(Anguttara Nikaya III, 65) | |
The Instruction to the KalamasTranslated from the Pali by Soma Thera
Note: Bhikkhu Bodhi's essay, "A Look at the Kalama Sutta", offers some important insights into this sutta, clarifying some points that have recently become muddled in various contemporary teachings.
| |
Source : http://www.accesstoinsight.org/canon/anguttara/an3-65b.html "အို ကာလာမတို့- (၁) တဆင့်စကား အဆင့်ဆင့် ကြားရသည်တို့အပေါ်မှာလည်း အပြီးသတ် ဆုံးဖြတ်ချက်မချကြကုန်နှင့်။ (၂) သင်တို့အထက်က ဘိုးဘေးဘီဘင် အစဉ်အဆက်လာ ဓလေ့ထုံးတမ်းများကိုလည်း အဆုံးသတ် အားကိုးပြီး အဟုတ်မှတ်၍ မကျင့်သုံးကြကုန်နှင့် (၃) အခြေအမြစ်မပါသည့် သူပြောငါပြော ကောလာဟလ စကားတို့ကိုလည်း လက်ခံမမှားကြကုန်နှင့်။ (၄) ဘာသာရေးကျမ်းစာတို့၏ အရှိန်ဩဇာအောက်မှာလည်း နစ်မြုပ်၍မနေကြကုန်နှင့်။ (၅) အကျင့်နှင့် အသိမပါ တက္ကီဝါဒီတို့၏ အတွေးအခေါ်များကိုလည်း ဟုတ်ပြီ မှန်ပြီဟု အတည်မယူကြကုန်နှင့်။ (၆) အခြားအခြားသောလူတို့ အခြားအခြားသော အယူဝါဒတို့ထံမှ ပုံတူကူး၍ ကျင့်သုံးခြင်းသည်လည်း မိမိတို့ ဘဝနှင့် အပ်စပ်လိမ့်မည်ဟု အတည်တကျ မယူကြကုန်နှင့်။ (၇) မိမိတို့အတွေးအခေါ် အယူအဆကို မိမိတို့၏ အတွေးဖြင့်သာလျှင် အကြောင်းယုတ္တိပေး၍ တင်ပြနိုင်ရုံ မျှဖြင့် ကိုယ့်အတွေး ကိုယ့်ယုတ္တိ ဟုတ်ပြီဟု မယူကြကုန်နှင့်။ (၈) ဆရာတစ်ယောက်ယောက် လာရောက်ဟောပြောချက်သည် မိမိတွေးထင်ထားသည်နှင့် ကိုက်ညီသွားပြီဆို ရုံ မျှဖြင့်လည်း ဟုတ်ပြီမှန်ပြီဟု မယူဆကြကုန်နှင့်။ (၉) လေးစားထိုက်သော လောကကဂရုပြုနေသည့်ပုဂ္ဂိုလ်ကြီးတစ်ယောက်၏ ဝါဒသည်ဖြစ်နိုင်ဖွယ်ရှိသည် ဟူ၍လည်း တစ်ထစ်ချ မယူကြကုန်နှင့် (၁၀) မိမိတို့ ဆည်းကပ်ကိုးကွယ်သော ဆရာတို့၏ စကားတိုင်းသည်လည်း ဟုတ်ပြီမှန်ပြီ အကျိုးရှိပြီဟု အပြီးသတ် မမှတ်ယူကြကုန်နှင့်။ ဟူ၍ ဘုရားရှင် မိန့်မှာတော်မူခဲ့သည်ကို သတိမူကြကုန်လော့ .... ဂေါတမဗုဒ္ဒ (ဘီစီ ၅၆၃ - ၄၈၃) ................................................................................... အခါတစ်ပါး၌ မြတ်စွာဘုရားသည် ကေသမုတ္တိ ဆိုသော နိဂုံးအရပ်သို့ ရောက်ခဲ့လေ၏ ။ ထိုအရပ်၌ ကာလာမ အမည်ရှိသော ပုဏ္ဏားတို့ နေကြလေ၏ ။ ကာလမ ပုဏ္ဏားတို့သည် မြတ်စွာဘုရားနှင့်တွေ့ဆုံ စဉ် အောက်ပါအတိုင်း မေးမြန်း စူးစမ်းကြလေ၏ ။ " အရှင်ဘုရား ၊ အချို့သော ရဟန်း ပုဏ္ဏား ( သာမဏ ဗြဟ္မဏ ) တို့သည် ဤ ကေသမုတ္တိ နိဂုံးသို့ ရောက်လာခဲ့ကြဖူးပါတယ် ၊ ဒီ ရဟန်း ပုဏ္ဏားတို့ဟာ မိမိတို့ရဲ့ အယူဝါဒ ကိုသာပြဆိုကြပါတယ် ၊ ထွန်းပစေကြပါတယ် ၊ သူတစ်ပါး အယူဝါဒ ကိုမူကား ထိပါးကြပါတယ် ၊ မထီမဲ့မြင် ပြုကြပါတယ် ၊ ရှုတ်ချကြပါတယ် ၊ချေဖျက်ကြပါတယ် ။" " အရှင်ဘုရား ၊ နောက်ထပ်လည်း အခြားသော ရဟန်း ပုဏ္ဏား တွေ ဤ နိဂုံး အရပ်သို့ ရောက်လာကြပါတယ် ၊ သူတို့ကလည်း သူတို့ရဲ့အယူဝါဒကိုသာ ပြကြပါတယ် ၊ ထွန်းပစေကြပါတယ် ၊ သူတစ်ပါးရဲ့ အယူဝါဒတွေကိုတော့ ထိပါးကြပါတယ် ၊ ရှုတ်ချကြပါတယ်။ချေဖျက်ကြပါတယ် ။" " အရှင်ဘုရား ၊ အဲဒီ သာမဏ ဗြဟ္မဏ ခေါ်တဲ့ ရဟန်းပုဏ္ဏားတွေထဲမှာ ဘယ်သူဟာ မှန်တဲ့စကား ကိုဆိုသလဲ ဆိုတာ တပည့်တော်တို့မှာ ယုံမှားတွေးတောပြီး သံသယ ဖြစ်ခဲ့ရပါတယ် " လို့ ဗုဒ္ဓကို ကာလာမ ပုဏ္ဏားများက လျှောက်ထား ခဲ့ဖူးပါတယ် ။ ထိုအခါ ဗုဒ္ဓဘုရား က ကာလာမပုဏ္ဏား တို့အနေနှင့် သံသယ ဖြစ်မည်ဆိုလျှင် ဖြစ်ထိုက်ကြောင်းကိုပြောဆို ညွှန်ပြပြီး အကြင်သူသည် အယူဝါဒတစ်ခုကို မှန်သည် မှားသည် ဆုံးဖြတ်လိုသော် ပြုကျင့်အပ်သည် ဟု အချက် ဆယ် ချက်ကို ညွှန်ပြတော်မူခဲ့လေသည် ။ ထိုအချက်သည် မျက်မှောက်ခေတ် သိပ္ပံနည်းကျ အတွေးအမြင် အားလုံး၏ အခြေခံမူ ဖြစ်ရုံသာမက ကမ္ဘာပေါ်တွင် ပေါ်ပေါက်ခဲ့ပြီးသမျှ ဒဿန အယူ အားလုံးနှင့်လည်း အကျုံးဝင်လျက် ရှိသည်ကို တွေ့ရလေသည် ။ ထို အသိပညာတစ်ခု သစ္စာဆိုက်မှု၏ စံ ဟု ဆိုအပ်သောအချက် ဆယ်ချက်၏ အရေးပါအရာရောက်မှုကို မဆိုမီ ထိုဆယ်ချက်ကို ဤတွင် အသိပေး လိုပါသေးသည် ။ သို့မှသာ အမှန်ကိုသိလိုသောသစ္စာဝါဒီတိုင်း အတွက် ထိုအချက် ဆယ်ချက်သည် ဘ၀ တစ်ခုလုံးကို အလင်းပေးသော မီးတိုင် ဆယ်တိုင်အဖြစ် တည်ရှိ နေပါလိမ့်မည် ။ ကေသမုတ္တိ နိဂုံးသား ကာလာမမင်းတို့အား မြတ်စွာဘုရားဟောကြားခြင်း... “ ကာလာမ မင်းတို့ ၊ သင်တို့မှာ ယုံမှားသံသယ ဖြစ်သင့်ပေ၏ ။ သင်တို့သည် (၁) ပြောသံ ကြားကာမျှဖြင့် ဟုတ်ပြီ ။ မှန်ပြီ ဟု အတည်မယူကုန်လင့်ဦး ။ (၂) အစဉ် အဆက် စကားများဖြင့်လည်း မယူကုန်လင့်ဦး ။ (၃) ဤသို့ ဖြစ်ဖူသတတ်ဟူသော စကားမျှဖြင့်လည်း မယူကုန်လင့်ဦး ။ (၄) ပိဋကတ်စာပေ နှင့် ညီညွတ်ပေသည် ဟူ၍လည်း မယူကုန်လင့်ဦး ။ (၅) ကြံဆတွေးတော၍ ယူခြင်းမျှဖြင့်လည်း မယူကုန်လင့်ဦး ။ (၆) အခြင်းအရာကို “ ကြံစည်” သော အားဖြင့်လည်း မယူကုန်လင့်ဦး ။ (၇) မှတ်ယူထိုက်သော သဘောမျှဖြင့်လည်း မယူကုန်လင့်ဦး ။ (၈) ငါတို့လေးစားသော ရဟန်း၏ စကားဟူ၍ လည်း မယူကုန်လင့်ဦး ။ ကာလာမ မင်းတို့ --- (၉) ဤတရားတို့ကား အကုသိုလ်တရား ။ အပြစ်ရှိသော တရား ။ ပညာရှိတို့ ကဲ့ရဲ့အပ်သော တရားတည်း ။ထိုတရားတို့ကို ကျင့်သုံးပါက အစီးအပွားမရှိခြင်ငှာ ၊ ဆင်းရဲခြင်းငှာ ။ ဖြစ်ကုန်၏ ဟု သင်တို့သည် “ မိမိတို့ ကိုယ်တိုင် ” သိသော အခါ၌ ယင်းတို့ကို စွန့်ပယ်ရာ၏ ။ (၁၀) ဤတရားတို့ကား ကုသိုလ်တရား ။အပြစ် မရှိသော တရား ။ ပညာရှိတို့ ချီးမွမ်းအပ်သော တရားများဖြစ်၍ ယင်းတို့ကို ကျင့်သုံးပါက အစီးအပွားရှိသည် ချမ်းသာခြင်းငှါ ဖြစ်သည်ဟု “မိမိ ကိုယ်တိုင် ” သိသော အခါ၌ မူ သင်တို့သည် ယင်းတို့နှင့် ပြည့်စုံ နေကုန်ရာ၏ ။ ( အဂုင်္တ္တရနိကာယ် ။ တိက နိပါတ် ။ မဟာ ဝဂ် ကေသ မုတ္တိသုတ် ) — |
MMSA ဘလော့စည်းမျဉ်းများ
* အချင်းချင်း ညီညွတ်မှု့ကို ပျက်စီးစေတတ်သော အကြောင်းများကို ရေးသားခြင်းမှ ရှောင်ရှားရန်၊
* သာသနာနှင့် မအပ်စပ်သော အဖွဲ့ဂုဏ်သိက္ခာကို ငြိုးနွမ်းစေတတ်သော ပုံများကိုတင်ခြင်းမှ ရှောင်ရှားရန်၊
* ပုဂ္ဂိုလ်ရေးဆိုင်ရာများထက် အများနှင့်သက်ဆိုင်သော အကျိုးများစေနိုင်သော ပုံများ စာများကိုသာ ရေးသားရန်၊
* MMSAသည် ပညာရေးအဖွဲ့စည်း ဖြစ်သည့် အတွက်နိုင်ငံရေးနှင့်သက်ဆိုင်သော အရေးအသားများကို ရေးခြင်းမှ ရှောင်ရှားရန်၊
* ဗုဒ္ဓဘာသာနှင့် မိမိတို့လေ့လာနေသော ပညာရပ်ဆိုင်ရာ အကြောင်းအရာများကို ဗဟုသုတအလို့ငှါ ရေးသား မျှဝေကြရန်၊
တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက ဆရာတော် ဘဒ္ဒန္တ ဣန္ဒပါလ ၏ သြဝါဒကထာ
ပုထုဇဉ်ဟူသည် လောဘ၊ ဒေါသ၊ မောဟ၊ မာန၊ ဣဿာ၊ မိစ္ဆရိယ အစရှိသော ကိလေသာ အကုသိုလ်တို့ အပြည့်အဝ ရှိနေခြင်းကြောင့် အမှားနှင့် မကင်းနိုင်ပါပေ။ သို့သော် အမှားတွေ့တိုင်း ပြဿနာလုပ်ကြစတမ်းဆိုလျှင် အဖွဲ့အစည်းလုပ်ငန်း မည့်သို့မျှ အောင်မြင်မှု ရနိုင်မည်မဟုတ်ပါ။ အောင်မြင်မှု ရလိုလျှင် အမှားကိုသည်းခံ ခွင့်လွှတ်နိုင်ဖို့ လိုအပ်ပေသည်။ အမှားဟူသည်မှာလည်း…
၁။ ခွင့်မလွှတ်နိုင်သော အမှားကြီးနှင့်
၂။ ခွင့်လွှတ်သည်းခံလို့ရသည့် အမှားငယ်ဟူ၍ ရှိရာ အမှားကြီးလျှင် “သဗ္ဗေသတ္တာ ကမ္မသကာ”ဟု သဘောထားကာ စည်းကမ်းအရ ဆောင်ရွက်သင့်သည်။ အမှားငယ်ကိုမူကား သည်းခံခွင့်လွှတ်ခြင်းဖြင့် ဆက်လက်လက်တွဲသင့်လှပေသည်။ သို့ဖြစ်၍ အဖွဲ့အစည်း တစ်ရပ်၏ အောင်မြင်ကြောင်းတွင် အင်္ဂါရပ်အဖြစ်ဖြင့် ခန္ဓီဂုဏ်ကို ဥပေက္ခာမပြုသင့်ပေ။ မည်သို့ပင်ဖြစ်စေ သည်းခံခွင့်လွှတ်ခြင်းသည် သာလျှင် အကောင်းဆုံး ဖြစ်ပေလိမ့်မည်။
ရန်ကုန်တိုင်း၊ ဒဂုံဆိပ်ကမ်းမြို့နယ်၊ အလိုတော်ပြည့် ဓမ္မာစရိယတက္ကသိုလ် နာယကချုပ်ဆရာတော် ဘဒ္ဒန္တ သုစိတ္တာဘိဝံသ ၏ သြဝါဒကထာ
ရန်ကုန်တိုင်း၊ ဒဂုံဆိပ်ကမ်းမြို့နယ်၊
အလိုတော်ပြည့် ဓမ္မာစရိယတက္ကသိုလ် နာယကချုပ်ဆရာတော်
ဘဒ္ဒန္တ သုစိတ္တာဘိဝံသ ၏ သြဝါဒကထာ
“အနာယကော ဝိနဿန္တိ၊ နဿန္တိ ဗဟုနာယကော” အသင်းအဖွဲ့အစည်းတစ်ခုကို တည်ထောင်တယ်ဆိုရင် အဲဒီအဖွဲ့ကို လမ်းညွန်ပေးနိုင်တဲ့ ဘက်စုံအရည်အသွေးပြည့်ဝတဲ့ ခေါင်းဆောင်နာယကပုဂ္ဂိုလ်တွေ မလွဲမသွေရှိရမယ်။ အသင်းအဖွဲ့အစည်းတစ်ခု ရေရှည်တည်တံ့နိုင်ဖို့နဲ့ လုပ်ဆောင်တဲ့ ကိစ္စအဝဝတို့ အစဉ်ချောမွေ့စွာ အောင်မြင်နိုင်ဖို့အတွက် ဦးစီးနာယက ခေါင်းဆောင်တွေက နာယက (လူကြီး)ရောဂါ မထသင့်ဘူး။ စေတနာ၊ ဝါသနာ၊ အနစ်နာသုံးပါးလုံး ပြည့်စုံကြဖို့ အလွန်လိုအပ်သလို အသင်းအဖွဲ့ဝင် ပုဂ္ဂိုလ်အချင်းချင်းတို့ဟာလည်း (သာမဂ္ဂီသုခ) ညီညွတ်မှုကို မရ, ရအောင် တည်ဆောက်ကြရမယ်။
“ḩာဏ်ရှိယောင်္ကျား၊ မှားလတ်သောအခါ၊ ဆေးလွန်နာကို၊ ဆရာနောင်ဆက်၊ အကုခတ်သို့၊ ပျက်သာအမြဲ၊ ပြင်နိုင်ခဲ၏” ဆိုတဲ့အတိုင်း လုပ်ဆောင်သမျှ ကိစ္စတိုင်းမှာ ပြင်မရ၊ ပျက်မရ၊ ကုစားမရတဲ့ အမှားအယွင်းတွေ မပြုလုပ်မိဖို့ သတိကြီးစွာ ထား၍ ဆောင်ရွက်ကြပါ။
“ညီညွတ်သူဆောင်၊ ကြံတိုင်းအောင်”ဆိုတဲ့ ဆောင်ပုဒ်ကို လက်ကိုင်ထားကြပြီး “ပကောပကာရတ္ထ၊ မိဒံသရီရံ” မိမိတို့ရရှိထားကြတဲ့ ဘဝခန္ဓာကိုယ်ဟာ သာသနာအတွက်သာ ဖြစ်ရမည် ဆိုတဲ့ သန္နိဋ္ဌာန် ချပြီး ကြီုးစားအားထုတ် ဆောင်ရွက်ကြပါ။
ရခိုင်ပြည်နယ်၊ စစ်တွေမြို့
သဒ္ဓမ္မဂရု (ပုသိမ်)ကျောင်းတိုက်
ပဓာနနာယကဆရာတော် ဘဒ္ဒန္တပဏ္ဍိတ(အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတ၊ ပရိယတ္တိသာသနဟိတဓရ၊ နိုင်ငံတော်သံဃာ့မဟာနာယက) ၏ သြဝါဒကထာ
၁။ မိမိကြောင့် သူတပါးမနစ်နာစေနှင့်။
၂။ ဂုဏ်ပကာသနကို မျှော်၍ အလုပ်မလုပ်နှင့်။
၃။ အရာရာမှာ ကုသိုလ်ဖြစ်အောင်လုပ်ပါ။
၎။ ရိုသေလေးစား မြတ်နိုးမှုကို ပြု၍ ဆက်ဆံပါ။
၅။ သူတစ်ပါးကို အနိုင်ယူခြင်းထက် ကူညီခြင်းသည် အကျိုးများသည်။
၆။ အပြစ်ပေးခြင်းထက် ပြုပြင်ပေးခြင်းသည် သာ၍ကောင်းသည်။
၇။ ပညာရှိခြင်း အာဏာရှိခြင်းသည် သူတပါးကို အနိုင်ကျင့်ရန်မဟုတ်၊ အကျိုးပြုရန်သာဖြစ်သည်။
၈။ ယဉ်ကျေးသောပုဂ္ဂိုလ်၊ လူမျိုးတို့သည် အရာရာမှာ အထက်တန်းကျ၍ တိုးတက်အောင်မြင်သည်။
၉။ လာဘ်လာဘကို မျှော်၍ ကူညီခြင်းထက် စေတနာထား၍ ကူညီခြင်းသည် အကျိုးများသည်။
ဝေဖန် တွေးတောခြင်း (critical thinking) ဆိုတဲ့စကားရပ်ဟာ ၂၀ ရာစုနှောင်းပိုင်း ပညာသင်ကြားရေး မှာ တော်တော်လေးပဲ ခေတ်စားလာခဲ့ပါ တယ်။ မြန်မာပြည်ထဲက ပုဂ္ဂလိက ကျောင်း တချို့ရဲ့ ကြော်ငြာတွေမှာ သူတို့ကျောင်းရဲ့ သင်ရိုး
အဖြစ် ထည့်သွင်းကြော်ငြာထားကြတာကို သတိထားမိခဲ့ပါတယ်။
ဒါပေမဲ့ အစိုးရကျောင်းသင်ရိုးနဲ့ပဲ ကြီးပြင်းခဲ့ရတဲ့ ကျမတို့အဖို့ ဒီသင်ကြား နည်းဟာ ဘယ်လိုမျိုးလဲဆိုတာ သိဖို့ ခဲယဉ်းခဲ့ပါတယ်။ ကံကောင်းထောက်မ စွာပဲ ၂၀၀၅ ခုနှစ်မှာ ချင်းမိုင်မြို့မှာ ဖွင့်လှစ်ခဲ့တဲ့ မြန်မာနိုင်ငံသား ဆရာများ အတတ်ပညာ သင်တန်းမှာ ဒီသင်ကြားနည်း ကို ထိတွေ့ခွင့်ရခဲ့ပါတယ်။
‘ဝေဖန်ပိုင်းခြား စဉ်းစားရန် စာရေးခြင်းနှင့် စာဖတ်ခြင်း’ (Reading, Writing and Critical Thinking) ဆိုတဲ့ RWCT နည်းလမ်းတွေနဲ့ သင်ခန်းစာ လေ့လာနည်း တွေကို ဒေါက်တာ သိန်းလွင်က ကျမတို့ကို မိတ်ဆက် ပေးခဲ့ပါတယ်။ ဝေဖန် စဉ်းစားခြင်းနဲ့ ထိတွေ့လေ့မရှိတဲ့ ကျမတို့ဟာ အစပိုင်းမှာတော့ စဉ်းစားတွေးတော ရတာတွေဟာ ခက်ခဲသလိုရှိခဲ့ပေမဲ့ အလေ့အကျင့် ရလာချိန်မှာတော့ အင်မတန် ပျော်ရွှင်ဖွယ်၊ စိတ်ဝင်စားဖွယ်၊ သင်ခန်းစာတွေဖြစ်ခဲ့ပြီး တက်ကြွစွာ သင်ယူလိုကြတဲ့ စာသင်သားတွေ ဖြစ်ခဲ့ရပါတယ်။
ဝေဖန်ပိုင်းခြား စဉ်းစားခြင်းနည်းလမ်းဟာ ဗုဒ္ဓဘုရားရှင် အသုံးပြုခဲ့တဲ့ သင်ကြားနည်း ဖြစ်ကြောင်း ဆရာ ဒေါက်တာ သိန်းလွင်က ဆိုပါတယ်။
"ဘုန်းတော်ကြီးက ဝေဖန်ပိုင်းခြား စဉ်းစားခြင်းသည် ဗုဒ္ဓ၏ သင်ကြားနည်း ဖြစ်ကြောင်း ဆွေးနွေးတင်ပြပါသည်။ ကာလာမရွာသားများအား ဗုဒ္ဓဟောကြားသော တရားတွင် ဝေဖန်ပိုင်းခြား စဉ်းစားမှုရှိရန် ဆုံးမထားပါသည်။
“အစဉ်အလာရှိသောကြောင့်လည်း လက်ခံခြင်းမပြုနှင့်၊ မကြာခဏ ကြားနေရသောကြောင့်လည်း လက်ခံခြင်းမပြုနှင့်၊ ဟောပြောသော ပုဂ္ဂိုလ်၏ အရှိန်အ၀ါကြောင့်လည်း လက်ခံခြင်းမပြုနှင့်၊ ဆရာသမားက ပြောသည်ဆိုသောကြောင့် လည်း လက်ခံခြင်းမပြုနှင့်၊ ကိုယ်တိုင် လေ့လာဆန်းစစ်ပြီးမှသာ လက်ခံရန်” ဟောကြားပါသည်။ ’(မောက္ခပညာရေး မဂ္ဂဇင်း)
ဒီအဆိုကို ဖတ်မိတော့ ရေးခြင်း ဖတ်ခြင်းသာမက စကားပြောခြင်းတွင်ပါ ဝေဖန်ပိုင်းခြား စဉ်းစားဆင်ခြင်တတ်ဖို့ လမ်းညွှန်သင်ကြားထားတဲ့ ဗုဒ္ဓ ဘုရားရှင်ရဲ့ အဆုံးအမကို သတိထားမိလာပါတယ်။
မြတ်စွာဘုရားရှင်ဟာ စကားပြောဆိုခြင်းကို အလေးထားဟောကြားခဲ့ပါတယ်။ ကံသုံးပါးမှာ တစ်ပါး အပါအ၀င်ဖြစ်တဲ့ ၀စီကံဟာ စောင့်ထိန်းနိုင်ဖို့ အရေးကြီးပါတယ်။ လူတိုင်း ခါးဝတ်ပုဆိုးလို မြဲရမယ်ဆိုတဲ့ ငါးပါးသီလမှာ မုသားစကား လိမ်ညာပြောဆိုခြင်းကို ရှောင်ကြဉ်ခိုင်းပါတယ်။ နိဗ္ဗာန်ရောက်ကြောင်း တရားအဖြစ် ကျင့်ကြံရမဲ့ မဂ္ဂင်(၈)ပါး ကျင့်စဉ် မှာလည်း သမ္မာဝါစာ ကောင်းသောစကားကို ဆိုပါလို့ သင်ကြားပေးခဲ့ပါတယ်။ မင်္ဂလာဖြစ်ကြောင်း တရား (၃၈)ဖြာ မှာလည်း သုဘာသိသာစ ယာဝါစာ ကောင်းသောစကားကို ဆိုခြင်းသည် မင်္ဂလာတရား ဖြစ်တယ်လို့ ဟောကြား ခဲ့ပါတယ်။
ဘုရားဖြစ်ဖို့ ဖြည့်ကျင့်ခဲ့တဲ့ ပါရမီ (၁၀)ပါး မှာလည်း သစ္စာပါရမီ ကို အထူးပဲ ဖြည့်ကျင့်ခဲ့ပါတယ်။ ဆရာတော် ရှင်ဇနကာဘိဝံသ က သူ့ရဲ့ ဗုဒ္ဓ၀င် အမေးအဖြေ စာအုပ်မှာ သစ္စာပါရမီနဲ့ ပတ်သက်လို့ ‘လူတစ်ယောက်ကိုဖြစ်စေ၊ အများကိုဖြစ်စေ အထင်မမှားအောင် မုသားလည်းမပြော၊ ကြွားဝါ၍လည်း မပြောဘဲ ပြုနိုင်သလောက်ပြော၍၊ ပြောသည့် အတိုင်း ပြုလုပ်ခြင်းသည် သစ္စာပါရမီတည်း ’ လို့ အဓိပ္ပာယ်ဖွင့်ခဲ့ပါတယ်။
ဗုဒ္ဓက လူတွေပြောလေ့ရှိတဲ့ စကားအမျိုးအစားတွေကို (၆)မျိုးရှိတယ်လို့ ခွဲခြား ဆန်းစစ်ထားပါတယ်။
၁) မှန်ကန်၊ အကျိုးရှိ၊ ကြားသူနှစ်သက် သောစကား
၂) မှန်ကန်၊ အကျိုးရှိ၊ ကြားသူမနှစ်သက်သောစကား
၃) မှန်ကန်၊ အကျိုးမရှိ၊ ကြားသူနှစ်သက်သောစကား
၎) မှန်ကန်၊ အကျိုးမရှိ၊ ကြားသူမနှစ်သက်သောစကား
၅)မမှန်ကန်၊ အကျိုးမရှိ၊ ကြားသူနှစ်သက်သောစကား
၆) မမှန်ကန်၊ အကျိုးမရှိ၊ ကြားသူမနှစ်သက်သောစကား တို့ဖြစ်ပါတယ်။
နံပတ်(၁)အမျိုးအစားကတော့ ပြည့်စုံတဲ့စကားအမျိုးအစားပါ။
နံပတ်(၂) အမျိုးအစားကတော့ မှန်ကန်တယ်၊ ပြောလိုက်တဲ့အတွက် အကျိုးတစုံတရာရှိမယ်။ ဒါပေမဲ့ နားထောင်ရတဲ့ သူကတော့မကြိုက်ပါဘူး။ ဥပမာဆိုရရင် မိဘက မလိမ္မာတဲ့ သားသမီးကို ဆုံးမတဲ့ စကားမျိုးဖြစ်လိမ့်မယ် ထင်ပါတယ်။
နံပတ်(၃) အမျိုးအစားကတော့ မှန်ကန်၊ အကျိုးမရှိ၊ နားထောင်တဲ့သူတော့ ကြိုက်တယ်ဆိုတော့ ပေါ့(ပ်)သတင်း စကားမျိုးတွေ ဖြစ်ပါလိမ့်မယ်။ ဘယ်မင်းသားနဲ့ ဘယ်မင်းသမီး မင်္ဂလာဆောင်တာ ဘယ်လို၊ ဘယ်လောက် ခမ်းနား လိုက်တာ။ ဘယ်သူကတော့ ဘာဆိုလဲပေါ့။ ပြောသူ ကြားသူ အရသာရှိပေမဲ့ အကျိုးမရှိပါဘူး။
နံပတ်(၄)က မှန်ကန်၊ အကျိုးမရှိ၊ ကြားသူမနှစ်သက်တဲ့ သူ့အတင်း သူ့ကို တိုက်ရိုက် ပြန်ပြောမိတဲ့ စကားမျိုး ဖြစ်ပါ လိမ့်မယ်။ အနာပေါ်တုတ်ကျ တဲ့စကားမျိုးသွားပြောမိရင် အကျိုးမရှိပဲ အရိုက်ခံ ရဖို့ ရှိနိုင်ပါတယ်။
နံပတ်(၅) စကားက မမှန်ကန်၊ အကျိုးမရှိ၊ ကြားသူနှစ်သက် တဲ့စကားဆိုတာ လိမ်ညာ လှည့်စား တတ်သူတွေ ပြောတတ်တဲ့စကားမျိုးဖြစ်လိမ့်မယ်ထင်ပါတယ်။ ကြားရတဲ့သူက သဘောကျပြီး သူ့ အလိမ်အညာလှိုင်းထဲ မြောပါ သွား တတ်ပါတယ်။
နံပတ်(၆)ကတော့ မှန်လည်းမမှန်၊ အကျိုးလည်းမရှိ၊ ကြားသူလည်းမနှစ်သက် ဆိုတော့ ကောင်းတာ ဘာမှမရှိတော့ပါဘူး။ အလေနသော၊ ဗလွတ်ရွှတ်တ၊ ပေါက်တတ်ကရ ဆိုတဲ့ စကားမျိုးဖြစ်ပါလိမ့်မယ်။
မြတ်စွာဘုရားက သည်စကားခြောက်မျိုးထဲမှာမှ ပထမ (၂ )မျိုးသည်သာ ပြောသင့်သောစကားဖြစ်ပြီး၊ ကျန်(၄)မျိုးကတော့ မပြောသင့်သော စကားများဖြစ်တယ်လို့ လမ်းညွှန်ဟောကြားခဲ့ပါတယ်။
မှန်လည်းမှန်၊ အကျိုးလည်းရှိမယ်ဆိုရင်တော့ နားထောင်ရသူ နှစ်သက်သည်ဖြစ်စေ၊ မနှစ်သက်သည် ဖြစ်စေ ပြောသင့်ပါတယ်တဲ့။
စကားဆိုခြင်းအတတ်ပညာဟာ အရေးကြီးလှပါတယ်။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က နေအိမ်အကျယ် ချုပ်က လွတ်ပြီးစ လူထုကို ပြောတဲ့စကားမှာ လူအချင်းချင်း နားလည်မှုရှိဖို့ အတွက် မိမိပြောတဲ့စကားကို အခြားသူ သဘောပေါက် ဖို့ အသေအချာ အရေးကြီးပါတယ်တဲ့။
ဒါကြောင့် လူမှုဆက်ဆံရေးမှာ အရေးပါလှတဲ့ စကားပြောဆိုရာမှာ မြတ်စွာဘုရား ဟောကြား လမ်းညွှန်ခဲ့တဲ့ အတိုင်း မိမိပြောဆိုမဲ့စကားကို ဝေဖန်ပိုင်းခြား စဉ်းစားဆင်ခြင်ပြီးမှ ပြောကြမယ်ဆိုရင် အကျိုးများဖို့ ရှိကြောင်းပါ။
ခင်လေးငယ်
စာအုပ်များကို ဖတ်ရှုလေ့လာရန် အချိန်ပေးသည့် ဆယ်ကျော်သက်များမှာ တေးဂီတကို နားထောင်သည့် သူများထက် စိတ်ကျ ဝေဒနာ ခံစားရခြင်းမှ ပို၍ ကာကွယ်ပေးနိုင်ကြောင်း သုတေသနအရ သိရပါသည်။
အပြုအမူကို ဖြစ်ပျက်နေသည့် အချိန်တွင် စမ်းသပ်သည့် ecological momentary assessment “လက်တွေ့ဘ၀” နည်းစနစ်ကို ဦးဆုံး သုံးပြီး လေ့လာခြင်းဖြစ်သည်။
တေးဂီတနှင့် စိတ်ကျဝေဒနာ ဆက်စပ်နေမှုကို နားလည်ရန် ဤနည်းလမ်းက ကူညီသည်ဟု ဆို၏။
စိတ်ကျဝေဒနာ အကြီးအကျယ် ခံစားနေရသည့် လူငယ် ၄၆ ဦး အပါအ၀င် ဆယ်ကျော်သက် ၁၀၆ ဦးကို Pittsburg ဆေးတက္ကသိုလ်က လေ့လာခဲ့ခြင်းဖြစ်သည်။
၂ လတာ အတွင်း စနေ၊ တနင်္ဂနွေ နေ့ရက်များအတွင်း သုတေသီများက ပါဝင် စစ်ဆေးခံသူများကို အကြိမ် ၆၀ အထိ ခေါ်ပြီး မီဒီယာ ၆ မျိုးတွင် မည်သည်တို့ကို အသုံးပြုနေကြကြောင်း စုံစမ်း မေးမြန်းကြသည်။ မီဒီယာများမှာ - တီဗွီ၊ ရုပ်ရှင်၊ ဂီတ၊ ဗီဒီယိုဂိမ်း၊ အင်တာနက်၊ မဂ္ဂဇင်း သို့မဟုတ် သတင်းစာ၊ စာအုပ် တို့ဖြစ်ကြသည်။
ဂီတကို အများဆုံး နားထောင်သော လူငယ်များမှာ အနည်းဆုံး နားထောင်သော သူများထက် ၈ ဒသမ ၃ ဆ ပိုပြီး စိတ်ကျဝေဒနာကို ခံစားရကြောင်း တွေ့ရှိရသည်။
သို့ရာတွင် စာအနည်းဆုံး ဖတ်သူနှင့် နှိုင်းယှဉ်သောအခါ စာအများဆုံး ဖတ်သူများမှာမူ ၁၀ ပုံ တစ်ပုံသာ စိတ်ကျ ဝေဒနာကို ခံစား ရနိုင်လေသည်။
“စိတ်ကျဝေဒနာ သက်သာဖို့အတွက် စာဖတ်ခြင်းနဲ့ ဆက်နွယ်နေတယ်ဆိုတဲ့ အချက်က အရေးကြီးလှပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီကနေ့ခေတ် လူငယ်တွေဟာ စာဖတ်တာ သိပ်ကို နည်းနေလို့ပါ။ အခြားသော လူမှုမီဒီယာတွေကိုတော့ ပိုလို့ သုံးလာကြတယ်လေ။” ဆေးပညာ လက်ထောက် ပါမောက္ခ ပရင်မက်က ဆိုသည်။
မောက္ခ နိုင်ငံတကာ ပညာရေးသတင်း
Source: IANS
Pamela GutmanPamela Gutman
Harold White Fellowship Research Topic :
Bloomsbury in Burma: a biography of Gordon Hannington Luce.
In 1980 the Library acquired the collection of Professor Luce, regarded as the foremost European scholar on Burma. This collection and others within NLA are key source materials for the biography.
Biography
Pamela Gutman is an Honorary Associate in the Department of Art History and Theory at the University of Sydney. She has a PhD from ANU (1977) and has previously worked in a number of academic and government organisations, including the Faculty of Asian Studies, ANU and the Department of Prime Minister and Cabinet, and was a member of hte Refugee Review Tribunal. In 1974 she spent some time working with the late Professor Luce in Jersey, UK.
Links
Information about the Luce collection and the Burmese collection at the NLA
Bibliography
Gutman, Pamela. Burma's lost kingdoms: splendours of Arakan. Bangkok : Orchid Press, 2001 (also Allen & Unwin, 2001). (description and contents list )
Gutman, Pamela. (2001). The martaban trade: An examination of the literature from the seventh century until the eighteenth century. Asian perspectives: (Honolulu) 40(1): 108-118.
Gutman, Pamela. Ancient Arakan : with special reference to its cultural history between the 5th and 11th centuries. PhD Thesis, ANU, 1977.
Recent articles and chapters
Hudson, R. and Gutman, Pamela. (2004). The archaeology of the early Buddhist Kingdoms of Thailand. In: Ian Glover and Peter Bellwood (eds). Southeast Asia: from prehistory to history. London: RoutledgeCurzon.
Gutman, Pamela. (2002). A Burma origin for the Sukhothai walking Buddha. In: Alexandra Green and T.Ruchard Blurton (eds). Burma: art and archaeology. London: The British Museum Press.
Gutman, Pamela. (2001). The Martaban trade: an examination of the literature from the seventh century until the eighteenth century. (pottery tradition in Lower Burma). Asian perspectives: the journal of archaeology for Asia and the Pacific. 40(1): 108-118. (abstract)
Gutman, Pamela. (1998). Between India and Southeast Asia: Arakan, Burma's forgotten kingdom. TAASA Review 7(4)
Burma's lost kingdoms စာအုပ်အကြောင်း
၁။ ခမာဂုဏ်- မီးမပွားလောက်သည့် အမှုတို့၌ ပမာဏမပြုပဲ သီးခံခြင်း။
၃။ ဥဋ္ဌာနဂုဏ်- ခပ်သိမ်းသော အခွင့်တို့၌ ငယ်သူငယ်သားတို့ထက် ၂-ဆ၊ ၃-ဆ တက်၍ လုံ့လရှိခြင်း။
၎။ သံဝိဘာဂဂုဏ်- အလိုက်အထိုက်ကို ချင့်၍ ဝေဖန်ထုံးဖွဲ့ခြင်း။
၅။ ဒယာဂုဏ်- ငယ်သူငယ်သားတို့အား မိမိကဲ့သို့ သနားချစ်ခင် ကြင်နာခြင်း။
၆။ ဣက္ခဏဂုဏ်- အလုံးစုံသော အခွင့်အရေးတို့ကို တွေးမျှော်ဆင်ခြင်ခြင်း။
၁။ ဒါန- လှူဒါန်းခြင်း။
၃။ ပရိစ္စာဂ- ပေးကမ်းချီးမြောက် ထောက်ပံ့ခြင်း။
၎။ အဇ္ဖ၀- စိတ်နှလုံး ဖြောင့်မတ်ခြင်း။
၅။ မဒ္ဒ၀- ကိုယ်နှုတ် နူးညံ့ သိမ်မွေ့ခြင်း။
၆။ တပ- ဥပုသ်သီလ ဆောက်တည်ခြင်း။
၇။ အက္ကောဓန- ဒေါသမထွက်ခြင်း။
၈။ အ၀ိဟိံသ- တိုင်းသူပြည်သားများကို မညဉ်းဆဲခြင်း။
၉။ ခန္တီ- သီးခံခြင်း။
၁၀။ အ၀ိရောဓန- တိုင်းသူပြည်သားတို့နှင့် မဆန့်ကျင်ခြင်း။
Read More...
Collapse...
Rank | Topic | Wikipedia views Oct 21 2010 |
---|---|---|
1 | China - Great Qing Empire | 51498 |
2 | Switzerland - Swiss Confederacy | 38851 |
3 | San Marino - Most Serene Republic of San Marino | 24266 |
4 | Burma - Kingdom of Burma | 21206 |
5 | Ethiopia - Empire of Ethiopia | 16702 |
6 | Cambodia - Kingdom of Cambodia | 13549 |
7 | Bhutan - Bhutan | 10779 |
8 | Tibet - Kingdom of Tibet | 10352 |
9 | Rwanda - Kingdom of Rwanda | 7947 |
10 | Burundi - Kingdom of Burundi | 4250 |
11 | Mogadishu - Sultanate of Mogadishu | 2862 |
12 | Ladakh - Kingdom of Ladakh | 1880 |
13 | Madurai - Madurai Nayak Kingdom | 1404 |
14 | Modena - Duchy of Modena and Reggio | 1099 |
15 | Lucca - Republic of Lucca | 1088 |
16 | Thanjavur - Thanjavur Nayak Kingdom | 1009 |
17 | Dahomey - Kingdom of Dahomey | 871 |
18 | Champa - Kingdom of Champa (Vassal of Annam) | 738 |
19 | Alderney - Lordship of Alderney (Vassal of England from 1660) | 686 |
20 | Minangkabau - Minangkabau Kingdom | 633 |
21 | Sulu - Sultanate of Sulu | 426 |
22 | Banten - Sultanate of Banten | 386 |
23 | Arakan - Kingdom of Arakan | 305 |
24 | Ternate - Sultanate of Ternate | 298 |
25 | Harar - Sultanate of Harar | 297 |
26 | Tonkin - Great Viet Realm | 265 |
27 | Badakhshan - Khanate of Badakhshan | 257 |
28 | Banjarmasin - Sultantate of Banjarmasin | 222 |
29 | Sumbawa - Sultanate of Sumbawa | 181 |
30 | Majeerteen - Sultanate of Majeerteen | 173 |
31 | Buton - Sultanate of Buton | 159 |
32 | Cirebon - Sultanate of Cirebon | 155 |
33 | Itza - Kingdom of the Itza Maya | 147 |
34 | Nagar - Principality of Nagar | 135 |
35 | Patan - Kingdom of Patan | 130 |
36 | Gorkha - Kingdom of Gorkha | 130 |
37 | Tidore - Sultanate of Tidore | 124 |
38 | Bemba - Bemba Kingdom | 112 |
39 | Chitradurga - Chitradurga Nayak Kingdom | 108 |
40 | Mataram - Mataram Sultanate | 105 |
41 | Anhalt-Dessau - Principality of Anhalt-Dessau (State of the Holy Roman Empire) | 102 |
42 | Gojjam - Kingdom of Gojjam (Vassal of Ethiopia) | 99 |
43 | Rembau - State of Rembau | 78 |
44 | Bima - Sultanate of Bima | 71 |
45 | Chitral - Kingdom of Chitral (Vassal of Badakhshan) | 69 |
46 | Cianjur - State of Cianjur | 66 |
47 | Bacan - Sultanate of Bacan | 61 |
48 | Sumedang - State of Sumedang | 60 |
49 | Kaffa - Kingdom of Kaffa | 58 |
50 | Goust - Republic of Goust | 53 |
51 | Keladi - Keladi Nayaka Kingdom | 51 |
52 | Couto Mixto - Couto Mixto (Small neutral territory between Portugal and Spain) | 50 |
53 | Buleleng - Kingdom of Buleleng | 49 |
54 | Naning - State of Naning | 46 |
55 | Sumenep - State of Sumenep | 45 |
56 | Luwu - Kingdom of Luwu | 38 |
57 | Jimma - Kingdom of Jimma | 36 |
58 | Anziku - Anziku Kingdom | 30 |
59 | Ennarea - Kingdom of Ennarea | 28 |
60 | Janjero - Kingdom of Janjero | 26 |
61 | Sanggau - Sultanate of Sanggau | 26 |
62 | Karagwe - Kingdom of Karagwe | 26 |
63 | Mandara - Mandara Kingdom | 25 |
64 | Bone - Sultanate of Bone | 24 |
65 | Loango - Kingdom of Loango | 20 |
66 | Southern Ming - Great Ming Empire | 16 |
67 | Konta - Kingdom of Konta | 16 |
68 | Garo - Kingdom of Garo | 13 |
69 | Bangkalan - State of Bangkalan | 12 |
70 | 22x20px Flanders - County of Flanders (State of the Holy Roman Empire) | 12 |
71 | Wajo - State of Wajo | 11 |
72 | Welayta - Kingdom of Welayta | 11 |
73 | Tanette - State of Tanette | 10 |
74 | Tallo - Sultanate of Tallo | 10 |
75 | Anhalt-Harzgerode - Principality of Anhalt-Harzgerode (State of the Holy Roman Empire) | 8 |
76 | Golconda - Golconda Sultanate | 8 |
77 | 22x20px Kartli - Kingdom of Kartli | 7 |
78 | 22x20px Saxony - Electorate of Saxony (State of the Holy Roman Empire) | 7 |
79 | border|22px Landak - State of Landak | 6 |
80 | Sukadana - Sultanate of Sukadana | 6 |
81 | border|22px Genoa - Republic of Genoa | 6 |
82 | 22x20px Poland-Lithuania Polish-Lithuanian Commonwealth | 5 |
83 | border|22px Ryukyu - Kingdom of Ryukyu (Vassal of Japan) | 5 |
84 | 22px Transylvania - Principality of Transylvania | 5 |
85 | border|22px Hesse-Kassel (or Hesse-Cassel) - Langraviate of Hesse-Kassel (State of the Holy Roman Empire) | 5 |
86 | 22x20px Kempten - Imperial Abbey of Kempten im Allgäu (State of the Holy Roman Empire) | < 5 |
87 | 22x20px Kakheti - Kingdom of Kakheti | < 5 |
88 | 22x20px Arenberg - Duchy of Arenberg (State of the Holy Roman Empire) | < 5 |
89 | 22x20px Salzburg - Archbishopric of Salzburg (State of the Holy Roman Empire) | < 5 |
90 | border|22px Kazakh Khanate - Kazakh Khanate | < 5 |
91 | Deli - Kingdom of Deli (Vassal of Aceh) | < 5 |
92 | border|22px Bukhara - Khanate of Bukhara | < 5 |
93 | Badung - Kingdom of Badung | < 5 |
94 | 22x20px Hungary - Kingdom of Hungary | < 5 |
95 | border|22px Stavelot-Malmedy - Imperial Abbey of Stavelot and Malmedy | < 5 |
96 | 22x20px Freising - Prince-Bishopric of Freising (State of the Holy Roman Empire) | < 5 |
97 | 22x20px Palatinate-Neuburg - County Palatine of Neuburg (State of the Holy Roman Empire) | < 5 |
98 | border|22px Buganda – Kingdom of Buganda | < 5 |
99 | 22x20px Brandenburg-Kulmbach - Principality of Brandenburg-Kulmbach (State of the Holy Roman Empire) | < 5 |
100 | 22x20px Chur - Bishopric of Chur (State of the Holy Roman Empire) | < 5 |
101 | 22x20px Guria - Principality of Guria (Vassal of Imereti) | < 5 |
102 | border|22px Sambas - Sultanate of Sambas | < 5 |
103 | 22x20px Worms - Bishopric of Worms (State of the Holy Roman Empire) | < 5 |
104 | border|22px Bunyoro - Kingdom of Bunyoro-Kitara | < 5 |
105 | 22x20px Russia - Tsardom of Russia | < 5 |
106 | 22x20px Baden-Rodemachern - Margraviate of Baden-Rodemachern (State of the Holy Roman Empire) | < 5 |
107 | border|22px Sikkim - Kingdom of Sikkim | < 5 |
108 | 22x20px Ragusa - Republic of Ragusa | < 5 |
109 | border|22px Ireland - Kingdom of Ireland (from May 8) | < 5 |
110 | 22x20px Leuchtenberg - Landgraviate of Leuchtenberg (State of the Holy Roman Empire) | < 5 |
111 | 22x20px Osnabrück - Prince-Bishopric of Osnabrück (State of the Holy Roman Empire) | < 5 |
112 | 22x20px Luxembourg - Duchy of Luxembourg (State of the Holy Roman Empire) | < 5 |
113 | Sukapura - State of Sukapura | < 5 |
114 | border|22px Asahan - Sultanate of Asahan | < 5 |
115 | 22x20px Eichstädt - Bishopric of Eichstädt (State of the Holy Roman Empire) | < 5 |
116 | 22x20px Lübeck - Bishopric of Lübeck (State of the Holy Roman Empire) | < 5 |
117 | border|22px Pattani - Kingdom of Pattani (Vassal of Ayutthaya) | < 5 |
118 | 22x20px Passau - Bishopric of Passau | < 5 |
119 | border|22px Würzburg - Bishopric of Würzburg (State of the Holy Roman Empire) | < 5 |
120 | 22x20px Hainaut - Duchy of Hainaut (State of the Holy Roman Empire) | < 5 |
121 | border|22px Klungkung - Kingdom of Klungkung | < 5 |
122 | 22x20px Strasbourg - Prince-Bishopric of Strasbourg (State of the Holy Roman Empire) | < 5 |
123 | 22x20px Brabant - Duchy of Brabant (State of the Holy Roman Empire) | < 5 |
124 | border|22px Münster - Bishopric of Münster (State of the Holy Roman Empire) | < 5 |
125 | Anhalt-Plötzkau - Principality of Anhalt-Plötzkau (State of the Holy Roman Empire) | < 5 |
126 | 22x20px Joseon - Kingdom of Joseon | < 5 |
127 | 22x20px Brixen - Bishopric of Brixen (State of the Holy Roman Empire) | < 5 |
128 | Viet Nam (Dai Viet) - Later Le Dynasty | < 5 |
129 | 22x20px Paderborn - Bishopric of Paderborn (State of the Holy Roman Empire) | < 5 |
130 | 22x20px Berchtesgaden - Imperial Abbey of Berchtesgaden (State of the Holy Roman Empire) | < 5 |
131 | 22x20px Bamberg - Prince-Bishopric of Bamberg | < 5 |
132 | border|22px Kathmandu - Kingdom of Kathmandu | < 5 |
133 | 22x20px Regensburg - Bishopric of Regensburg (State of the Holy Roman Empire) | < 5 |
134 | 22x20px Ellwangen - Imperial Abbey of Ellwangen (State of the Holy Roman Empire) | < 5 |
135 | 22x20px Holy See (Sovereign entity without territory, conducted relations with several states) | < 5 |
136 | Corvey - Imperial Abbey of Corvey (State of the Holy Roman Empire) | < 5 |
137 | border|22px Plymouth - Plymouth Colony (Colony of England from May 8) | < 5 |
138 | border|22px Courland - Duchy of Courland and Semigallia (Vassal of Poland-Lithuania) | < 5 |
139 | 22x20px Saxe-Lauenburg - Duchy of Saxe-Lauenburg (State of the Holy Roman Empire) | < 5 |
140 | 22x20px Lorraine - Duchy of Lorraine (State of the Holy Roman Empire) | < 5 |
141 | border|22px Cologne - Archbishopric of Cologne (State of the Holy Roman Empire) | < 5 |
142 | border|22px Persia - Persian Empire | < 5 |
143 | border|22px Khiva - Khanate of Khiva | < 5 |
144 | 22x20px Mechelen - Lordship of Mechelen (State of the Holy Roman Empire) | < 5 |
145 | 22px Castile and León - Kingdom of Castile and León | < 5 |
146 | 22px Aragon - Kingdom of Aragon | < 5 |
147 | border|22px Muscat - Sultanate of Muscat | < 5 |
148 | 22x20px Fulda - Imperial Abbey of Fulda (State of the Holy Roman Empire) | < 5 |
149 | 22x20px Hildesheim - Bishopric of Hildesheim (State of the Holy Roman Empire) | < 5 |
150 | border|22px Milan - Duchy of Milan | < 5 |
151 | 22x20px Speyer - Bishopric of Speyer (State of the Holy Roman Empire) | < 5 |
152 | 22x20px Liège - Prince-Bishopric of Liège (State of the Holy Roman Empire) | < 5 |
153 | border|22px Ayutthaya - Kingdom of Ayutthaya | < 5 |
154 | 22x20px Brandenburg - Electorate of Brandenburg (State of the Holy Roman Empire) | < 5 |
155 | Gowa - Sultanate of Gowa | < 5 |
156 | border|22px Antigua - Antigua (Colony of England, Scotland, and Ireland to May 8) | < 5 |
157 | Papekat - Sultanate of Papekat (from 1660) | < 5 |
158 | border|22px Bila - Bila Sultanate | < 5 |
159 | Bhadgaon - Kingdom of Bhadgaon | < 5 |
160 | 22x20px Mainz - Archbishopric of Mainz | < 5 |
161 | border|22px Tuscany - Grand Duchy of Tuscany | < 5 |
162 | 22x20px Guelders - Duchy of Guelders (State of the Holy Roman Empire) | < 5 |
163 | 22x20px Styria - Duchy of Styria (State of the Holy Roman Empire) | < 5 |
164 | 22x20px Japan - Empire of Japan | < 5 |
165 | 22x20px Abkhazia - Principality of Abkhazia (Vassal of the Ottoman Empire) | < 5 |
166 | 22x20px Tyrol - County of Tyrol (State of the Holy Roman Empire) | < 5 |
167 | 22x20px Cossack Hetmanate - Zaporozhian Host (Vassal of Poland-Lithuania, the Russian Empire, and the Ottoman Empire) | < 5 |
168 | Gianyar - Kingdom of Gianyar | < 5 |
169 | 22x20px Trent - Bishopric of Trent (State of the Holy Roman Empire) | < 5 |
170 | border|22px Benin - Benin Empire | < 5 |
171 | Sekadau - Sultanate of Sekadau | < 5 |
172 | border|22px Naples - Kingdom of Naples | < 5 |
173 | border|22px Parma - Duchy of Parma and Piacenza | < 5 |
174 | Limbangan - State of Limbangan (from 1660) | < 5 |
175 | 22x20px Brunswick-Wolfenbüttel - Duchy of Brunswick-Wolfenbüttel (State of the Holy Roman Empire) | < 5 |
176 | border|22px Kalat - Khanate of Kalat | < 5 |
177 | border|22px Ankole - Kingdom of Ankole | < 5 |
178 | Luba - Luba Empire | < 5 |
179 | Bamoun - Bamoun Sultanate | < 5 |
180 | 22x20px Mantua - Duchy of Mantua | < 5 |
181 | Dauro - Kingdom of Dauro | < 5 |
182 | border|22px Mysore - Kingdom of Mysore | < 5 |
183 | 22x20px Württemberg-Mömpelgard - Duchy of Württemberg-Mömpelgard (State of the Holy Roman Empire) | < 5 |
http://top-topics.thefullwiki.org/Top_countries_in_1660:_All
ပြီးခဲ့သည့်နွေသင်္ကြန်….ကျွန်
တော်ရွာပြန်ဖြစ်ခဲ့သည်။
သင်္ကြန်ကလည်း နီးလာပြီ။ တက္ကသိုလ်ကလည်း ပိတ်ထားသည်။ အခွင့်ကြုံအခါသင့်မို့ အချိန်မလင့်စေချင်။ ရွာပြန်ရန်စီစဉ်ရဦးမည်။ အထူးသဖြင့် မွေးမိခင် အမေ့ကို လွမ်းမိသည်။ အမေနှင့်ဝေးနေရလျှင် မနေတတ်။ ဟိုတလောက မြောက်ဦးကအပြန် ရွာနှင့် အမေ့ဆီ ဝင်ခဲ့သေးသည်။ အမေနှင့် (၄) ရက်သာနေခဲ့ရပြီး ကျောင်းကိစ္စနှင့် ပြန်လာခဲ့ရသည်။ ဖြစ်ချင်ရာဖြစ်။ ကျွန်တော်ယတိပြတ် ဆုံးဖြတ်လိုက်သည်။ သည်နှစ်နွေသင်္ကြန်….ရွာပြန်ဦးမည်။
ဧပြီ (၂) ရက်နေ့။ ကားလက်မှတ်ကြိုတင်ခံထားသည်။ ကားထွက်မည့်အချိန်က မွန်းလွဲ (ဝ၂း ၁၅) နာရီ။ အိမ်ပြန်ရမည်ဖြစ်သောကြောင့် အလိုလိုပျော်နေမိသည်။ စိတ်ကလည်း ရွာနှင့် အမေ့ဆီ အမြန်ရောက်ချင်နေသည်။ နံနက်စာစားပြီးသည်နှင့် အဝတ်အစားအိတ်ကို ဆွဲပြီး ကားဂိတ်ဆီ ချီတက်ခဲ့သည်။ ဟိုရောက်တော့ အချိန်က (၁၂း ၃ဝ) သာရှိသေးသည်။
စာရေးဆရာဗီဇက မျိုးရိုးမဟုတ်ပါဘဲ ပါလာသည်။ ကားထွက်မည့်အချိန်ကိုစောင့်ရင်း တောင်တွေး၊ မြောက်တွေး တွေးနေမိသည်။ ကာရန်တွေ ရှာနေမိသည်။ ကဗျာ၊ ဆောင်းပါး၊ ဝတ္ထု တစ်ပုဒ်တစ်လေများ ထွက်ကျလာလေမလားဟူသည့်အတွေးနှင့် ဟိုသည် တွေးမိခြင်းပါ။ သို့သော် I T ခေတ်တွင် ကွန်ပြူတာဦးနှောက်တွေက ရှုပ်ရှက်ခတ်နေတော့ ကျွန်တော့်၏ ပုစွန်ဆိတ်ဦးနှောက်က လောလောဆယ်တွင် မျက်နှာငယ်ခဲ့ရသည်။ ရှိစေတော့။ အခု ရွာရောက်ရန်သာ ဆန္ဒပြင်းပြနေသည်။ ဟော…မွန်းလွဲ (ဝ၂း ဝဝ) ကျော်လာပြီ။ ခရီးသည်တွေ ကားပေါ်တက်ကုန်ကြပြီ။ ကျွန်တော်လည်း နည်းတူလိုက်တက်ပြီး ကိုယ့်ခုံနေရာတွင် ဝင်ထိုင်နေလိုက်သည်။ ခဏကြာသည်နှင့် ကျွန်တော်တို့၏ အမြန်ယာဉ်သည် ဂိတ်ဆုံးရှိရာ မြို့ကျောက်တော်ဆီ ဦးတည်ကာ ထွက်ခွါလေတော့သည်။
ကျွန်တော့်ရွာသည် ကျောက်တော်မြို့နယ်၊ အပေါက်ဝရွာ။ ဟိုကိုရောက်ဖို့အရေး (၃) နာရီနီးပါးစောင့်ရင်း ကားစီးရပေဦးမည်။ ကား၏စက်သံမှအပ ခရီးသည်များ တိတ်ဆိတ်စွာ လိုက်ပါလာကြသည်။ အားလုံး ကိုယ့်အတွေးနှင့်ကိုယ်။ ကျွန်တော်လည်း ထို့အတူပင်။ သို့သော် ဟိုအကြောင်း သည်အကြောင်းထက် ရွာနှင့် အမေ့အကြောင်းက ဦးနှောက်တစ်ခုလုံးကို ထိန်းချုပ်ထားသည်။
အာရုံထဲ အမေ့အပြုံးမျက်နှာပေါ်လာသည်။ သြော်…အမေ၊ မာတာမိခင်အမေ…။ အမေနေလို့မှ ကောင်းလေသလား။ ဟိုတလောကတော့ ရွာကသတင်းရောက်သည်။ အမေ ကျန်းကျန်းမာမာနှင့် ရှိနေသည်တဲ့။ တော်သေးသည်။ အမေမကျန်းမမာနှင့် တစ်ခုခုဖြစ်သော် အမေ့အနားမှာ အားကိုးမည့်သူမရှိ။ တစ်ခါတစ်ခါ အမေတစ်ယောက်တည်း အားငယ်နေရှာလိမ့်မည်။ အမေ့အနားမှာ အမေ့ဝတ်ကြီးဝတ်ငယ် အသွယ်သွယ်ကိုဆောင်ရွက်ရင်း အမေ့ကိုပြုစုယုယနေချင်သည်။ သို့သော် ရွာနှင့်အဝေးမှာ ပညာရှာနေရသောကြောင့် အမေ့အတွက် စိတ်သွားတိုင်း ကိုယ်မပါဖြစ်။ ကျောင်းပိတ်သည်နှင့် အမေ့ဆီရောက်ဖြစ်အောင်တော့ သွားလေ့ရှိသည်။ အမေ့နွေးထွေးအရိပ်မှာ ချွေးသိပ်ရင်း အေးရိပ်ခိုချင်သည်။ တွေးရင်းက အမေ့ကို ပြန်မြင်ယောင်လာသည်။ ခုနေ အမေ့ကို ပြေးကြည့်လိုက်ချင်သည်။
“ အပေါက်ဝရွာမှ ခရီးသည်များ ဆင်းနိုင်ပါပြီ။ အပေါက်ဝရွာကိုရောက်ပါပြီ။ ” ဟူသည့် ကားစပယ်ယာ၏ အသံဗြဲကြီးကြောင့် ကျွန်တော့်အတွေးစများ လွင့်ပြယ်သွားကြသည်။ အင်း….ကျွန်တော်ချစ်သောရွာကို ရောက်နှင့်ပြီ။ စိတ်ထဲ ကြည်လင်လန်းဆန်းသလို ခံစားမိသည်။
ဆိုက္ကားကို အိမ်ရှေ့တွင် ရပ်ခိုင်းလိုက်သည်။ ဆိုက္ကားခ အကြွေငွေ (၂ဝဝ) ကျပ်တန်တစ်ရွက်ကို ထုတ်ပေးလိုက်သည်။ ထိုစဉ် အိမ်ထဲမှ အမေ ထွက်လာပြီး ကျွန်တော့်ကို လာကြိုသည်။ အမေ့မျက်နှာ အပြုံးများနှင့် ဝင်းလက်တောက်ပနေသည်။ လှိုက်လှိုက်လှဲလှဲနှင့် ကြည်နူးဖွယ်ကောင်းလှသည်။ သို့သော် ကျွန်တော်ပထမဆုံးမြင်မိသည်က အမေ့အပြုံးမျက်နှာကို မဟုတ်။ အမေ့ဦးခေါင်းပေါ်က ဆံပင်ဖြစ်သည်။ ဆံပင်အမည်းများ နည်းပါးလာပြီး ဖြူဖွေးသော ဆံပင်များ အမေ့ခေါင်းပေါ်တွင် ဟိုနားတစ်စု၊ သည်နားတစ်စု နေရာယူလာကြသည်။ အမေ၏ ပြောင်းလဲလာသော ဇရာသဘော။ ကျွန်တော် အမေ့ကိုခေတ္တမျှ ငေးကြည့်နေမိသည်။ တစ်နေ့ထက်တစ်နေ့ ဇရာတရား၏ ဝါးမြိုခြင်းကို ခံနေရသည့်အမေ။ အခုမှ ကျွန်တော် အမေ့ကို သတိထားမိသည်။
အသက် (၆ဝ) အရွယ်ကို ကပ်နေပြီဖြစ်သည့်အမေ။ အမေ အိုနေပြီလား။ အမေ့ရုပ်သွင်က အိုမင်းခြင်းကို သက်သေပြုလျှက်ရှိသည်။ အမေ့ခေါင်းပေါ်တွင် ဆံပင်ဖြူတွေများနေသည်။ အမေ့မျက်နှာတွင် ပါးရေများ တွန့်ခေါက်စပြုလာပြီ။ အမေ့မျက်ချောင် သိသိသာသာနက်လာသည်။ အမေ့ကိုယ်လုံးလေး ပိန်ခြုံးပြီး အကြောများပင် ပြိုင်းပြိုင်းထလာပြီ။ အမေ့ခြေလှမ်းများ အင်အားယုတ်လျော့လာသည်။ အမေ့ခန္ဓာကိုယ်အစိတ်အပိုင်း ဟိုတစ်နှစ်၊ နှစ်နှစ်နှင့် လုံးဝမတူတော့။
ဟိုး….ဆယ်စုနှစ်အတွင်းက အမေ့ရုပ်သွင်ကို ပြန်ဆွဲယူကြည့်မိသည်။ ယင်းသည့်အချိန်…. ဆယ်ကျော်သက်အရွယ် အမေ။ အမေ့သွေးသားများ သန့်စင်နေခဲ့မည်။ အမေ့အသားအရေများ နူးညံ့ချောအိနေခဲ့မည်။ လှချင်တိုင်းလှပြီး ပချင်တိုင်းပနေခဲ့လိမ့်မည်။ အမေ့တွင် နက်စင်းပြီး ရှည်လျားသော ဆံပင်များရှိခဲ့သည်။ ကာလသားတကာကို ဆွဲဆောင်နိုင်သော အလှစွမ်းအင်များ ရှိခဲ့သည်။ ကြည့်လိုက်တိုင်း အမေနုပျိုပြီး လှနေပနေခဲ့သည်ချည်းပင်။ သည်အလှတရားနှင့်ပင် ထာဝရ ဖက်လှဲတကင်း နေခွင့်ရမည်ဟု အမေတွေးကောင်းတွေးခဲ့လိမ့်မည်။ သို့သော် နှစ် (၅ဝ) ကျော်အရွယ်တွင် အမေ့ကိုယ်လုံးကိုယ်ပေါက်၊ အမေ့ရုပ်သွင်၊ အမေ့အလှတရား….တစ်စစီ ပြောင်းလဲသွားခဲ့ပြီ။
တစ်ဆက်တည်းမှာပင် လာမည့်နှစ် (၂ဝ) အတွင်း အမေ့ရုပ်သွင်ကို ကျွန်တော်ပြေးပြီး တွေးကြည့်မိသည်။ ယင်းသည့်အချိန် အမေ တကယ်ကို အိုမင်းနေလိမ့်မည်။ တစ်ခေါင်းလုံးဖြူဖွေးနေသည့် ဆံပင်ပိုင်ရှင်အမေ….၊ အရိုးပေါ် အရေတင်နေမည့် အမေ….၊ မျက်စိတွေ မွဲနေလိမ့်မည်။ တုတ်ကလေးတစ်ချောင်းကို အမှီပြုပြီး ခါးကုန်းကုန်းနှင့် ဖြေးဖြေးချင်းသွားနေသည့် အဘွားအို အမေ….၊ ယောဂီဆင်လေးဖြင့် ဘုရားကျောင်းကန်သွားပြီး တရားအလုပ်ကို အားထုတ်နေလိမ့်မည်။ စိတ်ဓါတ်ကြံ့ခိုင်မှုမရှိဆိုပါလျှင် အမေတစ်ယောက် အိပ်ရာပေါ်ရောက်ပြီး ဗုန်းဗုန်းလဲဦးမည်။ ထိုအခိုက်အတန့်တွင် “ သေမင်းတမန်၊ ခေါ်လာပြန်လည်း၊ ဧကန်လိုက်မည်၊ မှတ်တော်တည်လော့ ” ဟု အမေ့စိတ်ထဲ အံကြိတ်ကာ နေကောင်းနေလိမ့်မည်။ ငါးဖောင်ရိုးအရုပ်၊ ကမ္မဋ္ဌာန်းအရုပ်ဖြစ်နေသော အမေ့နာမ်ရုပ်ကို အမေအပျိုဘဝက ရိုက်ကူးခဲ့သည့် ကာလာမဲ့ဓါတ်ပုံနှင့် နှိုင်းယှဉ်ကြည့်မိသည်။ အရာရာ ဆန့်ကျင်ဘက်ဆောင်လွန်းလှသည်။ အပျိုဘဝနှင့် အအိုဘဝ။ ပြောင်းလဲခြင်းသဘောသဘာဝအောက်တွင် အမေ လုံးလုံးကြီးနစ်မြုပ်ခဲ့ရသည်။
ကျွန်တော်အတွေးနယ်ချဲ့နေမိသည်။ အမှန်ဆိုလျှင် အမေသာမဟုတ်။ လူသားတိုင်း တစ်နေ့တစ်နေ့ အိုနေကြသည်ချည်း။ “ တစ်နေကွယ်၊ သေနယ်သို့ တစ်ရက်ကူး ” ဟု စာဆိုဦးပုညက သတိတရားပေးထားခဲ့သည်။ ဇာတိ၊ ဇရာ၊ ဗျာတိ၊ မရဏ ဟု ရှိသည်မဟုတ်လား။ ခန္ဓာရလျှင် အိုရမည်။ အိုပြီးနာရမည်။ နာပြီးတဖန် သေမင်း၏ ခံတွင်းသို့ သက်ဆင်းကြရမည်။ မမြဲသော ကျွန်တော်တို့၏ သည်ခန္ဓာကိုယ်ကြီးကား အမြဲဖောက်ပြန်နေသည်။ အနိစ္စသဘောကို ဆောင်သည်။သည်နေ့ နေကောင်းသော်လည်း နက်ဖြန်ဖျားချင် ဖျားမည်။ အအေးမိပြီး ချောင်းဆိုးချင်လည်း ဆိုးဦးမည်။ ဒုက္ခတရားက သည်အပုပ်ကိုယ်ကြီးကို အချိန်ပြည့် သုခတွေပေးမည်မဟုတ်။ ဖောက်လွဲ ဖောက်ပြန်တတ်သော သည်ခန္ဓာကိုယ်ကြီးကား အမြဲယိုယွင်းနေသည်။ ပျက်စီးနေသည်။ အပုပ်တွေသာ အမြဲယိုထွက်နေသည်။ သို့သော် တစ်ချို့လူတွေ အသိခေါက်ခက် အဝင်နက်နေကြသည်။ သူတို့ကိုယ် သူတို့ မသေဆေးများ စားထားရဘိသကဲ့သို့ ရလာသည့် လူ့ဘဝတိုတိုလေးတွင် အလိုလို ဘဝင်တွေမြင့်နေကြသည်။ ရာထူး၊ ဂုဏ်သိန်၊ အတ္တ၊ မာန၊ ဓနတွေနှင့် အချင်းချင်း မာန်ကြွနေကြသည်။ ပြိုင်ဆိုင်နေကြသည်။ သို့ဆိုလျှင် သေလွန်သောအခါ ပိုင်ဆိုင်သမျှ အရာဝတ္ထုများ အတူတူလိုက်သေမည်လော။ မဟုတ်တန်ရာ။
လူဟူသည်မှာ ပိုးဖလံမျိုး မီးကိုတိုးနေကြခြင်းသာဖြစ်သည်။ တစ်နေ့တစ်နေ့ နေဝင်မိုးချုပ် အကုသိုလ်အလုပ်တွေနှင့် အချိန်ကုန်နေကြသည်။ အပျော်အပါးကိုလိုက်စားပြီး မိုက်မှားရင်း မိုက်မှားနေကြသည်။ အမှန်ဆိုရလျှင် လောကီ၊ လောကုတ် အကျိုးမယုတ်စေဖို့ ခုကတည်းက တရားဘာဝနာ အားထုတ်ရမည်။ သို့သော် ထိုသို့ မပြုမူ၊ မကျင့်ကြံကြ။ တရားအလုပ်ထက် အပုပ်ကိုယ်အနှံ့ အမွှေးနံ့သာဖြင့် လိမ်းကျံဖို့ကို ဦးစားပေးနေကြသည်။ ပြောခဲ့ပြီးသည့်အတိုင်း သည်လူ့ခန္ဓာကိုယ်သည် အချိန်မရွေး အပုပ်တွေသာ ထွက်ကျနေသည်။ မည်မျှပင် အလှဆင်ဆင် ဒေါင်းယောင်ဆောင်သော ကျီးမျှသာဖြစ်မည်။ အိုရမည်၊ နာရမည်၊ သေရမည်ကိုတော့ ကြောက်ကြသည်။ ခန္ဓာချုပ်ငြိမ်းရာ နိဗ္ဗာန်ကိုသွားမည့်အရေး မတွေးမိကြ။ မဂ်လမ်း၊ ဖိုလ်လမ်းကိုတော့ လျောက်လှမ်းချင်ကြသည်။ တရားအလုပ် အားထုတ်ဖို့တော့ စိတ်ကူးမရ။ နည်းနည်းတော့ သဘာဝမကျချင်ပေ။ အ,ဝိဇ္ဇာကြောင့်ဟု ဆိုချင်သည်။ တဏှာကလည်း ပံ့ပိုးနေသေးသည်။ တွေးကြည့်လျှင် ရေးရေးပေါ်လာပါလိမ့်မည်။
ဘာရယ်မဟုတ်။ ကျွန်တော်တွေးနေမိခဲ့သည်။ အသက် (၂ဝ) ဝန်းကျင်သာရှိသေးသောကျွန်တော်….။ တရားသဘောတွင် နစ်မြောသွားခဲ့သည်။ ဖြေချင်းချက်တစ်ခုထွက်ကျလာသည်။ တရားအလုပ်ကို အားထုတ်မည်ဆိုလျှင် အသက်အရွယ်နှင့် လုံးလုံးမျှမဆိုင်။ စိတ်အားထက်သန်မှုသာလိုသည်။ သို့သော် ကျွန်တော်သည် တရားဘာဝနာဘက်ကို ခေတ္တမျှ အလည်သွားခြင်းသာဖြစ်သည်။ ထို့ကြောင့် အနိစ္စ၊ ဒုက္ခ၊ အနတ္တသဘောကိုလည်း ဖြည်းဖြည်းချင်း နားလည်လာသည်။ တဒင်္ဂအတွင်း အမေ့ကို သံဝေဂယူမိခြင်းကြောင့်ဖြစ်သည်။ အမေပေးသော သံဝေဂဖြင့် ကျွန်တော့်စိတ်ကို တရားသဘောဘက်သို့ ယိမ်းယိုင်ညွတ်ကျသွားစေသည်။ ကျွန်တော်ထပ်ဆင့် တွေးမိသည်။ “ လာမည့် နွေသင်္ကြန်အတွင်း ချစ်သူငယ်ချင်းတွေနှင့် ကဲမည့်အစား ရွာရှိဘုန်းကြီးကျောင်းတွင် ဥပုသ်သီလဆောက်တည်ပြီး တရားဘာဝနာစီးဖြန်းလျှင် ကောင်းမည်လား ” ဟု……..။ ။
--
မှ
•*♥*• မာန်ယုကျော် ( ရွှေဝမြေ )•*♥*•