MMSA ဘလော့စည်းမျဉ်းများ

* ဘာသာ သာသနာနှင့်လူမျိုးတို့၏ ဂုဏ်ကို ထိခိုက်ပျက်စီးစေတတ်သော အရေးအသားမျိုးကို ရှောင်ရှားရန်၊
* အချင်းချင်း ညီညွတ်မှု့ကို ပျက်စီးစေတတ်သော အကြောင်းများကို ရေးသားခြင်းမှ ရှောင်ရှားရန်၊
* သာသနာနှင့် မအပ်စပ်သော အဖွဲ့ဂုဏ်သိက္ခာကို ငြိုးနွမ်းစေတတ်သော ပုံများကိုတင်ခြင်းမှ ရှောင်ရှားရန်၊
* ပုဂ္ဂိုလ်ရေးဆိုင်ရာများထက် အများနှင့်သက်ဆိုင်သော အကျိုးများစေနိုင်သော ပုံများ စာများကိုသာ ရေးသားရန်၊
* MMSAသည် ပညာရေးအဖွဲ့စည်း ဖြစ်သည့် အတွက်နိုင်ငံရေးနှင့်သက်ဆိုင်သော အရေးအသားများကို ရေးခြင်းမှ ရှောင်ရှားရန်၊
* ဗုဒ္ဓဘာသာနှင့် မိမိတို့လေ့လာနေသော ပညာရပ်ဆိုင်ရာ အကြောင်းအရာများကို ဗဟုသုတအလို့ငှါ ရေးသား မျှဝေကြရန်၊

၂၀၁၂ မှာ ကမ္ဘာကြီး တကယ်ပဲ ပျက်စီးတော့မှာလား..ဆိုတဲ့ မေးခွန်းကို ကျွန်တော် ၂၀၁၀ အစောပိုင်းကနေ မြင်တွေခဲ့ရတာပါ။ အဲဒီမေးခွန်းဟာ ယုတ္တိမတန်ခဲ့လို့ ကျွန်တော်တို့ အလေးအနက် မထားခဲ့ကြပါဘူး။

7 Days ဂျာနယ်မှာလည်း ကောလဟသာ သတင်းသာဖြစ်ကြောင်း ကမ္ဘာကြီးဟာ မပျက်စီးနိုင် ကြောင်း မြန်မာနိုင်ငံ နက္ခတ်အသင်းက ဖြေရှင်းချက်တွေနဲ့အတူ ဖော်ပြခဲ့ပြန်ပါတယ်။ ဒါပေမယ့် အဲလိုဖော်ပြပြီးတဲ့ နောက်ပိုင်း သိပ်မကြာခင်မှာပဲ အဲဒီဂျာနယ်မှာပဲ ဆက်ပါလာခဲ့ပါတယ်။ မြန်မာနိုင်ငံ နက္ခတ်ဗေဒအသင်းကနေ ဖော်ပြထားတာပါ။ ၂၀၁၂ မှာ ကမ္ဘာကြီးဟာ တစ်ခုခု ပြောင်းလဲလိမ့်မယ်လို့ ဆိုလာပြန်ပါတယ်။ နက္ခတ်တွေအရ အဲဒီကာလမှာ မိုးကြီးခြင်း၊ ငလျင်လှုပ်ခြင်း၊ တောမီးလောင်ခြင်း၊ မြေပြိုခြင်း စသဖြင့် ဖြစ်ပေါ်နိုင်ပါတယ်လို့ ဆိုခဲ့ပြန်ပါတယ်။ အဲဒီတော့ ကျွန်တော်ဟာ တကယ် ဖြစ်နိုင် မဖြစ်ဆိုတာကို သာမန်လူငယ် တစ်ယောက် အတွေးမျိုးနဲ့ ဒီနေ့ထိ တွေးတော လေ့လာ စဉ်းစား နေခဲ့ပြန်ပါတယ်။

Web Pages တွေကဆင့် ဂျာနယ်တွေကတဆင့် လေ့လာခဲ့ပါတယ်။ အခုထိ အဖြေတစ်ခု ထွက်လာခဲ့တာက ကျွန်တော်တို့ နေထိုင်နေတဲ့ ကမ္ဘာကြီးဟာ ဖျားနေနေပါပြီ။ နေမကောင်း ဖြစ်နေတာ တော်တော်လေး များနေပါပြီ။ သူဟာ အခုအချိန်မှာ ကိုယ့်ဖာသာကိုယ် ကုသနေပါပြီ။

ကျွန်တော်ဆိုလိုချင်တဲ့သဘောက ကမ္ဘာကြီးဟာ အခုနောက်ပိုင်းမှာ စံချိန်တင်မှုတွေနဲ့ သိသိသာသာ ပြောင်းလဲခဲ့တာကို ၂ဝ၁ဝ နဲ့ နောက်ပိုင်းတွေကို ကျွန်တော်တို့ ကိုယ်တိုင်သိရှိ ခံစားခဲ့ရပါတယ်။

စံချိန်တင် ရေကြီးမှု၊
စံချိန်တင် ရေရှားမှု၊
စံချိန်တင် အပူချိန်။
စံချိန်တင် အအေးနှုန်း။
စံချိန်တင် မြေပြိုမှု။
စံချိန်တင် တောမီးလောင်မှု။
စံချိန်တင် ငလျင်ဒါဏ်။
စံချိန်တင် မုန်တိုင်းတွေ စသဖြင့် စံချိန်ပေါင်း မြောက်မြားစွာ တင်လာခဲ့ပြန်ပါတယ်။ ထပ်ပြီးတော့ လည်း စံချိန်တွေ ထပ်တင်လာပါလိမ့်မယ် ဆိုတာကို ကျွန်တော်တို့ လူသားမျိုးနွယ်စုတွေ ထပ်ပြီး ရင်ဆိုင်ရပါလိမ့်မယ်။ အဲဒီလို စံချိန်တွေကြောင့် လူသားတွေ၊ အဆောက်အဦတွေ၊ အားလုံး ပျက်စီးကုန်ပါတယ်။

သဘာဝတရားက ဖော်ပြန်လာတာအံမခန်းပါ။

ဘာကြောင့်များဖောက်ပြန်လာတာပါလဲ . . .. ?

အကျိုးအကြောင်းစဉ်းစားလိုက်ရင် ကျွန်တော်တို့ အပါအ၀င် လူသားမျိုးနွယ်စု အားလုံးဟာ တိုးတက်မှုကို လိုလားသူတွေသာ ဖြစ်ပါတယ်။ (ကျွန်တော်ကိုယ်တိုင်လည်း အဲဒီလိုတိုးတက်မှုကို အများကြီး နှစ်သက်ပါတယ်) အဲလို စက်မှုဆိုင်ရာ ထွန်းကား တိုးတက်လာတဲ့အတွက် လူသားတိုင်းရဲ့ လိုအပ်ချက်တွေဟာ မြင့်မာလာခဲ့ပါတယ်။ ဒါကြောင့် ကမ္ဘာမြေကြီးမှာ ရှိသမျှ စွမ်းအင်တွေကို သူ့ထက်ငါ အလုအယက် ယူငင်သုံးစွဲနေကြပါပြီ။ အဲလို ယူငင်သုံးစွဲလိုက်တာဟာ လူတစ်ယောက် အတွက် ဘ၀တစ်သက်စာ အေးချမ်းစေနိုင်တယ်လို့ ဆိုပေမယ့် နောက်ထပ် လူသားမျိုးဆက် နွယ်ကြီးအတွက် အမွေဆိုးကြီးကျန်ရစ်ခဲ့တာပါ။ ကမ္ဘာမှာ သစ်တောတွေပြုန်း၊ မြေအောက် သယံဇာတတွေ ခမ်း၊ လူသားတွေလွှတ်ထုတ်သော ကာဗွန်ဒိုင်အောက်ဆိုဒ်ကြောင့် ကမ္ဘာကြီးဟာ ပူနွေးလာပါပြီ။

ကမ္ဘာကြီးဟာ အခု ဖြစ်နေတဲ့အနေအထားကို ကျွန်တော်တို့ ကိုယ်တိုင် တစ်ယောက်တည်း စမ်းသပ် ကြည့်လို့ရပါတယ်။ အခန်းလုံပိတ် တစ်ခုတည်းမှာ သင်တစ်ယောက်တည်း ဆေးလိပ်သောက် ကြည့်ပါ။ ဘယ်လိုနေမလဲဆိုတာကိုပါ။

ကျွန်တော်တို့ နေထိုင်တဲ့ ကမ္ဘာကြီးဟာ သက်မဲ့မဟုတ်ပါဘူး။ သဘာဝတရားဆိုတာ ဒီကမ္ဘာကြီးရဲ့ ၀ိညာဉ်ပါပဲ။ ဒီကမ္ဘာကြီးကို လူသားတွေက နှိပ်စက်တော့ ကမ္ဘာကြီးဟာ ဒါဏ်ရာတွေရလာတယ်။ အဲဒီဒါဏ်ရာတွေကို သဘာဝတရားက ကုသပေးပါတယ်။ သဘာဝ တရားက ကုသပေးလိုက်တာဟာ ကျွန်တော်တို့ လူသားမျိုးနွယ်အတွက် အင်မတန်မှ ရက်စက် လှပါတယ်။ အဲလိုမျိုး ဒါဏ်ရာတွေ ရလိုက် ကုသလိုက်နဲ့ ကမ္ဘာကြီးမှာ ကျွန်တော်တို့ရဲ့ လူသားမျိုးနွယ်စုတွေ ဖန်တီးထားတဲ့ အရာတွေဟာ ဆုံးရှုံးခဲ့ရတာမနည်းပါ။

အရင်တုန်းက ရုပ်ရှင်ကားတွေမှသာ မြင်ဖူးခဲ့တဲ့ မြို့လုံးကျွတ် ရေလွှမ်းမိုးတာတွေ အခုနောက်ပိုင်း မျက်ဝါးထင်ထင် မြင်နေရပါပြီ။ ဘာကြောင့်ဖြစ်နေရတာလဲ။ သဘာဝတရားဟာ တစ်ဖြည်းဖြည်း တစ်ဖြည်းဖြည်းနဲ့ ဇာတ်ရှိန် တင်လာနေပါပြီ။ အဲလိုဖြစ်ပေါ်နေတာကို တားဆီး နိုင်ဖို့အတွက် ကမ္ဘာတစ်ဝှမ်းမှာနေထိုင်ကြတဲ့ အသိဥာဏ်မြင့် လူသားတွေက စုဝေးတိုင်ပင် အကောင်အထည် ဖော်နေကြပါပြီ။ အားလုံးလည်း စောင့်ထိန်းသင့်ပါတယ်။ ဘာကို စောင့်ထိန်းရမယ် ဆိုတာကို ကျွန်တော်ပြောပြဖို့ လိုအပ်မယ် မထင်တော့ပါဘူး။ နှမ်းတစ်စေ့နဲ့ ဆီမဖြစ်နိုင်ပေမယ့် နှမ်းတစ်စေ့ မရှိရင်လည်း ဆီဆိုတာ ဖြစ်မလာနိုင်ပါဘူး။

နောက်ဆုံး အကုန်လုံး ခြုံပြီး သုံးသပ်ကြည့်မယ်ဆိုရင် ကျွန်တော်တို့ဟာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကို မေ့ပြီး ရှေ့ဆက်တိုးပြီး စက်မှုထွန်းကားရေးကိုပဲ ဆက်လက် လုပ်ဆောင် သွားကြမယ်ဆိုရင် အခုလက်ရှိ ကမ္ဘာမှာ ဖြစ်ပေါ်နေတဲ့ အကြောင်းအရာတွေ (သဘာဝတရားရဲ့ တိုက်ခိုက်မှု) ကြောင့် ကမ္ဘာကြီးဟာ ၂၀၁၂ ရယ်လို့ မဟုတ်ပါဘူး အနှေးနဲ့ အမြန် ထိခိုက်ယိုယွင်း ပျက်စီးနိုင်ပါတယ်လို့ ကျွန်တော် စဉ်းစားမိပါတယ်။

................
စာရေးသူ – ဒီနွေဦး

ပို့စ်တင်သူ ။.............။ လခြမ်းမြီ on Monday 28 March 2011
ခေါင်းစဉ်အလိုက်ပို့စ်များ

0 ( မှတ်ချက်ရေးချင်ရင် )

အနန္တအတုမရှိ ဗုဒ္ဓမြတ်စွာဘုရား

အလှူရှင်များအား MMSA အဖွဲ့မှ မှတ်တမ်းတင်ဂုဏ်ပြုလွှာပေးအပ်

အလှူရှင်များအား MMSA အဖွဲ့မှ မှတ်တမ်းတင်ဂုဏ်ပြုလွှာပေးအပ်

Mahidol University

International Buddhist Collage

မြန်မာ E Books

ထိုင်းနိုင်ငံ ရောက် ရွှေ့ပြောင်း မြန်မာအလုပ်သားမားများအတွက် ပညာရေး အခွင့်အလမ်းများ

MMSA ပရိတ်သတ်များ

ယခင်ပို့စ်အဟောင်းများ

အားပေးနေသော အပေါင်းသင်းများ

International News

တိုင်းရင်းသားသတင်းဌာနများစုစည်းမှု

သတင်းဌာနများစုစည်းမှု

ဘလော့ဂ်များစုစည်းမှု