MMSA ဘလော့စည်းမျဉ်းများ

* ဘာသာ သာသနာနှင့်လူမျိုးတို့၏ ဂုဏ်ကို ထိခိုက်ပျက်စီးစေတတ်သော အရေးအသားမျိုးကို ရှောင်ရှားရန်၊
* အချင်းချင်း ညီညွတ်မှု့ကို ပျက်စီးစေတတ်သော အကြောင်းများကို ရေးသားခြင်းမှ ရှောင်ရှားရန်၊
* သာသနာနှင့် မအပ်စပ်သော အဖွဲ့ဂုဏ်သိက္ခာကို ငြိုးနွမ်းစေတတ်သော ပုံများကိုတင်ခြင်းမှ ရှောင်ရှားရန်၊
* ပုဂ္ဂိုလ်ရေးဆိုင်ရာများထက် အများနှင့်သက်ဆိုင်သော အကျိုးများစေနိုင်သော ပုံများ စာများကိုသာ ရေးသားရန်၊
* MMSAသည် ပညာရေးအဖွဲ့စည်း ဖြစ်သည့် အတွက်နိုင်ငံရေးနှင့်သက်ဆိုင်သော အရေးအသားများကို ရေးခြင်းမှ ရှောင်ရှားရန်၊
* ဗုဒ္ဓဘာသာနှင့် မိမိတို့လေ့လာနေသော ပညာရပ်ဆိုင်ရာ အကြောင်းအရာများကို ဗဟုသုတအလို့ငှါ ရေးသား မျှဝေကြရန်၊

ဂူဂဲလ်နဲ့ တရုတ် ပြဿနာ (ဒုတိယအကျော့)


ပြီးခဲ့တဲ့အပတ်မှာ ဂူဂဲလ်နဲ့ ပေကျင်းအစိုးရ ထိပ်တိုက် ထပ်တိုး ပြန်ပါတယ်။ တရုတ်အစိုးရ ဆင်စာအဖွဲ့က ဂူဂဲလ်ရဲ့ အီးမေးလ် တွေကို ၀င်ရောက် နှောင့်ယှက်နေတယ်ဆိုပြီး အွန်လိုင်းကုမ္ပဏီကြီးက စွတ်စွဲပါတယ်။


ဂူဂဲလ်ရဲ့ ကြေငြာချက်မှာ တရုတ် အွန်လိုင်းသုံးသူများ Gmail ထဲ မ၀င်နိုင်အောင် တရုတ် အစိုးရက ရည်ရွယ်ချက်ရှိရှိ စနစ်တကျ ပိတ်ဆို့ထားတယ်လို့ ဖော်ပြထားပါတယ်။ တရုတ် နိုင်ငံခြားရေး ၀န်ကြီး ဌာနကတော့ ဂူဂဲလ် ရဲ့ ကြေငြာချက်ဟာ ‘လက်ခံနိုင်ဖွယ် မရှိတဲ့ စွတ်စွဲများ’ ဖြစ်တယ်လို့ တုံ့ပြန် ပြောဆိုခဲ့ပါတယ်။

တရုတ်အစိုးရက အာရပ်တော်လှန်ရေးမျိုးတွေ တရုတ်ပြည်တွင်းမှာ ဖြစ်လာမှာ စိုးရိမ်တဲ့အတွက် အွန်လိုင်း ဆင်စာဖြတ်မှုကို ယခု ရက်ပိုင်းတွေအတွင်း တင်းတင်းရင်းရင်း လုပ်ဆောင်လာနေပါတယ်။ ယခုနှစ် အစောပိုင်းမှာ ဂူဂဲလ် ကုမ္ပဏီက တရုတ်အစိုးရရဲ့ ဆင်စာဖြတ်မှုကို လက်မခံနိုင်တဲ့အတွက် ၄င်းရဲ့ တရုတ် ဘာသာစကားနဲ့ search engine ဆိုဒ်ကို ဟောင်ကောင်ကို ပြောင်းရွှေ့ခဲ့ပါတယ်။



အိုင်ဗရီကို့စ် မှ ပြည်တွင်းစစ်

ယခုအပတ်ထဲမှာပဲ အိုင်ဘီရီကို့စ် နိုင်ငံဟာ ပြည်တွင်းစစ်ကို ပြန်လှည့်သွားခဲ့ပါတယ်။ လူ ၁ သန်းကျော် မြို့တော် အဘီဂျန်မှ အိမ်နီးချင်း လိုက်ဘေးရီးယား နိုင်ငံကို ထွက်ပြေးခဲ့ကြပါတယ်။ လူငယ် ထောင်ပေါင်းများစွာ လက်နက်ကိုင်စွဲခဲ့ကြပြီး ပစ်ခတ်မှုများကြောင့် လူ ၅၀၀ ကျော် သေဆုံးသွားခဲ့ရပါတယ်။

တာဝန်ယူဆဲ သမ္မတ လောရန့် ဂါဘဂ်ဘို နဲ့ နိုင်ငံတကာ အသိအမှတ်ပြု သမ္မတ အလာဆန် ၀တ်တရာ တို့နှစ်ဦးအကြား လိပ်ခဲတည်းလည်း နိုင်ငံရေး ပဋိပက္ခတွေကနေ ပြည်တွင်းစစ် ထပ်မံပေါ်ထွက်လာခြင်း ဖြစ်ပါတယ်။

နိုင်ငံတကာ ညွန့်ပေါင်းတပ်များ လစ်ဗျားကို ၀င်ရောက်ပြီးနောက်၊ အရပ်သားများ မသေဆုံးအောင် နောက်ထပ် ၀င်ရောက် အကာအကွယ်ပေးရမယ့် နိုင်ငံကတော့ အိုင်ဗရီကို့စ် ဖြစ်နိုင်ခြေ များလာပါတယ်။ ကုလသမဂ္ဂ တပ်တွေ အိုင်ဗရီကို့စ် မှာ ဆက်တပ်စွဲထားဖို့ကိုလည်း အာဖရိကသမဂ္ဂ က လုံခြုံရေးကောင်စီကို တရားဝင် အကူအညီ တောင်းထားပါတယ်။

ပြင်သစ်က လစ်ဗျား အရေးမှာ တက်ကြွသလို၊ အိုင်ဗရီကို့စ် အရေးမှာလည်း ရှေ့က ဦးဆောင်ချင်နေပါတယ်။ မြို့တော် အဘီဂျန်မှာ ပြည်တွင်းစစ် မဖြစ်ရေး ၀င်တားဖို့ အဆိုပြုချက်ကို သောကြာနေ့က လုံခြုံရေးကောင်စီမှာ ပြင်သစ်က အရင်ဆုံး တင်ခဲ့ပါတယ်။

အာဖရိကရဲ့ ပထ၀ီ နိုင်ငံရေး အရေးပါမှု၊ ဆိုးရွားတဲ့ ပြည်တွင်းစစ်တွေ သမိုင်းတွေ ရှိခဲ့မှုကြောင့် အိုင်ဗရီကို့စ် ကို နိုင်ငံတကာ ၀င်ရောက် ဖြေရှင်းရမယ့် အခြေအနေ ဖြစ်လာပါတယ်။



ပြုတ်ကျသွားတဲ့ ကနေဒါ အစိုးရ


အီဂျစ် သမ္မတ ဟို့စ်နီ မူဘာရခ် ပြုတ်ကျသွားသလို ပြဇာတ်ဆန်ဆန် မဟုတ်ဘဲ၊ မတ်လ ၂၅ ရက်နေ့က တိုးတိုးတိတ်တိတ်နဲ့ ကနေဒါ ပါလီမန်မှာ ၀န်ကြီးချုပ် စတီဖင် ဟတ်ပါ ရဲ့ အစိုးရတဖွဲ့လုံး အယုံအကြည်မရှိ မဲနဲ့ ပြုတ်ကျသွားခဲ့ပါတယ်။

ကနေဒါ အဓိက အတိုက်အခံ ပါတီကြီး သုံးခု ပူးပေါင်းပြီး ၂၀၀၆ ခုနှစ်ကတည်းက အာဏာရထားတဲ့ ၀န်ကြီးချုပ် ဟတ်ပါ ကို ၀ိုင်းတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ အဓိက အချက်ကတော့ အစိုးရအဖွဲ့ရဲ့ ဘတ်ဂျက် အသုံးစရိတ်များမှာ သံသယဖြစ်ဖွယ်တွေ ရှိလို့ ဖြစ်ပါတယ်။ မေလအစောပိုင်းမှာ ရွေးကောက်ပွဲ ပြန်ကျင်းပမှာ ဖြစ်ပြီး စတင်ဖင် ဟတ်ပါ ၀င်ပြိုင်မှာ ဖြစ်ပါတယ်။ ကနေဒါက လစ်ဗျားကို တိုက်ခိုက်ရေးမှာ ဦးဆောင်နိုင်ငံအဖြစ် ပါခဲ့ပေမဲ့ ကနေဒါကို ဘယ်သူ ဦးဆောင်မလဲဆိုတာတော့ မေးခွန်းထုတ်စရာ ဖြစ်နေပါတယ်။


ယူကရိန်း သမ္မတဟောင်း လူသတ်မှုနဲ့ တရားစွဲခံရ

ယခုအပတ်ထဲမှာပဲ ယူကရိန်း သမ္မတ လီယိုနဒ် ကုချမာ ကို ၂၀၀၀ ခုနှစ်က ဂျာနယ်လစ် ဂျော်ဂျီ ဂွန်ဂါဒဇ် ကို သတ်ခဲ့တဲ့အမှုနဲ့ ယူကရိန်း တရားရုံးတစ်ခုမှာ စုံစမ်း စစ်ဆေးနေပါတယ်။ အသက် ၃၁ နှစ်ရှိ သတင်းထောက်ကို ရက်ရက်စက်စက် သတ်ဖြတ်ဖို့ သမ္မတရဲ့ အမိန့်ပေးခဲ့မှုက ယူကရိန်း တစ်နိုင်ငံလုံးကို ရှော့ဖြစ်သွားစေပါတယ်။

နောက် သမ္မတကိုယ်တိုင်က သေဆုံးသူ သတင်းထောက်ကို အပေးအယူလုပ် ခြိမ်းခြောက်စကားတွေ ပြောခဲ့တဲ့ အသံဖိုင်ကိုလည်း သက်သေအထောက်အထားအဖြစ် ရုံးတင်နိုင်ခဲ့ပါတယ်။ ဒီဖြစ်ကြောင့် ၂၀၀၃ ခုနှစ်မှာ လိမ္မော်ရောင် တော်လှန်ရေး ဖြစ်ပေါ်လာပြီး သမ္မတ ကုချမာ နဲ့ အဖွဲ့ကို အာဏာကနေ ပြုတ်ကျအောင် တွန်းအား ပေးနိုင်ခဲ့ကြပါတယ်။

ပြည်ထဲရေး ၀န်ကြီးဌာန ၀န်ထမ်းတစ်ယောက်ကလည်း သတင်းထောက် ဂွန်ဂါဒဇ် ရဲ့ ခေါင်းကို ပုဆိန်နဲ့ ခုတ်ဖြတ်ဖို့ သမ္မတ ကိုယ်တိုင်က အမိန့်ပေးခဲ့ကြောင်း သက်သေထွက်ဆိုပါတယ်။ ယခု ယူကရိန်း တရားရုံးမှာ သမ္မတဟောင်းကို စွတ်စွဲတဲ့ အဆင့် ကျော်လွန်သွားပြီး၊ အရေးယူဖို့ လုပ်ဆောင်နေကြပါပြီ။



ဆိုမာလီယာ ကို ကျူးကျော်တဲ့ ကင်ညာ

ကင်ညာ စစ်တပ်တွေက နယ်စပ်ကို ဖြတ်ပြီး အိမ်နီးချင်း ဆိုမာလီယာ နိုင်ငံထဲ ယခုရက်ပိုင်းအတွင်း ၀င်ရောက်ခဲ့ပါတယ်။ ဆိုမာလီယာရှိ အစ္စလမ် စစ်သွေးကြွ အယ်လ် ရှာဘာအက် အဖွဲ့ကို တိုက်ခိုက်နှိမ်နင်းဖို့ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ငါးနှစ်လောက်ကတည်းက သူပုန်တွေ နှိမ်နင်းဖို့ ဆိုမာလီယာ အစိုးရရဲ့ တောင်းဆိုမှုကြောင့် ကင်ညာ စစ်တပ်က တိုက်ရိုက်ဝင်ရောက် အကူအညီ ပေးနေခဲ့ပါတယ်။ ဆိုမာလီယာမှာ အယ်လ် ရှာဘာအက် သူပုန်တွေ အသာစီးရသွားခဲ့ရင် အယ်လ် ကိုင်ဒါ အကြမ်းဖက်တွေအတွက် အာဖဂနစ္စတန်လို နေရာသစ်မျိုး ထပ်ရရှိသွားမှာ ဖြစ်ပါတယ်။

အယ်လ် ရှာဘာအက် သူပုန်တွေက ဆိုမာလီယာ နိုင်ငံတွင်းတင် မကတော့ဘဲ ပြည်ပအထိ အကြမ်းဖက် လုပ်ငန်းတွေ ထွက်လုပ်လာပါတယ်။ ပြီးခဲ့တဲ့နှစ် ဇူလိုင်လမှာ ယူဂန်ဒါနိုင်ငံရှိ စားသောက်ဆိုင်တွေကို ဗုံးခွဲခဲ့တာကြောင့် လူအများအပြား သေဆုံးခဲ့ပါတယ်။

ဒါပေမဲ့ အခု ကင်ညာစစ်တပ်ရဲ့ ဆိုမာလီယာထဲ ၀င်ရောက်ပြီး သူပုန်နှိမ်နင်းမှုက အစ္စလာမ် စစ်သွေးကြွတွေပဲ လျှော့ကျသွားမလား၊ အခြားနိုင်ငံတွင်း ၀င်ရောက်စွက်ဖက်မှုကြောင့် ပြဿနာတွေ ပိုရှုပ်ထွေးလာမလား ဆိုတာ အဖြေ မသဲကွဲသေးပါဘူး။



မက္ကစီကိုရှိ အမေရိကန် သံအမတ်ကို ပြန်ခေါ်



မက္ကစီကိုရှိ အမေရိကန် သံအမတ် ကားလို့စ် ပါစ်ကောရဲလ် မှာ ၀ီကီလိခ်စ် ရဲ့ ထိုးနှက်ချက် လတ်လတ်ဆတ်ဆတ် ခံရသူ ဖြစ်လာပါတယ်။ မက္ကစီကို အစိုးရရဲ့ မူးယစ်ဆေးဝါး စစ်ဆင်မှုနဲ့ အတွင်းသတင်း ပေါင်းစုံကို အိမ်ဖြူတော် အမြဲပို့နေတဲ့အကြောင်း ၀ီကီလိခ်စ် က ထပ်မံဖွင့်ချလိုက်တာကြောင့် အမေရိကန် အစိုးရ အရှက်တကွဲ ဖြစ်သွားတာမို့ သူ့ကို ၀ါရှင်တန် ပြန်ခေါ်လိုက်ရပါတယ်။

အမေရိကန် သံအမန် ပါစ်ကောရဲလ် ဟာ မက္ကစီကို စစ်တပ်အပေါ် ခပ်ကြောင်ကြောင် ဝေဖန်စကားတွေ ပြောတတ်သောကြောင့် သူ့နေရာ အခြားတယောက် အစားထိုးပေးဖို့ မက္ကစီကို သမ္မတ ဖလစ်ပီ ကာလ်ဒရွန် က အကြိမ်ကြိမ် တောင်းဆိုခဲ့ပေမဲ့၊ အမေရိကန် အစိုးရက အပြောင်းအလဲ မလုပ်ခဲ့တာကိုလည်း ၀ီကီလီခ်စ် က ဖွင့်ချထားပါတယ်။ မက္ကစီကို အစိုးရရရဲ့ အတွင်းသတင်း ပေါင်းစုံကို စပိုင်လုပ် အိမ်ဖြူတော်ကို သတင်း ပို့ပေးနေတဲ့ ပါစ်ကော်ရဲလ် ကို မက္ကစီကို အစိုးရ ငြိုငြင်နေတာ ကြာပါပြီ။ ယခု ၀ီကီလိခ်စ် က ဖွင့်ချပြီးနောက် အမေရိကန် အစိုးရက ၀ါရှင်တန်ကို ပြန်ခေါ်ခဲ့ရပါတယ်။



အဂတိလိုက်စားမှုတွေကြားက မစ္စတာ ဆင်း



အိန္ဒိယမှာ တယ်လီဖုန်းနဲ့ သတင်းဆက်သွယ်ရေး ၀န်ကြီးဟောင်းရဲ့ အဂတိလိုက်စားမှု သတင်းအပုတ်နံ့တွေ လှိုင်နေချိန်မှာပဲ၊ အိန္ဒိယ အာဏာရ ကွန်ဂရက်ပါတီရဲ့ အတွင်းသတင်းတွေကို ရက်ပိုင်းအတွင်း ၀ီကီလိခ်က ထပ်မံ ဖွင့်ချလိုက်ပါတယ်။ ၂၀၀၈ ခုနှစ် ပါလီမန်မှာ အစိုးရကို အယုံအကြည်မရှိ အရေးကြီးတဲ့ မဲခွဲ ဆုံးဖြတ်မှုမှာ ကွန်ဂရက်ပါတီ အမတ်တွေက မဲတွေ အကြီးအကျယ် ၀ယ်ခဲ့တဲ့ အထောက် အထားတွေကို ၀ီကီလိခ်စ် က ထပ်ဖွင့်ချတာ ဖြစ်ပါတယ်။

နောက် အိန္ဒိယနဲ့ အမေရိကန် အစိုးရ အကြား မသင်္ကာဖွယ် လက်နက်ရောင်းဝယ်မှုတွေ ရှိခဲ့တဲ့ အကြောင်း ၀ီကီလိခ်စ် က ဖွင့်ချပါတယ်။ ၀န်ကြီးချုပ် မန်မိုဟန်ဆင်းက ၀ီကီလိခ်စ် က ဖွင့်ချတဲ့ လျှို့ဝှက်ချက်တွေဟာ မှန်ကန်မှု မရှိဘူးလို့ ငြင်းဆိုပါတယ်။ ၀ီကီလိခ်စ် တည်ထောင်သူ ဂျူလီယန် အာဆန်း ကတော့ မစ္စတာဆင်း ဟာ ‘လူထုကို ရည်ရွယ်ချက်ရှိရှိ လိမ်လည်လှည့်ဖျားခဲ့သူ’ လို့ စွတ်စွဲပြောဆိုခဲ့ပါတယ်။


ပြုတ်ကျသွားတဲ့ ပေါ်တူဂီ အစိုးရ



အိုက်စလန်၊ ဟန်ဂေရီ၊ အိုင်ယာလန် ၀န်ကြီးချုပ်များလိုပဲ ဂလိုဘယ်စီးပွားရေး အကျပ်အတည်းက ဖြစ်လာတဲ့ အစိုးရ ဘတ်ဂျက်ပြဿနာကြောင့် မတ်လ ၂၃ ရက်နေ့မှာ ပေါ်တူဂီ ၀န်ကြီးချုပ် ဂျိုးဇက် ဆော့ခရက်စ် လည်း ရာထူးက နှုတ်ထွက်ပေးခဲ့ရပါတယ်။

ပေါ်တူဂီမှာ အစိုးရ ကြွေးမြီများပြီး ငွေကြေးနဲ့ စတော့ တန်ဖိုးတွေ ကျဆင်းနေတာကြောင့် ဂရိ နဲ့ အိုင်ယာလန် တို့လိုပဲ အီးယူက ၀င်ကယ်တင်ပေးရမယ့် အခြေအနေမျိုး ဆိုက်လာပါတယ်။ ယခုအပတ် အီးယူ ထိပ်သီး ညီလာခံမှာ ပေါ်တူဂီ ကိစ္စက ထိပ်ဆုံးပြဿနာ ဖြစ်လာပါတယ်။ ဆော့ခရက်စ် ရဲ့ လက်ဝဲ ယိမ်း ဆိုရှယ်လစ် ပါတီက အိမ်စောင့်အစိုးရအဖြစ်နဲ့ လာမယ့် ဇွန်လ ရွေးကောက်ပွဲအထိ ဆက်ရှိနေပါမယ်။



ရွေးကောက်ပွဲ ရလဒ် စောင့်နေတဲ့ ဟေတီများ



မတ်လ ၂၀ ရက်နေ့ ဟေတီနိုင်ငံ ရွေးကောက်ပွဲက အဆင်ချောမွေ့တယ်လို့ပဲ ဆိုရပါမယ်။ နိုဝင်ဘာလထဲမှာ ပထမအကျော့ မဲပေးတုန်းက အကြမ်းဖက်မှုတွေနဲ့ ၀ရုန်းသုန်းကားဖြစ်ပြီး ပွဲပျက်ခဲ့ရပါတယ်။

ဒါပေမဲ့ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ရွေးကောက်ပွဲမှာတော့ ပါမောက္ခ၊ ပေါ့အဆိုတော်နဲ့၊ သမ္မတဟောင်းရဲ့ လေဒီ တို့ နိုင်ငံတကာ စောင့်ကြည့်မှုအောက်မှာ အေးချမ်းစွာ အပြိုင်နွှဲခဲ့ကြပါတယ်။ ပထမအကျော့ထက် တင်းမာမှုတွေ လျော့တယ် ဆိုပေမယ့် ရွေးကောက်ပွဲ ရက်အတွင်း သမ္မတဟောင်း အရစ္စတီဒီး ရဲ့ ပြည်တော်ပြန်ခရီးကြောင့် ခပ်လှုပ်လှုပ်တွေ ဖြစ်ခဲ့ပါသေးတယ်။

အာဏာသိမ်းခံရပြီး တောင်အာဖရိကမှာ ထွက်ပြေးတိမ်းရှောင်နေရတဲ့ သမ္မတ အရစ္စတီဒီးကို အမေရိကန် အစိုးရက ရွေးကောက်ပွဲရက်အတွင်း မပြန်ဖို့ နားချပေမဲ့၊ ဆိုင်းမဆင့်ဗုံမဆင့် ပြည်တော်ပြန်ခဲ့ပါတယ်။ သူ့ ပြန်ရောက်မှုကြောင့် ရွေးကောက်ပွဲမှာ တစုံတရာ ပြဿနာ မရှိသော်လည်း၊ မဲအကြိုပွဲမှာ ပေါ့ပ် အဆိုကျော် ကိုယ်စားလှယ်လောင်း သေနတ်နဲ့ အပစ်ခဲ့ရပေမဲ့ ကံသီပြီး လွတ်မြောက်ခဲ့ပါတယ်။

မောက္ခ နိုင်ငံတကာသတင်း

Source: FP

ပို့စ်တင်သူ ။.............။ လခြမ်းမြီ on Friday 8 April 2011
ခေါင်းစဉ်အလိုက်ပို့စ်များ

0 ( မှတ်ချက်ရေးချင်ရင် )

အနန္တအတုမရှိ ဗုဒ္ဓမြတ်စွာဘုရား

အလှူရှင်များအား MMSA အဖွဲ့မှ မှတ်တမ်းတင်ဂုဏ်ပြုလွှာပေးအပ်

အလှူရှင်များအား MMSA အဖွဲ့မှ မှတ်တမ်းတင်ဂုဏ်ပြုလွှာပေးအပ်

Mahidol University

International Buddhist Collage

မြန်မာ E Books

ထိုင်းနိုင်ငံ ရောက် ရွှေ့ပြောင်း မြန်မာအလုပ်သားမားများအတွက် ပညာရေး အခွင့်အလမ်းများ

MMSA ပရိတ်သတ်များ

ယခင်ပို့စ်အဟောင်းများ

အားပေးနေသော အပေါင်းသင်းများ

International News

တိုင်းရင်းသားသတင်းဌာနများစုစည်းမှု

သတင်းဌာနများစုစည်းမှု

ဘလော့ဂ်များစုစည်းမှု