MMSA ဘလော့စည်းမျဉ်းများ

* ဘာသာ သာသနာနှင့်လူမျိုးတို့၏ ဂုဏ်ကို ထိခိုက်ပျက်စီးစေတတ်သော အရေးအသားမျိုးကို ရှောင်ရှားရန်၊
* အချင်းချင်း ညီညွတ်မှု့ကို ပျက်စီးစေတတ်သော အကြောင်းများကို ရေးသားခြင်းမှ ရှောင်ရှားရန်၊
* သာသနာနှင့် မအပ်စပ်သော အဖွဲ့ဂုဏ်သိက္ခာကို ငြိုးနွမ်းစေတတ်သော ပုံများကိုတင်ခြင်းမှ ရှောင်ရှားရန်၊
* ပုဂ္ဂိုလ်ရေးဆိုင်ရာများထက် အများနှင့်သက်ဆိုင်သော အကျိုးများစေနိုင်သော ပုံများ စာများကိုသာ ရေးသားရန်၊
* MMSAသည် ပညာရေးအဖွဲ့စည်း ဖြစ်သည့် အတွက်နိုင်ငံရေးနှင့်သက်ဆိုင်သော အရေးအသားများကို ရေးခြင်းမှ ရှောင်ရှားရန်၊
* ဗုဒ္ဓဘာသာနှင့် မိမိတို့လေ့လာနေသော ပညာရပ်ဆိုင်ရာ အကြောင်းအရာများကို ဗဟုသုတအလို့ငှါ ရေးသား မျှဝေကြရန်၊

မြတ်စွာဘုရားရှင်ကအနာထပိဏ်သူဌေးကြီးအိမ်သို့ကြွရောက်သီတင်းသုံးစဉ်သုဇာတာသတို့သမီး
နှင့်ပတ်သက်၍ ဟောကြားတော်မူ ခဲ့ခြင်းဖြစ်ပါသည်။ အနာထပိဏ် သူဌေးကြီးအိမ်၌ အလွန်ကျယ်
လောင်သောအသံတို့နှင့်ဆူညံနေသဖြင့်မြတ်စွာဘုရားရှင်ကသူဌေးကြီးသင့်အိမ်၌တံငါသည်များငါး
လုယက်သကဲ့သို့ ဆူညံလှချည်လားဟု မိန့်တော်မူ၏။ ထိုအခါသူဋ္ဌေးကြီးက မြတ်စွာဘုရား တပည့်
တော်၏ချွေးမသုဇာတာသည်ယောက္ခမကြီးနှစ်ယောက်ကိုလည်းယောက္ခမဟူ၍အမှတ်မပြု၊မြတ်စွာ
ဘုရား ကိုသော်မှလည်းအရိုအသေမပြု၊ အလေးအမြတ်မပြု၊မပူဇော်ပါဘုရား- ဟုလျှောက်ထားလေ
၏။ထိုအခါမနီးမဝေး၌ပုန်းကွယ်၍နားထောင်နေသောသုဇာတာကိုမြတ်စွာဘုရားခေါ်တော်မူပြီးလျှင်
ဇနီးမယား၇-မျိုးကိုအောက်ပါအတိုင်းဟောကြားတော်မူခဲ့ပါသည်။
ဇနီးမယား၇-မျိုးမှာ-
၁။ ၀ဓကသမာ-သူသတ်နှင့်တူသော ဇနီးမယား။
၂။ စောရီသမာ-ခိုးသူနှင့်တုသော ဇနီးမယား။
၃။ အယျသမာ-အရှင်နှင့်တူသော ဇနီးမယား။
၎။ မာတာသမာ-အမိနှင့်တူသော ဇနီးမယား။
၅။ ဘဂိနီသမာ-အမ နှမနှင့်တူသော ဇနီးမယား။
၆။ သခီသမာ-အဆွေခင်ပွန်းနှင့်တူသော ဇနီးမယား။
၇။ ဒါသီသမာ-ကျွန်မနှင့်တူသော ဇနီးမယား။
၁။ သူသတ်နှင့်တူသော ဇနီးမယား ဟူသည်-
အကြင်ဇနီးမယားသည် အမျက်ဒေါသကြီး၏၊လင်ဖြစ်သူ ရှာဖွေပေးသော စီးပွားဥစ္စာကို မပျက်စီးရ
အောင်စောင့်ရှောက်လေ့မရှိ၊မိမိလင်ယောက်ျားမှတပါးသောယောက်ျားတို့၌ တပ်မက်ခြင်းရှိ၏၊မိမိ
လင်ကိုငွေဖြင့်ဝယ်အပ်သောသူကဲ့သို့ မထီမဲ့မြင်ပြု၏၊အကြောင်းအမျိုးမျိုးတို့ကြောင့်လင်ကိုသတ်ဖို့
ရာအားထုတ်၏၊
ထိုဇနီးမယားသည် သူသတ်နှင့်တူသော ဇနီးမယား ဖြစ်၏။
၂။ ခိုးသူနှင့်တူသော ဇနီးမယား ဟူသည်-
အကြင်ဇနီးမယားသည် အရှင်လင်ယောက်ျားအတတ်ပညာဖြင့် ရှာဖွေရရှိလာသော ပစ္စည်းဥစ္စာ၊
ကုန်သွယ်၍ရရှိလာသောပစ္စည်းဥစ္စာ၊လယ်လုပ်၍ရရှိလာသောပစ္စည်းဥစ္စာ အနည်းငယ်ကိုဖြစ်စေ၊ အများကိုဖြစ်စေအပြင်သို့ထုတ်ဆောင်ခိုးယူခြင်းငှါ အလိုရှိ၏။
ထိုဇနီးမယားသည် ခိုးသူနှင့်တူသော ဇနီးမယား ဖြစ်၏။
၃။ အရှင်နှင့်တူသော ဇနီးမယား ဟူသည်-
အကြင်ဇနီးမယားသည်အလုပ်အကိုင်လုပ်ဖို့ရန် အလိုမရှိ၊ ပျင်းရိ၏၊အစားလည်း ကြီး၏၊စိတ်လည်း ကြမ်း၏၊ကိုယ်အမူအရာလည်း ကြမ်း၏၊ကြမ်းတမ်းသော စကားကိုလည်း ပြောဆိုတတ်၏၊လုံ့လ၀ီရိ
ယရှိသောလင်ကိုလည်းလွှမ်းမိုး၍အနိုင်ကျင့်တတ်၏၊
ထိုဇနီးမယားသည် အရှင်နှင့်တူသော ဇနီးမယား ဖြစ်၏။
၎။ အမိနှင့်တူသော ဇနီးမယား ဟူသည်-
အကြင်ဇနီးမယားသည် အမိသည် သားကို အစဉ်စောင့်ရှောက်သကဲ့သို့ လင်ယောက်ျားကိုအခါခပ်
သိမ်းအစဉ်သနားကြင်နာ၍ စောင့်ရှောက်၏၊ လင်ယောက်ျား ဆည်းပူးရှာဖွေ၍ရရှိလာသောပစ္စည်း
ဥစ္စာကိုလည်းမပျက်စီးမဆုံးရှုံးရအောင်အစဉ်မပျက် စောင့်ရှောက်တတ်၏၊
ထိုဇနီးမယားသည်အမိနှင့်တူသော ဇနီးမယား ဖြစ်၏။
၅။ အမ နှမ နှင့်တူသော ဇနီးမယား ဟူသည်-
အကြင်ဇနီးမယားသည် အမကြီး နှမငယ်တို့သည် မောင်ဖြစ်သူ၌ ရိုသေသကဲ့သို့ ထို့အတူ မိမိလင်
ယောက်ျားဖြစ်သူ၌ရိုသေ၏၊အရှက်အကြောက်နှင့်ယှဉ်သော စိတ်ရှိ၏၊လင်၏အလိုသို့လိုက်တတ်၏၊
ထိုဇနီးမယားသည် အမ နှမနှင့်တူသော ဇနီးမယား ဖြစ်၏။
၆။ အဆွေခင်ပွန်းနှင့်တူသော ဇနီးမယား ဟူသည်-အကြင်ဇနီးမယားသည်ဤလူ့လောက၌အဆွေခင်ပွန်းဖြစ်သူသည်အရပ်တပါး၌နေထိုင်၍ကြာမြင့်မှ
ရောက်ရှိလာသောအဆွေခင်ပွန်းကို မြင်ရသောအခါလွန်စွာဝမ်းမြောက်သကဲ့သို့လင်ယောက်ျားကို
မြင်ရသောအခါလွန်စွာဝမ်းမြောက်၏၊အမျိုးအနွယ်နှင့် ပြည့်စုံ၏၊အကျင့်သီလရှိ၏၊လင်ယောက်ျား၌
ရိုသေစွာ ကျင့်တတ်၏၊
ထိုဇနီးမယားသည် အဆွေခင်ပွန်းနှင့် တူသော ဇနီးမယား ဖြစ်၏။
၇။ ကျွန်မနှင့်တူသော ဇနီးမယား ဟူသည်-
အကြင်ဇနီးမယားသည် လင်ယောက်ျားကတုတ်ကိုကိုင်၍ သတ်ပုတ်မည်ဟုခြိမ်းခြောက်အပ်သော်
လည်းထိတ်လန့်ခြင်းမရှိ၊ ဒေါသဖြင့် ပြစ်မှားလိုသောစိတ် မရှိ၊လင်ယောက်ျားကို သည်းခံ၏၊ အမျက်
ထွက်ခြင်းလည်း မရှိ၊ လင်ယောက်ျားအလိုသို့ လိုက်တတ်၏၊
ထိုဇနီးမယားသည်ကျွန်မနှင့်တူသောဇနီးမယားဖြစ်၏။
အကြင်ဇနီးမယားတို့သည်
သူသတ်နှင့်တူကုန်၏၊
ခိုးသူနှင့်တူကုန်၏၊
အရှင်နှင့်တူကုန်၏၊
ထိုဇနီးမယားတို့သည် သီလမရှိကြကုန်၊
လင်ယောက်ျားကို ရိုသေခြင်း မရှိကြကုန်၊
ကြမ်းကြုတ်သောသဘော ရှိကုန်၏၊
ထိုသုံးယောက်သော ဇနီးမယားတို့သည် ခန္ဓာပျက်၍ သေပြီးသည်မှ နောက်ကာလ၌ အပါယ်ငရဲသို့ ကျရောက်ကြကုန်၏။
အကြင်ဇနီးမယားတို့သည်
အမိနှင့် တူကုန်၏၊
အမ နှမနှင့် တူကုန်၏၊
အဆွေခင်ပွန်းနှင့် တူကုန်၏၊
ကျွန်မနှင့် တူကုန်၏၊
ထိုလေးယောက်သော ဇနီးမယားတို့သည် ခန္ဓာပျက်၍ သေပြီးသည်မှ နောက်ကာလ၌ နတ်ပြည်သို့ ရောက်ကြကုန်၏-ဟုမြတ်စွာဘုရားရှင် ဟောကြားတော်မူခဲ့ပါသည်။
အနာထပိဏ်သူဋ္ဌေး၏ချွေးမသုဇာတာကိုဆက်လက်၍ မြတ်စွာဘုရားရှင်ကမေးတော်မူသည်မှာ-
သုဇာတာ ဤဇနီးမယား ၇-မျိုးတို့တွင် သင်သည် အဘယ်ဇနီးမယားမျိုး ဖြစ်သနည်း-ဟု မိန့်ကြား
၍ မေးတော်မူလိုက်၏။
ထိုအခါသုဇာတာ-က တပည့်တော်မကိုဤနေ့မှအစပြု၍ လင်ယောက်ျား၏ ကျွန်မနှင့် တူသောဇနီး
မယား-ဟူ၍မှတ်တော်မူပါဘုရား-ဟုမြတ်စွာဘုရားရှင်အားပြန်လည်လျှောက်ထားတော်မူပါသည်။

ပို့စ်တင်သူ ။.............။ လခြမ်းမြီ on Thursday 17 February 2011
ခေါင်းစဉ်အလိုက်ပို့စ်များ

0 ( မှတ်ချက်ရေးချင်ရင် )

အနန္တအတုမရှိ ဗုဒ္ဓမြတ်စွာဘုရား

အလှူရှင်များအား MMSA အဖွဲ့မှ မှတ်တမ်းတင်ဂုဏ်ပြုလွှာပေးအပ်

အလှူရှင်များအား MMSA အဖွဲ့မှ မှတ်တမ်းတင်ဂုဏ်ပြုလွှာပေးအပ်

Mahidol University

International Buddhist Collage

မြန်မာ E Books

ထိုင်းနိုင်ငံ ရောက် ရွှေ့ပြောင်း မြန်မာအလုပ်သားမားများအတွက် ပညာရေး အခွင့်အလမ်းများ

MMSA ပရိတ်သတ်များ

ယခင်ပို့စ်အဟောင်းများ

အားပေးနေသော အပေါင်းသင်းများ

International News

တိုင်းရင်းသားသတင်းဌာနများစုစည်းမှု

သတင်းဌာနများစုစည်းမှု

ဘလော့ဂ်များစုစည်းမှု