MMSA ဘလော့စည်းမျဉ်းများ

* ဘာသာ သာသနာနှင့်လူမျိုးတို့၏ ဂုဏ်ကို ထိခိုက်ပျက်စီးစေတတ်သော အရေးအသားမျိုးကို ရှောင်ရှားရန်၊
* အချင်းချင်း ညီညွတ်မှု့ကို ပျက်စီးစေတတ်သော အကြောင်းများကို ရေးသားခြင်းမှ ရှောင်ရှားရန်၊
* သာသနာနှင့် မအပ်စပ်သော အဖွဲ့ဂုဏ်သိက္ခာကို ငြိုးနွမ်းစေတတ်သော ပုံများကိုတင်ခြင်းမှ ရှောင်ရှားရန်၊
* ပုဂ္ဂိုလ်ရေးဆိုင်ရာများထက် အများနှင့်သက်ဆိုင်သော အကျိုးများစေနိုင်သော ပုံများ စာများကိုသာ ရေးသားရန်၊
* MMSAသည် ပညာရေးအဖွဲ့စည်း ဖြစ်သည့် အတွက်နိုင်ငံရေးနှင့်သက်ဆိုင်သော အရေးအသားများကို ရေးခြင်းမှ ရှောင်ရှားရန်၊
* ဗုဒ္ဓဘာသာနှင့် မိမိတို့လေ့လာနေသော ပညာရပ်ဆိုင်ရာ အကြောင်းအရာများကို ဗဟုသုတအလို့ငှါ ရေးသား မျှဝေကြရန်၊

  • ကျန်းမာရေး စောင့်ရှောက်မှုစနစ်

ယေဘူယျအားဖြင့် မြန်မာနိုင်ငံ၏ ကျန်းမာရေးစောင့်ရှောက်မှုစနစ်သည် အစိုးရ၊ တသီးပုဂ္ဂလ အလှူရှင်များနှင့် ပြင်ပ အကူအညီများမှ အထောက်အပံ့များဖြင့် ရပ်တည်နေရသည်။ အစိုးရနှင့် နိုင်ငံတကာအဖွဲ့အစည်း အချို့သည် နိုင်ငံတွင်း တီဘီ အဆုတ်နာရောဂါ၊ ခုခံအားကျဆင်းမှုရောဂါ (အိပ်ခ်ျအိုင်ဗွီ အေအိုင်ဒီအက်စ်) နှင့် ငှက်ဖျားရောဂါ တိုက်ဖျက်ရေး အတွက် အဓိကထားသည့် ကျန်းမာရေးအစီအစဉ်ကို အကောင်အထည်ဖော် ဆောင်ရွက်နေကြသည်။ ကျေးလက်ဒေသ များတွင် အခြေခံကျန်းမာရေးစောင့်ရှောက်မှု ရရှိရေးသည် အရေးကြီးသည့် ပြသနာတစ်ရပ်အဖြစ် ရှိနေဆဲ ဖြစ်ပြီး၊ ကျန်းမာ ရေးစောင့်ရှောက်မှု အားနည်းခြင်းကြောင့် ကျေးလက်လူထုအကြား ရောဂါဖြစ်ပွားမှုနှုန်း များပြားနေရခြင်း ဖြစ်သည်။

မြန်မာနိုင်ငံတွင် ကျန်းမာရေးစောင့်ရှောက်မှုစနစ်မှာ လွန်စွာ နိမ့်ကျလျက်ရှိသည်။ အဓိကအကြောင်းရင်းမှာ စစ်အစိုးရ သည် ကျန်းမာရေးစောင့်ရှောက်မှုအတွက် နိုင်ငံ ဂျီဒီပီ၏ (၀.%) မှ (၃ %) ကိုသာ သုံးစွဲသောကြောင့် ဖြစ်သည်။ ထိုပမာဏသည် ကမ္ဘာပေါ်တွင် အနိမ့်ဆုံးပမာဏ ဖြစ်သည်။ ကျန်းမာရေး စောင့်ရှောက်မှုသည် ယေဘူယျအားဖြင့် အခမဲ့ ဖြစ်သော်လည်း ပြည်သူ့ဆေးပေးခန်းများနှင့် ပြည်သူ့ဆေးရုံများတွင်ပင် ဆေးဖိုးနှင့် ကုသစရိတ်ကို လူနာများက ပေး ဆောင်ရသည်။ ပြည်သူ့ဆေးရုံများသည် အခြေခံအဆောက်အအုံနှင့် စက်ပစ္စည်းများ လုံလောက်မှုမရှိပေ။ ယေဘူယျအား ဖြင့် ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့မှလွဲလျှင် ကျန်ဒေသများ၌ ကျန်းမာရေးစောင့်ရှောက်မှု အလွန်ချို့တဲ့သော်လည်း မြန်မာ တစ်နိုင်ငံလုံး အထူးသဖြင့် ဝေးလံခေါင်သီသောအရပ်များတွင် ပို၍ဆိုးရွားသည်။ ရန်ကုန်မြို့နှင့် မန္တလေးမြို့တွင် အရည် အသွေးမြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးသည့် ပုဂ္ဂလိက ဆေးရုံအချို့ ရှိသည်။ သို့သော် မြန်မာလူထုအများစုသည် ထို ပုဂ္ဂလိကဆေးရုံ၊ ဆေးခန်းများသို့ သွားရောက်ကုသမှုခံယူရန် ငွေကြေး မတတ်နိုင်ကြချေ။

  • အဖြစ်များသော ရောဂါများ

မြန်မာနိုင်ငံသည် အရွယ်ရောက်ပြီး လူထုများအကြား အိပ်ခ်ျအိုင်ဗွီ အေအိုင်ဒီအက်စ်ကူးစက်မှုနှုန်း ကမ္ဘာပေါ်တွင် အမြင့် ဆုံး နိုင်ငံများထဲမှ တစ်နိုင်ငံဖြစ်သည်။ အများစုမှာ လိင်လုပ်သားများ၊ ၎င်းတို့၏ ဖောက်သည်များနှင့် မူးယစ်ဆေးထိုးသူ များ ဖြစ်ကြသည်။ အဆုတ်နာရောဂါသည်လည်း ကျန်းမာရေးအရ စိုးရိမ်ဖွယ် ခြိမ်းခြောက်မှုတစ်ခု ဖြစ်သည်။ ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ (WHO) ၏ မှတ်တမ်းများအရ မြန်မာနိုင်ငံသည် ကမ္ဘာပေါ်ရှိ (၁၉) နိုင်ငံမြောက် အဆုတ်နာရောဂါ အဖြစ် ဆုံး နိုင်ငံဖြစ်သည်။ ထို့အပြင် မြန်မာနိုင်ငံတွင် အိပ်ခ်ျအိုင်ဗွီ အေအိုင်ဒီအက်စ်ကူးစက်မှုနှုန်း မြင့်မားခြင်းက ကိုယ်တွင်း ခုခံ စွမ်းအားစနစ်အပေါ် သက်ရောက်စေခြင်းကြောင့် တီဘီအဆုတ်နာ ဖြစ်ပွားမှုကို ပိုမိုတိုးပွားလာစေသည်။ ငှက်ဖျား ရောဂါ ပိုးသယ်ဆောင်သောခြင်သည် မြန်မာတစ်နိုင်ငံလုံးတွင် ရှိသော်လည်း ရန်ကုန်နှင့် မန္တလေးမြို့ပြဒေသများတွင် ကူးစက်မှု နှုန်း နည်းပါးသည်။ ရောဂါဖြစ်ပွားမှုတွင် ငှက်ဖျားရောဂါဖြစ်ပွားမှုနှုန်းသည် (၂၃ %) ဖြစ်၍ နိုင်ငံတွင်း သေဆုံးမှု၏ (၄၂ %) မှာ ယင်းရောဂါကြောင့် ဖြစ်သည်။ ကလေးငယ် (၂၀ %) ကျော်သည် အသက် () နှစ်မပြည့်ခင် သေဆုံးကြရသည်။ တ၀က်နီးပါးမှာ ငှက်ဖျားရောဂါကူးစက်မှုကြောင့် ဖြစ်သည်။

  • မြန်မာနိုင်ငံ ပညာရေး

နိုင်ငံ၏ ပညာရေးအဆင့်အတန်းသည့် လွန်ခဲ့သည့် ဆယ်စုနှစ်များအတွင်း သိသိသာသာ ကျဆင်းလာခဲ့သည်။ လွတ်လပ် ရေး ရသည့်အချိန်တွင်၊ မြန်မာနိုင်ငံသည် ယခင်ဗြိတိသျှအင်ပါယာတွင်းရှိ ကိုလိုနီနိုင်ငံများ၌ ကိုယ်ပိုင် ဘာသာစကားနှင့် စာတတ်မြောက်မှုနှုန်း အမြင့်ဆုံး ရှိခဲ့သည်။ နောက်နှစ်များစွာ၌လည်း အာရှဒေသတွင် ပညာရေးအဆင့်အတန်း အမြင့်ဆုံး နိုင်ငံတစ်နိုင်ငံ ဖြစ်ခဲ့သည်။ သို့သော် ဆယ်စုနှစ်များစွာကြာ ရင်းနှီးမြှုပ်နှံမှုနည်းပါးခြင်းနှင့် ပြည်တွင်းပဋိပက္ခများကြောင့် နိုင်ငံတစ်ဝှမ်း ပညာရေးစနစ် ယိုယွင်းပျက်စီးစေခဲ့သည်။

နိုင်ငံ၏ ပညာရေးစနစ်အရ အသက် (၉) နှစ်အထိသာ မသင်မနေရ ပညာရေးစနစ် ဖြစ်သည်။ မူလတန်းပညာရေး ပထမ ငါးနှစ်သင်ကြားပြီးနောက် (ပထမတန်းမှ ပဉ္စမတန်းအထိ) သင်ယူပြီးသော ကျောင်းသားများသည် အလယ်တန်း အဆင့် ပညာရေး (ဆဌမတန်းမှ အဌမတန်းအထိ) ကို ဆက်လက်သင်ကြားရသည်။ အခြေခံပညာအဆင့် ရှစ်တန်းအောင်မြင်ပြီး နောက် ကျောင်းသားများသည် အထက်တန်းပညာရေး (န၀မတန်းမှ ဒဿမတန်းအထိ) ကို ဆက်လက်သင်ကြားကြရ သည်။ ဆယ်တန်းတက်ပြီးလျှင် ကျောင်းသားများသည် အခြေခံပညာအဆင့် ဆယ်တန်းစာမေးပွဲကို အောင်မြင်ရန် ဖြေဆို ကြရသည်။ သို့မှသာ တက္ကသိုလ်ပညာရေးကို ဆက်လက်သင်ယူနိုင်မည့် အထက်တန်း အောင်လက်မှတ်ကို ရရှိမည် ဖြစ် သည်။

  • ကျောင်းတက်နိုင်ခွင့် အခွင့်အလမ်း

တရားဝင်ကိန်းဂဏန်းများအရ (၂၀၀) ခုနှစ်တွင်၊ မြန်မာနိုင်ငံရှိ စာသင်ကျောင်းများတွင် ကလေးကျောင်းအပ်နှုန်းသည် မူလတန်းအဆင့်တွင် (၉၀ %) နှင့် အလယ်တန်းအဆင့်တွင် (၃၇ %) ရှိသည်။ ထိုအထဲတွင် ကျောင်းအပ်သည့် မိန်း ကလေးနှင့် ယောက်ျားလေး အရေအတွက် ညီမျှသည်ဟု ဆိုနိုင်သည်။ သို့သော် မြန်မာနိုင်ငံတွင် ပညာရေးအတွက် လုပ်ဆောင်နေသော အဖွဲ့အစည်းများက ကျောင်းအပ်နှုန်းသည် ထိုတရားဝင် ကိန်းဂဏန်းများထက် ပိုမိုနည်းပါးနိုင်ကြောင်း ခန့်မှန်းကြသည်။ ထို့အပြင် မူလတန်းပညာရေးတွင် အပ်နှံသော ကလေးအများစုသည် မူလတန်းပညာကို မည်သည့်အခါမှ ပြီးဆုံးအောင် မသင်ကြားနိုင်ကြပေ။ ကမ္ဘာ့ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ (UNICEF) ၏ အဆိုအရ ကလေးအများစု သည် ၎င်းတို့မိဘများက ကျောင်းစရိတ် ပေးရန် မတတ်နိုင်သည့်အတွက်ကြောင့်သော်လည်းကောင်း၊ နိမ့်ကျသော သင် ကြားမှု အခြေအနေများကြောင့် ကျောင်းထွက်ကြရသည်ဟု ဆိုသည်။ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စား လှယ်၏ အဆိုအရ ကလေးစုစုပေါင်းဦးရေ၏ ထက်ဝက်အောက် ဦးရေသာ မူလတန်းပညာရေးကို ပြီးစီးကြသည်ဟု ဖော်ပြ သည်။

တိုင်းရင်းသားလူမျိုးများ နေထိုင်ရာ ပဋိပက္ခဒေသများတွင် နေထိုင်သော ကလေးများသည် ကျောင်းတက်ခွင့် အခွင့် အလမ်း ပိုမို နည်းပါးသည်။ အထူးသဖြင့် ပညာရေးထက် အသက်ရှင်နိုင်ရေးနှင့် အစားအစာ ရရှိရေးအတွက် ရုန်းကန် နေရခြင်းက ပို၍ အရေးပါသည်။ (၂၀၀) ခုနှစ်၊ ဖေဖော်ဝါရီလတွင် ထုတ်ပြန်သော မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ် (ABFSU) ၏ ၂၀၀၄ ခုနှစ် ပညာရေးအစီရင်ခံစာ အရ (၂၀၀၄) ခုနှစ်တွင် ကရင်၊ ကရင်နီ၊ ရှမ်းနှင့် ရခိုင်ပြည်နယ်များရှိ ပဋိပက္ခဖြစ်ပွားရာ ဒေသများ၊ သို့မဟုတ် အပစ်ရပ်ဒေသများ၌ ကလေးငယ် (၁၀) ဦးတွင် တစ်ဦးသာ မူလတန်းကျောင်း တက်နိုင်သည်ဟု ဖော်ပြသည်။ တိုင်းရင်းသားကျောင်းသားများကို ‘ဗမာလူမျိုး’ တို့၏ စံတန်ဖိုး အယူ အဆများ လက်ခံလာအောင် သွပ်သွင်းပေးသည့် စစ်အစိုးရခန့် ကျောင်းဆရာများက အစိုးရကျောင်းများကို ဦးဆောင် ကြပြီး ပညာသင်ကြားမှုတွင်လည်း ကျောင်းသားများ၏ မိခင်တိုင်းရင်းသား ဘာသာစကားကို ထည့်သွင်း သင်ကြားခြင်း မရှိကြပေ။

မြန်မာနိုင်ငံ တစ်ဝှမ်းလုံးတွင် အစိုးရပညာရေး ကျဆင်းမှုသည် ပညာရေးအဆင့် ကွာဟမှုကို ဖြည့်ဆည်းနေသော တသီး ပုဂ္ဂလများနှင့် အဖွဲ့အစည်းများအပေါ် သက်ရောက်မှု ရှိနေသည်။ နှစ်ပေါင်းများစွာကတည်းက ဆင်းရဲသော မိသားစုမှ ယောက်ျားလေးငယ်များသည် ဘုန်းကြီးကျောင်း ပညာရေး (ဘက ကျောင်း) တွင် ပညာသင်ယူကြသည်။ မြန်မာနိုင်ငံ၏ အချို့နေရာများတွင် မွတ်စလင်နှင့် ခရစ်ယာန်ဘာသာကျောင်းများသည်လည်း ၎င်းကဲ့သို့ စေတနာ့ဝန်ထမ်း ပညာသင် ကျောင်းများ ဖွင့်လှစ်ထားသည်။ တိုင်းရင်းသားဒေသများတွင် ပုဂ္ဂလိကအလှူရှင်များ ထောက်ပံ့သော ရပ်ရွာ ကိုယ်ထူ ကိုယ်ထ စာသင်ကျောင်းများသည် ကျောင်းသားများ၏ ကိုယ်ပိုင်ဘာသာစကားဖြင့် စာသင်ကြားပေးသော်လည်း ထို ကျောင်းများသည် အာဏာပိုင်များ၏ နှောင့်ယှက်ခြင်း၊ ပိတ်ပင်ခိုင်းခြင်းကို မကြာခဏ ခံကြရသည်။ မြို့ပြဒေသများ အထူးသဖြင့် ရန်ကုန်မြို့ရှိ ပုဂ္ဂလိက တရားမ၀င်ကျောင်းအများစုတွင် အင်္ဂလိပ်စာနှင့် အခြား ဘာသာရပ်များ သင်ကြားပေး သည်။ ထိုကျောင်းများသည် အစိုးရစနစ်အပြင်ဘက်တွင် ရှိပြီး အစိုးရကျောင်းဆရာများက ပုဂ္ဂလိကအတန်းများ သင်ကြား ခြင်းဖြင့် အပိုဝင်ငွေ ရှာဖွေခြင်း ဖြစ်သည်။

  • မိန်းကလေးများ၏ ပညာရေး

မြန်မာနိုင်ငံတွင် မိန်းကလေးများ ပညာသင်ကြားရေးကို အလေးထားသော်လည်း စားဝတ်နေရေး ဖူလုံမှုအတွက် အချိန် ပေးရသဖြင့် မိန်းကလေးအများအပြားသည် စာသင်ခန်းပြင်ပသို့ ရောက်နေကြရသည်။ မိန်းကလေးများ၏ အခန်းကဏ္ဍ တွင် မိသားစုတာဝန်များကို ကူညီရမည်ဟု ထုံးတမ်းစဉ်လာက သတ်မှတ်ထားသည့်အတွက် ထိုအခြေအနေတွင် မိန်း ကလေးများသည်၊ ယောက်ျားလေးများထက် ပညာသင်ကြားခွင့် ဆုံးရှုံးကြရသည်။ ထို့အတွက်ကြောင့် မိန်းကလေး အများစုအတွက် ပညာရေးသည် ရွေးချယ်စရာတစ်ခု မဟုတ်တော့ပေ။ မြန်မာ့စီးပွားရေးဆိုးရွားသည့် အခြေအနေအောက် တွင် မိသားစုအတော်များများသည် ၎င်းတို့၏ သမီးမိန်းကလေးများ ရေရှည်ပညာရေးအနာဂတ်အတွက်ကို မစဉ်းစားနိုင် ကြချေ။ ရေတို နေ့စဉ်အသက်ရှင်ရပ်တည်မှုနှင့် လဲလှယ်နေကြရသည်။ မိန်းကလေးများသည် လုပ်ငန်းခွင်သို့ မဖြစ်မနေ ၀င် ရောက်နေရကြပြီး အခြေခံလိုအပ်ချက်များအတွက် ကူညီရှာဖွေပေးကြရသည်။

ကျေးလက်ဒေသများနှင့် ပဋိပက္ခဖြစ်ပွားရာဒေသများတွင် အခြေခံပညာသင်ကြားခွင့်ရရန် ခက်ခဲပြီး နေရာ အတော်များများ တွင် ပညာသင်ကြားခွင့် မဖြစ်နိုင်ပေ။ ပဋိပက္ခအများဆုံးဖြစ်ပွားသည့် နယ်စပ်ဒေသများတွင် ပညာရေးဆိုင်ရာ အဆောက် အအုံ လုံလောက်မှု မရှိ၊ ဆရာ လုံလောက်မှု မရှိ၊ ကျောင်းသွားရာလမ်းတွင် ရုပ်ပိုင်းဆိုင်ရာ အန္တရာယ်ကျရောက်နိုင်မှုများ၊ အတင်း အဓမ္မနေရာ ပြောင်းရွှေ့ခိုင်းမှုများကြောင့် အသက်ဆုံးရှုံးမှုများနှင့် တိုင်းရင်းသား ဒေသများရှိ ဗမာ မဟုတ်သော ကျောင်းများကို ပိတ်ခိုင်းသည့် ဗမာလူမျိုးအဖြစ် သိမ်းသွင်းသည့် မူဝါဒ စသည့် ပညာရေးနှင့်ပတ်သက်၍ အတားအဆီး အများအပြားကို မိန်းကလေးများ ကြုံတွေ့နေကြရသည်။

  • အဆင့်မြင့်ပညာရေး

အဆင့်မြင့်ပညာရေးဌာနများသည် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ (န၀တ) လက်ထက်တွင် နှစ် အတော်ကြာ ပိတ်ထားခဲ့သည်။ (၁၉၈၈) ခုနှစ် လူထု အရေးတော်ပုံ ဖြစ်ပွားပြီးနောက် တက္ကသိုလ်အားလုံးကို နှစ်နှစ် ပိတ်ပင်ထားခဲ့သည်။ (၁၉၉၆) ခုနှစ်နှင့် (၁၉၉၈) ခုနှစ်တွင် နောက်ထပ်ကျောင်းသား ဆန္ဒပြပွဲများ ဆက်တိုက် ဖြစ်ပွား ခဲ့သည့်အတွက် တက္ကသိုလ်များ နောက်ထပ် သုံးနှစ် အပိတ်ခံခဲ့ရသည်။ ရန်ကုန်မြို့တွင် တက္ကသိုလ်များကို (၁၉၈၈) မှ (၂၀၀၀) ခုနှစ်အတွင်း (၁၂) နှစ်ကာလတွင် (၁၀) နှစ်တိုင်တိုင် ပိတ်ပင်ထားခဲ့သည်။

(၂၀၀၀) ခုနှစ်တွင် တက္ကသိုလ်နှင့် ကောလိပ်များ ပြန်လည်ဖွင့်လှစ်ပြီးနောက် စစ်အစိုးရသည် တက္ကသိုလ်အများအပြားကို ဝေးလံသည့် ဒေသများသို့ ပြောင်းရွှေ့ ဖွင့်လှစ်ခဲ့သည်။ မြို့ပြနှင့် အလွန်ဝေးသော အရပ်များရှိ တက္ကသိုလ်နယ်မြေများသို့ သာမာန် သိပ္ပံ၊ ဝိဇ္ဇာဘွဲ့အတန်းများကို ပြောင်းရွှေ့ဖွင့်လှစ်ခဲ့သည်။ (၁၉၉၉-၂၀၀၀) ခုနှစ် ဥပဒေ ပြဌာန်းလိုက်သည့် အချိန်မှ စ၍ တိုင်းရင်းသားဒေသရှိ ကျောင်းသားများကို ၎င်းတို့ပြည်နယ်ပြင်ပရှိ အဆင့်မြင့်ပညာသင်ကျောင်းများ၌ သွားရောက် ပညာသင်ကြားခြင်း မရှိတော့ဘဲ၊ ဒေသတစ်ခုနှင့် တစ်ခုအကြား ပညာပြောင်းရွှေ့သင်ကြားရန် ပိုမို ခက်ခဲလာခဲ့သည်။ ကျောင်းသားများကို တစ်ဦးနှင့် တစ်ဦးမရင်းနှီးအောင် ခွဲထားခြင်း၊ မြို့ကြီးများတွင် ကျောင်းသားများ အစုအဝေး မဖြစ် အောင် တမင်တကာ အစီအစဉ်ချ လုပ်ဆောင်ခြင်းနှင့် တိုင်းရင်းသား လူမျိုးစုကျောင်းသားများကို သီးသန့်ထားခြင်း စသည် တို့သည် ကျောင်းသားလှုပ်ရှားမှုများကို အားနည်းသွားစေရန် မျှော်လင့်သော စစ်အစိုးရ၏ နည်းလမ်းများထဲမှ အချို့ ဖြစ်သည်။

http://arakanhrdo.org/

ပို့စ်တင်သူ ။.............။ younger on Monday 6 February 2012
ခေါင်းစဉ်အလိုက်ပို့စ်များ

0 ( မှတ်ချက်ရေးချင်ရင် )

အနန္တအတုမရှိ ဗုဒ္ဓမြတ်စွာဘုရား

အလှူရှင်များအား MMSA အဖွဲ့မှ မှတ်တမ်းတင်ဂုဏ်ပြုလွှာပေးအပ်

အလှူရှင်များအား MMSA အဖွဲ့မှ မှတ်တမ်းတင်ဂုဏ်ပြုလွှာပေးအပ်

Mahidol University

International Buddhist Collage

မြန်မာ E Books

ထိုင်းနိုင်ငံ ရောက် ရွှေ့ပြောင်း မြန်မာအလုပ်သားမားများအတွက် ပညာရေး အခွင့်အလမ်းများ

MMSA ပရိတ်သတ်များ

ယခင်ပို့စ်အဟောင်းများ

အားပေးနေသော အပေါင်းသင်းများ

International News

တိုင်းရင်းသားသတင်းဌာနများစုစည်းမှု

သတင်းဌာနများစုစည်းမှု

ဘလော့ဂ်များစုစည်းမှု