Pentronas Company နှင့် GLORY Career Training Centre တို့ ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်အရ အသက်မွေးဝမ်းကျောင်းအတတ်ပညာရပ်ဆိုင်ရာ သင်တန်းများကို ထားဝယ်ဒေသသို့ သွားရောက်ကာ ပို့ချပေးခဲ့ကြောင်း သတင်းရရှိပါသည်။ GLORY သင်တန်းကျောင်းမှ Trainer များပို့ချခဲ့သော သင်တန်းများမှာ Electrical Installation and Wiring သင်တန်းများနှင့် Refrigeration and Air-conditioning သင်တန်းတို့ဖြစ်ပြီး အဆိုပါ သင်တန်းများကို Yetagon Socio-Eco Development Program အစီအစဉ်အရ ထားဝယ်နှင့် ကန်ဘောက်ဒေသခံများကို စိစစ်ရွေးချယ်ကာ အခမဲ့ သင်ကြားခဲ့ခြင်းဖြစ်သည်။ အဆိုပါ အစီအစဉ်ကို MOGE, PTTEP, NIPPON OIL နှင့် PC Myanmar တို့၏ ပံ့ပိုးကူညီမှုဖြင့် ဘန်ကောက်မြို့တွင် မေ(၅)ရက်၌ စတင်ဖွင့်လှစ်ခဲ့ပြီး ဖွင့်ပွဲအခမ်းအနားတွင် POC (Pipeline Operating Centre) မှ မန်နေဂျာ Mr.David နှင့် PC Myanmar မှ တာဝန်ရှိသူများမှ အဖွင့်အမှာစကားပြောကြားကာ အခမ်းအနားကို ဖွင့်လှစ်ပေးခဲ့သည်။ အဆိုပါ အခမ်းအနားကို ရပ်မိရပ်ဖများနှင့် သင်တန်းသား (၆၀) ဦး တက်ရောက်ခဲ့သည်။ သင်တန်းကာလမှာ (၁၄) ရက်ကြာပြီး စာတွေ့လက်တွေ့ အချိန်ပြည့် သင်တန်းအဖြစ် အနာဂတ်ထားဝယ် ဒေသတွင် ပေါ်ပေါက်လာမည့် အခွင့်အလမ်းများအတွက် ရည်ရွယ်ကာ ပို့ချပေးခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
...................
http://www.myanmartraining.com
0 ( မှတ်ချက်ရေးချင်ရင် )