုတ်ပါဘူး။ အဲဒီမိန်းမကို ပြည်ပြန်နှင်ရမယ်။ လောလောဆယ် ခဏ ချုပ်ထားရမယ်။ (ဒါက လည်း ဥပဒေညွှန်ကြားချက်အရပါ။) အဲဒီလိုချုပ်ထားစဉ် ဝင်လာစဉ် ကတည်းက ကိုယ်ဝန်ပါလာတော့ အချုပ်ထဲမှာပဲ ကလေးမွေးတယ်။ မွေးပြီးတဲ့အချိန်မှာ ပြည်နှင်ဖို့ စီစဉ်ပြီး ပြည်ပြန်နှင်တဲ့အခါ ဘင်္ဂလားဒေ့ရှ်ဘက်က သူတို့နိုင်ငံသူကိုသာ လက်ခံမယ်။ ကလေးကို လက်မခံဘူးဆို လို့ အဲဒီကိစ် စအတော်ပဲ အခက်တွေ့ပြီး အမှုမပြတ်နိုင် ဖြစ်ရတယ်။ နောက်ဆုံး အဲဒီဘက်ကမ်းက လူကြီးတွေနဲ့ တွေ့ပြီး သားအမိကို မခွဲ ထားပါနဲ့၊ မိခင်လည်း သွေးနုနုနဲ့ ကလေးထားပြီးသွားလို့ ဘယ်ဖြစ် မလဲ လက်ခံပေးပါလို့ ပုဂ္ဂိုလ်ရေးအရ လက်ခံပေးလို့ အဆင်ပြေသွား ရ ပါတယ်။ သူတို့ဘက်က ပြန်လက်ခံဖို့ဆိုရင် ကလေးတောင် တရားဝင် လက်မခံပါဘူး။ ဒုက္ခသည် အနေနဲ့ ဝင်လာရင် ထွက်ပြေးရင်တော့ တစ်မျိုးပေါ့ဗျာ။ မိတ်ဆွေ - တိုင်းရင်းသား မဟုတ်တဲ့ တရုတ်၊ ကုလားစတဲ့ လူမျိုးခြားတွေ နိုင်ငံသားစိစစ်ရေး ကတ်ပြား ရပိုင်ခွင့်ရှိသလား။ သူတို့ လက်ထဲမှာ နိုင်ငံသား စိစစ်ရေး ကတ်ပြားတွေ ကိုင်ထားတာ တွေ့ရပါ တယ်။ ဘာကြောင့်လဲဗျာ။

မိမိ - အဲဒါ အရေးကြီးဆုံးပဲဗျ။ မေးသင့်တဲ့ မေးခွန်းပဲ၊။ သမိုင်း ချီပြီး ဖြေရှင်းရမယ့် ကိစ္စ။ ကိုလိုနီဘဝ ရောက်ခဲ့ရတာတွေ၊ သမိုင်းရဲ့ ဆိုးမွေတွေ အများကြီးပါတယ်။ သမိုင်းကို ချီပြောရင် လူတွေက သိပ်လက်မခံ ချင်ကြဘူး။ ခင်ဗျားတို့ လဝက တွေ ဘက်က ရှေ့နေလိုက် တာလား။ လဝက တွေ ငွေစားပြီး ထုတ်ပေးခဲ့တာ မဟုတ်ဘူးလားလို့ ပြောလေ့ရှိကြတယ်။ မျက်နှာလည်း ပူပါတယ်။ ရှိတဲ့လူတွေလည်း ရှိမှာပေါ့။ ဒါပေမဲ့ အဓိကကတော့ သမိုင်းရဲ့ ဆိုးမွေတွေပေါ် မူတည်ပြီး ဒါတွေ ဖြစ်ခဲ့ရတယ်။ အစ မကောင်းလို့ အနှောင်း မသေချာ ဖြစ်ခဲ့ရတာ ပေါ့။ အခုလက်ရှိ ကျင့်သုံးနေတဲ့ ၁၉၈၂ မြန်မာနိုင်ငံသား ဥပဒေ အာဏာ တည်တဲ့ ၁၅.၁၀.၈၂ နောက်ပိုင်း မွေးဖွားတဲ့ သူတွေအတွက်ကတော့ မြန်မာနိုင်ငံသားဖြစ်ခြင်း၊ ဧည့်နိုင်ငံသားဖြစ်ခြင်း၊ နိုင်ငံသားပြုခွင့်ရ သူဖြစ်ခြင်း စတာတွေကို တိတိကျကျ ပြဋ္ဌာန်းပြီး ဖြစ်ပါတယ်။ မြန်မာ နိုင်ငံသား ဖြစ်မှုနဲ့ ပတ်သက်တဲ့ ဥပဒေတွေထဲမှာ ၁၉၄၇ ခုနှစ် ဖွဲ့စည်း ပုံ အခြေခံ ဥပဒေကတော့ အစောဆုံးပေါ့ဗျာ။

၁၉၄၇ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပါ နိုင်ငံသား ဖြစ်မှု သတ်မှတ်ချက်


မိတ်ဆွေ - အဲဒီမတိုင်မီက ဘယ်လို ဥပဒေတွေ ရှိခဲ့သေးလို့ လည်းဗျ။

မိမိ - အစောဆုံး ဥပဒေကတော့ ကျွန်တော်သိသလောက် နိုင်ငံ ခြားသားများ အက်ဥပဒေပေါ့ဗျာ။ ကျွန်တော်တို့ကသာ မသိတာ ကမ္ဘာ မှာ နယ်ချဲ့နေတဲ့ နိုင်ငံကြီးတွေကတော့ သူတို့ အချင်းချင်း သိတယ်ဗျ။ ဥပမာ - ဗီယက်နမ်၊ လာအို၊ ကမ္ဘောဒီးယား၊ ဖိလစ်ပိုင်၊ မလေးရှား၊ အင်ဒိုနီးရှားနောက် အိန္ဒိယကျွန်းဆွယ် ပေါ့ဗျာ။ အဲဒီနိုင်ငံတွေက သူ့ ကျွန်ဘဝ ရောက်နေတာချင်း တူပေမယ့် အရှင်သခင်ချင်း မတူကြဘူး လေ။ တချို့က ပြင်သစ် လက်အောက်ခံ၊ တချို့ အင်္ဂလိပ် လက်အောက်ခံ၊ တချို့က စပိန် လက်အောက်ခံ စသည်ဖြင့် ရှိကြတယ်။ နယ်ချဲ့တွေထဲမှာ ပေါ်တူဂီ၊ ဒတ်ခ်ျ စတဲ့နိုင်ငံတွေလည်း ပါတာပေါ့ဗျာ။ ထားပါတော့ အဲဒီတော့ နယ်ချဲ့နိုင်ငံတွေက သူတို့ ကိုလိုနီနိုင်ငံတွေကို တခြားကိုလိုနီ နိုင်ငံတွေနဲ့ စည်းခြားထားခြင်း ဖြစ်ဟန် တူတယ်။ မြန်မာနိုင်ငံ အောက် ပိုင်းကို အင်္ဂလိပ်က သိမ်းပြီးတာနဲ့ ၁၉၆၄ ခုနှစ်မှာ နိုင်ငံခြားသားများ အက်ဥပဒေကို ထုတ်ပြန်တယ်။ နိုင်ငံခြားသားဆိုတာဟာ မြန်မာနိုင်ငံ သား မဟုတ်သူကို ဆိုလိုသည်လို့ အဓိပ္ပာယ်ဖွင့်ပါတယ်။ ဝင်ရောက် လာတဲ့နိုင်ငံခြားသားတွေကို မှတ်ပုံတင်ဖို့ ၂၈.၃.၁၉၄၀ မှာနိုင်ငံခြား သားများ မှတ်ပုံတင်ရေး အက်ဥပဒေကို ထုတ်ပြန်ခဲ့တယ်။ လွတ်လပ် ရေးမရခင် ရှစ်နှစ်ပေါ့ဗျာ။


မိတ်ဆွေ - ကဲပါဗျာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အကြောင်းဆက် ပါဦး။

မိမိ - စောစောက ပြောခဲ့သလို မြန်မာနိုင်ငံကို အိန္ဒိယရဲ့ ပြည်နယ်တစ်ခုအဖြစ် သွတ်သွင်းခဲ့ပြီး အိန္ဒိယ ဘုရင်ခံချုပ်ရဲ့ အုပ်ချုပ်မှု အောက်ကို ရောက်သွားပြီးတဲ့အချိန်မှာ အိန္ဒိယက ဘက်ကလည်း မြန်မာပြည်ထဲဝင်၊ ဘင်္ဂါလီတွေကလည်း ဘူးသီးတောင်၊ မောင်တော ကို နတ်မြစ်ဖြစ်ပြီး ကြိုက်သလို ဝင်တော့တာပေါ့ဗျာ။ ကျွန်တော်တို့ ဘက်မှာသာ အဲဒီတုန်းက ဘူးသီးတောင်၊ မောင်တောဟာ နယ်စွန် နယ်ဖျား လူဦးရေ ခပ်ပါးပါး ဖြစ်ပေမယ့် ကပ်လျက်ဖြစ်တဲ့ တစ်ဖက်နိုင်ငံ မှာတော့ လူဦးရေထူထပ်၊ နေရာကလည်း မရှိလေတော့ သူတို့အတွက် တော့ ဘူးသီးတောင်၊ မောင်တောဟာ ကျေနပ်စရာပါ။ မြန်မာနိုင်ငံ လွတ်လပ်ရေးရခါနီးမှာ ဗိုလ်ချုပ်တို့ဦးစီးပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေ ကိုရေးဆွဲခဲ့တယ်။ အဲဒီအခြေခံဥပဒေမှာပါတဲ့ နိုင်ငံသားဖြစ်မှုနဲ့ ပတ်သက်တဲ့ ကောက်နုတ်ချက် တစ်ခုကို ဖော်ပြပါ့မယ်။ အဲဒါကတော့ ဥပဒေပုဒ်မ ၁၁(ခ) မှာ မြန်မာနိုင်ငံ တိုင်းရင်းသား တစ်မျိုးမျိုးတွင် ဖြစ်သော သို့တည်းမဟုတ် ဖြစ်ခဲ့သော ဘိုးဘွားများအနက် အနည်းဆုံး တစ်ဦးမှ ပြည်ထောင်စုနိုင်ငံတွင် ပါဝင်လတ္တံ့သော အာဏာပိုင်နက် အတွင်း မွေးဖွားသူတိုင်းသည် ပြည်ထောင်စု မြန်မာနိုင်ငံသား ဖြစ်ရ မည်ဆိုတဲ့ အချက်တစ်ချက် ပါတယ်ဗျ။ ဆိုလိုတာက ဘိုးဘွားလေးဦး အနက်တစ်ဦးဟာ တိုင်းရင်းသားဖြစ်ရုံမျှနဲ့ မြေးဖြစ်တဲ့သူဟာ ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း မွေးဖွားသူဖြစ်လျှင် နိုင်ငံသား ဖြစ်တယ်လို့ဆိုပါတယ်။ ကျန်ဘိုးဘွားသုံးဦးက ဘာလူမျိုးပဲဖြစ်ဖြစ် ပေါ့ဗျာ။ မြန်မာပြည်တွင်းရောက်နေကြတဲ့ နိုင်ငံခြားသားတွေ ကြာလွန်း၊ များလွန်းလို့ အဲဒီလို လျှော့ပေါ့ပေးခဲ့ရတယ် ထင်တယ်။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အတည်ပြုတဲ့နေ့ ၂၄-၉-၁၉၄၇ ဖြစ်ပါတယ်။

၁၉၄၈ ခုနှစ် မြန်မာနိုင်ငံသား ဖြစ်မှု အက်ဥပဒေအရ နိုင်ငံသားဖြစ်မှု


မိတ်ဆွေ - မြန်မာပြည် လွတ်လပ်ရေး ရပြီးတော့ဗျာ။ ဘာ ပြောင်းလဲမှု ရှိသေးသလဲ။

မိမိ - လွတ်လပ်ရေး ရပြီးတော့ ၄-၁-၁၉၄၈ နေ့မှာ အာဏာ တည်စေခဲ့တဲ့ ၁၉၄၈ ခုနှစ် မြန်မာနိုင်ငံသားဖြစ်မှု အက်ဥပဒေကို ရေးဆွဲ ခဲ့ကြတယ်။ အဲဒီမှာ မွေးရာပါ နိုင်ငံသား ဖြစ်သူတွေကို အဲဒီဥပဒေအပိုဒ် ၃ အပိုဒ်ခွဲ (၁) မှာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အပိုဒ် ၁၁ ပါ မြန်မာနိုင်ငံ တိုင်းရင်းသား တစ်မျိုးမျိုး ဆိုတာကို အဓိပ္ပာယ်ဖွင့် ထားတာက မြန်မာ နိုင်ငံ တိုင်းရင်းသား တစ်မျိုးမျိုး ဆိုသည်မှာ ကချင်၊ ကရင်၊ ကယား၊ ချင်း၊ မြန်မာ၊ မွန်၊ ရခိုင် သို့တည်းမဟုတ် ရှမ်းလူမျိုးကိုလည်းကောင်း၊ ၁၈၂၃ ခုနှစ် (မြန်မာသက္ကရာဇ် ၁၁၈၅ ခုနှစ်) မတိုင်မီ ကာလမှစ၍ ပြည်ထောင်စုတွင် ပါဝင်သော နယ်မြေတစ်ခုခု၌ မိမိတို့၏ပင်ရင်း တိုင်းပြည်အဖြစ်ဖြင့် အခြေစိုက် နေထိုင်ခဲ့သော မျိုးနွယ်စုများကိုလည်း ကောင်း ဆိုလိုသည်လို့ ဖော်ပြထားတယ်။ ဒီတိုင်းရင်းသားနဲ့ မျိုးနွယ်စု (၁၃၅) မျိုးက မွေးတဲ့သူတွေသာ မွေးရာပါ နိုင်ငံသားများ ဖြစ်ကြပါ တယ်။ တစ်နည်းအားဖြင့် သွေးကပြောတဲ့ နိုင်ငံသားတွေပေါ့ဗျာ။ အဲဒီ အထဲမှာ မပါတဲ့သူတွေဟာ မွေးရာပါ နိုင်ငံသား မဟုတ်ပါဘူး။ နယ်မြေတောင်းခွင့် ဆိုတာကတော့ ပိုမဖြစ်နိုင် တာပေါ့။

မိတ်ဆွေ - ဒါဖြင့် ရိုဟင်ဂျာ ဆိုတာကကောဗျာ၊ ရိုဟင်ဂျာ ဆိုတာဘာလဲ။

မိမိ - ကျွန်တော် သိသလောက် ပြောရရင် ရိုဟင်ဂျာဆိုတာ တိုင်းရင်းသား မျိုးနွယ်စု (၁၃၅) မျိုးထဲမှာ မပါဘူးဗျ။ ဘင်္ဂါလီလို 'ရွာကြီးသား' လို့ အဓိပ္ပာယ် ရတယ်လို့ ကြားဖူးတယ်။ ရိုဟင်ဂျာကို အတို ကောက် RSO လို့ခေါ်တယ်။ ရိုဟင်ဂျာ အမျိုးသား စည်းလုံး ညီညွတ် ရေး (ကြံ့ခိုင်ရေး) အဖွဲ့ပေါ့ဗျာ။ အဲဒီ လူမျိုးတွေဟာ အစောဆုံး တရားမဝင် ဝင်ရောက်ခဲ့ပြီး ရခိုင်ပြည်နယ်အတွင်း ကျေးရွာ ထူထောင်ပြီး စုစည်း နေထိုင်ရာက သူတို့ဟာ သူတို့ အမည်ပေးခဲ့ မှာပေါ့ဗျာ။ ရခိုင် ပြည်နယ် အတွင်း လက်နက်ကိုင် ဆူပူ သောင်းကျန်းသူများဖြစ်လို့ အစိုးရကတော့ 'ကုလားဆိုး' အဖွဲ့လို့ ခေါ်ဝေါ် ခဲ့ဖူးတယ်။ ပြည်နယ်တောင်းဖို့ ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်တဲ့ သဘာဝပါ။

မိတ်ဆွေ - ဒါပေမဲ့ တိုင်းရင်းသား မဟုတ်တဲ့ လူမျိုးတွေ၊ ဥပမာ- တရုတ်လူမျိုး၊ အိန္ဒိယလူမျိုး၊ ဘင်္ဂါလီစသူတွေထဲမှာ နိုင်ငံသား စိစစ်ရေး လက်မှတ် ရှိနေတာတွေ ရောဗျာ။

မိမိ - အဲဒီလူတွေဟာ မွေးရာပါသွေးအရ နိုင်ငံသားဖြစ်ကြ သူတွေမဟုတ်ဘဲ လျှော့ပေါ့ပေးခဲ့ရတဲ့ ဥပဒေပါ ခွင့်ပြုချက်အရ နိုင်ငံ သားဖြစ်ခွင့် ရကြသူ အချို့ ဖြစ်ပါတယ်။ ဆက်ပြီးရှင်းပြပါ့မယ်။ အဲဒီ ၁၉၄၈ မြန်မာနိုင်ငံသား ဖြစ်မှု ဥပဒေ ပုဒ်မ ၄ ပုဒ်ခွဲ (၂) ပြည်ထောင်စု တွင်ပါဝင်သော နယ်မြေ တစ်ခုခုတွင် အနည်းဆုံး ဘိုးဘွား အားလုံး လက်ထက်မှစ၍ မိမိတို့၏ပင်ရင်း တိုင်းပြည်အဖြစ်ဖြင့် မျိုးဆက် မပြတ် ထာဝစဉ် အခြေစိုက် နေထိုင်လာခဲ့သည့် အပြင် မိမိ၏ မိဘနှစ်ပါး နှင့်တကွ မိမိကိုယ်တိုင် ထိုနယ်မြေ တစ်ခုခုတွင် မွေးဖွားသူဖြစ်လျှင် ထိုသူအား မြန်မာနိုင်ငံသား ဖြစ်သည်ဟု မှတ်ယူရမည်။ ပုဒ်မ ၅ မှာ ကတော့ အခြေခံဥပဒေ စတင် အာဏာတည်ပြီးမှ မွေးဖွားသည့်အောက် ၌ ဖော်ပြသော သူများသည် ပြည်ထောင်စု မြန်မာနိုင်ငံသားများ ဖြစ်ရ မည်။

(က) ပြည်ထောင်စု နိုင်ငံသားဖြစ်သည့် မိဘ တစ်ပါးပါးမှ ပြည်ထောင်စု နိုင်ငံတွင် မွေးဖွားသူ သို့သော် ဖခင်သည် နိုင်ငံခြားသား ဖြစ်လျှင် ထိုသူသည် အရွယ်ရောက်ပြီး နောက်တစ်နှစ် အတွင်း နိုင်ငံခြားသား အဖြစ်ကို စွန့်လွှတ်ကြောင်းနှင့် ပြည်ထောင်စု နိုင်ငံသားအဖြစ် တည်မြဲစေရန် ရွေးချယ်ကြောင်း ကြေညာခြင်း မပြုလျှင် ထိုတစ်နှစ် ကုန်ဆုံးသောအခါ ပြည်ထောင်စု နိုင်ငံသား အဖြစ်မှ ရပ်စဲရမည်လို့ ဖော်ပြထားတယ်။ ဒါအကြမ်းဖျင်း ဖော်ပြတာပေါ့နော်။ ဥပဒေပုဒ်မ အားလုံးတော့ မဖော်ပြတော့ပါဘူး။ နောက် အဲဒီ ဥပဒေပုဒ်မ ၇(၁) မှာ နိုင်ငံခြားသား တစ်ဦးသည် နိုင်ငံသား ပြုမှု လက်မှတ်ကို အောက်ပါ အကြောင်းများကို ဖော်ပြလျှောက် ထားနိုင်သည်။ ဝန်ကြီးက ကျေနပ် လက်ခံလျှင် နိုင်ငံသားပြုမှု လက်မှတ်ကို ပေးနိုင်သည်လို့ ဆိုထား တယ်။

ဖော်ပြရမည့်အချက်တွေကတော့ -
(က) မိမိသည် အသက် ၁၈ နှစ်ပြည့်ပြီဖြစ်ကြောင်း၊
(ခ) မလျှောက်ထားမီက မိမိသည် ငါးနှစ်အောက် မနည်း အဆက်မပြတ် ပြည်ထောင်စု နိုင်ငံအတွင်းတွင် ပြည်ထောင်စုနိုင်ငံ၏ အာဏာအောက်၌ နေထိုင်ခဲ့ကြောင်း၊
(ဂ) မိမိသည် အကျင့်စာရိတ္တ ကောင်းမွန်၍ မြန်မာနိုင်ငံ တိုင်းရင်းသားဘာသာ စကား တစ်မျိုးမျိုးကို ပြောတတ်ကြောင်း၊
(ဃ) မိမိအား နိုင်ငံသားပြုမှုလက်မှတ် ပေးအပ်လျှင် မိမိသည် ပြည်ထောင်စုတွင် နေထိုင်ရန် သို့တည်းမဟုတ် အစိုးရပြည်နယ် အစိုးရ၌ အမှုထမ်းရန်၊ ဆက်လက် အမှုထမ်းရန် သို့မဟုတ် ပြည်ထောင်စုတွင် တည်ထောင်ထားသော ဘာသာ၊ သာသနာရေး၊ လှူဒါန်းရေး၊ ကုန်သွယ်ရေးဆိုင်ရာလုပ်ငန်းတစ်ခုခုတွင် ပါဝင်ဆောင် ရွက်ရန် စတဲ့ အချက်တွေ ဖော်ပြ လျှောက်ထားလျှင်လည်း နိုင်ငံသား ပြုမူ လက်ခံ ရရှိနိုင်တယ်တဲ့။

မိတ်ဆွေ - နိုင်ငံသား ဖြစ်ဖို့ တော်တော် လျှော့ပေးခဲ့တာပဲဗျ။ ဆက်ပါဦး။

မိမိ - ဒါနိုင်ငံသားဖြစ်မှု ဥပဒေမှာသာ ရှိသေးတာ။ ရွေးချယ် ခွင့် ဥပဒေကျရင် သည့်ထက်တောင် လျှော့ပေးထားသေးတယ်။ အခု နိုင်ငံသားဖြစ်မှု ဥပဒေမှာတင် ပုဒ်မ (၁၁) မှာ ပြည်ထောင်စု နိုင်ငံသား နှင့် အိမ်ထောင်ပြုသော မိန်းမသည် တစ်နှစ်ကြာမြင့်အောင် ပြည်ထောင်စုတွင် အဆက်မပြတ် နေထိုင်ပြီးနောက် နိုင်ငံသားလက် မှတ်ရ လိုကြောင်း ဝန်ကြီးထံ လျှောက်ထားနိုင်တယ်လို့လည်း ဖော်ပြ ထားတယ်။ အရည်အချင်း သတ်မှတ်ချက်တော့ ရှိတာပေါ့ဗျာ။ အဲဒီ အချက်တွေကလည်း ခက်ခက်ခဲခဲတွေ မဟုတ်ပါဘူး။


မိတ်ဆွေ - ကဲဗျာ ဆက်ပါဦး။


မိမိ - အဲဒီ ၄၈ ခုနှစ် မြန်မာနိုင်ငံသားဖြစ်မှုဥပဒေပုဒ်မ ၁၂ ပုဒ်မခွဲ (၃) မှာ ပြည်ထောင်စုအတွင်းတွင် ပြည်ထောင်စု၏ အာဏာ အောက်၌ ထာဝစဉ်နေထိုင်သည့် ပြည်ထောင်စု နိုင်ငံသား မဟုတ်သော မိဘနှစ်ပါးမှ ပြည်ထောင်စုအတွင်းတွင် မွေးဖွားသူသည် အကျင့် စာရိတ္တ ကောင်းသူ ဖြစ်၍ အရည်အချင်း ချို့ငဲ့သူ (အရွယ်မရောက်သေး သောသူ၊ လူရူး၊ ဝမ်းတွင်းရူး) မဟုတ်လျှင် ၁၉၅၅ ခုနှစ် ဧပြီလ ၁ ရက်နေ့ မတိုင်မီဖြစ်စေ၊ အရွယ်ရောက်ပြီး တစ်နှစ်အတွင်း ဖြစ်စေ နိုင်ငံသားလက်မှတ် ရလိုကြောင်း လျှောက်ထားနိုင်တယ်လို့ ဖော်ပြထား တယ်။ တစ်ခုတော့ရှိတာပေါ့ဗျာ။ လျှောက်လွှာတင်တာတို့၊ အစိုးရ ဌာနရုံးများနှင့် ဆက်သွယ် လျှောက်ထားတဲ့ကိစ္စတွေမှာ နယ်စပ်က လူတွေ ကျေးရွာမှာနေပြီး မြို့နဲ့ဝေးတဲ့ဒေသက လူတွေကတော့ မလုပ် ချင်ဘူး၊ မလုပ်တတ်ဘူး သူ့ဒေသမှာပဲ ဒီလိုပဲ နေသွားတတ်ကြတယ်။ ဒါကြောင့်လည်း နိုင်ငံသားဖြစ်ခွင့်၊ နိုင်ငံသားလက်မှတ်ရသွားတဲ့သူ များဟာ အများအားဖြင့် မြို့မှာနေတဲ့ လူမျိုးခြားတွေပဲ ဖြစ်တာ တွေ့ရ တယ်။ သူတို့က လူရည်လည်ကြ တယ်လေ။ မြန်မာပြည်ထဲ ရောက်တာ တချို့ ဘိုးဘွား လက်ထက်ကတည်းက ဆိုတော့ ကြာလှပြီ။ သူတို့ လူတွေကလည်း များကြပြီ။ စီးပွားဖြစ်ပြီး လူချမ်းသာတွေလည်း ရှိနေပြီ။

မိတ်ဆွေ - ကဲပါဗျာ။ ၁၉၄၈ ခုနှစ် နိုင်ငံသားဖြစ်မှု ဥပဒေမှာ ဒီလောက် သိရလျှင် ကျေနပ်ပါပြီ။ မကုန်သေးဘူးလား။

မိမိ - ပြီးတော့ ပါမယ်ဗျာ။ အရေးကြီးတာလေး တစ်ချက်ကို ထည့်ပြောချင်လို့ပါ။ ဒါတောင်ခင်ဗျားကို အကုန်ပြောတာမဟုတ်ပါ ဘူး။ သိထားသင့်တယ် ထင်လို့ ပြောတာဗျ။ အဲဒါကတော့ အဲဒီဥပဒေ ပုဒ်မ ၁၃ မှာ ပြည်ထောင်စုနိုင်ငံ၏ လက်နက်ကိုင် တပ်ဖွဲ့များတွင် ကာလ အပိုင်းအခြား ဆက်လျက် ဖြစ်စေ၊ မဆက်ဘဲ ဖြစ်စေ စုစုပေါင်း သုံးနှစ်ထက် မနည်း သစ္စာရှိစွာ အမှုထမ်းခဲ့သော သူသည် အမှုထမ်းနေ စဉ်သော်လည်းကောင်း၊ အမှုထမ်း ရပ်စဲပြီးနောက် ခြောက်လအတွင်း၌ သော်လည်းကောင်း နိုင်ငံသား ပြုစေလိုကြောင်း လျှောက်ထားလျှင် ထို့ပြင် အောက်ပါ ခြွင်းချက်များမှ တစ်ပါး ဤအက်ဥပဒေရှိ အခြား ပြဋ္ဌာန်းချက်အားလုံးကို အပြည့်အစုံ လိုက်နာလျှင် ထိုသူအား နိုင်ငံသား ပြု လက်မှတ်ကို ပေးအပ်နိုင်သည်လို့ ဆိုထားတယ် -
(၁) ကြံရွယ်ခြင်းကို ကြိုတင် အကြောင်းကြားရန် မလို၊
(၂) ပြည်ထောင်စု အတွင်းတွင် နေထိုင်ခဲ့ရန် မလို၊
မိတ်ဆွေ - ခင်ဗျားပြောတော့ အရေးကြီးတာလေးဆို ဘာကို ဆိုလိုချင်တာလဲဗျ။

မိမိ - ဒီလိုဗျ။ လွတ်လပ်ရေး မရမီက အင်္ဂလိပ်စစ်တပ်နှင့် ပါလာပြီး ဗမာ့တပ်မတော်မှာ လွှဲပြောင်း တာဝန်ထမ်းဆောင်တဲ့ အိန္ဒိယ၊ ပါကစ္စတန်နဲ့ ဂေါ်ရခါး လူမျိုးတွေ ရှိတယ်။ တချို့က အဲဒီခေတ် အခေါ်အဝေါ် ပုလိပ်တပ်ဖွဲ့လည်း ရှိတယ်။ မြန်မာနိုင်ငံမှာ အနေကြာ လာပြီး လက်နက်ကိုင် တပ်ဖွဲ့မှာလည်း အမှုထမ်း ခဲ့လေတော့ သူတို့ရဲ့ သစ္စာရှိမှုကို ထောက်ထားသောအားဖြင့် ဒီအချက်ကို ခွင့်

ဆက်ဖတ်ရန်
ပို့စ်တင်သူ ။.............။ Ganda on
0 ( မှတ်ချက်ရေးချင်ရင် )
ခေါင်းစဉ်အလိုက်ပို့စ်များ |

လောကရှိ လူသားတို့သည် ချမ်းသာတယ်။ ဆင်းရဲတယ်စသည်ဖြင့်
အမျိုးမျိုးပြောနေကြသော်လည်း တကယ့်အစစ်အမှန်ချမ်းသာသည် (၄)မျိုးပင်
ရှိပေသည်။ ၎င်းတို့မှာ

၁။ သူတစ်ပါး နှစ်သက်တပ်မက်လောက်၍ လုယက်ခိုးယူနိုင်သော
ပစ္စည်းဥစ္စာများ မရှိသူသည် သူ့မှာ သိမ်းဆည်းသိုးမှီစရာမလိုသောကြော
င့်
စိတ်ပူပန်ပူမရှိ၊ သွားချင်ရာသွားနိုင်ပြီး နောက်ကိုလှည့်ကြည့်
တွေးတောပူပန်စရာမလိုဘဲ
စိတ်လွတ်လပ် ပေါ့ပါးသော ချမ်းသာသုခ။

၂။ မိမိမှာ ပစ္စည်းဥစ္စာပြည့်စုံ၍ လှူချင်တိုင်းလှူ၊
ပေးကမ်းချင်တိုင်း ပေးကမ်းနိုင်ကာ သုံးချင်သလိုသုံးနိုင်သော ချမ်းသာသုခ။

၃။ သူတစ်ပါးကို ပေးကမ်းနိုင်အောင်လည်း မချမ်းသာ၊ သူတစ်ပါးထံမှ
အကြွေး ယူလောက်အောင်လည်း မဆင်းရဲဘဲ အလယ်အလတ် သင့်တင့်လျောက်ပတ်စွာ
နေနိုင်စားနိုင်၍ အကြွေးမတင် အကြွေးတောင်းခံရခြင်းမှ
ကင်းဝေးသော ချမ်းသာသုခ။

၎။ မကောင်းမှုလုပ်ပြီးမှ စားရေးဝတ်ရေး နေရေးထိုင်ရေး
အဆင်ပြေမှာမဟုတ်၊ လူ့ဘ၀လေးရရှိချိန်မှာ မကောင်းမှုလုပ်မှ အသက်ရှင်
နေထိုင်ရမည်ဆိုတာ လက်မခံဘဲ အသက်ရှည်နေတဲ့ လူ့ဘ၀လေးကို မကောင်းမှုမလုပ်ဘဲ
ကောင်းမှုများသာလုပ်ပြီး
အသက်ရှင်ဟု ဆုံးဖြတ်ကာ မကောင်းမှုမှရှောင်ကြဉ်သော ချမ်းသာသုခ။

လူသားတိုင်းတွင် အထက်ဖော်ပြပါ ချမ်းသာ(၄)မျိုးအနက်
တစ်မျိုးမျိုးသော် လည်းကောင်း နှစ်မျိုးသော်လည်းကောင်း ချမ်းသာသုခနဲ့
ပြည့်စုံနေသော ပုဂ္ဂိုလ်များချည်း ဖြစ်ပေလိမ့်မည်။ သို့ဖြစ်၍ မိမိမှာ
ချမ်းသာသုခ ရှိတယ်ဆိုတာ မမေ့သင့်ပါ။

သို့ရာတွင် တကယ်ရခဲလှတဲ့ လူ့ဘ၀လေးရရှိနေချိန် သိနိုင်ခဲတဲ့
အသိဉာဏ်ဗဟုသုတများ ရှိနေတဲ့လူ့ဘ၀လေး တခဏတာ ရှင်သန်နေချိန်တွင်
အထက်ပါချမ်းသာ(၄)မျိုးမှ နံပါတ်(၄)အချက်ကို အဓိကထား၍
ပြည့်စုံအောင် လိုက်နာ ကျင့်သုံးရန် အထူးလိုအပ်ပါလိမ့်မည်။

တကယ်တော့ လူ့ဘ၀ဆိုတာ ခဏလေးပါ။ ဒီခဏတာ ရနိုင်ခဲတဲ့ ဘ၀လေးမှာ
မိမိအတွက်ပါမည့် ကောင်းမှုများမလုပ်ဘဲ မကောင်းမှုများလုပ်ပြီး
ကုန်ဆုံးသွားမည်ဆိုလျှင် လူသားတို့ကိုလည်း အကျိုးမပြု မိမိကိုယ်ကိုလည်း
အကျိုးမရှိ၍ အလဟဿ ဆန်ကုန်မြေလေးသော လူသားတစ်ဦးဖြစ်ကာ လူ့ဘ၀၏တန်ဖိုး နှမြောစရာ
ဘယ်လောက်များ ကောင်းလိမ့်မည်နည်း။

နောင်တဆိုတာ နောင်မှရတတ်၍ နောင်တလို့ခေါ်ဆိုသော်လည်း သတိမရှိ
တရားမရှိ ဉာဏ်ပညာနည်းပါးသူတို့ကြောင့် ဖြစ်ပေါ်လာသော စကားလုံးဟု သတ်မှတ်ကာ
ငါသည် လူ့ဘ၀၏တန်ဖိုးကို ဒု၊ သ၊ န၊ သော
သူဌေးသားလေးယောက်ကဲ့သို့ နောက်ဘ၀ မကောင်းကျိုးခံစားရမှ နောင်တမရအောင် ယခု
ရနေတဲ့လူ့ဘ၀လေးကို အကျိုးရှိအောင် အသုံးချမည့်ဟု စိတ်ဆန္ဒများ ဆုံးဖြတ်ကာ
ပြုလုပ်လိုက်နာကျင့်သုံးကြပါစေလို့ ဆန္ဒပြုလိုက်ရပေသည်။
Prev: ဗုဒ္ဓဘာသာဝင်တို့ သိသင့်သော ဘာသာရေး အမေး+အဖြေ (2) ဘဒ္ဒန္တတိလောကသာရ.ဖြေသည်
Next: သြကာသ နှင့် ဆုတောင်းအဖွင့်

ဆက်ဖတ်ရန်
ပို့စ်တင်သူ ။.............။ thadawa on Wednesday, 11 April 2012
0 ( မှတ်ချက်ရေးချင်ရင် )
ခေါင်းစဉ်အလိုက်ပို့စ်များ |

ယာဝဒေ၀ အနတ္တာယ၊ ဥတ္တံ ဗာလဿ ဇာယတိ။
ဟန္တိ ဗာလဿ သုကံ္ကတံ၊ မုဒ္ဓမဿ ၀ိပါတယံ။

သူမိုက်၏ အတတ်ပညာသည် သူမိုက်အား အကျိုးမဲ့ရန်အတွက်သာ ဖြစ်၏။ ကုသိုလ်အဖို့ အစုကို ဖျက်ဆီး၏။ ပညာဦးထိပ် ကို ပြတ်ကျစေတတ်၏။ (ဗာလ၀ဂ်- ဓမ္မပဒ)
တစ်ခါတစ်ရံမှာ အခြားသူတစ်ဦးကို အပြစ်ပြောလိုက်ချင်ပေမယ့် အပြစ်တင်ထိုက်တဲ့သူဟာ ဘယ်သူလဲ ဆိုတာကို စဉ်းစား မရခဲ့တာနဲ့ပဲ ကြုံခဲ့ရတယ်။ ကျွန်တော်ကိုယ်တိုင်လည်း အပြစ်ကင်းပါတယ်လို့ ဆိုလို့မရနိုင်အောင် ကျွန်တော် အတွင်းစိတ်က သိနေတာကြောင့်ပဲထင်ပါတယ်။ ဒီတော့ အပြစ်ရှာမကြည့် ချင်တော့ဘူး။ အပြစ်ရှာကြည့် ရင် အပြစ်တွေ့ နေဦးမယ်။ လိုချင်တာ အပြစ်မဟုတ်ဘူး။ လိုချင်တာက အဖြေ။ ဒါကြောင့် အဖြေရှာကြည့်ရအောင်ပါ။ အဖြေတွေ့လို တွေ့ငြားပေါ့။
လွန်ခဲ့တဲ့နှစ်လလောက်က ရွာပြန်ရောက်ခဲ့တယ်။ ကျွန်တော်ရောက်တယ်ဆိုရင်ပဲ တစ်ခြားရွာဘက်က မူလတန်း ကျောင်း ဆရာ/မ တွေက ဖိတ်ကြတယ်ဗျ။ အကြောင်းကတော့ဗျာ တစ်ချိန်တုန်းက ကျွန်တော်ဆက် သွယ်ပေးမှုနဲ့ စာသင် ကျောင်းတစ်ကျောင်းမှာ စာရေးခုံ၊ ကုလားထိုင်၊ စားပွဲခုံ၊ ဗီရို စသဖြင့် စုံစုံလင်လင်လေး အလှူခံလို့ရလိုက်တယ်ပေါ့။ ပထမ တစ်ကျောင်းက အဆင်ပြေသွားတော့ နောက်ထပ် ကျောင်းလေးကျောင်း ကျွန်တော့်ကို လိုက်ပြတယ်။ ကိုသုခရယ် ကူညီပါ အုံးပေါ့။ ကျွန်တော် နည်းနည်းတွန့်သွားတယ်။ အကြောင်းက ဘယ်လိုလုပ်ပြီး အလှူရှင်ရှာရမယ်မှန်းမသိလို့ပါ။ ကိုယ်ကလည်း ဒီလောက်ကြီး မစွမ်းဆောင်နိုင်သေးတာက အဓိကအကြောင်းရင်းပါပဲ။
ကလေးတွေ စာသင်နေရတယ်။ သိပ်သနားစရာကောင်းတယ်။ သမံတလင်းမှာ ဖျာခင်းပြီးသင်ရတယ်။ တစ်ချို့လည်း ဖျာမရှိ ပကတိ အခင်းဗလာနဲ့ ၇ ပေ လောက်ရှည်တဲ့ တစ်တောင်လောက်စာပွဲမှာ ကြပ်ကြပ် ညပ်ညပ်ထိုင်ပြီး စာသင်ကြရတယ်။ ဒါကတစ်ကျောင်း။ နောက်တစ်ကျောင်းက ခုံရှည်တွေတော့ရှိပါတယ်။ မြေကြီးက ဗလာ။ မိုးကာလ မို့ထင်ပါရဲ့။ ကျောင်းခန်းထဲမှာ ဗွက်တွေနဲ့။ နွေကာလဆို ဖုန်တွေထမှာ မြင်ယောင်သေးတယ်။ ဆရာက ဗွက်မရှိတဲ့ မြေကွက်မှာ ခုံခင်းပြီး စာသင်တယ်။ မြန်မာတွေ တော်ပါပေတယ်လို့ ကျွန်တော်ချီးကျူးရမလိုပဲ။ ကျွန်တော် ဒီလိုကျောင်းမျိုး မှာ စာမသင်ခဲ့ဖူးဘူး။
ကျွန်တော်က စကားကြုံရင် ငယ်ငယ်က ကျွန်တော်နေခဲ့ရတဲ့ကျောင်း အကြောင်းကို ပြန်ပြန်ပြောပြဖြစ်တယ်။ ကျွန်တော်ပြောပြပါဦးမယ်။ ကျွန်တော်တို့ကျောင်းသည် အီး ပုံသဏ္ဍာန်ဖြစ်ပါတယ်။ ကျောင်းရဲ အစွန်နှစ်ဘက်က ဗာဒံပင် ခပ်ကြီးကြီး တစ်ပင်စီ နေရာယူထားကြပါတယ်။ အလယ်မှာ စိန်ပန်းနီပင်ကြီးတစ်ပင်က (လူကြီးနှစ်ဖက် စာနီးပါး ရှိမယ်ထင်ပါတယ်) နေရာယူထားပါတယ်။ ကျောင်းသည် ပျဉ်ထောင်ပျဉ်ခင်းကျောင်းဖြစ်ပါတယ်။ ကျောင်း နောက်ဘက်မှာ မလေးရှား ပိတောက်ပင်တွေနဲ့ မယ်ဇလီပင်တွေ တစ်တန်းကြီးစိုက်ပျိုးထားပါတယ်။ အရိပ်အာဝါသ လည်း အလွန်ကောင်းပါတယ်။ ထို အပင်တန်းတွေရဲ့နောက်ဘက် ကိုက် ၅၀ လောက်အကွာမှာ ယင်လုံအိမ်သာတွေ တန်စီပြီးဆောက်ထားပါတယ်။ ကျား/မ နှစ်မျိုးခွဲပြီး ဆောက်ထားပါတယ်။
အစွန်နှစ်ဘက်က ဗာဒံပင်တစ်ပင်စီရဲ့ရှေ့မှာ ပန်းခြံတစ်ခုစီရှိပါတယ်။ ပန်းခြံထဲမှာ လျှော၊ စီဆောမောင်းနင်း၊ ဒန်း၊ စတဲ့ ကစားကွင်းလေးပါရှိပါသေးတယ်။ ပန်းခြံနှစ်ခုရဲ့ ရှေ့တည့်တည့် ဟိုဘက်ထိပ် ဒီဘက်ထိပ် ထိအောင်ဘောလုံးကွင်း ရှိပါတယ်။ ကျောင်းဝန်းတစ်ခုလုံး စည်းရိုးအပြည့်ကာရံထားပါတယ်။ ကျောင်းဝင်းတံခါးကို စနစ်တကျထားရှိပါတယ်။ ကျောင်းပေါ်ကိုတက်ကြည့်ပါ။ သောက်ရည်အိုးစင်နှစ်ခုရှိပါတယ်။ ကျောင်းအုပ်ကြီး ရုံးခန်းသီးသန့်ရှိပါတယ်။ ဘုရားဝတ်ပြု တဲ့ဟောခန်းကိုတော့ သူငယ်တန်း၊ ပထမတန်း၊ ဒုတိယတန်း ကျောင်းသား တွေနေတဲ့အခန်းတွေကို ဟောခန်းဖန်တီးပြီး မနက်တိုင်း ဘုရားဝတ်ပြုကြတယ်။ ပျဉ်ခင်းထားလို့ ထိုင်စရာအထူး အထွေရှာရန်မလိုပါဘူး။ ဖိနပ်တွေကို အခန်းဝ အောက်အဆင့်မှာ အမြဲချွတ်ရပါတယ်။ ကျောင်းပေါ်မှာ ဖိနပ်မစီးရ ပါဘူး။ ကျောင်းစာကြည့်တိုက်ရှိပါတယ်။ တေဇ၊ ရွှေသွေး၊ မိုးသောက်ပန်း၊ ဇာတ်ကြီး ၁၀ ဘွဲ့ စတဲ့သုတရသ ဘာသာရေး စာပေကအစ အားလုံးထားရှိပေးပါတယ်။
ကျွန်တော် ကျောင်းစတက်တော့ ကျောင်းကြောက်ပါတယ်။ ပထမတန်းလောက်ရောက်တဲ့အခါ အိမ်မှာနေရမှာ ကြောက်ပါတယ်။ ကျောင်းကိုပျော်တယ်။ စာသင်ချင်တယ်။ စတုတ္ထတန်းရောက်တဲ့အခါမှာ ဇာတ်ကြီး ၁၀ ဘွဲ့ကို ဖတ်နိုင်နေ ပါပြီ။ တစ်ခြားစာတွေကို လက်တည့်စမ်းပြီးဖတ်နေပါပြီ။ လစဉ် ကျောင်းအာဟာရ ကျွေးပွဲတွေ ရှိပါတယ်။ ကျောင်းကျန်းမာရေး ဟောပြောပွဲတွေလုပ်ပါတယ်။ ကျောင်းအားကစားပြိုင်ပွဲတွေ၊ ပညာထူးချွန် ဆုပေးပွဲတွေ လုပ်ပါတယ်။ ခုလို ကျောင်းအကြောင်းကို ပြောပြတော့ ကျွန်တော်နေတာ မြို့ကျောင်းလား လို့ထင်စရာ ရှိပါတယ်။ မဟုတ်ပါဘူး။ တောကျောင်းပါ။ စီမံတဲ့သူတွေ ကောင်းလို့သာ ခုလိုကောင်းကောင်း မွန်မွန် နေရတာပါ။
ဒီတော့ ကလေးတွေစာသင်နေရတာ သနားစရာကောင်းတယ်လို့ ကျွန်တော်ပြောလိုက်တာ လွန်တယ်လို့ ကျွန်တော်မထင်မိဘူး။ အထက တွေကို လိုက်မကြည့်ဖူးပါ။ မူလတန်းကျောင်းတွေကို စိတ်ဝင်စားတာကြောင့် လိုက်ကြည့် မိပါတယ်။ မေးမြန်းကြည့်ပါတယ်။ ကလေးတွေဖတ်စရာ စာစောင်မရှိပါ။ စာကြည့်တိုက်မရှိပါ။ ကစားရန် ကစားကွင်းမရှိပါ။ ကလေးတွေ ကျောင်းစာကို အသည်းအသန်ကြည့်နေရတာကြောင့်လား၊ ကစားချိန်၊ စာဖတ်ချိန် မရှိတာကြောင့်လား၊ စီမံသူများ သတိမေ့လျော့မှုကြောင့်လား၊ ထိုထို သောအကြောင်းတရားတွေကြောင့်လား မသိပါ။ ရောက်ခဲ့သော ကျောင်းများတွင် ထိုသို့တွေ့ရသည်ချည်းပင်။ အလွန်ဝမ်းနည်းနေမိသည်။
ကျွန်တော်ပြောခဲ့ပါပြီ။ အဖြေရှာကြည့်တာပါ။ အပြစ်ရှာခြင်းမဟုတ်ပါ။ ကျွန်တော်တွေ့သည့်အဖြေကတော့ စီမံသူများ ညံ့တယ်လို့ယူဆပါတယ်။ ထို့ကြောင့် စီမံသူများကို အကြံပေးလိုပါသည်။ သို့သော် ကျွန်တော့်တွင် ထိုသူများလေးစားလောက်သည့် အရည်အသွေးမရှိသဖြင့် ကျွန်တော့်အကြံဥာဏ်သည် လူရာဝင်မည်မဟုတ်ပါ။ ကျွန် တော့်တွင် ထိုကျောင်းများအတွက် ထောက်ပံ့ပေးနိုင်သော အခြေအနေရှိလျှင် ထိုသူများကို မိမိလိုရာသို့ ခေါ်ဆောင် နိုင်လိမ့်မည်ဟု ယူဆနေမိသည်။ သို့သော် ထိုအတွေးသည်လည်း ထောက်ပံ့မှုမပါလာခြင်းကြောင့် ဖြစ်ပေါ်တိုးတက် လာမည်မဟုတ်ပါ။ ဘာပဲဖြစ်ဖြစ် ကျွန်တော်ထင်မြင်မိသမျှကိုတော့ တစ်ဖက်သတ်အကြံပြုလိုက်ပါဦးမည်။
တောရွာရှိစာသင်ကျောင်းများတွင် တက်ရောက်နေသော ကျောင်းသားများသည် ထိုကျေးရွာများတွင် နေထိုင်ကြသော အမိအဖတို့၏ သားသမီးများပင်ဖြစ်ကြပါသည်။ ထို့ကြောင့် ထိုကျောင်းခန်းသည်လည်း ထိုအမိအဖ တို့က (အစိုးရမင်းတို့၏ ထောက်ပံ့မှုမရခဲ့လျှင်သော်လည်းကောင်း၊ ကြန့်ကြာနေခဲ့လျှင်သော်လည်းကောင်း) ကြည့်ရှု သင့်သည်ဟု ထင်ပါသည်။ တစ်ရွာလုံးစုကြေးဖြင့် စာကြည့်စာပွဲ၊ စာရေးခုံ၊ ထိုင်ခုံ စသဖြင့် တတ်နိုင်သမျှ နှစ်စဉ်လုပ်ဆောင်၍ လှူဒါန်းခဲ့လျှင် ထားစရာ ပင်ရှိမည်မထင်။ တစ်အိမ်ထောင်စီ တစ်လလျှင် ရွှေသွေး၊ တေဇ၊ မိုးသောက်ပန်း စသဖြင့် တစ်စောင်စီဝယ်၍ မိမိဖတ်ပြီးမှ စာသင်ကျောင်းကိုလှူဦးတော့ ထိုကျောင်းတွင် စာကြည့်တိုက် တစ်ခု ကောင်းကောင်းဖြစ်ထွန်းလာနိုင်သည်။
အပြစ်မရှိသော အားနည်းချက်များ ဖြစ်ကောင်းဖြစ်နိုင်ပါသည်။ စေတနာတရားမချို့သော မြန်မာများ ဖြစ် ကြောင်းနားလည်ထားပါသည်။ အမျိုးကိုချစ်လျှင် ပညာရေးကို မြှင့်တင်ဖို့ အကြံပြုချင်သည်။ မျက်စိကိုဖွင့်ကြပါ။ နားကို ဖွင့်ကြပါ။ အတ္တစိတ်ကိုလျော့ကြပါ။ ဘ၀ဆိုသည်မှာ ထီတည်းရပ်တည်နေနိုင်တာမျိုးမဟုတ်ခဲ့ပါ။ အဖွဲ့အစည်း အသိုက် အ၀န်းဖြင့်နေကြသူများသာ ဖြစ်ကြပါသည်။ နိမ့်ကျနေသူများကို လက်တွဲခေါ်ယူဖို့ အကြံပြုပါရစေ။ ငတ်မွတ်နေသူများ ကိုအဟာရပေးဖို့ အကြံပြုပါရစေ။ မိမိလောဘကိုလျော့ပြီး လိုအပ်သည့်နေရာများတွင် ဖြည့်စွက်ကူညီခြင်းဖြင့် ဘ၀ကို အသုံးချဖို့ အကြံပြုပါရစေ။
လူမိုက်ဆိုတာ အကောင်းအဆိုးကို ခွဲခြားတတ်သော အသိမရှိသူလို့ ဖွင့်ဆိုလို့ရနိုင်မည်ဆိုလျှင် ထိုအသိမရှိ သူ တတ်သောပညာသည် ထိုသူကိုဖျက်ဆီးဖို့ရန်ဟု ရှင်တော်ဘုရားဟောတော်မူခဲ့ပါသည်။ အကောင်းအဆိုခွဲခြား တတ်မှုကို ပညာရေးကသာ ပေးစွမ်းနိုင်မည်ဟု ထင်ပါသည်။ ထိုပညာရေးကို ဖော်ဆောင်ပေးဖို့ရာ၊ စာသင်ကျောင်းများ အတွက်လိုအပ်ချက်များကို ဖြည့်ဆည်းပေးဖို့ရာ အသိရှိသူများကို တိုက်တွန်းလိုပါသည်။
သစ်ရွက်များသည် နွမ်းရော်ကြွေလွင့်သွားသည့်အခါ မြေသြဇာအဖြစ်ဖြင့် သူရှင်သန်ခဲ့ရာ မြေကမ္ဘာကို အကျိုး ပြုခဲ့ပါသည်။ သစ်ရွက်တိုင်းက ထိုတာဝန်ကို ထမ်းဆောင်ကြသည်။ ထိုသစ်ရွက်များအတွက် ဂုဏ်ယူမိပါသည်။ လူသည် သစ်ရွက်မဟုတ်ပါ။ သစ်ရွက်ထက်သာသော အရာဖြစ်ပါသည်။ မိမိရှင်သန်ခဲ့ရာ လူ့ဘောင်ကို အကျိုးဆောင် ပေးရန်တာဝန်ရှိသည်ဟု ယုံကြည်ပါသည်။ အသက်ရှင်သန်နေချိန်မှသည် ကြွေလွင့်ပျောက်ကွယ်သွားသည်ထိ အကျိုးပြုအောင် စွမ်းဆောင်နိုင်စွမ်းရှိသူများလည်း ဖြစ်ကြသည်။ စွမ်းဆောင်ခဲ့သူများလည်း အထင်အရှားပင်ရှိခဲ့သည်။ ထိုသူတို့ တာဝန်ကျေခဲ့ကြသည်။ ဒါကြောင့်လည်း ကျန်ရှိနေသေးသော ကျွန်တော်တို့တစ်တွေရဲ့ သမိုင်းစာမျက်နှာမှာ တာဝန်မကျေခဲ့ပါ လို့ နှောင်းလူတို့ မှတ်တမ်းပြုလိုက်မှာ စိုးရွံ့နေမိပါသည်။

ဆက်ဖတ်ရန်
ပို့စ်တင်သူ ။.............။ မောင်သိရီ on
0 ( မှတ်ချက်ရေးချင်ရင် )
ခေါင်းစဉ်အလိုက်ပို့စ်များ |

အကုသိုလ် နှင့် ပန်းတိုင် - ရဝေနွယ်(အင်းမ)

တစ်ခါတုန်းက အလွန်လှတဲ့ ဗာရာဏသီမင်းတစ်ပါး ရှိပါတယ်။ သူ့ကိုမြင်လိုက်ရ တဲ့သူတွေဟာ ထပ်ခါထပ်ခါ ပြန်ကြည့်ချင်စိတ် ဖြစ်ကြရပါတယ်တဲ့။ တစ်နေ့တော့ ဗာရာဏသီမင်းဟာ မြို့ထဲကို လှည့်လည် ပါတယ်။ တစ်နေရာ အရောက်မှာတော့ သူဋ္ဌေး တစ်ယောက်ရဲ့ မယားက လေသာ ပြတင်းပေါက်ကနေ မင်းကို ရပ်ကြည့် နေပါတယ်။ မင်းလည်း ရပ်ကြည်နေတဲ့ အမျိုးသမီးကို မြင်ပြီးတပ်မက်တဲ့ ရာဂစိတ် တွေဖြစ်သွား ပါတယ်။ ဒီတော့ အမတ်တစ်ယောက်ကို ခေါ်ပြီး “အဲဒီမိန်းမမှာ ယောက်ျား ရှိမရှိ” စုံစမ်း ခိုင်းပါတယ်။ အမတ်ကလည်း စုံစမ်းပြီး ယောက်ျားရှိကြောင်း ပြန်လျှောက်ပြပါတယ်။ မင်းဟာဖြစ်နေတဲ့ တပ်မက်စိတ်တွေကို ကြည့်ပြီး “ငါဟာ နတ်သမီးတွေလို လှနေတဲ့ မောင်းမမိဿံ နှစ်သောင်း အလယ်မှာ တစ်ယောက်တည်း အလိုရှိသလို ပျော်မွေ့နေတယ်။ ဒီမိန်းမ နှစ်သောင်းနဲ့ ရောင့်ရဲခြင်း မရှိဘဲ သူတစ်ပါး မယားအပေါ်မှာ ရာဂစိတ်တွေ ဖြစ်လိုက် သေးတယ်၊ ဒီတဏှာ ရာဂဟာ အပါယ်ကို ဆွဲချလိမ့်မယ်” လို့ တဏှာရာဂ အပြစ်ကို ဉာဏ်နဲ့ ကြည့်ပါတယ်။ ဗာရာဏသီမင်းက ဆက်ပြီး “ငါ ဒီတဏှာရာဂကို အခုပဲရှင်းပစ် မယ်” ဆိုပြီး မင်းအဖြစ်ကိုစွန့်ပြီး ရဟန်းပြု လိုက်ပါတယ်။ ရဟန်းဘဝနဲ့ပဲ ဝိပဿနာတရား ကိုကြိုးကြိုးစားစား အားထုတ်လိုက်တာ ပစ္စေကဗုဒ္ဓါ ဖြစ်သွား ပါတော့တယ်။
သုတ္တနိပါတ်အဋ္ဌကထာ ပထမတွဲ
ခဂ္ဂဝိသာဏသုတ်၊ စာမျက်နှာ ၁၁၁၊၁၁၂။
ဗာရာဏသီမင်း ဖြစ်လိုက်တဲ့ ရာဂစိတ်က တကယ်ဆို အကုသိုလ်ပါ။ ဒါပေမယ့် ဗာရာဏသီ မင်းကတော့ အဲဒီ အကုသိုလ်စိတ်ကိုပဲ အမှီပြုပြီး လမ်းဆုံးပန်းတိုင် တစ်ခုဆီ အရောက်လှမ်းနိုင် ခဲ့ပါတယ်။ ဒီတော့ အကုသိုလ် ဖြစ်တိုင်းလည်း ကြောက်စရာ မလိုပါဘူး။ အကုသိုလ်ကနေ ကုသိုလ်ဖြစ်အောင် ပြန်လုပ်ယူရမှာပါ။ ပြန်လုပ်ယူနည်း တွေလည်း မြတ်စွာဘုရားကဟောပြထားတာပါ။ အကုသိုလ် ဖြစ်တိုင်း စိတ်ဆင်းရဲ နေရမယ်ဆိုရင် တစ်သက်လုံး စိတ်ဆင်းရဲနေ ရတော့မှာပါ၊ သာသနာဟာ အားလုံးရဲ့ ထောက်ရာ တည်ရာ အားကိုးရာပါ။ ကိလေသာ မကင်းသေးတဲ့ ပုထုဇဉ်ဘဝမှာ အကုသိုလ်ကတော့ ပြုမိကြမှာပါပဲ။ ဒါပေမယ့် ပြုမိတဲ့ အကုသိုလ်ကို အမှီပြုပြီး စီးပွားရေး စကားနဲ့ ပြောရမယ် ဆိုရင်တော့ ဖြစ်လာတဲ့ အကုသိုလ်ကိုပဲ အရင်းအနှီး လုပ်ပြီး ကုသိုလ်ကုန်ချော ပြန်ထုတ် ယူရမှာပါ။ တစ်ဆင့် မြှင့်ပြီး ပြောရရင် ဝိပဿနာ ကုန်ချောအထိ ဖြစ်အောင် ကြိုးစားကြရမှာပါ။ ဗာရာဏသီ မင်းဟာ ဖြစ်ပေါ်လာတဲ့ အကုသိုလ် ကိုပဲ အရင်းအနှီး လုပ်ပြီး ပစ္စေက ဗုဒ္ဓါ ဖြစ်သွားတာပါ။ မနက်အိပ်ရာက နိုးရင်မထသေးဘဲ ကိုယ့်ကိုယ်ကို တိုးတိုးလေး ပြန်မေးသင့်တဲ့ မေးခွန်း တစ်ခုရှိပါတယ်။
လူ့ဘဝ ရောက်လာတာ ဘာလုပ်ဖို့လဲ?
အဖြေကတော့ လမ်းသုံးသွယ်ကို အာရုံပြုကြည့်ရမှာပါ။
လမ်းသုံးသွယ် ရှိပါတယ်။ ကံလမ်းရယ်၊ ဈာန်လမ်းရယ်၊ ဉာဏ်လမ်း ရယ်ပါ။ ဒါန သီလတွေ ပြုတာက ကံလမ်းက သွားတာပါ။ ကံလမ်းက သွားရင် လူ့ပြည်၊ နတ်ပြည်ကို ရောက်ပါတယ်။ သမထ တရားတွေ ပွားများအားထုတ် တာက ဈာန်လမ်းက သွားတာပါ။ ဈာန်လမ်းက သွားရင်ဗြဟ္မာ့ပြည်ကို ရောက်ပါတယ်။ ဝိပဿနာ တရားတွေ ပွားများ အားထုတ်တာက ဉာဏ်လမ်းက သွားတာပါ။ ဉာဏ်လမ်းကသွားရင် နိဗ္ဗာန်ကို ရောက်ပါတယ်။ ဗုဒ္ဓဘာသာဝင် တစ်ယောက်ရဲ့ ပန်းတိုင်ဟာ နိဗ္ဗာန်ပါ။ နိဗ္ဗာန် ရောက်ဖို့ အတွက် ဉာဏ်လမ်းက သွားရမှာပါ။ ဒီတော့ ကံလမ်း၊ ဈာန်လမ်းလောက် နဲ့ တင်းတိမ်နေလို့ မရပါဘူး။ ဉာဏ်လမ်းခေါ်တဲ့ ဝိပဿနာ တရားကိုလည်း အားထုတ်ရဦး မှာပါ။ ပြီးတော့ လမ်းသုံးသွယ်ကို အာရုံပြုလိုက်ရင်လည်း ရာထူးဌာနန္တရ, ငွေကြေးဥစ္စာ, ခြွေရံသင်းပင်း ဆိုတာတွေလည်း ဘာမှမဟုတ်တော့ပါဘူး။ လူ့ဘဝတော့ ရောက်လာပါရဲ့ ဒါပေမယ့် လူ့ဘဝ ရောက်လာပြီး ဒီဝိပဿနာ တရား လေးမှ အားမထုတ်ရဘဲ သေသွားရတယ် ဆိုရင်တော့ လူ့ဘဝရလာတာ မတန်ပါဘူး။ ဝိပဿနာတရား အားမထုတ်ရဘဲ သေသွားကြရတဲ့ သူတွေလည်း အများကြီးရှိမှာပါ။
ဉာဏ်လမ်းခေါ်တဲ့ ဝိပဿနာ တရားဟာ သာသနာတွင်း ကာလမှာပဲ ရရှိတာပါ။ သာသနာပ ကာလမှာမရပါဘူး။ သာသနာပ ကာလမှာ ကံလမ်းနဲ့ ဈာန်လမ်းပဲ ရှိတာပါ။ ဆိုလိုတာက ကံလမ်း၊ ဈာန်လမ်း လောက်နဲ့ စိတ်မချရ သေးပါဘူး။ ဉာဏ်လမ်းခေါ်တဲ့ ဝိပဿနာ တရားအားထုတ်ပြီး အနည်းဆုံး သောတာပန်ဖြစ်မှ ဘဝကစိတ်ချရတာပါ။ သောတာပန် ဖြစ်သွားရင်တော့ အပါယ် မကျတော့ပါဘူး။ သောတာပန် ဖြစ်အောင် အားမထုတ်နိုင် သေးရင်တောင် အငယ်စား သောတာပန် လို့ခေါ်တဲ့ စူဠသောတာပန် အဆင့်လောက်တော့ ရအောင် အားထုတ်ကြရမှာပါ။ စူဠ သောတာပန်ဆိုတာ အကြောင်းနဲ့ အကျိုးကို ခွဲခြားသိတဲ့ ပစ္စယပရိဂ္ဂဟဉာဏ် အထိ ရောက်တဲ့ ယောဂီကို စူဠသောတာပန်လို့ ခေါ်တာပါ။ စူဠသောတာပန် ဖြစ်ရင်လည်း သုဂတိဘဝ မြဲတယ်လို့ ဆိုပါတယ်။ ဉာဏ်စဉ်အတိုင်း ပြောမယ်ဆိုရင်တော့ ပစ္စယပရိဂ္ဂဟဉာဏ်က ဒုတိယဉာဏ်စဉ် ပါ။ ပထမဉာဏ်စဉ်က နာမ်ရုပ်ကို ပိုင်းခြားသိတဲ့ နာမရူပ ပရိစ္ဆေဒဉာဏ်စဉ်ပါ။ ဒီဉာဏ်စဉ် နှစ်ပါးကိုတော့ တရားကို ရိုရိုသေသေ ရှုမှတ်တဲ့ ယောဂီတိုင်း တွေ့ကြ ရတာ များပါတယ်။ ဒါကြောင့် ဗုဒ္ဓဘာသာ ဝင်တိုင်း ဒီဉာဏ်စဉ် နှစ်ခုလောက်တော့ ရအောင် အားထုတ်ကြရမှာပါ။ တချို့ အလေ့အကျင့်များတဲ့ ယောဂီတွေဆို ကိုယ့်အိမ် ဘုရားခန်း ထဲမှာ ထိုင်လိုက်တာနဲ့ ဒီဉာဏ်စဉ် နှစ်ခုကို ချက်ချင်း တွေ့ကြရတယ်လို့ ဆိုပါ တယ်။ ဘဝမှာ ဝိပဿနာတရားထက် ပျော်စရာကောင်းတာ ဘာမှမရှိပါဘူး။ ဝိပဿနာ တရားတွေနဲ့ ပျော်တာပဲ ကောင်းပါတယ်။ မြတ်စွာဘုရားက ဝိပဿနာ ပီတိသုခနဲ့ ပျော်မွေ့ နေရတာဟာ လူသာမန်တွေ မဆိုထားနဲ့ နတ်သာမန်တွေ တောင်မှ မပျော်မွေ့နိုင်တဲ့ ပျော်မွေ့ခြင်းကို ရရှိပါတယ်လို့ ဟောပြထားတာပါ။ ဘယ်နေရာမှာပဲ ရောက်နေရောက်နေ၊ ဘယ်လို အခြေအနေပဲ ရှိနေနေ၊ ဘယ်လောက်ပဲ ချမ်းသာချမ်းသာ တကယ်လျှောက်ရမှာက ဉာဏ်လမ်းပါ။
ဒါတွေက ကိုယ့်ဟာကိုယ် တစ်ယောက်တည်း ရှိတဲ့အခါ လမ်းသုံးသွယ်ကို အာရုံပြု လိုက်ရင် တရားသဘောလေးတွေ ပေါ်လာတာ များပါတယ်။ အဲဒီအခါမျိုးမှာ ကိုယ့်ကိုယ်ကို အတွေးလေးနဲ့ တရားပြန်ဟောလို့ လည်းရတာပါပဲ။ တရားဟော သူလည်းကိုယ် တရားနာသူလည်း ကိုယ်ပါ။ တရားဆိုတာ သူများ ဟောမှတင် မဟုတ်ပါဘူး၊ ကိုယ့်ကိုယ် ကိုလည်း ပြန်ဟောရမှာပါ။ ကိုယ့်ကိုယ်ကို တရားဟော တယ်ဆိုတာ ကိုယ့်ကိုယ့်ကို ပြန်ထိန်းကြောင်းတာပါပဲ။ ကိုယ့်ကိုယ်ကို တရားဟောရင်း ကိုယ်ဘယ်လမ်း လျှောက်နေတယ် ဆိုတာ ပြန်ကြည့်ရမှာပါ။ ကံလမ်း၊ ဈာန်လမ်း လောက်ပဲ ရှိသေးတယ် ဆိုရင်တော့ ကျန်နေတဲ့ သက်တမ်းလေးမှာ ဉာဏ်လမ်းပေါ် ရောက်အောင် ရွှေ့ယူဖို့ပါပဲ။ ဉာဏ်လမ်းပေါ်ရောက် သွားရင် ကျန်တာတွေက ဘာမှမဟုတ်တော့ပါဘူး။ ဉာဏ်လမ်းပေါ် လျှောက်တဲ့အခါ စာအုပ်ဖတ်ပြီး လျှောက်ဖို့ဆိုတာ မလွယ်လှပါဘူး။ ဒါက အတိတ်အတိတ် ဘဝက ပါရမီပါခဲ့တဲ့ သူတွေအတွက်သာ အဆင်ပြေတာပါ။ ဒါကြောင့် ရိပ်သာတစ်ခုခုမှာ သွားပြီး နည်းသွားယူရမှာပါ။ ဆယ်ရက်, တစ်လ, ချက်ချင်းကြီး မဝင်နိုင်သေးရင်တောင် ပထမသုံးရက် ဝင်ကြည့်၊ အဆင်ပြေရင် နောက် ဒုတိယ အကြိမ်ကျတော့ ငါးရက်ဝင်ကြည့်၊ နောက်တတိယ အကြိမ်ကျတော့ ဆယ်ရက်၊ တစ်လ စသည်ဖြင့် တိုးတိုးသွားရုံပါ။ တော်တော်များများက (၆ဝ)ပြည့် ပင်စင်ယူမှပဲ အားထုတ်ဖို့ စိတ်ကူးကြတာပါ။ (၆ဝ) နောက်ပိုင်းဆို ရုပ်အို နာမ်အို ဖြစ်သွားတဲ့ အတွက် လူငယ်တစ်ယောက်လို အားထုတ်လို့ မကောင်းတော့ပါဘူး။ ဒီကြားထဲ ကျန်းမာရေး မဖောက်ဘူး လို့လည်း မပြောနိုင်ပါဘူး။ ကျန်းမာရေး ဖောက်ပြီး ခုတင်ပေါ်ရောက်မှ တရားအားထုတ်နည်း သင်ပေးရတဲ့ ကမ္မဋ္ဌာန်း ဆရာမှာလည်း စိတ်ရှိတိုင်း သင်မပေး နိုင်တော့ပါဘူး၊ ပင်စင်မယူခင် ငယ်တုန်းအားထုတ် ထားရမှာပါ။ ပင်စင်ယူပြီးတာနဲ့ အရှိန်မပျက် ဆက်အားထုတ် သွားရင် မခက်တော့ပါဘူး။
ဒီလိုပါပဲ၊ ပင်စင် မယူခင်လည်း ကံလမ်း၊ ဈာန်လမ်း၊ ဉာဏ်လမ်း ပေါ်ရောက်အောင် ရွှေ့ရွှေ့ယူသွား ရမှာပဲ။ ဥပမာ၊ ကိုယ့်ရုံးကို လူတစ်ယောက် စာရွက်တစ်ရွက် လာယူမယ်၊ တခြားကိစ္စ တစ် ခုကြောင့် ချက်ချင်း မပေးနိုင်တာကို ရောက်လာသူက မကျေနပ် စကားပြောလာမယ်၊ ဒါကို ကိုယ်က ပြုံးပြုံးလေးနဲ့ ဘာမှ ပြန်မပြောဘဲ ကာယကံနဲ့ ဝစီကံကို စောင့်ထိန်း လိုက်တာက သီလကုသိုလ် ဖြစ်သွားတာပါ၊ စာရွက်လာယူတဲ့ သူကိုကြည့်ပြီး “ငါလုပ်ပေးလိုက်တဲ့ အတွက် သူ့မိသားစု အစစအရာရာ အဆင်ပြေပါစေ”လို့ မေတ္တာပို့ပေး နေတာက သမထကုသိုလ် ဖြစ်သွားတာပါ။ ကိုယ်လုပ်ပေး လိုက်ရတဲ့ အတွက် ကျေနပ်ဝမ်း မြောက်မှုဖြစ်မယ်၊ ဒါဆို ကိုယ့်စိတ်ကိုယ် ပြန်ကြည့်ပြီး “ဝမ်းသာတယ်၊ ဝမ်းသာတယ်”လို့ ရှုမှတ်လိုက်တာက ဘာဝနာ ကုသိုလ် ဖြစ်သွားတာပါ။ ဒါက အလုပ်လုပ်ရင်း ရုံးထဲမှာတင် မြတ်စွာဘုရား လျှောက်စေချင်တဲ့ ကံလမ်း၊ ဈာန်လမ်း၊ ဉာဏ်လမ်းပေါ် ရောက်အောင် ရွှေ့ယူ လိုက်တာပါ။ ပိုက်ဆံလည်း မကုန်ပါဘူး။ ခန္ဓာရှိနေတဲ့ အတွက်၊ မိသားစု ရှိနေတဲ့ အတွက် ရာထူးဌာနန္တရ၊ ငွေကြေး ဥစ္စာတွေ ကတော့ လိုအပ် နေတာပါပဲ။ ဒါပေမယ့် ဒီရာထူး ဌာနန္တရ၊ ငွေကြေး တွေကိုပဲ ဒါနသဘော၊ သီလသဘော၊ ဘာဝနာသဘော ဖြစ်အောင် ပြောင်းယူရမှာပါ။ တစ်ခါတလေ ကျတော့လည်း ဘဝတွေက ခက်တော့ အခက်သား ပါပဲလေ။ ကိုယ့်ဘဝ ကိုယ်စိတ်တိုင်း မကျတဲ့သူက များပါတယ်။ ဒီလိုပါပဲ၊ စိတ်တိုင်းကျခြင်း မကျခြင်း တွေနဲ့ပဲ ဘဝတွေက ဖြတ်သန်း နေကြရတာပါ။ နှစ်ဆယ့်တစ် ရာစု ရဟန်း တစ်ပါးရဲ့ ဘ၀ဟာလည်း မသက်သာလှပါဘူး။ ရဟန်းနဲ့ငွေ, ငွေနဲ့ရဟန်း ဘာမှ မဆိုင်လှ ပေမယ့် ငွေမရှိပြန် ရင်လည်း အဲဒီရဟန်း တစ်ပါးအတွက် ခက်ခဲ မှုတွေနဲ့ပါ။ လူတွေဆို အထူးပြောစရာ မလိုတော့ပါဘူး။ ပုထုဇဉ် လူသား တစ်ယောက်ရဲ့ဘ၀မှာ လောကီ ကျိုးတွေကတော့ လိုအပ်ချက် တစ်ခု အနေနဲ့ကို လိုအပ်နေတာပါ။ လောကီ ကျိုးတွေကို ငဲ့လွန်း နေပြန်ရင်လည်း တရား အားထုတ်ရတာ အနှောင့်အယှက် ဖြစ်နေတတ်ပါတယ်။ ပြည့်စုံခြင်း၊ မပြည့်စုံခြင်း တွေကတော့ ရှိမြဲရှိနေမှာပါ။ အဲဒီ အထဲကမှ တရားအားထုတ် ဖြစ်နေတယ် ဆိုရင်ပဲ ဘ၀က ပြည့်စုံမှု တစ်ခုအနေနဲ့ ပြီးပြည့်စုံ နေတော့တာပါ။ တရားမှတ်နေတဲ့ အချိန် လေးဟာ လောကီ ကျိုးတွေကို မေ့နေတာက များပါတယ်။ တဒင်္ဂ မေ့နေရင် တဒင်္ဂ စိတ်ချမ်းသာ နေတာပါပဲ။
မြတ်စွာဘုရားက ပရိနိဗ္ဗာန် စံခါနီးမှာ “မမေ့ကြနဲ့၊ မမေ့ကြနဲ့” လို့နောက်ဆုံး စကား အနေနဲ့ မှာခဲ့ပါတယ်။ “မမေ့ကြနဲ့” ဆိုတာ ဝိပဿနာ တရားအားထုတ်ဖို့ မမေ့ကြနဲ့လို့ ဆိုလိုရင်း ဖြစ်ပါတယ်။ ဒါတွေကို ထောက်ပြီး လူ့ဘဝ ရောက်လာတာ ဝိပဿနာ တရား အားထုတ်ဖို့ပါပဲ။ ဗာရာဏသီ မင်းဟာ ကိုယ်ဖြစ်တဲ့ အကုသိုလ် လေးကိုကြည့်ပြီး ကိုယ့်ကိုယ်ကို ပြန် တရား ဟောခဲ့တာပါ။ ဟောရုံတင် ရပ်မထားဘဲ ဝိပဿနာ တရားကို ဆက်အားထုတ် ခဲ့တာပါ။ လမ်းသုံးသွယ်နဲ့ ပြောရင် ဉာဏ်လမ်းပေါ် ရောက်အောင် လျှောက်ပြီး ပစ္စေက ဗုဒ္ဓါဖြစ် သွားတာပါ။ ဘာပဲပြောပြော လူ့ဘဝ ရခိုက်လေးမှာ ကံလမ်း, ဈာန်လမ်း လောက်နဲ့တင် တင်းတိမ် မနေဘဲ ဉာဏ်လမ်းပေါ်ကိုလည်း ရောက်အောင် လျှောက်ဖို့ပါပဲလေ။ သြော်... နောက်ဆုံး ကျတော့လည်း တရားအားထုတ်နေတာပဲ အကောင်းဆုံး ပါပဲလေ။
ကျမ်းကိုး
သဒ္ဓမ္မရံသီဆရာတော်ဘုရားကြီး၏ တရားတော်များ။
- ရဝေနွယ်(အင်းမ)

ဆက်ဖတ်ရန်
ပို့စ်တင်သူ ။.............။ မောင်သိရီ on
0 ( မှတ်ချက်ရေးချင်ရင် )
ခေါင်းစဉ်အလိုက်ပို့စ်များ |


ရိုဟင်ဂျာ ရိုဟင်ဂျာ ဆိုသည့် အသံဗလံများ ထွက်ပေါ်လာသည်မှာ အချိန်ကာလတစ်ခုပင် ရှိနေပါပြီ။ ၎င်းတို့ ဘယ်ကလာသလဲ ဆိုသည်ကို အကျယ်အကျယ် အငြင်းပွားနေကြသည့် မြန်မာများ ဒုနှင့် ဒေးပင် ဖြစ်ပါ သည်။ ဤစာစုတွင် ၎င်းတို့အကြောင်းကို တစေ့တစောင်း ဆွေးနွေးချင်ပါသည်။

ရိုဟင်ဂျာဆိုတာ သမိုင်းရာဇဝင်မှာ တကယ်ရှိရဲ့လား။

ရိုဟင်ဂျာဆိုသော အသုံးအနှုန်းကို သမိုင်းဆိုင်ရာ website များတွင် အထောက်အထားများ ရှာဖွေလေ့လာ ဖူးပါသည်။ ရိုဟင်ဂျာများနှင့် ပတ်သက်သော အထောက်အထားများအနက်မှ အစောဆုံးဟု တွေ့ရှိရသော အထောက်အထားများသည် ၎င်းတို့ဘာသာ ဖော်ထုတ်ထားသည့် စာတမ်းမှတ်တမ်းများအရ ၁၈၂၀ ခုနှစ် ဝန်းကျင်မှ စတင်ခဲ့ပြီး ၁၉၈၀ ခုနှစ် နောက်ပိုင်း မှသာ ၎င်းတို့ကို နိုင်ငံတကာမှ စတင် အာရုံစိုက်လာခြင်း ဖြစ်ပါသည်။ ထို့ ကြောင့် အနှီ ရိုဟင်ဂျာဆိုသူများ၏ ဇစ်မြစ်သည် ဒွိဟ ဖြစ်စေလှသည်။

ရိုဟင်ဂျာများနှင့် ဘင်္ဂလားဒေ့ရှ်

ရိုဟင်ဂျာများသည် ဘင်ဂလီ အနွယ်ဝင်များ ဖြစ်ပါသည်။ ထို့ကြောင့် ၎င်းတို့အကြောင်းကို ဘင်္ဂလားဒေ့ရှ် နှင့်ပင် စတင်ပါမည်။ မှတ်တမ်းများအရ ၁၉၇၈ ခုနှစ် နောက်ပိုင်းတွင် မြန်မာနိုင်ငံဖက်၌ အစိုးရမှ စစ်ဆင် ရေးများ ပြုလုပ်၍ နှင်ထုတ်မှုကြောင့် ဘင်္ဂလားဒေ့ရှ်တွင် အစုလိုက် အပြုံလိုက် ရိုဟင်ဂျာ ခိုလှုံမှုများ စတင်ခဲ့သည်။ အတိအကျ ဆိုပါလျှင် ခိုလှုံသူ စုစုပေါင်း ၂၀၀,၀၀၀ ဦးခန့်  ဖြစ်သည်။ ဤနေရာတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ အကြောင်းကို အနည်းငယ် ဖြည့်စွက်လိုပါသည်။ ဧရိယာစတုရန်းမိုင် ၅၅,၅၉၈ ကျယ်ဝန်းသော ဘင်္ဂလားဒေ့ရှ် နိုင်ငံသည် ၁၉၇၁ခုနှစ်၊ မတ်လ ၂၆ ရက်နေ့တွင် ပါကစ္စတန်နိုင်ငံမှ ခွဲထွက် ခဲ့ပါသည်။ ၁၉၇၈-၈၀ ကာလ ပိုင်း အတွင်း ၄င်းနိုင်ငံသည် လူဦးရေ ၈၈သန်းကျော်ရှိပြီး ၉၈% မှာ ဘင်္ဂလီ လူမျိုးများ ဖြစ်ပါသည်။ လွတ်လပ်ရေးရပြီးသောအချိန်တွင် မြန်မာနိုင်ငံဖက်ခြမ်းမှ အနှီ ရိုဟင်ဂျာ ဆိုသူများ ပင်ရင်းနိုင်ငံသို့ ပြန်လည်ခိုလှုံကြသည်။ လွတ်လပ်ရေးရကာစ ဘင်္ဂလားဒေ့ရှ်နိုင်ငံ အတွက် ထိုကဲ့သို့ ရိုဟင်ဂျာများ အစုအပြုံလိုက် ဝင်ရောက်လာခြင်းသည် ယင်းနိုင်ငံအတွက် ဝန်ထုပ်ဝန်ပိုး တိုးစေသည်။ သို့သော် မျိုးနွယ်တူ၊ ဘာသာစကားနှင့် ကိုးကွယ်မှုတို့ တူညီမှုကြောင့် လက်သင့်ခံခဲ့သည်။ အနှီ ရိုဟင်ဂျာများသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ Chittagong ပြည်နယ်၊ Cox's Bazaar မြို့လေး၏ အပြင်ဘက်တွင် အစုလိုက် အပြုံလိုက် ခိုလှုံကြသည်။ ၎င်းတို့၏ ခိုလှုံမှုကြောင့် ဘင်္ဂလား ဒေ့ရှ်နိုင်ငံသည် ကုလသမဂ္ဂထံ အကူအညီတောင်းခံခဲ့ပြီး ကုလသမဂ္ဂအကူအညီဖြင့် ဒုက္ခသည်စခန်းများ ထူထောင်ပေး ခဲ့သည်။ ၂၀၀၇ ခုနှစ်နောက်ပိုင်းတွင်မူ ဘင်္ဂလားဒေ့ရှ်၏ အလွန်အမင်း ကြောက်ခမန်းလိလိ ဖောင်းဖွလာ နေသော လူဦးရေနှင့် နေထိုင်မှုဆိုင်ရာ အကြပ်အတည်းများကြောင့် ယင်းအစိုးရသည် အနှီ ရိုဟင်ဂျာများ အပေါ်တွင် သဘောထား မူဝါဒများ ပြောင်းလဲလာတော့သည်။ ဘင်္ဂလားဒေ့ရှ်သည် ရိုဟင်ဂျာများအပေါ်တွင် ကြည်ကြည်ဖြူဖြူ မရှိတော့ပေ။

၁၉၉၉ နှစ်လည်ပိုင်းအတွက် ဘဏ္ဍာရေးဆိုင်ရာ အခက်အခဲများကြောင့် ကုလသမဂ္ဂမှ ရိုဟင်ဂျာများနှင့် ပတ်သက်သော စီမံကိန်းများကို ဖျက်သိမ်းမည်ဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ်အစိုးရအား အကြောင်းကြား ခဲ့သည်။ ထိုစဉ်မှ၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် ထိုထို ရိုဟင်ဂျာများ၏ တာဝန်ကို လုံးလုံးလျားလျား ယူလိုက်ရတော့သည်။ သို့ ရာတွင် နှစ်ကာလ ကြာမြင့်လာသည်နှင့်အမျှ အနှီ ရိုဟင်ဂျာများ၏ အဆမတန် ပေါက်ပွားနှုန်းကြောင့် ခိုလှုံသူဦးရေများ များပြားလာခြင်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ လူဦးရေမှာလည်း တိုးမြင့်လာခြင်း၊ ရိုဟင်ဂျာ ခိုလှုံမှုများသော ပြည်နယ်များတွင် ဒုစရိုက်မှုများ ပိုမိုထူပြောလာခြင်း၊ ဒေသခံ ပြည်သူများနှင့် ပဋိပက္ခ ဖြစ်ပွားခြင်း စသည့်အကြောင်းတရားများကြောင့် ဘင်္ဂလားဒေ့ရှ်ဘက်မှ ၎င်းတို့ အပေါ် ဖိနှိပ်မှုများ စတင် လာတော့သည်။၂၀၁၀ နှစ်ဦးပိုင်းမှ စတင်၍ Cox's Bazaar မြို့ထဲရှိ လန်ချားဆွဲသူ ရိုဟင်ဂျာများအား ရဲနှင့် ဒေသခံအချို့မှ လန်ချားပေါ်မှ ဆွဲချခဲ့သည်။ ဆောက်လုပ်ရေး လုပ်ငန်းခွင်များတွင် အလုပ်လုပ်ကိုင်နေသော ရိုဟင်ဂျာအချို့အားလည်း ဒေသခံ အာဏာပိုင်များမှ အထောက်အထား စာရွက်စာတမ်း ခိုင်လုံခြင်း မရှိဟူသော အကြောင်းပြချက်ဖြင့် ဖမ်းဆီးခဲ့သည်။ ဒေသခံ များမှလည်း ရိုဟင်ဂျာ ဆန့် ကျင်ရေးကို စုဝေးဆန္ဒပြကြသည်။ ယင်းသို့ ရိုဟင်ဂျာများကြောင့် အဘက်ဘက် မှ စီးပွာရေး၊ နိုင်ငံရေး၊ တရားဥပဒေစိုးမိုးရေး အစရှိသည့် ပြဿနာ များကို ရင်ဆိုင်ရသော ဘင်္ဂလားဒေ့ရှ် နိုင်ငံသည် နောက်ဆုံးတွင် ၎င်းတို့အား ခိုလှုံခွင့် မပေးလိုတော့ကြောင်း အတိအလင်း ကြေငြာခဲ့သည်။ ကုလသမဂ္ဂမှ ရိုဟင်ဂျာများအတွက် အကူအညီပေးရန် ကမ်းလှမ်းလာသော ရံပုံငွေအမေရိကန်ဒေါ်လာ ၃၃ သန်း ကိုပင် ငြင်းဆိုခဲ့သည်။ ထိုအချိန်မှစ၍ ရိုဟင်ဂျာများသည် ဘင်္ဂလားဒေ့ရှ်ကို စွန့် ခွာ၍ ရေလမ်းမှ တဆင့် အခြားနိုင်ငံများသို့  ဝင်ရောက်ခိုလှုံရန် ကြိုးစားကြလေတော့သည်။ ထိုသို့  ဝင်ရောက်ခိုလှုံရန် ကြိုးစားသောနိုင်ငံများမှာ အိန္ဒိယနိုင်ငံ၊ ထိုင်းနိုင်ငံ၊ မလေးရှား၊ အင်ဒိုနီးရှားနှင့် သြစတြေးလျ စသည်တို့  ဖြစ်ကြသည်။

Myanmar Express

ဆက်ဖတ်ရန်
ပို့စ်တင်သူ ။.............။ မောင်သိရီ on Monday, 9 April 2012
0 ( မှတ်ချက်ရေးချင်ရင် )
ခေါင်းစဉ်အလိုက်ပို့စ်များ |


ရိုဟင်ဂျာများနှင့် ထိုင်းနိုင်ငံ။

ထိုင်းနိုင်ငံသည် မြန်မာနိုင်ငံမှ ကချင်၊ ကရင် အစရှိသော စစ်ဘေးကြောင့် ခိုလှုံသူ တိုင်းရင်းသားများကို လက်ခံထားသော နိုင်ငံတနိုင်ငံ ဖြစ်သည်။ ထိုသို့  ခိုလှုံလာသူများ ဦးရေမှာ တစ်သန်းခန့် ဖြစ်ပြီး ၁၂% ခန့်  မှာ ရိုဟင်ဂျာများ ဖြစ်ကြသည်။ ထိုင်းနိုင်ငံသည် ရိုဟင်ဂျာများအား နိုင်ငံမဲ့ ခိုလှုံသူများဖြစ်သည်ဟူသော အကြောင်းပြချက်ဖြင့် လက်ခံခြင်း မရှိခဲ့ပေ။ ထို့ ပြင် ယခင်က ဝင်ရောက်လာသော ရိုဟင်ဂျာများသည် ထိုင်းနိုင်ငံ တောင်ပိုင်းတွင် မကြာခဏ ဖြစ်ပွားသော မူစလင်များ ဦးဆောင်သည့် ထိုင်းအစိုးရကို ဆန့်  ကျင်သော အကြမ်း ဖက် လုပ်ရပ်များနှင့် ဆက်နွယ်မှုရှိသည်ဟု ဆိုသည်။ ၂၀၀၈ နှင့် ၂၀၀၉ တွင် ထိုင်းသို့  ခိုးဝင်ရန် ကြိုးစားသော ရိုဟင်ဂျာများအား ထိုင်းရဲတပ်ဖွဲ့များမှ တစုံတရာ အကူအညီပေးခြင်း မရှိပဲ ထိုင်းရေပိုင်နက်အတွင်းမှ နိုင်ငံ တကာ ရေပိုင်နက်တွင်းသို့  တွန်းပို့ ခဲ့ခြင်းများပင် ရှိခဲ့သည်။

ရိုဟင်ဂျာများနှင့် မလေးရှားနိုင်ငံ။

ထိုင်းနိုင်ငံသို့  ခိုလှုံခွင့် မရရှိသော ရိုဟင်ဂျာများအပါအဝင် ရိုဟင်ဂျာအများစုသည် မလေးရှားနိုင်ငံသို့  ဝင်ရောက်ခိုလှုံရန် ကြိုးပမ်းကြသည်။ မလေးရှားနိုင်ငံသည် အနှီရိုဟင်ဂျာများနှင့် ဘာသာတူခြင်း၊ ကုလ သမဂ္ဂနှင့် ပူးပေါင်းဆောင်ရွက်သော ခိုလှုံသူများကို ကူညီနေရာချထားပေးသော စီမံကိန်းများ ရှိခြင်း စသည်တို့ ကြောင့် ရိုဟင်ဂျာအများစုသည် မလေးရှားနိုင်ငံသို့  ဝင်ရောက်ခိုလှုံရန် ကြိုးစားကြတော့သည်။ မလေးရှားအတိုက်အခံပါတီ PAS (မူဆလင် အစွန်းရောက်ပါတီ) ၏ ထောက်ခံပေးမှုကြောင့် ယင်းနိုင်ငံတွင် လွတ်လပ်စွာ ခိုလှုံခွင့်ရရှိနိုင်ခြင်း၊ UNHCR ၏ အထောက်အပံ့ကိုရရှိနိုင်ခြင်းတို့ ကြောင့် မလေးရှားနိုင်ငံ သည် ဘင်ဂလီခိုလှုံသူများ၏ သည်းချေကြိုက် နိုင်ငံဖြစ်လာခဲ့သည်။ သို့ ရာတွင် ကာလကြာမြင့် လာသောအခါ ယင်းအစိုးရသည်လည်း သူရို့ အပေါ်တွင် သဘောထား ပြောင်းလဲလာချေသည်။ မလေးရှား နိုင်ငံတွင် မူလက နိုင်ငံမဲ့ဒုက္ခသည်များအဖြစ် အစုလိုက်အပြုံလိုက် ၀င်ရောက်လာကြသည့် ရိုဟင်ဂျာ ဘင်္ဂလီများကို လက်ခံရန်အတွက် နိုင်ငံရေးပါတီများအကြား အငြင်းပွားစရာဖြစ်ခဲ့သည်။ ဘာသာကိုးကွယ်မှု တူညီခြင်းကြောင့် အစ္စလာမ်ဘာသာဝင်ခြင်း ရိုင်းပင်းသင့်သည်ဟူသော အကြောင်းပြချက်ဖြင့် ဘာသာရေးခေါင်းဆောင်များ ဦးဆောင်သည့် နိုင်ငံရေးပါတီအချို့က ယာယီအနေဖြင့်လက်ခံလိုသော်လည်း အစုလိုက်အပြုံလိုက် နှစ်စဉ်ဝင်ရောက်မှုများပြားလာသောအခါ အဆိုပါဝင်ရောက်ခြင်း၏ နောက်ကွယ်တွင် လူမှောင်ခိုဂိုဏ်းများ၏ ပါဝင်ပတ်သက်မှုရှိကြောင်း သိရှိလာခြင်းကြောင့် နယ်စပ်ဖြတ်ကျော်ဝင်ရောက်မှုများ ကို သေချာစီစစ်လာခဲ့သည်။ UNHCR၏ အကာအကွယ်ပေးမှုကို အခွင့်ကောင်းယူကာ ဒုက္ခသည် အဖွဲ့အစည်း အမည်ခံ လူမှောင်ခိုဂိုဏ်းများ၊ ပွဲစားများက ရိုဟင်ဂျာဘင်္ဂလီများကိုသာမက မြန်မာမူဆလင် စစ်စစ်များကိုပါ ရိုဟင်ဂျာအမည်ခံ၍ လူကုန်ကူးမှုကို ရဲတင်းစွာလုပ်ကိုင်လျှက်ရှိနေကြသည်။ အစ္စလာမ်နိုင်ငံ တစ်ခုဖြစ်သော်လည်း ဒေသတွင်းရှိ ဂျမားအစ္စလာမ်မီးယား အစွန်းရောက်စစ်သွေးကြွအဖွဲ့၏ ခြိမ်းခြောက်မှု ကို ခံနေရသော မလေးရှားနိုင်ငံအတွက် ယခုကဲ့သို့ နိုင်ငံခြားသားမူဆလင်များ တရားမ၀င် အစုလိုက် အပြုံလိုက် ခိုးဝင်လာခြင်းကြောင့် ရာဇ၀တ်မှုများနှင့် လူနေမှုဘ၀ထိခိုက်မှုများစွာ ကြုံတွေ့လာနေပြီး အကြမ်းဖက်လုပ်ရပ်များ ကျူးလွန်လာမည်ကို စိုးရိမ်နေရသည့်အခြေအနေနှင့် ရင်ဆိုင်နေရပြီဖြစ်သည်။ ထို့  ကြောင့် မလေးရှားနိုင်ငံသည်လည်း ထိုင်းကဲ့သို့ ပင် သူရို့ အပေါ် တင်းကြပ်လေတော့သည်။ သူရို့ ဘယ်က လာသည်ဆိုသည်ကို တိတိကျကျ မပြောနိုင်ဟူသော အကြောင်းပြချက်ဖြင့် ခိုလှုံခွင့်ပြုရန် မသင့်တော်ဟု ဆိုသည်။ ခိုလှုံသူ ရိုဟင်ဂျာအချို့ မှာ ဖမ်းဆီးနှင်ထုတ်ခြင်း ခံရသလို အချို့မှာလည်း မလေးရှား လူဝင်မှု ကြီးကြပ်ရေး စခန်းများတွင် လနှင့်ချီ၍ အချုပ်ခံထားရပြီး နောက်ဆုံးတွင် မလေးရှား အာဏာပိုင်များ၏ ရိုက်နှက်မှုဒဏ်ကို ခံကြရကာ အဆုံးတွင် ထိုင်း-မလေး နယ်စပ်သို့  နှင်ထုတ်ခြင်း ခံကြရလေသည်။

မုန့် လုံးစက္ကူကပ်ပြီ။

ထိုကဲ့သို့  နိုင်ငံမဲ့ခိုလှုံသူဟူသော အကြောင်းပြချက်ဖြင့် မလေးရှားနိုင်ငံမှ ထိုင်းနယ်စပ်တွင် စွန့် ပစ် လိုက်သော ရိုဟင်ဂျာများသည် မည်သည့်အရပ်သို့  ဦးတည်ကြလေသတည်း။ အများစုသည် မလေးရှား တွင်းသို့ ပင် ပြန်လည်ခိုးဝင်ကြပါသည်။ မည်သို့ မည်ပုံခိုးဝင်ကြလေသနည်း။ မလေးရှားနိုင်ငံရှိ ပိုင်ရာ ဆိုင်ရာများကို ပေးတန်ပေး၍ လမ်းကြောင်းထွင် ခွင်ဆင်ကြလေသည်။ ဤသို့ ဖြင့် မလေးရှားရဲမှ ဖမ်းမိ သောအခါ ထိုင်းနယ်စပ်သို့  ပြန်ပို့ လိုက်၊ထိုင်းနယ်စပ်ရောက်သောအခါ ထိုင်းရဲမှ မလေးရှားနယ်စပ်သို့  ပြန်ပို့ လိုက်၊ အများစုမှာ ထိုင်းနယ်စပ် ရောက်လျှင် ရောက်ချင်း မလေးရှားဘက်သို့  ပြန်လည်ခိုးဝင် လိုက်ဖြင့် သံသရာလည်နေသည်မှာ ယနေ့ ထက်တိုင်ပင် ဖြစ်သည်။ Human Rights Watch မှ ရိုဟင်ဂျာ အချို့နှင့် တွေ့ဆုံမေးမြန်းရာတွင် အချို့သော ရိုဟင်ဂျာများသည် (၁၁) နှစ်အတွင်းတွင် ထိုင်းနှင့် မလေးရှားကို သွားချည် လာချည် (၈)ကြိမ်နှင့်အထက် ပြုလုပ်ဖူးသည်ဟု ဆိုသည်။

ရိုဟင်ဂျာများနှင့် သြစတျေးလျနိုင်ငံ။

သြစတျေးလျနိုင်ငံ၏ ရိုဟင်ဂျာများနှင့် စပ်လျှင်းသော သဘောထားများမှာ ထိုင်း၊ မလေးရှား နိုင်ငံများ ကဲ့သို့ပင် ဖြစ်သည်။ ရိုဟင်ဂျာများသည် ယင်းနိုင်ငံ၏ လုံခြုံရေးအတွက် အနှောင့်အယှက်ပေးနိုင်သည် ဟူသော အကြောင်း ပြချက်ဖြင့် အချို့သော ခိုလှုံလာသူ ရိုဟင်ဂျာများကို နှစ်နှင့်ချီ၍ ချုပ်နှောင်လေသည်။ ယင်းသို့  ချုပ်နှောင်ခြင်း ခံရသော ရိုဟင်ဂျာခိုလှုံသူ Harun Roshid ဆိုသူအား Green Left Weekly သတင်းစာမှ ၂၀၁၂နှစ်၊ နှစ်ဆန်းပိုင်း တွင် တွေ့ဆုံမေးမြန်းရာတွင် Roshid မှ ဤသို့ ဖြေကြားခဲ့သည်။
"ကျွန်တော်ဟာ မလေးရှားနိုင်ငံမှာ ၁၅နှစ်ကြာ ခိုလှုံပြီးနောက် သြစတျေးလျသို့ ဝင်ရောက်ခဲ့ခြင်း ဖြစ်ပါတယ်။ အာဏာပိုင်များမှ ကျွန်တော့်ကို လုံခြုံရေးအရဆိုပြီး ချုပ်နှောင်ထားတာ ၂နှစ် ရှိပါပြီ" ဟု ဆိုသည်။

ရိုဟင်ဂျာများနှင့် အင်ဒိုနီးရှား။

၂၀၀၉ခုနှစ်၊ နှစ်ဆန်းပိုင်းတွင် အင်ဒိုနီးရှားနိုင်ငံသည် ၄င်းနိုင်ငံသို့ ခိုလှုံခွင့်တောင်းခံလာသူ ရိုဟင်ဂျာ ၁၉၃ ဦး အား လက်ခံခြင်း မရှိခဲ့ချေ။ အင်ဒိုနီးရှားနိုင်ငံ နိုင်ငံခြားရေး ဝန်ကြီး Hassan Wirajuda မှ ရိုဟင်ဂျာများနှင့် စပ်လျှင်း၍ ဤသို့ပြောကြားခဲ့သည်။

"သူတို့တွေဟာ စီးပွားရေးအရ ခိုလှုံချင်သူတွေ ဖြစ်ပါတယ်။ နိုင်ငံရေးအရ ဖိနှိပ်ခြင်းခံရသူများ မဟုတ်ပါဘူး။ ဒါကြောင့် ခိုလှုံခွင့် မပေးသင့်ပါဘူး" ဟု ဆိုသည်။

ဤသို့ ဖြင့် ထိုင်းနိုင်ငံကဲ့သို့ ပင် ခိုးဝင်ခိုလှုံရန်ကြိုးစားသူ ဘင်္ဂလီတို့ အား ၄င်းနို်င်ငံရေပိုင်နက်မှ နိုင်ငံတကာ ရေပိုက်နက်သို့ နှင်ထုတ်ရေမျှောခဲ့ကြသည်။ Imam Husen ဆိုသူ ဘင်္ဂလီမှ သူ၏ အတွေ့အကြုံကို The Reuter သတင်းဋ္ဌာနသို့ ဤသို့ ပြောပြခဲ့သည်။

"ကျွန်တော်အပါအဝင် ဘင်္ဂလီ ၅၈၀ ဦးခန့်ဟာ မြန်မာနိုင်ငံ၊ မောင်းတောကနေ လှေလေးစင်းနဲ့ ပြေးလာခဲ့ပါတယ်။ အချို့လည်း ထိုင်းမှာ ကမ်းဝင်ကပ်စဉ်က ထိုင်းအာဏာပိုင်များရဲ့ အရိုက်အနှက်ကို ခံရပြီး ပြန်လည်ရေမျှောခြင်း ခံရပါတယ်။ "

ထို့ပြင် Hassan Wirajuda မှလည်း ဤသို့ ဖြည့်စွက်ပြောကြားခဲ့သည်။

"အင်ဒိုနီးရှားရေတပ်ရဲ့ စစ်ဆေးတွေ့ရှိချက်များအရ များစွာသော ဘင်္ဂလီများဟာ ဒီကိုလာနေတုန်း လမ်းမှာ ပဲ လှေမှောက် အသက်ပျောက်ကျရပါတယ်။ "

Myanmar Express

ဆက်ဖတ်ရန်
ပို့စ်တင်သူ ။.............။ မောင်သိရီ on
0 ( မှတ်ချက်ရေးချင်ရင် )
ခေါင်းစဉ်အလိုက်ပို့စ်များ |

မြန်မာနိုင်ငံမြေပုံမှာ ရိုဟင်ဂျာဆိုတာ မရှိပါဘူး

"မိအေး နှစ်ခါနာသည်" ဟူသော စကားသည် ကျွန်မတို့  မြန်မာတိုင်းနှင့် အကျွမ်းတဝင် ရှိပြီးသား ဖြစ်ချေသည်။ ရိုဟင်ဂျာ ဘင်ဂလီများနှင့် စပ်လျှင်းပါက ကျွန်မတို့ ၏ မိအေး (မြန်မာပြည်)သည် နှစ်ခါမက အခါခါ နာရလေသည်။

အင်္ဂလိပ်တို့  မြန်မာနိုင်ငံအား ကျွန်ပြုစဉ်ကာလတွင် မြန်မာနိုင်ငံသည် အိန္ဒိယပြည် လက်အောက်ရှိ ပြည်နယ်လေးတစ်ခု သဖွယ် အုပ်ချုပ်ခဲ့သည်။ သို့ ပါ၍ ထိုကာလတလျှောက်လုံးတွင် ဘင်ဂလီများသည် မြန်မာပြည်သို့  တံခါးမရှိ ဓါးမရှိ ဝင်ထွက်ခဲ့ကြသည်။ ၁၉၄၂ ခုနှစ် ဂျပန်တို့  ထိုးစစ်မစတင်မီတွင် အင်္ဂလိပ်တို့ သည် ၄င်းတို့ ၏ စစ်အင်အား ဖြည့်တင်း ရန်အတွက် ဘင်ဂလီများကို မြန်မာပြည်၊ ရခိုင်ဒေသတွင်းသို့ ခေါ်ဆောင်လာသည်။ ထိုသို့ ခေါ်ဆောင်လာရာတွင် အင်္ဂလိပ်တို့ မှ ဘင်ဂလီများအား သူရို့ ၏ အကူအညီအတွက် ရခိုင်ပြည် မြောက်ပိုင်းတွင် မူစလင်နိုင်ငံ တည်ထောင် ပေးပါမည်ဟူ၍ ကတိကဝတ်ပြုခဲ့သည်။

၁၉၄၈ ခုနှစ်၊ မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးသောကာလများတွင် အစိုးရနှင့် ဘင်ဂလီများအကြား ဆက်ဆံရေး တင်းမာလာခဲ့သည်။ လွတ်လပ်ရေးရလျှင်ရပြီးချင်းပင် မူစလင်တစ်စုမှ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်နှင့် မောင်းတောဒေသများကို ခွဲထွက်၍ အရှေ့ ပါကစ္စတန်နှင့် သွားရောက် ပူးပေါင်းလိုပါကြောင်း အဆိုပြုခဲ့သည်။ ယင်းအဆိုကို လွှတ်တော်မှ ပယ်ချခဲ့သည်။ ထို့ နောက်ပိုင်းတွင် မြန်မာအစိုးရသည် ဘင်ဂလီတို့ အား တရားမဝင် နေထိုင်သူများအဖြစ် သတ်မှတ်ခဲ့သည်။ လူဝင်မှု ကြီးကြပ်ရေးမှလည်း ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်းတောနှင့် စစ်တွေနယ်မြေများတွင် ဘင်ဂလီများအပေါ် တင်းတင်းကြပ်ကြပ် ကိုင်တွယ်ခဲ့သည်။ ဤသို့  အနေမသာလေသောအခါ ဘင်ဂလီ များသည် ဇာတိမြေ ဘင်္ဂလား (ထိုစဉ်က ပါကစ္စတန်) သို့  ပြန်လည်ခိုဝင်လေတော့သည်။

၁၉၅၀ နောက်ပိုင်းတွင် ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်းတော၊ ရသေ့တောင်နယ်မြေများတွင် ဘင်ဂလီများ ကြောင့် မငြိမ်မသက် ဖြစ်ခဲ့ရသည်။ ဘင်ဂလီများသည် မှောင်ခိုကုန်ကူးခြင်း၊ တရားမျဝင် လက်နက်ရောင်းဝယ်ခြင်း၊ လူကုန်ကူး ခြင်း အစရှိသော ဥပဒေနှင့် မလွတ်ကင်းသော လုပ်ရပ်များကို မြန်မာ-အိန္ဒိယ-ပါကစ္စတန် (ယခု ဘင်္ဂလားဒေ့ရှ်) နယ်စပ်တလျှောက်တွင် ပြောင်ပြောင်တင်းတင်း ဆောင်ရွက်ခဲ့သည်။ ထိုမျှမက သူရို့သည် ဘာသာခြားများ၏ အုပ်ချုပ်မှုကို မခံလိုခြင်း၊ ဘူးသီးတောင်၊ မောင်းတောနယ်မြေများတွင် သီးသန့် မူစလင်နိုင်ငံတည်ထောင်လိုခြင်း အစရှိသော အကြောင်းပြ ချက်များဖြင့် မူဂျာဟစ် လက်နက်ကိုင် တော်လှန်ရေးကို စတင်ခဲ့သည်။ တော်လှန်ရေးကာလအတွင်း အနှီဘင်ဂလီတို့ သည် မူစလင်မဟုတ်သော ရခိုင်ပြည်သူများကို ဘူးသီးတောင်၊ မောင်းတောနှင့် ရသေ့တောင် ဒေသများမှ နှင်ထုတ်ခဲ့သည်။ ၁၉၅၄ ခုနှစ်တွင် အနှီ မူဂျာဟစ်သူပုန်များကို မြန်မာ့ တပ်မတော်မှ ချေမှုန်းခဲ့သည်။

၁၉၆၂ ခုနှစ် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ အာဏာရလာပြီးနောက်ပိုင်းတွင် အစိုးရသစ်သည် နဂါးမင်း စစ်ဆင်ရေးဖြင့် ဘင်ဂလီများအပါအဝင် နိုင်ငံတွင်း တရားမဝင် နေထိုင်သူများကို ချေမှုန်းခဲ့သည်။ ၁၉၇၇ခုနှစ်၊ နဂါးမင်းစစ်ဆင်ရေးကြောင့် ဘင်ဂလီ ၂၀၀,၀၀၀ ကျော် ဘင်္ဂလားဒေ့ရှ်သို့  ခိုလှုံခဲ့သည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှလည်း ဘာသာတူ၊ လူမျိုးတူသော သူရို့ကို ကုလသမဂ္ဂ၏ အကူအညီဖြင့် လက်ခံထားခဲ့သော်ငြား နောက်ပိုင်းတွင် ယင်းနိုင်ငံ၏ အဆမတန် ဖောင်းပွလာသော လူဦးရေ ပြဿနာအပြင် ရိုဟင်ဂျာများသည် ဝန်ထုပ်ဝန်ပိုးသဖွယ် ဖြစ်နေခြင်းကြောင့် မြန်မာအစိုးရနှင့် ညှိနှိုင်းကာ ဘင်ဂလီများကို ရခိုင်ပြည်နယ်သို့  ပြန်လည်စေလွှတ်ခဲ့သည်။

၁၉၉၁-၁၉၉၂ စစ်အစိုးရလက်ထက်တွင် လူဦးရေ ၂၅၀,၀၀၀ ခန့် ရှိသော ဘင်ဂလီများသည် မြန်မာနိုင်ငံသားများအဖြစ် အသိအမှတ်ပြု မခံရခြင်းဟူသော အကြောင်းပြချက်ဖြင့် ဘင်္ဂလားဒေ့ရှ်သို့  ထပ်မံခိုလှုံကြပြန်သည်။ ဤတကြိမ်တွင်မူ ရာသီဥတု ဖောက်ပြန်မှု၊ လယ်ယာမြေများအား ကပ်ဘေးတွင် ဆုံးရှုံးမှု၊ လူဦးရေအဆမတန် တိုးပွားမှု အစရှိသော ပြဿနာများနှင့် ရင်ဆိုင်နေရသော ဘင်္ဂလားဒေ့ရှ်သည် အနှီ ရိုဟင်ဂျာဘင်္ဂလီများကို လက်မခံလိုတော့ချေ။ သို့ ပါ၍ ဘင်္ဂလားဒေ့ရှ်အစိုးရမှ မြန်မာအစိုးရနှင့် ညှိနှိုင်းကာ သူရို့ကို မြန်မာနိုင်ငံသို့  ပြန်လည်စေလွှတ်ခဲ့ပြန်လေသည်။ ၁၉၉၄-၁၉၉၇အတွင်း ဘင်ဂလီ ၂၃၀,၀၀၀ ခန့်  နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုအပြင် UNHCR ၏အကူအညီဖြင့် မြန်မာနိုင်ငံသို့  ဝင်ရောက်ခဲ့သည်။

ညောင်မြစ်တူးတုန်း ပုတ်သင်ဥပေါ်။

၂၀၀၈ မတိုင်မီအထိ UNHCR သည် ခိုလှုံသူများကို Refugee Card ခေါ် UN Card များ ထုတ်ပေးခြင်း မရှိသေးပါ။ သို့ ပါ၍ အနှီ ဘင်ဂလီများအား UNHCR သည် ခိုလှုံသူဖြစ်ကြောင်း စာရွက်တရွက်ကိုသာ မိသားစုအလိုက် ထုတ်ပေးခဲ့ပါသည်။ ဤသို့ ဖြင့် သူရို့အား မြန်မာနိုင်ငံနှင့် အခြားနိုင်ငံများတွင် ပြန်လည်နေရာချထားမည်ဟု စီစဉ်ကြသော အခါတွင်ကား ထိုထိုရိုဟင်ဂျာ ဘင်ဂလီများသည် သူရို့၏ ခိုလှုံသူအထောက်အထား မိသားစုစာရင်းတွင် အခကြေးငွေယူ၍ Cox's Bazaar ဒေသခံများ၏ အမည်များ ဖြည့်စွက်ခြင်း၊ အဆိုပါ စာရွက်ကို ရောင်းစားခြင်း စသော အနည်းနည်း အဖုံဖုံဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို စွန့် ခွာလိုသူ Cox's Bazaar သားများကို တပါတည်း အပါခေါ်ခဲ့လေသည်။ ဤသို့ ဆိုလျှင် မြန်မာနိုင်ငံတွင်လည်း ၄င်းနည်းလမ်းများဖြင့် ဝင်ရောက်လာသော Cox's Bazaar ဇာတိဖွားများ မည်ရွေ့မည်မျှ ရှိနေပေမည်နည်း။

ကျွန်မတို့ မြန်မာလူမျိုးများသည် ကြင်နာသနားတတ်ကြသည်။ မေတ္တာတရား လက်ကိုင်ထားကြသည်။ ဤသို့ ဆိုလျှင် အနှီ ဘင်ဂလီများကို အဘယ်ကြောင့် ခါးခါးသီးသီး လက်မခံလေသနည်း။ ဥပမာရိုင်းရိုင်းတစ်ခု ပေးချင်ပါသည်။ ဆိုကြပါစို့ ။ ရပ်ကွက်ထဲရှိ အိမ်ထောင်မရှိသော အပျိုလေး တစ်ယောက် လင်ကောင်မပေါ် ကိုယ်ဝန်ရှိလာသောအခါ ကြားရသူ ယောင်္ကျားပျိုများ စုတ်တသပ်သပ်ဖြင့် ကရုဏာသက်ကြကုန်၏။ ထိုသို့ သော ယောင်္ကျားပျိုများအား "သနားရင် နင်တို့  အဖေနာမည် ခံမလား" ဟု မေးကြည့်ပါက အနှီယောင်္ကျားများ သဘောတူမည်လော။ မုချ လက်ခံမည် မဟုတ်ပါ။ အဘယ်ကြောင့် နည်း။ ရှင်းပါသည်။ "ကိုယ့်သွေးမဟုတ်သောကြောင့်"။

ရာသီဥတု မျှတကောင်းမွန်သော ဖွံ့ ဖြိုးမှုလမ်းကြောင်းပေါ်သို့  ရောက်ရှိနေပြီဖြစ်သော မြန်မာနိုင်ငံသို့  လူဦးရေအဆမတန် ဖောင်းပွနေသော၊ ကပ်ဘေးအလီလီ ကြုံတွေ့ရသော ဘင်္ဂလားဒေ့ရှ်မှ ရာထောင်ချီ စွာသော ဘင်ဂလီများက ဝင်ရောက်လိုကြသည်။ တရားဝင်သော၊ တရားမဝင်သော နည်းလမ်းများဖြင့် ခေတ်အဆက်ဆက် မြန်မာ့မြေပေါ်တွင် ခြေကုပ်ယူနှင့်ပြီးသော ဘင်ဂလီအချို့ သည်လည်း ယခုဆိုလျှင် ပြည်သူ့ လွှတ်တော်သို့ ပင် ဝင်ကောင်းဝင်နေပေမည်။ မြေမြို၍ မျိုးမသုဉ်းပါ။ လူမြိုလျှင်ကား မျိုးသုဉ်း နိုင်ပါသည်။ ကျွန်မတို့ ချစ်သော မြန်မာပြည်အား လှည်းကျိုးမထမ်းရလေအောင် ပြတ်ပြတ်သားသား ညီညီ ညွတ်ညွတ် ဝိုင်းဝန်းကာကွယ်ကြပါစို့ ။
Myanmar Express

ဆက်ဖတ်ရန်
ပို့စ်တင်သူ ။.............။ မောင်သိရီ on
0 ( မှတ်ချက်ရေးချင်ရင် )
ခေါင်းစဉ်အလိုက်ပို့စ်များ |

အရှင်ပညာနန္ဒ
ဧပြီ ၈၊ ၂၀၁၂illustration by – Maung yit

ခုတလောသတင်းတွေဖတ်ရ နားထောင်ရတာကတော့၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့သတင်းကို အများဆုံးမြင်တွေ့ နေရပါတယ်။ ရွေးကောက်ပွဲကာလ ဒေါ်အောင်ဆန်းစုကြည် အနယ်နယ်အရပ်ရပ်ကိုသွားရောက်ပြီး မဲဆွယ်တဲ့သတင်းတွေ၊ NLD အမတ် လောင်း လေးဂွနဲ့အပစ်ခံရတဲ့သတင်းတွေ၊ ရွေးကောက်ပွဲကာလ ကြံ့ဖွတ်ပါတီဝင်တွေရဲ့ မတော်မလျော် လုပ်ကိုင်ပြောဆိုမှုတွေ၊ NLD မဲပြားကိုဖယောင်းသုတ်တဲ့သတင်း၊ နောက် မဲပေးခွင့်မရလို့ ငိုချင်းချသူစတဲ့ စိတ်ပျက်ငြီးညူနေသံတွေကို နေရာအနှံ့ကနေ ကြားနေ တွေ့နေ ရသလို NLD ရွေးကောက်ပွဲနိုင်လို့ အပျော်ကြီးပျော်နေကြတဲ့သတင်းတွေကို သတင်းဌာနတိုင်းမှာတွေ့ မြင်နေရပါတယ်။

ပိုပြီးထူးဆန်းတာက ရွေးကောက်ပွဲကာလမှာမဲဆွယ်တဲ့ ကြံ့ဖွံ့ပါတီက မဲဆွယ်စည်းရုံးရေးခရီးစဉ်တွေမှာ ရေတွင်းတူးပေးမယ်။ စာသင် ကျောင်း ဆောက်ပေးမယ်။ လယ်သမားတွေကို ဘယ်လိုကူညီမယ် စတဲ့မက်လုံးတွေပေးပြီး မဲဆွယ်စည်းရုံးခဲ့ပေမဲ့ ရွေးကောက်ပွဲအပြီး မဲလည်းရှုံးရော ပေးထားတဲ့ကတိတွေကိုဖျက်ပြီး စာသင်ကျောင်းဆောက်ဖို့ပေးထားတဲ့ ဘိလပ်မြေတွေပြန်သိမ်းတာ၊ သူတို့တူးပေးထားတဲ့ ရေ တွင်းကိုပိတ်ပစ်တာ၊ NLD ထောက်ခံသူရဲ့အိမ်ကို ရေမီးဖြတ်တာ၊ ကြံ့ဖွံ့ကို မဲမပေးသူတွေကို စီးပွားရေးလုပ်စားမရအောင် ပိတ်ပင် တား ဆီးတာ စတဲ့သတင်းတွေဖတ်ရလို့ပြုံးမိပါတယ်။

ဒီနေ့ဧရာဝတီမှာဖတ်ရတဲ့သတင်းတပုဒ်ကတော့ … နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်က အိမ်ခြေ ၂၀၀၀ လောက်ရှိတဲ့ ချိုင်းဆိုတဲ့ရွာလေးမှာ ကြံ့ခိုင်ရေးပါတီက ကြားဖြတ်ရွေးကောက်ပွဲမတိုင်ခင်က ရေတွင်း (၃) တွင်း တူးပေးထားကြောင်း၊ ရွေးကောက်ပွဲရက်မှာ တရွာလုံးက NLD လွှတ်တော်ကိုယ်စားလှယ် ကိုနိုင်ငံလင်းကိုပဲ မဲပေးလိုက်လို့ ကြံ့ခိုင်ရေးပါတီက ရေတွင်းတွေကို ပိတ်သိမ်းလိုက်ကြောင်း၊ ရေအခက်အခဲ ဖြစ်နေတဲ့ အဲဒီချိုင်းရွာကို နာရေးကူညီမှုအသင်းကရေရဖို့ ငွေလေးသိန်းလှူလိုက်ကြောင်း သတင်းဖတ်ရသလို တနင်္သာရီတိုင်း၊ ကျွန်းစုမြို့ နယ်ထဲက အညှင်းရွာမှာ NLD က မဲနိုင်သွားလို့ ကျေးရွာကိုပေးထားတဲ့ ဘိလပ်မြေအိတ်တွေကို ရွာသူကြီးက ထော်လာဂျီနဲ့ ပြန်သယ်သွား ကြောင်း၊ အရင်က ရွာကိုပေးမယ်ဆိုတဲ့ ပိုက်ဆံ ၁၅ သိန်းအကြောင်းမေးတော့ အောင်ဆန်းစုကြည်ဆီမှာသွားတောင်းလို့ သူကြီးကပြောလိုက် ပါသတဲ့။ ဘာဘဲဖြစ်ဖြစ်ပေါ့လေ သင်္ချိုင်းကုန်းမှာသွားတောင်းလို့ မပြောလိုက်တာတော်သေးတာပေါ့လို့ အောက်မေ့ရမှာပေါ့။ ဟုတ်ဘူးလား။

အဲဒီလိုသတင်းတွေဖတ်ရလို့ ကြံ့ဖွတ်ပါတီရဲ့စေတနာတွေကို ပြည်သူအတော်များများက နားလည်းသဘောပေါက်ကုန်ကြပါတယ်။(အရင်ကတည်းက သဘောပေါက်ပြီးသားပါလေ) ဒီထက်ထူးဆန်းတဲ့သတင်းကတော့ ရွေးကောက်ပွဲမဲဆွယ်စဉ်ကာလ နေပြည်တော် ဒက္ခိဏသီရိ မြို့နယ်၊ ကျောက်ခဲအင်းရွာက ကျောင်းထိုင်ဘုန်းကြီးတပါးအကြောင်းပါ။ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ကျောင်းထိုင်ဘုန်းကြီးကို ငွေ (၁၅) သိန်း နဲ့ မီးစက်တလုံးလှူပြီး ကြံ့ခိုင်ဖွံ့ ဖြိုးရေးပါတီကိုမဲထည့်ဖို့ ရွာသူရွာသားတွေကို တပတ်လောက် လော်စပီကာနဲ့အော်ပြီးစည်းရုံးခိုင်းတဲ့ သ တင်းပါ။

အတိုက်အခံပါတီက အာဏာပိုင်တွေနဲ့ သံဃမဟာနာယကကိုတိုင်ပေမဲ့လည်း လော်နဲ့စည်းရုံးတဲ့ဘုန်းကြီး အရေးယူမခံရတဲ့အပြင် ကြံ့ဖွံ့ တွေနဲ့ ဘုန်းကြီးကျောင်းမှာ မဲဆွယ်စည်းရုံးမြဲဆိုတဲ့သတင်းပါ။ သံဃမဟာနာယကဆရာတော်တွေဆိုတာကလည်း သိက္ခာသမာဓိ ပညာကြီး လေတော့ ဒီလိုကိစ္စမျိုးတွေမှာဝင်မပါကြဘူး။ နိုင်ငံရေးနဲ့ ပတ်သက်နေတာကိုး။ ရာထူးပြုတ်မှာ ကြောက်တော်မူကြတာပေါ့။ လူထုအကျိုးပြု မှန်မှန်ကန်တရားဟောတဲ့ဓမ္မကထိကနဲ့ အစိုးရဆန့်ကျင်တဲ့ ရဟန်းသံဃာတော်တွေကို အရေးယူနှိပ်ကွပ်တဲ့ကိစ္စတွေမှာတော့ လက်နှေး တော် မမူကြ၊ ဓမ္မ အဓမ္မ မခွဲခြား၊ အာဏာရှင်တွေခိုင်းသမျှ လုပ်ပေးတော်မူကြပါတယ်။ လော်န့အော်ပြီး ကြံ့ဖွံ့ပါတီအတွက်မဲဆွယ်တဲ့ ဘုန်း ကြီးကိုတော့ နိုင်ငံရေးလုပ်တယ် ဘာတယ် ညာတယ် မပြောရဲ အရေးမယူရဲ- ဒကာတော်ရေမြေ့ရှင်တွေ အငြိုငြင်မခံနိုင်တာကြောင့် မသိ ချင်ယောင် မမြင်ခြင်ယောင်ဆောင်တော်မူကြပြီး ခပ်မဆိတ်နေတော်မူကြပါတယ်။ ဆရာ ဒကာလက်တွဲညီလှပါပေတယ်။

နောက်သတင်းတပုဒ်ကတော့ ၂၀၁၀ ရွေးကောက်ပွဲကာလတုန်းက ရေလုပ်ငန်းဝန်ကြီးကို ပါဏာတိပါတကံဟောမိလို့ လူထွက်ရတဲ့ ဦးပုည ဆိုတဲ့ဦးဇင်းလေးသတင်းပါ။ ဦးဇင်းလေးကဘဲ အလိုက်ကန်းဆိုးမသိ တရားဟောမိလိုက်လေသလား။ ဒါမှမဟုတ် စက်တင်ဘာအရေးအခင်း တုန်းကဘုန်ကြီးတွေကိုဖမ်းဆီးသတ်ဖြတ်တာတွေကိုရည်ညွှန်းပြီး ဟောပြောလေသလားတော့မသိ။ ပြေးပေါက်မှားပြီး လူထွက်လိုက်ရပါ တယ်။ သတင်းကတော့ အောက်ပါအတိုင်းပါ။

ဝန်ကြီးကို ပါဏာတိပါတကံဟောမိလို့ သံဃာတပါးလူဝတ်လဲခံရ
RFA 2010-08-15

တနင်္သာရီတိုင်း ထားဝယ်မြို့နယ် သဗျာကျေးရွာမှာ မွေးမြူရေးနဲ့ရေလုပ်ငန်းဝန်ကြီး ဝါဆိုသင်္ဃန်းကပ်လှူတဲ့ပွဲမှာ ပါဏာတိပါတာကံ (သူ တပါး အသက်ကိုသတ်ခြင်း) ကျူးလွန်တာနဲ့ပတ်သက်တဲ့တရား ဟောကြားခဲ့တဲ့ဆရာတော်တပါးကို သြဂုတ်လ (၉) ရက်နေ့က ခရိုင်အဆင့် အာဏာပိုင်တွေက သိက္ခာချလူဝတ်လဲခိုင်းခဲ့တယ်လို့ စုံစမ်းသိရှိရပါတယ်။

ဆရာတော်ဦးပုညဟာ သက်တော် (၂၇) နှစ်၊ ဝါတော် (၇) ဝါ ရှိတဲ့ မဲချောင်းကျေးရွာ ဘုန်းကြီးကျောင်းက ကျောင်းထိုင်ဆရာတော် ဖြစ်ပါ တယ်။ ပြီးခဲ့တဲ့ သြဂုတ်လ (၈) ရက်နေ့က ထားဝယ်မြို့ ကဗျာကျေးရွာမှာ မွေးမြူရေးနဲ့ ရေလုပ်ငန်းဝန်ကြီး ဦးမောင်မောင်သိန်းရဲ့ ဝါဆိုသင်္ဃန်း ကပ်လှူတဲ့ပွဲမှာ တရားဟောမိရာက သိက္ခချ လူဝတ်လဲခံရတာဖြစ်တယ်လို့ ဒေသခံသံဃာတပါးက မိန့်ပါတယ်။

“ဒီဦးဇင်းက တရားဟောလိုက်တာ မြတ်စွာဘုရားဟောခဲ့တဲ့ တရားထဲကပါပဲ။ ပါဏတိပါတာကံအကြောင်းကို ဟောရင်းကနေ၊ သူကလည်း လုပ်တာက မွေးမြူရေးနဲ့ ရေလုပ်ငန်းလေ၊ သူ့ကို သွားထိခိုက်တယ်လို့ ယူဆရတာပေါ့နော်။ ဦးဇင်းတို့ကတော့ အနာပေါ် တုတ်ကျသွားတာပေါ့။ အကုသိုလ်လုပ်တဲ့သူကို ပါဏတိပါတာကံတရားဟောမိတော့ ဘုန်းကြီးကို အဓမ္မသင်္ဃန်းချွတ်ခိုင်းလိုက်တယ်လေ။ (၉) ရက်နေ့က ဒကာ ကြီးရေ။ ဘုရားကြီးကျောင်းတိုက်က ဆရာတော်ပေါ့။ ဆရာတော်ကို အဓမ္မအတင်း သူတို့ဌာနဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းတွေကနေ သိက္ခချခိုင်းတယ်။ ခရိုင်အဆင့် အာဏာပိုင်တွေက မဲချောင်းရွာ ဘုန်းကြီးကျောင်းက ဆရာတော်ဦးပုည သိက္ခာချ လူထွက်ခိုင်းခဲ့တဲ့အခြေ အနေကို ဖုံးကွယ်ဖို့အတွက် မဲချောင်းကျေးရွာနေ ပြည်သူတွေနဲ့ ဘုန်းကြီးကျောင်းထဲက ကျန် သံဃာတော်တွေကို ဆရာတော်ဦးပုညကိစ္စ လာရောက် မေးမြန်းစုံစမ်းတဲ့သူကို မှတ်ထားဖို့ မှာကြားခဲ့တယ်လို့ အခု သိက္ခာချခံရတဲ့ ဆရာတော်ဦးပုညရဲ့ ဒကာတဦးကပြောပြပါတယ်။

“(၉) ရက်နေ့၊ အဲဒီမနက် (၆) နာရီမှာ သူ့ကျောင်းကိုလာပြီးတော့ ခရိုင်အဆင့်ရှိတဲ့ ရဲမှူးတယောက်ပါတယ်။ ပြီးတော့ စရဖတို့၊ အကုန်လုံး အရပ်ဝတ်နဲ့လာတယ်။ အဲဒါမျိုးခေါ်ပြီးတော့ သိက္ခာ အတင်းချခိုင်းတာပေါ့နော်။ အဲဒီကိစ္စနဲ့လာပြီးတော့ သတင်းလာမေးတာတို့၊ ပြောတာဆို တာ မေးတာတို့ကိုလာလို့ရှိရင် အဲဒါမှတ်ထား၊ တရွာလုံးကိုလည်း အစည်းအဝေးခေါ်ပြီးတော့ ဒီကိစ္စကို သတင်းမပေါက်ကြားအောင် ဆရာ တော် ခုထွက်တာလည်း သူ့ဆန္ဒနဲ့သူထွက်တာ။ သူတို့နဲ့မပတ်သက်တဲ့ပုံစံမျိုး ရှင်းလင်းတာပေါ့နော်”

လူဝတ်အလဲခံခဲ့ရတဲ့ ဆရာတော်ဦးပုညဟာ အခုချိန်မှာ ထားဝယ်မြို့နဲ့ မိုင် (၄ဝ) လောက်ဝေးတဲ့ ဇာတိရွာဖြစ်တဲ့ ရဘဲကျေးရွာကို ပြန်ရောက် နေပြီလို့ သိရပါတယ်။ အခုလို ကျောင်းထိုင်ဆရာတော်တပါး တရားဟောရုံနဲ့ သိက္ခာချလူထွက်ရတဲ့ကိစ္စကို ထားဝယ်မြို့က စာသင်သား သံဃာတော်တွေက သာသနာရေးဝန်ကြီးဌာနကို စာရေးသားအသိပေးဖို့စီစဉ်နေတယ်လို့ စောစောက ဒေသခံသံဃာတော်ကပဲ ဆက်မိန့်ပါ တယ်။

မွေးမြူရေးနဲ့ရေလုပ်ငန်းဝန်ကြီး ဗိုလ်မှူးချုပ်မောင်မောင်သိန်းဟာ စစ်ဘက်တာဝန်ကနေအနားယူထားတဲ့ အရပ်သားတဖြစ်လဲ ဝန်ကြီး ဦး မောင်မောင်သိန်း ဖြစ်ပါတယ်။ တနင်္သာရီတိုင်း ထားဝယ်ခရိုင်အတွင်းမှာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီအနေနဲ့ ဝင်ရောက်ယှဉ်ပြိုင်မယ်လို့ သတင်းတွေ ထွက်နေသလို အဲဒီဒေသတွင်းမှာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီအတွက် မဲဆွယ်စည်းရုံးတာတွေလုပ်ဆောင်နေတယ်လို့လည်း သိရပါတယ်။

“ဗုဒ္ဓဒေသနာတော်တွေနဲ့ဆက်နွယ်ပြီးတော့ ဟောကြားတဲ့အချိန်မှာပဲ မထိခိုက်အောင်လို့ အတတ်နိုင်ဆုံးဆင်ခြင်နေရတယ်။ ရှောင်ကြဉ်နေ ရတယ်။ ဆရာတော်ကြီးတွေဆို ဘာမှကို မပြောနိုင်၊ မဟောနိုင်ကြဘူး။ မပြောနိုင်၊ မဟောနိုင်ဘူးဆိုတာ သူတို့နဲ့သွားပြီးငြိစွန်းမှာ ကြောက်ကြ တာပေါ့လေ” တဲ့။

တချိန်တုန်းက ကြံ့ဖွံ့ဆိုတာလူမှုရေးအသင်းပါလို့ပြောရင်း လူမိုက်တွေမွေးပြီး ကြံ့ဖွံ့ပါတီဖြစ်လာတာဆိုတော့ သာသနာတော်သန့်ရှင်းတည် တန့်ရေးအတွက် ဖွဲ့ထားတဲ့သံဃမဟာနာယကဖွဲ့လည်း ကြံ့ဖွံ့မဟာမိတ် မဟနပါတီဖြစ်မလာဘူးလို့ ဘယ်သူပြောနိုင်မလဲနော့။ လူမိုက် တွေလက်ထက်မှာ ဖြစ်ချင်ဖြစ်နိုင်တာပေါ့။ ။

(ရွေးကောက်ပွဲဥပဒေ)
ရွေးကောက်ပွဲ ဥပဒေ အခန်း ၁၃၊ ပုဒ်မ ၅၈ (ဂ) တွင် လူမျိုးရေးကိုဖြစ်စေ၊ ဘာသာရေးကိုဖြစ်စေ အကြောင်းပြ၍ ဆန္ဒမဲ ပေးရန်သော်လည်း ကောင်း၊ ဆန္ဒမဲ မပေးရန်သော်လည်းကောင်း၊ ပြောဆိုခြင်း၊ ဟောပြောခြင်း၊ ကြေညာချက် ထုတ်ပြန်ခြင်း (သို့မဟုတ်) ယင်းသို့ပြုလုပ်ရန် အားပေးလှုံ့ဆော်ခြင်းပြုလုပ်လျှင် မည်သူမဆို ထိုသူအား တနှစ်ထက်မပိုသောထောင်ဒဏ်ကိုဖြစ်စေ၊ ကျပ်တသိန်းထက်မပိုသော ငွေဒဏ် ကိုဖြစ်စေ၊ ဒဏ်နှစ်ရပ်စလုံးကိုဖြစ်စေ ချမှတ်နိုင်ကြောင်း ဖော်ပြထားသည်။

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ အခန်း ၂၊ ပုဒ်မ ၆ (င)တွင် ဘာသာရေးကို နိုင်ငံရေးအတွက် အလွဲသုံးစားခြင်းမပြုရန် တားမြစ်ထားပြီး ပြုလုပ်လျှင် အဆိုပါဥပဒေ၏ အခန်း ၃၊ ပုဒ်မ ၁၂ (က၊ ၄) အရ နိုင်ငံရေးပါတီအဖြစ်မှ ဖျက်သိမ်းခံရမည်ဖြစ်ကြောင်း ပြဋ္ဌာန်းထားသည်။

http://moemaka.com


ဆက်ဖတ်ရန်
ပို့စ်တင်သူ ။.............။ younger on Sunday, 8 April 2012
0 ( မှတ်ချက်ရေးချင်ရင် )
ခေါင်းစဉ်အလိုက်ပို့စ်များ |

ဓမ္မဘေရီအရှင်ဝီရိယ (တောင်စွန်း)

ဧပြီ ၂၊ ၂၀၁၂
ဘ၀အတွက်အဖြူနဲ့အမည်း၊ အလင်းနဲ့အမှောင်၊ အတက်နဲ့အကျတို့ကို အဆုံးအဖြတ်ပေးနိုင်မည့် ရွေးချယ်မှုတစ်ခုမှ တွေဝေကြောက်ရွံ့ပြီး အမှန်အကန်ဆုံးဖြတ်ရဲတဲ့သတ္တိမရှိခဲ့ရင် တိုးတက်တဲ့အပြောင်းအလဲတခုအတွက် ကမ္ဘာကြီးတခုမက ခြားအောင် ဝေးကွာသွားစေနိုင်တယ်။ အမှန်တရားကို ကြောက်ရွံ့နောက်တွန့်ခြင်းမရှိသူများအတွက်ကတော့ မှန်ကန်တဲ့ဆုံးဖြတ်ချက်နဲ့ လှမ်းလိုက်တဲ့ခြေတလှမ်းဟာ မိမိရဲ့တစ်ကိုယ်ရေဘ၀တစ်ခုအတွက်သာမက မိမိမှီတင်းနေထိုင်တဲ့ လောကကြီးတခုလုံးအတွက်ပါ လင်းလက်တောက်ပသွားစေနိုင်တယ်ဆိုတာ မြတ်ဗုဒ္ဓခေတ်က ဖြစ်ပေါ်ခဲ့တဲ့ဖြစ်ရပ်များကို အသေအချာလေ့လာကြည့်ရင် အလွန်ထင်ရှားသိသာစေနိုင်ပါတယ်။

ဟုတ်ပါတယ်။ မြတ်စွာဘုရားပွင့်တော်မူလို့ ပထမဆုံးဝါကျွတ်ချိန်မှာ သာသနာပြုတပည့်ရဟန်းခြောက်ကျိတ်ချိန်မှာ သာသနာပြု တပည့် ရဟန်း ခြောက်ကျိတ်တို့ အရပ်ဒေသအသီးသီးကို လည့်လည်ပြီး သာသနာပြုကြပါတယ်။ ရာဇဂြိုလပြည်ကိုတော့ အရှင်အဿဇိမထေရ်မြတ် က ကြွရောက်သာသနာပြုတာပါ။ အဲဒီမှာ နောင်အခါ မြတ်စွာဘုရားသာသနာမှာ လကျာရံ၊ လက်ဝဲရံရယ်လို့ ထင်ရှားကြမည့် ဥပတိဿနဲ့ ကောလိတဆိုတဲ့ ပုရိဗိုဇ်နှစ်ဦးဟာ အရှင်အဿဇိမထေရ်မြတ်ထံမှ မြတ်ဗုဒ္ဓရဲ့ အသိမှန်ကိုရရှိပြီး မသေရာတရားထူးကို တွေ့သိခံစားကြရ တဲ့အခါ မြတ်ဗုဒ္ဓရှိရာကိုသွားရောက်ကြဖို့ စီစဉ်ကြပါတယ်။ သူတို့နဲ့အတူ အရင်က သူတို့ရဲ့ဆရာတော်ခဲ့တဲ့ သိဉ္စည်းဆရာကြီးနဲ့ သီတင်းသုံး ဖော် တပည့်များကိုပါ အပါခေါ်သွားဖို့ သိဉ္စည်းဆရာကြီးရဲ့ ကျောင်းကို ပြန်ခဲ့ကြတယ်။

သိဉ္စည်းဆရာကြီးထံရောက်တော့ အရှင်အဿဇိထံကသိရှိရတဲ့ တရားစစ် တရားမှန်နဲ့ ဒီတရားကို ဟောညွှန်းတော်မူတဲ့ မြတ်ဗုဒ္ဓရဲ့ ဂုဏ် ကျေးဇူးတို့ကိုပြောဆိုပြီး ဆရာကြီးပါ မြတ်ဗုဒ္ဓထံမှောက်သွားရောက်ကြဖို့ခေါ်တဲ့အခါ သိဉ္စည်းဆရာကြီးက “ဒီနေရာမှာ ဆရာကြီးတဆူ ဖြစ်နေပြီးမှ တခြားဆရာတဦးထံမှာ တပည့်မခံလိုတော့ဘူး။ သင်တို့နဲ့အတူ လိုက်လိုတဲ့တပည့်တွေ လိုက်ကြ။ ငါကတော့ ဘယ်လိုကပြီး ဘယ်လိုဇာတ်သိမ်းရ သိမ်းရ ဒီမှာပဲ ငါ့ဇာတ်နဲ့ ငါ ဆရာကြီးပဲ လုပ်နေတော့မယ်” ဆိုပြီး မြတ်ဗုဒ္ဓထံ သွားရောက်ဖို့ တွေဝေတွန့်ဆုတ်စွာ ဆုံး ဖြတ်လိုက်ပါတယ်။ နောက်ဆုံး ဇာတ်သိမ်းကြရတဲ့အခါမှာတော့ အမှန်အကန်သတ္တိရှိရှိ ဆုံးဖြတ်ခဲ့ကြတဲ့ တပည့်များက ဘ၀ရဲ့အေးချမ်းမှုကို ကိုယ်သိမျက်မှောက်ခံစားကြရပြီး သေခြင်းကင်းတဲ့အဖြစ်နဲ့ ဇာတ်သိမ်းကြရတယ်။ ဆုံးဖြတ်ချက် တွေဝေနောက်တွန့်ခဲ့တဲ့ သိဉ္စည်းဆရာကြီး ကတော့ အမှန်တရားကို ကြောက်ရွံ့နောက်တွန့်ကြသူတို့ရဲ့ ထုံးစံအတိုင်း သာသနာတော်ဆိုတဲ့ ခေတ်ကောင်းကြီးတခုနဲ့ လွဲချော်ပြီး ပူပန်ဆင်းရဲမှောင်မည်းလှတဲ့ ဒုဂ္ဂတိဘုံဘ၀မှာ ကျင်လည်နေရဆဲပါ။ သူ့ရဲ့တွေဝေတဲ့ဆုံးဖြတ်ချက်အမှားတခုကြောင့် နောက်ထပ် သာသနာ ခေတ်ကောင်းတခုကြုံဖို့ဆိုတာကတော့ ကမ္ဘာများစွာ ခြားနေဦးမှာပါပဲ။

ဒါကြောင့်လည်း ဒီလိုပုဂ္ဂိုလ်တွေကိုရည်ရွယ်ပြီး က၀ိဗန္ဓနကထာကျမ်းဆရာက …
• လမ်းမှားသိလျက်၊ သွားမပျက်၊ သင့်ထက်မိုက်သူ ရှိချိမ့်လော။
• လမ်းကောင်းသိလျက်၊ ပြောင်းမတက်၊ သင့်ထက်မိုက်သူ ရှိချိမ့်လော။ လို့ ဆိုတာဖြစ်ပါလိမ့်မယ်။

အမှန်တရားကို ရဲရဲဝံ့ဝံ့ သတ္တိရှိရှိ ဆုံးဖြတ်နိုင်ခဲ့တဲ့အတွက် မိမိရဲ့ တကိုယ်ရေးဘ၀ကိုသာမက မိမိနေထိုင်ရာ ၀န်းကျင်လောကကြီးတခုလုံးကိုပါ အမှားက အမှန်၊ အမှောင်က အလင်း၊ အနိမ့်က အမြင့်ထိ လင်းလက် မြင့်တက်သွားအောင် ပြောင်းလဲသွားစေနိုင်ပုံကိုတော့ ဘုရားရှုရဲ့ ကျောင်းဒကာကြီး အနာထပိဏ်ရဲ့ဖြစ်စဉ်က ထင်ရှားသိသာစေသလို အတုယူအားကျဖို့လည်း ကောင်းလှပါတယ်။

အနာထပိဏ်သူဌေးကြီးဆိုတာ ကောသလမင်းကြီးအုပ်ချုပ်တဲ့ ကောသလတိုင်းရဲ့ မြို့တော် သာဝတ္ထိမြို့က အထင်ရှားအကြွယ်ဝဆုံး သူဌေးကြီးပါ။ အမည်ရင်းက “သုဒတ္တ” ဖြစ်ပေမယ့် ခိုးကိုးရာမဲ့သူတို့ကို အစားအစာ ပေးကမ်းထောက်ပံ့လေ့ရှိတဲ့ သူ့ရဲ့ဂုဏ်ကြောင့် သူ့ကို အများက “အနာထပိဏ္ဍိက = ခိုးကိုးရာမဲ့သူတို့ရဲ့ ထမင်းရှင်” ဆိုတဲ့ ဂုဏ်ထူးဆောင်အမည်နဲ့ပဲ ခေါ်ဆိုကြပါတယ်။

အနာပိဏ်သူဌေးကြီးဟာ ဗိမ္ဗိသာရမင်းကြီးအုပ်ချုပ်တဲ့ မဂဓတိုင်းရဲ့မြို့တော် ရာဇဂြိုဟ်ပြည်က အထင်ရှားဆုံးဖြစ်တဲ့ ရာဇဂြိုဟ်သူဌေးကြီးနဲ့ မောင်လည်နှမလည် (သမီးယောက်ဖ) ညီအကိုတော်စပ်ပါတယ်။ အသီးသီး ဒေသထွက်ပစ္စည်းများ အပြန်အလှန်သွားလာရောင်းချရာမှာ တဦးအိမ် တဦးတည်းခိုမြဲဖြစ်သလို တဦးဦးက အာဂန္တုအဖြစ် ရောင်းဝယ်ဖောက်ကားဖို့ရောက်လာကြတဲ့အခါမှာလည်း အိမ်ရှင် (အာဝါသိက) သူဌေးကြီးက အဆောင်အယောင်များနဲ့ တခမ်းတနားကြိုဆိုပြီး နေရာချထား စီစဉ်ပေးကြမြဲဖြစ်ကြပါတယ်။

တခါသားမှာတော့ အနာထပိဏ်သူဌေးကြီးက နောက်ပါလှည်းငါးရာတို့နဲ့အတူ ရာဇဂြိုဟ်ကိုသွားတဲ့အခါ မြို့နားနီးရောက်တော့ ထုံးစံအတိုင်း မိမိရောက်လာကြောင်း သတင်းစကားကြိုတင်ပါးလိုက်ပေမယ့် ရာဇဂြိုဟ်သူဌေးကြီးက အကြိုထောက်မရောက်လာပါဘူး။ လာနိုးနိုးနဲ့ စောင့်စားရင်း တဖြည်းဖြည်းခရီးဆက်လာခဲ့တာ ရာဇဂြိုဟ်သူဌေးရဲ့ အိမ်ဝသာရောက်ရော အစေခံ အကြိုထောက်လောက်ပဲ ရောက်လာ တယ်။ ရာဇဂြိုဟ်သူဌေးကြီးကတော့ သူ့အစေအပါးတွေနဲ့သ ချက်ရေးပြုတ်ရေးကိစ္စတွေကို ကြီးကြပ်ညွှန်ကြားရင်း အလုပ်ရှုပ်နေတယ်။

အနာထပိဏ်သူဌေးကြီးက သူ့အတွက် စီမံပြင်ဆင်ထားတဲ့ ဘုံခုနှစ်ဆင့်အဆောက်အဦရဲ့ ကျက်သရေခန်းမှာ နားနေချိန်ရောက်မှသာ ရာဇ ဂြိုဟ်သူဌေးကြီးရောက်လာပြီး “မနက်ဖြန်မှာ မြတ်စွာဘုရားအမှူးရှိတဲ့ သံဃာတော်အပေါင်းကို ဆွမ်းအလှူကြီးပေးဖို့ ပင့်ဖိတ်ထားတဲ့အတွက် လစ်လပ်လစ်ဟင်းမှုမရှိအောင် စီစဉ်ညွှန်ကြား ဝေယျဝေစ္စများနေတဲ့အတွက် မြို့ပြင်ထွက်ပြီး ထုံးစံအတိုင်း အကြိုမထောက်နိုင်ကြောင်း” ပြောဆိုနှုတ်ခွန်းဆက်လိုက်တဲ့အခါ အနာထပိဏ်သူဌေးကြီးမှာ “မြတ်စွာဘုရား” ဆိုတဲ့အသံကြားလိုက်ရတာနဲ့ တပြိုင်နက် ပါရမီဓာတ်ခံရဲ့ နှိုးဆော်မှုကြောင့် ပီတိအဟုတ်ငါးမျိုးစုံအောင် တကိုယ်လုံးပြန့်နှံ့ပြီး ချက်ခြင်းကြီးကို ဘုရားရှင်ထံ သွားရောက်ဖူးမြှော်လိုတဲ့ ဆန္ဒတွေ ဖြစ်ပေါ်လာပါသတဲ့။

ရာဇဂြိုလ်သူဌေးကြီးက “အရဟံအစရှိတဲ့ ဂုဏ်ကိုးဝနဲ့ပြည့်စုံတော်မူတဲ့ မြတ်စွာဘုရားရှင်ဟာ သုဿန်င်္ချိုင်းအနီးမှာရှိတဲ့ သီတ၀နတောရ ကျောင်းမှာ သီတင်းသုံးနေတော်မူတာဖြစ်လို့ အခုချိန်မှာတော့ သွားရောက်ဖို့ မဖြစ်နိုင်တော့ပါး နက်ဖြန်နံနက်စောစောရောက်မှသာ အရဟံစတဲ့ ဂုဏ်တော်များသခင် ဘုရားရှင်ထံ သွားရောက်နိုင်ပါတော့မည်” လို့ ဖြေကြားပြောဆိုတဲ့အခါ အနာထပိဏ်သူဌေးကြီးလည်း ရာဇဂြိုလ်သူဌေးထံက ကြားသိရတဲ့ ဘုရားရှင်ရဲ့ ဂုဏ်တော်များကို ပွားများရင် ဖြစ်ပေါ်လာတဲ့ ပီတိအဟုတ်တွေကြောင့် ထမင်းမေ့ ဟင်းမေ့သာမက အိပ်ဖိုရာကိုပင် မကြိုးစားတော့ဘဲ ဘုရားဂုဏ်များကိုသာ အထပ်ထပ်ပွားများနေလိုက်တဲ့အတွက် ပီတိအဟုန်တွေ တဖွားဖွားဖြစ်ပေါ်လာပြီး နေထိုင်ရာဝန်းကျင်တစ်ဝိုက်မှာတောင် အလင်းရောင်တွေဖြာထွက်လင်းထိန်နေပါသတဲ့။

ပီတိအဟုတ်ကြောင့်ဖြစ်ပေါ်တဲ့ အလင်းရောင်တွေကိုပဲ နေထွက်တဲ့အလင်းရောင်လို့မှတ်ထင်ပြီး သဘာဝအလင်းရောင်မရမီ မိုးသောက်အား ကြီး(အမှောင်ထုအားကြီး) တဲ့ လင်းခါနီးအချိန်မှာပဲ ဘုရားရှင်ကို သွားဖို့ဘုံခုနှစ်ဆင့်ရှိတဲ့ အဆောက်အဦးအထက်က ဆင်းသက်လာတဲ့အခါ ဘုံခုနှစ်ဆင့်ရဲ့တံခါးတွေဟာ အလိုလို အရန်သင့် ပွင့်လင်းနေပါတော့သတဲ့။

ဘုံခုနှစ်ဆင့်က ဆင်းပြီး မြို့တွင်းလမ်းမအတိုင်း လျှောက်လာခဲ့လို့ မြို့တံခါးအနီးရောက်တဲ့အခါမှာတော့ အရိယာဖြစ်တဲ့ မြို့စောင့်နတ်က မြို့တခါးကို အရန်သင့်ဖွင့်ထားနှင့်တဲ့အတွက် မြို့ပြင်ကို အဟန့်အတားမရှိထွက်လာနိုင်ခဲ့ပါတယ်။

အဲဒီခေတ်ဒေသဓလေ့ထုံးစံအရ သူသေများကို ရက်ခြားအောင် အိမ်မှာမထားကြဘဲ သေဆုံးပြီးပြီးချင်း စွန့်ပစ်ကြပါတယ်။ လူဦးရေကိုးကုဋေ လောက်နေထိုင်တဲ့ ရာဇဂြိုလ်မြို့တွင်းလည်း နေ့နေ့ညည သေဆုံးသူများက အမြဲမပြတ်လိုရှိနေကြတာပါ။ ညပိုင်းမှာ သေဆုံးသူများကိုတော့ မြို့တံခါးတွေပိတ်ထားတဲ့အတွက် တံတိုင်းပေါ်ကနေပြီးတော့ပဲ အပြင်ကို ပစ်လွှင့်ထားကြလို့ အနာထပိဏ်သူဌေးကြီး မြို့ပြင်ရောက်တယ်ဆိုရင်ပဲ လေလောလတ်လတ် စွန့်ပစ်ထားတဲ့အလောင်းကောင်တွေကို နင်းမိတိုက်မိပြီး ကြောက်လန့်သွားတဲ့အတွက် ဘုရားဂုဏ်ကို အာရုံပြုနေတဲ့ ပီတိအဟုန်ကြောင့်ဖြစ်ပေါ်နေတဲ့ အလင်းရောင်များလည်း ကွယ်ပျောက်သွားလို့ ပတ်ဝန်းကျင်ဟာ မှောင်အတိကျရောက်ပြီး ကြောက်သည်ထက်ပိုကြောက်လာကာ နောက်ကြောင်းပြန်လှည့်လိုတဲ့စိတ်တွေ ဖြစ်လာပါသတဲ့။

အဲဒီအခါမှာ ၀န်းကျင်ကိုစောင့်ကြပ်တဲ့ သိဝကနတ်ဘီးလူက ကိုယ်ထင်မပြဘဲ သာယာချိုမြိန်တဲ့အသံနဲ့ “အို… အနာထပိဏ်သူဌေးကြီး အမှန်တရားရှိရာ ဘုရားကျောင်းတော်ဆီအရောက်သွားမည်ဟု ရည်မှန်ထားတဲ့ ယောက်ျားလူစွမ်းရဲ့ခြေတစ်လှမ်းဟာ မင်းထိုက်စိုးတန် အမျိုးအမှန်တဲ့ အဖိုးတန်ရတနာ သင်္ချာတွက်ကိန်းဆင်တစ်သိန်း၊ မြင်းတစ်သိန်း၊ သတို့သမီးကညာတစ်သိန်းတို့ထက် အဆပေါင်းများစွာ အဖိုးထိုက်တန်ပါတယ်။ သူဌေးကြီးရှေ့ကိုသာဆက်သွားပါ။ ရှေ့ကိုသာဆက်သွားပါ။ သင်သဌေးကြီးအတွက် ရဲရဲဝံ့ဝံ့ရှေ့ကို ဆက်သွားခြင်း ကသာ ချီးမွမ်းထိုက်အောင် မြင့်မြတ်လှပါတယ်။ ကြောက်ရွံ့တွန့်ဆုတ်နောက်ပြန်တုံ့ခြင်းဟာ အကျိုးလည်းမဲ့ ကဲ့ရဲ့ဖွယ်လည်း ဖြစ်ပါလိမ့်မယ်” လို့ အားပေးတိုက်တွန်းစကား ပြောကြားလိုက်တဲ့အခါကျမှ သူဌေးကြီးလည်း “ငါ့မှာ အဖော်မရှိ တယောက်တည်းလို့ မှတ်ထင်ပြီး ကြောက်ရွံ့ နေတာ ခုတော့ အပေါင်းအဖော်တွေနဲ့ပါလား”လို့ တွေးတောအားတက်ပြီး ရဲစိတ်တွေပြန်ပေါ်လာပါတော့တယ်။

ရဲဝံ့တဲ့စိတ်ဓာတ်နဲ့ ရှေ့ကိုသာဆက်ဖို့ ဆုံးဖြတ်ပြီး ဘုရားရှင်ဂုဏ်ကို အာရုံပြုလိုက်တဲ့အခါ သဒ္ဓါတရား၊ ပီတတရားတွေလည်း အရှိန်အဟုန်ပြန်လည်ကြီးထားတက်ကြွပြီး အလင်းရောင်တွေလည်း ပြန်လည်ဖြစ်ပေါ်လာတဲ့အတွက် စိတ်ရဲ့ကြောက်ခြင်း၊ ကိုယ်ရဲ့တုန်လှုပ်ခြင်းနဲ့ ကြက်သီးမွေးညှင်းထခြင်းများလည်း ငြိမ်းအေးသွားပါတယ်။

ဒီလိုနဲ့ ခရီးဆက်ခဲ့ရာက ဘုရားရှင်ရဲ့ကျောင်းတော်အနီး သုဿန်ခရီးကို ဖြန်သန်းရတဲ့အခါမျာလည်း အသုဘကောင် အမျိုးမျိုးနဲ့ တောခွေး၊ အိမ်းခွေးတို့ရဲ့အသံကို တွေ့မြင်ကြားသိရတဲ့အခါ ကြောက်စိတ်တွေ ပြန်ဝင်လာပြန်လို့ ဘုရားအာရုံတွေပျောက်ပြီး အမှောင်ထုပြန်ဖုံသွားပြန် တဲ့အတွက် ရှေးနည်းအတူ နောက်ပြန်ဆုတ်ရကောင်းမလားဆိုတဲ့ ကြောက်ရွံ့တွန့်ဆုတ်တဲ့ စိတ်တွေပေါ်လာပြန်တယ်။ ဒီအခါမှာလည်း ရှေးနည်းအတူ သိဝကနတ်ဘီလူးက အားပေးတိုက်တွန်းစကား ပြောပေးပါတယ်။ ဒီလိုနဲ့ သုံးကြိမ်းလောက် တွန့်ဆုတ်ဖြစ်ခဲ့ရာက နောက်ဆုံး မှာတော့ ဘုရားရှင်ထံတော်မှောက်ကို ရဲရဲဝံ့ဝံ့ ရှောရှောရှုရှုကြီး ရောက်သွားပါတော့တယ်။

မြတ်စွာဘုရားရှင်ကို ဖူးမြင်ကန်တော့ပြီးလို့ တရားဓမ္မနာယူရတဲ့အဆုံးမှာတော့ သူဌေးကြီးရဲ့စိတ်သန္တန်မှာစွဲမှီညစ်ပေနေတဲ့ အထင်အမြင် အယူအဆမှားယွင်းမှု(ဒိဌိ)နဲ့ တွေးတောယုံမှား သံသယပွားမှု(၀ိစိကိစ္ဆာ) အမှောင်ထုတို့ ကင်းစင်လွင့်ပျောက်ပြီး သောတာပတ္တိ ဖိုလ်ဆိုတဲ့ တရားအလင်းဓာတ်များ ပေါ်ပေါက်တည်ရှိသွားပါတော့တယ်။
ဘုရားရှင်နဲ့ နောက်ပါသံဃာတော်ကို ဆွမ်းအလှူကြီးပေးပြီး မိမိရဲ့ဇာတိသာဝတ္ထိမြို့မှာ သီတင်းသုံနေထိုင်ဖို့ ဘုရားရှင်ကို လျှောက်ထားပန် ကြားတဲ့အခါ ဘုရားရှင်ကလည်း ဂရုဏာကြီးစွာလက်ခံလိုက်ပါတယ်။ အဲဒီနောက်မှာတော့ သူဌေးကြီးက မိမိရဲ့ဇာတိနိုင်ငံမှာ “စေတ၀န်” ဆိုတဲ့ ကျောင်းတိုက်ကြီးကို အခက်အခဲအမျိုးမျိုးကို အံတုရင်ဆိုင်ပြီး အောင်အောင်မြင်မြင်ဆောက်လုပ်လှူဒါန်းခဲ့တဲ့အတွက် သာဝတ္ထိပြည်နဲ့ ကောသလတိုင်းသားများရဲ့ ဘ၀ဟာလည်း မြတ်ဗုဒ္ဓရဲ့တရားစွမ်းအားတွေရရှိပြီး အမှောင်ခေတ်ကြီးကို လွန်မြောက်ကာ အမှန်တရားရဲ့ အလင်းရောင် ထွန်းပရာ ခေတ်သစ်ကြီးအဖြစ် ပြောင်းလဲတိုးတက်လာပါတော့တယ်။

သာဝတ္ထိပြည် ဇေတ၀န်ကျောင်းတိုက်ုကြီးဟာ ဘုရားရှင်နဲ့ နောက်ပါ သံဃာတော်အတွက် နေထိုင်ဖို့ သပ္ပါယမျှတသလို ကျောင်းဒကာကြီးနဲ့ ပြည်သူပြည်သားများကလည်း သဒ္ဓါတရားထက်သန်ကြတဲ့အတွက် ဘုရားရှင်ဟာ သက်တော်ထင်ရှားနေထိုင်သမျှ သက်တမ်းရဲ့ ထက်ဝက်ကျော်ကျော်(၂၅) ၀ါတိုင်တိုင် ၀ါဆိုတော်မူခဲ့ပါတယ်။ သီတင်းသုံးနေထိုင်စဉ်အတွင်းမှာလည်း မင်းနဲ့ပြည်သူ ခပ်သိမ်းလူတို့ရဲ့ စရိုက်၊ ၀ါသနာ၊ အလေ့အထုံဓာတ်ခံအလိုက် တရားဓမ္မများ ဟောကြားခဲ့တာကြောင့် မြတ်ဗုဒ္ဓရဲ့ဝိနည်းပညတ်တော်အများစုနဲ့ သုတ္တန်ဒေသနာတော်အတော်များများတို့ဟာ သာဝတ္ထိပြည်မှာ၊ ပညတ်ခဲ့၊ ဟောကြားခဲ့တာတွေများပါတယ်။

သာသနာပဆိုတဲ့ အမှောင်ခေတ်ကြီးကုန်လွန်ပြီး “သာသနာတွင်း ဓမ္မအလင်းခေတ်” ဆိုတဲ့ ခေတ်သစ်ကြီးတစ်ခုသာဝတ္ထိပြည်နဲ့ ၀န်းကျင်မှာ သာမက ကမ္ဘာနဲ့အ၀ှမ်း ပြောင်းလဲဖြစ်ပေါ်လာခြင်းမှာ အနာထပိဏ်သူဌေးကြီးရဲ့ ရဲဝံ့မှန်ကန်တဲ့ ဆုံးဖြတ်ချက်ဟာ အရေးပါတဲ့ အခန်းကဏ္ဍ တစ်ခုဖြစ်ခဲ့တယ်ဆိုတာကတော့ အထူးပြောစရာမလိုတော့ပါဘူး။

မြတ်ဗုဒ္ဓခေတ်က ဖြစ်ပျက်ခဲ့တဲ့ ဒီဖြစ်ရပ်တွေကို ကြည့်လိုက်ရင် သံဝေဂပွားများစရာရော အတုယူအားကျစရာများပါ နှစ်မျိုးလုံးကို တွေ့မြင် နိုင်ပါတယ်။ သိဉ္စည်းဆရာကြီးက အခွင့်ကောင်းကြီးတစ်ခုကို ကြုံတွေ့ရပါလျက် မပြောပလောက်တဲ့အကြောင်းကလေးတစ်ခုကို ငဲ့ကွက်ပြီး အမှန်အကန်ဆုံးဖြတ်ရဲတဲ့ သတ္တိချို့တဲ့ခဲ့အတွက် “သာသနာတွင်း” ဆိုတဲ့ ခေတ်ကောင်းကြီးတစ်ခုကို လွဲချော်သွားခဲ့ရတယ်ဆိုတာ ရယ်။

အနာထပိဏ်သူဌေးကြီးဟာ သူ့အတွက်အခွင့်ရလိုက်တဲ့ ခဏကောင်းတစ်ခုကို ရဲရဲဝံ့ဝံ့၊ သတ္တိရှိရှိ အရအမိဆုပ်ကိုင်ဆုံးဖြတ်နိုင်တဲ့အတွက် မိမိရဲ့ဘ၀တစ်ခုအတွက်သာမက မိမိဖြစ်တည်ရာနိုင်ငံနဲ့ လောကကြီးတစ်ခုလုံးကိုပါ မည်းရာမှဖြူ၊ မှောင်ရာမှလင်း၊ ဆိုးရာမှ ကောင်း၊ နိမ့်ရာမှ မြင့်တက်လာတဲ့ အခွင့်အရေးကောင်ကြီးတွေကို ရယူလိုက်နိုင်ခဲ့တယ်ဆိုတာရယ်ကိုပါ။

ဒါနဲ့ပတ်သက်လို့ မြတ်စွာဘုရားရှင်ကလည်း အဂုင်္တ္တရနိကာယ၊ အဌကနိပါတ်၊ အက္ခဏသုတ်မှာ “ဣဓ စေနံ ၀ိရောဓေတိ = အခွင့်ကောင်း ခဏကောင်းတစ်ခုကို လက်လွတ်စေ ချွတ်ချော်စေသူဟာ၊ စိရတ္ထံ အနူတပိဿတိ = နေ့ညဥ့်ရှည်ကြာနောင်တပူပန်ရလိမ့်မည်” လို့ သတိပေး ဆုံးမခဲ့ပါတယ်။

ဘုရားရှင်က ဥပမာသာဓက ပြတာကတော့ “၀ါဏိဇောဝအတီတတ္ထော = အခါအခွင့်ကို လက်လွတ်ခဲ့ရတဲ့ ရွဲကုန်သည်လိုဖြစ်မယ်”တဲ့။

ဒေ၀ဒတ်အလောင်း ရွဲကုန်သည်ဟာ အဖိုးတစ်သိန်းထိုက်တဲ့ရွှေခွက်ကို အဦးဆုံးတွေ့ရပေမယ့် အချောင်ရလိုတဲ့ စိတ်ထားနဲ့ ရွှေခွက်ကို ပဲဝက်တောင်မတန်ဘူးဆိုပြီး မြေပေါ် ကိုင်ပေါက်လွှင့်ပစ်ခဲ့တယ်။ နောက်မှ ရောက်လာတဲ့ ဘုရားလောင်းရွဲကုန်သည်က အမှန်အတိုင်းပြော ပြီး ရွှေခွက်ကို ရယူသွားနိုင်ခဲ့တယ်။ ဒေ၀ဒတ်လောင်းရွဲကုန်သည်က အဖိုးအနည်းငယ် ပေးပြီးယူမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ နောက်တစ်ကြိမ် ပြန်လာချိန်တော့ လက်လွန်သွားခဲ့ပြီဆိုတာ သိလိုက်ရပြီး ဘုရားလောင်းနောက်ကို လိုက်ပေမယ့် မမှီလိုက်တော့တဲ့အတွက် နောင်တကြီးစွာ ပူပန်ပြီး သွေးပွက်ပွက်အန်က သေဆုံးသွားရပါသတဲ့။ အဲဒီရွဲကုန်သည်လို မဖြစ်ကြစေနဲ့လို့ သတိပေးလိုတာပါ။

နောင်တပူပန်ရမှု ကင်းဝေကြစေဖို့ ခဏကောင်းတစ်ခုကို သတ္တိရှိရှိ ရယူနိုင်ကြပါစေသော်။

http://moemaka.com

ဆက်ဖတ်ရန်
ပို့စ်တင်သူ ။.............။ younger on Monday, 2 April 2012
0 ( မှတ်ချက်ရေးချင်ရင် )
ခေါင်းစဉ်အလိုက်ပို့စ်များ |

လောက၌ အကောင်းမြင်ဝါဒီ အဆိုးမြင်ဝါဒီဟုနှစ်မျိုးရှိသည်။အထူးသဖြင့် ယနေ့ခေတ်သည် အဆိုးမြင်ဝါဒီသမားတို့ တိုးပွားကြီးထွားသော ခေတ်ဖြစ်လေသည်။ ဤကဲ့သို့သော ခေတ်ကြီးတွင် နိန္ဒာ+ပသံသ လောကဓံ နှစ်ဖြာကို ခံနိုင်ရည်စွမ်း မရှိသူအဖို့ ဒုက္ခသံသရာ ပင်လယ်ဝေဖို့သာ ရှိတော့သည်။

သာသနာ့ဝန်ထမ်း ရှင်ရဟန်းတို့အပေါ်ဝယ် မိဘမေတ္တာအပြည့်ဝဖြင့် ရှု့မြင်သုံးသပ် သာသနာတော်၏ အဓွန့်ရှည်တည်တဲ့ရေးကို လိုလားသည့် ကျောင်းမတဦး၏ ရှင်သာမဏေ ရဟန်းငယ်များအပေါ် စောင့်ရှောက်ပုံ ကို ယနေ့ခေတ် အပြစ်ကိုသာမြင် အတုယောင်ကိုသာ အဟုတ်ကြီးထင်နေကြသည့်လူအများစုအတွက် ဖေါ်ပြလိုပါသည်။

မန္တလေးမြို့ ယခုမျက်မှောက်ခေတ်တွင် အောင်မြင်နေသည့် စာသင်တိုက်ကြီး၏ ကျောင်းအမဖြစ်သည့် အမျိုးသမီးကြီး၏ မျက်နှာအသွင်ပြင်သည် ကျက်သရေးလည်းရှိ စိတ်ဓာတ်ကလည်း တကယ်ပင် မွန်မြတ်ပါပေ သည်။ စာသင်သား သံဃာ၂၀၀ကျော်ကို နေ့စဉ် ဟင်းကောင်းတခွက် စီမံကာ လှူဒါန်းလေ့ရှိသည့် ကျောင်းအမကြီးသည် မိခင်မေတ္တာအပြည့်ဖြင့် သူမ လှူဒါန်းထားသည့် ကျောင်းဝန်းအတွင်းကို လေ့လာ ကြည့်ရှု့ စိစစ်လေ့ရှိသည်။ စည်းကမ်းလည်း အလွန်ပင်ကြီးသည့် အမျိုးသမီးကြီးဖြစ်သည်။

သူမလှူဒါန်းထားသော ကျောင်းအတွင်း စာသင်နေသည့် ရှင်သာမဏေများသည် အသက်အရွယ်အားဖြင့် (၇)နှစ်မှသည် အသက် (၁၉)နှစ်အရွယ်ထိဖြစ်သည်။ ရဟန်းငယ်များမှာလည်း အသက်အားဖြင့် (၂၀)၀န်းကျင် နှင့် (၃၀)ကြားမှာ ရှိကြသည်။ အသက်လေးကျော်ဆိုသည်မှာ ကျောင်းထိုင်ဆရာတော် တပါးသာရှိသည်။

လောကီအမြင်နှင့်ကြည့်မည်ဆိုလျှင် (၇)နှစ်နှင့် (၁၅)နှစ်အရွယ်များသည် အလွန်ပင် ဆော့လိုကြအငြိမ် မနေကြသည့် အရွယ်များဖြစ်သည်။ ကိုရင်ဆိုသည်နာမည်နှင့်လိုက်အောင် ဆရာသမားများက နေ့စဉ် ညစဉ် ဆုံးမထား၍သာ အရွယ်နှင့်မမျှ ကိုယ်အမှုအရာ နှုတ်အမူအရာလေးတွေ ချစ်ဖို့ကောင်းနေသည်။ ဆရာသမား များကွယ်ရာရောက်သွားလျှင်တော့ သင်္ကန်းကို ဘေးချ ကလေးသဘာဝ ထိန်းချုပ်မရ ကြံဖန်ကာ ဆော့ကြသည်။
စာရေးသူ ကိုရင်ပေါက်စဘ၀ အသက်အားဖြင့် (၇)နှစ်သားအရွယ်မှာ ရွာထဲ ဆွမ်းခံသွားရင်း တခါတရံ အဖေါ်ကောင်းရင် သပိတ်ကိုဘေးချ သင်းပိုင်လိပ်ထဲက သရေခွင်းဖြေကာ သရေပင် ပစ်တမ်း ဆော့လို့ ဆရာတော်က ကြိမ်နဲ့ဆော် ခံရတာ အကြိမ်ပေါင်း မနည်းပင်။

နေ့စဉ်နှင့်အမျှ ကျောင်းဝင်းအတွင်း အိမ်သာရေချိုးခန်းပါ မကျန် လိုက်လံကြည်တတ်သည့် သူမသည် တခါတခါ ကိုရင်လေးများ ကျောင်းဆောင်အတွင်း အ၀တ်စုတ်ကိုလုံး ဘောလုံးကန်ကြသည်ကိုလည်း တွေ့မြင်ရသလို တခါတခါ ကိုရင်ကြီးများ စာအုပ်ဘေးချ ကျားထိုးကြသည်ကိုလည်း တွေ့မြင်ရသည်။

သူမသည် ဆရာတော်ကြီးကိုလည်း မလျှောက်၊ သူကိုယ်တိုင်လည်း မမြင်သကဲ့သို့ ရှောင်ဖဲသွားတတ်သည်။ ကျောင်းရှိကပ္ပိယများ ကိုရင်လေးတို့ ဆော့သည်ကိုမြင်၍ ဆရာတော်ကို လျှောက်လိုက်၍ ဆရာတော်က ရိုတ်လျင်လဲ ဦးဇင်းရယ် မရိုက်ပါနဲ့ ကိုရင်လေးတွေက ကလေးအရွယ်တွေပဲ ဆော့ချင်ကြမှာပေါ့ ဒဏ်လေးလောက်ပဲ ပေးပြီး ကျေနပ်လိုက်ပါ ဆုံးမလိုက်ပါ ဦးဇင်းရယ်ဟု ဖြေသိမ့်တတ်သည်။

သူမ၏ ကိုရင်လေးတို့ပေါ်ထားရှိသည့် သဘောထားကို ကပ္ပိယကြီးအား ပြောပြသည်ကို ဤသို့ ကြားမိသည်….
ကပ္ပိယကြီးရယ် ကိုရင်လေးတွေ ဆော့တာ မဟုတ်တာလေးတွေကို ဆရာတော်ကို မလျှောက်ပါနဲ့။ သူတို့လေးတွေက ငယ်ငယ်ရွယ်ရွယ်နဲ့ မိဘနဲ့ခွဲ ရပ်ရွာနဲ့ခွဲကာ ပိဋကတ်စာပေတွေကျက် သာသနာတော်မှာ ပျော်မွေ့နေတာကို ကျေနပ်လိုက်စမ်းပါတဲ့။ ရှင်လည်း မ၀တ်နိုင်၊ ကျမလည်း ၀တ်ခွင့်မရတဲ့ သင်္ကန်းကို ရုံကာ တခါတခါ ဆွမ်းခံသွားခါနီ သူတို့လေးတွေ တန်းစီရပ်လို့ သပိတ်လေးတွေ ပိုက်ကာ သူတို့ဆရာသမားရှေ့မှာ သြ၀ါဒကို ခံယူ မျက်လုံးလုံးတွေ မှိတ်၊ ငြိမ်ငြိမ်လေး ရပ်နေတာလေးကို မြင်လိုက်ရရင် ကျမဖြင့်လေ (၇)နှစ်သားနဲ့ ရဟန္တာဖြစ်သွားတဲ့ ရှင်ပဏ္ဍိတတို့ ရှင်သံကိစ္စတို့များလားလို့ စိတ်ထဲမှာကြည်နူးမိတယ်။ ပီတိတွေဖြစ် သဒ္ဓါတရားတွေ ပွားများမိပါတယ်တဲ့။

ဆော့တတ်တဲ့အရွယ်မှာ ကလေးစိတ်ကရှိနေတော့ ပုထုဇဉ်ကိုရင်လေးတွေပဲ ကပ္ပိယကြီးရယ် အပြစ်တော့ ဘယ်ကင်းပါ့မလဲ။ သင်္ကန်းဝတ်ထားလို့သာ ကိုရင်ခေါ်ရတာကိုး။ သူ့အရွယ် သူ့သဘာဝ အတွင်းစိတ်ကတော့ ဆော့ချင်နေရှာမှာပေါ့။ ဒီလိုအရွယ်လေးနဲ့ ငါတို့မလုပ်နိုင်တာတွေ သူတို့က လုပ်နေတာပါလားလို့ သိလိုက်ရင် သူတို့အပေါ်နားလည်လို့ရတာပေါ့ ကပ္ပိယကြီးရယ်။

စာကျက်လိုက် ဆော့လိုက်နဲ့ ဒီလိုနဲ့ပဲ လတွေကုန် နှစ်တွေကုန် ကိုရင်လေးကနေ ကိုရင်ကြီး၊ ကိုရင်ကြီးကနေ ဦးဇင်းလေး၊ ဥိးဇင်းလေးကနေ ဆရာတော်ကြီးတွေ ဖြစ်သွားရတာပဲလေ။ ကိုရင်လေးတွေကို သာသမီးလို သဘောထားပြီး ချစ်လိုက်စမ်းပါ ကပ္ပိယကြီးရယ်တဲ့။
နောက်ရှိသေးတယ်ကပ္ပိယကြီးရေ…. သားအလတ်တွေရှိသေးတယ်တဲ့။ သားအငယ်တွေက ဆော့ရုံပဲရှိတာ။ စိတ်မပူရဘူး ကပ္ပိယကြီးရေ….. သားအလတ်တွေက သိတဲ့အတိုင်း အသက်က (၁၅) (၁၆) (၁၇) (၂၀)နှစ်တွေလေ။ လောကီပြောပြောရရင် လူပျိုပေါက်စ မြီးကောင်ပေါက် အရွယ်တွေပေါ့။ ဒီအရွယ်တွေက ကွမ်းဝါးချင်လာတယ် ဆေးလိပ်သောက်ချင်လာတယ်။ ကောင်မလေးတွေပေါ် စိတ်ဝင်စားလာတဲ့ အရွယ်တွေ ပေါ့။ ကျမကသိတယ်….ဒီကိုရင်ကြီးတွေဦးဇင်းငယ်လေးတွေရဲ့ ခြေလှမ်းဘယ်ရောက်နေတယ်ဆိုတာ။ ကပ္ပိယကြီးက မသိဘူး။ အခု အပြင်ကို ညနေတိုင်း ကျောင်းအနားကထမင်းကျော် ခေါက်ဆွဲကျော် ၀ယ်စားနဲ့ တော်ကြာ အပြင်က ကောင်မလေးတွေနဲ့ ရှုပ်တာတွေဖြစ်မှာစိုးရတယ်။

အဲဒါ ကျောင်းနားက ဆိုင်တွေကို ခပ်ဝေးဝေးဆိုင်ဖွင့်ဖို့ ငွေပေးပြီး ရှင်းထားရတယ် ကပ္ပိယကြီးရေတဲ့။ ဆွမ်းစားကျောင်းမှာရှိတဲ့ အစားအသောက် ယူစားတာ ကပ္ပိယကြီး မမြင်သလိုနေပေးပါ။ အပြင်ဆိုင် ထွက်ထိုင်ပြီး စားတာထက်စာရင် ကျမကျောင်းက ကိုရင်တွေ ကျမသားတွေက အများကြည်ညိုဖို့ကောင်းတာပေါ့။
စိတ်ကစားတဲ့အရွယ်လေးတွေကို ကျမတို့က ထိန်းထိန်းသိမ်းသိမ်း လုပ်ပေးလိုက်ရင် သူတို့စာပေတွေ သူတို့ ဆရာသမားအဆုံးအမတွေနဲ့ ဖြေးဖြေးခြင်း အရွယ်လေးရလာပြီး ကိုရင်ကြီးတွေ ဦးဇင်းလေးတွေ တည်ငြိမ်သွားမှာပေါ့။
တနေ့က ကိုရင်ကြီး တပါး အုဋ္ဌ်တံတိုင်းခုန်ပြီး ဘောလုံးပွဲသွားကြည့်တာ ဆရာတော်က မြင်တယ်ဆိုလို့ အဲဒီကိုရင်ကြီးကို ဆရာတော်က နှင်ထုတ်လိုက်တယ်။ စိတ်မကောင်းဖြစ်မိတယ် ကပ္ပိယကြီးရယ်။ အဲဒါ အခု ဆရာတော်ကို လျှောက်ပြီး အိမ်က တီဗွီ နှစ်လုံး ယူလာပြီး အပြင်မထွက်ကြနဲ့ ကျောင်းတွင်းမှာပဲ ကြည့်ပါ ကိုရင်တို့ရေဆိုပြီး သူတို့ အဆောင်ပေါ် ပို့ထားခဲ့တယ်။
အင်းလေ သူတို့တွေလဲ ဒီအရွယ်က အပျော်အပါးမက် ကြတဲ့ အရွယ်တွေပဲ။ အပြင်က လူငယ်တွေလို ကာရာအိုကေဆိုင်သွား နှိုက်ကလပ်သွား မိဘကို စိတ်ဆင်းရဲအောင် လုပ်နေတာထက်စာရင်တော့ သင်္ကန်းဝတ်ပြီး စာတွေကျက် တဖြေးဖြေးနဲ့ သာသနာမှာ ထင်ရှားတဲ့ ဆရာတော်ကြီးတွေ ဖြစ်လာကြမှာပဲလို့ တွေးပြီး ကျမကဖြင့် ကြည်ညိုနေမိတာပဲ။

ကျမ စောင့်ရှောက်ပြုစုထားတဲ့ ဒီကိုရင်ငယ် ကိုရင်ကြီးတွေ နောက် အနှစ် (၂၀)လောက် အချိန်ကျရင် အခုဆရာတော်ကြီးလိုမျိုး အပါး (၂၀၀)ထဲက အပါး (၂၀)လောက်တော့ ပေါ်ထွက်လာမှာပဲတဲ့။ ဒါဆိုရင် ကျမ သာသနာအတွက် ထောက်ပံ့လှူဒါန်းရတာ သာသနာပြုရတာ အကျိုးကြီးပြီပေါ့ ကပ္ပိယကြီးရယ်တဲ့။
နောင်တချိန်ကျရင် ရှင်တို့ ကျမတို့ လှူဒါန်းနိုင်လို့ ကျောင်းကြီးတွေ တည်ဆောက်ထားပေမဲ့ သင်္ကန်းစည်းပြီး အမေနဲ့ခွဲ အဖေနဲ့ခွဲ ရပ်ရွာကိုခွဲပြီး စာလာသင်မဲ့ အမျိုးကောင်းသားလေးတွေမရှိတော့ရင် ကျမတို့ ဘယ်လို သာသနာပြုလို့ရတော့မလဲ။ အခုကျမတို့ ကိုးကွယ်နေတဲ့ ဆရာတော်ကြီးမျိုးတွေ ဘယ်ပေါ်ထွက်တော့မလဲ။

တကယ်တော့ ကပ္ပိယကြီးရယ် ကမ္ဘာ့သာသနာပြု ဆရာတော်ကြီးတွေ နိုင်ငံကျော် ဆရာတော်ကြီးတွေဆိုတာ ဒီလိုပဲ ကလေးဘ၀ကနေ ဒကာ×ဒကာမတွေက ထောက်ပံ့ ဆရာသမားတွေက ပျိုးထောင်လာခဲ့လို့ ဖြစ်လာခဲ့ ရတာပေါ့။ အပင်ပျိုးရင်း တခါတခါ ရေးများများလောင်းမိလို့ အမြစ်ပုတ် အပင်သေသွားတာရှိသလို အချိန်မှီ ရေမလောင်းမိလို့ အမြစ်ချောက် သေသွားတာလဲ ရှိသပေါ့ ကပ္ပိယကြီးရယ်။

အဲဒီတော့ သူ့အရွယ်နဲ့ သူ့စရိုက် အရွယ်ရောက်လာရင် ဖြစ်ပေါ်လာတတ်စမြဲမို့ အမြင်မတော်တဲ့ အရာလေးတွေကို အပြစ်မမြင်၊ ခွင့်လွတ်နားလည်ပေး၊ လမ်းမှန်ရောက်အောင် သားသမီးလို စောင့်ရှောက်ပေး ကာ သာသနာတော်အတွက် ဆရာတော်ကြီးတွေ ဖြစ်ဖို့ သာသနာဘောင်မှာ ပျော်နေတဲ့ ကိုရင်ငယ် ရဟန်းငယ်လေးတွေကို ကြည်ညိုလိုက်စမ်းပါ ကပ္ပိယကြီးရယ်…………………….
စာသင်သားသံဃာတော်ပေါင်း (၂၀၀)ကျော်ရဲ့ မိခင်ကြီး၊ သာသနာ့မိခင်ကြီး၏ စိတ်ဓာတ်နှင့် သဘောထားကို ကြားသိလိုက်ရတဲ့ ကပ္ပိယကြီးသည် မျက်ရည်စတွေ ၀ဲကျ အံ့သြခြင်းများစွာဖြင့် တန်လျားခုံးပေါ်တွင် ကျောင်းအမကြီး ထွက်သွားသော ခြေလှမ်းတို့ကို ငေးကြည့်ကာ ကျန်ရစ်ခဲ့လေတော့သည်။ ထိုနေ့မှစ၍ ကျောင်းရှိ ကပ္ပိယကြီးသည် ကိုရင်လေးများက အဘရေ ကိုရင်တို့ကို ဘာလုပ်ပေးပါဟုဆိုလျှင် ပြုံးပြုံးကြီးဖြင့် လုပ်ပေးရှာသည်။ ကိုရင်လေးတွေကလည်း အဘကိုချစ်ကြ၊ အဘကလည်း ကိုရင်လေးတွေကို ချစ်ကြနှင့် ပျော်စရာကြီးဖြစ်၍ နေလေတော့သည်။
ထို့ကြောင့် စာရေးသူ ကောက်ချက်ချမိသည်။ ဗုဒ္ဓဘာသာခံယူထားသည့် အမျိုးကောင်းသား+ အမျိုးကောင်းသမီးထုတွင် သဒ္ဓါတရားအားကောင်း၍ သာသနာကို ချစ်မြတ်နိုးသော အမျိုးကောင်းသား+အမျိုးကောင်းသမီးတို့သည် ကိုရင်ငယ်၊ရဟန်းငယ်တို့အပေါ်၌ မိမိသွေးသားများကဲ့သို့ ကြည်ဖြူ စောင့်ရှောက် နားလည် ပေးကြကုန်၏။ တကယ်ပင် သာသနာတော်ကို ထောက်ပံ့လှူဒါန်းကြကုန်၏။

သဒ္ဓါတရားအားနည်း၍ ဟိုယောင်ယောင် ဒီယောင်ယောင် အမျိုးကောင်းသား+အမျိုး ကောင်းသမီးတို့သည်ကား ပိဋကတ်ကျမ်းစာ တပိုင်းကြောင် ကျက်မှတ်ကာ သာသနာစိတ်ကြီးမာသယောင်ယောင်၊ ခေတ်ပညာတတ် လူတတ်ယောင်ယောင် ရဟန်းသာမဏေတို့အပေါ် အထင်မြင်သေးကာ ဟိုကိုရင်က ဘာတွေလုပ်နေ၏၊ ဟိုဘုန်းကြီးက ဒါတွေလုပ်နေ၏ဟု ဝေဘန် လေကန်မှုပြုကြ၏၊ သာသနာတော်ကို ရက်ရက်ရောရော ထောက်ပံ့လှူဒါန်းကြသူများမဟုတ်ပေ။
မစိုးရိမ်ဆရာတော်မိန့်သည့် စကားဖြင့် နိဂုံးကမ္ပတ် အဆုံးသတ်လိုက်ပါရစေ…..

မန္တလေးမြို့က ဒကာကြီးတယောက်သည် ကိုရင်များ ဘောလုံးကန်နေသည်ကို တွေ့မြင်၍ မစိုးရိမ်ဆရာတော် ဘုရားကြီးထံသွားရောက်၍ ဆရာတော်ဘုရား အရှင်ဘုရားကျောင်းက ကိုရင်တွေ ဘောလုံးကွင်းထဲမှာ ဘောလုံးကန်နေပါသည် ဘုရား၊ မြင်ရ တွေ့ရတာ မကောင်းလှပါဘူးဘုရားဟု လျှောက်ထားလေ၏။
ထိုအခါ ဆရာတော်က ပြန်မိန့်လိုက်သည်မှာ ….အေးကွဲ ဒကာတော်…. ကိုရင်လေးတွေ ဘောလုံးကန်နေတာ သွား အပြစ်မမြင်လေနဲ့။ နောင်တချိန် ဒီကိုရင်လေးတွေ ငါလို ဆရာတော်ကြီး ဖြစ်တဲ့ အခါ ဘောလုံးကန်ပါဥိး ဘုရားလို့ ဆိုပြီး ဘောလုံး လာချပေးထား။ ဘယ်တော့မှ မကန်တော့ဘူးမှတ်။ ကလေးမို့ ဆော့တာ ဆော့ပါစေ..ပစ်ထားလိုက်ဟု မိန့်တော်မူပါသတည်း။

ကဲ ယနေ့ခေတ် ညီငယ် ညီမငယ် အကိုကြီး အမကြီးတို့……မည်သို့မည်ပုံ သာသနာ့ဝန်ထမ်း ရှင်ရဟန်းတွေအပေါ် ရှုမြင်ကြမလဲ…ဆိုတာ ခေတ်ပညာတတ် ပညာရှင်ကြီးများမို့ သိရှိကြလိမ့်မည်ဟု ယုံကြည်မိပါကြောင်း ……………………

ဦးမနက်ဖြန်

http://www.yawcommunity.com/

ဆက်ဖတ်ရန်
ပို့စ်တင်သူ ။.............။ younger on Monday, 5 March 2012
0 ( မှတ်ချက်ရေးချင်ရင် )
ခေါင်းစဉ်အလိုက်ပို့စ်များ |


ဝတ်မှုန် (စင်ကာပူ)
ဖေဖော်ဝါရီ ၁၆၊ ၂၀၁၂

ကျွန်တော် နိုင်ငံရေးသမားမဟုတ်ပါဘူး။ ဘာသာရေးတရားဟောဆရာလည်း မဟုတ်ပါဘူး။ သို့သော် နိုင်ငံကိုကောင်းစေချင်တဲ့ ခရစ်ယာန် ဘာသာရေးမီဒီယာလုပ်ငန်းလုပ်ပါတယ်။

အင်တာနက်မှာ 5-Feb-2012 YouTube ခရစ်ယာန်တစ်ဦးရဲ့ဘ၀အကြောင်းကို နားထောင်လိုက်ရတဲ့အချိန်မှာ၊ သူပြောသလို သူနဲ့ကိုယ်က RIT ဘွဲ့ရချင်းအတူတူ၊ ခရစ်ယာန်လည်းတူ ..ဆိုတော့ အလွန်စိတ်ဝင်စားမိတယ်။ အံ့သြလွန်းလို့ တခြား RIT နဲ့ဆက်နွယ် သူတွေကိုမေး ကြည့်တော့ ဟုတ်လားလို့ပဲ ပြန်မေးခံရတယ်။

ဇတ်လမ်းကတော့ … အသက် (၇) နှစ်အရွယ် သူရိန်ထွန်း ဆိုသူ မိဘ ၂ ပါးနဲ့၊ သူ့ညီမလေးရယ် သထုံဖက်၊ ကားနဲ့ခရီးထွက်စဉ် စစ်တပ်က အမေ့ကို မုဒိမ်းကျင့်၊ အဖေ့ကိုဘက်နက်နဲ့ထိုးသတ်၊ ကားနဲ့အလောင်း ဓါတ်ဆီလောင်းမီးရှို့ပြီး၊ မောင်နှမ ၂ ယောက်ကျန်ရစ်ခဲ့တယ်။ နောက်ပိုင်း ပဲခူးမှာ ၁၀ တန်းအောင်၊ သူက RIT ပြီးတယ်။ ညီမက MBBS ပြီးတယ်။ မိဘသတ်သူကိုလက်စားခြေဖို့ တောထဲဝင်မယ်ကြံတုန်း ပဲခူးဘုန်းကြီးက သံ ဃာဝတ်ခိုင်းရာမှ ဘုန်းကြီး (၉) ဘွဲ့ရတယ်။ ၁၉၈၈ အရေးအခင်းအပြီးမှာ ဗိုလ်ချုပ်မှူးကြီးစောမောင်က သူ့ကို ပြည်ပပညာသင်ပို့တယ်။ အိန္ဒိယက M.A Buddhism, သီရိလင်္ကာက Ph.D ရခဲ့တယ်။ မြန်မာပြည်မှာမြှောက်စားခံရပြီး နိုင်ငံအကြီးအကဲ ဗိုလ်ချုပ်မှုးကြီးစောမောင်သွား တဲ့နိုင်ငံတွေကို လိုက်ရတယ်။ နောက် နှလုံးကင်ဆာရောဂါရပြီး သေနေ့စောင့်နေချိန် ခရစ်ယာန်တရားကြားပြီး၊ ခရစ်ယာန်ဖြစ်တယ်။ ဘုန်းကြီးလူထွက်ပြီး၊ ကချင်ပြည်ရောက်တယ်။ ပြည်မပြန်လာပြီး ခရစ်ယာန်သာသာနာပြုချိန် အဖမ်းခံ၊ ထောင်ကျ၊ နှိပ်စက်ခံရပေမဲ့ ပန်းပန် လျှက်ပါပဲလို့ အလွန်ဘုရားရဲ့စောင့်ရှောက်မှုခံရကြောင်း ပြောပါတယ်။ မေတ္တာတရားလည်း ရရှိကြောင်းကို သူ့မိဘသတ်သွားသူ အသက် ၈၀ အရွယ်ပြန်တွေ့ပြီး၊ ခွင့်လွှတ်နိုင်ကြောင်း၊ ဘုရားမေတ္တာကြီးမားလှကြောင်း စသဖြင့်ပေါ့။ ပါဠိစကားတွေ၊ စာအုပ်တွေ ညှပ်ပြောတော့ … ကျွန်တော်နားမလည်ပေမဲ့၊ သူ့ရဲ့အသံကြားပြီး ယုံလိုက်မိပါတယ်။

အံ့သြစရာကြီးပေါ့။ ဘုရားသခင်လုပ်ရင် ဘာမဆိုဖြစ်တယ်ဆိုပြီး အချက်အလက် အနည်းအကျဉ်းစုံစမ်းတယ်။ RIT ဘွဲ့ရသူငယ်ချင်း များကလည်း မသိဘူး၊ ဟုတ်လားလို့ပဲ ပြောတယ်။ ဘယ်သူမှ မကန့်ကွက်ရဲဘူး။ Data မှမရှိပဲကိုး။ အဲဒီ တနာရီကြာတဲ့ YouTube ဟာ အင်တာနက်မှာ ၄ ရက်အတွင်း အကြိမ် တစ်သောင်းငါးထောင်ကျော် (15,000) count ဖြစ်သွားတယ်။ ကွန်မင့်တွေအများကြီးပေးကြပေမဲ့ သူပြောတဲ့အကြောင်းတွေကို Data နဲ့ ကန့်ကွက်မဲ့လူမရှိဘူး။

အဲဒီလူက တဆင့်တိုးပြီး ဗုဒ္ဓဘာသာတွေကို တိုက်ရိုက်ဘုန်းကြီးအသံ၊ ပါဠိစာလုံးတွေနဲ့ ခရစ်ယာန်တရား ၂ ခုထုတ်လိုက်တာ၊ နာရီပိုင်း အ တွင်း အပြင်အထန်တိုက်ခိုက်မှုကိုခံရပြီး၊ ခရစ်ယာန်အချင်းချင်းကလည်း ဒီလူလိမ်ဖြစ်တယ်ဆိုတာကို သက်သေများနဲ့ပြောလာတာကြောင့် YouTube ကနေ ဖြုတ်ချလိုက်ပါတယ်။

ကျွန်တော်တို့ RIT ကျောင်းဆင်းတဲ့။ ပဲခူးမြို့က အင်ဂျင်နီယာတွေက မဖြစ်နိုင်ဘူး။ ဒါလောက်နာမည်ကြီးတာတောင် မကြားဖူး။ ပြီးတော့ 1982 B.E Civil ဘွဲ့ရသူ ၁၆၀ ဦးမှာ သူရိန်ထွန်းဆိုတာမပါဘူး။ RIT 1980-1984 အင်ဂျင်နီယာဘွဲ့အားလုံးရသွားသူစာရင်းမှာလည်း သူရိန်ထွန်းဆိုတာ မတွေ့ဘူး။ အဲဒီလူကို ဘန်ကောက်ကမိတ်ဆွေတွေက အင်တာဗျူးတဲ့အသံဖိုင်ကို နားထောင်ပြီးချိန် ဒီလူ RIT ကျောင်းမတက်ဖူးဘူးဆိုတာ သေချာပေါက် သိသွားပါတယ်။ ဒီတချက်နဲ့ပဲ သူကို Reject လုပ်လိုက်ပါတယ်။

သတင်းမီဒီယာသမားတွေလည်း တခါတလေ သတင်းထူးပဲဆိုပြီး၊ ယုံလို့ အေပရယ်ဖူးနေ့များမှာ အင်တာနက်၊ ယုံချင်စရာများ တင်ပြ လေ့ရှိတယ်။ အခုကိစ္စတော့ ခရစ်ယာန်မီဒီယာလောကအတွက် အရှိုက်ကိုထိုးခံရတဲ့ လိမ်လည်မှုကြီးပါ။ ဒီလူ ဘာသာရေးဘန်းပြ လိမ်စား နေတာ အခုချိန်မသိရင် နောက်နောင်ပိုဆိုးလာမလားမသိ။ မြန်မာပြည်မှာ ၁၅ နှစ်လောက် ဘုန်းကြီးလူထွက်၊ ခရစ်ယန်ဘာသာဝင်ပြီး မြန်မာပြည်တွင်းမှာလိမ်လို့ အဆင်မပြေတော့၊ အခု ပြည်ပထွက်လာပြီး လိမ်ပြန်တယ်။ ပြည်ပကျတော့ လိမ်လို့မရတော့ဘူး။ မိသွား ရှာတယ်။

● လင်္ကာအရှင်ရဲ့ဖေ့စ်ဘုတ်
13-Feb-2012 မှာတင်ထားတဲ့ အချက်အလက်မှာ၊ သီရိလင်္ကာ ကိုလံဗုဒ္ဓတိသရဏယူနီဗာစတီက Ph.D ရသွားတာဆိုတာ
၁။ ၂၀၀၈ ခုနှစ်မတိုင်ခင်က ကေလနိယတက္ကသိုလ်မှ ဦးပညာဝံသ၊
၂။ ပေရာဒနိယတက္ကသိုလ်မှ ဦးနရိန္ဒ
၃။ ယခုနှစ်မှ ဒေါက်တာဘွဲ့ပြီးခဲ့တဲ့ ဆရာတော်ဦးဝဏ္ဏသီရိဆိုတဲ့ အရှင်သုံးပါးသာ လင်္ကာကနေ ဒေါက်တာဘွဲ့ပြီးဆုံးခဲ့တယ်လို့ သိရပါ တယ်ဆိုတာ Data ရအောင်ရှာပြီး၊ ဒီလူဟာ လူလိမ်ဖြစ်ကြောင်း ချေပနိုင်ပါတယ်။

RIT ဘွဲ့ရမဟုတ်ကြောင်း၊ Ph.D ဘွဲ့ရမဟုတ်ကြောင်း ဒီ (၂) ချက်ရဖို့ ၇ ရက်တောင် ကြာမြင့်ပါတယ်။ နောက်ပိုင်းတော့ အဲဒီခရစ်ယာန် ဘုန်းတော်အတုရဲ့ လိမ်တဲ့အချက်တွေ တခုပြီးတခုပေါ်လာတော့မှာပါ။

ဒါ နိုင်ငံပြုပြင်ပြောင်းလဲရေးအတွက် အလွန့် အလွန် အရေးကြီးပါတယ်။

အင်တာနက်ခေတ်ကြီးမှာ ခရက်တစ်ကပ်၊ အိုင်စီပျောက်လို့ ရဲ၊ ဘဏ်ကို သတင်းမပို့ခင် နာရီပိုင်းအတွင်းမှာပဲ အွန်လိုင်းနဲ့ ငွေထုတ်သွားနိုင် တဲ့ခေတ်ကြီးမှာ၊ ဒေတာ (အချက်အလက်) အလွယ်တကူမရနိုင်တဲ့ မြန်မာလူမျိုးများအတွက် လူလိမ်များရန် ကာကွယ်ဖို့ခက်ခဲလှပါတယ်။ ဘယ်သူ့ကိုယုံရမလဲ။ မြန်မာသံရုံးတွေကကော ..ယုံရပြီလား။

● လူလိမ်ကြီးများကြီးစိုးနေသော မြန်မာနိုင်ငံ
မြန်မာပြည် စစ်အစိုးရခေါင်းဆောင်များဟာ ဟိုးယခင်က ရိုးသား၊ အမိန့်နာခံမှုနဲ့ လုပ်သူများဖြစ်ခဲ့တယ်ဆိုတာ ကျွန်တော်ယုံပါတယ်။ သူတို့ မှာပညာမရှိတော့ နိုင်ငံရေးလိမ်မာပါးနပ်စွာလုပ်စားနေရင်းကနေ စစ်တပ်အာဏာသိမ်းပြီး၊ နောက်ပိုင်းမှာ ပညာတတ်ရင်၊ လုပ်စားလို့မရတဲ့ အထိဖြစ်သွားပါတယ်။ ဥပဒေအားလုံးကို နှုတ်ဥပဒေ (တနည်းအားဖြင့် စစ်ဥပဒေနဲ့) တိုင်းပြည်အုပ်ချုပ်ခဲ့တာ နှစ် ၅၀ အတွင်း ဒီလိုဖြစ်သွား တာကို အားလုံးသိပြီးဖြစ်ပါတယ်။

အခု ဒီဘာသာရေးလူလိမ်အကြောင်းကို ဆက်မယ်ဆိုရင် မြန်မာပြည်တွင်းမှာ ဘာမှယုံကြည်မှုမရှိပဲ၊ နှစ်ပေါက်တပေါက်၊ အပွကြံ၊ တနပ် စားတွေဖြစ်ပြီး၊ တရုတ်ကြီးရဲ့ဝါးမြိုမှုတွေကိုမြင်ပြီး ပြုပြင်ပြောင်းလဲရေးအစိုးရသစ် ၂၀၁၁ မှာစတင်ခဲ့တာ တနှစ်ရှိပါပြီ။ မြန်မာအစိုးရသစ်ရဲ့လုပ်ဆောင်မှုတွေကတော့ တနှစ်အတွင်းမှာ အံ့သြဘွယ်လုပ်ပြခဲ့ပါတယ်။

အခုရေးလိုတာကတော့ လူလိမ်များ၊ ပြည်တွင်းမှာ ဆက်လိမ်လို့ လုံးဝမရသူများ၊ ပြည်ပထွက်ပြီးလိမ်တာတွေ များနေပါတယ်။ မြန်မာပြည်ပြု ပြင်ပြောင်းလဲမှုများကြောင့် ပြည်တွင်းမှာ ဆက်လိမ်လို့မရတော့သူတွေ ပြည်ပထွက်လိမ်ရတယ်ဆိုရင်တော့ ကောင်းပါတယ်။ ဒါပေမဲ့ ပြည် ပရောက်မြန်မာများ အထူးသတိထားစေလိုပါတယ်။ သန့်ရှင်းမြင့်မြတ်ပါတယ်ဆိုတဲ့ ဘာသာရေးလောကထဲအထိ အတုအယောင်တွေ ၀င်လာကြတာ ကိုယ့်ဘုန်းကြီးကလိမ်တော့၊ လူမသိတိတ်တိတ်ကလေး၊ ဖြေရှင်းလိုက်ကြတာများပေမဲ့ အခု အင်တာနက် ယူကျူ့အထိ တက်ပြီးလိမ်တာကတော့ အကောင်းမြင်ဖက်ကကြည့်ရင် ဒီခရစ်ယာန်ဘုန်းကြီးအတု ဆက်လိမ်လို့မရတော့ဘူး။ နောက်မြန်မာလူမျိုးတွေ လည်း သတိထားပေတော့လို့ မှတ်ယူလိုက်ပါတယ်။

● ပြည်ပငွေလိမ်သတင်းကြီး ၂ ခု
၁။ December 2012, စင်ကာပူနိုင်ငံ၊ ရွှေရတနာဆိုတဲ့ ဆိုင်ပိုင်ရှင် စင်ကာပူနိုင်ငံသားခံယူထားတဲ့ မြန်မာပြည်ကအမျိုးသမီးက မြန်မာပြည်မှာအတိုးပိုရတယ်ဆိုပြီး သူ့ဆီအပ်ထားတဲ့ ဒေါ်လာသန်းပေါင်းများစွာကို ခပ်တည်တည်နဲ့လိမ်သွားတယ်။ ဆိုင်ကို ခဲနဲ့ပေါက်မဲ့ အလုပ်သမား ငွေလွှဲသူများကိုတော့ သူတို့လွှဲတဲ့ငွေတွေ ပြန်ပေးတယ်။ ဒေါ်လာသိန်းချီပြီး အပ်ထားသူများရဲ့ ငွေကိုတော့ ပြန်မပေးပဲ ပျောက်ဆုံးနေပါတယ်။ ထို့အတူ လွိုင်ဟိန်းဆိုတဲ့ဆိုင်ကလည်း တခြားမြန်မာဆိုင်အငယ်များက အလုပ်သမားများလွှဲငွေများကို ထပ်မံလိမ်ယူ၊ ထွက်ပြေးပျောက် ဆုံးသွားပါတယ်တဲ့။ အဲဒီလူတွေလည်း မကြာခင် စင်ကာပူပြန်လာကြမလားမသိဘူး။

၂။ January 2012, ကိုရီးယားဝမ်ငွေ တောင်ကိုရီးယားနိုင်ငံတွင် မြန်မာပြည်သို့ ငွေလွှဲလုပ်ငန်းလုပ်ကိုင်နေသော နိုင်သားလေး (ဖုန်း ၀၁၀၈၄၈၈၄၇၇၀ ဂျီမေးအကောင်.montharlay@gmail.com) ဆိုသူသည် မြန်မာပြည်သို့ငွေလွှဲရန် မြန်မာအလုပ်သမားများအပ်နှံထားသော ကိုရီးယားဝမ်သိန်းပေါင်း နှစ်ထောင်ကျော်ယူငင်ပြီး ထွက်ပြေးတိမ်းရှောင်သွားပါသည်။ ၎င်းကိုင်ဆောင်သောဖုန်းနှင့် ဂျီမေးအကောင့်ကို လည်း လုံးဝပိတ်ထားလိုက်ပါသည်။ ကိုသစ်ထူးလွင်မှ သတင်းအဖြစ် နောက်ထပ် အလုပ်သမားများ ကျွန်တော်တို့လို အလိမ်မခံရရေး အတွက် အသိပေးစေလိုပါသည်။ အသေးစိတ်သိရှိလိုပါက မြန်မာအသင်းအကြီးအကဲ ဦးဝိုင်းထံသို့မေးမြန်းနိုင်ပါသည်။ (ဖုန်း ၈၂ ၁၀၂ ၃၃၁၂၄၅၇) လို့ပါတဲ့အတွက် ဦးဝိုင်းကိုဖုန်းခေါ်ပါတယ်။ ဦးဝိုင်းဖြေကြားချက်က – အဲဒီလူငယ် ထိုင်းနိုင်ငံကနေ သူ့ဆီကိုဖုန်းဆက်တယ်။ သူကိုးရီးယားရောက်လာတာ ၆ နှစ်ရှိပြီ။ ဆိုင်ထောင်တယ်။ မကိုက်လို့ ဆိုင်ကိုသူများလွှဲလိုက်ပြီး ငွေလွှဲတာပဲလုပ်တယ်။ အကျပ်အတည်း တွေ့လို့ တခြားနိုင်ငံရှောင်သွားတယ်။ အခု ငွေပြန်လည်ပြီမို့ လွှဲငွေအားလုံးကို ပြန်ပေးပြီးတဲ့အတွက် သစ်ထူးလွှင်က ဒီသတင်းပြန်ဖြုတ်ပေးဖို့ ပြောပေးပါဆိုပဲ။

ဒီလူတွေလည်း မြန်မာပြည်ကလူလိမ်များလို ဥပဒေအရတရားစွဲလို့လဲမရနဲ့၊ လိမ်လည်မှုဖိုးတွန်တီးဆိုတော့ တော်တော်ခက်ပါတယ်။ ခပ် တည်တည် ဆိုင်ပြန်ဖွင့်နေနိုင်တာပဲ။ အံ့သြမိတယ်။

● ဆောင်းပါးနိဂုံး
ဒါကြောင့်ပဲ ပိုက်ဆံလိမ်ပြီး ပြည်ပထွက်ပြေးလာသူ မြန်မာများစွာ တတိယနိုင်ငံတွေမှာ ဒုက္ခသယ်အဖြစ်ငွေပေးပြီး၊ ရီဂျစ်စတာလုပ်လို့ အမေရိကား၊ သြစတြေးလျှားမှာ ငွေထုပ်ကြီးနဲ့ရောက်သွားသူများစွာ ၂၀၀၃ ဗိုလ်ချုပ်ခင်ညွန့် အနားပေးလိုက်ကတည်းကပါပဲ။ အဲဒီလူများ ဟာ ဒုက္ခသည်အတုများဖြစ်ပါတယ်။ ဟိုလူ..သည်လူ .. ဒုက္ခသည်အတုလို့ပြောနေမဲ့အစား ကိုယ်တိုင်ပဲ၊ လမ်းမှားကနေ – လမ်းမှန်ကို လျှောက်ပြီး၊ မိမိ မိသားစုဂုဏ်ကို မြှင့်တင်နိုင်သူများဘ၀ ပြန်ရောက်စေဖို့ မျှော်လင့်ပါတယ်။

အကောင်းမြင်ဖက်ကကြည့်ရင် မြန်မာပြည်တွင်းမှာလိမ်မရတဲ့လူများ ပြည်ပရောက် ရိုးရိုးအေးအေးနေတဲ့၊ မြန်မာလူမျိုးတွေလည်း သတိ ထားပေတော့လို့။

http://moemaka.com

ဆက်ဖတ်ရန်
ပို့စ်တင်သူ ။.............။ younger on Wednesday, 15 February 2012
0 ( မှတ်ချက်ရေးချင်ရင် )
ခေါင်းစဉ်အလိုက်ပို့စ်များ |

အနန္တအတုမရှိ ဗုဒ္ဓမြတ်စွာဘုရား

အလှူရှင်များအား MMSA အဖွဲ့မှ မှတ်တမ်းတင်ဂုဏ်ပြုလွှာပေးအပ်

အလှူရှင်များအား MMSA အဖွဲ့မှ မှတ်တမ်းတင်ဂုဏ်ပြုလွှာပေးအပ်

Mahidol University

International Buddhist Collage

မြန်မာ E Books

ထိုင်းနိုင်ငံ ရောက် ရွှေ့ပြောင်း မြန်မာအလုပ်သားမားများအတွက် ပညာရေး အခွင့်အလမ်းများ

MMSA ပရိတ်သတ်များ

ယခင်ပို့စ်အဟောင်းများ

အားပေးနေသော အပေါင်းသင်းများ

International News

တိုင်းရင်းသားသတင်းဌာနများစုစည်းမှု

သတင်းဌာနများစုစည်းမှု

ဘလော့ဂ်များစုစည်းမှု