MMSA ဘလော့စည်းမျဉ်းများ

* ဘာသာ သာသနာနှင့်လူမျိုးတို့၏ ဂုဏ်ကို ထိခိုက်ပျက်စီးစေတတ်သော အရေးအသားမျိုးကို ရှောင်ရှားရန်၊
* အချင်းချင်း ညီညွတ်မှု့ကို ပျက်စီးစေတတ်သော အကြောင်းများကို ရေးသားခြင်းမှ ရှောင်ရှားရန်၊
* သာသနာနှင့် မအပ်စပ်သော အဖွဲ့ဂုဏ်သိက္ခာကို ငြိုးနွမ်းစေတတ်သော ပုံများကိုတင်ခြင်းမှ ရှောင်ရှားရန်၊
* ပုဂ္ဂိုလ်ရေးဆိုင်ရာများထက် အများနှင့်သက်ဆိုင်သော အကျိုးများစေနိုင်သော ပုံများ စာများကိုသာ ရေးသားရန်၊
* MMSAသည် ပညာရေးအဖွဲ့စည်း ဖြစ်သည့် အတွက်နိုင်ငံရေးနှင့်သက်ဆိုင်သော အရေးအသားများကို ရေးခြင်းမှ ရှောင်ရှားရန်၊
* ဗုဒ္ဓဘာသာနှင့် မိမိတို့လေ့လာနေသော ပညာရပ်ဆိုင်ရာ အကြောင်းအရာများကို ဗဟုသုတအလို့ငှါ ရေးသား မျှဝေကြရန်၊
Showing posts with label ဘာသာရေး. Show all posts
Showing posts with label ဘာသာရေး. Show all posts

ရန်ကုန်တိုင်း၊ ဒဂုံဆိပ်ကမ်းမြို့နယ်၊

အလိုတော်ပြည့် ဓမ္မာစရိယတက္ကသိုလ် နာယကချုပ်ဆရာတော်

ဘဒ္ဒန္တ သုစိတ္တာဘိဝံသ ၏ သြဝါဒကထာ

“အနာယကော ဝိနဿန္တိ၊ နဿန္တိ ဗဟုနာယကော” အသင်းအဖွဲ့အစည်းတစ်ခုကို တည်ထောင်တယ်ဆိုရင် အဲဒီအဖွဲ့ကို လမ်းညွန်ပေးနိုင်တဲ့ ဘက်စုံအရည်အသွေးပြည့်ဝတဲ့ ခေါင်းဆောင်နာယကပုဂ္ဂိုလ်တွေ မလွဲမသွေရှိရမယ်။ အသင်းအဖွဲ့အစည်းတစ်ခု ရေရှည်တည်တံ့နိုင်ဖို့နဲ့ လုပ်ဆောင်တဲ့ ကိစ္စအဝဝတို့ အစဉ်ချောမွေ့စွာ အောင်မြင်နိုင်ဖို့အတွက် ဦးစီးနာယက ခေါင်းဆောင်တွေက နာယက (လူကြီး)ရောဂါ မထသင့်ဘူး။ စေတနာ၊ ဝါသနာ၊ အနစ်နာသုံးပါးလုံး ပြည့်စုံကြဖို့ အလွန်လိုအပ်သလို အသင်းအဖွဲ့ဝင် ပုဂ္ဂိုလ်အချင်းချင်းတို့ဟာလည်း (သာမဂ္ဂီသုခ) ညီညွတ်မှုကို မရ, ရအောင် တည်ဆောက်ကြရမယ်။

“ḩာဏ်ရှိယောင်္ကျား၊ မှားလတ်သောအခါ၊ ဆေးလွန်နာကို၊ ဆရာနောင်ဆက်၊ အကုခတ်သို့၊ ပျက်သာအမြဲ၊ ပြင်နိုင်ခဲ၏” ဆိုတဲ့အတိုင်း လုပ်ဆောင်သမျှ ကိစ္စတိုင်းမှာ ပြင်မရ၊ ပျက်မရ၊ ကုစားမရတဲ့ အမှားအယွင်းတွေ မပြုလုပ်မိဖို့ သတိကြီးစွာ ထား၍ ဆောင်ရွက်ကြပါ။

“ညီညွတ်သူဆောင်၊ ကြံတိုင်းအောင်”ဆိုတဲ့ ဆောင်ပုဒ်ကို လက်ကိုင်ထားကြပြီး “ပကောပကာရတ္ထ၊ မိဒံသရီရံ” မိမိတို့ရရှိထားကြတဲ့ ဘဝခန္ဓာကိုယ်ဟာ သာသနာအတွက်သာ ဖြစ်ရမည် ဆိုတဲ့ သန္နိဋ္ဌာန် ချပြီး ကြီုးစားအားထုတ် ဆောင်ရွက်ကြပါ။

ဆက်ဖတ်ရန်
ပို့စ်တင်သူ ။.............။ Ganda on Monday, 14 May 2012

(၁) ရေချမ်းကပ်လှူခြင်း။
သတ္တ၀ါတို့၏ကျေးဇူးတော်ရှင် သစ္စာလေးပါးမြတ်တရားကို ကိုယ်တော်တိုင်
ပိုင်းခြားသိမြင်တော်မူသော မြတ်စွာဘုရားရှင်အား သက်တော်ထင်ရှား ရှိသည့်
အလားစိတ်တွင်မှတ်ယူကာ လိုသလိုအသုံးပြုနိုင်ရန် ရည်စူး၍ ကပ်လှူခြင်း။
အကျိုးကိုလို၍ ကပ်လှူပူဇော်ခြင်း မဟုတ်သော်လည်း အကျိုးကျေးဇူးတို့အား
သိရှိစေရန် ဖော်ပြအပ်ပါသည်။ ရေအကျိုး(၁၀)ပါးကို စာဖတ်သူများ သိရှိပြီး
ဖြစ်ပါသည်။ ယင်းတို့မှာ
(၁) လျင်မြန်ခြင်း၊
(၂) သန့်ရှင်းစင်ကြယ်ခြင်း၊
(၃) ကျော်ကြားလူသိများခြင်း၊
(၄) ဆာလောင်မွတ်သိပ်မှု ကင်းခြင်း၊
(၅) အခြွေအရံများခြင်း၊
(၆) အသက်ရှည်ခြင်း၊
(၇) အဆင်းလှခြင်း၊
(၈) ချမ်းသာကြီးခြင်း၊
(၉) ခွန်အားဗလ ကြီးမားခြင်း၊
(၁၀) ဉာဏ်ပညာ ကြီးမားခြင်း တို့ဖြစ်ပါတယ်။

(၂) ဆွမ်းကပ်လှူခြင်း။
ရေချမ်းကပ်လှူသကဲ့သို့ မိမိစိတ်တွင်နှလုံးသွင်း၍ ကပ်လှူပါ။ ဆွမ်း၊
သစ်သီးတို့အား နေလွဲညစာ မကပ်မိစေရန် အထူးသတိထားစေလိုပါသည်။ နေလွဲညစာဆိုရာ၌
ရှစ်ပါးသီလတွင်ပါရှိသော ၀ိကာလဘောဇနာ ဆိုသော သီလကိုမမေ့သင့်အပ်ပေ။
အထူးသတိထားရှောင်ကျဉ်ပါလေ။ သို့ရာတွင် တင် ပြစရာလေးတော့ ရှိနေခဲ့ပါသည်။
ကျွန်တော်မြန်မာလူမျိုးများ အနေဖြင့် သာမာန် ဧည့်သည် လာရောက်ရင်တောင်
သစ်သီး၊ မုန့်စသည်တို့ကို စားသုံးရန် အဆင် သင့်
ပြုလုပ်ပြီးမှဧည့်ခံလေ့ရှိပါတယ်
။ ဒါတောင်ဂုဏ်သရေရှိလူကြီး မဟုတ်သေး ပါဘူး။ ယခုမှာ သတ္တ၀ါတို့၏ကျေးဇူးတော်ရှင်
သစ္စာလေးပါးမြတ်တရားကို ကိုယ်တော်တိုင်
ပိုင်းခြားသိမြင်တော်မူသော မြတ်စွာဘုရားရှင်အား သက်တော် ထင်ရှား ရှိသည်ဟု
ကပ်လှူတာ မဟုတ်ပါလား။ ဤသည်ကို သစ်သီးဆို အလုံး လိုက်ကြီး၊ မုန့်ဆိုလျှင်
အိတ်ကမခွာထား။ ညနေအထိထားလို့ထား။ တစ်ချို့ သစ်သီးကိုအုန်းပြီး
မှည့်မှစွန့်ကြတယ်။ စက္ခုအမြင် မတင့်တယ်စရာပါ။ စာဖတ် သူများ မသိရှိသေးက
ပြင်ဆင်နိုင်ရန် တင်ပြအပ်ပါသည်။ အမှားကိုသိလို့ အမှန် ကိုပြင်တာလူတော်ပေါ့။
ဆွမ်းလှူသဖြင့် ရရှိနိုင်သော အကျိုးတရား (၅)မျိုး ကိုလည်း အင်္ဂုတ္တိုရ်
ပါဋ္ဌိတော် ဘောဇနသုန်တွင် ပြဆိုထားပါသည်။ ၄င်းတို့မှာ (၁) အသက်ရှည်ခြင်း၊
(၂) အဆင်းလှခြင်း၊
(၃) ကိုယ်စိတ်ချမ်းသာခြင်း၊
(၄) ခွန်အားဗလ ကြီးမားခြင်း၊
(၅) ဉာဏ်ပညာ ကြီးမားခြင်း တို့ဖြစ်ပါတယ်။

(၃) ဘယ်သွားသွား၊ ဘယ်လာလာ၊ ဘာလုပ်လုပ် သရဏဂုံရွတ်ဆိုဆောက်တည်ခြင်း။
အရဟံဂုဏ်တော် ရွတ်ဆိုပွားများခြင်း။
အသင့်အတင့်အမှန်အတိုင်း နှလုံးသွင်း၍(ယောနိသော မနသိကာရ)၊ လူတိုင်းကို
ပီယစက္ခု ချစ်ခင်သောအမြင်ဖြင့်ကြည့်ကာ မိမိ၏နှလုံးအိမ်ထဲတွင် ဘုရား၊ တရား၊
သံဃာ တို့၏ဂုဏ်တော်များကို မြင်ရောင်၍ ဘုရား၊ တရား၊ သံဃာမှတပါး
ကိုးကွယ်ရာမရှိပါဟု မှတ်ယူကာ သရဏဂုံကို ရွတ်ဖတ်ပွားများခြင်း။
အရဟံ= (က) ကိလေသာကင်းစင်တော်မူသော မြတ်စွာဘုရား၊
(ခ) စိတ်ကွယ်ရာအရပ်၌ပင် မကောင်းမှုကိုပြုတော်မမူသော မြတ်စွာဘုရား၊
(ဂ ) ပူဇော်အထူးကို ခံယူတော်မူထိုက်သော မြတ်စွာဘုရား။ ဟူ၍ အရဟံဂုဏ်တော်ကို
တစ်ဆင့်ထက်တစ်ဆင့်မြင့်၍ ပွားများခြင်း။ ဤကဲ့သို့ သရဏဂုဏ်ဆောက်တည်ခြင်းသည်
ကျောင်းဆောက်လှူဒါန်း၍ ကျောင်းဒကာ ဖြစ်သည်ထက်မြတ်၏။ ဤသို့ပွါးများရာတွင်
ကမ္မဋ္ဌာန်း(၄၀)မှ အနုဿတိ(၁၀)ပါးတွင် ပါဝင်သော ဗုဒ္ဓနုဿတိ ကမ္မဋ္ဌာန်းရှုရာလည်း
ရောက်ပါတယ်။

(၄) ညအိပ်ယာဝင်တိုင်း ငါးပါးသီလ၊ ရှစ်ပါးသီလ စသဖြင့် ခံယူ၍ ဘုရားဝတ်ပြု၊
မေတ္တာပွားပြီးမှ အိပ်စက်ခြင်း။
သာမာန်ဘုရားဝတ်ပြုပြီးမှ အိပ်စက်တာထက်စာရင် သီလစောက်တည် မေတ္တာ ပို့ပြီးမှ
အိက်စက်ရင်ပိုပြီး သီလစင်ကြယ်ပါတယ်။ မေတ္တာအကျိုး(၁၁)မျိုး ကို
လည်းရရှိစေပါတယ်။
(၁) ချမ်းသာစွာ အိပ်ရခြင်း။
(၂) ချမ်းသာစွာနိုးရခြင်း။
(၃) အိပ်မက်ဆိုးတို့ကို မမြင်မက်ခြင်း။
(၄) နတ်အပေါင်းက စောင့်ရှောက်ခြင်း။
(၅) လူအများချစ်ခင်ခြင်း။
(၆) မီးဘေးမသင့်နိုင်ခြင်း။
(၇) အဆိပ်၊လက်နက် မသင့်နိုင်ခြင်း။
(၈) စိတ်တည်ကြည်ခြင်း။
(၉) မျက်နှာကြည်လင်ခြင်း။
(၁၀) တွေဝေစွာမသေရခြင်း။
(၁၁) သေလွန်လျှင် ဗြဟ္မာ့ပြည်ရောက်နိုင်ခြင်း ဟုပြဆိုထားပါတယ်။

ဤအချက်တို့သည် ဗုဒ္ဓဘာသာလူမျိုးများ အနေဖြင့် ငယ်စဉ် ကလေးဘ၀က
သိရှိပြီးသားဖြစ်ပါသည်။ သို့သော်ဤအချက်တို့ကို စာဖတ်သူများ ငယ်စဉ်မှစ၍
ယခုအချိန်ထိ ဘယ်နှစ်ကြိမ်လုပ်ဖူးပြီလဲဆိုသော အတွေး လေးတော့
ဝင်စေချင်မိပါသည်။ နွားတစ်ကောင်အသက်ကြီးလာလေ သူရဲ့ဦး ချိုရှည်လာလေ၊
လူတစ်ယောက်အသက်ကြီးလေ သူရဲ့တဏှာကြီးလေပါ။အသားတိုးသလော
က် တဏှာတိုးသလောက၊်
တရားအသိမတိုးရင် လူကြီး လာသော်လည်း ကလေးတွေးသာသာရယ်ပါ။ သတိအကြောင်း၊ ၀ိပဿနာ
အကြောင်းတွေ ဖောင်ဖောင်ကြီးပြောနေပေမဲ့ စိတ်နေစိတ်ထားရော ကိုယ်ကျင့်
တရားနဲ့ကိုယ်နှုတ်အမူအရာရော ပြောင်းလဲတိုးတက်လာမှုမရှိဘူးဆိုရင် အဲဒီ လူဟာ
ချူန်းပြီးမရွာတဲ့မိုးနဲ့တူတူပါပဲ။ အဲဒီတော့ ဗုဒ္ဓဘုရား၏တရားတော်အတိုင်း
နေ့စဉ်ပြုအပ်သော၊ နေစဉ်ပြုအပ် သော၊ စောင့်ထိန်းအပ်သော၊ ရှောင်ကျဉ်အပ်သော
တရားတော်တို့ကို အချိန်နှင့် အမျှ ကျင့်သုံးကြပါစို့။ ပုထုဇဉ်
တို့၏သဒ္ဓါတရားသည် ထာဝရ မခိုင်မြဲနိုင်လို့ ဆိုထားပေရာ
ဗုဒ္ဓဘာသာဝင်သူတော်စဉ်အပေါင်း ဤကဲ့သို့ ကပ်လှူခြင်း၊ ပွားများခြင်းအားဖြင့်
သဒ္ဓါတရားရင့်သန်၍ ၀ိပဿနာတရားတော်ကို ကျင့်ကြံကြိုး ကုတ် အားထုတ်၍
နိဗ္ဗာန်သို့ မျက်မှောက်ပြုနိုင်သော သူတော်ကောင်း၊ သူတော်မြတ်များ
ဖြစ်ကြပါစေ။
*ဗုဒ္ဓဘာသာဝင်ကောင်းတစ်ယောက် ဖြစ်စေရန် ရည်သန်၍*
*ဓမ္မဒါနပြုအပ်ပါသည်။ သတ္တ၀ါအချင်းချင်း ပီယစက္ခုဖြင့် ကြည့်ရှုနိုင်ကြပါစေ။

ဆက်ဖတ်ရန်
ပို့စ်တင်သူ ။.............။ thadawa on Wednesday, 11 April 2012
0 ( မှတ်ချက်ရေးချင်ရင် )
ခေါင်းစဉ်အလိုက်ပို့စ်များ , |

ယခင် ၀န်ကြီးချုပ်ဟောင်းလည်းဖြစ်၊ ထောက်လှမ်းရေး တပ်ဖွဲ့ အကြီးအကဲဟောင်းလည်း ဖြစ်သူ ဗိုလ်ချုပ် ခင်ညွှန့်သည် မနေ့က ဒုလ္လဘ ရဟန်းဝတ်ခဲ့ကြောင်း သတင်း ရရှိသည်။


Khin Nyunt monk

Photo: Narinjara.com

" သူက ဒုလ္လဘ ရဟန်း ၉ ရက် ၀တ်မှာပါ။ ဒါက ဗုဒ္ဓဘာသာ ဓလေ့ထုံးတန်းစဉ်လာအရ နှစ်သစ်ကူး အခါ သမယမှာ ကောင်းမူ ကုသိုလ်ပြုလုပ်တဲ့ အနေနဲ့ ဒုလ္လဘ ရဟန်းဝတ်တာ ဖြစ်ပါတယ်။ တစ်ခြား ထူးခြားတဲ့ ရည်ရွယ်ချက်မျိုးတော့ ရှိမယ် မထင်ပါဘူး" ဟု အလိုတော်ပြည့်ကျောင်းမှ ဦးဇင်း ဘီလူးခေါ် အရှင် ကုမာရက ပြောသည်။

ဧပြီလ ၉ ရက်နေ့ နံနက် ၈ နာရီခန့်တွင် ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွှန့်၊ သူ၏ သားများ ဖြစ်ကြသော ဦးဇော်နိုင်ဦး၊ ဦးရဲနိုင်ဝင်းတို့မှာ ဒုလ္လဘ ရဟန်း ၀တ်ခဲ့ကြပြီး ဗိုလ်ချုပ် ခင်ညွှန့်၏ မြေး ယောင်္ကျား (၄) ဦးကို ရှင်ပြုပြီး မြေးအမျိုးသမီးနှစ်ဦးအား သီလရှင် (၂) ၀တ်ခဲ့ကြသည်။

" ဦးဇင်းတို့ ကျောင်းတိုက်ရှိရာ ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ် တာမွေကလေး ရပ်ကွက် ပင်ရွှေညောင်လမ်း အောင်မြေ ဗောဓိဓမ္မရိပ်သာ အလိုတော်ပြည့် ကျောင်းတိုက်တွင် ရဟန်းဝတ်ခဲ့ကြတာ ဖြစ်ပါတယ်။ ဦးဇင်းတို့ရဲ့ ကျေးဇူးရှင် အလိုတော်ပြည့် ဆရာတော်ကြီးလည်း အဲဒီနေ့မှာ တစ်ခါတည်း သိက္ခာ ထပ်တယ်ဆိုတော့ တပည့်တကာတွေ စုစုပေါင်း ၅၀၀ ခန့် တက်ရောက်ခဲ့ပါတယ်" ဟု ဦးဇင်းက ဆက်ပြောသည်။

ဒုလ္လဘ ရဟန်းဝတ်ပွဲ အခမ်းအနားသို့ ယခင် ပြည်ထဲဝန်ကြီးဟောင်း ဗိုလ်မှူးကြီး တင်လိုင်၊ ယခင် သာသနာရေး ၀န်ကြီးဟောင်း ဗိုလ်ချုပ် မျိုးညွှန့်အပါအ၀င် အစိုးရ အရာရှိဟောင်းကြီးများလည်း အများအပြား တက်ရောက်ခဲ့ကြောင်း သိရသည်။

ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွှန့်မှ မပျော်ရင် ၃ နှစ်၊ ပျော်ရင် တစ်သက် ရဟန်းဝတ်မယ်ဆိုပြီး သတင်းတွေ ဖြစ်ပေါ်နေမူနှင့် ပတ်သက်ပြီးလည်း ဦးဇင်းဘီးလူးက ယခုလို ဆက်ပြောသည်။

" ဒါကတော့ ကောလဟလ ပြောနေကြတာပါ။ မဖြစ်နိုင်ပါဘူး။ သာသနာဘောင် ရဟန်းဝတ်ပြီး ၉ ရက် အဓိဌာန် ၀င်မှာ ဖြစ်ပါတယ်။ ၉ ရက် ပြည့်ရင်တော့ သူက လူထွက်မှာပါ။ မြေးတွေကလည်း ရှင်မပြုရသေးတော့ မြေးတွေကို ရှင်ပြုတဲ့ အခါ ဗုဒ္ဓဘာသာ ဓလေ့ထုံးတန်း စဉ်လာနဲ့ အညီ ဒုလ္လဘ ရဟန်းဝတ်တာ ဖြစ်ပါတယ်" ဟု ပြောသည်။

ဗိုလ်ချုပ်ကြီး ခင်ညွန့်ရဲ့ ဘုန်းကြီး ဘွဲ့မှာ ဦးခေမိန္ဒဖြစ်ပြီး ရဟန်းဘ၀ဖြင့် ၉ ရက် တရားစခန်းဝင်ပြီး သားများမှာ ၇ ရက် တရားစခန်းဝင်ကြမည်ဖြစ်သည်။ သင်္ကြန်ကာလ အတွင်း ၀ိပသနာ အလုပ် လုပ်ပြီး တရားအားထုတ်သည်မှာ ကောင်းမြတ်သော အလုပ်ဖြစ်သဖြင့် ၀မ်းသာ စရာကောင်းသည်ဟု ဦးဇင်း ဘီးလူက ပြောသည်။


-------------------------------------------------------------------------------------------------------------------------------
.: နိရဉ္စရာမှ သတင်း

ဆက်ဖတ်ရန်
ပို့စ်တင်သူ ။.............။ younger on Tuesday, 10 April 2012
0 ( မှတ်ချက်ရေးချင်ရင် )
ခေါင်းစဉ်အလိုက်ပို့စ်များ |

ဝန်ကြီးချုပ်ဟောင်း ဦးခင် ညွန့်အပါအဝင် သားနှစ်ဦးသည် သိက္ခာထပ်၊ ရဟန်းခံရှင်ပြုပွဲကို ယနေ့နံနက် ၈ နာရီတွင် တာမွေမြို့နယ် တာမွေလေးရပ် ကွက်၊ ပင်ရွှေညောင်လမ်းရှိ အောင်မြေဗောဓိဓမ္မရိပ်သာ အလိုတော်ပြည့်ေ ကျာင်းတိုက် တွင် ကျင်းပခဲ့သည်။အဆိုပါ ရဟန်းခံရှင်ပြုပွဲကို ဦးခင်ညွန့် နှင့် ဒေါက်တာဒေါ်ခင်ဝင်းရွှေ တို့မှ အမှူးပြု၍အလှူဒါနပြုလုပ်ခဲ့ ပြီး ဦးခင်ညွန့်အပါအဝင်သားနှစ်ဦး နှင့်မြေး ၅ ဦးတို့မှ သာသနာ့ဘောင် သို့ ဝင်ရောက်ကာ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ၊ ပြည်တွင်းပြည်ပသာသနာပြု အလိုတော်ပြည့် ဆရာတော်မှ ကိုယ်တော်တိုင်သာ သနာ့ဘောင်သို့ သွတ် သွင်းပေးခဲ့ သည်။''ဒါပထမဆုံးရဟန်းခံတာပါ။ ရဟန်း ဘဝနဲ့တစ် ပတ်လောက်နေမယ် လို့ပြောတယ်'' ဟု ဦးခင်ညွန့်၏ ဇနီးဖြစ်သူ ဒေါက် တာဒေါ်ခင်ဝင်းရွှေက ဆိုသည်။ယင်းရှင်ပြုရဟန်းခံပွဲသို့် တပ် မတော်မှ အရာရှိများ၊ အငြိမ်းစား အရာရှိကြီးများနှင့် ၄င်းနှင့်ဆက်စပ် သောအရာရှိ အသိုင်းအဝိုင်းမှ ဧည့်ပရိသတ်ပေါင်း ၂ဝဝ ခန့်တရားနာလာ ရောက်ခဲ့ကြပြီး ထိုင်းနိုင်ငံမှ ဧည့် သည်တော်များပါလာရောက်၍ သိမ်ဆင်းဆွမ်းလောင်း လှူခဲ့ကြသည်။
Popular Myanmar News Journal

ဆက်ဖတ်ရန်
ပို့စ်တင်သူ ။.............။ မောင်သိရီ on Monday, 9 April 2012
0 ( မှတ်ချက်ရေးချင်ရင် )
ခေါင်းစဉ်အလိုက်ပို့စ်များ , |

အရှင်ပညာနန္ဒ
ဧပြီ ၇၊ ၂၀၁၂
ဘွဲ့ အမည် – အရှင်ဥက္ကံသ

မွေးသက္ကရာဇ် – ၁၉၈၀
နေရပ် – မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်၊ မုဒွန်းကျေးရွာ
အဖမ်းခံရသည့်နေ့ - ဇူလိုင် ၁၊ ၂၀၁၀ ပုဒ်မ – ၅၀၅ (ခ)၊ ၁၇/၂၀၊ ၃၃ (က)/၃၈
ချမှတ်ခံရသည်ထောင်ဒဏ် – ၁၅ နှစ်။
နေခဲ့ရသည့်ထောင် – အင်းစိန်ထောင်၊ ပုသိမ်ထောင်
လွတ်ရက် – ဇန်ဝါရီ ၁၃၊ ၂၀၁၂

• အမျိုးသားရေးလှုပ်ရှားမှုများ
(၁) မွန်အမျိုးသားကျောင်းတွင် (၁၉၉၉ မှ၂၀၀၁) အထိ ကျောင်းဆရာလုပ်ခဲ့။
(၂) Save the children တွင်စေတနာ့ဝန်ထမ်း (၂၀၀၁ မှ၂၀၀၂) အထိ လုပ်ဆောင်ခဲ့။
(၃) မုဒွန်းရွာ မွန်လူငယ်အသင်းကိုဖွဲ့စည်းခဲ့။
(၄) မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ နိုင်လှုံကျေးရွာ၊ အောင်ဇေယျပရိယတ္တိစာသင်တိုက်နှင့် မွေးရပ်ဇာတိမုဒွန်းရွာတွင် စာကြည့်တိုက်တည်ထောင်ခဲ့။
(၅) သွေးလှူအသင်း၊ မွန်စာပေနှင့် ယဉ်ကျေးမှုအသင်းများဖွဲ့စည်းခဲ့ပြီး ရွှေဝါရောင်အရေးအခင်း၊ ၂၀၁၀ ရွေးကောက်ပွဲဆန့်ကျင်ရေးများတွင် ပါဝင်လှုပ်ရှားခဲ့။

• နိုင်ငံရေးလှုပ်ရှားမှုနှင့် ဖြစ်စဉ်
၂၀၁၀ ခုနှစ်က မော်လမြိုင်၊ မုဒုံ၊ သံဖြူဇရပ်၊ ရေး၊ ကျိုက္ခမီ စတဲ့မြို့က ကားလမ်းမတွေပေါ်မှာ No 2010 ကြက်ခြေခတ်အမှတ်ကို မှုတ် ဆေး ဗူးတွေနဲ့ (၂၀၁၀ ရွေးကောက်ပွဲကို) ဆန့်ကျင်ရေးသားလှုပ်ရှားခဲ့မှု၊ အီလက်ထရောနစ်ပုဒ်မ၊ တရားမဝင်ပုံနှိပ်တဲ့ ဥပဒေပုဒ်မ။ နိုင်ငံတော် အကြည်ညိုပျက်စေတဲ့ ဥပဒေပုဒ်မသုံးခုနဲ့ ထောင်ဒဏ် (၁၅) နှစ်ချမှတ် ခံခဲ့ရတဲ့အရှင်ဥက္ကံသ (ခ) ဇော်လတ်ဟာ၂၀၁၂ ခုနှစ်၊ ဇန်န၀ါရီ ၁၃ ရက်နေ့က လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လည်လွတ်မြောက်လာခဲ့ပါတယ်။ မထင်မှတ်ဘဲတနေ့မှာ သူနဲ့ အွန်လိုင်းပေါ်မှာဆုံတွေ့ခဲ့ရပြီးစကား ပြောခွင့်ရခဲ့ပါတယ်။ တက်ကြွတဲ့ရဟန်းငယ်တပါးဖြစ်ပြီး သူရဲ့နိုင်ငံရေးလှုပ်ရှားမှုဖြစ်စဉ်တွေနဲ့ အနာဂတ်မှာသူလုပ်မဲ့လုပ်ငန်းစဉ်တွေ၊ သူ အဖမ်းဆီးခံရပုံတွေနဲ့ ထောင်တွင်းအတွေ့အကြုံတွေကို ပြောပြပါတယ်။ ၂၀၁၀ ရွေးကောက်ပွဲကာလတုန်းက အရှင်ဥက္ကံသရဲ့အဓိကတောင်း ဆိုချက်သုံးရပ်ကတော့ ၂၀၁၀ ရွေးကောက်ပွဲဆန့်ကျင်ရေး၊ ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြန်လည်သုံးသပ်ရေး၊ နိုင်ငံရေးအကျဉ်း သားများလွတ်မြောက်ရေး စတဲ့တောင်းဆိုချက်တွေ ဖြစ်ပါတယ်။

၂၀၁၀ ဇန်နဝါရီလ ၇ ရက်နေ့ ညနေ ၂ နာရီခွဲလောက်မှာ သံဖြူဇရပ်မြို့ ကြံ့ခိုင်ရေးရပ်ကွက်မှာ စရဖတွေရဲ့ ဖမ်းဆီးခံခဲ့ရပြီး သူအဖမ်းခံရတုန်းက ကွန်ပျူတာတလုံး၊ ဗွီဒီယိုကင်မရာတလုံး၊ ဒစ်ဂျစ်တယ်အိတ်ဆောင်ကင်မရာတလုံးနှင့် ၂၀၁၀ ရွေးကောက်ပွဲကို ဆန့်ကျင်တဲ့စာရွက် ၄ ရွက် နဲ့အတူ အဖမ်းခံရတာပါ။ အဖမ်းခံရတဲ့ညမှာဘဲ မုဒုံမြို့ရှိ ရဲနဲ့အဖွဲ့စည်းပေါင်းစုံကအာဏာပိုင် (၃၀) ခန့်က အရှင်ဥက္ကံသနေထိုင်တဲ့စာသင် တိုက်ကို လာရောက်ရှာဖွေစစ်ဆေးခဲ့ပြီး ကွန်ပျူတာအပိုပစ္စည်းတွေနဲ့  စာရွက်စာတမ်းတွေကို သိမ်းဆည်းသွားခဲ့ပါတယ်။

သံဖြူဇရပ်မြို့ စရဖရုံးမှာ ကြမ်းကြမ်းတမ်းတမ်း စစ်ကြောရေးပြုလုပ်တာခံခဲ့ရပြီး နောက်တရက်မှာတော့ သတိမေ့မျောသွားလို့ မော်လမြိုင် ဆေးရုံကြီးမှာ အတွင်းလူနာအဖြစ် သီးသန့်ဆေးကုသခံခဲ့ရပါတယ်။ အဲဒီနောက် အင်းစိန်ထောင်ကိုပို့လိုက်ပါတယ်။ အင်းစိန်ထောင် စစ်ကြော ရေးစခန်းမှာလည်း အရိုက်အနှက် ခံခဲ့ရပြီး ကျောက်ကပ်ယောင်တဲ့ ဝေဒနာတွေထပ်မံခံစားခဲ့ရပါတယ်။ ဆေးကုသခွင့်တောင်းခံပေ မဲ့ ထောင်အာဏာပိုင်တွေက ဆေးရုံမှာ ဆေးကုသခွင့်မပြုခဲ့လို့ ဝေဒနာတွေကို ပြင်းပြင်းထန်ထန်ခံစားခဲ့ရကြောင်းပြောပါတယ်။

အင်းစိန်ထောင်မှာ ထောင်အာဏာပိုင်က စစ်ဖိနပ်နဲ့ ရင်ဝဆောင့်အကန်ခံရတာကို တပည့်တော်ဘ၀မှာ ဘယ်တော့မှမမေ့ဘူးဘုရားလို့ လည်း နာနာကျင်ကျင်နဲ့ ပြန်ပြောပြပါတယ်။ သူအဖမ်းခံရပုံကိုလည်း ခုလိုပြန်ပြောပြပါတယ်။

တပည့်တော် မော်လမြိုင်၊ ရေး၊ ကျိုက္ကမီရေလည်ဘုရား စတဲ့နေရာအတော်များများမှာ ၂၀၁၀ ရွေးကောက်ပွဲဆန့်ကျင်တဲ့ ဆေးမှုတ်လှုပ်ရှားမှု တွေ လုပ်ခဲ့တယ်။ အဲဒီသတင်းတွေကို ပြည်ပသတင်းဌာနတွေကို ပို့ပေးတယ်။ အဲဒီကနေပြီး သံဖြူဇရပ်မြို့နယ်၊ ကျုံကြုတ်ရွာဘုန်းကြီးပျံပွဲအသွားလမ်းမှာစရဖတွေဝိုင်းဖမ်းတာကိုခံရတာဘုရား။ အဖမ်းခံရတဲ့နေ့မှာဘဲ သံဖြူဇရပ်စရဖရုံးမှာ စစ်ကြောရေးလုပ်တယ်။ အတင်းလူဝတ် လဲခိုင်းတယ်။ လက်သီးနဲ့ အထိုးခံရတယ်။ ခြေထောက်နဲ့ အကန်ခံရတယ်။ နှိပ်စက်လွန်းလို့ တပည့်တော်သတိမေ့သွားတယ်။ သတိရတော့ မော်လမြိုင်ဆေးရုံမှာ အတွင်းလူနာအဖြစ်ရောက်နေမှန်းသိရတယ်။ အတော်အကြင်နာတရားမဲ့တဲ့သူတွေပါဘုရား။

နောက် (၃) ရက်လောက်နေတော့ အင်းစိန်ထောင်ကိုပို့ လိုက်တယ်။ အဲဒီမှာလည်း အတော်လေးအနှိပ်စက်ခံရပါတယ်။ အရင်ထဲကတပည့် တော်က ကျောက်ကပ်မကောင်းလို့ ဆေးစားနေရတာပါ။သူတို့ရိုက်နှက်တဲ့ဒဏ်တွေရယ်၊ တပည့်တော် ကျောက်ကပ်ဝေဒနာခံစားရတာတွေ ကြောင့် ဆေးရုံတက်ခွင့်တောင်းပေမဲ့ ဆေးကုသခွင့်မရခဲ့ဘူး။ တရားရုံး (၇) ကြိမ်တက်ရတယ်။ နောက်တော့ ထောင်ဒဏ် (၁၅) နှစ်ချပြီး ပုသိမ်ထောင်ကိုပို့လိုက်တယ်။ ပုသိမ်ထောင်ရောက်ပြီးတဲ့နောက် နေ့တိုင်း ညနေ (၆) နာရီမှာ မွန်အလံတင်သီချင်းဆိုတယ်။ ဘာဖြစ်လို့လည်း ဆိုတော့ တပည့်တော်က မွန်ပြည်သူတွေကို သိပ်လွတ်လပ်စေချင်တာဘဲ။ တပည့်တော်တို့ တိုင်းရင်းသားတွေ အဖိနှိပ်ခံနေရတယ်။ အဖိနှိပ် ခံဘ၀က လွတ်မြောက်စေချင်တယ်။ နောက်ပြီး တပည့်တော်က သတင်းထောက်ကောင်းတယောက်လည်းဖြစ်ချင်တယ်။ တပည့်တော်တို့ လူမှုပတ်ဝန်းကျင်မှာ သတင်းလွတ်လပ်မှုသိပ်မရှိသေးဘူး။ မွန်တွေ သတင်းဘက်ပိုင်းမှာ အားနည်းနေသေးတယ်။

မွန်ပြည်သူတွေ ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်ရဖို့၊ ကိုယ့်လူမျိုးတွေ တိုးတက်ကောင်းမွန်ဖို့ ဆက်ပြီးတော့ လုပ်ဆောင်သွားအုံးမယ်။ အခုတပည့် တော် နိုင်လှုံရွာ အောင်ဇေယျ မွန်ပရိယတ္တိစာသင်တိုက်မှာနေတယ်ဘုရားလို့ ပြောပြပါတယ်။

ဦးဥက္ကံသနဲ့ပက်သက်လို့ တပည့်ဖြစ်သူ မင်းသိုက်အောင်ကလည်း …
သူက ဒီဗုဒ္ဓစာပေယဉ်ကျေးမှုတို့ ယဉ်ကျေးမှုသင်တန်းတွေပေါ့နော်။ သူက တအားတက်ကြွတဲ့သူပေါ့။ သူက တိုးတက်တဲ့အမြင်တွေရှိတယ်။ အမြဲဆရာအနေနဲ့ပါဝင်ပြီးတော့ ပါဝင်သင်ကြားနေတဲ့သူတစ်ယောက်။ ပြီးရင် ဒီသင်တန်းသားတွေကို အမြဲတမ်းပြောတတ်ပါတယ်။ အခုက ခေတ်မီတဲ့အချိန်ဆိုတော့ ခေတ်မှီတဲ့နည်းပညာပိုင်းတွေကိုတော့ သူကသင်ကြားဖို့လည်း အမြဲတမ်းအားပေးတယ်။ ကွန်ပျူတာသင်တန်းတွေ တက်ဖို့။ အင်္ဂလိပ်စာသင်တန်းတွေတက်ဖို့၊ အဲဒီလိုမျိုးပေါ့နော် တခါ တခါဆို အင်တာနက်တွေသုံးဖို့ပြောတယ်။

အကျဉ်းထောင်ကလွတ်မြောက်လာတာနဲ့ ပက်သက်ပြီး … တပည့်တော်ထောင်ထဲမှာ (၂) နှစ်လောက်နေခဲ့ရတယ်။ ကိုယ်လွတ်လာပေမဲ့ လည်း ၀မ်းမသာနိုင်သေးဘူးဘုရား။ ထောင်ထဲမှာ နိုင်ငံရေးအကျဉ်းသားတွေကျန်နေသေးတယ်။ နိုင်ငံရေးအကျဉ်းသားတွေလွတ်မြောက်ဘို့လည်း ဆက်ပြီးတော့လုပ်သွားရအုံးမှာပေါ့ဘုရား။ တပည့်အကြောင်းက ဒီလောက်ဆိုရပါပြီ။ ပြောစရာတွေကတော့အများကြီးဘဲ။

အရှင်ဘုရားရေ … ဒီမှာ ည (၉) နာရီခွဲပြီဘုရား။ အင်တာနက်ဆိုင်က မီးပိတ်တော့မယ်တဲ့။ တပည့်တော် ကျောင်းပြန်တော့မယ်ဘုရားလို့ ကမန်းကတမ်း နှုတ်ဆက်ပြန်ကြွသွားလေရဲ့။ ဘာမှတောင် ပြန်ပြောချိန်မရလိုက်။

ဦးဥက္ကံသအကြောင်း၊ ထောင်ထဲမှာကျန်နေသေးတဲ့အကျဉ်းကျသံဃာတော်တွေအကြောင်း၊ လျှပ်စစ်မီးအကြောင်း၊ စဉ်းစားရင်း ရင်မောနေမိပါတော့တယ်။

http://moemaka.com

ဆက်ဖတ်ရန်
ပို့စ်တင်သူ ။.............။ younger on Saturday, 7 April 2012
0 ( မှတ်ချက်ရေးချင်ရင် )
ခေါင်းစဉ်အလိုက်ပို့စ်များ |

cimg0732

မတ်လ ၃၀ ရက်နေ့ မနက်က ကိုမင်းကိုနိုင်ဦးဆောင်တဲ့ ၈၈မျိုးဆက်ကျောင်းသားများ ဟာ ရန်ကုန်မြို့ ကို ရောက်ရှိနေတဲ့ အရှင်ဝီရသူ နှင့် တွေ့ ဆုံဖူးမြော်ခဲ့ပါတယ်။နှစ်ရှည်ထောင်ဒဏ်ကျခံရပြီးပြန်လည်လွတ်မြောက်လာသူ အရှင်ဝီရသူ ဟာ ငွေကြာယံစာသင်တိုက်မှ ရွှေဝါရောင်လှုပ်ရှားမှုအတွင်းအဖမ်းခံခဲ့ရတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်း ရဟန်းတော်များနဲ့ လည်း သွားရောက်တွေ့ ဆုံခဲ့ပါသေးတယ်။

ဆက်ဖတ်ရန်
ပို့စ်တင်သူ ။.............။ younger on Friday, 30 March 2012
0 ( မှတ်ချက်ရေးချင်ရင် )
ခေါင်းစဉ်အလိုက်ပို့စ်များ |

ကျောက်ပန်းတောင်းမြို့

By ဇာဏီ၊ မတ်လ ၃၀ ရက်နေ့၊ ၂၀၁၂ ခုနှစ်။

မန္တလေးတိုင်း ကျောက်ပန်းတောင်းမြို့နယ် ဘုရားနီ ဘုရားအနီးရှိ အိမ်တအိမ်အတွင်း ဗလီ ဆောက်လုပ်ရန် ကြိုးစားသည့်အတွက် ကျောက်ပန်းတောင်းမြို့ခံ လူဦးရေ တသောင်းခွဲ ဝန်းကျင်ခန့် လာရောက် ဖြိုဖျက်နေသည်လို့ မြို့ခံပြည်သူတဦးက ဘားမားဗီဂျေ မီဒီယာကို သတင်းပေးပို့ပါသည်။

အခုလိုဖြစ်ပွားနေသည့် ပြဿနာအပေါ် ကျောက်ပန်းတောင်းမြို့နယ် နိုင်ငံရေးအသိုင်းအဝိုင်းက ပြောနေကြတာကတော့ “ အရင်တုန်းကတည်းက ကျောက်ပန်းတောင်းက လူမျိုးခြားကုလား လက်မခံတဲ့ မြို့ ဖြစ်တယ်၊ ညအိပ်ညနေတောင် လက်မခံဘူး။ အပြင်ဘက်မှာ ထွက်နေတဲ့အသံက ကျောက်ပန်းတောင်းမှာ ကုလားတွေ ဗလီ ဆောက်တယ်ဆိုပြီး သတင်းရလို့ မြို့ခံတွေ စုပေါင်းပြီး ဝင်ဖျက်နေတာ၊ လူထုက တသောင်းခွဲလောက် ရှိတယ်၊ ကားအစီး ၁၀၀ လောက် ရှိသွားပြီ၊ တကယ်က ကုလားနဲ့ ဘုန်းကြီးနဲ့ ပြဿနာဖြစ်တယ်ဆိုပြီးတော့ အသံထွက်နေတာ” ဟု မြို့ခံ တဦးက ဘားမားဗီဂျေ မီဒီယာကို ပြောပါသည်။

“ကျောက်ပန်းတောင်းမှာ မြို့လူထုရော သံဃာရော လက်မခံတာ ဖြစ်တဲ့အတွက် ဗလီဆိုတာ မရှိဘူး။ အဲဒီအိမ်မှာ ဗလီ ခိုးဆောက်တယ်ဆိုပြီး အရင်သုံးလေးနှစ်တုန်းက ပြဿနာ တခါဖြစ်ပြီးပြီ။ အခုထပ်ပြီး အဲဒီအိမ်မှာပဲ ကုလားတွေက ကန်ထရိုက်ငှားပြီး ဗလီ ခိုးဆောက်တဲ့အတွက် အိမ်ကို ဝိုင်းဖျက်နေကြတာပါ။ အခုကိစ္စက ကျန်တဲ့ ပယောဂ မပါဘဲ ကျောက်ပန်းတောင်းမြို့ခံတွေရဲ့ ဆန္ဒအရ ဖြစ်တာဆိုတော့ အဲဒီအပေါ်မှာတော့ မှားတယ် မှန်တယ်လို့ ဦးဇင်းအနေနဲ့ မပြောချင်ပါဘူး” ဟု ကျောက်ပန်းတောင်းမြိုခံ သံဃာတပါးက ဘားမားဗီဂျေ မီဒီယာကို ပြောပါသည်။

ဒီကနေ့ ည ၉း၀၀ နာရီအချိန်မှာတော့ ကျောက်ပန်းတောင်းမြို့ခံလူထုဟာ အဆိုပါအိမ်ကို ဖြိုဖျက်ခဲ့ပြီးနောက် လူစုကွဲသွားကြပါသည်။ အဲဒီလိုဖြစ်ပွားပြီးနောက် ဒေသခံ အာဏာပိုင်တွေက အဆိုပါ အိမ်အနီးအနားတွင် လာရောက်စောင့်ကြပ်နေသည်ကို တွေ့ရတယ်ဟု မြို့ခံတဦးက ပြောပါသည်။

http://www.burmavjmedia.net/?p=9778

ဆက်ဖတ်ရန်
ပို့စ်တင်သူ ။.............။ younger on
0 ( မှတ်ချက်ရေးချင်ရင် )
ခေါင်းစဉ်အလိုက်ပို့စ်များ |

အကြောင်းအရာ ။ ။ နှစ်ပတ်လည် အစည်းအဝေးနှင့်ကော်မတီအသစ်ရွေးကောက်ပွဲးကြီးပြီးဆုံးခြင်း။ (၂၅.၃.၂၀၁၂)တနင်္ဂနွေနေ့တွင် Mahamakut Buddhist University၌ ထိုင်းနိုင်ငံသာသနာပိုင် ကျောင်းဖြစ်သည့် ထိုင်းဘုရင်၏ အမတော် ဆောက်လုပ်လှူဒါန်းထားသော ခန်းမကြီးတွင်ပြုလုပ်ခဲ့ပါသည်။

ထိုင်းနိုင်ငံသာသနာပိုင်အဖွဲ့ဝင်ဆရာတော်ကြီးများကလည်း ကြည်ဖြူစွာလက်ခံကူညီခဲ့ကြပါသည်။၎င်းရွေကောက်ပွဲဝင်အကြောင်းရာများကိုအသေးစိတ် ဓါတ်ပုံမှတ်တမ်းများ ဗီဒီိယိုမှတ်တမ်းများ
နှင့်အတူတင်ပြပေးသွားပါမည်၊ အသင်း၏ Websiteမှာပြုပြင်နေဆဲဖြစ်သောကြောင့် ပြန်ကြားရေးဟောင်းဦးပညာစာရမှ အထူးတောင်းပန်အပ်ပါသည်ဘုရား Websiteမှာ မကြာမြှီပီးစီးတော့မည်ဖြစ်ပါသောကြောင့် M.S.M.O Website ကြီးမှာစည်းကားစွာ
တင်ပြပေးသွားပါမည်ဘုရား၊ လက်ရှိမှာတော့ရွေးကောက်ပွဲအကြောင်းအရာများကို အကြမ်းပျဉ်းတင်ပြပေးလိုက်ရပါသည်ဘုရား။
အပြည့်အစုံကို Website ပြီးသည်နှင့် ဗဟိုကော်မတီအသစ်ပြန်ကြားရေးဆရာတော်များနှင့်တွဲ၍ ဆက်လက်တင်ပေးသွားပါမည်ဘုရား။

အစည်းအဝေး၏အကြမ်းမျဉ်းပါဘုရား

ထိုင်းနိုင်ငံရောက်မြန်မာကျောင်းသားရဟန်းတော်များအဖွဲ့(M.S.M.O)၏ နှစ်ပတ်လည်စုံညီအစည်းဝေး၊
ပညာသင်စရိတ်ထောက်ပံ့လှူဒါန်းခြင်းနှင့်တတိယအကြိမ်မြောက်ဗဟိုကော်မတီအသစ်ပြန်လည် ရွေးချယ်ပွဲအခမ်းအနားအစီအစဉ်
၁။နမောတဿသုံးကြိမ်ရွတ်ဆို၍အခမ်းနားဖွင့်လှစ်ခြင်း။
၂။အသင်းကြီး၏ဥက္ကဌဆရာတော်မှ အဖွင့်အမှာစကားလျှောက်ထားပြောကြားခြင်း။
၃။လက်ရှိဗဟိုကော်မတီမှ အသင်းကြီး၏တစ်နှစ်တာလုပ်ဆောင်ချက်များကိုအကျဉ်းချုပ်တင်ပြခြင်း။
၎။ ဘဏ္ဍာရေးဆရာတော်များမှအသင်းကြီး၏တနှစ်တာဘဏ္ဍာရေးရ/သုံးငွေစာရင်းများရှင်းလင်းတင်ပြခြင်း။
၅။အတန်းအသီးသီးမှရွေးချယ်တင်မြှောက်ထားသောကော်မတီလောင်းများအားဗဟိုကော်မတီဝင်အဖြစ် မဲဆန္ဒများနှင့် ရွေးချယ်တင်မြှောက်ခြင်း။
၆။အသင်း၏စာရွက်စာတမ်းများလွှဲပြောင်းပေးအပ်ခြင်းနှင့် တာဝန်မှအနားယူသွားသောကော်မတီဝင်အဟာင်းများအားအမှတ်တရဂုဏ်ပြုလက်မှတ်များပေးအပ်ချီးမြှင့်ခြင်း။
၇။ ပညာသင်စရိတ်ထောက်ပံ့လှုဒါန်းခြင်း။
၈။ကော်မတီဝင်ဟောင်းများနှင့် အသစ်ရွေးချယ်ထားသောကော်မတီဝင်များအသီးသီးအမှတ်တရအမှာစကားများလျှောက်ထားပြောကြားကြခြင်း။
၉။ကော်မတီဝင်ဟောင်းများနှင့်အသစ်များအမှတ်တရမှတ်တမ်းဓါတ်ပုံများရိုက်ကူးခြင်းနှင့်
၁၀။ဗုဒ္ဓသာသနံစိရံတိဋ္ဌတုသုံးကြိမ်ရွတ်ဆို၍ အခမ်းနားကိုရုတ်သိမ်းခဲ့ကြပါသည်။ ၄င်းပြုလုပ်ခဲ့သောအသေးစိတ်မှတ်တမ်းများကိုမကြာမှီ
အပြည့်အစုံတင်ပြပေးသွားပါမည်။ကော်တီအသစ်ရွေးချယ်ထားသောဆရာတော်များစာရင်းကိုလည်း ဆက်လက်တင်ပြပေးသွားပါမည်ဘုရား။


ဆက်ဖတ်ရန်
ပို့စ်တင်သူ ။.............။ younger on
0 ( မှတ်ချက်ရေးချင်ရင် )
ခေါင်းစဉ်အလိုက်ပို့စ်များ |

မင်းဆက်ခိုင်

------------
အမေရိကန်နိုင်ငံ အိုင်အိုဝါပြည်နယ်တွင် ရောက်ရှိနေကြသော ရခိုင်လူငယ်များက စုစုပေါင်းပြီး သမိုင်းပညာရှင် အရှင်ပညာစာရ၏ ပရဟိတ လုပ်ငန်းများအတွက် ငွေလှူဒါန်းလိုက်ကြောင်း ဦးဆောင်သူ တဦးဖြစ်သူ ကိုမြင့်ခိုင်ကပြောသည်။

Pyin-Nyasara-and-orphan

ယခင်အချိန်က အရှင်ပညာစာရနှင့်ဘမိဘမဲ့ကလေးများ

"အလှူငွေကတော့ ကျပ်ငွေ ၁၁ သိန်း ဖြစ်ပါတယ်။ ဒီမှာရှိတဲ့ ရခိုင်သူ ရခိုင်သားတွေဆီကနေ စေတနာရှိသလောက် ကောက်ခံပြီးတော့ လှူဒါန်းလိုက်တာ ဖြစ်ပါတယ်။ ကျနော်တို့ အဓိက လှူဒါန်းရတာက ဆရာတော် လုပ်ဆောင်တဲ့ ပရဟိတ လုပ်ငန်းတွေကို ပိုပြီးတော့ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နိုင် ရွယ်ရည်ပြီး လှူဒါန်းလိုက်တာဖြစ်ပါတယ်။"

အဆိုပါ အလှူငွေအား ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ နောက်ဆုံးအပတ်တွင် စစ်တွေမှ ဆရာတော်တပါးထံမှတဆင့် လွဲအပ် လှူဒါန်းလိုက်ခြင်းဖြစ်သည်။

"ဆရာတော်ကျောင်းကနေ ဗမာပြည်ကို ခေါ်ဆောင်သွားတဲ့ ရခိုင်ကလေးငယ်တွေကို ပြန်ခေါ်နိုင်မယ်လို့လည်း ကျနော်တို့ မျှော်လင့်ပါတယ်။ ခေါ်နိုင်ခဲ့ရင်လည်း ဒါဟာ အင်မတန် ဝမ်းသာစရာ တခုပါ။ ဆရာတော်နဲ့ ထပ်တူ ကျနော်တို့လည်း ပျော်ရွင်မိမှာပါ။" ဟု သူက ဆက်ပြောသည်။

ဆရာတော်အရှင်ပညာစာရအား ၂၀၁၀ ခုနှစ် ဇူလိုင်လတွင် ဆရာတော် သီတင်းသုံးနေထိုင်သော စစ်တွေမြို့ရှိ မဟာမုနိ ဗုဒ္ဓဝိဟာရ ကျောင်းတိုက်မှ အာဏာပိုင်များက ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။

ထိုနောက် ဆရာတော်အား အလောင်းဖျောက်မှု၊ တရားမဝင်ငွေကိုင်ဆောင်မှု၊ မာတုကာမနှင့် ဖောက်ပြန်မှု စသည့် အမှုပေါင်း ၇မှုဖြင့် တရားစွဲဆိုကာ ထောင်ဒဏ် ၈နှစ်နှင့် ၃လ ချမှတ်ခဲ့သည်။

၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် သရက်ထောင်မှ သမ္မတ လွှတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည် လွတ်မြောက်လာခဲ့သည်။

ဆရာတော်အား ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် ကျောင်းတိုက်ရှိ မိဘမဲ့ကလေးဂေဟာမှ ရခိုင်ကလေးငယ် ၁၀၀ ကျော်ကို ရိုးတောင်ကို ကျော်ပြီး ဗမာပြည်မှ မြို့တချို့သို့ ခေါ်ဆောင်သွားခဲ့ပြီး ဆရာတော် သိမ်းဆည်းစုဆောင်းထားသော ရခိုင်သမိုင်းဆိုင်ရာ အမွေအနှစ် များကို အာဏာပိုင်များက ယူဆောင်သွားကာ ယခုအချိန်ထိ အစအနဖျောက်ထားသည်။

ဆရာတော်သည် သူလုပ်ဆောင်ခဲ့သော ပရဟိတ လုပ်ငန်းများကို ပြန်လည်လုပ်ဆောင်နိုင်ရန်နှင့် မိဘမဲ့ ကလေးငယ်များကို ပြန်လည် ပြုစုပျိုးထောင်ရန် ဆက်လက် စီစဉ်ကြိုးပမ်းဆောင်ရွက် လျှက်ရှိ ကြောင်း သိရသည်။


-------------------------------------------------------------------------------------------------------------------------------
.: နိရဉ္စရာမှ သတင်း

ဆက်ဖတ်ရန်
ပို့စ်တင်သူ ။.............။ younger on Tuesday, 27 March 2012
0 ( မှတ်ချက်ရေးချင်ရင် )
ခေါင်းစဉ်အလိုက်ပို့စ်များ |

မောင်အေး

-----------
ကျောက်တော်မြို့နယ်ရှိ မဟာမုနိ ရုပ်ရှင်တော် မြတ်ကြီး ကိန်းဝပ်ရာ ကျောင်းဆောင်တော်တွင် အလိုတော်ပြည့် ဆရာတော်ကြီးမှ ဦးဆောင်ပြီး တင်ဆောင်မည့် ရွှေထီးတော် အသစ်နှင့် ပတ်သက်ပြီး အရှုပ်အထွေးများ ပေါ်ပေါက်နေကြောင်း သတင်း ရရှိသည်။

images
"နံပတ် (၁) အချက်က သိမ်တော်ကြီးမှာ ရှိတဲ့ ကျွန်းသား အစစ်နဲ့ ပြုလုပ်ထားတဲ့ ပန်းလည်တိုင်ကို မဖျက်ပါနဲ့လို့ ပြောတာကို ဖျက်ချပစ်တယ်။ နံပတ် (၂) အချက်က ဒီထီးတော် တင်မယ့် ကိစ္စကို ဒေသအတွင်းမှာ ရှိတဲ့ ဆရာတော်ကြီးတွေ၊ လူပုဂ္ဂိုလ်တွေနဲ့ မတိုင်ပင်ဘဲ အာဏာပိုင်တွေနဲ့သာ ပြုလုပ်နေတယ်။ နံပတ် (၃) က မြေကြီးကနေ ထီးတော်အထိ အမြင့် ၆၄ တောင်ရှိရမယ်။ ဒါကို နှိမ့်ချပစ်ဖို့ လုပ်နေတယ်။ နံပတ် (၄)က ထီးတော်ကို အရှေ့တောင်ထောင့်က တင်မှာကို အနောက်တောင်ထောင့်က တင်ဖို့ လုပ်နေတယ်။ နောက်တစ်ခါ အခု အသစ်တင်မယ့် ထီးတော်ဟာ အရင် နဂို ထီးတော်ထက် ငယ်လို့ မရဘူး။ ခြေလေးချောင်း သတ္တ၀ါတွေရဲ့ အရုပ်တွေကို မထည့်ရဘူးလို့ ပြောထားပါတယ်" ဟု လုံခြုံရေးကြောင့် အမည် ဖေါ်မပြောလိုသူ ရခိုင်သမိုင်းသုတေသီ တစ်ဦးက ပြောသည်။

၎င်းပြင် သူက " ကျွန်တော်တို့ ရခိုင်ဓလေ့ထုံးတန်းစဉ်လာအရ ဘုရား၊ စေတီတွေက ထီးတော်တွေကို မုန်တိုင်းကြောင့် ဖြစ်စေ၊ သဘာဝ ဘေးအန္တရာယ်ကြောင့် ဖြစ်စေ မြေခပြီးမှ ထီးတော်ကို အသစ် ပြန်တင်ရတယ်။ အခု ထီးတော်က အကောင်းပကတိရှိရဲ့သားနဲ့ ထီးတော်ကို ချပြီး အသစ် ထီးတော်ကို ပြန်တင်ဖို့ လုပ်နေတာဟာ မရိုးသားဘူးလို့ ကျွန်တော်တို့က လုံးဝ ယူဆထားပါတယ်" ဟု သူက ဆက်ပြောသည်။

အဆိုပါ ပြည်သူများအကြား အမြင်အမျိုးမျိုး ပေါ်ပေါက်နေပြီး ထီးတော်အသစ်နှင့် ပတ်သက်ပြီး လူထု အကြားတွင်လည်း အမြင်ကွဲပြားနေကြောင်း သိရသည်။ သို့အတွက် ကျောက်တော်မြို့နယ် သံဃာဝန်ဆောင် ဥက္ကဌ သိန်းတန် ဆရာတော်ကြီးအား နိရဉ္စရာမှ လျှောက်ထားမေးမြန်းရာ ဆရာတော်ကြီးက ယခုလို မိန့်ကြားသည်။

မေး- " ဆရာတော်ကြီးဘုရား- အခု အလိုတော်ပြည့် ဆရာတော်ကြီး တင်ဆောင်ဖို့ စီစဉ်နေတဲ့ ရွှေထီးတော်ဟာ ဒေသအတွင်းက ဆရာတော်တွေရဲ့ ခွင့်ပြုချက်နဲ့ တင်ဆောင်ဖို့ လုပ်နေတာလား၊ ဒါမှ မဟုတ် ဘယ်သူ့ အစီအစဉ်နဲ့ လုပ်နေပါလဲ အရှင်ဘုရား- ဖြေကြားပေးပါ"

ဆရာတော်ကြီး-" မဟုတ်ပါ။ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရဲ့ အစီအစဉ်နဲ့ တင်ဆောင်ဖို့ လုပ်နေတဲ့ အစီအစဉ် ဖြစ်ပါတယ်။ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီက ၀န်ကြီးတွေလည်း ပါတယ်လို့ ကြားတာဘဲ။"

မေး- " ဒါဆိုရင် အခု သိမ်တော်ကြီး အလယ်မှာရှိတဲ့ ကျွန်းသားစစ်နဲ့ ပြုလုပ်ထားတဲ့ ကျွန်းတိုင်ကြီးကို ဖြိုချဖျက်ဆီးပစ်လိုက်ပြီလို့ သိရပါတယ်။ အဲဒီလို လုပ်တဲ့ အပေါ် ဆရာတော်ကြီး အမြင်ကို သိပါရစေ။"

ဆရာတော်ကြီး- " အခု ဆရာတော်ကြီး သိရသလောက် ကျွန်းတိုင်ကို ဖြိုချ ဖျက်ဆီးလိုက်တာ မဟုတ်ပါဘူး။ ကျွန်းတိုင်ကို စတီးလ်ကွပ်ပြီး ပိုပြီး ခိုင်ခန့်အောင် လုပ်တဲ့ သဘော ဖြစ်ပါတယ်" ဟု ဆရာတော်ကြီးက မိန့်ကြားသည်။

စကား ပြောနေစဉ် ဖုံးပြတ်သွားသဖြင့် ဆရာတော်ကြီးအား ဆက်သွယ်၍ မရရှိခဲ့တော့ပါ။

၎င်းနောက်ပိုင်းတွင် မဟာ မုနိ ကုန်းတော်အနီးတွင် တည်ရှိသော သရက်တပင် ဆရာတော်အား ဆက်သွယ် မေးမြန်းရာ ဆရာတော်က ယခုလို ပြောသည်။

" ဦးဇင်းက မဟာမုနိ သိမ်တော်ကို နေ့တိုင်း ရောက်ပါတယ်။ ကိုယ်နဲ့ မဆိုင်တဲ့ အတွက် ကျွန်းသစ် ပန်းလယ်တိုင်ကို လဲချလိုက်ပြီလား။ အသစ် ပြန်လုပ်ပီလား ဆိုတာကို တိတိကျကျ မသိဘူး တကာကြီး" ဟု ပြောသည်။

ယခုကိစ္စမှာ အမျိုးဘာသာ သာနာကိစ္စ ဖြစ်ပါသဖြင့် မဟာမုနိ ရွှေထီးတော် ကိစ္စနှင့် ပတ်သက်ပြီး သိရသလောက် ပြည်သူများ သိရှိရန် ပြောကြားပေးပါဟု လျှောက်ထားရာ ဆရာတော်က ယခုလို မိန့်ကြားသည်။

" အခုက လူတွေကြားထဲမှာတော့ အမျိုးမျိုး ကိုယ်ထင်ရာကို ကိုယ်ပြောနေကြပါတယ်။ အခု အလိုတော်ပြည့် ဆရာတော်ကြီး လုပ်နေတာတွေကလည်း တစ်ဘက်က ကြည့်ရင် စနစ်တကျနဲ့ ကောင်းကောင်းမွန်မွန်လုပ်တာကို တွေ့နေရပါတယ်။ အင်ဂျင်နီယာတွေနဲ့ ဘုံအဆင့်ဆင့် လုပ်နေတာကို တွေ့ရတယ်။ အဲသလို လုပ်တာကို တစ်ဘက်ကလည်း အမျိုးမျိုး ပြောဆို နေကြတာတွေ ရှိပါတယ်" ဟု ပြောသည်။

images
မေး- " အလိုတော်ပြည့်ဆရာတော်ကြီးက ရခိုင်ပြည်သူတွေရဲ့ အထွတ်အမြတ်ထားရာ မဟာမုနိ ထီးတော်ကြီးကို ဒေသအတွင်းက ဆရာတော်ကြီးတွေ အပါအ၀င် ရခိုင်ပြည်သူတွေနဲ့ မတိုင်ပင်ဘဲ လုပ်နေတယ်ဆိုပြီး စွပ်စွဲချက်တွေ ပေါ်ပေါက်နေပါတယ် အရှင်ဘုရား။"

သရက်တပင် ဆရာတော် " ဒါကတော့ ဟုတ်ပါတယ်။ ဒေသအတွင်းက ဆရာတော်ကြီးတွေ၊ ဒေသခံ လူကြီးတွေနဲ့ တိုင်ပင်ပြီး ပြုလုပ်တာ မရှိဘူး။ အစိုးရပိုင်းက လူကြီးတွေနဲ့သာ လုပ်နေတာကို တွေ့ရ ပါတယ်" ဟု ပြောသည်။

မေး“ ဒါဆိုရင် အလိုတော်ပြည့် ဆရာတော်ကြီးက တင်ဖို့ လုပ်နေတဲ့ ရွှေထီးတော်နဲ့ ပတ်သက်ပြီး ဘယ်လို မြင်ပါသလဲ အရှင်ဘုရား”

သရက်တပင်ဆရာတော်" သူလည်း အမျိုးဘာသာ သာသနာကို အကျိုးယုတ်အောင်တော့ လုပ်လိမ့်မယ်လို့ မထင်ဘူး။ လူတွေကတော့ ကိုယ်ထင်တာကို ကိုယ်ကောက်ပြောနေကြတာပါဘဲ။ ရွှေထီးတော်မှာ ဘာတွေ ပါတယ်။ မပါဘူးဆိုတာလည်း ဒီကိုရောက်မှ သိရပါလိမ့်မယ်။ အခုတော့ ဘာမှ မပြောနိုင်သေးဘူး။ ပွဲကတော့ စည်ကားမယ်ထင်ပါတယ်" ဟု ပြောသည်။

ယနေ့ နောက်ဆုံး ရရှိသော သတင်းများ အရ ပြည်သူများ တောင်းဆိုချက်အရ ရွှေထီးတော် အမြင့်အား မြေကြီးမှ စိန်ဖူးတော်ထိ ၆၄ တောင် ထားရှိမည် ဖြစ်ပြီး ရွှေထီးတော်ကိုလည်း ယခင် ထုံးတန်း စဉ်လာအတိုင်း အရှေ့တောင် အရပ်မှ တင်ဆောင်သွားဆောင်ရန် စီစဉ်ထားကြောာင်း သိရသည်။

အလေးချိန် ၁၁ ပိသာ ၅၀ ကျပ်သားရှိ ရွှေထီးတော်ကို ရန်ကုန်မြို့မှ စစ်တွေမြို့ သို့ မတ်လ ၂၃ ရက်နေ့က ယူဆောင်လာပြီး စစ်တွေ အလိုတော်ပြည့် ကျောင်းတိုက်တွင် အပူဇော်ခံနေရာ ရွှေထီးတော်အား ပြုလုပ်ရာတွင် ကြီးကြပ်ကွပ်ကဲသူ ဦးဇင်း ဘီလူးခေါ် အရှင်ကုမာရအား ရွှေထီးတော်တွင် မည်သည့် အရုပ်များကို ရေးထိုးထားပါသလဲဟု လျှောက်ထား မေးမြန်းရာ ဦးဇင်းက ယခုလို ဖြေကြားသည်။

"မဟုတ်ပါဘူး တကာ့။ ဒါတွေက ကောလဟလတွေပါ။ ဒီမှာက သဇင်ပန်းပါတယ်။ ရခိုင်ဗျာလ်လ ရုပ်ပါတယ်။ သီရိဝစ္စ ရခိုင်တံဆိပ်ပါတယ်။ ငှက်မြတ်နားမှာလည်း ငှက်မြတ်နားနဲ့ ပတ်သတ်တာတွေ ပါတယ်။ ခြင်္သေ့အရုပ်၊ ကျားအရုပ် ပါ တယ် ဆိုတာ မဟုတ်ပါဘူး။ မှားနေတယ်" ဟုပြောသည်။

ယခု ရွှေထီးတော်မှာ အချင်း (၄)ပေ (၆)လက်မ၊ အမြင့် (၉)ပေ ကျော်ခန့်ရှိ ရွှေသား ရွှေစင်များဖြင့် အကျော်အမော် ဗိသုကာပညာရှင်တို့ အကောင်း ဆုံး ဖြစ်အောင် စီမံပြုလုပ်ထားသော ရွှေထီးတော် ဖြစ်ပြီး ဧပြီလ ၆ ရက် တန်ခူး လပြည့်နေ့တွင် တင်ဆောင်မည် ဖြစ်ကြောင်း ဦးဇင်းမှ ပြောသည်။

ရွှေထီးတော်အား ယခင် ထောက်လှမ်းရေး ညွှန်မှူးချုပ် ၀န်ကြီးဟောင်း ဦးခင်ညွှန့် လက်ထက်ကတည်းက တင်ဆောင်ရန် ကြိုးပမ်းခဲ့သော်လည်း ဦးခင်ညွှန့် အလုပ်မှ ပြုတ်သွားသဖြင့် ရပ်တန့်သွားခဲ့ရာမှ ယခုမှ ပြန်လည် တင်ဆောင်ရန် စီစဉ်ခြင်း ဖြစ်သည်။

မဟာမုနိ ထီးတော် အဟောင်းအား ဇန်န၀ါရီလ ၂၄ ရက်နေ့ကတည်းက မြေအောက်ကို ချထားပြီး အဆိုပါ ထီးတော်ရှိ စိန်ဖူးတော်မှ ရှေးဟောင်း တန်ဖိုးရှိ စိန်တစ်လုံးမှာလည်း ပျောက်ဆုံးနေကြောင်းနှင့် ဘုရားဂေါပက အနေဖြင့်လည်း အဆိုပါ စိန် မည်သည့် နေရာသို့ ရောက်ရှိနေကြောင်း မသိရှိဘဲ ဖြစ်နေကြောင်း ရခိုင်သမိုင်း သုတေသီက ပြောကြားသွား သည်။


-------------------------------------------------------------------------------------------------------------------------------
.: နိရဉ္စရာမှ သတင်း

ဆက်ဖတ်ရန်
ပို့စ်တင်သူ ။.............။ younger on
0 ( မှတ်ချက်ရေးချင်ရင် )
ခေါင်းစဉ်အလိုက်ပို့စ်များ |

20120326 FFSS (RGN)
၂၅၊ ၃၊ ၂၀၁၂ (တနင်္ဂနွေ) နေ့ နံနက် (၈း၀၀) နာရီအချိန်တွင် နာရေးကူညီမှုအသင်း (ရန်ကုန်) သို့ ဓမ္မစေတီဆရာတော် ဦးကောသလ္လနှင့် သံဃာတော်များ၊ တပည့်၊ ဒါယကာ/မများဖြင့် ကြွရောက်ကာ ဆရာတော်ကြီး၏ မယ်တော်ကြီး …… အား ရည်စူး၍ လူနာကုတင်၊ လက်တွန်းလှည်း၊ လေးချောင်းထောက် အကူပစ္စည်းနှင့် တနေ့တာ လူနာများအတွက် ဆေးဝါးကုသစားရိတ် အလှူငွေ (၇) သိန်းကျပ်တိတိအား လာရောက် လှူဒါန်းခဲ့သည်။ ဆရာတော် ဦးကောသလ္လနှင့်အဖွဲ့သည် နာရေးကူညီမှုအသင်း (ရန်ကုန်) ရှိ သုခအလင်း စာကြည့်တိုက်နှင့် ဆေးဝါး လာရောက် ကုသကြသော လူနာများအား သွားရောက် ကြည့်ရှု အားပေးစကား ပြောကြားခဲ့သည်။ ဆရာတော်သည် လူနာများအား ဝေဒနာသည်ခြင်း အတူတူ တဦးနှင့်တဦး ညှာတာ ထောက်ထားသော စိတ်ဓါတ်၊ လူသားချင်း စာနာသော စိတ်ဓါတ်နှင့် ဆေးဝါးကုသရန် တိုကင်တန်းစီရာတွင် ဖြစ်ပေါ်တက်သော နေရာရောင်းစားခြင်း အဓမ္မနည်းလမ်းဖြင့် စီးပွားရှာနေသောသူများအား ဝိုင်းဝန်း ဖော်ထုတ်ကြရန် အရေးကြီးကြောင်း သြဝါဒစကားများ ပြောကြားခဲ့သည်။ ထို့ပြင် နာရေးကူညီမှုအသင်း (ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူအားလည်း ဝိပဿနာတရားတော်နှင့်အညီ လူမှုရေးလုပ်ငန်းအား တွဲဖက်၍ စဉ်ဆက်မပြတ် လုပ်ကိုင်သွားစေလိုကြောင်း သြဝါဒမိန့်ခဲ့သည်။
20120326 FFSS (RGN)
20120326 FFSS (RGN)
20120326 FFSS (RGN)
20120326 FFSS (RGN)
20120326 FFSS (RGN)
20120326 FFSS (RGN)
20120326 FFSS (RGN)

http://www.burmatoday.net/news.php?news_ID=169

ဆက်ဖတ်ရန်
ပို့စ်တင်သူ ။.............။ younger on Monday, 26 March 2012
0 ( မှတ်ချက်ရေးချင်ရင် )
ခေါင်းစဉ်အလိုက်ပို့စ်များ |

ရခိုင်ပြည်နယ်ကျောက်တော်မြို့နယ် မဟာမုနိ ပြတိုက်တွင် များမကြာမှီက ပြသထားသော ရှေးခေတ် ရခိုင် အမြှောက် ၂ လက်ကို နေပြည်တော်သို့ ပို့ဆောင်ရန် စစ်တွေမြို့ကို ယူဆောင်သွားပြီ ဖြစ်ကြောင်း သတင်း ရရှိသည်။

Mahamuni-temple-Arakan

ပြတိုက်ရာ ရှိရာ ကျောက်တော် မဟာမုနိ ကုန်းတော်

" အမြောက်နှစ်လက်မှာ တစ်လက် ကြေးအမြှောက် ဖြစ်ပါတယ်။ နောက်တစ်လက်က သံ အမြှောက်ဖြစ်ပါတယ်။ အခု ပြည်နယ် ယဉ်ကျေးဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဦးဇော်ဇော်ထွန်း အမိန့်နဲ့ စစ်တွေကို ယူဆောင်သွားပြီ ဖြစ်ပါတယ်။ နေပြည်တော်ကို ဆက်လက် ယူဆောင်မယ်လို့ ကြားပါတယ်" ဟု မြောက်ဦးမြို့မှ ရှေးဟောင်း လက်ထောက် ညွှန်ကြားရေးမှူးဟောင်း ဦးကျော်ထွန်းအောင်က ပြောသည်။

အဆိုပါ အမြှောက်နှစ်လက်ကို ယခုလ (မတ်လ) ၇ ရက်နေ့က ကျောက်တော်မြို့နယ် ၀ဲကြီးချောင်းကျေးရွာ အနီး လယ်ကွင်းပြင်တွင် လယ်ကမ်းသင်းရိုး တူးဖေါ်စဉ် ဦးအောင်စိန်ဝင်းမှ ရရှိခဲ့သည်။

မတ်လ ၉ ရက်နေ့တွင် ဦးအောင်စိန်ဝင်းမှ ၎င်း အမြောက် ၂ လက်ကို ကျောက်တော်မြို့နယ် အုပ်ချုပ်ရေးမှူးထံအပ်နှံခဲ့သည်။ အဆိုပါ နေ့တွင်ပင် မြို့နယ် အုပ်ချုပ်ရေးမှူးက ကျောက်တော် မဟာမုနိ ပြတိုက်သို့ လွဲပြောင်း ပေးအပ်ခဲ့ကြောင်း သိရသည်။

" ကြေး အမြှောက်က နဂါးရုပ် သဏ္ဍန် ပြုလုပ်ထားပြီး အလျား ၃ ပေ ၉ လက်မ၊ အချင်း ၄ လက်မ ရှိပါတယ်။ နောက်တလက်က သံအမြောက် ဖြစ်ပြီး ကြံဆစ် ပုံဖြစ်ပါတယ်။ အရှည်က ၄ ပေ အချင်း ၃ လက်မ ရှိပါတယ်။ ကျောက်တော် မဟာမုနိ ပြတိုက်မှာ ပြသထားတာကို ဒီလ ၂၄ ရက်နေ့က ဦးဇော်ဇော်ထွန်းရဲ့ အမိန့်နဲ့ မြောက်ဦးပြတိုက်မှူး ဦးကြည်ရှိန်က စစ်တွေကို ယူသွားပါတယ်" ဟု ဆရာက ဆက်ပြောသည်။

အဆိုပါ အမြှောက် (၂) လက်မှာ မြောက်ဦးခေတ်တွင် အသုံးပြုခဲ့သော အမြှောက်များ ဖြစ်ကြပြီး ၁၇ ၇ာစု ၁၈ ၇ာစုတွင် ပြုလုပ်ခဲ့ကြောင်း၊ ပေါ်တူဂီ၊ ဒတ်ခ်ျတို့ အပြိုင် စစ်တိုက်ရာတွင် အသုံးပြုခဲ့သော အမြှောက်များ ဖြစ်ကြောင်း ဆရာက ပြောသည်။

ကျောက်တော်မြို့မှ ရခိုင် သမိုင်းသုတေသီ သူမြတ်မဟာ အောင်မြေကလည်း ယခုကဲ့သို့ ရှေးဟောင်း ရခိုင် အမြှောက် ၂ လက်ကို နေပြည်တော်သို့ ယူဆောင်သွားခြင်းမှာ ရခိုင်လူမျိုးများ အတွက် နစ်နာ ဆုံးရှုံး မူ တစ်ရပ် ဖြစ်ကြောင်း ပြောဆိုသည်။

" ကျောက်တော် မဟာမုနိ ပြတိုက်ကို ကျွန်တော်တို့ ဖွင့်လှစ်ထားတာက ဒီဒေသက ရရှိတဲ့ ရခိုင်ရှေးဟောင်း အမွေအနှစ်တွေကို ဒီဒေသမှာ ပြသနိုင်ဖို့ အတွက် ရည်ရွယ်ပြီး ဖွင့်လှစ်ထားတာ ဖြစ်ပါတယ်။ အခုလို ရခိုင်အမွေအနှစ်တွေကို ယူဆောင် သွားကတော့ လုံးဝ စိတ်မကောင်းစရာပါဘဲ။ ရခိုင်လူမျိုးတွေအတွက် အမျိုးဂုဏ် ဇာတိဂုဏ်ကို ဖေါ်ပြနေတဲ့ ရှေးဟောင်း အမွေအနှစ်တွေ ဆုံးရှုံးသွားမူလို့ဘဲ ခံယူမိပါတယ်" ဟု ပြောသည်။

ယခုကဲ့သို့ ရခိုင်လူမျိုးများ အတွက် တန်ဖိုး မဖြတ်နိုင်သော အမွေအနှစ်များကို နေပြည်တော်သို့ ယူဆောင်သွားကြောင်း ကြားသိရသဖြင့် ကျောက်တော်မြို့နယ် သံဃာ ၀န်ဆောင် ဥက္ကဌ သိန်းတန် ဆရာတော်ကြီးနှင့် ဒေသခံ ပြည်သူများမှာ အထူး စိတ်မကောင်း ဖြစ်နေကြကြောင်း သတင်း ရရှိသည်။


-------------------------------------------------------------------------------------------------------------------------------
.: နိရဉ္စရာမှ သတင်း

ဆက်ဖတ်ရန်
ပို့စ်တင်သူ ။.............။ younger on
0 ( မှတ်ချက်ရေးချင်ရင် )
ခေါင်းစဉ်အလိုက်ပို့စ်များ |

မတ်လ ၂၁၊ ၂၀၁၂
၁၉၊ ၂၊ ၂၀၁၂ ရက်စွဲပါ နိုင်ငံတော်ပိုင်သတင်းစာများ၌ပါရှိသော ဦးဂမ္ဘီရသတင်းနှင့်ပတ်သက်၍ အရှင်ဝီရသူ၏ သဘောထားထုတ်ပြန်ချက်
(၂၀၊ ၂၊ ၂၀၁၂) ၁၃၇၃ ခု၊ တပိုတွဲလဆုတ် (၁၃) ရက်။

(၁)

(က) ဦးဂမ္ဘီရသည် သံဃာ့အဖွဲ့အစည်းများနှင့် သံဃာ့အဖွဲ့အစည်းများ ချမှတ်ထားသောကျင့်ဝတ်ဥပဒေများကို လျစ်လျူရှုခဲ့ပါသည်။ တ ရားဝင်လျှောက်ထားတင်ပြ၍ ခွင့်ပြုချက်ကိုရယူနိုင်ပါလျက် ဥပဒေမဲ့ပြုမူခဲ့ပါသည်။ သင်္ကန်းပြန်ဝတ်သည်ကို နားလည်ပေးနိုင်သော်လည်း ချိပ်ပိတ်ထားသည့်ကျောင်းများကို သော့ဖျက်ဝင်ရောက်ခြင်းသည် ဘုရားသားတော်တို့၏အပြုအမူမဟုတ်သလို၊ ဒီမိုကရေစီနည်းလမ်း လည်းမကျပါ။ ဒီမိုကရေစီကိုလိုလားသူ၊ ဒီမိုကရေစီကိုချစ်မြတ်နိုးသူတိုင်းသည် ဒီမိုကရေစီနည်းလမ်းကျဆောင်ရွက်ဖို့ လွန်စွာလိုအပ်ပါ သည်။ မင်းမဲ့စရိုက်ဆန်စွာ အကြမ်းဖက်လုပ်ရပ်မျိုးကို ရှောင်ကြဉ်ရမည်ဖြစ်ပါသည်။

သုံးကြိမ်တိုင် စာဆင့်ခေါ်ပါလျက် ရုံးတော်သို့ မသွားရောက်ခြင်းသည် သံဃာ့အဖွဲ့အစည်းကို မလေးစားရာကျသလို မထီမဲ့မြင်ပြုမူရာလည်း ရောက်ပါသည်။ တာဝန်မကျေသည့် မိဘပင်ဖြစ်သော်လည်း သားသမီးဟူသည် မိဘခေါ်လျှင်လာရမည်သာဖြစ်ပါသည်။

ပို၍ဆိုးသည်မှာ နိုင်ငံတော်သံဃမဟာနာယကဆရာတော်ကြီးများက အနူးအညွတ်မေတ္တာရပ်ခံပါလျက် “မိမိလိုသံဃာတစ်ပါးအတွက် လို အပ်မည်မထင်ကြောင်းနှင့် သင်္ကန်းဝတ်ခွင့်ပြုရန် လျှောက်ထားသွားမည်မဟုတ်ကြောင်း’’ တင်းခံငြင်းဆန်ခြင်းပင်ဖြစ်ပါသည်။ ထိုသို့ငြင်း ဆန်ခြင်းဖြင့် ဦးဂမ္ဘီရသည် စစ်အာဏာရှင်နည်းတူ ဥပဒေအထက်သို့ ရောက်ရှိသွားပါတော့သည်။

(ခ) ဦးဂမ္ဘီရလျှောက်ထားသည့် အချက် (၁၀) ချက်ပါ လျှောက်ထားချက်ကို လျှောက်ထားခွင့်ပြုသည့် နိုင်ငံတော်သံဃာ့မဟာနာယက ဆရာတော်ကြီးများအား လေးစားကြည်ညိုမိပါသည်။

ဦးဂမ္ဘီရလျှောက်ထားသည့်အချက်များတွင် ရွှေည၀ါဆရာတော်ဦးပညာသီဟအား သာဓုဗုဒ္ဓ တက္ကသိုလ်ကျောင်းတိုက်မှ တစ်လအတွင်း ထွက်ခွာရန် နှင်ထုတ်ခြင်းကို ကန့်ကွက်ကြောင်း၊ အကျဉ်းသား (၄၁၅) ဦးတွင် ပါဝင်သော ရဟန်း (၄၃) ပါးအား အကျဉ်းထောင်မှလွတ်မြောက်ရန် နိုင်ငံတော်သံဃာ့မဟာနာယကက ဆောင်ရွက်ပေးခြင်းမရှိသဖြင့် အလေးနက်ရှုတ်ချကြာင်းတို့ပါဝင်သည်ကို တွေ့ရပါသည်။

(၂)

ကန့်ကွက်ထိုက်သည်ကိုကန့်ကွက်ခြင်း၊ ရှုတ်ချထိုက်သည်ကို ရှုတ်ချခြင်းဖြစ်သောကြောင့် ဦးဂမ္ဘီရ၏လျှောက်ထားချက် အပြည့်အ၀ မှန် ကန်ပါသည်။ မြတ်စွာဘုရားက “ချစ်သားတို့ ငါဘုရားမှာ အပြစ်ရှိလျှင်လည်း ထောက်ပြကြ’’ ဟု မိန့်တော်မူဖူးပါသည်။ ဟန္ဒ ဒါနိ ဘိက္ခဝေ ပ၀ါရေမိ ဝေါ နစမေ ကိဉ္စိ ဂရဟထ ကာယိကံ ၀ါ ၀ါစသိကံ ၀ါ။ (သဂါထာဝဂ္ဂ ပါဠိ၊ ပ၀ါရဏာသုတ်) “ရဟန်းတို့ ယခုအခါ၌ ငါဘုရားသည် သင်တို့အား ဖိတ်ကြား၏။ ငါ၏ တစ်စုံတစ်ခုသော ကိုယ်အမူရာ နှုတ်အမူရာကို သင်တို့မကဲ့ရဲ့ဘဲ ရှိကြကုန်၏လော။’’ (၎င်းသုတ် မြန်မာပြန်)

နစ ကိဉ္စီတိ ပုစ္ဆနတ္ထေ နကာရော။ ကိံမေ ကိဉ္စိ ဂရဟထ?
ယဒိ ဂရဟထ, ၀ဒထ, ဣစ္ဆာပေမိ ဝေါ ၀တ္တုန္တိ အတ္ထော။ (၎င်း၊ဋ္ဌ။၂၅၃)

ရွှေည၀ါဆရာတော်အား နှင်ဒဏ်ပေးခြင်းသည် ပြစ်မှုနှင့်ပြစ်ဒဏ် လုံးဝမျှတသည့်အမိန့်အမှန်ပင်ဖြစ်ပါသည်။ အကျဉ်းကျသံဃာများနှင့် ပတ်သက်၍ သံယာ့မဟာနာယက အဖွဲ့စည်းအဆင့်ဆင့်က သက်သာအောင်၊ လွတ်မြောက်အောင်၊ ဘာတစ်ခုမျှဆောင်ရွက်ချက်မရှိပါ။ ဖမ်းဖို့သာလုပ်တတ်ပြီး၊ လွတ်ရေးကို လုံးဝစိတ်မ၀င်စားသည့် စစ်အာဏာရှင်အကျင့်ဆိုးကြီးကို အမွေခံကျင့်သုံးနေသည့် လက်နက်မကိုင် သည့် အာဏာရှင်အဖွဲ့အစည်းကြီးဖြစ်နေသည်မှာလည်း အမှန်ပင်ဖြစ်ပါသည်။ ထို့ကြောင့် ဦးဂမ္ဘီရ၏ ကန့်ကွက်ခြင်း၊ အလေးအနက်ရှုတ် ချချင်းကို အပြည့်အ၀ထောက်ခံကြောင်း အတိအလင်းကြေငြာပါသည်။ သို့သော် ဦးဂမ္ဘီရသည် ဂုဏ၀ုဍ္ဎိ၊ ၀ယ၀ုဍ္ဎိဂုဏ်ကို မလေးစားမလိုက်နာ ဘဲ ထေရ်ကြီးဝါကြီးဆရာတော်ကြီးများအား နိုင်ငံရေးအရထိုးနှက်နှိပ်နယ်သည့်သဘောသက်ရောက်သွားပါသည်။ ဓမ္မကို မြတ်နိုးသူဖြစ်လျှင် မေတ္တာရပ်ခံတောင်းပန်လျှောက်ထားရမည် ဖြစ်ပါသည်။ ဥပမာ – ရွှေည၀ါဆရာတော်အပေါ်ချမှတ်ထားသောပြစ်ဒဏ်ကို ပြန်လည် စဉ်းစား သုံးသပ်၍ လျှော့ပေါ့ပေးစေလိုပါသည်ဘုရား။ (၀ါ)လျှော့ပေါ့ပေးပါရန် အနူးအညွတ် မေတ္တာရပ်ခံ တောင်းပန်လျှောက်ထားအပ်ပါသည်ဘုရား-ဟူ၍ ဖြစ်ပါသည်။

ကန့်ကွက်ခြင်း၊ ရှုတ်ချခြင်းဝေါဟာရများသည် နိုင်ငံရေးလောက၌ တွင်ကျယ်နေသောဝေါဟာရများ ဖြစ်ပါသည်။ နိုင်ငံရေးလုပ်လိုက မီဒီ ယာများမှတစ်ဆင့် ကန့်ကွက်နိုင်ပါသည်။ ရှုတ်ချနိုင်ပါသည်။ ကမ္ဘာအေးရုံးထဲဝင်၍ ဆရာတော်ကြီးများအား တိုက်ရိုက်မလျှောက်ထားသင့် ပါ။ မရိုသေ မလေးစားရာ၊

(၃)

စော်ကားမော်ကားပြုရာရောက်နေပါသည်။ မိမိအပြုအမူကိုအကြောင်းပြု၍ ရဟန်း၊ ရှင်၊ လူအပေါင်း အကုသိုလ်များ မတိုးပွားစေသင့်ပါ။

(ဂ) ဒီမိုကရေစီစနစ်ကို အမှန်တကယ်ကျင့်သုံးလိုပါလျှင် ထောက်ခံခြင်း၊ ကန့်ကွက်ခြင်း၊ ချီးကျူးခြင်း၊ ရှုတ်ချခြင်းတို့ကို လွတ်လပ်စွာဆောင် ရွက်ခွင့်ပေးရမည်သာဖြစ်ပါသည်။ ဒီမိုကရေစီနိုင်ငံတော်များ၌ သမ္မတလည်း အဝေဖန်ခံရပါသည်။ တရားစွဲခံရပါသည်။ ပုပ်ရဟန်းမင်းကြီး လည်း အဝေဖန်ခံရပါသည်။ တရားစွဲခံရပါသည်။ အဝေဖန်မခံနိုင်၊ တရားစွဲမခံနိုင်လျှင် ကုလားထိုင်ပေါ်မထိုင်သင့်ပါ။

ယခုကိစ္စ၌ ဦးဂမ္ဘီရ၏ကန့်ကွက်ရှုတ်ချမှုကို မခံမရပ်ဖြစ်နေသောပုဂ္ဂိုလ်တစ်စုက ဦးဂမ္ဘီရကို ဖမ်းဆီးချုပ်နှောင်လိုခြင်းဖြစ်ပါသည်။ သို့သော် ထိုသို့အကြောင်းပြနိုင်လောက်အောင် လုံလောက်သောဆင်ခြေမရှိသောကြောင့် ဥပဒေမဲ့လုပ်ရပ်ကို အပြစ်ပုံချနေခြင်းဖြစ်ပါသည်။

သို့ဖြစ်ပါ၍ သံဃာတော်များအနေဖြင့် တရားဝင်ရပ်တည်နိုင်သည့် ဥပဒေလမ်းကြောင်းမှ သိမ်မွေ့ငြင်သာစွာ လျှောက်လှမ်းခြင်းဖြင့် သူတစ် ပါး၏ထောက်ကွက်မရအောင် ပြုမူဆောင်ရွက်သင့်ပါသည်။ သံဃာထုအပေါ် အုပ်မိုးချုပ်နှောင်ထားသော တရားမမျှတသည့် မည်သည့်ကန့် သတ်ချက်မျိုးကိုမဆို ငြိမ်းချမ်းသောနည်းဖြင့် စည်းလုံးညီညွတ်စွာ ဖယ်ရှားရှင်းလင်းသင့်ပါသည်။

သမ္မောဒမာန ဇာတ်တော်အတိုင်းပင်
ပြိုင်တူ-မ-လျှင်-လွတ်နိုင်ပါသည်။
ပြိုင်တူ-မ-လျှင်-ငြိမ်းနိုင်ပါသည်။
ပြိုင်တူ-မ-လျှင်-ချမ်းသာနိုင်ပါသည်။
မေတ္တာရှေ့ထား၊ မရငြားသော်၊ ကျားနှင့်ဆိတ်မ၊ စိတြဂီဝါ၊
များစွာခိုသင်း၊ ငုံးခပင်းတို့၊ မကြွင်းကိုယ်စီ၊ ပိုက်ကိုချီသို့၊
ညီညီညာညာ၊ သက်စွန့်ရာ၏။(မဃ။၂၂၁)
ငြိမ်းချမ်းရေးပန်းတိုင်သို့ ဦးတည်လျှက်

ဝီရသူ (မစိုးရိမ်)
ဘဒ္ဒန္တ ၀ိစိတ္တာဘိဝံသ၊ ဓမ္မသဟာယကျောင်း၊ မစိုးရိမ်တိုက်သစ်၊ မန္တလေးမြို့။

http://moemaka.com/2012/03/%E1%81%80%E1%80%AE%E1%80%9B%E1%80%9E%E1%80%B0-%E1%80%9E%E1%80%B1%E1%80%98%E1%80%AC%E1%80%91%E1%80%AC%E1%80%B8-%E1%81%81/

ဆက်ဖတ်ရန်
ပို့စ်တင်သူ ။.............။ younger on Thursday, 22 March 2012
0 ( မှတ်ချက်ရေးချင်ရင် )
ခေါင်းစဉ်အလိုက်ပို့စ်များ |

၂၀၀၇ ရွှေဝါရောင်အရေးအခင်းကာလတုန်းက စစ်အဏာရှင်တွေရဲ့ လူမဆန်စွာဖမ်းဆီးခြင်းခံခဲ့ရတဲ့ မြို့ နယ်သံဃနာယက ဥက္ကဋ္ဌဟောင်းဆရာတော်ဦးကောဝိဒဟာ၂၀၁၁၊ အောက်တိုဘာ ၁၂ ရက်နေ့ကမှ သရက်ထောင်ကနေ ပြန်လည်လွတ်မြောက်လာခဲ့ပါတယ်။ ဆရာတော် ဟာ လွတ်ငြိမ်းချမ်းသာခွင့်နဲ့လွတ်လာခဲ့ပေမဲ့လည်း အာဏာပိုင်တွေရဲ့ အနီးကပ်စောင့်ကြည့်တာကိုခံနေရတဲ့အတွက် စိတ်အအနှောက်အ ယှက်ဖြစ်ရကြောင်း အင်တာဗျူးတွေကတဆင့် ကြားသိနေရလို့ ဆရာတော်အတွက် တပည့်ရဟန်းသံဃာတော်တွေနဲ့ ဒကာ ဒကာမတွေ စိတ်ပူနေကြရပါတယ်။ ထောက်လှမ်းရေးတွေနဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေကိုယ်တိုင် ဘုန်းကြီးကျောင်းဝင်းထဲအထိဝင်လာပြီး အင်အားပြ ခြိမ်းခြောက်နေတာဖြစ်ကြောင်း သိရပါတယ်။ ဆရာတော်ဟာ စတင်အဖမ်းခံရကတည်းက လက်သီးနဲ့ ထိုးတာ၊ ရိုက်တာတွေခံခဲ့ရပါတယ်။ စစ်တပ်နဲ့ရဲတပ်ဖွဲ့ဝင်တွေက ဆရာတော်ကို ပြည်ထဲရေးဝန်ကြီးဌာရုံးကိုခေါ်ဆောင်သွားပြီး သင်္ကန်းကိုအတင်းချွတ်ခိုင်းခဲ့ပါတယ်။

ဆရာတော်အနေနဲ့ ဘာမှအပြစ်မရှိတဲ့အတွက် သင်္ကန်းမချွတ်နိုင်ဘူးလို့ပြောတဲ့အခါ အာဏာရှင်တွေက မင်းရဲ့အမိန့်ဆိုပြီး အတင်းချွတ်ခိုင်း ကြောင်း၊ ကျောင်းတိုက်မှာ အဖမ်းဆီးခံရကတည်းက မျက်နာကိုလက်သီးနဲ့အထိုးခံထားရတဲ့အတွက် ငြင်းဆန်နေရင်လည်း ဘာမှထူးမှာမ ဟုတ်တဲ့အတွက် သင်္ကန်းချွတ်ပေးလိုက်ရကြောင်း၊ သင်္ကန်းအတင်းချွတ်ခိုင်းလို့သာ ချွတ်ရတာဖြစ်တယ်။ ထောင်ထဲမှာနေခဲ့ရပေမယ့် ဘုန်းကြီးဘ၀နဲ့ရှိနေတုန်းဘဲလို့ မိန့်ကြားပါတယ်။

အဆိုးဆုံးကတော့ ထောင်ထဲမှာစိတ်ဝေဒနာရှင်တွေနဲ့ရောပြီးထည့်ထားလို့ စိတ်ဝေဒနာရှင်တွေရဲ့ ရိုက်နှက်တာတွေကိုလည်းခံခဲ့ရပါတယ်။ ဆရာတော်ဦးကောဝိဒဟာ ၂၀၀၇ ခုနှစ်၊ စက်တင်္ဘာလ ၂၉ ရက်နေ့မှာအဖမ်းခံရပြီး အင်းစိန်ထောင်မှာ ချုပ်နှောင်ထားခဲ့ပါတယ်။ ၂၀၀၈ ခုနှစ် (၁၀) လပိုင်းရောက်မှ အင်းစိန်ထောင် ထောင်ဗူးဝ ခုံရုံးက ထောင်ဒဏ် ၄ နှစ်နဲ့  ၃ လ ချမှတ်တာခံခဲ့ရပြီး ရှေ့နေလည်း ငှားရမ်းခွင့်မရ။ ချုပ်နှောင်ခံထားရတဲ့တစ်နှစ်အတွက်လည်း လျော့ရက်လည်းမရခဲ့ကြောင်းသိရပါတယ်။ ဆရာတော်ဦးကောဝိဒဟာ ရခိုင်ပြည်နယ်၊ ပေါက် တောမြို့ဇာတိဖြစ်ပြီး ရန်ကုန်ဒဂုန်မြို့သစ်အရှေ့ပိုင်း၊ တက္ကသီလာ မဟောဇေယျသိဒ္ဓိပဋ္ဌာန်းကျောင်းတိုက်ရဲ့ ဦးစီးပဓာနနာယကဆရာတော် လည်းဖြစ်ပါတယ်။ ဆရာတော်ရဲ့စစ်ကြောရေးအတွေ့အကြုံ၊ ထောင်တွင်းအတွေ့အကြုံများကို ဆရာတော်ပြန်ပြောပြတဲ့အတိုင်း အနည်း ငယ်တည်းဖြတ်ပြီး ဖော်ပြပေးလိုက်ပါတယ်။

စစ်ကြောရေးအတွေ့အကြုံ၊ ထောင်အတွေ့အကြုံများ
၂၀၀၇ စက်တင်ဘာမှာ ဘုန်းဘုန်းတို့က မြို့နယ်သံဃာ့နာယက ဂိုဏ်းပေါင်းစုံစည်းကမ်းထိမ်းသိန်းရေးအဖွဲ့ဝင် ဒွါရဂိုဏ်းကပါ။ ဓါတ်ဆီ တဂါလံကို ၁၅၀၀ ရောင်းနေရာကနေ သုံးထောင်တင်လိုက်တော့ ဦးဇင်းလေးတွေကနေပြီး ဆွမ်းခံထွက်ရင် ကားခတောင်းတယ်။ တင်လည်းမတင်တော့ဘူး။ ဒကာ ဒကာမတွေလည်း စားဝတ်နေရေးဈေးကြီးပြီး အခက်အခဲတွေတွေ့ကြတယ်။ ဘုန်းကြီးတွေက ရွှေတိဂုံ ဘုရားကနေစတာပေါ့။ ရွှေတိဂုံဘုရားမှာ စုပြီးတော့သွားကြတာပေါ့။ ကလေးတွေပေါ့။ ဘုန်းဘုန်းတို့ကတော့ မပါပါဘူး။ ဘုန်းဘုန်းတို့က မြို့နယ်သံဃာ့နာယကဥက္ကဋ္ဌဆိုတော့ မပါဘူး။ စာသင်သားတွေပေါ့။ သွားကြလာကြ၊ အရေးအခင်းကြီးတွေဖြစ်တော့ ဘုန်းဘုန်းတို့ကို တိုင်းဥက္ကဋ္ဌ ဆရာတော်တွေက တင်းတာပေါ့။ တင်းပြီးတော့၊ မြို့နယ်တိုင်းမှာ တော်တော်လေး ဖြစ်နေကြပြီ၊ အဲဒီတော့ မြို့နယ်သံဃာ့နာယက ဆရာတော်တွေက ထိန်းကြပေါ့။ တချို့မြို့နယ်မှာလည်းပဲ ပရိတ်မရွတ်ရသေးဘူးဆိုရင် တနေ့လောက်တော့ရွတ်ပေါ့။ နောက်နေ့တွေ ဆက်တိုက်မရွတ်နဲ့။ တိုင်း ဒုဥက္ကဋ္ဌဆရာတော်က အဲဒီလိုအမိန့်ရှိတယ်။ အမိန့်ရှိတော့ ဘုန်းကြီးတို့က ကိုယ့်မြို့နယ်ရောက်တော့ စာတွေ ဘာတွေရိုက်ပြီး ကျောင်းတိုင်းပို့တာပေါ့၊ မြောက်ပိုင်း ၇၊ ၈ လမ်းဆုံမှာစုပြီးတော့ မြို့ဦးစေတီ အရောက်ပေါ့။ ဖိနပ်လည်းမစီးဘူး။ အဲဒီ ပရိတ်ရွတ်တဲ့ကိစ္စနဲ့ပတ်သက်ပြီး ၉ လပိုင်း စက်တင်ဘာ ၁၇ ရက်နေ့ရွတ်ကြတာ။ ဘုန်းဘုန်းတို့လည်း တိုင်းက မှာတဲ့အတိုင်းပေါ့။ တရက် ရွတ်တာ။ ဒါပေမယ့် သံဃာအငယ်တွေကတော့ ထိန်းလို့မနိုင်ဘူး။ ရွှေတိဂုံဘုရားသွားလိုက်၊ ကြေးသွန်းဘုရားသွားလိုက်၊ ထိန်းလို့မနိုင်ဘူး။ မြို့နယ်တိုင်းမှာစုပြီး သွားကြတာပဲ။ ဒါကတော့ ကလေးတွေကိုး။ လူကြီးတွေ သွားတာမတွေ့ပါဘူး။

အဲဒီကိစ္စနဲ့ ပတ်သက်ပြီး ၂၇ ရက်နေ့ လောက်မှာ ဘုန်းဘုန်းတို့ကျောင်းကို မနက် ၆ နာရီ ၁၀ မိနစ်မှာ စစ်တပ် တပ်မ ၇၇ က အလုံးအရင်းနဲ့ ၀င်စီးတာ။ ရဲတပ်ရင်းတွေလည်းပါတယ်။ ကျောင်းပေါ်ကိုတက်လာတဲ့ စစ်သားတွေဟာ အကုန်လုံးမူးမူးရူးရူးနဲ့။ လူမှန်းသူမှန်းကိုမသိဘူး။ ဘုန်းကြီးတွေကို ခေါင်းကိုရိုက်တယ်။ ကျောင်းသားတွေကို ရိုက်ထုတယ်။ တချို့ကျောင်းသားတွေ ကွဲတယ်။ သွေးတွေတောင်မှ ခုထက်ထိ ရှိသေးတယ်။

ဘုန်းဘုန်းတို့ကျောင်းမှာရှိတဲ့သေတ္တာတွေကိုဖွင့်တယ်။ သေတ္တာတွေထဲကပစ္စည်းတွေ၊ ကင်မရာတွေ၊ ကက်ဆက်တွေ၊ ရေဒီယိုတွေ နောက် ကျောင်းသားလေးတွေ အပ်ထားတဲ့ မလေးရှားတို့ စင်ကာပူတို့ သွားလို့ အပ်ထားတဲ့ သေတ္တာတွေထဲကပစ္စည်းတွေ အကုန်ယူတာ၊ သေတ္တာ တလုံးယူတယ်။ ဘုန်းဘုန်းကျောင်းဆောက်နေတယ်။ ထိုင်ဝမ်က တရုတ်တွေက ဒေါ်လာ ၁ သောင်းလှူထားတယ်။ ဒေါ်လာ ၄ ထောင် လောက်ကျန်တယ်။ မြန်မာငွေက ၈ သောင်းပေါ့။ အဲဒါတွေကိုနှိုက်ပြီး ယူသွားတယ်။ ဘဏ်စာအုပ်တွေကိုလည်း သိမ်းသွားတယ်။

နောက် တရားရုံးရောက်တော့ ဘဏ်စာအုပ်တွေကို ပြန်ပေးတယ်။ ပိုက်ဆံတွေတော့ တပြားမှပြန်မရဘူး။

သူတို့လာဖမ်းတဲ့အချိန်မှာ ဘုန်းကြီးမျက်နှာကြက်မှာတက်ပုန်းနေတယ်။ နောက်ကလေးတွေကိုရိုက်မေးတော့ ဘုန်းကြီးမျက်နှာကြက်မှာ ဆိုတော့သူတို့ သေနတ်တွေနဲ့ချိန်ပြီး တက်လာတော့ ဆင်းလာတယ်။ ဆင်းလာတဲ့အချိန်မှာ ဘုန်းဘုန်းကို နောက်ပြန်လက်ထိတ်ခတ်ပြီး လက်သီးနဲ့ပိတ်ထိုးတယ်။ ခုတောင် ဒဏ်ရာတွေရှိသေးတယ်။ မျက်စေ့မှာ၊ မျက်သားတက်တဲ့ဒဏ်ရာ။ ဘုန်းဘုန်း ကလေးတွေကို တား လည်းတားတယ်။ သိပ်မသွားကြနဲ့တော့ ဖမ်းလိမ့်မယ်။ အမိန့်တွေလည်း ထုတ်ပြီးပြီ။ တပါး ၂ ပါးကတော့သွားတယ်။ နောက်ဆုံးတော့ ဘုန်းဘုန်းကို ဒီမြို့နယ်မှာ အမိန့်ထုတ်တယ်။ နှစ်ပါးဖမ်းတယ်။ ဖမ်းတဲ့နေ့သင်္ကန်းချွတ်ပြီး အင်းစိန်ထောင်တိုက်ရိုက်ပို့တာပဲ။ အဲဒီတုန်းကဘုန်းဘုန်းကျောင်းမှာစာသင်သား သံဃာ (၇၀) လောက်ရှိတယ်။ သင်္ကန်းအတင်းချွတ်တယ်။ ဒါလည်း အတင်းပါပဲ။ အတင်းချွတ်ခိုင်းတာ။ဘုန်းကြီးတို့က ချွတ်ရတာပဲလေ။ သူတို့က လက်နက်နဲ့ ချိန်ထားတာကိုး၊ အင်းစိန်ထောင်ရောက်သွားတော့လည်း ခြင်ထောင်မရှိဘူး။ ခြင်တအားကိုက်တယ်။ ကျွေးတာမွေးတာလည်း ဘုန်းကြီးတို့က အကောင်းစားနေတာ။ အင်းစိန်မှာ တပါတ်မှာ နှစ်နပ်လောက်ပဲကောင်းတာ။ ကျန်းမာရေး အရရော၊ စိတ်ဓါတ်ရေး အရရော၊ အင်းစိန်ထောင်မှာ ဖမ်းထားတာ တော်တော်လေးကို ဒုက္ခရောက်တယ်။

အင်းစိန်ထောင်မှာကျနေတုန်း တပွင့်နဲ့ တယောက်က ဦးဇင်းကို လက်သီးနဲ့ထိုးတယ်။ လက်ကိုထိုးတယ်။ ထိုးရတဲ့အကြောင်းရင်းက ဘုန်းဘုန်းကျောင်းကနှစ်ပါးပါလာတယ်။ သူက ပရိတ်ရွတ်တုန်းကပါတဲ့ အပါးသုံးဆယ်နာမည်တွေကို ရေးခိုင်းတယ်။ ဖမ်းတဲ့အထဲမှာ ဘုန်းဘုန်း ကျောင်းကတပါးလည်းပါတော့ သူကတော့ အကုန်ရေးနိုင်တာပေါ့။ ဘုန်းဘုန်းကတော့ မရေးနိုင်ဘူး။ ပြည့်အောင် ဖြည့်ပြီးရေးတာကိုး။ အဲ လိုဆိုတော့ ဟိုဦးဇင်းနဲ့မတူတော့ ညာပြောတယ်ဆိုပြီး စစ်နေတုန်းအချိန်မှာ လက်သီးနဲ့ထိုးတယ်။ စရဖကလည်း လာစစ်တယ်။ မတ်တပ်ရပ် ခိုင်းထားတယ်။ သူတို့ကတော့ သင်္ဃန်းချွတ်လိုက်ပေမယ့် ဘုန်းဘုန်းတို့မှာ သိက္ခာမှမချပဲ။ သူတို့ သာမန်လူတယောက်လောက်တောင် မဆက်ဆံဘူး။

ဒီလောက်လေးနဲ့သာသနာကို ရက်ရက်စက်စက်လုပ်တော့ ဘုန်းကြီးတို့စိတ်မကောင်းဖြစ်နေတာပေါ့။ အထက်ကလူလည်းပဲ ဒီလောက်ထိ ခိုင်းမယ်လို့ မထင်ဘူး။ လုပ်တဲ့သူက မူးမူးရူးရူးနဲ့လုပ်တာလို့ ထင်တယ်။ အေးအေးဆေးဆေး ခေါ်လာလို့ရပါတယ်။ အခုတော့ ဘုန်းကြီးက သင်္ဃန်းဝတ်ကြီးနဲ့  ကားမှာဝပ်ပြီးလိုက်ရတာ။ သူတို့က ထိုင်ပြီးလိုက်လာတာ။ ကားပေါ်မှာ ထိုင်လိုက်လာတာက စစ်သားတွေ၊ ဘုန်းဘုန်းတို့ သိက္ခာတောင်မချရသေးပဲ အဲလိုဆက်ဆံတာကတော့ အန်မတန်ဘာသာရေးမှာ ရိုင်းစိုင်းမှုရှိတယ်လို့ ယူဆတယ်။ စစ်ကားပေါ်မှာ ၀ပ်နေရ တယ်။ လက်ထိပ်ကြီးနဲ့ သွေးတွေတောင်ထွက်တယ်။ တင်းလွန်းလို့။ သံလက်ထိပ်နဲ့ ဦးဇင်းနှစ်ပါး အောက်မှာ ၀ပ်ထားခိုင်းတာ။ သိက္ခာလည်း မချရသေးဘူး။ သင်္ဃန်းလည်း မချွတ်ရသေးဘူး။ မြင်တာက ဒီပုဂ္ဂိုလ်ဟာ ဘုန်းကြီးမဟုတ်တော့ဘူးဆိုပြီး လုပ်လို့မှမရပဲ။ သာသနာမှာမ ဟုတ်ဘူးလား။ ကောင်းကောင်းမွန်မွန်ခေါ်ရမယ်။ ကောင်းကောင်းမွန်မွန်ခေါ်ပြီး ဆရာတော်ကြီးတွေနဲ့ သိက္ခာချခိုင်းရမယ်။ လူရိုင်းသဘော မျိုးဖြစ်နေတယ်။ သူတို့လုပ်တာက။

ထောင်ထဲမှာ သူတော်ကောင်းတွေလည်းရှိတယ်။ ဆရာတော်ခေါ်တာမျိုးလည်းရှိတယ်။ ရှိခိုးတယ်။ တချို့ရဲတွေက ကောင်းကောင်းမွန်မွန် ဆက်ဆံတယ်။ သူတို့ သဘောတရားတွေကိုလည်း အကုန်လုံးနားလည်တယ်။ ဘုန်းဘုန်းတို့က အကုန်လုံးကိုမပြောပါဘူး။ ယုတ်မာတဲ့သူရှိ သလို သူတော်ကောင်းတွေလည်းရှိတယ်။ ညွှန်ချုပ်တွေလည်း ဆရာတော်ခေါ်တယ်။ သင်္ဃန်းမရှိပေမယ့်။ သုံးပွင့်နဲ့ ၀န်ထမ်းတွေလည်း ဆရာတော်၊ ဆရာတော်ကြီး အဲလိုခေါ်တယ်။ ဒါသူတို့ရဲ့ ဟိုဥစ္စာပေါ့။ ဘာသာရေးအပေါ်မှာ ယုံကြည်ချက်ပေါ့။ တချို့ကတော့ ဘုန်းကြီး မဟုတ်တော့ဘူးဆိုပြီး အဲလိုလုပ်တာ။

သူတို့အနေနဲ့ ဘယ်ဥပဒေနဲ့ကြည့်ကြည့် ဥပဒေအတိုင်းသာ ဆောင်ရွက်ရမယ်။ မြို့နယ်သံဃနာယကတပါးကို အမှုလုပ်မယ်။ စစ်ဆေးမယ် ဆို တိုင်းသံဃာ့နာယကကတဆင့်သာ လုပ်ရမယ်။ အခုက သူတို့က ပြောင်းပြန်ဖြစ်နေတယ်။ သူတို့လုပ်ပြီးမှ တိုင်းသံဃနာယက တွေကို ခေါ်ပြီးတော့ တဖက်သတ် ဒီဘုန်းကြီး ဘာဖြစ်တယ်။ ညာဖြစ်တယ်။ အမျိုးမျိုးလုပ်ပြီးတော့ အထက်ကို တင်ပြတယ်။ ဘုန်းဘုန်းတို့က ဒီ လောက်ကြီး အပြစ်ရှိတာမဟုတ်ဘူး။ ၀ိဘဇ္ဖ ၀ိဉာဏ ဉာဏ်နဲ့ စဉ်းစားကြည့်ရင် ဟုတ်လား။ ဥပဒေ အတိုင်းလုပ်သင့်တယ်။ အခုက ဥပဒေကို မျက်ကွယ်ပြုပြီး ဒီလိုလုပ်တယ်လို့ ဘုန်းဘုန်းတို့ ယူဆတယ်။ အေးအေးဆေးဆေး ခေါ်လို့ရတယ်။ အဲလိုမဟုတ်ပဲ အခုလိုလာခေါ်တာက ခွေးရူးနဲ့တူတယ်လို့ ပြောချင်တယ်။ လူကောင်းတွေကို မစော်ကားဘူး။ ခွေးရူးတွေက ကိုယ့်ကိုကျွေမွေးထားတဲ့သခင်လည်း မသိတော့ဘူး။ ကိုက်မှာပဲ။ အပြစ်ရှိလား မရှိလား မစဉ်းစားတော့ဘူး။ ကိုရင်တွေ့ရင် ကိုရင်ရိုက်၊ ရှိတဲ့ပစ္စည်းကိုယူ။ အဲဒီပစ္စည်းတွေကလည်း တရားရုံးဆုံး ဖြတ်တဲ့အခါ မီးရှို့တဲ့အထဲကို ထည့်လိုက်တယ်။ ပစ္စည်းကောင်းတွေကို၊ မီးရှို့ဖျက်ဆီးတယ်ဆိုပြီး ထည့်လိုက်တယ်။ ကျောင်းသားအ၀တ် အစားတွေပဲ၊ ကျောင်းသားသေတ္တာတွေကို၊ ကျောင်းဆိုတာက တောထဲမှာနေတဲ့ ပုဂ္ဂိုလ်မှမဟုတ်ပဲ။ တောရဆောက်တည်နေတဲ့ ပုဂ္ဂိုလ်မှ မဟုတ်ပဲ။ မြို့မှာနေတာဆိုတော့ ဒီဘုရားတောင်မှ စရိယ သုံးပါးကျင့်ခဲ့တာပဲ။
အထဲမှာနေရတော့လည်း တချို့ထောင်ပိုင်တွေက ဘုန်းဘုန်းတို့ကို ဘုန်းကြီးအနေနဲ့ အသိအမှတ်ပြုပါတယ်။ ဒီဘုန်းကြီးတွေဟာပရိတ်ရွတ် တာပဲ။ ရာဇ၀တ်မှုမှမဟုတ်တာဆိုပြီး ကောင်းကောင်းဆက်ဆံပါတယ်။ တချို့က အဲလို မဟုတ်တာလည်းရှိတယ်။

အင်းစိန်မှာ ၁၃ လနေခဲ့ရတယ်။ အမှုကပြီးတယ်။ ဒါပေမယ့် ဆုံးဖြတ်တာက အကြာကြီးနေမှဆုံးဖြတ်တာ။ ၂၀၀၇ စက်တင်ဘာမှာ ဖမ်းတာ ကို ၂၀၀၈ ဆယ်လပိုင်းမှဆုံးဖြတ်တာ။ အမိန့်ချတဲ့တရားသူကြီးက ချုပ်ရက်ခံစားခွင့်ရှိတယ်ဆိုတာကို မရေးလိုက်ဘူး။ အဲဒါကြောင့် လွတ် တဲ့အခါ နောက်ကျနေတာ။ မေးကြည့်တော့ တချို့တရားသူကြီးတွေက ချုပ်ရက်ခံစားခွင့်ရှိတယ်ဆိုတာရေးတယ်။ တချို့က မရေးဘူး။ အဲဒါကြောင့် အင်းစိန်ထောင်မှာ နေတဲ့ရက်တွေ အလကားဖြစ်သွားတာပေါ့။

ပုဒ်မက ၅၀၅ (ခ) နဲ့ ဘုန်းကြီးတိုင်းကို တပ်တာပဲ။ သာသနာ ညှိုးနွမ်းမှု၊ နောက်ပြီးတော့ ကျောင်းကသိမ်းလာတဲ့ တုတ်တွေ ဓါးတွေပေါ့၊ ဟင်းလှီးဓါးတွေပါ။ ထင်းခုတ်ဓါးမတွေ။ ဘုန်းဘုန်းလမ်းလျှောက်တဲ့တုတ်တွေကိုလည်း ပုဒ်မတပ်တယ်။ နောက် အဖွဲ့အစည်း တရားမ၀င် အသင်းအဖွဲ့ဆိုပြီး ထောင်ချတယ်။ ဘုန်းဘုန်းတို့ကတော့ ထောင်ထဲမှာတရားထိုင် လမ်းလျှောက်၊ စာဖတ်ပေါ့။ ဒါကတော့ ကိုယ့်အလုပ်လုပ် ရတာပေါ့။

ဘုန်းဘုန်းတို့ကတော့ ထောင်ထဲရောက်ဖူးသူဆိုတော့ ကိုယ်ချင်းစာတယ်။ အကုန်လုံး လွတ်စေချင်တယ်။ အခု ဦးသိန်းစိန်အစိုးရက ဂွတ် ဂါးဗားမင့်၊ ကလင်း ဂါးဗားမင့် ဖြစ်ရမယ်ဆိုတော့ အဲဒီစကားကို တအားယုံကြည်တယ်။ အားလည်း အားကိုးတယ်။ အခုတော့ ဘုန်းဘုန်းတို့က အကျဉ်းကျနေတဲ့ နိုင်ငံရေးအကျဉ်းသားတွေအားလုံးကို လွှတ်မပေးဘူးဆိုတော့ Dumb Government လိုဖြစ်နေတယ်။ ဉာဏ်ထိုင်းနေတဲ့ အစိုးရလိုဖြစ်နေတာ။ အခု ၂ သုတ်ရှိပြီး အများကြီးကျန်နေသေးတယ်။

အခု ထောက်လှမ်းရေးတွေလည်း ဖမ်းထားတဲ့သူတွေ ဗိုလ်မှူးကြီးစန်းပွင့်တို့ ဗိုလ်ချုပ်ခင်ညွန့် သားမက်ကိုတင်ထွတ်တို့ တူတွေ ဗိုလ်ကြီး တွေအများကြီးပဲ သရက်ထောင်မှာ၊ သူတို့ စိတ်ကောင်းနှလုံးကောင်းရှိရင် လွှတ်ပေးရမှာပဲ။ သူတို့လည်း မိသားစုနဲ့ ပြန်တွေ့ချင်မှာပဲ။ မ ဟုတ်ဘူးလား။ ဘုန်းဘုန်းတို့က အားလုံး ထောင်ခါပစ်လိုက်စေချင်တယ်။ ဒါမှပဲ အသစ်တက်လာတဲ့ အစိုးရဆိုတာ၊ နောက်မှ အပြစ်ရှိရင် ဖမ်းပေါ့။

ဒီမိုကရေစီအစိုးရဖြစ်လာမယ်ဆိုရင် လွှတ်ပေးစေချင်တယ်။ လွှတ်ပေးမှလည်း နိုင်ငံတကာက သူတို့အပေါ်အကောင်းမြင်မှာ။ အခု ဘုန်း ဘုန်းက လွတ်ဖို့ ၁၆ ရက်ပဲ ကျန်တော့တယ်။ ၂၈ ရက်နေ့ လွတ်မှာ။ အောက်တိုဘာ ၂၈ လွတ်ဖို့ စာကပ်ထားပြီ။ လွတ်ခါနီး ဖြစ်တာပေါ့။ တချို့လည်း ပါပါတယ်။ အနှစ် ၂၀ ကျတာ အခု ၁၀ နှစ်နဲ့ လွတ်လာတယ်ဆိုတာမျိုး။ အချို့အချို့ပေါ့။ ဒီတသုတ်မှ ထောက်လှမ်းရေးတွေ သူတို့ ပါလောက်တယ်လို့ မျှော်လင့်နေကြတယ်။ ဒါပေမယ့် အခုလွတ်တော့ သူတို့မပါဘူး။ သရက်ထောင်မှာတော့ တနေ့ကို နေ့ခင်း ၂ နာရီပဲ ပိတ်တယ်။ ကျန်တဲ့ နေ့ခင်းအချိန်တွေ အခန်းပြင်ထွက်ခွင့်ရတယ်။ အင်းစိန်မှာတော့ အဲလိုမဟုတ်ဘူး။ သီးသန့်မှာနေရတော့ အဲလို မထွက်ရဘူး။ အထဲက အကျဉ်းသားတွေကလည်း ဘုန်းဘုန်းကို အကုန်လုံးဘုန်းကြီးပဲ။ လှူလည်း လှူကြတယ်။ ရှိလည်းခိုးတယ်။ ထောက် လှမ်းရေးအဖွဲ့တွေလည်း လှူတယ်။ ကိုတင်ထွဋ်တို့ကအစ၊ သူတို့ ဆွမ်းတွေဘာတွေကအစ၊ သူတို့ စနေနေ့ဆို သက်သတ်လွတ်စားရင် ဘုန်းဘုန်းကို သက်သတ်လွတ်လာလှူတယ်။ ဘုန်းဘုန်းလဲ ဘုန်းပေးတယ်။ သူတို့ကလည်း အရင်တုန်းကထောက်လှမ်းရေးဆိုတော့ အာ ဏာတအားကြီးတာကိုးနော၊ အာဏာရှိခဲ့တော့ ဘုန်းကြီးတွေကိုဖမ်းခဲ့တာ ချုပ်ခဲ့တာလည်းရှိတယ်။ သူတို့ကိုတော့ ထောင်ထဲမှာ အညှိုး ထားသူလည်း ထားကြတယ်။ ဘုန်းဘုန်းတို့တော့ မထားပါဘူး။ ၀ဋ်လည်တယ်လို့ပဲ ယူဆတယ်။ ဘုန်းဘုန်းတို့လည်း လက်တွေ့ပဲ ဖမ်း ထားခဲ့တာ။ ဘာမှ အပြစ်မရှိပဲ အတင်းဆွဲချွတ်။ ထောင်ချတာ။ ဘုန်းဘုန်းတို့ကတော့ အာဃာတ မထားပါဘူး။ ပြုသူအသစ် ခံသူအ ဟောင်းတဲ့။

ဘုရားတရားလုပ်ကြတာတော့ တွေ့တာအများကြီးပဲ။ သံဝေဂရတယ်ဆိုတာတော့ ဘုရားကျမ်းဂန်ပေါ်မူတည်တာပဲ။ သူတို့လည်း ဘုန်းကြီး တွေဖမ်းခဲ့တာ တာဝန်အရလုပ်ခဲ့ရတယ်လို့ပြောတယ်။ ဒီလိုပဲ ပြောတဲ့ပုဂ္ဂိုလ်တွေ ရှိတယ်။ တာဝန်အရပေမယ့် ဘုန်းကြီးတို့ ရဟန်းတွေက လူသတ်တာလည်း မဟုတ်။ ခိုးတာလည်း မဟုတ်။ ပရိတ်ရွတ်တာလောက်ပဲ။

ဘုရားသက်တော် ထင်ရှားရှိစဉ်ကတည်းက လိစ္ဆ၀ီမင်းသားတွေကို တရားလည်းမဟောတော့ဘူး။ သူတို့လှူတာလည်း မစားတော့ဘူး။ ဘု ရားက ပါရမီရှင်ပဲ။ ဘုရားကို ပြစ်မှားလို့ရှိရင် ဒိဋ္ဌဓမ္မအကျိုးပေးတာပေါ့။ ဘုန်းဘုန်းတို့ ပါရမီမပြည့်သေးတဲ့ပုဂ္ဂိုလ်တွေကို ပြစ်မှားတာက တော့ လက်ငင်း အကျိုးမပေးတောင် တနေ့တော့ပေးမှာပဲ။ ပေးမှာလို့ ဘုန်းကြီးလည်းယူဆတယ်။ ဒီသံဃာတွေကို မတရားလုပ်ထားတာတွေ စိတ်ကောင်းနှလုံးကောင်းမရှိပဲ လုပ်ထားတာတွေ၊ တချို့ကတော့ သူတော်ကောင်းတွေ ရှိပါတယ်။ အာဏာရှိတဲ့ပုဂ္ဂိုလ်ထဲမှာ ဘုရားတရားကို မစော်ကားရဲဘူး။ သူတော်ကောင်းတရားဆိုတာက မိမိကြောင့် မည်သူမျှ မတရားသဖြင့် မနစ်နာစေရ ဆိုတဲ့အခြေခံမူတော့ ရှိရမှာပေါ့။ ၀န် ထမ်းပေမယ့်လည်း ဒီမူတော့ ရှိရမှာပေါ့။ အဲလိုမရှိဘူးဆိုရင် တိုင်းပြည်က မင်းကျင့်တရားနဲ့ မညီဘူးလို့ဆိုရမှာပေါ့။ အကျဉ်းထောင်မှာ ကျန် နေသေးတဲ့သံဃာတွေကိုလည်း သမတကြီးဦးသိန်းစိန်အနေနဲ့ အမြန်လွတ်ပေးစေချင်ပါတယ်။

ရင်းမြစ်
ဦးကောဝိဒနှင့် အင်တာဗျူး (မိုးမခ အထောက်တော်၊ ရန်ကုန်။ အောက်တိုဘာ ၃၀၊၂၀၁၁)

http://moemaka.com/2012/03/burmamonk3/

ဆက်ဖတ်ရန်
ပို့စ်တင်သူ ။.............။ younger on
0 ( မှတ်ချက်ရေးချင်ရင် )
ခေါင်းစဉ်အလိုက်ပို့စ်များ |

ထိုင်းနိုင်ငံ မဟာချူလာလောင်ကွန် တက္ကသိုလ်တွင် ၂၀၁၂ စာသင်နှစ်( B.A နှင့်M.A )အတွက် မြန်မာကျောင်းသားသစ် ရဟန်းတော်များ လာရောက်လျှောက်ထားကြရာ အခက်အခဲများနှင့် ရင်ဆိုင်နေရကြောင့် သိရသည်။ ယခင်က တက္ကသိုလ်ဝင်ရန် ချမှတ်ထားသော အချက်အလက်များ ပြည့်စုံပါသော်လည်း ယခုအခါ (High School) အောင်လက်မှတ်ပါမှ မြန်မာရဟန်းတော်များကို တက္ကသိုလ်ကျောင်းသားအဖြစ် အသိမှတ်ပြု လက်ခံမည်ဟု သက်ဆိုင်ရာ တာဝန်ခံများမှ ကျောင်းလျှောက်လာသော မြန်မာကျောင်းသား ရဟန်းတော်များအား ပြောကြားလိုက်သည်။ မြန်မာနိုင်ငံ၌ ရဟန်းတော်များအတွက် ပညာရေးမှာ အစိုးရအတန်းကျောင်းပညာ မရှိသည့်အတွက် ယခုအခါ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ လက်ရှိတက္ကသိုလ်ရှိရာ အယုတ္တရမြို့ မဟာချူလာလောင်ကွန်းတက္ကသိုလ်တွင် တက်ရောက်ပညာသင်ကြားလိုသော ရဟန်းတော်များမှာ အခက်ခဲများနှင့် ရင်ဆိုင်နေကြခြင်းဖြစ်သည်။

ပူပူနွေးနွေး တက္ကသိုလ်တက်ရန် ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်သို့ မကြာသေးခင်က ရောက်ရှိလာသော မြန်မာရဟန်း ကျောင်းသားသစ် ကိုတော်တစ်ပါးက ယခုကဲ့သို့ ပြောသည် “တပည့်တော်တို့ လိုအပ်တဲ့စာရွက်စာတမ်းတွေနဲ့ သွားလျှောက်တဲ့အခါ ကျောင်းသားသစ် လက်ခံရုံးက ယခင်က အချက်အလက်တွေလောက်နဲ့တော့ ကျောင်းသားအဖြစ် အသိအမှတ်မပြုနိုင်တော့ဘူး။ လက်မခံနိုင်တော့ဘူး။ မြန်မာနိုင်ငံမှ ယခင်အချက်အလက်များအပြင် အနည်းဆုံး ( High School ) အောင်လက်မှတ်ပါမှ လက်ခံမည်ဟု ပြောတယ်။ မြန်မာနိုင်ငံမှာ ရဟန်းတော်များ အစိုးရကျောင်းပညာမရှိဘူး။ တရားဝင် ကျောင်းတက်လို့မရဘူးလို့ ရှင်းပြပါတယ် ဒါပေမဲ့လည်း သူတို့တွေက လက်သိပ်မခံဘူး။ ငြင်းတယ် ဒါနဲ့ တပည့်တော်တို့လည်း စိတ်ညစ်ပြီး ပြန်လာခဲ့ရတယ်။’’ ကမ္ဘောဒီယား၊ လာအို၊ ဘင်္ဂလားဒေချ၊် သီရိလင်္ကာနိုင်ငံများမှ လာရောက်တက္ကသိုလ်တက်ကြသော ရဟန်းတော်များမှာ အများစုက အစိုးရ ( High School) အောင်လက်မှတ်နှင့် လာရောက်ပညာသင်ကြသော ရဟန်းတော်များသာ ဖြစ်ကြသည်ဟု သိရသည်။ မြန်မာကျောင်းသားရဟန်းတော်များမှာမူ အစိုးရမှ ရဟန်းတော်များကို လူတွေကဲ့သို့ အစိုးရကျောင်းပညာ တက် ရောက်သင်ကြားခွင့်မပေးသောကြောင့် ( High School ) အောင်လက်မှတ် မရှိသော်လည်း အကြီးတန်းအောင်လက်မှတ်၊ သာသနာရေးဌာနမှ ထောက်ခံစာ၊ တခြားဘာသာရေးနဲ့ဆိုင်သော အချက်အလက်များပါလျှင် အလွယ်တကူပင် ကျောင်းသားအဖြစ်နှင့် လက်ခံအသိမှတ်ပြု တက်ရောက်ကြသည် ဟု သိရသည်။ တခြားသောဗုဒ္ဓဘာသာနိုင်ငံများတွင် ရဟန်းအ၀တ်နှင့်ပင် ( High School) တက်ခွင့်ရှိသည်။ မြန်မာနိုင်ငံမှာမူ ရဟန်းတော်များအဖို့ အစိုးရကျောင်းပညာ တရားဝင်တက်ရောက် သင်ကြားခွင့်မရဖြစ်ရာ ယခုကဲ့သို့ အဖြစ်အပျက်ကိုကြည့်ပါက ရဟန်းတော်များထပ်တူ စာရေးသူလည်း ၀မ်းနည်းမိပါသည်။ ၂၀၁၂ စာသင်နှစ်သည် မြန်မာကျောင်းသား ရဟန်းတော်များအတွက် ၀မ်းနည်းစရာတစ်ခု ဖြစ်လာရပေသည်။

ထိုင်းနိုင်ငံ မဟာချူလာလောင်ကွန်းတက္ကသိုလ်မှာ ရဟန်း ရှင်လူများတက်ရောက်နိုင်သော အထင်ကရ တက္ကသိုလ်ကြီးတစ်ခုဖြစ်သည်။ နိုင်ငံတကာအဆင့်မှီသောနည်းဗျူဟာများဖြင့် ဗုဒ္ဓဘာသာကမ္ဘာကို ပြန့်ပွါးအောင် အဓိကပညာရပ်များ သင်ကြားပို့ချလျက်ရှိသည်။ လက်ရှိမဟာဟနမှာ ကမ္ဘာလူထုအကြား ရိုသေလေးစားမှု နှင့် အသိမှတ်ပြုခံနေရသည်မှာ အထင်အရှားဖြစ်ပေသည်။ထေရ၀ါဒမှာမူ ဗုဒ္ဓနည်းဗျူဟာအတိုင်း ရပ်တည်ရှေ့လျှောက်နေပေမဲ့ လူသိနည်းလှပေသည်။ ဗုဒ္ဓနည်းလမ်းကျသော ထေရ၀ါဒသာသနာကို ကမ္ဘာကသိစေရန် အယုတ္တရ၊ ချင်းမိုင်အစရှိသောမြို့များတွင်လည်း တက္ကသိုလ် အခွဲများထားရှိပြီး အိမ်နီးနားချင်း နိုင်ငံများမှ ရဟန်းတော်များ အလွယ်တကူပညာသင်ယူနိုင်ရန် နှင့် နိုင်ငံတကာမှ ပညာရှင်များ ဗုဒ္ဓဘာသာကို လာရောက်လေ့လာနိုင်ရန် ဖွင့်လှစ်ထားသော တက္ကသိုလ်ကြီးတစ်ခုလည်းဖြစ်သည်ဟု သိရသည်။

...............................

အာရ်လင်းထွဏ်း






ဆက်ဖတ်ရန်
ပို့စ်တင်သူ ။.............။ younger on Wednesday, 21 March 2012
0 ( မှတ်ချက်ရေးချင်ရင် )
ခေါင်းစဉ်အလိုက်ပို့စ်များ |



ဆရာတော် အသျှင်ပညာစာရ ထောင်မှလွတ်မြောက်ပြီး စစ်တွေမြို့သို့ ကြွရောက်လာစဉ်ကပုံ

စစ်တွေ ။ ။ ရခိုင်သမိုင်းသုတေသီတစ်ဦးလည်းဖြစ် နိုင်ငံရေး အကျဉ်းသားဟောင်းတစ်ဦးလည်းဖြစ်သူ အရှင်ပညာစာရသည် အခုအချိန်မှာ မူလသီတင်းသုံးခဲ့သော မဟာဗုဒ္ဓ၀ိဟာရ ကျောင်းတော်တွင် ပြန်လည်သီတင်းသုံးနေပြီဖြစ်ကြောင်းနှင့် မကြာခင် ကျောင်းဖွင့်ပွဲ အထိမ်းအမှတ်အခမ်းအနားကို ပြုလုပ်သွားမှာ ဖြစ်ကြောင်း သတင်းရရှိသည်။

“ ဟုတ်ပါတယ်၊ ဆရာတော် သူ့ကျောင်းကို ပြန်လည်ရောက်ရှိနေပါပြီ်၊ ကျောင်းဖွင့်ပွဲ အထိမ်းအမှတ်အခမ်းအနားအတွက် စီစဉ်နေကြပါတယ်၊ ရက်တော့ မသတ်မှတ်ရသေးဘူး၊ ဆရာတော်ရဲ့တကာတွေကတောိ့ အားလုံးဝမ်းသာအားရနဲ့ပေါဗျာ့၊
တခြားသော စာပေပညာရှင်တွေကလည်း အရင်အတိုင်း ၀င်ထွက်သွားလာနိုင်ပါပြီ်’’လို့ ဆရာတော်၏ တကာ တစ်ယောက်က ပြောသည်။

ထို့အပြင် ဆရာတော်ကို ဖမ်းဆီးစဉ်က အာဏာပိုင်များမှ သိမ်းဆည်းထားတဲ့ ပစ္စည်းတွေကိုလည်း ဥပဒေကြောင်းအရ တောင်းဆိုသွားရန် အစီစဉ်ရှိကြောင်း အဆိုပါ ပုဂ္ဂိုလ်ကပြောသည်။

၎င်းအပြင် ဗမာပြည်သို့ ယူဆောင်သွားသော ကလေးတွေကိစ္စကိုလည်း ပြန်လည်ရရှိရန်အတွက် ဆောင်ရွက် သွားမည်ဖြစ်ကြောင့်လည်း သတင်းရရှိသည်။

ရခိုင်သမိုင်းသုတေသီ ဆရာတော်အရှင်ပညာစာရကလည်း ယခုလို ပြန်လည်ပရဟိတလုပ်ငန်းကို လုပ်ကိုင်ခွင့်ရခြင်းအပေါ် အားလုံးကို ကျေးဇူးတင်ကြောင်း ရှေ့ဆက်အားလုံးနှင့်လည်း ပူးပေါင်းလုပ်ဆောင်လိုကြောင်း မကြာမီက ရခိုင်ရိုးမနှင့် မေးမြန်းခန်းတစ်ခုမှာ ပြောကြားခဲ့ပါတယ်။

အခုအခ်ါမှာတော့ ကျောင်းတိုက်၏ လုပ်ငန်းတွေကို ပြန်လည်အစပျိုးနေပြီဖြစ်သည် ရခိုင်ပိဋကတ်တိုက်၊ ဆရာကြီးဦးဦးသာထွန်း စာကြည့်တိုက်တွေကိုလည်း ပြန်လည်အကောင်အထည်ဖော်နေကြောင်း သတင်းရရှိပါသည်။

ရခိုင်ရိုးမ (Wednesday, February 29, 2012) မှ သတင်းကို မြန်မာဘာသာသို့ ပြန်ပြီး တင်ပေးခြင်းဖြစ်သည်။

ဆက်ဖတ်ရန်
ပို့စ်တင်သူ ။.............။ younger on Monday, 12 March 2012
0 ( မှတ်ချက်ရေးချင်ရင် )
ခေါင်းစဉ်အလိုက်ပို့စ်များ |

သာသနဗိမာန်ဆောက်လုပ်ရန် ငွေကြေးကောက်ခံနေမှုကြောင့် ရပ်ကွက်နေပြည်သူများ မကျေမနပ်ဖြစ်နေကြောင်း ဒေသခံ တဦးက ပြောသည်။

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ပေါက်ကုန်းရပ်ကွက်တွင် တည်ဆောက်လျှက်ရှိသည့် သာသန ဗိမာန်တော်အတွက် ရပ်ကွက် အုပ်ချုပ်ရေးမှူးများက မဖြစ်မနေ ထည့်ဝင်ရမည်ဟု ပြောဆိုကောက်ခံနေခြင်းဖြစ်သည်။

“ရပ်ကွက်မှာ နေတဲ့သူတွေက လက်လုပ်လက်စားတွေဘဲ ဆိုတော့ အခုလို မဖြစ်မနေထည့်ရမယ်ဆိုတော့ မကျေမနပ်ဖြစ်နေတာပေါ့၊ တအိမ်ကို (၃၀၀၀) ထည့်ရမယ်ဆိုပြီး ရပ်ကွက်မှူးတွေက ကောက်ခံနေတာ”ဟု ပြောသည်

ယင်းကဲ့သို့ အလှူခံကောက်ခံနေသည့် ရပ်ကွက်များမှာ ပေါက်ကုန်းရပ်ကွက် အပိုင်(၁)ရပ်ကွက်မှ အပိုင် (၁၅) ရပ်ကွက်အထိ ဖြစ်ကြောင်း ဒေသခံက ဆက်ပြောသည်။

အဆိုပါ ရပ်ကွက်များတွင် နေထိုင်သည့် အိမ်ထောင်စုပေါင်း (၂၂၀၀) ရှိပြီး သာသနာ့ဗိမာန်တော်မှ စတင်ဆောက်လုပ်နေလျှက်ရှိကြောင်း ဒေသခံက ဆက်ပြောသည်။

http://www.yoma3.org/

ဆက်ဖတ်ရန်
ပို့စ်တင်သူ ။.............။ younger on Wednesday, 29 February 2012
0 ( မှတ်ချက်ရေးချင်ရင် )
ခေါင်းစဉ်အလိုက်ပို့စ်များ |

2012-02-29

ရန်ကုန်မြို့ ငါးထပ်ကြီးဘုရား လိပ်ပြာကန် ကျောင်းတိုက်က စာချဆရာတော် နိုင်ငံရေး အကျဉ်းသားဟောင်း ဦးဃောသိတက မိမိကို ကျောင်းတိုက်ကနေ ထွက်ခွာဖို့ သံဃ မဟာနာယကအဖွဲ့က အမိန့်ထုတ်ထားပေမယ့် အဲဒီကျောင်းမှာပဲ ဆက်လက် သီတင်းသုံး နေထိုင်မယ်လို့ အာအက်ဖ်အေကို မိန့်ပါတယ်။

RFA

ရန်ကုန်မြို့ ၅ ထပ်ကြီးဘုရား လိပ်ပြာကန်ကျောင်းတိုက်က စာချဆရာတော် နိုင်ငံရေး အကျဉ်းသားဟောင်း ဦးဃောသိတ

ဦးဃောသိတ အကျဉ်းထောင်က ပြန်လွတ်လာပြီးတဲ့နောက် ရဟန်းပြန်ဝတ်ခွင့်ကိစ္စ လျှောက်ထားပေမယ့် သီတင်းသုံးရာ ကျောင်းတိုက်က နှင်ထုတ်ခံထားရတဲ့အတွက် ဒီကိစ္စတွေနဲ့ပတ်သက်လို့ ဒီကနေ့ သာသနာရေးဦးစီးဌာနကို သွားရောက် တွေ့ဆုံခဲ့ရပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်လို့ ဦးဃောသိတက အာအက်ဖ်အေကို အခုလို မိန့်ပါတယ်။ “သာသနာရေး သွားတဲ့အခါ သာသနာရေးက ဦးစီးတစ်ယောက်နဲ့တွေ့တယ်။ သူ့ကို ဦးပဉ္စင်းက ၁၅ ရက် ၂ လ ၂၀၁၂ မှာ ဦးပဉ္စင်း ရဟန်းဝတ်ခွင့် တင်ထားတယ်။ ဒကာကြီးတို့ ဘယ်တော့ အဲဒါ စီစဉ်ပေးမှာလဲ၊ အရေးကြီးနေတယ်လို့ ဦးပဉ္စင်း ပြောခဲ့တယ်။ ပြောတဲ့အခါကျတော့ သာသနာရေးက တပေါင်းလပြည့်ကျော်မှ ဦးပဉ္စင်းကို လုပ်ပေးလို့ရမယ်၊ အဲဒီအချိန်ကျလို့ရှိရင်တော့ ဦးပဉ္စင်းကို သေသေချာချာ ကူညီပါ့မယ်၊ အဲဒါကို စိတ်ချပါလို့ သူတို့က ပြောတယ်။ နောက်တခါ ဦးပဉ္စင်းကို ကျောင်းတိုက်ကနေ ဖယ်ထားတဲ့စာ ဦးပဉ္စင်းက ထုတ်ပြတယ်။ သာသနာရေး ဦးစီးတစ်ယောက်က ဦးပဉ္စင်းကို ပြောတယ်။ ဒီအမိန့်က သူတို့လာပြီးတော့ လုပ်ရမယ့်အလုပ်ပါတဲ့။ သူတို့လည်း အလုပ်ရှုပ်နေတယ်၊ လေးလပိုင်းကျော်တဲ့အထိ ဒီနေရာမှာ ဆက်နေရင်လည်း ရပါတယ်လို့ သူတို့ကိုယ်နှိုက်က ပြောလိုက်ပါတယ်” ဦးဃောသိတက သူ့အနေနဲ့ သတ်မှတ်တဲ့ အချိန်ပြည့်ရင်လည်း ကျောင်းတိုက်မှာပဲ ဆက်ပြီး သီတင်းသုံးမှာဖြစ်တယ်လို့ အာအက်ဖ်အေကို မိန့်ပါတယ်။ ဆရာတော် ဦးဃောသိတဟာ ၂၀၀၈ ခုနှစ်ကဖြစ်ခဲ့တဲ့ နာဂစ်မုန်တိုင်း ဒုက္ခသည်ကယ်ဆယ်ရေး လုပ်နေရင်းနဲ့ ထိုင်ဝမ်နိုင်ငံက ဘာသာရေးအဖွဲ့တစ်ခုရဲ့ဖိတ်ကြားချက်အရ တခြားသံဃာ ခုနစ်ပါးနဲ့အတူ ထိုင်ဝမ်ကို ခေတ္တကြွသွားပြီး ရန်ကုန်ပြန်အလာ လေဆိပ်မှာ အဖမ်းခံခဲ့ရတာပါ။ အဲဒီနောက် တရားမဝင် ဒေါ်လာငွေကိုင်ဆောင်မှု၊ တရားမဝင် နယ်စပ်ဖြတ်ကျော်ထွက်ခွာမှု၊ မတရားသင်း ဖွဲ့စည်းမူတွေနဲ့ ဆရာတော်ကို ထောင် ခုနစ်နှစ် ချလိုက်ပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၃ ရက်ကတော့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ရမည်းသင်းထောင်က ပြန်လွတ်လာပါတယ်။

http://www.rfa.org/burmese/news/u-kaw-thida-sanka-authority-02292012113041.html

ဆက်ဖတ်ရန်
ပို့စ်တင်သူ ။.............။ younger on
0 ( မှတ်ချက်ရေးချင်ရင် )
ခေါင်းစဉ်အလိုက်ပို့စ်များ |



အိန္ဒိယပြည်မှာဗုဒ္ဓဘာသာဘာကြောင့်ကွယ်သွားရတာလဲဆိုတာ ဘုန်းကြီးတို့ လေ့လာလို့
ရသလောက် ပြောရရင် အခြေခံအကြောင်း ၃-ခုကို တွေ့ရပါတယ်။

၁။ ဇာတ်ဝါဒ အလွန်ပြင်းထန်ခြင်း၊ (လူတန်းစား ခွဲခြားမှု့)

၂။ အတ္တ၀ါဒ အလွန်ပြင်းထန်ခြင်း၊ (အစွဲကြီးမှု့)

၃။ သဒ္ဓါတရားနည်းပါးခြင်းတို့ကြောင့် အိန္ဒိယပြည်မှာ ဗုဒ္ဓသာသနာ ကွယ်ခဲ့ရပါတယ်။

အပြည်အစုံအကျယ်ကို သိရှိလိုလျှင်
အနှစ်ကိုးပါးတရားတော် (သီတဂူဆရာတော်) -စာအုပ်ကို ၀ယ်ယူ၍ ဖတ်ရှူကြလေကုန်......


နောက်တခု သာသနာကွယ်ခြင်းရဲ့ အကြောင်းက ဘာလဲဆိုရင် လူတွေရဲ့ နှလုံးသားထဲမှာ
သဒ္ဓါတရား ခေါင်းပါးလာမှု့ပါပဲ။
ဘာသာခြားတွေက သဒ္ဓါတရား ခေါင်းပါးတော့ လုပ်ချင်ရာ လုပ်တော့တာပဲ။ အရာရာမှာ
ကိုယ့်ဘာသာ ရှေ့တန်းက နေရာရဖို့၊ အသာစီးရဖို့၊ ခေါင်းတစ်လုံးသာဖို့ ဆိုတဲ့ မကောင်းတဲ့
စိတ်တွေ ဖြစ်လာတယ်။ သူများဘာသာက ကိုယ့်ဘာသာထက် သာသွားမှာကို မလိုလားဘူး။

ဗုဒ္ဓဘာသာ အရှိန်အ၀ါ ကောင်းမှာကို မလိုလားဘူး။ ဒီတော့ မနာလိုစိတ်တွေ ပြင်းထန်လာတယ်။
ဒါကြောင့် ဘာသာခြားများက ဗုဒ္ဓသာသနိက အဆောင်အဦ တွေကို ဖျက်ဆီးတယ်။

သမိုင်းမှတ်တမ်းများ ဖတ်ရှူ့လိုလျှင်

http://dhammaanalysis.multiply.com/market/item/8


သတိမူရင် မြူကို မြင်တယ်
နာလန္ဒာ ဗုဒ္ဓတက္ကသိုလ် ကြီးဆိုရင် တချိန်တုံးက သိပ်အောင်မြင်ခဲ့တာပဲ။ ဒီလိုအောင်မြင်တာကို
မလိုလားတဲ့ ဘာသာခြားတွေက တက္ကသိုလ်ကြီးကို မီးရှို့ပြီး ဖျက်ဆီးတယ်။
သံဃာတွေကို ညှင်းပန်း နှိပ်စက်တယ်။
သတိမူရင် မြူကို မြင်တယ်။ သတိမမူရင်တော့ ဂူကိုတောင် မြင်မှာ မဟုတ်ဘူး ဒီလို မမြင်ခဲ့ကြလို့
မြန်မာနိုင်ငံ နယ်စပ်ဒေသတွေမှာ ဘာသာခြားအဆောက်အဦးတွေ မင်းမူနေတာကို
တွေ့ရတယ်။

ပြီးတော့ ရှိသေးတယ်။ ဗောဓိပင်ကြီးနဲ့ မဟာဗောဓိစေတီတော်ကြီးကို `မဟန့်´ ဆိုတဲ့
ဟိန္ဒူဘုန်းကြီးက အင်မတန်ကြီးမားတဲ့ အဆောက်အဦတွေကို မကြည့်နိုင်တဲ့ အတွက်ကြောင့်
`ဒါတွေပျောက်အောင် ငါလုပ်လေမှပဲ´ ဆိုပြီး လုပ်လိုက်တာ ပျောက်လုမတတ် ဖြစ်သွားတယ်။

ဗောဓိပင်သမိုင်းမှတ်တမ်း ဖတ်ရှူ့လိုလျှင်

http://dhammaanalysis.multiply.com/journal/item/8


မင်းတုန်းမင်းကြီးရဲ့ ဇရပ်ကို ဖျက်ပြီးတော့ သူ့ကျောင်းဆောက်ထားတာကို ကြည့်ပါ။
ဗောဓိစေတီကြီးထဲမှာ သူတို့ရဲ့ ရုပ်ပုံတွေကို သွင်းထားတာကိုလည်း ကြည့်ပါဦး။
ဘယ်လောက်ထိ ရက်စက်သလဲဆိုတာ ထင်ရှားလှပါတယ်။

အဲဒါ အချိန်မီ ထိန်းသိမ်းထားနိုင်လို့သာ။ မထိန်းသိမ်းနိုင်ရင် ဒီနေရာ ဗုဒ္ဓစေတီ လို့ မပြောဘဲနဲ့ဟိန္ဒူတို့ရဲ့ ဘုရားကျောင်းကြီး ဖြစ်မှာ။ ဘာသာခြားတို့ရဲ့ ဖျက်ဆီးခြင်းဟာလည်း သာသနာကွယ်ခြင်းရဲ့ အကြောင်းတခုပါပဲ။ အဲဒါ သဒ္ဓါတရား ခေါင်းပါးလာလို့ပါပဲ။


မြေမျိုလို့ လူမျိုးမပျောက်၊ လူမျိုမှ လူမျိုးပျောက်မည်

ဒါကြောင့် သာသနာကို ချစ်မြတ်နိုးကြတဲ့ သူများဟာ ကိုယ့်ဘာသာကို နှောင့်ယှက်တဲ့သူများကို
ခုခံကာကွယ်ဖို့ လိုပါတယ်။ အလျှော့ပေးလို့ မဖြစ်ဘူး။
အလျှော့ပေးရင် ကန်းတက်ပြီး ပိုပြီးတော့ စော်ကားလာလိမ့်မယ်။
ရခိုင်ပြည်နယ်က ဘင်္ဂလားနယ်စပ်ဒေသမှာ ဆိုရင် ဘာသာခြား အဆောက်အဦးတွေကို
မြောက်မြားစွာ တွေ့ရတယ်။ မြန်မာလူမျိုးဆိုတာ အတော်ကို ရှာကြည့်ရတယ်။

မြန်မာနိုင်ငံဖြစ်ပြီးတော့ မြန်မာလူမျိုးပျောက်နေတာဟာ နိုင်ငံနှင့်သာသနာအတွက်
အန္တရာယ် သိပ်များတယ်။
မြေမျိုလို့ လူမျိုးမပျောက်၊ လူမျိုမှ လူမျိုးပျောက်မည်´ တဲ့ သတိ ၀ိရိယ ရှိဖို့ လိုပါတယ်။

ကိုယ့်အမျိုး ဘာသာ သာသနာကို ကာကွယ်ပိုင်ခွင့် ရှိတယ်။ အခြားသော ဘာသာများကို
သတိထားရမယ်။ ` သူတို့ ဘာလုပ်နေကြသလဲ´ ဆိုတာကို မျက်ခြေမပြတ် ကြည့်ဖို့
လိုပါတယ်။
`ညောင်သီးလည်း စား၊ လေးသံလည်း နားထောင်ပါ´

အနှစ်ကိုးပါးတရားတော် (သီတဂူ ဆရာတော်)

အရှင်ဝရသာမိ (မုံရွာ)
http://dhammaanalysis.multiply.com

ဆက်ဖတ်ရန်
ပို့စ်တင်သူ ။.............။ younger on Monday, 27 February 2012
0 ( မှတ်ချက်ရေးချင်ရင် )
ခေါင်းစဉ်အလိုက်ပို့စ်များ |






ဂျပန်နိုင်ငံ kanda တက္ကသိုလ်မှ သမိုင်းပါမောက္ခ ဒေါက်တာ အေးချမ် နှင့် သမိုင်းဆိုင်ရာ ဆွေးနွေးပွဲတစ်ရပ်ကို ၂၂ .၂. ၂၀၁၂- ဗုဒ္ဓဟူး နေ့၊ နေ့လည် ၁၂ နာရီ ၃၀ မှ၊ ညနေ ၅ နာရီထိ၊ ဘန်ကောက်မြို့၊ Twin Towers Hotle ပြုလုပ်ကျင်းပရာ၊ မဟာချူလာ၊ မဟာမကု၊ မဟီဒိုးနှင့် အေဘက်တက္ကသိုလ်များတွင် တက်ရောက် ပညာသင်ကြားနေကြသော၊ ရခိုင်ရဟန်းတော်များနှင့်၊ အခြားသော တက္ကသိုလ်အသီးသီးတို့မှ ရခိုင်မောင်မယ်များ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကာ၊ ဆရာကြီးဒေါက်တာအေးချမ်း အား မိမိတို့သိလိုသော သမိုင်းဆိုင်ရာ မေးခွန်းများကို မေးမြန်းကြပြီး၊

A.S.M.A အဖွဲ့ဝင် တက္ကသိုလ်ကျောင်းသားရဟန်းတော် ၄၉- ပါးတို့အား၊ အဖွဲ့မှ နှစ်စဉ် ဆက်ကပ်လှူဒါန်းမြဲဖြစ်သော ပညာသင်ထောက်ပံ့ကြေးများ ပေးအပ်ခြင်း အခမ်းအနားကို ၄င်းဟိုတယ်တွင် ကျင်းပခဲ့ကြကြောင်းသိရှိရပါသည်။

http://arakansma.blogspot.com

ဆက်ဖတ်ရန်
ပို့စ်တင်သူ ။.............။ younger on Sunday, 26 February 2012
0 ( မှတ်ချက်ရေးချင်ရင် )
ခေါင်းစဉ်အလိုက်ပို့စ်များ |

အနန္တအတုမရှိ ဗုဒ္ဓမြတ်စွာဘုရား

အလှူရှင်များအား MMSA အဖွဲ့မှ မှတ်တမ်းတင်ဂုဏ်ပြုလွှာပေးအပ်

အလှူရှင်များအား MMSA အဖွဲ့မှ မှတ်တမ်းတင်ဂုဏ်ပြုလွှာပေးအပ်

Mahidol University

International Buddhist Collage

မြန်မာ E Books

ထိုင်းနိုင်ငံ ရောက် ရွှေ့ပြောင်း မြန်မာအလုပ်သားမားများအတွက် ပညာရေး အခွင့်အလမ်းများ

MMSA ပရိတ်သတ်များ

ယခင်ပို့စ်အဟောင်းများ

အားပေးနေသော အပေါင်းသင်းများ

International News

တိုင်းရင်းသားသတင်းဌာနများစုစည်းမှု

သတင်းဌာနများစုစည်းမှု

ဘလော့ဂ်များစုစည်းမှု