MMSA ဘလော့စည်းမျဉ်းများ
* ဘာသာ သာသနာနှင့်လူမျိုးတို့၏ ဂုဏ်ကို ထိခိုက်ပျက်စီးစေတတ်သော အရေးအသားမျိုးကို ရှောင်ရှားရန်၊
* အချင်းချင်း ညီညွတ်မှု့ကို ပျက်စီးစေတတ်သော အကြောင်းများကို ရေးသားခြင်းမှ ရှောင်ရှားရန်၊
* သာသနာနှင့် မအပ်စပ်သော အဖွဲ့ဂုဏ်သိက္ခာကို ငြိုးနွမ်းစေတတ်သော ပုံများကိုတင်ခြင်းမှ ရှောင်ရှားရန်၊
* ပုဂ္ဂိုလ်ရေးဆိုင်ရာများထက် အများနှင့်သက်ဆိုင်သော အကျိုးများစေနိုင်သော ပုံများ စာများကိုသာ ရေးသားရန်၊
* MMSAသည် ပညာရေးအဖွဲ့စည်း ဖြစ်သည့် အတွက်နိုင်ငံရေးနှင့်သက်ဆိုင်သော အရေးအသားများကို ရေးခြင်းမှ ရှောင်ရှားရန်၊
* ဗုဒ္ဓဘာသာနှင့် မိမိတို့လေ့လာနေသော ပညာရပ်ဆိုင်ရာ အကြောင်းအရာများကို ဗဟုသုတအလို့ငှါ ရေးသား မျှဝေကြရန်၊
ဝါဆိုလပြည့်နေ့ ရောက်တော့မှာမို့ သိကောင်းစရာလေးတွေ့ မှတ်သားရအောင်....
(၁) ၀ါဆိုလပြည့်နေ့ဆိုတာဘာလဲ ?
    “သန္ဓေတောထွက် ဓမ္မစက် ဟောမြွက်သံချို လ၀ါဆို” ဆိုတဲ့စကားလေးအတိုင်း ဘုရားလောင်းပဋိသန္ဓေ
တည်သောနေ့၊ တောထွက်သောနေ့ဖြစ်ပါတယ်။ဓမ္မစင်္ကြာတရားဦးဟောကြားတော်မူသောနေ့ဖြစ်ပါတယ်။ ဂေါတမမြတ်စွာဘုရားသည်
ခာက်နှစ်တာကာလပတ်လုံး လူသာမန်တို့ ကျင့်ရန်ခဲယဉ်းလှတဲ့ ဒုက္ကရစ၇ိယာအကျင့်မြတ်ကို ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ခဲ့ရာ
နောက်ဆုံး၌ မဇ္ဈိမပဋိပဒါဟုခေါ်သည့် အလယ်အလတ်အကျင့်တရားလမ်းစဉ်ကို တွေ့မြင်ပြီး လက်ယာအစွန်းနှင့် လက်ဝဲအစွန်းတည်းဟူသော
အစွန်းတရားနှစ်ပါးကို ရှောင်ကြဉ်ကာ သစ္စာလေးပါး မြတ်တရားကို သိမြင်တော်မူခဲ့သည်။ ထိုသစ္စာလေးပါး မြတ်တရားသည်
ဓမ္မစင်္ကြာတရားတ်ာပင်ဖြစ်သည်။ မိဂဒါဝုန်တော၌ ပဉ္စ၀ဂ္ဂီတို့အား အမှူးထားပြီး ၀ါဆိုလပြည့်နေ့၌ ဓမ္မစင်္ကြာတရားဦးကို စတင်ဟောတော်မူသော
နေ့လည်းဖြစ်သည်။  မြတ်ဘုရား၏ပညတ်တော်အရ ရဟန်းသံဃာတော်များ ၀ါတွင်းသုံးလ ၀ါဆိုဝါကပ်သည်ကို အကြောင်းပြု၍ ၀ါဆိုလဖြစ်ပေါ်လာရသည်။
(၂) ဘာကြောင့်ဗုဒ္ဓဘာသာဝင်များအတွက်အရေးပါတာလဲ ?
     ဗုဒ္ဓဘာသာဝင်တို့အတွက် အထွတ်အမြတ်ထားရာ မြတ်ဗုဒ္ဓရဲ့
     (၁) ပဋိသန္ဓေတည်သည့်နေ့  = မဟာသက္ကရာဇ် - ၆၇၊ ၀ါဆိုလပြည့် (ကြာသပတေးနေ့ )
     (၂) တောထွက်သည့်နေ့  = မဟာသက္ကရာဇ် - ၉၇၊ ၀ါဆိုလပြည့် (တနင်္လာနေ့ )
     (၃) ဓမ္မစကြာတရားဦးဟောနေ့  = မဟာသက္ကရာဇ် - ၁၀၃၊ ၀ါဆိုလပြည့် (စနေနေ့ )
     (၄) သောတာပန်လူသားစပေါ်သည့်နေ့  = မဟာသက္ကရာဇ် - ၁၀၃၊ ၀ါဆိုလပြည့် (စနေနေ့ )
     (၅) သံဃာရတနာစပေါ်သည့်နေ့  = မဟာသက္ကရာဇ် - ၁၀၃၊ ၀ါဆိုလပြည့် (စနေနေ့ ) တို့ဖြစ်တဲ့အတွက် ဗုဒ္ဓဘာသာဝင်တို့အတွက် အလွန်ရေးပါလှပါတယ်။
ဆက်ဖတ်ရန်
ပို့စ်တင်သူ ။.............။ မောင်သိရီ on Saturday 21 July 2012
0 ( မှတ်ချက်ရေးချင်ရင် )
ခေါင်းစဉ်အလိုက်ပို့စ်များ |
ကျောင်း ၂၀၀၀ ကျော် အဆင့်မမီကြောင်း အမျိုးသား ပညာရေးနှင့် အရည်အသွေး စစ်ဆေးရေးအဖွဲ့ (Office for National Education Standards and Quality Assessment မှ ဒါရိုက်တာက ပြောဆိုလိုက်သည်။
 “ထိုင်းတနိုင်ငံလုံးမှာ ကျောင်းပေါင်း ၂၂၉၅ ကျောင်းဟာ အရည်အသွေး စစ်ဆေးတဲ့အခါ အဆင့် မမီတာကို တွေ့ရတယ်ဟု ဒါရိုက်တာ Channarong Pornrugroj က ပြောဆိုခဲ့သည်။ အမျိုးသား ပညာရေးနှင့် အရည်အသွေး စစ်ဆေးရေးအဖွဲ့ (Office for National Education Standards and Quality Assessment အဖွဲ့သည် ထိုင်းနိုင်ငံ တ၀ှမ်းရှိ ကျောင်းပေါင်း ၃၄,၀၄၀ ကို စစ်ဆေးရန် ရှိပြီး ကျောင်းပေါင်း ၇,၉၈၅ ကျောင်းကို စစ်ဆေးပြီးဖြစ်သည်။
ကျောင်းပေါင်း ၃၃၃ ကျောင်းသည် အထူး ကောင်းမွန်သည့် အဆင့်တွင် ရှိပြီး၊ ၅၃၅၇ ကျောင်းသည် အသင့် ကောင်းမွန် သည့် အဆင့်တွင် ရှိကာ၊ ၂၂၉၅ ကျောင်းသည် အဆင့် မပြည့်မီသည်ကို တွေ့ရသည်။ အဆင့် မမီသော ကျောင်းများသည် အထူးသဖြင့် ကျောင်းငယ်လေးများ ဖြစ်ပြီး ဝေးလံသည့် ဒေသမှ ကျောင်းများ ဖြစ်ကြောင်းတွေ့ရသည်။
ဒါရိုက်တာ Channarong Pornrugroj က ပြောဆိုရာတွင် အဆင့် မမီရခြင်းသည် ဆရာများ မပြည့်စုံမှုနှင့် ဆရာများသည် သင်ကြားရေး နည်းစနစ်ကို နားမလည်မှုကြောင့် ဖြစ်ကြောင်း ပြောဆိုခဲ့သည်။
တက္ကသိုလ်များ၏ အရည်အသွေးနှင့် ဆရာများ၏ အရည်အချင်းကိုပါ စစ်ဆေးခဲ့သည်။ တက္ကသိုလ် ကျောင်းပေါင်း ၇၂ ကျောင်းကို စစ်ဆေးခဲ့ရာ ၄၅ ကျောင်းမှာ အရည်အသွေး ပြည့်မီကြောင်း တွေ့ရှိခဲ့ရသည်။ Office of the Higher Education Commission (Ohec) ၏ အထောက်အထားများအရ တက္ကသိုလ်ဆရာများ၏ အရည်အသွေးကို မြှင့်တင်ရန် လိုအပ်နေကြောင်း တွေ့ရှိရသည်။ ထိုင်းနိုင်ငံတွင် တက္ကသိုလ် ဆရာ ၅၆၉၇၈ ဦး ရှိသည့်အနက် ၃၈၂၃၈ ဦးမှာ သင်ကြား ရေး အတွေ့အကြုံတွင် အကန့်အသတ် ရှိနေကြောင်း တွေ့ရှိခဲ့သည်။
ဆရာများ၏ သင်ကြားရေးဆိုင်ရာ အတွေ့အကြုံနည်းပါးမှုနှင့် ပတ်သက်၍ စိုးရိမ်မိကြောင်း တက္ကသိုလ် ဆရာများ၏ အရည်အသွေး မြင့်မားလာရေးအတွက် သုတေသန ပြုလုပ်နိုင်ရန် ငွေကြေး ထောက်ပံ့ရန် လိုအပ်ကြောင်း ပြောဆိုခဲ့သည်။ ထိုင်းအစိုးရသည် ၂၀၁၅ ခုနှစ်တွင် ဖြစ်ပေါ်လာမည့် အာစီယံ စီးပွားရေးဇုန် မတိုင်မီ နိုင်ငံ၏ ပညာရေး အဆင့်အတန်း မြင့်မားလာရေးကို အထူး ဂရုတစိုက် ဆောင်ရွက်လျက်ရှိသည်။ 
မောက္ခနိုင်ငံတကာ ပညာရေးသတင်း
ဆက်ဖတ်ရန်
ပို့စ်တင်သူ ။.............။ မောင်သိရီ on
0 ( မှတ်ချက်ရေးချင်ရင် )
ခေါင်းစဉ်အလိုက်ပို့စ်များ |
ဗုဒ္ဓနှင့်ခေတ်ပြိုင်ဝါဒများ
ဘုရားရှင်နှင့် အယူဝါဒရေးရာများ ယှဉ်ပြိုင်ဟောပြောခဲ့ကြသော အတွေးအခေါ် ပညာရှင် ဆရာကြီး ၆ ဦးကို ဗဟုသုတ ဖြစ်ပါစေခြင်းငှာ တင်ပြလိုက်ပါတယ်။
၁။ ပူရဏကဿပဆရာကြီးက သတ်ခြင်း၊ ခိုးခြင်းစသော မကောင်းမှုများကို ပြုသော်လည်း ပြုရာမရောက်၊ လှူဒါန်းပေးကမ်းခြင်း သီလစောင့်ခြင်းစသော ကောင်းမှုများလုပ်သော်လည်း ကုသိုလ်မဖြစ်၊ ကုသိုလ် အကုသိုလ်တို့၏ ကောင်းကျိုး ဆိုးပြစ်ဟူ၍ မရှိ၊ အတ္တကို အကျိုး မသတ်ရောက်စေနိုင်၊ လူသေလျှင် ခန္ဓာကိုယ်မှ ဓာတ်များအားလုံး ဆိုင်ရာ မူလဓာတ်နှင့် ပူးပေါင်းသွားကြသည်။ ခန္ဓာကိုယ်ရော စိတ်ဝိညာဏ်ပါ ဘာတစ်ခုမှ ကြွင်းကျန် မနေရစ်ပြီဟု ဟောပြောသည်။ (အကိရိယဒိဋ္ဌိခေါ်၏၊ အကြောင်းပယ်သည်။)
ဆက်ဖတ်ရန်
ပို့စ်တင်သူ ။.............။ thadawa on Friday 20 July 2012
0 ( မှတ်ချက်ရေးချင်ရင် )
ခေါင်းစဉ်အလိုက်ပို့စ်များ |
ဗုဒ္ဓရုပ်ပွားတော် ကိုးကွယ်ခြင်းနဲ့ ပတ်သက်ပြီး ကျနော်ဆွေးနွေးတင်ပြချင်ပါတယ် ပရိနိဗ္ဗာန် စံလွန်တော်မူပြီးကြကုန်သော ဘုရားရှင်တို့၏ရုပ်ပွား ဆင်းတုတော်တို့ကို သက်တော် ထင်ရှား ရှိသကဲ့သို့ ကိုးကွယ်ဆည်းကပ်ကြလျှင် သက်တော်ထင်ရှားရှိသော ဘုရားရှင်တို့အား လှူဒါန်း ပူဇော်ဆည်းကပ်ရသည့် အကျိုးသည် တူညီကြောင်း ဗုဒ္ဓဘုရားရှင်က ဟောကြားတော်မူခဲ့ပါသည် ။ ဘုရားဟော ဒေသနာတော်ကို ထောက်ရှု့ခြင်းအားဖြင့် မည်သည့် ရုပ်ပွားတော်ကိုမှ ကိုးကွယ်ဆည်းကပ်ရမည် ၊ မည်သည့်ရုပ်ပွားတော်ကို မကိုးကွယ် မဆည်းကပ်ရ ဟူ၍ ခွဲခြား၍ ဟောကြားတော်မူခဲ့မှာ မဟုတ်ကြောင်း နားလည်သဘောပေါက်မှာပါ ။
ဆက်ဖတ်ရန်
ပို့စ်တင်သူ ။.............။ thadawa on
0 ( မှတ်ချက်ရေးချင်ရင် )
ခေါင်းစဉ်အလိုက်ပို့စ်များ |
ဘုရား၊ တရား၊ သံဃာကို မြန်မာလူမျိုး ဗုဒ္ဓဘာသာဝင်တွေ ဘာကြောင့်ကြည်ညို ကိုးကွယ်တာလဲဆိုတာ ဆန်းစစ်ကြည့်ရအောင်။
ပထမဆုံးအနေနဲ့ ကြောက်လို့မဟုတ်ဘူးဆိုတာပဲ။ ကျွန်တော်တို့ ကြောက်လို့ မြတ်စွာဘုရားကို ကိုးကွယ်နေတာ မဟုတ်ပါဘူး။ မြတ်စွာဘုရားကလည်း ငါ့မကိုးကွယ်ရင် ဘာလုပ်မယ် ညာလုပ်မယ်လည်း မရှိပါဘူး။ ဒါပေမယ့် ကျွန်တော်တို့တွေ ရိုသေညွှတ်တွားစွာ ကိုးကွယ်ကြတယ်။
ဆက်ဖတ်ရန်
ပို့စ်တင်သူ ။.............။ thadawa on Saturday 14 July 2012
0 ( မှတ်ချက်ရေးချင်ရင် )
ခေါင်းစဉ်အလိုက်ပို့စ်များ |
၁။ ။ အတီတံသေ ဗုဒ္ဓဿ ဘဂ၀တော အပ္ပဋိဟတံ ဥာဏံ။
အတိတ်ကာလ၌ အဆီးအတား အပိတ်အပင် မရှိသော ဥာဏ်တော်နှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား။
၂။ ။ အနာဂတံသေ ဗုဒ္ဓဿ ဘဂ၀တော အပ္ပဋိဟတံ ဥာဏံ။
အနာဂါတ်ကာလ၌ အဆီးအတား အပိတ်အပင်မရှိသော ဥာဏ်တော်နှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား။
ဆက်ဖတ်ရန်
ပို့စ်တင်သူ ။.............။ thadawa on
0 ( မှတ်ချက်ရေးချင်ရင် )
ခေါင်းစဉ်အလိုက်ပို့စ်များ |
ဗုဒ္ဓမြတ်စွာကို 563 BC ၌ အန္ဒိယမြောက်ပိုင်း သကျနိုင်ငံတော် (ခုခေတ် နီပေါနိုင်ငံ) တွင် ဖွားမြင်တော်မူ ခဲ့ပါသည်။ ခမည်းတော်မှာ သကျနိုင်ငံတော်၏ အရှင် ဘုရင် သုဒ္ဓေါဒနဖြစ်ပြီး မယ်တော်ကတော့ မဟာမာယာဒေဝီဖြစ်ပါတယ်။ သူ၏ ကိုယ်ပိုင် အမည်မှာ သိဒ္ဓတ္ထဖြစ်ပြီး မျိုးနွယ်အမည်ကတော့ ဂေါတမဖြစ်သည်။ ထိုခေတ်က ထုံးစံအတိုင်း သက်တော် တဆယ့်ခြောက်နှစ်အရွယ်တွင် အလွန် ချောမော လှပပြီး သစ္စာတရားကြီးမားလှသည့် ယသောဓရာဒေဝီနှင့် ရွှေလက်ဆက်တော်မူခဲ့သည်။
ဆက်ဖတ်ရန်
ပို့စ်တင်သူ ။.............။ thadawa on
0 ( မှတ်ချက်ရေးချင်ရင် )
ခေါင်းစဉ်အလိုက်ပို့စ်များ |
ဝါဆိုလပြည့်နေ့ ရောက်တိုင်း အမှတ်ရစရာ ၊အမှတ်တရ ဖြစ်စေဖို့ ဗုဒ္ဓဘာသာဝင်တိုင်းအတွက် ဓမ္မစကြာကို နားလည်သလို ရေးပြချင်စိတ်ပေါက်တာနဲ့  ရေးလက်စ-တရား တရား -ဆောင်ပါး မရေးခင် ဒါလေးကို ရေးလိုက်တာပါ။
ဒီတရားကို ဒီဘာသာဝင် လူတိုင်းလည်း ရင်းနီးနေကြပါပြီ။ ရင်းနီးတာက ပါဠိတွေကိုအလွတ်ရတဲ့ အထိကို နေရာအနှံ့ ပြားသိနေကြတယ်။ ဒါပေမယ့် တကယ့် အနှစ်သာရကို သိပြီးကျင့်နေကြတာတော့ မဟုတ် ဘူး။ တရားဦးရယ်လို့ သိနေတာ။ ဒါလေးရွတ်လိုက် ရရင်ကို ကိုယ့်ကိုယ်လည်း ပီတိဖြစ်နေတယ်။ဒါကြောင့်လည်း အသင်းဖွဲ့ တွေ အများကြီးရှိလာတာပေါ့။
တစ်ခါတစ်ခါ တစ်ချို့ နေရာတွေမှာ အသံနဲ့ ပြိုင်ပွဲတောင် ကျင်းပ ကြပါသတဲ့။ တကယ့် မြတ်စွာဘုရားရဲ့  သဘောကို ဆန့် ကျင်ရာမရောက်ပေဘူးလား။ (စဉ်းစားကြပေါ့လေ)ကဲ ဒီသုတ်ဟာ ပွဲဦးထွက်တရားတော်နော်.ပွဲဦးထွက်တရားတော်ကို ဟောဖို့ ၊ မဟောဖို့  မြတ်စွာဘုရား ခဏခဏ စဉ်းစားတယ်။ ကိုယ်ရရှိထားတဲ့ တရား လူတွေကို ဟောရင် အလကားဖြစ်ပြီး တန်ဖိုးမသိမှာစိုးတယ်။လူတိုင်းက ကိုယ်ပေးတဲ့အရာကို မြတ်နိုးမှ မဟုတ် လား။ ခုဟာက သာမန်ပစ္စည်း၊သာမန်လက်ဆောင်မဟုတ်တော့ စဉ်းစား ရပြီပေါ့။ အင်း..လူတွေကို တရား ဟောမယ်ဆိုလည်း ငါသိရှိထားတဲ့ တရားက သာမန်လူတွေအတွေးမျိုးနဲ့  တောင်ကြံမြောက်ကြံ ကြံလို့ ရတဲ့ တရားမဟုတ်။ နက်ရှိုင်းတယ်။မြင်ဖို့ မလွယ်ဘူး။သိနိုင်ဖို့ ဒုန်းဝေးတယ်။ြ ငြိမ်းချမ်းတယ်။မွန်မြတ်တယ်။နားလည်နိုင်စွမ်းရှိသူမှ နားလည်နိုင်မယ်။ သိမ်မွေ့ တယ်။ငါဟောတဲ့ တရားကို အပျော်အပါး ကို ပျော်ပျော်ကြိးပျော်နေတဲ့ လူတွေ ငါတရားကို နားလည်နိုင်ပါ့မလား။ကိုယ်ကြိုက်တာ ကိုယ်လုပ်နေကြတဲ့  ထင်တိုင်းကြဲလောကကြီးကို ငါဘယ်လိုလုပ်ပြီး တရားဟောရမလဲ။ သဲထဲရေသွန် ငါ့ရဲ့  တရားတော့ အဖြစ်မခံနိုင်ဘူး။မဟောတာပဲကောင်းတယ်။ ဟောလည်း ပင်ပန်းမှာပဲ အဖတ်တင်မယ်။ ဒါ ဘုရားဖြစ်ခါစ တွေးတဲ့ အတွေးပါ။ ဒီတွေးနေတာကို သဟမ္ပတိ ဗြဟ္မာက သိတယ်။ ဘုရားရှင်တော့ လူတွေ အပေါ်မှာ ဒီလိုတွေးနေပြီဆိုတာ။
အဲဒါနဲ့  အဲဒီဗြဟ္မာကြီးက အချို့ လူတွေက ဘုရား အပျော်အပါးနည်းကြတာ ရှိပါ သေးတယ်။ငြိမ်းငြိမ်းချမ်းချမ်းနေတဲ့သူတွေလည်း ရှိပါသေးတယ်။ မြတ်စွာဘုရားသာ တရားဟောမယ်ဆိုရင် သူတို့  မြတ်စွာဘုရား ဟောတဲ့အတိုင်းကျင့်ပြီး တရားထူး ရနိုင်ပါတယ်။ မဟောခဲ့လိုရှိရင်တော့ သူတို့ အတွက် မဟာ ဆုံးရှူံးမှုကြီးဖြစ်ပါလိမ့်မယ်-လို့ လျှောက်ထား တောင်းပန်တာမှ သုံးခါကြီးများတောင်ပါပဲလား။  မြတ်စွာဘုရား သူလျှောက်ထားပန်တာလည်း အကြောင်းတစ်ရပ်၊ကိုယ်တော်တိုင် ဥာဏ်တော်နဲ့ ကြည့်ရှုတော်လည်း အဲဒီတိုင်းဘဲတွေ့ တော့- အင်း ဒီလိုဆို ငါတရားဟောတော့မယ်။ မသေမယ့်တံခါးကို ဖွင့်ပေးတော့မယ်။(မငိုရမယ့်တံခါး၊မလွမ်းမဆွေးရမယ့်တံခါး)ကို ဖွင့်လိုက်တော့မယ်။ တရားဟောမယ်  ဆိုလိုတာပါ။ ဘယ်သူ့ ကို အရင်ဟောရမလဲ စဉ်းစားတော်မူပြန်ပါတယ်။ လောကီအရာ ဆရာတော်စပ်ခဲ့ဘူးတဲ့ ရသေ့၂ ပါးကိုသွားတွေ့ တယ်။လောကမှာ လူတွေ အများကြီးပါ ဟောမယ်ဆိုရင် ဘာလို့ သူတို့  ကို စိတ်ထဲမှာပေါ်တာလည်းဆိုတော့ ဆရာဖြစ်ခဲ့ဘူးတယ်၊ကျေးဇူးရှိခဲ့တယ်။ဒါ့ထက် သူတို့ ရဲ့ ဥာဏ်ရည်ဥာဏ်သွေးက တရားတော်နာရင် ထိုးဖောက်သိမြင်နိုင်လောက်အောင်ဥာဏ်ရည်ရှိသွေးရှိသူတွေ ဖြစ်တယ်။လူပြိန်းကိုဟောလို့  ဘာထူးမှာလဲ။ကျွဲပါးစောင်းတီး၊ နွားပလာတာ ကျွေး-သလိုဖြစ်မှာပေါ့။ အရေးကြုံလာရင် အကျိုးရှိ၊မရှိကို ကြည့်တတ်ရတယ်ဆိုတဲ့သဘောပေါ့။ နောက်ထပ်စဉ်းစားတော်မူပြန်တယ်။ ဘယ်သူ့ ကို တရားဟောရမလဲဆိုတော့-ပဉ္စ၀ဂ္ဂီ (၅)ဦးကိုတွေ့ မြင်ပါတယ်။
လူတွေနားလည်ထားသလို ပြောတာ ပါ။  (တကယ်တမ်းက ပဉ္စ၀ဂ္ဂီ-ဆိုရင်လုံလောက်ပြီ၊ ပဉ္စ-၅ပါး၊၀ဂ္ဂီ-အုပ်စု။) သူတို့ က တရားကျင့်ဖေါ်ကျင့် ဖက်လည်းဖြစ်၊တရားကျင့်တုန်းက လည်း မြတ်စွာဘုရားကို လိုလေးသေးမရှိအောင် ပြုစုထားကြတယ်။ မြတ်စွာဘုရားနဲ့ သူတို့ အချင်းချင်း ကွဲသွားတာက- သူတို့ က ခေါင်းပါးနိုင်သမျှ ခေါင်းပါးအောင်၊ကိုယ့်ကိုယ်ကို ညှင်းပန်းနှိပ်စက်တဲ့အထိ ကျင့်တယ်။ တစ်ရက်မစားဘဲကျင့်၊ ၂ရက်မစားဘဲကျင့်။စသဖြင့်ပေါ့လေ။ သူတိုက ကျင့်နေရင် ပြီးတာပဲ။မှန်တယ်ထင်လို့  လုပ်ကြတယ်။ရည်ရွယ်ချက်ကလည်း အေးငြိမ်းမှုကို ရှာကြတယ်။ အရှာလွဲမှန်း သူတို့ ကိုယ်ကို သူတို့ မသိ။ဘုရားလည်း သူတို့ နဲ့ အတူ အဲလို ကျင့်ခဲ့ဘူးတယ်။ သူတို့ က မြတ်စွာဘုရားကို သဘောကျလို့ ။လူမိုက်အားပေးတော့ မဟုတ်ပါဘူး။ လူမိုက်အလုပ်လုပ်နေတာကိုမှ မသိ ကြဘဲ။(မိုက်အောင်လုပ်နေတာမဟုတ်ပေမယ့် လူမိုက်အလုပ်လို့ အားမနာတမ်းပြောရမှာပဲ။)ဘုရားကလည်း အစားသောက်ကို မစားဘဲကျင့်ခဲ့တာလည်း ရှိခဲ့တယ်။ပါးစပ်၊နှာခေါင်းတွေက လေမရှုပဲ ဘယ်လို ဖြစ်မယ်ဆိုတာကို အမျိုးမျိုးကို စမ်းသပ်ကြည့်ခဲ့တယ်။လုပ်သမျှအလုပ်တွေက အလွဲချော်တွေ။ ၄နှစ်၅ နှစ်နဲ့ သဘောမပေါက်ဘူး။ ဘုရားဖြစ်မည့်ဘ၀နော်။ ၆နှစ်မြောက်မှာ သိသွားပြီ။ ငါ- ဒီနည်းမရရင် ဟိုနည်း ပြောင်းမယ်။ နဂိုရ်ကလေးဘ၀က အာနပါန-လုပ်ခဲ့တာလေး ပြန်အမှတ်ရသွားတယ်။ ပုံမှန်စားမယ်၊ပုံမှန်အိပ်မယ်။ပုံမှန်ကျင့်မယ်။ ပုံမမှန်-လုပ်ခဲ့လို့ ဘာမှ မဖြစ်ခဲ့တာကို သဘောပေါက်သွားတယ်။အဲဒါနဲ့  ခွဲထွက်သွားခဲ့ကြတာ။ပဉ္စ၀ဂ္ဂီ-တွေက ဒီရဟန်းကြီးကမ္မဋ္ဌာန်းလူထွက်ကြီး- လို့  စွပ်စွဲခံရတဲ့အထိပေါ့။ ဒီနေရာမှာ-ပုံမှန်အကျင့်နဲ့ ဘုရားတရားထူး ရခဲ့တာရယ်၊သူတို့ အချင်းချင်းဆက်စပ်ခဲ့ပုံလေးတွေုသိစေချင်လို့  ပြောလိုက်တာပါ။
အဲဒါနဲ့  မြတ်စွာဘုရားက-
ဓမ္မစက္ကံ ပ၀တ္တေတုံ၊ ဂစ္ဆာမိ ကာသိနံ ပုရံ။
အန္ဓီဘူတသ္မိံ လောကသ္မိံ၊အာဟဥ္ဆံ အမတဒုန္ဒုဘိံ။
ဆိုလိုတာက-
ကာသိတိုင်းရဲ့ မြို့ တော်ကို သွားပြီး တရားစက်ကြီး စတင်ကာနိုးတော့မယ်။ လောကလူတွေ အမှောင်ထဲမှာ နေသူတွေလို ဖြစ်တယ်၊ တရားစည်ကို ကြားအောင် တီးပါတော့မယ်။ ထင်ရှားတာကို ပြောတာပါ။ တကယ်တမ်းသွားမှာက အဲဒီမြို့ှက-ဗာရာဏသီ။ အိသိပတန မိဂါဒါဝုန်တောအုပ်-တဲ့။ခုခေတ်လူ
တွေ ပြောကြသလိုပေါ့။ ဘယ်ကလဲဆိုရင် ကိုယ့်မြို့ ကို ပြောကြတယ်။ ပြီးမှ အဲနားက ရွာ-ဆိုတာမျိုးလို မှတ်ပါ။ မြတ်စွာဘုရား ခရီးကို စတင်နှင်ခဲ့ပါတယ်။ဗောဓိပင်နဲ့ ဂယာရွာကြား မြတ်စွာဘုရားနဲ့  ဥပက ဆိုတဲ့ လူကြီးတစ်ယောက်နဲ့ တွေ့ တယ်။ ဘုရားမှန်းမသိပါဘူး။ ဒါပေမယ့် ဘုရားကို သူ သိချင်တာမေးလိုက်တယ်။ တုံးတိကြီး မေးလို့ ကလည်းမကောင်း။သူမြင်တာကိုလည်း တည့်တိုးပြောလိုက်တယ်။ ဟာ-အာဝုသော-
သင်ရဲ့  အိနြေ္ဒက တည်ကြည်တယ်။အသားအရေ ကလည်းလှတယ်။ဖြူစင်နေတာပဲ။ သင်ဟာ ဘယ်သူ့ ဆီ  ရဟန်းပြုခဲ့တာလဲ။သင်ရဲ့ ဆရာက ဘယ်သူလဲ။ဘယ်သူ့ တရားကိုနှစ်သက်သလဲ-တဲ့။ မြတ်စွာဘုရားက ငါမှာ ဘုရားဖို့ နည်းလမ်းပေးဆရာမရှိ။ လူပြည်နတ်ပြည်မှာ ငါနဲ့ တူသူလည်းမရှိ။ ငါက သမ္မာသမ္ဗုဒ္ဓ- စသဖြင့် ပြောခဲ့တယ်။ (အာဝုသော-ဆိုတာ သူငယ်ချင်းပုံစံမျိုး။ရွယ်တူနဲ့ ငယ်သူတို့ ကို သုံးတဲ့ စကားဖြစ်တယ်။) ဒီနေရာမှာ သဘောပေါက်လိုက်ပါ-တရားအလုပ်လုပ်
ရင် လှပတယ်နော်။ ချောမောတယ်နော်။ လှချင်ချောချင်သူများ…….တရားကိုလက်မနှေးသင့်)။ ဟုပေယျာပါဝုသော- အင်း ဟုတ်လောက်ပါတယ်လေ- ခေါင်းလေး တဆတ်ဆတ်နဲ့  ဆန့် ကျင်ဘက်လမ်းကို သွားပါတယ်။
ဘုရားရှင်က သူ့ ကို တရားဟောရင် သဘောပေါက်မှာမဟုတ်ဘူးဆိုတာသိတော်မူတယ်။ဒါနဲ့  ပဉ္စ၀ဂ္ဂီတို့ နေရာ ရောက်လာပါတယ်။ သူတို့ အားလုံး  ဘုရားကြွလာတာကို မြင်ကြတယ်၊မြင်ကြပေမယ့် တီတိုးတီးတိုး ပြောထားကြတယ်။ အိုး- ရှိမခိုးကြတမ်း၊ခရီးမကြိုကြစတမ်း၊သပိတ်တွေ အပိုသင်္ကန်းတွေကို မသယ်ကြစမ်း။ ဒါပေမယ့် တို့ ဆီလာတာဆိုတော့ နေရာလေးတော့ ပေးမယ်၊သူထိုင်ချင်ရင် ထိုင်လိမ့်မယ်-လို့ အချင်းချင်း ကတိတည်ကြဖို့ ပြောထားကြတယ်။ ဒါပေမယ့် ဘုရားရှင်က နီးထက်သထက်နီးလာပြီ။ သူတို့  အချင်းချင်း ပြောထားတဲ့ စကားကို အမှတ်မရတော့။ဘယ်နှယ့်လုပ်ကြမလဲဟေ့-လို့ တောင် စကားပြောချိန်မရလိုက်။ သူတို့  မလုပ်ကြ စတမ်းဟေ့-လို့ ပြောထားတာတွေကို အားလုံး လုပ်တယ်။ဒါ့ပြင် မနေနိုင်ကြလွန်းလို့ ခြေဆေးရေ ၊ ခြေဆေးခုံ၊ ပွတ်တိုက်စရာတွေပါ လိုလေးသေးမရှိ လုပ်ကြပါလေရော။ ဒါပေမယ့် ဘုရားကို တရား ထူးရတာကို သူတို့ သဘောမပေါက်သေး။ မြတ်စွာဘုရားကို အာဝုသော- လို့ ဘဲ အချင်းချင်း အနေထားလိုပြောဆိုကြတယ်။  မြတ်စွာဘုရားက-အရဟံ တထာဂတော သမ္မာသမ္ဗုဒ္ဓ ဖြစ်ပြီ။ အာဝုသော-လို့  မခေါ်နဲ့ တော့။ ပြောတာကိုလည်း နားထောင်ပါဦး၊ငါဘုရား အမတ-တရားကို သင်တို့ ကို ဟောမလို့ ။ သင်တို့  ငါဘုရား ပြောတဲ့အတိုင်းသာကျင့်။သေချာပေါက် ပြောရဲတယ်။ နောက်ဘ၀ မဟုတ် ဒီဘ၀ကို တရားထူးမယ်။ ဒါပေမယ့် – သူတို့ ကို ဘယ်လိုပြောပြော မရ။သူတို့ နားလည်ထားတာက မြတ်စွာဘုရားကို -ဘာတဲ့-ကမ္မဋ္ဌာန်းလူထွက်။ ပြောချက်က ကြည့်အုံး။ တရားဟောမယ့် ဘုရား မိုလို့ သာ။ (ပုထုဇဉ် အတွေးမျိုးတွေးကြည့်ပါ)။  တရားကျင့်တုံးကတောင် ဘာမှ မရတာ၊ခုတရားရတယ် ဆိုတာ ဖြစ်နိုင်ပါ့မလား ဆိုတော့ ၀ိစိကိစ္ဆာ-ခေါ် သံသယ အပိုင်းအစများနဲ့ ။ လူတွေရဲ့ သဘော သဘာဝလား၊ အဲလိုမျိုး လူတွေ မလုပ်နိုင်တာ လုပ်ပြရင်၊ မဟုတ်ကို အဟုတ်ထင်သွားတတ်ကြတယ်။ အမှန်အမှားကို သေချာ သဘောမပေါက်သေးရင် ဖြစ်တတ်တဲ့ သဘောလို့ ပဲ ပြောလေရမလား။ ခုကြည့်လေ- သူတို့  တော်တော် နားချခက်နေတယ်။သုံးကြိမ်မြောက်ကျမှ မြတ်စွာဘုရားပြော စကား ကိုနားထောင်တယ်။နားထောင်တာကလည်း အဆုံးစွန်စကားပြောလိုက်လို့ သာပေါ့။ သင်တို့ ကို နဂိုရ်က ဒါမျိုး ပြောဘူးလား-တဲ့။ သူတို့ က-မပြောဘူးပါဘုရား- ပေါ့။ဒီလို နဲ့  သူတို့  ဆီက သဘောက်သွားပြီသလိုက်တာနဲ့ ပဲ ဟောတော့မယ် ဆိုပြီး ဓမ္မစကြာကို စတင် ဟောတော်မူခဲ့ပါတယ်။
ကဲ နိဒါန်းရေးတာနဲ့ ရှည်သွားပြီ။ဒီ လို စခဲ့တာကိုလည်း သိစေချင်တယ်။သင်ခန်းစာတွေ မသိသေးသူ တွေလည်းရှိမယ်။ အထူးသဖြင့် လူပုဂ္ဂိုလ်တွေပေါ့။သာသနာ့ဝန်ထမ်း အများ စုက သိပြီးသားပါ။တရားတော် ရဲ့  အကျဉ်းချုပ်က-
ပဗ္ဗဇိတ-များဟာ-
၁။အပျော်ပါးရှောင်ကိုကြရမည်။
၂။အကျင့်မှားကိုရှောင်ကြမည်။
၃။လမ်းမှန်ကိုလျှောက်ကြရမည်။-ဆိ
ုတာပါပဲ။
ပါဠိကတော့-  ပဗ္ဗဇိတ-များ ဆိုတာဟာ ဒီနေရာမှာ အဓိက ကတော့ ပဉ္စ၀ဂ္ဂီ တို့ ကို ဟောတာဖြစ်လို့ 
ရသေ့များကို ဆိုချင်ဆို၊ ဆိုလို့  ရနိုင်ရဲ့ ။ အခြားနေရာမှာတော့ ရှင်၊ရဟန်းများကို ပဗ္ဗဇိတ-သုံးတာလည်း ရှိပါတယ်။ ဒီလိုဆိုရင် ဒီတရားဟာ လူအများအတွက် မဆိုင် ထင်စရာရှိပြန်ရော။ဟုတ်တယ်ဟုတ်။ ပြောစရာ
ရှိတာကို လူအများစု နားလည်အောင်ပြောရရင်တော့-ပဗ္ဗဇိတ-ဆိုတာက စိတ်ရှုပ်စိတ်ထွေး တွေကို ဖြေရှင်း နေသူမျိုးကို ခေါ်ပါတယ်။ လူဆိုရင် အဂါရိယ ပဗ္ဗဇိတ။(လူ့ ဘောင်က ပဗ္ဗဇိတ) ရှင်ရဟန်းဆိုရင်- အနဂါရိယ (အိမ်ယာ
မရှိ ပဗ္ဗဇိတ-) လို့  ပြောရင် အခြားကျမ်းဂန်တို့ အလို ပြော ဆိုလို့ ရပါတယ်။ ဒီလောက်ဆို ရိုးတိုးရိပ်တိပ်မဟုတ် အတော်သဘောပေါက်မယ်လို့ ထင်မိရဲ့ ။
၁။အပျော်ပါးကို ရှောင်ကြရမည်။
သာသနာ့ဝန်ထမ်းများဟာ အပျော်ပါး ရှောင်ကို မဖြစ်မနေ ရှောင်ရပါမည်။
အကြောင်းပြချက် ငါးခု တွေ့ ရတယ်။၁။ဟီနော-တဲ့။မြင့်မြတ်တဲ့ ရဟန်းဘ၀နိုင်တဲ့ ဓမ္မပီတိ နဲ့ စာရင်
ဒီပျော်ပါးမှုတွေဟာသိပ်ပျော်စရာ
မကောင်းလှပါဘူး။ခဏပျော်ရယ်ပါ။တကယ်အပျော်စစ်မှ မဟုတ်ဘဲ။ ဒါကြောင့် အပျော်ပါးဟာ ဓမ္မနဲ့ ဆိုတော့ တော်တော်လေးကို ဟီန-နိမ့်ပါတယ်။ ၂။ဂါမ္မော-ရွာသူရွာသား မြို့ သူမြို့သားတွေရဲ့  အကျင့်တွေ ဖြစ်တယ်။သူတို့ လုပ်ရိုးလုပ်စဉ် ဖြစ်တယ်။ ၃။ပေါထုဇ္ဇနိကော-ပုထုဇဉ် လူသားတွေ ပိုင်ဆိုင်တဲ့ အလုပ်။ဆိုလိုတာက စိတ်ရှုပ်ထွေးများသူတွေရဲ့ အလုပ်ဆိုရင် မမှားလောက်ပါဘူး။၎။အနရိယော-အရိယာ
သူတော်ကောင်းများရဲ့ အလုပ်မဟုတ်။ စိတ်ကို ဖြေရှင်းသူတို့ ရဲ့ အလုပ်မဟုတ်ဘူးပေါ့။ ၅။အနတ္ထသံဟိတော- စိတ်ကို ဖြေရှင်းတဲ့နေရာ အကျိုးဖြစ်ထွန်းမည့် အလုပ်မဟုတ်ဘူး။
ဒီလိုဆိုရင် လူတွေအတွက် ခက်တော့မှာဘဲ။အဆိုတော်တွေ မျက်လုံးပြူးမယ်၊ပန်းခြံပိုင်တဲ့ အစိုးရတွေ မျက်ခုံး လှုပ်တော့မှာဘဲ။ လူတွေအတွက်တော့ အပျော်ပါးမကြူးနဲ့ ဆိုတာကို သတိပေးထားတာ သုတ္တန်တွေမှာ ရှိပါတယ်။ပျော်ချင်ပျော်ပါ။စိတ်ဖိစီးမှု ပန်းခြံမှာလည်း ဖြေချင်ဖြေပေါ့။ ရှိုးပွဲမျိုး လည်းကြည့်ပေါ့။ လွန်လွန်း အောင် တော့ အပျော်မလိုက်စားနဲ့ ပေါ့။ လွန်လွန်းတာကို စာအလို အန္တ- အစွန်းရောက်တယ်လို့ ခေါ်တယ်။အစွန်း မရောက်တဲ့ အပျော်အပါး ကို ထိန်းချင်ရင်တော့ ၅ပါးသီလကို လုံခြုံအောင် ထိန်းပေါ့။အဲဒီထဲမှာ ရှိုးပွဲမပါ။ ပန်းခြံမသွားရ မပါဘူး။သာသနာ့ဘောင်ကို သာ အတင်းအကြပ်ပြောထားတာပါ။ အဓိက ရည်မှန်းအလုပ်နဲ့ 
ပြဒါးတစ်လမ်း၊သံတစ်လမ်းဖြစ်နေလိ
ု့ ပါဘဲ။
၂။အကျင့်မှားကိုရှောင်ကြမည်။
အကျင့်မှားကိုတော့ ရဟန်းရှင်လူ မည်သူမဆို သတိ အတော်ထားသင့်ပါတယ်။ အကြောင်းပြချက် သုံးခုတွေ့ ပါတယ်။ ၁။ဒုက္ခော- ဆင်းရဲလို့ တဲ့။ ဟုတ်တယ်။အကျင့်မှားကို ကျင့်သူလောက်ဆိုးတာမရှိဘူး။ ပြာ
သာပြာပြီး ဖွဲမထွက်ဆိုတာမျိုးဘဲ။နောက်မြန်မာစကားပုံ တစ်မျိုးနဲ့ ပြောရရင် ပိုးသာကုန် မောင်ပုံ စောင်းမတတ်-တဲ့။ခု ကိုယ့်ဖာသာတော့ ကိုယ့်မှားနေ တယ်လို့  ဘယ်သူမှ ထင်လိမ့်မည် မဟုတ်။မှန်တယ်ထင်လို့ လုပ်၊ စွတ်လုပ်၊ဇွတ်လုပ်နေခြင်းဘဲ ဖြစ်တယ်။အကျင့်မှားတွေ ဘာတွေမှားနေကြသလဲ။နဲနဲတော့ ထောက်ပြမယ့် သင့်မယ်ထင်တယ်။ ခု မြန်မာတစ်ဝှမ်း ရမ်းသမ်းပြီး ယုံနေကြတာ ဗေဒင်၊နတ်ကတော်။ဟုတ်လိမ့်နိုးနိုးနဲ့  ၂လုံး အကွက် တစ်ရာ လူအယောက်တစ်ရာ ဂဏန်းတစ်မျိုးစီပေးတာမျိုးကို ပေါက်သည့်သူမှယုံတာမျိုး။၃လုံး ဂဏန်း အကွက် ၁၀၀၀ကို လူတစ်ထောင် ဂဏန်းတစ်မျိုးစီ ပေးတာမျိုးကို ပေါက်သည့်သူမှာယုံတာမျိုး။ ဒီစကားတွေက တရားဟော ဘုန်းကြီးတွေလည်း ပြောတာများလှပြီ။နားမ၀င်။ အဆောင်ကောင်းရင် စာမေးပွဲအောင်မယ် ဆိုပြီး
အဆောင်လုပ်တာမျိုး။တစ်ခုချင်ြးေ
ပာရင် ပြီးနိုင်မှာကိုမဟုတ်ဘူး။ ရှိသေးတယ် ရွတ်တာ ဖတ်တာကျ
ပဋ္ဌာန်းကို အိမ်တွေမှာ မရွတ်ကောင်းဘူး၊ ဒါ့ပြင် အမျိုးသမီးတွေလည်း ပဋ္ဌာန်းမရွတ်ကောင်းဘူး။ငရဲကြိး
တယ်။
ဘယ်လို ပါးစပ်ပေါက်ကများ ပြောလိုက်သလဲ မသိပါဘူး။ ပြီးတော့ရှိသေးတယ် ရိပ်သာအချင်းချင်း ကိုယ့်ရိပ်သာ က ကောင်းတယ်၊သူ့ ရိပ်သာက ဘယ်လို ညာလို။မြတ်စွာဘုရား တရားတော်အတိုင်း မဟုတ်ဘဲ သွေဖီနေတဲ့ အကျင့်မှန်သမျှ ဟာ ဆင်းရဲတာပဲ။ မြတ်စွာဘုရား ဒါတွေသိလို့  ဟောထားတာရှိတာပဲ။ စီးပွါးဖြစ်ချင်ရင် အလုပ်လုပ်ကြိုးစား၊စုဆောင်း၊ခွေ
ျတာ။အပေါင်းသင်းကောင်း ဆိုတဲ့ လုပ်တတ်ကိုင်တတ်ရှာပေါ့။ ပဋ္ဌာန်း အမျိုးသမီးများ ရွတ်ဆိုမှုနဲ့  ပတ်သက်လို့  သူငယ်ချင်း အမျိုးသမီးကြီး တစ်ဦးက ပြောဘူးတယ်။ ပဋ္ဌာန်းရွတ်ရင် ရုပ်လှလို့  တဲ့။ကဲ….။သူက တော့ ရွတ်ကောင်းတယ် လို့  ခံယူယုံမဟုတ်ဘူး၊လှတောင်လှ ပါသတဲ့။ အဓိက ပဋ္ဌာန်းရွတ်တော့ စိတ်ကြည်လင်။စိတ်ကြည်လင်တော့ ရုပ်ကြည်လင်တဲ့ သဘောပါနော်။ ဘုရားကတော့ ပဋ္ဌာန်းရွတ်ကြဟေ့…ရုပ်လှတယ်လို့ လည်း မပြောပါဘူး။(စမ်းကြည့်ပေါ့ ထူးတာ ရှိမှာပါ)။ ကိုယ်လုပ်သလို မဖြစ်တဲ့အခါ ငါလုပ်တာ ကောင်းတာတွေချည်း လုပ်ရဲ့ သားနဲ့  မဟုတ်တဲ့ ဟာတွေချည်း ဖြစ်နေရတယ်- ဆိုတာလည်း တွေ့ ဖူးတဲ့သူတွေ ရှိပါလိမ့်မယ်။ ဒါလည်း ဖြစ်တတ်ပါတယ်။ ကောင်းတာလုပ် ရင် ကောင်းတဲ့ အကျိုး ခံစားရတယ်။မကောင်းတာလုပ်ရင် မကောင်းတဲ့ အကျိုးခံစားရတယ်- ဒါဟာ ကမ္မနိယာမ-လို့ အားလုံးသိထားကြတယ်။ စိုက်လိုက်မျိုးစေ့ရဲ့  အသီး ခံစားကြရမှာပဲ။သို့ ပေမယ့်- ခုလုပ်လို့  ခု အကုန်လုံး အကျိုးပေးမယ်လို့  မဆိုလိုဘူးလေ။ ခု အပင်စိုက် ခု အသီးစားမှ မဟုတ်ဘဲ။ ပိုးကိုက်လို့  သေသွားတာလည်း ရှိမယ်။ စိုက်လိုက်တဲ့  မျိုးစေ့ တိုင်း အကုန် ပေါက်ရိုးလား။(နဲနဲလေး ဒီနေရမှာ ဆက်မဖတ်သေးပဲ စဉ်းစား လိုက်ပါဦး)။ အဲလိုပါဘဲ- အချိန်တန်လို့  အကျိုးသင့် အကြောင်း သင့်ရင် ဖြစ်လာမှာပါ။ကံ-ဟာ ဆန်းကြယ်တယ်။ဒါကြောင့်လည်း ကံအကျိုးပေးမှုတွေကို မကြံစည်မတွေးတောနဲ့ ၊ လွန်လွန်ကဲကဲ စဉ်းစား ပါများရင် ချောင်တတ်တယ်။လွင့်သွားတတ်တယ်-လို့ ပြောဟောထားတာရှိပါတယ်။ဒါတွေ မသိတော့ ဒုက္ခော-ပေါ့။၂။အနရိယော-၃။အနတ္ထသံဟိတော။ အပေါ်ကလိုမျိုးမှတ်လိုက်ပါ။ အထူးသတိထား ရမှာက-ကုန်ရှူံး-တစ်ခေါက်၊အိမ်ထောင်ကျမှား- တစ်ဘ၀။ ဆရာမှားရင် တစ်သံသရာလုံးမှောက်မယ်။
ဆက်လေ-(ဂဏန်းပေးဆရာထံသွားရင် တစ်သက်တာစုထားတာပြောင်မယ်။) ဒီနေရာမှာ ခုခေတ်လူများ မှားတတ်တဲ့ သဘာဝ တွေကို မမှားအောင် ကိုယ်နားလည်သလို ပြောပြတာပါ။
၃။လမ်းမှန်ကို လျှောက်ကြရမည်။
လမ်းမှန်ကို လျှောက်တတ်ဖို့  အရေးကြီးတယ်။မြတ်စွာဘုရား လမ်းမှန်ကို မဇ္ဈိမ ပဋိပါဒါ-လို့  ဟောထားပါတယ်။အဲဒါက လူအများသိနေ ရနေတာပါပဲ။
၁။သမ္မာဒိဋ္ဌိ ၂။သမ္မာသင်္ကပ္ပေါ ၃။သမ္မာဝါစာ ၄။ သမ္မာကမ္မန္တော ၅။သမ္မာအာဇီဝေါ ၆။သမ္မာဝါယာမော ၇။သမ္မာသတိ။၈။သမ္မာသမာဓိ- အများစု ရပြီးသားမို့  ပါဠိ လိုရေးချလိုက်တာပါ။
၁။သမ္မာဒိဋ္ဌိ-အမှန်မြင်ပါ။အမှန်နားလည်တာ။ အကြမ်းဖျင်း ကောင်းတာဆိုးတာလုပ်တာတွေဟာ ကိုယ့်အထံ
ပြန်လာမယ်ဆိုတောလောက်တော့ သဘောပေါက်ထားပေါ့။ ဒါ့ထက်မြင့်တဲ့နားလည်မှုကတော့ သစ္စာတရားကို သိမြင်နားလည်ရမှာပါ။
၂။သမ္မာသင်္ကပ္ပေါ-မှန်တဲ့အတွေးခေါ်မျိုးတွေးပါ။ကိုယ်လုပ်တာပြောတာမှန်သမျှ သူများကို မထိခိုက်စေဘဲ အကျိုးရှိအောင်လုပ်မယ်လို့  တွေးပါ။ဒါ့ထက်မြင့်တဲ့အတွေးကတော့ ကာမဂုဏ်အာရုံ တွေကထွက်မြောက်ဖို့ ၊မေတ္တာကို ရန်သူမိတ်ဆွေ မခွဲခြားဘဲထားနိုင်သည့်အထိအတွေး၊ သူတစ်ပါးကို စိတ်နဲ့ တောင်မပစ်မှားမိစေဖို့ ။
၃။သမ္မာဝါစာ-စကားမှန်ကို ပြောပါ။လိမ်ညာပြောခြင်း၊နားမခံသာတဲ့စကားပြောခြင်း၊ပြောင်လှောက်ပျက်ရယ်
ပြုခြင်းများကို ရှောင်လိုက်ရင်စကားတွေက မှန်သွားမှာပါ။ပိယ၀ါစာ ချိုသာတဲ့စကား၊ကိုယ်ပြောလိုက်တဲ
အကျိုး ရှိမည့်စကားဟာ သူတစ်ပါး ဟဒယင်္ဂမ-နှလုံးသားစွဲအောင်ပြောဆိုလိုက်ပါ။
၎။ သမ္မာကမ္မန္တော-မှန်တဲ့အလုပ်ကို လုပ်ပါ။ ကိုယ့်အတွက်ဘဲလုပ်လုပ် သူများအတွက်ဘဲလုပ်လုပ် လုပ်တဲ့ နေရာမှာ အကျိုးရှိတဲ့ အလုပ်ကို မိမိခန္ဓာကိုယ်ကို အသုံးပြုပါ။ဥပမာပြောရရင် ဘုရားပန်းလဲ၊ ဆွမ်းတော်ကပ်ခြင်း မျိုးတွေပေါ့။
၅။သမ္မာအာဇီဝေါ- မှန်ကန်တဲ့အသက်မွေးဝမ်းကြောင်းပြုတာပါ။သမ္မာအာဇီကျကျ လုပ်ကိုင်ပါ။သူတစ်ပါးမျက်ရည် ကျမည့်အလုပ်မျိုးတွေ။ပတ်ဝန်းကျင်ဒုက္ခပေးမည့် အလုပ်မျိုးတွေရှောင်ပါ။
၆။သမ္မာဝါယာမော-မှန်ကန်တဲ့လုံ့ လရှိပါ။ကောင်းတာလုပ်တာမှန်သမျှ ၀ီရိယရှိပါ။စီးပွါးရေးရေး ဖြစ်ဖြစ်၊ တရားအားထုတ်ရာဖြစ်ဖြစ် တက်ကြွနေပါစေ။ကုသိုလ်နယ်ပယ်မှာ မလုပ်ဖူးကုသိုလ်ကို လုပ်ဖူးအောင်လုပ်၊ လုပ်ဖူးကုသလိုလ်ကို ထပ်တိုးလုပ်။အကုသိုလ်နယ်ပယ် မလုပ်ဖူးတဲ့ အကုသိုလ် ကို မလုပ်မိစေနဲ့ ၊လုပ်နေဆဲ အကုသိုလ်ကိုလည်း ရပ်တန်းက ရပ်လိုက်တော့။အခြားအလားတူ အကုသိုလ်လည်း အဖြစ်မခံနဲ့ ။ဒါကလည်း မှန်ကန်တဲ့ ကြိုးစားခြင်းပဲ။
၇။သမ္မာသတိ-မှန်သောသတိ ထားပါ။ သတိ ဆိုတာ အမှတ်ရနေခြင်းပါ။ကောင်းတဲ့အလုပ်၊ လုပ်နေကျ လုပ်ငန်း ကိစ္စအ၀၀ နဲ့  လုပ်နေကျ ကုသိုလ်တွေ မပျက်မကွက် လုပ်ဖြစ်အောင်လုပ်ပါ။
(သတိဆိုမှ တော့ မကောင်းတာရှိသေးလို့ လား စဉ်းစားရှိတယ်။မကောင်းတာတွေချည်
း အမှတ်ရနေရင်
မိစ္ဆာသတိ-လို့ ခေါ်ပါတယ်။)
၈။သမ္မာသမာဓိ- မှန်ကန်တဲ့ စူးစိုက်မှုမျိုးထားပါ။တစိုက်မတ်မတ်လုပ်ပါ။စူးစိုက်တာကလည်း မှန်တဲ့အလုပ်တွေ ဖြစ်ဖို့ လိုပါတယ်။စီးပွါးရေးအတွက် လုပ်ငန်းခွင်အတွက်တစ်စိုက်မတ်မတ်လုပ်ရမယ်၊ အဲလိုမဟုတ်ဘဲ -ဥပမာ-ဂိမ်းဆော့တာမျိုးတွေ။သူလည်းစူးစိုက်ရတာပဲ။ဖဲရိုက်တာ၊ငါးများတာလည်း စူးစိုက်တာပဲ။မိစ္ဆာသမာဓိ- လိုခေါ်တယ်။ကုသိုလ်နယ်ပယ်မှာတော့ ဈာန်ရတဲ့ အထိ စူးစူးစိုက်စိုက် လုပ်ရမှာပေါ့။
ကဲဗျာ-ရှစ်ပါးစလုံးကတော့ ပြီးသွားပြီ၊မရှင်းသေးရင် ခဏခဏ ဖတ်သင့်ပါတယ်။အနည်းဆုံး ကိုယ်နဲ့ ဆက်စပ်ပတ်သက်သူတွေ ကို အကြမ်းစား ပြောနိုင်တဲ့ အထိပေါ့။ကိုယ်တိုင်လည်း တကယ်ကျင့်ပါ။
မြတ်စွာဘုရားက အာမခံထားပါတယ်။ ဒီလမ်းလျှောက်ရင် ဒီခရီးပေါက်မယ်ဆိုတာလေ။
စက္ခုကရဏီ- အမြင်ရှင်သွားမယ်၊ဥာဏကရဏီ-အသိရှင်းသွားမယ်၊ဥပသမာယ-ိတ်အပူရှုတ်တွေ ပြေအေးရှင်းသွားမယ်။ အဘိညာယ-ထူးထူးခြားခြားသိမယ်။သမ္ဗောဓာယ-ဖေါက်ထွင်းသိမယ်။ နိဗ္ဗာနာယ-ငြိမ်းအေးရာအစစ်ရဖို့ ဖြစ်တယ်။
အဲဒီနောက် သစ္စာ(၄)ပါးတရားကို ဆက်လက်ဟောတော်မူပါတယ်။ တရားတော်အဆုံးမှာ
အရှင်ကောဏ္ဍည (အရှင်ကွန်းဒင်ည) ဓမ္မစက္ခု- တရားမျက်စိ ပေါက်လာတယ်။တရားထူးရတယ်၊ သောတာပန် ဖြစ်တယ်။ ယံ ကိဉ္စိ သမုဒယ ဓမ္မံ၊သဗ္ဗံ တံ နိရောဓဓမ္မံ-ဖြစ်ခဲ့တာအားလုံးဟာ ပျက်ရမည့်သဘောရှိပါလား-ဆိုတာ သဘောပေါက်ရှင်းလင်းသွားခဲ့တယ်။
(သောတာပန်မဖြစ်သေးသမျှ သညာသိ- စိတ်က သိသလိုရှိနေတာ၊ တကယ်သိမည်မထင်၊ပါးစပ်
ကသာ ပြောနိုင်မှာဖြစ်ပါတယ်။)
တရားတော်ပြီးသွားတာနဲ့  ဘုမ္မာဒေ၀ါ-လို့ ဆိုတဲ့ ဘုမ္မစိုဝ်း နတ်တွေကစပြီး – စတုမဟာရာဇ်၊တာဝတိံသာ၊
ယာမာ၊တုသိတာ၊နိမ္မ္မာနရတိ၊ပရနိမ္မိ
တ၀သ၀တ္တိ၊ဗြဟ္မာဘုံတိုင်အောင် တစ်ဆင့်တစ်ဆင့် ပြောကြားသွားတာ
လောကဓာတ်ကြီးတစ်ခုလုံး တစ်ခဏချင်းသိမ့်သိမ့်တုန်သွားတာ
ပဲ။ပါးစပ်ကလည်း ပြောပြောဆိုဆိုနဲ့ .”.မြတ်စွာဘုရား ဗာရာဏသီ အိသိပတန မိဂဒါဝုန်တောမှာ တရားဦးကို ဟောတာ ၊ဘယ်လိုရဟန်းမျိုး ပုဏ္ဏားမျိုး နတ်မျိုး မာရမျိုး ၊ဗြဟ္မာမျိုးတွေ…အို. စကားကုန်ပြောရရင် ဘယ်သူမှ  ဒီလိုမဟောနိုင်ဘူး-”တဲ့။
လောကဓာတ်တစ်သောင်းကလည်း နတ်တွေဗြဟ္မာတွေ အရောင်ထက်သာလွန်အောင် လောကကြီးတစ်ခုလုံး လင်းထိန်တောက်ပတဲ့ အစားထိုးပြောမရတဲ့ အရောင်တွေ ထွက်ပေါ်လာခဲ့တယ်။ ကောင်းခြီးပေးပုံက လည်း မြေငလျင်လည်းလုပ်တာပေါ့လေ။ဟိုယိ
မ်းဒီယိမ်း။မည့်သူ့ ကိုမှပေးတဲ့ ငလျင်မျိုးမဟုတ်ပါဘူး။သက်မဲ့ကတောင် မနေဘူးဆိုတာ သက်သေထူလိုက်တာ။အဲဒီအချိန်မှာပဲ ဘုရားရှင်က အညာသိ ၀တ ဘော ကောဏ္ဍညော၊ အညာသိ ၀တ ဘော ကောဏ္ဍညော-
ကောဏ္ဍညတော့ တရားထူးသိသွားပြီ၊ ကောဏ္ဍညတော့ တရားထူးရသွားပြီ လို အနီးရှိသူအပေါင်း သိအောင် ပီတိဖြစ်ပြီး ပြောတော်မူလိုက်ပါတယ်။ အဲဒီလို သောတာပန်ဖြစ်ပြီးနောက် ရှင်၊ရဟန်းအဖြစ်ကို
တောင်းခံပါတယ်။ မြတ်စွာဘုရားက ဧဟိ ဘိက္ခု-ရဟန်း လာလော့-ဆိုလိုက်တာနဲ  ၀ါတော်(၆၀)ရ
မထေရ်ကြိးအလား ခန့် ညားသော ရဟန်းဖြစ်ကို ရခဲ့ပါတယ်။သပိတ်ပရိက္ခရာ အပြည့်စုံနဲ့ ပေါ့။(မူလစာထဲမှာ ရဟန်းဖြစ်သွားတယ်-ဟု ပါတယ်၊ အဖွင့်ကျမ်းကျမ်းများအလို သိစေဖို့ အတွက် ၀ါတော်၆၀၊ပရိက္ခရာအပြည့်စုံလို ပြောတာပါ။)ထို့ နောက် -
သွာက္ခာတော ဓမ္မော၊စရ ဗြဟ္မစရိယံ သမ္မာဒုက္ခဿ အန္တကိရိယာယ-တရားတွေကို ကောင်းကောင်း
ဟောထားပါတယ်။မြတ်တဲ့ အကျင့်ကို ဒုက္ခ ဆုံးတဲ့ အထိ ကျင့်ပါ။ကျန်ရဟန်းတော်များလည်း ဆက်လက်
တရားဟောတော်မူပါတယ်။သောတာပန်ြ
ဖစ်သွားကြပါတယ်။ သူတို့ ကို ကျတော့ အများမို လို့  ဧထ ဘိက္ခဝေါ-ရဟန်းတို့ လာကြလော- (အများဖြစ်လို့ ပါဠိပြောင်းသွားတာ) ခေါ်တော်မူပြီး ရဟန်းတော် ၅ပါး စပေါ်ခဲ့ပါတယ်။
ဒီလောက်ဆိုရင်တော့ ဓမ္မစကြာအကြောင်း သိကြလိမ့်မယ်လို့ ထင်ရဲ့ ။ မရေးဘဲ ချန်ထားခဲ့တဲ့ သစ္စာပိုင်းမှာ
သစ္စာတရားတော်များ   များစွာ များစွာရှိနေပါတယ်။ ခေါင်းစဉ်က လိုရင်းအကျဉ်းချုပ်ဖြစ်တယ် ရှောင်ဖို့ ၂ချက်နဲ့ 
လျှောက်ဖို့  လမ်း၁ချက်ဦးတည်ထားတယ်။ အလွတ်ရထားပြီးသော လူများသိရှိစေရန်နဲ့  မရသေးသူများလည်း
ဒီသုတ်တော်ဟာ ပွဲဦးတရားတော် ထိရောက်မှုရှိသောတရားတော်ဖြစ်ပါကြောင်း ရည်ရွယ်ပါတယ်။
မှတ်ချက်။ ။ဤတရားကို ၀ါဆိုလပြည့်နေ့ နေ့ ဆွမ်း ဆက်ကပ်လှုဒါန်းသော- ဂျာမနီနိုင်ငံ၊ဖရိုက်ဇင်းမြို့ ၊ ဒေါက်တာ စိုင်းလုံးကျောက်၊ဒေါ်ခင်သန်းမြ တို့ ၏ နေအိမ်တွင်လည်းကောင်း၊ ညချမ်းအခါ-မြူးနစ်မြို့  ဂျာမနီနိုင်ငံ သူ နိုင်ငံသား လူများအား လည်းကောင်း ဟောခဲ့ပါသည်။ ၄င်းတရားကို ပြန်လည် မွန်းမံ ထားခြင်းဖြစ်ပါသည်။
အရှင်တေဇောဘာသ(မြင်းခြံ)
သုဒ္ဓံ အတ္တာနံ ပရိဟန္တု
(မိမိစိတ်ကို ဖြူစင်အောင်ထားနိုင်ကြပါစေ
ဆက်ဖတ်ရန်
ပို့စ်တင်သူ ။.............။ မောင်သိရီ on Friday 13 July 2012
0 ( မှတ်ချက်ရေးချင်ရင် )
ခေါင်းစဉ်အလိုက်ပို့စ်များ |
“ပညာရေးဆိုတာ ဧကရာဇ်ကြီး ဖြစ်ဖို့၊
တရားသူကြီး ဖြစ်ဖို့မဟုတ်ပါ။
ပြည်သူပြည်သားကောင်း ဖြစ်အောင် လေ့ကျင့်ပေးခြင်း” ပါတဲ့။
အတွေးအခေါ်ပညာရှင်ကြီး“ရူးဆိုး” (Rousseau) ရဲ့ ပညာရေးနဲ့ ဆိုင်တဲ့ အဆိုအမိန့်ပါ။ သူ့အဆိုဟာ ယနေ့အထိ မှန်ကန်နေဆဲပါ။ သူ့အဆိုကို ဘာထရန်ရပ်ဆဲလ်က“လူဆန်တဲ့ လူသားမွေးထုတ်ခြင်း” တဲ့။
ပညာရေးရဲ့ နောက်ဆုံးရလဒ်က....
ကောင်းမှု (ဓမ္မ) နဲ့ မကောင်းမှု (အဓမ္မ) တို့ကို ဝေဖန် ဆန်းစစ်နိုင်စွမ်းရှိပြီး အမှန်တရားကို သစ္စာခံတဲ့ ဘက်တော်သား ဖြစ်လာကာ လောက ကောင်းကျိုး စွမ်းစွမ်းတမံ သယ်ပိုးနိုင်သူ ဖြစ်လာခြင်းပါပဲ၊ အဲဒါမှ ပြည်သူ့သားကောင်း (good citizen) ပါ။
နိုင်ငံသားကောင်း၊ ပြည်သူ့သားကောင်းတစ်ယောက် ဖြစ်လာဖို့အတွက် ပြည်သူပြည်သားကောင်း တစ်ယောက် ရဲ့ အခွင့်အရေး၊ တာဝန်နဲ့ ၀တ္တရား၊ လေးစားလိုက်နာရမယ့် စည်းကမ်းတွေက ဘာတွေလဲ။
အဲဒါတွေ သိအောင်၊ ပြီးတော့ လေးစားကာ လိုက်နာကျင့်သုံးအောင် ဘယ်လိုလုပ်မှာလဲ...?
** ပြည်သူပြည်သားကောင်းဆိုတာ တစ်ဦးတစ်ယောက်အတွက် မဟုတ်ပါ။ နိုင်ငံအတွင်းရှိ ဆူကြုံနိမ့်မြင့် နိုင်ငံသား အားလုံး အတွက်ပါ။**
ပြည်သူပြည်သားကောင်း တစ်ယောက်မှာ ရှိသင့်ရှိထိုက်တဲ့ နိုင်ငံကြီးသား စိတ်ထား အရည်အသွေးတွေပြည့်ဝမှ ... အဲဒီနိုင်ငံဟာ ငြိမ်းချမ်းမှု၊ သာာယာမှုနဲ့ ပြည့်စုံပြီး ဖွံ့ဖြိုး တိုးတက်မှုကို အင်နဲ့အားနဲ့ ဆောင်ရွက်နိုင်မှာ။
ပြည်သူလူထုကို နိုင်ငံသားကောင်းတွေ ဖြစ်လာအောင်... အုံနဲ့ကျင်းနဲ့ အစုအဝေးနဲ့ လေ့ကျင့် ပေးနိုင်တဲ့လုပ်ငန်းက ပညာရေးပါပဲ။
ပညာရေးရဲ့ လုပ်ငန်းတွေ၊ မျှော်မှန်းချက်တွေကို ပြည့်ပြည့်၀၀ အကောင်အထည်ဖော်နေတဲ့ နေရာတွေကတော့ ကျောင်းတွေပါ။ မူကြို၊ မူလတန်းမှသည် ကောလိပ် တက္ကသိုလ် အမျိုးမျိုးအထိပါ။ များသောအားဖြင့် လူတွေက ထင်ကြပါတယ်။
*** ကျောင်းဆိုတာ “သင်” တဲ့နေရာ၊ အထူးသဖြင့် “စာသင်” တဲ့နေရာ***
တကယ်တမ်းမှာ ကျောင်းဆိုတာ လူသား တစ်ဦးချင်းကို လူကောင်းလူတော်ဖြစ်အောင် လေ့ကျင့်ပေး၊
ပြင်ပေးတဲ့ နေရာတွေမို့ ကျနော်တို့ ဆရာကြီးတွေက..... “လူပြင်” တဲ့ နေရာပါတဲ့။
လူကိုပြင်တယ်ဆိုတာ ရုပ်ဝတ္ထုလို ရိုက်နှက်၊ ထုထက် တပ်ဆင်လိုက်လို့ ပြီးတဲ့နေရာ မဟုတ်ပါ။ အကြိမ်ကြိမ် အထပ်ထပ်လေ့ကျင့်ပေးမှ ရတဲ့အရာပါ။ ဘ၀ တစ်လျှောက်လုံး လေးစားလိုက်နာကာ အထုံပါရမီလိုစွဲပြီး ကျင့်သုံး သွားသည်ထိ လေ့ကျင့်ပေးတာပါ။
ပြည်သူပြည်သားကောင်းဆိုတာ မိမိလိုက်နာရမယ့် ကျင့်ဝတ်ကို သိနေရုံနဲ့ မပြီးပါ။ လေးစားလိုက်နာ ကျင့်ကြံမှု နဲ့ ပြည့်စုံမှဖြစ်မှာပါ။ ပြည်သူပြည်သားကောင်း တစ်ယောက်အနေနဲ့ လေးစားလိုက်နာ တန်ဘိုးထားကျင့်သုံးရ မယ့်အရာမို့ “ပြည်သူ့နီတိ”(Civics) လို့သုံးနှုန်းတာပါ။
ကမ္ဘာ့နိုင်ငံများမှ ပညာရေး ပညာရှင်တွေ လက်ခံထားတာ က ပြည်သူ့နီတိနဲ့ ကျောင်းဆိုတာ ရုပ်နဲ့နာမ် (Body and Soul) လိုပါပဲ။ ခွဲခြားလို့ ရကောင်းတဲ့အရာ မဟုတ်ပါတဲ့။ ဘာလို့လဲဆိုတော့ ကျောင်းဆိုတာ ကလေးတွေကို ထူးချွန်ထက်မြက်တဲ့ ပြည်သူပြည်သားကောင်းဖြစ်အောင် လေ့ကျင့်ပေးတဲ့ နေရာ ဖြစ်လို့ပါပဲ။
ဒါကြောင့် ပြည်သူ့နီတိဟာ ကျောင်းမှာ မိသားစုမှာ ရပ်ကွက်၊ ကျေးရွာ၊ မြို့တွေမှာ ဘုရားကျောင်းမှာ အလုပ်ခွင် အသီးသီးမှာ၊ ပါတီတွေ၊ လူမှု အဖွဲ့အစည်းတွေမှာ၊ အားကစားအသင်းတွေ၊ မီဒီယာ အမျိုးမျိုးတွေနဲ့ နောက်ဆုံး ရွေးကောက်ပွဲတွေ၊ ရွေးကောက်ပွဲရဲ့စည်းရုံးရာမှာ မိမိရဲ့ကုန်ပစ္စည်း ကြော်ငြာအဆုံး ကျင့်သုံးလိုက်နာရမယ့် အရာပါ။
ပြည်သူ့နီတိဟာ တစ်ဦးချင်းမှသည် မိသားစု၊ မိသားစုမှသည် ကျောင်း၊ ရပ်ကွက်၊ အဖွဲ့အစည်းနှင့် နောက်ဆုံး မိမိနိုင်ငံနဲ့ ကမ္ဘာ့ရွာကြီး အဆင့်ထိ ကျင့်သုံးရမယ့် အသိနဲ့ အကျင့်ပါ။
ကျွန်တော်တို့ ငယ်ငယ်တုန်းက ကျောင်းတွေမှာ ဆရာကြီးဦးအုန်းမောင် ရေးသားတဲ့ “ပြည်သူ့နီတိ” ကို မူလတန်းမှ အလယ်တန်းအထိ သင်ကြားခဲ့ရပါတယ်။ နံနက် ကျောင်း စတက်တဲ့ အချိန်မှာ သင်ရတာပါ။
မူလတန်းမှာ “ပြည်သူ့နီတိ” (Civics) သက်သက်နဲ့ အလယ်တန်းမှာ “ပြည်သူ့နီတိနှင့် ကျန်းမာခြင်း” (Civics and hygiene) ဆိုပြီး သင်ကြားရပါတယ်။
ဆရာကြီးရေးတဲ့ မူလတန်း ပြည်သူ့နီတိအထဲမှာ.....
ပေါင်းသင်းရေးနှင့် ပညာရေး၊
စည်းကမ်း သေ၀ပ်ရေး၊
မကောင်းမှုကို မပြုသင့်ကြောင်း၊
အချိန်မှန်ခြင်း၊
လမ်း၌ ယဉ်ကျေးမှု၊
ကိုယ်ချင်းစာ၊
ဝတ္တရားရှိသူ၊
ယဉ်ကျေးမှု၊
မိဘစကား နာယူအပ်ခြင်း၊
တိရစ္ဆာန်များကို သနားခြင်း၊
ကျောင်းသမ၀ါယမ၊ သက်ကြီးပူဇော်ပွဲ၊ ငယ်စဉ်က ပညာသင်အပ်ခြင်း၊ ကျောင်း တာဝန်ခွဲဝေမှု၊ ထမ်းဆောင်ခြင်း၊ ကျေးရွာ တာဝန် ခွဲဝေ ထမ်းဆောင်ရေး၊ ခန္ဓာကိုယ် သန့်ရှင်ရေး၊ အ၀တ်သန့်ရှင်းရေး၊ ကျန်းမာရေးနှင့် သန့်ရှင်းရေး၊ ယဉ်ကျေးမှုနှင့် သန့်ရှင်းရေး”…..စသည်ဖြင့် သင်ကြားခဲ့ရပါတယ်။
ထို့အတူ အလယ်တန်း ပြည်သူ့နီတိမှာတော့ အပိုင်း နှစ်ပိုင်းရှိပါတယ်။
ပထမပိုင်းမှာ “အုပ်ချုပ်ရေး အခန်း”၊
ဒုတိယအပိုင်းမှာ “ကျန်းမာခြင်းပညာ”ဖြစ်ပါတယ်။
ပထမပိုင်းတွင်.....
“ပြည်သူ့အခွင့်အရေးနှင့် ပြည်သူ့ ၀တ္တရား၊
ကျေးရွာသားနှင့် သူကြီးဝတ္တရား၊ ဆယ်အိမ်ခေါင်း၊ ရွာခေါင်း၊ ကျေးရွာကော်မတီ၊ မြို့ပြအုပ်ချုပ်ရေး၊ မြူနီစီပယ်၊ မြို့ကော်မတီ ပေါင်းသင်းဆက်ဆံရေး လုပ်ငန်းများ ဖြေဖျော်မှု၊ ပျော်ပွဲရွှင်ပွဲများ၊ ပညာ ရှာမှီရာဌာနများ စသည်တို့ရှိပါသည်။ ကျန်းမာခြင်း အပိုင်းမှာ “အဆောက်အဦး သန့်ရှင်းရေး၊ သွားကို ဂရုစိုက်ရန်၊ ကွမ်းစားခြင်း အပြစ်များ အိပ်စက် အနားယူခြင်း၊ မီးဖိုဆောင်၊ လမ်းဘေးဆေးဆိုင်၊ ကာလ၀မ်းရောဂါ၊ လေအကြောင်း၊ ပလိပ်ရောဂါ၊”စသည်တို့ပါ။
တော်သလောက် ကောင်းပြီး စိတ်ရောကိုယ်ပါ ကျန်းမာကြံ့ခိုင်သော ပြည်သူပြည် သားကောင်း တစ်ယောက် ပေါ်ထွန်းလာရေးပါ။ ကျွန်တော်တို့ ကျောင်းတွေမှာ ပြည်သူ့နီတိ ဘာသာရပ်နှင့်ဝေးခဲ့ တာကြာပါပြီ။
နိုင်ငံတကာမှာ ပြည်သူ့နီတိကို ကျောင်းတွေမှာ သင်ကြားပေးတဲ့ ရည်ရွယ်ချက်ကတော့….
အဲဒီနိုင်ငံရဲ့ အနာဂတ်မှာ နိုင်ငံကြီးသားတွေ ပေါ်ထွန်းလာစေဖို့ပါ။
နိုင်ငံကြီးသားစိတ်ထား ကြွယ်ဝသူတွေအနေနဲ့ ပိုင်ဆိုင်ရမယ့်အရာတွေကတော့ -
(က) အသိတရားမြင့်မားစေခြင်း
၁။ စာရိတ္တ၏ တန်ဖိုး (ဥပမာ ရိုးသားမှု၊ လေးစားမှု၊ တာဝန်သိမှု၊ အကျင့်စာရိတ္တ ခိုင်မြဲမှု) ကို သိရှိခြင်း။
၂။ မိသားစုစိတ်ဓါတ် မြင့်မားမှု တန်ဖိုး (မိသားစု အချင်းချင်း မြတ်နိုးခြင်း၊ ဂရုစိုက်ခြင်း၊ မိသားစု၏ ဂုဏ်သိက္ခာကို လေးစား တန်ဖိုးထားခြင်း) ကို နားလည်ခြင်း။
၃။ အဖွဲ့အစည်းစိတ်ဓါတ် (အတန်းတွင်း၊ ကျောင်းတွင်း၊ ရပ်ကွက်တွင်း ပူးပေါင်းလုပ်ဆောင်မှု၏ တန်ဖိုးကို သိရှိ လာခြင်း) ကို သဘောပေါက်ခြင်း။
၎။ မိမိပတ်ဝန်းကျင်၏ လေးစားတန်ဖိုးထားခြင်းကို သိရှိလာခြင်း (အတန်း၊ ကျောင်း၊ ရပ်ရွာ ဂုဏ်တက်အောင် ပြုမှု ဆောင်ရွက်လိုစိတ်)
၅။ ရိုးရာဓလေ့ ယဉ်ကျေးမှုကို လေးစားရမည်ဟူသော အသိရှိလာခြင်း။
၆။ အမျိုးသားစံနှုန်းနှင့် နိုင်ငံသားကောင်း တစ်ယောက်၏ အရည်အသွေများကို သိရှိလာခြင်း။
(ခ) မြင့်မားသည့် စိတ်သဘောထား ရှိခြင်း
၁။ မိမိကိုယ်ကို ယုံကြည်မှု အပြည့်ရှိစွာဖြင့် တာဝန်ကို ထမ်းဆောင်နိုင်ခြင်း။
၂။ တာဝန်သိ၍ တာဝန်ယူ ဆောင်ရွက်လိုစိတ် ရှီခြင်း။
၃။ အခက်အခဲကို နောက်မဆုတ်ဘဲ ရင်ဆိုင် ကျော်လွှားနိုင်ခြင်း။
၎။ သူတစ်ပါးအား ရိုင်းပင်း ကူညီလိုစိတ် ပြည့်ဝခြင်း။
၅။ အသက်၊ ၀ါ၊ ပညာ၊ ဂုဏ်ကြီးသူကို ရိုသေလေးစားသည့် အလေ့အထရှိခြင်း။
၆။ လူအချင်းချင်း ဘ၀နောက်ခံ မတူမှုနှင့် စရိုက် ကွဲပြားမှုများကို အသိအမှတ်ပြုခြင်း။
၇။ သူတစ်ပါးအောင်မြင်အောင် ကူညီစွမ်းဆောင်ပေးလိုခြင်း။
၈။ ကွဲပြားသောလူမျိုး၊ ဘာသာ၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းများကို လေးစား တန်ဖိုးထားခြင်း။
၉။ ရပ်ရွာအကျိုး၊ လူထုအကျိုး၊ အဖွဲ့အစည်းကောင်းကျိုး သယ်ပိုးလိုစိတ် ပြင်းထန်ခြင်း။
၁၀။ လူမျိုးနဲ့ တိုင်းပြည်ကို ချစ်ပြီး ပြည်သူ့နီတိ ပြည့်ဝ၍ တာဝန်သိသော နိုင်ငံကြီးသား၏ အပြုအမူ အလေ့ အကျင့်ဖြင့် နေထိုင်ခြင်းတို့ ဖြစ်ပါသည်။
အထက်ပါ အချက်အာလုံးကို ခြုံလိုက်လျှင် ကျောင်းတွေမှာ ပြည်သူ့နီတိ သင်ကြားရခြင်းရဲ့ နောက်ဆုံး ရလဒ်ကတော့....
(က) နိုင်ငံသူနိုင်ငံသားကောင်း (Good citizen)
(ခ) လူတော်လူကောင်း (Good person)
(ဂ) ဒီမိုကရေစီ အကျင့်ကို လေးစားတန်ဖိုးထားသူ (သို့) ဒီမိုကရေစီဝါဒီကောင်း (Good democrat) တွေ ပေါ်ထွန်းလာခြင်းတို့ ပဲဖြစ်ပါတယ်။
ဒါကြောင့်မို့ ကျောင်းက ထွက်သွားတဲ့ လူငယ်တစ်ယောက်ကို လေ့ကျင့်ပေးလိုက်တဲ့ အရာအားလုံးအနက် ရင်ထဲ၊ ဦးနှောက်ထဲ စွဲကျန်ရစ်မယ့် အဓိက အရာကတော့ ပြည်သူ့နီတိပါပဲ။
ဆိုလိုတာက အဲဒီလူငယ်ဟာ ပြည်သူ့နီတိကို လေးစားလိုက်နာ ကျင့်သုံးသူ (Civic-minded person) ဖြစ်သွားဖို့ပါ။ ကမ္ဘာတစ်ဝန်းက လူ့အဖွဲ့အစည်း အားလုံးရဲ့ ငြိမ်းချမ်းသာယာ ဖွံ့ဖြိုးတိုးတက်မှုကို အဲဒီလို လူတွေကသာ ဆောင်ရွက်ကြမှာမို့ပါ။
ကျွန်တော်တို့ရဲ့ နိုင်ငံတော်က ချီတက်သွားနေတဲ့ လမ်ကြောင်းက ဒီမိုကရေစီလမ်းကြောင်းပါ။
ဒီမိုကရေစီဟာ နိုင်ငံကြီးသား စိတ်ထားကြွယ်ဝတဲ့ ပြည်သူပြည်သားကောင်းတွေနဲ့မှ အောင်အောင်မြင်မြင် ကျင့်သုံးနိုင်မှာ။ ဒါ့ကြောင့် နိုင်ငံတကာ ကျောင်းတွေမှာ ပြည်သူ့နီတိ သင်ကြားပေးတာဟာ…
“ဒီမိုကရေစီ အလေ့အကျင့် ရအောင် လေ့ကျင့်ပေးတာပါပဲ၊ ထို့အတူ ဒီမိုကရေစီ ထွန်းကားတဲ့နိုင်ငံတွေက ကျောင်းတွေမှာ ပြည်သူ့နီတိသင် ကြားပေးတာဟာ “နိုင်ငံရေးကောင်းဖို့” ပါတဲ့။ ပြည်သူ့နီတိ ကုံလုံတဲ့ နိုင်ငံသားတွေ ပေါပါမှ ဒီမိုကရေစီရဲ့ “စံ” ၊ အနှစ်သာရကို အကောင်အထည် ဖော်နိုင်မှာ ဖြစ်လို့ပါ။
ကလေးငယ်တွေဟာ ပြည်သူ့နီတိ သင်ကြားပေးမှု ကင်းမဲ့ခဲ့ရင်.....
ကြီးနိုင်ငယ်ညှဉ်းနဲ့ အတ္တစိတ်ထားကြီးသူ၊
စာနာစိတ်မဲ့သူ၊
စည်းကမ်းမလေးစားသူ၊
တာဝန်မသိတတ်သူတွေအဖြစ် ကြီးပြင်းလာမှာပါ။
အဲဒီစိတ်ထားဟာ ဒီမိုကရေစီလူ့အဖွဲ့အစည်းမှာ မရှိအပ်တဲ့ စိတ်ထားနဲ့ အကျင့်ပါ။
အဲဒီသူတွေလက်ထဲ ဒီမိုကရေစီ ရောက်သွားလို့ ကတော့ ၀ရုန်းသုန်းကား ဒီမိုကရေစီပဲ ဖြစ်ပါလိမ့်မယ်။
ကျွန်တော်တို့မျှော်မှန်းတာက “စံပြည့် ဒီမိုကရေစီ လူ့ဘောင်” ပါ။
အဲဒီလိုဖြစ်ဖို့ကတော့ ပြည်သူပြည်သားကောင်း၊ လူတော်၊ လူကောင်းနဲ့ ဒီမိုကရေစီ ၀ါဒီကောင်းတွေ
လေ့ကျင့်ပေးနိုင်စွမ်း ရှိတဲ့ “ပြည်သူ့နီတိ” ဘာသာရပ်ကိုကျောင်းတွေမှာ (အထူးသဖြင့် မူလတန်းနဲ့ အလယ်တန်းကျောင်း အဆင့်) မဖြစ်မနေ သင်ကြားပေးဖို့ လိုတဲ့ အချိန်ပါ။
ဒါမှမြန်မာတို့ရဲ့ “စံပြည့် ဒီမိုကရေစီ နိုင်ငံဆီသို့ ချီတက်ပွဲ” မှာ ဆူးညှောင့်၊ ခလုတ်၊ ကန်သင်း ကင်းကင်းနဲ့ အေးချမ်းသာယာစွာ ချီတက်နိုင်မှာပါ။
မူရင်းရေးသားသူ ။        ။ ဒေါက်တာမောင်သင်း
(ကျောင်းတွေမှာ ပြည်သူ့နီတိ သင်ကြားရေး)
ဆက်ဖတ်ရန်
ပို့စ်တင်သူ ။.............။ မောင်သိရီ on
0 ( မှတ်ချက်ရေးချင်ရင် )
ခေါင်းစဉ်အလိုက်ပို့စ်များ |
ချင်းမိုင်-ဇူလိုင် ၁၃ ရက် သောကြာနေ့
ချင်းမိုင်ရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများ စုပေါင်း၍ မဟာချူလာတက္ကသိုလ်တွင် တက်ရောက် ပညာသင်ကြားနေကြသော မြန်မာကျောင်းသား ရဟန်းတော် အပါး (၂၄) ပါးတို့အား ၀ါဆိုလျှာ သင်္ကန်း ဆက်ကပ် လှူဒါန်းပွဲကျင်းပမည်ဖြစ်ကြောင်းသိရသည်။
       အခမ်းအနားကို မဟာချူလာတက္ကသိုလ် ဟောခန်းမတွင် ကျင်းပမည်ဖြစ်ပြီး ပရိသတ် ၃၀၀ ခန့်မှ၄၀၀ အထိတက်ရောက်နိုင်သည့်အကျယ်အ၀န်းရှိကြောင်းနှင့်သံဃာတော်တို့အားသင်္ကန်းဆက်ကပ်ခြင်းအပါဝင်
အခန်း အနားတွင်ဗုဒ္ဓတရားတော်များဆိုင်ရာ ဆွေးနွေးခြင်း ဓမ္မစာပေများလှူဒါန်းခြင်း၊ရေစက်ချအမျှပေးဝေခြင်း များနှင့် စေတနာရှင် အသီးသီးတို့မှ လှူဒါန်းမှုများဆောင်ရွက်ကျင်းပမည်ဖြစ်ကြောင်းသိရသည်။
     မြန်မာပြည်သူပြည်သားများအလွယ်တကူလာရောက်တတ်ရန် အောက်ဖေါ်ပြပါ လမ်းညွှန်အတိုင်း လာရောက်နိုင်ကြကြောင်းသိရသည်။
အခန်း (၁၃၁) ၃ လွှာ၊ အစည်းဝေးခန်းမ
မဟာချူလာလောင်ကွန်းတက္ကသိုလ်၊ 
ဆက်ဖတ်ရန်
ပို့စ်တင်သူ ။.............။ ကိုကျော် on Thursday 12 July 2012
0 ( မှတ်ချက်ရေးချင်ရင် )
ခေါင်းစဉ်အလိုက်ပို့စ်များ |
မောင်အေး
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် ဂြင်းကြီးအုပ်စု ကပိုင်ချောင်းကျေးရွာရှိ သောက်ရေကန် နှစ်ကန်ကို မသမာသူ များမှ အဆိပ်ခတ်သွားကြောင်း သိရှိရသည်။
အဆိုပါ အဆိပ်ခတ်မှုကို ယမန်နေ့ ညနေပိုင်းက ပြုလုပ်သွားခြင်းဖြစ်ကြောင်း ကပိုင်ချောင်းကျေးရွာမှ အမျိုးသမီးတဦးက ပြောသည်။
“ ဘယ်သူခတ်သွားတယ် ဆိုတောတော့မသိဘူး။ ဒီနေ့မနက်က ငါးတွေသေနေတာတွေ့ရပါတယ်။ လူတွေ ထိခိုက်မှုတော့ မရှိသေးပါဘူး။ ဒီနေ့ ကျောက်ဖြူက ဆရာဝန်တွေ စစ်ဆေးဖို့လာမယ်လို့ ပြောတယ်။”
ယခုအခါ ကပိုင်ချောင်းကျေးရွာသို့ ရဲတပ်ဖွဲ့ဝင် ၁၅ ဦးခန့်ရောက်ရှိနေပြီး စုံစမ်း စစ်ဆေးမှုများ ပြုလုပ်ရန် စီစဉ် နေကြောင်းလည်း သူမကဆက်ပြောသည်။
“ ဒီမနေ့မနက်က ရဲတွေရောက်တယ်။ ကျောက်ဖြူက ဆရာဝန်ကြီးတွေ မရောက်သေးတဲ့အတွက် ဘာမှမ လုပ်ကြသေးဘူး။ ရွာသားတွေကို စစ်ဆေးမေးမြန်းတာလည်း မရှိသေးဘူး။ မွတ်ဆလင် လူမျိုး နှစ်ဦးကိုတော့ ရွာက လူတွေ သံသယ ရှိနေကြတယ်။ ဆရာဝန်တွေ အလာကို စောင့်နေကြ တယ်။”
ကပိုင်ချောင်းကျေးရွာမှာ ကျောက်ဖြူမြို့ အရှေ့ဘက် ၁၀ မိုင်ခန့်အကွာတွင် တည်ရှိသည်။
ဇွန်လ ၂၉ ရက်နေ့ကလည်း မြေပုံမြို့ မြို့သူမြို့သားများ သောက်သုံးနေသည့် အထက်တန်းကျောင်း ရှေ့တွင် တည်ရှိသည့် တရာတန်ကို မသမာသူများက အဆိပ်ခတ်ခဲ့သည်။
ဆက်ဖတ်ရန်
ပို့စ်တင်သူ ။.............။ ( MMSA ) on Thursday 5 July 2012
0 ( မှတ်ချက်ရေးချင်ရင် )
ခေါင်းစဉ်အလိုက်ပို့စ်များ |
မောင်အေး
ရခိုင်ပြည်နယ် မောင်တောမြို့တွင် ဖွင့်လှစ်ထားသော ဒုက္ခသည် စခန်း(၇) ခုသည်  နိုင်ငံခြား အန်ဂျီအိုများမှ လာရောက် လှူဒါန်းသော အကူအညီများကို လက်မခံဘဲ ငြင်းပယ်လိုက်သည်ဟု သတင်း ရရှိသည်။
မောင်တောမြို့ဒုက္ခသည်စခန်းတခုမှ မြင်ကွင်း
ယခုကဲ့သို့ ငြင်းပယ်ရခြင်းမှာ မရိုးသားမူများ ရှိနေ၍ ဖြစ်ကြောင်း ဒုက္ခသည်များ အဓိက ခိုလုံရာ နေရာ ဖြစ်သည့် အလိုတော်ပြည့်ကျောင်း ဆရာတော်က မိန့်ကြားသည်။
“ သူတို့ရဲ့  လူသားချင်း စာနာထောက်ထားခြင်း အားဖြင့် လူမျိုးမရွေး ဘာသာမရွေး ကူညီထောက်ပံ့ခြင်းဆိုတဲ့ ခေါင်းစီးစာတန်းကိုတော့ လေးစားပါတယ်။ ဒါပေမယ့်  အဲဒီစာတန်းရဲ့ နောက်ကွယ်မှာ မရိုးသားမှုတွေရှိနေတယ်။ ဘာဖြစ်လို့တုန်း ဆိုတော့  ခေတ် အဆက် ဆက်မှာ ဒီဒေသမှာရှိတဲ့  ငါတို့တိုင်းရင်းသားတွေကို ဒီနိုင်ငံခြားက အဖွဲ့အစည်းတွေ ကူညီထောက်ပံ့ခဲ့တယ်ဆိုတာ လက်ညှိုး ထိုးပြစရာ မရှိဘူး။ သူတို့အဖွဲ့အစည်းတွေက ဒီမှာရှိတဲ့ မူဆလင် ဘင်္ဂလီတွေကိုဘဲ ထောက်ပံ့တယ်” ဟု ဆရာတော်က ပြောသည်။
နိုင်ငံခြား အန်ဂျီအို သုံးခုသည် ဇူလိုင်လ ၃ ရက်နေ့က မောင်တောမြို့ပေါ်ရှိ ဒုက္ခသည် စခန်းများသို့ လာရောက်ပြီး အကူအညီပေးစဉ် ထိုသို့ ငြင်းပယ်ခံရခြင်း ဖြစ်သည်။
“ သူတို့က ဒီဒေသမှာ ဆန်ပေးတယ်။ ကျန်းမာရေးအခမဲ့ ပညာရေး အခမဲ့ ဒါတွေကို ဆောင်ရွက်ပေးတယ်။ တို့တိုင်းရင်းသားတွေ အတွက် မဟုတ်ဘူး။ သူတို့က တို့တွေ အတွက်  ဘာမှလုပ်ပေးခဲ့ တာမရှိဘူး။ မူဆလင် ရွာတွေမှာ လမ်းဖောက်ပေးတယ်။ ရေတွင်းတူးပေးတယ်။ ရေကန်ဖော်ပေးတယ်။ တို့တိုင်းရင်းသား ရွာတွေမှာ ဘာမှမရှိဘူး။  အဲသလို အခြေအနေမျိုးမှာ အခုတော့ အေးချမ်းစွာ လုပ်ကိုင်စားသောက်နေတဲ့ တို့ရင်းသားတွေကို ဒီအန်ဂျီအိုတွေ အားကိုးနဲ့ အကြမ်းဖက်ခြင်းခံရတယ်။ သာမန် အားဖြင့်ကြည့်ရင် ရခိုင်နဲ့ ကုလား အဓိကရုဏ်းဖြစ်တယ်လို့ မြင်နိုင်တယ်။  ဒီထက်လေးနက်တဲ့ အပိုင်းက နိုင်ငံတော်ရဲ့ အချုပ်အချာအာဏာကို ထိပါးတာဖြစ်တယ်”  ဟု ဆရာတော်က ပြောသည်။
“ အဲဒါကြောင့်မို့ မင်းတို့ ထောက်ပံ့တဲ့ ပစ္စည်းတွေကို ငါတို့မလိုအပ်ဘူး၊  မင်းတို့ မလာပါနဲ့လို့ ပြောလိုက်တယ်။ တို့လူမျိုးတွေက သူများကို အားကိုးတဲ့လူမျိုး မဟုတ်ဘူး။ ဒီလိုဘဲ ပြောပြီး သူတို့ကို ကျောင်းထဲက လွှတ်လိုက်တယ်” ဟု ဆရာတော်က ဆိုသည်။
ဇူလိုင်လ ၄ ရက်နေ့တွင်လည်း မာတေဇာ အပါအ၀င် အန်ဂျီအို တချို့  တခြား ဒုက္ခသည်စခန်းများသို့ သွားရောက် လှူဒါန်းရာတွင်လည်း ယခုကဲ့သို့ ငြင်းပယ်ခံရသည်ဟု ဆိုသည်။
“ နိုင်ငံခြား အန်ဂျီအိုတွေက ဆရာဝန်ကြီးတွေနဲ့ အတူ ပစ္စည်းတွေလှူဖို့ လာတယ်။ တစ်နေရာကလည်း လက်မခံဘူး။ ပြန်လွတ်လိုက်တယ်။ အင်္ဂလိပ်တယောက်လည်း ပါတယ်။ သူတို့ ဒီနေ့ ညနေ ၂ နာရီလောက်မှ မြို့ထဲက ပြန်သွားတယ်” ဟု မောင်တောမြို့ခံ တစ်ဦးက ပြောသည်။
ယခု မောင်တောမြို့နယ် အကြမ်းဖက်မူတွင် နိုင်ငံခြား အန်ဂျီအိုများမှ ဒေသခံ ၀န်ထမ်းများ နောက်ကွယ်က ပါဝင်နေသည်ဆိုသော သတင်းများ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်နေပြီး ယခုအခါ နိုင်ငံခြား အန်ဂျီအိုများ အပေါ် ဒေသခံ တိုင်းရင်းသားများက အထူး မကျေနပ်မူများ တိုးပွားနေသည်ဟု သိရသည်။
၎င်းပြင် ယူအန် လက်အောက်ခံ အဖွဲ့များနှင့် နိုင်ငံခြား အန်ဂျီအိုများသည် ဒေသခံ ရခိုင်တိုင်းရင်းသားများ အပေါ် ဆယ်စုနှစ်နှင့် ချီပြီး ခွဲခြား ဆက်ဆံမူများ ရှိခဲ့သည်ဟု ဒေသခံများက ပြောဆိုသည်။
ဆက်ဖတ်ရန်
ပို့စ်တင်သူ ။.............။ ( MMSA ) on
0 ( မှတ်ချက်ရေးချင်ရင် )
ခေါင်းစဉ်အလိုက်ပို့စ်များ |
From : The Voice Weekly ပဋိပက္ခ ဖြစ်ပွားခဲ့ခြင်းကြောင့် အရေးပေါ် ထုတ်ပြန် ကြေငြာခဲ့ရသည့် ရခိုင်ပြည်နယ်တွင် မြန်မာ နိုင်ငံသား စိစစ်ရေးကတ်ပြားများကို မှန်ကန်မှု ရှိမရှိ စစ်ဆေးလျက် ရှိပြီး ယင်းကတ်ပြား မရှိသူများအား လူဝင်မှု ကြီးကြပ်ရေး အက်ဥပဒေဖြင့် အရေးယူသွားမည် ဖြစ်ကြောင်း လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးခင်ရီက ပြန်လည် ဖြေကြားခဲ့သည်။ လက်ရှိ အခြေနေတွင် ရခိုင်ပြည်နယ်ရှိ ကယ်ဆယ်ရေး စခန်း ၆၇ ခုနှင့် နီးစပ်ရာ ရပ်ကွက် အတွင်းတွင် နိုင်ငံသားစိစစ်ရေး မှတ်ပုံတင်ကတ်ပြား ကိုင်ဆောင်ခြင်း ရှိမရှိကို စစ်ဆေးလျက် ရှိပြီး ယင်းပြည်နယ် အတွင်းရှိ ဝန်ထမ်း ၂၇၅ ဦးဖြင့် စစ်ဆေးလျက် ရှိပြီး နေပြည်တော် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ ဝန်ထမ်း ၈၅ ဦးကို ထပ်မံ စေလွှတ်မည် ဖြစ်ကြောင်း ဝန်ကြီး ဦးခင်ရီက ဖြည့်စွက် ပြောကြားသည်။ ရခိုင်ပြည်နယ်တွင် ဇွန်လဆန်းပိုင်းမှ စတင်ကာ ဖြစ်ပွားခဲ့သော ပဋိပက္ခများကြောင့် သေဆုံးသူ ဦးရေမှာ ၆၈ ဦးထိ ရောက်ရှိလာခဲ့ပြီး ဘူးသီးတောင်၊ မောင်တောမြို့နယ်များတွင် ဒေသခံ ရခိုင် တိုင်းရင်းသားများမှာ ဇာတိဒေသ၌ ဘင်္ဂါလီလူမျိုးများ အဆမတန် များပြားနေမှုကြောင့် နေရင်း ဒေသသို့ ပြန်မသွားရဲကြကြောင်း ရခိုင် တိုင်းရင်းသားများ တိုးတက်ရေးပါတီ ဗဟို အလုပ်မှုဆောင် တစ်ဦးက ပြောကြားသည်။
ဆက်ဖတ်ရန်
ပို့စ်တင်သူ ။.............။ younger on Monday 2 July 2012
0 ( မှတ်ချက်ရေးချင်ရင် )
ခေါင်းစဉ်အလိုက်ပို့စ်များ |
အနန္တအတုမရှိ ဗုဒ္ဓမြတ်စွာဘုရား
အလှူရှင်များအား MMSA အဖွဲ့မှ မှတ်တမ်းတင်ဂုဏ်ပြုလွှာပေးအပ်
အလှူရှင်များအား MMSA အဖွဲ့မှ မှတ်တမ်းတင်ဂုဏ်ပြုလွှာပေးအပ်
Mahidol University
International Buddhist Collage
မြန်မာ E Books
ထိုင်းနိုင်ငံ ရောက် ရွှေ့ပြောင်း မြန်မာအလုပ်သားမားများအတွက် ပညာရေး အခွင့်အလမ်းများ
MMSA ပရိတ်သတ်များ
ယခင်ပို့စ်အဟောင်းများ
အားပေးနေသော အပေါင်းသင်းများ
International News
တိုင်းရင်းသားသတင်းဌာနများစုစည်းမှု
သတင်းဌာနများစုစည်းမှု
ဘလော့ဂ်များစုစည်းမှု