
MMSA ဘလော့စည်းမျဉ်းများ
* အချင်းချင်း ညီညွတ်မှု့ကို ပျက်စီးစေတတ်သော အကြောင်းများကို ရေးသားခြင်းမှ ရှောင်ရှားရန်၊
* သာသနာနှင့် မအပ်စပ်သော အဖွဲ့ဂုဏ်သိက္ခာကို ငြိုးနွမ်းစေတတ်သော ပုံများကိုတင်ခြင်းမှ ရှောင်ရှားရန်၊
* ပုဂ္ဂိုလ်ရေးဆိုင်ရာများထက် အများနှင့်သက်ဆိုင်သော အကျိုးများစေနိုင်သော ပုံများ စာများကိုသာ ရေးသားရန်၊
* MMSAသည် ပညာရေးအဖွဲ့စည်း ဖြစ်သည့် အတွက်နိုင်ငံရေးနှင့်သက်ဆိုင်သော အရေးအသားများကို ရေးခြင်းမှ ရှောင်ရှားရန်၊
* ဗုဒ္ဓဘာသာနှင့် မိမိတို့လေ့လာနေသော ပညာရပ်ဆိုင်ရာ အကြောင်းအရာများကို ဗဟုသုတအလို့ငှါ ရေးသား မျှဝေကြရန်၊

ဒီလောကအတွင်း ဘာသာမတူ အယူကွဲ ဝါဒကွဲတဲ့ ကိုးကွယ်မှုတွေ မျိုးစုံရှိကြပြီး ဘာသာအသီးသီးတို့ရဲ့ အထွဋ်အမြတ်နေရာတွေလည်း အသီးသီးရှိကြတယ်။ ဗုဒ္ဓဘာသာရဲ့ အထွဋ်အမြတ်နေရာတွေကတော့
(၁) ဘုရားအလောင်းတော် မွေးဖွားခဲ့တဲ့ လုမ္ပိနီ၊
(၂) ဘုရားဖြစ်ရာ မဟာဗောဓိ၊
(၃) တရားဦးဟောရာ မိဂဒါဝုန်၊
(၄) ပရိနိဗ္ဗာန်စံရာ ကုဿိန္နာရုံ ဖြစ်ကြပြီး သံဝေဇနိယ လေးဌာန (သံဝေဂပွားများရာ နေရာ) အဖြစ် ထင်ရှားခဲ့တယ်။ ဘုရားရှင်ကိုယ်တိုင်လည်း ဒီသံဝေဇနိယ လေးဌာနကို ဘုရားဖူးရောက်လာသူ အမျိုးကောင်းသား အမျိုးကောင်းသမီးများဟာ ကြည်ညိုတဲ့စိတ်နဲ့ သုဂတိကို ရောက်နိုင်တယ်လို့ ဟောထားပါတယ်။
ဒီသံဝေဇနိယလေးဌာနထဲမှာ အိန္ဒိယနိုင်ငံ၊ ဘီဟာပြည်နယ်၊ ဂယာမြို့အနီးမှာ ရှိတဲ့ မဟာဗောဓိကတော့ ထူးမြတ်တဲ့ နေရာဒေသတစ်ခုဖြစ်တယ်။ ဘာကြောင့် ထူးမြတ်သလဲဆိုရင် ကမ္ဘာလောကကြီး စတင်ဖြစ်ထွန်းတုံးက ဒီကမ္ဘာလောကမှာ ဘုရားပွင့်တဲ့ ကမ္ဘာဟုတ်မဟုတ်ဆိုတာ ဒီမဟာဗောဓိမြေနေရာမှာ ကြာပန်းပွင့် မပွင့်ကို ဗြဟ္မာတွေက လာကြည့်ကြတယ်။
ကြာပန်း တစ်ပွင့်ပွင့်ရင် ဘုရားတစ်ဆူ၊ နှစ်ပွင့်ပွင့်ရင် ဘုရားနှစ်ဆူပေါ့။ အခုကမ္ဘာကတော့ ကြာပန်း ငါးပွင့်ပွင့်လို့ ဘုရားငါးဆူပွင့်တဲ့ ဘဒ္ဒကမ္ဘာလို့ခေါ်တယ်။ နောက်ပြီးတော့ ကမ္ဘာမြေကြီး စတင်ပေါ်ထွန်းတဲ့နေရာဟာ ဒီမဟာဗောဓိဖြစ်သလို ကမ္ဘာကြီး မီလောင်ပျက်စီးတဲ့အချိန်ရောက်ရင်လဲ ဒီမဟာဗောဓိမြေဟာ နောက်ဆုံးမှ မီးလောင်ပျက်စီးတဲ့ နေရာလဲဖြစ်တယ်။ (ကမ္ဘာလောကကြီး ဖြစ်ပုံ တည်ပုံ ပျက်ပုံကို ဘုရားဟောနဲ့ သိပ္ပံပညာရှင်များ အယူအဆ တူပုံကို နောက်မှ တင်ပြပါ့မယ်)။ ဒီမဟာဗောဓိမြေနေရာဟာ ဘုရားရှင်တိုင်း ပွင့်တော်မူတဲ့နေရာပဲဖြစ်တယ်။ ဒါကြောင့် ဗောဓိပင်ပေါက်ရာဒေသ၊ အပရာဇိတပလ္လင်တည်ရှိရာဒေသဖြစ်လို့ ထူးမြတ်တဲ့နေရာပါ။ နောက်ပြီး အဝိဇဟိတဌာန (ဘုရားရှင်တိုင်း မစွန့်တဲ့ဌာန (၀ါ) ပစ်မထားတဲ့ဌာန) လို့လဲဆိုတယ်။
ဗောဓိပင်နဲ့ အပရာဇိတပလ္လင် တည်ရှိရာ ပတ်ဝန်းကျင်ကို ဗုဒ္ဓဂယာလို့ခေါ်တယ်။ ဗုဒ္ဓဂယာဟာ ယခု အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်၊ ဂယာမြို့နဲ့ (၇) မိုင်ကွာ ဝေးပြီး ကိုးလ်ကတ္တားမြို့နဲ့ ၂၉၂ မိုင်ကွာ ဝေးတယ်။ ဂယာမြို့ရဲ့ ရထားဘူတာကနေ ဗုဒ္ဓဂယာကို တက္ကစီနဲ့လာနိုင်သလို မြင်းလှည်းနဲ့လဲ လာလို့ ရပါတယ်။ အခု ဂယာမှာ အပြည်ပြည်ဆိုင်ရာလေဆိပ်လည်း ဖွင့်လှစ်ထားပြီဖြစ်လို့ သွားရေးလာရေး အဆင်ပြေလာနေပါပြီ။ ရှေးတုံးကတော့ ဗောဓိမဏ္ဍဝိဟာရလို့ခေါ်ခဲ့တယ်။ အခုတော့ မဟာဗောဓိကျောင်းပေါ့။
ဗုဒ္ဓဂယာဒေသဟာ ဗုဒ္ဓဘာသာဝင်တို့ရဲ့ အထွဋ်အမြတ်နေရာအဖြစ် နှစ်ပေါင်းများစွာ တည်ရှိခဲ့တယ်။ အေဒီ ၂ ရာစုမှာ အသောကမင်းကြီးက ဗောဓိညောင်အနီး ဦးစွာကျောင်းဆောက်ခဲ့ပြီး ခေတ်အဆက်ဆက် ဆက်လက် ပြုပြင်လာခြင်းဖြစ်တယ်။ ရာစုနှစ်တွေနဲ့အတူ ပုံစံတွေလည်း ပြောင်းလဲခဲ့ပါတယ်။ အေဒီ ၆ ရာစုလောက်မှာ သဲသောင်ပြင်တွေလဲ ဖုံးလွှမ်းသွားခဲ့တယ်။ တိဘက်သမိုင်းမှတ်တမ်းအရ အေဒီ ၁၂၃၄ ခုမှာ တိဘက်ဘုန်းတော်ကြီး ဓမ္မဆွာမိန်ရဲ့ မှတ်တမ်းအရ သူဒီနေရာကို ရောက်တဲ့အချိန် ရဟန်းတော် ၄ ပါးသာ မြင်ရပြီး သဲသောင်ပြင်တွေ ဖြစ်နေခဲ့တယ်။ ၁၂၈၆ ကနေ ၁၅ ရာစုအထိ သီရိလင်္ကာက ဒီကျောင်းတော်ကို များစွာထောက်ပံ့ ပြုစုခဲ့တယ်လို့ဆိုတယ်။ အိန္ဒိယနိုင်ငံမှာ ဗုဒ္ဓသာသနာ ကွယ်ပျောက်သွားတဲ့ အချိန်မှာတော့ ဟိန္ဒူဘာသာတွေ ကြီးစိုးလာကြပြီး ဗုဒ္ဓဂယာဒေသလည်း မဟန့်ဘုန်းကြီး ဟိန္ဒူဘာသာဝင်တွေရဲ့ လက်ထဲ နှစ်ပေါင်း သုံးရာကျော် ကျရောက်သွားခဲ့ရတယ်။ အဲဒီအချိန် ဗုဒ္ဓဘာသာဝင်များ ဗုဒ္ဓဂယာကို လာဖူးဖို့အတွက် အခက်အခဲများစွာ ကြုံတွေ့ခဲ့ရတယ်။ အခုတော့ အိန္ဒိယအစိုးရက ၁၉၄၉ ခု ကျောင်းကန်ဘုရား တည်ဆောက်ရေး အက်ဥပဒေအရ ၁၉၅၃ ခု မေလ ၂၈ ရက်မှာ ဗုဒ္ဓဂယာဒေသပြုပြင်ထိန်းသိမ်းရေး ကော်မတီကို ဖွဲ့စည်းခဲ့တယ်။
ဗုဒ္ဓဘာသာဝင်တို့ရဲ့ အထွဋ်အမြတ်နေရာဖြစ်တဲ့ ဗုဒ္ဓဂယာကို ဗုဒ္ဓဘာသာဝင် လက်ထဲ ပြန်လည်ရောက်ရှိလာအောင် အဓိကစွမ်းဆောင်သူကတော့ သီရိလင်္ကာနိုင်ငံသား အနာဂါရိကဓမ္မပါလ ပဲဖြစ်တယ်။
အင်္ဂလိပ်တွေ အိန္ဒိယကို အုပ်ချုပ်စဉ်က သီဟိုခေါ် သီရိလင်္ကာလည်း အင်္ဂလိပ်ရဲ့ အင်ပါယာလက်အောက် ကျရောက်ကာ မြန်မာနိုင်ငံလိုပဲ အင်္ဂလိပ်တို့ရဲ့ အိန္ဒိယဘုရင်ခံချုပ်က အုပ်ချုပ်ခဲ့တယ်။ ဗုဒ္ဓဘာသာဝင်ဖြစ်တဲ့ အနာဂါရိကဓမ္မပါလ အိန္ဒိယကိုရောက်လာပြီး ဘုရားလာဖူးတဲ့အချိန် (အင်္ဂလိပ်ခေတ်) ဒီဗုဒ္ဓဂယာကို ကြီးစိုးနေတာက မဟန့်ဟိန္ဒူဘုန်းကြီး တွေဖြစ်တယ်။ အဲဒါကို မြင်ရတော့ အနာဂါရိကဓမ္မပါလ အတော့်ကို စိတ်ထိခိုက်သွားတယ်။ မဟန့်တွေက သူ့ကို ကောင်းမွန်စွာ ဘုရားဖူးခွင့်မပေးဘူး။ မောင်ထုတ်ခံခဲ့ရ၊ အရိုက်ခံခဲ့ရတယ်။ ဒါပေမယ့် အနာဂါရိကဓမ္မပါလက မဟာဗောဓိညောင်ပင်အောက်မှာ သံမဏိအဓိဋ္ဌာန်တစ်ခု ချခဲ့တယ်။ “ဒီမဟာဗောဓိ အထွဋ်အမြတ် မြေနေရာဟာ ဗုဒ္ဓဘာသာအားလုံးတို့ရဲ့ နေရာ မဖြစ်ဖြစ်အောင် ငါသည် အသက်စွန့်ပြီး ကြိုးစားဆောင်ရွယ်မယ်” လို့ အဓိဋ္ဌာန်ပြုကာ အခက်အခဲအမျိုးမျိုးကို ရင်ဆိုင်၊ တရားရုံးကို အခေါက်ပေါင်းများစွာ တက်ခဲ့ရပါတယ်။ မဟာဗောဓိအသင်းကြီးကို ထူထောင်ပြီး ဗုဒ္ဓဂယာသည် ဗုဒ္ဓဘာသာအတွက် အထွဋ်အမြတ်ဖြစ်စေရမယ်လို့ ကြိုးစားသွားတာ ၁၉၃၁ ခု သူသေဆုံးသွားတဲ့အထိ ပါပဲ။ (အနာဂါရိကဓမ္မပါလကို သီရိလင်္ကာသူရဲကောင်းလို့ခေါ်သလို ဒုတိယ အသောကလို့လဲ အခေါ်ခံရတယ် သူ့အကြောင်းကို နောက်မှ တင်ပြပါ့မယ်)။ အနာဂါရိကဓမ္မပါလရဲ့ ကြိုးစားမှုကြောင့် ယခု မဟာဗောဓိ စောင့်ရှောက်ထိန်းသိမ်းရေး ကော်မတီမှာ ဗုဒ္ဓဘာသာဝင် ၄ ဦးနဲ့ ဟိန္ဒူဘာသာဝင် ၅ ဦး ပါဝင်ဆောင်ရွက်ခဲ့ရတယ်။ ၂၀၀၂ ခုမှာတော့ မဟာဗောဓိကို ကုလသမဂ္ဂရဲ့ စောင့်ရှောက်ထိန်းသိမ်းမှု စာရင်းမှာ ပါဝင်ခဲ့ရတယ်။
ဗုဒ္ဓဂယာဟာ နေရဉ္စရာမြစ် (ယခုဖာကူမြစ်) ကမ်းနံဘေးမှာ တည်ရှိပြီး ဘုရားရှင် ရေသပ္ပါယ်ခဲ့ဖူးတဲ့မြစ်၊ တစ်သိန်းတန် ရွှေခွက်ကို မျောခဲ့ဖူးတဲ့မြစ်ဖြစ်တယ်။ မိုးရာသီမှာ မြစ်ရေတွေ လျှံတတ်ပေမယ့် ကျန်တဲ့အချိန်မှာ သဲချောင်းကြီး တစ်ချောင်းဖြစ်နေတယ်။
မဟာဗောဓိစေတီတော်
မဟာဗောဓိစေတီတော်ရဲ့ အမြင့်ကတော့ ၅၄ မီတာ (ပေ ၁၈၀) မြင့်ကာ အေဒီ ၂ ရာစုကတည်းက တည်ထားဟန်တူပါတယ်။ အေဒီ ၃ ရာစုမှာတော့ အသောကမင်း ပြန်လည် ပြုပြင်ထားတယ်လို့ သမိုင်းမှတ်တမ်းမှာ ဆိုထားတယ်။ မြန်မာနိုင်ငံမှ မင်းတုံးမင်းတြားကြီးလည်း မဟာဗောဓိပြုပြင်ရေးအတွက် ရွှေငွေကျောက်သံပတ္တမြားတွေ များစွာလှူလာခဲ့တယ်။ မင်းတုံးမင်းဇရပ်ဆိုတာလဲ ရှိခဲ့တယ်။ ယခု ဖူးတွေ့ရတဲ့ မဟာဗောဓိစေတီတော်ကတော့ အေဒီ ၇ ရာစု၊ ၈ ရာစုက လက်ရာတွေဖြစ်ပြီး စေတီရံတွေကတော့ အေဒီ ၁၂ ရာစုလက်ရာတွေ ဖြစ်တယ်။ စေတီတော်ရဲ့ အပေါ်မှာ ကပ်ထားတဲ့ ရွှေအဆင်းဘုရားပုံတော်တွေကတော့ အေဒီ ၁၉ ရာစုအချိန် ပြန်လည် ဖြည့်စွက်ထားခြင်းပဲဖြစ်တယ်။
အခု မဟာဗောဓိပတ်ဝန်းကျင်မှာ အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓဘာသာကျောင်းတွေ အသီးသီး ပေါ်ထွက်လာနေပါပြီ။ ဘုရားဖူး အများဆုံး ရောက်လာကြတဲ့ အချိန်ကတော့ ဆောင်းဦးရာသီပဲဖြစ်တယ်။ အုပ်စုအများဆုံးနဲ့ လူစုအများဆုံး လာတာကတော့ တိဗက်ဗုဒ္ဓဘာသာတွေပဲဖြစ်တယ်။ သူတို့ တရုတ်နီလက်အောက်မှာ မနေချင်လို့ အိန္ဒိယမှာ အခြေချနေထိုင်ပြီး ပြည်ပအစိုးရဖွဲ့ထားနိုင်တဲ့ အုပ်စုတွေဖြစ်တယ်။ ဆောင်းရာသီရောက်ရင် သူတို့နေတဲ့ အိန္ဒိယမြောက်ပိုင်းမှာ အေးလွန်းလို့တကြောင်း ဗုဒ္ဓဂယာမှာ ဆောင်းရာသီအချိန် ရာသီဥတု ကောင်းမွန်တာကြောင့် တစ်ကြောင်း၊ ဒီအကြောင်းတွေကြောင့် တိဗက်ဘုရားဖူးတွေ သောင်းချီပြီး နှစ်စဉ်ရောက်လာကြတယ်။
ထိုင်းနိုင်ငံ၊ သီရိလင်္ကာနိုင်ငံ ဘုရားဖူးတွေလည်း အုပ်စုလိုက် နှစ်ပေါင်းများစွာ ဘုရားလာဖူးခဲ့ကြတယ်။ မြန်မာပြည်ဘုရားဖူးအဖွဲ့ကတော့ ၁၉၉၀ နောက်ပိုင်းမှ အလာများတာတွေ့ရတယ်။ ခုတော့ မြန်မာပြည် ဘုရားဖူးအဖွဲ့လည်း နှစ်စဉ် သောင်းဂဏာန်းနဲ့ ရှိနေပြီ။ ထိုင်ဝမ်၊ ဗီယက်နမ်နဲ့ တခြားနိုင်ငံ ဗုဒ္ဓဘာသာတွေ အနောက်နိုင်ငံသားတွေလည်း သူ့အုပ်စုနဲ့သူ ရောက်လာမစဲ တဖွဲဖွဲပါပဲ။
မဟာဗောဓိစေတီတော်ရဲ့ အောက်ခြေကတော့ ပြန်လည်တူးဖေါ်ထားတဲ့ အနေအထားဖြစ်လို့ နိမ့်တဲ့ အပိုင်းမှာ တည်ရှိတယ်။ စေတီတော်ထိပ်ကတော့ မြင့်ပါတယ်။ အဝေးကနေ လှမ်းမြင်ရကတည်းက စိတ်ကြည်နူးစရာ ကောင်းနေပြီ။ စေတီအနားရောက်လာလေ ဘေးပတ်ဝန်းကျင်က ဆိုင်ခန်းလေးတွေ လည်း စည်စည်ကားကားနဲ့၊ ဈေးဆိုင်ကဖွင့်တဲ့ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ သီချင်းသံ၊ တိဗက်ဘုရားဝတ်ပြု သီချင်းသံတွေလည်း နားဝင်ချိုနေတယ်။ မဟာ ဗောဓိဘုရားဝင်းအတွင်းမှာ နိုင်ငံပေါင်းစုံမှ ဗုဒ္ဓဘာသာဝင်များက ဘုရားရှိခိုးစာ မျိုးစုံနဲ့ ရှိခိုးကြသလို၊ ဘုရားရှိခိုးနည်းအမျိုးမျိုးကိုလည်း တွေ့ရပါတယ်။ နောက်ပြီး အဓိဋ္ဌာန်အမျိုးမျိုးနဲ့ ပုတီးစိပ်ကြ၊ တရားဘာဝနာပွားကြတာတွေလည်း စုံလို့ပါပဲ။ ဒီနေရာကို ရောက်လာကြတဲ့သူတွေအားလုံးလဲ မေတ္တာစိတ်ကြောင့်လား၊ ဘုရားရှင်ရဲ့ တရားတော်ဓါတ်ကြောင့်လား နှစ်ခုစလုံးကြောင့်လား မပြောတတ်တော့ပါ။ စိတ်ထဲကို ငြိမ်းချမ်းသွားတော့တယ်။ ဗောဓိညောင်ရိပ်အပါအဝင် သစ်ပင်ရိပ်တွေကလဲ အေးချမ်းလှပါတယ်။ ဒီမဟာဗောဓိက ဘာကြောင့် အဲဒီလောက် ငြိမ်းချမ်းနေရသလဲလို့ ပြန်စဉ်းစားကြည့်ရင် ဘုရားရှင်ကိုယ်တိုင် ဘုရားဖြစ်ခဲ့တဲ့နေရာဖြစ်လို့။ ဘုရားဖြစ်ပြီး ၄၉ ရက်တိုင်တိုင် ငြိမ်းချမ်းစွာ တရားနှလုံးသွင်းခဲ့လို့ အဲဒီတရားဓါတ်တွေ အခုထိ လွှမ်းခြုံနေတယ်လို့ စာရေးသူ ခံစားမိတယ်။
ထင်ရှားတဲ့ အသွင်အပြင်ကတော့
ဒီမဟာဗောဓိစေတီတော်ဟာ နှစ်ပေါင်း ၂၀၀၀ ကျော်ခဲ့ပါပြီ။ ဘုရားဖြစ်တဲ့နေရာဒေသရဲ့ အထိမ်းအမှတ်အဖြစ် အသောကမင်းက သူ့ရဲ့ နန်းစံနှစ် (နန်းသက်) ဆယ်နှစ်မြောက်မှာ လာပြီး မွမ်းမံထားပါတယ်။ အသောကမင်းရဲ့နောက်ပိုင်း ဗုဒ္ဓဘာသာဝင်း မင်းဆက်တွေက ဆက်လက် ပြုပြင်လာခဲ့တယ်။ အင်္ဂလိပ်အုပ်ချုပ်စဉ်က မြန်မာဘုရင် မင်းတုန်းမင်းရဲ့ တောင်းဆို၊လှူဒါန်းမှုအရ အင်္ဂလိပ်မင်းတို့ကလည်း ပြုပြင်ခဲ့သေးတယ်။ မဟာဗောဓိစေတီရဲ့ အမြင့်ကတော (ပေ ၁၈၀) မြင့်ပြီး လေးဒေါင့်ပုံ စေတီဖြစ်ကာ အောက်ခြေဖိနပ်တော်ကြီးပြီး အထက်သို့ ချွန်တက်သွားတဲ့ပုံစုံဖြစ်တယ်။ ပန်းပု၊ ပန်းတော့၊ ပန်းတမော့၊ ပန်းရန်လက်ရာတွေက လက်ရာကောင်းမွန် တည်ကြည်လှတာ တွေ့ရတယ်။ မဟာဗောဓိစေတီတော်ဟာ နှစ်ထပ်စေတီတော်ဖြစ်ပြီး အောက်ထပ်မှာ ဘုရားဂန္ဓကုဋိကျောင်းဖြစ်ကာ လွန်စွာသပ္ပါယ် ကြည်ညိုစရာ အတိဖြစ်တဲ့ ထိုင်တော်မူ ဆင်းတုတော် တစ်ဆူကို ဖူးမဝနိုင်အောင် ဖူးတွေ့ရတယ်။ ဂန္ဓကုဋိ အပေါ်မှာ စေတီတည်ထားခြင်းပါ။ ထောင့်လေးထောင့်မှာ ပင်မစေတီတော်ကြီးနဲ့ ပုံစံတူ စေတီလေးဆူကိုလည်း ဖူးတွေ့ရတယ်။
(၂) ဗောဓိညောင်ပင်
ဒီဗောဓိညောင်ပင်ကတော့ မဟာဗောဓိစေတီတော်ရဲ့ အနောက်ဘက်မှာ တည်ရှိပြီး ပေ ၁၀၀ ကျော်ကျော်မြင့်တဲ့ အရိပ်ကောင်း အပင်တစ်ပင်ပါ။ ဗောဓိပင်ဟာ ဘုရားအလောင်းတော် သိဒ္ဓတ္ထမင်းသားနဲ့ အတူ တစ်ချိန်တည်း တစ်ရက်တည်းပေါက်ဖွားခဲ့လို့ (ဖွားဖက်တော်)မှာ ပါဝင်တယ်။ ဒီဗောဓိညောင်အောက်မှာ ဘုရားရှင် သဗ္ဗညုတဉာဏ်တော် ရခဲ့တဲ့နေရာလဲဖြစ်တယ်။ ဘုရားရှင်ရဲ့ မှီခို သီတင်းသုံးခဲ့တဲ့ ပရိဘောဂစေတီလဲဖြစ်တယ်။ ဒါကြောင့် ဗုဒ္ဓဘာသာဝင်တွေ ဒီဗောဓိညောင်ပင်ကို တလေးတစား လာဖူးကြတယ်။ ဗောဓိညောင်အောက်မှာ ဘုရားရှိခိုးစာတွေ ရွတ်ဆို၊ ပရိတ်၊ ပဌာန်းရွတ်၊ မေတ္တာပို့၊ ဘာဝနာပွား ဆုတောင်းနေကြတာ အားလုံးရဲ့ မျက်နှာတွေဟာ ကြည်လင်နေတာတွေ့ရတယ်။ ဗောဓိညောင်ရွက်ကိုလည်း အမြတ်တနိုး ကောက်ယူသွားကြတယ်။
ယခုလက်ရှိဗောဓိပင်ကတော့ ဘုရားရှင်လက်ထက်က အပင် မဟုတ်တော့ပါဘူး။ ဘာကြောင့်လဲဆိုတော့ သီဝနတ်ဘုရားကို ကိုးကွယ်တဲ့ ဘင်္ဂလားပြည် အလည်ပိုင်းကို အုပ်စိုးတဲ့ သာသင်္ကမင်းက ခရစ်နှစ် ၆ ရာစုခန့်က ဗောဓိပင်ကို ခုတ်ဖြတ်တူးဖော်ပစ်ပြီးထောပတ်များလောင်း ထည့်ကာ မီးရှို့ဖျက်ဆီးခဲ့တယ်။ Harry Lwin ဤအကြောင်းအရာကို ကြားသိပြီး မဂဓတိုင်းပြည့်ရှင် အကြောင်းကြားတော့ ဘုရင်ပူရာဏမာဗာက ထပ်မံစိုက်ပျိုးခဲ့ပါတယ်။ တဖန် သာသင်္ကမင်း ကထိုဗောဓိပင်ကို ထပ်မံဖျက်ဆီးပြီး ဤနေရာ၌ ဗောဓိပင် မစိုက်ရဟု အမိန့်ထုတ်ခဲ့ပါတယ်။ ဘုရင် ပူရာဏမာဗာကလည်း ဒုတိယအကြိမ် ထပ်မံစိုက်ပျိုးပါတယ် အံ့ဖွယ်ကောင်းလောက်အောင် ထိုဗောဓိပင်ဟာ တစ်ညတည်း ၁၀ ပေခန့်ကြီးမြင့်လာခဲ့ခြင်းပါ။ အဲဒီဗောဓိပင်ကိုလည်း သာသင်္ကမင်းက ၃ ကြိမ်မြောက် အကြွင်းမရ ခုတ်ဖြတ်ဖျက်ဆီးပြီး ၂၄ ပေခန့်မြင့်တဲ့ ကျောက်လက်ရန်းကြီးကို ကာရန်ထားခဲ့ပါတယ်။ ပူရာဏမာဗာကလည်း နွားနို့ဖြင့် သွန်းလောင်းပြီး တတိယ အကြိမ်မြောက် စိုက်ပျိုးခဲ့ပါတယ်။
( ကျောက်စာဝန် ကာနင်ဂန်ကမူ ထိုကျောက်လက်ရန်းကြီးကို ဗောဓိပင်အား ရန်သူတို့ မဖျက်ဆီးနိုင်ရန် ဘုရင်ပူရာဏမာဗာ ကပဲ ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်)
ဒယ်အိုးထဲဆင်းမည့် သာသင်္ကမင်းဟာ ဗောဓိပင်ကို တူးဖော်စဉ်က အမြစ်အဆုံးကို ရှာမတွေနိုင်ခဲ့ ဟုလည်း ဆိုထားပါသေးတယ်။
ခရစ်နှစ် ၁၈၁၁ ခုက ဘူချန်ဟန်မီတန် အမည်ရှိ အင်္ဂလိပ်ပညာရှင် တဦးက ဗုဒ္ဓဂယာကို ရောက်ခဲ့ဘူး ရာ သူက ခက်မ ၅ ဖြာ နှင့် စည်ပင်နေသည့် အမြင့်ပေ ၃၀ ရှိ ဗောဓိပင်ကြီးကို မြင်တွေခဲ့ပြီး အဲဒီ ဗောဓိပင်ရဲ့ သက်တမ်းမှာ နှစ်တရာရှိမည် မထင်ဟု ဆိုခဲ့ပါတယ်။
ဒါပေမယ့် အေဒီ ၁၈၇၀ မှာ ရာသီဥတုဒဏ်ကြောင့် အဲဒီဗောဓိညောင်ကြီး ပြိုလဲသွားပြန်တယ်။ အင်္ဂလိပ်ဘုရင်ခံချုပ်က ဆာအဲလစ်စန္ဒားကနိမ်ကမ်အား တာဝန်ပေးပြီး သူက လဲသွားတဲ့အကိုင်းကို ခုတ်ပြီး ကောင်းမွန်စွာ ပြန်စိုက်ထားခဲ့လို့ ယခုတိုင် ကျန်ရှိနေတာဖြစ်တယ်။ ဒါကတော့ ဗောဓိညောင်ပင်ရဲ့ မှတ်သားစရာ မှတ်တမ်းလေးပါ။ မူလဗောဓိပင် မဟုတ်ပေမယ့် မူလဗောဓိပင်ရဲ့ အဆက်အနွယ်ဖြစ်တယ်လို့ သဘောပေါက်ရပါလိမ့်မယ်။
(၃) သတ္တဌာန = ဘုရားဖြစ်ပြီး တရားနှလုံးသွင်းကာ ဘုရားရှင် နေခဲ့တဲ့ နေရာ ခုနစ်နေရာ
(၃း၁) ဝဇိရာသနပလ္လင်တော်
ဒီပလ္လင်တော်ကတော့ ဗောဓိညောင်ပင်နဲ့ မဟာဗောဓိစေတီအကြားမှာ တည်ရှိပြီး ဘုရားရှင် သဗ္ဗညုတဉာဏ်တော် ရခဲ့တဲ့ ထိုင်တော်မူရာ နေရာဖြစ်တယ်။ စကြာဝဠာ ကမ္ဘာမြေကြီး စတင်ပေါ်ထွန်းရာ နေရာလည်းဖြစ်၊ မဟာဗောဓိစေတီတော်ရဲ့ အနောက်၊ ဗောဓိညောင်ပင်ရဲ့ အရှေ့ဘက်မှာ တည်ရှိကာ ယခု ကျောက်ဆစ်လက်ရာ ပလ္လင်တစ်ခု အစားထိုးထားတာ ဖူးတွေ့ရတယ်။ အသောကမင်း လှူဒါန်းထားတဲ့ပလ္လင်လို့ သမိုင်းပညာရှင်တွေ ယူဆထားကြတယ်။ ဘုရားဖြစ်ပြီးတာနဲ့ ဘုရားရှင်ဟာ အဲဒီနေရာမှာ (၇) ရက်ပတ်လုံး ဖလသမာပတ် ဝင်စားပြီး နေခဲ့တယ်။ ဒါကြောင့် ဒီနေရာကို ပလ္လင်္ဂသတ္တာဟ လို့ခေါ်တယ်။ အရင်တုံးကတော့ ခြံမခတ်ထားပါဘူး။ ဒါပေမယ့် ဗေဒင်ဆရာတွေရဲ့ (အောင်မြေ)ဆိုတဲ့ အဟောကြောင့် ဘုရားဖူးလာတဲ့ သူတွေ အလုအယက် ဗောဓိညောင်နားက မြေတွေကို ကုတ်ယူကြတယ်။ ခြစ်ယူကြတယ်။ အလုအယက် ယူကြတယ်။ စဉ်းစားကြည့်ပါ။ ဘုရားဖူးက တစ်ယောက်နှစ်ယောက် မဟုတ်ဘူးလေ။ ထောင်သောင်းချီပြီး လာနေကြတာ။ တစ်ယောက်ကို အောင်မြေလောက်စာလုံးလောက် ကောက်ယူမယ် ဆိုရင် ဗောဓိညောင်ပင်ကြီးအနီးမှာ ဘာမြေမှ ကျန်တော့မှာ မဟုတ်ဘူး ဗောဓိပင်ကြီးလဲ ပျက်စီးသွားမယ်။ တချို့လဲ ဗောဓိပင်ရဲ့ အခေါက်ကို ခွာယူချင်ကြသေးတယ်။ ကြည်ညိုတာကို အပြစ်မဆိုချင်ပါဘူး။ တစ်ယောက်နဲနဲစီ ခွာယူသွားရင် ဗောဓိပင်ကြီး ပျက်စီးသွားမှာသေခြာတယ်။ ဒါကြောင့် ဗောဓိပင်ကြီး မပျက်စီးအောင် ဘောင်ခတ်ထား လိုက်တော့တယ်။
(၃း၂) အနိမိသဌာန
ဒုတိယနေရာကတော့ ဘုရားဖြစ်ပြီးသော်လည်း တချို့နတ်တွေက ဘုရားမဖြစ်သေးဘူးလို့ ထင်နေကြလို့ နတ်တွေရဲ့ သံသယကို ပယ်ဖျောက်ဖို့ ဘုရားရှင်ဟာ ပလ္လင်ပေါ်ရပ်ကာ ကောင်းကင်ပေါ် ပျံတက်ပြီိး တန်ခိုး ပြာဋိဟာကို ပြတော်မူခဲ့တယ်။ အဲဒီနောက် ဗောဓိပင်ရဲ့ အရှေ့မြောက်ထောင့် (၁၀၄)ပေ အကွာမှာ (၇) ရက်တိုင်တိုင် ရပ်တော်မူပြီး ဗောဓိပင်ကို မမှိတ်မသုန် ကြည့်ရှုနေခဲ့တယ်။ အဲဒီနေရာကို အနိမိသသတ္တာဟ လို့ခေါ်ပြီး ယခု မဟာဗောဓိစေတီတော်ကြီးနဲ့ သဏ္ဍာန်တူတဲ့ အနိမိသစေတီတော် တစ်ဆူ ဖူးတွေ့ရတယ်။
(၃း၃) ရတနာစင်္ကမ
တတိယနေရာကတော့ မဟာဗောဓိစေတီတော်ရဲ့ မြောက်ဘက်မှာ တည်ရှိပြီး ဘုရားရှင်က တန်ခိုးတော်နဲ့ ရတနာစင်္ကြန်ကို ဖန်ဆင်းကာ ခုနစ်ရက်လုံးလုံး စင်္ကြန်လျှောက် တရားနှလုံးသွင်းခဲ့တယ်။ အမှတ်အသားအဖြစ် အောက်မှာ ကျိုးပဲ့နေတဲ့ အင်္ဂတေကြာပန်း (၁၁) ပွင့်ကို တွေ့ရတယ်။ နောက်ပိုင်းမှာတော့ မဟာဗောဓိစေတီရဲ့ မြောက်ဘက်မှာ အမြင့် (၃) ပေခန့်ရှိ အင်္ဂတေပလ္လင်ရှည်တစ်ခု ပြုလုပ်ထားပြီး အင်္ဂတေကြာပန်းများ တန်းစီ ပြုလုပ်ထားကာ ဘုရားရှင် စင်္ကြန်လျှောက်တဲ့ အထိမ်းအမှတ်အဖြစ် ကြည်ညိုစွာ မြင်တွေ့ရတယ်။ ဒီနေရာကို ရတနာစင်္ကမ ရတနာစင်္ကြန်လမ်းလို့ ခေါ်တယ်။
(၃း၎) ရတနာဃရ
ဒီစတုတ္ထနေရာကတော့ မဟာဗောဓိစေတီတော်ကြီးရဲ့ ပေ (၇၀) ဝေးတဲ့ အနောက်မြောက်ထောင့်မှာ တည်ရှိတယ်။ နတ်တွေ ဖန်ဆင်းပေးထားတဲ့ ရတနာစံကျောင်းတော်မှာ ဘုရားရှင်က ခုနစ်ရက်ပတ်လုံး သီတင်းသုံးခဲ့ကာ ပဋ္ဌာန်းတရားတော်များကို ဉာဏ်တော်နဲ့ ဝေဖန်တဲ့နေရာဖြစ်တယ်။ ပဋ္ဌာန်းတရားတော်ကို သုံးသပ်ပြီးတဲ့နောက် ဘုရားရှင်ရဲ့ ခန္ဓာကိုယ်မှာ ရောင်ခြည်တော်တွေ ကွန့်မြူးလာတယ်။ အခုတော့ အုဋ္ဌ်ကျောင်းငယ်လေး တစ်ဆောင်တွေ့ရပြီး ထူပါကျောက်နဲ့ ထုဆစ်ထားတဲ့ ခြံခတ်ထားပါတယ်။ ဒီနေရာကို ရတနာဃရသတ္တာဟ = ရတနာစံကျောင်းလို့ ခေါ်ပါတယ်။
(၃း၅) အစပါလ (ခေါ်) ဆိတ်ကြောင်းညောင်ပင်
ပဉ္စမနေရာကတော့ မဟာဓောဓိစေတီတော်ရဲ့ အရှေ့တည့်တည့် ပေ (၇၀) ကွာတဲ့ နေရာမှာ တည်ရှိပြီး ဘုရားရှင်လက်ထက်မှာ ဆိတ်ကျောင်းသားများ ဆိတ်ကြောင်းတဲ့ နေရာဖြစ်ခဲ့တယ်။ ဘုရားရှင်နဲ့ မာနတ်မင်းသမီး သုံးပါး တွေ့ဆုံတဲ့ နေရာဖြစ်တဲ့အပြင် ဟုံဟုံကပုဏ္ဏားနဲ့ တွေ့တဲ့နေရာလဲ ဖြစ်တယ်။ အခု အစပါလ အထိမ်းအမှတ်အဖြစ် မဟာဗောဓိစေတီတော် လှေခါး အဆင်းလမ်း ခလယ်မှာ ကျောက်တိုင် တစ်တိုင် စိုက်ထူထားတာ တွေ့ရတယ်။ ဒီနေရာကို အစပါလသတ္တာဟ လို့ခေါ်ပြီး ဘုရားရှင် ခုနစ်ရက်ပတ်လုံး သီတင်းသုံးခဲ့တယ်။
(၃း၆) မုဉ္စလိန္ဒာ
ဒီဆဋ္ဌမနေရာကတော့ မဟာဗောဓိစေတီတော်ရဲ့ အရှေ့တောင်ဘက် ပေ (၁၇၀) အကွာမှာ တည်ရှိပြီး မုဉ္စလိန္ဒာ ရေကန်အနီးမှာ ရှိပါတယ်။ အဲဒီနေရာ ဘုရားရှင် ခုနစ်ရက် သီတင်းသုံးတဲ့အချိန် မုဉ္စလိန္ဒာ နဂါးမင်းကြီးက ကြည်ညိုလွန်းလို့ နဂါးမင်းဟာ သူ့ကိုယ်ကို ပလ္လင်တော်အဖြစ် အခွေပြုကာ ဘုရားရှင်အား ထိုင်စေခဲ့တယ်။ သူ့ရဲ့ ပါးပျဉ်းကြီးနဲ့ ဘုရားရှင်အား မိုးမစိုအောင် မိုးပေးခဲ့တယ်။ ယခု အဲဒီနေရာ ရေကန်ရဲ့ အရှေ့မြောက်ထောင့် အနီးမှာ ကျောက်တိုင်တစ်တိုင် စိုက်ထူထားပြီး မုဉ္စလိန္ဒသတ္တာဟအဖြစ် တွေ့ရတယ်။
(၃း၇) ရာဇာရတန
သတ္တမနေရာကတော့ မဟာဗောဓိစေတီတော်ရဲ့ တောင်ဘက် ပေ (၇၀) အကွာမှာ တည်ရှိပြီး လင်းလွန်းပင်အောက်မှာ ခုနစ်ရက်ပတ်လုံး ဘုရားရှင် သီတင်းသုံးခဲ့တယ်။ အဲဒီအချိန် တဖုဿနဲ့ ဘလ္လိက ရောက်လာပြီး ပျားဆုပ်မုန့်ကို ဘုရားရှင်အား ကပ်လှူခဲ့တယ်။ ဒွေဝါစိက သရဏဂုံကို ခံယူကာ ဘုရားရှင်ရဲ့ ဆံတော်ကို ပင့်ဆောင်ပြီး ဥက္ကလာပမှာ ရွှေတိဂုံစေတီ တည်ခဲ့တယ်။ (သံဃာတော် မရှိသေးတဲ့အတွက် သရဏဂုံ နှစ်ပါးကိုသာ ခံယူခဲ့တယ်၊ သူတို့နှစ်ယောက်က ပထမဆုံး ဗုဒ္ဓဘာသာဝင်ဖြစ်တယ်၊ ရွှေတိဂုံစေတီတော်လဲ ပထမဦးဆုံး စေတီတော်ဖြစ်တယ်) ဘုရားရှင်လက်ထက်က လင်းလွန်းပင်ကြီးကတော့ မရှိတော့ပါဘူး။ လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်လောက်ကမှ မြန်မာပြည်ကနေ လင်းလွန်းပင် တစ်ပင် ပြန်လည် အစားထိုး စိုက်ထားတာတွေ့ရတယ်။ အဲဒီနေရာမှာ ကျောက်စေတီတွေ တွေ့ရပြီး ရာဇာရတနသတ္တာဟ လို့ခေါ်တယ်။
မဟာဗောဓိစေတီတော် တည်ရှိရာ ဂယာမြို့ပတ်ဝန်းကျင်မှာ တွေ့ရမယ့် သာသနာ့ဆိုင်ရာ အထိမ်းအမှတ်များကတော့ သိဒ္ဓတ္ထမင်းသား တောထွက်ကာ အနောမာသောင်ကမ်းအနီး ဆံတော် ပယ်တဲ့နေရာ၊ ၆ နှစ်တိုင်တိုင် ဒုက္ကရစရိယာ ကျင့်တဲ့နေရာ၊ ဥရုဝေလတောင်တန်း၊ သုဇာတာသူဌေးသမီးဃနာနို့ဆွမ်းချက်တဲ့ သေနနိဂုံးရွာ၊ ဘုရားအလောင်းတော် ရွှေခွက်မျှောတဲ့ နေရဉ္စရာမြစ်ကမ်း၊ သောတ္ထိယ မြက်ရှစ်ဆုပ် လှူတဲ့နေရာ တွေဟာ ခရီးသွား ဘုရားဖူးများအတွက် လှည်ပတ်ကြည့်ရှုတဲ့နေရာတွေ ဖြစ်ပါတယ်။
ဒီနေရာတွေဟာ ဘုရားရှင်လက်ထက်ကတော့ ဗုဒ္ဓဂယာလို့ မခေါ်ဘူး။ ဝိနယမဟာဝါပါဠိထဲမှာ ဘုရားဖြစ်ပြီးတဲ့နောက် ဘုရားရှင်ဟာ မိဂဒါဝုန်ကို ကြွတဲ့အချိန် မိဂဒါဝုန်နဲ့ မဟာဗောဓိဟာ (၁၈) ယူဇနာ (တစ်ယူဇနာကို ၁၃ မိုင်နီးပါးလို့ တွက်ချက်ကြသလို တချို့လည်း ၈ မိုင်ကျော်လို့ သတ်မှတ်တယ်) ကွာဝေးတယ် လို့ဆိုထားတယ်။ လမ်းခရီးမှာ ဘုရားရှင်နဲ့ ဥပကတို့ ဂယာမှာ တွေ့ဆုံကြတယ်။ အဲဒီအချိန် ဂယာနဲ့ မဟာဗောဓိဟာ သုံးဂါဝုတ်ကွာဝေးတယ် လို့ဆိုတယ်။ ဒါပေမယ့် ယခု ဂယာမြို့က ကျယ်လာ လူဦးရေများလာလို့ ဗုဒ္ဓဂယာနဲ့ ဆက်သွားလို့ မဟာဗောဓိလည်း ဂယာမြို့နယ်ထဲ ပါသွားခြင်းပါ။ ဂယာမြို့လည်း ဘုရားပွင့်ရာ ဒေသကို အမီပြုပြီး ဗုဒ္ဓဂယာ လို့ လူသိများလာခဲ့တယ်။ အင်တာနေရှင်နယ်အခေါ်ကတော့ Budhgaya ဗုဒ်ဂယာ လို့ပဲခေါ်တယ်။
စာဖတ်သူများ ကိုယ်စိတ်နှစ်ပါးကျန်းမာချမ်းသာကြပါစေ။
တောင်တန်း သာသနာပြု ဆရာတော် အရှင်သုခမိန္ဒ (စ၀်ဆုခမ်း ခေတ္တ ဗုဒ္ဓဂယာ) ၂၀၁၂ ဖေဖော်ဝါရီ
မှီငြမ်း -
(၁) မြန်မာ့ စွယ်စုံကျမ်း
(၂) Microsoft Encarta Premiums 2009, Budh Gaya
(၃) http://en.wikipedia.org/wiki/Bodhi_Tree
(၄) http://www.myanmarengineer.org
၁။ ကျောင်းသားများသည် ကျောင်းသို့လာပါက မိမိတို့ကျောင်းသားကဒ်များကို ချိတ်ဆွဲလာရမည်။ သို့မှသာ အခန်းတွင်ပေတံမရှိပါက ကျောင်းသားကဒ်နှင့် တားနိုင်မည်။
၂။ ကျောင်းသားများ ကျောင်းချိန်အတွင်း အခန်းပြင်ပ ထွက်ခြင်းမှ တားမြစ်သည်။ သို့မှသာ အခန်းထဲမှ ကောင်မလေးများ အား ငမ်းနိုင်မည်။
၃။ ကျောင်းသားများ ကျောင်းသို့ လွယ်အိပ်မပါပဲမလာရ။ သို့မှသာ မိမိတို့လွယ်အိပ်များကို ခေါင်းအုံးအဖြစ်အသုံးပြုပြီး အိပ်နိုင်မည်။
၎။ ကျောင်းသားများ Calculator ကို မမေ့မလျော့ ယူဆောင်လာရမည်။ သို့မှသာ အခန်းတွင်း Calculator ဖြင့် (random) ဖဲရိုက်နိုင်မည်။
၅။ မိမိတို့ကျောင်းပတ်ဝန်းကျင်ကို သန့်ရှင်းအောင်ထားရမည်။ ထို့ကြောင့်ညစ်ပတ်အောင်အရင်လုပ်
ရမည်။
၆။ ဆရာများ စာသင်ချိန်တွင် အိပ်ငိုက်ခြင်းမပြုရ။ အိပ်ချင်က တစ်ခါထဲမှောက်အိပ်နိုင်သည်။
၇။ ကျောင်းအတွင်းဆေးလိပ်သောက် ကွမ်းစားခြင်းမပြုရ။ မမြင်ကွယ်ရာတွင်သာလုပ်ဆောင်ရန်။
၈။ စာမေးပွဲဖြေဆိုချိန်တွင် ခိုးချခြင်းမပြုရ။ ဘေးလူထံမှသာ လျှင်ရင် လျှင်သလို ကူးချနိုင်သည်။
၉။ ကျောင်းရှိ ဆရာမများအား စနောက်ခြင်းမပြုရ။ မှတ်ချက်... ဆရာမတွင်လည်း အသည်းနှင့်ဖြစ်သည်။
၁၀။ ကျောင်းသားများ ၇၅ % မပြည့်ပါက စာမေးပွဲဖြေဆိုခွင့်မပြု။ ထို့ကြောင့် ကျောင်းခေါ်ချိန်ပြည့်အောင်တက်ရမ ည်။ မပြည့်ပါက ကော်ရရှင်ဖြင့် Roll Call ပြင်ခြင်း၊ ဆရာမ များထံမှတောင်းခြင်း၊ အခန်းတွင်းသူငယ်ချင်းများမှ အော်ပေးချင်းတို့ ပြုနိုင်သည်။
၁၁။ ကျောင်းသားများစာသင်ခန်းအတွင်းမုန့်စားခြင်း လုံးဝ (လုံးဝ) ခွင့်မပြု။ ဆရာများလည်း ဗိုက်ဆာတတ်သည်။
၁၂။ ကျောင်းသားအချင်းချင်းခိုက်ရန်ြ ဖစ်ပွားခြင်းမပြုရ။ ပြင်းထန်စွာ သတိပေးခြင်းခံရမည်။ မရလျှင် လက်ဝှေ့စင်ထောင်ကာ ထိုးခိုင်းမည်။ အနိုင်ရသူကို ထိုက်တန်စွာချီးမြှင့်မည်။
၁၃။ ကျောင်းသားများအပြစ်လုပ်ရာတွင် လက်မှတ်ထိုးခိုင်းခြင်းကို ဗွေမယူလို။ ကျောင်းအုပ်ကြီးမှာ လက်မှတ်စုဆောင်းတတ်သော ၀ါသနာရှိသည်။
၁၄။ စာမေးပွဲကျသော ကျောင်းသားများ စိတ်ဓါတ်ကျစရာမလိုပါ။ နောက်တက်လာသော ကျောင်းသားများသည် မိမိတို့အား နှစ်ကြီးသမားများ ဖြစ်သောကြောင့် " ရှိန် " ကြသည်။
၁၅။ စုံတွဲများ ကျောင်းလာပါက လူမြင်မတော်သော အပြုအမူများမပြုရ။ အခန်းတွင်းရောက်မှသာ ကြိုက်သလိုနေနိုင်သည်။
၁၆။ ကျောင်းသားများ ရှေးဦးသူနာပြုစုနည်းကို ကျွမ်းကျင်အောင် လေ့လာသင်ယူထားရမည်။ သို့မှသာ ကျောင်းပြိုပါက တစ်ဦးကို တစ်ဦး ရိုင်းပင်းကူညီနိုင်မည်။
၁၇။ ယနေ့ခေတ်ကျောင်းသားများသည် သချာင်္အားနည်းနေကြသည်။ ထို့ကြောင့်အချိန်ပို အဖြစ် အဆောင်တွင် ညစဉ်ဖဲရိုက်ရမည်။
The situation in Myanmar will undoubtedly be influenced by the outcome of the first elections in 20 years, which are scheduled for November 2010. The first quarter of 2011 is expected to be a period when the humanitarian and development community establish a dialogue with the evolving administrative structures of the new Government. UNHCR is hopeful that it will be able to build on its existing agreements for operations in Myanmar's northern Rakhine State and in the south-east of the country during this period.
In northern Rakhine State, interventions by the authorities, with UNHCR's support, following the severe flooding in mid-June 2010 and a subsequent focus on infrastructure development, were positive moves by the Government in this region, which hosts 750,000 Muslim residents without citizenship. The increase in the number of temporary registration cards being issued to this population and their participation in the elections could be seen as first steps by the Government towards addressing their status.
In the south-east, the conflict along the Thai-Myanmar border has continued since independence in 1948. While some groups have signed ceasefire agreements with the Government and are currently being transformed into the official Myanmar Border Guard Force, the armed conflict and its negative impact on the local population continue. The conflict has claimed many lives and displaced up to 500,000 people, either across the border into Thailand or to safer areas within Myanmar.
With the agreement of the Government of Myanmar, UNHCR established an operation in the south-east in 2004 and has gradually gained access to areas of displacement. Despite the large area of operations, the remoteness of the locations to be covered and security constraints, protection and essential humanitarian assistance have been delivered to communities in 21 townships. UNHCR has received indications from the Government that an expansion of the programme would be needed in 2011.
The needs
Recent comprehensive needs assessments by UNHCR show that the approximately 750,000 Muslim residents without citizenship in the three townships of Maungdaw, Buthidaung and Rathedaung of northern Rakhine State still require humanitarian assistance to ensure access to basic public services, such as education, health, water and sanitation.
UNHCR continues to intervene at all levels of the Government in order to address restrictions on freedom of movement, a lack of marriage and birth rights, and land confiscation. It also addresses protection issues that arise as a result of cultural practices by working with community and religious leaders, women, children and other vulnerable groups. UNHCR is increasing its focus on programmes that promote peaceful coexistence between the Muslim and Rakhine communities.
In south-eastern Myanmar, UNHCR provides humanitarian assistance to mitigate the effects of displacement on communities. These communities lack essential public services such as health centres and clean water, as well as shelter, protection and livelihood support. The projects focus on the construction and rehabilitation of basic infrastructure. Other projects, such as shelter interventions, target vulnerable individuals and families, including female-headed households. Additional needs include mine risk education, as well as livelihood opportunities.
ပိုက်ဆံရှိတဲ့ယောက်ျား အိမ်မပြန်ချင်ဘူး
ပိုက်ဆံရှိတဲ့မိန်းမ အိမ်ထောင်မပြုချင်ဘူး။
ပိုက်ဆံရှိတဲ့ယောက်ျား မြက်နုကြိုက်တယ်
ပိုက်ဆံရှိတဲ့မိန်းမ အငယ်မွေးတယ်။
ပိုက်ဆံရှိ၊ အာဏာရှိတယ်ဆိုရင် လက်ညိုးညွှန်ရာ ရေဖြစ်တယ်။
ပိုက်ဆံမရှိ၊ အာဏာမရှိရင် လက်ညိုးညွှန်တဲ့ ရေဖြစ်တယ်။
ပိုက်ဆံရှိတဲ့ လူတွေအတွက် ဦးနှောက်ခြောက်ခြင်းဟာ လောဘကြောင့်
ပိုက်ဆံမရှိတဲ့ လူတွေအတွက် ဦးနှောက်ခြောက်ခြင်းဟာ ငွေကြောင့်။
ပိုက်ဆံရှိတဲ့ လူတွေက စကားကြီး စကားကျယ် ပြောတယ်။
ပိုက်ဆံမရှိတဲ့ လူတွေက ရီမောစရာပြောတယ်။
ယောက်ျားတွေရဲ့ အသက်အရွယ်ဟာ ရင့်ကျက်ခြင်း သက်သေ
မိန်းမတွေရဲ့ အသက်အရွယ်ဟာ ရင့်ရော်ခြင်း သက်သေ
နာမည်ကြီးချင်ရင် လွယ်ပါတယ်။ လူမုန်းတဲ့အလုပ် များများလုပ်ရုံပါပဲ။
အောင်မြင်ချင်ရင် လွယ်ပါတယ်။ လူကြိုက်တဲ့အလုပ် များများ လုပ်ရုံပါပဲ။
အောင်မြင်ဖို့ရာ လွယ်ပါတယ်။
အဲဒီ အောင်မြင်မှုကို ထိန်းဖို့ရာ ခက်တယ်။
စည်းစနစ်များသူကို လူတွေ အပြစ်မဆိုဘူး။
စကားများသူကို လူတွေ အပြစ်ဆိုတယ်။
အကောင်းဖြစ်ဖို့အတွက် အချိန်တစ်ချိန်လိုတယ်။