MMSA ဘလော့စည်းမျဉ်းများ

* ဘာသာ သာသနာနှင့်လူမျိုးတို့၏ ဂုဏ်ကို ထိခိုက်ပျက်စီးစေတတ်သော အရေးအသားမျိုးကို ရှောင်ရှားရန်၊
* အချင်းချင်း ညီညွတ်မှု့ကို ပျက်စီးစေတတ်သော အကြောင်းများကို ရေးသားခြင်းမှ ရှောင်ရှားရန်၊
* သာသနာနှင့် မအပ်စပ်သော အဖွဲ့ဂုဏ်သိက္ခာကို ငြိုးနွမ်းစေတတ်သော ပုံများကိုတင်ခြင်းမှ ရှောင်ရှားရန်၊
* ပုဂ္ဂိုလ်ရေးဆိုင်ရာများထက် အများနှင့်သက်ဆိုင်သော အကျိုးများစေနိုင်သော ပုံများ စာများကိုသာ ရေးသားရန်၊
* MMSAသည် ပညာရေးအဖွဲ့စည်း ဖြစ်သည့် အတွက်နိုင်ငံရေးနှင့်သက်ဆိုင်သော အရေးအသားများကို ရေးခြင်းမှ ရှောင်ရှားရန်၊
* ဗုဒ္ဓဘာသာနှင့် မိမိတို့လေ့လာနေသော ပညာရပ်ဆိုင်ရာ အကြောင်းအရာများကို ဗဟုသုတအလို့ငှါ ရေးသား မျှဝေကြရန်၊

ရခိုင်ပြည်နယ် ကျောက်တော်မြို့ရှိ

ရခိုင်ရှေးဟောင်း မဟာမုနိရုပ်ရှင်

တော်မြတ်ကြီး၏ ဂန္ဓကုဋီကျောင်း

တော်အထွဋ်အထိပ်သို့တင်လှူပူ

ဇော်နိုင်ရန်အတွက်(၃)ဘုံ(၃)ဆင့်
ရွှေသားထီးတော်ကြီး ဖြစ်ပေါ်လာ

ရေးအတွက် ၁၃၆၅-ခုနှစ်

ကဆုန်လပြည့် (၁၅.၅.၂၀၀၃) နေ့

တွင် ပြည်တွင်းပြည်ပသာသနာပြု

အလိုတော်ပြည့်ကျောင်းတိုက်များ၏

အဓိပတိ ဒေါက်တာဘဒ္ဒန္တ အရိယ၀ံသ

Dr. of Tripitaka((India) Ph.D

( Philosophy.Italy) ဆရာတော်ကြီး

စတင်ဆောင်ရွက်ခဲ့ပြီး

ယနေ့ အလိုတော်ပြည့်ဆရာတော်ကြီးသည် အဆိုပါ ရွှေစင်

ရွှေသားစစ်စစ်ရွှေပိဿာချိန်(၁၁-ပိဿာ) (၅၀-ကျပ်သား) ကို ရန်ကုန်ရှိ

တပည့် ဒကာ/ဒကာမ များစေတနာရှင် အလှူရှင်များ ပြည်တွင်း ပြည်ပ

အလှူရှင်များစုပေါင်း၍လှူဒါန်းပေးကြသည့်ရွှေ့ထီးတော်အား ရှေးမူမပျက်

တင့်တယ် ခန့်ညား သပ်ယပ်စွာ တင်လှူပူဇော်နိုင်ရန် အတွက် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးလှမောင်တင်နှင့် အစိုးရအဖွဲ့ဝင်များ ညီညာလက်တွဲ အစည်းအဝေးပြုလုပ်ခဲ့ပြီးမြို့နယ် အသီးသီးသို့ အောက်ပါအစီအစဉ်အတိုင်း လှည့်လည်အပူဇော်ခံယူမည်ဖြစ်ပါသည်။

*********************************************************************
မဟာမြတ်မုနိရွှေထီးတော်အား ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့ တာမွေကလေးရပ်ကွက် အလိုတော်ပြည့်ကျောင်းတိုက်အတွင်း၌ အဆိုပါ ရွှေထီးတော်မြတ်ကြီးအား
၅-ရက်တိုင်တိုင် အပူဇော်ခံကျင်းပပြုလုပ်မည်။

(၇-၃-၂၀၁၂) တပေါင်းလပြည့်နေ့ ဗုဒ္ဓဟူးနေ့ နေလည်(၂း၀၀)နာရီးအချိန်၌် ရန်ကုန်အလိုတော်ပြည့်ကျောင်းတိုက်တွင် အလှူတော်မင်္ဂလာအဆိုပါရွှေစင် ရွှေသား
ရွှေထီးတော်မြတ်တင်လှူပူဇော်ပွဲ၏အလှူတော်မင်္ဂလာ အခမ်းအနားအစီအစဉ်များနှင့် ရွှေစင် ရွှေသား ရွှေထီးတော်မြတ်ကြီးဖြစ်ပေါ်လာရခြင်း နောက်ခံအကြောင်းအရာများ

ရခိုင့်ရှေးဟောင်းသမိုင်းဝင်း မဟာမြတ်မုနိဘုရားကြီးသမိုင်းအကြောင်းအရာများကို ပြည်တွင်း ပြည်ပ သာသနာပြု အလိုတော်ပြည့်ကျောင်းတိုက်များ၏အဓိပတိ အဂ္ဂမဟာပဏ္ဍိတ
ဒေါက်တာဘဒ္ဒန္တ အရိယ၀ံသ Dr. of Tripitaka((India) Ph.D ( Philosophy.Italy) အလိုတော်ပြည့်ဆရာတော်ကြီးကိုယ်တိုင်

ပြည်တွင်း ပြည်ပ သတင်းဂျာနယ် မီဒီယာများ သတင်းထောက်များအား ရွှေထီးတော်တင်လှူရခြင်းနှင့် စပ်လျဉ်း၍ နယ်စပ်ဒေသ သာသနာပြုလုပ်ဆောင်ချက် ရခိုင်ပြည်နယ်၏
ဘာသာရေးအခြေအနေများကို အသေးစိပ်ရှင်းလင် မြွက်ကြားမည်ဖြစ်ပါသောကြောင့် ပြည်တွင်း ပြည်ပ စာနယ်ဇင်း သတင်းထောက်များအား အသိပေးဖိတ်ကြားအပ်ပါသည်။

(က) ။ (၁၇.၃.၂၀၁၂) - တပေါင်းလပြည့်ကျော်(၁၀) ရက် စနေနေ့ ရန်ကုန် အလိုတော်ပြည့်ကျောင်း၌အခမ်းအနားစတင်ဖွင့်လှစ်ပြီး၍ -

(၁၈/၁၉/၂၀/၂၁/၂၂ - ၃-၂၀၁၂) တပေါင်းလပြည့်ကျော်(၁၁)ရက် တနင်္ဂနွေနေ့ မှ တပေါင်းလကွယ်နေ့အထိ (၃)ဘုံ(၃)ဆင့် ရွှေသားထီးတော်ကြီးအပူဇော်ခံကျင်းပပြု လုပ်မည်ဖြစ်ပါကြောင့်အသိပေးအပ်ပါသည်။

ရခိုင်ပြည်နယ် ကျောက်တော်မြို့ရှိ ရခိုင်ရှေးဟောင်း မဟာမုနိရုပ်ရှင်တော်မြတ်ကြီး၏ ဂန္ဓကုဋီကျောင်းတော်အထွဋ်အထိပ်သို့တင်လှူပူဇော်နိုင်ရန်အတွက်

(၃)ဘုံ(၃)ဆင့် ရွှေသားထီးတော်ကြီး ဖြစ်ပေါ်လာရေးအတွက် ၁၃၆၅-ခုနှစ် ကဆုန်လပြည့် (၁၅.၅.၂၀၀၃) နေ့ တွင် ပြည်တွင်းပြည်ပသာသနာပြု

အလိုတော်ပြည့်ကျောင်းတိုက်များ၏အဓိပတိ ဒေါက်တာဘဒ္ဒန္တ အရိယ၀ံသ Dr. of Tripitaka((India) Ph.D ( Philosophy.Italy)

ဆရာတော်ကြီး စတင်ဆောင်ရွက်ခဲ့ပြီး ယနေ့ အလိုတော်ပြည့်ဆရာတော်ကြီးသည် အဆိုပါ ရွှေစင် ရွှေသားစစ်စစ်ရွှေပိဿာချိန်(၁၁-ပိဿာ)

(၅၀-ကျပ်သား) ကို ရန်ကုန်ရှိ တပည့် ဒကာ/ဒကာမ များ စေတနာရှင် အလှူရှင်များ ပြည်တွင်း ပြည်ပ အလှူရှင်များစုပေါင်း၍ လှူဒါန်းပေးကြသည့်

ရွှေ့ထီးတော်အား ရှေးမူမပျက် တင့်တယ် ခန့်ညား သပ်ယပ်စွာ တင်လှူပူဇော်နိုင်ရန်အတွက် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးလှမောင်တင်

နှင့် အစိုးရအဖွဲ့ဝင်များညီညာလက်တွဲ အစည်းအဝေးပြုလုပ်ခဲ့ပြီးမြို့နယ်အသီးသီးသို့အောက်ပါအစီအစဉ်အတိုင်း
လှည့်လည်အပူဇော်ခံယူမည်ဖြစ်ပါသည်။

*********************************************************

၁။(၂၃.၃.၂၀၁၂) - တန်ခူးလဆန်း(၁)ရက်သောကြာနေ့ရန်ကုန်မှစစ်တွေသို့လေကြောင်းခရီးဖြင့်ကြွရောက်ပါမည်။

၂။(၂၃.၃.၂၀၁၂) - တန်ခူးလဆန်း(၁)ရက် သောကြာနေ့တွင်စစ်တွေမြို့တွင်းသို့လှည့်လည် ပူဇော်ခံကြွရောက်ပါမည်။

၃။(၂၄/၂၅/၂၆/၃.၂၀၁၂) - တန်ခူးလဆန်း(၂/၃/၄) ရက် ရခိုင်ပြည်နယ် စစ်တွေမြို့ လေယာဉ်ကွင်းအနီးရှိ အလိုတော်ပြည့်ကျောင်းတိုက်

မလိခဓမ္မာရုံအတွင်း ရွှေထီးတော်အား အပူဇော်ခံထားစဉ် (၂၄/၂၅/၃.၂၀၁၂)ရက်ညပိုင်းတို့တို့တွင်ဖျော်ဖြေရေးအစီအစဉ်စတိတ်ရှိုးဖြင့်နှစ်ရက်

တိုင်တိုင်ကျင်းပပြုလုပ်ပါမည်။

၎။(၂၇.၃.၂၀၁၂) - တန်းခူးလဆန်း(၅) ရက် အင်္ဂါနေ့တွင် စစ်တွေမြို့ မှ ရသေ့တောင်မြို့နယ် ပါဒခြေတော်ရာသို့ အပူဇော်ခံကြွရောက်ပါမည်။

၅။(၂၈/၂၉.၃.၂၀၁၂) - တန်းခူးလဆန်း(၆/၇) ရက် ကြာသပတေးနေ့ တွင်ရသေ့တောင်မြို့ အလိုတော်ပြည့်ကျောင်း
တိုက်ဓမ္မာရုံအတွင်း၌ အပူဇော်ခံကြွရောက်ပါမည်။

၆။(၃၀.၃.၂၀၁၂) - တန်းခူးလဆန်း(၈) ရက် သောကြာနေ့ တွင် ပုဏ္ဏားကျွန်းမြို့၌ အပူဇော်ခံကြွရောက်ပါမည်။

၇။(၃၁.၃.၂၀၁၂) - တန်းခူးလဆန်း(၉) ရက် စနေနေ့ တွင် ပေါက်တောမြို့၌ အပူဇော်ခံကြွရောက်ပါမည်။
……………………………………………………………………………………………
၈။(၁/၂/.၄.၂၀၁၂) - တန်းခူးလဆန်း(၁၀/၁၁)တနင်္ဂနွေ တနလာင်္နေ့ များတွင် မင်းပြားမြို့၌ အပူဇော်ခံကြွရောက်ပါမည်။

၉။(၃.၄.၂၀၁၂) - တန်းခူးလဆန်း(၁၂) ရက် အင်္ဂါနေ့ တွင် မြောက်ဦးမြို့ ၌ အပူဇော်ခံကြွရောက်ပါမည်။

၁၀။(၄.၄.၂၀၁၂) - တန်းခူးလဆန်း (၁၃) ရက် ဗုဒ္ဓဟူးနေ့ တွင် ကျောက်တော်မြို့အတွင်း၌ အပူဇော်ခံကြွပါမည်။

၁၁။(၅.၄.၂၀၁၂) - တန်းခူးလဆန်း(၁၄) ရက် ကြာသပတေးနေ့ တွင် ကျောက်တော်မြို့မဟာမုနိဘုရားရင်ပြင်တော်၌အပူဇော်ခံကြွရောက်ပါမည်။

၁၂။(၆.၄.၂၀၁၂) - တန်းခူးလဆန်း(၁၅) ရက် (လပြည့်နေ့)တွင် မဟာမုနိဘုရား ရွှေထီးတော်-ငှက်မြက်နားတော်-စိန်ဖူးတော် များအားတင်လှူပူဇော်မည်ဖြစ်ပါသည်။
မှတ်ချက်…(၅/၆/၄.၂၀၁၂) - တန်းခူးလဆန်း(၁၄/၁၅)ရက်နေ့ များတွင် စတိတ်ရှူိးဖျော်ဖြေရေးပြုလုပ်ပေးပါမည်။

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် မဟာမုနိရုပ်ရှင်တော်မြတ်ကြီး၏ ဂန္ဓကုဋီကျောင်းတော်အထွဋ်အထိပ်သို့တင်လှူပူဇော်ရန်ရွှေထီးတော် -

ငှက်မြက်နားတော် - စိန်ဖူးတော် - ဇွန်းငါးဘုံ အမွှမ်းပန်း -ဆပ်သွားဖူးအမွှမ်းပန်း -မုဒ်အမွှမ်းပန်း -မှန်ကင်းအမွှမ်းပန်း -သကျိအမွှမ်းပန်း -ခိုနန်းကွက်အမွှမ်းပန်း

- ဗီလားကွက်အမွှမ်းပန်းများတို့ကို (၁၃၇၃ - ခုနစ် တန်းခူးလပြည့်နေ့ (၆.၄.၂၀၁၂) ရက်နေ့ တွင် ရခိုင်ပြည်နယ်ရှိ အများပြည်သူများ ပူဇော်နိုင်ရန် လည်းကောင်း
ရွှေထီးတော်ကိုလှည့်လည်အပူဇော်ခံကြွရောက်မည်ဒေသများဖြစ်သည်(စစ်တွေမြို့ - ဗုဒ္ဓပါဒခြေတော်ရာ-ရသေ့တောင်မြို့- ပုဏ္ဏားကျွန်းမြို့ - ပေါက်တောမြို့ -
မင်းပြားမြို့ - မြောက်ဦးမြို့ - ကျောက်တော်မြို့များသို့အပူဇော်ခံပါမည်။

ကြော်ငြာ ……………….Live Stage Show………………….နိုင်ငံကျော် အဆိုတော်များရခိုင်ပြည်နယ်ရှိ နာမည်ကြီးအဆိုတော်များက

ရခိုင်ပြည်နယ် စစ်တွေမြို့တွင် (၂၀၁၂ မတ်လ ၂၄/၂၅)ရက်နေ့ စတိတ်ရိုး(Live Stage Show)များနှင့်ရခိုင်ပြည်နယ် ကျောက်တော်မြို့

မဟာမြတ်မုနိရင်ပြင်တော်၌ (၂၀၁၂ ဧပြီလ ၅/၆)ရက်နေ့ တို့တွင် စတိတ်ရှိုး (Live Stage Show)များနှင့် ရခိုင်ရိုးရာ ကျင်ပွဲများဖြင့်စည်ကားသိုက်မြိုက်စွာဆင်ယင်ကျင်းပပြုလုပ်မည်ဖြစ်ကြောင်းအသိပေးအပ်ပါသည်။

http://alodawpyei.org/alo/component/content/article/34-slideshowcat/457-2012-02-15-16-16-25

ပို့စ်တင်သူ ။.............။ younger on Saturday 25 February 2012
ခေါင်းစဉ်အလိုက်ပို့စ်များ

0 ( မှတ်ချက်ရေးချင်ရင် )

အနန္တအတုမရှိ ဗုဒ္ဓမြတ်စွာဘုရား

အလှူရှင်များအား MMSA အဖွဲ့မှ မှတ်တမ်းတင်ဂုဏ်ပြုလွှာပေးအပ်

အလှူရှင်များအား MMSA အဖွဲ့မှ မှတ်တမ်းတင်ဂုဏ်ပြုလွှာပေးအပ်

Mahidol University

International Buddhist Collage

မြန်မာ E Books

ထိုင်းနိုင်ငံ ရောက် ရွှေ့ပြောင်း မြန်မာအလုပ်သားမားများအတွက် ပညာရေး အခွင့်အလမ်းများ

MMSA ပရိတ်သတ်များ

ယခင်ပို့စ်အဟောင်းများ

အားပေးနေသော အပေါင်းသင်းများ

International News

တိုင်းရင်းသားသတင်းဌာနများစုစည်းမှု

သတင်းဌာနများစုစည်းမှု

ဘလော့ဂ်များစုစည်းမှု