MMSA ဘလော့စည်းမျဉ်းများ

* ဘာသာ သာသနာနှင့်လူမျိုးတို့၏ ဂုဏ်ကို ထိခိုက်ပျက်စီးစေတတ်သော အရေးအသားမျိုးကို ရှောင်ရှားရန်၊
* အချင်းချင်း ညီညွတ်မှု့ကို ပျက်စီးစေတတ်သော အကြောင်းများကို ရေးသားခြင်းမှ ရှောင်ရှားရန်၊
* သာသနာနှင့် မအပ်စပ်သော အဖွဲ့ဂုဏ်သိက္ခာကို ငြိုးနွမ်းစေတတ်သော ပုံများကိုတင်ခြင်းမှ ရှောင်ရှားရန်၊
* ပုဂ္ဂိုလ်ရေးဆိုင်ရာများထက် အများနှင့်သက်ဆိုင်သော အကျိုးများစေနိုင်သော ပုံများ စာများကိုသာ ရေးသားရန်၊
* MMSAသည် ပညာရေးအဖွဲ့စည်း ဖြစ်သည့် အတွက်နိုင်ငံရေးနှင့်သက်ဆိုင်သော အရေးအသားများကို ရေးခြင်းမှ ရှောင်ရှားရန်၊
* ဗုဒ္ဓဘာသာနှင့် မိမိတို့လေ့လာနေသော ပညာရပ်ဆိုင်ရာ အကြောင်းအရာများကို ဗဟုသုတအလို့ငှါ ရေးသား မျှဝေကြရန်၊

အင်ဒိုနီးရှားနိုင်ငံ ဆူမားတြားကျွန်းကမ်းလွန်တွင် အင်အား ၈ ဒသမ ၆ ရှိ ငလျင်ကြီးတစ်ခုလှုပ်ခတ် မြန်မာနိုင်ငံအပါအ၀င် အိမ်နီးချင်းနိုင်ငံများအတွက် ဆူနာမီသတိပေးချက် ထုတ်ပြန်ခဲ့သော်လည်း အင်အားပြင်းဆူနာမီတစ်ခုဖြစ်လာဖွယ်မရှိ ကြောင်း သိရ အင်ဒိုနီးရှားနိုင်ငံ ဆူမားတြားကျွန်းကမ်းလွန်တွင် ဧပြီလ ၁၁ ရက်နေ့ မွန်းလွဲပိုင်းအချိန်၌ အင်အား ၈ ဒသမ ၆ ရှိ ငလျင်ကြီးတစ်ခုလှုပ်ခတ်သွားခဲ့ပြီး အိန္ဒိယသမုဒ္ဒရာတစ်ဝိုက်ရှိဒေသများ အတွက် ဆူနာမီသတိပေးချက်များထုတ်ပြန်ခဲ့ရကြောင်းသိရသည်။ ငလျင်သည် အင်ဒိုနီးရှားနိုင်ငံ အာချေးပြည်နယ်မြို့တော် ဘန်ဒါအာချေး ၏ အနောက်တောင်ဘက် မိုင် ၂၇၀ အကွာ သမုဒ္ဒရာအတွင်း ၁၄ မိုင်အနက်တွင်လှုပ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း အမေရိကန် ဘူဗိဗေဒတိုင်းတာရေးအဖွဲ့၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ဟာဝိုင်အီကျွန်းရှိ ပစိဖိတ်ဆူနာမီသတိပေးချက်ထုတ်ပြန်ရေးဌာနက အင်ဒိုနီးရှား၊ အိန္ဒိယ၊ သီရိလင်္ကာ၊ မြန်မာ၊ ထိုင်း၊ မော်လ်ဒိုက်နှင့် အခြားအိန္ဒိယ သမုဒ္ဒရာအတွင်းရှိကျွန်းများ၊ မလေးရှား၊ပါကစ္စတန်၊ ဆိုမာလီယာ၊ အိုမန်၊ အီရန်၊ ဘင်္ဂလားဒေ့ရှ်၊ ကင်ညာ၊ တောင်အာဖရိက၊ စင်ကာပူနိုင်ငံများတွင် ဆူနာမီစောင့်ကြည့်ရန် ငလျင်လှုပ်ခတ်အပြီးတွင် သတိပေးချက်ထုတ်ပြန်ခဲ့သည်။

သို့ရာတွင် နာရီနှင့်ချီကြာမြင့်လာချိန်တွင် အခြေအနေမှာ ထင်သလောက် ဆိုးရွားဖွယ်မရှိခဲ့ပေ။ ဆူနာမီအကြီးစားဖြစ်နိုင်သည့် လက္ခဏာမရှိကြောင်း ပညာရှင်များက သုံးသပ်ထားသည်။
အင်ဒိုနီးရှားသမ္မတ ဆူဆီလိုဘမ်ဘန်းယူဒိုယိုနိုကလည်း အာချေးပြည်နယ်နှင့် ပတ်သက်သည့် ပျက်စီးဆုံးရှုံးမှုသတင်းများ ယခုအချိန်အထိ မရရှိသေးကြောင်း ပြည်တွင်းရုပ်သံမှ တစ်ဆင့်ထုတ်ပြန်ထားသည်။

ဆူနာမီ ထိခိုက်နိုင်ခြေအမြင့်ဆုံးမှာ အာချေးကမ်းရိုးတန်း ဒေသများဖြစ်ပြီး အဓိကစိုးရိမ်ရသည်မှာ ဆီမျူလူကျွန်း၊ ပရီဟာဂျာဒီကျွန်းတို့ဖြစ်သည်ဟု အင်ဒိုနီးရှား ဘူမိရူပဌာနက ထုတ်ပြန်ခဲ့သည်။
ငလျင်သည် ဒေါင်လိုက်အနေအထားမဟုတ်ဘဲ တစ်ပြေးတည်း လှုပ်ခတ်ခဲ့ခြင်းကြောင့် ဆူနာမီဖြစ်လာစေရေး တွန်းအားပေးနိုင်ခြေ နည်းသည်ဟု သြစတြေးလျနိုင်ငံ၊ မဲလ်ဘုန်းရှိ ငလျင်သုတေသနဌာနမှ ဂယ်ရီဂစ်ဘ်ဆင်က ပြောကြားခဲ့သည်။

နောက်ဆက်တွဲငလျင်အသေးစားများမှာ ရှည်လျားသည့် ကမ်းရိုးတန်းတစ် လျှောက်သာဖြစ်ပွားခဲ့ခြင်းကြောင့် ပျက်စီးမှု ဆိုးဆိုးရွားရွားဖြစ်နိုင်ချေနည်းသည်ဟု ဂစ်ဘ်ဆင်ကသုံးသပ်သည်။ ဘန်ဒါအာချေးတွင် မီးပျက်သွားခဲ့ပြီး ဒေသခံများမှာကုန်းမြင့်ပိုင်းသို့ပြောင်းရွှေ့ခဲ့ရကြောင်း အင်ဒိုနီးရှားနိုင်ငံ အမျိုးသားဘေးအန္တ ရာယ်စီမံခန့်ခွဲရေးဌာနက ထုတ်ပြန်သည်။

“ကျွန်မကြုံဖူးသမျှထဲမှာ အကြီးဆုံးလို့တော့ပြောလို့မရပါဘူး”ဟု ဘန်ဒါအာချေးမှ ဒေသခံ တူတီရာမီက အကိုဖြစ်သူထံ ဖုန်းဖြင့်ဆက်သွယ် ပြောကြားမှုကို အေပီကမှတ်တမ်းယူနိုင်ခဲ့သည်။ဖုံးထဲတွင် လူအများအော် ဟစ်ပြေးလွှားရွှေ့ပြောင်းနေသံများပါရှိခဲ့သည်။ “ဒါပေမဲ့မပြီးနိုင်တော့ဘူးလို့ ခံစားနေရတယ်”ဟု တူတီရာမီက အာချေးတွင် နောက်ဆက်တွဲငလျင်များ လေးမိနစ်ခြား တစ်ခါနီးပါး လှုပ်ခတ်နေမှုနှင့် ပတ်သက်ပြီး ပြောကြားခဲ့သည်။

မလေးရှား၊ စင်ကာပူ၊ ထိုင်း၊ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယတို့တွင်လည်း ငလျင်၏သက်ရောက်မှုကို ခံစားခဲ့ရသည်ဟုသိရသည်။ ထိုင်း အမျိုးသား သဘာဝဘေးအန္တရာယ် သတိပေးရေးဌာနက နိုင်ငံ
အနောက်ဘက်ကမ်းရိုးတန်းရှိ ပြည်နယ် ခြောက်ခုမှဒေသခံများကို နေရာရွှေ့ပြောင်းရန် သတိပေးချက်ထုတ်ပြန်ခဲ့သည်။ ခရီးသွားများလာ ရောက်ရာ ဖူးခက်၊ကရာဘီနှင့် ဖန်နာတို့ပါ ပါဝင်ခဲ့သည်
အိန္ဒိယနိုင်ငံ အက်ဒမန်ကျွန်းနှင့် နီကိုဘာကျွန်းမှ အာဏာပိုင်များက မြေနိမ့်ပိုင်း ရှိဒေသခံများကို နေထိုင်ရာမှစွန့်ခွာကြရန်အမိန့်ထုတ်ပြန်ခဲ့သည်။ အိန္ဒိယနိုင်ငံ သမုဒ္ဒရာဆိုင်ရာ သတင်းအချက်အလက် ထုတ်ပြန်ရေးဌာန ညွှန်မှူး ဆာသက်ရှ်ရှီနိုရီက ဆူနာမီဖြစ်နိုင်ချေမှာနည်းသွားပြီဖြစ်ကြောင်း နောက်ပိုင်းတွင်ထုတ်ပြန်ခဲ့သည်။

ငလျင်ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့တွင်လည်း သိသိသာသာခံစားခဲ့ရပြီး ဘဏ္ဍာရေးအချက်အချာ ခရိုင်မှ လူအမြောက်အများမှာ လမ်းမများပေါ်သို့ပြေးထွက်ခဲ့ကြသည်။ပျက်စီးဆုံးရှုံးမှုမှာမူမရှိခဲ့ဟုဆိုသည်။ မော်လ်ဒိုက်ကျွန်းနိုင်ငံငယ်တွင်လည်း အဆောက်အအုံများပေါ်မှလူအများ ဆင်းပြေးခဲ့ကြသည်ဟုသိရသည်။

အင်ဒိုနီးရှားနိုင်ငံဆူမားတြားကျွန်းကမ်းလွန်တွင် ၂၀၀၄ ခုနှစ်က အင်အာ ၉ ဒသမ ၁ ရှိ ရေအောက်ငလျင်ကြောင့် ဆူနာမီဖြစ်ပွားခဲ့ပြီး နိုင်ငံပေါင်း ၁၄ နိုင်ငံမှ လူ နှစ်သိန်းကျော်သေဆုံးခဲ့ရပြီး အင်ဒိုနီးရှားမှာ အဓိကအထိနာခဲ့သည်။

Ref;CNN,AP,AFP

ပို့စ်တင်သူ ။.............။ thadawa on Wednesday 11 April 2012
ခေါင်းစဉ်အလိုက်ပို့စ်များ

0 ( မှတ်ချက်ရေးချင်ရင် )

အနန္တအတုမရှိ ဗုဒ္ဓမြတ်စွာဘုရား

အလှူရှင်များအား MMSA အဖွဲ့မှ မှတ်တမ်းတင်ဂုဏ်ပြုလွှာပေးအပ်

အလှူရှင်များအား MMSA အဖွဲ့မှ မှတ်တမ်းတင်ဂုဏ်ပြုလွှာပေးအပ်

Mahidol University

International Buddhist Collage

မြန်မာ E Books

ထိုင်းနိုင်ငံ ရောက် ရွှေ့ပြောင်း မြန်မာအလုပ်သားမားများအတွက် ပညာရေး အခွင့်အလမ်းများ

MMSA ပရိတ်သတ်များ

ယခင်ပို့စ်အဟောင်းများ

အားပေးနေသော အပေါင်းသင်းများ

International News

တိုင်းရင်းသားသတင်းဌာနများစုစည်းမှု

သတင်းဌာနများစုစည်းမှု

ဘလော့ဂ်များစုစည်းမှု