MMSA ဘလော့စည်းမျဉ်းများ

* ဘာသာ သာသနာနှင့်လူမျိုးတို့၏ ဂုဏ်ကို ထိခိုက်ပျက်စီးစေတတ်သော အရေးအသားမျိုးကို ရှောင်ရှားရန်၊
* အချင်းချင်း ညီညွတ်မှု့ကို ပျက်စီးစေတတ်သော အကြောင်းများကို ရေးသားခြင်းမှ ရှောင်ရှားရန်၊
* သာသနာနှင့် မအပ်စပ်သော အဖွဲ့ဂုဏ်သိက္ခာကို ငြိုးနွမ်းစေတတ်သော ပုံများကိုတင်ခြင်းမှ ရှောင်ရှားရန်၊
* ပုဂ္ဂိုလ်ရေးဆိုင်ရာများထက် အများနှင့်သက်ဆိုင်သော အကျိုးများစေနိုင်သော ပုံများ စာများကိုသာ ရေးသားရန်၊
* MMSAသည် ပညာရေးအဖွဲ့စည်း ဖြစ်သည့် အတွက်နိုင်ငံရေးနှင့်သက်ဆိုင်သော အရေးအသားများကို ရေးခြင်းမှ ရှောင်ရှားရန်၊
* ဗုဒ္ဓဘာသာနှင့် မိမိတို့လေ့လာနေသော ပညာရပ်ဆိုင်ရာ အကြောင်းအရာများကို ဗဟုသုတအလို့ငှါ ရေးသား မျှဝေကြရန်၊
Showing posts with label MMSAမှတ်တမ်းများ. Show all posts
Showing posts with label MMSAမှတ်တမ်းများ. Show all posts

Sanyato Meditation Center အား အလှူငွေ ၅၃၃၉ ဘတ် တိတိအား အဖွဲ့၏ ဥက္ကဌဆရာတော်အပါအဝင် ပြည်နယ်တိုင်းကိုယ်စားလှယ်သံဃာတော်များက လှူဒါန်းနေကြစဉ်
မြန်မာနိုင်ငံကျောင်းသားသံဃာတော်များအဖွဲ့(ချင်းမိုင်)မှ တက္ကသိုလ်၏ နှစ်စဉ်သွားနေကျတရားထိုင်ခရီးစဉ် ၁၀ ရက်တရားစခန်းတွင် Sanyato Meditation Center အား အလှူငွေ ၅၃၃၉ ဘတ် တိတိအား မြန်မာနိုင်ငံ ပြည်နယ်တိုင်းမှ မဟာချူလာတက္ကသိုလ် ချင်းမိုင်မြို့အား တက်ရောက်ပညာသင်ကြားနေသောသံဃာတော်များက လှူဒါန်းခဲ့ကြသည် အဆိုပါတရားစခန်းသည် ဒီဇင်ဘာ (၆)ခြောက်ရက်နေ့မှ (၁၆)ဆယ့်ခြောက်ရက်နေ့ထိ ၁၀ ရက်တိုင်တိုင်ဖြစ်ပြီး တက္ကသိုလ်၏ program တစ်ခုအနေဖြင့် ဒီဇင်ဘာလတွင် နှစ်စဉ်သွားရောက်ရသောတရားထိုင်ပွဲဖြစ်သည်၊ သွားရောက်တရားထိုင်ကြသော တက္ကသိုလ်ကျောင်းသားများမှာ ထိုင်း၊လာအို၊ကင်္ဘောဒီးယား၊ဗီယက်နင်၊နီပေါ၊ဘင်္ဂလားချေဒ်၊မြန်မာ၊သီရိလင်္ကာ၊အိန္ဒိယ နိုင်ငံတို့မှ ထိုင်းနိုင်ငံ၊ချင်းမိုင်မြို့ မဟာချူလာတက္ကသိုလ်၌လာရောက်ပညာသင်ကြားနေကြသောအရှင်ဘုရားများဖြစ်သည်။
ယခုကဲ့သို့လှူဒါန်းမှုကိုမြင်တွေ့၍မြန်မာနိုင်ငံသားများ သာဓုခေါ်ဆိုနိုင်စေရင် ရည်ရွယ်တင်ပေးလိုက်ခြင်းဖြစ်ပါသည်
 

ဏ္ဍာရေးမှုဆရာတော်

ဆက်ဖတ်ရန်
ပို့စ်တင်သူ ။.............။ Ganda on Monday, 24 December 2012
0 ( မှတ်ချက်ရေးချင်ရင် )
ခေါင်းစဉ်အလိုက်ပို့စ်များ , |

တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက ဆရာတော် ဘဒ္ဒန္တ ဣန္ဒပါလ ၏ သြဝါဒကထာ

ပုထုဇဉ်ဟူသည် လောဘ၊ ဒေါသ၊ မောဟ၊ မာန၊ ဣဿာ၊ မိစ္ဆရိယ အစရှိသော ကိလေသာ အကုသိုလ်တို့ အပြည့်အဝ ရှိနေခြင်းကြောင့် အမှားနှင့် မကင်းနိုင်ပါပေ။ သို့သော် အမှားတွေ့တိုင်း ပြဿနာလုပ်ကြစတမ်းဆိုလျှင် အဖွဲ့အစည်းလုပ်ငန်း မည့်သို့မျှ အောင်မြင်မှု ရနိုင်မည်မဟုတ်ပါ။ အောင်မြင်မှု ရလိုလျှင် အမှားကိုသည်းခံ ခွင့်လွှတ်နိုင်ဖို့ လိုအပ်ပေသည်။ အမှားဟူသည်မှာလည်း…

၁။ ခွင့်မလွှတ်နိုင်သော အမှားကြီးနှင့်

၂။ ခွင့်လွှတ်သည်းခံလို့ရသည့် အမှားငယ်ဟူ၍ ရှိရာ အမှားကြီးလျှင် “သဗ္ဗေသတ္တာ ကမ္မသကာ”ဟု သဘောထားကာ စည်းကမ်းအရ ဆောင်ရွက်သင့်သည်။ အမှားငယ်ကိုမူကား သည်းခံခွင့်လွှတ်ခြင်းဖြင့် ဆက်လက်လက်တွဲသင့်လှပေသည်။ သို့ဖြစ်၍ အဖွဲ့အစည်း တစ်ရပ်၏ အောင်မြင်ကြောင်းတွင် အင်္ဂါရပ်အဖြစ်ဖြင့် ခန္ဓီဂုဏ်ကို ဥပေက္ခာမပြုသင့်ပေ။ မည်သို့ပင်ဖြစ်စေ သည်းခံခွင့်လွှတ်ခြင်းသည် သာလျှင် အကောင်းဆုံး ဖြစ်ပေလိမ့်မည်။

ဆက်ဖတ်ရန်
ပို့စ်တင်သူ ။.............။ Ganda on Saturday, 26 May 2012


ရခိုင်ပြည်နယ်၊ စစ်တွေမြို့

သဒ္ဓမ္မဂရု (ပုသိမ်)ကျောင်းတိုက်

ပဓာနနာယကဆရာတော် ဘဒ္ဒန္တပဏ္ဍိတ(အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတ၊ ပရိယတ္တိသာသနဟိတဓရ၊ နိုင်ငံတော်သံဃာ့မဟာနာယက) ၏ သြဝါဒကထာ

၁။ မိမိကြောင့် သူတပါးမနစ်နာစေနှင့်။

၂။ ဂုဏ်ပကာသနကို မျှော်၍ အလုပ်မလုပ်နှင့်။

၃။ အရာရာမှာ ကုသိုလ်ဖြစ်အောင်လုပ်ပါ။

၎။ ရိုသေလေးစား မြတ်နိုးမှုကို ပြု၍ ဆက်ဆံပါ။

၅။ သူတစ်ပါးကို အနိုင်ယူခြင်းထက် ကူညီခြင်းသည် အကျိုးများသည်။

၆။ အပြစ်ပေးခြင်းထက် ပြုပြင်ပေးခြင်းသည် သာ၍ကောင်းသည်။

၇။ ပညာရှိခြင်း အာဏာရှိခြင်းသည် သူတပါးကို အနိုင်ကျင့်ရန်မဟုတ်၊ အကျိုးပြုရန်သာဖြစ်သည်။

၈။ ယဉ်ကျေးသောပုဂ္ဂိုလ်၊ လူမျိုးတို့သည် အရာရာမှာ အထက်တန်းကျ၍ တိုးတက်အောင်မြင်သည်။

၉။ လာဘ်လာဘကို မျှော်၍ ကူညီခြင်းထက် စေတနာထား၍ ကူညီခြင်းသည် အကျိုးများသည်။

ဆက်ဖတ်ရန်
ပို့စ်တင်သူ ။.............။ Ganda on Monday, 14 May 2012





                                       ဥက္ကဋ္ဌ =ဦးဣန္ဒာစရိယ
                                                      
အတွင်းရေးမှူး= ဦးဝဏ္ဏိဿရ                           ဘဏ္ဍာရေးမှူး= ဦးခေမာသိရီ
ဒု-အတွင်းရေမှူး= ဦးသုစိတ္တ                             ဒု-ဘဏ္ဍာရေးမှူး= ဦးဒဿနိယ
စာရင်းစစ်= ဦးဉာဏိက                                  ဒု-စာရင်းစစ်= ဦးကိန္ဒ
ပြန်ကြားရေ= ဦးဝရဗုဒ္ဓိ                                   ဒု-ပြန်ကြားရေမှူး= ဦးပညာသီဟ                       


မှတ်ချက်

MMAS   နည်းပညာ နှင့် မီဒီယာများကို ဦးအာလောက နှင့် ဦးဒဿနိယ 
တို့မှ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

ဆက်ဖတ်ရန်
ပို့စ်တင်သူ ။.............။ ( MMSA ) on Monday, 27 June 2011
0 ( မှတ်ချက်ရေးချင်ရင် )
ခေါင်းစဉ်အလိုက်ပို့စ်များ |

အနန္တအတုမရှိ ဗုဒ္ဓမြတ်စွာဘုရား

အလှူရှင်များအား MMSA အဖွဲ့မှ မှတ်တမ်းတင်ဂုဏ်ပြုလွှာပေးအပ်

အလှူရှင်များအား MMSA အဖွဲ့မှ မှတ်တမ်းတင်ဂုဏ်ပြုလွှာပေးအပ်

Mahidol University

International Buddhist Collage

မြန်မာ E Books

ထိုင်းနိုင်ငံ ရောက် ရွှေ့ပြောင်း မြန်မာအလုပ်သားမားများအတွက် ပညာရေး အခွင့်အလမ်းများ

MMSA ပရိတ်သတ်များ

ယခင်ပို့စ်အဟောင်းများ

အားပေးနေသော အပေါင်းသင်းများ

International News

တိုင်းရင်းသားသတင်းဌာနများစုစည်းမှု

သတင်းဌာနများစုစည်းမှု

ဘလော့ဂ်များစုစည်းမှု