MMSA ဘလော့စည်းမျဉ်းများ

* ဘာသာ သာသနာနှင့်လူမျိုးတို့၏ ဂုဏ်ကို ထိခိုက်ပျက်စီးစေတတ်သော အရေးအသားမျိုးကို ရှောင်ရှားရန်၊
* အချင်းချင်း ညီညွတ်မှု့ကို ပျက်စီးစေတတ်သော အကြောင်းများကို ရေးသားခြင်းမှ ရှောင်ရှားရန်၊
* သာသနာနှင့် မအပ်စပ်သော အဖွဲ့ဂုဏ်သိက္ခာကို ငြိုးနွမ်းစေတတ်သော ပုံများကိုတင်ခြင်းမှ ရှောင်ရှားရန်၊
* ပုဂ္ဂိုလ်ရေးဆိုင်ရာများထက် အများနှင့်သက်ဆိုင်သော အကျိုးများစေနိုင်သော ပုံများ စာများကိုသာ ရေးသားရန်၊
* MMSAသည် ပညာရေးအဖွဲ့စည်း ဖြစ်သည့် အတွက်နိုင်ငံရေးနှင့်သက်ဆိုင်သော အရေးအသားများကို ရေးခြင်းမှ ရှောင်ရှားရန်၊
* ဗုဒ္ဓဘာသာနှင့် မိမိတို့လေ့လာနေသော ပညာရပ်ဆိုင်ရာ အကြောင်းအရာများကို ဗဟုသုတအလို့ငှါ ရေးသား မျှဝေကြရန်၊

၁။ ။ အတီတံသေ ဗုဒ္ဓဿ ဘဂ၀တော အပ္ပဋိဟတံ ဥာဏံ။
အတိတ်ကာလ၌ အဆီးအတား အပိတ်အပင် မရှိသော ဥာဏ်တော်နှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား။
၂။ ။ အနာဂတံသေ ဗုဒ္ဓဿ ဘဂ၀တော အပ္ပဋိဟတံ ဥာဏံ။
အနာဂါတ်ကာလ၌ အဆီးအတား အပိတ်အပင်မရှိသော ဥာဏ်တော်နှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား။

၃။ ။ ပစ္စုပ္ပန္နံသေ ဗုဒ္ဓဿ ဘဂ၀တော အပ္ပဋိဟတံ ဥာဏံ။
ပစ္စုပ္ပန်ကာလ၌ အဆီးအတား အပိတ်အပင် မရှိသော ဥာဏ်တော်နှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား။
၎။ ။ သဗ္ဗံ ကာယကမ္မံ ဥာဏပုဗ္ဗင်္ဂမံ ဥာဏနုပရိဝတ္တံ။
အလုံးစုံ ကိုယ်ဖြင့် ပြုအပ်သောအမှုသည် ဥာဏ်ဖြင့်ယှဉ်လျှက် ဥာဏ်တော်သို့ အစဉ်လိုက်တော်မူသော မြတ်စွာဘုရား။
၅။ ။ သဗ္ဗံ ၀စီကမ္မံ ဥာဏပုဗ္ဗင်္ဂမံ ဥာဏာနုပရိဝတ္တံ။
အလုံးစုံ နှုတ်ဖြင့် ပြောဆိုအပ်သော အမှုသည် ဥာဏ်ဖြင့်ယှဉ်လျှက် ဥာဏ်တော်သို့ အစဉ်လိုက်တော်မူသော မြတ်စွာဘုရား။
၆။ ။ သဗ္ဗံ မနောကမ္မံ ဥာဏပုဗ္ဗင်္ဂမံ ဥာဏာနုပရိဝတ္တံ။
အလုံးစုံ စိတ်ဖြင့် ကြံစည်အပ်သော အမှုသည် ဥာဏ်ဖြင့်ယှဉ်လျှက် ဥာဏ်တော်သို့ အစဉ်လိုက်တော်မူသော မြတ်စွာဘုရား။
၇။ ။ နတ္ထိ ဆန္ဒဿ ဟာနိ။
သတ္တ၀ါတို့၏ အကျိုးစီးပွားကို ပြုလိုသော ဆန္ဒတော် ဆုတ်ယုတ်ခြင်း ရှိတော်မူသော မြတ်စွာဘုရား။
၈။ ။ နတ္ထိ ဓမ္မဒေသနာယ ဟာနိ။
တရားတော် ဟောပြောခြင်း၌ ဆုတ်ယုတ်ခြင်း ရှိတော်မမူသော မြတ်စွာဘုရား။
၉။ ။ နတ္ထိ ၀ီရိယဿ ဟာနိ။
သတ္တ၀ါတို့၏ အကျိုးစီးပွားကို ပြုလိုသော ၀ီရိယတော် ဆုတ်ယုတ်ခြင်း ရှိတော်မမူသော မြတ်စွာဘုရား။
၁၀။ ။ နတ္ထိ ၀ိပသနာယ ဟာနိ။
ဝိပသနာ ပညာတော် ဆုတ်ယုတ်ခြင်း ရှိတော်မမူသော မြတ်စွာဘုရား။
၁၁။ ။ နတ္ထိ သမာဓိဿ ဟာနိ။
စိတ်တည်ကြည်မှု သမာဓိတော် ဆုတ်ယုတ်ခြင်း ရှိတော်မမူသော မြတ်စွာဘုရား။
၁၂။ ။ နတ္ထိ ၀ိမုတ္တိယာ ဟာနိ။
အရဟတ္တဖိုလ် ၀င်စားခြင်း၌ ဆုတ်ယုတ်ခြင်း ရှိတော်မမူသော မြတ်စွာဘုရား။
၁၃။ ။ နတ္ထိ ဒ၀ါ။
ရယ်မြူးလို၍ ပြောဆိုစကား ရှိတော်မမူသော မြတ်စွာဘုရား။
၁၄။ ။ နတ္ထိ ရ၀ါ။
သတိလွတ်၍ ပြောဆိုစကား ရှိတော်မမူသော မြတ်စွာဘုရား။
၁၅။ ။ နတ္ထိ အပ္ဖုဋံ။
ဥာဏ်တော်မမှီ မသိသောအရာ ရှိတော်မမူသော မြတ်စွာဘုရား။
၁၆။ ။ နတ္ထိ ဝေဂါယိတတ္တံ။
မဆင်မခြင် လျင်မြန်စွာပြုသောအမှု ရှိတော်မမူသော မြတ်စွာဘုရား။
၁၇။ ။ နတ္ထိ အဗျာဝဋမနော။
နှောက်ယှက်တွန့်တို ပိတ်ပင်သော နှလုံးရှိတော်မမူသော မြတ်စွာဘုရား။
၁၈။ ။ နတ္ထိ အပ္ပဋိသင်္ခါနပေက္ခာ။
ဆင်ခြင်လွတ်ကင်း လျှစ်လျူနေခြင်း ရှိတော်မမူသော မြတ်စွာဘုရား။

ရည်ညွှန်း။      ။
http://www.dhammaflavour.net

ပို့စ်တင်သူ ။.............။ thadawa on Saturday 14 July 2012
ခေါင်းစဉ်အလိုက်ပို့စ်များ

0 ( မှတ်ချက်ရေးချင်ရင် )

အနန္တအတုမရှိ ဗုဒ္ဓမြတ်စွာဘုရား

အလှူရှင်များအား MMSA အဖွဲ့မှ မှတ်တမ်းတင်ဂုဏ်ပြုလွှာပေးအပ်

အလှူရှင်များအား MMSA အဖွဲ့မှ မှတ်တမ်းတင်ဂုဏ်ပြုလွှာပေးအပ်

Mahidol University

International Buddhist Collage

မြန်မာ E Books

ထိုင်းနိုင်ငံ ရောက် ရွှေ့ပြောင်း မြန်မာအလုပ်သားမားများအတွက် ပညာရေး အခွင့်အလမ်းများ

MMSA ပရိတ်သတ်များ

ယခင်ပို့စ်အဟောင်းများ

အားပေးနေသော အပေါင်းသင်းများ

International News

တိုင်းရင်းသားသတင်းဌာနများစုစည်းမှု

သတင်းဌာနများစုစည်းမှု

ဘလော့ဂ်များစုစည်းမှု