MMSA ဘလော့စည်းမျဉ်းများ

* ဘာသာ သာသနာနှင့်လူမျိုးတို့၏ ဂုဏ်ကို ထိခိုက်ပျက်စီးစေတတ်သော အရေးအသားမျိုးကို ရှောင်ရှားရန်၊
* အချင်းချင်း ညီညွတ်မှု့ကို ပျက်စီးစေတတ်သော အကြောင်းများကို ရေးသားခြင်းမှ ရှောင်ရှားရန်၊
* သာသနာနှင့် မအပ်စပ်သော အဖွဲ့ဂုဏ်သိက္ခာကို ငြိုးနွမ်းစေတတ်သော ပုံများကိုတင်ခြင်းမှ ရှောင်ရှားရန်၊
* ပုဂ္ဂိုလ်ရေးဆိုင်ရာများထက် အများနှင့်သက်ဆိုင်သော အကျိုးများစေနိုင်သော ပုံများ စာများကိုသာ ရေးသားရန်၊
* MMSAသည် ပညာရေးအဖွဲ့စည်း ဖြစ်သည့် အတွက်နိုင်ငံရေးနှင့်သက်ဆိုင်သော အရေးအသားများကို ရေးခြင်းမှ ရှောင်ရှားရန်၊
* ဗုဒ္ဓဘာသာနှင့် မိမိတို့လေ့လာနေသော ပညာရပ်ဆိုင်ရာ အကြောင်းအရာများကို ဗဟုသုတအလို့ငှါ ရေးသား မျှဝေကြရန်၊
Showing posts with label သတင်းအထွေထွေ. Show all posts
Showing posts with label သတင်းအထွေထွေ. Show all posts

ကာကွယ်ရေးဝန်ကြီး ဋ္ဌာန လက်အောက်ရှိ တပ်မတော်ဆေးသုတေသန တပ်ဖွဲ. နှင့် အမေရိကန် NASA မှ ပညာ ရှင်များပူးပေါင်း ပြီး လူမျိုးခြား ဘင်ဂါလီများ ဟုတ်မဟုတ် အောင်မြင်စွာ ဖော်ထုတ် နိုင် သည်.နည်းပညာ ကို ရှာဖွေ တွေ.ရှိခဲ့ ပြီ ဖြစ်သည်။ genetic engineering technology နှင့် Na
no technology ပူးပေါင်း ပြီး လူသားမျိုး နွယ်စု များ အား Gene Typing ပြုလုပ်ခြင်း နည်းပညာ ကို NASA မှ ရှာဖွေတွေ.ရှိ ပီး ဖြစ်သော်လည်း မြန်မာပြည် သို. ခိုးဝင်လာသော ဘင်ဂါလီ များ ကို ပထမ ဆုံး အကြိမ် အောင်မြင်စွာ စမ်းသပ်နိုင် ခဲ့ ခြင်းဖြစ် သည်။ အမည်မဖော်လို သူ မြန်မာ စစ်တပ် အရာရှိ တစ်ယောက်၏ ပြောကြားချက်မှာ " အခု နည်းပညာ က အရမ်းကောင်းပါတယ်။ ကျီးကန်း တွေ ဟုတ်မဟုတ် ကို တန်း ကတည်း သိနိုင်တယ်။ တချို. မြန် မာမတွေ ကို ယူပြီး မွေး ထားတဲ့ ကလေး တွေ ဆို လည်း စစ်လို.ရတယ်။ ဒါပေမယ့် သူ.မှာ က နည်းပညာ အခက်အခဲ နဲနဲ ရှိ တယ်။ အဓိကကတော့ ဒီနည်းပညာ က အမေရိကန်က စစ်သွေး ကြွ အစ္စလာမ်ဘာသာဝင်တွေ ကို နှိမ်နင်းဖို. တီထွင်ထားတဲ့ နည်းပညာလို.တော
င် ပြော လို.ရတယ်။ grade A,B,C,D,E ဆိုပီး ၅ ခုရှိ တယ်။ positive ဆို တာနဲ့ grade ထပ်ခွဲ ရတယ်။ A နဲ. B ဆို ရင် လုံးဝ မွတ်စလင် အစ္စလာမ်ဘာသာဝင် အစွန်းရောက် စစ်သွေးကြွ လို. သတ်မှတ် တယ်။ လားပင်စင် ပေးရမယ့် ကောင်တွေပေါ့။ C ဆိုရင် အစ္စလာမ်တော့ အစ္စလာမ် ၊ အစွန်းရောက်တော့ မဟုတ်ဘူး ဒါပေမယ့် အချိန်မရွေး အစွန်းရာက်သွားနိုင် တဲ့ သူတွေ ပေါ့၊ ကျွန်တော် တို. စမ်းသပ်ပီး သလောက် မြန်မာ မွတ်စလင် တချို. ဒီ group ထဲ မှာ ပါနေတာ တွေ. ရတယ်၊ ၀မ်းသာ စရာ ကောင်း တာ ကတော့ မြန်မာ မွတ်စလင် အများ စု ကတော့ group D နဲ. E မှာ ပဲ ရှိ ပါတယ်။ ကပြား ဆို ရင်တော့ သပ်သပ် Test Kit နဲ. တိုင်းရပါ တယ်။ သူ.မှာ ထူးခြားချက် တစ်ခု က အမေရိကန် က အထူး တီ ထွင် ထား တာ ပါ။ အစ္စလာမ် ဘာ သာ ၀င် တွေ က သူ များ ဘာသာ ထက် ရန်လို မှု များ တယ်။ မများ ရင် လည်း ဦး နှောက် က အင်ဒို ဖရီ နွိုက် လို. ခေါ် တဲ့ ဟော်မုန်း အထွက်များ တယ်။ ဒါကို NASA က 1990 လောက် ကတည်း က တွေ.ထား တယ်။အဲဒါကြောင့် ကုလားအမျိုးသမီးတွေ ကိုယ်နံ. ပျင်းတာတွေ ဘာတွေ ရှိ တယ်လေ၊ အဲဒါကို တိုင်းခြင်းအားဖြင့် အစ္စလာမ်ဘာ သာဝင် ဘယ်လောက် စစ်လဲ သိရ တယ်။ အဲ ဒီမှာ လည်း level အမျိုးမျိုး ရှိ တယ်။ ထူးခြား တာ က သူ.မှာ - အစ္စလာမ်ဘာသာဝင် ကနေ တခြား ဘာသာ ကို ပြောင်းသွားရင် သူ က တစ်နှစ် အကြာ မှာ positive ကနေ negative ဖြစ် သွား တယ်။ ဒီ နည်းပညာ ကို နောက် နှစ် ပြည် လုံးကျွတ် သန်းခေါင် စာရင်း ကောက်ယူ ရင် အကုန် လုံးတော့ အသုံး မပြု နိုင် သေး ပါ ဘူး တစ်စိတ်တစ်ပိုင်း အနေနဲ. သံသယ ရှိ တဲ့ သူတွေ ကို စောင့် ကြည့် စစ်ဆေး သွား မှာ ပါ။" လို. ပြော ကြား သွား ပါတယ်။

ဆက်ဖတ်ရန်
ပို့စ်တင်သူ ။.............။ Ganda on Tuesday, 25 September 2012

ဂူဂဲလ်နဲ့ တရုတ် ပြဿနာ (ဒုတိယအကျော့)


ပြီးခဲ့တဲ့အပတ်မှာ ဂူဂဲလ်နဲ့ ပေကျင်းအစိုးရ ထိပ်တိုက် ထပ်တိုး ပြန်ပါတယ်။ တရုတ်အစိုးရ ဆင်စာအဖွဲ့က ဂူဂဲလ်ရဲ့ အီးမေးလ် တွေကို ၀င်ရောက် နှောင့်ယှက်နေတယ်ဆိုပြီး အွန်လိုင်းကုမ္ပဏီကြီးက စွတ်စွဲပါတယ်။


ဂူဂဲလ်ရဲ့ ကြေငြာချက်မှာ တရုတ် အွန်လိုင်းသုံးသူများ Gmail ထဲ မ၀င်နိုင်အောင် တရုတ် အစိုးရက ရည်ရွယ်ချက်ရှိရှိ စနစ်တကျ ပိတ်ဆို့ထားတယ်လို့ ဖော်ပြထားပါတယ်။ တရုတ် နိုင်ငံခြားရေး ၀န်ကြီး ဌာနကတော့ ဂူဂဲလ် ရဲ့ ကြေငြာချက်ဟာ ‘လက်ခံနိုင်ဖွယ် မရှိတဲ့ စွတ်စွဲများ’ ဖြစ်တယ်လို့ တုံ့ပြန် ပြောဆိုခဲ့ပါတယ်။

တရုတ်အစိုးရက အာရပ်တော်လှန်ရေးမျိုးတွေ တရုတ်ပြည်တွင်းမှာ ဖြစ်လာမှာ စိုးရိမ်တဲ့အတွက် အွန်လိုင်း ဆင်စာဖြတ်မှုကို ယခု ရက်ပိုင်းတွေအတွင်း တင်းတင်းရင်းရင်း လုပ်ဆောင်လာနေပါတယ်။ ယခုနှစ် အစောပိုင်းမှာ ဂူဂဲလ် ကုမ္ပဏီက တရုတ်အစိုးရရဲ့ ဆင်စာဖြတ်မှုကို လက်မခံနိုင်တဲ့အတွက် ၄င်းရဲ့ တရုတ် ဘာသာစကားနဲ့ search engine ဆိုဒ်ကို ဟောင်ကောင်ကို ပြောင်းရွှေ့ခဲ့ပါတယ်။



အိုင်ဗရီကို့စ် မှ ပြည်တွင်းစစ်

ယခုအပတ်ထဲမှာပဲ အိုင်ဘီရီကို့စ် နိုင်ငံဟာ ပြည်တွင်းစစ်ကို ပြန်လှည့်သွားခဲ့ပါတယ်။ လူ ၁ သန်းကျော် မြို့တော် အဘီဂျန်မှ အိမ်နီးချင်း လိုက်ဘေးရီးယား နိုင်ငံကို ထွက်ပြေးခဲ့ကြပါတယ်။ လူငယ် ထောင်ပေါင်းများစွာ လက်နက်ကိုင်စွဲခဲ့ကြပြီး ပစ်ခတ်မှုများကြောင့် လူ ၅၀၀ ကျော် သေဆုံးသွားခဲ့ရပါတယ်။

တာဝန်ယူဆဲ သမ္မတ လောရန့် ဂါဘဂ်ဘို နဲ့ နိုင်ငံတကာ အသိအမှတ်ပြု သမ္မတ အလာဆန် ၀တ်တရာ တို့နှစ်ဦးအကြား လိပ်ခဲတည်းလည်း နိုင်ငံရေး ပဋိပက္ခတွေကနေ ပြည်တွင်းစစ် ထပ်မံပေါ်ထွက်လာခြင်း ဖြစ်ပါတယ်။

နိုင်ငံတကာ ညွန့်ပေါင်းတပ်များ လစ်ဗျားကို ၀င်ရောက်ပြီးနောက်၊ အရပ်သားများ မသေဆုံးအောင် နောက်ထပ် ၀င်ရောက် အကာအကွယ်ပေးရမယ့် နိုင်ငံကတော့ အိုင်ဗရီကို့စ် ဖြစ်နိုင်ခြေ များလာပါတယ်။ ကုလသမဂ္ဂ တပ်တွေ အိုင်ဗရီကို့စ် မှာ ဆက်တပ်စွဲထားဖို့ကိုလည်း အာဖရိကသမဂ္ဂ က လုံခြုံရေးကောင်စီကို တရားဝင် အကူအညီ တောင်းထားပါတယ်။

ပြင်သစ်က လစ်ဗျား အရေးမှာ တက်ကြွသလို၊ အိုင်ဗရီကို့စ် အရေးမှာလည်း ရှေ့က ဦးဆောင်ချင်နေပါတယ်။ မြို့တော် အဘီဂျန်မှာ ပြည်တွင်းစစ် မဖြစ်ရေး ၀င်တားဖို့ အဆိုပြုချက်ကို သောကြာနေ့က လုံခြုံရေးကောင်စီမှာ ပြင်သစ်က အရင်ဆုံး တင်ခဲ့ပါတယ်။

အာဖရိကရဲ့ ပထ၀ီ နိုင်ငံရေး အရေးပါမှု၊ ဆိုးရွားတဲ့ ပြည်တွင်းစစ်တွေ သမိုင်းတွေ ရှိခဲ့မှုကြောင့် အိုင်ဗရီကို့စ် ကို နိုင်ငံတကာ ၀င်ရောက် ဖြေရှင်းရမယ့် အခြေအနေ ဖြစ်လာပါတယ်။



ပြုတ်ကျသွားတဲ့ ကနေဒါ အစိုးရ


အီဂျစ် သမ္မတ ဟို့စ်နီ မူဘာရခ် ပြုတ်ကျသွားသလို ပြဇာတ်ဆန်ဆန် မဟုတ်ဘဲ၊ မတ်လ ၂၅ ရက်နေ့က တိုးတိုးတိတ်တိတ်နဲ့ ကနေဒါ ပါလီမန်မှာ ၀န်ကြီးချုပ် စတီဖင် ဟတ်ပါ ရဲ့ အစိုးရတဖွဲ့လုံး အယုံအကြည်မရှိ မဲနဲ့ ပြုတ်ကျသွားခဲ့ပါတယ်။

ကနေဒါ အဓိက အတိုက်အခံ ပါတီကြီး သုံးခု ပူးပေါင်းပြီး ၂၀၀၆ ခုနှစ်ကတည်းက အာဏာရထားတဲ့ ၀န်ကြီးချုပ် ဟတ်ပါ ကို ၀ိုင်းတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ အဓိက အချက်ကတော့ အစိုးရအဖွဲ့ရဲ့ ဘတ်ဂျက် အသုံးစရိတ်များမှာ သံသယဖြစ်ဖွယ်တွေ ရှိလို့ ဖြစ်ပါတယ်။ မေလအစောပိုင်းမှာ ရွေးကောက်ပွဲ ပြန်ကျင်းပမှာ ဖြစ်ပြီး စတင်ဖင် ဟတ်ပါ ၀င်ပြိုင်မှာ ဖြစ်ပါတယ်။ ကနေဒါက လစ်ဗျားကို တိုက်ခိုက်ရေးမှာ ဦးဆောင်နိုင်ငံအဖြစ် ပါခဲ့ပေမဲ့ ကနေဒါကို ဘယ်သူ ဦးဆောင်မလဲဆိုတာတော့ မေးခွန်းထုတ်စရာ ဖြစ်နေပါတယ်။


ယူကရိန်း သမ္မတဟောင်း လူသတ်မှုနဲ့ တရားစွဲခံရ

ယခုအပတ်ထဲမှာပဲ ယူကရိန်း သမ္မတ လီယိုနဒ် ကုချမာ ကို ၂၀၀၀ ခုနှစ်က ဂျာနယ်လစ် ဂျော်ဂျီ ဂွန်ဂါဒဇ် ကို သတ်ခဲ့တဲ့အမှုနဲ့ ယူကရိန်း တရားရုံးတစ်ခုမှာ စုံစမ်း စစ်ဆေးနေပါတယ်။ အသက် ၃၁ နှစ်ရှိ သတင်းထောက်ကို ရက်ရက်စက်စက် သတ်ဖြတ်ဖို့ သမ္မတရဲ့ အမိန့်ပေးခဲ့မှုက ယူကရိန်း တစ်နိုင်ငံလုံးကို ရှော့ဖြစ်သွားစေပါတယ်။

နောက် သမ္မတကိုယ်တိုင်က သေဆုံးသူ သတင်းထောက်ကို အပေးအယူလုပ် ခြိမ်းခြောက်စကားတွေ ပြောခဲ့တဲ့ အသံဖိုင်ကိုလည်း သက်သေအထောက်အထားအဖြစ် ရုံးတင်နိုင်ခဲ့ပါတယ်။ ဒီဖြစ်ကြောင့် ၂၀၀၃ ခုနှစ်မှာ လိမ္မော်ရောင် တော်လှန်ရေး ဖြစ်ပေါ်လာပြီး သမ္မတ ကုချမာ နဲ့ အဖွဲ့ကို အာဏာကနေ ပြုတ်ကျအောင် တွန်းအား ပေးနိုင်ခဲ့ကြပါတယ်။

ပြည်ထဲရေး ၀န်ကြီးဌာန ၀န်ထမ်းတစ်ယောက်ကလည်း သတင်းထောက် ဂွန်ဂါဒဇ် ရဲ့ ခေါင်းကို ပုဆိန်နဲ့ ခုတ်ဖြတ်ဖို့ သမ္မတ ကိုယ်တိုင်က အမိန့်ပေးခဲ့ကြောင်း သက်သေထွက်ဆိုပါတယ်။ ယခု ယူကရိန်း တရားရုံးမှာ သမ္မတဟောင်းကို စွတ်စွဲတဲ့ အဆင့် ကျော်လွန်သွားပြီး၊ အရေးယူဖို့ လုပ်ဆောင်နေကြပါပြီ။



ဆိုမာလီယာ ကို ကျူးကျော်တဲ့ ကင်ညာ

ကင်ညာ စစ်တပ်တွေက နယ်စပ်ကို ဖြတ်ပြီး အိမ်နီးချင်း ဆိုမာလီယာ နိုင်ငံထဲ ယခုရက်ပိုင်းအတွင်း ၀င်ရောက်ခဲ့ပါတယ်။ ဆိုမာလီယာရှိ အစ္စလမ် စစ်သွေးကြွ အယ်လ် ရှာဘာအက် အဖွဲ့ကို တိုက်ခိုက်နှိမ်နင်းဖို့ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ငါးနှစ်လောက်ကတည်းက သူပုန်တွေ နှိမ်နင်းဖို့ ဆိုမာလီယာ အစိုးရရဲ့ တောင်းဆိုမှုကြောင့် ကင်ညာ စစ်တပ်က တိုက်ရိုက်ဝင်ရောက် အကူအညီ ပေးနေခဲ့ပါတယ်။ ဆိုမာလီယာမှာ အယ်လ် ရှာဘာအက် သူပုန်တွေ အသာစီးရသွားခဲ့ရင် အယ်လ် ကိုင်ဒါ အကြမ်းဖက်တွေအတွက် အာဖဂနစ္စတန်လို နေရာသစ်မျိုး ထပ်ရရှိသွားမှာ ဖြစ်ပါတယ်။

အယ်လ် ရှာဘာအက် သူပုန်တွေက ဆိုမာလီယာ နိုင်ငံတွင်းတင် မကတော့ဘဲ ပြည်ပအထိ အကြမ်းဖက် လုပ်ငန်းတွေ ထွက်လုပ်လာပါတယ်။ ပြီးခဲ့တဲ့နှစ် ဇူလိုင်လမှာ ယူဂန်ဒါနိုင်ငံရှိ စားသောက်ဆိုင်တွေကို ဗုံးခွဲခဲ့တာကြောင့် လူအများအပြား သေဆုံးခဲ့ပါတယ်။

ဒါပေမဲ့ အခု ကင်ညာစစ်တပ်ရဲ့ ဆိုမာလီယာထဲ ၀င်ရောက်ပြီး သူပုန်နှိမ်နင်းမှုက အစ္စလာမ် စစ်သွေးကြွတွေပဲ လျှော့ကျသွားမလား၊ အခြားနိုင်ငံတွင်း ၀င်ရောက်စွက်ဖက်မှုကြောင့် ပြဿနာတွေ ပိုရှုပ်ထွေးလာမလား ဆိုတာ အဖြေ မသဲကွဲသေးပါဘူး။



မက္ကစီကိုရှိ အမေရိကန် သံအမတ်ကို ပြန်ခေါ်



မက္ကစီကိုရှိ အမေရိကန် သံအမတ် ကားလို့စ် ပါစ်ကောရဲလ် မှာ ၀ီကီလိခ်စ် ရဲ့ ထိုးနှက်ချက် လတ်လတ်ဆတ်ဆတ် ခံရသူ ဖြစ်လာပါတယ်။ မက္ကစီကို အစိုးရရဲ့ မူးယစ်ဆေးဝါး စစ်ဆင်မှုနဲ့ အတွင်းသတင်း ပေါင်းစုံကို အိမ်ဖြူတော် အမြဲပို့နေတဲ့အကြောင်း ၀ီကီလိခ်စ် က ထပ်မံဖွင့်ချလိုက်တာကြောင့် အမေရိကန် အစိုးရ အရှက်တကွဲ ဖြစ်သွားတာမို့ သူ့ကို ၀ါရှင်တန် ပြန်ခေါ်လိုက်ရပါတယ်။

အမေရိကန် သံအမန် ပါစ်ကောရဲလ် ဟာ မက္ကစီကို စစ်တပ်အပေါ် ခပ်ကြောင်ကြောင် ဝေဖန်စကားတွေ ပြောတတ်သောကြောင့် သူ့နေရာ အခြားတယောက် အစားထိုးပေးဖို့ မက္ကစီကို သမ္မတ ဖလစ်ပီ ကာလ်ဒရွန် က အကြိမ်ကြိမ် တောင်းဆိုခဲ့ပေမဲ့၊ အမေရိကန် အစိုးရက အပြောင်းအလဲ မလုပ်ခဲ့တာကိုလည်း ၀ီကီလီခ်စ် က ဖွင့်ချထားပါတယ်။ မက္ကစီကို အစိုးရရရဲ့ အတွင်းသတင်း ပေါင်းစုံကို စပိုင်လုပ် အိမ်ဖြူတော်ကို သတင်း ပို့ပေးနေတဲ့ ပါစ်ကော်ရဲလ် ကို မက္ကစီကို အစိုးရ ငြိုငြင်နေတာ ကြာပါပြီ။ ယခု ၀ီကီလိခ်စ် က ဖွင့်ချပြီးနောက် အမေရိကန် အစိုးရက ၀ါရှင်တန်ကို ပြန်ခေါ်ခဲ့ရပါတယ်။



အဂတိလိုက်စားမှုတွေကြားက မစ္စတာ ဆင်း



အိန္ဒိယမှာ တယ်လီဖုန်းနဲ့ သတင်းဆက်သွယ်ရေး ၀န်ကြီးဟောင်းရဲ့ အဂတိလိုက်စားမှု သတင်းအပုတ်နံ့တွေ လှိုင်နေချိန်မှာပဲ၊ အိန္ဒိယ အာဏာရ ကွန်ဂရက်ပါတီရဲ့ အတွင်းသတင်းတွေကို ရက်ပိုင်းအတွင်း ၀ီကီလိခ်က ထပ်မံ ဖွင့်ချလိုက်ပါတယ်။ ၂၀၀၈ ခုနှစ် ပါလီမန်မှာ အစိုးရကို အယုံအကြည်မရှိ အရေးကြီးတဲ့ မဲခွဲ ဆုံးဖြတ်မှုမှာ ကွန်ဂရက်ပါတီ အမတ်တွေက မဲတွေ အကြီးအကျယ် ၀ယ်ခဲ့တဲ့ အထောက် အထားတွေကို ၀ီကီလိခ်စ် က ထပ်ဖွင့်ချတာ ဖြစ်ပါတယ်။

နောက် အိန္ဒိယနဲ့ အမေရိကန် အစိုးရ အကြား မသင်္ကာဖွယ် လက်နက်ရောင်းဝယ်မှုတွေ ရှိခဲ့တဲ့ အကြောင်း ၀ီကီလိခ်စ် က ဖွင့်ချပါတယ်။ ၀န်ကြီးချုပ် မန်မိုဟန်ဆင်းက ၀ီကီလိခ်စ် က ဖွင့်ချတဲ့ လျှို့ဝှက်ချက်တွေဟာ မှန်ကန်မှု မရှိဘူးလို့ ငြင်းဆိုပါတယ်။ ၀ီကီလိခ်စ် တည်ထောင်သူ ဂျူလီယန် အာဆန်း ကတော့ မစ္စတာဆင်း ဟာ ‘လူထုကို ရည်ရွယ်ချက်ရှိရှိ လိမ်လည်လှည့်ဖျားခဲ့သူ’ လို့ စွတ်စွဲပြောဆိုခဲ့ပါတယ်။


ပြုတ်ကျသွားတဲ့ ပေါ်တူဂီ အစိုးရ



အိုက်စလန်၊ ဟန်ဂေရီ၊ အိုင်ယာလန် ၀န်ကြီးချုပ်များလိုပဲ ဂလိုဘယ်စီးပွားရေး အကျပ်အတည်းက ဖြစ်လာတဲ့ အစိုးရ ဘတ်ဂျက်ပြဿနာကြောင့် မတ်လ ၂၃ ရက်နေ့မှာ ပေါ်တူဂီ ၀န်ကြီးချုပ် ဂျိုးဇက် ဆော့ခရက်စ် လည်း ရာထူးက နှုတ်ထွက်ပေးခဲ့ရပါတယ်။

ပေါ်တူဂီမှာ အစိုးရ ကြွေးမြီများပြီး ငွေကြေးနဲ့ စတော့ တန်ဖိုးတွေ ကျဆင်းနေတာကြောင့် ဂရိ နဲ့ အိုင်ယာလန် တို့လိုပဲ အီးယူက ၀င်ကယ်တင်ပေးရမယ့် အခြေအနေမျိုး ဆိုက်လာပါတယ်။ ယခုအပတ် အီးယူ ထိပ်သီး ညီလာခံမှာ ပေါ်တူဂီ ကိစ္စက ထိပ်ဆုံးပြဿနာ ဖြစ်လာပါတယ်။ ဆော့ခရက်စ် ရဲ့ လက်ဝဲ ယိမ်း ဆိုရှယ်လစ် ပါတီက အိမ်စောင့်အစိုးရအဖြစ်နဲ့ လာမယ့် ဇွန်လ ရွေးကောက်ပွဲအထိ ဆက်ရှိနေပါမယ်။



ရွေးကောက်ပွဲ ရလဒ် စောင့်နေတဲ့ ဟေတီများ



မတ်လ ၂၀ ရက်နေ့ ဟေတီနိုင်ငံ ရွေးကောက်ပွဲက အဆင်ချောမွေ့တယ်လို့ပဲ ဆိုရပါမယ်။ နိုဝင်ဘာလထဲမှာ ပထမအကျော့ မဲပေးတုန်းက အကြမ်းဖက်မှုတွေနဲ့ ၀ရုန်းသုန်းကားဖြစ်ပြီး ပွဲပျက်ခဲ့ရပါတယ်။

ဒါပေမဲ့ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ရွေးကောက်ပွဲမှာတော့ ပါမောက္ခ၊ ပေါ့အဆိုတော်နဲ့၊ သမ္မတဟောင်းရဲ့ လေဒီ တို့ နိုင်ငံတကာ စောင့်ကြည့်မှုအောက်မှာ အေးချမ်းစွာ အပြိုင်နွှဲခဲ့ကြပါတယ်။ ပထမအကျော့ထက် တင်းမာမှုတွေ လျော့တယ် ဆိုပေမယ့် ရွေးကောက်ပွဲ ရက်အတွင်း သမ္မတဟောင်း အရစ္စတီဒီး ရဲ့ ပြည်တော်ပြန်ခရီးကြောင့် ခပ်လှုပ်လှုပ်တွေ ဖြစ်ခဲ့ပါသေးတယ်။

အာဏာသိမ်းခံရပြီး တောင်အာဖရိကမှာ ထွက်ပြေးတိမ်းရှောင်နေရတဲ့ သမ္မတ အရစ္စတီဒီးကို အမေရိကန် အစိုးရက ရွေးကောက်ပွဲရက်အတွင်း မပြန်ဖို့ နားချပေမဲ့၊ ဆိုင်းမဆင့်ဗုံမဆင့် ပြည်တော်ပြန်ခဲ့ပါတယ်။ သူ့ ပြန်ရောက်မှုကြောင့် ရွေးကောက်ပွဲမှာ တစုံတရာ ပြဿနာ မရှိသော်လည်း၊ မဲအကြိုပွဲမှာ ပေါ့ပ် အဆိုကျော် ကိုယ်စားလှယ်လောင်း သေနတ်နဲ့ အပစ်ခဲ့ရပေမဲ့ ကံသီပြီး လွတ်မြောက်ခဲ့ပါတယ်။

မောက္ခ နိုင်ငံတကာသတင်း

Source: FP

ဆက်ဖတ်ရန်
ပို့စ်တင်သူ ။.............။ လခြမ်းမြီ on Friday, 8 April 2011
0 ( မှတ်ချက်ရေးချင်ရင် )
ခေါင်းစဉ်အလိုက်ပို့စ်များ |

၂၀၁၂ မှာ ကမ္ဘာကြီး တကယ်ပဲ ပျက်စီးတော့မှာလား..ဆိုတဲ့ မေးခွန်းကို ကျွန်တော် ၂၀၁၀ အစောပိုင်းကနေ မြင်တွေခဲ့ရတာပါ။ အဲဒီမေးခွန်းဟာ ယုတ္တိမတန်ခဲ့လို့ ကျွန်တော်တို့ အလေးအနက် မထားခဲ့ကြပါဘူး။

7 Days ဂျာနယ်မှာလည်း ကောလဟသာ သတင်းသာဖြစ်ကြောင်း ကမ္ဘာကြီးဟာ မပျက်စီးနိုင် ကြောင်း မြန်မာနိုင်ငံ နက္ခတ်အသင်းက ဖြေရှင်းချက်တွေနဲ့အတူ ဖော်ပြခဲ့ပြန်ပါတယ်။ ဒါပေမယ့် အဲလိုဖော်ပြပြီးတဲ့ နောက်ပိုင်း သိပ်မကြာခင်မှာပဲ အဲဒီဂျာနယ်မှာပဲ ဆက်ပါလာခဲ့ပါတယ်။ မြန်မာနိုင်ငံ နက္ခတ်ဗေဒအသင်းကနေ ဖော်ပြထားတာပါ။ ၂၀၁၂ မှာ ကမ္ဘာကြီးဟာ တစ်ခုခု ပြောင်းလဲလိမ့်မယ်လို့ ဆိုလာပြန်ပါတယ်။ နက္ခတ်တွေအရ အဲဒီကာလမှာ မိုးကြီးခြင်း၊ ငလျင်လှုပ်ခြင်း၊ တောမီးလောင်ခြင်း၊ မြေပြိုခြင်း စသဖြင့် ဖြစ်ပေါ်နိုင်ပါတယ်လို့ ဆိုခဲ့ပြန်ပါတယ်။ အဲဒီတော့ ကျွန်တော်ဟာ တကယ် ဖြစ်နိုင် မဖြစ်ဆိုတာကို သာမန်လူငယ် တစ်ယောက် အတွေးမျိုးနဲ့ ဒီနေ့ထိ တွေးတော လေ့လာ စဉ်းစား နေခဲ့ပြန်ပါတယ်။

Web Pages တွေကဆင့် ဂျာနယ်တွေကတဆင့် လေ့လာခဲ့ပါတယ်။ အခုထိ အဖြေတစ်ခု ထွက်လာခဲ့တာက ကျွန်တော်တို့ နေထိုင်နေတဲ့ ကမ္ဘာကြီးဟာ ဖျားနေနေပါပြီ။ နေမကောင်း ဖြစ်နေတာ တော်တော်လေး များနေပါပြီ။ သူဟာ အခုအချိန်မှာ ကိုယ့်ဖာသာကိုယ် ကုသနေပါပြီ။

ကျွန်တော်ဆိုလိုချင်တဲ့သဘောက ကမ္ဘာကြီးဟာ အခုနောက်ပိုင်းမှာ စံချိန်တင်မှုတွေနဲ့ သိသိသာသာ ပြောင်းလဲခဲ့တာကို ၂ဝ၁ဝ နဲ့ နောက်ပိုင်းတွေကို ကျွန်တော်တို့ ကိုယ်တိုင်သိရှိ ခံစားခဲ့ရပါတယ်။

စံချိန်တင် ရေကြီးမှု၊
စံချိန်တင် ရေရှားမှု၊
စံချိန်တင် အပူချိန်။
စံချိန်တင် အအေးနှုန်း။
စံချိန်တင် မြေပြိုမှု။
စံချိန်တင် တောမီးလောင်မှု။
စံချိန်တင် ငလျင်ဒါဏ်။
စံချိန်တင် မုန်တိုင်းတွေ စသဖြင့် စံချိန်ပေါင်း မြောက်မြားစွာ တင်လာခဲ့ပြန်ပါတယ်။ ထပ်ပြီးတော့ လည်း စံချိန်တွေ ထပ်တင်လာပါလိမ့်မယ် ဆိုတာကို ကျွန်တော်တို့ လူသားမျိုးနွယ်စုတွေ ထပ်ပြီး ရင်ဆိုင်ရပါလိမ့်မယ်။ အဲဒီလို စံချိန်တွေကြောင့် လူသားတွေ၊ အဆောက်အဦတွေ၊ အားလုံး ပျက်စီးကုန်ပါတယ်။

သဘာဝတရားက ဖော်ပြန်လာတာအံမခန်းပါ။

ဘာကြောင့်များဖောက်ပြန်လာတာပါလဲ . . .. ?

အကျိုးအကြောင်းစဉ်းစားလိုက်ရင် ကျွန်တော်တို့ အပါအ၀င် လူသားမျိုးနွယ်စု အားလုံးဟာ တိုးတက်မှုကို လိုလားသူတွေသာ ဖြစ်ပါတယ်။ (ကျွန်တော်ကိုယ်တိုင်လည်း အဲဒီလိုတိုးတက်မှုကို အများကြီး နှစ်သက်ပါတယ်) အဲလို စက်မှုဆိုင်ရာ ထွန်းကား တိုးတက်လာတဲ့အတွက် လူသားတိုင်းရဲ့ လိုအပ်ချက်တွေဟာ မြင့်မာလာခဲ့ပါတယ်။ ဒါကြောင့် ကမ္ဘာမြေကြီးမှာ ရှိသမျှ စွမ်းအင်တွေကို သူ့ထက်ငါ အလုအယက် ယူငင်သုံးစွဲနေကြပါပြီ။ အဲလို ယူငင်သုံးစွဲလိုက်တာဟာ လူတစ်ယောက် အတွက် ဘ၀တစ်သက်စာ အေးချမ်းစေနိုင်တယ်လို့ ဆိုပေမယ့် နောက်ထပ် လူသားမျိုးဆက် နွယ်ကြီးအတွက် အမွေဆိုးကြီးကျန်ရစ်ခဲ့တာပါ။ ကမ္ဘာမှာ သစ်တောတွေပြုန်း၊ မြေအောက် သယံဇာတတွေ ခမ်း၊ လူသားတွေလွှတ်ထုတ်သော ကာဗွန်ဒိုင်အောက်ဆိုဒ်ကြောင့် ကမ္ဘာကြီးဟာ ပူနွေးလာပါပြီ။

ကမ္ဘာကြီးဟာ အခု ဖြစ်နေတဲ့အနေအထားကို ကျွန်တော်တို့ ကိုယ်တိုင် တစ်ယောက်တည်း စမ်းသပ် ကြည့်လို့ရပါတယ်။ အခန်းလုံပိတ် တစ်ခုတည်းမှာ သင်တစ်ယောက်တည်း ဆေးလိပ်သောက် ကြည့်ပါ။ ဘယ်လိုနေမလဲဆိုတာကိုပါ။

ကျွန်တော်တို့ နေထိုင်တဲ့ ကမ္ဘာကြီးဟာ သက်မဲ့မဟုတ်ပါဘူး။ သဘာဝတရားဆိုတာ ဒီကမ္ဘာကြီးရဲ့ ၀ိညာဉ်ပါပဲ။ ဒီကမ္ဘာကြီးကို လူသားတွေက နှိပ်စက်တော့ ကမ္ဘာကြီးဟာ ဒါဏ်ရာတွေရလာတယ်။ အဲဒီဒါဏ်ရာတွေကို သဘာဝတရားက ကုသပေးပါတယ်။ သဘာဝ တရားက ကုသပေးလိုက်တာဟာ ကျွန်တော်တို့ လူသားမျိုးနွယ်အတွက် အင်မတန်မှ ရက်စက် လှပါတယ်။ အဲလိုမျိုး ဒါဏ်ရာတွေ ရလိုက် ကုသလိုက်နဲ့ ကမ္ဘာကြီးမှာ ကျွန်တော်တို့ရဲ့ လူသားမျိုးနွယ်စုတွေ ဖန်တီးထားတဲ့ အရာတွေဟာ ဆုံးရှုံးခဲ့ရတာမနည်းပါ။

အရင်တုန်းက ရုပ်ရှင်ကားတွေမှသာ မြင်ဖူးခဲ့တဲ့ မြို့လုံးကျွတ် ရေလွှမ်းမိုးတာတွေ အခုနောက်ပိုင်း မျက်ဝါးထင်ထင် မြင်နေရပါပြီ။ ဘာကြောင့်ဖြစ်နေရတာလဲ။ သဘာဝတရားဟာ တစ်ဖြည်းဖြည်း တစ်ဖြည်းဖြည်းနဲ့ ဇာတ်ရှိန် တင်လာနေပါပြီ။ အဲလိုဖြစ်ပေါ်နေတာကို တားဆီး နိုင်ဖို့အတွက် ကမ္ဘာတစ်ဝှမ်းမှာနေထိုင်ကြတဲ့ အသိဥာဏ်မြင့် လူသားတွေက စုဝေးတိုင်ပင် အကောင်အထည် ဖော်နေကြပါပြီ။ အားလုံးလည်း စောင့်ထိန်းသင့်ပါတယ်။ ဘာကို စောင့်ထိန်းရမယ် ဆိုတာကို ကျွန်တော်ပြောပြဖို့ လိုအပ်မယ် မထင်တော့ပါဘူး။ နှမ်းတစ်စေ့နဲ့ ဆီမဖြစ်နိုင်ပေမယ့် နှမ်းတစ်စေ့ မရှိရင်လည်း ဆီဆိုတာ ဖြစ်မလာနိုင်ပါဘူး။

နောက်ဆုံး အကုန်လုံး ခြုံပြီး သုံးသပ်ကြည့်မယ်ဆိုရင် ကျွန်တော်တို့ဟာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကို မေ့ပြီး ရှေ့ဆက်တိုးပြီး စက်မှုထွန်းကားရေးကိုပဲ ဆက်လက် လုပ်ဆောင် သွားကြမယ်ဆိုရင် အခုလက်ရှိ ကမ္ဘာမှာ ဖြစ်ပေါ်နေတဲ့ အကြောင်းအရာတွေ (သဘာဝတရားရဲ့ တိုက်ခိုက်မှု) ကြောင့် ကမ္ဘာကြီးဟာ ၂၀၁၂ ရယ်လို့ မဟုတ်ပါဘူး အနှေးနဲ့ အမြန် ထိခိုက်ယိုယွင်း ပျက်စီးနိုင်ပါတယ်လို့ ကျွန်တော် စဉ်းစားမိပါတယ်။

................
စာရေးသူ – ဒီနွေဦး

ဆက်ဖတ်ရန်
ပို့စ်တင်သူ ။.............။ လခြမ်းမြီ on Monday, 28 March 2011
0 ( မှတ်ချက်ရေးချင်ရင် )
ခေါင်းစဉ်အလိုက်ပို့စ်များ |

သို့

m.s.m.o ရွေးကောက်ပွဲကျင်းပရေးကော်မတီ၊

အကြောင်းအရာ။ ။ရွေးကောက်ပွဲ ရက်စွဲအား ပြန်လည် ပြောင်းရွေ့သတ်မှတ်ပေးပါရန် လျှောက်ထားခြင်းကိစ္စ။

ရိုသေစွာလျှောက်ထားအပ်ပါသည်၊ ဆရာတော်အရှင်သူမြတ်တို့ဘုရား၊ m.s.m.o ဗဟိုကော်မတီဝင်များမှ၊ ၁၅.၁.၂၀၁၁၊ တွင် ပြုလုပ်ကျင်းပခဲ့သော အစည်းအဝေး၏ ဆုံးဖြတ်ချက်အရ၊ m.s.m.o အဖွဲ့၏၊ ဒုတိယအကြိမ် ဗဟိုကော်မတီရွေးကောက်ပွဲအား၊ ၂၇.၂.၂၀၁၁ နေ့တွင် သတ်မှတ်ခဲ့ကြသည်ကို ကြားသိရပါသည်ဘုရား။

သို့ပါသော်လည်း အစည်းအဝေး ခန်းမ ငှါး၍မရခြင်း၊ အချို့သော ရွေးကောက်ပွဲဝင် ကျောင်းသား ရဟန်းတော်များ၏ နာမည်စာရင်း အဆင်သင့် မဖြစ်သေးခြင်း၊ ချင်းမိုင်ကျောင်းသားများ လာရောက်ရန် အခက်အခဲရှိခြင်း၊ ကျောင်းသားစာရင်းများ ပြန်လည်စီစစ်ရန် လိုအပ်ခြင်းတို့ ကြောင့် ရွေးကောက်ပွဲရက်ကို (၁၃ ၊ ၀၃ ၊ ၂၀၁၁) ရက် တနင်္ဂနွေနေ့သို့ ရွေ့ဆိုင်းလိုက်ကြောင်းကိုလည်း ထပ်မံကြားသိရပြန်ပါသည်ဘုရား။

နောက်ဆုံးထပ်မံ သတ်မှတ်လိုက်သော ၄င်း ၁၃၊ ၀၃၊ ၂၀၁၁ နေ့သည်လည်း ဘုရားတပည့်တော်တို့ ချင်းမိုင်းတက္ကသိုလ်ကျောင်းသားများ၏၊ စာမေးပွဲဖြေဆိုရမည် ရက်နှင့် တိုက်ဆိုင်နေပါသောကြောင့်၊ ၄င်း ၁၃၊ ၀၃၊ ၂၀၁၁ နေ့အား ပြန်လည် ပြင်ဆင် သတ်မှတ်ပေးတော်မူကြပါရန် ရိုသေစွာ လျှောက်ထားအပ်ပါသည်၊ ဆရာတော်သံဃာတော် အရှင်သူမြတ်တို့ဘုရား။

လျှောက်ထားသူများ
ချင်းမိုင်ကျောင်းသားရဟန်းတော်များ၊
ချင်းမိုင်မြို့၊ ထိုင်းနိုင်ငံ။

မှတ်ချက်။ ။(ချင်းမိုင်ကျောင်းသားများမှ ပို့ပေးလာသော စာအား၊ ပြန်ကြားရေးမှ တင်ပြအပ်ပါသည်)။

ဆက်ဖတ်ရန်
ပို့စ်တင်သူ ။.............။ လခြမ်းမြီ on Sunday, 27 February 2011
0 ( မှတ်ချက်ရေးချင်ရင် )
ခေါင်းစဉ်အလိုက်ပို့စ်များ |

အနန္တအတုမရှိ ဗုဒ္ဓမြတ်စွာဘုရား

အလှူရှင်များအား MMSA အဖွဲ့မှ မှတ်တမ်းတင်ဂုဏ်ပြုလွှာပေးအပ်

အလှူရှင်များအား MMSA အဖွဲ့မှ မှတ်တမ်းတင်ဂုဏ်ပြုလွှာပေးအပ်

Mahidol University

International Buddhist Collage

မြန်မာ E Books

ထိုင်းနိုင်ငံ ရောက် ရွှေ့ပြောင်း မြန်မာအလုပ်သားမားများအတွက် ပညာရေး အခွင့်အလမ်းများ

MMSA ပရိတ်သတ်များ

ယခင်ပို့စ်အဟောင်းများ

အားပေးနေသော အပေါင်းသင်းများ

International News

တိုင်းရင်းသားသတင်းဌာနများစုစည်းမှု

သတင်းဌာနများစုစည်းမှု

ဘလော့ဂ်များစုစည်းမှု