ပရစိတ္တ၀ိဇာနနဉာဏ်မရလျှင်
သူတစ်ပါးစရိုက်ကို သိဖို့ခဲ့ယဉ်း၏၊ သို့သော် အသွားအလာ အနေအထိုင်
ဣရိယာပုထ်ကိုလည်းကောင်း၊ ထိုထိုကိစ္စ၌ ကျန/မကျနကိုလည်းကောင်း၊ နှစ်တတ်သော
အစာအဟာရကိုလည်းကောင်းရူပသဒ္ဒစသော အာရုံ၌ ကြည့်ရှုပုံ နားထောင်ပုံစသည်ကိုလည်းကောင်း
ကုသိုလ် အကုသိုလ်အရာဝယ် များစွာ ဖြစ်လေ့ရှိသော ကိုယ်ကျင့်တရားကိုလည်းကောင်း
စဉ်းစားကြည့်ရှု သတိပြု၍ အကဲခတ်လျှင် " မည်သည့်စရိုက်ရှိသူ" ဟု
ခန့်မှန်းနိုင်ဖွယ် ရှိပေသည်။
ရာဂစရိုက်ရှိသူနှင့် သဒ္ဓါစရိုက်ရှိသူများ
ရာဂစရိုက်၊
ရှိသူ၌ကား၊
ယာပိုက်လေးထွေ၊
ယဉ်ကျေးလေ၏၊
ထွေထွေကိစ္စ၊
ပြုသမျှလည်း၊
ကျနစေလတ်၊
လွန်သေသပ်ရှင့်၊
လေးမြတ်ဖွယ်ရေး၊
ဘောဇဉ်ရွေးက၊
ချိုမွှေးဆိမ့်အိမ့်၊ လွန်နှစ်သိမ့်သတဲ့၊
မစိမ့်လောက်တုံ၊
ကာမဂုဏ်ကြောင့်၊
အာရုံစွဲကာ၊
မခွဲခွာတည်း၊
မာယာ
ဗလဝ၊ သာဌေယျနှင့်၊
မာန ဖိစီး၊ အလိုကြီး၏။
ထိုနည်းသဒ္ဓါ၊
စရိုက်မှာမူ၊
မာယာစသော၊
ပြစ်မနှောဘဲ၊
သာမောရွှင်လန်း၊
လှူပေးကမ်းလျက်၊
ရဟန်းတော်ပေါင်း၊
ထေရ်ရှင်ကောင်းနှင့်၊
ဝတ်ကျောင်းဘုရား၊
မြတ်တရားကို၊
မှတ်သားနာယူ၊
လွန်ကြည်ဖြူသည်…
ဤသူ-မွန်မြတ်ပေတကား။
~~~
ဒေါသစရိုက်ရှိသူနှင့် ပညာစရိုက်ရှိသူများ
ဒေါသစရိုက်
ရှိသူ၌ကား၊ ယာပိုက်လေးထွေ၊ ကြမ်းတမ်းလေ၏၊
ထွေထွေကိစ္စ၊
ပြုသမျှလည်း၊ ကျနမဖွယ်၊ မတင့်တယ်တည်း၊
စားဖွယ်ငန်ချဉ်၊
စပ် ခါး မင်၏၊
ငါးအင်အာရုံ၊
မဖွယ်ကြုံလျှင်၊
ယမ်းပုံမီးကျ၊
စိတ်တိုလျ၍၊
ကောဓထန်သည်း၊
ရန်ငြိုးကြီးလျက်၊
ဖိစီး
ဣဿာ၊ မစ္ဆေရာနှင့်၊
မက္ခာ
ပဠာသ၊ ဒုဗ္ဗစတို့၊
မုချဆစ်ပွား၊
အပြစ်များ၏။
တရားပညာ၊
စရိုက်မှာမူ၊ ရှေ့လာအားလုံး၊
နည်းတူသုံးလျက်၊
လုံးလုံးကောဓ၊ စသည်ဆိတ်ကွယ်၊ ဆုံးမလွယ်၏၊
စားဖွယ်ကသိုဏ်း၊
တွေ့ကြုံတိုင်းလည်း၊
နှိုင်းနှိုင်းချိန်ချိန်၊
သုခမိန်တည်း၊
ကြိမ်ကြိမ်နောင်လာ၊
သံသရာကို၊ ပညာသတိ၊ မြော်ခေါ်ညှိ၍၊
ဂတိနောင်လျှင်၊
ကောင်းအောင်ပြင်သည်…
လူတွင်-သူမြတ်ပေတကား။
~~~
(
စကားပြေ ) ရန်ငြိုးဖွဲ့မှုဟူသော အာဃာတ၊ မနာလိုမှု ဣဿာ၊ ၊ ၀န်တိုမှု မစ္ဆရိယ၊ သူများဂုဏ်ကို
ချေဖျက်လိုခြင်းဟူသော မက္ခ၊ဂုဏ်တု ဂုဏ်ပြိုင် ပြုလုပ်ခြင်းဟူသော ပဠာသ ၊ အပြောအဆို
အဆုံးအမခက်ခြင်း စသောအကုသိုလ်တရားများ အဖြစ်များလေသည်။
မောဟစရိုက်နှင့် ၀ိတက်စရိုက်ရှိသူများ
မောဟစရိုက်၊
ရှိသူ၌ကား၊ ယာပိုက်လေးထွေ၊ ရှုပ်ပွေပွေနှင့်၊
ထွေထွေကိစ္စ၊
ရှုပ်ထွေးစွတည်း၊
အာဟာရအရာ၊ စားသောက်ပါလည်း၊
အာဟာရအရာ၊ စားသောက်ပါလည်း၊
ဘယ်ဟာ
မိမိ၊ မြဲမရှိခဲ့၊
ထို၏အစွမ်း၊
စုံထောက်လှမ်း၍၊
အဆန်းအရိုး၊
ကြောင်းအကျိုးဟု၊
ကောင်းဆိုးယုတ်မြတ်၊
မသိတတ်သဖြင့်၊
အရပ်ရပ်မှာ၊
နောက်လိုက်သာတည်း၊
ပညာ.သတိ၊
ကင်းကွာဘိ၍၊ ထိန.မိဒ္ဓ၊ ဥဒ္ဓစ္စနှင့်၊
ကာလကုန်ဆုံး၊
အချိန်ဖြုန်း၏။
ထုံးနည်းမခြား၊
ဝိတက်များလည်း၊
စကားတွေပေါ၊
ကိစ္စမျောလျက်၊
ကောင်းသောလုပ်ငန်း၊
ကုသိုလ်လမ်းမူ၊
အစွမ်းမရှိ၊
ပျင်းရိရိတည်း၊
မိမိတို့တမ်း၊
လူ့ပေါက်ပန်းနှင့်၊
ရောပြွမ်းပျော်ပါး၊
အကြံများသည်…
လူအား-လူပိုတွေပါတကား။
(မဟာဂန္ဓာရုံဆရာတော်၊
သင်္ဂြိုဟ်ဘာသာဋီကာ)
0 ( မှတ်ချက်ရေးချင်ရင် )