သြော်....လူ့ပြည်လောက
လူ့ဘ၀ကား
အိုရနာရသေရဦးမည်
မှန်ပေသည်တည်း။
သို့တပြီးကား.....
သင်သေသွားသော်
သင်ဖွားသောမြေ၊
သင်တို့မြေသည်၊
အခြေတိုးမြင့်၊
ကျန်ကောင်းသင့်၏။
သင်၏မျိုးသား၊
စာစကားလည်း၊
ကြီးပွားတိုးမြင့်
ကျန်ကောင်းသင့်၏။
သင်ဦးချ၍ အမျှဝေရာ
စေတီသာနှင့်၊
သစ္စာအရောင်
ဥာဏ်တန်ဆောင်လည်း
ပြောင်းလျက်ဝင်းလျက်
ကျန်စေသတည်း။
(ဇော်ဂျီ)
MMSA ဘလော့စည်းမျဉ်းများ
* အချင်းချင်း ညီညွတ်မှု့ကို ပျက်စီးစေတတ်သော အကြောင်းများကို ရေးသားခြင်းမှ ရှောင်ရှားရန်၊
* သာသနာနှင့် မအပ်စပ်သော အဖွဲ့ဂုဏ်သိက္ခာကို ငြိုးနွမ်းစေတတ်သော ပုံများကိုတင်ခြင်းမှ ရှောင်ရှားရန်၊
* ပုဂ္ဂိုလ်ရေးဆိုင်ရာများထက် အများနှင့်သက်ဆိုင်သော အကျိုးများစေနိုင်သော ပုံများ စာများကိုသာ ရေးသားရန်၊
* MMSAသည် ပညာရေးအဖွဲ့စည်း ဖြစ်သည့် အတွက်နိုင်ငံရေးနှင့်သက်ဆိုင်သော အရေးအသားများကို ရေးခြင်းမှ ရှောင်ရှားရန်၊
* ဗုဒ္ဓဘာသာနှင့် မိမိတို့လေ့လာနေသော ပညာရပ်ဆိုင်ရာ အကြောင်းအရာများကို ဗဟုသုတအလို့ငှါ ရေးသား မျှဝေကြရန်၊
အမျိုးမှန်မှ အဖိုးတန်မည်၊
အမျိုးလှန်က အရိုးကျန်မည်၊
အမျိုးတန်မှ အမျိုးရံမည်၊
အကျိုးဖန်မှ အမျိုးမှန်မည်၊
ကျောက်ဆစ်ကို ထုလုပ်တေ ဒေလက်၊ ရက္ခ၀ံသမည်နာမည်နန့် ၊ ပြည်ခိုင်တိုင်းသား ရွှေဓည။
စောမွန်တည်လတ် ရန်ရွှေတပ်နန့်၊ ကျောက်ဆစ်လက်ရာ ဗိသုကာကို၊ အမြင်မှန်မှ အရှင်တန်မည်။
ဆင်ခြင်တတ်လီ မျိုးသာကီ၊ ရွှေမြို့တော် နတ်ဗိမာန်အသွင်နန့်၊ သွင်သွင်ဆန်း တင့်တည်ပါယင့်။
လက်ဆည်းကန် တောင်ဂျိုင်းကြားက၊ အီးမြရေ လီနုလီညှင်းကို ရှူရှိုက်ဗျာလ်၊ ဘ၀င်နိမ့် အီမြလို့ စမ္ပါယ်ခြင်းကို
သစ္စာမတည်၊ ရှုပ်လီဗွေရို့ ဇာအတွက် အကျိုးမဖက်ပဲ အမျိုးဖျက်လေ၊ ဂန္ထ၀င်မြောက်ဦး အယင်က မြောက်ဦး၊
အသျှင်မြ၀ါ ပညာကျော် ၀ိမလရို့နန့် မင်းဗာမြင်လတ်ဖို့ဆိုကေ၊ ငါရာတည်လတ်မြို့တော်မြတ်ကို၊
မျက်ရည်သွယ်သွယ်ကျဆင်းအောင်၊ ဇာသူကြံဆောင်လုပ်စွာလဲလို့ မိန်းကို မိန်းဖို့ဒေ……
မော့ကြည့်တာ အလကားမဟုတ်ဘူး
ယမ်းသီးတွေ ကျလာမှာစိုးလို့တဲ့။
ကမ္ဘာက
ငါတို့ထက် အသက်ကြီးတာမှန်ပါရဲ့
ဒါပေမဲ့ မရင့်ကျက်သေးဘူး
ကမ္ဘာက
တရားတော်တွေလည်း ရှိပါရဲ့
တရားဟောဆရာတွေလည်း ရှိပါရဲ့
ဒါပေမဲ့ တရားမရသေးဘူး
ကမ္ဘာက
ကမ္ဘာစစ်ကြီး(၂)ခုနဲ့ ကြုံခဲ့ပြီ
လူ့အသက်လည်း သန်းပေါင်းရာချီ ကြွေခဲ့ပြီ
ဒါပေမဲ့ အမှတ်မရှိသေးဘူး
ကမ္ဘာက
ဘာသာရေးစစ်ပွဲကြီးတွေနဲ့လည်း ကြုံခဲ့ပြီ
ဒါပေမဲ့ နောင်တမရချင်သေးဘူး
ကမ္ဘာက
လူမျိုးနွယ်စစ်ပွဲတွေနဲ့လည်း ကြုံခဲ့ပြီ
လူမျိုးနွယ်အချို့လည်း မျိုးတုံးပျောက်ကွယ်ခဲ့ပြီ
ဒါပေမဲ့ အကြောက်အလန့် မရှိချင်သေးဘူး
ကမ္ဘာက
ထစ်ခနဲရှိ
ပစ်မယ်ခတ်မယ်ဆိုတာချည်းပဲ
ထစ်ခနဲရှိ
အကြမ်းဖက်မယ်
ဗုံးခွဲမယ်
လေယာဉ်အပိုင်းစီးမယ်ဆိုတာချည်းပဲ
ကမ္ဘာက
ခုချိန်ထိပြဿနာကို
သေနတ်ပါမှ ရှင်းလို့ရတယ်ထင်နေတုန်းပဲ
ကမ္ဘာက
မီးစကိုလည်း ကိုင်ရဲ့
ရေမှုတ်ကိုလည်း ကိုင်ရဲ့
သံတမန်လို
လက်ဆောင်အောက်မှာ
သေနတ်ကိုလည်း ၀ှက်ယူလာရဲ့
ကမ္ဘာက
ခုအချိန်ထိ
ကမ္ဘာကို အနိုင်ကျင့်နေတုန်းပဲ
ဒီခေတ်ကြီးကို
အိုင်တီခေတ်
ဂလိုဘယ်ခေတ်
မီဒီယာခေတ်
ခေတ်လွန်ခေတ်
မျိုးစုံအောင် အဓိပ္ပာယ်ဖွင့်ဆိုနေကြ
ဒါပေမဲ့
ကမ္ဘာက
ခုအချိန်ထိ
သူ့ကိုယ်သူ ကမ္ဘာလို့်လည်း အသေအချာမသိ
လူလို့လည်းအသေအချာမသိ
လူမျိုးလိုလို
နိုင်ငံလိုလို
ဘာသာတရားလိုလိုနဲ့
ရူးချင်ယောင်ဆောင်နေတုန်းပဲ
အများကောင်းစားရေးလိုလို
ကိုယ်ကျိုးစွန့်အနစ်နာခံမှုလိုလိုနဲ့
ခုအချိန်ထိ
ရသမျှအကျိုးစီးပွား
သူ့အိတ်ကပ်ထဲ ကောက်ထည့်နေတုန်းပဲ
ခုချိန်ထိ
ကမ္ဘာကျင့် ကမ္ဘာကြံ ကြံနေတုန်းပဲ
ကမ္ဘာက
အဆောက်အဦကြီးတွေ ဆောက်ပါရဲ့
အဖွဲ့အစည်းတွေလည်း ဖွဲ့ပါရဲ့
ဒါပေမဲ့
အဲဒီအဆောက်အဦကြီးတွေဟာ
ဆင်းရဲမွဲတေတွေရဲ့ မျက်ရည်ဆိုတာ
ကမ္ဘာ အသေအချာမသိဘူး
ခုပဲ
သားရွှေအိုးထမ်းလာတာ မြင်ရတော့မယ့်ဟန်
ခုပဲ ရတနာပုံဆိုက်တော့မယ့်ကိန်း
ကမ္ဘာက
ဘာအစည်းအဝေး
ညာအစည်းအဝေး
အစည်းအဝေးကြီးတွေမကြာမကြာ ကျင်းပပါရဲ့
စီမံကိန်းတွေ ရေးဆွဲပါရဲ့
မကြာ မကြာ
ညစာစားပွဲကြီးတွေ တည်ခင်းပါရဲ့
ဒါပေမဲ့
အစည်းအဝေးတစ်ခုရဲ့ စရိတ်ဟာ
ညစာစားပွဲတစ်ပွဲရဲ့ ကုန်ကျငွေဟာ
စာမတတ်သူ ကလေးပေါင်းများစွာ
ကျောင်းထားပေးလို့ရတယ်ဆိုတာ
ကမ္ဘာကသိပုံမရဘူး
“ဒါးဗို့”မှာ အစည်းအဝေးလုပ်တော့
“နီဂရိုးပွန်တီ”က
ကလေးတွေအတွက်
ဒေါ်လာ(၁၀၀)တန် ကွန်ပျူတာတွေထုတ်ရမယ်
“ဘီလ်ဂိတ်”က ဒီလိုမဟုတ်
ကွန်ပျူတာနဲ့တွဲကြည့်လို့ရတဲ့ “ဆဲလ်ဖုန်း”တွေ
ထွင်ဖို့လိုတယ်တဲ့
“ရှာရွန်စတုန်း”က ပြောတယ်
လောလောဆယ်
အာဖရိကပြည်သူတွေကို ခြင်ထောင်တွေပေးရမယ်တဲ့
တကယ့်
မီးစတစ်ဖက်
ရေမှုတ်တစ်ဖက်ပါပဲ
ကမ္ဘာဟာ
တစ်ဖက်မှာ လေသံကောင်းလွှင့်ပြီး
တစ်ဖက်မှာတော့ ဇိမ်နဲ့ငြိမ့်ချင်နေတုန်းပဲ
ကမ္ဘာဟာ
ခုအချိန်ထိ
တရားတွေ့သလိုလိုနဲ့
တရားကို ကွေ့ရှောင်နေတုန်းပဲ
ကမ္ဘာဟာ
ခုအချိန်ထိ
အရေးကြုံမှ
အရပ်ကူပါ လူဝိုင်းပါလုပ်ချင်နေတုန်းပဲ
ဒိုင်ယာနာမသေခင်
နောက်ဆုံးသောက်သွားတဲ့ဟင်းချိုဟာ
ဒေါ်လာ (၄၀၀၀) တန်တယ်
“ဗီယင်နာ”ကို
ဂျော့ဘုခ်ျလာတော့
တည်းခိုခန်းတစ်ညစရိတ်ဟာ
ဒေါ်လာ (၆၀၀၀)ကျတယ်
ဒိုင်ယာနာ့ဟင်းချိုဖိုးလေးသာရ
သူအဆင်ပြေပါပြီတဲ့
လူတစ်ယောက်ကပြောတယ်
“မာသာထရီဇာ”ဟာ
ဂုဏ်သရေရှိတွေရဲ့ ညစာစားပွဲကို
အလှူခံခဲ့ဖူးတယ်
“ဘုရင်ခံချုပ်က နှစ်ယောက်စာဝတ်ထားပြီပဲ
ကျွန်တော် ၀တ်ဖို့မလိုတော့ပါဘူး”တဲ့
မဟတ္တမဂန္ဒီပြောခဲ့သလိုပါပဲ
လူပေါင်းများစွာဟာ ကျောပြောင်နေပြီး
လူအချို့ဟာ တောင်ပုံရာပုံရှိနေတယ်
ကမ္ဘာကသိပုံမရဘူး
အီသီယိုးပီးယား ဒုက္ခသည်တစ်ဦးအလို
အခု သူတို့ဖြစ်နေတာက
“ဆာ”တာပါ
“နာ”တာမဟုတ်ပါဘူးတဲ့
သူတို့အဆင့်ဟာ
“နာ”တဲ့အဆင့်ကို လွန်ခဲ့ပါပြီ
“ဆာ”တာဟာ “နာ”တာထက် ဆိုးပါသတဲ့
ကမ္ဘာပေါ်
လူပေါင်းများစွာ ငတ်ပြတ်မွဲတေနေပြီး
လူအချို့ဟာ ကျိကျိတက်ကြွယ်ဝနေတယ်
ကမ္ဘာ သိပုံမရဘူး
ဒီကမ္ဘာက
လွတ်လပ်စွာပြိုင်ဆိုင်သော တစ်ခေတ်လို
လိုအပ်လာ
အစားအသောက်တွေ ဖျက်ဆီးပစ်ဖို့ အဆင်သင့်
အထည်အလိပ်တွေ မီးပုံရှို့ပစ်ဖို့လည်း အဆင်သင့်
ဒီကမ္ဘာက
ခုအချိန်ထိ
ဆင်းရဲမွဲတေမှုဟာ ပြဿနာလို့လည်း
အသေအချာမသိ
စီးပွားရေးချိန်ခွင်ညှာမညီမျှမှုဟာ
ပြဿနာလို့လည်း အသေအချာမသိ
အဓမ္မရာဂဟာ ပြဿနာလို့လည်း
အသေအချာမသိ
စစ်နဲ့ငြိမ်းချမ်းရေး
ဘယ်ဟာ အရေးကြီးတယ်ဆိုတာလည်း
အသေအချာမသိ
အရိပ်ရမှ အေးမြတယ်လို့လည်း
အသေအချာမသိ
သစ်မြင် ခုတ်ချင်နေတုန်းပဲ
မြစ်မြင် ငါးဖမ်းချင်နေတုန်းပဲ
တွင်းမြင် ရေနံငင်ချင်နေတုန်းပဲ
ကမ္ဘာဟာ
သူ့ကိုယ်သူ ကမ္ဘာတည်မယ်ထင်နေရဲ့
ဘ၀င်လည်းမြင့်ရဲ့
ရူးလည်းရူးရဲ့
ဂိုက်ပေးလည်း ကြမ်းရဲ့
ကမ္ဘာကို မထီမဲ့မြင်ပြုရဲ့
“မာသာထရီဇာ”က တစ်ယောက်တည်း
“ဘင်လာဒင်”တွေ အမျာကြီးပဲ
“ဂန္ဒီ”က တစ်ယောက်တည်း
ဟစ်တလာ”တွေက အများကြီးပဲ
တကယ်တော့
ဂျီ- အိပ်ခ်ျဆိုတာ
ကမ္ဘာ့စက်မှုကုန်သည်ကြီးများအသင်းပါ
အစည်းအဝေးလုပ်တယ်ဆိုတာလည်း
ဈေးကွက်ညှိကြတာပါဗျာ”တဲ့
ကမ္ဘာဟာ
နောက်ထပ် ခရူးဆိတ်တစ်ခုကိုလည်း
မြင်တွေ့ထားပုံရရဲ့
နောက်ထပ် ကမ္ဘာစစ်တစ်ခုကိုလည်း
မျှော်လင့်ထားပုံရရဲ့
ခုအချိန်ထိ
လက်နက်အပြိုင် တပ်ဆင်နေတုန်းပဲ
သူ့အုပ်စု ကိုယ့်အုပ်စု ဖွဲ့နေတုန်းပဲ
ဂိုဏ်းဂဏစွဲ အယူဝါဒစွဲတွေ
ပြင်းထန်နေတုန်းပဲ
သံလိုက်များလို
လိုအပ်လာ ကိုယ့်အသင်းရှိရာ ပြေးကပ်မယ့်
မျိုးတူစုတွေကလည်း အဆင်သင့်
“ခုဆို
‘လေ’လည်း လေပြီ”
ကောင်းကင်ပိရင်
ဘယ်ခေါင်းမှ မလွတ်တော့။ ။
လူအိမ်
ပန်းအလင်္ကာမဂ္ဂဇင်းဧပြီ၊ ၂၀၀၇(မိုးဃ်းဇော် စီစဉ်သည့် စိတ်ကူးချိုချိုစာအုပ်တိုက် ၁၀နှစ်ပြည့်အကြို ခေတ်ပြိုင်ကဗျာရှည်အချို့စာအုပ်မှ…)
ဂျပန်ပြည်ဟာ
နျူကလီယားကျိန်စာသင့်ခဲ့လေသလား …
ဒုတိယကမ္ဘာစစ်နိဂုံးပိုင်း
အိုင်းစတိုင်းရဲ့
ခြောက်ညအိပ်မက်ဆိုးတွေဟာ
တိုကျိုအနီးတ၀ိုက်မှာ ဆက်တိုက်ပေါက်ကွဲနေတယ်။
သဘာဝတရားကြီးကပဲ
ရက်စက်လွန်းရာကျနေသလား
ဒါမှမဟုတ် ...
စည်းမဲ့ကမ်းမဲ့ လူတစုရဲ့ အတ္တတွေကပဲ
ကမ္ဘာမြေကို ဖျက်ဆီးနေတာလား
ပန်းနုရောင် ချယ်ရီပန်းကလေးတွေ
ခုတော့ သွေးစစွန်းပေ။
ခင်ဗျားတို့ ပြောပြောနေတဲ့
နည်းပညာခေတ်ကြီး
ခင်ဗျားတို့ လှိုက်လှိုက်လှဲလှဲ
ကြိုဆိုလိုက်တဲ့ ရာစုသစ်ကြီး
ခုတော့ အပြစ်မဲ့ ဂျပန်ပြည်သူတွေကို
ဂုတ်ခွစီးနေ။
ရာစုသစ်ကြီးခင်ဗျား ...
နည်းပညာတွေ တနင့်တပိုးနဲ့
အဘယ်သူတွေ ကျိကျိတက် ကြွယ်ဝခဲ့ပါသလဲ
ရေနံ၊ သဘာဝဓာတ်ငွေ့၊ ကျောက်မျက်သယံဇာတ၊
မျိုးဗီဇဖျက် အစားအစာများနဲ့ ဈေးကွက်စီးပွားရေး
ဘယ်သူ့အကျိုးစီးပွားအတွက် ဖော်စပ်ပေးလိုက်တာပါလဲ … ။
ရာစုသစ်ကြီးခင်ဗျား ...
ခင်ဗျားပဲ ပြောခဲ့တယ်
ငြိမ်းချမ်းရေး … ကို
ခင်ဗျားပဲ အော်ဟစ်ခဲ့တယ်
လူ့အခွင့်အရေး … ကို
ရာစုသစ်ကြီး …
ခင်ဗျားဟာ ဗမာပြည်မှာ
ရွှေဖလားရောင် ချိတ်လုံခြည်ကို ၀တ်လို့
ပန်းသွေးရောင် ခေါင်းပေါင်းကို ပေါင်းတယ်၊
ဥရောပ၊ အမေရိကတို့ကို ရောက်ရင်
နက်ကတိုင်၊ ကုတ်အင်္ကျီနဲ့
ကြောင်ကမ္ဘာအကောင်းစား သားရေရှုးဖိနပ်ကို စီးတယ်၊
ရာစုသစ်ကြီးခင်ဗျား ...
ကမ္ဘာကြီးဟာ … ခင်ဗျားအတွက်
စစ်ပွဲတွေ ဖြစ်ပေးနေရတယ်၊
ရာစုသစ်ကြီးခင်ဗျား ...
ကမ္ဘာကြီးဟာ ခင်ဗျားအတွက်
နျူကလီးယားဓာတ်ပေါင်းဖိုတွေ
အပြိုင်အဆိုင် ဆောက်လုပ်ခဲ့ကြတယ်၊
ရာစုသစ်ကြီးခင်ဗျား ...
ကမ္ဘာကြီးဟာ ခင်ဗျားအတွက်
အပြစ်မဲ့ ကလေးငယ်တွေ
ဘုမသိ ဘမသိ အေ့စ်ကိုက်နေရရှာတယ်၊
ရာစုသစ်ကြီးခင်ဗျား ...
ခင်ဗျား ကမ္ဘာမြေကြီးကို ပေါင်းသင်းဆက်ဆံနေပုံက
ဝေသာလီ ဂဏ နိုင်ငံတော်ကို ဖျက်ဆီးခဲ့တဲ့
ဝသကာရ အမတ်ကြီးရဲ့ အပြုအမူနဲ့ တထပ်တည်းပဲ၊
သူတပါး မျက်ရည်ကြီးငယ်ကျမှ နေသာထိုင်သာရှိပါသလား
အပြစ်မဲ့သူတွေရဲ့ မျက်မှောက်ဘ၀တွေ
ကျိုးပဲ့ကြေမွနေမှ
ခင်ဗျားရဲ့အနာဂတ် လှပမယ်လား
ရာစုသစ်ကြီးခင်ဗျား ...
ခင်ဗျားဟာ
မာဂရက်မစ်ချယ်ရဲ့ဇာတ်လိုက် ‘ရက်ဘတ်တလာ’ ပါပဲ
အကောင်းစား အရက်နဲ့ ဆေးလိပ်ကို သောက်မယ်
အကောင်းဆုံးတွေသာ ခင်ဗျားအတွက် ဖြစ်ရမယ်
ပြီးတော့ ခင်ဗျားရဲ့စီးပွားရေးဒဿနက
“တိုင်းပြည်ပျက်ချိန်နဲ့ တိုင်းပြည်ပြန်လည်ထူထောင်ချိန်”
အဲဒီနှစ်ချိန်မှာ စီးပွားရေးလုပ် … ဖြစ်တယ် …။
ရာစုသစ်ကြီးခင်ဗျား ...
ခင်ဗျားရှိလို့ ပြည်သူတွေ ရှိနေတာလား
ပြည်သူတွေရှိလို့ ခင်ဗျားရှိနေတာလား
ဒါကို ခင်ဗျား စဉ်းစားမိခဲ့ပါရဲ့လား
ခင်ဗျားရဲ့ ပက်ပက်စက်စက် ကျဆုံးခန်းကို
ခင်ဗျားရှေ့က သွားနှင့်သူ ရာစုအဟောင်းအမြင်းတွေက
ရင်တမမနဲ့ စောင့်မျှော်
အိပ်လို့တောင် ပျော်မယ်မထင်ဘူးဗျာ။ ။
အိုင်စတိုင်း - ၂၀ ရာစုရဲ့ ရူပဗေဒပညာရှင်ကြီး
ဝသကာရ - ဆရာပါရဂူ ဘာသာပြန် ‘ဝေသာလီ’ ဒီမိုကရေစီနိုင်ငံကို ဖျက်ဆီးခဲ့သူ
မာဂရက်မစ်ချယ် - GONE WITH THE WIND (လေရူးသုန်သုန် - ဆရာမြသန်းတင့် ဘာသာပြန်) ၀တ္ထု
ရက်ဘတ်တလာ - လေရူးသုန်သုန်ဝတ္ထုထဲမှ ဇာတ်ကောင် (အကျိုးစီးပွားသမား တောကြောင်)
ကမာပုလဲ
ကျွန်တော်တို့ ငယ်ငယ်
မနက်မိုးလင်းတိုင်းမှာ
အိမ်ရှေ့က ပန်းခင်းလေးထဲ
အမေနဲ့ လမ်းလျှောက်ခဲ့ဖူးတယ်
ကျွန်တော်တို့ရဲ့ လက်တွေကို ဆွဲလို့
ပန်းရနံ့လေးတွေကို ရှုရှိုက်လို့
အသစ်ပွင့်လာတဲ့ ပန်းပွင့်လေးတွေကို
တစ်ပွင့်ချင်း
တစ်ပွင့်ချင်း
အမေရေတွက်တယ်
ပန်းပွင့်လေးတွေကို နမ်းလိုက်
ကျွန်တော်တို့ကို နမ်းလိုက်နဲ့
ရယ်သံတွေကြားက ပြောတယ်
ကျွန်တော်တို့ရဲ့ မျက်နှာလေးတွေက
ပန်းပွင့်လေးတွေနဲ့ သိပ်တူသတဲ့
ပန်းပွင့်လေးတွေလိုပဲ လှပသတဲ့
ညရောက်ပြန်တော့
အမေ့ရဲ့ ရင်ခွင်ထဲမှာ ထိုင်ရင်း
အမေပြောတဲ့ ပုံပြင်တွေကို
ကျွန်တော်တို့ နားထောင်ခဲ့ကြတယ်
ပြီးတော့ ပြတင်းပေါက်ဆီကို ကြည့်ရင်း
ကောင်းကင်က ကြယ်ပွင့်လေးတွေကို
တစ်ပွင့်ချင်း
တစ်ပွင့်ချင်း
ရေတွက်ရင်းနဲ့ အမေပြောတယ်
ကျွန်တော်တို့ရဲ့ မျက်လုံးတွေက
ကြယ်ပွင့်လေးတွေနဲ့ သိပ်တူသတဲ့
ကြယ်ပွင့်လေးတွေလိုပဲ တောက်ပသတဲ့
ခုတော့ဖြင့် ငယ်ငယ်က ရေတွက်ခဲ့ဖူးတဲ့
ပန်းတွေနဲ့ ကြယ်တွေရဲ့ သင်္ချာကို
အမေမေ့လျော့ခဲ့ပြီထင်ပါရဲ့
အဖေက ကျွန်တော်တို့ရဲ့ ဟိုး..အဝေးမှာ
အဖေ့ဆီ ပို့ပေးရမယ့် ပစ္စည်းတွေ
အဖေပြန်ရောက်လာမယ့် နေ့တွေ
အမေရေတွက်တယ်
ပြက္ခဒိန်ပေါ်က နေ့စွဲတွေ
လကုန်ရင် ပေးရတော့မယ့် ပိုက်ဆံတွေ
အမေရေတွက်တယ်
ဧည့်ခန်းထဲမှာ မိုးယိုတဲ့ အပေါက်တွေ
မီးဖိုချောင်မှာ ကျိုးတဲ့ကြမ်းခင်းတွေ
အမေရေတွက်တယ်
ညီမလေး ကျောင်းပြီးမယ့် နေ့တွေ
လကုန်ရင် ကျွန်တော်ပါလာမယ့် ပိုက်ဆံတွေ
အမေရေတွက်တယ်
ပြတင်းပေါက်က ကြယ်ပွင့်လေးတွေ
အမေ မရေတွက်ရတာ ကြာပြီ
တောက်ပတဲ့ ကြယ်ပွင့်လေးတွေ
အမေ မရေတွက်ရတာ ကြာပြီ
မျက်ရည်က ဖုံးကွယ်ထားတဲ့ ကြယ်ပွင့်တွေဆိုတော့
ဘယ်လိုနည်းနဲ့ တောက်ပနိုင်ပါ့မလဲ
လှပတဲ့ ပန်းပွင့်လေးတွေ
အမေ မရေတွက် ရတာ ကြာပြီ
အသစ်ပွင့်လာတဲ့ ပန်းပွင့်လေးတွေ
အမေ မနမ်းရှိုက်ရတာ ကြာပြီ
အမေစိုက်ထားခဲ့တဲ့
အိမ်ရှေ့က ပန်းခင်းလေးလည်း
မနှစ်ကပဲ သေဆုံးသွားခဲ့ပြီ။
ငါ့ခေါင်းမှာတဲ့ သပြေညို
တို့ပြေမှာ တို့မေကမ်းပါတဲ့
သပြေညို ရွှေဘိုပန်းဟာက
လန်းလျှက်ပါကို။
ဘာ မလျော့လေနဲ့
လာတော့မကွဲ့ ရွှေပဟိုရ်
လေချိုက အသွေး။
လင်းကြက် အဆော်
ကွင်းထက်မှာ တူပျော်ပျော်နဲ့
စည်တော်ကို ရည်မျှော်မှန်းကာပ
ရောက်နီမှာ အောင်စည်ရွမ်းရအောင်
သပြောညို ရွှေဘိုပန်းရယ်နဲ့
လှမ်းကြစို့လေး။ ။
ထလော့မြန်မာ၊ အိုမြန်မာတို့
တို့ရွာတို့မြေ၊ တို့ရွာမြေဝယ်
စေတီစပါး၊ များလည်းများ၏
များပါလေလဲ၊ တမွဲမွဲ နှင့်
ဆင်းရဲကာသာ၊ ကာလကြာလျှင်
ယာစကာမျိုး၊ တညှိုညှိုးနှင့်
ပုထိုးမြင့်မောင်း၊ ကျောင်းကြိုကျောင်းကြား
လှည့်လည်သွားလျှက်
မစားလေရ၊ ဝမ်းမဝ၍
ဆွမ်းမျှမတင်နိုင် ရှိမည်တည်း။
ထလော့မြန်မာ၊ အိုမြန်မာတို့
တို့ရွာတို့မြေ၊ တို့ရွာမြေဝယ်
ရေချိုသောက်ရန်၊ မြစ်ချောင်းကန်နှင့်
သီးနှံချိုပျား၊ များလည်းများ၏
များပါလေလဲ၊ တမွဲမွဲနှင့်
ဆင်းရဲကာသာ၊ ကာလကြာလျှင်
မြင်သာမြင်ရ၊ မစားရ၍
တောကပြိတ္တာ ဖြစ်မည်တည်း။
ထလော့မြန်မာ၊ မြန်မာထလော့
အားမပျော့နှင့်၊ မလျှော့လုံးလ
သူကစ၍၊ ငါကအားလုံး
လက်ရုံးများမြောင်၊ ဥာဏ်များမြောင်နှင့်
စွမ်းဆောင်ကြလေ၊ ဆောင်ကြလေလော့
ဤမြေဤရွာ၊ ဘယ်သူ့ရွာလဲ
ဤယာစပါး၊ ဘယ်သူ့စပါးလဲ
ထားလော့တာဝန်၊ ပွန်လော့လုပ်ငန်း
ဥာဏ်ရှေ့ပန်း၍
တဝမ်းတစိတ် ညီစေသတည်း။ ။
(ဇော်ဂျီ)
ညိုပြာပြာ လတာပြင်ခြေရင်း။
လှိုင်းတက်ရာ ဗေဒါသက် ၊ လှိုင်းသက်ရာဆင်း။
ဆင်းရလဲ မသက်သာ။
အုန်းလက်ကြွေ ရေပေါလော၊ မျောစုန်လို့ လာ။
အဆင်းနဲ့အလာ၊ ဗေဒါမ အထွေး။
အုန်းလက်ြွေကသူ့ နံဘေး၊ ဆောင့်ခဲ့ရသေး။
ဆောင်ခဲ့လဲ မသက်သာ။
နောက်တစ်ချီ ဒီတစ်လုံးက ၊ ဖုန်းလိုက်ပြန်ပါ။
မြုပ်လေပေါ့ ၊ ပေါ်မလာ၊ မဗေဒါအလှ။
တစ်လံကွာ လှိုင်းအကြွ၊ ပေါ်လိုက်ပြန်ရ။
ပေါ်ပြန်လဲ မသက်သာ။
ချောင်းအဆွယ် ၊ မြောင်းငယ်ထဲက ၊ ဘဲထွက်လို့လာ။
ဘဲအုပ်မှာ တစ်ရာနှစ်ရာ ၊ မဗေဒါက တစ်ပင်ထဲ။
အယက်အကန်ခံလို့
ဗေဒါပျံအံကိုခဲ ၊ ပန်းပန်လျက်ဘဲ။ ။
...............
ဇော်ဂျီ
သင်၏ဘိုးဘွား မိဘများလည်း
တမလွန်သို့ ရောက်နှင့်ပြီး
သင်မြတ်နိုးရာ ကြင်သက်လျှာလည်း
ချစ်ရည်တုမျှ ရူးမဝခင်
လာရာလမ်းသို့ ပြန်နှင်းပြီး။
သံယောစဉ်ကြိုး ရစ်နှောင်းထုံးသည့်
သင်၏သားငယ် လူမမယ်လည်း
ကြည်စင်အလှ မြေမှာခသို့
ကြွေလွှင်ပျက်စီ ခံရပြီး။
သင်၏ခင်ရာ မိရင်းချာတို့
တချို့ရာ တချို့နာ၍
တချို့ကွယ်လွန် သွားကြပြီး။
သင်၏ဘဝ တခဏ၌
ဖူးငုံပွင့်ကြွေ ကမ္ဘာမြေတွင်
သူသူငှာငှာ အချိန်ကြာလင့် နေချင်ကြလိမ္မည်။
သို့သော်
ယှဉ်ပြိုင်မရ သင်္ခါရနှင့်
တောင်းပန်ရှာပြီး တားစီးမရ
အချိန်တန်ရင် ကြုံလာမည်။
ထိုသို့အချိန် ရောက်မလာခိုက်
ခရီလမ်းဆုံး ကြုံလူ့ဘုံဝယ်
အမိုက်အမှောင် အများရှောင်၍
တရားတွေ့အောင် ရှာကြပါ။
လူ …….
မကောင်းတာကို
ကောင်းတာနဲ့ဖုံး
မကောင်းတာတွေ
ပျက်သုန်းပါဖို့လား ဘုရား
ဆရာတော်…….
အကောင်းနဲ့မကောင်း
လမ်းကြောင်းချင်းကွာ
သံသရာမှာ
တစ်ခါလည်းမဆုံး။
အဆိုးမကုန်
ကံမကုန်သိ
ဆိုးရုံးကောင်းရုံး
သူ့ဘုန်းသူ့ကံ
သူ့ကိုဖန်ဖို့။
.........
မြန်မာဘာသာသို့
သင့်လျှော်အောင် ပြန်ဆိုထားသည်
တံမြက်စည်းတစ်ချောင်းနန့်
ကောင်းကင်ကြီးကိုလှည်းကျင်း
မိုက်တွင်းနက်ပစ်လိုက်ကြမယ်
ခြေမဦးမှာ သွေးတလူးလူး
ကြည်နူဖို့ကောင်းမယ် သေချာတယ်။
ဆာလောက်နေတဲ့ ရေပြင်ထဲ
ဝတ်မှုလေးတွေကြဲချ
ဒါနမြောက်ပလိုက်ကြမယ်။
ကဲရဲ့ကြပါစေ အခါတစ်ရာ
ကိုယ့်ဖာသာ သာဓုခေါ်ကြစို့။
ပလဲဓါးလို
ပါးပါးလေးနဲ့ထက်မြက်
အဖြူထည့်မာနတစ်ခု
ဖြစ်တည်မှုအံထဲကဆွဲထုတ်
အတောင်ပံလုပ်ဖို့ သဘောတူလား။
ကဆုန်-တော်သလင်း
အချင်းဆက်ထားရေလူ
အပူကိုဘာကြောင်းကြောက်
ဒေါက်-ဒေါက်----
မနက်ရောက်တောမယ်ကိုယ့်လူ။
..................
နောင်အေး
မြန်မာဘာသာသို့ ဆီလျှော်အောင်
ဘာသာပြန်ထားသည်။
For as long as I can remember
you have been by my side
to give me support
to give me confidence
to give me help
For as long as I can remember
you have always been the person I looked up to
so strong
so sensitive
so pretty
For as long as I can remember
and still today
you are everything a mother should be
For as long as I can remember
you have always provided stability within our family
full of laughter
full of tears
full of love
So much of what I have become
is because of you
and I want you to know
that I appreciate you, thank you
and love you
more than words can express
-Poem by Susan Polis Schutz
Life is beauty, admire it.
Life is bliss, taste it.
Life is a dream, realize it.
Life is a challenge, meet it.
Life is a duty, complete it.
Life is a game, play it.
Life is a promise, fulfill it.
Life is sorrow, overcome it.
Life is a song, sing it.
Life is a struggle, accept it.
Life is a tragedy, confront it.
Life is an adventure, dare it.
Life is luck, make it.
Life is too precious, do not destroy it.
Life is life, fight for it.
...................
Author Unknown
ရွာဦးကျေင်း
ခေါင်းလောင်းသံ
ညံညံမြည်ခဲစဉ်က
ဆံတောက်ကယ် ငယ်ငယ်လေးနဲ့
ကျောက်သင်ပုန်း ရင်မာပွေ့ကာဖြင့်
မြတ်ဆရာ ထံတော်ပါးသို့ရယ်
သုတ်သုတ်ကယ်ပြေး။ ။
ပုံရိပ်လေး
အာရုံထဲ တွေးကာချီ
စိတ်ပန်းချီ စီကာ ရေးရင်ဖြင့်
ငယ်ဖြစ်ပုံ ဟို......အရင်အတိတ်ဆီသို့ရယ်
လှိုက်လှိုက်ကာ ရင်မှာတမ်း
လွမ်းရတယ်လေး.....................။
ဘိက္ခုဖြူ