MMSA ဘလော့စည်းမျဉ်းများ

* ဘာသာ သာသနာနှင့်လူမျိုးတို့၏ ဂုဏ်ကို ထိခိုက်ပျက်စီးစေတတ်သော အရေးအသားမျိုးကို ရှောင်ရှားရန်၊
* အချင်းချင်း ညီညွတ်မှု့ကို ပျက်စီးစေတတ်သော အကြောင်းများကို ရေးသားခြင်းမှ ရှောင်ရှားရန်၊
* သာသနာနှင့် မအပ်စပ်သော အဖွဲ့ဂုဏ်သိက္ခာကို ငြိုးနွမ်းစေတတ်သော ပုံများကိုတင်ခြင်းမှ ရှောင်ရှားရန်၊
* ပုဂ္ဂိုလ်ရေးဆိုင်ရာများထက် အများနှင့်သက်ဆိုင်သော အကျိုးများစေနိုင်သော ပုံများ စာများကိုသာ ရေးသားရန်၊
* MMSAသည် ပညာရေးအဖွဲ့စည်း ဖြစ်သည့် အတွက်နိုင်ငံရေးနှင့်သက်ဆိုင်သော အရေးအသားများကို ရေးခြင်းမှ ရှောင်ရှားရန်၊
* ဗုဒ္ဓဘာသာနှင့် မိမိတို့လေ့လာနေသော ပညာရပ်ဆိုင်ရာ အကြောင်းအရာများကို ဗဟုသုတအလို့ငှါ ရေးသား မျှဝေကြရန်၊

အမြောက်အမြားသော်လည်းကောင်း၊အနည်းငယ်သော်လည်းကောင်း၊မိမိကိုကျေးဇူးပြုဖူးသောသူများသည် ရှိဖူးငြားအံ့။ ထိုကျေးဇူးတရားတို့ကို တုံ့ပြန်ပေးဆပ်နိုင်သည့်အခါ တစ်နည်းနည်းအားဖြင့် တုံ့ပြန်ပေးဆပ်ပါ။ မတတ်နိုင်သေးလျှင်လည်း နေပါ။
သို့သော် ကျေးဇူးရှင်တို့အား ကျေးဇူးကန်းတတ်သည့် သူယုတ်မာတို့၏ အပြုအမူတို့ မကြံစည် မပြုလုပ်ပါနှင့်။


စိတ်ကူးချိုချို စာတည်းအဖွဲ့
လောက၊ ဓမ္မ၊ ဘ၀ နီတိပဒေသာ မှကူးယူဖော်ပြသည်။

ဆက်ဖတ်ရန်
ပို့စ်တင်သူ ။.............။ thadawa on Tuesday 20 September 2011
0 ( မှတ်ချက်ရေးချင်ရင် )
ခေါင်းစဉ်အလိုက်ပို့စ်များ |

သံသာရာ ရိက္ခာထုပ်ကြီးကို တပွေတပိုက်လိုလားတောင်းတ၍  ကြည်ညိုလေးစား ဝတ်တွားခယ

သံဃိကဒါနကို တကာမ မစိုးဦးဆောင်သော Night Bazzar အဖွဲ့မှ 18.09. 2011 နေ့  ရေခဲ့သေတ္တာနှင့် လှူဖွင့်ဝတ္ထု အစုစုတို့ကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် မဟာချူလာတက္ကသိုလ်တွင် ကျောင်းတက်နေသော မြန်မာရဟန်းသံဃာတော်အရှင်မြတ်များအား လှူဒါန်းသွားကြောင်းသတင်းရရှိသည်။
မစိုးဦးဆောင်သော Night Bazar အဖွဲ့မှ သံဃာတော်အရှင်မြတ်များအား ရေခဲသေတ္တာလှူဒါန်းခြင်းနှင့်ပတ်သတ်၍ ရေစက်ချ အမျှဝေခြင်းနှင့် ဆွမ်းဘောဇဉ်ချိုချဉ်အရသာများကို
လည်း ဆက်ကပ်လှူဒါန်းသွားသောကြောင်သိရသည်။

မစိုးဦးဆောင်သော Night Bazar အဖွဲ့မှ သံဃာတော်များ ဆွမ်းဘုန်းပေးရင်နဲ့ ပတ်သတ်ပြီး ဝေယာဝစ္စကုသိုလ်အဖြစ် လစဉ် ဆွမ်းပဒေပင်အဖြစ် လှူဒါန်းနေကြောင်းလည်း သိရသည်။
ထိုင်းနိုင်ငံ ချင်းမိုင်မြို့ ချင်းမိုင်တက္ကသိုလ်
Faculty of Social Sciences တွင်

CERTIFICATE PROGRAM IN COMMUNITY DEVELOPMENT AND CIVIC EMPOWERMENT (CDCE) နှင့်
  ကျောင်းတက်နေသော မြန်မာကျောင်းသားများလည်း လာရောက်ခဲ့ကြောင်း သတင်းရရှိသည်။

ထာဝရသီရိ
ချင်းမိုင်မြို့

ဆက်ဖတ်ရန်
ပို့စ်တင်သူ ။.............။ ( MMSA ) on Monday 19 September 2011
0 ( မှတ်ချက်ရေးချင်ရင် )
ခေါင်းစဉ်အလိုက်ပို့စ်များ |

တပတ်ရစ်ကား တင်သွင်းမှုကို မြ၀တီနယ်စပ်တွင် ပိတ်ပင်ထားသဖြင့် ထိုင်းနိုင်ငံ မဲဆောက်မြို့ နယ်စပ်ကားဈေးတွင် စုဝေးနေရသော မော်တော်ယာဉ် အများအပြားသည် မကြာသေးမီက မြစ်ရေကြီးမှုဒဏ်ကို အပြင်းအထန် ခံလိုက်ရသည်။

Car_and_water_1
သောင်တင်နေသော မော်တော်ယာဉ်များ ရေကြီးမှုဒဏ်ကို ခံခဲ့ရသည် (ဓာတ်ပုံ - ဧရာဝတီ)

ယခုလ  ၁၁ ရက်နေ့က မိုးကြီးပြီးနောက်ပိုင်း မြ၀တီ နှင့် မဲဆောက်မြို့ကြားရှိ သောင်ရင်းမြစ်ရေ လျှံသဖြင့် မော်တော်ယာဉ် သုံးထောင်ဝန်းကျင်ရှိနေသော ကားဈေးအတွင်းသို့ ရေများ ၀င်ရောက်ခဲ့သည်။

"ကားအစီး တထောင်လောက် ရေမြှုပ် ပျက်စီးသွားတယ်" ဟု ကားလုပ်ငန်းရှင်တဦးက ပြောသည်။

ရေကျသွားပြီဖြစ်သောကြောင့် မဲဆောက်ရှိ ကားကုမ္ပဏီများက ရေကြီးမှုဒဏ် ခံလိုက်ရသည့် မော်တော်ယာဉ်များကို ပြုပြင်မွမ်းမံနေကြသည်။

ယခုလဆန်းပိုင်းမှ စတင်ပြီး တပတ်ရစ်ကားစီးဆင်းမှု ရပ်တန့်နေသဖြင့် လုပ်ငန်းများ ရပ်ဆိုင်းထားရသော မဲဆောက်ရှိ ကားကုမ္ပဏီ ၄၀ ခန့်သည်  နေ့စဉ် အရှုံးနှင့် ရင်ဆိုင်နေရသည်ဟု သိရသည်။

ယခင်က နယ်ခြားမြစ်ကို ဖြတ်ပြီး မြန်မာပြည်ဘက်သွားသော တပတ်ရစ်ကား အရေအတွက်မှာ နေ့စဉ် အစီးရေ ၂၀၀ ၀န်းကျင် ရှိသည်ဟု မဲဆောက်မှ အကောက်ခွန်ဌာန ၀န်ထမ်းတဦးက ပြောသည်။

မြ၀တီသို့ကားတင်သွင်းမှုသည် ယခုလဆန်းတွင် ဖွင့်ချီပိတ်ချီ ဖြစ်နေရာမှ လုံးဝ ပိတ်ပင်လိုက်သည်မှာ ယနေ့ဆိုလျှင် တပတ်တိတိရှိပြီဟု မဲဆောက်မြို့မှ ကားလုပ်ငန်းရှင်တဦးက ဧရာဝတီကို ပြောသည်။

"ဒီဘက်ကကူးသွားတဲ့ကား ၁၆ စီး ကိုလည်း မြ၀တီက ဖမ်းထားတာ ၃ ရက်လောက်ရှိပြီ" ဟု သူက ဆိုသည်။

နေပြည်တော်မှာလာသည့်အမိန့်ဖြင့် ဖမ်းဆီးခြင်း ဖြစ်သောကြောင့် ထိုကားများ ပြန်လည်ရရှိရေးကို ဒေသခံအာဏာပိုင်တို့နှင့် ညှိနှိုင်း၍ မရသေးကြောင်း မြ၀တီမှ ကုန်သည်တို့ကို ကိုးကားပြီး သူက ရှင်းပြသည်။

မြ၀တီမြို့ခံ ယာဉ်မောင်းတဦးကလည်း "ကျနော်က ဂျပန်ကားတွေကို မြ၀တီကနေ ဘားအံအထိ အငှားမောင်းပို့တဲ့ အလုပ်ပဲ လုပ်တာပါ။ အခု ကားမပို့ရတာတပတ်ကျော်သွားပြီ" ဟု ပြောသည်။

နယ်စပ်ကားဈေးကွက်တွင် ရှိနေသော ကားများမှာ ဂျပန်နိုင်ငံမှ လာသော တပတ်ရစ်ကားများ ဖြစ်သည်ဟု သိရသည်။

ဧရာဝတီ

ဆက်ဖတ်ရန်
ပို့စ်တင်သူ ။.............။ ( MMSA ) on
0 ( မှတ်ချက်ရေးချင်ရင် )
ခေါင်းစဉ်အလိုက်ပို့စ်များ |

၉/၁၁ တိုက်ခိုက်မှု (၁၀) နှစ်ပြည့်တွင် ကမ္ဘာ့လုံခြုံရေးနှင့် ပတ်သက်သော သုတေသန စာတမ်းနှင့် ဆောင်းပါးများ ရေးသား ဖေါ်ပြခဲ့ကြသော်လည်း လက်ရှိ ကမ္ဘာ့ လုံခြုံရေးကို အဓိက ခြိမ်းခြောက်လာနေသော ရာသီဥတု ပြောင်းလဲမှုကို မျက်ကွယ် ပြုခဲ့ကြသည်။
စက်တင်ဘာတိုက်ခိုက်မှု နှစ်ပတ်လယ်နေ့ မတိုင်မီ တရက်အလိုတွင် ဂျာမန်သိပ္ပံပညာရှင် တဦးမှ အာတိတ် ဒေသတွင် ရေခဲတည်ရှိမှုသည် အနိမ့်ဆုံးအဆင့်သို့ သမိုင်းတင် ရောက်ရှိခဲ့ကြောင်း ရာသီဥတု ပြောင်းလဲမှုနှင့် ပတ်သက်၍ သတိပေး ပြောကြားခဲ့သည်။

ကမ္ဘာကြီး၏ မြောက်ပိုင်း ရေခဲပြင်သည် တဖြည်းဖြည်းခြင်း လျော့ကျနေသည်။ ဤကဲ့သို့ လျော့ကျနေရခြင်း၏ အဓိက အကြောင်းအရင်းမှာ ကမ္ဘာ့မြောက်ဝင်ရိုးစွန်းတွင် သစ်တောများ ပြုန်းတီးမှုသည် အဓိက အရင်းခံဖြစ်ကြောင်း၊ ကမ္ဘာ့ရာသီဥတုမှာလည်း ခန့်မှန်း၍ မရနိုင်သော နည်းလမ်းဖြင့် ပြောင်းလဲနေကြောင်း ပြောကြားခဲ့သည်။  စက်တင်္ဘာ (၈) ရက်နေ့တွင် ဂျာမနီနိုင်ငံ (Bremen) တက္ကသိုလ်တွင် သုတေသန ပညာရှင်များမှ (၂၀၀၇) နှစ်သည် အာတိတ်ဒေသတွင် ရေခဲအရည်ပျော်မှု အများဆုံးဖြစ်ကြောင်း၊ ၂၀၁၁ ရေခဲ အရည်ပျော်မှုမှာ ဒုတိယ စံချိန်တင် ဒုတိယ အနေအထားတွင် ရှိနေကြောင်း ထောက်ပြခဲ့သည်။
(၂၀၀၇) နှစ် စံချိန်တင်ထားမှုသည် မကြာမီ ကျိုးပျက်တော့မှာ ဖြစ်ကြောင်း အမေရိကန် ကိုလိုရာဒိုရှိ အမျိုးသား ဆီးနှင်းနှင့် ရေခဲသုတေသနဌာန သိပ္ပံပညာရှင် ( Mark Serreze)မှပြောဆိုခဲ့သည်။ “ ဒီနှစ်ရဲ့ ထူးခြားမှု ကတော့ ထူးခြားတဲ့ ရာသီဥတု အခြေအနေ မရှိခဲ့ဘူး၊ နွေရာသီ ရာသီဥတု အခြေအနေကလည်း ပုံမှန် အခြေအနေမှာ ရေခဲအရည်ပျော်မှုက (၂၀၀၇) ခုနှစ် အဆင့်ထိ ရောက်နေတယ်၊ အာတိတ်ရေခဲပြင်သည် ပါးလွာနေသည့် အတွက် ပုံမှန်ရာသီဥတု အခြေအနေမှာတင် ဆက်လက် အရည်ပျော်နေဦးမှာ ဖြစ်ပါတယ်” ဟု ပြောဆိုခဲ့သည်။
 ၂၀၀၇ ခုနှစ်မှ စတင်ကာ အာတိတ်ရေခဲ့ပြင် အရည်ပျော်မှုကြောင့် ကမ္ဘာ့အနောက်မြောက်နှင့် မြောက်ပင်လယ် ရေလမ်းကြောင်းမှာ တနေ့တခြား ကျယ်ပြန့်လျက်ရှိနေသည်။ မကြာသေးမီက ရေနံတင် သင်္ဘောတစီးသည် အမေရိကန်၊ ဟူစတန်မြို့မှ အာတိတ် သမုဒ္ဒရာကှို ဖြတ်သန်း ခုတ်မောင်းရာ ထိုင်းနိုင်ငံ မေတာဖု ရေနက် ဆိပ်ကမ်းသို့ (၈) ရက် ခရီးဖြင့် ရောက်ရှိခဲ့သည်။ ယခင်က သင်္ဘေများ သွားလာ၍ မရသော အာတိတ် သမုဒ္ဒရာ သည် ယခုအခါ ရာသီဥတု ပြောင်းလဲမှုကြောင့် သင်္ဘောများပင် သွားလာ နေကြပြီဖြစ်သည်။
၁၉၇၉ ခုနှစ်မှ မွေးသော ခလေးသည်၊ နှစ် (၅၀) မပြည့်မီ အာတိတ်ဒေသတွင် နွေရာသီ၌ ရေခဲလုံးဝမရှိ သည်ကို တွေ့ရမည်ဟူ၏။  ဤပြောင်းလဲမှု ဖြစ်စဉ်သည် ကမ္ဘာ့ပြောင်းလဲမှု ဖြစ်စဉ်တွင် အလွန် မြန်ဆန်ခြင်းဖြစ်သည်။ ကမ္ဘာကြီး ပူနွေးလာရခြင်း၏ အကျိုးဆက်အဖြစ် အာတိတ်ဒေသ၏ အနေအထားသည် အဖြူရောင်မှ နက်ပြာရောင်အဖြစ် ပြောင်းလဲသွားမည်ဖြစ်ပြီး  သမုဒ္ဒရာ ရေပြင်သည် နေ၏ အပူချိန်ကို (၂၄) နာရီ စုပ်ယူရမည် ဖြစ်သည်။ အဖြူရောင်မှ အနက်ရောင်အဖြစ် ပြောင်းလဲသွားပါက ကမ္ဘာ့ရေပြင်၊ မြေပြင်၌ တစ်စတုရန်းမီတာ ပတ်လည်တွင် အပူစွမ်းအင် (၀.၃) ၀ပ် ထပ်တိုးလာမည်ဖြစ်ကြောင်း” နော်ဝေနိုင်ငံ ၀င်ရိုးစွန်း သုတေသနဌာနမှ ဟတ်ဒဆင်က တွက်ချက်ပြခဲ့သည်။ သူ၏ တွက်ချက်မှုများသည် အာတိတ်ဒေသ၌ ရေခဲလုံးဝမရှိတော့သည့် အခြေအနေကို အခြေခံထားခြင်းဖြစ်သည်။
ဤအပူချိန်သည် ကမ္ဘာမြေပြင် အနေအထားနှင့် ညီမျှသည့် စတုရန်းမီတာ သန်းပေါင်း (၅၁၀) အကျယ်အ၀န်းကို စွမ်းအင် ပေးနိုင်စွမ်းရှိသည့် အနေအထားဖြစ်သည်။ ကမ္ဘာ့အပူချိန်သည်လည်း (၀.၂၅) စင်တီဂရိတ် မြင့်တက် လာမည် ဖြစ်ကြောင်း မက်နီဆိုတားပြည်နယ် စိန့်သောမစ် တက္ကသိုလ်မှ ဂျွန်အေဗရာဟန်မှ ပြောဆိုခဲ့သည်။ အပူချိန်သည် အာတိတ်ဒေသတွင် ပထမဆုံး ဖြစ်ပေါ်ပြီး၊ အာတိတ်ဒေသ၏ အပူချိန်မှာ လွန်ခဲ့သောနှစ် (၃၀-၄၀) က ရှိခဲ့သော အပူချိန်ထက် (၃-၅) စင်တီဂရိတ်ထက် ပိုမို မြင့်မားနေသည်။ ယခု ဆောင်းရာသီတွင် အာတိတ် ဒေသ၏ အပူချိန်မှာ (၂၁) စင်တီဂရိတ် အထက်တွင် ရှိနေမည်ဖြစ်သည်။
ကမ္ဘာကြီး ပူနွေးလာမှုသည် ကမ္ဘာတ၀ှန်းရှိ လူသား အားလုံးကို ထိခိုက်စေမည် ဖြစ်သည်။ (Global Governance Project) မှ ဖေါ်ပြချက်အရ သက္ကရာဇ် (၂၀၅၀) အရောက်တွင် ရာသီဥတု ပြောင်းလဲမှုကြောင့် ကမ္ဘာတ၀ှန်း၌ ဒုက္ခသည် ဦးရေ သန်း (၂၀၀) ရှိမည်ဖြစ်သည်။
ကမ္ဘာ့ရာသီဥတု ပြောင်းလဲမှုသည် ကမ္ဘာ့အနာဂတ်ကို စိန်ခေါ်နေသော်လည်း အမေရိကန် အပါအ၀င် ဖွံ့ဖြိုးပြီး နိုင်ငံများမှ စိတ်ပါဝင်စားခြင်း မရှိဘဲ အကြမ်းဖက်မှု တိုက်ဖျက်ရေးအတွက် ဒေါ်လာ ထရီလီယံနှင့် ချီကာ သုံးစွဲခဲ့ကြသည်။ အီရတ်နှင့် အာဖဂန်တွင် စစ်ရေးအတွက် သုံးခဲ့သော ငွေကြေးသည် လေ၊ နေရောင်ခြည်၊ ရေလှိုင်းနှင့် မြေအောက် အပူလောင်စာတို့မှ လျှပ်စစ်စွမ်းအင် ထုတ်ယူသုံးစွဲပါက အမေရိကန်နိုင်ငံ အနေဖြင့် (၁၀၀) ရာခိုင်နှုန်းအထိ ရရှိနိုင်မည် ဖြစ်ကြောင်း ကယ်လီဖိုးနီးယား အခြေစိုက် ကာဗွန် သုတေသနဌာနမှ ရစ်ရှစ် ဟမ်းဘတ်မှ ထောက်ပြခဲ့သည်။
လှရွှေ
Source: IPS/ Record Arctic Ice Melt Threatens Global Security

မောက္ခ

ဆက်ဖတ်ရန်
ပို့စ်တင်သူ ။.............။ ( MMSA ) on
0 ( မှတ်ချက်ရေးချင်ရင် )
ခေါင်းစဉ်အလိုက်ပို့စ်များ |

မြန်မာအစိုးရသစ် အနေဖြင့် နိုင်ငံတကာ အသိုင်းအ၀ိုင်း၏ အပြုသဘောဆောင် သဘောထားများ ဆက်လက်ရရှိမည့် အခွင့်အလမ်းကို လက်လွတ် မခံသင့်ကြောင်း ကုလသမဂ္ဂ အထွေအထွေအတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းက တိုက်တွန်းလိုက်သည်။

WNML
စက်တင်ဘာလ ၁၃ ရက်နေ့က ဆွစ်ဇာလန်နိုင်ငံရှိ လူ့အခွင့်အရေးကောင်စီရုံးချုပ်တွင် ကျင်းပသော အစည်းအဝေး၌ တွေ့ရသည့် မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင် (ဓာတ်ပုံ - AP)
စက်တင်ဘာ ၁၈ ရက်နေ့က အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ရှိ ကုလသမဂ္ဂရုံးချုပ်တွင် မစ္စတာ ဘန်ကီမွန်းနှင့် မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်တို့ တွေ့ဆုံစဉ် ထိုသို့ ပြောဆိုခြင်းဖြစ်သည်။

“အထွေအထွေ အတွင်းရေးမှူးချုပ် (မစ္စတာ ဘန်ကီမွန်း) က မြန်မာအစိုးရရဲ့ အပြုသဘောဆောင်တဲ့ ဆောင်ရွက်မှုတွေအပေါ် နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ အကောင်းမြင်မှု ဆက်လက်ရရှိမယ့် အခွင့်အရေးကို လက်လွတ်မခံဖို့ ပြောပါတယ်။ ပြီးတော့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးနဲ့ ဖွံ့ဖြိုရေး စိန်ခေါ်မှုတွေအပေါ် ကူညီရေး ကုလသမဂ္ဂက ဆက်လက် လုပ်ဆောင်လိုတာကိုလည်း ထပ်လောင်း ပြောဆိုခဲ့ပါတယ်” ဟု မစ္စတာ ဘန်ကီမွန်း၏ ပြောခွင့်ရပုဂ္ဂိုလ်က ဆိုသည်။

ကုလသမဂ္ဂ ဌာနချုပ်၌ ပြုလုပ်သည့် အစည်းအဝေး၌ မစ္စတာဘန်ကီမွန်းက နိုင်ငံရေး အကျဉ်းသားများအား အမြန်ဆုံးပြန်လွှတ်ပေးရန်လည်း တိုက်တွန်းခဲ့ကြောင်း၊ မြန်မာနိုင်ငံ၌ လတ်တလော နိုင်ငံရေး ဖြစ်ပေါ်တိုးတက်မှုများကို အသိအမှတ်ပြုကြောင်းနှင့် ဆက်လက်၍ ပြုပြင်ပြောင်းလဲမှုကို အရှိန်မြှင့် လုပ်ဆောင်ရန် တိုက်တွန်းကြောင်းလည်း သိရှိရသည်။

မစ္စတာဘန်ကီမွန်းနှင့်  ဦးဝဏ္ဏမောင်လွင်တို့ တွေ့ဆုံရာ၌ မြန်မာအရေးကိစ္စများအပြင် လာမည့် နိုဝင်ဘာလတွင် ကျင်းပမည့် အာဆီယံ ထိပ်သီးဆွေးနွေးပွဲနှင့် ဒေသတွင်းအရေးများကိုလည်း အမြင်ချင်းဖလှယ်ကြကြောင်း အဆိုပါ ပြောရေးဆိုခွင့်ရှိသူက ဆက်လက်ပြောသည်။

မကြာသေးမီက မြန်မာနိုင်ငံသို့ လာရောက် လည်ပတ်ခဲ့သည့် အမေရိကန်အထူးကိုယ်စားလှယ် ဒဲရက်မစ်ချယ်ကမူ မြန်မာအစိုးရ အနေဖြင့် ပြုပြင်ပြောင်းလဲရေးနှင့် အမျိုးသား ပြန်လည်သင့်မြတ်ရေးအပေါ်  နိုင်ငံတကာ၏ သံသယများကို ဖယ်ရှားရန် အမြန်ဆုံး သက်သေပြသင့်သည်ဟု ၎င်း၏ သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုခဲ့သည်။

နိုင်ငံ ၁၄ နိုင်ငံပါဝင်မည့် Friends of Burma အစည်းအဝေးကို ကျင်းပရန်လည်း မစ္စတာ ဘန်ကီမွန်းက ဖိတ်ခေါ်ထားကြောင်းနှင့် ယင်းအစည်းအဝေးတွင် မြန်မာနိုင်ငံ၏ လက်ရှိ အခြေအနေများနှင့် အနာဂတ်ကို ဆွေးနွေးသွားမည်ဟုလည်း သိရသည်။ ယင်းဆွေးနွေးပွဲသို့ နိုင်ငံခြားရေး ဝန်ကြီးများ တက်ရောက်ဖွယ်ရှိသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၁၃ ရက်နေ့က အမေရိကန် အထက်လွှတ်တော်က စစ်မှန်သော ဒီမိုကရေစီရရှိရေးနှင့် လူ့အခွင့်အရေးတို့တွင် ပြောင်းလဲတိုးတက်မှု မရှိခြင်းကြောင့် မြန်မာနိုင်ငံအား ပိတ်ဆို့ အရေးယူမှု သက်တမ်းတနှစ်ထပ်တိုးရန် အတည်ပြုဆုံးဖြတ်ခဲ့သည်။

လွှတ်တော်ဘဏ္ဍာရေးကော်မတီ ဥက္ကဋ္ဌ မစ္စတာ မက်စ် ဘိုးကပ်စ်က “ပြီးခဲ့တဲ့ လတွေမှာ မြန်မာအစိုးရရဲ့ အားတက်စရာ ခြေလှမ်းတချို့ကို တွေ့ရပါတယ်။ မနှစ်က နိုဝင်ဘာမှာ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးခဲ့တယ်၊ အတိုက်အခံတွေနဲ့ စကားပြောတယ်။ ဒါပေမယ့် ဒါတွေ အားလုံးကြောင့် အဆင်ပြေပြီလို့ ပြောဖို့ စောပါသေးတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးပြီး ၂ လအကြာမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ပျက်ပြယ်ကြောင်း ကြေညာတယ်၊ နိုင်ငံရေးအကျဉ်းသား ၂၀၀၀ ကျော်ကိုလည်း ထိမ်းသိမ်းထားဆဲ ဖြစ်တယ်” ဟု ပြောသည်။

Cliton Global Initiative (CGI) က နယူးယောက်မြို့တွင် ကျင်းပမည့် နှစ်ပတ်လည် အစည်းအဝေးတွင် ဒေါ်အောင်ဆန်းစုကြည်သည် ဆက်သွယ်ရေးဂြိုလ်တုမှတဆင့် တိုက်ရိုက် မိန့်ခွန်းပြောကြားမည်ဟု ကြေညာထားသည်။ ယင်းအစည်းအဝေးသို့ အမေရိကန် သမ္မတ ဘားရက် အိုဘားမား အပါအဝင် နိုင်ငံပေါင်း ၅၀ ကျော်မှ အကြီးအကဲများ တက်ရောက်မည်ဖြစ်သည်။

ဧရာဝတီ

ဆက်ဖတ်ရန်
ပို့စ်တင်သူ ။.............။ ( MMSA ) on
0 ( မှတ်ချက်ရေးချင်ရင် )
ခေါင်းစဉ်အလိုက်ပို့စ်များ |

ဂျာမဏီနိုင်ငံ ဟမ်းဘတ်မြို့တွင် မြန်မာနှင့် ဘင်္ဂလာဒေခ်ျ့ အကြား ရေပြင်ပိုင်နက် အငြင်းပွားမူကို ဖြေရှင်းနေချိန်တွင် ဘင်္ဂလား ပင်လယ်အော်တွင် ဘင်္ဂလားဒေခ်ျ့နှင့် အမေရိကန် ရေတပ်တို့ ပူးတွဲ စစ်ရေး လေ့ကျင့်မူ ပြုလုပ်ကြောင်း သတင်း ရရှိသည်။


International-Tribunal-for-the-Law-of-the-Sea--ITLOS
အဆိုပါ စစ်ရေးလေ့ကျင့်မူကို ယမန်နေ့က စတင်ခဲ့ပြီး အမေရိန်ကန် ရေတပ် သင်္ဘော (၄) စီးနှင့် အမေရိကန် တပ်သား ၅၀၀ ခန့် ပါဝင်ကြောင်း သိရသည်။

အဆိုပါ သင်္ဘောများမှာ တိုက်ချင်းပစ် ဒုံးကျည်ဖျက် သင်္ဘော၊ ဖရီးဂိတ်၊ မိုင်းဖျက် သင်္ဘောနှင့် ကယ်ဆယ်ရေး သင်္ဘောများ ပါဝင်သည်ဟု သိရသည်။

အဆိုပါ စစ်ရေးလေ့ကျင့်မူကို Cooperation Afloat Readiness and Training (CARAT) Bangladesh 2011 အမည်ဖြင့် ပြုလုပ်နေပြီး ၈ ရက်ကြာမြင့်မည် ဖြစ်ကြောင်း အမေရိကန် သံရုံးမှ ထုတ်ပြန်သော ကျေညာချက် တွင် ဖေါ်ပြသည်။

အဆိုပါ စစ်ရေး လေ့ကျင့်မူတွင် ပင်လယ်ပြင် ဆိုင်ရာ လုံခြုံရေး စွမ်းဆောင်ရည် မြင့်မားရေး အတွက် သတင်းအချက်အလက် ဖလှယ်ရေး၊ ပင်လယ်ပြင် ပူးတွဲတိုက်ခိုက်ရေး၊ လှည့်လည် စစ်ဆင်ရေးနှင် အမြောက် ပတ်ခတ်နည်း၊ ၎င်းပြင် ပင်လယ်ဓါးပြနှင့် မှောင်ခို နှိမ်နှင်းရေးများကို ပူးတွဲ လေ့ကျင့်သွားကြမည်ဟု သိရသည်။
Carat-Excercise
စစ်ရေးလေ့ကျင့်မူ ဖွင့်ပွဲကို ယမန်နေ့က စစ်တကောင်း ရေတပ်စခန်းရှိ BNS Issa Khan စစ်သင်္ဘောပေါ်တွင် ပြုလုပ်ခဲ့ပြီး ယခု CARAT စစ်ရေး လေ့ကျင့်မူတွင် ဘင်္ဂလားဒေခ်ျ့သည် ပထမဆုံး အကြိမ် ပါဝင်လာခြင်း ဖြစ်သည်။ အမေရိကန် ရေတပ်မှ ပြုလုပ်နေသာ CARAT စစ်ရေးလေ့ကျင့်မူမှာ ၁၇ နှစ်ကြာမြင့်နေပြီ ဖြစ်ပြီး အဆိုပါ စစ်ရေးလေ့ကျင့်မူကို နိုင်ငံပေါင်း (၇)နိုင်ငံနှင့် ပူးပေါင်း ပြုလုပ်နေခြင်း ဖြစ်သည်။

CARAT စစ်ရေး လေ့ကျင့်မူတွင်ပါဝင်သော နိုင်ငံများမှာ ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်္ကာပူ၊ ထိုင်းနှင့် ဘင်္ဂလာဒေခ်ျ့တို့ ဖြစ်ကြသည်။

ယခုကဲ့သို့ ဘင်္ဂလားဒေခ်ျ့နှင့် အမေရိကန်တို့ ဘင်္ဂလာပင်လယ်အော်တွင် စစ်ရေး လေ့ကျင့်မူ ပြုလုပ်နေချိန်တွင် မြန်မာနှင့် ဘင်္ဂလာဒေခ်ျ့ နိုင်ငံတို့အကြား ဖြစ်ပွားနေသော ရေပြင်ပိုင်နက် အငြင်းပွားမူကို ကုလ လက်အောက်ခံ အပြည်ပြည်ဆိုင်ရာ ပင်လယ်ဥပဒေတရားရုံး (International Tribunal for the Law of the Sea- ITLOS) တွင် ဖြေရှင်းနေသည်။

ပထမအကြိမ် တရားရုံးရှေ့မှောက် ကြားနာစစ်ဆေးမှုများကို ဘင်္ဂလာဒေခ်ျ့အတွက် စက်တင်္ဘာလ ၈မှ ၁၃ ရက်နေ့ အထိ ပြုလုပ်ခဲ့ပြီး မြန်မာနိုင်ငံအတွက် ကြားနာမှုများကို စတင်္ဘာလ ၁၅ ရက်နေ့က စတင်ခဲ့ပြီး ၁၆ -၁၉- ၂၀ ရက်နေ့ထိ ပြုလုပ်မည် ဖြစ်သည်။

ရေပြင်ပိုင်နက် အငြင်းပွာမူကို ယခုနှစ် ဧပြီလတွင် အဆုံးသတ် ဖြေရှင်းပေးမည် ဖြစ်ကြောင်း သိရသည်။

ဆက်ဖတ်ရန်
ပို့စ်တင်သူ ။.............။ ( MMSA ) on
0 ( မှတ်ချက်ရေးချင်ရင် )
ခေါင်းစဉ်အလိုက်ပို့စ်များ |

တာကလူး
-----------
ဘိန်းမှောင်ခို ကုန်ကူးမှုဖြင့် ဖမ်းဆီးထောင်ချ ခံနေရသူ ၁၆ ဦးကို သမ္မတ၏ အထူး လွတ်ငြိမ်း ချမ်းသာခွင့် အစီအစဉ် တရပ်ဖြင့် များမကြာခင်က ရခိုင်ပြည်နယ် ဘူးသီးတောင် အကျဉ်းထောင်မှ လွတ်ပေးလိုက်သည်ဟု သတင်း ရရှိသည်။

အဆိုပါ အကျဉ်းသား (၁၆)ဦးမှာ ရှမ်းပြည် မြောက်ပိုင်းဒေသမှ "၀" လူမျိုးများဖြစ်ကြပြီး၊ သူတို့၏ ထောင်သက်တမ်းကို အထူး လျှော့ပေါ့ ကာ ယခုလ (၉)ရက်နေ့ သောကြာနေ့ နံနက်က ဘူသီးတောင် အကျဉ်းထောင်ထဲမှ လွှတ်ပေးလိုက်ခြင်း ဖြစ်သည်ဟု အကျဉ်းထောင်နှင့် နီးစပ်သူ တစ်ဦးက နိရဉ္စရာသို့ ပြောသည်။


Buthidaung-Prison
"သူတို့က ရှမ်းပြည်မြောက်ပိုင်းက "၀" လူမျိုးတွေ ဖြစ်ကြပါတယ်။ သူတို့ကို ဘိန်းမှောင်ခိုမှုနဲ့ ၂၀၀၅ ခုနှစ်က ဖမ်းဆီးပြီးတော့ ဘူးသီးတောင် အကျဉ်းထောင်ထဲမှာ အကျဉ်းချထားတာ ဖြစ်ပါတယ်။ သူတို့ အတွက် လွတ်ရက်စေ့ဖို့က အချိန်အများကြီးလိုပါသေးတယ်။ ဒါပေမယ့် နေပြည်တော်ကလာတဲ့ အမိန့်အရ အထူးလျှော့ရက်တွေ ပေးပြီး ဒီ သောကြာနေ့ နံနက် ၇း၀၀ နာရီကနေ လွှတ်ပေးလိုက်တာ ဖြစ်ပါတယ်။ ဘူးသီးတောင်ကနေ စစ်တွေ၊ စစ်တွေကနေ သူတို့ရဲ့ နေရပ်ကို အစိုးရအစီအစဉ်နဲ့ ပို့ပေးလိုက်တယ်လို့ ကြားသိရပါတယ်" ဟု သူက ပြောသည်။

အဆိုပါ ဘိန်းမှောင်ခိုသမား (၁၆)ဦးကို ၂၀၀၅ ခုနှစ်တွင် ရှမ်းပြည်မြောက်ပိုင်း တရုတ်နယ်စပ်၌ ပြုလုပ်ခဲ့သည့် ဘိန်းစစ်ဆင်ရေး တစ်ခု အတွင်း အလေးချိန်အားဖြင့် ကီလိုဂရမ် ၅၀၀ ကျော်ခန့်ရှိသည့် ဘိန်းဘလောက်တုံး ၁၀၀၀ နီးပါးနှင့် အတူ ဖမ်းဆီး ရမိခဲ့ခြင်း ဖြစ်သည်။

သူတို့ကို ၂၀၀၅ ခု စက်တင်ဘာလ ၂၂ ရက်နေ့တွင် မူးယစ်ဥပဒေပုဒ်မ ၁၉ (က) ဖြင့် ရှမ်းပြည်နယ် ကျိုင်းတုံခရိုင် တရားရုံးမှ ထောင်ဒဏ် ၁၀ နှစ်စီ အသီးသီးချမှတ်ခဲ့ပြီး နောက်ပိုင်း အနောက်ဘက်နယ်စပ် ရခိုင်ပြည်နယ်ရှိ ဘူးသီးတောင် အကျဉ်းထောင်သို့ လွှဲပြောင်း ထောင်ချခဲ့ခြင်းဖြစ်ကြောင်း အမည်မဖေါ်လိုသူ ဘူးသီးတောင်မှ ရဲအရာရှိ တစ်ဦးက ပြောသည်။

သူတို့၏ ထောင်သက်တမ်းမှာ ၆ နှစ် နီးပါးခန့်သာ ရှိသေးသော်လည်း နေပြည်တော် အကျဉ်းဦးစီးဌာန၏ အမိန့်အရ အထူး လျော့ပေါ့ရက်များ ပေးကာ လွတ်ပေးလိုက်ခြင်း ဖြစ်သည်။

" သူတို့ကို သမ္မတ ဦးသိန်းစိန် အစိုးရသစ်ရဲ့ ယခုနှစ် မေလ ၁၆ ရက် ရက်စွဲနဲ့ ထုတ်ပြန်ခဲ့တဲ့ လွမ်းငြိမ်း ချမ်းသာခွင့် အမိန့်အမှတ် ၂၈/၂၀၁၁ အရ ဘူးသီးတောင်အကျဉ်းထောင်မှ လွှတ်ပေးလိုက်တာ ဖြစ်ပါတယ်" ဟု အဆိုပါ အရာရှိက ထပ်လောင်း ပြောဆိုသည်။

အမေရိကန်အစိုးရမှ မြန်မာနိုင်ငံသည် ကမ္ဘာတွင် ဒုတိယ အများဆုံး ဘိန်းထုတ်လုပ်ရာ နိုင်ငံဖြစ်ပြီး၊ မူးယစ်ဆေးဝါး မှောင်ခို ကူးသူများ အတွက် အခြေကုပ်လှုပ်ရှားရန် အဓိက နိုင်ငံဖြစ်လာနိုင်ဖွယ် ရှိကြောင်း ထုတ်ပြန် ကြေညာ ခဲ့ပြီးနောက်ပိုင်း တစ်ရက်အကြာတွင် ယခုကဲ့သို့ ဘိန်းမှောင်ခို သမားများကို အထူးလျော့ပေါ့ရက်များပေးပြီး လွတ်ငြိမ်း ချမ်းသာခွင့် ပြုလိုက်ခြင်း ဖြစ်သည်။

၎င်းပြင် သမ္မတ ဦးသိန်းစိန်၏ လွတ်ငြိမ်းချမ်းသာခွင့်မှာ အများပြည်သူများ လိုလားနေသော နိုင်ငံရေးသမားများ အတွက် ရည်ရွယ်ခြင်း မဟုတ်ဘဲ ဘိန်းမှောင်ခိုသမားများနှင့် ရာဇ၀တ်သားများအတွက် ဖြစ်နေသဖြင့် ဦးသိန်းစိန်၏ လွတ်ငြိမ်း ချမ်းသာခွင့် အပေါ် ပြည်ပတွင်း ပြည်ပတွင် မေးခွန်း ထုတ်လျှက် ရှိသည်။

ဆက်ဖတ်ရန်
ပို့စ်တင်သူ ။.............။ ( MMSA ) on
0 ( မှတ်ချက်ရေးချင်ရင် )
ခေါင်းစဉ်အလိုက်ပို့စ်များ |

အနန္တအတုမရှိ ဗုဒ္ဓမြတ်စွာဘုရား

အလှူရှင်များအား MMSA အဖွဲ့မှ မှတ်တမ်းတင်ဂုဏ်ပြုလွှာပေးအပ်

အလှူရှင်များအား MMSA အဖွဲ့မှ မှတ်တမ်းတင်ဂုဏ်ပြုလွှာပေးအပ်

Mahidol University

International Buddhist Collage

မြန်မာ E Books

ထိုင်းနိုင်ငံ ရောက် ရွှေ့ပြောင်း မြန်မာအလုပ်သားမားများအတွက် ပညာရေး အခွင့်အလမ်းများ

MMSA ပရိတ်သတ်များ

ယခင်ပို့စ်အဟောင်းများ

အားပေးနေသော အပေါင်းသင်းများ

International News

တိုင်းရင်းသားသတင်းဌာနများစုစည်းမှု

သတင်းဌာနများစုစည်းမှု

ဘလော့ဂ်များစုစည်းမှု