MMSA ဘလော့စည်းမျဉ်းများ

* ဘာသာ သာသနာနှင့်လူမျိုးတို့၏ ဂုဏ်ကို ထိခိုက်ပျက်စီးစေတတ်သော အရေးအသားမျိုးကို ရှောင်ရှားရန်၊
* အချင်းချင်း ညီညွတ်မှု့ကို ပျက်စီးစေတတ်သော အကြောင်းများကို ရေးသားခြင်းမှ ရှောင်ရှားရန်၊
* သာသနာနှင့် မအပ်စပ်သော အဖွဲ့ဂုဏ်သိက္ခာကို ငြိုးနွမ်းစေတတ်သော ပုံများကိုတင်ခြင်းမှ ရှောင်ရှားရန်၊
* ပုဂ္ဂိုလ်ရေးဆိုင်ရာများထက် အများနှင့်သက်ဆိုင်သော အကျိုးများစေနိုင်သော ပုံများ စာများကိုသာ ရေးသားရန်၊
* MMSAသည် ပညာရေးအဖွဲ့စည်း ဖြစ်သည့် အတွက်နိုင်ငံရေးနှင့်သက်ဆိုင်သော အရေးအသားများကို ရေးခြင်းမှ ရှောင်ရှားရန်၊
* ဗုဒ္ဓဘာသာနှင့် မိမိတို့လေ့လာနေသော ပညာရပ်ဆိုင်ရာ အကြောင်းအရာများကို ဗဟုသုတအလို့ငှါ ရေးသား မျှဝေကြရန်၊

သမ္မတ၏ သ၀ဏ်လွှာနှင့်အတူ ပါရှိသော ရခိုင်တိုင်းရင်းသားများအပေါ် စွပ်စွဲချက်များကို ရခိုင်ပါတီ ခေါင်းဆောင် တုံ့ပြန်၊ ဘင်္ဂါလီများအား ပြည်ခိုင်ဖြိုးက တရားဝင်နိုင်ငံရေးထဲကို ခေါ်သွင်းခဲ့ ဟုလည်းဆို

By Shwe Gyaw

ရန်ကုန်၊ ၆ စက်တင်ဘာ ၂၀၁၂၊ Coral Arakan News Agency

ပြည်ထောင်စုလွှတ်တော်သို့ ပေးပို့ခဲ့သည့် ၂၀၁၂ ခုနှစ် သြဂုတ်လ ၁၇ ရက်နေ့စွဲပါ သမ္မတ၏ သ၀ဏ်လွှာအတူ ပါရှိသော ရခိုင်တိုင်းရင်းသားများအခြေအနေ သုံးသပ်ချက်များနှင့် ပတ်သက်၍ Coral Arakan နှင့် စက်တင်ဘာလ ၅ ရက်နေ့က ရန်ကုန်မြို့၊ စမ်းချောင်း နေအိမ်တွင် သီးခြားတွေ့ဆုံစဉ် ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဦးအေးသာအောင်က တုံ့ပြန်ပြောကြားခဲ့ သည့်အပြင် မောင်တောခရိုင်တွင် ပြည်ခိုင်ဖြိုးက တစ်မျိုးသားလုံး နှင့် နိုင်ငံတော်၏ လုံခြုံရေးကို ပမာမထားပဲ မိမိပါတီအနိုင်ရရှိရေးကိုသာ ဦးစားပေးကာ ဘင်္ဂါလီများအား တရားဝင်နိုင်ငံရေးထဲကို သွင်းခဲ့သည်ဟု ပြောကြားလိုက်သည်။

ပြည်ခိုင်ဖြိုးပါတီသည် မဲအနိုင်ရရေးကို မျှော်ကိုးလျက် ဥပဒေကို မျက်ကွယ်ပြုကာ ဘင်္ဂါလီ မူဆလင်များအပေါ် မသင့်မလျော်ဆောင်ရွက်ပေးကြောင်း စွပ်စွဲကြသည်များနှင့် ပတ်သက်၍ Coral Arakan ကမေးမြန်းရာတွင် ဦးအေးသာအောင်က “၀န်ကြီးဦးစိုးသိန်း၊ ဦးအောင်မင်းတို့နဲ့ ကျွန်တော်တို့ တွေ့တဲ့အခါ (ပြောခဲ့တာက) ဖဆပလခေတ်မှာ ဆူစတန်မာမောက်ဟာ မူဆလင် ဘာသာရေး အဖွဲ့အစည်းတစ်ခုကို ကိုယ်စားပြုပြီး ရွေးကောက်ပွဲဝင်တယ်။ ဖဆပလအစိုးရက ဘာသာရေးနဲ့ နိုင်ငံရေးကို မရောယှက်က်ရဆိုတဲ့မူနဲ့ အဲဒီအဖွဲ့အစည်းကို ကန့်သတ်လိုက်တဲ့အခါ သူက ဖဆပလထဲကိုဝင်တယ်။ ဖဆပလ မဲအနိုင်ရဖို့အတွက် ဘင်္ဂါလီတွေကို သူတို့ပါတီထဲကိုသွင်းတယ်။ နိုင်ငံသား မှတ်ပုံတင်ရဖို့ လုပ်ပေးတယ်။ ဟိုဖက်နိုင်ငံက လူတွေကိုလည်း ခိုးသွင်းပြီးတော့ မှတ်ပုံတင်လုပ်ပေးခဲ့တဲ့ အထောက်အထားတွေ သမိုင်းမှာ ရှိတယ်။ ထို့အတူပဲ မောင်တောကို ရောက်တဲ့အခါမှာ လတ်တလော ရခိုင်ပြည်နယ်မှာရှိနေတဲ့ ပါတီကြီးတစ်ခု ဟာ သူတို့ပါတီမှာ ရခိုင်တွေကို ဖယ်ပြီး ဘင်္ဂါလီတွေကို ထည့်တယ်ဆိုတာကို ကျွန်တော်တို့ကို ပြောပြတယ်။ စစ်တွေမှာ မောင်တောမှာ ရခိုင်လူမျိုး ပြည်ခိုင်ဖြိုးပါတီခေါင်းဆောင်တွေကို ဖယ်ပြီး ဘင်္ဂါလီတွေကို ထည့်တယ်လို့ (ပြောပြတယ်)။ တကယ်တော့ ပါတီတစ်ခု အနိုင်ရဖို့ထက် တစ်မျိုးသားလုံးရဲ့နိုင်ငံတော်အရေး၊ နိုင်ငံတော် လုံခြုံရေးဟာ ပိုလိုအရေးကြီးတယ်၊ မောင်တောလိုနေရာတစ်ခုမှာ မိမိပါတီအနိုင်ရဖို့ထက် တစ်မျိုးသားလုံးရဲ့ရေရှည်လုံခြုံရေးကိုသာ ဦးစားပေးသင့်တယ်လို့ ကျွန်တော်က ပြောခဲ့တယ်” ဟု ဖြေကြားခဲ့သည်။

မောင်တောမြို့နယ်တွင် ပြည်ခိုင်ဖြိုးပါတီဝင်အများစုမှာ ဘင်္ဂါလီများဖြစ်ကြပြီး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အဖွဲ့ဝင်အများစုမှာလည်း ဘင်္ဂါလီလူမျိုးများဖြစ်ကြကာ၊ ပြီးခဲ့သည့် ဇွန်လအတွင်း ရခိုင်လူမျိုးများကို တိုက်ခိုက်ရာတွင် ယင်းပါတီကြီးနှစ်ခုစလုံးမှ ပါတီဝင်ဆိုသူ ဘင်္ဂါလီများပါ ပါဝင် တိုက်ခိုက်ခဲ့ကြသည်ဟု မောင်တောဒေသခံ ရခိုင်လူမျိုးများက ဆိုသည်။

မောင်တော ဘူးသီးတောင်တွင် ဦးနု၏ဖဆပလလက်ထက်က ဒေသခံ ရတညပါတီကို ဖဆပလ က အနိုင်ရရန်အတွက် ရှိပြီးသား ဘင်္ဂါလီများကို မှတ်ပုံတင်ထုတ်ပေးသည်သာမက ရွေးကောက်ပွဲ လုပ်ခါနီးတွင် တစ်ဖက်ကမ်း အရှေ့ပါကိစ္စတန်(ယခု ဘင်္ဂလာဒေ့ရှ်)မှ ဘင်္ဂါလီများကို လှေသမ္ဗာန် အစီး ရာချီသွင်းကာ ဖဆပလအား မဲပေးစေခဲ့သည်။

ယခုအခါ အိန္ဒိယနိုင်ငံ အာသံပြည်နယ်တွင် မကြာသေးမီက ဖြစ်ပွားခဲ့သည့် ဗုဒ္ဓဘာသာဝင် ဘိုဒိုလူမျိုးများနှင့် ဘင်္ဂလာဒေ့ရှ်မှ ခိုးဝင်သူ အင်္ဂါလီမူဆလင်များအကြား ပဍိပက္ခများဖြစ်ရသည့် အကြောင်းရင်းခံများတွင် နိုင်ငံရေးသမားအချို့၏ မဲရလျှင်ပြီးရော (vote bank oriented) နိုင်ငံရေး သမားများတွင်လည်း တာဝန်မကင်းဟု ဒေသထုတ် သတင်းစာများတွင် ရေးသားနေကြသည်။

သမ္မတ၏ သ၀ဏ်လွှာအတူ ပါရှိသော ရခိုင်တိုင်းရင်းသားများအခြေအနေ သုံးသပ်ချက်များနှင့် ပတ်သက်၍မူ ဦးအေးသာအောင်က အောက်ပါအတိုင်း တုံ့ပြန်ပြောကြားသည်။

“နံပါတ်တစ်အချက် ရခိုင်ပြည်နယ်ရှိ နိုင်ငံရေးပါတီများလို့ရေးထားတာဟာ ရခိုင်ပြည်နယ်မှာရှိတဲ့ ပါတီ သုံး လေး ပါတီအနက် ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ နှစ်ပါတီကို အဓိက စွပ်စွဲတာဖြစ်တယ်။ ဒီလိုစွပ်စွဲထားသလို လုံးဝမဟုတ်ဘူး ပြောချင်တယ်။ ဘာကြောင့်လဲဆိုတော့ ဒီလိုဖြစ်ပျက်လာခဲ့တဲ့အတွက် ရခိုင်လူမျိုးတွေ သေကြေကြရတယ်။ ရခိုင်စီးပွားရေးကလည်း နောက် ငါးနှစ်နဲ့ နာလန်ထူဖို့ဆိုတာမဖြစ်နိုင်။ ဒါကြောင့်မို့ ရခိုင် နိုင်ငံရေး ပါတီတွေက ဒီလိုဖြစ်မှာကို လုံးဝ မလိုလားဘူး၊ တခြားနည်းနဲ့တော့ ဒီဘင်္ဂါလီကိစ္စကို ဖြေရှင်းလိုတဲ့ ဆန္ဒရှိကြတယ်။ သူတို့ကို မှတ်ပုံတင်တွေ စစ်ဆေးရမယ် စသည်ဖြင့်။ ဒီလို (ပဋိပက္ခ) ဖြစ်လာဖို့ အတွက် RNDP ရော ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ရော လှုံ့ဆော်တယ်လို့ စွပ်စွဲခြင်းဟာ လုံးဝ မဟုတ် မမှန် စွပ်စွဲခြင်းသာဖြစ်ပါတယ်”

နောက်တစ်ချက် ‘နိုင်ငံအနှံ့အပြားတွင် နေထိုင်သည့် ဘင်္ဂါလီမူဆလင်များအပေါ် အကြမ်းဖက်ရန် ကိုလည်း အဆက်မပြတ် ကြံစည် လုပ်ဆောင်လျက်ရှိသည်’ ဆိုတဲ့အချက်ဟာ ရယ်စရာဟာသ တစ်ခုပဲ ဖြစ်တယ်။ ရခိုင်လူမျိုးတွေမှာ အာဏာလည်းမရှိ၊ လက်နက်လည်းမရှိ၊ ဘင်္ဂါလီတွေမှာက မူဆလင် ကမ္ဘာအပါအ၀င် ငွေကြေး ချမ်းသာတဲ့ ထောက်ပံ့မယ့် နိုင်ငံတွေရှိ တာကြောင့်…..၊ အင်တာနက်ပေါ်မှာလည်း ရခိုင်ခေါင်းဆောင်တွေကို ဘယ်လိုလုပ်ကြံမယ် ဆိုတာတွေကို ဖတ်နေ ရတယ်။ (ဒီစွပ်စွဲချက်ဟာ) ပြောင်းပြန် စွပ်စွဲထားတာ လို့ပဲ ပြောချင်တယ်”

နောက်တစ်ချက် စီးပွားရေး၊ ရခိုင်တွေက ဘင်္ဂါလီတွေရဲ့စီးပွားရေးကို အချောင်ဝင်ယူဖို့ ကြိုးပမ်းလာ တယ်ဆိုတဲ့ အချက်ကလည်း ရယ်စရာဖြစ်နေတယ်၊ ဒါဟာလည်းပဲ မဟုတ်တမ်းတရား စွပ်စွဲထား တာပဲဖြစ်တယ်”

ခေတ်အဆက်ဆက် အစိုးရများအနေဖြင့် ရခိုင်တိုင်းရင်းသားများ၏ အကျိုးစီးပွားကို ဖော်ဆောင်ခြင်း မပြု၊ ကာကွယ် ပေးခြင်းမခြင်းမရှိဘဲ သယံဇာတများကိုသာ ထုတ်ယူသုံးစွဲခဲ့သည် ဆိုတာကိုတော့ ကျွန်တော်တို့ (ကိုယ်တိုင်) ပြောပါတယ်။

မီဒီယာတွေမှာလည်းပြောပါတယ်။ ခေတ်အဆက်ဆက် ရခိုင်ပြည်က သားငါး ပုဇွန် သစ်တော သယံဇာတတွေကို (ထုတ်ယူသုံးစွဲတယ်)။ လမ်းစဉ်ပါတီခေတ်၊ ဖဆပလခေတ်၊ ရခိုင်ပြည်အတွက် ဘာတစ်ခုမှ (လုပ်ပေးခဲ့တာ မရှိဘူး)။ ဆိပ်ကမ်းကောင်းကောင်းမရှိ၊ စက်ရုံတစ်ခုမရှိ၊ လမ်းတစ်လမ်း အကောင်းမရှိ ဘာလုပ်ပေးခဲ့လဲ။ အခု ရေနံ ဂတ်စ်ထွက်တယ်။ ရခိုင်ပြည်ကို ပေးဖို့မပါဘူး။ ပါသလား။ ဘယ်နှစ်ရာခိုင်နှုန်း ပါသလား၊ တကယ်ဆိုရင် ဒေ၀ူးကိုပဲ ရောင်းရောင်း၊ တရုတ်ကိုပဲ ရောင်းရောင်း၊ အိန္ဒိယကိုပဲ ရောင်းရောင်း ရတဲ့အထဲက ပြည်ထောင်စုက ဘယ်လောက်ယူ ပြည်နယ်က ဘယ်လောက်ယူ မဖြစ်သင့်ဘူးလား။ အခု အဲဒီလိုပါသလား။ မပါ။ အခုထိ မသေချာသေးဘူး။ သို့သော် ကျွန်တော်တို့က မီးလင်းရုံ လောက်ကို မတောင်းဘူး။ အဲဒီအထဲက ရခိုင်ပြည်နယ်ဘတ်ဂျတ်ကို ဘယ်လောက်ပေးမလဲ။ ကျွန်တော်တို့ တောင်းသွားမယ်။ မီးလင်းရေးကို ကျွန်တော်တို့ လုပ်မယ်။ ကျွန်တော်တို့ကို ဂတ်စ်သုံးခွင့်ပြုပါ။ ပြည်ထောင်စုအစိုးရက လုပ်ပေးဖို့မလိုဘူး၊ ကျွန်တော်တို့ ရအောင်လုပ်မယ်။ ကျွန်တော်တို့ကို ဂတ်စ်သုံးခွင့်ပြုပါ။ ဂတ်စ်ရောင်းလို့ရတဲ့အထဲက ပြည်နယ်အစိုးရဘတ်ဂျတ် ဘယ်လောက်ပေး။ ဒါကို ကျွန်တော်တို့ ပြောနေတာ။ ပြည်သူတွေပြောနေတာ။ စွပ်စွဲတာမဟုတ်ဘူး”

ရခိုင်ပြည်နယ်အတွင်း ဘင်္ဂါလီများ ခိုးဝင်မှုကို ထိရောက်စွာတားဆီးခြင်းမရှိ၊ လူဝင်မှုကြီးကြပ်ရေး လုပ်ငန်းများ အပေါ် အဂတိလိုက်စားသော ၀န်ထမ်းများအား အရေးယူမှုမရှိ ဆိုတဲ့အချက်ကိုတော့ လူတိုင်းသိတယ်။ ဒါဟာစွပ်စွဲတာမဟုတ်ဘူး။ မောင်တောမှာ တာဝန်ကျတဲ့ လ၀ကတွေ သူဋ္ဌေးဖြစ်ပြီးပြန်တယ်။ လူတိုင်းသိတယ်”

နိုင်ငံတော်သမ္မတ၏ သ၀ဏ်လွှာကို ပူးတွဲပါ ရခိုင်ပြည်နယ်ပဍိပက္ခဖြစ်စဉ်သုံးသပ်ချက်များနှင့်အတူ သမ္မတဦးသိန်းစိန် ကိုယ်တိုင် လက်မှတ်ထိုးကာ ၂၀၁၂ သြဂုတ်လ (၁၇) ရက်နေ့က ပြည်ထောင်စု လွှတ်တော် နာယကထံကို ပေးပို့ခဲ့ သည်။

၎င်းသုံးသပ်ချက်မှတ်တမ်းတွင် ပါရှိသော အချက်အလက်များထဲမှ အပိုဒ်(၉) ၊ အပိုဒ်(က)မှ(ဇ) အတွင်းပါရှိသော ရခိုင်တိုင်းရင်းသားများကို စွပ်စွဲသုံးသပ်ချက်များကို ပြည်သူ့လွှတ်တော် အမတ် တချို့က ကန့်ကွက်ကြပြီးနောက် လူမှုမီဒီယာများအပါအ၀င် မီဒီယာများတွင် ပွက်လောရိုက်သွားကာ ၄င်းသ၀ဏ်လွှာကို ဖတ်ကြားခြင်းမပြုပဲ ဆိုင်းငံ့လိုက်သည်။

ထို့နောက် သမ္မတရုံး ညွှန်ကြားရေးမှူး၏ မှူးဇော် Facebook စာမျက်နှာတွင် သမ္မတသ၀ဏ်လွှာ ဆိုင်ရာ ရှင်းလင်းချက်ကို သြဂုတ်လ (၂၃)ရက်နေ့တွင် ထုတ်ပြန်သည်။ သမ္မတသ၀ဏ်လွှာအပိုင်း မဟုတ်သည့် ဒုတိယပိုင်း သုံးသပ်ချက်များတွင် ရေးသားထားသည်များမှာ သမ္မတ၏အာဘော် မဟုတ်ပါကြောင်း၊ သမ္မတကြီးသည် နိုင်ငံတော်နှင့် နိုင်ငံသားများအပေါ် သစ္စာစောင့်သိရိုသေပြီး ဇာတိနိုင်ငံသားတို့၏ အကျိုးကို သယ်ပိုးဆောင်ရွက်လျက်ရှိကြောင်း မှူးဇော်စာမျက်နှာတွင် တင်ထားသည့် ရှင်းလင်းတင်ပြချက်က ဆိုသည်။

ယင်းဖြစ်စဉ်နောက်ပိုင်း ၀န်ကြီးရာထူးအပြောင်းအလဲများတွင်ဒုတိယဗိုလ်ချုပ်ကြီး လှမင်းကို ကာကွယ်ရေးဝန်ကြီး ရာထူးမှဖယ်ရှားခဲ့သည်။

ရခိုင်အရေးကို ထဲထဲဝင်ဝင် နားမလည်သူ ပြည်မနိုင်ငံရေးသမားများနှင့် ပတ်သက်၍ Coral Arakan က စစ်တွေမြို့အခြေစိုက် ၀ံလက်ဖောင်ဒေးရှင်း ဒါရိုက်တာတစ်ဦးဖြစ်သူ ဦးကျော်ဇောဦးကို မေးမြန်းရာ ၄င်းက “ဘင်္ဂါလီ ဆူပူမှုတွေ ဖြစ်ဖြစ်ချင်း ၈၈ မျိုးဆက်ကျောင်းသားတွေ ဒီကိုလာပြီး စုံစမ်း လေ့လာမှု တွေ မလုပ်ခင်လေးတင်က၊ ပေါင်းကူးက တာဝန်ရှိသူတွေနဲ့ ကျွန်တော်တို့ဝံလက်က ဒါရိုက်တာ သုံးယောက်နဲ့ စကားပြောကြတဲ့အခါ ကျွန်တော်က ဒေါက်တာကျော်သူကို အချက်သုံးချက် ပြောခဲ့ တယ်။ ပြည်မကနိုင်ငံရေးသမားတွေ ဒီကိုလာပြီး ဒီအခြေအနေထဲမှာ ၀င်ပါမယ်ဆိုရင် ကျွန်တော်တို့ ဘက်က ဖြစ်စေချင်တဲ့အချက်တွေပေါ့”

နံပါတ်တစ်အချက်ကို မပြောခင်မှာ ကျွန်တော်က သူတို့ကို နမူနာတစ်ခု ပြောပြတယ်။ တစ်နေ့က ဗိုလ်ချုပ်ကြီးလှမင်း မောင်တောက ‘ပြည်သူ’ဆိုတဲ့လူတွေနဲ့ တွေ့ဆုံစကားပြောတာကို တီဗီကနေ မြင်လိုက်တယ်။ အလှူပေးတန်တာကို ပေးပြီးတဲ့နောက် ခန်းမထဲမှာ ဘင်္ဂါလီတွေကို တစ်ဘက်ခြမ်းမှာ ထိုင်ခိုင်း ရခိုင်တွေကို နောက် တစ်ခြမ်းမှာ ထိုင်ခိုင်းပြီး ‘အိမ်နီးနားချင်းတွေအချင်းချင်း ရန်ခဲပူဆာ မဖြစ်ကြဖို့ ပြည်သူပြည်သားအချင်းချင်း ညီအစ်ကိုပမာ ချစ်ခင်ကြဖို့’ ဆိုပြီး ရန်ဖြစ်တဲ့ ကလေး နှစ်ယောက်ကို ဆရာမက နှစ်ယောက်စလုံးကို သကြားလုံး တစ်ယောက်တစ်လုံးကျွေးပြီး နင်လည်း တော်တော့ မင်းလည်းတော်တော့ ဆိုတဲ့ စကားမျိုး ချဉ်းကပ်မှုမျိုးကို ပြောတယ်။ ဒါကိုကြည့်ပြီး ကျွန်တော် အကြီးအကျယ် စိတ်ပျက်တယ်။ တကယ်လို့ ပြည်မက နိုင်ငံရေးသမား တစ်ယောက် ယောက် တက်ကြွလှုပ်ရှားသူတစ်ယောက်ယောက်ဟာ ဒီလို ချဉ်းကပ်မှုမျိုးနဲ့ ရခိုင်ကို လာမယ်ဆိုရင် မအောင်မြင်နိုင်ဘူး။ ဘယ်လိုနည်းလမ်းသုံးသုံး မအောင်မြင်နိုင်ဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ ဘင်္ဂါလီတွေဟာ သူပြောသလို ပြည်သူမဟုတ်ဘူး။ ညီအစ်ကို မဟုတ်ဘူး။ နံပါတ်တစ်အနေနဲ့ ဒီအချက်ကို လက်ခံဖို့လိုတယ် လို့ ကျွန်တော် ပြောခဲ့တယ်” ဟု ဖြေကြားသည်။

ဦးကိုကိုကြီးနှင့် ဦးမင်းကိုနိုင်တို့ ရခိုင်ပြည်ကို လာရောက်ပြီး အားပေးစကားပြောမှုများမလုပ်ခင်၊ အကြိုရှေ့ပြေးအနေဖြင့် ၈၈-မျိုးဆက်ကျောင်းသားအုပ်စုထဲမှ မနီလာသိန်း နှင့် မမီးမီးတို့ ဇွန်လ တတိယပတ်အတွင်း ရခိုင်ပြည် ပဍိပက္ခနေရာများကို သွားရောက်လေ့လာရာတွင် ၀ံလက် ဖေါင်ဒေးရှင်းမှ ဦးကျော်ဇောဦးအပါအ၀င် ဒါရိုက်တာသုံးဦးတို့က လိုက်လံပို့ဆောင်ရှင်းပြခဲ့ကြသည်။

(ရွှေကျော်)

----------------------------------------------------------------------------------------------------------

Anyone can use our content materials except for print media but please mention that the authors are Coral Arakan News Agency and its journaists.

ဥိးအေးသာအောင်

Coral Arakan News Agency မှကူးယူဖေါ်ပြသည်

ပို့စ်တင်သူ ။.............။ Ganda on Thursday 6 September 2012
ခေါင်းစဉ်အလိုက်ပို့စ်များ

0 ( မှတ်ချက်ရေးချင်ရင် )

အနန္တအတုမရှိ ဗုဒ္ဓမြတ်စွာဘုရား

အလှူရှင်များအား MMSA အဖွဲ့မှ မှတ်တမ်းတင်ဂုဏ်ပြုလွှာပေးအပ်

အလှူရှင်များအား MMSA အဖွဲ့မှ မှတ်တမ်းတင်ဂုဏ်ပြုလွှာပေးအပ်

Mahidol University

International Buddhist Collage

မြန်မာ E Books

ထိုင်းနိုင်ငံ ရောက် ရွှေ့ပြောင်း မြန်မာအလုပ်သားမားများအတွက် ပညာရေး အခွင့်အလမ်းများ

MMSA ပရိတ်သတ်များ

ယခင်ပို့စ်အဟောင်းများ

အားပေးနေသော အပေါင်းသင်းများ

International News

တိုင်းရင်းသားသတင်းဌာနများစုစည်းမှု

သတင်းဌာနများစုစည်းမှု

ဘလော့ဂ်များစုစည်းမှု