MMSA ဘလော့စည်းမျဉ်းများ

* ဘာသာ သာသနာနှင့်လူမျိုးတို့၏ ဂုဏ်ကို ထိခိုက်ပျက်စီးစေတတ်သော အရေးအသားမျိုးကို ရှောင်ရှားရန်၊
* အချင်းချင်း ညီညွတ်မှု့ကို ပျက်စီးစေတတ်သော အကြောင်းများကို ရေးသားခြင်းမှ ရှောင်ရှားရန်၊
* သာသနာနှင့် မအပ်စပ်သော အဖွဲ့ဂုဏ်သိက္ခာကို ငြိုးနွမ်းစေတတ်သော ပုံများကိုတင်ခြင်းမှ ရှောင်ရှားရန်၊
* ပုဂ္ဂိုလ်ရေးဆိုင်ရာများထက် အများနှင့်သက်ဆိုင်သော အကျိုးများစေနိုင်သော ပုံများ စာများကိုသာ ရေးသားရန်၊
* MMSAသည် ပညာရေးအဖွဲ့စည်း ဖြစ်သည့် အတွက်နိုင်ငံရေးနှင့်သက်ဆိုင်သော အရေးအသားများကို ရေးခြင်းမှ ရှောင်ရှားရန်၊
* ဗုဒ္ဓဘာသာနှင့် မိမိတို့လေ့လာနေသော ပညာရပ်ဆိုင်ရာ အကြောင်းအရာများကို ဗဟုသုတအလို့ငှါ ရေးသား မျှဝေကြရန်၊

ယာဝဒေ၀ အနတ္တာယ၊ ဥတ္တံ ဗာလဿ ဇာယတိ။
ဟန္တိ ဗာလဿ သုကံ္ကတံ၊ မုဒ္ဓမဿ ၀ိပါတယံ။
      သူမိုက်၏ အတတ်ပညာသည် သူမိုက်အား အကျိုးမဲ့ရန်အတွက်သာ ဖြစ်၏။ ကုသိုလ်အဖို့ အစုကို ဖျက်ဆီး၏။ ပညာဦးထိပ် ကို ပြတ်ကျစေတတ်၏။ (ဗာလ၀ဂ်- ဓမ္မပဒ)
      တစ်ခါတစ်ရံမှာ အခြားသူတစ်ဦးကို အပြစ်ပြောလိုက်ချင်ပေမယ့် အပြစ်တင်ထိုက်တဲ့သူဟာ ဘယ်သူလဲ ဆိုတာကို စဉ်းစား မရခဲ့တာနဲ့ပဲ ကြုံခဲ့ရတယ်။ ကျွန်တော်ကိုယ်တိုင်လည်း အပြစ်ကင်းပါတယ်လို့ ဆိုလို့မရနိုင်အောင် ကျွန်တော် အတွင်းစိတ်က သိနေတာကြောင့်ပဲထင်ပါတယ်။

ဆက်ဖတ်ရန်
ပို့စ်တင်သူ ။.............။ thadawa on Thursday 26 April 2012
0 ( မှတ်ချက်ရေးချင်ရင် )
ခေါင်းစဉ်အလိုက်ပို့စ်များ |

တစ်ခါတုန်းက အလွန်လှတဲ့ ဗာရာဏသီမင်းတစ်ပါး ရှိပါတယ်။ သူ့ကိုမြင်လိုက်ရ တဲ့သူတွေဟာ ထပ်ခါထပ်ခါ ပြန်ကြည့်ချင်စိတ် ဖြစ်ကြရပါတယ်တဲ့။ တစ်နေ့တော့ ဗာရာဏသီမင်းဟာ မြို့ထဲကို လှည့်လည် ပါတယ်။ တစ်နေရာ အရောက်မှာတော့ သူဋ္ဌေး တစ်ယောက်ရဲ့ မယားက လေသာ ပြတင်းပေါက်ကနေ မင်းကို ရပ်ကြည့် နေပါတယ်။ မင်းလည်း ရပ်ကြည်နေတဲ့ အမျိုးသမီးကို မြင်ပြီးတပ်မက်တဲ့ ရာဂစိတ် တွေဖြစ်သွား ပါတယ်။ ဒီတော့ အမတ်တစ်ယောက်ကို ခေါ်ပြီး “အဲဒီမိန်းမမှာ ယောက်ျား ရှိမရှိ” စုံစမ်း ခိုင်းပါတယ်။

ဆက်ဖတ်ရန်
ပို့စ်တင်သူ ။.............။ thadawa on
0 ( မှတ်ချက်ရေးချင်ရင် )
ခေါင်းစဉ်အလိုက်ပို့စ်များ |

1. The Meaning of “Thungran”
• Thungran = Transition (derives from Pali as well as Sanskrit)
• Thungran days are celebrated at the transitional time from old year to New Year on the month of Tankhu (April), the first month of Rakhine or Myanmar Calendar year.
• The Rakhine calls that month as “Tar ku la” that means the transitional month.

2. Brief History of “Thungran”
• In BC 528, during the reign of King Canda Suriya of Dannyavadi, the Lord Buddha together with 500 disciples visited Selagiri Kyauktaw Hill according to the telepathic request and invitation by the King who was much closed friend of the Buddha in the past lives. In the moment, a replica of the Lord Buddha namely “Mahamuni” was casted to be worshiped by the King and Rakhine people. Then the sacred Buddha Image was poured and offered with the sweet smelling creamy water (Nan tha re = Sandalwood).
• Since then, the tradition is appeared for Rakhine people cleansing and offering of the Nan tha re to Buddha Statues.
• With the remaining Nan tha re, Rakhine people pour on each other and the tradition of “Thungran Water Festival” emanated from that time till the date.

3. Celebrating Rakhine Thungran Traditionally
• Rakhine Thungran is usually celebrated in three categories, namely (1) Nantha Grinding Ceremony, (2) Nantha Pouring to the Buddha Statues, and (3) Water Festival.
• As of Buddhism-related festival, Rakhine people cleans the monasteries and its ordination building (Thein = Sima) with water in every wards and village on the eve of Thungran.
• At that evening, Rakhine girls assemble at the pagoda platform or a hall bringing sandalwoods of white and red (Nantha Phyu and Nantha Ni). They grind the Nantha pieces or blocks on the face of Kyauk-pyin (round flat rock) to obtain the creamy sweet smelling Nantha. At the same time, the young Rakhine men cheer and sing songs with the musical instruments to make the Nantha Grinding event into a competition. The Nantha creams are well preserved in pots or containers.
• The next morning (Thungran Ah Kya Day), the people go to the pagodas and monasteries and do the cleaning and offering of the Nantha to Buddha statues. Then the Five Concepts of Sila are received from monks to whom offering are delivered. Thereafter, young girls pour Nantha creams to those statues. Indeed, that is the gesture of welcoming to Thungran.
• The opportunity of watering each other in the pandals during the days from Akya to Attat is the affectionate and efficacious tryst for boys and girls.
• Each pandal built of wood and bamboo, decorated with palm leafs and padauk flowers, is placed with a long boat filled with water therein. Wooden barricades with decorations are built firmly in front of it. Pandals are used to be named in lively titles and well decorated name board is set up at the forefront thereof. Generally, water throwing period prolongs from 10 am to 4 pm daily.

4. Splashing Water in the Pandals
• The pandal girls have to sit facing the boat with the backs to the open side of pandal.
• Boys either in group or individually roaming around and reveling songs and rhymes, come into the pandal to play watering with pandal girls. On request to the pandal supervisor ladies, they will choose the girl with whom they would like to play watering with. They chosen girl then offers a bucket of water to the boy and he will start to play water, then the girl response watering with her own bowl. Others while waiting their turn outside the pandal will play music, songs or rhymes. Necessary measures are pre-arranged to avoid discontent with regard to priority to enter the pandal.
• Such traditional water throwing of Rakhine national is unique among other nationals of Myanmar. (Collected and typed by Ashon Nyanuttara)

ဆက်ဖတ်ရန်
ပို့စ်တင်သူ ။.............။ မောင်သိရီ on Saturday 21 April 2012
0 ( မှတ်ချက်ရေးချင်ရင် )
ခေါင်းစဉ်အလိုက်ပို့စ်များ |

ကျင်သန်များ အပါအ၀င် ကျင်ဝါသနာ ပါသူ ၂၀၀ ကျော် ပါဝင် ယှဉ်ပြိုင် ကစားခဲ့သော သင်္ကြန်ကာလ ထိုင်းနိုင်ငံမှ ရခိုင်ရိုးရာ ကျင်ပွဲမှာ အထူး စည်ကားခဲ့ကြောင်း သတင်း ရရှိသည်။

Rakhine-Kyin
၎င်းကျင်ပွဲကို သင်္ကြန်အကျနေ့ ဖြစ်သော ဧပြီလ ၁၄ ရက်နေ့က ထိုင်းနိုင် ဖူးကတ်မြို့ ပါသောင် ကမ်းခြေ မနှင်းဆီ ပန်းရံ အလုပ်ဆိုက်တွင် လေးဝတီ မျိုးချစ် ရခိုင်လူမှုရေး အသင်းမှ ကြီးမှူး ကျင်းပခဲ့သည်။

" အခုနှစ် သင်္ကြန်မှာ ကျင်းပခဲ့တဲ့ ရခိုင်ရိုးရာ ကျင်ပွဲက (၈) ကြိမ်မြောက် ဖြစ်ပါတယ်။ ကျင်အားကစားကို စိတ်ဝင်စားသူတွေရော၊ တကယ့်ကျင်အားကစားသမားတွေရော စုစုပေါင်း ၂၀၀ ကျော်ခန့် ပြိုင်ပွဲမှာ ၀င်ရောက် ယှဉ်ပြိုင်ခဲ့တဲ့ အတွက် ကျွန်တော်တို့ ပြုလုပ်ခဲ့တဲ့ ကျင်ပွဲကတော့ အထူး စည်ကားခဲ့ပါတယ်။ ပရိသတ်လည်း ၂၀၀၀ နီးပါး တက်ရောက်ပြီး ကျင်ပွဲကို အားပေးခဲ့ကြပါတယ်" ဟု လေးဝတီ မျိုးချစ် ရခိုင်လူမှူရေး အသင်း ဥက္ကဋ္ဌ ကိုစိုးမြင့် မှ ပြောသည်။

ရခိုင်ရိုးရာ ကျင်ပွဲကို ရခိုင်အမျိုးသားများသာများသာမက တခြား မြန်မာတိုင်းရင်းသားများ ဖြစ်ကြသည့် ဗမာ၊ မွန်၊ ထားဝယ် တိုင်းရင်းသားများလည်း လာရောက်ကြည့်ရှု့ခဲ့ကြသည်။

" ကျွန်တော်တို့ ရခိုင်တွေသာမက တခြားတိုင်းရင်းသားတွေလည်း လာရောက်ပြီး စိတ်ဝင်တစား ကျင်ပွဲကို ကြည့်ရှု့ခဲ့ကြပါတယ်။ သင်္ကြန် အလုပ်ပိတ်ရက်ဆိုတော့ အလုပ်သမားတွေက တော်တော်များများ လာကြပါတယ်။ ကိုယ်ရိုးရာ အားကစား ပွဲတော် တစ်ခုကို သူများ နိုင်ငံမှာ ဒီလို ကြီးကြီးမားမား လုပ်နိုင်တဲ့အတွက် အထူး ၀မ်းမြောက် ဂုဏ်ယူပါတယ်" ဟု ကျင်ပွဲကို သွားရောက်ခဲ့သူ ရမ်းဗြဲ လေးတောင်မှ ကိုသန်းရွှေက ပြောသည်။

ကျင်ပွဲတွင် ရွှေမောင်းတန်း ပထမဆုကို မောင်မောင်ထွန်း (ရမ်းဗြဲ) မှ၎င်း၊ ဒုတိယ ဆုကို ဦးကျော်မြင့် (ရသေ့တောင်)မှ၎င်း ရရှိသွားခဲ့သည်။ ပထမဆုကို ဘတ်ငွေ (၈၀၀၀၀) သောင်းကျော် ချီးမြှင့်ခဲ့သည်ဟု သိရသည်။

ကျင်ပွဲ ကျင်းပရခြင်း ရည်ရွယ်ချက်ကိုလည်း ကိုစိုးမြှင့်က ယခုလို ပြောသည်။

" ထိုင်းနိုင်ငံမှာ ရခိုင်ရိုးရာ ကျင်ပွဲကို အဓိက ကျင်းပ ကြတာ နေရာ ၆ ခုလောက်မှာ ကျင်းပ ကြပါတယ်။ ကျွန်တော်တို့ ဖူးကတ်မြို့ ပါသောင်ကမ်းခြေမှာ ကျင်းပရတာကတော့ ကိုယ့်ရိုးရာ အားကစားကို မြေတောင်မြောက်ပေးချင်တဲ့ ရည်ရွယ်ချက် ပါတဲ့ အပြင် ဒီရိုးရာ အားကစားကို နိုင်ငံတကာနဲ့ မိတ်ဆက်ပေးလိုတဲ့ ရည်ရွယ်ချက်လည်း ပါဝင်ပါတယ်။ အခုဆိုရင် ကျွန်တော်တို့ သိရသလောက် ရခိုင်ရိုးရာ အားကစား ကျင်ကို အရှေ့တောင်း အာရှ (ဆီးဂိမ်း) မှာတောင် ထည့်သွင်းဖို့ အဆိုပြုထားတဲ့ အတွက် ဒီအားကစားကို ပိုမိုပြီး လူသိလာအောင် လုပ်တဲ့ သဘောလည်း ဖြစ်ပါတယ်" ဟု သူက ပြောသည်။

ကျင်အားကစားကို လိုက်စားခြင်းဖြင့် ကိုယ်ခန္ဓာ ကျန်းမာ သန်စွမ်းခြင်း၊ ဆေးလိပ် အရက် သေစာ သောက်စား မူးယစ်ခြင်းမှ ကင်းဝေးပြီး နုပျို လန်းဆန်းခြင်း၊ စိတ်ပိုင်းဆိုင်ရာ အရလည်း တည်ငြိမ်မူနှင့် တိုးတက်မူ ရရှိခြင်းတို့ အပြင် ကျင်ပွဲကို ကျင်းပခြင်း ဖြင့် မိမိ တို့ ၏ ဓလေ့ ရိုးရာ များကို ထိန်းသိမ်းရာရောက်ခြင်း၊ ရခိုင်တမျိုးသားလုံး စည်းလုံးပြီး အချင်းချင်း ကူညီရိုင်းပင်းလိုစိတ်ဖြစ်ပေါ်လာစေခြင်း စသည့် အကျိုးကျေးဇူးများကိုလည်း ရရှိကြောင်း ကိုစောမြှင့်က နိရဉ္စရာသို့ ပြောသည်။

ကျင် ဆိုသည်မှာ ကျားနှင့် ယင် တစ်ကောင်နှင့် တစ်ကောင် အဖမ်း၊ အရုန်း၊ အပြေး၊ အချ စသည့်ကို အတုယူပြီး ပြုလုပ်ထားသော အားကစားနည်း ဖြစ်ပြီး ကျင်ဆိုသည်မှာ ကျားယင် ဆိုသာ စကားလုံးမှ ဆင်းသက်လာခြင်း ဖြစ်ကာ ရှေးခေတ် ရခိုင် ဘုရင် လက်ထက်မှ စပြီး ကစားလာသော ရိုးရာ အားကစား တစ်ခု ဖြစ်ကြောင်း သိရသည်။

ယခု ပြုလုပ်သော ရခိုင်ရိုးရာ ကျင်ပွဲတွင် ရခိုင်စည်တော်များ တီးခတ်ပြီး အားပေးခဲ့ကြသလို ရခိုင် သံဃာ့တော်များ၊ အမျိုးသမီးများလည်း တက်ရောက်ခဲ့ကြသည်။ တက်ရောက်လာသူများကို ရခိုင် ထမင်း ဖြင့် ဧည့်ခံပြီး ကျင်ပွဲ ကို ညနေ ၆ နာရီ ခွဲ ခန့် တွင် အောင်မြင်စွာ အဆုံးသတ်ခဲ့ကြောင်း သိရသည်။
နိရဉ္စရာ

ဆက်ဖတ်ရန်
ပို့စ်တင်သူ ။.............။ မောင်သိရီ on
0 ( မှတ်ချက်ရေးချင်ရင် )
ခေါင်းစဉ်အလိုက်ပို့စ်များ |


အီရန်နိုင်ငံခြားရေးဝန်ကြီး Ali Akbar Salehi က ယခု တစ်ကြိမ်ကျင်းပတဲ့ အင်အားကြီး နိုင်ငံ ၆နိုင်ငံနဲ့ အီရန်နိုင်ငံအကြား တွေ့ဆုံဆွေးနွေးမှုဟာ
ယုံကြည်မှုကို တည်ထောင်နိုင်မယ့် အခွင့်အရေးဖြစ်ကြောင်း ပြောကြားလိုက်ပါတယ်။ အီရန်နိုင်ငံ ခြားရေးဝန်ကြီးက တီဟီရန်မြို့သို့ အလည်အပတ် ရောက်ရှိနေတဲ့ ဂျပန်ဝန်ကြီးချုပ်ဟောင်း Yukio Hatoyama နဲ့ ပြီးခဲ့တဲ့စနေနေ့က တွေ့ဆုံစဉ်မှာ အခုလို ပြောကြားလိုက်တာ ဖြစ်ပါတယ်။
နျူကလီးယား လက်နက် မပြန့်ပွားရေးစာချုပ်မှာ လက်မှတ်ရေး ထိုးထားတဲ့ နိုင်ငံဖြစ်ပြီး နိုင်ငံတကာ အဏုမြူစွမ်းအင် အေဂျင်စီ IAEA အဖွဲ့ဝင်နိုင်ငံဖြစ်တဲ့ အီရန်နိုင်ငံ ဟာ နျူကလီးယား လုပ်ငန်းစဉ်တွေကို အလျှော့ပေးမှာ မဟုတ်ကြောင်း သူကဖြည့်စွက် ပြောကြားခဲ့ပါတယ်။ ဂျပန်ဝန်ကြီးချုပ်ဟောင်း ကလည်း ပြီးခဲ့တဲ့နှစ်က ငလျင်နဲ့ ဆူနာမီဘေးဒဏ် ကြုံတွေ့ခဲ့ရတဲ့ ဂျပန်ပြည်သူတွေကို အီရန်နိုင်ငံမှ ပံ့ပိုးကူညီမှုတွေအတွက် ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့ပါတယ်။
အီရန်နဲ့ အင်အားကြီးနိုင်ငံ ၆နိုင်ငံတို့ဟာ ၂၀၁၀ခုနှစ် ဒီဇင်ဘာလက ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့မှာ တွေ့ဆုံဆွေးနွေးခဲ့သလို ၂၀၁၁ခုနှစ် ဇန်န၀ါရီလမှာလည်း တူရကီနိုင်ငံ အစ်္စတန်ဘူလ်မြို့မှာ ထပ်မံတွေ့ဆုံခဲ့ပါတယ်။ အီရန်နိုင်ငံအနေနဲ့ တွေ့ဆုံ ဆွေးနွေးမှုတွေကို ဆက်လက်ပြုလုပ်သွားဖို့ အသင့်ရှိကြောင်း ဒါပေမယ့် ရပိုင်ခွင့်အခွင့်အရေးတွေကို လက်လွတ်ဆုံးရှုံးခံမှာ မဟုတ်ကြောင်း ပြောကြားခဲ့တယ်လို့ သိရပါတယ်။

ဆက်ဖတ်ရန်
ပို့စ်တင်သူ ။.............။ မောင်သိရီ on Thursday 19 April 2012
0 ( မှတ်ချက်ရေးချင်ရင် )
ခေါင်းစဉ်အလိုက်ပို့စ်များ |

From :သန်းမင်းထွဋ်


ဂင်းနစ်ကမ္ဘာ့စံချိန်မှတ်တမ်းစာအုပ်ကို အင်္ဂလိပ်ဘာသာဖြင့် Guinness Book of World Records ဟု ခေါ်ဆိုပါသည်။ ၎င်းကို ၁၉၅၅-ခုနှစ်မှ စ၍ နှစ်စဉ်ထုတ်ဝေခဲ့ပြီး နိုင်ငံတကာမှ ကမ္ဘာ့စံချိန်များကိုစုဆောင်း တင်ြပထားပါသည်။ ဂင်းနစ်ဟူသောအမည်မှာအိုင်ယာလန်နိုင်ငံရှိ ဂင်းနစ် (Arthur Guinness) ဘီယာကုမ္ပဏီကို ရည်စူးပါသည်။ ၁၇၅၂-ခုနှစ်တွင် အာသာဂင်းနစ် (၁၇၅၂-၁၈၀၃) ဆိုသော ပုဂ္ဂိုလ်တစ်ယောက်သည် ပေါင်ငွေတစ်ရာကို အမွေရ ရှိခဲ့ပါသည်။ ၎င်းပေါင်ငွေတစ်ရာကို အရင်းပြု၍ အာသာဂင်းနစ်သည် ယမကာဆိုင်တစ်ခုကို စတင်တည်ထောင်ခဲ့ပါသည်။ ၁၇၅၉သို့ ရောက်သောအခါ ဒဗွလင်မြို့သို့ ပြောင်းရွှေ့ဖွင့်လှစ်ခဲ့ပါသည်။ သူသေဆုံးပြီးနောက် သားဖြစ်သူ အာသာ(၁၇၆၇-၁၈၅၂)၊ မြေးဖြစ်သူ ဘင်ဂျမင်ဂင်းနစ် (၁၇၉၈-၁၈၆၈) တို့က ဘီယာလုပ်ငန်းကိုဆက်လက်လုပ်ကိုင်ခဲ့ကြပါသည်။ ဘင်ဂျမင်လက်ထက်တွင်ဂင်းနစ် ဘီယာသည် အမေရိကန်၊အင်္ဂလန် နှင့် ဥရောပ တိုင်းပြည်များသို့ပါ တင်ပို့ရောင်းချနိုင်သည် အထိ လုပ်ငန်းအောင်မြင်ခဲ့ပါသည်။ ဂင်းနစ်မိသားစုသည် သူတို့၏ ဂင်းနစ်ဘီယာကို ကိုယ်ပိုင်စက်ရုံတည်ဆောက်ကာ ထုတ်လုပ်ရောင်းချခဲ့ခြင်းဖြစ်ပါသည်။ သူတို့၏ဘီယာ အောင်မြင်ရခြင်းတွင်အချက်(၂)ချက်သည် အရေးပါပါသည်။ ပထမအချက်မှာဂင်းနစ်ဘီယာ သည် အရည်သက်သက်မဟုတ်ဘဲ အနည်းငယ်စေးပျစ်သည်။ ဘီယာတစ်ပိုင့်ကိုငှဲ့မည်ဆိုပါက ၁၁၉ ဒသမ ၅-စက္ကန့်ကြာမည်ဟု ကြေငြာကာ စားသုံးသူကို စွဲဆောင်နိုင်ခဲ့ ပါသည်။ ဒုတိယအချက်မှာ ဂင်းနစ်ဘီယာ ထည့်ခွက်၏ ထူးခြားမှုပင် ဖြစ်ပါသည်။ ဂင်းနစ်ဘီယာ
ကုမ္ပဏီသည် ကိုယ်ပိုင်ခွက်တစ်မျိုးကို တီထွင်ထုတ်လုပ်ခဲ့ပါသည်။ အဆိုပါခွက်အတွင်းသို့ ဘီယာကိုထည့်မည်ဆိုပါက ဘီယာမြှုပ်များသည် အပေါ်သို့မတက်ဘဲ အောက်သို့ သာဆင်းသွားသည်ကို တွေ့မြင်ရမည်ြဖစ်ပါသည်။ ဤနည်းဖြင့် စားသုံးသူကို ကောင်းစွာ စွဲဆောင်နိုင်ခဲ့ကြပါသည်။၁၉၅၅-တွင် ဂင်းနစ်ဘီယာအရောင်းဆိုင်တစ်ဆိုင်၌ ဘီယာသောက်သူများ ငြင်းခုံမှုတစ်ခု ဖြစ်ကြပါသည်။ ၎င်းအငြင်းအခုံမှာမည်သည့် ငှက်သည် အမြန်ဆုံးပျံသန်းနိုင်သနည်းဟူသော မေးခွန်းနှင့်ဆက်စပ်နေပါသည်။ ငြင်းခုံသူများသည် အကိုးအကားစာအုပ်မျိုးစုံကို ရှာဖွေပါသော်လည်း ရှာမတွေ့နိုင်ဖြစ်နေပါသည်။ ဤတွင် ဆိုင်ရှင်ဖြစ်သူ ဂင်းနစ်မျိုးနွယ်တစ်ယောက်သည် ကမ္ဘာ့စံချိန်မှတ်တမ်း စာအုပ်တစ်အုပ် လိုအပ်ကြောင်း သတိပြုမိသွားပါသည်။ ဤသို့ဖြင့်၁၉၅၅-တွင် ပထမဆုံးဂင်းနစ်ကမ္ဘာ့စံချိန် စာအုပ်ထွက်ပေါ်လာပါသည်။ စာအုပ်ကိုတာဝန်ခံ ရေးသားသူမှာ ရော့စ်ဝှစ်တနာ နှင့်
နောရစ် ၀ှစ်တနာ(Ross and Noris Whitner) အမြွှာညီအစ်ကို နှစ်ယောက်ဖြစ်ပါသည်။ ၎င်းတို့သည် သတင်းထောက်များ၊ ဂျာနယ်တိုက်များမှ အချက်အလက်များ ကိုရယူပြီး စာအုပ်ရေးသားထုတ်ဝေခဲ့ပါသည်။ ပြီးနောက် ခရစ်စမတ်ဈေးရောင်းပွဲတော်အမှီ အောက်တိုဘာလတိုင်းတွင်စာအုပ်ကို နှစ်စဉ်ထုတ်ဝေခဲ့ပါသည်။ စာအုပ်တွင် ကြက်ဥအဝေးဆုံးရောက်အောင် ပစ်နိုင်သူ၊ ဆယ်မိနစ်အတွင်း ဟော့ဒေါ့ (Hot Dog) အများဆုံး စားနိုင်သူ၊ အရပ်အရှည်ဆုံးလူသား၊ အကြီးဆုံးကင်ဆာကျိတ်၊ အဆိပ်ပြင်းဆုံး အပင်၊ အတိုဆုံးမြစ်စသည်ဖြင့် ကမ္ဘာ့စံချိန်များကို မှတ်တမ်းတင်ဖော်ပြခဲ့ပါသည်။ ယခုအခါ ထိုစာအုပ်သည် ကမ္ဘာ့အရောင်းရဆုံး စာအုပ်တစ်အုပ်ဖြစ်ပြီး တစ်နှစ်အတွင်း အကြိမ်ပေါင်းများစွာ ပုံနှိပ်ခဲ့ရပါသည်။ လူတို့သည် ထိုစာအုပ်တွင် မှတ်တမ်းတင်ခံရစေရန် အမျိုးမျိုး ကြိုးစားလာကြပါသည်။ တစ်ခါက ဂင်းနစ်စာအုပ်တွင် အလေးဆုံးကြောင် အကြောင်းကို ဖော်ပြခဲ့ပါသည်။ ထိုအခါ ကြောင်ပိုင်ရှင်များသည် သူတို့ကြောင်များ ကို စံချိန်ချိုးနိုင်အောင် အစာများ တနင့်တပိုးကျွေးခဲ့သဖြင့် ကြောင်သေဆုံးမှုများ ပေါ်ပေါက် လာပါသည်။ ထို့ကြောင့် စာအုပ်တွင် ကျန်းမာရေးနှင့် အသက်အန္တရာယ်ထိခိုက်စေသော ကိစ္စများကို ဖော်ပြဖြင်းမပြုရန် ဆုံးဖြတ်ခဲ့ကြပါသည်။ ဂင်းနစ်စာအုပ်သည် တစ်ကမ္ဘာလုံးမှ စံချိန်များကို မှတ်တမ်းတင်ထားခြင်းဖြစ်ရာမြန်မာနိုင်ငံမှ ပုဂ္ဂိုလ်ထူးတစ်ဦးလည်း ပါဝင်ခဲ့ ပါသည်။ အဆိုပါပုဂ္ဂိုလ်ထူးမှာ မင်းကွန်းတိပိဋကဓရ ဆရာတော်ကြီး ဦးဝိစိတ္တသာရာ ဘိဝံသ ပင်ဖြစ်ပါသည်။ ဆရာတော်ကြီးသည် ပိဋကတ်သုံးပုံ၊ စာမျက်နှာပေါင်း (၉၉၃၄) မျက်နှာကို တစ်ချက်မှထောက်မပေးရဘဲ အလွတ်အာဂုံဆောင်နိုင်သောကြောင့် ကမ္ဘာ့မှတ်ဉာဏ် အကောင်းဆုံး ပုဂ္ဂိုလ်အဖြစ် ဂင်းနစ်စာအုပ်တွင် နှစ်ကြိမ်တိုင် ဖော်ပြခံခဲ့ရပါသည်။ ဆရာတော်ကြီး၏ မှတ်ဉာဏ်ကိုချီးကျူးလိုလျှင် တိပိဋကဓရရွေးချယ်ရေး စာမေးပွဲအကြောင်း ကို သိထားသင့်ပါသည်။ ဤစာမေးပွဲသည် ပိဋကတ်သုံးပုံကို နှုတ်ဖြေ၊ ရေးဖြေဖြေဆိုရသော စာမေးပွဲဖြစ်ပြီး ကမ္ဘာပေါ်တွင် အခက်ခဲဆုံးစာမေးပွဲကြီး ဖြစ်ပါသည်။ မည်မျှခက်ခဲပါသနည်း ဆိုလျှင် စတင်စစ်ဆေးသော မြန်မာနှစ် ၁၃၁၀-မှ ၁၃၆၂- အထိ ၅၃-နှစ်အတွင်း အောင်မြင်သူ ၉-ဦးသာရှိခဲ့ပါသည်။ စာမေးပွဲအောင်မှတ်မှာ အမှတ်၁၀၀-တွင်၇၅-မှတ်ရမှသာ အောင်မြင်
ပါ သည်။ ပိဋကတ်သုံးပုံကို အလွတ်ရွတ်ဆိုရာတွင် နံနက် ၈-နာရီမှ၁၀-နာရီအထိ တစ်ကြိမ်၊ နေ့လယ် ၁-နာရီမှ၎-နာရီအထိ တစ်ကြိမ်၊ တစ်နေ့လျှင် ၂-ကြိမ်ခွဲ၍ စာပြန်ရပါသည်။ သတ်မှတ်ထားသော အချိန်အတွင်း သတ်မှတ်ထားသော စာမျက်နှာအရေအတွက် ကိုပြီးအောင်ပြန်ဆိုရပါသည်။ အချိန်ကိုက် စာမပြန်နိုင်လျှင် စာမေးပွဲကျပါသည်။ တစ်နေ့လုံး အတွက်စာ ၅-ခါ ထောက်ပေးခွင်ရှိပါသည်။ ၅-ခါထက်ပို၍ ထောက်ပေးရလျှင် စာမေးပွဲ ကျပါသည်။ စာကို အလွတ်ရွတ်ဆိုရင်း ၀ါကျတစ်ခု ကျော်သွားပါက စာမေးပွဲကျပါသည်။ ထို့ကြောင့် ကမ္ဘာ့အခက်ဆုံး စာမေးပွဲကြီးဟု ဆိုရခြင်းဖြစ်ပါသည်။ ဆရာတော်ကြီးသည် အဆိုပါ စာမေးပွဲကြီးတွင် စာမျက်နှာ၉၉၃၄-မျက်နှာလုံးကို တစ်ချက်မှထောက်မပေးရဘဲ အလွတ်ရွတ်ဆိုနိုင်ခဲ့ပါသည်။ ထိုမျှမကသေး။ စာအုပ်မူကွဲ အမျိုးမျိုး ရှိပါက မည်သည့်စာအုပ်၊ စာမျက်နှာမည်မျှ၊ စာကြောင်းရေမည်မျှတွင် မည်သို့ဆိုသည် မည်သည့်စာအုပ်က အမှန် ဖြစ်သည်ဟူသည်အထိ ထောက်ပြနိုင်လောက်အောင် ပညာဉာဏ်ကြီးမားလွန်းလှပါသည်။ ရေးဖြေ ဖြေဆိုရာ၌လည်း
သီလက္ခန္ခ၀ဂ် - ၉၃-မှတ်
မဟာဝဂ် - ၉၇-မှတ်
ပါတိက၀ဂ် - ၉၇-မှတ်
ပါရာဇိကဏ် - ၈၉-မှတ်
ပါစိတ်ပါဠိတော် - ၉၉-မှတ်
မဟာဝဂ္ဂပါဠိတော် - ၉၂-မှတ်
စူဠ၀ဂ္ဂပါဠိတော် - ၉၈-မှတ်
ပရိဝါပါဠိတော် - ၁၀၀-မှတ်
စသည်ဖြင့် ဘာသာတိုင်းကို ဂုဏ်ထူးမှတ် ၈၅-မှတ် အထက်ဖြင့် ဖြေဆိုအောင်မြင်ခဲ့ပါသည်။ ဆရာတော်ကြီးကို ၁၂၇၃၊ တန်ဆောင်မုန်းလဆန်း ၁၁-ရက်နေ့တွင် မြင်းခြံမြို့နယ်၊ကျည်ပင် ရွာသူကြီး ဦးဆုံ၊ ဒေါ်ဆင်တို့မှ ဖွားမြင်ခဲ့ပါသည်။ ငယ်မည် မောင်ခင်ဖြစ်ပါသည်။ ၇-နှစ်သား အရွယ်တွင် သာမဏေ ၀တ်ခဲ့ပြီး ၁၅-နှစ်သားတွင် ပထမငယ်တန်း၊ ၁၆-နှစ်သားတွင် ပထမလတ်တန်း၊ ၂၀-နှစ်တွင် ပထမကြီးတန်းတို့ကို အောင်မြင်ခဲ့ပါသည်။ ၁၂၉၅-တွင် အစိုးရပထမကြီးတန်းကို ပထမကျော်ဟူသော ဘွဲ့ထူးဖြင့် အမြင့်ဆုံး အောင်မြင်ခဲ့ပါသည်။ ထိုနှစ်တွင်ပင် သကျသီဟစာသင်တန်းကိုလည်းကောင်း၊ ၁၂၉၆-တွင် စာချတန်းကို လည်းကောင်း တစ်ဆက်တည်းအောင်မြင်၍ ၀ဋံသကာ(ဦးဆောက်ပန်းဘွဲ့) ဖြင့်ချီးကျူး ပူဇော်ခြင်းခံခဲ့ရပါသည်။ ပိဋကတ်သုံးပုံကို အထောက်အမကင်းစွာ အာဂုံပြန်ဆို နိုင်သောကြောင့် တရားဘဏ္ဍာစိုးဟုအဓိပ္ပယ်ရသော တိပိဋကဓရဓမ္မဘဏ္ဍာဂါရိကဘွဲ့ကို ဆက်ကပ်ခြင်းခံခဲ့ ရပါသည်။ ဆဋ္ဌသံဂါယနာတင်ပွဲကြီးတွင်လည်း မဟာစည်ဆရာတော်ကြီး မေးသမျှကို တစ်လုံးတစ်ပါဒမျှ ထစ်ငေါ့ခြင်းမရှိဘဲ ဖြေဆိုတော်မူ၍ ဆဋ္ဌသင်္ဂတိသဇကအဖြစ် ဆောင်ရွက် ခဲ့ပါသည်။ ထို့ပြင်စာမျက်နှာပေါင်း ၅၀၀၀ ကျော်ရှိသော မဟာဗုဒ္ဓ၀င်ကျမ်းကြီးများကိုလည်း ပြုစုခဲ့ပါသည်။ ထို့ကြောင့်လည်း အစိုးရအဆက်ဆက်က ဆရာတော်ကြီးကို ဘွဲ့ထူးအမျိုးမျိုးဖြင့် ချီးကျူး ပူဇော်ခဲ့ကြပါသည်။ သာသနာ့အာဇာနည် အဂ္ဂမဟာပဏိတ၊ အဘိဓဇ မဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒမ္မဇောတိက၊ တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက၊ ဆဋ္ဌသင်္ဂါယနာ ၀ိသဇက၊ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင်ချုပ်ဆရာတော်ကြီး
ဦးဝိစိတ္တသာရာဘိဝံသ သည် ၉-၂-၁၉၉၃၊အင်္ဂါနေ့ ညနေ၊ ၄-နာရီ ၄၀-မိနစ်တွင် ဘ၀နတ်ထံ ပျံလွန်တော်မူခဲ့ပါသည်။

ဆက်ဖတ်ရန်
ပို့စ်တင်သူ ။.............။ မောင်သိရီ on
0 ( မှတ်ချက်ရေးချင်ရင် )
ခေါင်းစဉ်အလိုက်ပို့စ်များ |

၁။ မကြားဖူးသေးသော အကြောင်းအရာများကို ကြားရခြင်း။

၂။ ကြားဖူးသော အကြောင်းအရာများကို ထပ်၍ ရှင်းလင်းစွာ နားလည်ရခြင်း။

၃။ ယုံမှား သံသယ ဖြစ်နေသော အချက်များ၌ ယုံမှား ကင်းရခြင်း။

၎။ အယူမှန် သမ္မာဒိဠိ ကို ရခြင်း။

၅။ သဒ္ဒါ ပညာ တိုးပွား၍ စိတ်ကြည်လင်ခြင်း။

ဘုရားရှင်တော် မပွင့်ပေါ်လျှင် သူတော်အများ စိတ်ကောင်းထားလည်း ဤကားကုသိုလ်၊ အကုသိုလ်နှင့် ထိုထိုဘုံဘဝ မသိရများလှ အပြစ်တွေ။
ဘုရားရှင်တော် ပွင့်ထွန်းပေါ်၍ ဟောဖော်ညွှန်ပြ မြတ်ဓမ္မကြောင့် ဤကားကုသိုလ်၊ အကုသိုလ်နှင့် ထိုထိုဘုံဘဝ သိကြရ များလှကျေးဇူးတွေ။
ကျေးဇူးတော်ရင် ဘုရားရှင်ကို ဦးတင်မပြတ်ကျေးဇူးဆပ်ဖို့ အမြိုက်ရတနာ သာသနာ၏ နိုင်ရာဝန်ထမ်း ကိုယ်စီစွမ်းကြိုးပမ်းကြပါလေ။
_/\_ *** _/\_ *** _/\_
အင်္ဂ္ဂုတ္ထိုလာ သာသနာကွယ်ကြောင်း တရားပေါင်းကား ရဟန်းတို့ တရားမနာ ၊ စာပေမသင်၊ နှုတ်တွင်မဆောင်၊ သိအောင်မပြု ၊ ဓမ္မာနုဓမ္မ ပဋိပတ်ကွာ ဤငါးဖြာတည်း။
နောင်လာထို့ပြင် စာသင်ပယ်လျော၊ ကျယ်မဟောကြ၊ ကျယ်မချနှင့်၊ ကျယ်စွမအံ၊ မကြံမစည်၊ ဤငါးမည်တည်း။
အက္ခရာပုဒ်ပျက် လေ့ကျက်သင်ကြ၊ ဆုံးမမယူ ၊ စာချသူရှား၊ လာဘ်များအောင်ကြံ၊ ခိုက်ရန်ကွဲပြား ဤငါးပါးသည် ဘုရားသာသနာ ကွယ်ကြောင်းတည်း

ဆက်ဖတ်ရန်
ပို့စ်တင်သူ ။.............။ မောင်သိရီ on
0 ( မှတ်ချက်ရေးချင်ရင် )
ခေါင်းစဉ်အလိုက်ပို့စ်များ |

“သဗ္ဗေသတ္တာ မရဏဓမ္မာ ၊ မရဏပရိယောသာနာ မရဏံ အနတီတာ” ဆိုတဲ့အတိုင်း ငယ်သူရော၊ ရွယ်သူရော၊ ကြီးသူရော ဘယ်သူမဆိုသေရခြင်း သဘောတရားတွေ ကိုယ်စီကိုယ်ငှ ရှိကြတယ်။ ဘယ်လောက်ချမ်းသာ ချမ်းသာ ၊ ဘယ်လောက်ဆင်းရဲ ဆင်းရဲ သေဆုံးတဲ့အခါ လက်ဖဝါး ခြေဖဝါးသာကျန်ပြီး သုဿန်မှာ သွားဆုံရတယ်။
သေရခြင်းသဘောတရားကို မဖြစ်အောင်၊ မကြုံအောင်၊ မဆုံအောင် ဘယ်သူမှ မလုပ်နိုင်ဘူး။ လူတိုင်းလူတိုင်း သတ္တဝါတိုင်း သတ္တဝါတိုင်း ဖြစ်ကြရ၊ ဆုံကြရ၊ သေကြရတယ်။ အဲဒါလို သေကြတဲ့အခါ အသက်ကြီးမှ အိုမင်းရင့်ရော်မှ သေတာမဟုတ်ဘူး။ အရွယ်ကောင်းတုန်းလည်း သေတာပဲ။ မွေးကင်းစလည်းသေတာပဲ။ အမိဝမ်းတွင်းမှာလည်းသေတာပဲ။ဘာကြောင့် ဒီလို အရွယ်မရွေး သေနေကြတာလဲလို့ ဆန်းစစ်ကြည့်မယ် ဆိုရင်
ဥပမာဖြင့်ပြောရရင် အိုးထိန်းသည် ပြုလုပ်ထားတဲ့ မြေအိုးတွေရှိတယ်။ အဲဒီအိုးတွေမှာ မီးမဖုတ်ရသေးတဲ့ အစိမ်းသက်သက် အိုတွေရှိသလို မီးဖုတ်ပြီးသား ကျက်နေတဲ့ အိုးတွေလည်းရှိပါတယ်။ တစ်ခါ အိုးစိမ်းတွေ မှာလည်း အသေးစားအိုး၊ အလတ်စားအိုး၊ အကြီးစားအိုးရယ်လို့ သုံးမျိုးသုံးစားရှိပြန်တယ်။ အဲဒီသုံးမျိုးထဲမှာ အကြီးဆုံး အိုးစိမ်းတွေသာ အရွယ်ကြီးလို့ ကွဲတာမဟုတ်ဘူး။ အလတ်စားအိုးတွေလည်းကွဲတာပဲ။ အသေးစား အိုးတွေလဲ ကွဲတာပဲ။ ဒါဖြင့် အဲဒီအိုးတွေ ဘာကြောင့်ကွဲရတာလဲ။ ပျက်စီးရတာလဲလို့ အကြောင်းရှာလိုက်တော့ သူတို့ကိုယ်တိုင် ၊ သူတို့သဘာဝကိုက ကွဲတတ်တဲ့သဘော၊ ပျက်စီးတတ်တဲ့သဘော ရှိခြင်းကြောင့်သာ ကွဲရ၊ ပျက်စီးရခြင်း ဖြစ်ပါတယ်။
အိုးစိမ်းတွေသာ ကွဲတာလား။ အိုကျက်တွေကော မကွဲဘူးလားလို့မေးရင် အိုးအကျက်တွေလည်း အချိန်ကျရင် ကွဲတာပဲ။ သဘာဝကို မလွန်ဆန်နိုင်ဘူး။ဒီအတိုင်းပါပဲ။ အိုးစိမ်းနဲ့တူတဲ့ ပုထုဇဉ်သတ္တဝါတွေလည်း အသက် အရွယ် မခွဲခြားဘဲ အကြောင်းကံအားလျော်စွာသေကြရပါတယ်။ ပုထုဇဉ်သာ သေတာလား။ အိုးအကျက်နဲ့ တူတဲ့ ပါရမီရင့်ကျက်တဲ့ အရိယာပုဂ္ဂိုလ်တွေလည်း အိုချိန်ကျရင်အိုပြီး သေချိန်ကျရင် သေကြရ၊ ပရိနိဗ္ဗာန်ပြုကြ ရတာချည်းပါပဲ။ ဘယ်သူမှ သဘာဝကို မလွန်ဆန်နိုင်ပါဘူး။
မလွန်ဆန်နိုင်လို့ အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ သေဆုံးသွားလို့ မိခင်တစ်ယောက် ပူဆွေးသောက ရောက်ရပုံ ဇာတ်လမ်း၊ သတိသံဝေဂရ သောကမီးငြိမ်းစေရန် ရည်ရွယ်၍ အနည်းငယ်ပြောပြရမယ်ဆိုရင်
သာဝတ္ထိပြည့်ရှင် ဘုရင်ကောသလမင်းသည် သာဝတ္ထိမြို့က သူဌေးသမီး ဥဗ္ဗိရီကို ချစ်ခင်စုံမက် မြတ်နိုးတော်မူ သဖြင့် မိဖုရားအရာမြှောက် ကောက်တော်မူပါတယ်။ ကောသမင်းနှင့် ဥဗ္ဗိရီတို့ ပေါင်းသင်းဆက်ဆံမှုကြောင့် သမီးဇီဝါ မသက်ရှည်ကို ဖွားမြင်ခဲ့တယ်။ မသက်ရှည်သည် မိဘနှစ်ပါးတို့၏ ချစ်ခင်ယုယ မြတ်နိုးမှုကို အထူးရရှိပါတယ်။
မသက်ရှည် အသက်တစ်နှစ် ၊ နှစ်နှစ် အရွယ်ရောက်တဲ့အခါ သူငယ်နာရောဂါဖြစ်ပွားပြီး ကျန်းမာရေး ချွတ်ယွင်း လာတယ်။ မိဘနှစ်ပါးကတော့ အသည်းတထိတ်ထိတ် ၊ ရင်တဖိုဖို သမီးလေးရဲ့ ကျန်းမာရေးကောင်းမွန်စေရန် ငွေကုန်ကြေးကျခံကာ ဆေးဆရာ အမျိုးမျိုးဖြင့် ကုသကြသော်လည်း ရောဂါက မသက်သာ၊ နောက်ဆုံးတော့ သမီးလေးမသက်ရှည်သည် သူငယ်နာရောဂါဖြင့်ပဲသေဆုံးခဲ့လေသည်။
ရှုမဝချစ်မငြီး သမီးလေးသေတော့ ဘုရင်ကောသလကတော့ ယောင်္ကျားလေးပီပီ စိတ်ကိုထိန်းနိုင်တယ်။ သောကကိုပယ်ဖျောက်နိုင်တယ်။ မေတ္တာကရုဏာကြီးသူ ဥဗ္ဗိရီမှာတော့ သမီးလေးသောကကြောင့် စားမဝင် အိပ်မဝင်၊ အိပ်မပျော်၊ တကြော်ကြော်ငိုကာ သမီးမြှပ်နှံတဲ့ သုဿာန်မှာပဲ နေ့စဉ်လိုလို အချိန်ကုန်ခဲ့တယ်။
သမီးလေးများ အသက်ပြန်ရှင်လာမလား၊ သမီးငိုသံလေးများ ကြားရလေမလားဆိုတဲ့ အတွေးတွေနဲ့ သောကဖိစီး ပရိဒေဝမီးတွေ အမြဲတောက်လောင်နေတယ်ပေါ့။ ဥဗ္ဗိရီသည် တစ်နေ့မှာတော့ ဘုရားရှင်ကို ရှိခိုး ဖူးမြော်ပြီး တရားတောင် မနာယူနိုင်ဘဲ သမီးလွမ်းစိတ်တွေ တရိပ်ရိပ်ပေါ်လာတာနှင့် တစ်ပြိုင်နက် ဘုရားရှင် ထံပါးမှ ထွက်ခွာကာ အစိရဝတီမြစ်ကမ်းမှာ ငိုကြွေးနေတယ်။
ထိုအခါ ဘုရားရှင်သည် ဒုက္ခရောက်သူကို ကယ်တင်ချင်တာနဲ့ အနီးပါးကြွသွားပြီး ချစ်သမီးဥဗ္ဗိရီ၊ အသင်သည် ဘယ်အတွက်ကြောင့် နေ့စဉ်ရက်ဆက်ဆိုသလို အမြဲငိုကြွေးနေပါသနည်းဟု ဘုရားရှင်က မေးတော်မူတဲ့ အခါ “မှန်လှပါ မြတ်စွာဘုရား၊ ဘုရားတပည့်တော်သည် သမီးလေးမသက်ရှည် အသက်သေခွဲခွာသွားတဲ့အတွက် သောက ဖိစီး အငိုကြီး ငိုနေပါတယ်ဘုရား” ဟု ဥဗ္ဗိရီက လျှောက်ထားပါတယ်။
“ချစ်သမီး ဥဗ္ဗိရီ သင်သတိထားလော့။ သင်သည် သမီးသေလို့ ငိုခဲ့ရတဲ့ ဘဝပေါင်း ထောင်သောင်းမက ရှိခဲ့ချေပြီ၊ အခြားနာမည်၊ အခြားသမီး သေတာကို မဆိုထားနှင့်၊ မသက်ရှည်ဆိုတဲ့ နာမည်တူ တစ်မျိုးတည်းနဲ့ ဤသုဿန်မှာ သေဆုံးသွားကြတဲ့ သမီးပေါင်း ရှစ်သောင်းလေးထောင် ရှိခဲ့ပေပြီ။ ယခုလို သင်ငိုနေခြင်းသည် အဲဒီသမီးပေါင်း ရှစ်သောင်းလေးထောင်ထဲက ဘယ်သမီးကို ပိုချစ်လို့ ငိုနေတာလဲ” ဟု ဘုရားရှင်က အဝိဇ္ဇာ ဖုံအုပ်ထားတဲ့ သံသရာဘဝခရီးစဉ်မှာ ဖြစ်ပျက်ပုံ အတိတ်ဇာတ်ကြောင်းများကို မီးမောင်းထိုးပြတဲ့အခါ
ဥဗ္ဗိရီသည် အငိုရပ်ကာ စဉ်းစားခန်းဖွင့်ခဲ့ပါတယ်။ သြော် ငါကတော့ ယခုဘဝသာ လူဖြစ်လို့ ယခုဘဝသာ သမီး ရတာ သမီးသေဆုံးရလေခြင်းဆိုတဲ့ အသိနဲ့ မအိပ်နိုင်၊ မစားနိုင် တမှိုင်မှိုင် ငိုကြွေးပူဆွေး သောကရောက်ခဲ့ရ ပါလား။တကယ်တော့ ငါသည် ဘဝအကြိမ်ကြိမ်ရလို့ ဘဝ အကြိမ်ကြိမ် ငါကိုယ်တိုင် သေခဲ့ရတယ်။ ငါတင်မကဘူး။ ငါရဲ့ရင်သွေးသမီးလေးများလည်း မသက်ရှည် နာမည်တူ တစ်မျိုးတည်းနဲ့ သမီးပေါင်း ရှစ်သောင်းလေးထောင် ဤသုဿာန်မှာ မြှပ်နှံဖူးသတဲ့။ အဲဒီသမီးတွေသေတိုင်း ငိုခဲ့ရတဲ့ မျက်ရည်တွေဟာ ဟောဒီ အစိရဝတီမြစ်ရေမက ရှိရော့မယ်။ ငါကသာ သား သမီးလွမ်းလို့ငိုနေတာ ငါ့ကိုပစ်ခွာသွားသူ သားသမီး တွေက ငါ့ကို သတိတောင်ရမှာ မဟုတ်ပါဘူး။
သား သမီးတွေသေတိုင်း ဒုက္ခရောက်ခဲ့ရတဲ့ ငါ့ဘဝ ဒီကနေ့မှစပြီး ငါမငိုတော့ဘူး။ ငိုနေလို့ကော ဘာအကျိုးထူး မှာလဲ။ သမီးတွေ တမ်းတငိုနေမည့်အစား ဘုရားရှိခိုး၊ ပုတီးစိပ်၊ တရားနာ ဘာဝနာပွားတာကမှ ကုသိုလ်ရဦး မယ်။ ကုသိုလ်ရရင် ငါ့စိတ်ချမ်းသာရတာပဲ။ ပုထုဇဉ်သဘာဝအရ သမီးလွမ်းစိတ်ပေါ်လာရင် ငါပွားများ အားထုတ်ထားတဲ့ ကုသိုလ်တွေ သမီးလေးချမ်းသာအောင် သာဓုခေါ်နိုင်အောင် အမျှဝေရုံပဲ ရှိတာပေါ့ဟု သတိ သံဝေဂရကာ နေ့စဉ်နေတိုင်း ကုသိုလ်တရား ပွားများမှုနဲ့သာ အချိန်ကုန်ခဲ့တယ်။ ရသမျှ ကုသိုလ်ကိုလည်း သမီးလေးအား အမျှပေးဝေ ချမ်းသာစေခဲ့တယ်။ ဥဗ္ဗိရီကိုယ်တိုင်ကတော့ နောင်တစ်ချိန်မှာ ဘိက္ခူနီမဝတ်လို့ တရားအားထုတ်တဲ့အခါ ရဟန္တာ ထေရီမကြီး ဖြစ်ခဲ့ပါတယ်။
ဒီဝတ္ထုမှာ အဓိကပြောချင်တာက ဥဗ္ဗိရီ၏ သမီးထားတဲ့ မိဘမေတ္တာကို သိစေချင်တာပါ။ သမီးလေးမမွေးဖွားမီ ကလည်း ကောင်းကောင်းမွန်မွန် အင်္ဂါပြည့်ပြည့်စုံစုံ မွေးဖွားဖို့မေတ္တာထားခဲ့တယ်ဆိုတဲ့အကြောင်း၊ သမီးလေး မွေးဖွားလာတဲ့အခါမှာလည်း သမီးလေးကို ကောင်းကောင်းမွန်မွန် ကျွေးမွေးစောင့်ရှောက် မေတ္တာထားပြီး ဂရုစိုက်ခဲ့ကြောင်း၊ သမီးလေးကျန်းမာရေးမကောင်းတဲ့အချိန်မှာလည်း မေတ္တာအပြည့်အဝ စေတနာ အပြည့်အဝ နဲ့ ကုသပေးခဲ့ကြောင်း၊ သမီးလေးကွယ်လွန်သွားတဲ့အခါမှာလည်း တရားအသိမရခင် နေ့စဉ်ရက်ဆက်ဆိုသလို ဂရုဏာသက်ကာ ငိုကြွေးခဲ့တဲ့ သမီးပေါ်ထားတဲ့ချစ်ခြင်းမေတ္တာ၊ တရားအသိရသွားတဲ့အခါမှာလည်း သမီးလေး ကောင်းရာသုဂတိရောက်စေကြောင်း ကုသိုလ်များပြုလုပ်ကာ အမျှဝေပေးတဲ့ မိဘမေတ္တာကိုသိစေချင်ပါတယ်။ ဒါကြောင့် အားလုံးသော သူများလည်း မိမိကိုမွေးဖွားပေးခဲ့တဲ့ မိဘနှစ်ပါးရဲ့ မမွေးဖွားမီထားခဲ့တဲ့မေတ္တာ၊ မွေးဖွားပြီးတဲ့အချိန် ထားခဲ့တဲ့မေတ္တာ၊ ကျန်းမာရေးမကောင်းတဲ့အခါ ပြုစုယုယပေးတဲ့ မေတ္တာတရား၊စတဲ့ မိဘမေတ္တာကိုနားလည်စေချင်လိုကြောင်း အသိပေးလိုက်ရပါသည်။
စာဖတ်သူအားလုံး သက်ရှည်ကျန်းမာစိတ်ချမ်းသာ၍ လိုရာဆန္ဒများ တစ်လုံးတစ်ဝတည်းပြည့်ဝကြပါစေ။
အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ် အိန္ဒိယနိုင်ငံ)
http://www.wiradhamma.blogspot.in/
ဦးဇင်းဘလော့မှာလည်း လာရောက်လေ့လာဖတ်ရှုနိုင်ပါသည်။

ဆက်ဖတ်ရန်
ပို့စ်တင်သူ ။.............။ မောင်သိရီ on Saturday 14 April 2012
0 ( မှတ်ချက်ရေးချင်ရင် )
ခေါင်းစဉ်အလိုက်ပို့စ်များ |

ဘုရားရှိခိုးအမျိုးမျိုးစာအုပ်များတွင် အားလုံးနီးပါးသော အမျှဝေခြင်းများ၌ ၃၁-ဘုံသည် ပါဝင်လေ့ရှိသည်။သို့သော်၃၁ဘုံနှင့်ပတ်သက်၍သာမန်သိရှိခြင်းထက်သေအချာသိရှိကြမည်
ဆိုပါက ပိုမိုအကျိုးရှိနိုင်ပေသည်ဟု ယုံကြည်ပါသဖြင့် ၃၁-ဘုံ သိကောင်းစရာအကြောင်း ကိုရေးသားဖေါ်ပြရခြင်း ဖြစ်ပါသည်။

ဤသြကာသလောကကြီးတွင် သတ္တ၀ါတို့၏နေထိုင်ရာဘုံဌာနမှာ သုံးဆယ့်တစ်ဘုံ ရှိသည်။

ဗြဟ္မာဘုံ နှစ်ဆယ်၊

နတ်ဘုံ ခြောက်ဘုံ၊

လူ့ဘုံ တစ်ဘုံ၊

အပါယ် လေးဘုံ တို့ဖြစ်သည်။

ထို သုံးဆယ့်တစ်ဘုံ တည်းဟူသော သြကာသလောကကြီးသည် အာသဝေါ ကုန်ခန်းပြီးသော ရဟန္တာမဖြစ်သေးသမျှထက်အောက်ပြောင်းပြန်ဗလောင်ဆန်အောင်ကျင်လည်ရဦးမည့်ဘုံဌာနများ ဖြစ်သည်။
မြတ်စွာဘုရား ဟောကြားထားသောနခသိခသုတ်ကို ထောက်ရှုခြင်းအားဖြင့်လူ့ဘုံမှစုတေ၍ သေလွန်ကြ
ကုန်သောသူတို့တွင်လူ့ဘုံသို့ရောက်ရှိသောသူမှာ မြတ်စွာဘုရား၏လက်သဲခွံပေါ်၌ရှိသော မြေမှုန့်ပမာဏ
မျှသာရှိ၍အပယ်လေးဘုံသို့ ကျရောက် သောသူတို့မှာဂင်္ဂါမြစ်လွင်ပြင်ရှိ မြေမှုန့်ပမာဏ ရှိသည်။

လူ့ဘ၀မှစုတေ၍လူပြန်ဖြစ်သောပမာဏ နှင့်အပါယ်လေးဘုံသို့ကျရောက်သောသူတို့၏ပမာဏ နှိုင်းဆ၍
မရအောင် ကွာခြားလှပါသည်။လူတစ်ထောင်သေ၍ တစ်ယောက်မျှလောက်ပင်လူပြန်ဖြစ်ဖို့ရာမလွယ်ကူချေ။

ဗြဟ္မာဘုံ နှစ်ဆယ်

ဗြဟ္မပါရိသဇ္ဇာ၊ ဗြဟ္မပုရောဟိတာ၊ မဟာဗြဟ္မာ ၊ (ရူပ ပထမဈာန် ၃- ဘုံ)

ပရိတ္တာဘာ၊ အပ္ပမာဏာဘာ၊ အာဘဿရာ၊ (ရူပ ဒုတိယဈာန် ၃- ဘုံ)

ပရိတ္တာသုဘာ၊ အပ္ပမာဏာသုဘာ၊ သုဘကိဏှာ၊ (ရူပ တတိယဈာန် ၃- ဘုံ)

ဝေဟပ္ဖိုလ် ၊ အသညသတ် ၊ အဝိဟာ ၊ အတပ္ပါ ၊သုဒဿာ၊ သုဒဿီ၊ အကနိဋ္ဌ၊ (ရူပ စတုတ္ထဈာန် ၇- ဘုံ)

အာကာသာနဉ္စာယတန၊ ၀ိညာဏဥစ္စာယတန၊ အာကိဉ္စာညာယတန၊နေဝသညာနာသညာယတန (အရူပဈာန် ၄- ဘုံ)

နတ်ပြည် ခြောက်ထပ်

စတုမဟာရာဇ် ၊ တာဝတိံသာ ၊ ယာမာ ၊ တုသိတာ ၊ နိမ္မာနရတိ ၊ ပရနိမ္မိတ၀သ၀တ္တီ

လူ့ဘုံ တစ်ဘုံ

လူ့ဘုံ

အပါယ် လေးဘုံ

ငရဲဘုံ ၊ တိရစ္ဆာန်ဘုံ ၊ ပြိတ္တာဘုံ ၊ အသူရကာယ်ဘုံ

ကျမ်းကိုး
1. မောင်ဝိဇ္ဖာ “ဗုဒ္ဓ နှင့် ဗုဒ္ဓဘာသာအကြောင်း”

2. ဓမ္မဒူတ အရှင်ဣန္ဒာဝုဓ “ခွဲခြားဝေဖန် ကိုးကွယ်ရန်(ရတနာမွန် မဂ္ဂဇင်း)”

3. အဘိဓမ္မတ္တသင်္ဂဟပါဌ် ဝီထိမုတ်ပိုင်း ဘူမိစတုက္က

*** မှတ်ချက် ***
အကယ်၍ လိုအပ်ချက်တစ်စုံတစ်ရာရှိခဲ့သော..ကျွန်တော့်တွင်သာတာဝန်ရှိပါသည်။

Kyaw Moe Oo မှ March 16, 2012 12:47pm တွင် တင်သွင်းခဲ့ခြင်းဖြစ်ပါသည်

ဆက်ဖတ်ရန်
ပို့စ်တင်သူ ။.............။ မောင်သိရီ on
0 ( မှတ်ချက်ရေးချင်ရင် )
ခေါင်းစဉ်အလိုက်ပို့စ်များ |

ပါဏာတိပါတ အင်္ဂါ ၅-ပါး။ -သတ်မှုကံမြောက် ဆုံးဖြတ်ချက်အကြောင်းငါးပါး၊ ၎င်းင်းအင်္ဂါ ၅-ပါးတို့နှင့် ပြည့်စုံက ထိုသိက္ခာပုဒ် ပျက်၏။
(၁) ပါဏ- သက်ရှိသတ္တ၀ါဖြစ်ခြင်း၊
(၂) ပါဏသညိတ-သက်ရှိသတ္တ၀ါဟု မှတ်သိခြင်း၊
(၃) ဃာတ စိတ္တ- သတ်လိုသောစိတ်ရှိခြင်း၊
(၄) ဥပက္ကမ-လုံ့လဉပခြင်း၊
(၅) မရဏ-ထိုလုံ့လကြောင့် သေခြင်း။

ပါဏာတိပါတ၏ ပယောဂမျိုး ၈-ပါး။ ။ပါဏာတိပါတကံ ဖြစ်နိုင် ခြင်း၏ အကြောင်း တရားမျိုး ရှစ်ပါး၊ ပါရာဇိကဏ် အဋ္ဌကထာမှ။
(၁) ဥဒိဿ ပယောဂ- သတ္တ၀ါကိုရည်မှတ်၍ သတ်ဖြတ် ထိုးခုတ်ခြင်း၊
(၂) အနုဒ္ဒိဿ ပယောဂ-သတ္တ၀ါတစုံတခုကို ရည်မှတ်ခြင်းမရှိဘဲ ဘာကောင်သေသေဟု ပစ်ခတ် ထိုးခုတ်လိုက်ခြင်းမျိုး၊
(၃) သာဟတ္ထိက ပယောဂ-ကိုယ်တိုင် သတ်ပုတ် ထိုးခုတ်ခြင်း၊
(၄) အာဏတ္တိက ပယောဂ- သူတပါးကို စေခိုင်းခြင်း၊
(၅) နိဿဂ္ဂိယ ပယောဂ-အဝေး၌နေသော သတ္တ၀ါကို မြှား လှံ သေနတ် စသည်ဖြင့် ပစ်ခတ်ခြင်း၊
(၆) ထာဝရ ပယောဂ- အမြဲတည်နေ၍ သေစေနိုင်သည့် တွင်းတူးထားခြင်းç ဆေးဝါး အစီအရင် ထားခြင်း စသည့် အရာမျိုး၊
(၇) ၀ိဇ္ဇာမယ ပယောဂ- ဓာတ်ရိုက် ဓာတ်ဆင် ဂါထာမန္တရား စသော အစီ အရင်တို့ဖြင့် သေအောင်လုပ်ခြင်း၊ (၈) ဣဒ္ဓိမယ ပယောဂ- မိမိ ကမ္မဇိဒ္ဓိ တန်ခိုးဖြင့် သတ္တ၀ါတို့ကို သေစေခြင်း။

ပါဏာတိပါတကံ၏ မကောင်းကျိုး ၂၃-မျိုး။ ။ပါဏာတိပါတ် သူ့သက်သတ်သူတို့ ခံစားတွေ့ကြုံ ရသော မကောင်းကျိုးများသည် ပိဋကပါဠိတော်တို့၌ သင်္ချာ အမျိုးမျိုး ဖြင့် လာရှိ သော်လည်း ဤ၌ အလုံးစုံပါဝင်သည့် ခုဒ္ဒကပါဌ အဋ္ဌ ကထာ လာ သင်္ချာ ၂၃-ပါးကို ဆိုလေသည်၊ သိလွယ်နိုင်ရန် မြန်မာ ဘာသာ သက်သက်ဖြင့် ပြလိုက်၏။
(၁) ကိုယ်အင်္ဂါချို့တဲ့ခြင်း၊
(၂) လုံးရပ်နေထား အချိုးအစား မကျခြင်း၊
(၃) နုံနှေးလေးဖင့်ခြင်း၊
(၄) ခြေç လက်ç ဖ၀ါးçမညီခြင်း၊
(၅) မလှပ မတင့်တယ်ခြင်း၊
(၆) အရေ အဆင်း မပြောင်ဝင်းခြင်း၊
(၇) အသားအရေကြမ်းတန်းခြင်း၊
(၈) ကြောက်ရွံ့တတ်ခြင်း၊
(၉) ခွန်အားဗလ မရှိခြင်း၊
(၁၀) စကားပြေပြစ်စွာ မပြောတတ်ခြင်း၊
(၁၁) ချစ်ခင်သူ မရှိခြင်း၊
(၁၂) မိမိပရိသတ် အကြိမ်ကြိမ် ပျက်စီးခြင်း၊
(၁၃) ထိတ်လန့်တတ်ခြင်း၊
(၁၄) လက်နက် အဆိပ်ဘေး သင့်တတ်ခြင်း၊
(၁၅) သူများ ပယောဂကြောင့်သေရခြင်း၊
(၁၆) တွေဝေမိုက်မဲခြင်း၊
(၁၇) ခြွေရံပရိသတ် နည်းပါးခြင်း၊
(၁၈) ရွံ့စရာကောင်းသောရုပ်အဆင်းရှိခြင်း၊
(၁၉) ကုန်းကော့သော ကိုယ်ရှိခြင်း၊
(၂၀) ကြောင့်ကြ စိုးရိမ်မှုများခြင်း၊
(၂၁) ဘေးရန် များခြင်း၊
(၂၂) ချစ်ခင်သော သားသမီးတို့နှင့် ကွေကွင်းရခြင်း၊
(၂၃) အသက်တိုခြင်း။

အဒိန္နာဒါနာ အင်္ဂါ ၅-ပါး။ ။ ခိုးမှုကံမြောက်အင်္ဂါ ၅-ပါး။
(၁) ပရသန္တက - သူတစ်ပါးဥစ္စာဖြစ်ခြင်း၊
(၂) တထာသညာ - သူတစ်ပါးဥစ္စာဟုမှတ်ထင်ခြင်း၊
(၃) ထေယျစိတ္တ - ခိုးလိုသောစိတ်ရှိခြင်း၊
(၄) ဥပက္ကမ - ခိုးရန်လုံ့လပြုခြင်း၊
(၅) တေနဟာရ - ထိုလုံ့လဖြင့် ခိုးခြင်း။

ခိုးခြင်း ၂၅-ပါး။ ။ ပါရာဇိကဏ် ပါဠိတော် ၆၅။ ဋ္ဌ။ ပ-အုပ်။ ၂၆၃- ၃၃၀- ၃၃၁- ၃၃၂ တို့၌ အကျယ်ရှု။ ရဟန်း တော်များ အတွက် ပါရာဇိကဥပဒေပုဒ်မ ၂၊ အဒိန္နာဒါန် သိက္ခာပုဒ်၏ အသေးစိတ် ရှင်းလင်းချက် ၂၅-ပါး။

(၁) နာနာဘဏ္ဍ ပဉ္စကခေါ် ပိုင်ရှင်မပေးသော သက်ရှိသက်မဲ့ ပစ္စည်းဘဏ္ဍာ အမျိုးမျိုးတို့ကို အောက်ပါနည်း ငါးပါးဖြင့် ခိုးယူခြင်းမျိုး။
(က) အာဒိနယ- ကျောင်း အိမ် မြေ ခြံစသည်တို့ကို လိမ်ညာသောနည်းဖြင့် တရားဆင်ကာ စွဲဆိုခိုးယူခြင်း မျိုး၊ ပိုင်ရှင်က စိတ်လျော့ ၀န်ချ လိုက်လျှင် ပါရာဇိက၊
(ခ) ဟရဏ-သည်ပိုးထမ်းဆောင်လာသော သူ့ပစ္စည်းကို ကိုယ့်ဥစ္စာ ဖြစ်အောင် ပြောဆို စွပ်စွဲ၍ ထမ်းဆောင် လာသော သူ၏ ကိုယ်ပေါ်မှ ကျစေလျက် ခိုးယူ ခြင်းမျိုး၊ သူ့ကိုယ် ပေါ်မှ ချလိုက်သည်နှင့် ပါရာဇိက၊
(ဂ) အ၀ဟရဏ-သူတစ်ပါးခေတ္တအပ်နှံထားသော သူပိုင်ဥစ္စာဘဏ္ဍာကို မအပ်ပါဟူ၍လည်းကောင်း ငါ့ဥစ္စာ ဖြစ်သည် ငါ့ဟာ ပြန်မပေးနိုင်တော့ဘူးဟုလည်းကောင်း၊ လိမ်ညာ ပြောဆိုလျက် ခိုးယူခြင်းမျိုး၊ ပိုင်ရှင် စိတ်လျှော့ ၀န်ချသည်နှင့် ပါရာဇိက၊
(ဃ) ဣရိယာပထ၀ိကောပန- ထမ်းပိုးဆောင်ရွက် လာ သော သူတစ်ပါး ဥစ္စာကို ထမ်းဆောင် လာသူ နှင့်တကွ ထမ်းလာသည့် ဥစ္စာ ကိုပါ ခိုးယူ အံ့သော အကြံဖြင့် ပစ္စည်းရော လူပါ ခိုးယူခြင်းမျိုး၊ ပိုင်ရှင် စိတ်လျှော့ပြီး ဒုတိယ ခြေလှမ်းကြွ သည်နှင့် ပါရာဇိက၊
(င) ဌာနာစ၀န- သူချထားသော ပစ္စည်းဥစ္စာကို ခိုးယူ လိုစိတ်ဖြင့် မူလနေရာမှ ရွေ့အောင် ကြွအောင်လုပ်ခြင်း မျိုး၊ ရွေ့သည် ကြွသည်နှင့် ပါရာဇိက ကျတော့၏၊ နာနာဘဏ္ဍပဉ္စကပြီး၏။

(၂) ဧကဘဏ္ဍ ပဉ္စက- ဤ၌ သက်ရှိ သ၀ိညာဏကဖြစ်သော ဘဏ္ဍာကိုသာ ယူရသည်၊ ခိုးယူခြင်းနည်း ငါးပါးမှာ နာနာဘဏ္ဍပဉ္စကအတိုင်း အာဒိနယ ဟရဏ အ၀ဟရဏ ဣရိယာပထ ၀ိကောပန ဌာနာစ၀န နည်းတို့ဖြင့် အတူတူပင်မှတ်လေ၊ ဧကဘဏ္ဍ ပဉ္စကပြီး၏။

(၃) သာဟတ္ထိက ပဉ္စက- ဤ၌ သက်မဲ့ဖြစ်သော အ၀ိညာဏကပစ္စည်းကို ပိုင်ရှင်မပေးပဲ အောက်ပါငါးနည်း ဖြင့် ခိုးယူခြင်းမျိုး။
(က) သာဟတ္ထိက မိမိကိုယ်တိုင် ကိုယ်ထိလက်ရောက်ခိုးယူခြင်းမျိုး။
(ခ) အာဏတ္ထိက-ဤသူ၏ဘဏ္ဍာကို သွားခိုးချေဟုစေခိုင်းခြင်းမျိုး၊
(ဂ) နိဿဂ္ဂိယ- ကင်းခွန် အကောက်တော်စသည် မပေးရအောင် ဤဖက်နယ်ခြားမှ ထိုဖက်နယ်မြေသို့ ကျအောင် ပစ္စည်းဥစ္စာကို ပစ်သွင်း၍ သို့မဟုတ် တစ်နည်း နည်းဖြင့် ကြံဆ၍ ခိုးယူသွားခြင်းမျိုး၊
(ဃ) အတ္ထ သာဓက- ထိုသူ၏ဘဏ္ဍာကို အခွင့်သာတဲ့အခါ စွမ်းနိုင်တဲ့ အခါကို စောင့်ပြီး ခိုးယူ လိုက်ရ မည်ဟု စေခိုင်း ထားလျက် ခိုးယူ စေခြင်းမျိုး၊
(င) ဓုရ နိက္ခေပတရား၌စွဲ၍ယူခြင်း လိမ်ညာလှည့်ပတ်၍ယူခြင်း၌ ဥစ္စာပိုင်ရှင်က ငါတော့ရှုံးပါပြီ၊ ငါ့ဥစ္စာတော့မရတော့ ပါဘူးဟု ၀န်ချလိုက်ခြင်းမျိုး၊ သာဟတ္ထိက ပဉ္စက ပြီး၏။

(၄) ပုဗ္ဗ ပယောဂ ပဉ္စက- အရှင်မပေးသော ပစ္စည်းဘဏ္ဍာကို အောက်ပါနည်း ငါးမျိုးဖြင့် ခိုးယူခြင်း။
(က) ပုဗ္ဗ ပယောဂ- ၎င်းင်းခိုးနည်းကား အာဏတ္ထိကနှင့် သဘောတူဖြစ်၏၊
(ခ) သဟပယောဂ-လယ်မြေ ခြံမြေစသည်ကို နယ်ခြား မှတ်တိုင်ငုတ် စသည်ကို နုတ်၍ ရွှေ့ပြောင်း စိုက်နှက် ခိုးယူခြင်း၊
(ဂ) သံဝိဓါ ၀ဟာရ- အချင်းချင်း စုပေါင်းတိုင်ပင်၍ ခိုးယူခြင်းမျိုး၊ တိုင်ပင်စဉ် အခါက သဘောတူ ပါသူသည် ခိုးရာ၌ ပါပါ မပါပါ ပါရာဇိက၊
(ဃ) သင်္ကေတ ကမ္မ- အချိန်ကာလ နာရီအပိုင်းအခြား မှတ်သား ချိန်းချက် လျက် ဤမည်သော ဘဏ္ဍာကို ခိုးယူတော့ဟု ခိုးခိုင်း ခြင်းမျိုး၊ သူပေးသော အချိန်နှင့် ပစ္စည်း အတိုင်း ခိုးယူသော် ပါရာဇိက၊
(င) နိမိတ္တကမ္မ- မျက်စိမှိတ်ခြင်း၊ လက်မြှောက်ခြင်းစသော အမှတ် နိမိတ် သညာ တစ်ခုခု ထား၍ ခိုးခိုင်းခြင်း မျိုး၊ နိမိတ် ပြုလိုက် သည်နှင့် တစ်ပြိုင်နက် ခိုးငြားအံ့ နိမိတ် ပြသူ ပါရာဇိက၊ ပုဗ္ဗပယောဂပဉ္စက ပြီး၏။

(၅) ထေယျာ ၀ဟာရ ပဉ္စက- ပိုင်ရှင်မပေးသော ပစ္စည်းဘဏ္ဍာကို အောက်ပါ နည်း ငါးမျိုးဖြင့် ခိုးယူ ခြင်းမျိုး။ (က) ထေယျာ ၀ဟာရ- နံရံစသည် ဖေါက်ထွင်း ဖွင့်ဖြဲ၍ ခိုးခြင်း၊ တောင်းတင်း ချိန် အလေးစသည်တို့ကို စဉ်းလဲ ကောက်ကျစ်၍ ခိုးယူ ခြင်းမျိုး၊
(ခ) ပသယှာဝဟာရ- နိုင်ထက် စီးနင်း ပြု၍ ယူခြင်း၊ ဓါးပြတိုက် ယူခြင်း၊ ပုန်ကန် ထကြွ၍ ယူခြင်း၊ မင်းစိုးရာဇာ တို့သည် ရသင့်သော အခွင့်ထက် အာဏာ ပြ၍ ပိုမို ကောက်ခံ ခြင်းမျိုး၊
(ဂ) ပရိကပ္ပါဝဟာရ- ဤ၌
၁- ဘဏ္ဍာပရိကပ္ပခေါ် အထည်အလိပ်ကိုသာ ယူအံ့ဟူကြံစည်လျက် အခန်း တွင်းသို့ ၀င်သွားပြီး မှောင်ထဲ၌ အထုပ်ကြီးကိုထမ်းယူလာလျက် ကြည့်သော အခါ အထည် မဟုတ်ဘဲ ချည်ခင် တွေဖြစ် နေပါအံ့ ပါရာဇိက မကျ၊ အထည်လိပ် ဖြစ်နေ ပါက ပါရာဇိကကျ၏။
၂- သြကာသပရိကပ္ပခေါ်အရပ်ဖြင့် ပိုင်းခြား ကြံစည်၍ ခိုးခြင်းကား ဤခြံဝင်း အတွင်း၌ ငါ့ကို တွေ့မြင် ပါမူ ဤပစ္စည်း ဥစ္စာကို ဤခြံဝင်း အတွင်း၌ လှည့်လည်ရင်း ကြည့်ရှုရန် ကိုင်လာ သယောင် ဆောင်၍ ပြန်ပေး လိုက်အံ့၊
အကယ်၍ တစ်စုံတစ်ယောက် နှင့်မှ မတွေ့ရပါမူ ခိုးယူ သွားအံ့ ဟူသော အကြံဖြင့် ခိုးယူခြင်းမျိုး၊ အပိုင်းအခြား လွန်သည်နှင့် ပါရာဇိက၊
(ဃ) ပဋိ စ္ဆန္နာဝဟာရ- ပန်းခြံ ရေချိုးဆိပ်စသည်တို့၌ သူတစ်ပါး ချွတ်ချ ထားသော ဘဏ္ဍာကို ခိုးလိုစိတ်နှင့် နောက်မှ ယူအံ့ဟု ကြံလျက် မြေမှုန့် မြက်မှိုက် စသည်တို့ဖြင့် ဖုံးအုပ်ထားပြီး ခိုးယူခြင်းမျိုး၊
(င) ကုသာ ၀ဟာရ- မဲလိပ် စာရေးတံစသည်တို့ကို မိမိသို့ အကောင်း ရရန် ကြံစည်လျက် တစ်စုံတစ်ခုသော နည်းပရိယာယ်ဖြင့် ခိုးယူခြင်းမျိုး၊ ထေယျာ ၀ဟာရ ပဉ္စကပြီး၏။

ခိုးခြင်း ပယောဂမျိုး ၆-ပါး။ ။ (၁) သ ဟတ္ထိက- ကိုယ်တိုင်ခိုးခြင်း၊ (၂) အာဏတ္တိက စေခိုင်း၍ ခိုးခြင်း၊ (၃) နိသဂ္ဂိက- နေရာရွှေ့ပြောင်းပစ်လွှင့်ခိုးခြင်း၊ (၄) ထာဝရ- တင်းတောင်း လိမ် ချိန်လိမ်စသည်ပြု၍ခိုးခြင်း၊ (၅) ၀ိဇ္ဇာမယ- အမေ့ အဟန့်စသော အတတ်ပညာဖြင့်ခိုးခြင်း၊ (၆) ဣဒ္ဓိမယ- တန်ခိုးဖြင့် ခိုးခြင်း။

ခိုးသူကြီးတို့ လိုက်နာ စောင့်ထိန်းအပ်သော အင်္ဂါ ၈-ပါး။ ။ဤအင်္ဂါရှစ်ပါးကို စောင့်ထိန်းသော ခိုးသား ကြီးများသည် ရက်-လ-နှစ်ရှည်- တည်တံ့နိုင်သည်၊ ဤအင်္ဂါရှစ်ပါးနှင့် မပြည့်စုံသောခိုးသား ဓားပြတို့ကား- ရက်-လရှည်မတည်၊ လျင်မြန်စွာ ပျက်စီးတတ်သည်ဟု အင်္ဂုတ္တရပါဠိတော်တတိယအုပ်- (၁၅၃)၌ ဟောတော်မူသည်။
(၁) မိမိ၏ ရန်သူမဟုတ်သည့် အသက်အရွယ်ကြီးသူç ကလေးသူငယ်ç အကျင့်သီလဂုဏ် ရှိသူçတို့ကိုရိုက်နှက် ပုတ်ခတ်မှု မပြခြင်း၊
(၂) ပစ္စည်းဥစ္စာကို အကုန်မယူခြင်း၊
(၃) မိန်းမကို မသတ်ခြင်း၊
(၄) အမျိုးသမီးတို့ကို မဖျက်ဆီးခြင်း၊
(၅) ရှင် ရဟန်းတို့ကို မလုရက်ခြင်း၊
(၆) မင်းဘဏ္ဍာတိုက်ကို မလုရက်ခြင်း၊
(၇) ရွာ-နိဂုံးမင်းနေပြည်အနီး၌ မလုရက် မတိုက်ခိုက်ခြင်း။

သူခိုး ဒါးပြ သူပုန်တို့၏ မှီခိုအားထားရာကြီး ၅-ပါး။ ။ လူသားတို့ငြိမ်းဧချမ်းသာမှု အတွက် တိုင်းပြည် မြို့ရွာ နယ်ပယ် အုပ်ချုပ် ထိန်းသိမ်းကြသော မင်းစိုးရာဇာတို့ သိထားရန်။ အင်္ဂုတ္တရ ။ပါ။ ဒု-အုပ်။ ၁၁၃-၌အကျယ်ရှုပါ။
(၁) အသွားအလာ ခက်သည့် ရေလယ်ကျွန်း၊ တောင်ကြားချောက်ကြား၊ ရှို-မြောင် မညီညွတ်သော ခရီးခက်အရပ်ကို မှီနေတတ်ကြသည်၊
(၂) ထူထပ်သည့် ကိုင်းတော ကျူတော၊ ပင်ချင်း ယှက်သည့် တောအုပ်ကြီး စသည့် အရပ်မျိုး၊
(၃) တစုံတယောက်က ဖေါ်ပြောလျှင် မင်းအမတ် မှုထမ်း ရာထမ်းတို့က အပြစ်ကို ကာကွယ်ဖုံးအုပ် ပေးရန် ၎င်းတို့နှင့် ကြိုတင်၍ အကျွမ်းတ၀င် အမှီတံကဲ ပြုလုပ်ထားခြင်း၊
(၄) မိမိတို့အပြစ်ကို ဖေါ်ပြောထုတ်ဆိုမည့်သူများအား နှုတ်ပိတ်ခ ပစ္စည်း ဥစ္စာ ပေးကမ်းရန်၊
(၅) မိမိတို့၏ လျှို့ဝှက်တိုင်ပင်မှု မပေါက်ကြား စေရန် အထူး လုံခြုံသော နည်းလမ်း ဥပါယ်တို့ ဖြစ်၏။

အဒိန္နဒါန်၊ ပြစ်မျိုးကံ၊ ထည့်ပြန် ၁၂-ပါး။ ။ သူ့ဥစ္စာကို ခိုးဝှက်တိုက်ခိုက်သူတို့ ရရှိခံစားမှု အပြစ်မျိုး ဆယ့်နှစ်ပါး။ (ခုဒ္ဒကပါဌ အဋ္ဌကထာမှ)
(၁) မြတ်သောဥစ္စာမျိုး မရရှိခြင်း၊
(၂) ယုတ်ညံ့သည့်ဥစ္စာမျိုးကိုသာရရှိခြင်း၊
(၃) ပစ္စည်းဥစ္စာနည်းပါးခြင်း၊
(၄)အလွန်ဆင်းရဲမွဲတေခြင်း၊
(၅) မရသေးသောဥစ္စာကိုမရခြင်း၊
(၆) ရရှိပြီးစည်းစိမ်များ ဆုတ်ယုတ်ပျက်စီးခြင်း၊
(၇) လိုရာဥစ္စာကိုမရနိုင်ခြင်း၊
(၈) ရန်သူမျိုးငါးပါးနှင့်သာ ဆက်ဆံတွေ့ကြုံရခြင်း၊
(၉) သူတစ်ပါးနှင့်ဆက်ဆံသောဥစ္စာမျိုးကိုသာရခြင်း၊
(၁၀) မရှိစကားကိုသာကြားရခြင်း၊
(၁၁) ချမ်းသာစွာမနေရခြင်း၊
(၁၂) လောကုတ္တရာဥစ္စာကိုမရနိုင်ခြင်း။

ကာမေသုမိစ္ဆာစာရ အင်္ဂ ၄-ပါး။ ။ ကာမကိစ္စ၌ ကံမြောက်နိုင်သည့်အင်္ဂါလေးပါး။
(၁) အ ဂမနိယ ၀တ္ထု ၂၀-တို့တွင်ပါဝင်ခြင်း၊
(၂) ကျင့်ပြု မှီဝဲလိုစိတ်ရှိခြင်း၊
(၃) ရနိုင်သောနည်းဖြင့် လုံ့လလည်းပြုခြင်း၊
(၄) ပြုကျင့်ခြင်းကိုလည်း သာယာခြင်း။

ကာမေသုကံ၊ ကျိုးပြစ်ဒ်ဒဏ်၊ ထိမိမှန် ၁၅-ပါး။ ။ သူ့သားမယား၌ သွားလာ လွန်ကျူး သူတို့ ရရှိသော မကောင်းကျိုးအပြစ်ဆယ့်ငါးပါးဟူ၏။ ထိုထို ကျမ်းစာ တို့၌ အမျိုးမျိုး လာရှိသည်။
(၁) အပါယ် ၄-ပါးသို့လားရခြင်း၊
(၂) မိန်းမ ပဏ္ဍုက်ဖြစ်ရခြင်း၊
(၃) ရန်သူနှင့်တွေ့ရခြင်း၊
(၄) လူအများ မုန်းခြင်း၊
(၅) စား ၀တ် အိပ်ယာရခဲခြင်း၊
(၆) ဆင်းဆင်းရဲရဲ အိပ်ရ နိုးရခြင်း၊
(၇) အမျက်ဒေါသကြီးခြင်း၊
(၈) လောကုတ္တရာတရား မရရှိနိုင်ခြင်း၊
(၉) စည်းစိမ်ဥစ္စာ ပျက်ပြုန်းရခြင်း၊
(၁၀) ယုံကြည်မှု ကင်းမဲ့ခံရခြင်း၊
(၁၁) ဘေးတွေ့ရခြင်း၊
(၁၂) ယုံမှားသံသယများခြင်း၊
(၁၃) ချစ်သူတို့နှင့် ခွဲနေရခြင်း၊
(၁၄) အသက်တိုခြင်း၊
(၁၅) ဆင်းရဲကြီးစွာတွေ့ရခြင်း။

အုပ်ထိန်းသူ ရှိသော မိန်းမ ၂၀။ ။ အုပ်ထိန်းခြင်းရှိသဖြင့် ယောက်ျားတို့ မသွားလာ အပ်သော မိန်းမ ၂၀-ဟူလို။
(၁) မာတု ရက္ခိတ- အမိအုပ်ထိန်းသော မိန်းမ၊
(၂) ပိတု ရက္ခိတ- အဘအုပ်ထိန်းသောမိန်းမ၊
(၃) မာတာပိတု ရက္ခိတ- မိဘ ၂-ပါးအုပ်ထိန်းသော မိန်းမ၊
(၄) ဘာတုရက္ခိတ- မောင်ကြီးမောင်ငယ် အုပ်ထိန်းသောမိန်းမ၊
(၅) ဘဂိနိ ရက္ခိတ- အစ်မကြီး အစ်မငယ်အုပ်ထိန်းသောမိန်းမ၊
(၆) Óတိ ရက္ခိတ- ဆွေမျိုးအုပ်ထိန်းသောမိန်းမ၊
(၇) ဂေါတ္တရက္ခိတ- အနွယ်တူ အုပ်ထိန်းသောမိန်းမ၊
(၈) ဓမ္မရက္ခိတ- သီတင်းသုံးဖေါ်စောင့်ရှောက်အုပ်ထိန်းသေမိန်းမ။

မှတ်ချက်။ ။ ၎င်း ၈-ယောက်သောမိန်းမတို့ကား သူတို့မှာ ကံမထိုက်၊ သွားလာ လွန်ကျူးသူ ယောက်ျားများ မှာသာ ကံထိုက်သည် ဟူ၏။
(၉) သာရက္ခာ- ထိမ်းမြားကြောင်းလမ်းပြီးသူ ]လက်ထပ်ပြီးသူ} လင်အုပ်ထိန်းသောမိန်းမ၊
(၁၀) သ ပရိဒဏ္ဍာ- မင်းတို့ကောက်ယူရန်သတ်မှတ်လျက် ဒဏ်ထားပြီးလျှင် အုပ်ထိန်းသောမိန်းမ၊
မယားမြောက်ကြောင်း ဆယ်ပါး
(၁၁) ဓနက္ကီတာ- ဥစ္စာဖြင့်ဝယ်ယူလျက် မယားအဖြစ်ထားသောမိန်းမ၊
(၁၂) ဆန္ဒ ၀ါသိနီသဘောတူအလိုတူ၍ ညားနေသောမိန်းမ၊
(၁၃) ဘောဂ ၀ါသိနီ- စည်းစိမ်ပေး၍ ပေါင်းဖေါ်သောမိန်းမ၊
(၁၄) ပဋ၀ါသိနီ- ပုဆိုးပေး၍ ပုဆိုး တန်းတင် ပြု၍ နေသော မိန်းမ၊
(၁၅) သြဒ ပတ္တကိနီရေခွက်၌ လက်ဆုံချ၍မိဘနှစ်ပါး ထိန်းမြားပေးသောမိန်းမ၊
(၁၆) သြဘဋ စုမ္ဗဋာ- ခေါင်းခုကိုချ၍ လင်မယားအဖြစ်နေသော မိန်းမ၊
(၁၇) ဒါသီ စ ဘရိယာ စ- ကျွန်လည်းဖြစ် မယားလည်းဖြစ်သောမိန်းမ၊
(၁၈) ကမ္မကာရီ စ ဘရိယာ စ- အမှုလုပ်လည်းဖြစ် မယားလည်းဖြစ်သော မိန်းမ၊
(၁၉) ဓဇာ ဟဋာ- စစ်မြေပြင်မှ ဆောင်ယူခဲ့သောမိန်းမ၊
(၂၀) မုဟုတ္တိကာ- တစ်ခဏ္ဏမျှ ပေါင်းဖေါ်ရန် ငှားရမ်း ထားသော ခေတ္တမယားဖြစ်သူမိန်းမ။
မှတ်ချက်။ ။ ၎င်းင်း ၁၂-ယောက်သောမိန်းမများကို သွားလာလွန်ကျူးခဲ့မူ လင်ရှိ မယားဖြစ်၍ မိန်းမရော ယောက်ျားပါ နှစ်ဦးစလုံး ကံထိုက်သည်ဟူ၏၊ အကျယ်ကို လိုမူ ပါရာဇိကဏ် ပါဠိတော် အဋ္ဌကထာ ဋီကာ။ အဋ္ဌသာလိနီ အဋ္ဌကထာ မူလဋီကာမှာ ရှုပါလေ။

မယားခိုး အပြား ၇-ပါး။ ။မယားခိုးမှု စီရင်ရာ၌ မနုဓမ္မသတ်အလို အောက်ပါ ခုနှစ်ပါးကို ပြသည်။
(၁) ဟတ္ထဂ္ဂါဟ-လက်စသည်ကိုင်တွယ်သုံးသပ်ခြင်း၊
(၂) ဃရ ပတ္တလင်မရှိခိုက် အိမ်သို့ သွားယောက်ခြင်း၊
(၃) ဂုယှဋ္ဌာန-လုံခြုံသောအရပ်၌ ကာမနှင့်စပ်သောစကားတို့ကိုဆိုခြင်း၊
(၄) သလ’ာပ-ကာမဂုဏ်ဖြင့် ဖြောင်းဖြပြောဆိုခြင်း၊
(၅) သေနိ-တင်းတိမ်çခြင်ထောင်တွင်းသို့ ၀င်ရောက်ခြင်း၊
(၆) ဒွါရ-တိုက်တံခါးအတွင်းသို့ ၀င်ရောက်ခြင်း၊
(၇) သေယျ-အိပ်ရာခန်းသို့ဝင်ရောက်ခြင်း။

မေထုန် ၂-ပါး၊ မျိုးအပြား၊ ခွဲခြား မိန့်ဆိုဘိ။ ။
(၁) မေထုန်ကြီး-မိန်းမ ယောက်ျား ကာယကံမြောက် အင်္ဂါဇာတ် အချင်းချင်း သွားလာမှီဝဲခြင်းမျိုး၊
(၂) မေထုန်ငယ်- မိန်းမ ယောက်ျား ရသေ့ စိတ်ဖြေအားဖြင့် ကိုယ်လက်သုံးသပ် ပြုမူသာယာမှုမျိုး။

မေထုန် ငယ် ၇-ပါး။ ။သတ္တင်္ဂုတ္တရ။ပါ။ ၄၃၈။ဋ္ဌ။ ၁၆၇-၌ အကျယ်ရှု။ အဗြဟ္မစရိယ သိက္ခာပုဒ်တော်၏ ညှိုးနွမ်း ပေါက်ကြားမှုမျိုး ၇-ပါး၊ မိန်းမ ယောက်ျား ၂-ဦးလုံး အတွက် အပြန်အလှန် ယူရမည်။
(၁) မာတုဂါမ၏ ပွတ်တိုက်ဆုပ်နယ်နှိပ်ပေးမှု၌ သာယာခြင်း၊
(၂) မာတုဂါမနှင့် ပြုံးကာ ရယ်ကာ တို့ကာ ဆိတ်ကာ နေရသည်ကို သာယာခြင်း၊
(၃) မျက်နှာချင်းဆိုင်၍ အားပါးတရ ကြည့်ရှုနေရမှုကို သာယာခြင်း၊
(၄) မျက်ကွယ်ရာ အနီးအနားက ၎င်းင်းတို့၏ ပြောသံ ဆိုသံ ရယ်သံကိုကြား၍ သာယာစွာ နားစိုက် ထောင်ခြင်း၊
(၅) ရှေးအခါက မာတုဂါမနှင့် ပျော်ပျော်ကြီး ပြုမှုနေထိုင် ကျင့်ကြံမှု မျိုးစုံကို တွေးတော အောက်မေ့ သာယာခြင်း၊
(၆) သူတပါးတို့ ပြုမူကျင့်ကြံ ခံစားနေမှုကိုမြင်ရ၍ သာယာခြင်း၊
(၇) ယခု ဘ၀ ဉပစုအားထုတ်ရသော သီလကုသိုလ်ကြောင့် နောက်ဘ၀၌ နတ်မင်းကြီး ဖြစ်ပြီး နတ်သမီး နတ်သားများစွာတို့နှင့် ပျော်ပါးရန် မြှော်လင့် လျက် သာယာနေခြင်း။

မေထုန် မမှီဝဲ အပ်သော မိန်းမ ၁၄-ပါး။ ။ထို ဆယ့်လေးယောက်တို့တွင် အချို့ ကား ကျန်းမာရေးကို ထိခိုက်စေ၍ အချို့ကာ ဘာသာတရားနှင့် လောက၀တ် ဥပဒေများက တားမြစ်၍ အပြစ် ရှိသည်၊

အမရိတ ဘေသဇ္ဇကျမ်းမှ၊ ဥတုလာနေသူ၊ အလိုမရှိသူ၊ ညစ်နွမ်း မသန့်စင်သူ ၊ မချစ်ခင်သူ၊ ပြည့်တန်ဆာမ၊ အရွယ်ကြီးရင့်သူ၊ ရောဂါသည်မ၊ ကိုယ်အင်္ဂါ ချို့တဲ့သူ၊ ကိုယ်ဝန်ဆောင်မ၊ ရန်သူမ၊ အင်္ဂါဇာတ်၌ အနာရှိသူ၊ လင်ရှိသူ ၊ မာတုရက္ခိတ စသည်ရှိသူ၊ သီလရှင်မ။ (မိမိရဲ့ ဇနီးသည်ပင် ဖြစ်စေကာမူ ထို ၁၄ယောက် စာရင်း ၀င်နေလျက် မေထုန် မှီဝဲသော် ကာမေသု မိစာ စာရကံ ထိုက်သည်ဟုလည်း မှတ်သား ဖူးပါသည်။

မေထုန် မှီဝဲလွန်မှု အပြစ် ၈-ပါး။ ။ကာမသျှတြကျမ်း ။ (၁) ဘုန်းကံ ယုတ်လျော့ခြင်း ၊ (၂) ဉာဏ်ပညာ ယုတ်လျော့ခြင်း၊ (၃) ခွန်အားဗလ ယုတ်လျော့ခြင်း၊ (၄) အသား၊ အရေ၊ ဦးခေါင်း ပူလောင်ခြင်း၊ (၅) အရောင် အဆင်း ဖျော့တော့ ပျက်စီးခြင်း၊ (၆) ချောင်းဆိုး သွေးပါ အဆုပ်နာ
မြစ်ချောက် ရောဂါ စွဲကပ် တတ်ခြင်း၊ (၇) အပြင်အပရောဂါလွယ်ကူစွာ ကူးစက်နိုင်ခြင်း၊ (၈) အသက် တိုခြင်း။

မုသာဝါဒ အင်္ဂါ ၄-ပါး။ ။လူများ မုသာဝါဒသိက္ခာပုဒ် ပျက်စီးခြင်းအင်္ဂါ ၄-ပါး၊ ၎င်းင်း အင်္ဂါ၎-ပါးနှင့်ပြည့်စုံမှ သိက္ခာပုဒ်ပျက်သည်။
(၁) အတထ- မမှန်သော ၀တ္ထု၊
(၂) ၀ိ သံဝါဒ စိတ္တ- မှားယွင်းစေလိုသော စိတ်၊
(၃) တဇ္ဇ ၀ါယမ ထိုစိတ်အားလျှော်သော ကိုယ် နှုတ် လုံ့လဉပခြင်း၊
(၄) တဒတ္ထ ဇာနန- သူလိမ်တိုင်း သိရှိ ယုံကြည်ခြင်း။

မုသာဝါဒကံရဲ့ မကောင်းကျိုး ၁၆-ပါး။ ။မဟုတ်မမှန် လိမ်ညာ ပြောသူတို့ရရှိ ခံစားရသော အပြစ်မျိုး ဆယ့်ငါးပါး ဟူ၏၊ ခုဒ္ဒကပါဌ အဋ္ဌကထာမှ။
(၁) မကြည်ညိုဖွယ်ရာ ရုပ်ဆင်းရှိခြင်း၊
(၂) သွား မညီမညွတ် ရှိခြင်း၊
(၃) နား မချမ်းသာသော အသံ ရှိခြင်း၊
(၄) ၀လွန်းဆူလွန်းခြင်း၊
(၅) ပိန်လွန်း သေးလွန်းခြင်း၊
(၆) နိမ့် ပုလွန်းခြင်း၊
(၇) မြင့် ရှည်လွန်းခြင်း၊
(၈) ကြမ်းတမ်းသော အသားအရေ ရှိခြင်း၊
(၉) ခံတွင်းပါးစပ်ပုပ်ညှီခြင်း၊
(၁၀) ဆွံ့အ တုန်လှုပ်ခြင်း၊
(၁၁) သူတပါးတို့မယုံကြည်ခြင်း၊
(၁၂) တိုသော လျှာ စကားမပြီ ရှိခြင်း၊
(၁၃) လျှပ်ပေါ်တတ်ခြင်း၊
(၁၄) မိုက်မဲ တွေဝေခြင်း၊
(၁၅) ဉာဏ် ပညာ နည်းပါးခြင်း၊
(၁၆) ကြောက်ရွံ့တတ်ခြင်း။

အရက်သောက်ခြင်းအပြစ် ၆-ပါး။ ။ သုတ်ပါထေယျ။ ပါ။ ၁၄၈။ ဋ္ဌ။ ၁၂၇။ ဤ၌ မျက်မှောက် လောက ပြစ် ၆-ပါးကို ဖြေဆိုလိုက်သည်၊ သံသရာ ပြစ်လည်း ကြီးလေးလှ၏။

ဥစ္စာယုတ်ခြင်း၊ ငြင်းခုံများစွာ၊ ရောဂါထူပြော၊ ကျောစောမဲ့တုံ၊ မလုံ အင်္ဂါ၊ ပညာ နည်းရှား၊ ဤ ၆- ပါးကား၊ သောက်စား သေစာ အပြစ်တည်း။

အရက်မျိုး ၅-ပါး။ ။ လူမပြုသော်လည်း အလိုအလျောက် ဖြစ်နေ တတ်သော မေရယခေါ် အရက်မျိုး ငါးပါး။ (၁) ပုပ္ဖါသ၀- သစ်ပွင့်ရည်မှဖြစ်သောအရက်၊
(၂) ဖလာသ၀- သစ်သီးရည်မှဖြစ်သော အရက်၊
(၃) မဓွာသ၀- မုဒရက်ရည်မှ ဖြစ်သော အရက်၊
(၄) ဂုဠာသ၀- ကြံရည်မှ ဖြစ်သော အရက်၊
(၅) သမ္ဘာရသံယုတ္တ- အရက်ဖြစ်ကြောင်း ၀တ္ထုပေါင်းတို့ စုပေါင်း၍ ဖြစ်သော အရက်။

ဆက်ဖတ်ရန်
ပို့စ်တင်သူ ။.............။ မောင်သိရီ on
0 ( မှတ်ချက်ရေးချင်ရင် )
ခေါင်းစဉ်အလိုက်ပို့စ်များ |

အပါယ်လေးပါး

အပါယ်လေးပါးဆိုတာက ငရဲ၊ တိရိစ္ဆာန်၊ ပြိတ္တာ၊ အသုရကာယ်တို့ဖြစ်ပါတယ်။ အပါယ်ဆိုတာက (အပါယ) ဆိုတဲ့ပါဠိပုဒ်ကနေဆင်း သက်လာတာပါ။ (အပါယ)မှာ (အပ+အယ) ဆိုပြီးနှစ်ပုဒ်ရှိပါတယ်။ အပ= ကင်းခြင်း၊ အယ= ကုသိုလ်တရား၊ သို့မဟုတ် ချမ်းသာ။ နှစ်ပုဒ်ပေါင်းလိုက်တော့ ကုသိုလ်တို့မှကင်းခြင်း၊ ချမ်းသာတို့မှ ကင်းခြင်းလို့အဓိပ္ပါယ်ရပါတယ်။ ဆိုလိုတာက အပါယ်လေးဘုံးသားတို့မှာ ကုသိုလ်တွေမှကင်းခြင်း၊ ကုသိုလ်တရားတို့ကိုပြုလုပ်နိုင်စွမ်းမရှိခြင်း ချမ်းသာခြင်းတရားတို့မှကင်းခြင်း လို့အဓိပ္ပါယ်ရပါတယ်။ မှန်ပါတယ်။ အပါယ်လေးဘုံကိုရောက်သွားပြီဆိုရင် ကုသိုလ်တရားတွေကို ပြုလုပ်နိုင်စွမ်းမရှိသည့်အတွက် ကောင်းသောဘုံဌာနကိုပြန်ရောက်ဖို့ အင်မတန်မှခက်ခဲပါတယ်။ အကုသိုလ်ကံ အဟုန်တွေကုန်ဆုံးမှသာ ကောင်းရာဘုံကိုရောက်စေတာပါ။ ငရဲဘုံဆိုရင်လည်း ငရဲသူ၊ ငရဲသားတို့ရဲ့ ဆင်းရဲဒုက္ခက အလွန်ကြီးပါတယ်။ သံရည်ပူများနှင့်လောင်းခံရခြင်း၊ ခွေးနက်ကြီးများရဲ့ ကိုက်ခဲခြင်းကိုခံရခြင်း၊ ဓါး၊ လှံတို့ဖြင့်ထိုးခံရခြင်း စသည်ဖြင့် ဒုက္ခများစွာဖြစ်နေတဲ့နေရာ၊ ချမ်းသာဆိုလို့မြူမှုန်တစ်မှုန်မျှမရှိလို့ ငရဲလို့ခေါ်တာပါ။ ဒုက္ခများစွာဖြစ်တည် ခံစားနေရတဲ့နေရာ၊ ချမ်းသာကင်းတဲ့နေရာကို ငရဲလို့ခေါ်ပါတယ်။
အိပ်ခြင်း၊ စားခြင်း၊ ကာမဂုဏ်မှီဝဲခြင်းမှလွဲပြီး ကုသိုလ်ကံကိုမသိ၊ ကုသိုလ်ကံရဲ့ကောင်းကျိုးချမ်းသာကိုမသိ၊ အကုသိုလ်ကံကိုမသိ၊ အကုသိုလ်ကံရဲ့ဆိုးကျိုးကိုမသိ၊ ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာဆိုတာမသိ၊ နှမသားချင်းမှန်းမသိပဲ မဂ်တရား ဖိုလ်တရားတို့မှဖီလာကန့်လန့်သွားတတ်ခြင်း ကိုတိရိစ္ဆာန်လို့ခေါ်တာပါ။ တိရိစ္ဆာန်ဘဝကိုစဉ်းစားကြည့်ပါ။ မိဘ နှမသားချင်းကိုတောင် မိဘနှမသားချင်းမှန်းမသိသည့်အတွက် မှားယွင်းစွာဖောက်ပြန်မှုတွေရှိပါတယ်။ ကုသိုလ်ကို ကုသိုလ်ပါလို့နားမလည်ပါဘူး။ အကုသိုလ်ဆိုတာကိုလည်း အကုသိုလ်လို့မသိရတဲ့ဘဝပါ။ ဒါဖြင့် ယခုခေတ်အနေထားနဲ့ အကုသိုလ်အလုပ်ကို အကုသိုလ်အလုပ်လို့မသိတဲ့သူများ အထူးသတိထားသင့်ပါတယ်။ သတ္တဝါတစ်ကောင်ကို လည်ပင်းဖြတ်လို့အကုသိုလ်မဖြစ်ဘူး ကုသိုလ်ဖြစ်တယ်။ သတ်တဲ့သူမခံရဘူး၊ ဖြတ်တဲ့ဓါးပဲခံရတယ်ဆိုရင် အဲလိုပုဂ္ဂိုလ်ဟာ ဘယ်လိုအနေထားကိုရောက်သွားပြီဆိုတာသိသာပါတယ်။ ဒါကတိရိစ္ဆာန်ပါ။

ပြိတ္တာဆိုတာက ပေတ ဆိုတဲ့ပါဠိကနေဆင်းသက်လာတာပါ။ ချမ်းသာခြင်းတရားအပေါင်းတို့မှဝေးကွာသောသတ္တဝါ၊ လူ့ခန္ဓာကိုယ် အတ္တဘောမှ ကင်းကွာသွားတဲ့အတွက်ကြောင့် ပေတ(ပြိတ္တာ)လို့ခေါ်ကာ ဒီပေတအရ ပြိတ္တာဘုံကို ရောက်သွားသူတို့ကိုဆိုကြောင်း စာပေများက ဖွင့်ဆိုပြပါတယ်။ စာပေအဖွင့်တွေအရ ပြိတ္တာဆိုတာ တောခြုံပိတ်ပေါင်း တောင်စောင်းဂူလှိုဏ် စတဲ့အရပ်တွေမှာ မှီခိုပြီး ဆင်းရဲထူပြောစွာ ခံစားနေရတဲ့ သတ္တဝါတစ်မျိုးကိုဆိုကြောင်း မှတ်သားနိုင်ပါတယ်။ လူ့ပြည်လောကမှာ လူဖြစ်စဉ်က ငြူစူဝန်တိုခြင်း များပြားပြီး ကိုယ်ကိုယ်တိုင်လည်း ပေးကမ်းလှူဒါန်းခြင်းမရှိ၊ သူတပါး ပေးကမ်းလှူဒါန်းတာကိုလည်း တားမြစ်ကာ ကုသိုလ် မလုပ်ဖြစ်အောင် အန္တရာယ်ပြုခဲ့ကြတဲ့ သူတွေဟာ များသောအားဖြင့် ပြိတ္တာဘဝမှာ အဖြစ်များကြတယ်လို့ ဆိုပါတယ်။

ပြိတ္တာဘဝကို ရောက်ရှိသွားကြတဲ့ သတ္တဝါတွေဟာ မိမိတို့လုပ်ခဲ့တဲ့ မကောင်းမှုကံကြောင့် အစာရေစာ ငတ်မွတ်ခြင်း ဒုက္ခကို ခံစားကာ နှစ်ပေါင်းရာထောင် သိန်းသန်းမက ခံစားကြရသလို ဘုရားတစ်ဆူနဲ့ တစ်ဆူကြားကာလအထိ မကျွတ်မလွတ်နိုင်ဘဲ ရှိနေတတ်ကြတဲ့ ပြိတ္တာများလည်း အများအပြား ရှိကြောင်းဆိုပါတယ်။ အဲဒီလို အချိန်ကာလ ကြာမြင့်စွာ အစာရေစာ မစားမသောက်ရဘဲ ဆင်းရဲဒုက္ခကို ခံစားကြရပေမယ့် အကုသိုလ်ကံ အရှိန်မကုန်သေးတဲ့အတွက် ကွယ်လွန်သေဆုံး၊ ဘဝတုံးခြင်း မရှိသေးဘဲ အသားအသွေးမရှိ အရေအကြော အရိုးမျှသာရှိကာ အလွန်ဆိုးဝါးတဲ့ အဆင်းနဲ့ ကြောက်ရွံ့ထိတ်လန့်ဖွယ်ရာ တည်ရှိနေရတယ်လို့ ဆိုပါတယ်။

ပြိတ္တာတစ်ဦးရဲ့ အဆင်းဆိုးဝါးပုံကို ပေတဝတ္ထုမှာ ဖွင့်ပြထားတာကို တွေ့ရပါတယ်။ အဲဒီအဖွင့်အရ “ပြိတ္တာတစ်ဦးရဲ့ ကိုယ်ပမာဏဟာ ထန်းပင်လုံးပမာဏရှိပြီး ကိုယ်အရေဟာလည်း အလွန်ကြမ်းတမ်းကြောင်း၊ ဖောက်ပြန်တဲ့ဆံအမွေးရှိပြီး ကြောက်မက်ဖွယ်အဆင်းရှိကာ အလွန်ဖောက်ပြန် ဆိုးဝါးလျက် စက်ဆုတ်ရွံရှာဖွယ် အမြင်ရှိကြောင်း၊ ထိုပြိတ္တာသည် ငါးဆယ့်ငါးနှစ်လုံးလုံး ထမင်းတစ်လုံး ရေတစ်ပေါက်ကိုမျှ မရရှိဘဲ ခြောက်ကပ်သော လည်ချောင်းနှုတ်ခမ်းရှိလျက် ဆာလောင်မွတ်သိပ်ခြင်း နှိပ်စက်ကာ ဟိုဟိုဒီဒီ ပြေးလွှားနေရတတ်ကြောင်း” စသဖြင့် သိရပါတယ်။ ဒါက ဒီဝတ္ထုမှာပါတဲ့ ပြိတ္တာအကြောင်း ဖွင့်ဆိုချက်ပဲ ဖြစ်ပါတယ်။ ပြိတ္တာအမျိုးအစား များသလောက် ခံစားရပုံချင်းလည်း မတူညီလှပါဘူး။

သင်္ဂါယနာတင် အဋ္ဌကထာ ဋီကာကျမ်းအဖွင့်များအရ ယေဘုယျအားဖြင့် ပြိတ္တာအမျိုးအစား လေးမျိုးရှိကြောင်းလည်း မှတ်သားရပါတယ်။ အဲဒီလေးမျိုးက ၁။ သူတပါးတို့ ပေးအပ်တဲ့ အစားအစာကို အမှီပြုပြီး အသက်ရှင်ရသော ပရဒတ္တူပဇီဝိကပြိတ္တာ (အပေးခံပြိတ္တာ) ၂။ ထမင်းငတ်ခြင်း၊ ရေမွတ်သိပ်ခြင်းတို့ မပြတ်နှိပ်စက်ခံနေရတဲ့ ခုပ္ပိပါသိကပြိတ္တာ (အဆာခံပြိတ္တာ) ၃။ အမြဲအကြွင်းမဲ့ လောင်ကျွမ်းခံနေရတဲ့အတွက် ပူပန်ခြင်းရှိနေရသော နိဇ္ဈာမတဏှိကပြိတ္တာ (အလောင်ခံပြိတ္တာ) ၄။ အသုရကာယ်လို့ သီးသန့်ခေါ်ဆိုအပ်တဲ့ အသုရာကာယခေါ် ကာလကဉ္စိကပြိတ္တာ (ဆင်းရဲခံပြိတ္တာ) တို့ပဲ ဖြစ်ပါတယ်။ ဒီပြိတ္တာလေးမျိုးမှာ နံပါတ်တစ်အမျိုးအစား ပြိတ္တာကတော့ လူ့ဘဝက ဆွေမျိုးဉာတကာ စသူတွေရဲ့ ရည်စူးပြီး လှူဒါန်းပေးတဲ့ အလှူကို ဝမ်းမြောက်ဝမ်းသာ သာဓုခေါ်ဆိုနိုင်ပါက စားဖွယ်သောက်ဖွယ်များကို ရရှိခံစားနိုင်ကြောင်း ဆိုပါတယ်။ ဒါကပြိတ္တာပါ။

အသုရကာယ်ဆိုတာကတော့ နတ်တွေလို ရဲရင့်ခြင်း၊ တောက်ပခြင်း၊ တင့်တယ်ခြင်းကင်းနေတဲ့သတ္တဝါ၊ မှင်စာ နတ်သေးနတ်ငယ်၊ နတ်စုတ်၊ နတ်ပြတ် နတ်မွှားလေးတွေကိုခေါ်တာပါ။ (မရယ်လိုက်နဲ့နော်)။ ဒါကအပါယ်လေးဘုံပါ။ အဲဒီအပါယ်လေးဘုံကိုရောက်သွားမယ်ဆိုရင် အတော်ကြောက်စရာကောင်းပါတယ်။ ကုသိုလ်ကောင်းမှုတွေပြုလုပ်ခွင့် မရသလို ချမ်းသာခြင်းလည်းကင်းပါတယ်။ လူဘုံ လူလောကမှာကြုံဆုံနေရတဲ့ ဒုက္ခများပင် အင်မတန်မှကြောက်စရာကောင်းတယ်ဆိုရင် အပါယ်လေးဘုံသားများကြုံဆုံနေရတဲ့ ဘေးဒုက္ခများဟာ လူ့လောက…က ဒုက္ခများထက် အဆပေါင်းမြောက်များစွာ သာလွန်နေပါတယ်။

အပါယ်လေးပါးမှ လွတ်မြောက်စေနိုင်သော ကုသိုလ်(၇)မျိုး

အပါယ်လေးဘုံရောက်သွားရင်လည်း ကောင်းသောဘုံဌာနသို့ ပြန်ရောက်ဖို့ဟာ မလွယ်သောကြောင့် ထိုအပါယ်လေးဘုံမှ အပြီးပိုင်ကင်းလွတ်အောင် ဒါန သီလ အစထားပြီး ဝိပဿနာတရားများကို ကြိုးစားအားထုတ်သင့်တယ်ဆိုတာ ပြောပြချင်တာပါ။ ဝိပဿနာအားထုတ်လို့ သောတာပန်ပုဂ္ဂိုလ်အဆင့်ရောက်သွားမယ်ဆိုရင် အပြီးပိုင် အပါယ်လေးပါးက ကင်းလွတ်ပါတယ်။ ဒီဘဝမှာ တပည့်တော်တို့ ဝိပဿနာတော့ကြိုးစား အားထုတ်ပါမယ်။ ဒါပေမယ့် သောတာပန်တည်၊ မတည်ဆိုတာတော့အာမခံလို့မရပါ။ သောတာပန်မတည်ရင်ရော အပါယ်လေးပါးကမလွတ်တော့ဘူးလား။ ဒီဘဝကနေပြီးတော့ အပါယ်လေးပါးလွတ်မြောက်ချင်ရင် ဘယ်လိုကောင်းမှုတွေပြုလုပ်ရမလဲ။ ဘယ်လိုကောင်းမှုတွေပြုလုပ်ရင် အပါယ်လေးပါးလွတ်ကင်းမလဲ-စသည်ဖြင့်ပေါ့လေ၊ မေးဖွယ်ရာရှိပါတယ်။ အဲဒီတော့ နောက်ဘဝ အပါယ်လေးပါးက လွတ်မြောက်ချင်ရင် အပါယ်လေးပါးရောက်ကြောင်း (တနည်း) အပါယ်လေးပါးက လွတ်မြောက်စေနိုင်တဲ့ ကုသိုလ်တွေရှိနေပါတယ်။ အဲဒီကုသိုလ်တွေက ခုနစ်မျိုးရှိပါတယ်။ အဲဒါတွေကဘာတွေလဲလို့ဆိုတော့

(၁) သရဏဂုံကုသိုလ်
ဘုရား၊တရား၊သံဃာတော်များရဲ့ ဂုဏ်များကို မိရိုးဖလာဗုဒ္ဓဘာသာ လိုမကိုးကွယ် မဆည်းကပ်ပဲ တကယ့်စစ်မှန်သော ခိုင်မြဲသော သဒ္ဓါ၊ ပညာဦးစီးတဲ့ စိတ်ထားနဲ့ ကြည်ညိုခြင်းလို့ဆိုတဲ့ (သရဏဂုံကုသိုလ်)။ အဲဒီကုသိုလ်မျိုးရှိထားရင် အပါယ်လေးပါးက လွတ်မြောက်ပါတယ်။ (သောတာပန်ပုဂ္ဂိုလ်တွေ အပါယ်လေးပါးကလွန်မြောက်သလို ဒီကုသိုလ်လေးရှိထားရင် သောတာပန်ပုဂ္ဂိုလ်နဲ့အဆင့်ချင်းတူပါတယ်။)

(၂)ငါးပါးသီလမြဲခြင်း(ပဉ္စသီလကုသိုလ်)
ငါးပါးသီလမြဲတဲ့ပုဂ္ဂိုလ်ဟာလည်း အပါယ်လေးပါးကလွတ်မြောက်ပါတယ်။ (သောတာပန်ပုဂ္ဂိုလ်တွေ အပါယ်လေးပါးက လွတ်မြောက်သလို ဒီကုသိုလ်လေးရှိထားရင် သောတာပန်ပုဂ္ဂိုလ်နဲ့အဆင့်ချင်းတူပါတယ်။)

(၃) စာရေးတံ မဲချခြင်းကုသိုလ်
ဆိုလိုတာက သီတင်းကျွတ်ကာလမှာဆိုရင် ကျောင်းတိုက်များမှ သံဃာများကို မဲချပြီး ကျတဲ့ သံဃာတော်ကို ဆွမ်းစတဲ့ လှူဘွယ်ပစ္စည်းများကို ပေးလှူတဲ့ကုသိုလ်မျိုးပါ။ ကထိန်ရာသီမှာဆိုရင် ပဒေသာပင်များလှူဒါန်းတဲ့ ကုသိုလ်ပါ။ မိမိလှူလိုက်တဲ့ပစ္စည်းဝတ္ထုများကို မဲပေါက်တဲ့ ကျောင်းတိုက်က သံဃာတော်များကို ကပ်လှူခြင်းဖြစ်ပါတယ်။ မိမိလှူလိုက်ပြီဆိုတည်းက ပုဂ္ဂိုလ်ကိုမငဲ့ကွက်ပဲ (ဆိုလိုတာက ငါနဲ့ သိတဲ့ဦးဇင်းအတွက် ငါတို့ကိုးကွယ်နေတဲ့ကျောင်းအတွက်) ဆိုပြီး ပုဂ္ဂိုလ်ကိုမငဲ့ပဲ ကျရာသံဃာတော်တွေ ချမ်းချမ်းသာသာသုံးဆောင်မှီဝဲစေလိုတဲ့အတွက် သံဃာ့ဂုဏ်ကိုရည်မှန်းပြီး လှူဒါန်းတဲ့အလှူမျိုးကို ခေါ်မယ်ဆိုရင်ခေါ်လို့ရပါတယ်။ ဒါကိုစာရေးတံဆွမ်းဝတ်လို့ခေါ်တာပါ။ အလွယ်မှတ်ချင်ရင် စာရေးတံမဲချတဲ့ကုသိုလ်လို့မှတ်လိုက်ပါ။ အဲဒီကုသိုလ်ဟာ အင်မတန်မှပြုရလွယ်ပြီး အကုန်အကျနည်းပေမယ့် ရလိုက်တဲ့အကျိုးတရားကတော့ အပါယ်လေးပါးကတောင် လွတ်မြောက်တယ်ဆိုတော့ အင်မတန်ကိုမှ အကျိုးကျေးဇူးများပါတယ်။ ဒီကုသိုလ်များဟာ တကယ်ဘုန်းရှင်ကံရှင်များဖြစ်တဲ့ဗုဒ္ဓဘာသာဝင်များသာ ပြုလုပ်ခွင့်ရတဲ့ ဒါနမျိုးပါ။ ဗုဒ္ဓဘာသာဖြစ်ရတာ အင်မတန်ကျေနပ်စရာကောင်းပါတယ်။ (သောတာပန်ပုဂ္ဂိုလ်တွေ အပါယ်လေးပါးကလွန်မြောက်သလို ဒီကုသိုလ်လေးရှိထားရင် သောတာပန်ပုဂ္ဂိုလ်နဲ့အဆင့်ချင်းတူပါတယ်။)

(၄) ပက္ခိယဘတ်လို့ခေါ်တဲ့ ကုသိုလ်
မိမိတို့ကိုးကွယ်နေတဲ့ ကျောင်းတိုက်များကို တစ်လဆွမ်းတစ်ချိုင့်ဖြစ်စေ၊တစ်လဆွမ်းနှစ်ချိုင့်ဖြစ်စေ လှူတဲ့အလှူကိုခေါ်တာပါ။ လဆန်းပက္ခမှာလှူရင် လဆန်းပက္ခဆွမ်းပေါ့၊ လဆုတ်မှာလှူရင် လဆုတ်ပက္ခဆွမ်းလို့ခေါ်တာပါ။ အဲဒီလို တစ်လကို နှစ်ကြိမ်ဖြစ်စေ၊ တစ်ကြိမ်ဖြစ်စေ လှူတဲ့အလှူဒါနမျိုးကို (ပက္ခိယဘတ္တ) ကုသိုလ်လို့ခေါ်ပါတယ်။ ဒီကုသိုလ်လေးက ငွေကုန်ကျေးကျလည်းနည်းပါတယ်။ ပင်ပန်းမှုလည်းမကြီးလေးပဲ ရလိုက်တဲ့ကုသိုလ်က အပါယ်လေးပါးလွတ်မြောက်တဲ့အထိ အကျိုးကျေးဇူးများပါတယ်။ ဒီကုသိုလ်ကိုလည်း အသက်ထက်ဆုံးပြုလုပ်ပါလို့ တိုက်တွန်းလိုတာပါ။ (သောတာပန်ပုဂ္ဂိုလ်တွေ အပါယ်လေးပါးကလွန်မြောက်သလို ဒီကုသိုလ်လေးရှိထားရင် သောတာပန်ပုဂ္ဂိုလ်နဲ့အဆင့်ချင်းတူပါတယ်။)

(၅) ဝေဿဝါသိက ကုသိုလ်
ဝါဆိုသင်္ကန်းကပ်လှူတဲ့ကုသိုလ်ပါ။ နှစ်စဉ်နှစ်တိုင်း ဝါဆို ဝါကပ်တော်မူကြတဲ့ သံဃာတော်အရှင်မြတ်များကို နှစ်စဉ်နှစ်တိုင်းဝါဆိုသင်္ကန်း ကပ်လှူမယ်ဆိုရင် (မှတ်ချက် မိမိတတ်နိုင်သလောက်ပေါ့နော် တစ်စုံတတ်နိုင်ရင်တစ်စုံ။ နှစ်စုံတတ်နိုင်ရင်နှစ်စုံပေါ့) အဲဒီကုသိုလ်ဟာလည်း ပြုလုပ်လိုက်တဲ့ကုသိုလ်လေးက သေးပေမယ့်ရလိုက်တဲ့အကျိုးက အပါယ်လေးပါးကတောင် လွတ်မြောက်ခြင်းဆိုတဲ့ အကျိုးမျိုးကိုခံစားရတာပါ။ သောတာပန်ပုဂ္ဂိုလ်နဲ့ အလားသဏ္ဍန်တူတယ်လို့ဆိုပါတယ်။ သောတာပန်ပုဂ္ဂိုလ်ဟာ အပါယ်လေးပါးကလွတ်မြောက်သလို ဒီကုသိုလ်ကို နှစ်စဉ်နှစ်တိုင်း လုပ်သွားမယ်ဆိုရင် စိတ်သာချပါ။ အပါယ်လေးပါးကလွတ်မြောက်ပါတယ်။

(၆) ဧကောအာဝါသော ဆိုတဲ့ကုသိုလ်
ကျောင်းတစ်ဆောင်ဖြစ်စေ၊ ဇရပ်တစ်ဆောင်ဖြစ်စေ လှူဒါန်းတဲ့ အလှူဒါနကိုဆိုလိုခြင်းဖြစ်ပါတယ်။ ကျောင်းတစ်ဆောင်လုံး တပည့်တော်တို့မတတ်နိုင်ပါဘူးဘုရားဆိုရင်တော့ တစ်ဆောင်လုံးမတတ်နိုင်ရင် တတ်နိုင်သလောက်လှူပါလို့ပြောချင်ပါတယ်။ အဓိက ကျောင်းဆောက်တဲ့ကုသိုလ်ထဲမှာ မိမိရဲ့ ဒါနပါဖို့သာ အရေးကြီးပါတယ်။ အဲဒီကုသိုလ်ဟာလည်း ကျန်တဲ့ကောင်းကျိုးချမ်းသာကိုမပြောလိုတော့ပါဘူး။ အပါယ်လေးပါးက လွတ်မြောက်ခြင်းဆိုတဲ့ အဆင့်မြင့်တဲ့ အကျိုးကိုပဲပြောချင်ပါတယ်။ အဲလို ကျောင်းတစ်ဆောင်၊ ဒါမှမဟုတ် တတ်နိုင်သလောက်လှူဒါန်းလိုက်မယ်ဆိုရင် အပါယ်လေးပါးကလွတ်မြောက်ပါတယ်။ သောတာပန်ပုဂ္ဂိုလ်နဲ့အလားတူဖြစ်ပါတယ်။ ဒီကုသိုလ်ကိုလည်း တတ်နိုင်သလောက်လှူဒါန်းပါလို့ ပြောပြအသိပေးပါတယ်။

(၇) ဧကာပေါက္ခရဏီ
ရေတွင်းရေကန်များကိုတူးဖော်ခြင်း၊ လှူဒါန်းခြင်း၊ ရေတွင်းရေကန်အဟောင်းများကိုပြုပြင်လှူဒါန်းခြင်းဆိုတဲ့ကုသိုလ်မျိုးပါ။ အဲလောက်ထိ မလုပ်နိုင်သေးဘူးဘုရားဆိုရင် မိမိအိမ်ရှေ့မှာဖြစ်စေ၊ လမ်းထောင့်တစ်နေရာရာမှာဖြစ်စေ ရေအိုးစင်လေးဆောက်ပြီး သောက်ရေအိုးလေး တည်ထားမယ်ဆိုရင်လည်းရပါတယ်။ အဲလောက်ထိမလုပ်နိုင်ဘူးဆိုရင် အောက်ထစ်ဆုံး ရေသန့်ဗူးလေးကိုတည်ထားပြီး ခရီးသွား ရဟန်း၊ ရှင်၊ လူများသောက်သုံးဖို့ တည်ထားမယ်ဆိုရင်လည်း အဲဒီဒါနဟာ ငွေကြေးနဲ့တိုင်းတာမယ်ဆိုရင် သေးပေမယ့် ရလိုက်တဲ့ အကျိုးက အပါယ်လေးပါးလွတ်မြောက်တဲ့အထိ တန်ဘိုးလည်းကြီး အကျိုးလည်း များပါတယ်။ သောတာပန်ပုဂ္ဂိုလ်များနဲ့ အလားတူဖြစ်တာပါ။

ဒါဖြင့်ရင် အားလုံးသော ဒကာ ဒကာမများ ဆိုခဲ့ ကုသိုလ်(၇)မျိုးထဲက တစ်မျိုးကိုဖြစ်စေ၊ နှစ်မျိုးကိုဖြစ်စေ၊ (၇)မျိုးလုံးကိုဖြစ်စေ အမြဲဝတ်ထားပြီး ပြုလုပ်မယ်ဆိုရင် မြတ်စွာဘုရားက သောတာပန်ပုဂ္ဂိုလ်နှင့်အလားတူပါတယ်၊ သောတာပန်ပုဂ္ဂိုလ်များ အပါယ်လေးပါးက လွတ်မြောက်သလို အဲဒီကုသိုလ်များကို အမြဲပြုလုပ်တဲ့ ပုဂ္ဂိုလ်များလည်း အပါယ်လေးပါးက လွတ်မြောက်ပါတယ်လို့ သေသေချာချာဟောထားခဲ့တာပါ။ တစ်ကြိမ်လောက်လုပ်ပြီး အပါယ်လေးပါးက လွတ်မြောက်ချင်လို့တော့ မရဘူးနော်၊ (နိဗဒ္ဓ)ဆိုတဲ့ပါဠိက ပါနေတော့ အမြဲဝတ်ထားပြီး ပြုလုပ်ရမယ်လို့ပြောတာပါ။ ဝါဆိုသင်္ကန်းဆိုလည်း နှစ်စဉ်၊ စာရေးတံမဲဆိုရင်လည်း နှစ်စဉ်၊ ဆွမ်းချိုင့်ဆိုရင်လည်း လစဉ်၊ ရေအိုးစင်ဆိုရင်လည်းနေ့စဉ်နေ့တိုင်းပေါ့။ ရတနာသုံးပါးကိုလည်း အသက်ထက်ဆုံးကိုးကွယ်ဆည်းကပ်ရမယ်။ ငါးပါးသီလကိုလည်း အတတ်နိုင်ဆုံးစောင့်ထိန်းမယ်ဆိုရင် အပါယ်လေးပါးကလွတ်မြောက်ပါတယ်လို့ တိုက်တွန်း အသိပေးချင်တာပါ။ အားလုံးသော ဒကာ၊ ဒကာမ များ မိမိနှင့်ပတ်သတ်တဲ့ဆွေမျိုး မိတ်ဆွေ အပေါင်းသင်းများကိုလည်း ဒီကုသိုလ်(၇)ချက်ကို တစ်ဆင့်ပြောပြပေးပါလို့တိုက်တွန်းချင်ပါတယ်။ ပြီးတော့ မိမိကိုယ်တိုင်လည်း တတ်နိုင်သလောက် တစ်မျိုးကိုဖြစ်စေ၊ နှစ်မျိုးကိုဖြစ်စေ၊ (၇)မျိုးလုံးကိုဖြစ်စေ ဝတ်ထားပြီး အားထုတ်ပါလို့တိုက်တွန်းလိုက်ရပါတယ်။

အားလုံးကိုယ်စိတ်နှစ်ပါးကျန်းမာချမ်းသာကြပါစေ၊ သာသနာတော်အကျိုးကိုလည်း ဆောင်ရွတ်နိုင်တဲ့သာသနာပြု အမျိုးကောင်းသား၊ အမျိုးကောင်းသမီးများဖြစ်ကြပါစေ။

ရေးသူ။ ။အရှင်ဝိမလဝံသ (နာလန္ဒာတက္ကသိုလ်)

ဆက်ဖတ်ရန်
ပို့စ်တင်သူ ။.............။ မောင်သိရီ on
0 ( မှတ်ချက်ရေးချင်ရင် )
ခေါင်းစဉ်အလိုက်ပို့စ်များ |

၁။ ဘုရားရှင်အားလှူဒါန်းခြင်း
၂။ ပစ္စေကဗုဒ္ဓါတို့အားလှူဒါန်းခြင်း
၃။ ဘုရားတပည့်သား ရဟန္တာပုဂ္ဂိုလ်အား လှူဒါန်းခြင်း
(သို့) အရဟတ္တဖိုလ်၌တည်သော ပုဂ္ဂိုလ်အား လှူဒါန်းခြင်း
၎။ အရဟတ္တဖိုလ်ကို မျက်မှောက်ပြုရန် ကျင့်ကြံနေသောပုဂ္ဂိုလ်အား လှူဒါန်းခြင်း
(သို့) အရဟတ္တမဂ်၌တည်သော ပုဂ္ဂိုလ်အား လှူဒါန်းခြင်း
၅။ အနာဂါမ်ပုဂ္ဂိုလ်အား လှူဒါန်းခြင်း
(သို့) အနာဂါမိဖိုလ်၌တည်သော ပုဂ္ဂိုလ်အား လှူဒါန်းခြင်း
၆။ အနာဂါမိဖိုလ်ကို မျက်မှောက်ပြုရန် ကျင့်ကြံနေသောပုဂ္ဂိုလ်အား လှူဒါန်းခြင်း
(သို့) အနာဂါမိမဂ်၌တည်သော ပုဂ္ဂိုလ်အား လှူဒါန်းခြင်း
၇။ သကဒါဂါမ်ပုဂ္ဂိုလ်အား လှူဒါန်းခြင်း
(သို့) သကဒါဂါမိဖိုလ်၌တည်သော ပုဂ္ဂိုလ်အား လှူဒါန်းခြင်း
၈။ သကဒါဂါမိဖိုလ်ကို မျက်မှောက်ပြုရန် ကျင့်ကြံနေသောပုဂ္ဂိုလ်အား လှူဒါန်းခြင်း
(သို့) သကဒါဂါမိမဂ်၌တည်သော ပုဂ္ဂိုလ်အား လှူဒါန်းခြင်း
၉။ သောတာပန်ပုဂ္ဂိုလ်အား လှူဒါန်းခြင်း
(သို့) သောတာပတ္တိဖိုလ်၌တည်သော ပုဂ္ဂိုလ်အားလှူဒါန်းခြင်း
၁၀။ သောတာပတ္တိဖိုလ်ကို မျက်မှောက်ပြဲုရန် ကျင့်ကြံနေသောပုဂ္ဂိုလ်အား လှူဒါန်းခြင်း
(သို့) သောတာပတ္တိမဂ်၌တည်သော ပုဂ္ဂိုလ်အား လှူဒါန်းခြင်း
၁၁။ သာသနာပ အခါ ဈာန်အဘိညာဉ်ရသော ရသေ့တို့အား လှူဒါန်းခြင်း
၁၂။ သီလရှိသော လူ ပုထုဇဉ်တို့အား လှူဒါန်းခြင်း
၁၃။ သီလမဲ့သော လူ ပုထုဇဉ်တို့အား လှူဒါန်းခြင်း
၁၄။ တိရစ္ဆာန်တို့အား လှူဒါန်းခြင်း


လင်္ကာ။ ။ ဘုရားမြတ်စွာ၊ ပစ္စေကာနှင့်၊ ရိယာရှစ်ဝ၊ ဈာန်ရ ဗာဟီ၊ နှစ်လီ ပုထုဇဉ်၊ တိရစ္ဆာန်၊ လှူခံ တစ်ကျိပ်လေး။

ဆက်ဖတ်ရန်
ပို့စ်တင်သူ ။.............။ မောင်သိရီ on
0 ( မှတ်ချက်ရေးချင်ရင် )
ခေါင်းစဉ်အလိုက်ပို့စ်များ |

ဒိန်းမတ်နိုင်ငံသည် ၂၀၂၀ခုနှစ်တွင် အစားပြန်ရနိုင်သော အရင်းအမြစ်များမှ စွမ်းအင် ၃၅ ရာခိုင်နှုန်းကို ထုတ်ယူမည်ဖြစ်ပြီး၊ ၂၀၅၀ ခုနှစ်တွင် ၁၀၀ ရာခိုင်နငန်း ထုတ်ယူရန်ရည်ရွယ်ထားသည်။
ဒိန်းမတ်အစိုးရသည် ၂၀၂၀ခုနှစ်အတွက် သဘာဝစွမ်းအင်ထုတ်ယူရေးနှင့် ကာဘွန် လျှော့ချရေး သတ် မှတ်ချက်များကို တိုးမြှင့်လိုက်သည်။ ထို့ပြင်၊ ချမှတ်ပြီးခဲ့သမျှ သဘောတူညီချက်များတွင် ဤစီမံကိန်းသည် အကြီးမားဆုံး၊ သဘာဝနှင့် အညီညွတ်ဆုံး၊ အတာရှည်ဆုံး သဘောတူညီချက်အဖြစ် ထောပနာပြုလိုက်သည်။
တိုင်းပြည်မှာ ရေနံနှင့် ဓာတ်ငွေ့ မသုံးတော့ရန် ရည်စူးသောအားဖြင့် ချမှတ်ထားသော ရည်မှန်းချက်သစ်များကို လွှတ်တော်က သဘောတူ လိုက်ပြီဖြစ်ကြောင်း ဒိန်းမတ်နိုင်ငံ၏ ရာသီဥတု၊ စွမ်းအင်နှင့် အဆောက်အဦးများ ဆိုင်ရာ ၀န်ကြီးဖြစ်သူ မာတင်လစ်ဒီဂါး (Martin Lidegaard)က အတည်ပြုပြောကြားခဲ့သည်။
ရည်ရွယ်ထားသည်မှာ ဖန်လုံအိမ်ဓါတ်ငွေ့ထုတ်လွှတ်မှုကို (၂၀၂၀)ခုနှစ်တွင် (၁၉၉၀)ခုနှစ် ထုတ်လွှတ်မှု၏ ၃၄ ရာခိုင်နှုန်း လျှော့ချရန်နှင့် လောင်စာစွမ်းအင်သုံးစွဲမှုကိုမူ (၂၀၀၆)ခုနှစ် သုံးစွဲမှု၏ ၁၂ ရာခိုင်နှုန်း ကျော်ကျော် လျှော့ချပစ်ရန် ဖြစ်သည်။
စွမ်းအင် စုစုပေါင်း၏ ၃၅ ရာခိုင်နှုန်းကို အစားပြန်ရနိုင်သော အရင်းအမြစ်များမှနေ၍ ထုတ်ယူရန်နှင့် ရရှိမည့်စွမ်းအင် ထက်ဝက်ကို လေအင်အားထုတ်ယူရေးလုပ်ငန်းများမှနေ၍ ထုတ်ယူရန်လည်း ရည်ရွယ်ထားသည်။ သဘောတူချက်တွင် အစားပြန်၍ရနိုင်သော အပူဓါတ်ထုတ်လုပ်မှု၊ ခေတ်မီလျှပ်စစ်ဓါတ်အားပို့ဆောင်ရေး စနစ်(smart grids)၊ ဇီဝဓါတ်ငွေ့နှင့် အခြားသော သဘာဝပတ်ဝန်းကျင်နှင့် ညီညွတ်သော နည်းပညာ များကို တိုးမြင့်ဆောင်ရွက်သွားမည်ဟုလည်း ပါရှိသည်။
“ဒိန်းမတ်နိုင်ငံဟာ သဘာဝပတ်ဝန်းကျင်နဲ့ ညီညွတ်တဲ့ စွမ်းအင်သုံးစွဲမှုဆီ ကူးပြောင်းရာမှာ ကမ္ဘာ့ရှေ့ဆောင်တိုင်းပြည် ဖြစ်လာပြန်အုံးတော့မယ်။ ဒီလိုလုပ်ခြင်းအားဖြင့် ကျနော်တို့ဟာ အနာဂတ်မှာ ရေနံနဲ့ သဘာဝ ဓါတ်ငွေ ဈေးနှုန်းတွေ မြင့်တက်လာမယ့် အရေးအတွက်လည်း ကြိုတင်ပြင်ဆင်ထားရာရောက်ပါလိမ့်မယ်။ ဒါ့အပြင် ခုချိန်မှာရော၊ လာမယ့်နှစ်တွေမှာရော ကျနော်တို့မှာ ဖန်တီးပေးဖို့ အလွန်တရာ လိုအပ်နေတဲ့ အ လုပ်နေရာတွေကိုလည်း ဖန်တီးပေးနိုင်ပါလိမ့်မယ်။ ”ဟု လစ်ဒီဂါးက ဆိုပါသည်။
ဤသဘောတူချက်ကြောင့် ဒိန်းမတ်နိုင်ငံသည် (၂၀၅၀)ခုနှစ်တွင် အစားပြန်ရနိုင်သော အရင်းအမြစ်များမှ နေ၍ စွမ်းအင်လိုအပ်ချက် ၁၀၀ ရာခိုင်နှုန်းကို ထုတ်ယူကာ၊ လျှပ်စစ်ဓါတ်အားပေးရေးလုပ်ငန်း၊ အပူပေးရေးလုပ် ငန်း၊ စက်မှုလုပ်ငန်း၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်းတို့အပါအ၀င် လုပ်ငန်းများအတွက် စွမ်းအင်ထောပ်ပံ့ နိုင်တော့မည်ဖြစ်သည်။
ဤ စီမံကိန်းသည် ဈေးနှုန်း မတည်ငြိမ်သော ရုပ်ကြွင်းလောင်စာများအပေါ် အားထားနေရမှုကို သက်သာ စေသည်။ ဤသို့ဖြင့် စွမ်းအင်သုံးစွဲသူများအဖို့ စွမ်းအင် ကုန်ကျစားရိတ်မြင့်တက်မလာအောင် တားဆီးပေး နိုင်မည်ဖြစ်သည်ဟုလည်း လစ်ဒီဂါးက ပြောသေးသည်။
ဤ စီမံကိန်းသည် ဥရောပသမဂ္ဂ၀င်နိုင်ငံများ၏ လက်ရှိ ကာဘွန်ထုတ်လွှတ်မှု လျှော့ချရေးလျာထားချက် ၂၀ ရာခိုင်နှုန်းမှနေ၍ ၃၀ ရာခိုင်နှုန်းအထိတိုးမြင့်ရေး ကြိုးပမ်းမှုကိုလည်း အားပေးရာရောက်နိုင်ပါသည်။
မတ်လ စောစောပိုင်းက ပိုလန်တနိုင်ငံတည်းသာ ဤအလှည့်အပြောင်းကိစ္စနှင့်ပတ်သက်၍ ကန့်ကွက်မဲပေး ခဲ့သည်။ ဤစီမံကိန်းမျိုးကို အခြားတိုင်းပြည်များ ဦးစွာချမှတ်သည်အထိ ဥရောပသမဂ္ဂနိုင်ငံများ စောင်စား နေသင့်သည်ဟု ဆိုသည်။
မောင်မောင်သန်း

ဆက်ဖတ်ရန်
ပို့စ်တင်သူ ။.............။ မောင်သိရီ on Friday 13 April 2012
0 ( မှတ်ချက်ရေးချင်ရင် )
ခေါင်းစဉ်အလိုက်ပို့စ်များ |

အမျိုးသားအဆင့် စစ်တမ်းအရ ဗြိတိန် အွန်လိုင်း အိုးပန်းတက္ကသိုလ် Open University မှာ အဆင့် ၃ နေရာတွင် ရှိနေလေသည်။ တက္ကသိုလ်၏ ဒုတိယပါမောက္ခချုပ်ဖြစ်သူ မာတင်ဘင်းက ကျေနပ်ဂုဏ်ယူစွာဖြင့် ပြောကြားလိုက်သည်။
လက်ရှိ ဘွဲ့သင်တန်း ကျောင်းသား ၂ သိန်း ၆ သောင်းကျော်တို့ သင်တန်းကြေးငွေပေးပြီး တက်ရောက်နေသည့်အပြင် နိုင်ငံတကာမှလည်း အခမဲ့ ဘာသာရပ်တို့ကို လေ့လာလျက်ရှိနေလေသည်။ ဤအညွန်းကိန်းများအရ သိသာနိုင်ပါသည်။

များမကြာမီမှာတင် ဘာသာရပ်တို့ကို လေ့လာရန် ဒေါင်းလုပ်လုပ်သူ ၅ သန်းပြည့်တော့မည်။ ၉၀ ရာခိုင်နှုန်းမှာ ဗြိတိန်ပြင်ပ တိုင်းပြည်များက ဖြစ်သည်။ နာမည်ကျော် အောက်စဖို့နှင့် ကင်းဘရစ်တက္ကသိုလ်ကြားနေရာတွင် OU မှာ တည်ရှိနေပြီဖြစ်သည်။ ဘွဲ့သင်တန်းတို့ကို အွန်လိုင်းလေ့လာရာတွင် နက်နက်ရှိုင်းရှိုင်းနှင့် ကျယ်ကျယ်ပြန့်ပြန့် သင်ယူလေ့လာနိုင်ကြခြင်း၊ သင်ကြားပို့ချနိုင်ခြင်းတို့ ရှိနေကြောင်း သိရှိရပါသည်။ သုတေသနအရလည်း ထောက်ခံလျက်ရှိနေသည်။
မမျှော်လင့်ထားသည့် အချက်များမှာလည်း OU က အောင်မြင်မှု ရရှိနေလေသည်။ research သုတေသနလေ့လာမှုများတွင်လည်း ဗြိတိန်၏ ထိပ်တန်း တက္ကသိုလ် ၃ ခုတွင် OU ပါရှိနေခြင်းပင်ဖြစ်သည်။
"စတည်ထောင်ခဲ့တဲ့ ပထမဆုံးနေ့ကတည်းကကို OU ဟာ ကြီးထွားလာနိုင်ပြီး အောင်မြင်နိုင်စွမ်း ရှိနေတယ်ဆိုတာကို ကျနော်တို့ သိထားခဲ့ပါတယ်။" ဒု-ပါမောက္ခချုပ်က ဆိုပါသည်။
"OU တွင် ကိုယ်ပိုင်သုတေသနလုပ်မှုတွေကနေ သင်ကြားမှု- သင်ယူမှုနည်းလမ်းတွေနဲ့ သင်ထောက်ကူတွေကို ဖြည့်ဆည်းပေး ပါတယ်။ သုတေသနရလဒ်တွေရဲ့ အကျိုးက တန်ဖိုးရှိလှပါတယ်။ သင်ကြားမှုအပေါ် အများကြီး သက်ရောက်မှု ရှိနေတယ်။"
မဲလဘုန်းမြို့ဇာတိဖြစ်သူ Mr. Bean က သိပ္ပံနှင့် နည်းပညာတိုးတက်ထွန်းကားလာမှုကြောင့် ပညာရေးမှာ လူတိုင်း လက်လှမ်းမီသည့် အရာဖြစ်လာကြောင်းဆိုပါသည်။
ဆရာ-ကျောင်းသား အပြန်အလှန် ဆက်သွယ်ပြီး သင်ယူခြင်း-သင်ကြားခြင်းတို့လည်း ပြုလုပ်နိုင်သော အွန်လိုင်းတက္ကသိုလ် ဘွဲ့သင်တန်းများဖြစ်သည်။ လက်ရှိ နည်းပြဆရာကျူတာ ၇ ထောင်ကျော်ရှိနေကြောင်း မစ္စတာဘင်းကဆိုပါသည်။
"ကျောင်းသားတိုင်းကို ဘာသာရပ်အလိုက် သက်ဆိုင်ရာ ကျူတာ တစ်ဦးစီထားပေးပါတယ်။ ဆရာ-ကျောင်းသား အပြန်အလှန်ဆက်သွယ်မှု၊ ဆွေးနွေးမှု၊ သင်ခန်းစာလေ့လာမှုတွေက သိပ်ကို အားရစရာကောင်းလှတယ်။ ပညာရဲ့ အနှစ်သာရကို ဖေါ်ကျူးနိုင်ပါတယ်။"
မောက္ခနိုင်ငံပညာရေးသတင်း

ဆက်ဖတ်ရန်
ပို့စ်တင်သူ ။.............။ မောင်သိရီ on
0 ( မှတ်ချက်ရေးချင်ရင် )
ခေါင်းစဉ်အလိုက်ပို့စ်များ |


လူဦးရေ ၄.၄ သန်းရှိတဲ့ နယူးဇီလန်နိုင်ငံမှာ ၀ိုင်၊ သိုးမွှေးနဲ့ လှပတဲ့ သဘာဝရှုမြင်ကွင်းတွေကြောင့် ထင်ရှားကျော်ကြားသည်။ သို့သော် ပြီးခဲ့တဲ့ ဆယ်စုနှစ်တွေအတွင်း နယူးဇီလန်အစိုးရက အမေရိကန်ပြည်ထောင်စု၊ ဗြိတိန်နဲ့ ဩစတြေးလျတို့လို အရည်သွေးမှီ အဆင့်မြင့် ပညာရေးဖြင့် နိုင်ငံရပ်ခြားကျောင်းသားတွေကို ဆွဲဆောင်ဖို့ ကြိုးစားလာခဲ့သည်။
အခု နယူးဇီလန်က နိုင်ငံတကာကို ပညာတင်ပို့မှု (education export) မှာ ကမ္ဘာ့အဆင့် ၅ နေရာကို ရောက်ရှိလာသည်။ နိုင်ငံတကာကျောင်းသားတွေကို အဆင့်မြင့်ပညာ ရောင်းချမှုဖြင့် တစ်နှစ်ကို ဒေါ်လာ ၂.၅ ဘီလီယံ ရရှိနေသည်။
နယူးဇီလန် အစိုးရက နောက် ၁၅ နှစ်အတွင်း ပညာရောင်းချမှုဖြင့် တိုင်းပြည်စီးပွားရေး နှစ်ဆတိုးစေဖို့အတွက် တက္ကသိုလ်တွေမှာ ဘတ်ဂျက်မြှင့်သုံးခြင်း၊ အင်စတီကျူးရှင်းတွေ နိုင်ငံတာအဆင့်မှီအောင် ပြုပြင်ခြင်း၊ တနိုင်ငံလုံး ကျွမ်းကျင်လုပ်သား အင်အားစု အဆင့်ရောက်အောင် မြှင့်ခြင်းတို့ကို ဆောင်ရွက်နေသည်။
ဒါပေမဲ့ နယူးဇီလန်အတွက် အဓိကစိန်ခေါ်မှုက အိမ်နီးချင်း ဩစတြေးလျဖြစ်သည်။ ဩစတြေးလျက နှစ်ပေါင်းများစွာ နိုင်ငံတကာ ကျောင်းသားတို့ ကျက်စားရာ ဒေသကြီးဖြစ်သည်။ ဒါကြောင့် တက္ကသိုလ်တွေကို အိမ်နီချင်းနဲ့ ယှဉ်ပြိုနိုင်ဖို့ ပြီးခဲ့တဲ့နှစ်တွေမှာ အစိုးရက နည်းလမ်းပေါင်းစုံနဲ့ ကြိုးစားသည်။ နယူးဇီလန် ဗီဇာကို လွယ်လွယ်ကူကူရအောင် သက်ဆိုင်သံရုံးတွေက စီစဉ်ပေးသည်။ နိုင်ငံတကာ Ph.D ကျောင်းသားတွေအတွက် ကျောင်းစရိတ် လျော့ချပေးထားသည်။
နယူးဇီလန်တက္ကသိုလ်တွေနဲ့ ပုဂ္ဂလိက ကောလိပ်တွေမှာ နိုင်ငံတကာကျောင်းသား ၁ သိန်းကျော်ရှိသည်။ အစိုးရက ၂၀၂၅ မှာ နိုင်ငံတကာ ကျောင်းသား ၂ သိန်းအထိ တိုးတက်လာစေဖို့ ပြင်ဆင်နေသည်။ မနှစ်က အစိုးရက ‘နယူးဇီလန် ပညာရေး အေဂျင်စီ’ ထောင်ပြီး၊ ဒ်ါလာ ၁၀ သန်း အကုန်ကျခံကာ အာရှနိုင်ငံတွေမှာ ပညာရေး ပရိုမိုးရှင်းပွဲတွေ လုပ်ခဲ့သည်။
သို့နှင့်တိုင် နယူးဇီလန် အနေဖြင့် ဩစတြေးလျနဲ့ယှဉ်ရင် နိုင်ငံတကာ ပညာရေးဈေးကွက်မှာ မျက်နှာသာရမှု အားနည်းသေးသည်။ တစ်ဖက်က အမေရိကန်တက္ကသိုလ်တွေကလည်း ဈေးကွက် အရမ်းမြှင့်လာတဲ့အတွက် စိုးရိမ်မှုတွေ ဖြစ်လာပြီး ပြိုင်ဆိုင်မှုက ပိုပြင်းထန်လာသည်။
ဒါကြောင့် ဈေးကွက်ချဲ့မှု နိုင်ငံရပ်ခြားကျောင်းသား စုဆောင်းမှုတွေ ကြိုးစားလုပ်လာရသည်။ အာရှ၊ အာဖရိကနိုင်ငံတွေကို ပတ်ပြီး ကျောင်းသား စုဆောင်းရသည်။ နယူးဇီလန်နိုင်ငံသားတွေက အခြားကို ရွှေ့ပြောင်းမှုနဲ့ အသက်အရွယ်ကြီးရင့်မှု များလာတဲ့အတွက် အစိုးရက နိုင်ငံတကာကျောင်းသားတွေကို ကျွမ်းကျင်လုပ်သားဖြစ်အောင်မွေးပြီး အလုပ်အကိုင်အခွင့်အလမ်းတွေ ဖန်တီးပေးရသည်။
အစိုးရက ပြင်ပကျောင်းသားတွေ ဘွဲ့ရပြီး ဆက်နေစေဖို့ အလုပ်ရှာခွင့် တစ်နှစ်ဗီဇာ ထုတ်ပေးသည်။ အရည်အချင်းနဲ့ ထိုင်သင့်တဲ့ အလုပ်ရသွားရင်၊ အလုပ်အတွေ့အကြုံရယူဖို့ ဗီဇာ ၃ နှစ် ထပ်ထုတ်ပေးသည်။ လက်ရှိ နယူးဇီလန် ပညာရေးရဲ့ အဓိက ဖောက်သည်တွေက တရုတ်၊ ဂျပန်နဲ့ တောင်ကိုရီးယားတို့ ဖြစ်သည်။ အာစီယံနိုင်ငံတွေက ကျောင်းသားတွေကို ဆက်ပြီး စုဆောင်းနေသည်။
Auckland University of Technology ဆိုရင် ၂၀၀၃ ခုနှစ်မှာ နိုင်ငံတကာကျောင်းသား ၈၀၀ ရှိရာက ၂၀၁၁ ခုနှစ်မှာ ၂၄၀၀ အထိ တိုးလာသည်။ Victoria University of Wellington ဆိုရင် နိုင်ငံပေါင်း ၁၀၀ က ကျောင်းသား ၃၀၀၀ ကျော် ရှိသည်။ ကျောင်းသားအများစုက တရုတ်၊ အမေရိကန်၊ မလေးရှားနဲ့ ဗီယက်နမ်တို့မှ ဖြစ်သည်။
နယူးဇီလန်တက္ကသိုလ်တွေမှာ ပညာသင်စရိတ်က ပျမ်းမျှအားဖြင့် ပြည်တွင်းကျောင်းသားအတွက် တစ်နှစ် ဒေါ်လာ ၄၀၀၀ ကနေ ၅၀၀၀ ကြား ရှိသည်။ ပြည်ပကျောင်းသားအတွက် တစ်နှစ် ဒေါ်လာ ၂၂,၀၀၀ ကနေ ၂၄,၀၀၀ ကြားရှိသည်။ တက္ကသိုလ်တွေရဲ့ ဘတ်ဂျက်ကို နိုင်ငံတကာ ကျောင်းသားတွေဆီက ငွေနဲ့ လည်ပတ်ခြင်း ဖြစ်သည်။
ဝင့်ထန်း

ဆက်ဖတ်ရန်
ပို့စ်တင်သူ ။.............။ မောင်သိရီ on
0 ( မှတ်ချက်ရေးချင်ရင် )
ခေါင်းစဉ်အလိုက်ပို့စ်များ |

စင်္ကာပူ အမျိုးသားတက္ကသိုလ် (NUS) က အမေရိကန် ယေးလ် တက္ကသိုလ်နဲ့ တွဲဖက်ပြီး မကြာခင်က (Yale-NUS College) ကို ဖွင့်လှစ်လိုက်ပါတယ်။ ဒါဟာ စင်္ကာပူမှာ လွတ်လပ်မှုရှိတဲ့ ပထမဆုံး liberal arts ကောလိပ် ဖြစ်လာပါတယ်။
အမှန်အားဖြင့် ပညာရေးလုပ်ငန်းတွေဆိုတာ လွတ်လပ်မှု အပြည့်အ၀ ရှိရပါမယ်။ သုတေသန လွတ်လွတ်လပ်လပ် လုပ်ခွင့်ပေးရမှာဖြစ်ပြီး ထွက်လာတဲ့ စာတမ်းတွေက အစိုးရမူဝါဒတွေကို လိုအပ်ရင် ပွင့်ပွင့်လင်း ဝေဖန်ထောက်ပြရပါမယ်။ ဒါပေမဲ့ စင်္ကာပူဟာ အာဏာရှင်တစ်ပိုင်း နိုင်ငံဖြစ်တာမို့ ပညာရေးမှာ အကန့်အသတ်တွေ ရှိပါတယ်။
အခု စင်္ကာပူမှာ ဖွင့်တဲ့ ယေးလ်တက္ကသိုလ်ဟာ ပညာရေးလွတ်လပ်မှု အပြည့်အ၀ ရနိုင်ပါ့မလားဆိုတာ အနောက်နိုင်ငံ ပညာရှင်တွေအကြားမှာ အငြင်းပွားနေပါတယ်။ အဲဒီအပေါ် CNN နဲ့ တိုင်းမဂ္ဂဇင်း အယ်ဒီတာ ဖားရဒ် ဇာကာရီးယား ကတော့ သူ့အမြင်ကို အောက်ပါအတိုင်း ပြောပါတယ်။
______________
စင်္ကာပူဟာ လစ်ဘရယ်ဒီမိုကရေစီနိုင်ငံ မဟုတ်ပါဘူး။ ဒါပေမဲ့ အနောက် ဒီမိုကရေစီနိုင်ငံကြီးတွေ ဖြတ်သန်းခဲ့ရတဲ့ ဖွံ့ဖြိုးမှုလမ်းကြောင်း အစဦးပုံစံနဲ့ သိပ်မကွာခြားပါဘူး။ အနောက်နိုင်ငံတွေလည်း ယခုအနေအထားကို ရောက်ရှိဖို့ ဖွံ့ဖြိုးမှုအဆင့်ဆင့်နဲ့ ဖြတ်သန်းခဲ့ရပါတယ်။
အခု စင်္ကာပူဟာ ကမ္ဘာကြီးအတွက် တံခါးဖွင့်ထားတယ်၊ လွတ်လပ်တဲ့ ဈေးကွက်ကို ထွေးဖက်ထားတယ်။ ကမ္ဘာမှာ အဂတိလိုက်စားမှု အနည်းဆုံးနိုင်ငံအဖြစ် အမြဲသတ်မှတ်ခံရပါတယ်။ ပြီးခဲ့တဲ့ ဆယ်နှစ်ကိုကြည့်ရင် တံခါးပိုဖွင့်လာတာ တွေ့ရတယ်။
အဲဒီတံခါးဖွင့်ဖြစ်စဉ်ကို ပိုမိုတိုးမြှင့်နိုင်ရေးအတွက် စင်္ကာပူက liberal arts ကောလိပ်ကို ဖန်တီးဖို့ ယေးလ်တက္ကသိုလ်ကို ဖိတ်ခေါ်လိုက်တာ ဖြစ်တယ်။ တက္ကသိုလ်နှစ်ခု ပူးတွဲမှုနောက်မှာ အသွင်သဏ္ဍန်မတူတဲ့ ကျောင်းသားတွေ၊ ပညာရပ်ဌာနတွေ၊ ပြင်ပဆရာတွေနဲ့ ဒေသခံဆရာတွေကြား အမြင်ကွဲပြားခြားနားမှုတွေ ရှိလာနိုင်ပါတယ်။
ဒါပေမဲ့ အဲဒီအခြေအနေတွေကပဲ စင်္ကာပူဟာ ဒီမိုကရေစီနဲ့ လစ်ဘရယ်လစ်ဇင် အကြောင်းအရာတွေကို တပွန်းတနှီး ထိတွေ့ ဆက်ဆံလာမယ့် အာရှရဲ့ စံပြနေရာ ဖြစ်လာနိုင်ပါတယ်။ နောက် ဒီမိုကရေစီနဲ့ ပတ်သက်တဲ့ ဆွေးနွေးပွဲတွေက ယေးလ်မှာထက် စင်္ကာပူမှာ ပိုမြိုင်ဆိုင်လာမယ်လို့ ကျနော် ထင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ စင်္ကာပူမှာ ထိပ်ပိုင်းရာထူးကြီးကြီး ယူမယ့်သူတွေဟာ အနောက်တက္ကသိုလ်တွေကနေ ပညာဆည်းပူးထားသူတွေ ဖြစ်လာမှာကြောင့်ပါပဲ။
စင်္ကာပူဟာ အမေရိကန်ပြည်ထောင်စုကနေ သင်ယူစရာ အများကြီးရှိပါတယ်။ NUS တက္ကသိုလ်ကလည်း ယေးလ်တက္ကသိုလ် ဆီကနေ သင်ယူစရာ အများကြီးရှိပါတယ်။ ဒါကြောင့် သူတို့ဟာ ကျနော်တို့အမေရိကန်တွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ လိုပါတယ်။ လစ်ဘရယ်နဲ့ စိတ်တံခါးဖွင့် ပညာရေးဖြစ်တဲ့အတွက် အမေရိကန်တွေလည်း စင်္ကာပူဆီက တစ်စုံတစ်ရာ သင်ယူစရာရှိမှာပါပဲ။
နောက်ဆုံး ယေလ်းတက္ကသိုလ်နဲ့ စင်္ကာပူအမျိုးသားတက္ကသိုလ်တို့ ပူးပေါင်းပြီး ဂလိုဘယ်လွှမ်းခြုံနေတဲ့ ကမ္ဘာကြီးရဲ့ ပညာရေးအတွက် စဉ်းစားတွေးတောနိုင်မယ့် နည်းလမ်းအသစ်တွေ သင်ကြားပေးနိုင်မှာ ဖြစ်ပါတယ်။
Source: CNN; A global education for a global age

ဆက်ဖတ်ရန်
ပို့စ်တင်သူ ။.............။ မောင်သိရီ on
0 ( မှတ်ချက်ရေးချင်ရင် )
ခေါင်းစဉ်အလိုက်ပို့စ်များ |

လောကရှိ လူသားတို့သည် ချမ်းသာတယ်။ ဆင်းရဲတယ်စသည်ဖြင့်
အမျိုးမျိုးပြောနေကြသော်လည်း တကယ့်အစစ်အမှန်ချမ်းသာသည် (၄)မျိုးပင်
ရှိပေသည်။ ၎င်းတို့မှာ

၁။ သူတစ်ပါး နှစ်သက်တပ်မက်လောက်၍ လုယက်ခိုးယူနိုင်သော
ပစ္စည်းဥစ္စာများ မရှိသူသည် သူ့မှာ သိမ်းဆည်းသိုးမှီစရာမလိုသောကြော
င့်
စိတ်ပူပန်ပူမရှိ၊ သွားချင်ရာသွားနိုင်ပြီး နောက်ကိုလှည့်ကြည့်
တွေးတောပူပန်စရာမလိုဘဲ
စိတ်လွတ်လပ် ပေါ့ပါးသော ချမ်းသာသုခ။

၂။ မိမိမှာ ပစ္စည်းဥစ္စာပြည့်စုံ၍ လှူချင်တိုင်းလှူ၊
ပေးကမ်းချင်တိုင်း ပေးကမ်းနိုင်ကာ သုံးချင်သလိုသုံးနိုင်သော ချမ်းသာသုခ။

၃။ သူတစ်ပါးကို ပေးကမ်းနိုင်အောင်လည်း မချမ်းသာ၊ သူတစ်ပါးထံမှ
အကြွေး ယူလောက်အောင်လည်း မဆင်းရဲဘဲ အလယ်အလတ် သင့်တင့်လျောက်ပတ်စွာ
နေနိုင်စားနိုင်၍ အကြွေးမတင် အကြွေးတောင်းခံရခြင်းမှ
ကင်းဝေးသော ချမ်းသာသုခ။

၎။ မကောင်းမှုလုပ်ပြီးမှ စားရေးဝတ်ရေး နေရေးထိုင်ရေး
အဆင်ပြေမှာမဟုတ်၊ လူ့ဘ၀လေးရရှိချိန်မှာ မကောင်းမှုလုပ်မှ အသက်ရှင်
နေထိုင်ရမည်ဆိုတာ လက်မခံဘဲ အသက်ရှည်နေတဲ့ လူ့ဘ၀လေးကို မကောင်းမှုမလုပ်ဘဲ
ကောင်းမှုများသာလုပ်ပြီး
အသက်ရှင်ဟု ဆုံးဖြတ်ကာ မကောင်းမှုမှရှောင်ကြဉ်သော ချမ်းသာသုခ။

လူသားတိုင်းတွင် အထက်ဖော်ပြပါ ချမ်းသာ(၄)မျိုးအနက်
တစ်မျိုးမျိုးသော် လည်းကောင်း နှစ်မျိုးသော်လည်းကောင်း ချမ်းသာသုခနဲ့
ပြည့်စုံနေသော ပုဂ္ဂိုလ်များချည်း ဖြစ်ပေလိမ့်မည်။ သို့ဖြစ်၍ မိမိမှာ
ချမ်းသာသုခ ရှိတယ်ဆိုတာ မမေ့သင့်ပါ။

သို့ရာတွင် တကယ်ရခဲလှတဲ့ လူ့ဘ၀လေးရရှိနေချိန် သိနိုင်ခဲတဲ့
အသိဉာဏ်ဗဟုသုတများ ရှိနေတဲ့လူ့ဘ၀လေး တခဏတာ ရှင်သန်နေချိန်တွင်
အထက်ပါချမ်းသာ(၄)မျိုးမှ နံပါတ်(၄)အချက်ကို အဓိကထား၍
ပြည့်စုံအောင် လိုက်နာ ကျင့်သုံးရန် အထူးလိုအပ်ပါလိမ့်မည်။

တကယ်တော့ လူ့ဘ၀ဆိုတာ ခဏလေးပါ။ ဒီခဏတာ ရနိုင်ခဲတဲ့ ဘ၀လေးမှာ
မိမိအတွက်ပါမည့် ကောင်းမှုများမလုပ်ဘဲ မကောင်းမှုများလုပ်ပြီး
ကုန်ဆုံးသွားမည်ဆိုလျှင် လူသားတို့ကိုလည်း အကျိုးမပြု မိမိကိုယ်ကိုလည်း
အကျိုးမရှိ၍ အလဟဿ ဆန်ကုန်မြေလေးသော လူသားတစ်ဦးဖြစ်ကာ လူ့ဘ၀၏တန်ဖိုး နှမြောစရာ
ဘယ်လောက်များ ကောင်းလိမ့်မည်နည်း။

နောင်တဆိုတာ နောင်မှရတတ်၍ နောင်တလို့ခေါ်ဆိုသော်လည်း သတိမရှိ
တရားမရှိ ဉာဏ်ပညာနည်းပါးသူတို့ကြောင့် ဖြစ်ပေါ်လာသော စကားလုံးဟု သတ်မှတ်ကာ
ငါသည် လူ့ဘ၀၏တန်ဖိုးကို ဒု၊ သ၊ န၊ သော
သူဌေးသားလေးယောက်ကဲ့သို့ နောက်ဘ၀ မကောင်းကျိုးခံစားရမှ နောင်တမရအောင် ယခု
ရနေတဲ့လူ့ဘ၀လေးကို အကျိုးရှိအောင် အသုံးချမည့်ဟု စိတ်ဆန္ဒများ ဆုံးဖြတ်ကာ
ပြုလုပ်လိုက်နာကျင့်သုံးကြပါစေလို့ ဆန္ဒပြုလိုက်ရပေသည်။
Prev: ဗုဒ္ဓဘာသာဝင်တို့ သိသင့်သော ဘာသာရေး အမေး+အဖြေ (2) ဘဒ္ဒန္တတိလောကသာရ.ဖြေသည်
Next: သြကာသ နှင့် ဆုတောင်းအဖွင့်

ဆက်ဖတ်ရန်
ပို့စ်တင်သူ ။.............။ thadawa on Wednesday 11 April 2012
0 ( မှတ်ချက်ရေးချင်ရင် )
ခေါင်းစဉ်အလိုက်ပို့စ်များ |

၁။( မြန်မာလူမျိုးနှင့် မြတ်စွာဘုရား )

( မေး ) ဆရာတော်ဘုရား ဗုဒ္ဓ-အလောင်းအလျာသည် အန္တိမဘ၀ နောက်ဆုံးကာလ၌ ခတ္တိယနှင့် ဗြဟ္မဏအမျိုးတို့၌သာ ဖြစ်ရသည်-ဟု စာအုပ်တအုပ်၌ တွေ့ပါသည်။
သို့ပါ၍ မြန်မာလူမျိုး ဘုရားဖြစ်နိုင်-မဖြစ်နိုင် သိလိုပါသည်ဘုရား။
( မျိုးညွှန့်-မြန်မာခရီးသွားလုပ်ငန်းဌာန၊ ရန်ကုန် )

( ဖြေ )
ဓမ္မတာအားဖြင့် ဘုရားအလောင်းတော်များ လူ့ပြည်တွင် ပဋိသန္ဓေ နေတော်မူခါနီး၌ ကြည့်ခြင်းကြီး ငါးပါးဖြင့် ကြည့်လေ့ရှိသည်။
ယင်းတို့မှာ ၁။ ကာလ-ဘုရားဖြစ်ရာ ကာလ ( အသက်တသိန်းတန်းနှင့် တရာတန်း ကြားကာလ )
၂။ ဒီပ-ကျွန်းလေးကျွန်းတွင် ဇမ္ဗူဒိပ်ကျွန်း
၃။ ဒေသ-ဇမ္ဗူဒိပ်ကျွန်း၏ အချက်အချာ မဇ္ဈိမဒေသ
၎။ ကုလ-အမျိုးလေးပါးတွင် ခတ္တိယနှင့် ဗြဟ္မဏမျိုး
၅။ မာတု အာယုပရိစ္ဆေဒ-မယ်တော်၏ ဆယ်လနှင့် ခုနစ်ရက် အသက်အပိုင်းအခြား-ဟူ၍ ငါးပါးဖြစ်သည်။

မြန်မာနိုင်ငံသည် မဇ္ဈိမဒေသ၏ အပြင်ဘက်၌ ကျနေခြင်း
( ဗောဓိပင်ကို ဗဟိုထား၍ အိန္ဒိယပြည် ဗီဟာနယ်တွင် အရှေ့လားသော်-ဇင်္ဂလနိဂုံး။
အရှေ့တောင်လားသော်-သလ္လ၀တီမြစ်။
အနောက်လားသော်-ထူနပုဏ္ဏားရွာ။
မြောက်လားသော်-ဥသိရဒ္ဓဇတောင်။
အတွင်း အ၀န်း ယူဇနာ ကိုးရာ အတွင်း၏ အပြင်ဒေသ ဖြစ်နေခြင်း ) ကြောင့် မြန်မာလူမျိုး ဘုရားဟူ၍ ဖြစ်နိုင်ဖွယ် မရှိပါ။
သို့သော် လူ့သမိုင်းအရ မြန်မာလူမျိုးတို့သည် မြတ်စွာဘုရား၏ သကျသာကီဝင်မျိုးမှ ဆင်းသက်လာကြောင်း အဆိုရှိသဖြင့် တနည်းအားဖြင့် မြန်မာတို့သည် မြတ်စွာဘုရား၏ အမျိုးအနွယ်များပင် ဖြစ်သဖြင့် ကျေနပ်အားရဖွယ်ပင် ဖြစ်ပေသည်။
.....................................................................................................................................

၂။( လက်ဝတ်ရတနာ ဌာပနာသွင်းခြင်း )
( မေး ) ဘုရားစေတီများတွင် အဖိုးတန် လက်ဝတ်ရတနာများ ထည့်သွင်း ဌာပနာခြင်း၏ အဓိပ္ပါယ်ကို ရှင်းလင်းစွာ ဖြေကြားပေးတော်မူပါဘုရား။
( မောင်စိုးလတ်-ထားဝယ်မြို့ )

( ဖြေ )
ဘုရားစေတီများတွင် အဖိုးတန် လက်ဝတ်ရတနာများကို ဌာပနာရာ၌ အဓိပ္ပါယ် ၂-မျိုးရှိပါသည်။
၁။ အဓိပ္ပါယ်တမျိုးမှာ စေတီတော်အတွင်း ဌာပနာတိုက်၌ ကိန်းအောင်း စံပယ်တော်မူကုန်သော သရီရဓာတ်တော်
မွေတော်များနှင့် ဥဒ္ဒိဿစေတီတော်များအား မိမိ၏အသုံးအဆောင် လက်ဝတ်ရတနာများဖြင့် ပူဇော်ခြင်းဖြစ်သည်။

၂။ အခြားအဓိပ္ပါယ်တမျိုးမှာ နောင် ဤဓာတုစေတီတော် ပျက်စီးသွားလျှင် မိမိဌာပနာလိုက်သော အဖိုးတန် လက်ဝတ်ရတနာများကို ထုခွဲ၍ ရရှိလာသော ငွေအသပြာတို့ဖြင့် ပြန်လည်ပြုပြင် တည်ထားရန် ရည်ရွယ်ခြင်း ဖြစ်ပေသည်။

ယင်းအမှတ် ၂-အဓိပ္ပါယ်ကို အသောကမင်းကြီး ဓာတ်တော် မွေတော်များကို မြှုပ်နှံဌာပနာရာ၌ ကြီးမားလှစွာသော ပတ္တမြားကြီးကို ဌာပနာသွင်းကာ နောင်သောအခါ မင်းဆင်းရဲသည် ဤပတ္တမြားကိုယူ၍ ထုခွဲရောင်ချပြီးသော် ဓာတ်တော်များအား ပူဇော်မှု ပြုစေသတည်း-ဟု ကမ္ပည်းရေးထိုးခဲ့ကြောင်းဖြင့် ထင်ရှားသည်။

ထို့ပြင် မြန်မာနိုင်ငံ အထက်ပိုင်း မြို့တမြို့တွင် ရှေးဟောင်းစေတီတဆူ ပြိုပျက်ရာတွင် ဌာပနာတိုက်မှ ၁၇ိ/သားခန့်ရှိသော ငွေတုံးတတုံးကို တွေ့ရကြောင်း ထိုငွေတုံးကြီးတွင် နောင် ဤစေတီ ပြိုပျက်ပါက ဤငွေတုံးကြီးကို ထုခွဲရောင်းချ၍ ရရှိသော ငွေဖြင့် ပြန်လည်တည်ထားကြပါကုန်-ဟု ကမ္ပည်းရေးထိုးထားကြောင်း ကြားသိရဖူးပေသည်။
မည်သည့်အဓိပ္ပါယ်နှင့် ဌာပနာသွင်းသည်ဖြစ်စေ အလွန်ထက်သန် ကောင်းမွန်သော စေတနာများဖြစ်သည်၊
ကုသိုလ်အထူး ဆည်းပူးပြုလုပ်မှုမျိုးပင် ဖြစ်သည်။ အလွန်အကျိုးရှိသည်ဟူ၍သာ မှတ်သားသင့်ပါသည်။
*
...................................................................................................................................................

၃။( မေး ) ( သောတာပန်နှင့် အရက် )
ဘုရားလက်ထက်က အရက်သမား သောတာပန်-ဟူ၍ ရှိခဲ့သည်ဟု ကြားဖူးပါသည်၊ ဟုတ် မဟုတ် ဖြေကြားပေးတော်မူပါဘုရား။
( မလှလှ-မန္တလေး )

( ဖြေ )
အရက် အလွန်သောက်သော သရဏာနိ သာကီဝင် မင်းသားအား မြတ်စွာဘုရား တရားဟော၍ သောတာပန်ဖြစ်သွားသည်၊ သောတာပန်ဖြစ်ပြီးသည့် နောက်တွင်ကား အရက်မသောက်တော့ချေ၊
သောတာပန်ပုဂ္ဂိုလ်တို့မည်သည်မှာ ငါးပါးသီလကို မည်သည့်အခါမျှ ဖောက်ဖျက်သည်မဟုတ်။
သောတာပတ္တိမဂ်ဖိုလ်စသော အရိယာတရားတို့သည် လောကတွင် အယဉ်ကျေးဆုံး တရားတော်များ
ဖြစ်သည်၊

အရက်သည် လောကတွင် အရိုင်းစိုင်းဆုံး၏ အကြောင်းတရားဖြစ်သည်၊
လွန်စွာဆန့်ကျင်သည်ဖြစ်သဖြင့် အရက်နှင့် ရေ ရောနှော၍ သောတာပန်ပုဂ္ဂိုလ်၏ ပါးစပ်တွိင်းသို့ ထည့်လျှင်
ရေသာဝင်၍ အရက်မ၀င်ကြောင်း သီလက္ခန္ဓ၀ဂ္ဂ အဋ္ဌကထာတွင် ဖွင့်ဆိုပါသည်၊ ထို့ကြောင့် အရက်သမား သောတာပန်-ဟူ၍ မရှိနိုင်ကြောင်း အထူးမှတ်သားသင့်ပါသည်။
........................................................................................
၎။( မေး ) ( သီလရှင်ဝတ်ခြင်း )
သီလရှင် ၀တ်ခြင်းသည် ၀တ်သူနှင့် ၀တ်သူ၏မိဘများ၌ မည်ကဲ့သို့ အကျိုးကျေးဇူး ရှိနိုင်သည်ကို ရှင်းပြပေးတော်မူပါဘုရား။
( နုနုခိုင်-မြို့နယ်စာရင်းရုံ၊ အိမ်မဲမြို့ )

( ဖြေ )
ဗုဒ္ဓစာပေတွင်
၁။ ဥပသမ္ပဒ ပဗ္ဗဇ္ဇ
၂။ သာမဏေရ ပဗ္ဗဇ္ဇ
၃။ ဣသိ ပဗ္ဗဇ
............................................................................................

၅။( ကုသိုလ်ဖြစ်ရန် လိမ်လည် လှည့်စားခြင်း )

( မေး )။ ၁။ လူတဦးတယောက်အား ကုသိုလ်ရပါစေခြင်းအကျိုးငှါ လိမ်လည်လှည့်ဖြားမိသည်ဆိုလျှင် ထိုလိမ်သူမှာ မုသာဝါဒကံ ထိုက်ပါသလား။
၂။ သာသနာတော် စည်ပင်စေရန် လူငယ်လူရွယ်တို့အား လောကုတ္တရာဘက်သို့ အာရုံစိုက်လာစေရန် ၄င်းတို့အကြိုက် ( ဥပမာ-နစ္စ၊ ဂီတ၊ စသည်တို့နှင့် ) ဖြားယောင်းသွေးဆောင်၍ စည်းရုံးလှုံ့ဆော်ခြင်းသည် အပြစ်ရှိပါသလား ဘုရား။
( မောင်ဆွေတင့်-မြို့နယ်ပညာရေးမှူးရုံး၊ ရွှေတောင်မြို့ )

( ဖြေ )။ လိမ်လည်လှည့်ဖြားခြင်း မုသာဝါဒကံမှာ
၁-မဟုတ်မမှန်သော ၀တ္ထုလည်းဖြစ်စေ၊
၂-ချွတ်ယွင်းစေလိုသော စိတ်ရှိသည်လည်းဖြစ်စေ၊
၃-ကိုယ်နှုတ်နှစ်ပါးတွင် တပါးပါးဖြင့် သိအောင်လည်းပြုစေ၊
၎-တပါးသူက ပြုသည့်အတိုင်း သိလည်းသိစေ-
ဤအင်္ဂါလေးပါးနှင့်ညီလျှင် မုသာဝါဒဖြစ်ပါသည်။
သို့သော် သူတပါးအကျိုးပျက်စီးမှု အကြီးအသေးပေါ် မူတည်၍ အပြစ်အကြီးအသေး ကွားခြားနိုင်ပါသည်။

လူတဦးတယောက်အား ကုသိုလ်ရပါစေခြင်းငှါ-ဟု ရည်ရွယ်ချက်ရှိ၍ ပြောဆိုခြင်းမှာ အပြစ်မကြီးဟု ဆိုနိုင်သည်။
သို့သော် လိမ်လည်မှုအစား ပရိယာယ်ပြုခြင်းမျိုးကို ပြုလုပ်သင့်ပါသည်။
သာဓကမှာ-တမ္ဗဒါဌိက ခိုးသားကြီးသည် အရှင်သာရိပုတ္တရာအား တပည့်တော် ငါးဆယ့်ငါးနှစ်ပတ်လုံး လူသတ် ခဲ့သည်မှာ ကိုယ်သတ်ချင်၍ သတ်သည်မဟုတ်၊ ရှင်ဘုရင် သတ်ခိုင်း၍ သတ်ရပါသည်၊ တပည့်တော်မှာ အပြစ်ရှိပါသလား-ဟု ဆိုသည်၊
ဤတွင် အပြစ်ရှိသည်ဟု ပြောလျှင် ၄င်းခိုးသားကြီး စိတ်လှုပ်ရှား၍ တရားမနာနိုင်ဖြစ်ကာ ကောင်းကျိုးမရဖြစ်မည်ကြောင့် ရှင်ဘုရင် သတ်ခိုင်း၍ သတ်ခြင်း၌ သင့်မှာ အပြစ်ရှိနိုင်ပါ့မလား-ဟူ၍ ရှိသည်ဟုလည်းမဆို၊ မရှိသည်ဟုလည်းမဆို၊ ပရိယာယ်အမေးစကားဖြင့် ဖြေလိုက်သည်၊ ပညာနည်းသော ခိုးသားကြီးစိတ်တွင် ငါ့မှာ အပြစ်မရှိဘူး-တဲ့ ဟု သိမြင်သွားကာ ကောင်းစွာ တရားနာနိုင်၍ တမလွန်ဘ၀တွင် တုသိတာနတ်ပြည်သို့ ရောက်သွာရပေသည်။

၂။ ဇနပဒကလျာဏီအား စွဲလမ်း၍ ရဟန်းတရား အားမထုတ်နိုင်သော ညီတော် နန္ဒ-ရဟန်းအား မြတ်စွာဘုရားက နတ်ပြည်ခေါ်သွားကာ နတ်သမီးများကိုပြရာ ဇနပဒကလျာဏီ အစွဲပျောက်ပြီး နတ်သမီးများအား စွဲလမ်းသွားသည်၊ ဤတွင် ရဟန်းတရားအားထုတ်လျှင် ဤနတ်သမီးများကို ရနိုင်ကြောင်း မြတ်စွာဘုရားက နတ်သမီးဖြင့် သွေးဆောင်၍ တရားအားထုတ်စေသည်၊ ညီတော်နန္ဒလည်း တရားအားထုတ်ကာ ရဟန္တာအဖြစ်သို့ ရောက်သွားပါသည်၊ ဤသို့ ဆူးတချောင်းစူးသည်ကို ဆူးတချောင်းဖြင့် ထွင်သည့်သဖွယ် ပရိယာယ်ဖြင့် ဖြားယောင်းသွေးဆောင်၍ လောကုတ္တရာဘက်သို့ ရောက်စေသည်မှာ အပြစ်ရှိသည်ဟု မဆိုနိုင်ပါ။
........................................................................................................................................
၆။( ငရဲ နှင့် ၀ဋ် )
( မေး)။ ငရဲမှာ အပ ၀ဋ်မှာအမြဲ-ဟူသော ဆိုရိုးစကားရှိပါသည်၊ မည်သည့်အတွက်ကြောင့် ငရဲမှာ ကုသိုလ်ဖြင့် ဆေးကြောလို့ရပြီး ၀ဋ်ကျတော့ မရပါသလဲဘုရား၊ ရှင်းလင်း မိန့်ကြားပေးပါရန်။
( မနိုင်နိုင်မော်-ပုလောမြို့ )

( ဖြေ )။ ငရဲဟူသည်မှာ အကုသိုလ်၏ ပဋိသန္ဓေကျိုးဖြစ်၍
ဝဋ်ဟူသည်မှာ အကုသိုလ်၏ ပ၀တ္တိအကျိုး ဖြစ်ပါသည်။
ကုသိုလ်ကောင်းမှုများကို စဉ်ဆက်မပြတ် ပြုလုပ်ခြင်းဖြင့် ကုသိုလ်ကောင်းမှုများက သုဂတိဘ၀များ၌ ပဋိသန္ဓေ အကျိုးများ ဆက်ကာဆက်ကာ ပေးသွားလျှင် ငရဲပဋိသန္ဓေများ ကြားမ၀င်နိုင်ပါ၊
ဘ၀တခုခု၌ မဂ်တရား ဖိုလ်တရားများကို ရရှိသွားလျှင် ငရဲဟူသော ပဋိသန္ဓေကျိုးမှာ အဟောသိကံ ဖြစ်သွားရသည်။
ဝဋ်ဟူသည်မှာ ပဋိသန္ဓေကျိုး မဟုတ်ပါ၊ သုဂတိဘ၀၌ပင် ကုသိုလ်ကျိုးများ အကြား၌ အခြားအကုသိုလ်ကံ တခုခု၏ ဥပထမ္ဘက-ထောက်ပံ့မှုကို ရလျှင် ကုသိုလ်အကျိုးပေးတို့ ကွာဟ လစ်ဟင်းနေရာ၌ အန္တရာယ်အနေဖြင့် ၀င်ရောက်၍ အကျိုးပေးနိုင်ပါသည်။
.....................................................................................................................................
၇။ (ဘုရားခန်းနှင့် အောက်ထပ် )

( မေး )။ အောက်ထပ် အိမ်ထောင်စုများ၌ ဘုရားခန်းထား၍ ကိုးကွယ်ရာ အပေါ်ထပ် အိမ်ထောင်စုတို့၏ အောက်မှာ ဖြစ်နေတတ်၍ ဘုရားခန်း၏အပေါ်၌ သွားလာနေထိုင်သူများ၌ အပြစ်ရှိပါသလား၊
သို့မဟုတ် အောက်ထပ်၌ ဘုရားခန်း ထားသူများမှာ အပြစ်ရှိပါသလား၊
ဖြေကြားပေးပါရန် လျှောက်ထားပါသည်ဘုရား။
( ဒေါ်တင်တင်-ရန်ကင်း )

( ဖြေ )။ အထက်ထပ်၌ နေသည်ဖြစ်စေ၊ အောက်ထပ်၌ နေသည်ဖြစ်စေ၊ ဗုဒ္ဓရှင်တော်မြတ်ဘုရား၌ ကြည်ညိုကိုးကွယ်ကြသော ဗုဒ္ဓဘာသာဝင်များပီပီ ဘုရားခန်းကို တခမ်းတနားထား၍ ကိုးကွယ်ကြခြင်းမှာ ဓမ္မတာဖြစ်ရသည်။
အောက်ထပ်ဖြစ်၍ ဘရားခန်း မထားသင့်-မကိုးကွယ်သင့်ဟူ၍ မဖြစ်သင့်ပါချေ။
မိမိတို့နေထိုင်ရာ နေရာ၌ အထွတ်မြတ်ဆုံးထား၍ ကိုးကွယ်ကြရန်သာ ဖြစ်သည်။
ဤသို့ အောက်ထပ်၌ ဘုရားထား၍ ကိုးကွယ်ခြင်းကြောင့် အထက်ထပ်၌ နေသူတို့အတွက်လည်း မရိုမသေ ပြုမူသည်မမည်။ ပကတိနေမြဲအတိုင်း နေပါ၊ အပြစ်ဖြစ်စရာ အကြောင်းမရှိပေ။

သာဓကအနေဖြင့် ဆိုရသော်
ဥတ္တရသတို့သမီးသည် မိမိခင်ပွန်းဖြစ်သူက ဗုဒ္ဓရှင်တော်မြတ်ဘုရားအား ကိုးကွယ်သူမဟုတ်၍ ခင်ပွန်းဖြစ်သူအား မိမိကိုယ်စား သီရိမာအား အထက်ထပ်၌ ပြုစုလုပ်ကျွေးစေခဲ့သည်၊ မိမိက အောက်ထပ်သို့ ဆင်းလာပြီး ဘုရားအမှူးရှိသော သံဃာတော်တို့အား ခုနစ်ရက်ပတ်လုံး ပင့်ဖိတ်၍ ဆွမ်းလုပ်ကျွေးခဲ့လေသည်။
မြတ်စွာဘုရားကိုယ်တော်တိုင်လည်း ဥတ္တရာရှိရာ ပြသာဒ်အောက်ထပ်၍ ကြွရောက်ချီးမြှောက်ခဲ့သည်။
ထို့ကြောင့် အိမ်အောက်ထပ်၌ နေထိုင်သော်လည်း ဘုရားခန်းထား၍ ကိုးကွယ်သင့်သည်သာ ဖြစ်ပါ၏၊ ဘုရားခန်းသို့ အမှုန်အမှိုက်များ မကျရောက်နိုင်ရန် အ၀တ်မျက်နှာကြက်စသည် လှလှပပ ပြုလုပ်ပူဇော်ထားကြရန်ကား လိုပေလိမ့်မည်။
................................................................................................................................................................
၈။(လူဝတ်ကြောင် နှင့် ဆယ်ပါးသီလ)

မေး။ လူဝတ်ကြောင်များ ဆယ်ပါးသီလဆောက်တည်လျှင် မည်ကဲ့သို့ ကျင့်ကြံနေထိုင်ရမည်ကို ဖြေကြားပေးတော်မူပါရန်။
( ဟင်္သာတ-ဦးအောင်ဖေ၊ ဟင်္သာတမြို့ )

ဖြေ။ ဆယ်ပါးသီလသည် ခံယူ၍ ဆောက်တည်ခြင်း၊ မခံယူပဲ ဆောက်တည်ခြင်း ဟူ၍ ၂-မျိုးရှိပါသည်။ လူဝတ်ကြောင် (လူဝတ်လူစား) ဖြင့် ရဟန်းသံဃာစသည်များထံ၌ ခံယူ၍ဆောက်တည်လျှင်လည်း ဆောက်တည်နိုင်ပါသည်။
သို့မဟုတ် ရသေ့စသည်တို့ကဲ့သို့ ဖန်ရည်ဆိုးသောအ၀တ်ကို ၀တ်၍လည်း ဆောက်တည်နိုင်ပါသည်။
ဖန်ရည်ဆိုးသောအ၀တ်ကို ၀တ်လျှင် ဆယ်ပါးသီလ အထူးခံယူဖွယ်မလို၊ အလိုလို ခ့ယူပြီးဖြစ်၍ မဆောက်တည် မစောင့်ရှောက်ပဲ မနေရတော့ပေ၊
ရသေ့၊ ယောဂီ၊ သီလရှင် စသော ဖန်ရည်ဆိုးဝတ်ပုဂ္ဂိုလ်တိုင်းပင် ဆယ်ပါးသီလကို နိစ္စသီလအဖြစ် ဆောက်တည် ကျင့်သုံးရတော့သည်။

လူဝတ်ကြောင်ဖြင့် ခံယူဆောက်တည်မှုမှာ နိစ္စသီလမဟုတ်၊ ခံယူသော နေ့တနေ့တာ၊ သို့မဟုတ် မိမိစောင့်ရှောက်နိုင်သမျှ စောင့်ရှောက်နိုင်၏၊ သို့သော် ရှစ်ပါးသီလထက်ပို၍ ဆောက်တည်ထားသမျှ ကာလပတ်လုံး အိမ်မှုရေးရာများကို စွန့်လွှတ်ထားနိုင်ရမည်၊ ဖန်ရည်ဆိုးအ၀တ် ၀တ်းထားသူကဲံသို့ ကျင့်သုံးနိုင်ရမည်။
လယ်ျတီဆရာတော်ဘုရားကြီးက ဤဆယ်ပါးသီလသည် နိစ္စ-အနိစ္စ နှစ်မျိုးရ၏၊ အိမ်မှုရေးရာကို စွန့်လွှတ်၍ အ၀တ်ကြောင်ဟူသော ပကတိလူတို့အ၀တ်ကို ပယ်၍ အရဟတ္တဓဇ အ၀င်အပါ ညောင်ခေါက် စသည် ဆိုးအပ်သော ယောဂီအ၀တ်ကို ၀တ်သူ လူသူတော်ကောင်းတို့အား ထိုဆယ်ပါးသီလသည် နိစ္စသီလမျိုး ဖြစ်၏။
ယောဂီဝတ်ကို ၀တိမိသည်နှင့်တပြိုင်နက် ထိုသူအား ဆယ်ပါးသီလသည် တည်လေတော့၏၊ ယောဂီဝတ်ကို ၀တ်မိသည်နှင့်တပြိုင်နက် မမြတ်သောအကျင့်ကို ကျင့်ခြင်း၊ နေလွဲ ညစာ စားခြင်း၊ ရွှေငွေကိုင်ခြင်း၊ စသည်တို့ကို မပြုလုပ်ရတော့ပြီ၊ လွန်ကျူးမိလျှင် အပြစ်ရှိ၏-ဟု သီလ၀ိနိစ္ဆယ၌ ဆိုတော်မူထားပေသည်။
အထူးမှာ-လူဝတ်ကြောင်တို့သည် ဆယ်ပါးသီလကို ဆောက်တည်ထားက မိမိပိုင်ဥစ္စာဖြစ်သော အိမ်မှာရှိသည့် ရွှေငွေဘဏ္ဍာများ၌ အာလယဖြတ်ထားသင့်သည်၊ ယင်းတို့ကိစ္စကို မဆောင်ရွက်ခြင်း၊ ယင်းတို့၌ သာယာမှုကို ပယ်ရှားခြင်းနှင့် လူမှုကိစ္စများကို လုံးဝရှောင်ရှားနိုင်ရန် အရေးကြီးပေသည်၊ ထို့ကြောင့် ဆယ်ပါးသီလရှင်သည် ၀တ်ကြောင်ကိုစွန့်၍ ဖန်ရည်ဆိုးအ၀တ်နှင့်သာ လျှော်သည်ဟု ရှေးဆရာတို့ ဆိုပေသည်၊ ဖြစ်နိုင်လျှင် ၄င်းသီလခံယူထားက အိမ်ကိုမပြန်ဘဲ ကျောင်းကန်တို့တွင်သာ နေထိုင်အိပ်စက်သင့်ပါသည်။
**********************************************************************************
၉။( အလှူဒါန မှုကိစ္စ )
မေး။
၁။ အလှူဒါနပြုရာတွင် ဆုတောင်းမှ ရပါသလားဘုရား၊ မည်သည့်ဆုမျိုး တောင်းရပါသနည်း။
၂။ အလှူဒါန စုပေါင်းပြုလုပ်ရာတွင် စေက်ချသူ ( ရေစက်ခွက်ကိုင်သူ ) နှင့် မကိုင်သူ မည်သူပို၍ ကုသိုလ်ရပါနည်း
၃။ အမြတ်ဆုံးအလှူသည် မည်သည့်အလှူဖြစ်ပါသနည်း ဖြေကြားတော်မူပါရန်။
( ဦးမြင့်မောင် ကျေး/ဂျာ မြန်မာ့စိုက်ပျိုးရေးလုပ်ငန်း၊ ကန်ဘလူမြို့ )

ဖြေ။ ( ၁ ) လူမိုက် အလှူ၊ ပေးပါမူလည်း၊ ရွယ်ချူဖိုလ်မဂ်၊ မပန္နက်တည့်-ဟု အရှင်မဟာသီလ၀ံသက စပ်ဆိုပါသည်၊ အလှူဒါနပြုလုပ်ကြရာတွင် မဂ်ဖိုလ်နိဗ္ဗာန်ဆုကို မတောင်းဆိုလျှင် လူမိုက်ပင်ဖြစ်သည်ဟု ဆိုလိုသည်။ ဒါနပြုမှု၊ သီလဆောက်တည်မှု၊ ပြုလုပ်တိုင်းပင် ဆရာတော်များက ဣဒံ မေ ပုညံ နိဗ္ဗာနဿ ပစ္စယော ဟောတု-ဟူသော ဆုတောင်းကို တိုင်ပေးလေ့ရှိပါသည်၊ ဤကဲ့သို့ နိဗ္ဗာန်ဆုကို တောင်းမှလည်း မိမိပြုသော ဒါနမှု၊ သီလမှုများမှာ ပါရမီဒါန၊ ပါရမီသီလ ဖြစ်၍ နိဗ္ဗာန်မျက်မှောက်ပြုသည်အထိ အကျိုးပေးပါလိမ့်မယ်။
ဆုမတောင်းဘဲ ပြုသော ဒါနမှုစသည်များမှာ လူ့စည်းစိမ် နတ်စည်းစိမ်ဖြစ်သည့် ၀ဋ်အတွင်းမှာသာအကျိုးပေးပေ
လိမ့်မယ်၊ ထို့ကြောင့် နိဗ္ဗာန်ဆုကို တောင်းဖြစ်အောင် တောင်းသင့်ပါသည်။

( ၂ ) စုပေါင်း၍ အလှူဒါနပြုရာတွင် ဦးဆောင်ပုဂ္ဂိုလ် တဦးဦးကသာ ရေစက်ခွက်ကို ကိုင်၍ ရေစက်ချလေ့ ရှိပါသည်၊ အိမ်တအိမ်မှ အလှူလုပ်ရာတွင်လည်း အိမ်၏ဦးဆောင်ပုဂ္ဂိုလ်၊ ပဓာနပုဂ္ဂိုလ်များက ရေစက်ချလေ့ ရှိပါသည်၊ လူစေ့ လက်စေ့ ရေစက်ခွက် မကိုင်သော်လည်း စေတနာအတူတူ ထားကြသူများဖြစ်က အတူတူပင် ကုသိုလ်ရပါသည်။

( ၃ ) သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ-ဟုမြတ်စွာဘုရား သံယုတ်ပါဠိတော်၌ ဟောတော်မူသည့်အတိုင်း
အလှူဒါန ဟူသမျှတွင် ဓမ္မဒါနက မြတ်သည်ဟု ဆိုရပါမည်၊
ဓမ္မဒါနဟူသည်မှာ တရားဟောခြင်း၊ ပါဠိအဋ္ဌကထာ ကျမ်းဂန်များကို ပို့ချခြင်း၊ ပြဿနာကို ဖြေဆိုခြင်း၊ ကမ္မဋ္ဌာန်းတရားကို ညွှန်ကြားခြင်း စသည်များနှင့် ပရိယတ္တိ ပဋိပတ္တိ သာသနာတော်များကို ချီးမြှောက်သော ရှင်ပြုခြင်း။ ရဟန်းခံခြင်း၊ ပိဋကတ်စာပေများကို လှူဒါန်းခြင်းနှင့် ကထိန်ခင်း လှူဒါန်းခြင်း စသည်များပင် ဖြစ်သည်။
*************************************************************.
Prev: SOME PARTING ADVICE Given, on request, to students upon Ven. Sayadaw U Thittila's departure from England in 1966
Next: ဗုဒ္ဓဘာသာဝင်တို့ သိသင့်သော ဘာသာရေး အမေး+အဖြေ (2) ဘဒ္ဒန္တတိလောကသာရ.ဖြေသည်

ဆက်ဖတ်ရန်
ပို့စ်တင်သူ ။.............။ thadawa on
0 ( မှတ်ချက်ရေးချင်ရင် )
ခေါင်းစဉ်အလိုက်ပို့စ်များ |

ဒီလောကအတွင်း ဘာသာမတူ အယူကွဲ ဝါဒကွဲတဲ့ ကိုးကွယ်မှုတွေ မျိုးစုံရှိကြပြီး ဘာသာအသီးသီးတို့ရဲ့ အထွဋ်အမြတ်နေရာတွေလည်း အသီးသီးရှိကြတယ်။ ဗုဒ္ဓဘာသာရဲ့ အထွဋ်အမြတ်နေရာတွေကတော့

(၁) ဘုရားအလောင်းတော် မွေးဖွားခဲ့တဲ့ လုမ္ပိနီ၊

(၂) ဘုရားဖြစ်ရာ မဟာဗောဓိ၊

(၃) တရားဦးဟောရာ မိဂဒါဝုန်၊

(၄) ပရိနိဗ္ဗာန်စံရာ ကုဿိန္နာရုံ ဖြစ်ကြပြီး သံဝေဇနိယ လေးဌာန (သံဝေဂပွားများရာ နေရာ) အဖြစ် ထင်ရှားခဲ့တယ်။ ဘုရားရှင်ကိုယ်တိုင်လည်း ဒီသံဝေဇနိယ လေးဌာနကို ဘုရားဖူးရောက်လာသူ အမျိုးကောင်းသား အမျိုးကောင်းသမီးများဟာ ကြည်ညိုတဲ့စိတ်နဲ့ သုဂတိကို ရောက်နိုင်တယ်လို့ ဟောထားပါတယ်။

ဒီသံဝေဇနိယလေးဌာနထဲမှာ အိန္ဒိယနိုင်ငံ၊ ဘီဟာပြည်နယ်၊ ဂယာမြို့အနီးမှာ ရှိတဲ့ မဟာဗောဓိကတော့ ထူးမြတ်တဲ့ နေရာဒေသတစ်ခုဖြစ်တယ်။ ဘာကြောင့် ထူးမြတ်သလဲဆိုရင် ကမ္ဘာလောကကြီး စတင်ဖြစ်ထွန်းတုံးက ဒီကမ္ဘာလောကမှာ ဘုရားပွင့်တဲ့ ကမ္ဘာဟုတ်မဟုတ်ဆိုတာ ဒီမဟာဗောဓိမြေနေရာမှာ ကြာပန်းပွင့် မပွင့်ကို ဗြဟ္မာတွေက လာကြည့်ကြတယ်။

မဟာဗောဓိဂန္ဓကုဋိကျောင်းအတွင်းရှိ ဗုဒ္ဓဂယာ ရုပ်ပွားတော်

ကြာပန်း တစ်ပွင့်ပွင့်ရင် ဘုရားတစ်ဆူ၊ နှစ်ပွင့်ပွင့်ရင် ဘုရားနှစ်ဆူပေါ့။ အခုကမ္ဘာကတော့ ကြာပန်း ငါးပွင့်ပွင့်လို့ ဘုရားငါးဆူပွင့်တဲ့ ဘဒ္ဒကမ္ဘာလို့ခေါ်တယ်။ နောက်ပြီးတော့ ကမ္ဘာမြေကြီး စတင်ပေါ်ထွန်းတဲ့နေရာဟာ ဒီမဟာဗောဓိဖြစ်သလို ကမ္ဘာကြီး မီလောင်ပျက်စီးတဲ့အချိန်ရောက်ရင်လဲ ဒီမဟာဗောဓိမြေဟာ နောက်ဆုံးမှ မီးလောင်ပျက်စီးတဲ့ နေရာလဲဖြစ်တယ်။ (ကမ္ဘာလောကကြီး ဖြစ်ပုံ တည်ပုံ ပျက်ပုံကို ဘုရားဟောနဲ့ သိပ္ပံပညာရှင်များ အယူအဆ တူပုံကို နောက်မှ တင်ပြပါ့မယ်)။ ဒီမဟာဗောဓိမြေနေရာဟာ ဘုရားရှင်တိုင်း ပွင့်တော်မူတဲ့နေရာပဲဖြစ်တယ်။ ဒါကြောင့် ဗောဓိပင်ပေါက်ရာဒေသ၊ အပရာဇိတပလ္လင်တည်ရှိရာဒေသဖြစ်လို့ ထူးမြတ်တဲ့နေရာပါ။ နောက်ပြီး အဝိဇဟိတဌာန (ဘုရားရှင်တိုင်း မစွန့်တဲ့ဌာန (၀ါ) ပစ်မထားတဲ့ဌာန) လို့လဲဆိုတယ်။

ဗောဓိပင်နဲ့ အပရာဇိတပလ္လင် တည်ရှိရာ ပတ်ဝန်းကျင်ကို ဗုဒ္ဓဂယာလို့ခေါ်တယ်။ ဗုဒ္ဓဂယာဟာ ယခု အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်၊ ဂယာမြို့နဲ့ (၇) မိုင်ကွာ ဝေးပြီး ကိုးလ်ကတ္တားမြို့နဲ့ ၂၉၂ မိုင်ကွာ ဝေးတယ်။ ဂယာမြို့ရဲ့ ရထားဘူတာကနေ ဗုဒ္ဓဂယာကို တက္ကစီနဲ့လာနိုင်သလို မြင်းလှည်းနဲ့လဲ လာလို့ ရပါတယ်။ အခု ဂယာမှာ အပြည်ပြည်ဆိုင်ရာလေဆိပ်လည်း ဖွင့်လှစ်ထားပြီဖြစ်လို့ သွားရေးလာရေး အဆင်ပြေလာနေပါပြီ။ ရှေးတုံးကတော့ ဗောဓိမဏ္ဍဝိဟာရလို့ခေါ်ခဲ့တယ်။ အခုတော့ မဟာဗောဓိကျောင်းပေါ့။

ဗုဒ္ဓဂယာဒေသဟာ ဗုဒ္ဓဘာသာဝင်တို့ရဲ့ အထွဋ်အမြတ်နေရာအဖြစ် နှစ်ပေါင်းများစွာ တည်ရှိခဲ့တယ်။ အေဒီ ၂ ရာစုမှာ အသောကမင်းကြီးက ဗောဓိညောင်အနီး ဦးစွာကျောင်းဆောက်ခဲ့ပြီး ခေတ်အဆက်ဆက် ဆက်လက် ပြုပြင်လာခြင်းဖြစ်တယ်။ ရာစုနှစ်တွေနဲ့အတူ ပုံစံတွေလည်း ပြောင်းလဲခဲ့ပါတယ်။ အေဒီ ၆ ရာစုလောက်မှာ သဲသောင်ပြင်တွေလဲ ဖုံးလွှမ်းသွားခဲ့တယ်။ တိဘက်သမိုင်းမှတ်တမ်းအရ အေဒီ ၁၂၃၄ ခုမှာ တိဘက်ဘုန်းတော်ကြီး ဓမ္မဆွာမိန်ရဲ့ မှတ်တမ်းအရ သူဒီနေရာကို ရောက်တဲ့အချိန် ရဟန်းတော် ၄ ပါးသာ မြင်ရပြီး သဲသောင်ပြင်တွေ ဖြစ်နေခဲ့တယ်။ ၁၂၈၆ ကနေ ၁၅ ရာစုအထိ သီရိလင်္ကာက ဒီကျောင်းတော်ကို များစွာထောက်ပံ့ ပြုစုခဲ့တယ်လို့ဆိုတယ်။ အိန္ဒိယနိုင်ငံမှာ ဗုဒ္ဓသာသနာ ကွယ်ပျောက်သွားတဲ့ အချိန်မှာတော့ ဟိန္ဒူဘာသာတွေ ကြီးစိုးလာကြပြီး ဗုဒ္ဓဂယာဒေသလည်း မဟန့်ဘုန်းကြီး ဟိန္ဒူဘာသာဝင်တွေရဲ့ လက်ထဲ နှစ်ပေါင်း သုံးရာကျော် ကျရောက်သွားခဲ့ရတယ်။ အဲဒီအချိန် ဗုဒ္ဓဘာသာဝင်များ ဗုဒ္ဓဂယာကို လာဖူးဖို့အတွက် အခက်အခဲများစွာ ကြုံတွေ့ခဲ့ရတယ်။ အခုတော့ အိန္ဒိယအစိုးရက ၁၉၄၉ ခု ကျောင်းကန်ဘုရား တည်ဆောက်ရေး အက်ဥပဒေအရ ၁၉၅၃ ခု မေလ ၂၈ ရက်မှာ ဗုဒ္ဓဂယာဒေသပြုပြင်ထိန်းသိမ်းရေး ကော်မတီကို ဖွဲ့စည်းခဲ့တယ်။

ဗုဒ္ဓဘာသာဝင်တို့ရဲ့ အထွဋ်အမြတ်နေရာဖြစ်တဲ့ ဗုဒ္ဓဂယာကို ဗုဒ္ဓဘာသာဝင် လက်ထဲ ပြန်လည်ရောက်ရှိလာအောင် အဓိကစွမ်းဆောင်သူကတော့ သီရိလင်္ကာနိုင်ငံသား အနာဂါရိကဓမ္မပါလ ပဲဖြစ်တယ်။

ရှေးခေတ် မဟာဗောဓိကျောင်းပုံ

အင်္ဂလိပ်တွေ အိန္ဒိယကို အုပ်ချုပ်စဉ်က သီဟိုခေါ် သီရိလင်္ကာလည်း အင်္ဂလိပ်ရဲ့ အင်ပါယာလက်အောက် ကျရောက်ကာ မြန်မာနိုင်ငံလိုပဲ အင်္ဂလိပ်တို့ရဲ့ အိန္ဒိယဘုရင်ခံချုပ်က အုပ်ချုပ်ခဲ့တယ်။ ဗုဒ္ဓဘာသာဝင်ဖြစ်တဲ့ အနာဂါရိကဓမ္မပါလ အိန္ဒိယကိုရောက်လာပြီး ဘုရားလာဖူးတဲ့အချိန် (အင်္ဂလိပ်ခေတ်) ဒီဗုဒ္ဓဂယာကို ကြီးစိုးနေတာက မဟန့်ဟိန္ဒူဘုန်းကြီး တွေဖြစ်တယ်။ အဲဒါကို မြင်ရတော့ အနာဂါရိကဓမ္မပါလ အတော့်ကို စိတ်ထိခိုက်သွားတယ်။ မဟန့်တွေက သူ့ကို ကောင်းမွန်စွာ ဘုရားဖူးခွင့်မပေးဘူး။ မောင်ထုတ်ခံခဲ့ရ၊ အရိုက်ခံခဲ့ရတယ်။ ဒါပေမယ့် အနာဂါရိကဓမ္မပါလက မဟာဗောဓိညောင်ပင်အောက်မှာ သံမဏိအဓိဋ္ဌာန်တစ်ခု ချခဲ့တယ်။ “ဒီမဟာဗောဓိ အထွဋ်အမြတ် မြေနေရာဟာ ဗုဒ္ဓဘာသာအားလုံးတို့ရဲ့ နေရာ မဖြစ်ဖြစ်အောင် ငါသည် အသက်စွန့်ပြီး ကြိုးစားဆောင်ရွယ်မယ်” လို့ အဓိဋ္ဌာန်ပြုကာ အခက်အခဲအမျိုးမျိုးကို ရင်ဆိုင်၊ တရားရုံးကို အခေါက်ပေါင်းများစွာ တက်ခဲ့ရပါတယ်။ မဟာဗောဓိအသင်းကြီးကို ထူထောင်ပြီး ဗုဒ္ဓဂယာသည် ဗုဒ္ဓဘာသာအတွက် အထွဋ်အမြတ်ဖြစ်စေရမယ်လို့ ကြိုးစားသွားတာ ၁၉၃၁ ခု သူသေဆုံးသွားတဲ့အထိ ပါပဲ။ (အနာဂါရိကဓမ္မပါလကို သီရိလင်္ကာသူရဲကောင်းလို့ခေါ်သလို ဒုတိယ အသောကလို့လဲ အခေါ်ခံရတယ် သူ့အကြောင်းကို နောက်မှ တင်ပြပါ့မယ်)။ အနာဂါရိကဓမ္မပါလရဲ့ ကြိုးစားမှုကြောင့် ယခု မဟာဗောဓိ စောင့်ရှောက်ထိန်းသိမ်းရေး ကော်မတီမှာ ဗုဒ္ဓဘာသာဝင် ၄ ဦးနဲ့ ဟိန္ဒူဘာသာဝင် ၅ ဦး ပါဝင်ဆောင်ရွက်ခဲ့ရတယ်။ ၂၀၀၂ ခုမှာတော့ မဟာဗောဓိကို ကုလသမဂ္ဂရဲ့ စောင့်ရှောက်ထိန်းသိမ်းမှု စာရင်းမှာ ပါဝင်ခဲ့ရတယ်။

ဗုဒ္ဓဂယာဟာ နေရဉ္စရာမြစ် (ယခုဖာကူမြစ်) ကမ်းနံဘေးမှာ တည်ရှိပြီး ဘုရားရှင် ရေသပ္ပါယ်ခဲ့ဖူးတဲ့မြစ်၊ တစ်သိန်းတန် ရွှေခွက်ကို မျောခဲ့ဖူးတဲ့မြစ်ဖြစ်တယ်။ မိုးရာသီမှာ မြစ်ရေတွေ လျှံတတ်ပေမယ့် ကျန်တဲ့အချိန်မှာ သဲချောင်းကြီး တစ်ချောင်းဖြစ်နေတယ်။

မဟာဗောဓိစေတီတော်

မဟာဗောဓိစေတီတော်ရဲ့ အမြင့်ကတော့ ၅၄ မီတာ (ပေ ၁၈၀) မြင့်ကာ အေဒီ ၂ ရာစုကတည်းက တည်ထားဟန်တူပါတယ်။ အေဒီ ၃ ရာစုမှာတော့ အသောကမင်း ပြန်လည် ပြုပြင်ထားတယ်လို့ သမိုင်းမှတ်တမ်းမှာ ဆိုထားတယ်။ မြန်မာနိုင်ငံမှ မင်းတုံးမင်းတြားကြီးလည်း မဟာဗောဓိပြုပြင်ရေးအတွက် ရွှေငွေကျောက်သံပတ္တမြားတွေ များစွာလှူလာခဲ့တယ်။ မင်းတုံးမင်းဇရပ်ဆိုတာလဲ ရှိခဲ့တယ်။ ယခု ဖူးတွေ့ရတဲ့ မဟာဗောဓိစေတီတော်ကတော့ အေဒီ ၇ ရာစု၊ ၈ ရာစုက လက်ရာတွေဖြစ်ပြီး စေတီရံတွေကတော့ အေဒီ ၁၂ ရာစုလက်ရာတွေ ဖြစ်တယ်။ စေတီတော်ရဲ့ အပေါ်မှာ ကပ်ထားတဲ့ ရွှေအဆင်းဘုရားပုံတော်တွေကတော့ အေဒီ ၁၉ ရာစုအချိန် ပြန်လည် ဖြည့်စွက်ထားခြင်းပဲဖြစ်တယ်။

စာရေးသူတို့အဖွဲ့ မဟာဗောဓိ ရောက်စဉ် ၁၀.၀၂.၂၀၁၂

အခု မဟာဗောဓိပတ်ဝန်းကျင်မှာ အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓဘာသာကျောင်းတွေ အသီးသီး ပေါ်ထွက်လာနေပါပြီ။ ဘုရားဖူး အများဆုံး ရောက်လာကြတဲ့ အချိန်ကတော့ ဆောင်းဦးရာသီပဲဖြစ်တယ်။ အုပ်စုအများဆုံးနဲ့ လူစုအများဆုံး လာတာကတော့ တိဗက်ဗုဒ္ဓဘာသာတွေပဲဖြစ်တယ်။ သူတို့ တရုတ်နီလက်အောက်မှာ မနေချင်လို့ အိန္ဒိယမှာ အခြေချနေထိုင်ပြီး ပြည်ပအစိုးရဖွဲ့ထားနိုင်တဲ့ အုပ်စုတွေဖြစ်တယ်။ ဆောင်းရာသီရောက်ရင် သူတို့နေတဲ့ အိန္ဒိယမြောက်ပိုင်းမှာ အေးလွန်းလို့တကြောင်း ဗုဒ္ဓဂယာမှာ ဆောင်းရာသီအချိန် ရာသီဥတု ကောင်းမွန်တာကြောင့် တစ်ကြောင်း၊ ဒီအကြောင်းတွေကြောင့် တိဗက်ဘုရားဖူးတွေ သောင်းချီပြီး နှစ်စဉ်ရောက်လာကြတယ်။

ထိုင်းနိုင်ငံ၊ သီရိလင်္ကာနိုင်ငံ ဘုရားဖူးတွေလည်း အုပ်စုလိုက် နှစ်ပေါင်းများစွာ ဘုရားလာဖူးခဲ့ကြတယ်။ မြန်မာပြည်ဘုရားဖူးအဖွဲ့ကတော့ ၁၉၉၀ နောက်ပိုင်းမှ အလာများတာတွေ့ရတယ်။ ခုတော့ မြန်မာပြည် ဘုရားဖူးအဖွဲ့လည်း နှစ်စဉ် သောင်းဂဏာန်းနဲ့ ရှိနေပြီ။ ထိုင်ဝမ်၊ ဗီယက်နမ်နဲ့ တခြားနိုင်ငံ ဗုဒ္ဓဘာသာတွေ အနောက်နိုင်ငံသားတွေလည်း သူ့အုပ်စုနဲ့သူ ရောက်လာမစဲ တဖွဲဖွဲပါပဲ။

မဟာဗောဓိစေတီတော်ရဲ့ အောက်ခြေကတော့ ပြန်လည်တူးဖေါ်ထားတဲ့ အနေအထားဖြစ်လို့ နိမ့်တဲ့ အပိုင်းမှာ တည်ရှိတယ်။ စေတီတော်ထိပ်ကတော့ မြင့်ပါတယ်။ အဝေးကနေ လှမ်းမြင်ရကတည်းက စိတ်ကြည်နူးစရာ ကောင်းနေပြီ။ စေတီအနားရောက်လာလေ ဘေးပတ်ဝန်းကျင်က ဆိုင်ခန်းလေးတွေ လည်း စည်စည်ကားကားနဲ့၊ ဈေးဆိုင်ကဖွင့်တဲ့ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ သီချင်းသံ၊ တိဗက်ဘုရားဝတ်ပြု သီချင်းသံတွေလည်း နားဝင်ချိုနေတယ်။ မဟာ ဗောဓိဘုရားဝင်းအတွင်းမှာ နိုင်ငံပေါင်းစုံမှ ဗုဒ္ဓဘာသာဝင်များက ဘုရားရှိခိုးစာ မျိုးစုံနဲ့ ရှိခိုးကြသလို၊ ဘုရားရှိခိုးနည်းအမျိုးမျိုးကိုလည်း တွေ့ရပါတယ်။ နောက်ပြီး အဓိဋ္ဌာန်အမျိုးမျိုးနဲ့ ပုတီးစိပ်ကြ၊ တရားဘာဝနာပွားကြတာတွေလည်း စုံလို့ပါပဲ။ ဒီနေရာကို ရောက်လာကြတဲ့သူတွေအားလုံးလဲ မေတ္တာစိတ်ကြောင့်လား၊ ဘုရားရှင်ရဲ့ တရားတော်ဓါတ်ကြောင့်လား နှစ်ခုစလုံးကြောင့်လား မပြောတတ်တော့ပါ။ စိတ်ထဲကို ငြိမ်းချမ်းသွားတော့တယ်။ ဗောဓိညောင်ရိပ်အပါအဝင် သစ်ပင်ရိပ်တွေကလဲ အေးချမ်းလှပါတယ်။ ဒီမဟာဗောဓိက ဘာကြောင့် အဲဒီလောက် ငြိမ်းချမ်းနေရသလဲလို့ ပြန်စဉ်းစားကြည့်ရင် ဘုရားရှင်ကိုယ်တိုင် ဘုရားဖြစ်ခဲ့တဲ့နေရာဖြစ်လို့။ ဘုရားဖြစ်ပြီး ၄၉ ရက်တိုင်တိုင် ငြိမ်းချမ်းစွာ တရားနှလုံးသွင်းခဲ့လို့ အဲဒီတရားဓါတ်တွေ အခုထိ လွှမ်းခြုံနေတယ်လို့ စာရေးသူ ခံစားမိတယ်။

ထင်ရှားတဲ့ အသွင်အပြင်ကတော့

(၁) မဟာဗောဓိစေတီ

ဒီမဟာဗောဓိစေတီတော်ဟာ နှစ်ပေါင်း ၂၀၀၀ ကျော်ခဲ့ပါပြီ။ ဘုရားဖြစ်တဲ့နေရာဒေသရဲ့ အထိမ်းအမှတ်အဖြစ် အသောကမင်းက သူ့ရဲ့ နန်းစံနှစ် (နန်းသက်) ဆယ်နှစ်မြောက်မှာ လာပြီး မွမ်းမံထားပါတယ်။ အသောကမင်းရဲ့နောက်ပိုင်း ဗုဒ္ဓဘာသာဝင်း မင်းဆက်တွေက ဆက်လက် ပြုပြင်လာခဲ့တယ်။ အင်္ဂလိပ်အုပ်ချုပ်စဉ်က မြန်မာဘုရင် မင်းတုန်းမင်းရဲ့ တောင်းဆို၊လှူဒါန်းမှုအရ အင်္ဂလိပ်မင်းတို့ကလည်း ပြုပြင်ခဲ့သေးတယ်။ မဟာဗောဓိစေတီရဲ့ အမြင့်ကတော (ပေ ၁၈၀) မြင့်ပြီး လေးဒေါင့်ပုံ စေတီဖြစ်ကာ အောက်ခြေဖိနပ်တော်ကြီးပြီး အထက်သို့ ချွန်တက်သွားတဲ့ပုံစုံဖြစ်တယ်။ ပန်းပု၊ ပန်းတော့၊ ပန်းတမော့၊ ပန်းရန်လက်ရာတွေက လက်ရာကောင်းမွန် တည်ကြည်လှတာ တွေ့ရတယ်။ မဟာဗောဓိစေတီတော်ဟာ နှစ်ထပ်စေတီတော်ဖြစ်ပြီး အောက်ထပ်မှာ ဘုရားဂန္ဓကုဋိကျောင်းဖြစ်ကာ လွန်စွာသပ္ပါယ် ကြည်ညိုစရာ အတိဖြစ်တဲ့ ထိုင်တော်မူ ဆင်းတုတော် တစ်ဆူကို ဖူးမဝနိုင်အောင် ဖူးတွေ့ရတယ်။ ဂန္ဓကုဋိ အပေါ်မှာ စေတီတည်ထားခြင်းပါ။ ထောင့်လေးထောင့်မှာ ပင်မစေတီတော်ကြီးနဲ့ ပုံစံတူ စေတီလေးဆူကိုလည်း ဖူးတွေ့ရတယ်။

(၂) ဗောဓိညောင်ပင်

မဟာဗောဓိမှ ဗောဓိညောင်ပင်

ဒီဗောဓိညောင်ပင်ကတော့ မဟာဗောဓိစေတီတော်ရဲ့ အနောက်ဘက်မှာ တည်ရှိပြီး ပေ ၁၀၀ ကျော်ကျော်မြင့်တဲ့ အရိပ်ကောင်း အပင်တစ်ပင်ပါ။ ဗောဓိပင်ဟာ ဘုရားအလောင်းတော် သိဒ္ဓတ္ထမင်းသားနဲ့ အတူ တစ်ချိန်တည်း တစ်ရက်တည်းပေါက်ဖွားခဲ့လို့ (ဖွားဖက်တော်)မှာ ပါဝင်တယ်။ ဒီဗောဓိညောင်အောက်မှာ ဘုရားရှင် သဗ္ဗညုတဉာဏ်တော် ရခဲ့တဲ့နေရာလဲဖြစ်တယ်။ ဘုရားရှင်ရဲ့ မှီခို သီတင်းသုံးခဲ့တဲ့ ပရိဘောဂစေတီလဲဖြစ်တယ်။ ဒါကြောင့် ဗုဒ္ဓဘာသာဝင်တွေ ဒီဗောဓိညောင်ပင်ကို တလေးတစား လာဖူးကြတယ်။ ဗောဓိညောင်အောက်မှာ ဘုရားရှိခိုးစာတွေ ရွတ်ဆို၊ ပရိတ်၊ ပဌာန်းရွတ်၊ မေတ္တာပို့၊ ဘာဝနာပွား ဆုတောင်းနေကြတာ အားလုံးရဲ့ မျက်နှာတွေဟာ ကြည်လင်နေတာတွေ့ရတယ်။ ဗောဓိညောင်ရွက်ကိုလည်း အမြတ်တနိုး ကောက်ယူသွားကြတယ်။

ယခုလက်ရှိဗောဓိပင်ကတော့ ဘုရားရှင်လက်ထက်က အပင် မဟုတ်တော့ပါဘူး။ ဘာကြောင့်လဲဆိုတော့ သီဝနတ်ဘုရားကို ကိုးကွယ်တဲ့ ဘင်္ဂလားပြည် အလည်ပိုင်းကို အုပ်စိုးတဲ့ သာသင်္ကမင်းက ခရစ်နှစ် ၆ ရာစုခန့်က ဗောဓိပင်ကို ခုတ်ဖြတ်တူးဖော်ပစ်ပြီးထောပတ်များလောင်း ထည့်ကာ မီးရှို့ဖျက်ဆီးခဲ့တယ်။ Harry Lwin ဤအကြောင်းအရာကို ကြားသိပြီး မဂဓတိုင်းပြည့်ရှင် အကြောင်းကြားတော့ ဘုရင်ပူရာဏမာဗာက ထပ်မံစိုက်ပျိုးခဲ့ပါတယ်။ တဖန် သာသင်္ကမင်း ကထိုဗောဓိပင်ကို ထပ်မံဖျက်ဆီးပြီး ဤနေရာ၌ ဗောဓိပင် မစိုက်ရဟု အမိန့်ထုတ်ခဲ့ပါတယ်။ ဘုရင် ပူရာဏမာဗာကလည်း ဒုတိယအကြိမ် ထပ်မံစိုက်ပျိုးပါတယ် အံ့ဖွယ်ကောင်းလောက်အောင် ထိုဗောဓိပင်ဟာ တစ်ညတည်း ၁၀ ပေခန့်ကြီးမြင့်လာခဲ့ခြင်းပါ။ အဲဒီဗောဓိပင်ကိုလည်း သာသင်္ကမင်းက ၃ ကြိမ်မြောက် အကြွင်းမရ ခုတ်ဖြတ်ဖျက်ဆီးပြီး ၂၄ ပေခန့်မြင့်တဲ့ ကျောက်လက်ရန်းကြီးကို ကာရန်ထားခဲ့ပါတယ်။ ပူရာဏမာဗာကလည်း နွားနို့ဖြင့် သွန်းလောင်းပြီး တတိယ အကြိမ်မြောက် စိုက်ပျိုးခဲ့ပါတယ်။
( ကျောက်စာဝန် ကာနင်ဂန်ကမူ ထိုကျောက်လက်ရန်းကြီးကို ဗောဓိပင်အား ရန်သူတို့ မဖျက်ဆီးနိုင်ရန် ဘုရင်ပူရာဏမာဗာ ကပဲ ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်)
ဒယ်အိုးထဲဆင်းမည့် သာသင်္ကမင်းဟာ ဗောဓိပင်ကို တူးဖော်စဉ်က အမြစ်အဆုံးကို ရှာမတွေနိုင်ခဲ့ ဟုလည်း ဆိုထားပါသေးတယ်။
ခရစ်နှစ် ၁၈၁၁ ခုက ဘူချန်ဟန်မီတန် အမည်ရှိ အင်္ဂလိပ်ပညာရှင် တဦးက ဗုဒ္ဓဂယာကို ရောက်ခဲ့ဘူး ရာ သူက ခက်မ ၅ ဖြာ နှင့် စည်ပင်နေသည့် အမြင့်ပေ ၃၀ ရှိ ဗောဓိပင်ကြီးကို မြင်တွေခဲ့ပြီး အဲဒီ ဗောဓိပင်ရဲ့ သက်တမ်းမှာ နှစ်တရာရှိမည် မထင်ဟု ဆိုခဲ့ပါတယ်။
ဒါပေမယ့် အေဒီ ၁၈၇၀ မှာ ရာသီဥတုဒဏ်ကြောင့် အဲဒီဗောဓိညောင်ကြီး ပြိုလဲသွားပြန်တယ်။ အင်္ဂလိပ်ဘုရင်ခံချုပ်က ဆာအဲလစ်စန္ဒားကနိမ်ကမ်အား တာဝန်ပေးပြီး သူက လဲသွားတဲ့အကိုင်းကို ခုတ်ပြီး ကောင်းမွန်စွာ ပြန်စိုက်ထားခဲ့လို့ ယခုတိုင် ကျန်ရှိနေတာဖြစ်တယ်။ ဒါကတော့ ဗောဓိညောင်ပင်ရဲ့ မှတ်သားစရာ မှတ်တမ်းလေးပါ။ မူလဗောဓိပင် မဟုတ်ပေမယ့် မူလဗောဓိပင်ရဲ့ အဆက်အနွယ်ဖြစ်တယ်လို့ သဘောပေါက်ရပါလိမ့်မယ်။

(၃) သတ္တဌာန = ဘုရားဖြစ်ပြီး တရားနှလုံးသွင်းကာ ဘုရားရှင် နေခဲ့တဲ့ နေရာ ခုနစ်နေရာ

(၃း၁) ဝဇိရာသနပလ္လင်တော်

ဝဇီရာသန ပလ္လင်တော်မြတ်

ဒီပလ္လင်တော်ကတော့ ဗောဓိညောင်ပင်နဲ့ မဟာဗောဓိစေတီအကြားမှာ တည်ရှိပြီး ဘုရားရှင် သဗ္ဗညုတဉာဏ်တော် ရခဲ့တဲ့ ထိုင်တော်မူရာ နေရာဖြစ်တယ်။ စကြာဝဠာ ကမ္ဘာမြေကြီး စတင်ပေါ်ထွန်းရာ နေရာလည်းဖြစ်၊ မဟာဗောဓိစေတီတော်ရဲ့ အနောက်၊ ဗောဓိညောင်ပင်ရဲ့ အရှေ့ဘက်မှာ တည်ရှိကာ ယခု ကျောက်ဆစ်လက်ရာ ပလ္လင်တစ်ခု အစားထိုးထားတာ ဖူးတွေ့ရတယ်။ အသောကမင်း လှူဒါန်းထားတဲ့ပလ္လင်လို့ သမိုင်းပညာရှင်တွေ ယူဆထားကြတယ်။ ဘုရားဖြစ်ပြီးတာနဲ့ ဘုရားရှင်ဟာ အဲဒီနေရာမှာ (၇) ရက်ပတ်လုံး ဖလသမာပတ် ဝင်စားပြီး နေခဲ့တယ်။ ဒါကြောင့် ဒီနေရာကို ပလ္လင်္ဂသတ္တာဟ လို့ခေါ်တယ်။ အရင်တုံးကတော့ ခြံမခတ်ထားပါဘူး။ ဒါပေမယ့် ဗေဒင်ဆရာတွေရဲ့ (အောင်မြေ)ဆိုတဲ့ အဟောကြောင့် ဘုရားဖူးလာတဲ့ သူတွေ အလုအယက် ဗောဓိညောင်နားက မြေတွေကို ကုတ်ယူကြတယ်။ ခြစ်ယူကြတယ်။ အလုအယက် ယူကြတယ်။ စဉ်းစားကြည့်ပါ။ ဘုရားဖူးက တစ်ယောက်နှစ်ယောက် မဟုတ်ဘူးလေ။ ထောင်သောင်းချီပြီး လာနေကြတာ။ တစ်ယောက်ကို အောင်မြေလောက်စာလုံးလောက် ကောက်ယူမယ် ဆိုရင် ဗောဓိညောင်ပင်ကြီးအနီးမှာ ဘာမြေမှ ကျန်တော့မှာ မဟုတ်ဘူး ဗောဓိပင်ကြီးလဲ ပျက်စီးသွားမယ်။ တချို့လဲ ဗောဓိပင်ရဲ့ အခေါက်ကို ခွာယူချင်ကြသေးတယ်။ ကြည်ညိုတာကို အပြစ်မဆိုချင်ပါဘူး။ တစ်ယောက်နဲနဲစီ ခွာယူသွားရင် ဗောဓိပင်ကြီး ပျက်စီးသွားမှာသေခြာတယ်။ ဒါကြောင့် ဗောဓိပင်ကြီး မပျက်စီးအောင် ဘောင်ခတ်ထား လိုက်တော့တယ်။

(၃း၂) အနိမိသဌာန

အနိမိသ သတ္တာဟ

ဒုတိယနေရာကတော့ ဘုရားဖြစ်ပြီးသော်လည်း တချို့နတ်တွေက ဘုရားမဖြစ်သေးဘူးလို့ ထင်နေကြလို့ နတ်တွေရဲ့ သံသယကို ပယ်ဖျောက်ဖို့ ဘုရားရှင်ဟာ ပလ္လင်ပေါ်ရပ်ကာ ကောင်းကင်ပေါ် ပျံတက်ပြီိး တန်ခိုး ပြာဋိဟာကို ပြတော်မူခဲ့တယ်။ အဲဒီနောက် ဗောဓိပင်ရဲ့ အရှေ့မြောက်ထောင့် (၁၀၄)ပေ အကွာမှာ (၇) ရက်တိုင်တိုင် ရပ်တော်မူပြီး ဗောဓိပင်ကို မမှိတ်မသုန် ကြည့်ရှုနေခဲ့တယ်။ အဲဒီနေရာကို အနိမိသသတ္တာဟ လို့ခေါ်ပြီး ယခု မဟာဗောဓိစေတီတော်ကြီးနဲ့ သဏ္ဍာန်တူတဲ့ အနိမိသစေတီတော် တစ်ဆူ ဖူးတွေ့ရတယ်။

(၃း၃) ရတနာစင်္ကမ

ရတနာစင်္ကမ

တတိယနေရာကတော့ မဟာဗောဓိစေတီတော်ရဲ့ မြောက်ဘက်မှာ တည်ရှိပြီး ဘုရားရှင်က တန်ခိုးတော်နဲ့ ရတနာစင်္ကြန်ကို ဖန်ဆင်းကာ ခုနစ်ရက်လုံးလုံး စင်္ကြန်လျှောက် တရားနှလုံးသွင်းခဲ့တယ်။ အမှတ်အသားအဖြစ် အောက်မှာ ကျိုးပဲ့နေတဲ့ အင်္ဂတေကြာပန်း (၁၁) ပွင့်ကို တွေ့ရတယ်။ နောက်ပိုင်းမှာတော့ မဟာဗောဓိစေတီရဲ့ မြောက်ဘက်မှာ အမြင့် (၃) ပေခန့်ရှိ အင်္ဂတေပလ္လင်ရှည်တစ်ခု ပြုလုပ်ထားပြီး အင်္ဂတေကြာပန်းများ တန်းစီ ပြုလုပ်ထားကာ ဘုရားရှင် စင်္ကြန်လျှောက်တဲ့ အထိမ်းအမှတ်အဖြစ် ကြည်ညိုစွာ မြင်တွေ့ရတယ်။ ဒီနေရာကို ရတနာစင်္ကမ ရတနာစင်္ကြန်လမ်းလို့ ခေါ်တယ်။

(၃း၎) ရတနာဃရ

ဒီစတုတ္ထနေရာကတော့ မဟာဗောဓိစေတီတော်ကြီးရဲ့ ပေ (၇၀) ဝေးတဲ့ အနောက်မြောက်ထောင့်မှာ တည်ရှိတယ်။ နတ်တွေ ဖန်ဆင်းပေးထားတဲ့ ရတနာစံကျောင်းတော်မှာ ဘုရားရှင်က ခုနစ်ရက်ပတ်လုံး သီတင်းသုံးခဲ့ကာ ပဋ္ဌာန်းတရားတော်များကို ဉာဏ်တော်နဲ့ ဝေဖန်တဲ့နေရာဖြစ်တယ်။ ပဋ္ဌာန်းတရားတော်ကို သုံးသပ်ပြီးတဲ့နောက် ဘုရားရှင်ရဲ့ ခန္ဓာကိုယ်မှာ ရောင်ခြည်တော်တွေ ကွန့်မြူးလာတယ်။ အခုတော့ အုဋ္ဌ်ကျောင်းငယ်လေး တစ်ဆောင်တွေ့ရပြီး ထူပါကျောက်နဲ့ ထုဆစ်ထားတဲ့ ခြံခတ်ထားပါတယ်။ ဒီနေရာကို ရတနာဃရသတ္တာဟ = ရတနာစံကျောင်းလို့ ခေါ်ပါတယ်။

(၃း၅) အစပါလ (ခေါ်) ဆိတ်ကြောင်းညောင်ပင်

ပဉ္စမနေရာကတော့ မဟာဓောဓိစေတီတော်ရဲ့ အရှေ့တည့်တည့် ပေ (၇၀) ကွာတဲ့ နေရာမှာ တည်ရှိပြီး ဘုရားရှင်လက်ထက်မှာ ဆိတ်ကျောင်းသားများ ဆိတ်ကြောင်းတဲ့ နေရာဖြစ်ခဲ့တယ်။ ဘုရားရှင်နဲ့ မာနတ်မင်းသမီး သုံးပါး တွေ့ဆုံတဲ့ နေရာဖြစ်တဲ့အပြင် ဟုံဟုံကပုဏ္ဏားနဲ့ တွေ့တဲ့နေရာလဲ ဖြစ်တယ်။ အခု အစပါလ အထိမ်းအမှတ်အဖြစ် မဟာဗောဓိစေတီတော် လှေခါး အဆင်းလမ်း ခလယ်မှာ ကျောက်တိုင် တစ်တိုင် စိုက်ထူထားတာ တွေ့ရတယ်။ ဒီနေရာကို အစပါလသတ္တာဟ လို့ခေါ်ပြီး ဘုရားရှင် ခုနစ်ရက်ပတ်လုံး သီတင်းသုံးခဲ့တယ်။

(၃း၆) မုဉ္စလိန္ဒာ

မုဉ္စလိန္ဒာအိုင်

ဒီဆဋ္ဌမနေရာကတော့ မဟာဗောဓိစေတီတော်ရဲ့ အရှေ့တောင်ဘက် ပေ (၁၇၀) အကွာမှာ တည်ရှိပြီး မုဉ္စလိန္ဒာ ရေကန်အနီးမှာ ရှိပါတယ်။ အဲဒီနေရာ ဘုရားရှင် ခုနစ်ရက် သီတင်းသုံးတဲ့အချိန် မုဉ္စလိန္ဒာ နဂါးမင်းကြီးက ကြည်ညိုလွန်းလို့ နဂါးမင်းဟာ သူ့ကိုယ်ကို ပလ္လင်တော်အဖြစ် အခွေပြုကာ ဘုရားရှင်အား ထိုင်စေခဲ့တယ်။ သူ့ရဲ့ ပါးပျဉ်းကြီးနဲ့ ဘုရားရှင်အား မိုးမစိုအောင် မိုးပေးခဲ့တယ်။ ယခု အဲဒီနေရာ ရေကန်ရဲ့ အရှေ့မြောက်ထောင့် အနီးမှာ ကျောက်တိုင်တစ်တိုင် စိုက်ထူထားပြီး မုဉ္စလိန္ဒသတ္တာဟအဖြစ် တွေ့ရတယ်။

(၃း၇) ရာဇာရတန

မြန်မာပြည်မှ စိုက်ထားသော လင်းလွန်းပင်

သတ္တမနေရာကတော့ မဟာဗောဓိစေတီတော်ရဲ့ တောင်ဘက် ပေ (၇၀) အကွာမှာ တည်ရှိပြီး လင်းလွန်းပင်အောက်မှာ ခုနစ်ရက်ပတ်လုံး ဘုရားရှင် သီတင်းသုံးခဲ့တယ်။ အဲဒီအချိန် တဖုဿနဲ့ ဘလ္လိက ရောက်လာပြီး ပျားဆုပ်မုန့်ကို ဘုရားရှင်အား ကပ်လှူခဲ့တယ်။ ဒွေဝါစိက သရဏဂုံကို ခံယူကာ ဘုရားရှင်ရဲ့ ဆံတော်ကို ပင့်ဆောင်ပြီး ဥက္ကလာပမှာ ရွှေတိဂုံစေတီ တည်ခဲ့တယ်။ (သံဃာတော် မရှိသေးတဲ့အတွက် သရဏဂုံ နှစ်ပါးကိုသာ ခံယူခဲ့တယ်၊ သူတို့နှစ်ယောက်က ပထမဆုံး ဗုဒ္ဓဘာသာဝင်ဖြစ်တယ်၊ ရွှေတိဂုံစေတီတော်လဲ ပထမဦးဆုံး စေတီတော်ဖြစ်တယ်) ဘုရားရှင်လက်ထက်က လင်းလွန်းပင်ကြီးကတော့ မရှိတော့ပါဘူး။ လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်လောက်ကမှ မြန်မာပြည်ကနေ လင်းလွန်းပင် တစ်ပင် ပြန်လည် အစားထိုး စိုက်ထားတာတွေ့ရတယ်။ အဲဒီနေရာမှာ ကျောက်စေတီတွေ တွေ့ရပြီး ရာဇာရတနသတ္တာဟ လို့ခေါ်တယ်။

မဟာဗောဓိစေတီတော် တည်ရှိရာ ဂယာမြို့ပတ်ဝန်းကျင်မှာ တွေ့ရမယ့် သာသနာ့ဆိုင်ရာ အထိမ်းအမှတ်များကတော့ သိဒ္ဓတ္ထမင်းသား တောထွက်ကာ အနောမာသောင်ကမ်းအနီး ဆံတော် ပယ်တဲ့နေရာ၊ ၆ နှစ်တိုင်တိုင် ဒုက္ကရစရိယာ ကျင့်တဲ့နေရာ၊ ဥရုဝေလတောင်တန်း၊ သုဇာတာသူဌေးသမီးဃနာနို့ဆွမ်းချက်တဲ့ သေနနိဂုံးရွာ၊ ဘုရားအလောင်းတော် ရွှေခွက်မျှောတဲ့ နေရဉ္စရာမြစ်ကမ်း၊ သောတ္ထိယ မြက်ရှစ်ဆုပ် လှူတဲ့နေရာ တွေဟာ ခရီးသွား ဘုရားဖူးများအတွက် လှည်ပတ်ကြည့်ရှုတဲ့နေရာတွေ ဖြစ်ပါတယ်။

ဒီနေရာတွေဟာ ဘုရားရှင်လက်ထက်ကတော့ ဗုဒ္ဓဂယာလို့ မခေါ်ဘူး။ ဝိနယမဟာဝါပါဠိထဲမှာ ဘုရားဖြစ်ပြီးတဲ့နောက် ဘုရားရှင်ဟာ မိဂဒါဝုန်ကို ကြွတဲ့အချိန် မိဂဒါဝုန်နဲ့ မဟာဗောဓိဟာ (၁၈) ယူဇနာ (တစ်ယူဇနာကို ၁၃ မိုင်နီးပါးလို့ တွက်ချက်ကြသလို တချို့လည်း ၈ မိုင်ကျော်လို့ သတ်မှတ်တယ်) ကွာဝေးတယ် လို့ဆိုထားတယ်။ လမ်းခရီးမှာ ဘုရားရှင်နဲ့ ဥပကတို့ ဂယာမှာ တွေ့ဆုံကြတယ်။ အဲဒီအချိန် ဂယာနဲ့ မဟာဗောဓိဟာ သုံးဂါဝုတ်ကွာဝေးတယ် လို့ဆိုတယ်။ ဒါပေမယ့် ယခု ဂယာမြို့က ကျယ်လာ လူဦးရေများလာလို့ ဗုဒ္ဓဂယာနဲ့ ဆက်သွားလို့ မဟာဗောဓိလည်း ဂယာမြို့နယ်ထဲ ပါသွားခြင်းပါ။ ဂယာမြို့လည်း ဘုရားပွင့်ရာ ဒေသကို အမီပြုပြီး ဗုဒ္ဓဂယာ လို့ လူသိများလာခဲ့တယ်။ အင်တာနေရှင်နယ်အခေါ်ကတော့ Budhgaya ဗုဒ်ဂယာ လို့ပဲခေါ်တယ်။

စာဖတ်သူများ ကိုယ်စိတ်နှစ်ပါးကျန်းမာချမ်းသာကြပါစေ။

တောင်တန်း သာသနာပြု ဆရာတော် အရှင်သုခမိန္ဒ (စ၀်ဆုခမ်း ခေတ္တ ဗုဒ္ဓဂယာ) ၂၀၁၂ ဖေဖော်ဝါရီ

မှီငြမ်း -

(၁) မြန်မာ့ စွယ်စုံကျမ်း

(၂) Microsoft Encarta Premiums 2009, Budh Gaya

(၃) http://en.wikipedia.org/wiki/Bodhi_Tree

(၄) http://www.myanmarengineer.org

ဆက်ဖတ်ရန်
ပို့စ်တင်သူ ။.............။ thadawa on
0 ( မှတ်ချက်ရေးချင်ရင် )
ခေါင်းစဉ်အလိုက်ပို့စ်များ |

အနန္တအတုမရှိ ဗုဒ္ဓမြတ်စွာဘုရား

အလှူရှင်များအား MMSA အဖွဲ့မှ မှတ်တမ်းတင်ဂုဏ်ပြုလွှာပေးအပ်

အလှူရှင်များအား MMSA အဖွဲ့မှ မှတ်တမ်းတင်ဂုဏ်ပြုလွှာပေးအပ်

Mahidol University

International Buddhist Collage

မြန်မာ E Books

ထိုင်းနိုင်ငံ ရောက် ရွှေ့ပြောင်း မြန်မာအလုပ်သားမားများအတွက် ပညာရေး အခွင့်အလမ်းများ

MMSA ပရိတ်သတ်များ

ယခင်ပို့စ်အဟောင်းများ

အားပေးနေသော အပေါင်းသင်းများ

International News

တိုင်းရင်းသားသတင်းဌာနများစုစည်းမှု

သတင်းဌာနများစုစည်းမှု

ဘလော့ဂ်များစုစည်းမှု