![]() တရားရုံးက စီရင်ချက်ချအပြီး ပါတက်ကို လက်ထိပ်ခတ်နေမှုအား ဇွန်လ ၂၁ ရက်က တွေ့ရစဉ် Photo: AFP အသက် ၄၅ နှစ်အရွယ်ရှိ အူမာပါတက်သည် ကြိုတင်ကြံစည်ထားသော လူသတ်မှုနှင့် အကြမ်းဖက် လုပ်ရပ်များတွင် အသုံးပြုရန်အတွက် ပေါက်ကွဲတတ်သော ပစ္စည်းများနှင့် လက်နက်များကို ခိုးသွင်းသည့် လျို့ဝှက်ကြံစည်သည့် ပြစ်မှုတွင် ပူးပေါင်းပါဝင်ခဲ့မှုဖြင့် ပြစ်ဒဏ် ချမှတ်ခံရခြင်း ဖြစ်သည်။ မိမိ၏ လုပ်ဆောင်ချက်များအတွက် နောင်တရသည်ဟု ပါတက်က ပြောကြားခဲ့ကြောင်း ၎င်း၏ရှေ့နေ Asludin Hatjani က ပြောကြားခဲ့သည်။ ပါတက်သည် အင်ဒိုနီးရှား၏ အလိုရှိဆုံး အကြမ်းဖက်သမားများထဲမှ တစ်ဦးဖြစ်ပြီး အမေရိကန်အစိုးရ၏ Reward for Justice အစီအစဉ်က ဒေါ်လာ တစ်သန်း ဆုငွေထုတ်ခံထားရသူဖြစ်သည်။ ဘာလီဗုံးဖောက်ခွဲမှုကို ကြိုးကိုင်ခြယ်လှယ်သူ သုံးဦးဖြစ်သည့် Imam Samudra ၊ Amrozi bin Nurhasyim နှင့် Ali Ghufron တို့ကို ၂၀၀၈ ခုနှစ်တွင် ကွပ်မျက်ခဲ့ပြီးဖြစ်ပြီး ပါတက်မှာ နောက်ဆုံး ရုံးတင်စစ်ဆေးခံရသူဖြစ်သည်။ ပါတက်သည် ၁၀ နှစ်ကျော် ထွက်ပြေးတိမ်းရှောင်ခဲ့ပြီးနောက် ၂၀၁၁ ခုနှစ်၊ ဇန်န၀ါရီလတွင် ပါကစ္စတန်နိုင်ငံ၊ အဘော့တာဘတ် မြို့၌ အဖမ်းခံရခြင်းဖြစ်သည်။ ၂၀၁၁ ခုနှစ်၊ သြဂုတ်လတွင် ပါတက်ကို အင်ဒိုနီးရှားနိုင်ငံသို့ လွှဲပြောင်းပေးခဲ့ခြင်းဖြစ်သည်။ Ref:CNN |
MMSA ဘလော့စည်းမျဉ်းများ
* ဘာသာ သာသနာနှင့်လူမျိုးတို့၏ ဂုဏ်ကို ထိခိုက်ပျက်စီးစေတတ်သော အရေးအသားမျိုးကို ရှောင်ရှားရန်၊
* အချင်းချင်း ညီညွတ်မှု့ကို ပျက်စီးစေတတ်သော အကြောင်းများကို ရေးသားခြင်းမှ ရှောင်ရှားရန်၊
* သာသနာနှင့် မအပ်စပ်သော အဖွဲ့ဂုဏ်သိက္ခာကို ငြိုးနွမ်းစေတတ်သော ပုံများကိုတင်ခြင်းမှ ရှောင်ရှားရန်၊
* ပုဂ္ဂိုလ်ရေးဆိုင်ရာများထက် အများနှင့်သက်ဆိုင်သော အကျိုးများစေနိုင်သော ပုံများ စာများကိုသာ ရေးသားရန်၊
* MMSAသည် ပညာရေးအဖွဲ့စည်း ဖြစ်သည့် အတွက်နိုင်ငံရေးနှင့်သက်ဆိုင်သော အရေးအသားများကို ရေးခြင်းမှ ရှောင်ရှားရန်၊
* ဗုဒ္ဓဘာသာနှင့် မိမိတို့လေ့လာနေသော ပညာရပ်ဆိုင်ရာ အကြောင်းအရာများကို ဗဟုသုတအလို့ငှါ ရေးသား မျှဝေကြရန်၊

0 ( မှတ်ချက်ရေးချင်ရင် )