MMSA ဘလော့စည်းမျဉ်းများ

* ဘာသာ သာသနာနှင့်လူမျိုးတို့၏ ဂုဏ်ကို ထိခိုက်ပျက်စီးစေတတ်သော အရေးအသားမျိုးကို ရှောင်ရှားရန်၊
* အချင်းချင်း ညီညွတ်မှု့ကို ပျက်စီးစေတတ်သော အကြောင်းများကို ရေးသားခြင်းမှ ရှောင်ရှားရန်၊
* သာသနာနှင့် မအပ်စပ်သော အဖွဲ့ဂုဏ်သိက္ခာကို ငြိုးနွမ်းစေတတ်သော ပုံများကိုတင်ခြင်းမှ ရှောင်ရှားရန်၊
* ပုဂ္ဂိုလ်ရေးဆိုင်ရာများထက် အများနှင့်သက်ဆိုင်သော အကျိုးများစေနိုင်သော ပုံများ စာများကိုသာ ရေးသားရန်၊
* MMSAသည် ပညာရေးအဖွဲ့စည်း ဖြစ်သည့် အတွက်နိုင်ငံရေးနှင့်သက်ဆိုင်သော အရေးအသားများကို ရေးခြင်းမှ ရှောင်ရှားရန်၊
* ဗုဒ္ဓဘာသာနှင့် မိမိတို့လေ့လာနေသော ပညာရပ်ဆိုင်ရာ အကြောင်းအရာများကို ဗဟုသုတအလို့ငှါ ရေးသား မျှဝေကြရန်၊



သျှမ်းပြည်တပ်မတော်နှင့် အပစ်ရပ်ရေး ဆွေးနွေးသဘောတူပြီးဖြစ်သော်လည်း ယနေ့တိုင်ပစ်ခတ်တိုက်ခိုက်သံကြားနေရသဖြင့် သျှမ်းပြည်အရှေ့ပိုင်း ထိုင်းနယ်စပ်မျဉ်းပေါ်ရှိ ဝတ်ဖဝိန်းအင်း ဘုန်းကြီးကျောင်းတိုက်မှ ကိုရင်ငယ်များ ဦးဇင်းငယ်များ စစ်ဘေးစစ်ဒဏ်ရှောင်တိမ်းရေး လေ့ကျင့်နေကြောင်း သိရသည်။

“ ဟိုဘက်ခြမ်း မြန်မာစစ်တပ်စခန်းက ထူးထူးခြားခြား တပ်တွေ့ပြုပြင်တယ်။ လမ်းတွေဖောက်တယ်။ နယ်ခြားခြံစည်းရိုးတွေကို ရှင်းလင်းတယ်။တဘက်ကလည်း တာချီလိတ်ဘက်တွေမှာ တိုက်ပွဲမှာ မရပ်ဘူးဆိုတော့ ဘုန်းဘုန်းတို့ဘက်ကလည်း ကိုရင်ငယ်တွေကို တိုက်ပွဲဖြစ်လာရင် ဘယ်လိုရှောင်ရမလဲဆိုတာ လေ့ကျင့်ပေးနေတာလေ” ကျောင်းထိုင်ဆရာတော်က သျှမ်းသံတော်ဆင့်သို့ ပြောပြသည်။

ကိုရင်ငယ်အပါး ၅၀ ကျော်နှင့် ဦးဇင်းတွေအပါအဝင် သံဃာတော်အပါး ၆၀ ဝန်းကျင် ရှိအဆိုပါဝတ်ဖဝိန်းအင်းကျောင်းတိုက်၌ စစ်ဘေးတိမ်းရှောင်နည်း လေ့ကျင့်နေသကဲ့သို့ မြန်မာစစ်တပ်၏ ထူးခြားသည့်လုပ်ရပ်ကြောင့် နယ်ခြားစောင့် ထိုင်းစစ်တပ်ကလည်း ၄င်းတို့၏ စစ်ပြင်ဆင်နေသည်ကိုတွေ့ရကြောင့် လက်တိုင်ရွာ( ထိုင်းဘက်ခြမ်း)နေ့ ဒေသခံများက ပြောသည်။

“ဘုန်းကြီးကျောင်း မျက်နှာခြင်းဆိုင် ကုန်းပေါ်က တပ်စခန်းအတက်လမ်းကို ရှင်းနေသည်။ ဘုန်းကြီးကျောင်းနဲ့ အဲဒီတပ်ကြားက နစ်ရှည်လများ ပစ်ထားတဲ့ ဆရာစိုင်းမူရဲ့ စာသင်ကျောင်းဆောင်၊ သီလရှင်ကျောင်းနဲ့ ဆွမ်းစားကျောင်းအပျက် နောက်ပြီး သူတို့ရဲ့ကင်းအမှာ ၁-၂-၃ သုံးခုလုံးကို ပြုပြင်တည်ဆောက်နေသလို ကင်းအတက်လမ်းကိုလည်း ရှင်းလင်းနေတယ်။ ကျောင်းရဲ့အစွန်က ထိုင်းမြန်မာ နယ်စပ်ဂိတ်ဟောင်းတွေရဲ့ ခြံစည်းရိုးမှာ ရှင်းလင်းနေတော့ ထိုင်းစစ်တပ်ကလည်း သူတို့ ကင်းစခန်းတွေကို ရှင်းနေတယ်။ ဒေသခံတွေကတော့ တိုက်ပွဲဖြစ်လာမှာကို စိုးရိမ်နေကြတယ်။ နယ်စပ်လမ်းဖွင့်ဖို့ မျှော်နေတဲ့ စီးပွါးရေးသမား ကုန်သည်များအပါအဝင်ပေါ”

၂၀၀၂ ခုနစ် သျှမ်းပြည်တပ်မတော်နှင့် မြန်မာစစ်တပ်တို့၏ တိုက်ပွဲဖြစ်ပြီးနောက်ပြီး အဆိုပါ နယ်စပ်ဂိတ်ကို ယနေ့တိုင် ပိတ်ထားခဲ့သည်။ နယ်စပ်မျဉ်းပေါ်ရှိ အဆိုပါ ဝတ်ဖဝိန်းအင်းကျောင်းတိုက်၏ မျက်နှာခြင်းဆိုင် တောင်ကုန်းတဘက်ခြမ်းပေါ်သို့လည်း ထိုချိန်ကစ၍ ဗမာ့တပ်မတော်က စခန်းချနေရာယူလာခဲ့သည်။ ဝတ်ဖဝိန်းကျောင်းတိုက်သည် ၂၀၀၂ မတိုင်ခင်က ပညာသင်ကိုရင် အပါး ၁၀၀ ကျော်ရှိသော်လည်း ယခုနောက်ပိုင်း မိဘမဲ့ ဒုက္ခသည် ကိုရင်ငယ် အပါး ၅၀ ခန့်သာရှိတော့ကြောင့် သိရသည်။

သျှမ်းပြည်တပ်မတော်နှင့် အပစ်ရပ်ရေး ဆွေးနွေးသဘောတူပြီးဖြစ်သော်လည်း ယနေ့တိုင်ပစ်ခတ်တိုက်ခိုက်သံကြားနေရသဖြင့် သျှမ်းပြည်အရှေ့ပိုင်း ထိုင်းနယ်စပ်မျဉ်းပေါ်ရှိ ဝတ်ဖဝိန်းအင်း ဘုန်းကြီးကျောင်းတိုက်မှ ကိုရင်ငယ်များ ဦးဇင်းငယ်များ စစ်ဘေးစစ်ဒဏ်ရှောင်တိမ်းရေး လေ့ကျင့်နေကြောင်း သိရသည်။

www.drlunswe.bloggerspot.com







ပို့စ်တင်သူ ။.............။ younger on Saturday 25 February 2012
ခေါင်းစဉ်အလိုက်ပို့စ်များ

0 ( မှတ်ချက်ရေးချင်ရင် )

အနန္တအတုမရှိ ဗုဒ္ဓမြတ်စွာဘုရား

အလှူရှင်များအား MMSA အဖွဲ့မှ မှတ်တမ်းတင်ဂုဏ်ပြုလွှာပေးအပ်

အလှူရှင်များအား MMSA အဖွဲ့မှ မှတ်တမ်းတင်ဂုဏ်ပြုလွှာပေးအပ်

Mahidol University

International Buddhist Collage

မြန်မာ E Books

ထိုင်းနိုင်ငံ ရောက် ရွှေ့ပြောင်း မြန်မာအလုပ်သားမားများအတွက် ပညာရေး အခွင့်အလမ်းများ

MMSA ပရိတ်သတ်များ

ယခင်ပို့စ်အဟောင်းများ

အားပေးနေသော အပေါင်းသင်းများ

International News

တိုင်းရင်းသားသတင်းဌာနများစုစည်းမှု

သတင်းဌာနများစုစည်းမှု

ဘလော့ဂ်များစုစည်းမှု