သန္ဓေတည်တာ မကြာသေး
ရမက်တွေ သူပုန်ထ
ဘီလူးမျက်နှာဆန်တဲ့ အချစ်
နေဝင်မိုးချုပ်ပြီလား၊
ကြင်နာမဲ့တောင်းဆိုချက်တွေနဲ့
အငြင်းပွါးဆဲ
ဘယ်တော့ပြီးမှာလေးကွာ၊
ခေါင်းခါနေတဲ့ ယုံကြည်ချက်
မင်းနဲ့ ငါ့ ကြား
တရားခံပဲမလား၊
ရင်ထဲက အနွေးဓါတ်တွေ
အသက်မရှူပဲ
လက်ဆွဲနုတ်ဆက်ခဲ့ပါရဲ့။
..........
အာရ်လင်းထွဏ်း
MMSA ဘလော့စည်းမျဉ်းများ
* အချင်းချင်း ညီညွတ်မှု့ကို ပျက်စီးစေတတ်သော အကြောင်းများကို ရေးသားခြင်းမှ ရှောင်ရှားရန်၊
* သာသနာနှင့် မအပ်စပ်သော အဖွဲ့ဂုဏ်သိက္ခာကို ငြိုးနွမ်းစေတတ်သော ပုံများကိုတင်ခြင်းမှ ရှောင်ရှားရန်၊
* ပုဂ္ဂိုလ်ရေးဆိုင်ရာများထက် အများနှင့်သက်ဆိုင်သော အကျိုးများစေနိုင်သော ပုံများ စာများကိုသာ ရေးသားရန်၊
* MMSAသည် ပညာရေးအဖွဲ့စည်း ဖြစ်သည့် အတွက်နိုင်ငံရေးနှင့်သက်ဆိုင်သော အရေးအသားများကို ရေးခြင်းမှ ရှောင်ရှားရန်၊
* ဗုဒ္ဓဘာသာနှင့် မိမိတို့လေ့လာနေသော ပညာရပ်ဆိုင်ရာ အကြောင်းအရာများကို ဗဟုသုတအလို့ငှါ ရေးသား မျှဝေကြရန်၊
ကံကြမ္မာလှေအိုနဲ့
နှလုံးသားရွက်လွှင့်သူ
မာယာလှိုင်းလုံးကြား
ဝေဒနာမုန်းတိုင်းက
အလှိုင်းလှိုင်းနဲ့မာန်ဆင်
အချစ်ဆိုတဲ့သမုဒ်ပြင်မှာ
အပြုံးကိုအားကုန်ဖွင့်လို့
ဘယ်လောက်ပင်.....ငါကူးကူး
အို......ကမ်းခြေရယ်
မင်းကိုဘယ်ခါ တွေ့မှာလဲ.....။
..................
မြတ်ခိုင်
ငါ့ရဲ့ညတစ်ညဟာ
ကြေကွဲမှုများစွာနဲ့
အိမ်ရာထက်မှာ
ကုန်ဆုံးသွားတယ်။
ငါ့ရဲ့မျက်လုံးတွေက
နွမ်းပန်းပြီး
ငါ့နှလုံးသားမှာလဲ
ပူဆွေးသောကများစွာနဲ့
ပျော်ရွှင်မှုတွေ ပြည့်လျှံနေတဲ့
မနက်ဖန်ကို
ကူးပြောင်းဖို့
ကြောက်နေမိတယ်။
လူသားတွေကို
အလင်းတွေပေးနေတဲ့
နေမင်းကြီးကိုတောင်
ဆွဲနုတ်ထားလိုက်ချင်တယ်။
မင်းမျက်ဝန်းလွှာနဲ့
နွေးတွေးမှုတွေများတဲ့
မင်းရဲ့မေတ္တာရိပ်အောက်မှာ
နားခိုခွင့်ပြုပါ။
...............
မြတ်ခိုင်
စာပေပရိယတ် ကျမ်းဂန်တတ်မှ
ရွာကကျောင်းမှာ
ကျောင်းသားကိုပင် မတွေ့မြင်ရ
--
ချင်းမိုင်တောင်တန်းကြီးကိုမေြး
ငှက်ကလေးတွေတောင်သိတယ် ။
-- ချစ်ခွင့်မရပေမယ့်-
ငါတကယ်ချစ်ခဲံ့တာ
ကော်ဖီခွက်ကိုမေးကြည့်-
ဆေးလိပ်တိုလည်းသိတယ် ။
-
ငါတကယ်လွမ်းခဲံ့တာ
ကဗျာလေးတွေမေးကြည့်
ဘောပင်လေးလည်းသိတယ် ။
-- ဘာမှတော့မဖြစ်ခဲ့ပါဘူး-
ယုံကြည်မှုတွေဆေးသားနည်းလာရုံ
အတွေကြုံတွေအရောင်ရင့်လာရုံ
ငါ့မာနတွေ လုံးပါး-ပါးသွားရုံလောက်ပဲ ။
ဘာမှမှတ်မှတ်ရရမရှိတာလေးကိုပဲ မှတ်မှတ်ရရသိမ်းထားခဲ့မိလို့။။
- ၀မ်းမနည်းပါဘူး
လွမ်းနေခဲ့ရုံပါ။။။။။
- မမျှော်လင့်ခဲ့ပါဘူး
နွေးထွေးတဲ့ ချစ်ခြင်းတွေ တောင်းတခဲ့ရုံပါ။။
-လမ်းခွဲသားတာမဟုတ်ပါဘူး
အိပ်မက်တွေ အိပ်တန်းပြန် သွားရုံပါ။။။။။။။။။။။။။။။။။။။
မင်းနဲ့ငါ့ကြား နားလည်မှုတွေ ။
-- မင်းင့ါဆီရောက်လာကတည်းက
ငါကော်ဖီခါးခါး သောက်တတ်ခဲ့တာ ။
--မမှုပါဘူး
နည်းနည်းတော့ပူတာပေါ့
နွေရာသီကို ကိုယ်စားပြု ဘ၀ကိုပိုင်ဆိုင်ထားတာပဲ ။
-၀မ်းမနည်းပါဘူး
လူမသိအောင် လွမ်းနေခဲ့ရုံပေါ့ ။
- ထပ် -လွမ်းမနေတော့ဘူး
အလွမ်းတွေသာ ရေငွေ့လို တဖန်ဖြစ်တည်ခွင့်ရှိခဲ့ရင်လေ
ချင်းမိုင်မှာ မိုးတွေသည်းနေဦးမယ် ။။။။။ ................ တယူသန်
ဒါပေမယ့်----ချစ်သူ---
ခေါက်ရိုးကျိုး ဒီအလွမ်းတွေ ငါဘယ်နားသိမ်းထာ
++အို---ကိုယ်ကချစ်ရသူ-
မင်းကိုတကယ်ချစ်
+ အို---ကိုယ်ကချစ်ရသူ-
ဘာမှမရှိခဲံ့တဲ့-မှတ်မှတ်ရရလေးတွေကပဲ-
ဒီရင်ကိုလာလာဆော
ကဗျာလေးတွေရေးခြ
++ အို----ကိုယ်ကချစ်ရသူ-
တကယ်ဆိုဘယ်တော့ မဝေးချင်ခဲ့ဘူး။
မင်းမသိခဲံ့ဘူးမ
လူမသိတဲ့အလွမ်းေ
ငါဘယ်အချိန်ထိကျ
ညှီနံ့တထောင်းထောင်းနဲ့နိုးထ
ဟိုးရှေးရှေးတုန်းက သူဋ္ဌေးကြီးတစ်ယောက်မှာ အင်မတန်မှ ချောမောလှပတဲ့ သမီးလေးတစ်ယောက်ရှိသတဲ့... သူဋ္ဌေးကြီးကလည်း သူ့သမီးလေးကို တစ်အားချစ်ဆိုပဲ..... ဘယ်လောက်ချစ်သလဲဆို ရဲတိုက်ကြီးတစ်ခုမှာ တစ်ယောက်တည်းထားတာတဲ့..... ဘယ်သူနဲ့မှ မပေးစားနိုင်ဘူးဆိုတဲ့သဘောပေါ့..... ဒါပေမယ့် အဲဒီရဲတိုက်ကြီးရဲ့မနီးမဝေးမှာ ပန်းဥယျဉ်ကြီးတစ်ခုရှိသတဲ့....
.အဲဒီပန်းဥယျဉ်ကြီးဟာ.....သာယာလှပလွန်း လို့ မြင်သူတိုင်း ငေးရတယ်ဆိုပဲ..... အဲဒီပန်းဥယျဉ်ရဲ့ ဥယျာဉ်မှုးလေးကလည်း ငယ်ငယ်ချောချောလေးတဲ့...... ဒီလိုနဲ့ ရဲတိုက်မှာ အဖော် (အပေါင်းအသင်းနော်) မရှိပဲ နေရတဲ့မင်းသမီးလေးဟာ.... ပြတင်းပေါက်ကနေ နေ့တိုင်းပဲ ပန်းဥယျဉ်ကြီးကို ငေးငေးကြည့်နေမိသတဲ့..... ပျင်းတာကိုး နော်... ဥယျဉ်မှုးလေးကလည်း ပန်းဥယျာဉ်ထဲမှာ ပန်းစိုက်ရင်း ..... သူ့ပန်းဥယျာဉ်ကို ငေးနေတဲ့ မင်းသမီးလေးကို တွေ့ပါလေရော... မြင်မြင်ချင်းကို ချစ်တယ်ဆိုတာ အဲဒီက စတာပဲတဲ့.... ဥယျာဉ်မှုးလေးကလည်း ပန်းတွေစိုက်ရင်း မင်းသမီးလေးကို ပဲပေးတာပေါ့ကွာ..... မင်းသမီးလေးကလည်း ပြတင်းပေါက်ကနေ.... အထာပြန်ပေးနဲ့ပေါ့..... တစ်ယောက်နဲ့ တစ်ယောက်သံယောဇဉ်တွေ ပိုလာကြပါရောတဲ့....... သိပ်မကြာပါဘူး သူဋ္ဌေးကြီးက အဲဒီအကြောင်းကို သိသွားပါလေရော.... သိသိ ချင်းပဲ သူသမီးလေးကို ရဲတိုက်ရဲ့ ဟိုး အမြင့်ဆုံးဖြစ်တဲ့ ဘုံ ခုနစ်ဆင့် မြင့်တဲ့ အထပ်ကို ပို့လိုက်ပါရောတဲ့ အဲဒီအချိန်က စ ပြီး မင်းသမီးလေး နဲ့ ဥယျာဉ်မှုးလေးဟာ တစ်နေ့မှ မတွေ့ကြရတော့ဘူးတဲ့.... မင်းသမီးလေးကလဲ တစ်နေ့တစ်နေ့ ငိုချည်းနေတော့တာတဲ့.... ဥယျာဉ်မှုးလေးကလည်း မင်းသမီးလေးရှိတဲ့ ဘုံခုနစ်ဆင်ကို ရောက်ဖို့အကြံထုတ်ရတော့တာပေါ့ ဒီလိုနဲ့ ဥယျဉ်မှုးလေးဟာ.... သစ်ပင်လေးတစ်ပင်ကို ယူပြီး မင်းသမီးလေးနေတဲ့ရဲတိုက်နားမှာ စိုက်သတဲ့... ပြီးတော့ သူ့အချစ်တွေသာ စစ်မှန်တယ်ဆိုရင်..... ဒီသစ်ပင်လေးဟာ နေချင်းညချင်း ကြီးလာပါစေဆိုပြီး ဆုတောင်းသတဲ့..... သူ့သစ္စာက မှန်တော့ အပင်လေးဟာ ကြီးလာလိုက်တာ သုံးရက်ကြာတဲ့အချိန်မှာပဲ ဘုံ ငါဆင့်ကို ရောက်သတဲ့... ဥယျဉ်မှုးလေးဟာ သစ်ပင်ပေါ်တက်.... ပြီတော့ထပ်ဆုတောင်း.... ဒီတော့ သစ်ပင်လေးဟာ ထပ်ကြီးလာပြီး ဘုံ ခြောက်ဆင့်ကို ရောက်ပြန်သတဲ့... မင်းသမီးလေးကလဲ သူ့ ချစ်သူလာပြီဆိုတော့ ပျော်တာပေါ့...... ဒါနဲ့နောက်ဆုံးတစ်ဆင့်ကို တက်မယ်ဆိုပြီး.....ဆုထပ်တောင်းဖို့ အလုပ်မှာပဲ....... ....... ............... ........................... စည်ပင်က ဓာတ်ကြိုးနဲ့ မလွတ်လို့ ဆိုပြီး သစ်ပင်ကြီးကိုလာခုတ်သွားပါလေရောတဲ့ကွယ်.
.............မှ
•*♥*• မာန်ယုကျော် ( ရွှေဝမြေ )•*♥*•
.
တမ်းတမှုတွေနဲ့ ငါတို့ပြည်ရဲ့
အတိတ်သမိုင်းကို ကြည့်လိုက်တဲ့အချိန်
ငါတို့ပြည်က ငါကိုပြောတယ်
မင်းတို့ရင်ထဲမှာ ငါလွတ်မြောက်မယ့်တွက်
ကြိုးစားရမယ်လို့ မှတ်ထားပါ။.
စိတ်ကူးယဉ် အိမ်မက်တွေနဲ့
အနာဂါတ်ကို လှမ်းကြည့်တဲ့အချိန်
အနာဂါတ်က ငါကိုပြောတယ်
စိတ်ကူးမယဉ်ပါနဲ့တော
မင်းတို့ရဲ့ကြိုးစားမှု
မင်းတို့ရဲ့စည်းရုံးမှု
မင်းတို့ရဲ့လုပ်ဆောင်မှု
မင်းတို့ရဲ့ဇွဲလုံးလမှာ
ငါမှုတယ်နေတယ်တဲ့။
တွေဝေမှုတွေနဲ့ စဉ်းစားနေတဲ့အချိန်
ပစ္စုပ္ပန်က ငါကိုပြောတယ်
အခုချိန်မှာ ငါဟာ
မင်းတို့ရဲ့ဘဝ
မင်းတို့ရဲ့နှလုံးသား
မင်းတို့ရဲ့အသက်သွေးကြော
မင်းတို့ရဲ့ဒီနေ့
မင်းတို့ရဲ့မနက်ဖန်
မင်းတို့ရဲ့ထာဝရဖြစ်သောကြောင်း
လွတ်မြောက်အောင် ကြိုးစားကြပါတဲ့။
အဝေးရောက်နေတဲ့
သူငယ်းချင်း
ပြန်လာမယ့်တွက်
မမေ့ပါနဲ့။.
မင်းကိုစောင့်ရင့်
ပြန်လာပါတော
အယုံမိလို့
အရှုံးထိမှနှ်တဲ့
ကျွန်ဘဝမှသည်
လွတ်လပ်သော
ကိုယ်ပိုင်ဘဝသစ်ဆီသို့
လက်တွဲလျှော်လှမ်းကြပါစို့။.
