၂၀၁၁ ခုနှစ် သန်းခေါင်စာရင်းကောက်ခံမှုအရ အိန္ဒိယလူဦးရေမှာ ၁.၂၁ ဘီလီယံ (သန်း တစ်ထောင့် နှစ်ရာ့တစ်ဆယ် သန်း) ရှိကြောင်း မကြာခင်က အန္ဒိယအစိုးရမှ ထုတ်ပြန်ခဲ့သည်။
ပြီးခဲ့တဲ့ ဆယ်နှစ်အတွင်း သန်း ၁၈၁ သန်း ပိုများလာခဲ့သည်ဟု ဆိုသည်။
စာရင်းသစ်အရ အမျိုးသား ၆၂၃.၇ သန်းရှိပြီး၊ အမျိုးသမီး ၅၈၆.၅ သန်း ရှိသည်ဟု ဖော်ပြထားသည်။
မွေးကင်းစမှ အသက် ၆ နှစ်အတွင်းရှိ ယောက်ျားလေး ၁၀၀၀ တွင် မိန်းကလေး ၉၁၄ ယောက် ရှိသည်။ တစ်နည်းအားဖြင့် အသက် ၆ နှစ်အတွင်းရှိ ယောက်ျားလေး ၈၂.၉ သန်းရှိပြီး၊ မိန်းကလေး ၇၅.၈ သန်း ရှိသည်။
၂၀၀၁ ခုနှစ်တွင် အသက် ၆ နှစ်အတွင်း ယောက်ျားလေး ၁၀၀၀ ရှိတိုင်း မိန်းကလေး ၉၃၀ ရှိရာမှ ယခု ၉၁၄ ယောက်သို့ ကျဆင်းသွားခဲ့သည်။ ထိုအချိုးအစားမှာ တစ်တိုင်းပြည်လုံး လူဦးရေ အရေအတွက် အရဆိုလျှင် အလွန်များပြားနေသည်။ အိန္ဒိယရဲ့ သားယောက်ျားလေး မျက်နှာသာပေးတဲ့ ယဉ်ကျေးမှု အစဉ်အလာကြောင့် သမီးမိန်းကလေး အရေအတွက် ကျဆင်းသွားရခြင်း ဖြစ်သည်ဟု ဆိုသည်။
ပုံမှန်အားဖြင့် အိန္ဒိယ မိသားစုများတွင် ကလေးမွေးဖွားမှုအပေါ် ထိန်းချုပ်မှု မရှိသော်လည်း၊ ယခု ချမ်းသာသူများနှင့် လူလတ်တန်းစားများတွင် X-ray ရိုက်ခြင်းလို နည်းပညာများ အကူအညီဖြင့် သမီး မိန်းကလေး စွန့်ပစ်မှုများ ပိုလုပ်လာကြသည်။
အိန္ဒိယ ပြည်နယ် ၃၅ ခုအနက် ၂၈ ခုတွင် ဆယ်နှစ်အတွင်း သမီးမိန်းကလေး အရေအတွက် သိသိသာသာ ပိုကျဆင်းသွားခဲ့သည်။ မြောက်ဘက် ဟာယနပြည်နယ်တွင် ယောက်ျားလေး ၁၀၀၀ တွင် မိန်းကလေး ၈၃၀ သာရှိပြီး၊ အရှေ့ဘက် မက်ဂါလယာ ပြည်နယ်မှာ ၉၇၃ ယောက် ရှိသည်။
ပြီးခဲ့တဲ့နှစ် တရုတ် လူဦးရေစာရင်း ကောက်ခံမှုအရ ၂၀၂၀ ခုနှစ်တွင် တရုတ် လူငယ် ယောက်ျားလေး ၅ ယောက်မှာ မိန်းကလေး ၁ ယောက်သာ ရှိမည်ဟု တရုတ်လူမှု့သိပ္ပံ ဌာနကလည်း ဖော်ပြ သည်။
မောက္ခ နိုင်ငံတကာသတင်း Source: Census of India 2011
0 ( မှတ်ချက်ရေးချင်ရင် )