MMSA ဘလော့စည်းမျဉ်းများ

* ဘာသာ သာသနာနှင့်လူမျိုးတို့၏ ဂုဏ်ကို ထိခိုက်ပျက်စီးစေတတ်သော အရေးအသားမျိုးကို ရှောင်ရှားရန်၊
* အချင်းချင်း ညီညွတ်မှု့ကို ပျက်စီးစေတတ်သော အကြောင်းများကို ရေးသားခြင်းမှ ရှောင်ရှားရန်၊
* သာသနာနှင့် မအပ်စပ်သော အဖွဲ့ဂုဏ်သိက္ခာကို ငြိုးနွမ်းစေတတ်သော ပုံများကိုတင်ခြင်းမှ ရှောင်ရှားရန်၊
* ပုဂ္ဂိုလ်ရေးဆိုင်ရာများထက် အများနှင့်သက်ဆိုင်သော အကျိုးများစေနိုင်သော ပုံများ စာများကိုသာ ရေးသားရန်၊
* MMSAသည် ပညာရေးအဖွဲ့စည်း ဖြစ်သည့် အတွက်နိုင်ငံရေးနှင့်သက်ဆိုင်သော အရေးအသားများကို ရေးခြင်းမှ ရှောင်ရှားရန်၊
* ဗုဒ္ဓဘာသာနှင့် မိမိတို့လေ့လာနေသော ပညာရပ်ဆိုင်ရာ အကြောင်းအရာများကို ဗဟုသုတအလို့ငှါ ရေးသား မျှဝေကြရန်၊

အကြောင်းအရာ ။ ။ နှစ်ပတ်လည် အစည်းအဝေးနှင့်ကော်မတီအသစ်ရွေးကောက်ပွဲးကြီးပြီးဆုံးခြင်း။ (၂၅.၃.၂၀၁၂)တနင်္ဂနွေနေ့တွင် Mahamakut Buddhist University၌ ထိုင်းနိုင်ငံသာသနာပိုင် ကျောင်းဖြစ်သည့် ထိုင်းဘုရင်၏ အမတော် ဆောက်လုပ်လှူဒါန်းထားသော ခန်းမကြီးတွင်ပြုလုပ်ခဲ့ပါသည်။

ထိုင်းနိုင်ငံသာသနာပိုင်အဖွဲ့ဝင်ဆရာတော်ကြီးများကလည်း ကြည်ဖြူစွာလက်ခံကူညီခဲ့ကြပါသည်။၎င်းရွေကောက်ပွဲဝင်အကြောင်းရာများကိုအသေးစိတ် ဓါတ်ပုံမှတ်တမ်းများ ဗီဒီိယိုမှတ်တမ်းများ
နှင့်အတူတင်ပြပေးသွားပါမည်၊ အသင်း၏ Websiteမှာပြုပြင်နေဆဲဖြစ်သောကြောင့် ပြန်ကြားရေးဟောင်းဦးပညာစာရမှ အထူးတောင်းပန်အပ်ပါသည်ဘုရား Websiteမှာ မကြာမြှီပီးစီးတော့မည်ဖြစ်ပါသောကြောင့် M.S.M.O Website ကြီးမှာစည်းကားစွာ
တင်ပြပေးသွားပါမည်ဘုရား၊ လက်ရှိမှာတော့ရွေးကောက်ပွဲအကြောင်းအရာများကို အကြမ်းပျဉ်းတင်ပြပေးလိုက်ရပါသည်ဘုရား။
အပြည့်အစုံကို Website ပြီးသည်နှင့် ဗဟိုကော်မတီအသစ်ပြန်ကြားရေးဆရာတော်များနှင့်တွဲ၍ ဆက်လက်တင်ပေးသွားပါမည်ဘုရား။

အစည်းအဝေး၏အကြမ်းမျဉ်းပါဘုရား

ထိုင်းနိုင်ငံရောက်မြန်မာကျောင်းသားရဟန်းတော်များအဖွဲ့(M.S.M.O)၏ နှစ်ပတ်လည်စုံညီအစည်းဝေး၊
ပညာသင်စရိတ်ထောက်ပံ့လှူဒါန်းခြင်းနှင့်တတိယအကြိမ်မြောက်ဗဟိုကော်မတီအသစ်ပြန်လည် ရွေးချယ်ပွဲအခမ်းအနားအစီအစဉ်
၁။နမောတဿသုံးကြိမ်ရွတ်ဆို၍အခမ်းနားဖွင့်လှစ်ခြင်း။
၂။အသင်းကြီး၏ဥက္ကဌဆရာတော်မှ အဖွင့်အမှာစကားလျှောက်ထားပြောကြားခြင်း။
၃။လက်ရှိဗဟိုကော်မတီမှ အသင်းကြီး၏တစ်နှစ်တာလုပ်ဆောင်ချက်များကိုအကျဉ်းချုပ်တင်ပြခြင်း။
၎။ ဘဏ္ဍာရေးဆရာတော်များမှအသင်းကြီး၏တနှစ်တာဘဏ္ဍာရေးရ/သုံးငွေစာရင်းများရှင်းလင်းတင်ပြခြင်း။
၅။အတန်းအသီးသီးမှရွေးချယ်တင်မြှောက်ထားသောကော်မတီလောင်းများအားဗဟိုကော်မတီဝင်အဖြစ် မဲဆန္ဒများနှင့် ရွေးချယ်တင်မြှောက်ခြင်း။
၆။အသင်း၏စာရွက်စာတမ်းများလွှဲပြောင်းပေးအပ်ခြင်းနှင့် တာဝန်မှအနားယူသွားသောကော်မတီဝင်အဟာင်းများအားအမှတ်တရဂုဏ်ပြုလက်မှတ်များပေးအပ်ချီးမြှင့်ခြင်း။
၇။ ပညာသင်စရိတ်ထောက်ပံ့လှုဒါန်းခြင်း။
၈။ကော်မတီဝင်ဟောင်းများနှင့် အသစ်ရွေးချယ်ထားသောကော်မတီဝင်များအသီးသီးအမှတ်တရအမှာစကားများလျှောက်ထားပြောကြားကြခြင်း။
၉။ကော်မတီဝင်ဟောင်းများနှင့်အသစ်များအမှတ်တရမှတ်တမ်းဓါတ်ပုံများရိုက်ကူးခြင်းနှင့်
၁၀။ဗုဒ္ဓသာသနံစိရံတိဋ္ဌတုသုံးကြိမ်ရွတ်ဆို၍ အခမ်းနားကိုရုတ်သိမ်းခဲ့ကြပါသည်။ ၄င်းပြုလုပ်ခဲ့သောအသေးစိတ်မှတ်တမ်းများကိုမကြာမှီ
အပြည့်အစုံတင်ပြပေးသွားပါမည်။ကော်တီအသစ်ရွေးချယ်ထားသောဆရာတော်များစာရင်းကိုလည်း ဆက်လက်တင်ပြပေးသွားပါမည်ဘုရား။


ပို့စ်တင်သူ ။.............။ younger on Friday 30 March 2012
ခေါင်းစဉ်အလိုက်ပို့စ်များ

0 ( မှတ်ချက်ရေးချင်ရင် )

အနန္တအတုမရှိ ဗုဒ္ဓမြတ်စွာဘုရား

အလှူရှင်များအား MMSA အဖွဲ့မှ မှတ်တမ်းတင်ဂုဏ်ပြုလွှာပေးအပ်

အလှူရှင်များအား MMSA အဖွဲ့မှ မှတ်တမ်းတင်ဂုဏ်ပြုလွှာပေးအပ်

Mahidol University

International Buddhist Collage

မြန်မာ E Books

ထိုင်းနိုင်ငံ ရောက် ရွှေ့ပြောင်း မြန်မာအလုပ်သားမားများအတွက် ပညာရေး အခွင့်အလမ်းများ

MMSA ပရိတ်သတ်များ

ယခင်ပို့စ်အဟောင်းများ

အားပေးနေသော အပေါင်းသင်းများ

International News

တိုင်းရင်းသားသတင်းဌာနများစုစည်းမှု

သတင်းဌာနများစုစည်းမှု

ဘလော့ဂ်များစုစည်းမှု