MMSA ဘလော့စည်းမျဉ်းများ

* ဘာသာ သာသနာနှင့်လူမျိုးတို့၏ ဂုဏ်ကို ထိခိုက်ပျက်စီးစေတတ်သော အရေးအသားမျိုးကို ရှောင်ရှားရန်၊
* အချင်းချင်း ညီညွတ်မှု့ကို ပျက်စီးစေတတ်သော အကြောင်းများကို ရေးသားခြင်းမှ ရှောင်ရှားရန်၊
* သာသနာနှင့် မအပ်စပ်သော အဖွဲ့ဂုဏ်သိက္ခာကို ငြိုးနွမ်းစေတတ်သော ပုံများကိုတင်ခြင်းမှ ရှောင်ရှားရန်၊
* ပုဂ္ဂိုလ်ရေးဆိုင်ရာများထက် အများနှင့်သက်ဆိုင်သော အကျိုးများစေနိုင်သော ပုံများ စာများကိုသာ ရေးသားရန်၊
* MMSAသည် ပညာရေးအဖွဲ့စည်း ဖြစ်သည့် အတွက်နိုင်ငံရေးနှင့်သက်ဆိုင်သော အရေးအသားများကို ရေးခြင်းမှ ရှောင်ရှားရန်၊
* ဗုဒ္ဓဘာသာနှင့် မိမိတို့လေ့လာနေသော ပညာရပ်ဆိုင်ရာ အကြောင်းအရာများကို ဗဟုသုတအလို့ငှါ ရေးသား မျှဝေကြရန်၊
Showing posts with label လူမှုရေး. Show all posts
Showing posts with label လူမှုရေး. Show all posts



မြန်မာနိုင်ငံမှာ နှစ်ပေါင်း ၂၀ ကျော် ပြန်လည် ကောက်ယူမှု မရှိခဲ့တဲ့ ပြည်လုံးကျွတ် သန်းခေါင် စာရင်း ကောက်ယူမှုကို ၂၀၁၄ ခုနှစ် ဧပြီလမှ စတင်ကာ ပြန်လည်
ကောက်ယူ သွားမှာ ဖြစ်ပါတယ်။ အဲ့ဒီလို ကောက်ယူဖို့ အတွက် ယခုအခါမှာ လိုအပ်တဲ့ မြေပုံများ စတင်ရေးဆွဲ နေပြီ ဖြစ်တယ်လို့ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောပြချက် အရ သိရပါတယ်။ အဲဒီ့ မြေပုံများကို ပြည်နယ်နဲ့ တိုင်း အသီးသီးက လူဝင်မှု ကြီးကြပ်ရေးနဲ့ ပြည်သူ့ အင်အား ဦးစီးဌာန များမှာ ရေးဆွဲနေပြီး မြေပုံရေးဆွဲတဲ့ အချိန်ကို ၂၀၁၃ ဇူလိုင်လ အထိ သတ်မှတ် ထားတယ်လို့ သိရပါတယ်။

ပြည်လုံးကျွတ် သန်းခေါင် စာရင်း ကောက်ယူဖို့ အတွက် မြေပုံရေးဆွဲရာမှာ ရပ်ကွက် အဆင့် နဲ့ကျေးရွာ အဆင့်အထိ အသေးစိတ် ရေးဆွဲရမှာ ဖြစ်ပြီး မြေပုံ စုစုပေါင်း ခြောက်ထောင် အထိ ရေးဆွဲရမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒီလို မြေပုံများ ရေးဆွဲပြီး သွားရင်တော့ ၀န်ထမ်း များကို လူဦးရေ သန်းခေါင် စာရင်း ကောက်ကွက်ခွဲတဲ့ သင်တန်းကို ၂၀၁၃ နှစ်ကုန်မှာ သင်တန်းများ ပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါ ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူရာမှာ တစ်ပြည်လုံးရှိ အိမ်တိုင်းကို တစ်ခုမကျန် ကောက်ယူ သွားမှာ ဖြစ်ပါတယ်။ အဲ့ဒီလို ကောက်ယူရာမှာ မြန်မာနိုင်ငံမှ တာဝန်ရှိသူတွေ အပြင် ကမ္ဘာ့ကုလသမဂ္ဂ လူဦးရေနဲ့ စားနပ်ရိက္ခာ ထောက်ပံ့ရေး အဖွဲ့ UNFPA ရဲ့ နည်းပညာပိုင်း ဆိုင်ရာနဲ့ ကွန်ပျူတာပိုင်း ဆိုင်ရာ အကူအညီတို့နဲ့ ပူးပေါင်းပြီး ကောက်ယူ သွားမှာ ဖြစ်တယ်လို့ သတင်း ရရှိပါတယ်။

Myanmar Express

ဆက်ဖတ်ရန်
ပို့စ်တင်သူ ။.............။ younger on Tuesday, 10 April 2012
0 ( မှတ်ချက်ရေးချင်ရင် )
ခေါင်းစဉ်အလိုက်ပို့စ်များ |

အိန္ဒိယနိုင်ငံတွင် အခြေပြုသော ရခိုင်ပြည်အမျိုးသားကောင်စီ (ANC)မှ ဥက္ကဌ ဖြစ်သူ အသျှင် အာရိယ၀ံသသည် ဘင်္ဂလာဒေခ်ျ့နိုင်ငံသို့ ရောက်ရှိလာပြီး နိုင်ငံရေးသမားများ၊ ပြည်သူများနှင့် တွေ့ဆုံကာ အမျိုးသား ညီညွှတ်ရေး ဆွေးနွေပွဲ စကားဝိုင်း တစ်ခုကို ပြုလုပ်ခဲ့သည်ဟု သတင်း ရရှိသည်။

အမျိုးသား ညီညွှတ်ရေး စကားဝိုင်းဟု ခေါင်းစဉ် တပ်ထားသော ဆွေးနွေးပွဲကို ဘင်္ဂလား ဒေ့ခ်ျနိုင်ငံ ကော့စ်ဘဇားမြို့ တောကျောင်း၌ ဖေဖေါ်ဝါရီ ၈ ရက်နေ့က ကျင်းပပြုလုပ်ရာ လူပေါင်း ၅၀ ခန့် တက်ရောက်ခဲ့သည်ဟု သိရသည်။

ANC-Propaganda
ANC ဥက္ကဌ ဆရာတော် အသျှင် အရိယ၀ံသ က အမျိုးသား ညီညွှတ်ရေး စကားဝိုင်း ပြုလုပ်ရခြင်း ရည်ရွယ်ချက်ကို နိရဉ္စ ရာသို့ ယခုလို ပြောသည်။

"အမျိုးသားညီညွတ်ရေး စကားဝိုင်းကို ဘာကြောင့် ပြုလုပ်ရသလဲဆိုတော့ ရခိုင်လူမျိုးအတွက် အမျိုးသားညီ ညွတ်ရေးဟာ ဒီကနေ့ နောက်ဆုံးဖြစ်ပေါ်နေတဲ့ အခြေအနေ အရရော၊ အရင်အချိန်ကပါ အစဉ်သဖြင့် တောင်းဆိုနေတဲ့ မရှိမဖြစ်လိုအပ် တဲ့ အရာတခုဖြစ်ပါတယ်။ ဒါကြောင့် ဒီနေ့စကားဝိုင်းကို အမျိုးသား ညီညွှတ်ရေး စကားဝိုင်းလို့ နာမည်တပ်ကာ ပြုလုပ်ရခြင်းဖြစ်ပါတယ်" ဟု ပြောသည်။

အခမ်းအနားတွင် သာဘာပတိအဖြစ် ဟာရ်ဘင်း ဆရာတော်ကြီး ဦးရာဇိန္ဒ၊ ဆရာတော် ဦးအရိယ၀ံသ တို့မှထမ်းဆောင် ခဲ့ပြီး အခမ်းအနားမှူး အဖြစ် ဦးပေါ်လင်းမှ တာဝန်ယူ ဆောင်ရွက်ခဲ့သည်။

ယခု စကားဝိုင်းမှ အမျိုးသားရေး အတွက် တစ်စုံတစ်ရာ အကျိုး ဖြစ်ထွန်းနိုင်မည်ဟု မျှော်လင့်ကြောင်းလည်း အသျှင် အရိယံဝသက ပြောသည်။

" ဆွေးနွေးပွဲသို့ တက်ရောက်လာတဲ့ ရဟန်း သင်္ဃာတွေနဲ့ အဖွဲ့အစည်း အသီးသီးက လူပုဂ္ဂိုလ်များ အကြားမှာ အချင်းချင်း အမြင်ချင်း ဖလှယ်ခြင်းအားဖြင့် တစ်ဦးနဲ့ တစ်ဦး အကြားမှာ နားလည်မှု၊ ယုံကြည်မူတွေကို တည်ဆောက်နိုင်တဲ့ အပြင် ရှေ့လုပ်ငန်းတွေ အတွက် လမ်းစတွေ၊ ညီညတ်ရေး အတွက် မျှော်မှန်း ချက်တွေ၊ အတွေးအခေါ် တွေကအစ ရရှိပါတယ်။ ဒီစကားစကားဝိုင်းက ပြောဆို ဆွေးနွေးကြတာဟာ ANC ရဲ့ ရှေးလုပ်ငန်း လမ်းစဉ် အတွက် အကျိုးသက်ရောက်မှု အများကြီး ဖြစ်တယ်လို့ ပြောချက်ပါတယ်။"

စကားဝိုင်းအတွင်း တက်ရောက်လာသော နိုင်ငံရေးပါတီမှ တာဝန်ရှိသူများနှင့် လူပုဂ္ဂိုလ် အသီးသီးတို့မှလည်း အမျိုးသား ညီညွတ်ရေး ကိုရှေ့ရှု့သော အမြင်များဖြင် ကျယ်ကျယ်ပြန့်ပြန့် ဆွေးခဲ့ကြသည်ဟု သိရသည်။

ရခိုင်ပြည်အမျိုးသား ကောင်စီ (အေအန်စီ) မှာ ယခုအခါ အသျှင် အရိယ၀ံသ ဦးဆောင်သော အေအအန်စီနှင် ဦးသီဟ ဦးဆောင်သော အေအန်စီဟု နှစ်ခု ကွဲနေသဖြင့် နိုင်ငံရေး အရ ဘေးကျပ် နံကျပ် ဖြစ်ကာ နိုင်ငံရေး အရ ရှေ့သို့ မတက်လှမ်းနိုင်သည့် အပြင် လူထု ထောက်ခံမူကိုလည်း မရရှိဘဲ ဖြစ်နေကြောင်း သိရသည်။

အေအန်စီ နှစ်ခု ဖြစ်နေသဖြင့် ရှေ့တွင် အေအန်စီကို တစ်ခုတည်း ဖြစ်အောင် ပေါင်းစည်းရန် အစီအစဉ် ရှိမရှိ မေးမြန်းရာ အသျှင်အရိယ၀ံသက ခုလို ဆက်ပြောသည်။

" အေအန်စီ တခုတည်း ဖြစ်ဖို့အတွက် ကြိုးစားနေပါတယ်။ ပေါင်းစည်းမှု ရအောင်အတွက်လည်း ဆောင်ရွက် နေပါတယ်။ ဦးပဉ္ဖင်း အခု ဘင်္ဂလားဒေ့ခ်ျ ကပြီးရင် ထိုင်းကိုသွားမှာပါ။ မကြာခင် ပေါင်းစည်းမှုဖြစ်လာလိမ့်မယ် လို့ ယုံကြည်ထားပါတယ်" ဟု ဆက်လက် မိန့် ကြားသည်။

အခမ်းအနားကို နေ့လည် ၂နာရီမှ စတင်ကာ ညနေ၆နာရီထိ ပြုလုပ်ခဲ့ပြီး အခမ်းအနားသို့ နိုင်ငံရေး ပါတီများ ဖြစ်ကြသော ရခိုင်ပြည် အမျိုးသား ညီညွတ်ရေး ပါတီ၊ ရခိုင်ပြည် လွတ်လပ်ရေး အင်အားစု၊ ရခိုင်အမျိုးသမီး အစည်းအရုံး၊ အေအန်စီ၊ သာသနဦးသျှေင်အဖွဲ့များမှ ရဟန်းတော်များနှင့် ကိုယ် စားလှယ်များနှင့် တသီးပုဂ္ဂလ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။

ယခု ANC မှပြုလုပ်သော အမျိုးသားညီညွတ်ရေးစကားဝိုင်း အပေါ် AASYC မှ အတွင်းရေးမှူး (၂) ကိုကံမြင့်ကို မေးကြည့်ရာ သူ့ အမြင်ကို နိရဉ္စရာသို့ ယခုလိုပြောသည်။

"ကျနော့်အမြင်တော့ ANC ကစကားဝိုင်းလုပ်နည်း လုပ်ဟန်ထက် ဘယ်သူတွေနဲ့ အကွဲအပြဲ ဖြစ်နေတယ်။ ဘယ်သူတွေနဲ့ ဆွေးနွေးသင့်တယ်ဆိုတဲ့ အပေါ်မှာအဓိကထားပြီး အမျိုးသားညီညွတ်ရေး အတွက်လုပ်သင့်ပါ တယ်။ ပြီးရင် ကွဲပြဲနေတဲ့ ပါတီက ခေါင်းဆောင်တွေကို ဖြစ်အောင်ခေါ်ရပါမယ်။ သူတို့မပါတဲ့ လူထုစကားဝိုင်း ဟာ အမျိုးသားညီညွတ်ရေး ကိုဦးတည်တယ်လို့ မမြင်ဘူး။ ခုလုပ်တဲ့ စကားဝိုင်းက Propaganda တခုအဆင့် လောက် လုပ်တယ်လို့ပဲမြင်ပါတယ်" ဟုပြောသည်။

ဆွေးနွေးမှု စကားဝိုင်းအတွင်း တစုံတရာဆုံးဖြတ်ချက်များ မချမှတ်နိုင်ခဲ့သော်လည်း ANC နှစ်ခုပေါင်းစည်းရေး အတွက် အမျိုးသား ညီညွတ်ရေး ကော်မတီ တစ်ရပ် ဖွဲ့ကာ ပြည်သူများပါ တက်ရောက်နိုင်သော ကျယ်ပြန့်သော ညီလာခံတစ်ခု ခေါ်၍ ဆောင်ရွက်သွားရန် အကြမ်းအားဖြင့် တက်ရောက်လာသူများမှ သဘောတူ ခဲ့ကြသည် ဟုသိရသည်။
နိရဉ္စရာ

ဆက်ဖတ်ရန်
ပို့စ်တင်သူ ။.............။ younger on Thursday, 9 February 2012
0 ( မှတ်ချက်ရေးချင်ရင် )
ခေါင်းစဉ်အလိုက်ပို့စ်များ |

၃ - ၁ဝ - ၂ဝဝ၇ ( ဗုဒ္ဓဟူး) နေ့ကပေါ့။ ကေအေတီလေ ၂ဝဝ၇ ခုနှစ်။ စက်တင်ဘာလ (၂၈) ရက်နေ့ထုတ် လျှပ်တစ်ပြက် ဂျာနယ်ကို မမျှော်လင့်ဘဲ ဖတ်လိုက်ရတယ်။ အဲဒီထဲက ကေအေတီသတိထားမိတာ တစ်ခုရှိတယ်။ ဘာလဲဆိုတော့ ဆောင်းပါး ရှင် စိုးမြင့်သိန်း ရေးတဲ့ ဆောင်းပါးထဲက “ F ” ငါးလုံးအကြောင်းပဲ။ ဒါပေမယ့် အဲဒီဆောင်းပါးထဲမှာ “ F ” ငါးလုံးနဲ့ပတ်သက်ပြီး ရှင်းရှင်းလင်းလင်းလေး ဖော်ပြမထားဘူးသိလား။ ဒါ့ကြောင့် ကေအေတီကတစ်ဆင့် ဟောဒီကသူငယ်ချင်းတွေကို “ F ” ငါးလုံး အကြောင်း များများစားစား ပြည့်ပြည့်စုံစုံမဟုတ်ပေမယ့် နည်းနည်းပါးပါး ပြောပြချင်တာနဲ့ အခုလို လျှာရှည်လိုက်ရတာ။
“ F ” ငါးလုံးဆိုတာက ဒီလိုလေ။

၁။ Faith - ယုံကြည်ပါ။
၂။ Family - မိသားစုနဲ့ စည်းလုံးပါ။
၃။ Friends - မိတ်ဆွေသူငယ်ချင်းများနှင့် ပူးပေါင်းပါ။ လက်တွဲပါ။
၎။ Focus - မိမိဘဝကို စူးစိုက်ပါ။
၅။ Food - စားဖို့ရှိပါစေ ( နေဖို့အတွက် စားပါ ) တဲ့လေ။

ဒီ “ F ” ငါးလုံးဟာ မိမိကိုယ်ကို ဆန်းစစ်ဝေဖန်တတ်အောင် ဆောင်းပါးရှင်က ရည်ညွှန်းထားဟန်တူတယ်။ အထူးသဖြင့် ကေအေတီတို့လို မျိုးဆက်သစ် လူငယ်လေးတွေကိုပေါ့။ ကိုင်း.....ဒီ “ F ” ငါးလုံးအကြောင်းကို ကေအေတီနဲ့ ဆွေးနွေးကြည့်ကြ ရအောင်။

၁။ Faith - ယုံကြည်ပါ။
မှန်တာပေါ့။ ယုံကြည်မှုဆိုတာက လူသားတိုင်းမှာ ရှိသင့်တဲ့အရာလေ။ မဟုတ်ဘူးလား။ ငယ့်ငယ်လေးကနေ ခုချိန်ထိ ကိုယ့်ကိုကိုယ် ဘယ်လောက်အတိုင်းအတာထိ ယုံကြည်ထားပြီးနေပြီလဲ။ ကိုယ့်ကိုကိုယ် ယုံကြည်မှုမရှိလို့ မဖြစ်ဘူးနော်။ ကိုယ်ကမှ ကိုယ့်ကို မယုံကြည်ရင် ဘယ်သူကလာပြီး ယုံကြည်တော့မလဲ။ စဉ်းစားကြည့်ကြလေကွာ။ ကေအေတီတို့တစ်တွေဟာ ခုနေလူငယ် နောင်ဝယ်လူကြီးဖြစ်ကြရမယ့် မျိုးဆက်သစ်တွေနော်။ ကိုယ့်ကိုကိုယ် ယုံကြည့်မှုမရှိဘဲ တိုင်းပြည်ကို တည်ဆောက်ချင်ပါရဲ့။ လူမျိုးကို စောင့်ရှောက်ချင်ပါရဲ့။ ယဉ်ကျေးမှုကို ထိန်းသိမ်းချင်ပါရဲ့ ဆိုပြီး ဟစ်အော်နေလည်း မောတာပဲ အဖတ်တင်မယ်။ အဲလို ကိုယ်ကျိုးမဖက် အများအကျိုးအတွက် ဆောင်ရွက်ချင်တယ်ဆိုရင်ဖြင့် ယုံကြည်မှုကို လက်ကိုင်ထားပြီး “ငါ ဖြစ်ကိုဖြစ်ရမယ်။ ငါ့ကိုငါ လုံးဝဥဿုံ ယုံကြည်တယ်ဟေ့” ဆိုတဲ့ ခိုင်မာတဲ့ ယုံကြည်ချက်နဲ့ ကြိုးစားရမှာပေါ့။ အလုပ်တစ်ခုကို စလုပ်မယ် ပြင်ကတည်းက ဒါတော့ ငါလုပ်လို့ ဖြစ်နိုင်ပါ့မလား။ ဒါကတော့ ဟိုဟာဖြစ်လို့ စသဖြင့် ကိုယ့်ကိုကိုယ် ယုံကြည်မှုမရှိဘဲ ညည်းညူနေရင် ဘာမှ ဖြစ်လာမှာမဟုတ်ဘူး။ “ငါလုပ်နိုင်တာပဲ” ဆိုတဲ့ ခိုင်မာတဲ့ ယုံကြည်ချက်နဲ့ ကြိုးစားပါလား။ ရလာဒ်ကောင်းတစ်ခုခုတော့ ရလာမှာပေါ့။ ဘာလဲ။ မယုံလို့လား။ စမ်းကြည့်လိုက်လေ။

၂။ Family - မိသားစုနဲ့ စည်းလုံးပါ။
ဟုတ်တယ်။ မိသားစုဆိုတာက မိမိဘဝရဲ့ အစကနေ အဆုံးထိ ဆိုးတူကောင်းဖက် ရှိသွားရမယ့်ဟာလေ။ မိမိရဲ့အကြိုက်၊ ရွေးချယ်မှု၊ အဆိုးအကောင်း၊ ဘဝဦးတည်ချက် စသဖြင့်ပေါ့။ အဲဒါတွေကို မိသားစုနဲ့ နွေးထွေးစွာ ဆွေးနွေးတိုင်ပင်ပြီး ဒီဟာက ဒီလိုရှိတယ်။ ဒီဟာကိုလုပ်ရင် ဘာဖြစ်လာမယ်။ ဒါက သင့်တော်၊ မသင့်တော် စတာတွေကိုလည်း သေချာစီစစ် ဆုံးဖြတ်ပြီး မိသားစုနဲ့ စည်းလုံးစွာ တိုင်ပင်သင့်တယ်လေ။ ဥပမာ - ဂျပန်နိုင်ငံကြီးကိုပဲကြည့်။ ဂျပန်နိုင်ငံသူ၊ နိုင်ငံသားတွေဟာ မိုးလင်းကနေ မိုးချုပ်အထိ အလုပ်တွေ လုပ်ကြရတယ်။ သားသမီးတွေကလည်း ကျောင်းတက်။ ကျောင်းသွားနဲ့ပေါ့။ သူတို့ဟာ မိဘတွေနဲ့ နွေးထွေးမှု၊ စည်းလုံးမှု၊ နှစ်သိမ့်ပေးမှု စတာတွေကို ထင်သလောက် မရကြဘူး။ ဟော....ညကျရင်လည်း မိဘတွေက အလုပ်ကနေပြန်လာ။ ဖတ်ဖတ်ကိုမောလို့။ ဒါနဲ့ စောစောအိပ်ရာဝင်။ မနက်ဆိုလည်း စောစောထ။ အလုပ်သွား။ ဒီလိုနဲ့ သူတို့မိသားစုရဲ့ daily life ကပြီးဆုံးသွားရော။ မိသားစု ဆွေးနွေးတိုင်ပင် ညှိုနှိုင်းဖို့ဆိုတာ ထင်သလောက်မလွယ်ကြဘူး။ ကေအေတီတို့ မြန်မာနိုင်ငံမှာလည်း ရှိတာပဲလေ။ မိဘတွေက လက်မလည်အောင် အလုပ်လုပ်။ သားသမီးတွေအပေါ် အရေးပေးဖို့အချိန် သိပ်မရကြဘူး။ တစ်ဘက်မှာလည်း သားသမီးတွေက အထိန်းအကွပ်မဲ့နေတာကို အခွင့်ကောင်းယူပြီး လုပ်ချင်ရာလုပ်။ နောက်တော့ ပညာရည်တစ်ပိုင်းတစ်စနဲ့ ဘဝပျက်စီးကြရတာပေါ့။ အဖြေရှာကြည့်တော့ မိသားစု စည်းလုံးမှုမရှိတာလေ။

၃။ Friends - မိတ်ဆွေသူငယ်ချင်းများနှင့် ပူးပေါင်းပါ။ လက်တွဲပါ။
ဒါကလည်း ငြင်းစရာမရှိဘူး။ လူရယ်လို့ဖြစ်လာပြီဆိုရင် မိတ်ဆွေသူငယ်ချင်းဆိုတာလည်း ရှိလာရတယ်လေ။ ဘယ်အရာမဆို ဆန့်ကျင်ဘက်ဆောင်တဲ့ ကွာဟမှုတွေ ရှိတတ်သလို မိမိဆက်ဆံနေကြရတဲ့ သူငယ်ချင်းတွေထဲမှာလည်း အဆိုးနဲ့အကောင်းဆိုတာ ရှိမှာမလွဲ။ ကိုယ်က အသိဥာဏ်ကလေးနဲ့ယှဉ်ပြီး သူငယ်ချင်းကောင်းကို ရွေးပေါင်းမိဖို့တော့ လိုတယ်နော်။ ကိုယ့်ဘဝကို ပြုပြင်ဖန်တီးတဲ့နေရာမှာ သူငယ်ချင်းကိုလည်း သတိထားဖို့လိုတယ် ဆိုတာကို သတိထားကြဦး။ အဲ.....ဟုတ်ပြီ။ သူငယ်ချင်းကောင်းတွေနဲ့ ပေါင်းမိပြီပဲထား။ လောကမှာ တစ်ယောက်တည်းနေလို့ ရရိုးလား။ လူအများနဲ့ နေသွားရမှာဆိုတော့ အများအကျိုးသယ်ပိုးရမှာပေါ့။ မဟုတ်ဘူးလား။ ကိုယ်က ကူညီဖြေရှင်းဖို့ ဆန္ဒရှိပေမယ့် ကိုယ်တစ် ယောက်တည်းနဲ့ ဘယ်လိုမှ မတတ်နိုင်ဘူးဆိုရင်လည်း ရတယ်။ ကိစ္စမရှိဘူး။ သူငယ်ချင်းတွေ ရှိတာပဲ။ သူတို့တွေနဲ့ စုစုရုံးရုံး၊ တက်ညီလက်ညီပူးပေါင်းလက်တွဲပြီး ဖြေရှင်းလိုက်ရင် ပြီးနေတာပဲ။ ရိုးသားပြီး သစ္စာရှိဖို့နဲ့ အနစ်နာခံလိုစိတ်ရှိဖို့ကလည်း အရေးကြီးတာပေါ့လေ။ မြန်မာနိုင်ငံအနှံ့မှာလည်း ကေအေတီတို့လို လူငယ်တွေက သူငယ်ချင်းတွေ၊ အသိမိတ်ဆွေတွေနဲ့ စည်းလုံး၊ စုရုံးပြီး အခက်အခဲရှိသူတွေကို ကူညီဖြေရှင်းပေးနေကြတဲ့ အသင်းအဖွဲ့တွေ တော်တော်များများ ရှိနေကြပြီကွ။ ကေအေတီတို့ မြန်မာ့လူငယ်ထုတစ်ရပ်လုံးအတွက် အားကျစရာ၊ ဂုဏ်ယူစရာပေါ့ကွာ။ နော.....။

၎။ Focus - မိမိဘဝကို စူးစိုက်ပါ။
လက်မခံနိုင်စရာမှ မရှိတာ။ ဒီစကားက ဘဝကိုဦးတည်ချက်မဲ့၊ ရည်ရွယ်ချက်မဲ့၊ ပေါ့ပေါ့နေ၊ ပေါ့ပေါ့စားစား နေနေကြတဲ့သူတွေအတွက် သိပ်အကျုံးဝင်တာပေါ့။ အတိတ်က ငါ ဘယ်လောက်ကောင်းခဲ့သလဲ။ ခုကော ဘယ်လောက် အတိုင်းအတာအထိ ကောင်းနေပြီလဲ။ နောင်ကော ကောင်းလာဦးလာမှာလား။ အရာအားလုံးအတွက် အကောင်းဆုံးဖြစ် အောင် ငါ ဘာလုပ်သင့်သလဲ။ ကိုယ့်ကိုကိုယ် မေးခွန်းထုတ်ပြီး မေးကြည့်ပေါ့။ ပြီးတော့ ကိုယ့်ဘဝကိုလည်း ဦးတည်ချက်မြင့်မြင့်ထားပြီး အဘက်ဘက်က စူးစိုက်လေ့လာ။ ကိုယ့်ဘဝ ကိုယ်သာပိုင်တာလေ။ ကိုယ်ကပြုပြင်ဖန်တီးယူရမှာ။ ကိုယ့်ဘဝ ရဲ့ အတိတ်ကအခြေအနေ၊ ခုလက်ရှိအခြေအနေ၊ နောင်ဖြစ်လာမယ့် အခြေအနေတွေကို ညအိပ်ရာဝင်တိုင်း ကိုယ့်ကိုကိုယ် သုံးသပ် ဝေဖန်။ မှားတယ်ထင်ရင် ချက်ချင်းပြင်။ မှန်တယ်ထင်ရင် ဆက်လုပ်။ ကိုယ့်ကိုကိုယ် အမြဲစောင့်ကြည့်နေရမှာပေါ့။ သူများရဲ့မကောင်းပြောခံရအောင် မနေနဲ့။ အကောင်းပြောခံရအောင်နေ။ ဒါ....ပညာရှိလူလိမ္မာတွေရဲ့ အလုပ်။ ဟောဒီက သူငယ်ချင်းတွေကိုတော့ ကေအေတီယုံကြည်ပြီးသားဖြစ်လို့ သိပ်မမှာချင်တော့ဘူး။ ပညာရှိ သတိမြဲခဲ ဖြစ်မှာစိုးလို့ ခုလို လက်တို့ပြီး လှမ်းသတိပေးတာ။

၅။ Food - စားဖို့ရှိပါစေ ( နေဖို့အတွက် စားပါ ) တဲ့လေ။
ဘာတဲ့။ စားဖို့ရှိပါစေဆိုပဲ။ လူဆိုတာက အစားအစာကို မှီဝဲနေကြရတဲ့ သတ္တဝါတွေပဲမဟုတ်လား။ ဒီအစားအစာတွေ ကြောင့်ပဲ လူတွေဟာ တစ်နေ့တစ်နေ့ မိုးလင်းကနေ မိုးချုပ်အထိ တကုပ်ကုပ်နဲ့ အလုပ်တွေ လုပ်ကြရတယ်လေ။ အိတ်ပေါက်နဲ့ ဖားကောက် ဆိုသလိုမျိုး တစ်ဘက်ကရှာ၊ တစ်ဘက်မှာလည်း ရစရာမရှိအောင် သုံးဖြုန်း ဆိုရင် ဘယ်ဖြစ်မလဲ။ ပညာကို ထူးထူးချွန်ချွန်တတ်မြောက်ရင်တော့ သမ္မာအာဇီဝကျပြီး ငွေရမယ့်နည်းလမ်းတွေ အများကြီးပါကွာ။ နောက်တစ်ချက်က ဝိုက်ကွင်းလေးထဲမှာဖော်ပြထားတဲ့ “ နေဖို့အတွက် စားပါ ” ကိုလည်း လှည့်ကြည့်လိုက်ဦး။ လောကမှာ တစ်ချို့လူတွေဟာ အယူအဆမှားတွေကို လက်ခံပြီး ဖြစ်သလိုနေနေကြတယ်။ လူဆိုတာ စားဖို့အတွက် အသက်ရှင်သန်နေရတာလို့ အဲလို လွယ်လွယ်နဲ့ လျှာမှာ အရိုးမရှိတိုင်း လျှောက်ပြောနေကြတယ်။ ဟုတ် မဟုတ်ကိုတော့ မင်းတို့ပဲ စဉ်းစားကြည့်ကြ။ ကေအေတီ ကတော့ လူဆိုတာ ကိုယ်ကျိုးကို မငဲ့ဘဲ အများအကျိုးကို လိုလိုလားလားဆောင်ရွက်သင့်တယ်။ ဒီလိုဆောင်ရွက်နိုင်အောင် အတွက် စားရမယ်။ ဒါမှ အသိရှိတဲ့ လူမည်မှာလို့ထင်တာပဲ။ မင်းတို့ကတော့ ဘယ်လိုထင်လဲ မပြောတတ်ဘူး။ အဓိကကတော့ အကျိုးရှိတဲ့ လူ့ဘဝကြီးကို အလဟဿ ဖြုန်းတီးနေပြီး ဘာမှလဲခရီးမရောက်ကြတဲ့ လူ့ပေါက်ပန်းတွေ မဖြစ်ကြစေဖို့ မင်းတို့ ကို ကေအေတီ့အနေနဲ့ မှာချင်တာပါ။
ကဲ.....ဒီလောက်ဆို “ F ” ငါးလုံးအကြောင်းကို သိကြမယ်ထင်ရဲ့။ ဒီလောကနဲ့တော့ အဓိပ္ပါယ်ပြည့်စုံသွားပြီလို့ ကေအေ တီမဆိုလိုဘူးနော်။ အများကြီးကျန်နေသေးမှာ။ ဒီဟာတွေက ကေအေတီ့ရဲ့ မပြောပလောက်တဲ့ ပုစွန်ဆိတ်စိတ်ကူးလေးရယ် ပါ။
မင်းတို့ရဲ့ -

မာန်ယုကျော် (ရွှေဝမြေ)

ဆက်ဖတ်ရန်
ပို့စ်တင်သူ ။.............။ လခြမ်းမြီ on Sunday, 13 February 2011
0 ( မှတ်ချက်ရေးချင်ရင် )
ခေါင်းစဉ်အလိုက်ပို့စ်များ |

လူဟုဖြစ်လာလျှင် လူမှုပတ်ဝန်းကျင် အသိုင်းအဝိုင်းဆိုသည်မှာ မလွဲမသွေရှိလာရသည်။ ထိုအခါ...လူမှုရေး၊ ကျမ်းမာရေး၊ ပညာရေး၊ အစရှိသည့် အရေးကိစ္စများအ တွက် တစ်ယောက်နှင့်တစ်ယောက် စကားတွေပြောလာကြရသည်။ သူကမေး၊ ကိုယ်ကဖြေ၊ ကိုယ်ကမေး၊ သူကဖြေနှင့် အပြန်အလှန် ပြောဆို ဆက်ဆံလာကြရသည်။ ထိုသို့ ပြောဆိုဆက်ဆံကြရာတွင် အရေးကြီးသော သော့ချက်တစ်ခုရှိသည်။ “ပီယဝါစာ” ဟု ခေါ်သော “နှုတ်ချိုခြင်း” ပင်ဖြစ်သည်။
အင်းဝခေတ်စာဆို ရှင်မဟာရဋ္ဌသာရကလည်း “တစ်ယောက်စကား၊ တစ်ယောက်နားမှာ၊ မခါးရအောင်၊ သတိဆောင်၍၊ မောင်တို့ဆိုလေ၊ ပျားသကားသို့၊ ချိုလှစေ” ဟူ၍ ဆိုဆုံးမထားသည်။ မိမိပြောလိုက်သောစကားကြောင့် တစ်ဘက်သား အနေရခက်၊ အခံရခက်သွားလျှင် မိမိလည်းမကောင်း၊ တစ်ဘက်သားလည်း ကောင်း ဖြစ်ရသည်။ ထိုသို့မဟုတ်ပါဘဲ ချိုသာနူးညံ့သော၊ သိမ်မွေ့သော စကားလုံးများဖြင့် အပြန်အလှန်ပြောဆိုဆက်ဆံပါလျှင် တစ်ယောက်နှင့်တစ်ယောက် ယုံကြည်လေးစားမှုပိုမိုဖြစ်ထွန်း၍ လာနိုင်သည်။ နှစ်ဦးနှစ်ဘက် အကျိုးရှိစေသည်။
ထို့ကြောင့် နှုတ်ချိုကြပါ။ နှုတ်ချိုခြင်းသည် လူမျိုးတစ်မျိုး၏ “ယဉ်ကျေးမှု” (တစ်နည်း) “ကျင့်ဝတ်”ဟု ဆိုလျှင်လည်း မှားအံ့မထင်။ နှုတ်ချိုခြင်းကို မပျောက်ပျက်အောင် ထိန်းသိမ်းသင့်သည်။ သားစဉ်မြေးဆက် စောင့်ရှောက်ရမည်။ ထိုသို့ နှုတ်ချိုခြင်းကို မထိန်းသိမ်း၊ မစောင့်ရှောက်လျှင် ကျွန်ုပ်တို့၏ ယဉ်ကျေးမှုမှာလည်း မလွဲမသွေ တိမ်ကောသွားရပေလိမ့်မည်။ မျက်မှောက်ကာလသည် အစစအရာရာ တိုးတက်ထွန်းကားလာသော ကာလဖြစ်သည်။ ထို့အတူ ယနေ့ခေတ် ပြောဆိုသုံးနှုန်းလာသော စကားလုံးများသည်လည်း ခေတ်နှင့်လျော်ညီစွာ ပြောင်းလဲလာကြသည်။ တစ်ချို့နေရာများတွင် နားမခံသာသော စကားလုံးများဖြင့် ပြောဆိုနေကြသည်။ များသောအားဖြင့် လူငယ်၊ လူရွယ်များပင်ဖြစ်ကြသည်။ လွန်စွာမှ ပြုပြင်သင့်သည်။ လူငယ်ဟူသည် အနာဂတ်ကို ဖန်တီးထူထောင်ကြရမည့် Future Stars လေးများပင်ဖြစ်ကြသည်။ ထို့ကြောင့် လူငယ်များ နှုတ်ချိုအောင် ပြုပြင်သုံးနှုန်းတတ်ဖို့လိုသည်။ အကယ်၍ ဤနှုတ်ချိုခြင်းကို လူငယ်တို့ ဂရုတစိုက် မကျင့်ကြံကြပါ လျှင် နောင်လာမည့်အနာဂတ်မှာ ရိုင်းပျသောစကားလုံးများ၊ လူရာမသွင်းသည့် ကမောက်ကမနိုင်လွန်းလှသော စကားလုံးများ ဖြင့် ပြည့်ဖုံးနေပေလိမ့်မည်။ စဉ်းစားကြည့်ကြပါကုန်။
လူငယ်တို့သည် တစ်နေ့နေ့ တစ်ချိန်ချိန်တွင် လုပ်ငန်းခွင်သို့ ဝင်လာကြရမည်။ နိုင်ငံရပ်ခြား၊ တိုင်းတစ်ပါးသို့ထွက်ပြီး အလုပ်လုပ်သွားလုပ်မည့် လူငယ်များ၊ ကျောင်းသွားတက်မည့် လူငယ်များလည်း ရှိမည်။ ပြည်တွင်းရှိ ကုမ်ပဏီ၊ စတိုးဆိုင်၊ ဘဏ်၊ Super market ၊ ကားဒရိုင်ဘာ စသည့်ဖြင့် ကျွမ်းကျင်ရာ အလုပ်အကိုင်များဆီသို့ ခြေချလာကြမည်။ ထိုအခါ နှုတ်ချို ခြင်းသည် အလွန်အရေးပါလာသည်။ လုပ်ငန်းရှင်ကြီးများကလည်း အကြင်လူငယ်များ၏ အနေအထိုင်၊ စည်းကမ်းသေ ဝပ်မှု၊ အထူးသဖြင့် ပြောဆိုဆက်ဆံရတွင် ချိုသာသော စကားများဖြင့် ပြောဆိုတတ်မှု စသည်တို့ကို အကဲခတ်ကြပေမည်။ ဤသို့ဆိုလျှင် မိမိဘက်က အရာရာ ပြုပြင်ထားပါက အစစအရာရာ အဆင်ပြေမည်။ လုပ်ငန်းရှင်ကြီးများ သဘောကျစေမည့် နှုတ်ချိုခြင်းအတတ်ပညာကိုလည်း Self-study လုပ်ထားသင့်သည်။ မြန်မာစကားပုံများတောင် ရှိသည်မဟုတ်လော။ “နှုတ်ချို သျှိုတစ်ပါး”၊ “နှုတ်ချိုပြည်စိုး တန်ဖိုးမဖြတ်နိုင်” စသည်ဖြင့်။ နှုတ်ချိုခြင်းကြောင့် ကမ္ဘာကျော် သူဌေးကြီးများ၊ ကမ္ဘာကျော် လုပ်ငန်းရှင်ကြီးများနှင့် စတိုးဆိုင်ပိုင်ရှင်များအထိ ဘဝအောင်မြင်ကြသူများရှိ၏။ ထိုသူများသည် လက်အောက်ငယ်သား အလုပ်သမားဘဝမှ ကြီးပွားလာကြသူများပင် ဖြစ်ကြသည်။ အတုယူသင့်သည်။ လူငယ်တို့ အားကျသင့်သည်။
လူကြီးတို့ကိုလည်း ပြောချင်သေးသည်။ လူကြီးတို့တွင်လည်း စကားပြောချိုသာသူများရှိသလို စကားပြောကြမ်းတမ်းသူများ လည်း ရှိနေပြန်သည်။ လူကြီးတို့သည်လည်း လူငယ်၊ လူရွယ်၊ လက်အောက်ငယ်သားများ၊ တပည့်များနှင့် ဆက်ဆံနေ ကြရသည်။ ထိုသို့ဆက်ဆံရာတွင် လူကြီးတို့က လူငယ်များကို ဦးစားပေးသင့်သည်။ ညှာတာသင့်သည်။ ချိုသာသော စကား များဖြင့် ဆက်ဆံသင့်ကြသည်။ ဤနေရာတွင် လူကြီးသည် အားကြီး၍ လူငယ်သည် အားနည်းသည်။ မိမိသည် လူကြီးဟူသော တစ်ကိုယ်ကောင်းဆန်ဆန်ဖြင့် လူငယ်များအပေါ် အထက်စီးက ကြမ်းကြမ်းတမ်းတမ်း ပြောဆို ဆက်ဆံပါလျှင် လူငယ်များ မည်သို့ရှိမည်နည်း။ လူငယ်များ မည်သို့ခံစားကြရမည်နည်း။ မိမိပြောလိုက်သော ခက်ထန်မောက်မာသည့် စကားကြောင့် လူငယ်များ သူတို့၏ ရင်ထဲ၊ နှလုံးသားထဲတွင် တမြေ့မြေ့ခံစားသွားရချေမည်။ သူတို့၏ ဘဝတစ်လျှောက်လုံး အတွက် နာကျည်းစရာတွေအဖြစ် စိတ်ထဲတွင် တေးမှတ်ထားသူများလည်း ရှိချေမည်။ မည်သူမဆို မိမိအပေါ် တလေးတစား နှင့် ချိုချိုသာသာ ပြောဆိုဆက်ဆံသည်ကိုသာ လက်ခံလိုသူချည်းဖြစ်သည်။
ဟစ်တလာကို ကြည့်ပါ။ ကမ္ဘာပေါ်ရှိ ရက်စက်သူများ စာရင်းတွင် ပါဝင်သည့် နာဇီပါတီ၏ ခေါင်းဆောင် ဟစ်တလာ။ သူငယ်ငယ်က အလွန်စာတော်ပြီး လိမ်လိမ်မာမာ၊ ယဉ်ယဉ်ကျေးကျေး၊ သိမ်သိမ်မွေ့မွေ့နေတတ်သည်။ ဖြူစင်ရိုးသားသည်။ သူ့ကို ယခုကဲ့သို့ပင် ကြမ်းကြုတ်သူတစ်ယောက် ဖြစ်လာလိမ့်မည်ဟု မည်သူမျှ ထင်မှတ်မထားခဲ့။ သို့သော် သူသည် အမှန်တကယ် ရက်စက်သူဘွဲ့ကို တက္ကသိုလ်များမှ မချီးမြှင့်ဘဲ လက်ဝယ်ပိုင်ဆိုင်ခဲ့ရသည်။ ဤသည်မှာ အဘယ်ကြောင့်ဟု ထင်သနည်း။ သူငယ်ငယ်က ဆရာတစ်ယောက်၏ မောက်မောက်မာမာ ပြောဆိုခြင်းကို ခံခဲ့ရသည်။ ဤသည်ကို သူမကျေနပ်ခဲ့။ သူ့ရင်ထဲတွင် တေးမှတ်ထားသည်။ ယင်းမှစ၍ သူသည် လူတကာကို မုန်းတီးသွားခဲ့သည်။ ချိုသာစွာ သုံးနှုန်း၍မပြောဆိုတတ်သော ဆရာတစ်ယောက်၏ စကားကြောင့် လူငယ်ကျောင်းသားလေး ဟစ်တလာ၏ဘဝ ကပြောင်းကပြန် ဖြစ်သွားခဲရသည်။ လူကြီးတို့သတိသံဝေဂ ယူစေချင်သည်။ လူကြီးတို့၏ စိတ်ထဲတွင်လည်း “ငါ ပြောလိုက်တဲ့ စကားဟာ လူငယ်တွေရဲ့ နုနယ်ပျိုမျစ်တဲ့ ဘဝလေးတွေကို ပြောင်းလဲပစ်နိုင်ပါလား”ဟူ၍ စွဲမှတ်ထားသင့်သည်။ ထိုသို့ ပြောင်းလဲရာတွင် အကောင်းဘက်ကို ဖြစ်စေရန် လူကြီးတို့ ရှေးရှုဆောင်ရွက်ပြုပြင်သင့်သည်။ နှုတ်ကို ချိုချိုသာသာ ပြောတတ်ရမည်။
မိမိသည် ဘဝအောင်မြင်၍ တစ်ဘက်သားကို စည်းရုံးနိုင်လိုလျှင် နှုတ်ချိုခြင်းကို လက်ကိုင်ထားရမည်။ နောက်ပြီး ကိုယ်ချင်းစာတရား ရှိဖို့လည်းလိုသည်။ “စကားသည် ဓါးသွားထက်ပင် ထက်၏”ဟု ကြားဖူးသည်။ မိမိပြောလိုက်သော စကားတစ်ခွန်းကြောင့် တစ်ဘက်လူတွင် အနေရ၊ အထိုင်ရ ခက်သွားစေ၏လော၊ အကျိုးဖြစ်ထွန်းစေ၏လော ဟူ၍ မိမိကိုယ်ကို ဝေဖန်သုံးသပ်တတ်ရန်လိုသည်။ မိမိပြောလိုက်သော စကားတစ်ခွန်းကြောင့် တစ်ဘက်သား အခံရခက်သွားစေပါလျှင် မည်သို့ ခံစားသွားရမည်နည်း။ ထို့အတူ မိမိကို တစ်ခြားတစ်ယောက်က အခံရခက်စေမည့် စကားလုံးများဖြင့် ကိုင်ပေါက်ပြောဆိုလာလျှင် မိမိကော အဘယ်သို့ ခံစားသွားရမည်နည်း။ သေသေချာချာ ဝေခွဲတတ်ရန်လိုသည်။
နိဂုံးချုပ်တော့မည်။ မိမိသည် ဘဝတွင် အောင်မြင်ချင်သည်။ လူချစ်လူခင် ပေါလိုသည်ဆိုလျှင် ဝစီကံတည်း ဟူသော နှုတ်ကို ခါးတမာလို မဟုတ်ဘဲ တစ်ဘက်သားနားဝင်ချိုအောင် ပျားသကာလို ပြုပြင်သင့်ပေသည်။ သင့်တွင် ပြုပြင်လိုက အချိန်ရှိသေးသည်။ နောက်မကျသေး။ ။

...............
မာန်ယုကျော်(ရွှေဝမြေ)
၂ဝဝ၇ ၊ ဇန်နဝါရီ

ဆက်ဖတ်ရန်
ပို့စ်တင်သူ ။.............။ လခြမ်းမြီ on
0 ( မှတ်ချက်ရေးချင်ရင် )
ခေါင်းစဉ်အလိုက်ပို့စ်များ |

တနေ့မှာ ကျောင်းနေတဲ့အခိုက် ကျောင်းစရိုက်ကာမိအောင် လူသုံးပစ္စည်းတွေ တစ်အိမ်တက်တစ်အိမ်ဆင်းလိုက်လံရောင်းချနေတဲ့ ဆင်းရဲသားကောင်းလေးတစ်ယောက်ဟာ သူ့မှာ နောက်ဆုံးအနေနဲ့ ဆယ်ဆင့်တန် တစ်စေ့မဲ ကျန်တောတယ်ဆိုတာ သိလိုက်ရပါတယ်။ ပြီးတော သူသိပ်ကို ဆာလောင်နေပါတယ်။ နောက်တစ်အိမ်ရောက်ရင် စားစရာလေးတစ်ခုတစ်လေ တောင်းစားဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဒါပေမဲ့ လှပငယ်ရွယ်တဲ့ အမျိုးသမီးတစ်ယောက် တံခါးလာဖွင့်ပြီး သူကိုကြိုဆိုတဲ့အခါ ကောင်းလေးက ရှက်ရွံသွားပါတယ်။ ဒါကြောင်း ကောင်လေး စားစရာတောင်းမဲ့အစား ရေတစ်ခွက်ပဲ တောင်းလိုက်ပါတယ်။ အမျိုးသမီးကတော ကောင်းလေးကို ကြည့်ရတာ သိပ်ဆာနေတယ်လို့ ယူဆရတာကြောင်း နို့တွေကို ဖန်ခွက်ကြီးကြီးတစ်ခုထဲထည့်ပြီး ယူလာပေးပါတယ်။ ဆာလောင်နေတဲ့ကောင်းလေးဟာ နို့ဖန်ခွက်ကြီးကို ခပ်ဖြည်းဖြည်းသောက်လိုက်ပါတယ်။ နောက်ပြီး ကျနော် အစ်မဆီမှာ အကြွေးဘယ်လောက်တင်သွားပြီးလဲ …လို့ မေးလိုက်ပါတယ်။ မင်း အစ်မဆီမှာ ဘယ်လောက်မှ အကြွေးမတင်ဘူးကွယ်……လို့ အမျိုးသမီးလေးက ပြန်ပြောပါတယ်။ မေတ္တာစေတနာထားတာကို ငွေကြွေးနဲ့ ဘယ်တောမှ တန်ဖိုးမဖြတ်ဖို့ အမေက သင်ထားခဲ့ပါတယ်။ ဒီလိုဆိုရင်တော အစ်မကို ကျွန်တော် လိုက်လိုက်လှဲလှဲ ကျေးဇူးတင်ပါတယ် ခင်ဗျာ…လို့ ကောင်းလေးက ပြောလိုက်ပါတယ်။ ဟောင်းဝပ်(ဒ်)ကယ်လီလို့ အမည်ရတဲ့ကောင်းလေး အဲဒီအိမ်က ထွက်ခွါသွားပြီးတဲ့နောက်မှာ ကောင်းလေးဟာ သူ့ခန္ဓာကို ပိုမိုသန်စွမ်းလာတယ်လို့ ခံစားမိရုံသာမက ….ဘုရားသခင်နဲ့ လူသားတွေအပေါ်ထားရှိတဲ့ သူ့ရဲ့ယုံကြည်သဒ္ဓါစိတ်ဟာလည်း ခိုင်မာလာတယ်။ ….သူ့ကိုအင်အားပြန်ပြည့်ဝစေတဲ့ နို့ဖန်ခွက်ကို အမျိုးသမီးက ကမ်းပေးတဲ့အခါ ကောင်းလေးဟာ ယူမသောက်တောဘူးလို့ လုပ်တောမလို့ပါပဲ။
နှစ်တွေအများကြီး ကြာပြီးတဲ့နောက်မှာ အဲဒီငယ်ရွယ်တဲ့ အမျိုးသမီးစာ အသေးအသန်နားမကျန်းဖြစ်ပါတယ်။ ဒေသခံ ဆရာဝန်တွေဟာလည်း သူမရဲ့ရောက်ဂါနဲ့ပတ်သတ်ပြီး အကြံအိုက်နေကြပါတယ်။ သူမကို ကယ်တင်ဖို့ သူတို့ဘာမှ လုပ်မပေးနိုင်ပါဘူး။ နောက်ဆုံးမှာတော ဒေသခံ ဆရာဝန်တွေဟာ အမျိုးသမီးကို မြို့ကြီးဆီ ပို့ကြပါတယ်။ မြို့ရောက်တော သူမရဲ့ ရှားပါးတဲ့ရောဂါကို လေ့လာဖို့ အထူးကူးဆရာဝန်တွေကို ပင့်ဖိတ်လိုက်ပါတယ်….။ အတိုင်ပင်ခံ အကြံရယူဖို့အတွက်တော ဒေါက်တာ ဟောင်းဝပ်(ဒ်)ကယ်လီကို ပင့်ဖိတ်ပါတယ်။ အမျိုးသမီးလာခဲ့တဲ့ မြို့နာမည်ကို ကြားရတဲ့အခါ ထူးဆန်းတဲ့ အရိပ်ယောင်တစ်မျိုး ဒေါက်တာကယ်လီရဲ့ မျက်လုံးထဲမှာ ပြည့်လျှမ်းလာပါတယ်……။ ချက်ချင်းပဲ မတ်တတ်ထရပ်ပြီး ဆေးရုံခန်းမကနေ အမျိုးအခန်းကို ဆင်းသွားပါတယ်။ ဆရာဝန်အဝတ်ကို ဝတ်ဆင်ပြီးနောက် အမျိုးသမီးကို တွေ့ဖို့ အခန့်ထဲဝင်သွားလိုက်ပါတယ်။ ဒေါက်တာကယ်လီဟာ အမျိုးသမီးကို ချက်ချင်းမှတ်မိသွားပါတယ်။ သူဟာ တိုင်ပင်ဆွေးနွေးခန်းထဲကို ပြန်သွားပြီး အသက်ကို ကယ်တင်ဖို့ အစွမ်းကုန်ကြိုးစားမယ်လို့ ဆုံးဖြတ်ချက်ချလိုက်ပါတယ်….။ အဲဒီနေ့ကစပြီး ဒေါက်တာကယ်လီဟာ အမျိုးသမီးရဲ့ရောဂါကို သေသေချာချာကို ဂရုစိုက်ပြီး ကူးသပါတောတယ်။ အချိန်ကြာအောင် ကူးသပြီးတဲ့နောက်မှာ တိုက်ပွဲကို အနိုင်ရသွားပါတောတယ်။ နောက်ဆုံးကျသင့်ငွေတောင်းခံလွှာကို အတည်ပြုချက်ရယူဖို့ရာသူ့ဆီပို့ပေးဖို့ ဒေါက်တာကယ်လီက ဆေးရုံးရဲ့ငွေကြေးဌာနကို မေတ္တညရပ်ခံလိုက်ပါတယ်။ ငွေတောင်းခံလွှာကို ကိုကြည့်လိုက်ပြီး ဘေးနားမှာ တစ်စုံတရာကို ရေးလိုက်တယ်။ ပြီးတော ငွေတောင်းခံလွှာကို အမျိုးသမီးလေးရဲ့အခန့်ကို ပို့လိုက်ပါတယ်။ အမျိုးသမီးကတော ငွေတောင်းခံလွှာကို ဖွင့်ဖတ်ဖို့ရာ ထိတ်လန့်နေရှာပါတယ်…….။ ဘာဖြစ်လို့လည်းဆိုတော ဒီငွေကိုတောင်းခံလွှာကို ပေးချေဖို့ သူမဘဝရဲ့ကျန်ရှိသမျှစည်းစိမ်းအားလုံး ကုန်တောမှာပဲလို့ သေသေချာချာသိလို့ပါပဲ….။ နောက်ဆုံးမှာတော သူမငွေတောင်းခံလွှာကို ကြည့်လိုက်ပါတယ်…..။ ငွေတောင်းခံလွှာရဲ့ဘေးမှာ ရေးထားတဲ့ တစ်စုံတစ်ရာကို သူမရဲ့အာရုံကို ဖမ်းစားလိုက်ပါတယ်….။ သူမဖတ်လိုက်ရတဲ့ စာတွေက နို့တစ်ဖန်ခွင့်ဖြင့် အပြည့်အဝ ငွေပေးချေပြီး ဖြစ်ပါသည်။
လက်မှတ်ထိုးပြီး
ဒေါက်တာဟောင်းဝပ်(ဒ်)ကယ်လီ
ဝမ်းသာပီတိကြောင့် ဖြစ်ပေါ်လာတဲ့ မျက်ရည်တွေဟာ သူမရဲ့ပါးပြင်ပေါ်ကို လိမ့်ဆင်းလာ
လာပါတယ်….။ နောက်ပြီး ပျော်ရွှင်ချမ်းမြေ့နေတဲ့ နှလုံးသားကနေ သူမဆုတောင်းမိလိုက်တာကတော့ ….အရှင့်ရဲ့မေတ္တာတရား လူသားတွေရဲ့ နှလုံးသားများနဲ့ လက်များမှာ ဖြတ်သန်းစီးဆင်းနေခြင်းအတွက် ကျေးဇူးတင်ပါတယ်…..ထာဝရဘုရားသခင်……။

စိုးသူရ
The Best English

ဆက်ဖတ်ရန်
ပို့စ်တင်သူ ။.............။ လခြမ်းမြီ on Wednesday, 19 January 2011
0 ( မှတ်ချက်ရေးချင်ရင် )
ခေါင်းစဉ်အလိုက်ပို့စ်များ |

ကျွန်ုပ်တို့သည် လူသားများဖြစ်သည့်အားလျော်စွာ ရာစုနှစ်တစ်ခုအလွန်က မည်သို့မျှ ကြံစည်မျှော်လင့်စိတ်ကူး
မထားခဲ့သော ရုပ်ပိုင်းဆိုင်ရာဖွံဖြိုးတိုးတက်မှု့များကို လက်ဝယ် ပိုင်ပိုင် အောင်မြင်ရရှိခဲ့လေပြီ။ ခေတ်သစ်
နည်းပညာများက အချိန်အဟုန်ပြင်းစွာဖြင့် သဘာဝတရားကို အနိုင်ယူလျှက် ကျွန်ုပ်တို့ဆီကိုရောက်ရှိလို့နေပြီး ၊ .

ထိုခေတ်သစ် နည်းပညာများ၏ အကူအညီများကြောင်း များစွာသော သဘာဝဘေးအန္တရာယ်များကို အောင်မြင်နိုင်သော် လည်း နောက်ဆုံး မေးခွန်းက ကျွန်ုပ်တို့သည် အတိတ်က ဘိုးဘွား ဘီဘင်တို့ ခေတ်က ကဲ့သို ပျော်ရွှင်ကြပါရဲ့လား? အဖြေကတော ဆန့်ကျင်ဘက်ဖြစ်ပါလိမ့်မည် ၊ အမျိုးသမီး များနှင့် ခလေးငယ်များအပေါ် အကြမ်းဖက်မှု့ ဆင်းရဲမွဲတေမှု့၊ ဘာသာရေးနှင့် လူမျိုးရေး ခွဲခြားမှု့၊ အသားအရောင် နှင့် ဇာတ် ခွဲခြားမှု့တို့က အရှိန်အဟုန်း မလျှော့ဘဲ ဆက်လက် ရှိနေဆဲပင်ဖြစ်ပါသည်။ စင်စစ် ရုပ်ဝတ္တုပိုင်းဆိုင်ရာ သာယာမှု့နောက်သို့ လိုက်ကြ သောသူများသည် ဆင်းရဲသော သူများထက်ပင်ပို၍ ဆင်းရဲဒုက္ခရောက်ကြရ နိုင်သည်။ ယနေ့ခေတ်သစ်ကမ္ဘာကြီးတွင်ရင်ဆိုင်တွေ့ကြုံနေကြရသော
ပြဿနာများမှာ စိတ်ဖိစီးမှု့၊ အထီးကျန်မှု့ကဲ့သို့သော စိတ်ပိုင်းဆိုင်ရာရောဂါတို့သည် အရေးပါသောအဓိကပြဿနာ တစ်ရပ် ဖြစ်နေပါသည် ။ ထိုကဲ့သို့သော ပြဿနာများအတွက် မည်သူ့မှာတာဝန်ရှိပါသနည်း?
လူသားများ၏ ဖွံဖြိုး တိုးတက်ရေးအတွက် အဓိကကျသောပုဂ္ဂိုလ်များဖြစ်ကြသည့် ဘာသာရေးခေါင်းဆောင်များ၊သိပ္ပံပညာရှင်များ ၊ နိုင်ငံရေးခေါင်းဆောင်များနှင့် စီးပွါးရေးသမားများ အသံကောင်းဟစ် နေကြသည်မှာ “တိုးတက်ဖြစ်ထွန်းလာဖို့အတွက် ဆွေးနွေးနေပါသည်အဖြေရှာနေပါသည်“ ဟူ၍ဖြစ်ပါသည်။သို့သော်လည်း`ဤဆိုးကျိုးများ၏ အပြစ်တင်ခြင်းကို မည်သူများက မျှဝေခံစားရမည်နည်း? ကျွန်ုပ်ယုံကြည်သည်မှာ အားလုံးမှာညီတူညီမျှတာဝန်ရှိကြသည်။ ကျွန်ုပ်တို့ မိမိကိုယ်မိမိ ရိုးသားစွာဖွင့်ဟ၀န်းခံရမည်ဆိုလျှင်၊ ကျွန်ုပ်တို့အားလုံးသည် တစ်ခြားသော လူသားများ၏ ငြိမ်းချမ်းရေးနှင့်ပျော်ရွှင်မှု့အတွက် တာဝန်ကိုယ်စီးရှိကြပါသည်။ ဥပမာ လူသားများ၏ ကာမဂုဏ်အားရုံးခံစားမှု့ ဆိုင်ရာ အတွက် တရားမမျှတသောလုပ်ရပ်များ၊ အာဏာနှင့် ငွေအတွက် မတရားသောနည်းဖြင့် ဒေါ်လာသန်းပေါင်းမြောက်များစွာသောကုန်ထုတ်မှု့များ ကို ဤကာမဂုဏ်ကိစ္စများအတွက် အသုံးပြုနေသော လောဘ ။ သည် ဖြစ်ထွန်းမှု့များသည် လူငယ်နှင့်ကလေးသူငယ်များအား သားကောင်းဘ၀သို့ ကျရောက်စေပါသည်။ ကမ္ဘာ့ သမိုင်းမှာ ရှေးတုန်းက မရှိခဲ့ဖူးသော မကောင်းသော်ဆိုးကျိုးများ တစ်ကိုယ်ကောင်းဆန်သော လုပ်ရပ်များ၊ လိမ်လည်မှု့များ လူသားများအကြားမှာပဋိပက္ခများသည် လူသားများ၏ ဆန္ဒကြောင်းပင်ဖြစ်သည်။ ကျွန်ုပ်တို့မရှိမဖြစ်လိုအပ်နေသော ငြိမ်းချမ်းရေးသည် ကျွန်ုပ်တို့ ကိုယ်ပိုင်ဘ၀၊ အိမ်တွင်း၊ အလုပ်တွင်းသာမကဲ တစ်ကမ္ဘာလုံးအတိုင်းအတာထိဖြစ်ပါသည် ။
ဆူပူသောင်းကျန်းမအေးချမ်းမှုမှ ဖြစ်လာသော ကြောင့်ကြ ပူပန်မှု နှင့် ကြောက်ရွံ့မှု တို့သည် ကျွန်ုပ်တို့ကာယစိတ္တာနှစ်ဖြာ ကျန်းမာ ချမ်းသာမှုတို့အပေါ် ပြဿနာဖြစ်သည်သာမက ယိုယွင်းပျက်စီးစေမှုလည်း ဖြစ်ကြပါသည်။
တဏှာသည်သူတို့အနားမှာရှိသော အရာအားလုံးကို စိုးမိုပြီး လူသားများသည် ကမ္ဘာမှာ ကြောက်စရာအကောင်းဆုံးသတ္တ၀ါ တစ်ကောင်းအဖြစ်ရောက်ရှိလာခဲ့သည်။ ဤနည်းဖြင့်လူသားများသည် စိတ်ချမ်းသာ မှု့ကိုစွန့်လွှတ်လျှက် အာဏာနှင့် ရုပ်ဝတ္တုဆိုင်ရာပြည့်စုံမှု့သို့သာအငမ်းမရလိုက်ပါနေကြတောသည်။
ကျွန်ုပ်တို့ယနေ့တွေ့ကြုံရင်ဆိုင်နေကြရသော ပြဿနာ၏အခြေခံမှာကိုယ်ကျင့်တရား ပျက်ပြားလာမှု့နှင့် ပညာကို မှားယွင်းသောစွာအသုံးချမှု့ ပင်ဖြစ်ပါသည်။ သိပ္ပံနှင့် နည်း ပညာများက အံ့မခန်း တီထွင်ကြံဆမှု့အသစ် မျာွးကို ထုတ်လုပ်နေသော်လည်း ကမ္ဘာကြီး သည် လုံခြုံမှု့နှင့် ငြိမ်းချမ်းမှု့ကင်းမဲ့နေဆဲရှိသေးသည်။ တကယ်တော သိပ္ပံနှင့် နည်းပညာ များကပင်လူဘ၀ကိုရှေ့ကနှင့်စာလျှင် ပို၍လုံခြုံမှု့မရှိအောင်ပြုလုပ်နေဘိသကဲ့သို့ ဖြစ်ချေသည်။
ကျွန်ုပ်တို့လက်ရှိရင်ဆိုင်တွေ့ကြုံနေကြရသော ပြဿနာတွင် ကိုယ်ကျင့်တရားပိုင်ဆိုင်ရာ သာ တိုးတက်ဖြစ်ထွန်းမလာလျှင်လူလောကကြီးသည် အန္တရာယ်များကြားမှာ ပင်ပန်းရုံမှလွဲ၍ ငြိမ်းချမ်းရေးနှင့် လုံခြုံမှုအတွက်ကတော အလှမ်းဝေးနေဆဲပင်ဖြစ်ပါလိမ့်မည် ။

မှတ်ချက် ။ ဆရာတော်ကေသိရီဓမ္မာနန္ဒ၏ Human life and problems ဆောင်ပါးအားစာရေးသူအမြင်ဖြင့်ဆီလျှော်သလိုဘာသာပြန်ဆို
ထားပါသည်

ဤနေရာမှ ကူးယူထားသည်

ဆက်ဖတ်ရန်
ပို့စ်တင်သူ ။.............။ လခြမ်းမြီ on Thursday, 13 January 2011
0 ( မှတ်ချက်ရေးချင်ရင် )
ခေါင်းစဉ်အလိုက်ပို့စ်များ |

အနန္တအတုမရှိ ဗုဒ္ဓမြတ်စွာဘုရား

အလှူရှင်များအား MMSA အဖွဲ့မှ မှတ်တမ်းတင်ဂုဏ်ပြုလွှာပေးအပ်

အလှူရှင်များအား MMSA အဖွဲ့မှ မှတ်တမ်းတင်ဂုဏ်ပြုလွှာပေးအပ်

Mahidol University

International Buddhist Collage

မြန်မာ E Books

ထိုင်းနိုင်ငံ ရောက် ရွှေ့ပြောင်း မြန်မာအလုပ်သားမားများအတွက် ပညာရေး အခွင့်အလမ်းများ

MMSA ပရိတ်သတ်များ

ယခင်ပို့စ်အဟောင်းများ

အားပေးနေသော အပေါင်းသင်းများ

International News

တိုင်းရင်းသားသတင်းဌာနများစုစည်းမှု

သတင်းဌာနများစုစည်းမှု

ဘလော့ဂ်များစုစည်းမှု