MMSA ဘလော့စည်းမျဉ်းများ

* ဘာသာ သာသနာနှင့်လူမျိုးတို့၏ ဂုဏ်ကို ထိခိုက်ပျက်စီးစေတတ်သော အရေးအသားမျိုးကို ရှောင်ရှားရန်၊
* အချင်းချင်း ညီညွတ်မှု့ကို ပျက်စီးစေတတ်သော အကြောင်းများကို ရေးသားခြင်းမှ ရှောင်ရှားရန်၊
* သာသနာနှင့် မအပ်စပ်သော အဖွဲ့ဂုဏ်သိက္ခာကို ငြိုးနွမ်းစေတတ်သော ပုံများကိုတင်ခြင်းမှ ရှောင်ရှားရန်၊
* ပုဂ္ဂိုလ်ရေးဆိုင်ရာများထက် အများနှင့်သက်ဆိုင်သော အကျိုးများစေနိုင်သော ပုံများ စာများကိုသာ ရေးသားရန်၊
* MMSAသည် ပညာရေးအဖွဲ့စည်း ဖြစ်သည့် အတွက်နိုင်ငံရေးနှင့်သက်ဆိုင်သော အရေးအသားများကို ရေးခြင်းမှ ရှောင်ရှားရန်၊
* ဗုဒ္ဓဘာသာနှင့် မိမိတို့လေ့လာနေသော ပညာရပ်ဆိုင်ရာ အကြောင်းအရာများကို ဗဟုသုတအလို့ငှါ ရေးသား မျှဝေကြရန်၊

နိုင်ငံတကာသမဂ္ဂအဖွဲ့ချုပ် ၄ ခု တို့ပါဝင်သော Global Union Federations (GUFs) စီးပွားရေး အကျပ်အတည်းကာလတွင် အမျိုးသမီးများ စွမ်းဆောင်ရည်ကို မြှင့်တင်ရန် တိုက်တွန်းတောင်းဆိုလိုက်သည်။  တိုင်းရင်းသားဒေသ ပညာရေးဖွံ့ဖြိုးမှုနှင့် အမျိုးသမီးများ စွမ်းရည်မြှင့်တင်မှုအတွက် အလွန်အမင်း အရေးကြီးနေပြီဖြစ်ကြောင်းကို ထောက်ပြထားသည်။ ကုလသမဂ္ဂ ၅၆ ကြိမ်မြောက် အမျိုးသမီးအဆင့်အတန်းညီလာခံကို ၂၇ ဖေဖေါ်ဝါရီမှ ၉ ရက် မတ်လ ၂၀၁၂ ခုအထိ ကျင်းပစဉ်ကာလများတွင် နိုင်ငံတကာ အစိုးရများသို့ တိုက်တွန်းလိုက်ခြင်းဖြစ်သည်။
မိန်းကလေးများကို ချန်မထားကြပါနှင့်...
"အမျိုးသားပညာရေး စီမံကိန်းများမှာ ကျေးလက်နေ အမျိုးသမီးများအတွက် ပညာရေးအခွင့်အရေး ရရှိစေဖို့ နည်းဗျူဟာတွေ ပါမှကို ဖြစ်တော့မယ်။" ယူဂန်ဒါအမျိုးသားကျောင်းဆရာသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်နှင့် နိုင်ငံတကာပညာရေးသမဂ္ဂများအဖွဲ့ချုပ် EI အမှုဆောင် ကိုယ်စားလှယ်ဖြစ်သူ Teopoista Birungi Mayanja က တင်ပြခဲ့သည်။
"မူကြိုပညာရေး ဖြည့်တည်းပေးဖို့၊ အခမဲ့ လူထု ပညာရေး၊ လမ်းသွယ်လမ်းပြောင်း ပညာရေး၊ သက်မွေးဝမ်းကျောင်းပညာရေး အစရှိတဲ့ ပညာရေးနှင့် သင်တန်းများဟာ ကလေးလုပ်အားခိုင်းစေမှုကို လျော့ချနိုင်ပါတယ်။ ကျောင်းတက်နှုန်း မြင့်စေပြီး မိန်းကလေးငယ်တွေ စာသင်ခန်းမှာ အတန်းဆုံးတဲ့အထိ တည်မြဲနေဖို့လည်း အထောက်အကူဖြစ်စေတယ်။ ပညာရေးအတွက် ရေရှည်တည်တံ့မယ့် ဘတ်ဂျက်ငွေဟာ အလွန်ပဲ အရေးကြီးလှတယ်။ အခုလို အကျပ်အတည်းကာလမှာ ပိုလို့တောင်မှ အရေးကြီးနေပါတယ်။ ပညာရေးသမဂ္ဂများအနေနဲ့ ကျေးလက်နဲ့ တိုင်းရင်းသားဒေသများက မိန်းကလေးငယ်တွေရဲ့ ပညာရေးဟာ နောက်မကျနေဖို့အတွက် အထူးလုပ်ဆောင်ကြရပါလိမ့်မယ်။"
သမဂ္ဂများအဖွဲ့ချုပ် ၄ ခုတို့မှာ the four global organisations - Education International (EI), Public Services International (PSI), the International Trade Union Confederation (ITUC), and the International Union of Food, Agricultural, Hotel, Restaurant, Catering, Tobacco and Allied Workers' Associations (IUF) တို့ဖြစ်ကြပြီး ပညာရေးဘဏ္ဍာငွေ လုံလောက်မှု ရှိစေရန်အတွက် ငွေကြေးထုတ်ယူသုံးစွဲခြင်း FTT တွင် ကမ္ဘာ့အခွန်ကောက်ခံရန် အစိုးရများထံ တောင်းဆိုထားသည်။
မောက္ခနိုင်ငံတကာပညာရေးသတင်း
Source: Education International


ပို့စ်တင်သူ ။.............။ ထာဝရသီရိ on Wednesday 29 February 2012
ခေါင်းစဉ်အလိုက်ပို့စ်များ

0 ( မှတ်ချက်ရေးချင်ရင် )

အနန္တအတုမရှိ ဗုဒ္ဓမြတ်စွာဘုရား

အလှူရှင်များအား MMSA အဖွဲ့မှ မှတ်တမ်းတင်ဂုဏ်ပြုလွှာပေးအပ်

အလှူရှင်များအား MMSA အဖွဲ့မှ မှတ်တမ်းတင်ဂုဏ်ပြုလွှာပေးအပ်

Mahidol University

International Buddhist Collage

မြန်မာ E Books

ထိုင်းနိုင်ငံ ရောက် ရွှေ့ပြောင်း မြန်မာအလုပ်သားမားများအတွက် ပညာရေး အခွင့်အလမ်းများ

MMSA ပရိတ်သတ်များ

ယခင်ပို့စ်အဟောင်းများ

အားပေးနေသော အပေါင်းသင်းများ

International News

တိုင်းရင်းသားသတင်းဌာနများစုစည်းမှု

သတင်းဌာနများစုစည်းမှု

ဘလော့ဂ်များစုစည်းမှု