ညွန့်ညွန့်ဝင်း ဘာသာပြန်သည်။
အတွဲ ၃၀ ၊ အမှတ် ၅၈၉ ( ၅ - ၁၁ ၊ ၁၀ ၊ ၂၀၁၂)
အတွဲ ၃၀ ၊ အမှတ် ၅၈၉ ( ၅ - ၁၁ ၊ ၁၀ ၊ ၂၀၁၂)

သူဌေးသမီးဖြစ်သူ ဂျီဂျီကို သူ့အဖော်နှင့်အတူတွေ့ရစဉ်။
ဓာတ်ပုံ - အေအက်ဖ်ပီ
ကမ်းလှမ်းချက်ကို စက်တင်ဘာလ ၂၆ ရက်၌ လူသိရှင်ကြား ကြေညာ ပြီး နောက် အသက် ၃၃ နှစ်အရွယ်ရှိ သမီးဖြစ်သူ ဂျီဂျီအား ချစ်ရေး ဆိုသော စာလွှာများ ၁၀၀ ခန့် မိမိရုံးသို့ ရောက်ရှိလာကြောင်း စီဆင်လ်ချောင်က ဆောက်သ်ချိုင်းနား မောနင်းပို့စ်သတင်းစာသို့ ပြောကြား လိုက်သည်။
"လူတွေက စာတွေ၊ အီးမေးလ်တွေ နဲ့ ဖက်စ်တွေပို့ကြတယ်။ ဒါတွေ ကို ဖတ်ဖို့ ကျုပ်အတွက် အချိန်မရှိသေးဘူး။ ဂျီဂျီနဲ့ တိုင်ပင်ရဦးမယ်" ဟု သူဌေးကြီး စီဆင်လ်ချောင်က ပြောသည်။ "သူတို့ ငွေမလိုကြောင်း၊ ကျွန်တော့ သမီးနဲ့သိဖို့ အခွင့်အလမ်းသာလိုကြောင်း ပြောတဲ့လူတချို့ရှိတယ်" ဟု ၎င်းက ပြောသည်။
ဂျီဂျီက ၎င်း ဖခင်၏ လုပ်ဆောင်ပုံကို အရေးမထား လောက်ဟု သဘောထားပြီး ၎င်းအပေါ် အာရုံစိုက်မှုတွေကို အသည်းအသန် နှောင့်ယှက်စရာများဟု ယူဆသည်။ လက်ထပ် ဆုလာဘ်သတင်းသည် ကမ္ဘာ့ မီဒီယာမှတစ်ဆင့် ဩစတြေးလျ မှ အိန္ဒိယနိုင်ငံနှင့် အမေရိကန်ပြည် ထောင်စုသို့ ပျံ့နှံ့သွားသောကြောင့် ဂျီဂျီက "ကျွန်မ အေးချမ်းမှုနဲ့ တိတ်ဆိတ်မှု ရနိုင်ဖို့ သတိလစ်သွင်းရင် ကောင်းမှာ ပဲလို့ တိတ်တဆိတ် ဆုတောင်းမိတယ်" ဟု ပြောသည်။
ဂျီဂျီက ၎င်း၏ ခုနစ်နှစ်ကြာ လိင်တူ ဆက်ဆံဖော်နှင့် ယခုနှစ် အစောပိုင်းက ပြင်သစ်နိုင်ငံတွင် လက်ထပ်လိုက်သည် ဟု သိရှိပြီး နောက် ချောင်က လက်ထပ် ဆုလာဘ် ဟောင်ကောင်ဒေါ်လာ သန်း ၅၀၀ ကို ကြေညာခဲ့သည်။ "ကျုပ်သမီးရဲ့ အိမ်ထောင်ဖက်ဟာ ချမ်းသာတယ်၊ ဆင်းရဲတယ်ဆိုတာ ဂရုမစိုက်ပါဘူး။ အရေးကြီးတာက အဲဒီလူဟာ သဘောထားကြီးပြီး စိတ်ရင်းကောင်းဖို့လိုတယ်"ဟု အသက် ၇၆ နှစ်ရှိပြီး ချမ်းသာသော အိမ်ခြံမြေ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်သူ ချောင်က ယခုသီတင်းပတ်စောစောက ပြောသည်။
"ဂျီဂျီဟာ ပင်ကိုစွမ်းရည်ရှိတယ်၊ ရုပ်ချောတဲ့ အမျိုးသမီးကောင်း တစ်ယောက်ဖြစ်တယ်၊ မိဘကို ရိုသေ လေးစားပြီး သဘောကောင်း တဲ့အပြင် စေတနာ့ဝန်ထမ်း အလုပ်ကိုလုပ်တယ်" ဟု ၎င်းက ဖြည့်စွက်ပြောသည်။ ၎င်း၏သမီးသည် လိင်တူချင်း ဆက်ဆံ သူ၊ သို့မဟုတ် လက်ထပ်ထားသူမဟုတ်ဟု ငြင်းဆိုပြီး ဂျီဂျီသည် တစ်ကိုယ်ရေ တစ်ကာယ ဖြစ်နေဆဲနှင့် သင့်တော်သော အမျိုးသားသို့ ဇနီးကောင်းပီသစွာ လုပ်ပေးမည်ဖြစ်ကြောင်း ချောင်ကပြောသည်။ (အေအက်ဖ်ပီ)
0 ( မှတ်ချက်ရေးချင်ရင် )