MMSA ဘလော့စည်းမျဉ်းများ

* ဘာသာ သာသနာနှင့်လူမျိုးတို့၏ ဂုဏ်ကို ထိခိုက်ပျက်စီးစေတတ်သော အရေးအသားမျိုးကို ရှောင်ရှားရန်၊
* အချင်းချင်း ညီညွတ်မှု့ကို ပျက်စီးစေတတ်သော အကြောင်းများကို ရေးသားခြင်းမှ ရှောင်ရှားရန်၊
* သာသနာနှင့် မအပ်စပ်သော အဖွဲ့ဂုဏ်သိက္ခာကို ငြိုးနွမ်းစေတတ်သော ပုံများကိုတင်ခြင်းမှ ရှောင်ရှားရန်၊
* ပုဂ္ဂိုလ်ရေးဆိုင်ရာများထက် အများနှင့်သက်ဆိုင်သော အကျိုးများစေနိုင်သော ပုံများ စာများကိုသာ ရေးသားရန်၊
* MMSAသည် ပညာရေးအဖွဲ့စည်း ဖြစ်သည့် အတွက်နိုင်ငံရေးနှင့်သက်ဆိုင်သော အရေးအသားများကို ရေးခြင်းမှ ရှောင်ရှားရန်၊
* ဗုဒ္ဓဘာသာနှင့် မိမိတို့လေ့လာနေသော ပညာရပ်ဆိုင်ရာ အကြောင်းအရာများကို ဗဟုသုတအလို့ငှါ ရေးသား မျှဝေကြရန်၊

သိပ္ပံတော်ပါသည် လောကီအရာ၌ တော်ပါသည်။ သို့သော် သိပ္ပံကိုလိုအပ်သည်ထက်ပို၍ မွှန်းကာ အရမ်းအထင်ကြီးလာသောအခါ ဗုဒ္ဓဘာသာကို နှိမ်သကဲ့သို့ ဖြစ်လာသည်။ ဗုဒ္ဓဘာသာကို အထင်သေးစ ပြုလာသည်။ ဗုဒ္ဓဘာသာအယူအဆများ မှေးမှိန်လာသည်။ ဤကိစ္စမှာ မဖြစ်သင့်ပါ၊ ဗုဒ္ဓဘာသာသည် လောကုတ္တရာ အမှန်တရားဖြစ်သည်၊ သိပ္ပံသည် လောကီအမှန်တရားဖြစ်သည်။ ထို့ကြောင့် ကိုယ့်တန်ဖိုးနှင့်ကိုယ် ထိုက်တန်ရုံသာ သတ်မှတ်ခြင်းခံယူသင့်သည်၊ သိပ္ပံကို လိုအပ်သည်ထက်ပို၍ အထင်ကြီးသောအခါ ဗုဒ္ဓဘာသာကို အထင်သေးသကဲ့သို့ ဖြစ်လာသည်၊ ဤအခြေအနေမှာ မလိုလားအပ်ပါ။
ထိုအတူ ကမ္ဘာကို လေးစားပါ – သို့သော် မြန်မာကိုအထင်သေးလောက်အောင် ကမ္ဘာကို လေးစားစရာ မလိုပါ။ မြန်မာသည် ကိုယ့်တိုင်းပြည်၊ ကိုယ့်လူမျိုး၊ ကိုယ့်ဘာသာ၊ ကိုယ့်သာသနာနှင့်ကိုယ် နေခဲ့သည်၊ သမိုင်းအစဉ်အဆက် ရှိခဲ့သည်။ ထို့ကြောင့် ကိုယ့်တန်ဖိုးကို ဖော်ဆောင်ရမည်။ ကမ္ဘာ့တန်ဖိုးကိုသာ ဖော်ဆောင်လျှက်၊ မြန်မာ့ တန်ဖိုးကို နှိမ့်ချခြင်းသည် မမှန်ကန်ရာကျသည်၊ မစစ်မှန်ရာကျသည်။ ကမ္ဘာမှ မည်သည့်ပုဂ္ဂိုလ်များက လှုံ့ဆော်တိုက်တွန်း နေသည်မသိ – မြန်မာကို မြန်မာချင်း အထင်သေးအောင်၊ ကမ္ဘာကို အထင်ကြီးအောင် မဲဆွယ်ဝါဒဖြန့်နေကြခြင်းသည် မှားယွင်းသော ဝါဒဖြန့်ခြင်းသာဖြစ်၍ မြန်မာနိုင်ငံ နစ်နာနိုင်သည်။ ထို့ကြောင့် ကမ္ဘာကို အထင်ကြီးပါ – သို့သော် မြန်မာကို အထင်သေးလောက်အောင် အထင်ကြီးစရာ မလိုပါဟု သတိပေးရခြင်းဖြစ်သည်။
သိပ္ပံကို လေးစားပါ – သို့သော် ဗုဒ္ဓဘာသာကို လျှော့တွက် လောက်အောင် သိပ္ပံကို လေးစားစရာ မလိုအပ်ကြောင်း သတိပေးနေရခြင်း ဖြစ်သည်။ ကိုယ့်သစ္စာနှင့်ကိုယ် ရပ်တည်နေသော ဗုဒ္ဓဘာသာနှင့်မြန်မာနိုင်ငံကို ကမ္ဘာနှင့်သိပ္ပံတို့သည် လွှမ်းမိုး၍မတရား သွေးထိုး တန်ဖိုးမဲ့ လုပ်ခြင်းသည် စစ်မှန်သောလုပ်ရပ် မဟုတ်မူ၍၊ အမှန်ကိုဖော်ဆောင်ရာ ကမ္ဘာ၏လေးစားဖွယ်ရာ ကောင်းသည်မှာ အကန့်အသတ်ရှိသကဲ့သို့၊ မြန်မာ၏တန်ဖိုးထားစရာ အချက်အလက်များကိုလည်း မမေ့ မလျှော့အပ်ကြောင်း ဖော်ပြရမည်။ သိပ္ပံ၏လောကီ အသုံးအဆောင် လူမှုရေးအထောက်အပံ့ ဖြစ်ခြင်းကို အကန့်အသတ်နှင့် တန်ဖိုးထားကာ ဗုဒ္ဓဘာသာ၏ လောကုတ္တရာ အရိယာသစ္စာ ဥာဏ်ပညာ ရှာဖွေ ဆည်းပူးနိုင်ကြောင်းကို တန်ဖိုးလျှော့ မထီမဲ့မြင် မပြုအပ်ကြောင်း သတိပေးရေးသား နေပါသည်။
ဒေါက်တာချစ်ငယ်(ဒဿန)
M.A, Ph.D (Doctor of Philosophy in Religious Sciences) London.
chitngephilo@chitnge.com
မြန်မာနိုင်ငံ

ပို့စ်တင်သူ ။.............။ လခြမ်းမြီ on Thursday 17 February 2011
ခေါင်းစဉ်အလိုက်ပို့စ်များ

0 ( မှတ်ချက်ရေးချင်ရင် )

အနန္တအတုမရှိ ဗုဒ္ဓမြတ်စွာဘုရား

အလှူရှင်များအား MMSA အဖွဲ့မှ မှတ်တမ်းတင်ဂုဏ်ပြုလွှာပေးအပ်

အလှူရှင်များအား MMSA အဖွဲ့မှ မှတ်တမ်းတင်ဂုဏ်ပြုလွှာပေးအပ်

Mahidol University

International Buddhist Collage

မြန်မာ E Books

ထိုင်းနိုင်ငံ ရောက် ရွှေ့ပြောင်း မြန်မာအလုပ်သားမားများအတွက် ပညာရေး အခွင့်အလမ်းများ

MMSA ပရိတ်သတ်များ

ယခင်ပို့စ်အဟောင်းများ

အားပေးနေသော အပေါင်းသင်းများ

International News

တိုင်းရင်းသားသတင်းဌာနများစုစည်းမှု

သတင်းဌာနများစုစည်းမှု

ဘလော့ဂ်များစုစည်းမှု