MMSA ဘလော့စည်းမျဉ်းများ

* ဘာသာ သာသနာနှင့်လူမျိုးတို့၏ ဂုဏ်ကို ထိခိုက်ပျက်စီးစေတတ်သော အရေးအသားမျိုးကို ရှောင်ရှားရန်၊
* အချင်းချင်း ညီညွတ်မှု့ကို ပျက်စီးစေတတ်သော အကြောင်းများကို ရေးသားခြင်းမှ ရှောင်ရှားရန်၊
* သာသနာနှင့် မအပ်စပ်သော အဖွဲ့ဂုဏ်သိက္ခာကို ငြိုးနွမ်းစေတတ်သော ပုံများကိုတင်ခြင်းမှ ရှောင်ရှားရန်၊
* ပုဂ္ဂိုလ်ရေးဆိုင်ရာများထက် အများနှင့်သက်ဆိုင်သော အကျိုးများစေနိုင်သော ပုံများ စာများကိုသာ ရေးသားရန်၊
* MMSAသည် ပညာရေးအဖွဲ့စည်း ဖြစ်သည့် အတွက်နိုင်ငံရေးနှင့်သက်ဆိုင်သော အရေးအသားများကို ရေးခြင်းမှ ရှောင်ရှားရန်၊
* ဗုဒ္ဓဘာသာနှင့် မိမိတို့လေ့လာနေသော ပညာရပ်ဆိုင်ရာ အကြောင်းအရာများကို ဗဟုသုတအလို့ငှါ ရေးသား မျှဝေကြရန်၊

အမေနေ့ (Mother Day)သည် ကမ္ဘာပေါ်ရှိ အမေအားလုံးကို ဂုဏ်ပြုသောနေ့ အဖြစ် နှစ်စဉ် မေလ ဒုတိယပတ် တနင်္ဂနွေနေ့ကို အမေနေ့ဟု နိုင်ငံအများစုက သတ်မှတ်ကြပါသည်။ မြန်မာနိုင်ငံတွင် အမေနေ့ကို နှစ်စဉ် ပြာသိုလပြည့်နေ့၌ ကျင်းပပြုလုပ်ပြီး အမေ့ဂုဏ်ကျေးဇူးများကို ထုတ်ဖော်ပြောဆို ကြသည်။ ယဉ်ကျေးမှု ဓလေ့ထုံးတမ်း အလိုက် မတူညီသော ရက်များတွင် အမေနေ့ကို ကျင်းပကြပါသည်။

Juila Ward Home (1819-1910)

ရှေးဟောင်း ဂရိ ရောမခေတ်မှ စတင်၍ ဒီနေ့ခေတ်အထိ အမေနေ့ကို ကျင်းပနေကြဆဲဖြစ်ပါသည်။ နောင်တွင်လဲ အမေ့ကျေးဇူး ထုတ်ဖော်သည့်နေ့ကို ဆက်လက်ကျင်းပ နေကြအုံးမှာ မလွဲပေ၊ Officially အမေနေ့ဖြစ်မြောက်အောင် ကြိုးပမ်းအားထုတ်ခဲ့သူမှာ အမေရိကန်နိုင်ငံသူ Juila Ward Home (1819-1910) ဖြစ်သည်။ သူမသည် ကျော်ကြားသော စာရေးဆရာမကြီးတစ်ဦးဖြစ်ပြီး အမေနေ့ဖြစ်မြောက်ရန် ကလောင်စွမ်းနှင့် ကြိုးပမ်းခဲ့သူဖြစ်သည်။

အမေနေ့ဖြစ်မြောက်အောင် ကြိုးပမ်းခဲ့သူ Juila Ward Home သမီး Anna Jarvis က အမေ့ အိပ်မက်ကို ဆက်လက်ပြီး ရှင်သန်စေခဲ့သူ ဖြစ်ပြီး သူမဟာလဲ မမေ့သင့်သော ကျေးဇူးရှင် တစ်ဦးဖြစ်ပါသည်။ Juil Ward Home နှင့် Anna Jarvis တို့၏ ကြိုးပမ်းမှုများကြောင့် နောက်ပိုင်းတွင် ကမ္ဘာနှင့် အ၀ှမ်း အမေနေ့ ကျင်းပနေခဲ့ကြတာဖြစ်ပါသည်။

အင်္ဂလန်နိုင်ငံတွင် မယ်တော်မယ်ရီကို ဂုဏ်ပြုသည့်အနေ့နှင့် ကျင်းပလေ့ရှိသည်။ ထိုနေ့မှာ အမေအားလုံးသည် တူညီဝတ်စုံများကို ၀တ်ဆင်ပြီး အခမ်းအနား ကျင်းပသောနေရာကို ရောက်လာသောအခါ သားသမီးများက အမေများ၏ ကျေးဇူးကို ထုတ်ဖော်ပြောဆိုကြပါသည်။

အမေနေ့ ဖြစ်ပေါ်လာပုံ

မြန်မာပြည်တွင် စာရေးဆရာ ဒါရိုက်တာ ဦးသုခ၏ ကြိုးပမ်းအားထုတ်မှုကြောင့် ပြာသိုလ်လပြည့်နေ့ကို အမေနေ့အဖြစ် သတ်မှတ်နိုင်ခဲ့ပြီး မြန်မာ့ ပြက္ခဒိန်တွင် ပြာသိုလ်လပြည့်အမေ့နေ့ အဖြစ် ကမ္ဗည်းတင်နိုင်ခဲ့ပေသည်။ မြန်မာ့ယဉ်ကျေးမှု့အရ အမေကို ဘုရားနှင့် တစ်ဂိုဏ်းတည်းထားပြီး မာတာပိတုဂုဏောအနန္တော ဆိုပြီး ပူဇော်ခဲ့ အရိုအသေ ပေးခဲ့ကြသည်။ ဆရာကြီး ဦးသုခက Officially ဖြစ်အောင် ကြိုးပမ်းပေးသူ ဖြစ်ပါသည်။ ၁၉၉၅-ခုနှစ်၊ ပြာသိုလ်လပြည့်နေ့၌ စာရေးဆရာ ဦးသုခ၏ တိုက်တွန်းပြောပြချက်အရ မန္တလေးတွင် အမေနေ့ကို ပထမဦးဆုံး စတင်၍ ကျင်းပပြုလုပ်ခဲ့ပါသည်။ မိဘကျေးဇူးဆပ်နည်း စသည့် ဗဟုသုတပညာပေးများ ဟောပြောခြင်းဖြင့် ခေတ်လူငယ်များအား အသိပညာဗဟုသုတ တိုးပွားစေလိုသည့် ဆန္ဒဖြင့် စတင်ခဲ့ခြင်းဖြစ်ပါသည်။

  • “အမေဆိုသည့် စာကလေးနှစ်လုံးကို အသံထွက်အောင်ရွတ်ဆိုကြည့်လိုက်စမ်းပါ။ အလွန်ချိုမြိန်သော၊ သာယာသော၊ စိတ်ချမ်းသာသော၊ မေတ္တာနှင့်ထုန်မွှန်းသော အရသာကို ခံစားရပါလိမ့်မည်” (ဆရာကြီး ဦးသုခ၏ ပထမဆုံးအကြိမ် မန္တလေး အမေနေ့ ဟောပြောပွဲမှ)

--ေဇယ်တု 06:12, 12 ဇန္နဝါရီ​ 2010 (UTC)

http://www.mothersdaycentral.com/about-mothersday/history/famous-moms/julia-ward-howe.php

ဆက်ဖတ်ရန်
ပို့စ်တင်သူ ။.............။ U pannajotamcu on Sunday 27 February 2011
0 ( မှတ်ချက်ရေးချင်ရင် )
ခေါင်းစဉ်အလိုက်ပို့စ်များ |

ဗုဒ္ဓဒေသနာအရ သီတင်းကျွတ်လပြည့်နေ့ကို အဘိဓမ္မာအခါတော်နေ့အဖြစ် ပညာရှင်တို့ သတ်မှတ်ခဲ့ကြသည်။
အကြောင်းက နတ်ပြည်၌နတ်ပရိတ်များ အဘိဓမ္မာဒေသနာအကျယ်ဟောကြားပြီး ဆုံးသောနေ့သည် သီတင်းကျွတ်လပြည့်နေ့ဖြစ်သည်။ စန္ဒကူးတော၌ အရှင်သာရိပုတ္တရာအား အဘိဓမ္မာဒေသနာအကျဉ်း ဟောကြားပြီးဆုံးသောနေ့သည်လည်း သီတင်းကျွတ်လပြည့်နေ့ဖြစ်သည်။ အရှင်သာရိပုတ္တရာက တပည့်ငါး ရာတို့အား အဘိဓမ္မာ ဒေသနာကို မကျဉ်းမကျယ် အလယ်အလတ် ဟောကြားပြီးဆုံးသော နေ့သည်လည်း သီတင်းကျွတ်လပြည့်နေ့ဖြစ်သည်။

ဘုရားရှင်သည်မဟာသက္ကရာဇ်(၁၀၉)ခုနှစ်၊၀ါဆိုလပြည့်ညနေချမ်း၌သာဝတ္ထိပြည်အနီးကောသလမင်း၏ ဥယျာဉ်မှူးကဏ္ဍသည် ဘုရားရှင် မိန့်ကြားချက်အတိုင်း စိုက်ပျိုးအပ်သော ကဏ္ဍမ္ဗသရက်ဖြူပင်အနီးတွင် တိတ္ထိ တို့ကိုနှိမ်နင်းတော်မူရန် ရေမီးအစုံစုံ တန်ခိုးပြာဋိဟာ ပြပွဲကြီးကို အဆန်းတကြယ် ဖန်ဆင်းပြတော်မူသည်။ ထိုပွဲအပြီးတွင် မယ်တော်ဟောင်းနတ်သားအား အဘိဓမ္မာဒေသနာဖြင့် ကျေးဇူးဆပ်ရန် ခြေလှမ်းနှစ်လှမ်းဖြင့်သာတာသတိံသာနတ်ပြည်သို့ ကြွသွားတော်မူသည်။ ပရိသတ်ကဘုရားရှင်ကိုမမြင်တွေ့တော့၍ အရှင်အနုရုဒ္ဓါမထေရ်အားမေးမြန်းရာမထေရ်မြတ်ရှင်းပြမှအကြောင်းစုံသိကြရသည်။ပရိသတ်ကြီးကဘုရားရှင်ကို မဖူးရဘဲ မပြန်ဟုတိုင်ပင်ကြကာ ထိုနေရာမှာပဲယာယီတဲနန်းထိုးကာနေကြလေသည်။ သီတင်းကျွတ် ခါနီးမှ အရှင်မဟာမောဂ္ဂလန်ထံမှတစ်ဆင့် ဘုရားရှင် သင်္ကဿမြို့သို့ကြွဆင်းတော်မူမည့် အကြောင်းသိရသဖြင့် သင်္ကဿမြို့ကနေသွားရောက်ကြိုဆိုကြသည်။

ဘုရားရှင်သည် တာဝတိံသာပြည်မဏ္ဍုကမ္ဗလာ မြကျောက်ဖျာ၌မယ်တော်ဟောင်း သန္တုသိတအမှူးရှိသော နတ်ဗြဟ္မာတို့အားဝါတွင်းသုံးလနေ့ညမစဲ အဘိဓမ္မာတရားကို ဟောကြားတော်မူရာသီတင်းကျွတ်လပြည့်နေ့၌ ပြီးဆုံးလေသည်။ သီတင်းကျွတ်လပြည့်နေ့၌ သိကြားမင်းအား လူ့ပြည်ပြန်တော့မည့် အကြောင်း နှုတ်ဆက်စကား မိန့်ကြားရာသိကြားမင်းက ရွှေစောင်တန်း၊ ငွေစောင်းတန်း၊ ပတ္တမြားစောင်းတန်း၊စောင်းတန်းသုံးသွယ်တို့ကို ဖန်တီးပေးသည်။ လကျာ်ဘက်ရွှေစောင်းတန်းက နတ်များအဖို့ရည်ရွယ်သည်။ လက်ဝဲဘက်ငွေစောင်းတန်းက ဗြဟ္မာများအတွက် ရည်ရွယ်သည်။ ပတ္တမြားစောင်းတန်းက ဘုရားရှင်အတွက် ရည်ရွယ်သည်။ စောင်းတန်းတို့၏ မုခ်ဦးကမြင်းမိုရ်တောင်ထိပ်မှာရှိ၍ အခြေကသင်္ကဿမြို့တံခါးဝမှာရှိသည်။

ဘုရားရှင်သည်လူ့ပြည်ဆင်းခါနီး မြင်းမိုရ်တောင်ထိပ်တွင်ရပ်လျက်ရေအစုံမီးအစုံတန်ခိုးပြာဋိဟာတို့ကို ပြတော်မူ၍ ထက်ကောင်းကင်သို့ကြည့်တော်မူသောအခါ အကနိဋ္ဌဗြဟ္မာပြည်တိုင်အောင်အဆီးအတားမရှိ ဟင်းလင်းဖြစ်သွားတော့၏။အောက်ကိုကြည့်သောအခါအ၀ီစိငရဲတိုင်အောင်အပိတ်အပင်အတားအဆီးမရှိ ဟင်းလင်းပြင် ဖြစ်သွားတော့၏။ ယင်းအဘိဓမ္မာသည် ဓမ္မသင်္ဂဏီ၊ ၀ိဘင်း၊ ဓာတုကထာ၊ ပုဂ္ဂလပညတ်၊ ကထာဝတ္ထု၊ ယမိုက်၊ ပဋ္ဌာန်းဟူ၍ ခုနစ်ကျမ်းရှိသည့် ကုသိုလ်၊ အကုသိုလ်စသောတရားတို့ကို အကျဉ်းချုပ် အားဖြင့် ဟောကြားတော်မူသော ကျမ်းကို "ဓမ္မသင်္ဂဏီကျမ်း"ဟုခေါ်သည်။ ခန္ဓာစသောတရားတို့ကိုသုတ္တ တန်နည်း၊ အဘိဓမ္မာနည်းတို့ဖြင့် အမေးအဖြေပြုလုပ်ကာအကျယ်ဝေဖန်ဟောကြားသောကျမ်းကို "၀ိဘင်း ကျမ်း"ဟုခေါ်သည်။

ဓာတ်အမျိုးမျိုး ဟောကြားသောကျမ်းကို "ဓာတုကထာ" ဟုခေါ်သည်။ ပုဂ္ဂိုလ် အမျိုးတို့ကို ခွဲခြားသတ် မှတ်အမည်တပ်၍ဟောကြားသောကျမ်းကို "ပုဂ္ဂလပညတ်" ဟုခေါ်သည်။ အယူဝါဒနှင့်ဆိုင်သောစကားတို့ ၏တည်ရာဖြစ်၍ အဘိဓမ္မာ အနှစ်သာရတို့နှင့်ပြည့်စုံသောကျမ်းကို "ကထာဝတ္ထု"ဟုခေါ်သည်။ အနုလုံနှင့် ပဋိလုံ၊ ပုစ္ဆာနှင့်ဝိသဇ္ဇာနာ၊ သန္နိဋ္ဌာန်နှင့်သံသယအစုံစုံပြု၍ဟောကြားတော်မူသောကျမ်းကို "ယမိုက်ကျမ်း" ဟုခေါ်သည်။ အကြောင်းအမျိုးမျိုးကို ဟောတော်မူသောကျမ်း၊ ကုသိုလ်စသောတရားတို့ကို နှစ်ဆယ်လေး ပစ္စည်းဖြင့် ဝေဖန်သော ကျမ်း၊ သဗ္ဗညုတဥာဏ်တော်၏ ကျက်စားရာဖြစ်သော ကျမ်းကို "ပဋ္ဌာန်းကျမ်း"ဟု ခေါ်သည်။

အဘိဓမ္မာတရားသည် အမိကျေးဇူးဆပ်တရားဖြစ်ခြင်း၊ နတ်ပြည်၌ဟောကြားခြင်း၊သုံးလကြာမျှဟောရ ခြင်း၊ ပကတိဘုရားနှင့် နိမ္မိတဘုရားတို့ တစ်လှည့်စီဟောကြားခြင်းဟု ထူးခြားချက်လေးမျိုးနှင့်ပြည့်စုံသော တရားဖြစ်သည်။ ပါဋ္ဌိ၏ နက်နဲခြင်း၊ သဘောအဓိပ္ပာယ်၏ နက်နဲခြင်း၊ ဟောကြားပုံအစီအစဉ်၏ နက်နဲခြင်း ဥာင်္ဏတော်၏ နက်နဲခြင်းစသော ဂမ္ဘီရလေးမျိုးနှင့်ပြည့်စုံသောတရားဖြစ်သည်။

အဘိဓမ္မာတရားတော်ကို သင်ယူခြင်း၊ ကြားနာခြင်း၊ ရွတ်ဖတ်ပူဇော်ခြင်းကြောင့် လင်းနို့သားရဟန်းငါး ရာကဲ့သို့ နမရူပပရိစ္ဆေဒ ဥာဏ်ရင့်သန်ခြင်း၊ မဂ်ဖိုလ်နိဗ္ဗာန်ရရန် အကြောင်း အထောက်အပံ့ ကောင်းဖြစ် ခြင်း၊ ဘေးဥပါဒ်အန္တရယ်ကင်းဝေးခြင်း၊ ကျက်သရေမင်္ဂလာ အဖြာဖြာနှင့်ပြည့်စုံခြင်းဟူသော အကျိုးထူးတ ရားများရရှိနိုင်သည်။

http://wikimyanmar.co.cc/wiki/index.php?title=%E1%80%A1%E1%80%98%E1%80%AD%E1%80%93%E1%80%99%E1%81%BC%E1%80%AC_%E1%80%A1%E1%80%81%E1%80%AB%E1%80%B1%E1%80%90%E1%80%AC%E1%80%B9%E1%80%B1%E1%80%94%E1%82%94

ဆက်ဖတ်ရန်
ပို့စ်တင်သူ ။.............။ U pannajotamcu on
0 ( မှတ်ချက်ရေးချင်ရင် )
ခေါင်းစဉ်အလိုက်ပို့စ်များ |

ုထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့ ရွှေ့ပြောင်းအလုပ်သမား မြန်မာမိသားစုများဖြစ်ကြသော ဦးဖိုးကျော် ဇနီ ဒေါ်မသိတာ မိသားစု တို့မှာ Mahachulalongkorn တက္ကသိုလ်တွင် ပညာသင်ကြားနေကြသော မြန်မာ့ကျောင်းသားရဟန်းတော်များအား နေ့စဉ်ဆွမ်းဘုန်းပေးရန်အလို့ငှာ လတိုင်းအပါတ်စဉ် ဟင်းသီး ဟင်းရွက် ငါး တို့ကို လှူဒါန်းနေပါကြောင်း MMSA ကျောင်းသားများအား အသိပေးအပ်ပါသည်။

ဆက်ဖတ်ရန်
ပို့စ်တင်သူ ။.............။ ပြန်ကြားရေးမှူး on
0 ( မှတ်ချက်ရေးချင်ရင် )
ခေါင်းစဉ်အလိုက်ပို့စ်များ |

ုထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့ ရွှေ့ပြောင်းအလုပ်သမား မြန်မာမိသားစုများဖြစ်ကြသော ခင်ဦး ဇနီ ဒေါ်လှလှဝင်းမိသားစု တို့မှာ Mahachulalongkorn တက္ကသိုလ်တွင် ပညာသင်ကြားနေကြသော မြန်မာ့ကျောင်းသားရဟန်းတော်များအား နေ့စဉ်ဆွမ်းဘုန်းပေးရန်အလို့ငှာ လတိုင်းအပါတ်စဉ် ဟင်းသီး ဟင်းရွက် ငါး တို့ကို လှူဒါန်းနေပါကြောင်း MMSA ကျောင်းသားများအား အသိပေးအပ်ပါသည်။

ဆက်ဖတ်ရန်
ပို့စ်တင်သူ ။.............။ ပြန်ကြားရေးမှူး on
0 ( မှတ်ချက်ရေးချင်ရင် )
ခေါင်းစဉ်အလိုက်ပို့စ်များ |

ထိုင်းနိုင်ငံ ချင်းမိုင်မြို့ ချင်းမိုင်တက္ကသိုလ်တွက် Master ဘွဲ့ကို တက်ရောက်သင်ကြားနေသော (မွေးနေ့ရှင် မငုဝါ) မှာ Mahachulalongkorn တက္ကသိုလ်တွင် ပညာသင်ကြားနေကြသော မြန်မာ့ကျောင်းသားရဟန်းတော်များအား ထိုင်းဘတ်ငွေ (၅၀၀) နှင့် ဆန်များ ယနေ့ (၂၆.၂ ၂၀၁၁) နေ့တွင် (MMSA) မြန်မာရဟန်းကျောင်းသားများအဖွဲ့တာဝန်ခံပုဂ္ဂိုလ်များထံသို့

လှူဒါန်းလိုက်ပါ ကြောင်း သတင်းရရှိသည်။

MMSA ခေါ် မြန်မာကျောင်းသားရဟန်းတော်များမှလည်း ဒီနှစ်မွေးနေ့မှသည် နောင်နှစ်ပေါင်းများစွာတိုင် စိတ်ချမ်းသာပျော်ရွှင်စွာနဲ့ (မငုဝါ)ဖြစ်ချင်တဲ့ဆန္ဒ (မငုဝါ)လိုချင်တာတွေပြည့်စုံပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

ဆက်ဖတ်ရန်
ပို့စ်တင်သူ ။.............။ ပြန်ကြားရေးမှူး on
0 ( မှတ်ချက်ရေးချင်ရင် )
ခေါင်းစဉ်အလိုက်ပို့စ်များ |

ဂျင်းကို ဆေးမြီးတို အဖြစ်သုံးလာတာ၊ ရာစုတွေ တောင်လွန်ပါတော့မယ်။ ဂျင်းကို ဗိုက် မကောင်းရင်လည်း သုံးတာပါပဲ။ အအေးမိ ဖျားနာ တော့လည်း သုံးတာပါပဲ။ အခုတော့ ဂျေုာ့ဂျီယာ တက္ကသိုလ်က သုတေသီ တွေက လေ့ကျင့်ခန်းကြောင့် နာသွားတဲ့  (မျက်သွားတဲ့ ) ကြွက်သားတွေကို ဂျင်းနေစဉ် စားသုံးခြင်းဖြင့် သက်သာစေတာ တွေ့ရှိ ရပါတယ်။  “ ကြွက်ကလေးတွေမှာ ဂျင်းကြောင့် အင်ဖလေ မေး ရှင်း  (ရောင်ကိုင်းခြင်း) ကို သက်သာ စေတာကို တွေ့ထားပေမဲ့ လူတွေ အပေါ်မှာ ဂျင်းက ပေးနိုင်တဲ့  ကြွက်သား နာကျင်မှု လျော့ကျ စေတာကို တော့ ( ကြွက်သား ရောင်ကိုင်းမှု  လျော့ကျလို့ ၊ ကြွက်သား နာ သက်သာ စေတာကို တော့) ၊ကျယ်ကျယ် ပြန့်ပြန့် ရှာဖွေ ထားတာ မရှိသေးပါဘူး။ (အချို့သုတေသန တွေရှိပါတယ်ဆိုတဲ့  သဘောပါ) လို့ သုတေသီ ပက်ဒရစ်အိုကောနာနဲ့ အဖွဲ့ က ဆိုပါတယ်။ (အဲဒီ အဖွဲ့ မှာ အဖွဲ့ဝင်သုံးဦး ပါပါတယ်။) အခုသုတေသန မှာ  ဘော်လန်တီယာ ၃၄ ဦးကို အပူပေးထားတဲ့ ဂျင်းစိမ်းပါ ကပ်ဆူး၊ နောက်ထပ် ဘော်လန်ဒီယာ ၄၀ ဦးကို အပူပေးထားတဲ့ ဂျင်းပါ ကပ်ဆူးတွေကို  ၁၁ရက် သောက်စေပါတယ်။ နောက်တော့ ဘော်လန်င်္တီယာ အားလုံးကို (၇၄ ဦးလုံးကို ) အာနိသင်မဲ့ပစ္စည်းပါ ကပ်ဆူး ၁၁ ရက်ထပ်သောက် စေပါတယ်။ ကပ်ဆူးတစ်ခုမှာ ဂျင်းဒါမှ မဟုတ် အာနိသင်မဲ့ ပစ္စည်း နှစ်ဂရမ်စီ ပါပါတယ်။ သုတေသန ကာလ ရဲ့ ရှစ်ရက်မြောက် မှာဘော်လန်တီယာ တွေကို အလေးနဲ့ လက်ဆန့် ရတဲ့ လေ့ကျင့်ခန်း ၁၈ ကြိမ် လုပ်ခိုင်းပြီး လက်မောင်း ကြွက်သားကို ဒဏ်ရစေ (မျက်စေ) ပါတယ်။ လက်ရဲ့ အလုပ်လုပ်နိုင်မှု ကြွက်သားတွေ ရောင်ကိုင်းမှု၊ အသား (ကြွက်သား) နာရင် ထွက်တတ်တဲ့ ဇီဝဓာတု ပစ္စည်း တွေကို လေ့ကျင့် ခန်းမလုပ်မီ နဲ့ လုပ်ပြီး သုံးရက်ကြားမှာ စိစစ်ရပါတယ်။ ခုသုတေသနအရ နေ့စဉ်ဂျင်း စားပေးလျှင် ကြွက်သား နာတာကို ၂၅ ရာခိုင်နှုန်း လျှော့ပြီး ဖြစ်စေတယ်။ စားရမယ့် ဂျင်းကို အပူ ပေးစရာမလိုဘူး ဆိုတာပဲ ဖြစ်ပါတယ်။ အိုကောနာက “စီးပွားရေး အရပဲ ပြောပြော ၊ လူမူရေး အရပဲ ပြောပြော၊ ကြွက်သား မျက်တာ အတော်ဆိုးတယ်၊ အဖြစ်လဲ များတယ် ။ သည်လို အဖြစ်ကို ခံစားဖူးသူတွေ ကတော့ အဲဒီအနာကို သက်သာမယ့် ဟာဆို ကြိုဆိုမှာပါပဲ” လို့ ဆိုပါတယ်။
http://webcache.googleusercontent.com

ဆက်ဖတ်ရန်
ပို့စ်တင်သူ ။.............။ လခြမ်းမြီ on
0 ( မှတ်ချက်ရေးချင်ရင် )
ခေါင်းစဉ်အလိုက်ပို့စ်များ |

ကျွန်တော်၏ ကိုယ်တွေ့ဆေးနည်းများကို အများဝေဒနာရှင်များ သိရှိကုသနိုင်ရန် တင်ပြလိုက်ရပါသည်။ လွန်ကဲ့ သော (၈) တန်းကျောင်းသားဘ၀လောက်ကပါ။ ကျွန်တော်၏ ဦးမင်းနှင့် အဒေါ်ရှိရာ မအူပင်မြို့နယ် ရေလဲကလေးကျေးရွာ သို့ မရောက်တာကြာပြီဖြစ်၍ သွားရောက်ခဲ့ပါသည်။ မအူပင်မှ ရေလဲကလေးသို့ ဒေါဂျစ်ကားစီး၍ သွားရပါသည်။ ကားမှာ သံဖင်ထိုင်ခုံဖြစ်ပြီး လမ်းကလည်း ဂ၀ံအတုံးကြီးများ ခင်းသည့်လမ်းဖြစ်ပါသည်။ အသွားအပြန် ဒီကားပဲစီးပြန်ရ၏။ အိမ်ပြန်ရောက်၍ သုံးရက်ကြာသော် တင်ပါးတစ်ပြင်လုံး တစ်လုံးပြီးတစ်လုံး သွေးစုနာများ မရေနိုင်အောင်ပေါက်ပါသည်။ ဆေးမြီးတိုများ လိုက်မေးရာ ဆေးနည်းမှာ -
ထုံးသန့်သန့် (၁) ထုပ်၊
ပျားရည် (အစစ်) (၂) ကျပ်ခွဲသားခန့် (အနည်းငယ်စီ)။
၎င်းကို လက်ဝါးထဲထည့်ပြီး နယ်ပါ။ နှစ်မိနစ်ခန့်ကြာလျှင် ကျောက်ဖြစ်ပါသည်။ အမြန်နယ်ပြီး အနာပေါ် အမြန်လူးပါ။ ချက်ချင်းခြောက်သွားပါသည်။ (၂) ခါလောက်လူးပါက နုလျှင်ပေါက်၊ ရင့်လျှင် မှည့်ပြီး ပြည်ပေါက်ပါသည်။ တစ်ပါးတွင် ဖြစ်ပါက ဖိထိုင်ပေးပါ။

...............

ဆက်ဖတ်ရန်
ပို့စ်တင်သူ ။.............။ လခြမ်းမြီ on
0 ( မှတ်ချက်ရေးချင်ရင် )
ခေါင်းစဉ်အလိုက်ပို့စ်များ |

အိုသွေးပိုင်ရှင်မိန်းကလေးများရဲ့ ပွင့်လင်းတဲ့ အကျင့်နဲ့ အေသွေးပိုင်ရှင်အမျိုးသားများရဲ့ စေ့စပ်သေချာတဲ့
အကျင့်ကို ပေါင်းစပ်လိုက်ရင်တော့ တော်တော်ကို လိုက်ဖက်ညီတဲ့ အတွဲလေး ဖြစ်သွားနိုင်ပါတယ်။
ဒါပေမယ့် တခါတလေမှာတော့ အိုသွေးများရင့် ပွင့်လင်းမှု၊ တက်ကြွမှုတွေက အေသွေးများရဲ့ အရောင်ကို
ဖုံးသွားတတ်တဲ့ အခါလည်း ရှိပါတယ်။
.
အေသွေးများ ပိုပြီး သဘောထားကြီးဘို့တော့ လိုပါတယ်။ တခါတလေမှာ အေသွေးပိုင်ရှင်များက အိုသွေးပိုင်ရှင် လက်တွဲဖော်ကို အရမ်း သွက်လက်လွန်းတယ်လို့
ထင်တတ်ကြပါတယ်။ ဒါပေမယ့် နှစ်ယောက်လုံး အေးစက်နေတာထက်စာရင် ဒီလို အတွဲလေးက ပိုပြီး
သင့်တော်ပါတယ်တဲ့။

အေ-အေဘီ (၅၀%)

အမြဲတမ်း အံ့သြစရာတွေနဲ့ ထူးဆန်းစရာတွေနဲ့ ပြည့်နေတတ်တဲ့
အေဘီသွေးပိုင်ရှင်မိန်းကလေးတွေက အေသွေးပိုင်ရှင် ယောင်္ကျားလေးများရဲ့ စိတ်ကို ပိုပြီးလွယ်လွယ်နဲ့
ချဉ်းကပ်နိုင်သူများ ဖြစ်ပါတယ်။ အကြောင်းရင်းကတော့ အေဘီသွေးပိုင်ရှင် မိန်းကလေးများရဲ့ အမြင်မှာ အေသွေး ယောင်္ကျားလေးများဟာ
ယုံကြည်စရာကောင်းပြီး သဘောကောင်းတယ်လို့ မြင်နေလို့ပါပဲ။ အေဘီသွေးရဲ့
ထူးခြား ဆန်းကြယ်မှုကို အေသွေးပိုင်ရှင်များက နားလည် လက်ခံနိုင်တာကြောင့် အချင်းချင်း ရင်းနှီးမှု
ပိုများတတ်ပါတယ်။ တခါတလေမှာတော့ မီးနဲ့ တူတဲ့ အချစ်နဲ့ တွေ့ရတတ်ပါတယ်။ အေဘီသွေးပိုင်ရှင်
မိန်းကလေးများက အေးဆေးပြီး ပုံမှန်နေတတ်တဲ့ ယောင်္ကျားများထက် ခေတ်ဆန်ပြီး သတ်သတ်ရပ်ရပ်
ထက်ထက်မျက်မျက် ရှိတဲ့ ယောင်္ကျားမျိုးကို ပိုပြီး နှစ်သက်ကြပါတယ်။ ဒါကြောင့်မို့လည်း
ဒီလို အချက်တွေကို ပိုင်ဆိုင်ထားတဲ့ အေသွေးပိုင်ရှင်များနဲ့ ပိုပြီး ရင်းနှီးနိုင်တဲ့ အခြေအနေကများတာပါတဲ့။
ဒါပေမယ့်လည်း လိုက်ဖက်မှု
ရာခိုင်နှုန်းကတော့ ၅၀%ပါ။

...............မှ
•*♥*• မာန်ယုကျော် ( ရွှေဝမြေ )•*♥*•
.

ဆက်ဖတ်ရန်
ပို့စ်တင်သူ ။.............။ လခြမ်းမြီ on
0 ( မှတ်ချက်ရေးချင်ရင် )
ခေါင်းစဉ်အလိုက်ပို့စ်များ |

အေသွေးယောင်္ကျားနဲ့ အေသွေးမိန်းမရဲ့ လိုက်ဖက်ညီ သဘောတွေ့နိုင်တဲ့
ရာခိုင်နှုန်းကတော့ ၇၀% ဖြစ်ပါတယ်။ ပထမဆုံး စတွေ့တဲ့ အခါမှာတော့ တစ်ယောက်နဲ့ တစ်ယောက် သဘော မတွေ့မှုလေးတွေ ရှိနေတတ်ပါတယ်။ ဒါပေမယ့် တစ်ယောက်ကို တစ်ယောက် နားလည်မှု
ရသွားပြီဆိုရင်တော့ ခွဲထားလို့ကို မရလောက်အောင် ရင်းနှီးသွားတတ်ပါတယ်။
.အကြိုက်ကလည်း တူသလို သူများတွေအမြင်မှာလည်း အဆင်ပြေတဲ့ အတွဲလို့ မြင်စေပါတယ်။ အကယ်၍ ချစ်ခင်စုံမက်လို့ လက်ထပ်ချင်တာကို မိဘတွေက သဘောမတူတာမျိုး ရှိခဲ့မယ်ဆိုရင် တောထဲ တောင်ထဲက ဘုန်းကြီးကျောင်းသွားပြီး နှစ်ယောက်ထဲ လက်ထပ်ရဲတဲ့ စိတ်ဓါတ်လည်း ရှိကြပါတယ်။
အေသွေးအချင်းချင်းရဲ့ တွေ့ဆုံခြင်းကတော့ စိတ်အချရဆုံးနဲ့
နှစ်ဦးခြားမှာ ရှိတဲ့ ချစ်ခြင်းမေတ္တာကိုလည်း ကြာရှည်
ထိမ်းထားနိုင်ပါတယ်။ တစ်ခုပဲ သတိထားစရာ လိုပါတယ်။ တစ်ယောက်ရဲ့ အကြောင်းကို တစ်ယောက်က စပ်စုလွန်းလို့ မကြေနပ်မှုလေးတွေ ဖြစ်နိုင်လို့ပါပဲ။
အေးသွေးပိုင်ရှင် မိန်းကလေးတွေကတော့ တစ်ခါ ချစ်ပြီဆိုရင် ဘယ်တော့မှ
မပြောင်းလဲတတ်တဲ့ စတိုင်လ်မျိုးလည်း ဖြစ်ပါတယ်။ ဒီလို အေသွေးပိုင်ရှင်
အချင်းချင်း ချစ်မိပြီဆိုရင်တော့ သန့်ရှင်းဖြူစင်တဲ့ အချစ်ကို ရမှာ အသေချာပါဘဲ။

အေ-ဘီ (၂၅%)

အေးသွေးနဲ့ ဘီသွေးတွေ့ပြီဆိုရင်တော့ တစ်ဘက်သတ် အချစ်က ပိုများပါတယ်။ အကယ်၍ အေသွေး
ယောင်္ကျားက ဘီသွေးမိန်းမကို ဇနီးအနေရဲ့ ရထားတယ်ဆိုရင်တော့ အဲဒီ့ ယောင်္ကျားဟာ အမြဲတမ်း
စိတ်အပူအပင်မရှိဘဲ နေထိုင်သွားလို့ ရပါတယ်။ အကယ်၍ ယောင်္ကျားက
ဘီသွေးဆိုရင်တော့ ဇနီးသည်ကို ချစ်ချစ်ခင်ခင် ကြင်ကြင်နာနာနဲ့ ဆက်ဆံတတ်ပြီး အားလုံးကို
နားလည်ပေးနိုင်ပါတယ်။ အေသွေး ယောင်္ကျားများကို ကြည့်ရင် အမြဲတမ်းလိုလို တွေ့နိုင်တဲ့ အေးစက်တည်ငြိမ်မှု အတွေးနက်နဲတဲ့ ပုံစံတွေက
အမြဲတမ်း ပျာယာခတ်နေတတ်တဲ့ ဘီသွေး မိန်းကလေးများရဲ့ စိတ်ကို
ညှို့ယူနိုင်ပါတယ်။ ဒါပေမယ့် လိုက်ဖက်ညီမှုကတော့ ၂၅%ပဲ ရှိပါတယ်။

.......................
မှ
•*♥*• မာန်ယုကျော် ( ရွှေဝမြေ )•*♥*

ဆက်ဖတ်ရန်
ပို့စ်တင်သူ ။.............။ လခြမ်းမြီ on
0 ( မှတ်ချက်ရေးချင်ရင် )
ခေါင်းစဉ်အလိုက်ပို့စ်များ |

သွေးအမျိုးအစားကို လိုက်ပြီး လူတွေရဲ့ စိတ်နေစိတ်ထားတွေကို
ခန့်မှန်းလို့လည်း ရပါတယ်..ဒီနေ့တော့ သွေးအုပ်စု လေးမျိုးထဲက အေသွေးပိုင်ရှင်များရဲ့ စိတ်နေစိတ်ထားများကို
ဖော်ပြပေးလိုက်ပါတယ်..အေသွေးပိုင်ရှင်များရဲ့ စိတ်နေစိတ်ထားကတော့ အောက်ပါအတိုင်းပါ..
ငယ်စဉ်ဘ၀မှာတော့ သူတပါးကိုစဉ်းစားပေးတယ်ဆိုတာ သိပ်မရှိခဲ့ဘဲ ကိုယ်အတွက်ကိုသာ
စဉ်းစားတတ်ကြပါသတဲ့။။...
သူတပါးကိုနောက်ပြောင်ရတာကိုလဲ ကြိုက်နှစ်သက်ပါသတဲ့... ဒါပေမယ့် ကြီးပြင်းလာတာနဲ့
အမျှ ငယ်စဉ်ကစရိုက်သဘာဝများက တဖြည်းဖြည်း ပြောက်ကွယ်သွားပြီး သူများတကာတွေ အံ့အားသင့်လောက်အောင်အေးဆေးတည်ငြိမ်တဲ့သူ ဖြစ်လာပါတယ်တဲ့... အရွယ်ရောက်လာတဲ့ အခါမှာတော့ ကိုယ်လုပ်ရမည့်အရာအားလုံးကို တာဝန်သိစွာ လုပ်ကိုင်တတ်သူများ ဖြစ်လာပါတယ်တဲ့... တခါတလေ ပတ်ဝန်းကျင်အခြေအနေ မကောင်းတဲ့ အခါမှာ စိတ်လေလွင့်တတ်ပါတယ်တဲ့... အသစ်အဆန်းတွေကို
စမ်းသပ်လုပ်ကိုင်တာထက် ကျင့်သားရနေတဲ့ ပတ်ဝန်းကျင်မှာ အေးအေးချမ်းချမ်း
ကျင်လည်ရတာကိုနှစ်သက်သူများ ဖြစ်ကြပါတယ်... အလုပ်တစ်ခုကို လုပ်ပြီဆိုရင်လည်း
အလျင်လိုတာမျိုး မရှိဘဲ အဆင့်လိုက်အဆင့်လိုက် တဖြည်းဖြည်းချင်း ဖြေရှင်းတတ်တဲ့ စတိုင်လ် ပါ... သပ်သပ်ရပ်ရပ်စေ့စေ့စပ်စပ်နဲ့အလုပ်တစ်ခုကို ပြီးဆုံးအောင် လုပ်တတ်သူများပါ... နေ့စဉ်နေ့တိုင်း
လုပ်နေကြ အလုပ်တွေကိုပဲ လုပ်နေတတ်လို့ အသစ်အဆန်းကို မရှိဘူးလို့ အပြောခံရတာကိုလည်း
ခံရတတ်ပါတယ်... ဒါ့အပြင် ဘယ်လို အခြေအနေမျိုး မဆို ကြိုက်တယ် မကြိုက်ဘူးဆိုတဲ့ အတွေးဟာ ပြတ်သားလွန်းတာကြောင့် မာဆတ်ဆတ်နိုင်တယ်... ဘုကြတယ် ဆိုပြီး အပြောခံရတာမျိုးလည်း ရှိနိုင်ပါတယ်...
အေသွေးပိုင်ရှင်များရဲ့ သူများနဲ့ မတူ ထူးခြားချက်ကတော့ တနေ့တာအတွင်း
ပေါ်ပေါက် ရင်ဆိုင်ရတဲ့ အလုပ် မှန်သမျှကို စနစ်တကျ ဆောင်ရွက်တတ်ပေမယ့် စိတ်ရှုတ်လွယ်တဲ့
လူမျိုးတွေပါတဲ့... ကိုယ်နဲ့ ဆက်ဆံနေတဲ့ လူတွေကို နွေးနွေးထွေးထွေး ဆက်ဆံတတ်ပြီး သူတပါကို
ပျော်ရွှင်မှုပေးချင်ကြသူများ ဖြစ်ပါတယ်...
တခါတလေမှာတော့ သူများကို မယုံမကြည် ဖြစ်တတ်လို့ ကိုယ့်အကြောင်းတွေကို ဘယ်သူ့ကိုမှ
မပြောဘဲလည်း နေတတ်ပါသတဲ့... ဒီလို မယုံကြည်တတ်တဲ့ သဘောထားကြောင့် လူတွေနဲ့
ဆက်ဆံတဲ့အခါမှာ ကန့်လန့်ကာ တစ်ချပ်ချထားပြီး ဆက်ဆံတတ်ကြပါတယ်တဲ့... ဒီသဘာဝလေးကတော့
သူတို့ရဲ့ မကောင်းတဲ့ အကျင့်လေး တစ်ခုပါတဲ့... ဘ၀ရဲ့ အနှစ်သာရကို
တစ်နေရာမှာဘဲ မရှာဘဲ အားလပ်ရက်ကိုလည်း ခုံမင်တတ်ပါတယ်တဲ့... အားလပ်တဲ့ အခါမှာ လျှောက်လည်ရတာကိုလည်း နှစ်သက်သလို လျှောက်လည်လို့ ကုန်ကျတဲ့ စရိတ်ကိုလည်း မနှမျောပါဘူးတဲ့...
တစ်ယောက်တည်း သီးသန့် ကမ္ဘာလေးကို တည်ဆောက်ချင်သူများ ဖြစ်ပါတယ်... အထက်လူကြီးရဲ့
အဆူခံရတာမျိုးကို ခံပြီးပြီဆိုရင် မေ့လို့ မရဘဲ စိတ်ထဲမှာ သိမ်းထားတတ်တာကြောင့် စိတ်ဖိစီးမှုများရှိနေတတ်ပါတယ်...
ဒေါသထွက်တဲ့အခါမှာလည်း ဒေါသကို ဖော်ပြလေ့မရှိတာကြောင့် စိတ်ဖိစီးမှု
ပိုများတာ ဖြစ်ပါတယ်...စိတ်ဖိစီးမှုတွေများနေတာကြောင့် စိတ်ဓါတ်ကျနေရတဲ့ နေရက်တွေလည်း
ရှိတတ်ပါတယ်တဲ့... ဒါကြောင့်မို့ စိတ်ထဲက မကြေနပ်ချက်လေးတွေကို တခါတလေ ဖော်ပြဘို့ လိုပါတယ်..
............................
မှ
•*♥*• မာန်ယုကျော် ( ရွှေဝမြေ )•*♥*•

ဆက်ဖတ်ရန်
ပို့စ်တင်သူ ။.............။ လခြမ်းမြီ on
0 ( မှတ်ချက်ရေးချင်ရင် )
ခေါင်းစဉ်အလိုက်ပို့စ်များ |

(၁) ဘုရား။
(၂) ကျေးဇူးသိတတ်သူ။
(၃) တရားကိုသိသောသူ။
(၄) တရားအတိုင်း လိုက်နာကျင့်ကြံသူ။
(၅) တရားကို ဟောပြဆိုဆုံးမသူ။

ဆက်ဖတ်ရန်
ပို့စ်တင်သူ ။.............။ လခြမ်းမြီ on
0 ( မှတ်ချက်ရေးချင်ရင် )
ခေါင်းစဉ်အလိုက်ပို့စ်များ |

၁။ ခမာဂုဏ်- မီးမပွားလောက်သည့် အမှုတို့၌ ပမာဏမပြုပဲ သီးခံခြင်း။

၂။ ဇာဂရိယဂုဏ်- သွားခြင်း၊ နေခြင်း၊ အိပ်ခြင်း၊ ၀တ်ခြင်း၊ စားခြင်း စသည်တို့၌ သတိပညာ ထပ်ကြပ်ပါခြင်း။
၃။ ဥဋ္ဌာနဂုဏ်- ခပ်သိမ်းသော အခွင့်တို့၌ ငယ်သူငယ်သားတို့ထက် ၂-ဆ၊ ၃-ဆ တက်၍ လုံ့လရှိခြင်း။
၎။ သံဝိဘာဂဂုဏ်- အလိုက်အထိုက်ကို ချင့်၍ ဝေဖန်ထုံးဖွဲ့ခြင်း။
၅။ ဒယာဂုဏ်- ငယ်သူငယ်သားတို့အား မိမိကဲ့သို့ သနားချစ်ခင် ကြင်နာခြင်း။
၆။ ဣက္ခဏဂုဏ်- အလုံးစုံသော အခွင့်အရေးတို့ကို တွေးမျှော်ဆင်ခြင်ခြင်း။

ဆက်ဖတ်ရန်
ပို့စ်တင်သူ ။.............။ လခြမ်းမြီ on
0 ( မှတ်ချက်ရေးချင်ရင် )
ခေါင်းစဉ်အလိုက်ပို့စ်များ |

၁။ ဒါန- လှူဒါန်းခြင်း။

။ သီလ- ၅ ပါး၊ ၁၀ ပါး သီလ ဆောက်တည်ခြင်း။
၃။ ပရိစ္စာဂ- ပေးကမ်းချီးမြောက် ထောက်ပံ့ခြင်း။
၎။ အဇ္ဖ၀- စိတ်နှလုံး ဖြောင့်မတ်ခြင်း။
၅။ မဒ္ဒ၀- ကိုယ်နှုတ် နူးညံ့ သိမ်မွေ့ခြင်း။
၆။ တပ- ဥပုသ်သီလ ဆောက်တည်ခြင်း။
၇။ အက္ကောဓန- ဒေါသမထွက်ခြင်း။
၈။ အ၀ိဟိံသ- တိုင်းသူပြည်သားများကို မညဉ်းဆဲခြင်း။
၉။ ခန္တီ- သီးခံခြင်း။
၁၀။ အ၀ိရောဓန- တိုင်းသူပြည်သားတို့နှင့် မဆန့်ကျင်ခြင်း။

ဆက်ဖတ်ရန်
ပို့စ်တင်သူ ။.............။ လခြမ်းမြီ on
0 ( မှတ်ချက်ရေးချင်ရင် )
ခေါင်းစဉ်အလိုက်ပို့စ်များ |

စာပေပရိယတ် ကျမ်းဂန်တတ်မှ

မြင့်မြတ်ပေသည် ကြံတွေးရည်၍
ထိုဤ မြို့သို့ သားတော်ပို့သည်
လွမ်းလို့နေရပါတယ်ဘုရား။
ဖခမည်းနှင့် သားကြီးမယ်တော်
လွှမ်းခါမျှော်လည်း
ပေါ်လာလိမ့်နိုး လာလိမ့်နိုးနဲ့
လက်ချိုးရေတွက် နေရပါတယ်ဘုရား။

ကလေးအများ ချောင်းလျှိုကြားမှာ
ငါးရှာ ဖားလိုက် ကစားလိုက်နဲ့
ငယ်ကချိန်လေး စာနဲ့ဝေးသည်
တွေးရင်း ရင်လေးနေရပါတယ်ဘုရား။

ရပ်သူ ရွာသား လူအများမှာ
တရားရေအေး တိုက်ကျွေးမဲ့သူ
မရှိမူ၍
လူသည် လူ့အသိ မရှိကြတော့ပါဘုရား။

သားတော်ငယ်ပေါင်း

ရွာကကျောင်းမှာ


ကျောင်းသားကိုပင် မတွေ့မြင်ရ
ကိုရင်ဘယ်မှာ ဖြစ်ထွန်းပါလိမ့်
သာမဏေ၀ါဝင်း မရှိလျင်းသော်
ရဟန်းဘယ်မှာ ဖြစ်ထွန်းပါလိမ့်
ပင်သာသက်သက်
ခက်လက်မဖြာ သာသနာသည်
တွေးရင်း ရင်လေးနေမိပါတယ်ဘုရား။

သာသနာရင်းမြစ် တောမှဖြစ်လျက်
တောပစ်မြိုပေါ် သားတော်ပျော်က
တော်မတော်ပင် ကြံတွေးဆင်ရန်
လျင်လျင်မြန်မြန် တောရပ်ထံသို့
ပြန်လာခဲ့ပါ သားတော်မောင်ပဉ္ဖင်းဘုရား။

..............
အမည်မသိ  စာဆိုတော်

ဆက်ဖတ်ရန်
ပို့စ်တင်သူ ။.............။ လခြမ်းမြီ on
0 ( မှတ်ချက်ရေးချင်ရင် )
ခေါင်းစဉ်အလိုက်ပို့စ်များ |

သို့

m.s.m.o ရွေးကောက်ပွဲကျင်းပရေးကော်မတီ၊

အကြောင်းအရာ။ ။ရွေးကောက်ပွဲ ရက်စွဲအား ပြန်လည် ပြောင်းရွေ့သတ်မှတ်ပေးပါရန် လျှောက်ထားခြင်းကိစ္စ။

ရိုသေစွာလျှောက်ထားအပ်ပါသည်၊ ဆရာတော်အရှင်သူမြတ်တို့ဘုရား၊ m.s.m.o ဗဟိုကော်မတီဝင်များမှ၊ ၁၅.၁.၂၀၁၁၊ တွင် ပြုလုပ်ကျင်းပခဲ့သော အစည်းအဝေး၏ ဆုံးဖြတ်ချက်အရ၊ m.s.m.o အဖွဲ့၏၊ ဒုတိယအကြိမ် ဗဟိုကော်မတီရွေးကောက်ပွဲအား၊ ၂၇.၂.၂၀၁၁ နေ့တွင် သတ်မှတ်ခဲ့ကြသည်ကို ကြားသိရပါသည်ဘုရား။

သို့ပါသော်လည်း အစည်းအဝေး ခန်းမ ငှါး၍မရခြင်း၊ အချို့သော ရွေးကောက်ပွဲဝင် ကျောင်းသား ရဟန်းတော်များ၏ နာမည်စာရင်း အဆင်သင့် မဖြစ်သေးခြင်း၊ ချင်းမိုင်ကျောင်းသားများ လာရောက်ရန် အခက်အခဲရှိခြင်း၊ ကျောင်းသားစာရင်းများ ပြန်လည်စီစစ်ရန် လိုအပ်ခြင်းတို့ ကြောင့် ရွေးကောက်ပွဲရက်ကို (၁၃ ၊ ၀၃ ၊ ၂၀၁၁) ရက် တနင်္ဂနွေနေ့သို့ ရွေ့ဆိုင်းလိုက်ကြောင်းကိုလည်း ထပ်မံကြားသိရပြန်ပါသည်ဘုရား။

နောက်ဆုံးထပ်မံ သတ်မှတ်လိုက်သော ၄င်း ၁၃၊ ၀၃၊ ၂၀၁၁ နေ့သည်လည်း ဘုရားတပည့်တော်တို့ ချင်းမိုင်းတက္ကသိုလ်ကျောင်းသားများ၏၊ စာမေးပွဲဖြေဆိုရမည် ရက်နှင့် တိုက်ဆိုင်နေပါသောကြောင့်၊ ၄င်း ၁၃၊ ၀၃၊ ၂၀၁၁ နေ့အား ပြန်လည် ပြင်ဆင် သတ်မှတ်ပေးတော်မူကြပါရန် ရိုသေစွာ လျှောက်ထားအပ်ပါသည်၊ ဆရာတော်သံဃာတော် အရှင်သူမြတ်တို့ဘုရား။

လျှောက်ထားသူများ
ချင်းမိုင်ကျောင်းသားရဟန်းတော်များ၊
ချင်းမိုင်မြို့၊ ထိုင်းနိုင်ငံ။

မှတ်ချက်။ ။(ချင်းမိုင်ကျောင်းသားများမှ ပို့ပေးလာသော စာအား၊ ပြန်ကြားရေးမှ တင်ပြအပ်ပါသည်)။

ဆက်ဖတ်ရန်
ပို့စ်တင်သူ ။.............။ လခြမ်းမြီ on
0 ( မှတ်ချက်ရေးချင်ရင် )
ခေါင်းစဉ်အလိုက်ပို့စ်များ |

ထိုင်းနိုင်ငံ၊ချင်းမိုင်မြို့ ရွှေ့ပြောင်းအလုပ်သမား ရခိုင်မိသားစုများဖြစ်ကြသော ကိုဝင်အောင်တို့က  Mahachulalongkorn တက္ကသိုလ်တွင် ပညာသင်ကြားနေကြသော မြန်မာ့ကျောင်းသားရဟန်းတော်များအား ဆွမ်းကပ်လှူဒါန်းပြီး ထိုင်းဘတ်ငွေ (၁၅၀၀) နှင့် ညီမျှသော ဆန် (၁) အိပ်ကို ယနေ့ (၂၆.၂ .၂၀၁၁) နေ့တွင်  (MMSA)  မြန်မာရဟန်းကျောင်းသားများအဖွဲ့တာဝန်ခံပုဂ္ဂိုလ်များထံသို့လှူဒါန်းလိုက်ပါ ကြောင်း သတင်းရရှိသည်။

ဆက်ဖတ်ရန်
ပို့စ်တင်သူ ။.............။ လခြမ်းမြီ on
0 ( မှတ်ချက်ရေးချင်ရင် )
ခေါင်းစဉ်အလိုက်ပို့စ်များ |

ထိုင်းနိုင်ငံ၊ချင်းမိုင်မြို့ ရွှေ့ပြောင်းအလုပ်သမား မြန်မာမိသားစုများဖြစ်ကြသော ဒေါ်မီမီတို့စုပေါင်း၍ Mahachulalongkorn တက္ကသိုလ်တွင် ပညာသင်ကြားနေကြသော မြန်မာ့ကျောင်းသားရဟန်းတော်များအား ထိုင်းဘတ်ငွေ (၂၆၀၀) နှင့် ညီမျှသေည ဆန်(၂)အိပ်ကို ယနေ့ (၂၂.၂ ၂၀၁၁) နေ့တွင် (MMSA) မြန်မာရဟန်းကျောင်းသားများအဖွဲ့တာဝန်ခံပုဂ္ဂိုလ်များထံသို့

လှူဒါန်းလိုက်ပါ ကြောင်း သတင်းရရှိသည်။

ဆက်ဖတ်ရန်
ပို့စ်တင်သူ ။.............။ လခြမ်းမြီ on Thursday 24 February 2011
0 ( မှတ်ချက်ရေးချင်ရင် )
ခေါင်းစဉ်အလိုက်ပို့စ်များ |

Listening ပိုင်းတွင် သတိပြုရမည့်အချက်များ
 - ရံဖန်ရံခါ ယခင်စာမေးပွဲများမှ စည်းမျဉ်းစည်းကမ်းများနှင့် မတူသောကြောင့် စာမေးပွဲစည်းမျဉ်းစည်းကမ်းများကို သေချာစွာ ဂရုစိုက်၍ ဖတ်ရှုပါ။
- Speaker မှပြောနေသော အချက်အလက်များကို သေချာစွာ အာရုံစိုက်၍ ကြိုးစားနားထောင်ပါ။
- Score များများရရှိနိုင်ရန် အပိုင်း ၁နှင့် ၂ မှ မေးခွန်းအားလုံးကို ဖြေဆိုပါ။ လွယ်ကူသောအပိုင်းများတွင် အမှားမပါအောင် ဂရုစိုက်ပါ။
- တစ်ခါတစ်ရံတွင် သေးငယ်သည်ဟုထင်ရသော အမှားများကအမှတ်ကိုလျှော့စေနိုင်ပါသည်။ စာလုံးပေါင်းသတ်ပုံအား သေချာစွာ ဂရုစိုက်၍ စစ်ပါ။
- Speaker မှ ပြောဆိုနေသော အချက်အလက်မှာ ခက်ခဲနေခြင်း သို့မဟုတ် မြန်နေပါက မကြောက်ပါနှင့်။ စိတ်အေးအေးထား၍ သေချာအာရုံစိုက်၍ နားထောင်ပါ။
- ဖတ်ခြင်း၊ ရေးခြင်း နှင့် နားထောင်ခြင်းတို့ကို တစ်ပြိုင်နက် ပြုလုပ်ပါ။ ဤသို့ပြုလုပ်ရန် ခက်ခဲသော်လည်းကြိုးစားလုပ်ဆောင်ပါ။
- Listening အတွက် နောက်ဆုံးသတိပြု ရမည့်အချက်မှာ မေးခွန်းအားလုံးဖြေဆိုပါ။ ကွက်လပ်မထားခဲ့ပါနှင့်။

Reading အပိုင်းတွင် သတိပြုရမည့်အချက်များ

- မေးခွန်းတစ်ခုစီအတွက် အဖြေကို စဉ်စားရာ၌ အချိန်လွန်စွာမကြာသင့်ပါ။ မသေချာသောအဖြေကို မဖြေပဲထားခဲ့ပါ။ အခြားအဖြေအားလုံးကိုဖြေဆိုပြီးနောက် အချိန်ရပါက ကျန်ခဲ့သောအဖြေများကို ပြန်လည်ဖြေဆိုပါ။
- စာပိုဒ်၌ပေးထားသော အကြောင်းအရာကို မသိလျှင်စိတ်မပူပါနှင့်။ အဖြေအားလုံးစာပိုဒ်ထဲတွင်ပါပြီးဖြစ်သောကြောင့် သင့်တွင် Specialist Knowledge ရှိရန်မလိုပါ။
- အဓိကသတိထားရမည်အချက်မှာ အဖြေတွင်ရေးရန် အချိန်ပိုရမည်မဟုတ်ပါ။ စာဖြေသူအများစုမှာ Listening ပိုင်း၌ အချိန်ရသလို Reading ပိုင်း၌ပါ အချိန်ရမည်ဟုထင်ကြသည်။ သို့သော်မရပါ။
 - စာမေးပွဲမဖြေဆိုသေးခင်ကာလ၌ အင်္ဂလိပ်ဘာသာဖြင့်ရေးသားထားသော သတင်းစာ၊ မဂ္ဂဇင်း သို့မဟုတ် ဂျာနယ်များဖတ်ရှုခြင်းမှာ စာမေးပွဲအတွက် အထောက်အကူဖြစ်စေနိုင်ပါသည်။
- စာပိုဒ်များအား ဖွဲ့စည်းထားသောပုံစံကို သေချာလေ့လာပါ။
- ပေးထားသော အကြောင်းအရာအားစဖတ်ရာ၌ စာပိုဒ်၏ဆိုလိုချက်ကို ကြိုးစားခန့်မှန်းပါ။
- မိမိမသိသော စကားလုံးအား အချိန်ကုန်ခံ၍ မစဉ်းစားပါနှင့်။
- စာပိုဒ်တွင်အဖြေပါရှိပါက ထိုအဖြေအားကူးယူရာတွင် သေချာဂရုစိုက်၍ကူးယူပါ။
- စာလုံးပေါင်းသတ်ပုံအား သေချာစစ်ပါ။
- အဖြေတစ်ခုသာလိုအပ်လျှင် တစ်ခုသာဖြေဆိုပါ။ မလိုအပ်ပဲရှည်လျားစွာဖြေဆိုခြင်းကိုရှောင်ပါ။
- နောက်ဆုံးသတိထားရမည့်အချက်မှာသဒ္ဒါအသုံးပြုရာ၌ ဧကဝုဒ်၊ ဗဟုဝုဒ် (Plural/ Singular Noun) များကိုအထူးဂရုပြုပါ။

Writing ပိုင်းတွင် သတိပြုရမည့်အချက်များ

- (အဓိကစာကလုံး) Key Word များအားဝိုင်းပါ။
- စာပိုဒ်များအားမြင်သာအောင်ခွဲခြားပါ။
- တူညီသော အချက်အလက်များကို မတူညီသောစကားလုံးများဖြင့် ထပ်ခါတလဲလဲဖြေဆိုခြင်းကို ရှောင်ကျဉ်ပါ။
- မေးထားသော အကြောင်းအရာမှ သွေဖီမသွားစေရန်ဂရုပြုပါ။
- Writing ဖြေဆိုမည့်အချိန်အား သေချာစွာ ဂရုပြုပါ။ Task Two တွင် အမှတ်ပိုရနိုင်သဖြင့် ဖြေဆိုရာတွင် အချိန်ပေး၍ဖြေဆိုပါ။ မလောပါနှင့်။
- စာပိုဒ်တစ်ခုစီတွင် ထင်မြင်ယူဆချက် စိတ်ကူးတခုအကြောင်းကိုသာ ဆွေနွေးခြင်းဖြင့် အမှတ်များများရနိုင်ပါသည်။
- IELTS Exam Format နှင့် မကိုက်ညီသော ရင်းရင်းနှီးနှီးပြောဆိုရာ၌သုံးသော Informal Words ကိုအသုံးပြုခြင်းမှ ရှောင်ကျဉ်ပါ။
- စာမေးပွဲအတွက် ပြင်ဆင်ရာ၌ မိမိလက်ရေးနှင့် ရေးပါက စကားလုံး ၁၅ဝအား စာရွက်မည်မျှကုန်နိုင်မည်ဆိုတာကို ခန့်မှန်းချေသိအောင်လုပ်ထားပါ။ စာမေးပွဲခန်းတွင် စကားလုံးရေတွက်ရန်အချိန်မလုံလောက်ပါ။
- Writing ပိုင်းအတွက်ပြင်ဆင်ရာ၌ မိမိရေးထားသော Essay များကိုအချိန်တိုအတွင်း ပြန်လည်ဖတ်ရှု ၍ ပြင်ဆင်နိုင်ရန် စာကိုလျှင်မြန်စွာဖတ်ရှုနိုင်သည့်အရည်အချင်း (Skimming and Scanning Skill) ရှိရန်ပြင်ဆင်ထားပါ။
- မေးထားသောမေးခွန်းများအား အလွတ်ကျက်ထားသော စံပြအဖြေများဖြင့် ဖြေဆိုခြင်းအားရှောင်ကျဉ်ပါ။ Essay များကိုအလွတ်ကျက်၍ချရေးပါက မေးထားသော အဓိကအကြောင်းအရာနှင့်လွဲတတ်၍ အမှားများတတ်ပါသည်။

Speaking ပိုင်းတွင်ဂရုစိုက်ရမည့်အချက်များ

- Speaking Test တွင် သဒ္ဒါအသုံးအနှုန်းကျွမ်းကျင်မှုကိုသာမက စကားပြောဆိုဟန်၊ အသံနေအသံထားစသော အချက်များကိုပါ အမှတ်ပေးပါသည်။
- စာမေးပွဲစစ်ဆေးသူ ဆရာ၊ဆရာမများသည် ကြိုတင်ကျက်မှတ်ပြောဆိုခြင်း သို့မဟုတ် အလွတ်ပြောဆိုနေခြင်းအား ခွဲခြားသိနိုင်ရန်လေ့ကျင့်ထားသူများဖြစ်သဖြင့် အဖြေများအား ကြိုတင်အလွတ်ကျက်ခြင်းမှ ရှောင်ကျဉ်ပါ။
- မိမိပြောနေသောကြောင်းရာအားချဲ့နိုင်သမျှချဲ့ ၍ဖြေဆိုပါ။
- မိမိပြောရမည့် အကြောင်းရာအား ဆွေးနွေးရာ၌ စာမေးပွဲစစ်ဆေးသူ ဆရာ၊ဆရာမများထက် ပို၍ပြောဆိုပါ။ မေးသောအချက်ထက် ပို၍ချဲ့ထွင်ပြောဆိုပါ။
- စာမေးပွဲစစ်ဆေးသူ ဆရာ၊ဆရာမ ပြောသောအချက်အားနားမလည်ပါက ပြန်မေးပါ။
- IELTS စာမေးပွဲသည် ဗဟုသုတကို ဆန်းစစ်သောစာမေးပွဲမဟုတ်သဖြင့် စံသတ်မှတ်ထားသောအဖြေတစ်ခုဟူ၍ မရှိပါ။ အကြောင်းအရာတစ်ခုအားဆွေးနွေးရာ၌ မိမိ၏ကိုယ်ပိုင်ထင်မြင်ချက်ကိုထည့်သွင်းဖြေဆိုခြင်းဖြင့် အမှတ်ကောင်းရနိုင်ပါသည်။
- Speaking Test ဖြေဆိုရာတွင် ချောမွေ့စေရန် မိမိအိမ်တွင်အသံသွင်း၍ ပြန်နားထောင်ခြင်းဖြင့်လေ့ကျင့်ပါ။

ဆက်ဖတ်ရန်
ပို့စ်တင်သူ ။.............။ လခြမ်းမြီ on Friday 18 February 2011
0 ( မှတ်ချက်ရေးချင်ရင် )
ခေါင်းစဉ်အလိုက်ပို့စ်များ |

People love to visit museums when traveling to new places. I think this is because museums tell them a lot about the culture of those places.    Museums are also fun. It’s almost impossible to get bored in a museum. Every museum will have at least one thing of interest to somebody.
   When visiting someplace new, you can find out about the culture of that place in many ways. You can go to a movie or a place of worship or a nightclub. Another option is to sit in the park and listen to the people around you. The easiest way to learn about a place's culture, though, is by visiting its museums. Museums will show you the history of the place you're visiting. They’ll show you what art the locals think is important.
If there aren't any museums, that tells you something, too.
    Museums are fun. Even if you're not interested in art or history, there is always something to get your attention. Many museums now have what they call "hands-on" exhibits. These were originally designed to keep children occupied while their parents were looking at exhibits. However, museums have found that adults enjoy hands-on opportunities just as much as children. These exhibits have activities like pushing a button to hear more about what you're looking at, creating your own work of art, or trying on clothes like those on the models in the museum.
     People also enjoy visiting museums about unusual subjects. For instance, in my hometown there's a museum devoted to the potato. This museum has art made out of potatoes. It also tells all about the history of the potato, and sells potato mementos like key chains and potato dolls.
People enjoy visiting this museum because it's different. It’s not something they'd find in their hometown and the museum's curator enjoy talking about the Great Potato.
     Museums are popular because they are about us. They reflect our creations, our values, and our dreams. No matter who you are or what you like, somewhere there is a museum that will amaze and interest you.

ဆက်ဖတ်ရန်
ပို့စ်တင်သူ ။.............။ လခြမ်းမြီ on
0 ( မှတ်ချက်ရေးချင်ရင် )
ခေါင်းစဉ်အလိုက်ပို့စ်များ |

I disagree strongly with the idea that the same amount of money should go to university sports activities as to university libraries. Although playing sports is a wonderful way to learn about teamwork, strategy and reaching your goals, it should not be the principal focus of a university education.
   Students need the most up-to-date library facilities available to get the best education. Many of those facilities are very expensive to buy and maintain. These include computerized programs and access to internet research databases that students can use to find information all around the world. If a university is only offering its students resources of a decade ago, it’s depriving those students of a tremendous amount of information.
   Even the book and magazine budget of universities has gone up tremendously in last decade. More is being published on every subject, and every university wants to have this information available to its students.
    It also costs money for universities to keep their libraries open. Students need to have access to all the libraries' research tools as much of time as possible. Because students are young and can stay up all night studying, many universities are starting to leave their libraries open all night during exam periods. This costs money, because the staff has to be paid extra to be there. It also costs money to run the building (electricity, heat) during that time.
    Students at universities are only going to benefit from their education if they can get to all the tools they need to learn. Sports are secondary to the resources that students need from university libraries. For this reason, libraries should always be better funded than sport activities.


ဆက်ဖတ်ရန်
ပို့စ်တင်သူ ။.............။ လခြမ်းမြီ on
0 ( မှတ်ချက်ရေးချင်ရင် )
ခေါင်းစဉ်အလိုက်ပို့စ်များ |






One of the most important events in the Thai Buddhist calendar is Makha Bucha Day (sometimes spelled Magha Puja). It takes place on the full moon day of the third lunar month which is usually late February or early March. This year it was today, 28th February 2010. Like many Thai people, I was up early this morning before the sun rose to go and visit my local temple. I took my first picture at Wat Klang in Paknam shortly before 7 a.m. There was already hundreds of local people there making merit.
There were many food stalls outside the temple selling various food such as curries and Thai desserts. However, these weren’t for the lay people to buy to take home and eat. These were pre-cooked food to give to the monks in order to make merit. Strictly speaking, to make the most merit you need to prepare the food yourself, but who has time for that these days? After choosing the food that they wanted to offer, the vendor then worked out the cost.
Once they had bought a tray load of food, they then usually squatted down, held the tray up to the level of their forehead and then said a small prayer. There was also a small Buddha shrine there which people paid respect to. Next they then added the rice and bags of curries to a long line of alms bowls. The monks weren’t actually sitting there which always seems a bit strange to me. But, I guess the Thai people felt they were still making the merit.
I have been to a number of different temples on days like this one and it is quite often the same set-up. There is often a line of beggars or local poor people who are hoping that the Buddhists will also want to make merit by giving some spare change to them. Not everyone did this but considering there were hundreds of people at this one temple, they should have made some decent money. In addition, many temples often hand out excess food to poor people on days like this when they are overwhelmed.
Once the people had made merit they made their way to an open area in front of a long narrow platform. This is where the monks from the temple were sitting waiting to start the chanting. It was a good turnout this morning. Very impressive. The chanting went on for about an hour. There was also a sermon from the abbot. People also had an opportunity to make a personal offering of essential items or food to their favourite monk. Most people would then go home though others might stay the whole day and practice meditation.
In the late afternoon or evening, people headed back to their local temples for “wien tien” which is a kind of candlelight procession around the ordination hall or chedi. I decided to go to Wat Asokaram in Samut Prakan which is a very famous meditation temple in Thailand. Many people had been staying here over the long weekend. They wore white clothes and practised meditation. The real “wien tien” is with candles in the evening after the chanting which usually starts at about 7.30 p.m. But many people went earlier to walk around the temple three times in a clockwise direction.
I have posted many more pictures over at www.paknamphotos.com. I also posted live pictures today on my twitter account @RichardBarrow from each location.


..................
  Richard Barrow

ဆက်ဖတ်ရန်
ပို့စ်တင်သူ ။.............။ လခြမ်းမြီ on
0 ( မှတ်ချက်ရေးချင်ရင် )
ခေါင်းစဉ်အလိုက်ပို့စ်များ |

အမေး။ ။မြတ်စွာဘုရားက သင်္ကန်းအရောင်ကို ဘယ်လို သတ်မှတ်ခဲ့ပါသလဲဘုရား၊ ၀ိနည်းတော်နဲ့ကိုက်ညီတဲ့ သင်္ကန်းနဲ့အရောင်ကို သေချာစွာ ရှင်းပြပေးတော်မူပါဘုရား။
ကိုညီညီအောင်
မင်းဘူးမြို့နယ်၊ မကွေးတိုင်း၊

အဖြေ။ ။ သင်္ကန်းအရောင်နဲ့ပတ်သက်ပြီး ဘုရားရှင်လက်ထက်တော်က ဘယ်အရောင်ဝတ်ရမယ်ဆိုတာ အတိအကျ မဖေါ်ပြထားပေမဲ့ မဟာဝါ စီဝရက္ခန္ဓကမှာ မအပ်တဲ့သင်္ကန်းအရောင် ခြောက်မျိုးကို ဘုရားရှင်က ပညတ်ထားတာတွေ့ရတယ်။ မ၀တ်အပ်တဲ့သင်္ကန်းအရောင်ခြောက်မျိုးက..
(၁)အလုံးစုံ ညိုမောင်းတဲ့အရောင်။ (၂) အ၀ါရောင်။ (၃) အနီရောင်။ (၄) မည်းနက်တဲ့အရောင်။ (၅) ကင်းခြေများကျောကုန်းအရောင်။ (၆) ဖက်ရွက်ရော်လို ဖျော့တော့တဲ့အရောင်များဖြစ်ကြတယ်။ဒီ ခြောက်မျိုးဟာ သင်္ကန်းအတွက်မအပ်တဲ့အရောင်များဖြစ်ပါတယ်။
နားလည်အောင်တစ်ပါးစီ ပြောရရင် ညိုတယ်ဆိုတာ ဆံပင်နက်ညိုမဟုတ်ပါဘူး။ ကောင်းကင်အရောင် ပြာညိုမျိုးဖြစ်တယ်။ဒါကြောင့် သင်္ကန်းအပြာရောင် မဆိုးအပ်ဘူး။ မောင်းတယ်ဆိုတာက အမဲ အပြာ အနီ သုံးရောင်စပ်ထားတဲ့ မဉ္ဇိဋ္ဌ အနီဖျော့ ပန်းရောင်ကိုခေါ်တယ်။ ဒီပန်းရောင်လဲ မဆိုးအပ်ဘူး။ ပီးတော့ အ၀ါရောင်ဆိုတာက ၀ါရွှေတဲ့အရောင်၊ ဖြစ်တယ်။ ဒီဝါရွှေတဲ့အရောင်လဲ မအပ်ပါဘူး။ အနီရောက်ဆိုတာက ဒီနေရာမှာ နီလွန်းတဲ့အရောင်ဖြစ်တယ်၊ လယ်ခေါင်ရမ်းပွင့်အရောင်နဲ့နှိုင်းပြထားပါတယ်။ ယခုအခါ ကြက်သွေးအရောင်၊ ငါးရှဉ့်သွေးအရောင်များလို့ခေါ်နေကြတဲ့အရောင်များဖြစ်တယ်။ ထိုအရောင်ကိုလဲမဆိုးကောင်းပါဘူး။ နောက်တစ်ခု နက်သောအရောင်ဆိုတာကို ဆင်ပုတီးစေ့အဆင်းနဲ့နှိုင်းထားပါတယ်။ ဆင်ပုတီးစေ့ဟာ မီးသွေးလိုမည်းနက်နေတဲ့အတွက် သင်္ကန်းကို မီးသွေးအရောင်လဲ မဆိုးသင့်ပါဘူး။ ပီးတော့ ကင်းခြေများရဲ့ကျောကုန်း အရောင်ဖြစ်တယ်။ ကင်းခြေများရဲ့ကျောကုန်းအရောင်နဲ့စပ်လို့ပြောရရင် မြန်မာပြည်မှာတော့ ဒေသနဲ့ရာသီဥတု မတူညီမှုကြောင့် အရောင်များပြောင်းလဲတာတွေ တွေ့ရပါတယ်။ ဧရာဝတီဒေသမှာဖြစ်တဲ့ ကင်းခြေများနဲ့ အောက်ပြည် အောက်ရွာမှ ဖြစ်တဲ့ ကင်းခြေများရဲ့အရောင် မတူညီကြပါဘူး။ ဧရာဝတီဘက်မှာဆိုရင် ကင်းခြေများရဲ့ကျောကုန်းအရောင်ဟာ အများအားဖြင့် မည်း(မဲ)နေတာတွေ့ရပါတယ်။ အချို့ကင်းခြေများအရောင်က အစိမ်းဖက်ကို လုပြီး အစိမ်းပုပ်ရောင်မျိုး ဖြစ်တယ်။ စာရေးသူတို့ တနင်္သာရီတိုင်းဒေသ အတွင်းမှာတော့ ကင်းခြေများရဲ့ကျောကုန်းအရောင်ဟာ နီညိုဖြစ်တယ်။ ဒီနီညိုရောင်သင်္ကန်းမျိုးက ယခုမြန်မာပြည်မှာ အများဆုံးဝတ်ကြတဲ့သင်္ကန်း အရောင်မျိုးဖြစ်တယ်။ အမှန်တော့ မြန်မာပြည်မှာရှိတဲ့ ကင်းခြေများရဲ့အရောင်ဟာ အမျိုးမျိုးရှိကြတဲ့အတွက် တစ်ထစ်ချ သတ်မှတ်လို့မရပါဘူး။ ဘုရားရှင်ပညတ်တော်မူခဲ့တာက မဇ္ဈိမဒေသ ဖြစ်တယ်ဆိုတာ သတိထားမဲ့အချက်တစ်ခုပါ။
ဒါကြောင့် အိန္ဒိယဒေသတစ်ခွင်မှာ ရှင်သန်လေ့ရှိတဲ့ ကင်းခြေများရဲ့ကျောကုန်းအရောင်ကို ယူရင်ပိုပြီးတိကျပါလိမ့်မယ်။ ဒါဖြင့် အိန္ဒိယဒေသမှာဖြစ်တဲ့ ကင်းခြေများရဲ့ကျောကုန်းအရောင်က ဘာအရောင်လဲလို့မေးရင် တိတိပပ မပြောနိုင်ပါ။ ဒါကြောင့် ပညာရှိများ အရောင်အတိအကျကို ကျမ်းဂမ်မှာတွေ့ခဲ့ရင် ဖေါ်ပြပေးတော်မူကြဖို့ မျှော်လင့်ပါတယ်။ နောက်တစ်ခုက ဖက်ရွက်ရော်လို ဖျော့တော့တဲ့အရောင် ဖြစ်တယ်။ အခုဖေါ်ပြခဲ့တာတွေက မအပ်စပ်တဲ့သင်္ကန်းအရောင်ခြောက်မျိုးဖြစ်ပါတယ်။
တစ်ခါ အပ်စပ်တဲ့အရောင်ကို ပြောရရင် အနီ၊ အညို၊ အ၀ါ ရောယှက်ပြီး မနီလွန်း မညိုလွန်းသောအရောင်ရှိတဲ့သင်္ကန်းကို ဘုရားရှင်နဲ့ တပည့်ရဟန်းများ ၀တ်ရုံတော်မူကြတယ် လို့ အဂ္ဂမဟာပဏ္ဍိ ဘဒ္ဒန္တ ကုဏ္ဍလမထေရ် ရေးသားပြုစုတော်မူတဲ့ မဟာသုတဒီပနီကျမ်းမှာ ဖေါ်ပြထားပါတယ်။ ထိုဖေါ်ပြချက်ဟာ ဘုရားရှင် တားမြစ်တော်မူခဲ့တဲ့ မအပ်စပ်တဲ့သင်္ကန်းအရောင်ခြောက်မျိုးမှာ မပါတဲ့အတွက် သင့်မြတ်လှပါ ကြောင်း။
ဝိနည်းတော်နဲ့အညီ သင်္ကန်းပုံသဏ္ဍာန်
သင်္ကန်းကို လယ်ကန်သင်းလို လယ်ကွက်ပုံစံ ခွင့်ပြုတော်မူခဲ့ပါတယ်။ ဒါနဲ့စပ်လို့ ဘုရားရှင်ဟာ တစ်နေ့ ရာဇဂြိုဟ်ပြည်မှ ဒက္ခိဏဂီရိဇန ပုဒ်ကို ဒေသစာရီကြွချီတော်မူရာ လမ်းခလပ်မှာ မဂဓတိုင်းသားတို့ရဲ့ လယ်ကန်သင်းပြုလုပ်ထားပုံကို မြင်တော်မူပါတယ်။ လေးထောင့်ကန်လယ်ကွက်နှစ်ကွက်ရဲ့အကြားမှာ လမ်းကလေးတစ်ခုရှိနေတယ်။ ဒါဟာ လယ်ကွက်နှစ်ခုရဲ့ကြားမှာ လယ်ကိုရေသွင်းဖို့ ဖွဲ့ထားတဲ့ ရေမြောင်းငယ်ဖြစ်တယ်။ စနစ်တကျဖွဲ့ထားတဲ့ မာဂဓတို့ရဲ့လယ်မြေကွက်ကို မြင်တောမူတဲ့အတွက် ဘုရားရှင်က “အာနန္ဒာ….မာဂဓတို့ရဲ့လယ်ကန်သင်းကို တွေ့တယ်မဟုတ်လား” လို့မေးတောမူပါတယ်။ အရှင်အာနန္ဒာက “မြင်ပါတယ်ဘုရား”လို့လျှောက်ထား တယ်။ ထိုအခါဘုရားရှင်က “ အာနန္ဒာ……..မာဂဓတို့ရဲ့လယ်ကန်သင်းပုံစံမျိုး သင်္ကန်းကို စီရင်နိုင်မလား” မေးတော်မူတော့ “ စီရင်နိုင်ပါတယ် ဘုရား” လို့ အရှင်အာနန္ဒာက ပြန်လည်လျှောက်ထားတယ်။ ရာဇဂြိဟ်ပြည်ပြန်ရောက်တော့ သင်္ကန်းကို လယ်ကွက်ပုံစံဖြတ်တောက်ပြီး ချူပ်လုပ်ပါ တယ်။ ချုပ်လုပ်ပြီးတဲ့သင်္ကန်းကို ဘုရားရှင်အား ပြတော်မူတဲ့အခါ ဘုရားရှင်က ရှင်အာနန္ဒာအားချီးမွန်းတော်မူပါတယ်။ အဲဒီမှာ ဘုရားရှင်က မဖြတ်တဲ့သင်္ကန်းကို မသုံးဆောင်ရ ဖြတ်ထားတဲ့ ဒုကုဋ်၊ ကိုယ်ရုံသင်္ကန်းများ၊သင်းပိုင်များကိုသာ သုံးဆောင်ရမယ်လို့ ခွင့်ပြုတော်မူပါတယ်။
သင်္ကန်းကို အပိုင်းပိုင်းဖြစ်အောင်ဖြတ်ပြီး လယ်ကွက်ပုံစံလို ချုပ်လုပ်ရမယ်လို့ဆိုလိုပါတယ်။ သင်္ကန်းကို မဖြတ်ဘဲ ပြောင်ချောထားပြီး အနားလုံးကာ ချုပ်ဝတ်လို့မရဘူးလား၊ ဘာကြောင့် လယ်ကွက်လို ဖြတ်ချုပ်ပြီးမှ ၀တ်ခွင့်ပြုရတာလဲလို့ မေးစရာ တစ်ခုရှိပါတယ်။
လယ်ကွက်ပုံသဏ္ဍာန် ဖြတ်ချုပ်ရတဲ့အကြောင်းက (၁) သူခိုးဓားမြများက သင်္ကန်းကိုမျက်စိကျပြီး အန္တရာယ်ပြုမှာစိုးတာကတစ်ကြောင်း။ (၂) စနစ်တကျချုပ်ထားတဲ့အတွက် ကြည်ညိုဖွယ်ဖြစ်တာကတစ်ကြောင်း။ (၃) ရဟန်းတော်များဟာ ကောင်းမှုမျိုးစေ့တို့ရဲ့တည်ရာ လယ်ယာမြေနဲ့တူ တယ်ဆိုတဲ့အဓိပ္ပါယ်ကို ဆောင်တာကတစ်ကြောင်း ဒီအကြောင်းသုံးမျိုးကြောင့် သင်္ကန်းကို လယ်ကွက်ပုံစံလေးထောင့်အပိုင်းများ ပိုင်းဖြတ်ပြီး ချုပ်လုပ်စေခြင်းဖြစ်ပါတယ်။
သင်္ကန်းရဲ့ အလျား x အနံ ပမာဏ
ဘုရားရှင်ရဲ့သင်္ကန်းတော်ပမာဏနဲ့သင်္ကန်းတော်ပမာဏထက်သာလွန်တဲ့သင်္ကန်းမျိုးကို သုံးဆောင်ရင် ပါစိတ်အာပတ်သင့်စေလို့ပညတ် ချက်ရှိပါတယ်။ဒါကြောင့်ရဟန်းတော်များရဲ့သင်္ကန်းဟာ ဘုရားရှင်ရဲ့သင်္ကန်းတော်အောက် ငယ်ရပါမယ်။ ဘုရားရှင်ရဲ့သင်္ကန်းတော်ပမာဏက အလျား ၉ ထွာ၊ အနံ ၆ ထွာဖြစ်တယ်။
တစ်ခါသင်္ကန်းရဲ့ အတိုဆုံးပမာဏကို ပထမကထိနသိက္ခာပုဒ် ကင်္ခါမှာ ဧကသီ၊သင်္ကန်းကြီးအတွက် အလျား ငါးတောင် တောင်ဆုပ်၊ အနံ သုံးတောင် တောင်ဆုပ်။ သင်းပိုင်အတွက် အလျားက ဧကသီအတိုင်း ငါးတောင် တောင်ဆုပ်၊ အနံ က နှစ်တောင် လို့ဆိုထားပါတယ်။ အကြီးဆုံးပမာဏက ဘုရားရှင်ရဲ့သင်္ကန်းတော်အောက်ပမာဏရှိရင် သုံးဆောင်အပ်ပါတယ်။


ဆက်ဖတ်ရန်
ပို့စ်တင်သူ ။.............။ လခြမ်းမြီ on Thursday 17 February 2011
0 ( မှတ်ချက်ရေးချင်ရင် )
ခေါင်းစဉ်အလိုက်ပို့စ်များ |


     
       
 ထမနဲပွဲ မီးပုံပွဲ နှင့် တပို့တွဲလ

ပေါက်လဲရယ်တဲ့ ပွင့်စီစီ။
ဝတ်ပန်းသူရာရေကြောင့်
ဆက်ရက်တွေသံစုံကျူးတယ်
မြူးသည့်ရာသီ ။
ငွေသော်တာ ကြယ်မဃငယ်နှင့်
ထွန်းလျှံပပြည့်ကာညီ
ပြာရီလဲ့မြူခိုး ။
ယာဂုပွဲတော်ကိုတဲ့
လှူမြဲအလွန်ရွှင်လို့
ခုနစ်စင် တာရာလျှမ်းသည်နှင့်
ဆူးပန်းတွေ ဝေေ၀ပွင့်ကြတယ်
ထူးတင့်မညှိုး
တပို့တွဲလရာသီကဗျာကို ပညာရှင်များကဤသို့စပ်ဆိုကြသည် ။  တပို့တွဲလသည် မြန်မာလ၏11လမြောက်သောလဖြစ်၏ဆောင်းဥတု၏ကုန်ဆုံးရန်နောက်ဆုံးလထဲလည်းပါ၏ တပိုလ၏နောက်ဆုံးအပတ်သည် အချမ်းဆုံးအချိန်ဟူပင်ဆိုကြသည် ။ ထို့ကြောင့်
တပို့တွဲလ၌ အချမ်းပိုသည် ။ မြတ်စွာဘုရားရှင်၏လက်ထက်၌ တပို့တွဲမှတပေါင်းသို့အကူးအကြား ရှစ်ရက်သည် အလွန်အေးမြသည် ။ ၀ိနည်းတော်အရဘုရားရှင်သည် ရဟန်းတို့ကို မီးမလှူံရန်တားမြစ်ပိတ်ပင်ထားသည် ။ တားမြစ်ရခြင်းအကြောင်းမှာ မိးနှင့် မျက်စိမသင့်ခြင်း ၊ မီးလှုံခြင်း ကြောင့်အဆင်းပျက်ခြင်း ၊
ခွန့်အားဆုတ်ယုတ်ခြင်း ၊မီးလှုံရင်းအပေါင်းအဖော်တို့နှင့်မွေ့လျော်နေခြင်း၊ ယင်းတို့နှင့်အကျိုးမရှိသောစကားများကို ပြောဆိုခြင်းဟု၍ဖြစ်သည်။ သို့ရာတွင် အဆိုပါ တပို့တွဲလအကုန် တပေါင်းလအကူး ကြားရှစ်ရက်သည် အလွန်အေးမြသောကြောင့် ထိုရက်များ အတွင်း ရဟန်းမီးလှုံရန်ခွင့်ပြုတော်မူရုံမျှမကသေး ၊မိမိကိုယ်တော်တိုင် လည်းမိးလှုံတော်မူလေ့ရှိ၏။ဤသည်ကိုအစွဲပြု၍ တပို့တွဲလ၌ မီးပုံပွဲ သဘင်ကို ဆင်ယင်  ကျင်းပကြသည် ။မီးပုံဟူသော အသုံးအနှူန်းမှာအရပ် စကားဖြစ်သည်။ စာပေအမှတ်အသားမှာမူ မီးဖုန်းသဘင်ဟုရေးရသည် ။ အလှူရှင်ဒကာ ဒကာမတို့သည် မီးဖုံးပွဲကို ကျင်းပရန်အလို့ငှါတောသို့တက်၍ နံ့သာစသောထင်းများကို လူစုလူဝေး နှင့်ခုတ်ကြသည် ။ထို့နောက်ထိုထင်းများကို စုပုံမီးရှို့၍ ဘုရားကျောင်းတန်ဆောင်းတို့၌ အပူဓာတ်ကို လှူဒါန်းပူဇော်သည် ။ အချို့ကလည်း မီးမယ်ဖျူးခေါ် မီးလင်းဖို၌အမွှေးနံ့သာ ထင်းများကို ထည့်၍ မီးဖိုကာ ပူဇော်ကြသည်။ ယခုခေတ်၌ပင်လင် ရွှေတိဂုံဘုရားပေါ်တွင် တပို့တွဲလဆန်း၁၄ ရက် အဖိတ်နေ့၌ မီးခဲများပေါ်တွင်း နှံ့သားမှုံ့များကျဲဖြန့်၍ ဘုရားရှင်အား အမွှေးနံ့သာ အပူဓာတ်တို့ဖြင့် ပူဇော်ကြသေးသည်ကို တွေ့ရှိုနိုင်ပေသေးသည် ဤပွဲသဘင်ကိုစီရင်ကျင်းပရာ၌  ဆောင်ရွက် ရမြဲထုံးစံမှာ လူ 1000 ။ ယာဂုအိုး1000 ၊ ထန်းစင်1000 ၊ တို့ကိုစီမံပြီးလျင် ဘုရား၊ ကျောင်း ၊တန်ဆောင်းများ၌ မီးအပူဓာတ်ကိုလှူဒါန်းပူဇော်ကြသည် ။
တပို့တွဲ လပြည့်နေ့မတိုင်မီ လဆန်းရှစ်ရက်နေ့ကစပြီး မီးပူဇောိသူ တို့သည် စင်းလုံးချောသက်ရင်းပင်များကို ခုတ်ယူ ပြီးလျှင်အခွံခွာ၍ နနွင်းဖြင့် လိမ်းကျံကာသုံးဆင့်စည်းနှောင်ထားကြ၏ ။ 
ခြောက်သွေ့သောအခါ မီးပုံပွဲကျင်းပရာသို့ လပြည့်နေ့ မတိုင်မီလာရောက်စုပုံကြ၏ ။
မီးပုံတိုင်များစိုက်ထူရန်မြေကွက်လပ်တွင် အတောင်၃၀ -အရှည်ရှိသော ဥရူတိုင်ကြီးငါးတိုင်စိုက်ထား၏ ။ထိုတွင်ထင်းစည်းမီးပုံစည်းများကိုမှီ၍စိုက်ထူ၏ ။
နံနက်လေးနာရီတွင် ဆရာတော်က ၀တ်ပြုဆုတောင်းရာရဟန်းရှင်လူတို့သည်ရှိခိုးကန်တော့ကြ၏။ထို့နောက်ဆရာတော်က မီးစတင်ရှို့လေရာ ရဟန်းရှင်လူတို့လည်းနီးရာမီးပုံတွင် သူ့ထက်ငါဥိးအောင်ရှို့ ကြလေသည်။  ရှေးခေတ်က ကျင်းပသောမီးပုံပွဲတွင် ယာဂုအိုး1000 လှူဒါန်းလေ့ရှိကြောင်း အထက်၌ပြဆို ခဲ့သည်ကို ကျွန်ုပ်တို့အထူးသတိမူကြရန်ရှိသည် ယင်းကိုထောက်ရှု့လျှင်မီးပုံပွဲနှင့်ယာဂုပွဲဆက်စပ်နေသည်ကိုတွေ့ရပေလိမ့်မည်၊မီးပုံပွဲကျင်းပရင်းနှင့် ယာဂုအလှူပွဲဖြစ်ပေါ်လာလေသလော ၊ ယာဂုပွဲကျင်းပရင်းနှင့်မီးပုံပွဲဖြစ်ပေါ်လားလေသလော ။ ဤနှစ်လီကိုမဝေခွဲနိုင်ပါ ။
စင်စစ် ဤအလှူနှစ်မျိုးသည် တစ်ခုနှင့်တစ်ခုဆက်စပ်၍ တပြိုင်းတည်းဖြစ်ပေါ်လာသည်ဟုဆိုနိုင်ရာသည် ။ ယာဂုပူဇော်ပွဲအဆင်အလာကို ၀ိနည်း ပိဋကတ်မဟာဝဂ် ပါဠိတော်၌ပြဆိုထားသည်။တစ်ရံခါသော် မြတ်စွာဘုရားသည်များစွာသော သံဃာတော်တို့နှင့်အတူ အန္ဓ၀ိန္ဒရွာသို့ ဒေသစာရီကြွချီတော်မူရာ ဇနပုဒ်၌နေသောသူတို့သည် ဆန်ဆီဆားဆေးစသောလှူဖွယ်ဝတ္ထုတို့ကို လှည်းဖြင့်တင်၍ မြတ်စွာဘုရားကြွချီတော်မူရာသို့လိုက်ပြီးလျှင် ဆွမ်းဘောဇဉ် အာဟာရတို့ကို ကပ်လှူပူဇော်ကြလေသည်။ထိုအခါ ပုဏ္ဏားတစ်ယောက်သည်လည်းအလားတူဆွမ်းကျွေးလိုပါသော်အလှည့် မကျနိုင်သော ကြောင့် အရှင်အာနန္ဒာကိုချဉ်းကပ်၍ ယာဂုနှင့်တကွ ပျားသကာမုန့်ချိုတို့ကို မြတ်စွာဘုရား နှင့်တကွ သံဃာတော်တို့အား ဆက်ကပ် ခွင့်ပြုပါရန်တောင်းပန်လေ၏ ။
ရှင်အာနန္ဒာလည်း    ဤအကြောင်းကိုမြတ်စွာဘုရားအား လျောက်ထားရာမြတ်စွာဘုရားလည်း ပုဏ္ဏားအလိုရှိသည့်အတိုင်းကပ်လှူပူစေရန် သည်းခံတော်မူလေသည်။ ဤမှစ၍ယာဂုလှူပွဲအစဉ်အလာပေါ်ပေါက်လာလေသည် ၀ိနည်းတော်အရတပို့တွဲနှင့်တပေါင်းစပ်ကြား၌ ရဟန်းတို့မီးလှုံစေရန်ခွင့်ပြုသောအကြောင်း နှင့်ဆက်စပ်လျှင်ယင်းမီးပုံပွဲနှင့်ယာဂုအလှူပွဲမှာ တဆက်တည်းဖြစ်ပေါ်လာသည်ဟုယူဆနိုင်ပေသည် ၊ယာဂုဟူသည်မှာ ခေတ်စကားနှင့်ပြောရလျှင် ဆန်ပြုတ် ပင်ဖြစ်သည် ။ သို့သော်လုံးတော်ဆရာတော်၏အာဘော်အရ မြတ်စွာဘုရားသခင်သည်လေအနာနှိပ်စက်ခြင်းခံရလေသော် အရှင်အာနန္ဒာအား ယာဂုဆွမ်းခံခြေဟုမိန့်တော်မူသဖြင့် ဒကာမတဦးထံအလှူခံရာ ထိုဒကာမသည် ချင်းစိမ်း ငြုတ် ကြက်သွန် နှမ်း တို့ဖြင့်စီရင် ထားသောယာဂုဆွမ်းကိုကပ်သဖြင့် လေနာငြိမ်းသည်ဟု ဆိုသောကြောင့် ယာဂုသည် ငြုတ်ကြက်သွန်နှမ်းတို့ဖြင့်ရောစပ်၍ပြုတ်ထားသောအရာတစ်မျိုးဟုခေါ်ဆို ယူဆနိုင်ပေသည် ။
မင်းတုန်းမင်းလက်ထက်ယာဂုအလှူပွဲအကြောင်းကို ကုန်းဘောင်မင်းဆက်မဟာရာဇ၀င်တော်ကြီး၌ဖတ်ရှုနိုင်ပေသည် ။ ယင်းအလှူပွဲအကြောင်း ၌ရွှေမြို့တော်လေးပြင်လေးရပ် လူတိုင်းလူတိုင်း   တိုင်းရင်းသားများမှစ၍ တရုတ်ကုလားမကျန် တိုင်းသူပြည်သားအားလုံးတို့သည် လူတစ်ကိုယ် ဆန်တစလယ်ကျ စုဆောင်း၍ ယာဂုကျိုရာ၊ ယင်းယာဂု ၌ ကောက်ညှင်း ဆန် ဆီ ဆား နှမ်း ချင်းစိမ်း မြေပဲ အုန်းသီး သစ်ကြားသီး  စသည်တို့ကို ထည့်၍ကျိုသည်ဟုဆိုသည် ။
ယင်းယာဂုကျိုခြင်းကိုပင်လျှင် ယခုခေတ်၌ ထမနဲထိုးသည်ဟု ဆိုကြောင်း မှတ်သားရသည်။
ထမင်းနဲ (၀ါ) ထမင်းနှဲ ဟူသောစကားသည် (ကောက်ညှင်း)ထမင်းကို နှဲ ခြင်းဟူသောစကား အသုံးအနှုန်းမှ ဖြစ်ပေါ်လာသည် ။ ဤ၌(နှဲ)ဟူသည်မှာ ထိုးကြိတ်၍ မွှေခြင်း နယ်ချင်းကိုပင်ဆိုလိုသည် ။ ရှေ့အရေးအသားအချို့တွင် ထမင်းနှဲဟူ၍ပင်ရေးကြသည် ။အချို့ကလည်း နှမ်းကိုကဲ၍ထည့်ခြင်းကြောင့် နှမ်းမနဲဟူ၍လည်းခေါ်ကြောင်း ဆိုကြသည် ။ ယင်းထမင်းနဲထိုးခြင်းစပ်လျဉ်း၍ လိုသောပစ္စည်းအချိန်အဆကို တေးထပ် စပ်ဆိုရာ အောက်ပါအတိုင်းဖြစ်ပါသည် ။

တေးထပ်                  +++ စားတော်ရ ဆန်ပေါက်ဝါ
လေးပြည်သာထည့်မြဲ ။
ချိန်ပိဿာလျှံကြည်ရွှဲအောင်လို့
နှမ်းဆီလည်းထည့်ပြန် ။
မြေပဲဆန်အဋ္ဌသုညငယ်နှင့်
ဒွတ္တိံသ တိလဗီဇံ ။
အုန်းသီးစိတ် ကျပ်ဝီသံငယ်
လောနတံ ချိန်သတ်နှင့်
ချင်းနုဖတ်သိင်္ဂီမျှင်ရွှေ
သုံးကျပ်မသွေ
ရောထည့်လို့မွှေ ။

ဟူ၍ သိရပေသည် အဓိပ္ပါယ်မှာ ကောက်ညှင်းဆန်လေးပြည် ၊ နှမ်းဆီတစ်ပိဿာ ၊ မြေပဲဆန် ၈၀-ကျပ်သား ၊နှမ်း၃၂-ကျပ်သား ၊အုန်းသီးစိတ၂၀ -ကျပ်သား ၊ဆား၇-ကျပ်သာား ချင်းစိမ်းသုံးကျပ်သား တို့ကို ဒယ်အိုးတွင် နှံ့အောင်မွှေ၍ နှဲရသည်ဟူ၏ ။
ဤကားယာဂုထမနဲဖြစ်ပေါ်လာပုံတည်း ။ဤသဘောကြောင့် ယာဂုနှင့် ထမနဲအတူတူပင်ဟုဆိုရိုးရှိ၏ ။

၎င်းတေးထပ်ကလေးရွတ်ဆို၍ အိုးစည် ဒိုးပတ် လေးနှင့် ထမနဲ့ထိုးလိုက်ရလျှင်ဖြင့် ဘယ်လောက်မြိုင်မြိုင်ကြီး ပျော်စရာ ကောင်းလိမ့်မည်နည်း ။  

အားလုံးကိုကျေးဇူးတင်ပါသည်                             

................
စာရေးသူ မောင်ထင်


                       

ဆက်ဖတ်ရန်
ပို့စ်တင်သူ ။.............။ လခြမ်းမြီ on
0 ( မှတ်ချက်ရေးချင်ရင် )
ခေါင်းစဉ်အလိုက်ပို့စ်များ |

သူ့ခေါင်းမှာတဲ့ သပြေညို
ငါ့ခေါင်းမှာတဲ့ သပြေညို
တို့ပြေမှာ တို့မေကမ်းပါတဲ့
သပြေညို ရွှေဘိုပန်းဟာက
လန်းလျှက်ပါကို။
ဘာ မလျော့လေနဲ့
လာတော့မကွဲ့ ရွှေပဟိုရ်
လေချိုက အသွေး။
လင်းကြက် အဆော်
ကွင်းထက်မှာ တူပျော်ပျော်နဲ့
စည်တော်ကို ရည်မျှော်မှန်းကာပ
ရောက်နီမှာ အောင်စည်ရွမ်းရအောင်
သပြောညို ရွှေဘိုပန်းရယ်နဲ့
လှမ်းကြစို့လေး။ ။
 
................
မင်းသုဝဏ်

ဆက်ဖတ်ရန်
ပို့စ်တင်သူ ။.............။ လခြမ်းမြီ on
0 ( မှတ်ချက်ရေးချင်ရင် )
ခေါင်းစဉ်အလိုက်ပို့စ်များ |

ထလော့မြန်မာ၊ အိုမြန်မာတို့
တို့ရွာတို့မြေ၊ တို့ရွာမြေဝယ်
စေတီစပါး၊ များလည်းများ၏
များပါလေလဲ၊ တမွဲမွဲ နှင့်
ဆင်းရဲကာသာ၊ ကာလကြာလျှင်
ယာစကာမျိုး၊ တညှိုညှိုးနှင့်
ပုထိုးမြင့်မောင်း၊ ကျောင်းကြိုကျောင်းကြား
လှည့်လည်သွားလျှက်
မစားလေရ၊ ဝမ်းမဝ၍
ဆွမ်းမျှမတင်နိုင် ရှိမည်တည်း။

ထလော့မြန်မာ၊ အိုမြန်မာတို့
တို့ရွာတို့မြေ၊ တို့ရွာမြေဝယ်
ရေချိုသောက်ရန်၊ မြစ်ချောင်းကန်နှင့်
သီးနှံချိုပျား၊ များလည်းများ၏
များပါလေလဲ၊ တမွဲမွဲနှင့်
ဆင်းရဲကာသာ၊ ကာလကြာလျှင်
မြင်သာမြင်ရ၊ မစားရ၍
တောကပြိတ္တာ ဖြစ်မည်တည်း။

ထလော့မြန်မာ၊ မြန်မာထလော့
အားမပျော့နှင့်၊ မလျှော့လုံးလ
သူကစ၍၊ ငါကအားလုံး
လက်ရုံးများမြောင်၊ ဥာဏ်များမြောင်နှင့်
စွမ်းဆောင်ကြလေ၊ ဆောင်ကြလေလော့
ဤမြေဤရွာ၊ ဘယ်သူ့ရွာလဲ
ဤယာစပါး၊ ဘယ်သူ့စပါးလဲ
ထားလော့တာဝန်၊ ပွန်လော့လုပ်ငန်း
ဥာဏ်ရှေ့ပန်း၍
တဝမ်းတစိတ် ညီစေသတည်း။ ။

(ဇော်ဂျီ)

ဆက်ဖတ်ရန်
ပို့စ်တင်သူ ။.............။ လခြမ်းမြီ on
0 ( မှတ်ချက်ရေးချင်ရင် )
ခေါင်းစဉ်အလိုက်ပို့စ်များ |

ညိုပြာပြာ လတာပြင်ခြေရင်း။
လှိုင်းတက်ရာ ဗေဒါသက် ၊ လှိုင်းသက်ရာဆင်း။
ဆင်းရလဲ မသက်သာ။
အုန်းလက်ကြွေ ရေပေါလော၊ မျောစုန်လို့ လာ။
အဆင်းနဲ့အလာ၊ ဗေဒါမ အထွေး။
အုန်းလက်ြွေကသူ့ နံဘေး၊ ဆောင့်ခဲ့ရသေး။
ဆောင်ခဲ့လဲ မသက်သာ။
နောက်တစ်ချီ ဒီတစ်လုံးက ၊ ဖုန်းလိုက်ပြန်ပါ။
မြုပ်လေပေါ့ ၊ ပေါ်မလာ၊ မဗေဒါအလှ။
တစ်လံကွာ လှိုင်းအကြွ၊ ပေါ်လိုက်ပြန်ရ။
ပေါ်ပြန်လဲ မသက်သာ။
ချောင်းအဆွယ် ၊ မြောင်းငယ်ထဲက ၊ ဘဲထွက်လို့လာ။
ဘဲအုပ်မှာ တစ်ရာနှစ်ရာ ၊ မဗေဒါက တစ်ပင်ထဲ။
အယက်အကန်ခံလို့
ဗေဒါပျံအံကိုခဲ ၊ ပန်းပန်လျက်ဘဲ။ ။

...............
ဇော်ဂျီ

ဆက်ဖတ်ရန်
ပို့စ်တင်သူ ။.............။ လခြမ်းမြီ on
0 ( မှတ်ချက်ရေးချင်ရင် )
ခေါင်းစဉ်အလိုက်ပို့စ်များ |

(၁)။ ။

လူမိုက်ဆိုလျှင်၊ ရှောင်သွေလွှဲလို့
မမှီဝဲနှင့်၊ ကင်းအောင်နေ။
ပညာရှိကို၊ အရှည်တွဲလို့
မှီဝဲဆည်းကပ်၊ နည်းယူစေ။
သုံးပါးရတနာ၊ မိဘများနှင့်
ဆရာသမားကို၊ ပူဇော်လေ။
ချမ်းသာကိုပေး၊ ဆက်ဆံရေး
မျှော်တွေးသုံးချက်ပေ။
အဲဒါမှ(ဗုဒ္ဓ၀ါဒ)ကမ္ဘာ့မင်္ဂလာတွေ။

(၂)။ ။
ကုသိုလ်ပညာ၊ ဥစ္စာရဖို့
သင့်ရာဒေသ၊ အမြဲနေ။
ရှေးကတင်ကူး၊ ပြုခဲ့ဖူးသည့်
ကောင်းမှုအထူး၊ ရှိပါစေ။
မိမိကိုယ်ကို၊ ကောင်းအောင်ထိန်းလို့
မတိမ်းစေနှင့်၊ ဆောက်တည်လေ။
ဥစ္စာကိုပေး၊ နေထိုင်ရေး
မျှော်တွေးသုံးချက်ပေ။
အဲဒါမှ(ဗုဒ္ဓ၀ါဒ)ကမ္ဘာ့မင်္ဂလာတွေ။

(၃)။ ။
တတ်ကောင်းတတ်ရာ၊ ဟူသမျှကို
ကြား, မြင်, သုတ၊ ရှိပါစေ။
အိုးအိမ်တည်ထောင်၊ ၀မ်းစာရေးနှင့်
အသက်မွေးဖို့၊ အတတ်သင်လေ။
လူနှင့်ဆိုင်ရာ၊ ကျင့်ဝတ်များကို
ကောင်းစွာသင်ကြား၊ နားလည်စေ။
မှန်ကန်ယဉ်ကျေး၊ ချိုသာအေး
ဆိုရေးတတ်ပါစေ။
အဲဒါမှ(ဗုဒ္ဓ၀ါဒ)ကမ္ဘာ့မင်္ဂလာတွေ။

(၄)။ ။
မြင်းမိုရ်ရွှေတောင်၊ မိဘ, ကြွေးကို
ကောင်းစွာဆပ်ပေး၊ ၀တ်ကျေကျေ။
ကြွေးသစ်ချကာ၊ သားနှင့်မယားကို
မြှောက်စားချီးမြှင့်၊ ၀တ်ကုန်စေ။
အလုပ်တာဝန်၊ မလစ်ဟင်းနဲ့
အပြစ်ကင်းအောင်၊ လုပ်ပါလေ။
စည်းစိမ်ကိုပေး၊ ပြုစုရေး
မျှော်တွေးသုံးချက်ပေ။
အဲဒါမှ(ဗုဒ္ဓ၀ါဒ)ကမ္ဘာ့မင်္ဂလာတွေ။

(၅)။ ။
သုံးတန်စေတနာ၊ ဖြူစင်လန်းလို့
ပေးကမ်းဝေငှ၊ လှူနိုင်စေ။
ကိုယ်နှုတ်စိတ်ကြံ၊ မမိုက်မှားနဲ့
သုစရိုက်တရားကို၊ ကျင့်ပါလေ။
ဆွေမျိုးတွေကို၊ပစ်မထားနဲ့
သင်္ဂဟတရားနှင့်၊ ချီးမြှောက်လေ။
သန့်စင်ပြစ်မျိုး၊ လူထုအကျိုး
သည်ပိုးဆောင်ရွက်စေ။
အဲဒါမှ(ဗုဒ္ဓ၀ါဒ)ကမ္ဘာ့မင်္ဂလာတွေ။

(၆)။ ။
မကောင်းမှုတွေ၊ ဟူသမျှကို
မတွေ့ခင်က၊ ရှောင်ကြဉ်လေ။
တွေ့ကြုံလာလျှင်၊ မလွန်ကျူးနဲ့
အထူးသဖြင့်၊ စောင့်စည်းနေ။
အရက်သေစာ၊ မသောက်စားနဲ့
မှောက်မှားတတ်တဲ့၊ အရာပေ။
လုပ်ကိုင်ပြောကြား၊ သတိထား
တရားမမေ့စေ။
အဲဒါမှ(ဗုဒ္ဓ၀ါဒ)ကမ္ဘာ့မင်္ဂလာတွေ။

(၇)။ ။
အသက်ဂုဏ်ဝါ၊ ကိုယ့်ထက်ကြီးက
ဆည်းကပ် ခစား၊ ရိုသေလေ။
မာနတံခွန်၊ ဂုဏ်မကြွနှင့်
ကိုယ့်ကိုနှိမ့်ချ၊ အမြဲနေ။
လောဘအပို၊ လိုမလိုက်နဲ့
ကိုယ်ထိုက်တာနဲ့၊ ကျေနပ်လေ။
ကိုယ့်ပေါ်ပြုဖူး၊ သူ့ကျေးဇူး
အထူးသိတတ်စေ။
ကောင်းကျိုးဆင့်ပွား၊ မြတ်တရား
နာကြားမပြတ်ပေ။
အဲဒါမှ(ဗုဒ္ဓ၀ါဒ)ကမ္ဘာ့မင်္ဂလာတွေ။

(၈)။ ။
စားဝတ်နေထိုင်၊ ရန်ခပ်သိမ်း
စိတ်ကိုချုပ်ထိန်း၊ သည်းခံလေ။
ကျိုးကြောင်းပြညွှန်၊ ဆုံးမစကားကို
ပြောကြားလာက၊ နာလွယ်စေ။
သူမြတ်ပုဂ္ဂိုလ်၊ ဟူသမျှကို
မကြာခဏ၊ တွေ့ဆုံလေ။
သဘာဝတွေး၊ မှန်ကန်ရေး
ဆွေးနွေးမပြတ်ပေ။
အဲဒါမှ(ဗုဒ္ဓ၀ါဒ)ကမ္ဘာ့မင်္ဂလာတွေ။

(၉)။ ။
လောကီအာရုံ၊ ဇိမ်ယစ်မူးလို့
ပျော်မကြူးနဲ့၊ ခြိုးခြံလေ။
မေတ္တာဗြဟ္မစိုရ်၊ လက်ကိုင်သုံးလို့
သူမြတ်ကျင့်ထုံး၊ ယွင်းမသွေ။
လေးပါးသစ္စာ၊ ဉာဏ်မြင်ကြည့်လို့
အမှန်သိအောင်၊ ကြိုးစားလေ။
ဒုက္ခလွတ်ကင်း၊ နိဗ္ဗာန်ချဉ်း
အလင်းပေါက်နိုင်စေ။
အဲဒါမှ(ဗုဒ္ဓ၀ါဒ)ကမ္ဘာ့မင်္ဂလာတွေ။

(၁၀)။ ။
ဆင်းရဲချမ်းသာ၊ သဘာဝကို
တွေ့ကြုံနေကျ၊ လူတိုင်းပေ။
ကောင်းဆိုးနှစ်တန်၊ အစုံတွဲလို့
တလှည့်စီလဲ၊ အမြဲနေ။
လောကဓံကြုံ၊ မဖြုံတမ်းပေါ့
မတုန်လှုပ်စမ်းနဲ့၊ စိတ်ခိုင်စေ။
သောကကိုထိန်း၊ ရမ္မက်သိမ်း
အေးငြိမ်းချမ်းသာနေ။
အဲဒါမှ(ဗုဒ္ဓ၀ါဒ)ကမ္ဘာ့မင်္ဂလာတွေ။

(၁၁)။ ။
သုံးဆယ့်ရှစ်ဖြာ၊ မင်္ဂလာကုံးကို
လိုက်နာကျင့်သုံး၊ ပန်သူတွေ။
စီးပွားချမ်းသာ၊ ကျက်သရေတိုးလို့
ကောင်းကျိုးစည်ပွင့်၊ တဝေေ၀။
ဘေးရန်ကင်းကွာ၊ ချစ်သူပေါလို့
စိတ်ရောကိုယ်ရော၊ ချမ်းသာမလေ။
ပြောဆိုကြံဆ၊ ဆောင်သမျှ
အောင်ရမည်ကိန်းသေ။
အဲဒါကြောင့် ပန်ကြ, ဆင်ကြ, (မင်္ဂလာ့) ပန်းခိုင်တွေ။

(၁၁)။ ။
သုံးဆယ့်ရှစ်ဖြာ၊ မင်္ဂလာတရားကို
ပျက်ပြားနေကြ၊ ကမ္ဘာ့မြေ။
ဟိုတိုင်း ဒီပြည်၊ ရန်စစ်ခင်းလို့
လူနှင့်လူချင်း၊ သတ်ကာနေ။
ငြိမ်းချမ်းပါစေ၊ အာသီသနဲ့
စွမ်းနိုင်ရာက၊ ကူညီသလေ။
သုံးဆယ့်ရှစ်ပါး၊ မင်္ဂလာတရား
ရေးသားဖြန့်ကာဝေ။
အဖိုးတန်တဲ့(ဗုဒ္ဓ၀ါဒ)ကမ္ဘာက သိပါစေ။

ဆက်ဖတ်ရန်
ပို့စ်တင်သူ ။.............။ လခြမ်းမြီ on
0 ( မှတ်ချက်ရေးချင်ရင် )
ခေါင်းစဉ်အလိုက်ပို့စ်များ |

မြတ်စွာဘုရားရှင်ကအနာထပိဏ်သူဌေးကြီးအိမ်သို့ကြွရောက်သီတင်းသုံးစဉ်သုဇာတာသတို့သမီး
နှင့်ပတ်သက်၍ ဟောကြားတော်မူ ခဲ့ခြင်းဖြစ်ပါသည်။ အနာထပိဏ် သူဌေးကြီးအိမ်၌ အလွန်ကျယ်
လောင်သောအသံတို့နှင့်ဆူညံနေသဖြင့်မြတ်စွာဘုရားရှင်ကသူဌေးကြီးသင့်အိမ်၌တံငါသည်များငါး
လုယက်သကဲ့သို့ ဆူညံလှချည်လားဟု မိန့်တော်မူ၏။ ထိုအခါသူဋ္ဌေးကြီးက မြတ်စွာဘုရား တပည့်
တော်၏ချွေးမသုဇာတာသည်ယောက္ခမကြီးနှစ်ယောက်ကိုလည်းယောက္ခမဟူ၍အမှတ်မပြု၊မြတ်စွာ
ဘုရား ကိုသော်မှလည်းအရိုအသေမပြု၊ အလေးအမြတ်မပြု၊မပူဇော်ပါဘုရား- ဟုလျှောက်ထားလေ
၏။ထိုအခါမနီးမဝေး၌ပုန်းကွယ်၍နားထောင်နေသောသုဇာတာကိုမြတ်စွာဘုရားခေါ်တော်မူပြီးလျှင်
ဇနီးမယား၇-မျိုးကိုအောက်ပါအတိုင်းဟောကြားတော်မူခဲ့ပါသည်။
ဇနီးမယား၇-မျိုးမှာ-
၁။ ၀ဓကသမာ-သူသတ်နှင့်တူသော ဇနီးမယား။
၂။ စောရီသမာ-ခိုးသူနှင့်တုသော ဇနီးမယား။
၃။ အယျသမာ-အရှင်နှင့်တူသော ဇနီးမယား။
၎။ မာတာသမာ-အမိနှင့်တူသော ဇနီးမယား။
၅။ ဘဂိနီသမာ-အမ နှမနှင့်တူသော ဇနီးမယား။
၆။ သခီသမာ-အဆွေခင်ပွန်းနှင့်တူသော ဇနီးမယား။
၇။ ဒါသီသမာ-ကျွန်မနှင့်တူသော ဇနီးမယား။
၁။ သူသတ်နှင့်တူသော ဇနီးမယား ဟူသည်-
အကြင်ဇနီးမယားသည် အမျက်ဒေါသကြီး၏၊လင်ဖြစ်သူ ရှာဖွေပေးသော စီးပွားဥစ္စာကို မပျက်စီးရ
အောင်စောင့်ရှောက်လေ့မရှိ၊မိမိလင်ယောက်ျားမှတပါးသောယောက်ျားတို့၌ တပ်မက်ခြင်းရှိ၏၊မိမိ
လင်ကိုငွေဖြင့်ဝယ်အပ်သောသူကဲ့သို့ မထီမဲ့မြင်ပြု၏၊အကြောင်းအမျိုးမျိုးတို့ကြောင့်လင်ကိုသတ်ဖို့
ရာအားထုတ်၏၊
ထိုဇနီးမယားသည် သူသတ်နှင့်တူသော ဇနီးမယား ဖြစ်၏။
၂။ ခိုးသူနှင့်တူသော ဇနီးမယား ဟူသည်-
အကြင်ဇနီးမယားသည် အရှင်လင်ယောက်ျားအတတ်ပညာဖြင့် ရှာဖွေရရှိလာသော ပစ္စည်းဥစ္စာ၊
ကုန်သွယ်၍ရရှိလာသောပစ္စည်းဥစ္စာ၊လယ်လုပ်၍ရရှိလာသောပစ္စည်းဥစ္စာ အနည်းငယ်ကိုဖြစ်စေ၊ အများကိုဖြစ်စေအပြင်သို့ထုတ်ဆောင်ခိုးယူခြင်းငှါ အလိုရှိ၏။
ထိုဇနီးမယားသည် ခိုးသူနှင့်တူသော ဇနီးမယား ဖြစ်၏။
၃။ အရှင်နှင့်တူသော ဇနီးမယား ဟူသည်-
အကြင်ဇနီးမယားသည်အလုပ်အကိုင်လုပ်ဖို့ရန် အလိုမရှိ၊ ပျင်းရိ၏၊အစားလည်း ကြီး၏၊စိတ်လည်း ကြမ်း၏၊ကိုယ်အမူအရာလည်း ကြမ်း၏၊ကြမ်းတမ်းသော စကားကိုလည်း ပြောဆိုတတ်၏၊လုံ့လ၀ီရိ
ယရှိသောလင်ကိုလည်းလွှမ်းမိုး၍အနိုင်ကျင့်တတ်၏၊
ထိုဇနီးမယားသည် အရှင်နှင့်တူသော ဇနီးမယား ဖြစ်၏။
၎။ အမိနှင့်တူသော ဇနီးမယား ဟူသည်-
အကြင်ဇနီးမယားသည် အမိသည် သားကို အစဉ်စောင့်ရှောက်သကဲ့သို့ လင်ယောက်ျားကိုအခါခပ်
သိမ်းအစဉ်သနားကြင်နာ၍ စောင့်ရှောက်၏၊ လင်ယောက်ျား ဆည်းပူးရှာဖွေ၍ရရှိလာသောပစ္စည်း
ဥစ္စာကိုလည်းမပျက်စီးမဆုံးရှုံးရအောင်အစဉ်မပျက် စောင့်ရှောက်တတ်၏၊
ထိုဇနီးမယားသည်အမိနှင့်တူသော ဇနီးမယား ဖြစ်၏။
၅။ အမ နှမ နှင့်တူသော ဇနီးမယား ဟူသည်-
အကြင်ဇနီးမယားသည် အမကြီး နှမငယ်တို့သည် မောင်ဖြစ်သူ၌ ရိုသေသကဲ့သို့ ထို့အတူ မိမိလင်
ယောက်ျားဖြစ်သူ၌ရိုသေ၏၊အရှက်အကြောက်နှင့်ယှဉ်သော စိတ်ရှိ၏၊လင်၏အလိုသို့လိုက်တတ်၏၊
ထိုဇနီးမယားသည် အမ နှမနှင့်တူသော ဇနီးမယား ဖြစ်၏။
၆။ အဆွေခင်ပွန်းနှင့်တူသော ဇနီးမယား ဟူသည်-အကြင်ဇနီးမယားသည်ဤလူ့လောက၌အဆွေခင်ပွန်းဖြစ်သူသည်အရပ်တပါး၌နေထိုင်၍ကြာမြင့်မှ
ရောက်ရှိလာသောအဆွေခင်ပွန်းကို မြင်ရသောအခါလွန်စွာဝမ်းမြောက်သကဲ့သို့လင်ယောက်ျားကို
မြင်ရသောအခါလွန်စွာဝမ်းမြောက်၏၊အမျိုးအနွယ်နှင့် ပြည့်စုံ၏၊အကျင့်သီလရှိ၏၊လင်ယောက်ျား၌
ရိုသေစွာ ကျင့်တတ်၏၊
ထိုဇနီးမယားသည် အဆွေခင်ပွန်းနှင့် တူသော ဇနီးမယား ဖြစ်၏။
၇။ ကျွန်မနှင့်တူသော ဇနီးမယား ဟူသည်-
အကြင်ဇနီးမယားသည် လင်ယောက်ျားကတုတ်ကိုကိုင်၍ သတ်ပုတ်မည်ဟုခြိမ်းခြောက်အပ်သော်
လည်းထိတ်လန့်ခြင်းမရှိ၊ ဒေါသဖြင့် ပြစ်မှားလိုသောစိတ် မရှိ၊လင်ယောက်ျားကို သည်းခံ၏၊ အမျက်
ထွက်ခြင်းလည်း မရှိ၊ လင်ယောက်ျားအလိုသို့ လိုက်တတ်၏၊
ထိုဇနီးမယားသည်ကျွန်မနှင့်တူသောဇနီးမယားဖြစ်၏။
အကြင်ဇနီးမယားတို့သည်
သူသတ်နှင့်တူကုန်၏၊
ခိုးသူနှင့်တူကုန်၏၊
အရှင်နှင့်တူကုန်၏၊
ထိုဇနီးမယားတို့သည် သီလမရှိကြကုန်၊
လင်ယောက်ျားကို ရိုသေခြင်း မရှိကြကုန်၊
ကြမ်းကြုတ်သောသဘော ရှိကုန်၏၊
ထိုသုံးယောက်သော ဇနီးမယားတို့သည် ခန္ဓာပျက်၍ သေပြီးသည်မှ နောက်ကာလ၌ အပါယ်ငရဲသို့ ကျရောက်ကြကုန်၏။
အကြင်ဇနီးမယားတို့သည်
အမိနှင့် တူကုန်၏၊
အမ နှမနှင့် တူကုန်၏၊
အဆွေခင်ပွန်းနှင့် တူကုန်၏၊
ကျွန်မနှင့် တူကုန်၏၊
ထိုလေးယောက်သော ဇနီးမယားတို့သည် ခန္ဓာပျက်၍ သေပြီးသည်မှ နောက်ကာလ၌ နတ်ပြည်သို့ ရောက်ကြကုန်၏-ဟုမြတ်စွာဘုရားရှင် ဟောကြားတော်မူခဲ့ပါသည်။
အနာထပိဏ်သူဋ္ဌေး၏ချွေးမသုဇာတာကိုဆက်လက်၍ မြတ်စွာဘုရားရှင်ကမေးတော်မူသည်မှာ-
သုဇာတာ ဤဇနီးမယား ၇-မျိုးတို့တွင် သင်သည် အဘယ်ဇနီးမယားမျိုး ဖြစ်သနည်း-ဟု မိန့်ကြား
၍ မေးတော်မူလိုက်၏။
ထိုအခါသုဇာတာ-က တပည့်တော်မကိုဤနေ့မှအစပြု၍ လင်ယောက်ျား၏ ကျွန်မနှင့် တူသောဇနီး
မယား-ဟူ၍မှတ်တော်မူပါဘုရား-ဟုမြတ်စွာဘုရားရှင်အားပြန်လည်လျှောက်ထားတော်မူပါသည်။

ဆက်ဖတ်ရန်
ပို့စ်တင်သူ ။.............။ လခြမ်းမြီ on
0 ( မှတ်ချက်ရေးချင်ရင် )
ခေါင်းစဉ်အလိုက်ပို့စ်များ |

(၁) သုပ္ပတိဋ္ဌိတပါဒ=ရွေခြေနင်းအပြင်ကဲ့သို့ညီညွတ်သောခြေဖ၀ါးတော်။
(၂)စက္ကပူရိတပါဒ=တစ်ထောင်သောအကန့်အကွက်တို့နှင့်တကွလက္ခဏာတော်အပေါင်းအပြည့်ရှိ
သောခြေဖ၀ါးတော်။
(၃) အာယတပဏှိ=ခြေကိုလေးပုံပုံ၍တစ်ပုံမျှလောက်ရှည်သွယ်ပြည့်ဖြိုးသောဖနောင့်တော်။
(၄) ဒီဃင်္ဂုလိ=မျောက်မင်း၏ခြေချောင်းလက်ချောင်းကဲ့သို့အရင်းမှအဖျားတိုင်သွယ်ပျောင်းလျက်
တင့်တယ်ရှည်သွယ်သောလက်ချောင်းတော်။
(၅) မုဒုတလုဏဟတ္တပါဒ=အကြိမ်တစ်ရာဖတ်အပ်သောဝါဂွမ်းစိုင်ကဲ့သို့တစ်သားတည်းတူမျှစွာနူး
ညံ့သောခြေဖ၀ါးတော်လက်ဖ၀ါးတော်ရှိခြင်း။
(၆) ဇာလဟတ္တပါဒ=ခြေချောင်းတော် လက်မတော်မှတစ်ပါး လက်ချောင်းတော်လေးခုစီ တညီတ
ညွတ်တည်းရှိသည်ဖြစ်၍နှစ်သက်အံ့ဖွယ်လွန်တင့်တယ်သောခြေချောင်းလက်ချောင်းရှိတော်မူခြင်း။
(၇) ဥဿင်္ခပါဒ=ဖမိုးတော်မှအထက်သို့လက်လေးသစ်တက်၍မြင့်သောဖမျက်တော်။
(၈) ဧဏီဇင်္ဃ=ဧဏီမည်သောသားကောင်၏မြင်းခေါင်းကဲ့သို့ချောပြည့်လုံးလျောင်းသောသလုံးမြင်း
ခေါင်းရှိတော်မူခြင်း။
(၉) ဒီဃဟတ္တ=ကိုယ်တော်ကိုမကိုင်းမညွတ်မူ၍ပုဆစ်ဒူးနှစ်ဖက်ရောက်သောလက်တော်နှစ်ဖက်ရှိ
ခြင်း။
(၁၀) ကောသောဟိတ၀တ္တဂုယှ=အအိမ်ဖြင့်ဖုံးလွမ်းအပ်သောယောက်ျားမြတ်နိမိတ်ရှိတော်မူခြင်း။
(၁၁) သုဝဏ္ဏ ၀ဏ္ဏ=ဇဗ္ဗူရာဇ်ရွေစင်ကဲ့သို့ပြေပြစ်ဝါ၀င်းသောအဆင်းအရေမြတ်နှင့်ပြည့်စုံတော်မူ
ခြင်း။
(၁၂) သုခမစ္ဆ၀ိ=ပွေး၊ညှင်း၊တင်းတိပ်၊၀က်ခြံ၊မှည့်မည်းစသောအညစ်အကြေးမရှိသန့်ရှင်းစင်ကြယ်
အသားအရေရှိခြင်း။
(၁၃) ဧကေကလောမ=မွေးညင်းတွင်းတစ်တွင်း၌မွေးညင်းတော်တစ်ပင်စီသာပေါက်ရောက်ခြင်း။
(၁၄) ဥဒ္ဓဂ္ဂလောမ= သုံးကြိမ်လက်ယာရစ်လည်သည်၏အဆုံး၌တင့်တယ်တော်မူသောရွေမျက်နှာ
တော်ကိုရူဘိသကဲ့သို့အထက်ညွတ်သောမွေးညင်းတော်။
(၁၅) ဗြဟ္မုဇုဂတ္တ= ဗြဟ္မာမင်းကိုယ်ကဲ့သို့ခါးပုဆစ်ဒူးသုံးပါးသောအရပ်တို့၌ မကိုင်းမညွတ်ဖြောင့်
မတ်သောကိုယ်တော်။
(၁၆) သတ္တုဿဒ=လည်ကုပ်၊လက်ဖမိုးနှစ်ဘက်၊ပခုံးစွန်းနှစ်ဘက်၊ခြေဖမိုးနှစ်ဘက်၊၇-ပါးသောအ
ရပ်တို့၌ပြည့်ဖြိုးသောအသားတော်ရှိခြင်း။
(၁၇) သီပုဗ္ဗဎုကာယ= ခြင်္သေ့မင်း၏ရှေ့ထက်ဝက်သောကိုယ်ကဲ့သို့ ပြည့်ဖြိုးကြီးမားခံ့ညားသော
ကိုယ်တော်။
(၁၈) စိတန္တရံသ=လက်ပြင်တော်နှစ်ဖက်နောက်အလယ်ကျောပြင်သည်ချိုင့်နိမ့်ခြင်းမရှိပကတိညီ
ညွတ်စွာတည်သောအသားအလွှာသည်ခါးတော်မှစ၍လည်ကုပ်တော်တိုင်ဖုံးလွှမ်းခြင်း။
(၁၉) နိဂြောဓပရိမဏ္ဍလ=အရပ်တော်နှင့်အလံတော်ညီမျှသဖြင့်ပညောင်ပင်အ၀န်းကဲ့သို့ဝိုင်းဝန်း
တော်မူသောရူပကာယတော်။
(၂၀) သမဋ္ဋက္ခန္ဓ=ရွှေမုရိုးစည်ကိုထောင်၍ထားသကဲ့သို့တပြေးတည်းစည်းလုံးညီညွတ်သောလည်
တော်ရှိခြင်း။
(၂၁) ရသဂ္ဂသဂ္ဂိ=အနည်းငယ်ခန့်နှမ်းစေ့မျှအရသာကိုသုံးဆောင်မှီဝဲသောအခါတစ်ကိုယ်လုံးပျံ့နှံ့
တည်နိုင်အောင်ဆောင်နိုင်သောအကြောများရှိခြင်း။
(၂၂) သီဟဟနု=ခြင်္သေ့မင်း၏မေးကဲ့သို့မေးတော်ရှိခြင်း။
(၂၃) စတ္တာလီသဒန္တ=သွားတော်လေးဆယ်အစေ့အငရှိတော်မူခြင်း။
(၂၄) သမဒန္တ=ညီညွတ်သောသွားတော်ရှိတော်မူခြင်း။
(၂၅) အ၀ိရဠဒန္တ=မကြဲမကွာစေ့စပ်သောသွားတော်ရှိခြင်း။
(၂၆) သုသုက္ကဒါဌ=ဖြူစင်သောစွယ်တော်လေးခုရှိခြင်း။
(၂၇) ပဟူတဇိဝှာ=ရှည်လျားကျယ်ပြန့်သောလျှာတော်ရှိခြင်း။
(၂၈) ဗြဟ္မဿရ=ဗြဟ္မာမင်း၏အသံကဲ့သို့သောအသံတော်ရှိခြင်း။
(၂၉) အဘိနီလနေတ္တ=အလွန်ညိုဝင်းသည့်မျက်လုံးတော်ရှိခြင်း။
(၃၀) ဂေါပခုမ=မွေးစနွားသူငယ်၏မျက်တောင်မွေးကဲ့သို့အလွန်နူးညံ့သောမျက်တောင်မွေးတော်
ရှိခြင်း။
(၃၁) ဥဏ္ဏဇာတ=မျက်မှောင်တော်နှစ်ခုအကြား၌ဥဏ္ဏလုံမွေးရှင်တော်ပေါက်ခြင်း။
(၃၂) ဥဏှီသသီလ=လက်ယာတော်နားပန်စွန်းမှလက်ဝဲတော်နားပန်စွန်းအထိတက်သောနဖူးသင်း
ကျစ်တော်ရှိခြင်း။

ဆက်ဖတ်ရန်
ပို့စ်တင်သူ ။.............။ လခြမ်းမြီ on
0 ( မှတ်ချက်ရေးချင်ရင် )
ခေါင်းစဉ်အလိုက်ပို့စ်များ |

သိပ္ပံတော်ပါသည် လောကီအရာ၌ တော်ပါသည်။ သို့သော် သိပ္ပံကိုလိုအပ်သည်ထက်ပို၍ မွှန်းကာ အရမ်းအထင်ကြီးလာသောအခါ ဗုဒ္ဓဘာသာကို နှိမ်သကဲ့သို့ ဖြစ်လာသည်။ ဗုဒ္ဓဘာသာကို အထင်သေးစ ပြုလာသည်။ ဗုဒ္ဓဘာသာအယူအဆများ မှေးမှိန်လာသည်။ ဤကိစ္စမှာ မဖြစ်သင့်ပါ၊ ဗုဒ္ဓဘာသာသည် လောကုတ္တရာ အမှန်တရားဖြစ်သည်၊ သိပ္ပံသည် လောကီအမှန်တရားဖြစ်သည်။ ထို့ကြောင့် ကိုယ့်တန်ဖိုးနှင့်ကိုယ် ထိုက်တန်ရုံသာ သတ်မှတ်ခြင်းခံယူသင့်သည်၊ သိပ္ပံကို လိုအပ်သည်ထက်ပို၍ အထင်ကြီးသောအခါ ဗုဒ္ဓဘာသာကို အထင်သေးသကဲ့သို့ ဖြစ်လာသည်၊ ဤအခြေအနေမှာ မလိုလားအပ်ပါ။
ထိုအတူ ကမ္ဘာကို လေးစားပါ – သို့သော် မြန်မာကိုအထင်သေးလောက်အောင် ကမ္ဘာကို လေးစားစရာ မလိုပါ။ မြန်မာသည် ကိုယ့်တိုင်းပြည်၊ ကိုယ့်လူမျိုး၊ ကိုယ့်ဘာသာ၊ ကိုယ့်သာသနာနှင့်ကိုယ် နေခဲ့သည်၊ သမိုင်းအစဉ်အဆက် ရှိခဲ့သည်။ ထို့ကြောင့် ကိုယ့်တန်ဖိုးကို ဖော်ဆောင်ရမည်။ ကမ္ဘာ့တန်ဖိုးကိုသာ ဖော်ဆောင်လျှက်၊ မြန်မာ့ တန်ဖိုးကို နှိမ့်ချခြင်းသည် မမှန်ကန်ရာကျသည်၊ မစစ်မှန်ရာကျသည်။ ကမ္ဘာမှ မည်သည့်ပုဂ္ဂိုလ်များက လှုံ့ဆော်တိုက်တွန်း နေသည်မသိ – မြန်မာကို မြန်မာချင်း အထင်သေးအောင်၊ ကမ္ဘာကို အထင်ကြီးအောင် မဲဆွယ်ဝါဒဖြန့်နေကြခြင်းသည် မှားယွင်းသော ဝါဒဖြန့်ခြင်းသာဖြစ်၍ မြန်မာနိုင်ငံ နစ်နာနိုင်သည်။ ထို့ကြောင့် ကမ္ဘာကို အထင်ကြီးပါ – သို့သော် မြန်မာကို အထင်သေးလောက်အောင် အထင်ကြီးစရာ မလိုပါဟု သတိပေးရခြင်းဖြစ်သည်။
သိပ္ပံကို လေးစားပါ – သို့သော် ဗုဒ္ဓဘာသာကို လျှော့တွက် လောက်အောင် သိပ္ပံကို လေးစားစရာ မလိုအပ်ကြောင်း သတိပေးနေရခြင်း ဖြစ်သည်။ ကိုယ့်သစ္စာနှင့်ကိုယ် ရပ်တည်နေသော ဗုဒ္ဓဘာသာနှင့်မြန်မာနိုင်ငံကို ကမ္ဘာနှင့်သိပ္ပံတို့သည် လွှမ်းမိုး၍မတရား သွေးထိုး တန်ဖိုးမဲ့ လုပ်ခြင်းသည် စစ်မှန်သောလုပ်ရပ် မဟုတ်မူ၍၊ အမှန်ကိုဖော်ဆောင်ရာ ကမ္ဘာ၏လေးစားဖွယ်ရာ ကောင်းသည်မှာ အကန့်အသတ်ရှိသကဲ့သို့၊ မြန်မာ၏တန်ဖိုးထားစရာ အချက်အလက်များကိုလည်း မမေ့ မလျှော့အပ်ကြောင်း ဖော်ပြရမည်။ သိပ္ပံ၏လောကီ အသုံးအဆောင် လူမှုရေးအထောက်အပံ့ ဖြစ်ခြင်းကို အကန့်အသတ်နှင့် တန်ဖိုးထားကာ ဗုဒ္ဓဘာသာ၏ လောကုတ္တရာ အရိယာသစ္စာ ဥာဏ်ပညာ ရှာဖွေ ဆည်းပူးနိုင်ကြောင်းကို တန်ဖိုးလျှော့ မထီမဲ့မြင် မပြုအပ်ကြောင်း သတိပေးရေးသား နေပါသည်။
ဒေါက်တာချစ်ငယ်(ဒဿန)
M.A, Ph.D (Doctor of Philosophy in Religious Sciences) London.
chitngephilo@chitnge.com
မြန်မာနိုင်ငံ

ဆက်ဖတ်ရန်
ပို့စ်တင်သူ ။.............။ လခြမ်းမြီ on
0 ( မှတ်ချက်ရေးချင်ရင် )
ခေါင်းစဉ်အလိုက်ပို့စ်များ |

ကျနော် အခုဆွေးနွေးမယ့်အကြောင်း အရာလေးက ဗုဒ္ဓဘာသာဝင်စစ်စစ်ဆိုတာ ဘယ်လိုပုဂ္ဂိုလ်တွေကိုခေါ်ဆိုတယ်.ဗုဒ္ဓဘာသာအမည်ခံတွေက ဘယ်လိုဆိုတာလေးကို ဆွေးနွေးပါ့မယ်.. အရင်ဆုံး ဗုဒ္ဓဘာသာ နှင့် ဗုဒ္ဓဘာသာဝင်..ဆိုတာကို သေချာကွဲကွဲ ပြားပြား သိထားသင့်ပါတယ် ဗုဒ္ဓဘာသာဟူသည် အဘယ်နည်း … ဗုဒ္ဓ၏ အဆုံးအမဟူသမျှ ဘုရားရှင်တော်မြတ် ဟောပြောဆုံးမတော်မူအပ်သော

ဗုဒ္ဓ၏ အဆုံးအမစကားတော်ဟူသမျှသည်… ဗုဒ္ဓဘာသာဟုခေါ်ပါသည်….. ၄င်းကိုအင်္ဂလိပ်ဘာသာဖြင့် Buddhism or Buddha’s
Teaching ဟုဆိုသည်..ဗုဒ္ဓဘာသာ၏ အနက်အဓိပ္ပါယ်ကိုနားလည် သဘောပေါက်ပြီးလျှင် ဗုဒ္ဓဘာသာဝင်ဆိုသောဝေါဟာရ၏အနက်
အဓိပ္ပါယ်ကိုလည်း နားလည်ထားသင့်သည်… ဗုဒ္ဓဘာသာဝင် ဟူသော ဝေါဟာရနှင့် ထပ်တူညီသောပိဋကတ်စာပေ အသုံးအနှုန်းမှာ
ဥပါသကဆိုသော ဝေါဟာရပင်ဖြစ်သည်.. ဥပါသက၏ အဓိပ္ပါယ်မှာရတနာသုံးပါးကိုကိုးကွယ် ဆည်းကပ်သူကိုဆိုသည်….
ဗုဒ္ဓဘာသာဝင်သမိုင်းတွင် ပထမဆုံး ဥပါသကများဖြစ်ကြတဲ့ တပုဿနှင့်ဘလ္လက ကုန်သည် ညီနောင်ကို ဗုဒ္ဓဘာသာဝင်တိုင်းသိမယ်
လို့ထင်ပါတယ်.. ၄င်းတို့ ညီနောင်နှစ်ဥိးသည် ဗုဒ္ဓမြတ်စွာဘုရားကို ဖူးတွေ့စဉ်အခါက သံဃာဟူ၍ မရှိသေးသဖြင့် ဗုဒ္ဓနှင့်ဓမ္မကိုကိုးကွယ်
ရာဟူ၍ ဆည်းကပ်ပါ၏ ဟုလျှောက်ထားပြီး ရတနာနှစ်ပါး အပေါ်သရဏဂုံဆောက်တည်ခဲ့ကြရသည်.. နောက်ပိုင်း ဘုရားရှင်၏တပည့်
တော် ရဟန်းသံဃာများ ပေါ်ပေါက်လာချိန်တွင်ကား ဗုဒ္ဓ ဓမ္မ သံဃာ ဆိုသော ရတနာမြတ်သုံးပါးကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏
ဟု စိတ်တွင် သရဏဂုံ ဆောက်တည်ပြီးသူကို ဗုဒ္ဓဘာသာဝင်ဟု ခေါ်ဆိုပါသည်.. ဒီလောက်ဆိုရင်ဗုဒ္ဓဘာသာ နှင့် ဗုဒ္ဓဘာသာဝင်ကို
သေချာ နားလည်သဘောပေါက် လောက်ပါပြီ… ကျနော်သရဏဂုံအကြောင်းကိုဆက်လက်ဆွေးနွေးပါမယ် … သရဏဂုံမှာလည်း
နှစ်မျိုးရှိပါသည်.. လောကုတ္တရာသရဏဂုံ နှင့် လောကီသရဏဂုံဟူ၍ ထပ်မံခွဲခြားနိုင်သည် … လောကုတ္တရာ သရဏဂုံဆိုသည်မှာ
အရိယာပုဂ္ဂိုလ် သူတော်စင်များ၏ ရတနာမြတ်သုံးပါးပေါ် မမှိတ်မသုန် ယုံကြည်ကိုးကွယ်ခြင်းပင်ဖြစ်သည်… လောကုတ္တရာ သရဏ
ဂုံတည်ပြီးသူသည်ဗုဒ္ဓဘာသာဝင်အဖြစ်မှ မည်သည့်အခါမျှ မဆုံးရှုံး နိုင်တော့ပါ လောကီသရဏဂုံတည်သူမှာကားအခြားဘာသာဝင်
အဖြစ်ခံယူသွားလျှင်ဖြစ်စေ ၊ ဘ၀တစ်ပါးသို့ကူးပြောင်း သွားလျှင်ဖြစ်စေ ဗုဒ္ဓဘာသာဝင်အဖြစ်မှ ဆုံးရှုံးသွားနိုင်သည်. လောကီသရဏဂုံ
တည်သူများကိုလည်း ၄ မျိုးခွဲခြားထားပါသည်
(၁) ရတနာသုံးပါးကို မိမိကိုယ်ကိုစွန့်လွှတ်လှူဒါန်းခြင်းဖြင့် ဆည်းကပ်သူ ။
(၂) ရတနာသုံးပါးသည်သာ ယုံကြည်အားကိုးခြင်းဖြင့် ဆည်းကပ်သူ ။
(၃) ရတနာသုံးပါး၏ တပည့်အဖြစ်ခံယူခြင်းဖြင့် ဆည်းကပ်သူ ။
(၄) ရတနာသုံးပါးကို ဆွေးမျိုးတော်၍ လည်းကောင်း ကြောက်၍သော်လည်းကောင်း လောကီအကျိုးစီးပွားအတွက် သော်လည်းကောင်း
ကိုးကွယ်ဆည်းကပ်ခြင်း မဟုတ်ပဲ လောက၌ အမြတ်ဆုံးဟု သဘောပိုက်ကာရိုသေမြတ်နိုး၍ ကိုးကွယ်ဆည်းကပ်သူများကိုလောကီ
သရဏဂုံတည်သူများဟုခေါ်ပါသည်…ဗုဒ္ဓဘုရားရှင်ဟောကြားသောတရား အဆုံးအမဒေသနာတော်တို့နှင့်အညီ လိုက်နာကျင့်သုံးခြင်း
မရှိသေးသော်လည်း ရတနာမြတ်သုံးပါးကို လောကတွင် အမြတ်ဆုံး ကိုးကွယ်ရာဟု ယုံကြည်ကိုးစားသော စိတ်ဖြစ်ပေါ်ခဲ့လျှင်ပင် ၄င်း
ပုဂ္ဂိုလ်သည် လောကီသရဏဂုံ တည်သွားပြီဖြစ်၍ ဗုဒ္ဓဘာသာဝင်တစ်ဦးဟု ခေါ်ဝေါ်ခြင်းခံထိုက်သွားပြီဖြစ်သည်… ဗုဒ္ဓမြတ်စွာ ဘုရားက
ဗုဒ္ဓဘာသာဝင်များနှင့် အမည်ခံဗုဒ္ဓဘာသာ ၀င်တို့အကြား အနှစ်သာရခြင်း ကွာခြားမှုကိုဒွန်းစဏ္ဍားနှင့်တူသော ဥပါသက(အောက်တန်း
စား ဗုဒ္ဓဘာသာဝင်)နှင့် ပဒုမ္မာကြာနှင့်တူသော ဥပါသက (အထက်တန်းစားဗုဒ္ဓဘာသာဝင်) များဟူ၍ ပိုင်းခြားသတ်မှတ်ခဲ့သည်……
အောက်ပါအင်္ဂါရပ်များနှင့် ပြည်စုံသူတို့ကိုဒွန်းစဏ္ဍားနှင့်တူသော ဥပါသက(အောက်တန်းစားဗုဒ္ဓဘာသာဝင်)များအဖြစ် အဓိပ္ပါယ်ဖွင့်
ဆိုခဲ့ပါသည်……
(၁) ရတနာမြတ်သုံးပါးကို အလွန်ကြည်ညိုမှုမရှိခြင်း ။
(၂) သီလမလုံခြုံခြင်း ။
(၃) အကြား ၊ အမြင် စသောလောကီမင်္ဂလာကိုပြုလုပ်လေ့ ရှိခြင်း ။(ဥပမာ -ဗေဒင် ယတြာ ကိုပြုလုပ်ခြင်း)
(၄) အကြား ၊ အမြင်စသော လောကီမင်္ဂလာကိုယုံကြည်၍ ကံကိုမယုံခြင်း ။(ဥပမာ - ဗေဒင် ယတြာကိုယုံကြည်ခြင်း )
(၅) သာသနာပ၌ အလှူခံရှာ၍ အလှူပေးခြင်းတို့ပင် ဖြစ်သည်
သေချာသုံးသပ်ကြည့်လျှင် ဒွန်းစဏ္ဍားနှင့်တူသော ဥပါသက (အောက်တန်းစားဗုဒ္ဓဘာသာဝင်) များသည်ရတနာမြတ်သုံးပါး အပေါ် မိမိ
အသိဥာဏ်ပညာနှင့်ယှဉ်သော ကြည်ညိုသဒ္ဓါစိတ်မရှိခြင်း ဗုဒ္ဓ၏လမ်းညွှန်အဆုံးအမများအပေါ် ယုံယုံကြည်ကြည် လိုက်နာလေ့မရှိခြင်း
ဖြစ်သည် ။ ထို့ကြောင့် ကိုယ်ကျင့်သီလဆိုင်ရာဗုဒ္ဓ၏ လမ်းညွှန်ချက်များ ပညတ်ချက်များကို မသိကျိုးကျွံပြု၍ အခွင့်သာတိုင်း ချိုးဖောက်
လေ့ရှိသည်.. မိမိကိုယ်ကိုသာ အားထားရာဆိုသော ဗုဒ္ဓ၏ ဒေသနာတော်ကို ကျောခိုင်းပြိး ဖြတ်လမ်းမှ ကြီးပွားမည့်နည်းကိုရှာကြသည်
ကြားရသောအသံ ၊ မြင်ရသော အဆင်းတို့ကို စွဲ၍ အတိတ်နမိတ်ကောက်ယူလေ့ ရှိသောအယူအဆများကို ယုံကြည်စွဲလမ်းသည် ဗေဒင်
ယတြာ ဓာတ်ရိုက် ဓာတ်ဆင် ၊အတိတ်တဘောင် စသည်တို့ကိုအားကိုးသည်… မိမိစေတနာမှ ပေါက်ဖွားလာသော ကံ၏ အကျိုးပေးမှုကို
မယုံကြည်ပဲ မကောင်းသောစေတနာကိုမွေးပြီး ကောင်းသောရလဒ်ကိုသာ လိုချင်ကြသည် ။ထို့ကြောင့် စစ်မှန်သော ဗုဒ္ဓသာသနာတော်မှ
သွေဖည်ယိမ်းယိုင်နေသည့် ကယ်တင်စောင်မနိုင်သည် ဆိုသူများကို အားကိုးတစ်ကြီး ကိုးကွယ်ပူဇော်ကြသည်သူရဿတီဘိုးတော်များ
သာသနာပမယ်တော်များ ၊ နတ်စာရင်းမ၀င်သော သုံးဆယ့်ခုနစ်မင်းနတ်များ ၊ ဗေဒင်ဆရာများ ထိုသူများကိုဆည်းကပ်လေ့ရှိကြသည်
ဗုဒ္ဓဘုရားရှင်ကိုယ်တော်တိုင် ဟောကြားခဲ့သည့် သုံးဆယ့်ရှစ်ဖြာ မင်္ဂလာတရားတော်နှင့်အညီလိုက်နာနေထိုင်ကျင့်ကြံရန်ကားစိတ်ကူး
ထဲပင် မထည့်ကြပင်…. ဗုဒ္ဓဘုရားရှင်က အောက်ပါအင်္ဂါရပ်များနှင့်ပြည့်စုံသူများကိုမူ ပဒုမ္မာကြာနှင့်တူသော ဥပါသက( အထက်တန်းစား
ဗုဒ္ဓဘာသာဝင်)များအဖြစ်သတ်မှတ်တော်မူခဲ့သည်…..
(၁) ရတနာသုံးပါးကို မမှိတ်မသုန် ကိုးကွယ်ကြည်ညိုခြင်း ။
(၂) သီလ လုံခြုံခြင်း ။
(၃) လောကီမင်္ဂလာကို မပြုလုပ်ခြင်း ။
(၄) အကြား ၊အမြင်စသော လောကီမင်္ဂလာကို မယုံဘဲကံကိုသာ ယုံကြည်ခြင်း ။
(၅) သာသနာတွင်း၌သာ အလှူခံပုဂ္ဂိုလ်ရှာ၍ အလှူပေးခြင်းတို့ပင် ဖြစ်သည် ။
အထက်ကဖော်ပြခဲ့တဲ့ ဒွန်းစဏ္ဍားနှင့်တူသော ဥပါသကများနှင့် ပြောင်းပြန်ဖြစ်သည် ။
ပဒုမ္မာကြာနှင့်တူသော ဥပါသကများသည် ရတနာမြတ်သုံးပါး အပေါ်အသိဥာဏ်ပညာနှင့် ယှဉ်လျက် မမှိတ်မသုန်ကိုးကွယ်ကြည်ညို
သောကြောင့် ဗုဒ္ဓ၏ အဆုံးအမစကားတော်များနှင့်အညီ လိုက်နာကျင့်သုံးနေထိုင်လေ့ရှိကြသည်ထို့ကြောင့် ကိုယ်ကျင့်သီလမြဲမြံသည်
မိမိဘ၀ကြီးပွားတိုးတက်ရေးအတွက် မိမိကိုယ်ပိုင် ကံ ၊ ဥာဏ် ၊ ၀ီရိယမှတစ်ပါးအခြားကိုးကွယ်ရာ မရှာတော့ပေ… မှန်ကန်စွာ ကျင့်ကြံ
မှန်ကန်စွာပြောဆိုပြီး ၊ မှန်စွာလုပ်ကိုင်ဆောင်ရွက်နေသူများဖြစ်သဖြင့် မည်သူ့ကိုမျှ ထိတ်လန့်ခြင်း ကြောက့်ရွံခြင်း မဖြစ်တော့ပေ
ထိုသူမျိုးသည် ပြဿဒါး ရက်ရာဇာ စသည့်တို့ကိုထည့်စဉ်းစား နေစရာမလိုတော့ပါ ။ထို့အတူဗေဒင် ၊ ယတြာ ၊ နတ်များ ၊ ဘိုးတော်
များကိုလည်း ကိုးကွယ် အားကိုးခြင်းမရှိတော့ပါ ။ဘုရား ၊ တရား ၊ သံဃာ တည်းဟူသော ရတနာမြတ်သုံးပါးကိုသာ ကိုးကွယ်ဆည်းကပ်
နေသူ ဖြစ်၍အခြားမည်သည့် အယူဝါဒမတူသူက ခြောက်ပြီး မြှောက်ပြီး ဆွဲဆောင်စေကာမူ ကြောက်ခြင်း မြောက်ခြင်း မဖြစ်တော့ပဲစစ်
မှန်သော ဗုဒ္ဓဘာသာဝင်တစ်ဦးအဖြစ် ရာသက်ပန်မတုန်မလှုပ် နေထိုင် ကျင့်ကြံသွားသူများပင် ဖြစ်သည်..အခုဆိုရင် စာဖတ်သူများအနေ
ဖြင့် အထက်တန်းစား ဗုဒ္ဓဘာသာဝင်နှင့် အောက်တန်းစားဗုဒ္ဓဘာသာဝင်ဘယ်လိုကွဲပြားခြားနားတယ်ဆိုတာနားလည်သဘောပေါက်
လောက်ပါပြီ ။ သို့ဖြစ်၍ ဗုဒ္ဓဘာသာဝင်ဟု အမည်ခံထားသူများအနေဖြင့် မိမိတို့ကိုယ် မိမိတို့ အထက်တန်းစား ဗုဒ္ဓဘာသာဝင်များလော
အောက်တန်းစားဗုဒ္ဓဘာသာဝင်များလောဟုပြန်လည်ဆန်းစစ် ကြည့်သင့်ပေသည် ။ အထက်တန်းစားဗုဒ္ဓဘာသာဝင်များဖြစ်လာအောင်
လည်း ကြိုးပမ်းသွားဖို့အထူးလိုအပ်လှပေသည်ဟု တိုက်တွန်းရင်း ကျနော့်ဆွေးနွေးချက်ကို ဒီမှာပဲနိဂုံးချုပ်လိုက်ပါတယ်အထက်တန်းစား
ဗုဒ္ဓဘာသာဝင်များဖြစ်ကြပါစေဗျာ……
ဆရာဝင်းသိန်းဥိးရေးသားတဲ့ ရှေးဘ၀နောက်ဘ၀ ဗုဒ္ဓမဝေဖန် နှင့် ဓမ္မစာစုများ ဆိုသည့်စာအုပ်မှ ကိုးကားရေးသားပါသည်

ဆက်ဖတ်ရန်
ပို့စ်တင်သူ ။.............။ လခြမ်းမြီ on
0 ( မှတ်ချက်ရေးချင်ရင် )
ခေါင်းစဉ်အလိုက်ပို့စ်များ |

ယနေ့ခေတ်မှာ လူငယ်တွေဟာ ဘာသာအသိတရား တဖြည်းဖြည်းနဲ့ ခေါင်းပါးလာပြီ။

ဘုရားတောင်မှ ထိခြင်းငါးပါးနဲ့ ဦးချရကောင်းမှန်း မသိကြတော့ပါဘူး။ ဒီလို အခြေအနေ တွေကိုသိလို့ မြတ်စွာဘုရားက "နောင်အနာဂတ်ကာလမှာ ဗုဒ္ဓဘာသာ ငါးမျိုး ကွဲပြား လိမ့်မယ်" ဟု ဟောတော်မူထားခဲ့ပါတယ်။ အဲဒီဗုဒ္ဓဘာသာ ငါးမျိုးကတော့......
(၁)။ ကုလ ဗုဒ္ဓဘာသာ
(၂)။ လာဘ ဗုဒ္ဓဘာသာ
(၃)။ ဘယ ဗုဒ္ဓဘာသာ
(၄)။ သဒ္ဓါဓိက ဗုဒ္ဓဘာသာ
(၅)။ ပညာဓိက ဗုဒ္ဓဘာသာ

(၁)။ ကုလ ဗုဒ္ဓဘာသာ( မိရိုးဖလာဗုဒ္ဓဘာသာ)
ကုလ ဗုဒ္ဓဘာသာ ဆိုတာ ရိုးရာ ဗုဒ္ဓဘာသာ ကိုပြောတာပါ။ အမေအဖေက ဗုဒ္ဓဘာသာမို့ သားသမီးက ဗုဒ္ဓဘာသာ ဖြစ်လာရတာပါ။ မိဘက ခရစ်ယာန်ဆိုရင် သားသမီးကလည်း ခရစ်ယာန်။ မိဘက အစ္စလာမ်ဆိုရင် သားသမီးကလည်း အစ္စလာမ်။ ဒါကို မိရိုးဖလာ ကုလဗုဒ္ဓဘာသာပေါ့။ မိဘက ဗုဒ္ဓဘာသာ မို့သာ သားသမီးက ဗုဒ္ဓဘာသာ ဖြစ်လာရတယ် ဘုရားရှင် ဘာလို့ ပွင့်မှန်းမသိ။ ဘုရား ဘာတရားဟောမှန်းလည်း မသိ။ ကိုယ်ပြောတဲ့ ဗုဒ္ဓဘာသာဝင်ဆိုတာတောင်မှ ဘာပြောမှန်းမသိ။ ကိုယ်ကိုးကွယ်နေတဲ့ မြတ်စွာဘုရား ဘာကြောင့်ကိုးကွယ်ရမှန်းလည်းမသိ။ တရားတော်ကို ဘာကြောင့်ကိုးကွယ်ရ မှန်းမသိ။ ဘုရားကို ဦးချတာ ဘာရည်ရွယ်ချက်နဲ့ ဦးချနေမှန်းကို မသိတာ။ ဘာကြောင့်ဒီလောက် ရိုရိုသေသေနဲ့ အလေးပြုနေမှန်းကို မသိတာ။ လုပ်တော့ လုပ်နေတာပဲ အသိပညာ ဘာမှမပါတာ။ ကုလဗုဒ္ဓဘာသာပါ။

(၂) လာဘာဗုဒ္ဓဘာသာ
လာဘာဗုဒ္ဓဘာသာဆိုတာ လာဘ်လာဘလိုလို့ ကိုးကွယ်တဲ့ ဗုဒ္ဓဘာသာကို ဆိုလိုတာပါ။ ဒီဘ၀ စီးပွားရေးလေး တက်မလားဆိုပြီးတော့မှ ဘုရားကိုးကွယ်တာမှာ ရွေးပြီးတော့ ကိုးကွယ်တယ်။ ဒီဘုရားကိုးကွယ်ရင်တော့ လာဘ်လာဘ ပေါများတယ် ဟိုဘုရားကိုးကွယ်ရင်တော့ စီးပွားတတ်တယ်ဆိုပြီး ရွေးကိုးကွယ်တာ လာဘဗုဒ္ဓ ဘာသာပါ။ ဘုရားကိုးကွယ်မှ လာဘ်ပေါမယ်ဆိုရင် ဘုရားမကိုးကွယ်တဲ့ ခရစ်ယာန်တွေ ဘာလို့ လာဘ်ရွှင်နေတာလဲ။ အဓိက စီးပွားရေး ဖြစ်နေတယ်ဆိုတာ ဘုရားကြောင့်မဟုတ်ပါဘူး။ ကံဥာဏ်ဝီရိယ သတ္တိကြောင့်ပါ။
အရောင်းအ၀ယ်တစ်ခုလုပ်မယ်။ အိမ်ခြံဝင်းဝယ်မယ်။ ရောင်းမယ်။ အိမ်နေရာ ပြောင်းမယ်ဆိုရင်တောင်မှ ရက်ရာဇာ ပြဿဒါး ရွေးနေတာတွေ၊ ဘုရားကျောင်းဆောင် ပေါ်မှာ ဘိုးတော်ပုံတွေ ဘွားတော်ပုံတွေ တင်ထားတာတွေ၊ ကိုးကြီးကျော် မနှဲလေး အစရှိတွေ နတ်တွေ ကိုးကွယ်တာတွေ၊ ဗေဒင်တွေ ယုံကြည်ပြီး ယတြာတွေ ချေလိုက်ကြ စတဲ့ လာဘ်လာဘ လိုချင်လို့ ကိုးကွယ်တဲ့ ဗုဒ္ဓဘာသာဝင်များကို လာဘာဗုဒ္ဓဘာသာ ဟုခေါ်ပါသည်။

(၃)ဘယ ဗုဒ္ဓဘာသာ(ကြောက်လို့ ကိုးကွယ်သော ဗုဒ္ဓဘာသာ)
ဘယဗုဒ္ဓဘာသာဆိုတာ ဘေးကို ကြောက်လို့ ကိုးကွယ်တာကို ခေါ်ပါတယ်။ အန္တရယ်ကင်းဖို့ ၊ ဘေးရှင်းဖို့၊ အသက်ရှည်ဖို့၊ ကျန်းမာဖို့ ၊ ဒီလိုအတွေးအခေါ် အယူအဆတွေနဲ့ ဘုရားကို ကိုးကွယ်တာကို ဘယဗုဒ္ဓဘာသာဟုခေါ်ပါသည်။ ဒီဘုရားကို ကိုးကွယ်မှ အသက်ရှည်မယ်ဆိုရင် ဒီဘုရားကို မကိုးကွယ်တဲ့ ခရစ်ယာန်တွေ အစလာမ်တွေ အသက်ရှစ်ဆယ် တစ်ရာကျော်တွေ ရှည်နေကြတာ ဘာလို့ပါလဲ။

ဘာမှမသိဘဲ ရမ်းကိုးကွယ်တာ ကုလဗုဒ္ဓဘာသာ၊လာဘ်လာဘာ လိုချင်ပြီး ကိုးကွယ်တာ လာဘ်လာဘ လိုချင်ပြီး ကနားတွေပေးတာ လာဘဗုဒ္ဓဘာသာ၊ ဘေးကြောက်ပြီး အကိုးကွယ်တွေ မှားနေတာ ဘယဗုဒ္ဓဘာသာ။ ဒီကုလ၊လာဘ၊ ဘယဗုဒ္ဓဘာသာ သုံးမျိုးကို အောက်တန်းစားဗုဒ္ဓဘာသာဟု ခေါ်ပါသည်။
ဟိုလူမပါ၊ ဒီလူမပါ၊ ဟိုလူပသပါတယ်။ ဒီလူပသပါတယ်။ လက်ညှိုးထိုး ခွက်လှန် လုပ်နေတာတွေကို မြတ်စွာဘုရားက သူတောင်းစား ဗုဒ္ဓဘာသာပါတဲ့။
ခန္ဓာကိုယ်မှာ အသိ၊ဘာသာရေးအသိဓာတ်ခံ အားနည်းတော့ လိမ်စားနေတဲ့ သူတွေက လိမ်လို့ကောင်းနေပါတယ်။ ဘုရားလည်း ကိုးကွယ်ရသေး၊ တရားလည်း ကိုးကွယ်ရသေး၊ ဆွမ်းဦးကိုလည်း လောင်လှူရသေး သာသနာတော်ကိုလည်း သင်္ကန်း ဆွမ်းကျောင်းဆေး ၊ ပစည်းလေးပါးနဲ့ လှူဒါန်းပူဇော်ဆက်ကပ်ရသေး။ ဘာအတွက် ဒါတွေ လုပ်နေရတာလဲ ဘာအတွက် သာသနာကို ချီးမြှောက်နေတာလဲ၊ ဘာအတွက် ကျောင်းဆောက်နေတာလဲ ။ စဉ်းစားပါ၊ ဝေဖန်ပါ၊ သုံးသပ်ပါ။

(၄)သဒ္ဓါဓိက ဗုဒ္ဓဘာသာ
သဒ္ဓါဓိက ဗုဒ္ဓဘာသာဆိုတာ သဒ္ဓါတရားကို အရင်းခံပါတယ်။ သဒ္ဓါတရားဆိုတာ ယုံကြည်ချက်ပါ။ ဘုရား၊တရား၊ သံဃာာကို တကယ်သက်ဝင်ယုံကြည်တာကို ခေါ်ပါတယ်။ ဘုရား၊ တရား၊ သံဃာကို ယုံကြည်တဲ့နေရာမှာလည်း မှန်မှန်ကန်ကန် ယုံကြည်တဲ့ သမ္မာသဒ္ဓါ နဲ့ မှားမှားယွင်းယွင်း ယုံကြည်တဲ့ မိစ္ဆာသဒ္ဓါဆိုပြီး နှစ်မျိုးရှိပါတယ်။ သမ္မာသဒ္ဓါဆိုတဲ့ မှန်မှန်ကန်ကန်ယုံကြည်ချက် ဆိုတာ သစ္စာာတရား သိတော်မူတဲ့ မြတ်စွာဘုရားဟာ ဝေနေယျ သတ္တ၀ါတွေကို သူသိသကဲ့သို့ မေတ္တာ ဂရုဏာတော်အပြည့်နဲ့ သစ္စာာလေးချက် အနက်ကို ဟောကြားတော်မူခဲ့ပါတယ်။ ဒီတရားတော် အနက်တွေကို ပိုင်ပိုင်နိုင်နိုင်သိတော်မူသွားကြတဲ့ အရိယာသူတော်စင်ကြီးတွေဟာ နိဗ္ဗာန်ဝင်စံသွားကြပါတယ်။ နိဗ္ဗာန်ဆိုတာ အိုနာသေ လွတ်ရာပါ။ "အသေလွတ်ရာ ပြတတ်လို့ မြတ်စွာဘုရားအား ကိုးကွယ်ပါ၏" ဆိုတဲ့ ယုံကြ ည်ချက်ဟာ မှန်သောယုံကြည်ချက်။
တရားတော်ကို ဘာကြောင့်ကိုးကွယ်ရသလဲ။ မြတ်စွာဘုရားဟော်တော်မူခဲ့တဲ့ တရားတော်ကို ကြိုးစားမယုတ် ပွားများအားထုတ်လိုက်လို့ တရားလမ်းကြောင်းအတိုင်း မဂ္ဂင်လမ်းအတိုင်းသာ လျှောက်သွားရင် နှိဗ္ဗာန်ရောက်ပါမည်။ ထိုအသေလွတ်ရာ ပို့ဆောင်တာဟာ တရားက ပို့ဆောင်တာပါ။ ပုဂ္ဂိုလ်က ပို့ဆောင်တာ မဟုတ်ပါဘူး။ တရားတော်ကို မှန်သောယုံကြည်မှု။
ထိုတရားတွေ မကွယ်မပျောက်သေးတာ ဘယ်သူ့ကျေးဇူးပါလဲ ဆိုရင် သံဃာာရဲ့  ကျေးဇူးပါ။ ဘုရားရှင် ဟောတော်မူသော ဓမ္မက္ခန္ဓာပေါင်း ရှစ်သောင်းလေးထောင်၊ သုတ်ဝိနည်း အဘိဓမ္မာတရားတွေ ဒီတရားတွေကို သံဃာာတော်တွေက ဆောင်ထားတာပါ။ ပိဋကသုံးပုံကို သံဃာတော်တွေက စောင့်ရှောက်ထားတာပါ။ သံဃာာတော်ကို ယုံကြည်မှု။
ဒါတွေက ရတနာမြတ်သုံးပါးကို မှန်မှန်ကန်ကန်ယုံကြည်တဲ့ သမ္မာသဒ္ဓါ ယုံကြည်မှု။
မိစ္ဆာသဒ္ဓါယုံကြည်မှုက လာဘ်လာဘပေါတယ်။ အန္တရာယ်ကင်းတယ် ဆိုပြီး ကိုးကွယ်ယုံကြည်နေတာဟာ မိစ္ဆာသဒ္ဓါ။ လာဘ်လာဘပေါတယ်ဆိုတဲ့ လာဘဗုဒ္ဓ ဘာသာယုံကြည်ချက်၊ အန္တရာယ်ကင်းအောင်ဆိုပြီး ဘယဗုဒ္ဓဘာသာတွေရဲ့  ယုံကြည်မှု
ဗုဒ္ဓရဲ့  ဂုဏ်တော်ကို ဘာမှနားမလည်ဘဲ သူများဦးတိုက်လို့သာ ရမ်းဦးတိုက်ရတဲ့ ကုလဗုဒ္ဓဘာသာတွေရဲ့  ယုံကြည်မှု ဒါတွေက မိစ္ဆာသဒ္ဓါတွေပါ။
အသေလွတ်ရာလမ်းကို ပြတတ်လို့၊ အသေလွတ်ရာကို ပို့ဆောင်နိုင်လို့ ၊ အသေလွတ်ရာ တရားကို ဆောင်ထားနိုင်လို့ ရတနာသုံးပါးကို ကိုးကွယ်ပါ၏ ဆိုတဲ့ သမ္မာသဒ္ဓါ ။ အနှစ်သာရမရှိတာကို မရှိဘူးလို့ သိတယ်။ အနှစ်သာရ ရှိတာကို ရှိတယ်လို့ သိတယ်။ မှားတာကို မှားတယ်လို့သိတယ်။ မှန်တာကို မှန်တယ်လို့ သိတယ်။ သိတဲ့အပြင်၊ အမှားလမ်းကို ရှောင်၊ အမှန်လမ်းကို ဆောင်တာသည့် သမ္မာသဒ္ဓါ ရှိတဲ့ သဒ္ဓါဓိက ဗုဒ္ဓဘာသာပါ။

(၅)ပညာဓိက ဗုဒ္ဓဘာသာ
ပညာဓိက ဗုဒ္ဓဘာသာဆိုတာ သစ္စာတရားကို သေချာသိတဲ့ ဗုဒ္ဓဘာသာကို ခေါ်တာပါ။ သဒ္ဓါဓိက ဗုဒ္ဓဘာသာဟာ တရားတော်ကို ယုံကြည်တယ်။ တရားတော်ကို ဘယ်လိုယုံတာလည်း ဆိုတော့ ရမ်းယုံတာမဟုတ်ဘဲ ခန္ဓာသိနဲ့ အသေအချာ သိပြီး ယုံတယ်။ ထိုသို့ သိတာကို ပညာဟု ခေါ်ပါတယ်။ သစ္စာလေးပါးတရားတော်ကို အသေအချာ ပညာသိနဲ့ သိတဲ့ ဗုဒ္ဓဘာသာ၊ ဖြစ်မှုပျက်မှုတွေကို သိတဲ့ဗုဒ္ဓဘာသာ ဖြစ်ပျက်မြင်တာ ခန္ဓာက မြင်တာလား ပညာကမြင်တာလားဆိုတော့ ပညာက မြင်တာပါ။ ပညာဓိက ဗုဒ္ဓဘာသာပါ။ ဘုရားက မင်းတို့ခန္ဓာထဲမှာ ဖြစ်တာနဲ့ ပျက်တာပဲ ရှိတယ် လို့ ဟောခဲ့ပါတယ်။ ဒါကို ကိုယ်တိုင် သစ္စာတရားတော်ကို သေချာသိပြီး ကျင့်ကြည့်လိုက်တော့ မြင်တယ်။ ကိုယ်တိုင်မြင်တော့ ယုံကြည်လာတယ်။ ယုံကြည်တာက သဒ္ဓါ၊ ဖြစ်ပျက်မြင်တာက ပညာ။ ထို့ကြောင့် သဒ္ဓါနဲ့ ပညာ သွားပြီး တွဲနေပါတယ်။ သဒ္ဓါနဲ့ ပညာဟာ တွဲလျက်ပါတဲ့။
သဒ္ဓါတရား မှန်မှန်ကန်ကန် နဲ့ သာ ကြိုးစားမယ်ဆိုရင် အပါယ်လေးပါးမှ ကူးမြောက်နိုင်၏။
တို့မှာ အပါယ်မျိုးစေ့တွေ၊ အပါယ်ကျကြောင်းကံတွေ လုပ်ထားတာရှိတယ်။ ဒါတွေကို ဘယ်သူမှ ၀င်တားလို့ မရပါဘူး။ သူ့ကိုတားချင်ရင်၊ သူ့ကို အကျိုးမပေးစေချင်ရင် ဘာနဲ့ ဖြတ်ရမလဲ ဆိုတော့ ဥာဏ်နဲ့ ဖြတ်ရပါမယ်။ ဥာဏ်နဲ့ ဖြတ်လိုက်လို့ ဖြစ်ပျက်မဂ်ဆိုက်နေတဲ့ ပုဂ္ဂိုလ်မှာ သဒ္ဓါလည်း ပါတယ်၊ ပညာလည်း ပါပါတယ်။ ဒါသည် သဒ္ဓါဓိက ဗုဒ္ဓဘာသာနဲ့ ပညာဓိက ဗုဒ္ဓဘာသာ ဖြစ်ပါသည်။
သဒ္ဓါဓိက ဗုဒ္ဓဘာသာနဲ့ ပညာဓိက ဗုဒ္ဓဘာသာဟာ အထက်တန်းစား ဗုဒ္ဓဘာသာပါ။


(ဒီဗုဒ္ဓဘာသာငါးမျိုး အကြောင်းကို အရှင်ဇောတိသာရ(စဥ့်ကူး) ရေးသားပူဇော်သည့် မိုးကုတ်မြို့  ကုန်းမြင့်သာယာရပ် ဓမရံသီရိပ်သာ ပဓာန နာယက ကမဋ္ဌာနစရိယ နယ်လှည့်ဓမ္မကထိက ဆရာတော် ဘဒ္ဒန္တ သုနန္ဒ ဟောကြားတော် မူအပ်သော ဗုဒ္ဓဘာသာငါးမျိုး နှင့် သစာလေးပါး တရားတော် စာအုပ်မှ ကောက်နှုတ်ဖော်ပြခြင်း ဖြစ်ပါတယ်။ အကျယ်ကို သိလိုပါက ထိုစာအုပ်တွင်ထပ်ပြီး လေ့လာနိုင်ပါကြောင်း။ အားလုံးပဲ ကျန်းမာပျော်ရွှင် ကြပါစေ။၏

Posted 02-12-2009 at 09:39 AM by oonayoo(အဖြူရောင်သံစဉ်)

 

ဆက်ဖတ်ရန်
ပို့စ်တင်သူ ။.............။ လခြမ်းမြီ on
0 ( မှတ်ချက်ရေးချင်ရင် )
ခေါင်းစဉ်အလိုက်ပို့စ်များ |

အနန္တအတုမရှိ ဗုဒ္ဓမြတ်စွာဘုရား

အလှူရှင်များအား MMSA အဖွဲ့မှ မှတ်တမ်းတင်ဂုဏ်ပြုလွှာပေးအပ်

အလှူရှင်များအား MMSA အဖွဲ့မှ မှတ်တမ်းတင်ဂုဏ်ပြုလွှာပေးအပ်

Mahidol University

International Buddhist Collage

မြန်မာ E Books

ထိုင်းနိုင်ငံ ရောက် ရွှေ့ပြောင်း မြန်မာအလုပ်သားမားများအတွက် ပညာရေး အခွင့်အလမ်းများ

MMSA ပရိတ်သတ်များ

ယခင်ပို့စ်အဟောင်းများ

အားပေးနေသော အပေါင်းသင်းများ

International News

တိုင်းရင်းသားသတင်းဌာနများစုစည်းမှု

သတင်းဌာနများစုစည်းမှု

ဘလော့ဂ်များစုစည်းမှု