MMSA ဘလော့စည်းမျဉ်းများ

* ဘာသာ သာသနာနှင့်လူမျိုးတို့၏ ဂုဏ်ကို ထိခိုက်ပျက်စီးစေတတ်သော အရေးအသားမျိုးကို ရှောင်ရှားရန်၊
* အချင်းချင်း ညီညွတ်မှု့ကို ပျက်စီးစေတတ်သော အကြောင်းများကို ရေးသားခြင်းမှ ရှောင်ရှားရန်၊
* သာသနာနှင့် မအပ်စပ်သော အဖွဲ့ဂုဏ်သိက္ခာကို ငြိုးနွမ်းစေတတ်သော ပုံများကိုတင်ခြင်းမှ ရှောင်ရှားရန်၊
* ပုဂ္ဂိုလ်ရေးဆိုင်ရာများထက် အများနှင့်သက်ဆိုင်သော အကျိုးများစေနိုင်သော ပုံများ စာများကိုသာ ရေးသားရန်၊
* MMSAသည် ပညာရေးအဖွဲ့စည်း ဖြစ်သည့် အတွက်နိုင်ငံရေးနှင့်သက်ဆိုင်သော အရေးအသားများကို ရေးခြင်းမှ ရှောင်ရှားရန်၊
* ဗုဒ္ဓဘာသာနှင့် မိမိတို့လေ့လာနေသော ပညာရပ်ဆိုင်ရာ အကြောင်းအရာများကို ဗဟုသုတအလို့ငှါ ရေးသား မျှဝေကြရန်၊
Showing posts with label ယဉ်ကျေးမှု. Show all posts
Showing posts with label ယဉ်ကျေးမှု. Show all posts

ရခိုင်ပြည်နယ်ရှိမြို့ နယ်များနှင့်လူမှုအသင်းများပါရှိသည့်ရေစကားမဏ္ဍပ် ၁၃ ခုပါဝင်သော န၀မ အကြိမ်မြောက် ရခိုင်ရိုးရာသင်္ကြန်ရေသဘင်ပွဲတော်ကိုရန်ကုန်တိုင်း၊မင်္ဂလာတောင်ညွန့်မြိုနယ်၊သိမ်ဖြူယဉ်မောင်းသင်တန်းကွင်း

တွင်၆ရက်ကြာကျင်းပသွားမည်ဖြစ်ကြောင့်သတင်းရရှိပါသည်။ရခိုင်ရိုးရာတွင်သင်္ကြန်ရေသဘင်ပွဲတော်ကို အဆင့်၃ဆင့်ဖြင့်ကျင်ပလျက်ရှိပြီးပထမအဆင့်အနေဖြင့်နံ့သာသွေးပွဲကျင့်ပကြောင့်ယင်းနံ့သာရေကိုဘုရားရေသပ္ပာယ်
ခြင်းစသောအဆင့်ကို ပြုလုပ်ပြီးမှရေလောင်းပွဲတော်ကို ကျင်းပပါသည်။ရခိုင်လူမျိုးတို့ သမိုင်းတစ်လျောက် မြတ်မြတ်နိုးနိုးထိမ်းသိမ်းစောင့်လျှောက်လာသည့်ယင်းယဉ်ကျေးမှုဓလေ့ထုံးစံကို ရိုးရာမပျက်အောင်ယနေ့ ထိ လက်ဆင့်ကမ်းထိမ်းသိမ်းထားခြင်းဖြစ်သည်။ အဆိုပါ ရခိုင်ရိုးရာသင်္ကြန်းရေသဘင်ပွဲတော်ကို ဧပြီလ ၁၁ ရက်နေ့ ရခိုင်ရိုးရာနံ့သာသွေးပွဲကျင့်ပါမည့်ဖြစ်ပြီးဧပြီလ၁၂ရက်နေ့ တွင့် ဘုရားရေသပ္ပာယ်ပွဲကျင်းပသွားမည့်ဖြစ်ပါသည်။

ဆက်ဖတ်ရန်
ပို့စ်တင်သူ ။.............။ မောင်သိရီ on Wednesday, 11 April 2012
0 ( မှတ်ချက်ရေးချင်ရင် )
ခေါင်းစဉ်အလိုက်ပို့စ်များ |


ခန့်စည်သူက ‘ကိုယ်ပျောက်ချစ်သူ’ဆို တဲ့ ဒီဗီဒီဇာတ်ကားကို ရိုက်ကူးနေပါတယ်။ အန်နီမေးရှင်းနဲ့ ကိုယ်ပျောက်အဖြစ် ဖန်တီးရိုက်ကူးတာဖြစ်ပြီး အရင်တုန်းကလည်း “ဆက်ရန်ရှိသေးသည်”နဲ့ “နတ်မျက်စိ”ဆိုတဲ့ ဇာတ်ကားတွေလည်း ရိုက်ဖူးတယ်လို့ ပြောပါတယ်။ ပရိသတ်အတွက် အထူးအဆန်းလည်း ဖြစ်စေပြီး အန်နီမေးရှင်း၊ 3D တွေကို တအားစိတ်ဝင်စားလို့ ရိုက်ဖြစ်တာလို့ ခန့်စည်သူက ပြောပြပါတယ်။ ဒီလိုဇာတ်ကားမျိုးက သာမန်ဇာတ်ကားတွေထက် ရိုက်ကူးမှု၊ကားဆက်မှုတွေ ပိုကြာ တတ်ပြီး ပရိုဂျူဆာရဲ့ စိတ်ရှည်မှု၊ သဘောထားကြီးမှု၊ အကုန်အကျခံနိုင်မှုပေါ်လည်း မူတည်တယ်လို့ ဆိုပါတယ်။ သာမန် ချစ်၊ကွဲ၊ညား၊ဒရာမာ၊ ဟာသတို့ထက် နည်းနည်း လိုင်းကွဲသွားနိုင်တယ်လို့လည်း ပြောပါတယ်။
ခန့်စည်သူကပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော်၊ နိုင်ငံတော် သမ္မတရုံး၊အမိန့် ကြော်ငြာစာအမှတ် ၁/၂ဝ၁၂ အရ သီဟသုဓမ္မ မဏိဇောတဓရ ဘွဲ့တံဆိပ်ကို ချီးမြှင့်ခံရ တယ် လို့ သိရပါတယ်။ ခန့်စည်သူက သုဓမ္မမဏိဇောတဓရဘွဲ့တံဆိပ်ကို ၂ဝဝ၈ ခုနှစ်က ရရှိခဲ့တာဖြစ်ပြီး အခု ၂ဝ၁၂ခုနှစ်မှာ သီဟသုဓမ္မမဏိဇောတဓရဘွဲ့ကို ထပ်မံရ ရှိတာဖြစ်ပါတယ်။
”ဘာသာ၊သာသနာကို တစ်ဖက်တစ်လမ်းက ထောက်ပံ့လို့ရတဲ့ဘွဲ့ပါ။ အခုက ဘာသာရေးအပြင် လူမှုရေးအပိုင်းကို ပိုလုပ်ဖြစ်တယ်။ ဘာသာရေးအပိုင်းကလည်း အမြဲ တမ်း လုပ်သင့်လုပ်ထိုက်လို့ လုပ်တာပါ။ လူမှုရေးကလည်း မဖြစ်မနေလုပ်ရမယ့် အပိုင်းဖြစ်လို့ လုပ်နေပါတယ်။ အခု လူမှုရေးအပိုင်းမှာ “မတ္တာင်္သင်္ဂဟ”အဖွဲ့နဲ့ စုစုစည်း စည်း၊ သွားကြ၊လှူကြတာ ပီတိလည်းဖြစ်တယ်။ ကိုယ့်ရှေ့မှာရှိနေတဲ့ မကျန်းမာသူတွေ၊ ဒုက္ခရောက်နေတဲ့သူတွေက ကိုယ်တွေရောက်သွားတဲ့အချိန်မှာ ခဏတာ စိတ် ချမ်းသာတာကို တွေ့ရတယ်”လို့ ခန့်စည်သူက ပြောပြပါတယ်။
မေမွန်မောင်

ဆက်ဖတ်ရန်
ပို့စ်တင်သူ ။.............။ မောင်သိရီ on Tuesday, 10 April 2012
0 ( မှတ်ချက်ရေးချင်ရင် )
ခေါင်းစဉ်အလိုက်ပို့စ်များ |

ရခိုင်ပြည်နယ် လွှတ်တော်တွင် ရခိုင်ပြည်နယ် အလံနှင့် ရခိုင် အမျိုးသား ရိုးရာ ၀တ်စုံ ဆန်းစစ်ရေး အဖွဲ့ကို အဖွဲ့ဝင် (၅) ဦးဖြင့် ဧပြီလ (၃) ရက်နေ့က ဖွဲ့စည်းလိုက်ပြီ ဖြစ်ကြောင်း သတင်း ရရှိသည်။

အဖွဲ့ဝင်များမှာ (၁) ဦးလှသိန်း (တရားသူကြီး) အဖွဲ့ခေါင်းဆောင် (၂) ဦးထွန်းမင်း ( သမိုင်းဌါနပါမောက္ခ) အဖွဲ့ဝင်၊(၃) ဦးဇော်ဝင်းလှိုင် ( မြန်မာစာဌာန) အဖွဲ့ဝင်၊(၄) ဦးမွီးလှ (စာရေးဆရာ) အဖွဲ့ဝင် (၅) ဦးဇော်ဇော်ထွန်း (ဗမာ အမျိုးသား) ( ယဉ်ကျေးမှုပြတိုက်မှူး) အဖွဲ့ဝင်တို့ ဖြစ်ကြသည်။

ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီ ပြည်နယ် လွှတ်တော် အမတ်အများစု ကန့်ကွက်နေသည့် ကြားထဲမှ ယခုကဲ့သို့ ၅ ဦးပါ အလံနှင့် ဆန်းစစ်ရေး အဖွဲ့ကို ရခိုင်လွှတ်တော်တွင် ဖွဲ့စည်းလိုက်ခြင်း ဖြစ်သည်။

" ရခိုင်တိုင်းရင်းသားများတိုးတက်ရေး ပါတီ အမတ်တွေက အခုအချိန်မှာ အလံတွေ၊ အမျိုးသား ၀တ်စုံတွေကို ဆန်းစစ်ရေးထက် အရေးကြီးတဲ့ ကိစ္စတွေကို ဆောင်ရွက်ဖို့ တင်ပြတာကို လက်မခံဘဲ ကြံ့ခိုင်ရေး ပါတီ အမတ်တွေက မဲခွဲပြီး အလံနဲ့ အမျိုးသား ၀တ်စုံ ဆန်းစစ်ရေး အဖွဲ့ကို ဖွဲ့စည်းလိုက် ပါတယ်" ဟု ရတပ လွှတ်တော် အမတ် တစ်ဦးက ပြောသည်။

ဧပြီလ ၃ ရက်နေ့က ဆန်းစစ်ရေး အဖွဲ့ ဖွဲ့စည်းရေး၊ မဖွဲ့စည်းရေး အဆိုကို မဲခွဲ ဆုံးဖြတ်ရာ ကန့်ကွက်မဲ ၁၆ မဲ၊ ထောက်ခံမဲ ၂၄ မဲ၊ ကြားနေမဲ ၁ မဲ ဖြင့် ကြံ့ခိုင်ရေး ပါတီက အနိုင်ရရှိသွားခဲ့သည်။

ကြံ့ခိုင်ရေး ပါတီ အမတ်များ ဖြစ်ကြသည့် ဘူးသီးတောင်မြို့နယ် အမတ် ဦးမောင်စံရွှေနှင့် ရမ်းဗြဲ မြို့နယ် အမတ် သမ္မတ သင်္ကန်းတိုက် ပိုင်ရှင် ဦးသန်းနိုင်တို့မှလည်း မာန်အောင် ပြည်နယ် လွှတ်တော် အမတ် ဦးသာညွန့်၏ အဆိုကို ဧပြီလ ၃ ရက်နေ့က ရခိုင်ပြည်နယ် လွှတ်တော် အထူး အစည်းအဝေးတွင် ထောက်ခံ ဆွေးနွေးခဲ့ကြပြီးနောက် ဆန်းစစ်ရေး အဖွဲ့ကို ဖွဲ့စည်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ရခိုင်ပြည်နယ် အလံနှင့် ရခိုင် အမျိုးသား ၀တ်စုံ ဆန်းစစ်ရေးအဖွဲ့ကို ဖွဲ့စည်းပြီးနောက် အဆိုပါ အဖွဲ့မှာ ဆန်းစစ်ရေး အဖွဲ့ မဖြစ်ဘဲ ဖျက်ဆီးရေး အဖွဲ့ ဖြစ်လာမည်ကို အများက စိုးရိမ်နေကြသည်ဟု သိရသည်။


-------------------------------------------------------------------------------------------------------------------------------
.: နိရဉ္စရာမှ သတင်း

ဆက်ဖတ်ရန်
ပို့စ်တင်သူ ။.............။ younger on Thursday, 5 April 2012
0 ( မှတ်ချက်ရေးချင်ရင် )
ခေါင်းစဉ်အလိုက်ပို့စ်များ |

ရခိုင်မျိုးစောင့် အုပ်စုမှ စီစဉ်နေသော သက်ကြီး ရခိုင်တော်လှန်ရေး သမားများ ဂုဏ်ပြုပူဇော်ပွဲအတွက် ကူညီ လှူဒါန်းသူများ အထူးများပြားနေကြောင်း သတင်း ရရှိသည်။


U-Maung-Hen-ACB-leader

(သခင်စော၊ ဦးကျော်ဇံရွီတို့နှင့် အတူ တော်လှန်ရေး လုပ်လာသူ ရခိုင်ပြည် ကွန်မြူနစ် ပါတီ ဥက္ကဌဟောင်း ဦးမောင်ဟန်)

" ကျွန်တော်တို့ မျိုးစောင့် အုပ်စုက မတည်တာက အမေရိကန် ဒေါ်လာ ၄၀၀၀ ပါ။ အခုတော့ နိုင်ငံတကာရောက် ရခိုင်အမျိုးသားတွေ စုပေါင်းလှူဒါန်းတဲ့ အတွက် ဒေါ်လာ တစ်သောင်းကျော်သွားပါပြီ။ အားရစရာ ကောင်းပါတယ်" ဟု အဖွဲ့ဝင် တစ်ဦးဖြစ်သူ ဦးခိုင်ထူးက ပြောသည်။

ဧပြီလ ၁၆ ရက်နေ့တွင် ကျင်းပ ပြုလုပ်မည့် သက်ကြီး ရခိုင်တော်လှန်ရေးသမားများ ဂုဏ်ပြု ပူဇော်ပွဲတွင် တော်လှန်ရေး လုပ်ရင်း အိုမင်းမစွမ်း ဖြစ်သွားသူ သက်ကြီး ၅၀ ကျော်အား ရုပ်ဝတ္ထု ပစ္စည်းများဖြင့် ပူဇော်ကန်တော့ သွားမည် ဖြစ်သည်။

"ဂုဏ်ပြုပူဇော်ပွဲများကို ဘင်္ဂလားဒေ့ခ်ျ၊ ထိုင်း၊ အိန္ဒိယ သုံးနိုင်ငံမှာ ဧပြီလ ၁၆-ရက်နေ့တွင် တပြိုင်နက်တည်း ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။ အသက် ၆၀ အထက်နဲ့ ဒဏ်ရာရထားသူ ဘင်္ဂလာဒေခ်ျ့မှာ စုစုပေါင်း ၃၄ ဦး၊ ထိုင်းနယ်စပ်မှာ သက်ကြီးရွယ်အို နဲ့ ဒဏ်ရာ ရထားသူ ၆ ဦးနဲ့ အိန္ဒိယ နယ်စပ်မှာ ၁၂ ဦးတို့ကို ဂုဏ်ပြု ပူဇော်သွားမှာ ဖြစ်ပါတယ်" ဟု သူက ဆက်ပြောသည်။

နောက်ဆုံး ရရှိသော သတင်းအရ သက်ကြီးရွယ်အိုများ ပူဇော်ပွဲအတွက် အလှူငွေများ ထည့်ဝင်ကြသူ အရေအတွက်မှာ ယခုအခါ ၇၄ ဦးထိ ရှိသွားပြီ ဖြစ်ကြောင်း သိရသည်။

အခမ်းအနား၌ ဘာသာခြားလူမျိုးခြားများက မီးရှို့လိုက်သော ဗုဒ္ဓဘာသာဘုန်းကြီးကျောင်းသုံးကျောင်းနှင့် ဘာသာခြား၊ လူမျိုးခြားတို့က မိသားစုလိုက် သတ်ဖြတ်၍ ကျန်ရစ်သူ တစ်ဦးတို့ကိုပါ ငွေကြေး ထောက်ပံ့သွားမည် ဖြစ်ကြောင်း သိရသည်။

ဆက်လက်လှူဒါန်းလိုသူ ရခိုင်မျိုးချစ် ပြည်ချစ်များသည် အောက်ပါပုဂ္ဂိုလ်များထံသို့ ဆက်သွယ် လှူဒါန်းနိုင်ကြောင်း ARG လူမှု အထောက်အကူပြုဌာန တာဝန်ခံ ကိုလှရွှေက ပြောသည်။

( အလှူငွေများ ထည့်ဝင်သူများ စာရင်းကို ဤလိင် ( Link) တွင် ကြည့်ပါ။

၁။ *ကိုလှရွှေ (ဂျပန်) Ph-81(0) 804 091 1110 E-mail- hlashwe21@gmail.com
၂။ ကိုချစ်မောင် (နယ်သာလန်) Ph-31(0) 622 889 980 Email-chit_maungnl@yahoo.com
၃။ ကိုကျော်ကျော်ဝင်း(ဂျပန်) Ph-81(0)906 159 6603 E-mail- tunminaraken@gmail.com
၎။ ကိုအေးသိန်းထွန်း(ဂျပန်) Ph-81(0) 906 343 1985 E-mail linkinparkzero@gmail.com
၅။ကိုဦးထွန်းကျော်(မရမာ)(ဂျပန်) Ph-81 (0) 803 083 6439 E-mail-uthoai2006mjp@gmail.com
၆။ ကိုကျော်ဥာဏ်စိုး (ဂျပန်) Ph-81 (0) 804 064 1975
၇။ ဦးကျော်မင်း (င်္ဘလားဒေ့ခ်ျ) Ph-88 (0) 181 8864 116
၈။ ကိုကျော်ငြိမ်း (င်္ဘလားဒေ့ခ်ျ) Ph-88 (0) 181 6439 394
၉။ ဦးခိုင်အာဏာနီ (င်္ဘလားဒေ့ခ်ျ) Ph-88 (0) 181 7748 859 E-mail dhammadattha@gmail.com
၁၀။ ခိုင်ဓညလင်း (အိန္ဒိယ) Ph-91 (0) 882 6329 943 E-mail danyalurn13@gmail.com
၁၁။ ထိန်အောင်လင်း (အိန္ဒိယ) Ph-91(0) 991 0180 968 E-mail hteinaung.lurn@gmail.com
၁၂။ စောသန္တာအောင် (ထိုင်း) Ph-66 (0) 805 110 607
၁၃။ ခိုင်လင်းအောင် (ထိုင်း) Ph-66(0)869 536 927 E-mail- fighterarakan@gmail.com
၁၄။ ဒေါ်မကျော့လှ (သြစတေလျ) Ph-61 (0) 432 553 257 E-mail- khinesitetway@yahoo.com
၁၅။ ဦး-ဦးကျော်ဝင်း (အမေရိက) Ph-1 (0) 917 912 7711 E-mail- kwinaracan@yahoo.com
၁၆။ ကိုထွန်းထွန်းဇော် (ဘယ်ဂျီယန်) Ph-32(0) 485 697 270 E-mail- tuntunzaw1146@gmail.com
၁၇။ ကိုသန်းစိုး (နေသာလန်) Ph-31(0) 643 720 999 E-mail- thansoestw@gmail.com

Donation link

-------------------------------------------------------------------------------------------------------------------------------
.: နိရဉ္စရာမှ သတင်း

ဆက်ဖတ်ရန်
ပို့စ်တင်သူ ။.............။ younger on Wednesday, 4 April 2012
0 ( မှတ်ချက်ရေးချင်ရင် )
ခေါင်းစဉ်အလိုက်ပို့စ်များ |

ယနေ့ ဧပြီလ ၂ ရက်နေ့တွင် ပြုလုပ်ခဲ့သော ရခိုင်ပြည်နယ် လွှတ်တော် အထူးအစည်းအဝေးတွင် ရခိုင်ပြည် နယ်အလံနှင့် ရခိုင်အမျိုးသားဝတ်စုံ ကိစ္စ ဆွေးနွေးရေးကို ရပ်ဆိုင်းထားသည်ဟု သတင်း ရရှိသည်။

Arakanese-girl
ရခိုင်ပြည်နယ် စစ်တွေမြို့နယ် လွှတ်တော် ကိုယ်စားလှယ် ဦးအောင်မြကျော်မှ မာန်အောင်မြို့နယ် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်၏ အဆိုအား ရုတ်သိမ်းပေးရန် တင်ပြပြီးသည်နှင့် ပြည်နယ် လွှတ်တော် ဆွေနွေးပွဲ ပြီးဆုံးကြောင်း ကျေညာခဲ့သည်ဟု သိရသည်။

" ဦးအောင်မြကျော်က ယခုလို တည်တည်ငြိမ်ငြိမ်နှင့် နှစ်ပေါင်း ၄၀ နီးပါး တည်တံ့လာခဲ့သော ပြည်နယ်အလံ၊ တံဆိပ်၊ ရိုးရာဝတ်စုံ ဆန်းစစ် ပြင်ဆင်ရေး အဖွဲ့ ဖွဲ့စည်း မည့်အစား ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပုဒ်မ ၂၂(က)တွင် ပါရှိသကဲ့သို့ ရခိုင်ယဉ်ကျေးမှု၊ စာပေ၊ စကား၊ အနုပညာများ ဖွံ့ဖြိုးတိုးတက်စေရန် ကူညီဆောင်ရွက်မည့် အဖွဲ့ကိုသာ ဖွဲ့စည်းသင့်ပါတယ်လို့ တင်ပြတာနဲ့ ပြည်နယ် လွှတ်တော် ဥက္ကဌက အစည်းအဝေး ပြီးဆုံးကြောင်း ကျေညာလိုက်တော့ ဘာမှ ဆက်ဆွေးနွေးလို့ မရဘဲ ဖြစ်သွားခဲ့ပါတယ်" လွှတ်တော် တက်ရောက်ခဲ့သူ အမည် မဖေါ်လိုသူ ရခိုင် အမတ် တစ်ဦးက ပြောသည်။

ဆက်လက်ပြီး ရတပ ပါတီ အတွင်းရေးမှူး အဖွဲ့ဝင် ဦးခိုင်ပြည်စိုးအား လွှတ်တော်တွင် ရခိုင် အလံနှင့် ၀တ်စုံ ကိစ္စ မေးမြန်းရာသူက ယခုလို ဆက်ပြောသည်။

" မနေ့က အစည်းအဝေးမှာ အဲဒီကိစ္စတွေကို ပြန်ဆွေးနွေးပါတယ်။ ဆွေးနွေးတဲ့အခါမှာ ကျွန်တော် တို့ ပါတီ လွတ် တော်အမတ်တွေက ကန့်ကွက်ကြဖို့ ပြင်ဆင်ထားတယ်။ ဒါတွေကို လွှတ်တော်မှာ မဆွေးနွေးသင့်၊ လွှတ်တော်ကလည်း မလုပ်သင့်ဆိုတာတွေကို ထပြီး ကန့်ကွက်မယ့် အစီအစဉ် ရှိတယ်။ ဦးအောင်မြကျော်က တပြီး အဆိုတင်တာနဲ့ လွှတ်တော်ကို ချက်ချင်း ရပ်လိုက်တယ်လို့ သိရပါတယ်။ ပထမ အဆိုတင်သွင်းတဲ့ ဦးသာညွန့်ကလည်း မရှိတဲ့အတွက် ကြောင့် ဒီနေ့ အစည်းအဝေးမှာ အကျယ်တ၀င့် မဆွေးနွေးဘဲ ရပ်ပစ်လိုက်တာ ဖြစ်တယ်လို့ သိရပါတယ်" ဟု ဦးခိုင်ပြည်စိုးက နိရဉ္စရာသို့ ပြောသည်။

ယခုကဲ့သို့ ရခိုင်ပြည်နယ် အလံနှင့် ရခိုင်အမျိုးသား ၀တ်စုံ ပြင်ဆင်ရေးကို ပြည်သူ့ဆန္ဒ မပါဘဲ အကောင် အထည်ဖေါ် လုပ်ဆောင်မည်ဆိုလျှင် ရခိုင်ပြည်နယ် အနှံ့အပြားတွင် ကန့်ကွက်မူများ ပေါ်ပေါက်လာနိုင်ကြောင်း သုံးသပ် ပြောဆိုမူများ ထွက်ပေါ်နေသည်။

အလံနှင့် အမျိုးသား ၀တ်စုံကို ပြန်လည် ပြင်ဆင်ပါက ရခိုင်အမျိုးသားတွေအကြား မကျေနပ်မှုများ တိုးပွားလာနိုင်သည်ဟု ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးအေးသာအောင်က နိရဉ္စရာသို့ ပြောသည်။

"အလံဆိုတာက ပြည်နယ်တခုရဲ့ အလံ၊ အမျိုးသားနဲ့ သက်ဆိုင်တဲ့အလံ။ အမျိုးသား ၀တ်စုံဆိုတာကလဲ အမျိုး သားယဉ်ကျေးမှု၊ ထုံးတမ်းဓလေ့နဲ့အညီ စဉ်ဆက်မပြတ် ၀တ်လာတဲ့ဝတ်စုံဖြစ်တယ်။ ဒါတွေကို ပါတီ တစ်ခုက သော်၎င်း၊ လူတစ်စုတစ်ဖွဲ့ကသော်၎င်း၊ လုပ်လို့ရတဲ့ကိစ္စမဟုတ်။ တမျိုးသားလုံးအရေးနဲ့ ပတ်သက်တဲ့ အမျိုး သားရေးကိစ္စမှာ တမျိုးသားလုံးအနေနဲ့ ဆုံးဖြတ်ဖို့လိုတယ်။ ပါတီတစ်ခု အဖွဲ့အစည်းတစ်ခု၊ လူတစ်စုက ဆုံးဖြတ်လို့ မဖြစ်နိုင်လို့ သုံးသပ်ပါတယ်။ ဒီလိုသာလုပ်မယ်ဆိုရင် ရခိုင်အမျိုးသားတွေကြားမှာ မကျေနပ်မှုတွေ ဖြစ် လာနိုင်တယ်။"

အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး ရခိုင်ပြည်နယ် လွှတ်တော်တွင် အတင်းအကျပ် ဆက်လက် လုပ်ဆောင်လာမည် ဆိုလျှင် RNDP ပါတီ အနေဖြင့် ပြည်သူ့ဆန္ဒကိုခံယူပြီး ဆက်လက် လုပ်ဆောင်သွားမည်ဟု ဦးခိုင်ပြည်စိုးက ပြောသည်။

" သူတို့က လွှတ်တော်မှာ ဒီကိစ္စကို မလုပ်သင့်ဆိုတာကို ကျွန်တော်တို့ အကြံပေးထားပြီ၊ လွှတ်တော် အမတ် တွေကလည်း တင်ပြထားပြီ။ အဲဒါကို ပြည်နယ်အစိုးရကဘဲ ဖြစ်ဖြစ်၊ အဖွဲ့အစည်းတစ်ခုက ဖြစ်ဖြစ် အင်နဲ့အား နဲ့ လုပ်လာမယ်ဆိုလို့ရှိရင် ကျွန်တော်တို့ကတော့ ပြည်သူတွေကို ချပြပြီး ပြည်သူ့အကြံအဥာဏ်တွေနဲ့ ဆက် ပြီး လုပ်ဆောင်သွားမှာ ဖြစ်တယ်။"

ပြည်နယ်အလံ၊ အမျိုးသားဝတ်စုံ ပြင်ဆင်ပြောင်းလဲမှုကိစ္စနှင့် ပတ်သက်ပြီး မတ်လ ၃၀ ရက်နေ့က အသိပညာ ရှင်၊ အတတ်ပညာရှင်များနှင့် စစ်တွေမြို့ရှိ ရတပပါတီ ဗဟိုရုံးတွင် တိုင်ပင်ဆွေးနွေးခဲ့ရာ လက်ရှိ အခြေအနေ အတိုင်း ထားသင့်ကြောင်း အကြံပြုခဲ့ကြသည်ဟု ဦးခိုင်ပြည်စိုးက ပြောသည်။

ကြံ့ခိုင်ရေးပါတီမှ မာန်အောင်မြို့နယ် အမတ်လည်းဖြစ်၊ ပြည်နယ် လွှတ်တော် ဒုဥက္ကဌလည်းဖြစ်သော ဦီးသာ ညွန့်က ခေတ်စနစ်နှင့် မလျော်ညီသည့်အတွက် ရခိုင်ပြည်နယ် အလံနှင့် ရခိုင်အမျိုးသား ၀တ်စုံ ပြင်ဆင်ရေး အ ဆိုကို မတ်လ ၂၉ ရက်နေ့က ရခိုင်ပြည်နယ် လွတ်တော်အစည်းအဝေးတွင် အဆိုတင်သွင်းခဲ့ရာမှ ယခုကဲ့သို့ အပြန်အလှန် ဆွေးနွေးမှုများ ဖြစ်ပေါ်လာခြင်း ဖြစ်သည်။

------------------------------------------------------------------------

ဦးအောင်မြကျော် ရခိုင်ပြည်နယ် ဧပြီလ (၂) ရက်နေကက လွှတ်တော်တွင် တင်ပြချက်မှာ အောက်ပါ အတိုင်း ဖြစ်ပါသည်။

မာန်အောင်မြို့နယ် မဲဆန္ဒနယ် အမှတ် (၂)မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးသာညွန့်၏ ရခိုင်ပြည်နယ် အလံ တံဆိပ်နှင့် ရိုးရာဝတ်စုံ ဆန်းစစ်ရေးအဖွဲ့ ဖွဲ့စည်းသင့်ကြောင်း ပြည်နယ် လွှတ်တော်သို့ တိုက်တွန်းကြောင်း အဆိုနှင့် ပတ်သက်၍ ဆွေးနွေးရပါလျှင် ကျွန်တော်တို့ ရခိုင်ပြည်နယ်သည် ပြည်ထောင်စု ဆိုရှယ်လစ် သမ္မတ မြန်မာနိုင်ငံတော်၏ ဖွဲ့စည်းပုံ အခြေခံ ဥပဒေသစ်နှင့်အတူ ပေါ်ပေါက်လာခဲ့သော ပြည်နယ်တစ်ခုဖြစ်ပါသည်။

၁၉၄၈ ခုနှစ် ဇန္န၀ါရီလ ၄ ရက်နေ့တွင် မြန်မာနိုင်ငံသည် အင်္ဂလိပ်လက်အောက်မှ လွတ်လပ်ရေး ရရှိခဲ့ပါသည်။ သို့သော် ကျွန်တော်တို့ ရခိုင်ပြည်နယ်သည် ပြည်မနှင့် တပေါင်းစပ်တည်း ပူးပေါင်းပြီး ရခိုင်တိုင်းအနေနှင့် ရပ် တည်ခဲ့ပါသည်။ ၁၉၆၁ ခုနှစ် ပါလီမန်တွင် ရခိုင်ပြည်နယ် ဥပဒေကြမ်းကို စတင် တင်သွင်းခဲ့ပါသည်။ ၁၉၇၅ ခု ဒီဇင်္ဘာလ ၁၅ ရက်နေ့ကို ရခိုင်ပြည်နယ် နေ့အဖြစ် ပထမဆုံး အကြိမ် ကျင်းပသတ်မှတ်ပြီး ပြည်နယ်အဆင့်သို့ တိုးမြှင့်သတ်မှတ်ခဲ့ပါသည်။

ရခိုင်ပြည်နယ် ဖြစ်ပေါ်လာသည့်အတွက် ပြည်နယ်၏ လိုအပ်ချက်များဖြစ်သော ရခိုင်ပြည်နယ် အောင်လံ၊ တံဆိပ်နှင့် ရခိုင်အမျိုးသားဝတ်စုံများ သတ်မှတ်နိုင်ရေးအတွက် ဦးစောအောင် ခေါင်းဆောင်သော (၁၂) ဦး ကော်မတီဖွဲ့ပြီး လုပ်ဆောင်ခဲ့ကြပါသည်။ ထိုသို့ ရခိုင်အောင်လံ၊ တံဆိပ်၊ ၀တ်စုံများ သတ်မှတ်နိုင်ရေးအတွက် ရခိုင်ပညာရှင်များဖြစ်ကြသော ရခိုင်-မြန်မာ ပဏ္ဍိတ် ဆရာကြီး ဦးဦးသာထွန်း၊ သမိုင်းပညာရှင် ဆရာကြီး ဦး အောင်သာဦး၊ သမိုင်းသုတေသီ ဒေါက်တာအေးကျော်၊ ဦးစံရွှေဖေါ်၊ ဦးဘစံ၊ ကျောက်ဖြူမြို့နယ်မှ ဦးသာညွန့် စသည့် လူပုဂ္ဂိုလ်များကို ဖိတ်ခေါ်ပြီး ရခိုင်တို့၏ ဓလေ့ ထုံးစံ၊ ရိုးရာ၊ ယဉ်ကျေးမှု၊ စာပေ ကဏ္ဍပေါင်းစုံနှင့် ကိုက်ညီမည့် အကောင်းဆုံး ပုံစံ ဒီဇိုင်းအား ရေးဆွဲသတ်မှတ်ပြီး ရခိုင်ပြည်နယ်၏ မြို့နယ်ပေါင်းစုံသို့ လှည့် လည် ပြသကာ လူထုဆန္ဒခံယူမှုကို (၂)နှစ်ခန့်ကြာအောင် ပြုလုပ်ပြီးမှ သတ်မှတ်ခဲ့ကြခြင်း ဖြစ်သည်ဟု သိရှိ ရပါသည်။

ထိုသို့ လူထု ဆန္ဒခံယူပြီး ပြင်ဆင်သင့်သည်များကို ပြင်ဆင်ပြီး သေချာစိစစ်ကာ သတ်မှတ်ခဲ့သော အောင်လံ၊ တံဆိပ်၊ ၀တ်စုံများသည် ယခုဆိုလျှင် နှစ်ပေါင်း ၄၀ နီးပါး မည်သည့်ပြဿနာ တစ်စုံတရာမှ မရှိဘဲ ရပ်တည်နေ သည်ကို အားလုံးအသိပင် ဖြစ်ပါသည်။ ထိုသို့ တည်တည်ငြိမ်ငြိမ်ရှိနေသော အလံ၊ တံဆိပ်နှင့် ရိုးရာဝတ်စုံများ သည် ခေတ်စနစ်ပြောင်းတိုင်း ပြောင်းလဲရန် မသင့်လျော်ဟု ထင်မြင်မိပါသည်။ ဥပမာ ဂျပန်လူမျိုး၊ တရုတ်လူ မျိုး စသည့် ကမ္ဘာ့နိုင်ငံများရှိ လူမျိုးအသီးသီးသည် ကမ္ဘာ၏ ခေတ်စနစ် မည်သို့ပင် ပြောင်းစေကာမူ သူတို့၏ ၀တ်စားဆင်ယင်မှုနှင့် အောင်လံတော်များကို ပြောင်းလွဲကြသည်ဟု မတွေ့ရှိရပါ။

ထို့ကြောင့် အဆိုရှင်၏ ရခိုင်ပြည်နယ် အလံ၊ တံဆိပ်၊ ရိုးရာဝတ်စုံ ဆန်းစစ်ရေးအဖွဲ့ ဖွဲ့စည်းသင့်သည့် အဆို သည် လျော်ကန်သင့်မြတ်မှု မရှိဟု ထင်မြင်မိပါသည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၂၂(က) တွင် နိုင်ငံတော်သည် တိုင်းရင်းသားများ၏ စကား၊ စာပေ၊ ယဉ် ကျေးမှုတို့ကို ဖွံ့ဖြိုးတိုးတက်စေရန် ကူညီဆောင်ရွက်မည်ဟု ပါရှိပါသည်။ ယခုကဲ့သို့ တည်တည်ငြိမ်ငြိမ်နှင့် နှစ်ပေါင်း ၄၀ နီးပါး တည်တံ့လာခဲ့သော ပြည်နယ်အလံ၊ တံဆိပ်၊ ရိုးရာဝတ်စုံ ဆန်းစစ်ရေးအဖွဲ့ ဖွဲ့စည်း မည့်အစား ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပုဒ်မ ၂၂(က)တွင် ပါရှိသကဲ့သို့ ရခိုင်ယဉ်ကျေးမှု၊ စာပေ၊ စကား၊ အနုပညာများ ဖွံ့ဖြိုးတိုးတက်စေရန် ကူညီဆောင်ရွက်မည့် အဖွဲ့ကိုသာ ဖွဲ့စည်းသင့်ပါသည်။

သို့ဖြစ်ပါ၍ အဆိုရှင်၏ အဆိုသည် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်လဲ လျော်ကန်သင့်မြတ်မှု မရှိပါ။ ဤအဆို အား ရုတ်သိမ်းပေးပါရန် တိုက်တွန်းနှိုးဆော်လိုက်ပါသည်။ အဆိုအား လုံးဝ မထောက်ခံနိုင်ကြောင်း တင်ပြအပ် ပါသည်။

(မိတ္တူမှန်)


မောင်ရမ္မာ
-------------------------------------------------------------------------------------------------------------------------------
.: နိရဉ္စရာမှ သတင်း

ဆက်ဖတ်ရန်
ပို့စ်တင်သူ ။.............။ younger on Tuesday, 3 April 2012
0 ( မှတ်ချက်ရေးချင်ရင် )
ခေါင်းစဉ်အလိုက်ပို့စ်များ |

ရခိုင်ပြည်နယ် အလံနှင့် အမျိုးသား ၀တ်စုံကို ပြန်လည် ပြင်ဆင်ရန် ကြံ့ဖွံ့ ပါတီမှ ကြိုးပမ်း ဆောင်ရွက်နေမူ အပေါ် အများက လက်ခံနိုင်ဖွယ် မရှိသဖြင် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီမှ ကန့်ကွက်သွားမည် ဖြစ်ကြောင်း သတင်း ရရှိသည်။

RNDP-head-office

ရတပပါတီ ဗဟိုရုံးတွင် မတ်လ ၃၁ ရက်နေ့က ဆွေးနွေးနေကြစဉ်။( ဓါတ်ပုံ- နိရဉ္စရာ)

မတ်လ ၃၁ ရက်နေ့က စစ်တွေမြို့ရှိ ရခိုင်တိုင်းရင်းသားများ ပါတီ ဗဟိုရုံးခန်းမတွင် ပြုလုပ်သော ရခိုင်သမိုင်းပညာရှင်များ၊ အသိပညာရှင်များ ဆွေးနွေးပွဲတွင် ရခိုင်ပြည်နယ် အလံနှင့် အမျိုးသား ၀တ်စုံ ပြင်ဆင်ရေး ကို အများက လက်မခံ ဘဲ ပယ်ချခဲ့ကြသည်ဟု ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သူ ကိုခိုင်ကောင်းစံက ပြောသည်။

" အများစုက ခုလို ကြံ့ဖွံ့ ပါတီက ပြည်နယ် အလံနဲ့ အမျိုးသား ၀တ်စုံ ပြင်ဆင်ရေးအတွက် လုပ်ဆောင်လာတာကို မကြိုက်ကြဘူး။ ဒီကိစ္စက ရခိုင်တမျိုးသားလုံးနဲ့ ဆိုင်တဲ့ ကိစ္စမို့ ပြည်သူတွေ သဘောထားမရဘဲ အခုလို လုပ်တာကို သဘောမတူကြဘူး။ ဒါကြောင့် ရခိုင်တိုင်းရင်းသားများ ပါတီက ကန့်ကွက်မူတွေ ဆက်လုပ်မယ်။ များမကြာခင်မှာလည်း ဒီကိစ္စနဲ့ ပတ်သက်ပြီး ကျေညာချက် ထုတ်မယ်လို့ သိရပါတယ်" ဟု ပြောသည်။

ဆွေးနွေးပွဲ အခမ်းအနားကို မတ်လ ၃၁ ရက်နေ့ နံနက် ၈ နာရီ အချိန်တွင် စတင်ခဲ့ပြီး သဘာပတိ အဖြစ် ဆရာကြီးမောင်ဘသိန်း (သမိုင်းသုတေသီ)မှ ဆောင်ရွက်ပြီး ဦးကျော်သန်းမှ အခမ်းအနားမှူး အဖြစ် ဆောင်ရွက်ခဲ့သည်။ အခမ်းအနားသို့ ရတပမှ ပြည်နယ် ၀န်ကြီး ဦးသာလူချေ၊ ဦးကျော်သိန်း၊ ဦးအောင်သန်းတင်တို့အပါအ၀င် လူပေါင်း (၅၀) ခန့် တက်ရောက် ဆွေးနွေးခဲ့ကြသည်။

ရတပမှ ပြည်နယ် အစိုးရ အဖွဲ့ဝင် ပြည်နယ် ၀န်ကြီး သုံဦး ဖြစ်ကြသည့် ဦးသာလူချေ၊ ဦးကျော်သိန်း၊ ဦးအောင်သန်းတင်တို့သည် မတ်လ ၂၉ ရက်နေ့က လွှတ်တော်တွင် မဲခွဲရာ ကြံ့ဖွံ့ ကိုယ်စားလှယ် ဦးသာညွှန့်၏ ခေတ်မလျော်ညီ၍ အလံနှင့် အမျိုးသား ၀တ်စုံကို ပြင်ဆင်ရန် အဆိုကို ထောက်ခံ ခဲ့ကြသည်ဟု သိရသည်။

" ပြည်နယ် လွှတ်တော်မှာ မဲခွဲတဲ့ အခါ ရတပ ပါတီက ၀န်ကြီး ၃ ဦးက ပါ မာန်အောင်မြို့နယ် ပြည်နယ် လွှတ်တော် အမတ် တင်ပြတဲ့ ပြည်နယ် အလံ ရိုးရာ အမျိုးသား ၀တ်စုံ ပြုပြင်ရေးကို ထောက်ခံ ခဲ့ကြတယ်လို့ သိရပါတယ်။ ဒါ့ပြင် မင်းပြားမြို့နယ် ရတပ ပြည်နယ် လွှတ်တော် အမတ် ဦးမောင်ကျော်ဇံကလည်း ကြားနေခဲ့တယ်။ ဒါကြောင့် မဲခွဲတဲ့ အခါ ကြံ့ဖွတ်အဆိုက ၂၈ မဲ၊ ကန့်ကွက်တဲ့ ရတပပါတီက ၁၄မဲ၊ ကြားနေမဲ တစ်မဲ ဖြစ်သွားပြီး အဆိုကို ကန့်ကွက်တဲ့ ဘက်က ရှုံးသွားခဲ့တာ ဖြစ်ပါတယ်" ဟု သူက ဆက်ပြောသည်။

ပြည်နယ် အလံနှင့် ရခိုင်အမျိုးသား ၀တ်စုံ ပြင်ဆင်ရေးနှင့် ပတ်သက်ပြီး ယနေ့ ဧပြီလ ၂ ရက်နေ့တွင် ဆက်လက် ကျင်းပမည့် ရခိုင်ပြည်နယ် လွှတ်တော်တွင် အကြိတ်အနယ် ဆွေးနွေးကြရန် အစီအစဉ် ရှိနေကြသည်ဟု သိရသည်။

စစ်တွေမြို့ လမ်းမတော် တောင်ရပ်ကွက် ရတပ ပါတီ ဗဟိုရုံးချုပ်တွင် ကြံ့ဖွံ့ ပါတီမှ ပြည်နယ် အလံနှင့် အမျိုးသား ၀တ်စုံ ပြင်ဆင်ရေး စီစဉ် ဆောင်ရွက်နေမူနှင့် ပတ်သက်ပြီး ရခိုင် အသိပညာရှင် အတတ်ပညာရှင်များမှ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးခဲ့ကြပြီး ပြည်ထောင်စု မြန်မာနိုင်ငံ၏ အကျိုးစီးပွား အပါအ၀င် ရခိုင်ပြည်နယ်နှင့် ရခိုင် လူမျိုးတို့၏ အကျိုးစီးပွားအား တစ်စုံတစ်ရာ ထိခိုက်မူ မရှိဘဲ ယခုကဲ့သို့ ကြံ့ဖွတ်ပါတီမှ ရခိုင်ပြည်နယ် အလံနှင့် အမျိုးသား ၀တ်စုံများကို ပြန်လည် ပြင်ဆင်ရန် စီစဉ်လာခြင်းမှာ နောက်ကွယ်တွင် ထူးခြား လေးနက်သော အကြောင်းအရာများ ရှိနိုင်ကြောင်း လူကြီးများက သုံးသပ် ပြောဆို ခဲ့ကြသည်ဟု သိရသည်။


-------------------------------------------------------------------------------------------------------------------------------
.: နိရဉ္စရာမှ သတင်း

ဆက်ဖတ်ရန်
ပို့စ်တင်သူ ။.............။ younger on Monday, 2 April 2012
0 ( မှတ်ချက်ရေးချင်ရင် )
ခေါင်းစဉ်အလိုက်ပို့စ်များ |

မတ်လ ၂၉ ရက်နေ့က ပြုလုပ်သော ရခိုင်ပြည်နယ် လွှတ်တော် အထူး အစည်းအဝေးတွင် ရခိုင်ပြည်နယ် အလံနှင့် ရခိုင်အမျိုးသားဝတ်စုံကို ပြန်လည် ပြင်ဆင်ရန် ကြံ့ဖွံ့ ပါတီမှ အဆိုတင်သွင်းခဲ့ကြောင်း သတင်း ရရှိသည်။


Flag-of-Rakhine
"ကြံ့ခိုင်ရေးပါတီက မာန်အောင်မြို့နယ် အမတ်လည်းဖြစ်၊ ပြည်နယ် လွှတ်တော် ဒုဥက္ကဌလည်းဖြစ်တဲ့ ဦီးသာညွန့်က ခေတ်စနစ်နဲ့ မလျော်ညီတဲ့ အတွက် ရခိုင်ပြည်နယ် အလံနဲ့ ရခိုင်အမျိုးသား ၀တ်စုံ ပြင်ဆင်ရေး အတွက် အဆို တင်ပါတယ်။ ဒါကို ပြည်နယ် လွှတ်တော် ဥက္ကဌကနေပြီး ဒီအဆိုနဲ့ ပတ်သက်ပြီး ကန့်ကွက် စရာရှိသလားလို့ မေးတဲ့အခါ ကျွန်တော်က အခုအချိန်မှာ အလံတွေ၊ အမျိုးသား ၀တ်စုံ ကိစ္စတွေကို ဆွေးနွေးဖို့ အချိန်မဟုတ်သေးတဲ့ အတွက် ကန့်ကွက်ကြောင်း တင်တဲ့ အခါ မဲခွဲဆုံးဖြတ်ပါတယ်။ ကြံ့ဖွံ့က ၂၈ မဲ၊ ကျွန်တော်တို့ ရတပပါတီက ၁၄ မဲ၊ ကြားနေမဲ တစ်မဲနဲ့ ကြံ့ဖွံ့က အနိုင်ရသွားပါတယ်" ဟု ဦးအောင်မြကျော်က ပြောသည်။

ကြံ့ဖွံ့ က ပြည်နယ် လွှတ်တော်တွင် ၁၃ မဲသာ ရှိသော်လည်း တပ်မတော်သား ၁၅ မဲက ကြံ့ဖွံ့ အဆိုကို ထောက်ခံသဖြင့် ကြံ့ဖွံ့ အဆိုမှာ ၂၈ မဲဖြင့် အနိုင်ရရှိသွားခဲ့သည်။

" လာမယ့် တနင်္လာနေ့မှာတော့ ပြည်နယ်အလံနဲ့ ရခိုင်အမျိုးသား ၀တ်စုံ ပြင်ဆင် အတည်ပြုရေး ကော်မီတီိကို ဖွဲ့စည်းရေး အတွက် သူတို့ဘက်က အဆို တင်ပါလိမ့်မယ်။ အဲဒီမှာ တစ်ခါ ပြင်ဆင်၊ အတည်ပြုရေး ကော်မီတီ ဖွဲ့စည်းရေးနဲ့ ပတ်သက်ပြီး မဲခွဲရပါအုံးမယ်" ဦးအောင်မြကျော်က ဆက်ပြောသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီ၏ သဘောထားကို မေးမြန်းရာ တာဝန်ရှိသူ တစ်ဦး ဖြစ်သူ အတွင်းရေးမှူး အဖွဲ့ဝင် ဦးခိုင်ပြည်စိုးက ယခုလို ပြောသည်။

" သူတို့က ဒီကိစ္စကို လွှတ်တော်မှာတင်တာကတော့ ရခိုင်ပြည်နယ် အလံ၊ ရခိုင်အမျိုးသား ၀တ်စုံတွေကို ခေတ်စနစ်နဲ့ မလျော်ညီတဲ့ အတွက် ပြန်လည် ဆန်းစစ်ပြီး ပြုပြင်ဖို့ မတ်လ ၂၉ ရက်နေ့က အဆိုတင်ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ပြောလိုတာက ရခိုင်ပြည်နယ် အလံဆိုတာ မဆလ ခေတ်က ပြုလုပ်ခဲ့တာ မှန်ပေမယ့် ရခိုင်ပညာရှင်တွေနဲ့ အနှစ်နှစ်အလလ တိုင်ပင်ညှိနိုင်းပြီး အချိန်ယူပြီး ပြုလုပ်ထားတဲ့ ပြည်နယ် အလံ ဖြစ်ပါတယ်။ ရခိုင်အ၀တ်အစားဆိုတာကလည်း ရှေးပဝေသဏီကတည်း ၀တ်စား ဆင်ယင် လာတဲ့ ရခိုင် အမွေအနှစ်တွေ ဖြစ်ပါတယ်။ အလံပေါ်မှာလည်း ရခိုင်အမျိုးသား သင်္ကေတ သီရိဝိစ္ဆတံဆိပ်ကို ထည့်ထားပါတယ်။ ယနေ့ မြန်မာနိုင်ငံ အစိုးရကလည်း အမျိုးသား လက္ခဏာများ မပျောက်ပျက်အောင် ထိန်းသိမ်းရေး ဆိုတာကို ပြောကြားထားပါတယ်။ အမျိုးသား လက္ခဏာ မပျောက် ပျက်ရေး ဆိုတာမှာလည်း ကိုယ်လူမျိုးနဲ့ ကိုယ်၊ ကိုယ်လူအုပ်စုနဲ့ကိုယ် ရှိနေတဲ့ အမျိုးသား လက္ခဏာတွေကို အစိုး တစ်ခု အနေနဲ့၊ အဖွဲ့အစည်း တစ်ခုအနေနဲ့၊ လူပုဂ္ဂိုလ် တစ်ဦး တစ်ယောက်ရဲ့ အမြင်နဲ့ ပြင်ဆင်လို့၊ လုပ်လို့ မရဘူးလို့ ကျွန်တော်တို့မြင်တယ်။ တမျိုးသားလုံးနဲ့ ဆိုင်တဲ့ ကိစ္စကို လွှတ်တော်မှာလည်း မဲခွဲဆုံးဖြတ်လို့လည်း မရဘူးလို့ မြင်တယ်။ ဒီကိစ္စဟာ သာမန်ကာ လျှံကာ ဆုံးဖြတ်လို့ မရဘူး။ မဲခွဲဆုံးဖြတ်မယ့် သူတွေရဲ့ အမျိုးသား အပေါ် ခံစားချက်၊ ယဉ်ကျေးမူ အမွေအနှစ်နဲ့ ပတ်သက်ပြီး နားလည်မူ သိကျွမ်းမူတွေ လိုအပ်ပါလိမ့်မယ်။ အဲသလို နားလည်မူ တစ်စုံတရာ မရှိဘဲ၊ တစ်စုံတရာ လက်လှမ်းမမှီဘဲနဲ့ မိမိသဘောနဲ့ မိမိ လုပ်သွားမယ်ဆိုရင် တစ်နေ့ နေ့ တချိန်ချိန်မှာ သမိုင်းမှာ ဆိုးကျိုးတွေ ပေါ်ပေါက်လာနိုင်တယ်လို့ မြင်ပါတယ်" ဟု ပြောသည်။

ရခိုင်ပြည်နယ် လွှတ်တော်တွင် မဲခွဲဆုံးဖြတ်ရာတွင် ကြံ့ဖွံ့မှ အနိုင်ရရှိသွားသဖြင့် ရခိုင်ပြည်နယ် အလံနှင့် အမျိုးသား ၀တ်စုံများကို ပြင်ဆင် ပြောင်းလဲ လာပါက ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီအနေဖြင့် မည်သို့ တုန့်ပြန် ဆောင်ရွက်သွားမလဲဟု မေးမြန်းရာ ဦးခိုင်ပြည်စိုးက ယခုလို ဆက်ပြောသည်။

" ကျွန်တော်တို့ ပါတီအနေနဲ့ လာမယ့် မတ်လ ၃၁ ရက်နေ့မှာ မြို့ပေါ်က ပညာရှင်တွေကို ဖိတ်ခေါ်ပြီး ဒီကိစ္စ အပေါ် ဘယ်လို မြင်သလဲ။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဘယ်လို ပြုပြင်သင့်သလဲ။ ဒီကိစ္စနဲ့ ပတ်သက်ပြီး နဂိုအတိုင်း ထားသင့်သလား။ ဘာတွေကို ဖြည့်စွက် ပြုပြင်သ့င်သလဲ။ ပညာရှင်တွေရဲ့ သဘောတရား၊ အမြင်၊ အကြံ အဥာဏ်ပေးမူတွေကို ရယူသွားမယ်။ ဒီအပေါ်မှာ မူတည်ပြီး ကျွန်တော်တို့ အလုပ် လုပ်သွားဖို့ ဆုံးဖြတ်ထားပါတယ်" ဟု ပြောသည်။

ယခုကဲ့သို့ ပြည်နယ်အလံ၊ အမျိုးသား ၀တ်စုံ ကိစ္စမှာ ရခိုင် တစ်မျိုးသားလုံးနှင့် သက်ဆိုင်သော ကိစ္စဖြစ်သဖြင့် အထူး သတိထားရန် လိုအပ်ပြီး ပြင်ဆင် ပြောင်းလဲမူ လုပ်မည် ဆိုပါကလည်း အသိပညာရှင် အတတ် ပညာရှင်များနှင့် တိုင်ပင်ညှိနိုင်း ဆောင်ရွက်သွားရန် လိုအပ်မည် ဖြစ်ကြောင်း စစ်တွေတွင် လူကြီးများက ပြောဆိုနေကြသည်ဟု သတင်း ရရှိသည်။


-------------------------------------------------------------------------------------------------------------------------------
.: နိရဉ္စရာမှ သတင်း

ဆက်ဖတ်ရန်
ပို့စ်တင်သူ ။.............။ younger on Friday, 30 March 2012
0 ( မှတ်ချက်ရေးချင်ရင် )
ခေါင်းစဉ်အလိုက်ပို့စ်များ |

မဲဆောက်မြို့တွင် ကျင်းပမည့် ရခိုင်ရိုးရာ သင်္ကြန်ကို ယခုနှစ်တွင် ခါတိုင်းနှစ်များထက် စည်ကားအောင် စီစဉ် ဆောင်ရွက်နေကြောင်း သတင်း ရရှိသည်။


arakan-water-festival
" ကျွန်တော်တို့က မဲဆောက် အခြေစိုက် ရခိုင်အဖွဲ့အစည်းတွေနဲ့ ရခိုင်အလုပ်သမားတွေ စုပေါင်းပြီး ရခိုင်ရိုးရာ သင်္ကြန်ကို ဧပြီလ ၁၃ ရက်နေ့မှ ၁၅ ရက်နေ့ထိ သုံးရက်တိုင်တိုင် အထူးစည်ကားသိုက်မြိုက်စွာ ကျင်းပသွားမှာ ဖြစ်ပါတယ်" ဟု ၂၀၁၂ ခုနှစ် မဲဆောက် ရခိုင် သင်္ကြန်ဖြစ်မြောက်ရေး ကော်မီတီ အဖွဲ့ဝင်တဦးမှ နိရဉ္စရာသို့ ပြောသည်။

ရခိုင် သင်္ကြန်ဖြစ်မြောက်ရေး အတွက် မဲဆောက် ရခိုင်အဖွဲ့အစည်းများများနှင့် အလုပ်သမားများစုပေါင်း၍ သင်္ကြန်ဖြစ်မြောက်ရေး ကော်မီတီတရပ်ကိုလည်း ဖွဲ့စည်ထားပြီ ဖြစ်ကြောင်း သိရသည်။

" ရခိုင်ရိုးရာ သင်္ကြန်ပွဲတော်ကို ရေခြားမြေခြားမှာ ကျင်းပရတဲ့ ရည်ရွယ်ချက်က မိမိတို့ ရိုးရာ ယဉ်ကျေးမူ အစဉ်အလာတွေကို ထိန်းသိမ်း စောင့်ရှောက်လိုတဲ့ ရည်ရွယ်ချက် အပြင် ရခိုင်တွေ အကြားမှာ ချစ်ခင်မူတွေ၊ ရင်းနှီးမူတွေ ရရှိစေလိုတဲ့ ရည်ရွယ်ချက်တွေ ပါဝင်ပါတယ်။ ဒီမှာရှိနေတဲ့ ရခိုင် အဖွဲ့အစည်းတွေနဲ့လည်း ရခိုင် အလုပ်သမားတွေ အကြားမှာ ပိုမို ချစ်ခင် ရင်းနှီးမှု ရရှိမှာ ဖြစ်သလို ထိုင်း ဒေသခံတွေရဲ့ အထူး စိတ်ဝင်စားမှုကိုလည်း ရရှိမှာ ဖြစ်ပါတယ်။ ဒါတွေက ကျင်းပရတဲ့ ရည်ရွယ်ချက်တွေ ဖြစ်ပါတယ်" ဟုသူက ဆက်ပြောသည်။

ယခုနှစ် ထိုင်းနိုင်ငံ မဲဆောက်မြို့တွင် ကျင်းပမည့် ရခိုင် ရိုးရာသင်္ကြန်ပွဲတော်မှာ (၇) ကြိမ်မြောက်ဖြစ်ပြီး သင်္ကြန်ပွဲတော်ကို ရခိုင်ရိုးရာ အစဉ်အလာအတိုင်း ကျင်းပမည် ဖြစ်ရာ ရခိုင်ရိုးရာ နံ့သာ သွီးပွဲကျင်းပခြင်း၊ ရခိုင်ရိုးရာ အကများဖြင့် ဖြေဖျော်ခြင်း၊ ရေလောင်းမဏ္ဍပ်များ ဆောက်လုပ်ပြီး ရခိုင်ရိုးရာ ရေကစားခြင်း၊ ရခိုင်ရိုးရာ ကျင်ကိုင်ပွဲနှင့် ရခိုင်တေးခြင်း အဆိုပြိုင်ပွဲများပါ ထည့်သွင်းခြင်းများ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

ပွဲတော်ကို စည်စည်ကားကား ကျင်းပနိုင်ရန် အတွက် ပွဲတော် ကျင်းပရေး ကော်မီတီမှ ရံပုံငွေများ ရှာဖွေ စုဆောင်းကောက်ခံနေရာ ငွေကြေးထည့်ဝင် ကူညီလိုသူများ အနေဖြင့် ကိုလင်းအောင် ( ဖုံး 0869536927) နှင့် စောသန္တာအောင် (ဖုံး 0805110607) သို့ ဆက်သွယ် ကူညီနိုင်ကြောင်း သိရသည်။ အီးမေးလ်မှ တဆင့် ဆက်သွယ်လို့လျှင် arakanwaterfestival1373@gmail.com သို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။


-------------------------------------------------------------------------------------------------------------------------------
.: နိရဉ္စရာမှ သတင်း

ဆက်ဖတ်ရန်
ပို့စ်တင်သူ ။.............။ younger on Friday, 23 March 2012
0 ( မှတ်ချက်ရေးချင်ရင် )
ခေါင်းစဉ်အလိုက်ပို့စ်များ |

နေပြည်တော်တွင် ကျင်းပမည့် (၆၅) နှစ်မြောက် ပြည်ထောင်စုနေ့ပွဲတော်တွင် လေးဝတီ ရခိုင်ယဉ်ကျေးမူ အဖွဲ့အား ရခိုင်ရိုးရာယဉ်ကျေးမှု အကများဖြင့် တင်ဆက် ဖြေဖျော်ရန် နိုင်ငံတော် အစိုးရက ဖိတ်ခေါ် ထားကြောင်း သတင်းရရှိသည်။

Rakhine-Thungran-Aka-Rangoon
" ဒီနှစ် နေပြည်တော်မှာ ပြုလုပ်မယ့် ပြည်ထောင်စုနေ့ ပွဲတော်မှာ ရခိုင် ရိုးရာ ယဉ်ကျေးမူ အကတွေနဲ့ တင်ဆက် ကပြဖို့ လေးဝတီအဖွဲ့က ရခိုင်ရိုးရာ ယဉ်ကျေးမူ အဖွဲ့ကို နိုင်ငံတော်က ဖိတ်ခေါ်ထား ပါတယ်။ အဲဒါကြောင့် ကျနော်တို့ ဇန်န၀ါရီ ၁၀ ရက်နေ့ နံနက် ၅ နာရီကားနဲ့ နေပြည်တော်ကို သွားဖို့အတွက် ခုကတည်း ကနေ လူတွေကို စီစဉ်နေပါတယ်" ဟု လေးဝတီ အဖွဲ့ဝင် ပုဂ္ဂိုလ် တစ်ဦးက ပြောသည်။

နေပြည်တော် ပြည်ထောင်စုနေ့တွင် ဖေဖေါ်ဝါရီလ ၁၀ ရက်နေ့က ၁၂ ရက်နေ့ထိ သုံးရက်တိုင်တိုင် ရခိုင်ရိုးရာ ယဉ်ကျေးမူ အကများဖြင့် ဖြေဖျော် တင်ဆက်သွားမည် ဖြစ်ကြောင်း သိရသည်။

ယခင်နှစ်များက ဗဟို အဆင့် ကျင်းပပြုလုပ်သော ပြည်ထောင်စုနေ့တွင် ပြည်နယ် အလိုက် ရိုးရာ ယဉ်ကျေးမူအဖွဲ့များကို ခေါ်ယူပြီး တင်ဆက်ကပြလေ့ရှိသော်လည်း ယခုနှစ်တွင် ပြည်နယ် ရိုးရာ အဖွဲ့များကို ခေါ်ယူခြင်း မရှိဘဲ နိုင်ငံတော် အနုပညာ ဦးစီးဌာန တင်ဆက် ကပြဖြေဖျော်သွားမည် ဖြစ်ကြောင်း သူက ပြောသည်။

"ထူးခြားတာတခုက တခြားနှစ်တွေကဆိုတော့ ပြည်နယ်တိုင်းက ယဉ်ကျေးမှု အဖွဲ့တွေကို ဖိတ်တာရှိပါတယ် ။ ပြည်နယ်တိုင်းက သူ့ယဉ်ကျေးမှုနဲ့သူ ကပြခွင့်ရပါတယ်။ ဒါပေမဲ့ ဒီနှစ်မှာတော့ တိုင်းရင်းသားတွေက ယဉ်ကျေး မှု အဖွဲ့တွေကို မဖိတ်ဘဲနဲ့ နိုင်ငံတော် အနုပညာ အဖွဲ့က ဦးစီးပြီးတော့ ကျင်းပသွားမယ်လို့ သိရပါတယ်။ ဒါပေမဲ့ ဒီအထဲမှာ ထူးခြားတာကတော့ ကျွန်တော်တို့ ရန်ကုန် အခြေစိုက် လေးဝတီ ရခိုင်ရိုးရာ ယဉ်ကျေးမူ အဖွဲ့ကို ဖိတ်ထားတာ ဖြစ်ပါတယ်။ ဒီအတွက် အရမ်းဝမ်းသာ ပီတိ ဖြစ်တယ်လို့ ပြောချင်ပါတယ်" ဟုဆိုသည်။

လေးဝတီ ယဉ်ကျေးမူ အဖွဲ့အနေဖြင့် လူပေါင်း (၅၀) ခန့်ဖြင့် တက်ညီ လက်ညီ သွားရောက် ဖြေဖျော်ကြမည် ဖြစ်ကြောင်း သိရသည်။

ဆက်ဖတ်ရန်
ပို့စ်တင်သူ ။.............။ younger on Friday, 10 February 2012
0 ( မှတ်ချက်ရေးချင်ရင် )
ခေါင်းစဉ်အလိုက်ပို့စ်များ |

nbapa-manau

ကချင်ပြည်နယ်အရှေ့ဘက် ဗန်းမော်ခရိုင်၊ ကချင်လွတ်မြောက်ရေးအဖွဲ့(KIO) ထိန်းချုပ်နယ် အင်ဘာပါတွင် ပထမဆုံး ကချင် မျိုးနွယ်စုများ၏ ရိုးရာမနောပွဲတော်အား ၃ ရက်ကြာ ကျင်းပခဲ့သည်။

မတူကွဲပြား ခြားနားနေသည့် ကချင်တိုင်းရင်းသား မျိုးနွယ်စုများ ပါဝင်ဆင်နွှဲသည့် “ရိုးရာ” မနောပွဲတော်ကို နှစ်ပေါင်း ၅၀ကျော် အတွင်း ပထမဆုံးအကြိမ် အဖြစ် ကချင်ပြည်နယ်တွင် အောင်မြင်စွာ ကျင်းပနိုင်ခဲ့သည်။


“၁၉၅၈ခုနှစ် အစောပိုင်းကတော့ ရိုးရာပွဲ လုပ်ခဲ့ကြတယ်၊ ပွဲကြီးတော့ မလုပ်ဖူးဘူး၊ ဒီလိုရိုးရိုး မနောပွဲပဲ လုပ်ခဲ့တာ၊ ဒီနှစ်ပွဲက အကြီးဆုံးလုပ်နိုင်ခဲ့တယ်။ ကချင်တိုင်းရင်းသား လူမျိုးစုများရဲ့ ရိုးရာ အကုန်ပါတဲ့ မနောပွဲတော်ကြီး တစ်ခုပါ” ဟု တရုတ်နိုင်ငံ ရွှေလီမြို့ ဂျိန်းဖော့(ကချင်) ရိုးရာယဉ်ကျေးမှုကော်မတီမှ ဥက္ကဋ္ဌ ဒူဝါဂေါင်ရီဂမ်မှ ပြောသည်။

ရဝမ်၊ လီဆူ၊ လချိတ်၊ လောင်ဝေါ်၊ ဂျိန်းဖော့၊ ဇိုင်ဝါး စသည့် ကချင်တိုင်းရင်းသား မျိုးနွယ်စုများ၏ ရိုးရာဓလေ့ နှီးနှော ဖလှယ်သည့် မနောပွဲတော်ကြီးကို ကချင်ပြည်နယ် အရှေ့တောင်ပိုင်းရှိ ဗန်းမော်ခရိုင် တရုတ်နယ်စပ် အနီး အင်ဘာပါ ကျေးရွာတွင် မတ် ၂၃ ရက် အထိ ၃ ရက်ကြာ ကျင်းပခဲ့ခြင်း ဖြစ်သည်။

နိုင်ငံရေး၊ ဘာသာရေး အယူအဆများ ရှေ့တန်းမတင်ပဲ အနယ်နယ် အရပ်ရပ်မှ ကချင် မျိုးနွယ်စုများ စုစည်းညီညွတ်ရေး တစ်ခုတည်းကို ဦးတည်ကာ အင်ဘာပါမှ ရပ်မိရပ်ဖ မီတုန် ဘရန်ဆိုင်း နှင့် ဂွမ်းတူး တို့မှ ဦးဆောင် ကျင်းပခဲ့သည်။



“ပွဲ ရည်ရွယ်ချက်က ကျတော်တို့ မျိုးနွယ်စု စုစည်းဖို့ရန် အတွက်ဖြစ်တယ်၊ ကျတော်တို့ ဘာသာရေးအရ ကွဲလွဲနေတယ်၊ အဖွဲ့အစည်း အရလည်း ကွဲနေကြတယ်၊ ဘယ်လိုမှ စုစည်းလို့ မရဘူး၊ အဲ့ဒါကြောင့် ရိုးရာထဲမှာဆိုတော့ မနောပွဲက အကြီးဆုံးပဲ၊ ကျတော်တို့ ဘိုးဘေးကတည်းက ဆင်းသက်လာတဲ့ မနောပွဲကို ကျင်းပကြတာ” ဟု မြစ်ကြီးနား ကချင်ရိုးရာယဉ်ကျေးမှုဗဟို ကော်မတီမှ အမည်မဖေါ်လိုသည့် အဖွဲ့ဝင် တစ်ဦးက ပြောသည်။

ပွဲတက်ရောက်သူ စုစုပေါင်း (၈) ထောင်ကျော် ရှိသည့်အနက် တရုတ်ပြည်ဖက်ခြမ်းမှ လာရောက်သူ (၄) ထောင်ကျော် ရှိသည်ဟု သိရသည်။ တရုတ်ပြည်သူ့ သမ္မတနိုင်ငံဘက်မှ ရွှေလီမြို့ ကချင်ရိုးရာ ယဉ်ကျေးမှုကော်မတီမှ ဒူဝါဂေါင်ရီဂမ်(အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ အငြိမ်းစား)၊ တယ်ဟုတ်တိုင်း လုံရှန်မြို့မှ ဒူဝါ ဂျန်မော်နော (ခရိုင်အဆင့် တရားရေး ဥက္ကဋ္ဌ)၊ ခူရုပ်မြို့မှ ဒူဝါဆွမ်လွတ်ဂွမ်မော် တို့ တက်ရောက်ခဲ့ပြီး မြန်မာနိုင်ငံဘက်မှ ရှမ်းပြည်နယ်နှင့် ကချင်ပြည်နယ် အတွင်းရှိ ကချင်မျိုးနွယ်စုများ စုံညီစွာ တက်ရောက်ခဲ့သည်။

“ပွဲထဲမှာအဓိကတော့ ဘာသာရေး၊ နိုင်ငံရေး လုံးဝ မပြောခိုင်းဘူး၊ ရိုးရာယဉ်ကျေးမှုကို ပြောခိုင်းတယ်၊ ဘိုးဘေးစဉ်ဆက် ရိုးရာကို ဘယ်လို လုပ်ဆောင်သွားမှာလဲ ဆိုတာပဲ ဆွေးနွေးခိုင်းတယ်၊ ဒီပွဲက ဘာသာရေး၊ နိုင်ငံရေး မပါတာကြောင့် ကချင်တိုင်းရင်းသား မနောပွဲက အရမ်းကောင်းတဲ့ ကချင်ပြည်သူတွေ ကြိုက်နှစ်သက်ကြပါတယ်၊” ဟု ဒူဝါဂေါင်ရီဂမ်မှ ပြောသည်။

အဆိုပါပွဲကို ကျင်းပခဲ့သည့် အင်ဘာပါ ကျေးရွာသည် ၁၈၇၄ ခုနှစ်က ကချင်လူမျိုးများ အတွက် ကချင်စာပေကို အမေရိကန် နှစ်ခြင်းသာသနာပြုဆရာ Rev. Dr. Ola Hanson ပေးခဲ့သည့် သမိုင်းဝင် နေရာဖြစ်ကာ သာသနာပြုဆရာနှင့်အတူ ခရစ်ယာန်သမ္မာကျမ်းစာကို ကချင်ဘာသာသို့ ပြန်ဆိုစဉ်ပါဝင်ကူညီခဲ့သော ဆရာတော် မော်စကို ဂျန်မာမုန်ရှောင်၏ အုတ်ဂူ တည်ရှိသည့် နေရာလည်း ဖြစ်သည်။

nbapa-manau-kachin

ကချင်ပြည်နယ်အရှေ့ဘက် ဗန်းမော်ခရိုင်၊ ကချင်လွတ်မြောက်ရေးအဖွဲ့(KIO) ထိန်းချုပ်နယ် အင်ဘာပါတွင် ပထမဆုံး ကချင် မျိုးနွယ်စုများ၏ ရိုးရာမနောပွဲတော်အား ၃ ရက်ကြာ ကျင်းပခဲ့သည်။

ထို့အပြင် ကချင်တိုင်းရင်းသားများ၏ ပထမဦးဆုံး ရိုးရာစတင်ဦးမော့ ဖြစ်ပေါ်လာသည့် နေရာလည်း ဖြစ်သည်။

“အဲဒီကျေးရွာကနေ ပုလွေ၊ တေးသံစဉ်တွေက ကချင်ရိုးရာဟာ ကမ္ဘာကို ပြန့်လာတာဖြစ်တယ်၊ ကချင်ရိုးရာ အစဖြစ်လာတဲ့ နေရာပေါ့၊ ဒီမနောပွဲမှာ အရှုပ်အယှက်မရှိပဲ အောင်မြင်စွာ ပြီးစီး နိုင်ခဲ့တယ်၊ ကချင်တိုင်းရင်းသားတွေကို တွေ့ရတာ တကယ်ဝမ်းသာမိပါတယ်။” ဟု မြစ်ကြီးနားမြို့ ရိုးရာ ဗဟို ကော်မတီ အဖွဲ့ဝင်မှ ဆက်ပြောသည်။

ရိုးရာ မနောပွဲသို့ မြန်မာနိုင်ငံ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်နှင့် တရုတ်နိုင်ငံဘက်မှ ကချင်လူငယ် အများအပြား တက်ရောက် ခဲ့ကြပြီး၊ ရိုးရာ ဗုံတီးသံ၊ မောင်းတီးသံ၊ တောင်ယာ၊ လယ်ယာခုတ်သည့် ပုံစံများကို တွေ့မြင်ခဲ့ရသဖြင့် အားတက် ပျော်ရွှင်ခဲ့သည်ဟု လူငယ်များက ဆိုသည်။

http://kachinnews.com/burmese/

ဆက်ဖတ်ရန်
ပို့စ်တင်သူ ။.............။ younger on Thursday, 9 February 2012
0 ( မှတ်ချက်ရေးချင်ရင် )
ခေါင်းစဉ်အလိုက်ပို့စ်များ |

မကြာသေးခင်ကမှ လွတ်လပ်ခြင်း အနုပညာရုပ်ရှင်ပွဲတော်မှာ ပရိသတ်နှစ်ခြိုက်ဆုံး ဇာတ်ကားဆု ရရှိခဲ့တဲ့ အဲဒီအခန်းဖြတ် (Ban That Scene) ဇာတ်ကားရဲ့ ဖန်တီးရှင် ဒါရိုက်တာ ၀ိုင်းက ဒီနှစ်မှာ ပေးအပ်မယ့် ၂၀၁၀ ခုနှစ်အတွက် အကယ်ဒမီပေးပွဲကြီးကို အယုံအကြည်မရှိတဲ့အတွက် မတက်ရောက်တော့ဘူးလို့ ဆိုလိုက်ပါ တယ်။

“ကျနော် သရုပ်ဆောင် ဘ၀ကတည်းက နှစ်တော်တော်များများ အကယ်ဒမီပေးပွဲကို မတက်ဘူး။ အယုံအကြည်လည်း မရှိဘူး။ ဘာလို့လဲဆိုတော့ ဟိုလူနဲ့သိရင် ပေးလိုက်တာပဲ၊ ဒီလူနဲ့သိရင် ပေးလိုက်တာပဲ။ အဲဒီလိုမျိုးတွေပဲ မြန်မာ့ ရုပ်ရှင်လောကမှာ အုပ်စိုးနေတော့ နည်းနည်းတော့ ရွံစရာကောင်းလာတယ်။ အကယ်ဒမီဆိုတာကို ဆီတွေ ဆန်တွေလို ခွဲတမ်းချပြီးပေးနေတာကိုလည်း သိပ်ဘ၀င်မကျဘူး။ တကယ့်တကယ့်မှာ တန်ဖိုးဆိုတဲ့အရာကို မေးခွန်းထုတ်စရာရှိပါတယ်” လို့ ဒါရိုက်တာ ၀ိုင်းက ဧရာဝတီကို ပြောပါတယ်။

ဒါ့အပြင် ရုပ်ရှင်အစည်းအရုံးမှာ ရုပ်ရှင်အကြောင်းကို ဘာမှ နားမလည်ဘဲ သူတို့နဲ့ ပတ်သက်ရာ ပတ်သက် ကြောင်းတွေသာ ပေါင်းစပ်ဖွဲ့စည်းထားတာက တကြောင်း၊ အဲဒီကမှ ပြန်ကြားရေးဝန်ကြီးဌာနရဲ့ လမ်းညွှန်မှုကလည်း အုပ်စီးထားတာက တကြောင်း၊ အကယ်ဒမီပေးပွဲအတွက် သတ်မှတ်ထားတဲ့ ဘာမှန်းမသိတဲ့ စည်းမျဉ်းဘောင်တွေ သတ်မှတ်ထားတာတွေကြောင့် တကြောင်း အကြောင်းကြောင်းကြောင့် အကယ်ဒမီပေးပွဲကို မတက်ခြင်းဖြစ်တယ် လို့လည်း ဆိုပြန်ပါတယ်။

ယခုနှစ် အကယ်ဒမီပေးပွဲမှာ ပေးအပ်မယ့် ၂၀၁၀ ခုနှစ်အတွက် ရုပ်ရှင်ဇာတ်ကား ၁၅ ကားထဲမှာ ဒါရိုက်တာ ၀ိုင်းရဲ့ အာဒမ်ရယ်၊ ဧ၀ရယ်၊ ဒဿရယ် ဇာတ်ကားဟာ ပရိသတ် ထင်ကြေးပေးခံရဆုံး ဇာတ်ကားထဲမှာ ပါဝင်နေပါတယ်။

ဒါရိုက်တာ ၀ိုင်းဟာ ပြီးခဲ့တဲ့ လွတ်လပ်ခြင်း အနုပညာ ရုပ်ရှင်ပွဲတော်မှာလည်း မြန်မာ့ရုပ်ရှင်အစည်းအရုံးရဲ့ လုပ်ဆောင်မှုတွေနဲ့ ပတ်သက်ပြီး ပေါ်ပေါ်ထင်ထင် ဝေဖန်အပြစ်တင်ထားတဲ့ အဲဒီအခန်းဖြတ် ဇာတ်ကားကို ရိုက်ကူးခဲ့သူလည်းဖြစ်လေတော့ အာဒမ်ရယ်၊ ဧ၀ရယ်၊ ဒဿရယ် ဇာတ်ကားကိုသာ အကယ်ဒမီ ပေးခဲ့မယ်ဆိုရင် မြန်မာ့ရုပ်ရှင်လောကမှာ သိသာထင်ရှားတဲ့ အပြောင်းအလဲတခုကို စပြီးမြင်ရပြီလို့ ပြောနိုင်ကြောင်း ၀ိုင်းက ဆိုပါတယ်။

“သေချာပြောရရင် လူကြီလူကောင်းပဲ ဆန်မလား၊ ကလေးစိတ်ပဲ မွေးမလားဆိုတာ စောင့်ကြည့်ရမှာပါ” လို့ သူက ဆိုလိုက်ပါတယ်။

သူ့အနေနဲ့ သူ့ရဲ့ လုပ်ဖော်ကိုင်ဖက် အနုပညာသမားတွေကို သွားရောက်အားမပေးနိုင်တာနဲ့ ပတ်သက်ပြီး စိတ်မကောင်းဖြစ်မိကြောင်းလည်း ပြောပါတယ်။

“လွန်ခဲ့တဲ့ သုံးလလောက်ကတည်းက ကျနော်တို့ တောင်းဆိုခဲ့တယ်။ နောက် သူ့ရဲ့ ဖွဲ့စည်းပုံမှာကတည်းက နှစ်နှစ်တခါ ပြောင်းလဲဖွဲ့စည်းရမယ်ဆိုတဲ့ ရုပ်ရှင်အစည်းအရုံး ပြောင်းလဲဖွဲ့စည်းရေးပေါ့။ အဲ့ဒါကို ဘာမှပြောင်းလဲ မဖွဲ့စည်းပေးဘဲနဲ့ သူတို့လူတွေနဲ့သူတို့ ဖွဲ့စည်းပြီး ရုပ်ရှင်လောကကို စိတ်ကြိုက် ခြယ်လှယ်နေတဲ့အတွက် ရုပ်ရှင် လောကက တဖြည်းဖြည်းနဲ့ ပျောက်ကွယ်လုနီးပါး ဖြစ်နေပါပြီ” လို့ ဒါရိုက်တာ ၀ိုင်းက ပြောပါတယ်။

ဆက်ဖတ်ရန်
ပို့စ်တင်သူ ။.............။ younger on
0 ( မှတ်ချက်ရေးချင်ရင် )
ခေါင်းစဉ်အလိုက်ပို့စ်များ |

တပို့တွဲ လရောက်တိုင်း ကျင်းပလေ့ရှိသည့် ရခိုင်ရိုးရာ ရထားဆွဲပွဲကို စစ်တွေမြို့တွင် ဖေဖေါ်ဝါရီလ ၃ ရက်နေ့ ညနေပိုင်းက စတင် ကျင်းပနေပြီ ဖြစ်ကြောင်း သတင်း ရရှိသည်။

Rathapoye

၂၀၁၁ ခုနှစ် ဒီဇင်္ဘာ ၁၅ ရက်နေ့ ရခိုင်ပြည်နယ်နေ့က ကျောက်ဖြူတွင် ကျင်းပနေသော ရထားပွဲ

ရထားဆွဲပွဲကို ဖေဖေါ်ဝါရီလ ၂ ရက်နေ့က မြို့လူကြီးများက စစ်တွေမြို့ ၀င်္ကာဘာကွင်းတွင် ဖွင့်လှစ်ပေးခဲ့ပြီး ပါဝင် ယှဉ်ပြိုင်မည့် အသင်းများကို တစ်သင်းနှင့် တစ်သင်း မဲစနစ်ဖြင့် ရွှေးချယ် ခဲ့သည်ဟု သိရသည်။

"မနေ့ညနေက ၀င်္ကဘာကွင်းမှာ ရထားဆွဲပွဲ အခမ်းအနား ဖွင့်ပွဲလုပ်တယ်။ လူတော်တော်များများ တက်ရောက်ကြပါ တယ်။ ခါတိုင်းနှစ်တွေထက် စည်တယ်။ မနေ့ကတော့ ရထားဆွဲမယ့် အသင်းတွေကို ဘယ်အသင်းနဲ့ ဘယ်အသင်း စဆွဲမယ်ဆိုတာ မဲနိုက်တယ်။ ဒီနေ့ ညနေမှ ရထားဆွဲမယ်" ဟု စစ်တွေ မောလိပ်ရပ်ကွက်မှ လူငယ် တစ်ဦးက ပြောသည်။

ယခင်နှစ်က စစ်တွေ မိဇံရပ်ကွက်တွင် ပြုလုပ်သည့် ရထားဆွဲပွဲတွင် ရပ်ကွက်တချို့မှ ရပ်ကွက် အလိုက်ပါဝင် ယှဉ်ပြိုင်ခဲ့ကြသော်လည်း ယခုနှစ်တွင် စစ်တွေတမြို့လုံးရှိ ရပ်ကွက်များမှ ပါဝင် ယှဉ်ပြိုင်ကြမည် ဖြစ်ကြောင်း သိရသည်။

Rathapoye
" ဒီနှစ်ပွဲက မြို့သူမြို့သားတွေ စုပေါင်းပြီးလုပ်တဲ့အတွက် အရင်နှစ်တွေကထက်ပိုပြီး စည်စည် ကားကား ကျပါတယ်။ မြို့မိမြို့ဘတွေက ရန်ပုံငွေကောက်ခံပြီးလုပ်ကြတာပါ။ မနေ့ကဆိုရင် ကွင်းတခုလုံးမှာ လူပြည့်နေတယ် တော်တော်စည်ပါတယ်" ဟု တခြားမြို့ခံ လူကြီး တစ်ဦးကလည်း နိရဉ္စရာသို့ ပြောသည်။

အလားတူ ရခိုင်ရိုးရာ ရထားဆွဲပွဲကို နှစ်စဉ်နှစ်တိုင်း ကျင်းပလာသည့် မောင်တောမြို့တွင်လည်း ယခုလ ၅ ရက်နေ့မှစပြီး ရထားဆွဲပွဲကို သုံးရက်တိုင်တိုင် ကျင်းပမည်ဖြစ်ကြောင်း သိရှိရသည်။

ရခိုင်ပြည်နယ်တွင် ရထားဆွဲပွဲကို တပိုးတွဲလတွင် ကျင်းပလေ့ရှိပြီး ရထားဆွဲပွဲအစဉ်အလာ ဖြစ်ပေါ် လာခြင်းမှာ ရခိုင်ဘုရင် မင်းဗာကြီးလက်ထက်က ရှင်ငယ်ဆရာ ဦးမြ၀ါအလောင်းကို မင်းနှင့်ပြည် သူများ သူနိုင်ကိုယ်နိုင် ရထားပေါ်ပြီး တင်ပြီး အနိုင်လုဆွဲကြရာမှ စတင် ဖြစ်ပေါ်လာခြင်း ဖြစ်ကြောင်း သိရသည်။

နိရဉ္စရာ

ဆက်ဖတ်ရန်
ပို့စ်တင်သူ ။.............။ younger on
0 ( မှတ်ချက်ရေးချင်ရင် )
ခေါင်းစဉ်အလိုက်ပို့စ်များ |

“ကျင်” ဝေါဟာရနှင့်ပတ်သက်၍ အမျိုးမျိုးရေးဖွဲ့တတ်သည်ကို တွေ့ ရပါသည်။ ဦးရာဇ်တောင်ဘုရားသမိုင်း လင်္ကာ၌ “လောကီဘက်က၊ ဆောင်ရွက်တခန်း၊ ကျင်လက်ပန်းနှင့်၊ မြီဝန်းရုပ်သီး၊ ရှုမငြီးအောင်” ဟူ၍ူ ရေးဖွဲ့ထားသည်။

ဆယ့်နှစ်လရာသီလင်္ကာတပိုဒ်တွင် “မယ်လျှင်စစ်မှာ၊ စိတ်ကြီးပျက်လို့၊ ကျင်ကိုင်လက်ပန်း၊ အခန်းခန်းကို၊ အိမ်သူအကျွန်၊ မြင်ရပြန်ကေ၊ လွမ်းတော်တာရှည်၊ ပန်းမဉ္စူကို၊ နီပူထိုးကေ၊ ညှိုးလတ်တေလည်း” ဟူ၍ူ ဖွဲ့ဆိုထားပြန်သည်။

လမုချောင်းဆရာကျော်မဲ ရေးဖွဲ့သော မဟာဝိဟိံကရာဇဝင်လင်္ကာ (အပိုဒ်-၁၁၃) ၌ “ကခြေများဖြင့်၊ တီးကာရစ်မြည်၊ စည်ငါးမည်တည်း၊ သံရှည်ဟစ်ကြွေး၊ စုရုံးဝေးလျှက်၊ လက်ပွဲကျယင်၊ လုံးထွေးကျင်၍” ဟူ၍လည်းကောင်း

မန္တလေး ဝိဇ္ဇာသိပ္ပံတက္ကသိုလ် ပါမောက္ခချုပ် ဆရာကြီးဦးကျော်ရင်သည် ရန်ကုန်တက္ကသိုလ် နှစ်ပတ်လည်မဂ္ဂဇင်း (၁၉၅၈-၅၉)၊ လုပ်သားပြည်သူ့နေ့ စဉ်သတင်းစာ (၂၄-၈-၆၄) တွင် ကျင်နှင့်ပတ်သက်သော ဆောင်းပါးများကိုရေးသားထားရာ- “ကျင်ဟူသည်မှာ ကျားနှင့်ယင် ဝေါဟာရနှစ်လုံး ပေါင်းစပ်ဖြစ်ပေါ်လာရကြောင်း၊ “ကျားယင်၊ ယင်-ကျား” ကစားနည်းကို အခြေခံ၍ ကျင်ဖြစ်ပေါ်လာရကြောင်း ဆိုထားသည်။ “ကျားယင်” ကစပ်နည်း၊ ကျားကယင်ကို အုပ်ဖမ်းလိုက်၊ ယင်က ရှောင်ပြီးလိုက်နှင့် ယင်အကောင်နှစ်ဆယ်ကို ကျားနှစ်ကောင်က အနိုင်လိုက်ဖမ်းရန် အကွက်ရွှေ့ ကစားနည်းကိုအခြေမှီပြီး ကျင်သန်နှစ်ဦး ဖမ်းလိုက်၊ ခံလိုက်၊ ပစ်ချလိုက်နှင့် မြေသို့ကျအောင် ကစားရသော နည်းအတတ်ပညာ” ဟူ၍ ရှင်းပြထားသည်။

တိုင်းရင်းသား ယဉ်ကျေးမှုဓလေ့ထုံးစံများ (ရခိုင်) (၁၉၇၆) စာအုပ်၌ကား “ကျင်ဟူသည်မှာ ကျားလျှင်မှ ပြောင်းလဲလာခြင်းဖြစ်ကြောင်း၊ ကျားသည် သားကောင်ကိုဖမ်းသည့်အခါ လျှင်မြန်သည့်အဟုန်ဖြင့် ဖမ်းအောင်းရသကဲ့သို့ ဖြတ်လတ်လျှင်မြန်ရသည့်အတွက် “ကျားလျှင်” ဟုခေါ်ရာမှ ကျင်ဖြစ်လာသည်” ဟုဆိုထားသည်။

ဆရာကြီးဦးလုံး ရေးသားသော “ရခိုင်ကျင် ကကွက် စာတမ်း” တွင်မူ “ဖမ်းလူခံလူ၊ တူတူလုံး၊ ဒုံးဒုံးလည်းချ၊ အကျလည်းယင်၊ ကျယင်၊ ကျယင် ... ကျင်” ရေးသားထားသည် ကို တွေ့ရသည်။

သဇင်နွယ် (မန္တလေးတက်ကသိုလ်) ၏ လက်နှိပ်စက်မူ ကျင်စာတမ်းငယ်၌ “ကျားကဲ့သို့ ခွန်အားဗလနှင့် ပညာကိုအသုံးချကိုင်ရသည့် အားကစားနည်းဖြစ်သည့် “ကျားအင်” လို့ခေါ်ရာမှ “ကျင်” ဖြစ်လာကြောင်း ဆိုထားပြန်သည်။

ရမ္မာဝတီပညာစာရနှင့် လှအောင်ရွှေတို့ ရေးသားသည့် “ရမ္မာဝတီတေးကဗျာများစာအုပ်” (၁၉၉၀) တွင်လည်း ရမ်းဗြဲဒေသိယသဘာဝတေးကဗျာတချို့ကို တွေ့ ရပြီး ထိုကဗျာများထဲတွင် ကျင်ဝေါဟာရနှင့်ပတ်သက်၍ “ကျအယင်၊ ကျီးယင်၊ ကျယင်၊ ကျအားယင်” စသည်ဖြင့် အမျိုးမျိုးအသံထွက်ကာ ဖွဲ့ဆိုရေးသားထားသည်ကို တွေ့ ရသည်။ ကဗျာတပိုဒ်ကိုထောက်ပြရလျှင် - “ရွာဘုံကေရာ သောင်းလဲ၊ များဘုံဆင်ကေ၊ ရွာတွင်လူများ၊ ကျအင်တိုက်တေ ထိုပွဲလယ်မှာ၊ မျှောကာကြည့်ကေ၊ ဝမ်းနည်းနည်းနှင့်” ဟူ၍ ဒေသိယလီသံဖြင့် ဖွဲ့ဆိုထားသည်ကို တွေ့ ရပါသည်။ မြောက်ဦးခေတ်တွင် ဓမ္မရာ (ထမရာ၊ အမရာ) မင်းသား ကျင်အတတ်ပညာသင်ယူပုံနှင့် ပတ်သက်၍ “ထမရာဖွဲ့” ၌ -

“ကျောက်တလင်းတွင်၊ ပျော်ပွဲရွှင်သောင်းသဲ၊ ကတူပွဲနှင့်၊ ပျော်ပွဲသဘင်၊ ကျင်ခြင်းသင်၍၊ ကာကောင်းခြင်းနှင့်၊ သိုင်းခြင်းသုံးဆယ်၊ သင်လတ်တေလေး။ ဒိုင်းခြင်းသုံးဆယ် သင်လတ်တေလေး။ စစ်ဆုတ်စစ်တက်၊ သင်လတ်တေလေး” ဟူ၍ တွေ့ ရသည်။

မဇ္ဈိမဒေသ အရေးတော်ပုံ ကျမ်းနိဒါန်းရှည် (စာ-ငဲ) တွင်လည်း - “ရခိုင်သားရို့သည် ဗဒုံမင်း၏ခိုင်းစေခြင်းအမျိုးမျိုးကို လုပ်ဆောင်ကတ်ရသည်။ ၎င်းရို့မှာ အမရပူရနီပြည်တော်တွင်ကျင်းပသော ပွဲလမ်းသဘင်များတွင် အတီးအမှုတ်၊ အကအခုန်၊ ကျယင်စသော ဖြေဖျော်မှုများ လားရောက်ဆောင်ရွက်ရ၏။” ရခိုင်ရာဇဝင်သစ်ကျမ်း (ဒုတွဲ)(စာ ၂၉၆) (ရခိုင်သားကြီးစာပီထုတ်) တွင်လည်း -

“ဒါးပိုင်ကြီးကျော်ပုံလည်း လေးတောင်စားလျှောက်ထားသည်ကိုသိလီလျှင် လျှောက်ထားရာသလောဟု အချက်ဝင်၍ လက်ဝှေ့ကျေးယင်ပွဲဆင်၍ သဘင်ပြုကြရာတွင် အကျူးအလွန်ပြုသည်ဟု လေးတောင်စားခေါ်မဲလွယ်ရို့ ညီအစ်ကိုသုံးယောက်ကို ဖမ်းယူလျှက် ဒါးပိုင်ကြီးကျော်ပုံသည် သတ်လီ၏။” ဟူ၍လည်းတွိရသည်။

ကျင်နှင့်ပတ်သက်၍ စကားပုံ၊ ဥပမာတချို့လည်းဟိသည်။ “အဘကျင်သန်၊ သားအင်တန်” “ကျင်သန်အို ကြက်နှင်မရ” “ကစပ်ကြီးကေ ကျင်ဖြစ်တေ” စသည်ဖြင့်ဖြစ်သည်။

မြန်မာ့အဘိဓာန်ကျမ်း (ပတွဲ) (၁၉၉၁) ၌ ကား -

ကျင် (ကြိ) ။ မြီကြီးနှင့်ရောနီသော ရွှေမှုန့်၊ ငွေမှုန့်များကို ကျင်ခွက်တွင်ထည့်ကာ ရီတွင်သဲ့ယူသည်။ ကျင် (ကြိ) ။ တတ်မြောက်လိမ်မာသည်။ “လူ့ပြည်နတ်ပြည်၊ ဘုံသုံးထပ်တွင်၊ နိုင်အံ့မထင်၊ ပညာကျင်သည်၊ ထွတ်တင်မော်ကွန်းထား၏တည်း” ကျင်ကိုင် (ကြိ)(ရခိုင်) ။ တဦးနှင့်တဦး၊ အနိုင်အယှုံးလုံးသတ်သည်။ တောင်ကျော်ကိုင်သည်၊ နပန်းလုံးသည် - ဟူ၍ဖြစ်သည်။

သို့ဖြစ်၍ ကျင်ဝေါဟာရအဓိပ္ပါယ်ကို နိဂုံးကောက်ချက်ချပါက ကျင်ဆိုသည်မှာ ကျင်ပင်ဖြစ်သည်ဟု၍ ဆိုရပေမည်။ ကျွမ်းကျင်သည်။ ကျင်လည်သည်။ ကျင်ပစ်ချသည်ဆိုသည့် အဓိပ္ပါယ်ပင်ဖြစ်သည်။


ကျင်သမိုင်းကြောင်း


ကျင်သမိုင်းကြောင်းနှင့်ပတ်သက်၍ တောင်ကျောင်းဆရာတော်၏ ရခိုင်ရာဇဝင်သစ်ကျမ်းအပါအဝင် ရခိုင်ရာဇဝင်ကျမ်းတချို့၏အလိုအရ လက်ပန်းသည်ရို့ လက်ပန်းသတ်ကြသည်ကို ၀ါသုဒေဝ၊ ဗလဒေဝခေတ် (ဘီစီ ၆၀၀ ကျော်လောက်က) ရှိဦးစွာ ဒွါရာတီခေတ်ကပင်ဟိကြောင်း ဖော်ပြထားသည်။ ဝါသုဒေဝ၊ ဗလဒေဝရို့ မင်းညီနောင်တကျိပ်သည် ဦးရီးတော်ကံသမင်းကြီး ထောင်ချောက်ဆင်ကျင်းပသည့် လက်ပန်းသတ်ပွဲ၌ စာရုယလက်ပန်းသည် မုဠိအလက်ပန်းသည်ရို့နှင့် လုံးသတ်အနိုင်ရပြီးနောက် ပြည်သိမ်းပုံများကို ရွီးဖွဲ့ထားသည်။ ဦးရာဇ်တောင်ဘုရားသမိုင်းလင်္ကာ “ကျင်လက်ပန်းနှင့်၊ မြီဝန်းရုပ်သီး ရှုမငြီးအောင်” ဟူ၍ရွီးဖွဲ့ထားသည့်အတွက် ကျင်ကိုလက်ပန်းလုံးပွဲဟုလည်းခေါ်သည်။

ပါမောက္ခချုပ်ဦးကျော်ရင်၏ “ရခိုင်ရိုးရာအတတ် ကိုယ်ပိုင်ပညာကျင်ပွဲ” (ရခိုင်တန်ဆောင် ၁၉၅၈) ဆောင်ပါးတွင် -

“ရှိရခိုင်မင်းဆက်များလက်ထက်တွင် ဘီလူးကို အသီသတ်ခသော ကျင်သမားဟုဟိသည်။ ထိုနည်းတူ မွန်မင်းများလက်ထက်တွင်လည်း အသားမင်းသားမှာ ခုနစ်တောင်မြင့်သော ကုလားလန်ဘားနှင့် နပန်းလုံးသတ်ခသည်။ မြန်မာရာဇဝင်တွင်လည်း ရန်မန်ထွေးသည် မိကျောင်း၊ ကျား၊ ဆင်ရို့နှင့်နပန်းလုံးကာ သတ်ပုတ်အောင်မြင်၍ အနန္ဒသူရိယဘွဲ့ကိုပင် ရဟိခသည်။ အသားမင်းသား ကုလားလန်ဘားနှင့် နပန်းသတ်သည်မှာ ရာဇဝင်အရ နှစ်ပေါင်းထောင်ကျော်ဟိလတ်ပြီ။ ကမ္ဘာပေါ်တွင်လည်း နပန်းလုံးအတတ်ပေါ်ပေါက် ခေတ်စားသည်မှာ နှစ်ပေါင်းထောင့်ငါးရာကျော်လတ်ပြီ။ ဤအကြောင်းနှစ်ရပ်ကိုထောက်၍် ရခိုင်ပြည်တွင်လည်း ကျင်အတတ်ပေါ်ပေါက်ခသည်မှာ နှစ်ပေါင်းတထောင်ထက်မလျော့နိုင်ဟု တွေးမိသည်။” ဟူ၍ သုံးသပ်ပြထားသည်။

ဝေသာလီခေတ် စူဠစန္ဒြားမင်းလက်ထက်၌ အမတ်ကြီးဓမ္မဇေယျသည် “ဗျည်း-၃၃ လုံးလှီလှော်သံ” ကိုစပ်ဆိုခသည်။ ယင်းလှီလှော်သံကို ကျင်သန်ကြီးများက ပြိုင်တူရွတ်ဆို၍ စည်ကြီးဗြိန်းစောင်းတီးကာ ပြိုင်လောင်းကြီးများကိုလှော်၍ ရခိုင်ရီတပ်မကြီးဖြင့် စစ်ချီထွက်ကြောင်းဆိုထားသည်။ ရခိုင်ပြည်နယ်ဖြစ်စဉ်သမိုင်း (ပဉ္စမတွဲ) (ယဉ်ကျေးမှုကဏ္ဍ) စာ-၁၈၈ ၌ -

“ရှိခေတ်ရီတပ်မတော်များတွင် စစ်ချီထွက်သောခါ သန်မာထွားကျိုင်းသူကျင်သန်ကြီးများက လှီကိုလှော်ခတ်ရသည်။” ဟူ၍ ရွီးထားသည်။ ၎င်းလှီလှော်သံကိုအကြောင်းပြုလျှက် ပြိုင်လောင်းသံကျပ်များ စပ်ဆိုခသည်။

“ကိုးစိတ်ကိုးလံ၊ ကိုးပင်းကန်၊ ကျင်သန်တိရာတက်ပျာစီးလို့၊ မဟာလောင်းကြီးထွက်လို့လာ” (ရခိုင်ညွန်ဖူး၊ ၁၉၆၈--စာ-၈၃) “ကိုးဆယ့်ကိုးလံ၊ ကိုးပင်းကန်၊ ကျင်သန်တပြီး၊ စည်တတီး” စသည်ဖြင့်ဖြစ်သည်။ မြောက်ဦးခေတ် “ထမရာဖွဲ့” ၌လည်း ကျင်ခြင်း၊ ကာခြင်း၊ သိုင်းခြင်း၊ ဒိုင်းခြင်းအတတ်ပညာများ သင်ယူပုံကိုဖွဲ့ဆိုထားဟိပြီးဖြစ်သည်။ အမရပူရနေပြည်တော်၌ ကျင်ဖြေဖျော်မှုပြုလုပ်ပုံကိုလည်း “မဇ္ဈိမဒေသအရေးတော်ပုံကျမ်း” ၌ တွိရသည်။ ရုပ်ဝတ္ထုသက်သီအဖြစ် သျှစ်သောင်းဘုရားလှိုဏ်ဂူပတ်တွင်း၌ ကျင်းအားကစပ်နည်းဆိုင်ရာ ရုပ်လုံးရုပ်ကြွများ ထွင်းထုထားသည်ကို ကနိထိ တွိမြင်နိုင်သည်။

ဤအကြောင်းအချက်များကိုဆက်စပ်၍ ကျင်အားကစပ်နည်းအတတ်ပညာသည် ရှိခေတ်အဆက်ဆက် ရခိုင်မင်းများလက်ထက်ကပင် ဆင်းသက်လာသည့် နည်းပညာရပ်ဖြစ်သည်ကို တိတိကျကျပြောနိုင်သည်။ ရှိရခိုင်မင်းများလက်ထက်ကပင် ရခိုင်ရိုးရာကျင်ပွဲများကို မင်းညီလာခံနန်းတွင်းသဘင်များ၌ ကျင်းပလာမြဲဖြစ်သည်။

တိုင်းပြည်အဝှမ်း မြို့ပြကျွန်းရွာဒေသများ၌ စည်စည်ကားကား ထူးထူးခြားခြားကျင်းပသည်။ ကျင်ပွဲ၊ ပြိုင်လောင်းပွဲများသည် ရခိုင်ရို့၏တိုက်ရေး၊ ခိုက်ရေး၊ စစ်ရေးအတွက်လည်းကောင်း၊ စည်းလုံးညီညွတ်မှု၊ အားမာန်တက်ကြွမှု၊ ယုံကြည်မှု၊ ကျန်းမာကြံ့ခိုင်မှုများအတွက်လည်းကောင်း၊ နန်းတွင်းနန်းပြင်၊ မြို့ပြကျွန်းရွာမကျန် စည်ကားမြိုင်ဆိုင်စွာကျင်းပသည့် ပညာတရပ်ဖြစ်သည်။ ကျွန်းပွဲ၊ ရွာပွဲ၊ ဘုရားပွဲ၊ ထီးတင်ပွဲ၊ ဈာပနပွဲ၊ မယ်တော်ပျံပွဲ၊ သင်္ကြန်ပွဲ၊ ပြိုင်လောင်းပွဲ၊ ရထားပွဲစသည့် ပွဲတော်တိုင်း၌ ကျင်ပွဲမပါလျှင်မပြီးဆိုလောက်သည်။

ရခိုင်ရိုးရာအက “ကျင်ယိမ်း” ၌ -

“ကျယင် ကျင်၊ ဖမ်းလူခံလူ၊ တူတူလုံး၊ ဒုန်းဒုန်းလည်းချ၊ အကျလည်း ယင်၊ ကျယင် ကျင်၊ ရခိုင်သားရို့ကြိုက်တေ ရခိုင်ကျင်၊ ခေါ်တွင်လာကတ်၊ အားကစပ်၊ ပွဲတိုင်းမလွတ် သူပါဝင်” ဟူ၍ စပ်ဆိုထားသည်။

ကျင်ခေတ်ဦးက တပွဲလုံး၌ နောက်ဆုံးအနိုင်ရဗိုလ်စွဲသူကို ဘုရင်၊ မိဖုရားရို့ကိုယ်တိုင် “ပန်းစည်းဆု” ချီးမြှင့်ကြောင်းသိရသည်။ ထိုသို့ ဆုချီးမြှင့်ပုံစနစ်သည် ရှိဂရိပြည် အိုလံပစ်ပွဲ၌ “လောရယ်” (ခေါ်) သစ်ခွပန်းစည်းဆု ချီးမြှင့်ပုံနှင့်တူကြောင်း သဇင်နွယ်၏စာတမ်းငယ်၌ ရွီးသားထားသည်။ ယခုထိကျင်သန်များအား “ပန်းဆု”ဟူ၍ူ ချီးမြှင့်သည်ကို တချို့နီရာများ၌ တွိရသိမ့်သည်။

ရှိက ကျင်ပွဲကိ ရွှေမောင်းတန်း၊ ငွေမောင်းတန်းဟူ၍ ခွဲခြားကျင်းပသည်။ ပထမတန်း၌ နောက်ဆုံးအနိုင်ရဗိုလ်စွဲသူကို ရွှေမောင်ဆု၊ ဒုတိယတန်း၌ နောက်ဆုံးအနိုင်ရဗိုလ်စွဲသူကို ငွေမောင်းဆုများချီးမြှင့်သည်။ ရွှေမောင်း၊ ငွေမောင်းများမှာ တစ်ကျပ်၊ တစ်ကျပ်ခွဲထိ အလီးဟိပြီး တံဆိပ်ခပ်နှိပ်ကာ ပိုးကြိုး၊ သိုးမွှီးကြိုးကျစ်၍ လိုင်ဖင်း၌စွပ်၍ ချီးမြှင့်သည်။ အင်္ဂလိပ်စာလက်ထက်က အင်္ဂလိပ် “မယ်လ်ဒေးလ်” တံဆိပ်မျိုးခပ်နှိပ်ကာ ရွှေတံဆိပ်၊ ငွေတံဆိပ်များကို ချီးမြှင့်ခကတ်သည်ဟုဆိုသည်။ ကနိခေတ်ထိ ရွှေမောင်း၊ ငွေမောင်းဆုများကို ရှိမူမပျက်ချီးမြှင့်ကျင်းပမြဲဖြစ်သည်။ ကျင်တခေတ်ဆန်းသစ်လာသော ကနိကာလ၌ ကားကျင်ပွဲများကို ခေတ်နှင့်အညီ ဆန်းသစ်တီထွင်ကာ ရွှေမောင်းဆုများကျည်း ချီးမြှင့်ကျင်းပလာလတ်သည်။
[ပြင်ဆင်ရန်​] ကျင်ပညာ၏နက်နဲပုံ၊ စနစ်ကျပုံနှင့် အကျိုးသက်ရောက်ပုံ


(က) နက်နဲပုံ၊ စနစ်ကျပုံ


(၁) ကျင်ပညာသည် ပြင်းပြင်းထန်ထန် ထိုးကြိတ်၊ သတ်ပုတ်၊ ကန်ကျောက်ပြီး ပြိုင်ဖက်အား အနာတရဖြစ်အောင် ဒေါမာန်ဖြင့်ကြံဆတိုက်ခိုက်သည့် နည်းပညာမဟုတ်။ (ဦးက္ခောင်း၊ ဒူး၊ တန်းတောင်၊ ခြီဖနာင့်၊ ခြီစောင်း၊ ခြီဖဝါး၊ လက်စောင်း၊ လက်ဝါး၊ လက်ညှိုး၊ လက်သီးစသည်များကိုသုံးပြီး (ထိုး၊ ရိုက်၊ ကျောက်၊ ကန်) သတ်ပုတ်ခြင်းမျိုး လုံးဝမပါဝင်ချေ။

(၂) ကျင်ပညာ အဖမ်းသားအနီဖြင့် လက်နှင့်ခြီကို အသုံးချသည့်အခါ (ထိုး၊ ရိုက်၊ ကျောက်၊ ကန်၊ သတ်ပုတ်) တိုက်ခိုက်ရန်အတွက်မဟုတ်ပဲ (ဆွဲ၊ ဖမ်း၊ ငင်၊ ဖက်၊ တိုး၊ ကန်၊ ပေါက်၊ ချိတ်၊ ကော်၊ ပင့်၊ လိမ်၊ ကျစ်) ရန်အတွက်သာလျှင် အသုံးချရသည်။

(၃) အခံကျင်သန်သည်လည်း အဖမ်းကျင်သန်က (ဆွဲ၊ ငင်၊ ပေါက်၊ ချိတ်၊ လိမ်၊ ကျစ်) လာသည့်အခါ စည်းကမ်းနည်းလမ်းတကျ (ယှောင်၊ ထွက်၊ ချွတ်၊ ထုတ်၊ ခါ၊ ပစ်၊ ပြန်ပစ်) ရန်အတွက်သာ မိမိ၏လက်နှင့်ခြီကို အသုံးချရသည်။ နာကြင်ကျိုးပဲ့အောင် ကြံစည်တုံ့ပြန်ခွင့်လုံးဝမဟိ။

(၄) အဖမ်းသားအခွင့်အရေးအနီဖြင့် အခံသားလက်ကိုဆွဲနည်း၊ မောင်းသတ်၊ မောင်းလိမ်၊ မောင်းကျပ်၊ မောင်းဖွင့်၊ မောင်းပြန်၊ မောင်းလွှဲနည်း၊ ခြီပေါက်နည်း၊ ချိတ်နည်း၊ ကော်နည်း၊ လိမ်နည်း၊ ကျစ်နည်း၊ ပစ်နည်း စသည်ဖြင့် လက်၊ ခြီများကို ကိုင်ပုံ၊ ပေါက်ပုံ၊ ကျစ်ပုံ စနစ်တကျဟိသည်။

(၅) အခံသားအခွင့်အရေးအနီဖြင့် ထိမ်းကိုင်၊ ဆီးကိုင်နည်း၊ ရုန်းယှောင်ထွက်နည်း၊ ခြီချွတ်လက်ချွတ်နည်း၊ ခါနည်း၊ ပစ်နည်း၊ ပြန်ပစ်နည်း၊ အပြန်ပစ်နည်းများသီးခြားစီ အပြန်အလှန်စနစ်တကျဟိသည်။

(၆) အဖမ်းသားကျင်သန်ကို အခွင့်အရေးပိုပီးထားပြီး ယင်းအခွင့်အရေးကို အခြင်း၊ အကွက်ဖြင့် စနစ်တကျ ကျင်ပညာအသုံးချကိုင်ကာ အခံကျင်သန်အားအနိုင်ရအောင် ပစ်ချရန်ဖြစ်သည်။ အခံသားကျင်သန်သည်လည်း အဖမ်းသားကျင်သန် ထိုကဲ့သို့ လုံးဖမ်းကိုင်တွယ်သမျှ ငုံ့ခံနီရုံမဟုတ်ပဲ အခံကျင်သန်၏ခုခံခွင့်အတတ်ပညာကိုပါ တီထွင်ဖန်တီးထားသည်။ အဖမ်းသား၏လုံးဖမ်းကိုင်တွယ်ခွင့်နှင့် အခံသား၏ခုခံကာကွယ်ခွင့် ပညာနှစ်ရပ်ကို သူတလှည့်ကိုယ်တလှည့်၊ သူတပြန်ကိုယ်တပြန် ကိုင်ခွင့်ပြုလျှက် ပညာစွမ်းပြရသည့် အားကစပ်နည်းပညာရပ်ဖြစ်သည်။

(၇) ကျင်ကွင်းနည်းအမျိုးမျိုး ပုံစံတကျဟိသည်။

(၈) ကျင်ခြင်း၊ ကျင်ကွက်၊ ကျင်ဖမ်းနည်း၊ ကျင်ခံနည်းများ စနစ်တကျ ကျယ်ကျယ်ဝန်းဝန်း ဟိသည်။


(ခ) ကျင်ပညာ၏အကျိုးသက်ရောက်ပုံ


1. ကျင်ပညာသည် လူငယ်ရို့၏ တကိုယ်ရည်စွမ်းရည်ပြည့်ဝမှု၊ ကိုယ်ခန္ဓာကြံ့ခိုင်မှုအတွက် အရေးပါသည့် နည်းပညာရပ်ဖြစ်သည်။
2. ဇွဲ၊ သက္တိကိုခိုင်မာစီသည်။ အခက်အခဲကို တဦးတည်း ကြံ့ကြံ့ခိုင်ခိုင် ရင်ဆိုင်ဖြတ်ကျော်ရဲသည့်ုစိတ်ကို ရဟိစီသည်။
3. တက်ကြွမှုအားမာန်ကို ရစီသည်။
4. ယုံကြည်ချက်ပြည့်ဝစီပြီး ပြတ်သားခိုင်မာစီသည်။
5. ယုတ်ညံ့သိမ်ဖျင်းစိတ်၊ အားငယ်ကြောက်ရွံ့စိတ်များကို ကင်းပျောက်စီသည်။
6. မိမိကိုယ်မိမိ အားကိုးယုံကြည်စိတ် မြင့်မားစီသည်။
7. ဆုံးဖြတ်ချက်တရပ်ကို မှန်မှန်ကန်ကန်၊ ခိုင်ခိုင်မာမာချမှတ်လုပ်ကိုင်ဆောင်ရွက်လိုစိတ်ခိုင်မြဲစီသည်။
8. ကျန်းမာကြံ့ခိုင်သန်စွမ်းမှု၊ လျှင်မြန်ဖျတ်လတ်မှုဖြစ်စီသည်။
9. လူ့ဘောင်ဝန်းကျင်နှင့် ပေါင်သင်းဆက်ဆံရေးကိုတိုးတက်စီသည်။
10. အများအကျိုး၊ ဦးဆောင်ဦးရွက်ပြု ပါဝင်ဆောင်ရွက်နိုင်ရန် ကာယ၊ ဉာဏ်စွမ်းရည်များကိုပြည့်ဝစီသည်။

သို့ဖြစ်၍ ဤအမျိုးသားရေးလက္ခဏာ၊ အမျိုးဂုဏ်ပေါ်လွင်စီသည့် အမျိုးသားယဉ်ကျေးမှု အစစ်အမှန်ဖြစ်သည့် ကျင်အားကစပ်နည်းပညာရပ်ကို ရခိုင်လူငယ်တိုင်း နားလည်ကျွမ်းကျင်တတ်မြောက်အောင်ကြိုးစားပြီး လက်ဆင့်ကမ်းထိန်းသိမ်းရမည်။ သို့မှသာ ကျင်ပညာ၏ဂုဏ်ရည်၊ အမျိုးသားဂုဏ်ရည် ပိုမိုတိုးတက်တောက်ပြောင်လာမည်ဖြစ်သည်။
[ပြင်ဆင်ရန်​] ကျင်သန်များနှင့် ကျင်အတန်းအစားခွဲခြားပုံ

(က) ကျင်သန်အတန်းအစားခွဲခြားပုံ

(၁) ကျင်သန်။ ။ ကျင်အတတ်ပညာတတ်ကျွမ်းပြီး ခန္ဓာကိုယ် သန်မာထွားကျိုင်းသူအားလုံးကိုပေါင်းရုံး၍ ကျင်သန်ဟုခေါ်သည်။

(၂) ကျင်သန်ချေ။ ။ ကျင်ပညာသင်စ၊ ကျင်ကိုင်စ၊ အသက်အရွယ်ငယ်နုသော သူလူငယ်များ၊ ငွေမောင်းတန်း (အငယ်တန်း) ၌ ဝင်ကိုင်စလူငယ်များကို ကျင်သန်ချေ (ကျင်သန်ငယ်) ဟုခေါ်သည်။

(၃) ကျင်သန်ကြီး။ ။ ကျင်ပညာရည်ပြည့်ဝပြီး ကျင်ပွဲများစွာကိုင်ဖူးပြီး ပွဲအတွိအကြုံရင့်ကျက်သည့် အားခွန်ဗလပြည့်စုံသည့် ကျင်သန်၊ ရွှေမောင်း၊ ငွေမောင်း အကြိမ်ကြိမ်ရဖူးသည့်ကျင်သန်မျိုးကို ကျင်သန်ကြီးဟု ခေါ်သည်။ အထူးသဖြင့် ရွှေမောင်းတန်း (အကြီးတန်း) မှ ရွှေမောင်းရကျင်သန်ကြီးများကို ခေါ်သည်။

(၄) ပြည်ကျင်သန်ကြီး။ ။ ပြည်ကျင်သန်ကြီးဆိုသည်မှာ ကျင်လောက၏ အထွတ်အထိတ်ဂုဏ်ပုဒ်ပင်ဖြစ်သည်။ ရခိုင်ပြည်ဒေသအနှံ့က ပွဲတိုင်းလိုလို၌ ရွှေမောင်းမြောက်များစွာရဟိထားပြီး၊ ပရိသတ်ကြိုက်နှစ်သက်သော ကျင်သန်ကြီး၊ အင်အားနှင့်ပညာရပ်၌ အံ့မခန်းလောက်အောင် ထူးချွန်ပြည့်စုံပြီး လေးစားချီးကျူးထိုက်သော ပုဂ္ဂိုလ်မျိုးကို ပြည်ကျင်သန်ကြီးအဖြစ် ပြည်သူရို့နှုတ်ဖျားမှ ကင်းပွန်းတပ်ပီးသည့် ဘွဲ့ဖြစ်သည်။ အဆင့်မြင့်ဆုံး ပြိုင်စံယှား ကျင်ပညာသျှင်များဖြစ်သည်။
[ပြင်ဆင်ရန်​] (ခ) ကျင်အတန်းအစားခွဲခြားပုံ

(၁) ရှိအစဉ်အလာ ကျင်အတန်းအစားခွဲခြားပုံ

ရှိအစဉ်အလာအရ ကျင်ပွဲကို ရွှေမောင်းတန်း၊ ငွေမောင်းတန်း အတန်းနှစ်မျိုးခွဲခြားကျင်းပသည်။ ရွှေမောင်းတန်းမှာ ရွှေမောင်းဆု၊ ငွေမောင်းတန်းမှာ ငွေမောင်းဆု ချီးမြှင့်သည်။ ရွှေမောင်းတန်း၌ နိုင်မောင်း (ပထမဆု)၊ ကျမောင်း (ဒုတိယ) ပီးသကဲ့သို့ ငွေမောင်းတန်း၌ ထိုသို့ချီးမြှင့်သည်။ ငွေမောင်းတန်း၌ ပွဲမြောက်များစွာကိုင်ဖူးပြီး ငွေမောင်း (ပထမဆု) အကြိမ်ကြိမ်ရဖူးကာ ကျင်အတွိအကြုံရင့်ကျက်သူ၊ အားအင်လည်းပြည့်စုံသူကို ရွှေမောင်းကျင်သန်အဖြစ် တန်းတင်၍တိုက်တတ်သည်။ ရွှေမောင်းတန်းကျင်သန်မှာ ငွေမောင်းတန်း၌ဆင်းကိုင်ခွင့်မဟိ။ ငွေမောင်းတန်း၌ တက်ရောက်ယှဉ်ပြိုင်ကိုင်နိုင်ခွင့်ဟိသည်။

(၂) ခေတ်သစ်ကျင်အတန်းအစား ခွဲခြားပုံ

ကနိ ရခိုင်ပြည်၏ အထင်ကရကျင်ပွဲကြီးတချို့ ၌ ကျင်ကိုခေတ်နှင့်အညီတိုးတက်အောင် တီထွင်ကြံဆကျင်းပလာပြီးဖြစ်သည်။ မိမိအသက်အရွယ်အလိုက် ကြီးငယ်မရွီး ကျင်သန်တိုင်း ကျင်ကိုင်ခွင့်ရစီရန်စီစဉ်ပြီး ကျင်အတန်းအစားများကို အောက်ပါအတိုင်း ခွဲခြားကျင်းပလာသည်။

1. သက်ကြီးတန်း (ကျင်အိုတန်း)
2. အကြီးတန်း (ပထမတန်း)
3. အလတ်တန်း (ဒုတိယတန်း)
4. အငယ်တန်း (တတိယတန်း)
5. တန်းသစ်

မမျှော်လင့်ပဲ မတန်တတန် ယှုံးနိမ့်လားရသည့်ကျင်သန်များ၊ မပြတ်သားအယှုံးပီးလားရသည့် ကျင်သန်များ၊ ပရိသတ်အကြိုက် (သို့မဟုတ်) ကျင်ကော်မတီများအကြိုက် ကျန်သန်များကိုလည်း (မောင်းမရပဲ ယှုံးလားရသည့်ကျင်သန်ထဲမှ) ရွီးထုတ်ပြီး တိုက်ပီးသည့် စိန်ခေါ်မောင်း (စိန်ခေါ်ပွဲ) သို့မဟုတ် (ကြည့်ချင်ပွဲ) ဟူ၍လည်း စီစဉ်ကျင်းပပီးတတ်သည်။
[ပြင်ဆင်ရန်​] ကျင်ကိုင်ပုံ

အခြေခံသဘော မိတ်ဆက်
[ပြင်ဆင်ရန်​] (က) ကျင်ကိုင်ပုံ ယျေဘုယသဘော

ကျင်ကိုင်သည်ကို ကျင်လုံးသည်ဟုလည်းဆိုသည်။ ကျင်ကိုင်၊ ကျင်လုံးရန်အတွက် ကျင်သန်နှစ်ဦး ဟိရမည်။ ကျင်သန်နှစ်ဦး ကျင်ကိုင်သည်ကို ကျင်တပူး (သို့) ကျင်တည်းတတည်း (သို့) ကျင်တွဲတတွဲအဖြစ် သတ်မှတ်သည်။ ကျင်တည်း ကျင်ကိုင်ရန်အတွက် (အဖမ်း) နှင့် (အခံ) ကို ရွီးချယ်ပီးရသည်။ ကျင်သန်တဦးကဖမ်းပြီး ကျန်တဦးက ခံပီးရသည်။ ကျင်ဖမ်းသူကို အဖမ်းသား (သို့) အဖမ်းကျင်သန်(သို့) အဖမ်းလူဟုခေါ်ပြီး ကျင်ခံပီးသည့်သူကို အခံသား(သို့) အခံကျင်သန် (သို့) အဖမ်းလူဟုခေါ်သည်။ ဖမ်းလှည့်ကိုရသော ကျင်သန်က လက်မောင်းနှစ်ဖက်ကိုမြှောက်ကားကာ စဖမ်းရပြီး၊ အခံလှည့်ကျသည့်ကျင်သန်က လက်မောင်းနှစ်ဖက်ကို နံဘေးမှာကပ်၍ လက်ဖျားပိုင်းကို ရှိသို့တောင့်တောင့်ပီးထားကာ ကိုယ်ကိုကိုင်းညွတ်ဦးတည့်ပြီး သတိဖြင့်ခံပီးရသည်။

အခံသားခြီနှစ်ဖက်ကိုလည်း ပြိုင်မရပ်ဘဲ ရှိနောက်ဟန်ချက်ညီညီ ထားပြီးခံရသည်။ အဖမ်းသားကစပြီး လှန်၊ ဖက်၊ ဆွဲ၊ ဖမ်း၊ ပေါက်၊ ချိတ်၊ လိမ်၊ ကျစ်နိုင်သည်။ ကျင်ခြင်း၊ ကျင်ကွက်ဖြင့်ပစ်ချနိုင်သည်။ ထိုသို့ အဖမ်းသားက ဆွဲ၊ ဖမ်း၊ လှန်၊ ဖမ်း၊ ပေါက်၊ ချိတ်၊ လိမ်၊ ကျစ်ရန် ကြိုးစားလာသည့်အခါ ပစ်ချလာသည့်အခါ တချိန်တည်းတပြိုင်တည်းမှာ အခံကျင်သန်ကလည်း ဖြုတ်၊ ဆီး၊ ကာ၊ ချွတ်၊ တိုး၊ ကန်၊ ရုန်း၊ ထွက်၊ ကာခွင့်ဟိသည်။ ပြန်လည်ပစ်ချခွင့်ဟိသည်။
[ပြင်ဆင်ရန်​] (ခ) ကျင်တည်းပုံ၊ ကျင်တိုက်ပုံ ယျေဘုယျသဘော

ကျင်သန်နှစ်ဦး ကျင်တတည်းစီးတွဲပြီးနောက် “ကျင်တလင်း” (သို့) “ကျင်ကွင်း” ထဲ၌ ကျင်တိုက်ရသည်။ “ကျင်တည်း” များကို “ကျင်တည်းအဖွဲ့” (ကျင်စာရင်းထိန်းကော်မတီ) ကတည်းပီးပြီး၊ ၎င်းကျင်တည်းများကို ကျင်ကွင်းထဲသို့ ကျင်ကိုင်ဖို့လာရောက်ပါရန် “ပြန်ကြားရေးကော်မတီ” ကဖိတ်ခေါ်ပီးရသည်။ ကျင်သန်နှစ်ဦးစလုံးရောက်ဟိက ၎င်းကျင်တည်းကို “ကျင်ဒိုင်အဖွဲ့” ထဲမှ ကျင်ဒိုင်နှစ်ဦးတာဝန်ယူကြီးကြပ်ပြီး ကျင်တိုက်ရသည်။

တာဝန်ယူကြီးကြပ်မည့် ကျင်ဒိုင်နှစ်ဦးစီကို ကျင်တွဲနှင့်တွဲဖက်၍ “ကျင်တည်းအဖွဲ့က” နာမည်ကြော်ငြာပီးရသည်။ ကျင်တလင်းအကျယ်အဝန်း၊ ကြီးကြပ်ကျင်ဒိုင် အရွီအတွက်အပေါ်မူတည်၍ ကျင်တည်းများကို တတည်းကနီ၊ လေး၊ ငါးတည်းထိ တပြိုင်တည်းတိုက်နိုင်သည်။ ကျင်တလင်း၌ ကျင်ဒိုင်အဖွဲ့က ကြီးကြပ်သည်။ တချို့ပွဲ၌ “ကျင်ဒိုင်ချုပ်” ဟူ၍ သီးသန့်ထားပီးသည်။ သက်ဆိုင်ရာကျင်ဒိုင်နှစ်ဦးက ကျင်တည်းကို အဖမ်းအခံသတ်မှတ်ပီးရသည်။ ကျင်တတည်း၏အယှုံးအနိုင်ကို ကြီးကြပ်ကွင်း ကျင်ဒိုင်များ၏အဆုံးအဖြတ်ဖြင့်မကြေနပ်ပါက “ကျင်ခုံသမာဓိအဖွဲ့” (ကျင်အကဲဖြတ်လူကြီးအဖွဲ့) ထံ စောဒကဝင်တင်ပြနိုင်သည်။ ကျင်ခုံသမာဓိအဖွဲ့၏ဆုံးဖြတ်ချက်သည် နောက်ဆုံးအပြီးအပြတ်အတည်ဖြစ်သည်။
[ပြင်ဆင်ရန်​] (ဂ) ကျင်တတည်း၏ကျင်ကိုင်ပုံအဆင့်ဆင့်

ကျင်တတည်း၏ကျင်ကိုင်ပုံအဆင့်ဆင့်ကို အနှစ်ချုပ်သာဖော်ပြပါမည်။ အဖမ်းသားက အခံသားကို ခြီတကြိမ် ပေါက်၊ ချိတ်၊ လိမ်၊ ကျစ်၍ အခံသားမကျပဲ ရုန်းလွတ်လားပါက အဖမ်းတခေါက်ပြီးလားပြီးနောက် တကြိမ်ထပ်ဖမ်းရသည်။ နောက်တကြိမ်လည်း အဖမ်းသားက ခြီတင်၊ ပေါက်ချိတ်၊ လိမ်ကျစ်ပစ်၍ အခံသားမြီပေါ်မကျပဲ လွတ်လားပါက အဖမ်းနှစ်ခေါက် ပြီးလားပြီဖြစ်သည်။ နှစ်ခေါက်ရာ ခြီတင်ပစ်ခွင့်ဟိပြီး အခံသားက ပြန်ဖမ်းရမည်ဖြစ်သည်။ ကျင်တည်းတတည်း၏အယှုံးအနိုင်သတ်မှတ်ပုံကို အောက်တွင် ဇယားဖြင်ဖော်ပြထားသည်။

ဥပမာ။
စဉ်....... မောင်ဖြူ........... မောင်နီ............ ကျသူ................... အနိုင်ရသူ

(က)
…….....အဖမ်း ...............အခံ ................မောင်နီကျ............. မောင်ဖြူနိုင်
..........အခံ ..................အဖမ်း .............မောင်နီကျ..............

(ခ)
.….... အဖမ်း ..............အခံ ...............မောင်ဖြူကျ............. မောင်နီနိုင်
..........အခံ .................အဖမ်း .............မောင်ဖြူကျ

(ဂ)
.…....အဖမ်း ..............အခံ................ မောင်နီကျ................. မောင်ဖြူနိုင်
........အခံ................ အဖမ်း................ မောင်နီဖမ်းမရ

(ဃ)
……....အဖမ်း ............အခံ ..................မောင်နီကျ
..........အခံ ...............အဖမ်း ................မောင်ဖြူကျ
..........အဖမ်း ............အခံ ...................မောင်ဖြူကျ
.........အခံ ................အဖမ်း ................မောင်နီကျ
.........အဖမ်း .............အခံ ...................မောင်ဖြူဖမ်းမရ
..........အခံ ...............အဖမ်း .................မောင်နီဖမ်းမရ

အဖမ်းတခေါက်၊ အခံတခေါက်စီ သူတလှည့်ကျနီပြီး အယှုံးအနိုင်မရဖြစ်နီပါက “အဖမ်း၊ အခံ” ကိုပြန်၍ “အသစ်တဖန် မျောက်ပန်းလှန်ပီး၍ ဖမ်းသူမှာ ခြီတခေါက်ရာ ပေါက်ချိတ်၊ လိမ်ဖမ်းခွင့်ပြုရပါသည်။ ကျသူကို အယှုံးပီးရသည်။ လုံးဝအယှုံး၊ အနိုင်မရပါက အယှုံးအနိုင်ကို မျောက်ပန်းလှန်၍ ဖြစ်စီ၊ မဲဖြင့်ဖြစ်စီ ဆုံဖြတ်နိုင်သည်။
[ပြင်ဆင်ရန်​] ကျင်ပွဲကျင်းပရေးကော်မတီများ

ကျင်ပွဲကျင်းပရေးကော်မတီအသီးသီးသည် မိမိရို့၏လုပ်ငန်းတာဝန်ဝတ္တရားများကို ဆုံးဖြတ်လုပ်ပိုင်ခွင့်ဘောင်အတွင်းမှနီ၍ ပြည့်ပြည့်ဝဝကြိုးပမ်းဆောင်ရွက်ရသည်။ ကျင်ပွဲ၌ ဖွဲ့စည်းရမည့် လုပ်ငန်းကောမတီများမှာ --

1. ကျင်ခုံသမာဓိအဖွဲ့ (ကျင်အကဲဖြတ်လူကြီးအဖွဲ့)
2. ကျင်ဒိုင်အဖွဲ့
3. ကျင်တည်းအဖွဲ့ (ကျင်စာရင်းထိန်းအဖွဲ့)
4. ပြန်ကြားရေးအဖွဲ့
5. ကျင်ဇေပြား ရောင်းချရေးအဖွဲ့
6. ကျင်ဇေပြားကို (ဆုငွေ) ပြန်ပီးရောင်းချရေးအဖွဲ့
7. ကြိုဆိုနီရာချထားရေးးအဖွဲ့
8. ကျင်တလင်း၊ ကျင်မဏ္ဍပ်ပျင်ဆင်ရေးအဖွဲ့
9. ကျင်ပွဲအခမ်းအနားပျင်ဆင်ရေးအဖွဲ့
10. ကျင်သန်များဆုခံစဉ် လိုက်ပါကူညီရေးအဖွဲ့
11. လျှပ်စစ်မီးတပ်ဆင်ရေးအဖွဲ့
12. စာရင်းထိန်း၊ စာရင်းစစ်အဖွဲ့….

စသည်ဖြင့်ဖြစ်သည်။
[ပြင်ဆင်ရန်​] (ခ) ကျင်ဒိုင်အဖွဲ့၏တာဝန်နှင့် ကျင့်ဝတ္တရားများ
[ပြင်ဆင်ရန်​] ၁။ တာဝန်များ

1. ကျင်ဒိုင်များသည် မိမိနှင့်သက်ဆိုင်ရာကျင်တည်းများကို ကျင်တလင်းသို့ ခေါ်ယူပြီး ခါးစည်းကြိုးကို မှန်ကန်စနစ်တကျနှောင်စီးရမည်။ ဘောင်းဘီဖြင့်ကျင်ကိုင်းခြင်းကို တားမြစ်ရမည်။
2. အန္တရာယ်ဖြစ်စီနိုင်သည့် လက်ဝတ်ထည်များကို ဝတ်ဆင်ထားသည့်ကျင်သန်ကို ယင်းလက်ဝတ်ထည်အား ချွတ်ထားဖို့ပြောရမည်။ လက်သည်းရှည်ကျင်သန်များကို ချက်ချင်းလှီးဖြတ်စီရမည်။
3. ကျင်သန်နှစ်ဦးအတူ ပရိသတ်ကို ရှိခိုးအရိုအသေပြုပြီးမှ ကျင်ကွင်းထဲသို့ဝင်စီရမည်။
4. ကျင်သန်နှစ်ဦးကို ဒေါသမပါဘဲ၊ ချစ်ကြည်ရင်းနှီးစွာဖြင့် လက်ဆွဲနှုတ်ဆက်ပြီးမှ စည်းကမ်းနှင့်အညီ ကျင်ကိုင်စီရမည်။
5. ကျင်သန်နှစ်ဦး ဖမ်းလှည့်၊ ခံလှည့်ကို စည်းကမ်းအတိုင်း စီစည်ဆုံးဖြတ်ပီးရမည်။
6. ကြီးကြပ်ကျင်ကိုင်ဒိုင်နှစ်ဦးသည် မိမိရို့နှင့်သက်ဆိုင်ရာကျင်တည်းကို မျက်ခြီမပြတ် စိစပ်သေချာစောင့်ကြည့်နီရမည်။ ထိုင်မနီရ။ တနီရာတည်း၌ ရပ်မနီရ။ ကျင်းတည်းနှင့်အတူ လိုက်ပါလှုပ်လျှားနီရသည်။
7. ကျင်သန်နှစ်ဦး အဖမ်းအခံကို အငြင်းပွားပါက သက်ဆိုင်ရာကျင်ဒိုင်နှစ်ဦးက ဆုံးဖြတ်ပီးရမည်၊ တွန်းပစ်ချမှုမျိုးမဖြစ်ရအောင် သက်ဆိုင်ရာကျင်ဒိုင်နှစ်ဦးက ကြီးကြပ်နိုင်သည်။
8. ကျင်သန်နှစ်ဦး သတ်မှတ်ကျင်တလင်းနီရာ၌သာ ကျင်ကိုင်နိုင်စီရန်နှင့် လူထုထဲ (သို့) စည်းအပြင်သို့ တွန်းချမှုမျိုးမဖြစ်စီရအောင် သက်ဆိုင်ရာကျင်ဒိုင်နှစ်ဦးက ကြီးကြပ်နိုင်ရမည်။
9. ကျင်တလင်းသည် စည်းအပြင်ဘက် လူထုထဲသို့ပစ်ချခြင်း။ ကြိုးဝိုင်းစည်းပေါ်၌ ပစ်ချခြင်းမျိုးကြောင့် ကျင်သန်တဦးကျလဲလားပါက အယှုံး၊ အနိုင်၊ မပီးပဲ ပြန်ကိုင်စီရမည်။
10. ကျင်သန်တဦးဦး ကျင်ကိုင်၍ တကြိမ်ပြီးသဖြင့် အနားယူခွင့်တောင်းပါက ပီးသင့်က ပီးရမည်။ တကြိမ်မှာ (၁၅) မနစ်ထက် ပိုအနားယူခွင့်မပီးရ။
11. ကျင်သန်တဦးဦး ကျင်ကိုင်နီစဉ် စည်းကမ်းဖောက်ဖျက်မှုဟိပါက သတိပီးတားမြစ်ရမည်၊ ထုတ်ပယ်သင့်သည်ထင်မြင်က ကျင်သမာဓိထံ တင်ပြအတည်ပြုချက်ယူရမည်။
12. ကျင်ဒိုင်သည် ကျင်တတည်းတိုက်ပြီးတိုင်း အယှုံးအနိုင်ကို ကျင်တည်းအဖွဲ့သို့ ပြန်လည်တင်ပြပီးရမည်။
13. ကျင်တွဲများကို ကျင်ကွင်းအနီအထားကိုကြည့်ပြီး ထုတ်တိုက်ရမည်။ ကျင်တည်းမများစီရ။
14. ကျင်ကွင်း၌ ကျင်တည်းမပြတ်စီရန်လည်း ဂရုစိုက်ရမည်။
15. ကျင်သန်များ ကျင်ကွင်းပြလိုက စီစဉ်ပီးရမည်။
16. ကျင်သန်များသည် ကျင်ပွဲမစမီကပင် ကျင်တလင်း၌ အဆင်သင့်ဟိနီရမည်။

[ပြင်ဆင်ရန်​] ၂။ ကျင်ဝတ္တရားများ

1. ကျင်ဒိုင်များသည် ကျင်တည်းတတည်း၏အယှုံးအနိုင်ကို ချက်ချင်းမှန်ကန်တိကျ ပြတ်သားစွာ ဆုံးဖြတ်ပီးနိုင်ရမည်။ ကျင်ဒိုင်နှစ်ဦးစလုံး ဆုံဖြတ်ချက်မှန်ရပါမည်။
2. ကျင်သန်များ ကျင်ကိုင်နီစဉ်ဖြစ်စီ။ အနားယူနီစဉ်ဖြစ်စီ တဦးတဖက်ကိုမျှ အားပီးအမြှောက်ပြောခြင်း၊ အကြံပီးခြင်း လုံးဝမလုပ်သင့်။
3. ကျင်သန်တဦးဦး ကျင်နိုင်သည့်အခါ ဝမ်းသာအားရလက်ခုပ်တီးခြင်း၊ ထပြီးကျင်ကွင်းခြင်းများ လုံးဝမလုပ်သင့်။
4. အဖမ်းကျင်သန်က အခံကျင်သန်၏ခါးကို ကိုင်ဖက်ထမ်းထားလျှင် အဖမ်းသားကို လွှဲပစ်မချစီရန် ချက်ချင်းတားပြီး အခံသားကိုအကျပီးရမည်။ အခံသားအကျမခံလိုက ပစ်ချခွင့်ပြုရမည်။
5. ကျင်ဒိုင်များသည် ကျင်ကိုင်နည်းပညာ၊ ကျင်ကိုင်းခြင်းစုံစုံလင်လင်ကို နှံ့စပ်အောင်သိထားရမည်။
6. ကျင်ဒိုင်အတွိအကြုံရင့်ကျက်အောင် ကြိုးစားရမည်။
7. ကျင်စည်းကမ်းများကို ပြည့်ပြည့်စုံစုံသိထားရမည်။
8. ဘက်လိုက်မှု လုံးဝကင်းယှင်းပြီး သမာသမတ်ကျရမည်။
9. ကျင်သန်များနှင့် ကျင်ပွဲကာလ၌ ရောရောနှောနှောမနီသင့်။
10. လာဘ်ပီးလာဘ်ယူ လုံးဝကင်းယှင်းရမည်။
11. ကျင်ဒိုင်များ ဆီးလိပ်သောက်ခြင်း၊ အရက်သောက်ခြင်း လုံးဝယှောင်ကြည်ရမည်။
12. ကျင်ဒိုင်များ သက်လုံကောင်စီရန် လေ့ကျင့်ခန်းများလုပ်သင့်သည်။
13. ကျင်သန်းများအပေါ်၌ ကြောသားရင်သားမခွဲခြားဘဲ စိတ်ထားစေတနာမှန်ရမည်။
14. ကျင်တိုက်နီချိန် ကျင်ဒိုင်အချင်းချင်းဖြစ်စီ၊ တခြားသူများနှင့်ဖြစ်စီ စကားပြောမနီသင့်။
15. ကျင်ဒိုင်ဝတ်စုံစနစ်တကျ၍ ဝတ်ဆင်ကြီးကြပ်သင့်သည်။

[ပြင်ဆင်ရန်​] ကျင်ပွဲကျင်းပခြင်း

ကျင်ပွဲကို ကွင်းအဖွင့်ရတုဆို၍ မင်္ဂလာစည်တော်များတီးခတ်ကာဖွင့်လှစ်သည်။ ကျင်းကွင်းကို နံ့သာရည်များပက်ဖြန်းရသည်။ ကျင်တည်း (ကျင်တွဲ) များကို စမတင်မှီ မင်္ဂလာကျင်တည်းများကို စ၍တိုက်လေ့ဟိသည်။ ကျင်တိုက်ရာ၌ ကျင်စည်တီးပီးရသည်။ ကျင်စမတိုက်မှီ စာရင်းဝင်ကျင်သန်များ ကျင်ကွင်းထဲ၌ ကျင်ကွင်းပြရသည်။ ကျင်ကိုင်၍ ကျင်တတည်းနိုင်သူကို “နှစ်ခေါက်နိုင်” ဟု သတ်မှတ်သည်။ နှစ်တည်းနိုင်ပါက လေးခေါက်နိုင်။ သုံတည်းနိုင်ပါက ခြောက်ခေါက်နိုင်စသည်ဖြင့် မောင်းလုပွဲ၊ ဗိုလ်လုပွဲရောက်အောင်ထိ ဆက်နိုင်လားရသည်။

ကျင်တတည်း အယှုံးအနိုင်ပြီးတိုင်း ပရိသတ်ထံ ယှုံးသူရော၊ နိုင်သူပါ ဆုခံယူရသည်။ ခုံသမာဓိလူကြီးအဖွဲ့က စတင်ပြီး “ပန်းဆုငွေ” ချီးမြှင့်ပီးရသည်။ ကျင်ပွဲကျင်းပပြီးခါနီး၌ ကျင်ဒိုင်အချင်းချင်း ချစ်ကြည်ရေးကျင်ကိုင်ရသည်။ ကျင်သန်များကျင်နိုင်သည့်အခါ ကျင်ကွင်းပြရသည်။ ကျင်သန်များ နောက်ဆုံးဗိုလ်ဆွဲမောင်းရသည့်အခါလည်း ကွင်းထဲပတ်၍ ကျင်ကွင်းပြ၍ ကျင်ပွဲကြည့်ပရိသတ်များသည် ကျင်ဇေပြားများဝယ်ယူပြီး ကျင်သန်များဆုခံစဉ် ကျင်းကွင်းပြစဉ်၌ ဆုချီးမြှင့်ပီးရသည်။ ငွေသားလည်း ဆုချီးမြှင့်ပီးနိုင်သည်။ ကျင်သန်များက မဏ္ဍပ်တွင်းပရိသတ်ထံမှ ဆုချီးမြှင့်မှုခံယူပြီး ရလာသည့်ကျင်ဇေပြားများကို ကျင်ဇေပြားဖိုး ဆုငွေပြန်ပီးချေရေးအဖွဲ့ထံ၌ ဇေပြားနှင့်ငွေ ဖလှယ်ယူရသည်။ “ကျင်ခုံသမာဓိအဖွဲ့” က ကျင်ဒိုင်များထံမှတင်ပြလာသည့် ကျင်သန်များနှင့်ပတ်သက်သည့် တင်ပြချက်များကို ဆုံးဖြတ်ပီးရသည်။

ကျင်းပွဲကျင်းပရာ အငယ်တန်း၊ အလတ်တန်းစသည့် အောင်တန်းမှ ကျင်သန်များကို စတင်တိုက်ရပြီး ရွှေမောင်းတန်း (ပထမတန်း/အကြီးတန်း) ကျင်သန်များကို ပွဲတော်နောက်ဆုံးရက်များ၌ရာ တိုက်လေ့ဟိသည်။ ကျင်တည်းများကို ယှုံးဖြုတ်စနစ်ဖြင့် ကျင်းပသော်လည်း ယခုအခါ တချို့ပွဲများ၌ ကျင်သန်ဦးရေနည်းသော ရွှေမောင်းတန်း (ပထမတန်း/အကြီးတန်း) ကျင်သန်ကြီးများကို ပရိသတ်က အားရပါးရကြည့်ရှုနိုင်စီရန် ပတ်လည်စနစ်ဖြင့် ကျင်းပသည်လည်းဟိသည်။


[ပြင်ဆင်ရန်​] ကျင်ကွင်းနည်းများ

ကျင်သန်များသည် ကျင်းကွင်းထဲ ကျင်ကွင်းပြရာတွင် ကျင်ပွဲအသီးသီးမှ မိမိရဟိထားသော ရွှေ၊ ငွေ ဆုတံဆိပ်များကို လိုင်တွင်ဆွဲ၍ ကျင်ကွင်းပြရသည်။ ရှိဦးစွာ မိမိ၏ကျင်ကွင်းနည်းပြဆရာများကို ကန်တော့ရသည်။ ကျင်ခုံသမာဓိ လူကြီးအဖွဲ့ကို ဂါရဝပြုရသည်။ နောက်ပရိသတ်ဘက်သို့လှည့်၍ ဂါရဝပြုရသည်။ ပြီးမှ ကွင်းတပတ်လှည့်၍ ကျင်ကွင်းပြရသည်။ ကျင်ကွင်းနည်းအမျိုးမျိုးဟိသည်။ အောင်တွင်ဖော်ပြထားသည်။
[ပြင်ဆင်ရန်​] (က) ဝံ့လက်သဲ (သို့) ၀ံလက်သစ်ကွင်းနည်း

ကျင်သန်သည် မားမားမတ်မတ်ရပ်လိုက်သည်။ တည်ကြည်သောမျက်နှာထားဖြင့် မိမိလက်နှစ်ဖက်ကို လက်အုပ်ချီးပူးကပ်ထားလိုက်သည်။ နဖူးပေါ်တွင်ကပ်၍ တဖြည်းတဖြည်း ဝဲယာသို့ဆန့်တန်းထားသည်။ လက်နှစ်ချောင်းအနီအထားမှာ ငှက်တောင်များ ဖြန့်သကဲ့သို့ဖြစ်သည်။

လက်နှစ်ချောင်းကို အပေါ်သို့ ဆတ်ခနန်း မြှောက်ချီလိုက်သည်။ ပြီးနောက် တနီရာသို့ လွှားကနန်း ခုန်လိုက်သည်။ နောက်တနီရာသို့ရောက်သည်နှင့် ဘယ်-ညာလက်ဝါးနှစ်ဖက်ဖြင့် ဘယ်-ညာပေါင်ပေါ်ရိုက်ခတ်လိုက်သည်။ ထို့သို့ ရိုက်ခတ်ပြီးနောက် ငှက်ဝံလက်ပျံသကဲ့သို့ လက်များကို ဘယ်-ညာဆန့်တန်းဝှေ့ယမ်းသည်။

သို့ဖြင့် တနီရာမှတနီရာသို့ လှည့်လည်ပြီး ကွင်းတပတ်ပြည့်အောင် ကျင်ကွင်းပြသည်။
[ပြင်ဆင်ရန်​] (ခ) ကျီကန်းရီချိုး ကွင်းနည်း

ကျင်သန်သည် ကိုယ်ကိုမားမားမတ်မတ်ရပ်လိုက်သည်။ ကိုယ်ဟန်အနီထားဖြင့် ကြံ့ခိုင်မှုကို ပြထားသည်။ လက်နှစ်ချောင်းကိုပူးကာ နဖူးပေါ်တွင်ကပ်၍ တဖြည်းဖြည်း ဝဲ-ယာသို့ ဆန့်တန်းထားလိုက်သည်။ ဒူးကို ကုပ်နီဟန်ထားခန္ဓာကိုယ်ကို ထက်အောက်သို့ နှိမ့်ချီမြင့်ချီ ပြုလုပ်ပြသည်။ ကျီးကန်းရီချိုးသကဲ့သို့ မြင်ရသည်။ သို့ဖြစ်၍ တနီရာမှ တနီရာသို့ပြောင်းရွှိပြီး လှည့်လည်ကျင်ကွင်းပြသည်။
[ပြင်ဆင်ရန်​] (ဂ) ဥဒေါင်းဝဲ ကွင်းနည်း

ကျင်သန်သည် ရှိဦးစွာ ခြီထောက်ကိုစုံရပ်၍ ကိုယ်ကိုမားမားမတ်မတ်ရပ်၍ ဂါရဝပြုလိုက်သည်။ လက်နှစ်ဖက်ကို လက်ဦးချီ၍ နဖူးပေါ်တင်ကာ တဖြည်းဖြည်း ဝဲ-ယာသို့ ဆန့်တန်းလာသည်။ ခြီထောက်တချောင်းကို မ,မြှင့်၍ ဘယ်-ညာများကို ဦးက္ခောင်းပေါ်တွင် ဝဲကာနွဲ့ကာ ကွင်းပြသည်။ တနီမှ တနီရာသို့ပြောင်းရွှိ၍ ကွင်းတပတ်လည်အောင် ကွင်းပြသည်။
[ပြင်ဆင်ရန်​] (ဃ) လင်းကွက် ကွင်းနည်း

ကျင်သန်သည် ခုံသမာဓိအဖွဲ့၊ ပွဲကြည့်ပရိသတ်ရို့အား ဂါရဝပြုလိုက်သည်။ ပြီးနောက် လက်ဝါးနှစ်ဖက်နှင့် ပေါင်ကို တချက်စီရိုက်ခတ်လိုက်သည်။ ကိုယ်ဟန်အနီအထားကို နွဲ့နှောင်းထားကာ လက်များကိုကွေ့ဝိုက်၍ လင်းကွက်ငှက်ပျံသည့်အလား ဝှေ့ယမ်းကာ ကွင်းပြသည်။
[ပြင်ဆင်ရန်​] (င) လက်ခမောင်းခတ် ကွင်းးနည်း

ကျင်သန်သည် ခုံသမာဓိအဖွဲ့နှင့် ပရိသတ်အား ဂါရဝပြုသည်။ ခုံသမာဓိ အဖွဲ့ရှိရပ်ပြီး ဘယ်လက်ဝါးကို ညာဘက်ချိုင်းအောက်သို့ သွင်းလိုက်သည်။ ညာဘက်လက်မောင်းကို နံဘေးနှင့် “ဖြောင်းဖြောင်း” မြည်အောင်ရိုက်ခတ်လိုက်သည်။ ထို့နောက် လက်နှစ်ဖက်ကို ၉၀ံ ခန့် ကွေး၍ တဖြည်းဖြည်းဆန့်တန်းလာသည်။ လက်နှစ်ဖက်ကို အပေါ်သို့ ဆတ်ကနန်းမြှင့်တင်ပြီး တနီရာသို့ပြီးလွှားကာ နီရာပြောင်းရွှိလိုက်သည်။ ယင်းမှ တနီရာသို့ပြီးလွှား၍ တပတ်ပြည့်အောင် ကွင်းပြသည်။
[ပြင်ဆင်ရန်​] (စ) ကင်းမြီးကောက် ကွင်းနည်း

ကျင်သန်သည် ရှိဦးစွာ ခုံသမာဓိလူကြီးများနှင့် ပွဲကြည့်ပရိသတ်ကို ဂါရဝပြုသည်။ ထို့နောက် လက်နှစ်ဘက်ကို မြီတွင်ထောက်၍ ကင်းမြီးကောက်ထောင်လိုက်သည်။ ကင်းမြီးကောက်ထောင်၍ ဆယ်လှမ်းခန့်လားပြီး ဂျွန်းပြန်ကာ ရပ်စောက်ရပ်လိုက်သည်။ လက်များကိုပူး၍ ရင်ဘတ်နားတွင်ထားကာ တဖြည်းဖြည်း ဝဲ-ယာသို့ဆန့်တန်းလာသည်။ ထို့နောက် နီရာပြောင်းလိုက်ပြီး ကင်းမြီးကောက်ထောင်ပြန်၍ ဆယ်လှမ်းခန့် ဆက်လားပြန်သည်။ ပြီးမှ ဂျွမ်းပြန်ကာ ရပ်စောက်ရပ်သည်။ ထိုသို့ကွင်းတပတ် ကွင်းပြသည်။
[ပြင်ဆင်ရန်​] (ဆ) နောက်ဂျွမ်းပစ် ကွင်းနည်း

ကျင်သန်သည် ရှိဦးစွာ ခုံသမာဓိလူကြီးများနှင့် ပွဲကြည့်ပရိသတ်များကို ဂါရဝပြုသည်။ ပြီးနောက် ကျားကဲ့သို့ နောက်ဂျွမ်းပစ်ချလိုက်သည်။ နောက်ဂျွမ်းတချက်ပစ်လိုက်၊ လက်များကို ကွေးကာကွေးကာ ဝဲ-ယာ၊ ရှိ-နောက် ခန္ဓာကိုယ်ကို လှည့်လည်ကွင်းပြသည်။ ဤသို့ဖြင့် တနီရာမှ တနီရာသို့လှည့်လည်၍ ကွင်းပြသောအခါ နောက်ဂျွမ်းတချက်မှ ငါးချက်ထိ ဆက်တိုက်ဆက်တိုက်ပစ်ပြီး နီရာပြောင်းသည်။ ပွဲကြည့်ပရိသတ်က “ကျားလာရေ-ကျားလာရေ” ဟူ၍ ကြွေးကြော်ချီးမြှင့်သည်။
[ပြင်ဆင်ရန်​] (ဇ) ရှိဂျွမ်းပစ် ကွင်းနည်း

ကျင်သန်သည် ခုံသမာဓိလူကြီးများနှင့် ပွဲကြည့်ပရိသတ်ကို ရှိဦးစွာဂါရဝပြုပြီး ကျားကဲ့သို့ လျှင်မြန်စွာ ရှိဂျွမ်းပစ်လိုက်သည်။ ဂျွမ်းပစ်ပြီး လျှင်မြန်စွာ လက်နှစ်ဖက်ကိုဆန့်တန်းကာ စွန်များပျံဝဲသကဲ့သို့ ဝဲယာရှိနောက်လှည့်လည်၍ ကွင်းပြသည်။ ပြီးနောက် ရှိဂျွမ်းသုံးပြန်ပစ်၍ နီရာပြောင်းသည်။ ယင်းသို့ ကွင်းတပတ်ပြည့် ကွင်းပြသည်။
[ပြင်ဆင်ရန်​] (ဈ) သိန်းငှက် ကွင်းနည်း

ကျင်သန်သည် ရှိဦးစွာ မားမားမတ်မတ်ရပ်နီရာမှ ဂါရဝပြုလိုက်သည်။ ပြီးနောက် ဝဲ-ယာ လက်နှစ်ဖက်ကို ကွေးဝိုက်ပြီး ဆန့်လိုက်သည်။ ပြီးနောက် ကိုယ်ကို နွဲ့နွဲ့ညွတ်၍ ပေါင်နှစ်ဖက်ကို ရိုက်ခတ်လိုက်ကာ လက်နှစ်ဖက်ကို သိန်းငှက်ဝဲပျံသကဲ့သို့ မာန်ဖြင့်ကွေးဝိုက်ကာ နောက်တနီရာသို့ အဟုန်ဖြင့် ရွှိပြောင်းလှည့်ပတ်ကာ ပြန်ရပ်ပြီး ပေါင်ကို လက်ဝါးနှစ်ဖက်ဖြင့် ရိုက်ခတ်လိုက်သည်။ ပြီးနောက် ခြီတချောင်းကို အနည်းငယ်ကွေးမြှောက်ကာ သိန်းငှက်တောင်ဖံဝဲပျံနီပုံ လက်နှစ်ဖက်ကိုကွေးဖြန့်ဝိုက်ပြီး ကွင်းပြသည်။ ထိုသို့ ကွင်းတပတ်လှည့်ပတ် ကွင်းပြသည်။
[ပြင်ဆင်ရန်​] (ည) ကြိုးကြာပျံ ကွင်းနည်း

ကျင်သန်သည် မားမားမတ်ရပ်ပြီး ကျင်ခုံသမာဓိလူကြီးများ၊ ပရိသတ်များကို ဦးညွတ်ဂါရဝပြုလိုက်သည်။ ပြီးနောက် ခြီကိုစုံရပ်၍ လက်နှစ်ဖက်ကို ဘေးသို့ ဆန့်ထုတ်လိုက်သည်။ ပြီးနောက် လက်နှစ်ဖက်ကို အထက်အောက် မြင့်ချီနိမ့်ချီပြုပြီး ခန္ဓာကိုယ်ကိုလှည့်ကာ နီရာပြောင်း ကွင်းပြသည်။ လက်နှစ်ဖက်ကွင်းဟန်မှာ ကြိုးကြာငှက်ပျံနီစဉ် တောင်ဖံနိမ့်ချီမြင့်ချီဖြစ်နီဟန် မြင်ရသည်။ ထို့သို့ ကွင်းတပတ်ပြည့်အောင် ကွင်းပြသည်။ [1]--Mayor mt 06:42, 1 ဇွန် 2009 (UTC)
[ပြင်ဆင်ရန်​] ကိုးကား

1. ↑ (လေးဝတီ ခိုင်ကျော်)


`ဤနေရာတွင်း ကြည့်ရှုးနိုင်သည်

ဆက်ဖတ်ရန်
ပို့စ်တင်သူ ။.............။ ( MMSA ) on Sunday, 26 December 2010
0 ( မှတ်ချက်ရေးချင်ရင် )
ခေါင်းစဉ်အလိုက်ပို့စ်များ |

ရခိုင်အပျိုလူပျိုတို့ အရွယ်ရောက်လျှင် လူငယ်ချင်းချစ်ကြိုက်၍ လက်ထက်မင်္ဂလာဆောင်ခြင်းများ ရှိသကဲ့သို့ အများအားဖြင့် မိဘများက အိမ်ထောင်ဘက်ကို ရွေးချယ်ပြီးသည်များသည်။ ရခိုင်လူမျိုးသည် မိဘစကားကိုနာခံတတ်သူများဖြစ်သဖြင့် မိဘများ၏အစီအမံကိုလက်ခံတတ်လေ့ရှိသည်။ သားသမီးများအချိန်တန်အရွယ်ရောက်လာလျှင် အိမ်ထောင်ဖက်ကို အများအားဖြင့်မိဘများက ရွေးချယ်ပြီးသောအလေ့သည် ရခိုင်လူမျိုးတွင် ယခုခေတ်ချိန်ထိခေတ်စားလျှက်ရှိသည်။ ရှေးရိုးအစဉ်အဆက် ကျင့်သုံးလာခဲ့သော ရခိုင်လူမျိုးတို့၏ လက်ထပ်မင်္ဂလာပွဲဓလေ့သည် မြန်မာများနှင့်မတူ တမူထူးခြားသော ဓလေ့ထုံးစံများဖြစ်သည်။


ရခိုင်ရိုးရာမင်္ဂလာဆောင်မှာ မြန်မာရိုးရာမင်္ဂလာဆောင်နှင့်မတူ တမူထူးခြားသည်။ သမီးရှင် (သတို့သမီး) နှင့် သမက်ရှင် (သတို့သား) လက်ထက်ထိမ်းမြားသောမင်္ဂလာဆောင်ပွဲကို ရခိုင်စကားတွင် “သမက်တက်ပွဲ” ဟုခေါ်သည်။ ယောက္ခမအိမ်သို့ သမက်ကိုတင်ပို့ရသောကြောင့်လည်းကောင်း၊ လက်ထပ်ရန်လားရသောကြောင့်လည်းကောင်း “သမက်တက်” ဟုခေါ်ရခြင်းဖြစ်သည်။ သံတွဲ၊ ကျောက်ဖြူ၊ မာန်အောင်နှင့် အခြားသောဒေသများတွင် အနည်းငယ်ကွဲလွဲချက်ဟိသည်။

သမီးတောင်းခြင်း

ပထမယောက်ျားချေဘက်မှ မိန်းမပျိုကိုကြိုက်လျှင် အရပ်မှအမျိုးသမီးကြီးမှတဆင့်ပြောကြားပြီး ရက်တည့်မတည့် ဇာတာများယှဉ်ပြီး စီစစ်ရသည်။ ထို့နောက် ကောင်းသောရက်ကိုရွေးချယ်ပြီး စေ့စပ်ကြောင်းလမ်း ပြုလုပ်သည်။


စေ့စပ်ကြောင်းလမ်းခြင်းမင်္ဂလာ (အသွင်းနှင်းခြင်း၊ ပန်းဆင်ခြင်း)

စေ့စပ်ကြောင်းလမ်း မင်္ဂလာပွဲကို သမီးရှင်အိမ်တွင် ပြုလုပ်သည်။ ရှိဦးစွာ သမီးရှင်ထိုင်ရန်နေရာ၏ လက်ဝဲလက်ယာဘက်တွင် အမျိုးသမီးအိမ်ထောင်သည်နှစ်ဦး ထိုင်ရသည်။ ဆွေမျိုးများနှင့်ဖိတ်ကြားထားသောအဂန္ဓုများက ယင်းတို့၏ ရှေ့တွင် နေရာယူရသည်။ ထိုအချိန်တွင် သမီးသျှင်ထွက်မလာရသိမ့်။ သတ်မှတ်ထားသောမင်္ဂလာအချိန်ရောက်သောအခါ သမက်သျှင် (သတိုးသား) ဘက်မှ ဆွီမျိုးပရိတ်သတ်များလာရောက်သည်။ လာရောက်သောအခါ သမီးသျှင်ကိုဆင်မြန်းပီးရန် ပန်းများနှင့်စားစရာမုန့်အချိုများ၊ ကောက်ညှင်းပေါင်းများကို ငွေဖလားထဲတွင် ထုံးတမ်းစဉ်လာနှင့်အညီထည့်၍ ယူလာရသည်။ ငွေဖလားဦးရေမှာလည်း မဂဏန်းအရွီတွက်တိုင်း ကြိုက်သလိုအသုံးပြုနိုင်သည်။ သမီးသျှင်သည် အမျိုးသမီးအရံတဦးနှင့်အတူထွက်လာပြီး သတ်မှတ်ထားသောနီရာတွင် ထိုင်ရသည်။ ပန်းများ၊မုန့်များနှင့်အတူ သမက်သျှင်မိဘများထံမှ သမီးသျှင်အား စိစပ်ကြောင်းလမ်းခြင်း ရခိုင်အခါ် (ကတိသစ္စာပြုခြင်း) အထိမ်းအမှတ်အဖြစ် သားသျှင်ဘက်မှ အမိ (သို့မဟုတ်) အစ်မက မိမ္မချေကို ပန်းဆင်ပီးရသည်။

ထို့နောက်လက်ဝတ်ရတနာများကို ရွှေကျပ်ချိန်ဖြင့်ပီးပြီး အသွင်းပီးဆောင်ရပါသည်။ ထိုရတနာဆင်မြန်းခြင်း၊ သမီးသျှင်အား ပန်းပန်ပီးခြင်းပြုလုပ်သူကို သမီးသျှင်က အရိုအသေပြုကန်တော့ပြီးလျှင် စိစပ်မင်္ဂလာအောင်မြင်ပါတော့သည်။

မင်္ဂလာလက်ထပ်မည့်နိရက်ကို ယင်းအချိန်မှာပင် နှစ်ဦးနှစ်ဘက် ညှိနှိုင်းဆွေးနွေးသတ်မှတ်ရပါသည်။ ဆွီမျိုးပရိသတ်များကို မင်္ဂလာရက်ကြေငြာပီးရသည်။ ထို့နောက် ကြွရောက်လာသော နှစ်ဦးနှစ်ဘက်ဆွီမျိုးပရိသတ်များကို ဧည့်ခံကျွေးမွီးရသည်။ စိစပ်ပွဲပြီး၍ သမက်သျှင်ဘက်မှပြန်ကျသောအခါ သမက်သျှင်ဘက်မှယူလာသော ငွေဖလားထဲမှမုန့်အချိုများကို သမီးသျှင်ဘက်မှလက်ခံယူပြီးနောက် ယင်းဖလားထဲသို့ သမီးသျှင်ဘက်မှလည်း မုန့်များကို ပြန်ထည့်ပီးရသည်။

လက်ထပ်မင်္ဂလာပွဲ

လက်ထပ်မင်္ဂလာပွဲတွက် မင်္ဂလာပွဲတင်ကို တရက်ကြိုတင်ပြုလုပ်ရသည်။ မင်္ဂလာပွဲတင်သည် လက်ထပ်မင်္ဂလာပွဲအတွက် ရှိဦးစွာဆောင်ရွက်ရသော အလုပ်ဖြစ်သည်။ ယင်းပွဲကို သမီးသျှင်အိမ်၌သာပြုလုပ်ရသည်။ မင်္ဂလာပွဲနိရောက်သောအခါ ယင်းနိမိုးထက်အရုဏ်တွင် သမီးသျှင်သမက်သျှင်ရို့အား မိမိအိမ်များမှာပင် မြတ်စွာဘုရားအားဦးထိပ်ထား၍ ဘုန်းကြီးငါးပါးအား မင်္ဂလာဆွမ်းကပ်ပြီး မင်္ဂလာပရိတ်နာရသည်။ အဘိုးအဘောင်လူကြီးမိဘများကိုကန်တော့၊ မင်္ဂလာစကားတတ်ကျွမ်းသူများက နံ့သာရည်များဖြင့်ပတ်ဖြန်းခြင်းများပြုလုပ်ကာ မင်္ဂလာမြှောက်ရသည်။ ပရိတ်နာရာတွင် ပရိတ်ကြီးမှာ လက်ထက်မင်္ဂလာပွဲအတွက် အဓိကအရေးကြီးဆုံးဖြစ်သည်။ ရှိဦးစွာ မင်္ဂလာစားပွဲငယ်ကို ပျင်ဆင်ရသည်။

ယင်းစားပွဲတွင်ပါဝင်ရမည့်အချက်များမှာ-

မင်္ဂလာမြှောက်ခြင်း မင်္ဂလာထမင်းပွဲပျင်ဆင်ခြင်

သီးသန့်ပြုလုပ်ထားသော မင်္ဂလာစားပွဲကိုစားပွဲခင်း၍ အပေါ်တွင်စပါးဖြူးထားသည်။ ဖြန့်ကြဲထားသောစပါးပေါ်တွင် ဘဲဥပုံမင်္ဂလာကြွီလောင်ပန်းကြီးတွင် ကောက်ညှင်းနှင့်ထမင်းများထည့်၍ တင်ထားရသည်။ ယင်းထမင်းပေါ်တွင် ချက်ပြီးသားခြီလက်အမွှီးစုံသော ပုစွန်တုပ်ကြီးနှစ်ကောင်၊ အမွှီးစုံအကြီးခွံပါသော ငါးကန်သားနှစ်ကောင်၊ ဘဲဥနှစ်လုံး၊ မြောက်ဥ (ခေါ်) ကင်းစွန်းဥနှစ်ဥနှင့် အခွံနွှာပြီးသောနှပျိုးသီးနှစ်လုံးစီဖြင့် ပျင်ဆင်ထားရသည်။ ငါး၊ ပုစွန်၊ ဥ၊ သီးနှံစပါးပေါကြွယ်စီရန် အတိတ်နမိတ်ယူထားခြင်းဖြစ်သည်။ စပါးများထဲတွင် ရွှေဒင်္ဂါး၊ ငွေဒင်္ဂါးများမြှပ်နှံထားရသည်။ ရွှေငွေပွားများအောင် ရည်ရွယ်ခြင်းဖြစ်သည်။

သမီးသျှင်ထိုင်သောနီရာလက်ယာဘက်တွင် ရီစင်အိုးဟုခေါ်သော ကြီးအိုးငယ်နှစ်လုံးတင်ထားရသည်။ ကြီးအိုးအပြင်ဘက်ပတ်လည်ကို မင်္ဂလာပရိတ်ခြည်ဖြင့် ပတ်ထားပီးရသည်။ ကြီးအိုး၌ရီထည့်ထားပြီး သပြီပန်း၊ အချိန်ခါကောင်းသတ်မှတ်သောစာရွက် (အခါစာ) ရို့ကို ထိုးထားရသည်။

ထမင်းလောင်ပွန်း၏လက်ဝဲဘက်တွင် လောင်ပွန်းငယ်များတင်ပြီး ယင်းလောင်ပွန်းငယ်အသီးသီးတွင် ကြက်တကောင်လုံးအူအသဲစုံစွာ ငရုတ်သီးမပါဘဲ ချက်ရသည်။ ပုစွန်တုပ်ကို အကောင်မပျက်ကျော်ရသည်။ ရွှေဖရုံသီးချက်ထည့်ရသည်။ ကျန်လောင်ပွန်းနှစ်ခုတွင် ကြက်နှင့်ပုစွန်ပဲ ထည့်ရသည်။ ကြက်နှစ်လောင်ပွန်း၊ ပုစွန်နှစ်လောင်ပွန်း၊ ရွှေဖရုံသီးနှစ်လောင်ပွန်းဖြစ်သည်။ မင်္ဂလာလက်ဆုံထမင်းပွဲတွင် ငကန်သား (အကြီးဟိသောငါး)၊ ကြက်သား၊ ဘဲဥ၊ ပုစွန်၊ မြောက်ဥ၊ ကင်းစွန်းဥ၊ ချိုင်ပေါင်ဟင်းများထည့်ထားသည့် ဟင်းဇားပန်းကန်ကတဖက် ထားဟိသည်။ ပုစွန်ဆိုလျှင် နှခွမ်းမွှီးမျှင်မပြတ်စီရ။ အကျိုးအပဲ့အနာအဆာများမပါစီရန် အထူးဂရုပြုရသည်။

ဤမင်္ဂလာစားပွဲကို မင်္ဂလာဆောင်မည့်နီရာတွင်ထားဟိပြီး မင်္ဂလာမြှောက်ခြင်းပြုလုပ်ရသည်။ အညွှန့်ဟိသောအမျိုးသမီးက သမက်သျှင်အိမ်မှ ဆန်နို့ဆီဗူးနှစ်ဗူး၊ လေးဗူး၊ ခြောက်ဘူးစသဖြင့် စုံဂဏန်းကို သမီးသျှင်အိမ်သို့လားပို့ကာ သမီးသျှင်အိမ်မှဆန်များနှင့်ရောပြီး အညွှန့်ဟိသောအမျိုးသမီးက မင်္ဂလာလက်ဆုံထမင်းပွဲအတွက် ချက်ရသည်။ အညွှန့်ဟိသောအမျိုးသမီးဆိုသည်မှာ လူပျိုအပျိုလက်ထပ်ပြီး မကွဲမကွာမောင်နှံစုံအတူတကွနီထိုင်၍ သားသမီးတယောက်တလီမှ ပျက်စီးခြင်းမဟိသော “အိမ်ထောင်သျှင်မ” ကိုဆိုလိုသည်။

အထက်ပါ မင်္ဂလာပွဲပျင်ဆင်ခြင်းအလုပ်ကို ဘုန်းကြီးမကြွမှီ ပျင်ဆင်ထားရသည်။ ဘုန်းကြီးကြွလာပြီး ပရိတ်နာသည့်အခါ မင်္ဂလာစားပွဲမှာ ဘုန်းကြီးများရှိတွင် တည်ဟိနီရမည်။ ယင်းမင်္ဂလာစားပွဲရှိတွင် သမီးသျှင်က အမျိုးသမီးနှစ်ဦး လက်ဝဲလက်ယာရံ၍ ထိုင်ရသည်။ ထိုအရံအမျိုးသမီးနှစ်ဦးမှာ သမီးသျှင်မွီးရက်နှင့် နိနံသင့်သူများဖြစ်သည်။ ရှိဦးစွာသီလခံယူပြီးလျှင် ပရိတ်ကြိုးဖြင့် စည်းဝိုင်းချသည်။

သမီးစောင့်ခြင်း

သမက်တက်သည့်နိ မိုးထက်ကိုးချက်တီးခန့်တွင် သမီးသျှင်နှင့်ရင်းနှီးသော မိတ်ဆွီကုလိမ္မေချေများ၊ ဆွီမျိုးများကို ထမင်းကျွေးရသည်။ သမီးသျှင်မှာ အလှပဆုံးဝတ်စားဆင်ယင်ကာ နိသင့်နံသင့်အပျိုရံနှစ်ယောက် လက်ဝဲလက်ယာရံလျှက် မင်္ဂလာဆောင်မည့်နီရာတွင်ထိုင်၍ ဧည့်ခံရသည်။

သမက်တက်ခြင်း

သမက်သျှင်ဘက်မှ သမီးသျှင်ဘက်သို့လားသောအခါ သမက်သျှင်အဖ၊ အဘိုး၊ ဆွီမျိုး သက်ကြိးဝါကြီးများက ရှိမှဦးဆောင်လာလတ်ပြီး အမိ၊ အဘောင်စသောသက်ကြီးဝါကြီးမိမ္မများက နောက်မှလိုက်ရသည်။ ထို့နောက် အုပ်ထမ်းသူအညွန့်မိမ္မများက တယောက်ချင်းတန်းစီ၍ လျှောက်ရသည်။ အုပ်ထမ်းသူများမှာ မိမ္မချောမိန်းမလှများဖြစ်သည်။ ရှိဆုံးမှအညွန့်ပန်းအုပ်ကို သမက်သျှင်၏အစ်မ (သို့မဟုတ်) ဆွီမျိုးရင်းချာထဲက ထမ်းရသည်။ နောက်အုပ်များတွင် မုန့်အမျိုးမျိုး၊ နှပျိုးသီးများထည့်ကာ ထမ်းလာရသည်။ အုပ်ထမ်းသူများအတွက်လက်ဆောင်အဖြစ် ပုဝါပိုင်းများကို အုပ်များတွင်ချိုင်နှောင်ထားဟိသည်။ အုပ်များကို သမက်သျှင်တတ်နိုင်သည့်အလျှောက် (၇) အုပ် (၉) အုပ်ထားဟိသည်။

အုပ်ထမ်းသူများ၏နောက်နားတွင် သမက်သျှင်အဖွဲ့ပါသည်။ သမက်သျှင်၏ဦးသျှောင်နှင့် ရီစင်အိုးကို ရှိကသယ်ယူလာရပြီး သမက်သျှင်မှာ ခေါင်းပေါင်း၊ ပန်းဖော်တောင်ရှည်ပုဆိုး၊ လိုင်ထောင်အင်္ကျီ၊ ရင်ဖုံးပြင်ခံအင်းကျီများကိုဝတ်ဆင်ကာ ဓားရှည်လွယ်သူ၊ ယပ်ရှည်ကိုင်သူများခြံရံလျှက် လိုက်ပါလာရသည်။ ၄င်းရို့၏နောက်တွင် သမက်သျှင်၏အပေါင်းအဖော်များမှာ တေတ္တာနှင့်အိပ်ရာလိပ်များကို သယ်ဆောင်လာလတ်ပြီး ဗုံ၊ လင်ခွင်း၊ ပုလီတီးမှုတ်သူများနှင့် တပျော်တပါးတီးမှုတ်လိုက်ပါလာရသည်။

သမီးသျှင်အိမ်ရောက်သည့်အခါ သမီးသျှင်မိဘဆွီမျိုးများကဆီးကြို၍ဧည့်ခံပြီး နီရာထိုင်ခင်းများပီးသည်။ ရှိဦးစွာအညွန့်အုပ်ထမ်းသူက အညွန့်အုပ်နှင့်အတူပန်းဆင်ပီးရန် သမီးသျှင်အနားနီရာယူရသည်။ ကျန်အုပ်များကို သမီးသျှင်အိမ်မှလက်ခံယူ၍ နီရာချထားသည်။ သမက်သျှင်ဘက်မှသယ်ဆောင်လာသော မင်္ဂလာရီစင်အိုးကိုလည်း မင်္ဂလာစားပွဲပေါ်တွင် သမီးသျှင်၏ရီစင်အိုးနှင့်အတူ ထားရသည်။ အညွန့်အုပ်ထမ်းလာသူ သမက်သျှင်၏အစ်မဆွီမျိုးများက သမီးသျှင်ကို ပန်းဆင်ပီးရသည်။ အညွန့်အုပ်တွင် ရာသီအလိုက်ပန်းများပါလာရသည်။

ဥပမာ-
နှင်းပန်း အီးချမ်းစီရန်
နှင်းဇီပန်း မွှီးကြိုင်လန်းဆန်းစီရန်
သဇင်ပန်း သန့်ယှင်းစင်ကြည်စီရန်
အချစ်တရာ (အချပ်တရာ) ပန်း အချစ်အနှစ်တရာတိုင်စီရန်
စံကားပန်း စံစားရစီရန်

ပန်းများပန်းကုံးများကို တစုံစီအညွန့်အုပ်တွင်ထည့်ယူလာရသည်။ ပန်းဆင်ပီးသူက ပန်းများကို တစုံစီ ငါးစုံဆင်မြန်းပီးရသည်။ ဆံထုံးထဲတွင်လည်း ပန်းကုံးများထိုး၍ ပန်းပန်ပီးရသည်။ ထို့နောက် သမီးသျှင်ကိုသျှောင်ဆောင်းပီးပြီး မျက်နှာကိုဖုံးအုပ်ထားရသည်။ သမီးသျှင်ကိုပန်းပန်ဆင်ပြီးနောက် သမက်သျှင်ကို အိမ်ထဲသို့ဝင်စီသည်။ အ၀င်တွင် သမီးသျှင်၏ညီမအပျိုများက ခြီဆီး၍ငွေတောင်းခံသည်။ လူပျိုရံများက ဈီးဆစ်ခြင်းဖြင့် အချေအတင်ပြောဆိုရသည်။ လူပျိုရံ၊အပျိုရံများ တစိတစောင်းပြောဆိုရသဖြင့် ပျော်စရာကောင်းသည်။ အိမ်ပေါ်သို့ရောက်သောအခါ သမက်သျှင်ကို ရီတခွက်တိုက်ရသည်။ ထို့နောက် သမက်သျှင်ကို သမီးသျှင်၏ညာဘက်တွင် နီရာယူစီပြီး သျှောင်ဆောင်းပီးရသည်။ ထိမ်းမြားပီးသူများက မင်္ဂလာစားပွဲပေါ်ဟိ မင်္ဂလာထမင်းပွဲကိုလည်းကောင်း၊ ရီစင်အိုးများကိုလည်းကောင်း (၇) ပတ်၊ (၉) ပတ်ပတ်ထားသော ပရိတ်ခြည်မျှင်ကွင်းများဖြင့် တမျိုးတစုံကျစီ ရစ်ပတ်ပီးရသည်။ ထို့နောက် မောင်နှံအစုံအပါအ၀င် မင်္ဂလာစားပွဲ၊ အိပ်ရာလိပ်၊ တေတ္တာများအားလုံးကို ပရိတ်ခြည်မျှင်များဖြင့်ရစ်ပတ်ပီးရသည်။ ထို့နောက် သမက်သျှင်၏ညာလက်နှင့် သမီးသျှင်၏ညာလက်ကိုပေါင်း၍ ခြည်မျှင်များဖြင့် ရစ်ပတ်ပီးရသည်။

လက်ထပ်ပီးသည့်အမျိုးသမီးကြီးများက မောင်နှံစုံကို အောင်သပြီခက်ဖြင့် ရီစင်အိုးနှစ်စုံပေါင်းစပ်ထားသော ရီစင်များဖြန်းကာ ဆုတောင်းမိတ္တာပို့ရသည်။ ဆက်လက်၍ သမတ်သျှင်နှင့်သမီးသျှင်လက်များကိုပေါင်းပြီး ရီစင်သွန်းလောင်းရသည်။ သမီးသျှင်လက်ကိုအောက်တွင်ထားပြီး သမက်သျှင်လက်ကိုအပေါ်မှာ ထားရသည်။ အချို့မှာ သမက်သျှင်လက်ကိုအောက်ကလှန်ပြီး သမီးသျှင်လက်ကို အထက်ကမှောက်သည်။ အဓိပ္ပါယ်မှာ သမက်သျှင်က သမီးသျှင်ကို ညာလက်ဖြင့်တောင်းဆိုခြင်းကို သမီးသျှင်က ညာလက်ဖြင့်လက်ခံခြင်းသဘော၊ သမက်သျှင်က သမီးသျှင်ကို တသက်လုံးစောင့်ယှောက် ထောက်ပံတာဝန်ယူလားမည်ဟူသော သဘောကိုဆောင်သည်။


မိဘကန်တော့ခြင်း


သမီးသျှင်ရှိတွင် သမက်သျှင်ဖခင်၊ သမက်သျှင်ရှိတွင် သမီးသျှင်ဖခင်ရို့က နီရာယူရသည်။ သမီးသျှင်သမက်သျှင်ရို့က ဖခင်နှစ်ဦးရုံလာသောတဘက်ဖြူထဲသို့ ထမင်းခုနှစ်ဆုပ်တပြိုင်တည်းထည့်ပီးခြင်း၊ မိခင်များအားလည်း ထမင်းခုနှစ်ဆုပ် တပြိုင်တည်းထည့်ပီးခြင်းသည် မိဘနှစ်ပါးကိုကန်တော့ခြင်းသဘောဖြစ်သည်။

လက်ဆုံစားခြင်း

မိဘများကိုကန်တော့ပြီးနောက် မောင်နှံစုံက မင်္ဂလာထမင်းကို ခုနှစ်ဆုပ်စီလက်ဆုံစားရသည်။ စားသောက်ပြီး ငွေဖလားတွင်အတူလက်ဆီးရသည်။

လက်ဖွဲ့ခြင်း


ထမင်းလက်ဆုံစားပြီးနောက် မိဘဆွီမျိုးမိတ်ဆွီများက သမီးသျှင်သမက်သျှင်ရှိ ငွေဖလားနှစ်ခုထဲသို့ လက်ဖွဲ့ငွေများထည့်ရသည်။ လက်ဖွဲ့လက်ခံပြီးသောဖလားကို သမက်သျှင်က သမီးသျှင်ကိုအပ်ရသည်။ သမီးသျှင်ကကန်တော့၍ လက်ခံယူရသည်။

သျှောင်ချသျှောင်တင်


သမက်သျှင်က မိမိသျှောင်ကိုချွတ်၍ စားပွဲပေါ်တင်ထားပြီးလျှင် သမီးသျှင်၏သျှောင်ကိုချွတ်ယူကာ မိမိ၏သျှောင်ကိုဆောင်းပီးရသည်။ သျှောင်တင်သျှောင်ချပြုလုပ်စဉ် သမီးသျှင်က သမက်သျှင်ကို ရှိခိုးရသည်။ သျှောင်တင်သျှောင်ခအဖြစ် သမက်သျှင်က သမီးသျှင်ကို ငွေလက်ဖွဲ့သဖြင့် သမီးသျှင်ကကန်တော့ပြီး လက်ခံရယူရသည်။ မင်္ဂလာအခမ်းအနားပွဲအပြီးတွင် ထွက်ခွာခွင့်ရရန် သမက်သျှင်က သမီးသျှင်ဘက်မှအပျိုရံလူပျိုရံများက ရွှေကြိုးတားထား၍ ကြိုးတားခပီးရသည်။ နောက်ဆုံးခန်းဝင်ခ ပီးဆောင်ရသည်။

အိမ်ပြန်လည်ခြင်း

သမက်တက်ပြီး (၇) ရက်နိတွင် သမီးသျှင်သမက်သျှင်များသည် သမက်သျှင်၏မိဘအိမ်သို့ မိုးထက်မှစ၍လည်ရသည်။ သမက်သျှင်၏မိဘ၊ အဘိုးအဘောင်များကို သမီးသျှင်၊ သမက်သျှင်ရို့က ကန်တော့ရသည်။ ညဇာစားပြီးမှပြန်ရသည်။ သို့ဖြင့် ကြင်စဦးဇနီးမောင်နှံနှစ်ဦးသည် အိုးအိမ်တည်ထောင်ကာ တလင်တမယားစနစ်ဖြင့် တသက်လုံးပေါင်းဖော်ရတော့သည်။

ရခိုင်လူမျိုးများသည် မင်္ဂလာပွဲကို ၀ါတွင်းနှင့်ပြာသိုလများတွင် ယှောင်ကြည်လေ့ဟိပြီး တပေါင်းတန်ခူးလများတွင် အများဆုံးကျင်းပပြုလုပ်သည်။ ပြာသိုလတွင် မင်္ဂလာဆောင်က အိမ်ထောင်စီးပွားရေးမဖြစ်ဘဲ မွဲပြာကျတတ်သည်ဟု အယူဟိသည်။ ရခိုင်ဓလေ့ထုံးတမ်းစဉ်လာအရ မင်္ဂလာပွဲနှင့်ပတ်သက်၍ လိုက်နာရမည့်စည်းကမ်းချက်များစွာဟိသည်။ ထိုချမှတ်ထားသောစည်းကမ်းချက်များကိုလိုက်နာပြီး လက်ထပ်မင်္ဂလာပွဲသည် ပကာသနမဖက် အရိုးခံသက်သက်ဖြင့် ရိုးရာမပျက်ချစ်မြတ်နိုးစရာဖြစ်သည်။ ရခိုင်လူမျိုးရို့၏ချစ်စရာကောင်းသောဓလေ့၊ တမူထူးခြားသော မင်္ဂလာအယူအဆများဖြစ်သည်။ --Mayor mt 06:09, 1 ဇွန် 2009 (UTC)
ကိုးကား

* သားချင်းများအကြောင်းတစေ့တစောင်း (မောင်အောင်မွန်)
* ပြည်ထောင်စုသားများ၏ရိုးရာလက်ထပ်မင်္ဂလာပွဲဓလေ့များ(တက္ကသိုလ်သျှင်သီရိ)
* မြတ်ပန်းသဇင် ရခိုင်အမျိုးသမီးအသင်း (ရန်ကုန်)၂၀၀၇ ထုတ်

`ဤနေရာမှ

ဆက်ဖတ်ရန်
ပို့စ်တင်သူ ။.............။ ( MMSA ) on Saturday, 25 December 2010
0 ( မှတ်ချက်ရေးချင်ရင် )
ခေါင်းစဉ်အလိုက်ပို့စ်များ |

အနန္တအတုမရှိ ဗုဒ္ဓမြတ်စွာဘုရား

အလှူရှင်များအား MMSA အဖွဲ့မှ မှတ်တမ်းတင်ဂုဏ်ပြုလွှာပေးအပ်

အလှူရှင်များအား MMSA အဖွဲ့မှ မှတ်တမ်းတင်ဂုဏ်ပြုလွှာပေးအပ်

Mahidol University

International Buddhist Collage

မြန်မာ E Books

ထိုင်းနိုင်ငံ ရောက် ရွှေ့ပြောင်း မြန်မာအလုပ်သားမားများအတွက် ပညာရေး အခွင့်အလမ်းများ

MMSA ပရိတ်သတ်များ

ယခင်ပို့စ်အဟောင်းများ

အားပေးနေသော အပေါင်းသင်းများ

International News

တိုင်းရင်းသားသတင်းဌာနများစုစည်းမှု

သတင်းဌာနများစုစည်းမှု

ဘလော့ဂ်များစုစည်းမှု