ရနံတိုင်းဟာ လေအဝှေ့မှာ
လွင့်ပျယ်ရရှာ အလကားပါ …
ဖယောင်းသားဟာ မီးတစ်ပွင့်မှာ
လွင့်ပျယ်ရရှာ အလကားပါ …
ကမ်းစပ်ကခြေရာ ရေလှုင်းတစ်ခတ်မှာ
လွင့်ပျယ်ရရှာ အလကားပါ …
ပညာ ဥစ္စာ အာဏာ ဆွေမျိုး
ရုပ်ရည် ဂုဏ်ရည် ပိုင်ဆိုသမျှ
အရာအားလုံးဟာ သေမင်းနဲ့အတွေ့မှာ
လွင့်ပျယ်ရရှာ အလကားပါ …
လေအဝှေ့မခံရတဲ့ ရနံ
မီးတစ်ပွင့်မထိတဲ့ ဖယောင်းသား
ရေလှိုင်းအခတ်မခံရတဲ့ ကမ်းစပ်ကခြေရာ
ရှိနိုင်ပေမယ့်လည်း
သေမင်းနဲ့မတွေ့တဲ့ သက်ရှိဆိုတာ
လုံး … … ၀ မရှိပါ …
သေမင်းကြောက်တာ
တစ်ခုတည်းပါ
အားကိုးစရာ
ဝိပဿနာ …
ပုံလေးကို မြကျွန်းသာဘလော့ မှ ရှာ၍ယူသုံးထားပါသည်။