ခရစ်ယာန် ကျမ်းစာများတွင် ယေရှုသည် ဂျူးလူမျိုး ဖြစ်သည်ဟု အတိအကျ ရေးသားထားသည်။ ဂျူး လူမျိုးများ တွင် ဘာသာရေး ခေါင်းဆောင် များသည် သူတို့ကိုယ်သူတို့ ဘုရားသားတော်ဟု ခံယူခြင်း မရှိ။ ယခုမူ ယေရှုသည် သူ့ကိုယ်သူ ဘုရားသားတော်ဟု တိတိကျကျ ပြောဆိုထားပေ၏။ ဘုရားသားတော် ဆိုသည့် အသုံး အနှုံးအား ဗုဒ္ဓရဟန်းသံဃာများထံမှ တုပ သုံးစွဲခြင်းသာ ဖြစ်ပေသည်။ ဤအတွက် တိကျခိုင်လုံသော အထောက် အထားမှာ-
ရုရှား စာရေး ဆရာကြီး နီခိုလာ့ဆ်နိုတိုဗစ် (Nicholas Nototvitch) ၏ `လူမသိသော ယေရှုဘ၀´ (The Unknown Life of Jesus) စာ အုပ်တွင် ရေးသားထားလေ၏။ စာရေးဆရာကြီးသည် ၁၈၇၇-၇၈ ရုရှ၊ တူရကီ စစ်ပွဲ အပြီး ရုရှ ခရီးသည် ဖြစ်၏။ သူသည် အပြန်ခရီးတွင် အာဖဂန်နစ္စတန်မှ တဆင့် အိန္ဒိယနှင့် ကာက်ရှ်မီးယားသို့ ရောက်ရှိခဲ့၏။ သူသည် ရုရှသို့ အပြန်ခရီးကို အာရှ အလယ်ပိုင်းမှ ဖြတ်ကျော် သွားရန် ဆုံးဖြတ်ခဲ့ရာ လာဒက်စ်မြို့ဘက်မှ ကျော်ရသည့် လမ်းအတိုင်း သွားလေသည်။ ထိုဒေသ၌ သူသည် ဟိမစ် (Himis) ရှိ ဗုဒ္ဓ သာသနာ ဘုန်းကြီးကျောင်းသို့ ၀င်ရောက်ခဲ့ရာ လာမာရဟန်း ဂိုဏ်းချုပ်ကြီး၏ ထံမှ ထိုကျောင်းတွင် ယေရှု၏ ဘသကို ဖေါ်ပြထားသော အလွန်ရှေးကျသည့် မှတ်တမ်းများရှိကြောင်း ကြားသိခဲ့ရလေသည်။
ထိုအကြောင်းကို သူသိလို စိတ်ပြင်းပြခဲ့သော်လည်း ဖတ်ရှုလေ့လာရမည့် ဒုက္ခကို မခံနိုင်ဘဲ ခရီးဆက်ခဲ့လေသည်။ သို့သော် ခရီး မထောက်မှီပင် သူသည် လဲကျလျှက် ခြေကျိုးသွားခဲ့သဖြင့် ခရီးမဆက်နိုင်တော့ဘဲ- သူတည်းခဲ့ရာ ဘုန်းကြီးကျောင်းသို့ ပြန်ပို့ ခံခဲ့ရလေ သည်။ ဒဏ်ရာအား ဆေးကု နေစဉ်ပင် သူသည် စကားပြန်တစ်ဦး၏ အကူအညီဖြင့် ယေရှု၏ ဘ၀မှတ်တမ်းများအား ရုရှ စာသို့ ပြန်နိုင် ခွင့် ရခဲ့လေသည်။
စာရေးဆရာကြီးသည် ထိုစာမူအား ကိဗ်မြို့ရှိ သာသနာပိုင် မွန်ရှီယာ မလေတန်အား ပြသခဲ့သည်။ ထို့နောက် အမည်မဖေါ်လိုသော ရောမ ပုပ်ရဟန်းမင်းကြီးအား လည်းကောင်း၊ ပဲရစ်မြို့ ဂိုဏ်းချုပ် ရိုတဲလီ အားလည်းကောင်း ပြသခဲ့သည်။ ထိုပုဂ္ဂိုလ်များက စာမူအား လူသိရှင်ကြား ထုတ်ဝေရန် အကြံအား ကန့်ကွက်တားဆီးခဲ့လေသည်။ (အမှန်တရာအား ဤမျှခုံမင်သော သာသနာ့ ဦးသျှောင်များ ပေ တကား)။
ထိုစာအုပ်တွင်- ယေရှုသည် အသက် ၁၄ နှစ်အရွယ်တွင် ဆင်းဒ်ပြည်နယ်မှ ဤအရပ်သို့ ရောက်ရှိခဲ့ပြီး အရိယာ သူတော်စင်များ သတင်း သုံးရာနေရာများတွင် နေထိုင်ခဲ့သည်။ သူသည် ဂျဂ္ဂနပ်မြို့၊ ရာဇဂရိဟမြို့၊ ဗာရာဏသီမြို့များတွင် ခြောက်နှစ်တာ နေထိုင်ခဲ့သည်။-- လူ အများက ယေရှုအား ချစ်ခင်ကြလေ၏။ (စာမျက် နှာ ၁၀၇)။
သူသည် ရာသီပင်အလိုက် စိုက်ပင်များနှင့် ဆေးဝါးဘယဆေးပင်များ၏ အသုံးဝင်ပုံများကို လေ့လာခဲ့သည်။ ဗုဒ္ဓသာသနာနှင့် ဗြဟ္မဏ ဘာသာတို့ကို လေ့လာခဲ့သည်။ သို့သော် ဗြဟ္မဏဘာသာအား သူ မနှစ်သက်သည့်အပြင် ပြောင်ပြောင်တင်းတင်း ရှုံချပြောဆိုခဲ့သည်။ ထို့ကြောင့် ဗြဟ္မဏ၀ါဒီများ စစ်သည်များ ဗြဟ္မဏရဟန်းများ၏ အသက်ဘေးရန် ကြံစည်မှုကြောင့် တိမ်းရှောင်သွားခဲ့ရသည်။ (စာမျက်နှာ ၁၁၂)။
ဤအကြောင်းအရာများတွင် သူသည် ဗုဒ္ဓရဟန်းတော်များတွင် တပည့်ခံသွားသည်၊ ထို့နောက် ဗုဒ္ဓ၀ါဒကို မြတ်နိုးခုံမင်လျှက် ဗြဟ္မဏ ၀ါဒီများ၏ သုဒ္ဓရ ဓမ္မများကို ပြောင်ပြောင်းတင်းတင်း ဆန့်ကျင်သွားသည်-ဟု အတိအလင်း ဖေါ်ပြထားပေသည်။
ဓမ္မသစ်ကျမ်းစာ ရှင်လုကာ ခရစ်ဝင်အရ သူသည် သူ၏ဇာတိ ဂျေရုဆလင်သို့ ရောက်သောအခါ- အသက် ၃၀ ကျော် ရှိပြီဖြစ်သည်။ ထိုဒေသတွင် သူသည် သူ့ကိုယ်သူ ဗုဒ္ဓရဟန်းတော် ဖြစ်ကြောင်း- ဘုရားသားတော် ကြေငြာ ပေတော့သည်။ အကယ်၍ သူသည် ဖန်ဆင်း ရှင်ဝါဒအား လက်ခံယုံကြည်လျှင်- ထိုဒေသသားတို့ လက်ခံယုံကြည်ထားသော ထာဝရဘုရား၏ တမန်တော်ဟုသာ ကြေငြာမည်မှာ အမှန်ပင် ဖြစ်၏။ ယေရှု၏ ပြောစကားတိုင်းတွင် သူ့ကိုယ်သူ ထာဝရဘုရား၏ တမန်တော် ဟု လုံးဝမတွေ့ရပေ။ ဖန်ဆင်းရှင်ဝါဒကို လက်ခံယုံကြည်ထားသော ဂျူးများက ထာဝရဘုရားဟူသည် ရုပ်နာမ်ဒြဗ် တည်ရှိသော ဘုရားမဟုတ်။ ထိုဘုရားသည် သားမယားမရှိ၊ သားသမီးမရှိ-ဟု အခိုင်အမာ လက်ခံထားလေ၏။ ယေရှု၏ ပြေစကားသည် ထာဝရဘုရား ဟူသည်ကို လက်ခံသော စကားမဟုတ် သူ့ကိုယ်သူ ဘုရား၏သားတော် ဟု အသက်ကိုတည် ပြောဆိုခြင်းသာ ဖြစ်လေသည်။ ထိုစကားမှာ သူသည် မြတ်ဗုဒ္ဓ၏ ရဟန်းတော် တစ်ပါး အဖြစ် အတိအကျခံယူထား၏ ဟူသည်ကို သက်သေခံသွားသော စကားသာ ဖြစ်လေသည်။
ယေရှုအား ကားစင်တင်ခဲ့ပြီး နောက်ပိုင်းတွင်မှ ရှင်ပေါလုက ရဟန်းတော် ယေရှုပြောသည့် ဘုရားသားတော် ဆိုသည်မှ ဘုရား ဆိုသည် မှာ ဂျုးတို့လက်ခံထားသော ကောင်းကင်ဘုံပေါ်မှ ထာဝရဘုရား ဖြစ်သည်ဟု တီထွင်လိုက်ခြင်းသာ ဖြစ်ပေသည်။ သို့သော် ရှင်ပေါလု အနေဖြင့် လက်အုပ်ချီ၍ ဘုရားရှိခိုး- အရိုအသေပြုခြင်းကို ဖျောက်ဖျက်ရန် မေ့လျှော့နေခဲ့ပေသည်။ ယေရှု၏ ဇာတိမျိုးနွယ် လူမျိုး၏ ဘာသာတရားများတွင် လက်အုပ်ချီလျှက် ရှိခိုးခြင်း အရိုအသေပြုခြင်း ဓလေ့များ ယနေ့ထိတိုင် မတွေ့ရသေးဘဲ- ရဟန်းတော်ယေရှု၏ နောက်လိုက်များသည်သာ ယေရှု၏သွန်သင်မှုဖြင့် ယခုလက်ရှိအထိ လက်အုပ်ချီ ရှိခိုးလျှက် ရှိနေသေးသည်မှာ ကြီးမားသော သက်သေ တစ်ရပ်ပင် ဖြစ်လေသည်။
သို့ဖြစ်ပါသောကြောင့်-ယနေ့အခါတွင် ယေရှုအား မြတ်နိုးကြည်ညို လှသော ခရစ်ယာန်များ အနေဖြင့် ရှင်ပေါလု၏ ထွင်လုံးများ နောက်သို့ လိုက်မနေတော့ဘဲ မိမိတို့၏ ဦးဆောင်နာယက ဖြစ်သော ယေရှု၏ သွန်သင်မှု အမှန်ဖြစ်သည့် မြတ်ဗုဒ္ဓဒေသနာအား တိကျ စွာ လိုက်နာ ယုံကြည်သင့်ပေသည်။
စေတနာမှန်ဖြင့်- ဒေသနာမှန်သို့ ဖိတ်ခေါ်အပ်ပါသည်။
ယဉ်ကျော့ (သမိုင်း)

0 ( မှတ်ချက်ရေးချင်ရင် )